← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 10 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 10 Ch. 189-190

အပိုင်း(၁၈၉) ရောက်ရှိခြင်းနှင့် အတားခံရခြင်း

ချန်ညီအစ်ကို၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားကြသည်။

"ထိုက်ယန်တောင် နယ်မြေထဲ ရောက်ပြီလား"

"ထိုက်ယန်တောင်ရပ်ကွက်ကို ငါသိတယ်... အဲဒီ ဖျက်သိမ်းခံလိုက်ရတဲ့ ရပ်ကွက်ဟောင်းလေ... ထိုက်ယန်တောင်ခြေမှာ ရှိတာ"

"ဟားဟား... ငါတို့ နောက်ဆုံးတော့ ရောက်ပြီ... နောက်ဆုံးတော့ ရောက်ပြီကွ"

"တောင်ပေါ် ရောက်ရင် အမြင့်ဆုံးနေရာကို သွားပြီး မိန်းမအတွက် သစ်သားအိမ်အကြီးကြီး ဆောက်ပေးမယ်... ဒါဆိုရင် ရေကြီးမှာကို စိုးရိမ်စရာ မလိုတော့ဘူး"

"အဟင့်ဟင့်... ကလေးအဖေရေ... ရှင်သာ အသက်ရှင်နေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ"

......

ဖောင် သုံးစီးပေါ်တွင် လူအများအပြား စိတ်လှုပ်ရှား ဝမ်းသာနေကြ၏။

ဆွေးနွေးသံများ မပြတ် ထွက်ပေါ်နေသော်လည်း အချို့မှာမူ ဆွေမျိုးသားချင်းများ ဆုံးရှုံးလိုက်ရခါစ ဖြစ်သဖြင့် အသက်ရှင်ခွင့် ရရှိသောအခါ သေဆုံးသွားသူများအတွက် ပို၍ ဝမ်းနည်းကြေကွဲနေကြသည်။

လိပ်ကျွန်းသို့ မသွားဖြစ်သဖြင့် သန္ဓေပြောင်း သစ်သီးများကို မရရှိနိုင်သော်လည်း အနည်းဆုံးတော့ အသက်ရှင်ခွင့် ရရှိကြပေမည်။

ဦးလေးမာ၊ ချိုင်ကြည်နှင့် အခြားသူများသည်လည်း စိတ်ဓာတ်ကျနေသော အခြေအနေမှ ပြန်လည် နိုးကြားလာကြ၏။

ထိုက်ယန်တောင်သည် မျက်စိရှေ့မှောက်တွင် ရောက်ရှိနေပြီ ဖြစ်သဖြင့် အားလုံး စိတ်အားထက်သန် လာကြသည်။

အသက်ရှင်နေသရွေ့ အရာရာ ဖြစ်နိုင်သည် မဟုတ်ပါလော။

အစွမ်းများ နိုးထလာမည့် ကိစ္စနှင့် ပတ်သက်၍မူ တောင်ပေါ်တွင် သစ်ပင်များစွာ ရှိသဖြင့် သန္ဓေပြောင်း သစ်သီးများလည်း ပေါက်ရောက်နေနိုင်သည် မဟုတ်ပါလော။

အနည်းဆုံးတော့ သူတို့ ကောင်းမွန်စွာ အသက်ရှင်နေကြဆဲ ဖြစ်သည်။

"ခင်ဗျားတို့နှစ်ယောက် လမ်းပြပေးနိုင်မလား... ကျွန်တော်တို့ ဒီနေရာကို လုံးဝ မကျွမ်းကျင်လို့" လင်းယွမ်က မေးလိုက်သည်။

ချန်ကျွင်းက ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်တို့ကလည်း ထိုက်ယန်တောင်ဘက် သွားကြည့်မလို့ပါပဲ... အားလုံး ထိုက်ယန်တောင်ကို သွားကြမယ့် အတူတူတော့ အတူတူ သွားကြတာပေါ့... ကျွန်တော်တို့နောက် လိုက်ခဲ့ကြပါ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး အဖွဲ့လိုက် ဖောင်များကို ထိန်းချုပ်မောင်းနှင်စေကာ ထိုငါးဖမ်းလှေနောက်သို့ လိုက်ပါသွားစေသည်။

ငါးဖမ်းလှေသည် ရေပြင်ထက်တွင် ရွေ့လျားသွား၏။ မူလက စက်တပ်မောင်းနှင်ရမည့် လှေဖြစ်သော်လည်း ယခုအခါ စက်နှိုးရန် ဓာတ်ဆီမရှိတော့သဖြင့် လျင်မြန်စွာ မမောင်းနှင်နိုင်တော့ပေ။

ချန်ညီအစ်ကို နှစ်ဦးက လှော်တက်ဖြင့် လှော်ခတ်နေရသဖြင့် အရှိန်မှာ အနည်းငယ် နှေးကွေးနေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

ကျောက်ခိုင်က မနေနိုင်တော့ဘဲ "အစ်ကိုလင်း... ကျွန်တော်တို့ဘက်က လူနည်းနည်းလောက် သွားကူပေးရင် မကောင်းဘူးလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "သူတို့ အကူအညီ လိုမလို အရင်မေးလိုက်ဦး"

ကျောက်ခိုင်က ခေါင်းညိတ်ပြီး ချက်ချင်းပင် လှမ်းအော်လိုက်သည်။ "အစ်ကိုတို့နှစ်ယောက်... ကျွန်တော်တို့ဆီမှာ လူအင်အားရော လှော်တက်တွေရော အများကြီး ရှိတယ်... အကူအညီ လိုလား"

ချန်ကျွင်းနှင့် ချန်ချိုင်တို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ချန်ကျွင်းက ချက်ချင်း ပြုံးလျက် ပြန်ပြောလိုက်သည်။ "တကယ်တော့ နည်းနည်း မောနေပြီဗျ... ခင်ဗျားတို့ ကူညီနိုင်ရင် သိပ်ကောင်းတာပေါ့"

ချန်ချိုင်ကလည်း ဝင်ပြောလေသည်။ "ဒီလှေက ကျွန်တော်တို့ မိသားစုရဲ့ ထမင်းအိုးလေ... အခု နေရာတိုင်း ရေကြီးနေတော့ သွားရေးလာရေးအတွက် ဒီလှေကိုပဲ အားကိုးနေရတာ"

လင်းယွမ်က စကားမပြောဘဲ ထိုညီအစ်ကိုနှစ်ယောက်ကိုသာ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။

ဤလူနှစ်ယောက် လှေဖြင့် ထွက်လာကြရာတွင် အစွမ်းမရှိဘဲ ဖြစ်နိုင်ပါမည်လော။

သို့သော် အစွမ်းရှိလျက်နှင့် လှေလှော်ရာတွင် အသုံးမပြုဘဲ ဖုံးကွယ်ထားသည်မှာ မိမိတို့၏ အစွမ်း ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။

သို့သော်လည်း ဒါက အပြစ်ပြောစရာ မဟုတ်ပေ။ လူစိမ်းများနှင့် တွေ့ဆုံရာတွင် မည်သူကမှ တစ်ဖက်သားကို လုံးလုံးလျားလျား ယုံကြည်မည် မဟုတ်သလို အစွမ်းအစကို ဖုံးကွယ်ထားခြင်းသည်လည်း ပုံမှန်ပင် ဖြစ်သည်။

လောလောဆယ်တွင် ထိုနှစ်ယောက်၌ မသမာသော ရည်ရွယ်ချက် ရှိသည်ကို လင်းယွမ် မတွေ့ရသေးချေ။

ကျောက်ခိုင်သည် လူတစ်စုကို ခေါ်ဆောင်၍ တစ်ဖက်လှေပေါ်သို့ တက်သွားပြီး လှေလှော်ရာတွင် ကူညီပေးလိုက်သည်။

ချန်ညီအစ်ကိုက လှေဦးတွင် နေရာယူ၍ လမ်းကြောင်း ထိန်းကျောင်းပေးရင်း ကျောက်ခိုင်နှင့် စကားစမြည် ပြောနေကြ၏။

"ကိုကျောက်ခိုင်... ခင်ဗျားတို့ တစ်ဖွဲ့လုံးက ရပ်ကွက်တစ်ခုတည်းကလား"

"ဟုတ်တယ်... အားလုံးက တိုက်တစ်လုံးတည်းကလေ"

"အမယ်လေး... ဒါဆို ခင်ဗျားတို့ ဆက်ဆံရေးက မဆိုးဘူးပဲ... ဒီလို အတူတူ စည်းစည်းလုံးလုံး ထွက်လာနိုင်ကြတယ်ဆိုတော့" ချန်ချိုင်က အံ့သြဟန်ဖြင့် ပြောလိုက်သည်။

ကျောက်ခိုင် စိတ်ထဲတွင် တစ်ချက် တွေးလိုက်မိသည်။ ဤလူကလည်း တိုက်မြင့်ရပ်ကွက်များအတွင်းမှ ပဋိပက္ခများကို သိရှိထားပုံရသည်၊ သို့မဟုတ်လျှင် ဤကဲ့သို့ ပြောထွက်လာမည် မဟုတ်ပေ။

သူက ပြုံးလျက် ပြောလိုက်သည်။ "အင်အားကြီးမားတဲ့ ခေါင်းဆောင်တစ်ယောက်သာ ဦးဆောင်ရင်... လူတိုင်းက ပြောရဆိုရ လွယ်ကူသွားကြတာပါပဲ"

"ဟုတ်လား... အဲဒီ အင်အားကြီးတဲ့ ပုဂ္ဂိုလ်ဆိုတာ ဟိုဘက်က ဆရာလင်းကို ပြောတာလား" ချန်ကျွင်းက စမ်းသပ်သည့်အနေဖြင့် ချက်ချင်း မေးလိုက်သည်။

ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့"

"ကြည့်ရတာ မထင်ရဘူးနော်... ဆရာလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောပေမယ့် သိပ်သန်မာပုံ မရဘူး... အနည်းဆုံးတော့ ဟိုဘက်က အစ်ကိုကြီးလောက် မသန်မာဘူး... သူက ဘယ်လိုလုပ်ပြီး လူအားလုံးကို ခေါင်းဆောင်နိုင်တာလဲ"

ချန်ကျွင်းက မလှမ်းမကမ်းရှိ ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသော ရှီဟိုင်ကျူးကို လက်ညှိုးထိုးပြရင်း ပြုံးလျက် ပြောလိုက်သည်။

ကျောက်ခိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "ရေကြီးမှု ဖြစ်လာပြီး သန္ဓေပြောင်းသတ္တဝါတွေ နေရာတိုင်းမှာ ရှိနေတာ... ခန္ဓာကိုယ်ကြီးတိုင်း အားကြီးတာ မဟုတ်တော့ဘူး"

"ခင်ဗျားတို့နှစ်ယောက် ငါးဖမ်းလှေ အသေးလေး တစ်စင်းတည်းနဲ့ ဒီလို ရေလှိုင်းလေကြမ်းတွေကြားမှာ သွားလာရဲတာကရော တကယ်ပဲ ဗလအားကိုး သက်သက်နဲ့လား"

ထိုစကား ကြားသောအခါ ချန်ညီအစ်ကို နှစ်ယောက်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤလူအုပ်စုထဲတွင်လည်း သေချာပေါက် အစွမ်းရှိသူများ ပါဝင်နေကြောင်း နားလည်လိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူ လင်းဆိုသည့် လူက အစွမ်းရှိသူတစ်ယောက် ဖြစ်ရန် သေချာသလောက် ရှိနေသည်။

သို့သော် မည်သည့်အစွမ်း ဖြစ်မည်ကိုမူ မသိရသေးပေ။

ချန်ကျွင်းက စိတ်ထဲတွင် တွက်ချက်လိုက်သော်လည်း မျက်နှာပေါ်တွင်မူ အပြုံးမပျက်ဘဲ ပြန်ပြောလိုက်သည်။ "ကိုကျောက်ခိုင် ပြောတာ မှန်ပါတယ်... အခုခေတ်က ပြောင်းသွားပြီလေ... အရပ်ရှည်ပြီး ဗလကြီးတိုင်း အစွမ်းထက်တာမှ မဟုတ်တာ"

"ဆရာလင်းက ဘယ်လို အရည်အချင်းတွေ ရှိလို့ လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို ရထားတာလဲ မသိဘူးနော်"

ကျောက်ခိုင်က ပြုံးလိုက်သည်။ "လူတိုင်းက အစ်ကိုလင်းကို အသိအမှတ်ပြုကြတာ သူ့ရဲ့ အစွမ်းကြောင့်တင် မဟုတ်ဘူး... လူတိုင်းကို စစ်မှန်တဲ့ စေတနာနဲ့ ကူညီပေးလို့ပဲ"

"ခင်ဗျားတို့ နှစ်ယောက်ကျတော့ရော... တစ်ကိုယ်တော် သူရဲကောင်းတွေ လုပ်ပြီး ညကြီးမင်းကြီး ရေပြင်ထဲ သွားလာရဲတာ ဘာကို အားကိုးထားလို့လဲ"

ချန်ကျွင်းက ဟားဟား ဟု ရယ်မောလိုက်သည်။ "ကျွန်တော်တို့က ဘာကို အားကိုးရမှာလဲ... ဒီလှေငယ်လေး တစ်စင်းရယ်... ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ငယ်ငယ်ကတည်းက ရေလုပ်ငန်း လုပ်လာတော့ ရေကူးကျွမ်းကျင်တာရယ်... ဒါပါပဲ"

သုံးဦးသား၏ တိုတောင်းသော စကားဝိုင်းတွင် မည်သူကမျှ မိမိတို့၏ အတွင်းရေးကို ထုတ်ဖော်ပြောကြားခြင်း မရှိကြပေ။

ကျောက်ခိုင်က ဆက်လက်၍ စကားစမြည် ပြောလိုစိတ် မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်ကို လမ်းပြအဖြစ် အသုံးပြုရုံသာ ဖြစ်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ် မရှိသဖြင့် တစ်ဖက်လူက အင်အားကို ဖုံးကွယ်လိုလျှင်လည်း သဘောသာ ဖြစ်သည်။

အကယ်၍ သူတို့တွင် မကောင်းသော ရည်ရွယ်ချက် ရှိလာပါက ဖောင်သုံးစီးပေါ်တွင် အစ်ကိုလင်း ဝင်ပါစရာ မလိုဘဲ အစွမ်းရှိသူများက တစ်ယောက် တစ်ပေါက် တံတွေးထွေးလိုက်လျှင်ပင် ဤညီအစ်ကိုနှစ်ယောက် ရေနစ်သေသွားနိုင်သည်။

ချန်ညီအစ်ကိုမှာမူ အံ့သြဝမ်းသာ ဖြစ်နေကြသည်။

ကျောက်ခိုင်တို့အဖွဲ့က ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့ ညီအစ်ကိုနှစ်ယောက်ကို စိုးရိမ်ပုံမရသည်ကို ကြည့်ခြင်းအားဖြင့် ဤအဖွဲ့ထဲတွင် အစွမ်းရှိသူများ ရှိနေမည်ဟု ခန့်မှန်းမိကြသည်။

အဓိကအချက်မှာ သူတို့၌ လူအင်အား များပြားခြင်းပင် ဖြစ်သည်။ ထိုက်ယန်တောင်ပေါ်ရှိ လူများသည် ဤလူအုပ်ကြီးကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။

တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုပါက ဤတစ်ကြိမ်တွင် သူတို့ညီအစ်ကိုနှစ်ယောက် တောင်ပေါ်သို့ တက်ရောက်နိုင်မည့် အခွင့်အရေး ရကောင်း ရနိုင်ပေသည်။

ညီအစ်ကိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ထွေရာလေးပါး စကားဆက်ပြောနေကြသည်။

တစ်ချိန်တည်းမှာပင် ဖောင်သုံးစီးပေါ်တွင် ရှိနေနိုင်သော အစွမ်းရှိသူများကိုလည်း အကဲခတ်နေကြ၏။

သို့သော် အစွမ်းရှိသူများသည် ပုံမှန်အားဖြင့် သာမန်လူများနှင့် တူညီနေပြီး အစွမ်းမထုတ်သုံးပါက အအပြင်န်းကြည့်ရုံဖြင့် ထူးခြားချက်ကို မြင်တွေ့နိုင်မည် မဟုတ်ပေ။

၃ မိုင်၊ ၄ မိုင်ခန့် ဝေးသော ရေလမ်းခရီးကို လှေလှော်သွားမည် ဆိုပါက အရှိန်နှေးကွေးပြီး တစ်နာရီကျော် ကြာမြင့်နိုင်သည်။

ကံကောင်းစွာဖြင့် ဖောင်များတွင် စက်များ တပ်ဆင်ထားသဖြင့် အရှိန်မနှေးလှပေ။

ငါးဖမ်းလှေကိုလည်း လူဆယ်ဂဏန်းခန့်က အလှည့်ကျ လှော်ခတ်ပေးကြသဖြင့် အရှိန်မှာ သိသိသာသာ မြန်ဆန်လာသည်။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် အမှောင်ထုထဲတွင် မီးရောင် မှိန်မှိန်လေးများကို လင်းယွမ် လှမ်းမြင်လိုက်ရသည်။

ထိုမီးရောင်များသည် ရေမျက်နှာပြင် အထက်တွင် ရှိနေပြီး ရေပြင်ထက်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခု မတ်မတ်ရပ်တည်နေသည်ကို သတိပြုမိလိုက်၏။

"ရောက်ပြီ... ထိုက်ယန်တောင်ကို ရောက်ပြီ"

ငါးဖမ်းလှေပေါ်မှ ကျောက်ခိုင်က လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

လင်းယွမ်လည်း ပြုံးလိုက်မိသည်။ မိန်တုဥယျာဉ်မှ ထိုက်ယန်တောင်အထိ မိုင် ၂၀ ခန့်သာ ဝေးကွာပြီး ကားမောင်းသွားလျှင် နာရီဝက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ် လှေစီးလာရာတွင် နှစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့လေပြီ။

ဟန်လုံစင်တာတွင် တစ်ရက်ခန့် ကြန့်ကြာခဲ့ရခြင်းကြောင့် ပါဝင်သလို ရေလမ်းခရီးတွင် သန္ဓေပြောင်းသတ္တဝါ မျိုးစုံ၏ တိုက်ခိုက်မှုကို ခံရခြင်းကလည်း သူတို့၏ ခရီးအရှိန်ကို နှောင့်နှေးစေခဲ့သည်။

မည်သို့ပင် ခက်ခဲခဲ့ပါစေ ယခုအခါ နောက်ဆုံးတော့ ထိုက်ယန်တောင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

တောင်ပေါ်မှ မီးရောင်များကို ကြည့်ရင်း လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ပေါ်လွင်လာကြသည်။

"ရောက်ပြီ... ငါတို့ ထိုက်ယန်တောင်ကို ရောက်ပြီ"

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ငါ သူငယ်ချင်းတွေနဲ့အတူ ထိုက်ယန်တောင်ကို တက်ဖူးတာ မှတ်မိသေးတယ်... နှစ်ဝက်လောက်ပဲ ကြာသေးပေမယ့် ကမ္ဘာကြီးက ပြောင်းလဲသွားလိုက်တာ"

"ထိုက်ယန်တောင်က အရင်တုန်းက နိုင်ငံတော်အဆင့် ဖောအေ အပန်းဖြေဇုန်လေ... အခုတော့ တစ်ဝက်လောက် ရေမြုပ်နေပြီ"

"ငါတို့က ထိုက်ယန်တောင်နဲ့ သိပ်မဝေးလို့ တော်သေးတယ်... လမ်းတစ်လျှောက်လုံး အန္တရာယ်တွေ အရမ်းများလွန်းလို့ ထိုက်ယန်တောင်ကို မရောက်နိုင်တော့ဘူးလို့တောင် ထင်နေတာ"

"ကံကောင်းလို့ပါ... အခု ထိုက်ယန်တောင်ကို ရောက်ပြီဆိုတော့ ငါတို့ တောင်ပေါ်တက်ပြီးတာနဲ့ အေးအေးဆေးဆေး နေလို့ရပြီ... ရေဘယ်လောက်ကြီးကြီး ထိုက်ယန်တောင်ကတော့ မမြုပ်နိုင်ပါဘူး"

လူတိုင်း အပြုံးကိုယ်စီဖြင့် စိတ်အားထက်သန်နေကြသည်။

ထိုက်ယန်တောင်ပေါ်သို့ တက်ရောက်နိုင်သည်နှင့် ကယ်ဆယ်ရေးကို စောင့်ဆိုင်းနိုင်မည် ဖြစ်ပြီး ရေကြီးမှုကို စိုးရိမ်စရာ မလိုတော့ဟု ထင်မြင်နေကြသည်။

ဖောင်များ တောင်နားသို့ နီးကပ်လာသည်နှင့်အမျှ ရေလှိုင်းများ ကျောက်ဆောင်ကို ရိုက်ခတ်သံများကို ကြားလာရသည်။

မိုးသည်းထန်စွာ ရွာသွန်းနေပြီး တောင်ပေါ်မှ ရေများသည် ဝုန်းခနဲ စီးဆင်းကျလာပြီး ရေတံခွန်တစ်ခု ဖြစ်ပေါ်နေသည်။

ယခင်က ဤတောင်ပေါ်တွင် ရေတံခွန် မရှိခဲ့ချေ။

တောင်ပေါ်ရှိ သစ်ပင်များသည် ရေကြီးမှု မဖြစ်ပွားမီ အချိန်ကထက် ပိုမို ကြီးထွားသန်မာနေကြသည်။

အပင်များ ကျဲပါးခဲ့သော ထိုက်ယန်တောင်သည် ယခုအခါ စိမ်းလန်းစိုပြေပြီး အသက်ဓာတ်များ ပြည့်ဝနေသည်။

ဤမျှကာလပတ်လုံး နေရောင်ခြည် မရရှိခဲ့သော်လည်း ဤအပင်များသည် အာဟာရ ချို့တဲ့သွားခြင်း မရှိဘဲ ပိုမို ရှင်သန်ကြီးထွားလာကာ ရေမျက်နှာပြင် အထက်သို့ အလုအယက် ထိုးထွက် ကြီးထွားနေကြသည်။

ရေထဲရှိ သတ္တဝါများ သန္ဓေပြောင်းလဲနေသကဲ့သို့ တောင်ပေါ်ရှိ အပင်များသည်လည်း သန္ဓေပြောင်းလဲနေကြသည်။

သူတို့အားလုံးသည် ဤရေလွှမ်းမိုးသော ကမ္ဘာသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် လျင်မြန်စွာ ပြောင်းလဲနေကြခြင်း ဖြစ်သည်။

သဘာဝတရား၏ ပြောင်းလဲ တိုးတက်မှုဖြစ်စဉ်တွင် လူသားများသည် အလွန် သေးနုပ်လှပေသည်။

"ဂျိန်းးးးးးးးးးး"

ဖောင်ပေါ်ရှိ ပျော်ရွှင်နေသော အိမ်ပိုင်ရှင်များ ထိုက်ယန်တောင်ပေါ်သို့ မတက်ရောက်နိုင်မီ ကောင်းကင်ယံ၌ မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဖြူဖျော့ဖျော့ လျှပ်စီးလက်သွားသော အလင်းရောင်အောက်တွင် ထိုက်ယန်တောင်ဘေး၌ ကင်းမျှော်စင်များ စီတန်းနေသည်ကို တွေ့လိုက်ရ၏။

လူတစ်စုက လေးနှင့်မြှားများကို ပြင်ဆင်ထားပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

မိုးကြိုးသံနှင့်အတူ လျှပ်စီးအလင်းရောင်က ချက်ချင်း ပျောက်ကွယ်သွားသော်လည်း...

လူတိုင်း မြင်လိုက်ကြရသည်။

ထိုက်ယန်တောင်၏ ရေစပ်ရှိ တောင်ကမ်းပါးပေါ်တွင် လူအချို့က လေးနှင့်မြှားများကို ကိုင်ဆောင်၍ သူတို့ကို ချောင်းမြောင်းနေကြခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "ရပ်လိုက်... ရပ်လိုက်"

ကျောက်ခိုင်လည်း အလျင်အမြန် အော်ဟစ်လိုက်သည်။ "ရပ်လိုက်ကြ... ရပ်လိုက်ကြ"

သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်ရှိ လူများသည် လေးကြိုးများကို ဆွဲတင်လိုက်ကြပြီ ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် လေကိုခွင်းသော အသံများနှင့်အတူ ထိုက်ယန်တောင်ဘက်မှ မြှားများ ပျံသန်းရောက်ရှိလာတော့သည်။

"ဒုတ်... ဒုတ်... ဒုတ်..."

"အား"

"အစ်ကိုလီ"

"မေမေ... မေမေ"

ခဏအတွင်းမှာပင် မြှားများ တရစပ် ပျံသန်းလာပြီး ဖောင်များပေါ်တွင် ဒုတ်ဒုတ်ဟူသော ထိခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရှေ့နားတွင် ရပ်နေသော အိမ်ပိုင်ရှင်အချို့မှာ မြှားထိမှန်သွားပြီး ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး စိတ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာကာ ကြီးမားသော စိတ်စွမ်းအင် အကာအကွယ်နံရံအဖြစ် ပြောင်းလဲသွားပြီး အမှတ်(၁) ဖောင်ရှေ့တွင် ကာဆီးလိုက်သည်။

ဘုန်း... ဘုန်း... ဟူသော အသံများ မရပ်မနား ထွက်ပေါ်လာသည်။

မြှားမြောက်မြားစွာသည် စိတ်စွမ်းအင် နံရံကို ဆက်တိုက် လာရောက် ထိမှန်နေကြသည်။

လင်းယွမ်က အော်ဟစ်လိုက်သည်။ "နောက်ဆုတ်... ဦးလေးမာ... ချိုင်ကြည်... မြန်မြန် နောက်ဆုတ်"

ဦးလေးမာနှင့် ချိုင်ကြည်တို့ အသိပြန်ဝင်လာပြီး လူများကို အလျင်အမြန် စုစည်းကာ ပန်ကာများကို ဆွဲတင်၍ လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။

ဖောင်သည် ရေစီးကို တွန်းကန်၍ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

အမှတ်(၃) ဖောင်ဘက်တွင် ရှီဟိုင်ကျူးက ဒေါသတကြီး အော်ဟစ်ပြီး ကျောက်လူသားအဖြစ် ပြောင်းလဲကာ ရှေ့ဆုံးမှ ကာကွယ်ပေးထား၏။ လက်မောင်းနှစ်ဖက်ကို ဝှေ့ယမ်းကာ မြှားများကို အစွမ်းကုန် ကာကွယ်နေသည်။

ရန်ဆန်းမင်သည်လည်း ဓားနှစ်လက်ကို ကိုင်ဆောင်ထားပြီး ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျံသန်းလာသော မြှားများကို ခုတ်ပိုင်းပစ်နေသည်။

အမှတ်(၂) ဖောင်ဘက်တွင်မူ ကုဖုန်းက တိုက် (၇၅) မှ အိမ်ပိုင်ရှင်များကို ဦးဆောင်၍ လျှောစီးဘုတ်ပြားများကို မြှောက်ကာ ဘုတ်ပြားများ နောက်တွင် ပုန်းခိုနေကြသည်။

ဘုတ်ပြားများပေါ်သို့ သံချောင်းများဖြင့် ထုရိုက်သကဲ့သို့ ဒုတ်ဒုတ်ဟူသော အသံများ ထွက်ပေါ်နေသည်။

လူတိုင်း ကြောက်လန့်တကြား အော်ဟစ်နေကြပြီး အစွမ်းရှိသူများက မြှားများကို အလျင်အမြန် ကာကွယ်ပေးနေကြသည်။

လင်းယွမ်၏ စိတ်စွမ်းအင်သည် ပေ ၁၀၀ ဝန်းကျင်ကိုသာ လွှမ်းခြုံကာကွယ်နိုင်စွမ်း ရှိသည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဘယ်နဲ့ညာက ဖောင်တွေ... ငါ့အနောက်ဘက်ကို လာပုန်းကြ"

"မြန်မြန်... မြန်မြန်... အမှတ်(၃) ဖောင်... အနောက်ဘက်ကို လှော်ခဲ့"

ရန်ဆန်းမင်က လူများကို အလျင်အမြန် အော်ဟစ်လိုက်ရာ ဖောင်များသည် ဘေးတိုက်တန်းနေသော ပုံစံမှ ရှေ့နောက်တန်းနေသော ပုံစံသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ထိုက်ယန်တောင်ဘက်သို့ မျက်နှာမူထားသော ဧရိယာ ကျဉ်းမြောင်းသွားပြီး လင်းယွမ်က ရှေ့ဆုံးမှနေ၍ စိတ်စွမ်းအင်နံရံဖြင့် ကာကွယ်ပေးထားနိုင်လေသည်။

မြှားများ၏ အရှိန်အဟုန် လျော့ကျသွားပြီး အခြား အစွမ်းရှိသူများကလည်း ဝိုင်းဝန်း ကာကွယ်ပေးကြသည်။

မကြာမီ ဖောင်များသည် မြှားတစ်ကမ်း အကွာအဝေးမှ လွတ်ကင်းသွားပြီး ပေ ၃၀၀ ကျော် အကွာသို့ ဆုတ်ခွာသွားနိုင်ခဲ့သည်။

လင်းယွမ်က နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး "ဆုန့်ဝမ်... ဝမ်အန်း... ထိခိုက်သေဆုံးမှု အခြေအနေကို သွားကြည့်ပေးပါဦး" ဟု ပြောလိုက်သည်။

ထို့နောက် လင်းယွမ်က ကျောက်ခိုင်တို့၏ ငါးဖမ်းလှေကို လှမ်းကြည့်လိုက်ရာ လှေဦးတွင် ကျောက်ခိုင်က ရေခဲအစွမ်းကို အသုံးပြု၍ ရေခဲနံရံတစ်ခု ဖန်တီးကာ မြှားများကို ကာကွယ်ထားသည်ကို တွေ့လိုက်ရသည်။

သို့သော် လှေပေါ်တွင် ချန်ညီအစ်ကို၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

လင်းယွမ်၏ မျက်နှာထား တင်းမာသွားသည်။ ချန်ညီအစ်ကိုများ မြှားမှန်ပြီး ရေထဲ ကျသွားကြသည်လော။

သူက ချက်ချင်း လှမ်းအော်မေးလိုက်သည်။ "ကျောက်ခိုင်... မင်းတို့ဘက်က အခြေအနေ ဘယ်လိုလဲ... ချန်ညီအစ်ကိုရော"

ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ဘေးဘီကို လှည့်ကြည့်လိုက်ပြီး မျက်နှာပျက်သွားကာ "ကျွန်တော်တို့ဘက်က အဆင်ပြေတယ်... ဒဏ်ရာရတဲ့သူ မရှိဘူး... ချန်ညီအစ်ကိုက စောစောက ကျွန်တော်နဲ့အတူ လှေဦးမှာ ရပ်နေတာ... သူတို့နှစ်ယောက် ရေထဲကျသွားပုံရတယ်" ဟု ပြန်ပြောလိုက်သည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုနှစ်ယောက်က ညဘက်တွင် လှေလှော်ရဲသည် ဆိုကတည်းက သာမန်လူ မဟုတ်ပေ။ ဒီလောက် လွယ်လွယ်ကူကူ ရေထဲကျသွားနိုင်ပါမည်လော။

သို့သော် သူက ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ဘဲ ထိုက်ယန်တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"အစ်ကိုလင်း... ကျွန်တော်တို့ကို တိုက်ခိုက်တာ ဘယ်သူတွေလဲ... ကျွန်တော်တို့နဲ့ သူတို့နဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ဘာလို့ တိုက်ခိုက်ရတာလဲ" ကျောက်ခိုင်က ဒေါသတကြီး ပြောလိုက်သည်။

လင်းယွမ်က မျက်နှာထား တင်းမာလျက် ပြောလိုက်သည်။ "ကြည့်ရတာ ထိုက်ယန်တောင်ကို သိမ်းပိုက်ထားတဲ့ လူတွေ ဖြစ်မယ်... သူတို့က တခြားလူတွေ တောင်ပေါ်တက်လာမှာကို မလိုလားကြဘူး"

"ဒါကဘာသဘောလဲ... ထိုက်ယန်တောင်က နိုင်ငံတော်အဆင့် အပန်းဖြေဇုန်လေ... သူတို့ပိုင်တာမှ မဟုတ်တာ... ဘာသဘောနဲ့ ငါတို့ကို တောင်ပေါ် ပေးမတက်ရတာလဲ" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ဟုတ်တယ်... ဒီကောင်တွေ တော်တော်ယုတ်မာတာပဲ... ငါတို့ကို တောင်ပေါ် မတက်ရအောင် တားဆီးဖို့ သူတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ"

"ဆရာလင်း... ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူးနော်"

"ဆရာလင်း... ကျွန်တော်တို့ ဒီလောက်ဝေးတဲ့ ခရီးကို လာခဲ့ကြတာ... ဒီအတိုင်း လက်လျှော့လိုက်ရမှာလား"

ခဏအတွင်းမှာပင် လူအုပ်ကြီး ဆူပွက်သွားပြီး လူအများအပြား ဒေါသတကြီး အော်ဟစ် ဆဲဆိုကြသည်။

လင်းယွမ်လည်း လူတိုင်း၏ ခံစားချက်ကို နားလည်သလို သူကိုယ်တိုင်လည်း ဒေါသထွက်နေမိသည်။

"ဘာသဘောလဲ ဟုတ်လား... ငါတို့ရဲ့ အင်အားကြောင့်ပေါ့"

လူတိုင်း ဒေါသထွက်နေကြစဉ် ရုတ်တရက် အသံတစ်သံက လူတိုင်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်!

ထိုအသံသည် လေထုမှတစ်ဆင့် ပျံ့လွင့်လာခြင်း မဟုတ်ဘဲ လူတိုင်း၏ ဦးနှောက်ထဲသို့ တိုက်ရိုက် တိုးဝင်လာခြင်း ဖြစ်သည်။

လူတစ်ယောက်က သူတို့၏ ဦးနှောက်ထဲတွင် လာရောက် စကားပြောနေသကဲ့သို့ပင်။

လင်းယွမ် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဘေးနားရှိ တုံယန်ကို အလန့်တကြား ကြည့်လိုက်မိသည်။

တုံယန်သည်လည်း အံ့အားသင့်နေပုံရပြီး လင်းယွမ်နှင့် အကြည့်ချင်းဆုံသောအခါ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"စိတ်ဝိညာဉ် ချိတ်ဆက်မှု"

သိသာထင်ရှားလှသည်မှာ လူတိုင်း၏ ဦးနှောက်ထဲတွင် စကားပြောနေသော ထိုလူသည် စိတ်ဝိညာဉ် ချိတ်ဆက်မှု အစွမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။

လူတိုင်း၏ စိတ်ထဲသို့ တိုက်ရိုက် ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိသည်။

လင်းယွမ်ကို အံ့သြစေသည်မှာ သူတို့သည် ထိုက်ယန်တောင်နှင့် ပေ ၁၅၀၀ ကျော် ကွာဝေးနေပြီ ဖြစ်သော်လည်း ထိုလူ၏ စိတ်စွမ်းအင်က ဤနေရာအထိ လွှမ်းခြုံနိုင်သည်လော။

တုံယန်၏ စိတ်စွမ်းအင်သည် စိတ်ဝိညာဉ် ချိတ်ဆက်မှု ပြုလုပ်ရာတွင် ပေ ၁၅၀ ခန့်သာ ရောက်ရှိနိုင်သည်။

ထိုသို့ ရောက်ရှိသည်မှာလည်း စိတ်ဝိညာဉ် ချိတ်ဆက်မှုသည် အစွမ်းတစ်ခု ဖြစ်သောကြောင့်သာ ဖြစ်ပြီး တကယ်တမ်းတွင် တုံယန်၏ စိတ်စွမ်းအင်သည် အမှတ် ၂၀ ထက် မကျော်လွန်ပေ။

သူမသည် စိတ်ဝိညာဉ် ချိတ်ဆက်မှု၏ ထူးခြားချက်ကြောင့်သာ စိတ်စွမ်းအင် ဖြန့်ကျက်နိုင်မှု ဧရိယာ ကျယ်ပြန့်နေခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ စိတ်စွမ်းအင် ဖြန့်ကျက်နိုင်မှု ဧရိယာသည် ပေ ၁၅၀၀ အထိ ရောက်ရှိနိုင်သည်လော။

လင်းယွမ်၏ စိတ်ထဲတွင် လေးလံသွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။

မိမိတွင် စနစ်တစ်ခု ရှိနေပြီး အရည်အသွေးမှတ်များကို ဆက်တိုက် ပေါင်းထည့်နိုင်သည့်အပြင် အစွမ်းများကိုပင် မဲမနှိုက်ဘဲ စိတ်စွမ်းအင်ကို အမှတ် ၃၀ နီးပါးအထိ မြှင့်တင်ထားခဲ့သည်။

တစ်ဖက်မှ အစွမ်းရှိသူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဆင့်ကဲပြောင်းလဲနိုင်ရတာလဲ။

"ထိုက်ယန်တောင်က ငါတို့ပိုင်တဲ့ တောင်ပဲ... အပြင်လူတွေ အားလုံး ထွက်သွားကြ... ဒီမှာ မင်းတို့အတွက် နေရာမရှိဘူး"

"စောစောက ပစ်လိုက်တဲ့ မြှားတွေက သတိပေးရုံ သက်သက်ပဲ ရှိသေးတယ်... တောင်ပေါ်တက်ဖို့ ထပ်ကြိုးစားရဲရင် ကြိုးစားကြည့်လိုက်... ငါတို့ရဲ့ အစွမ်းရှိသူတွေက အလကားလူတွေ မဟုတ်ဘူးဆိုတာ သိစေရမယ်"

"အဲဒီကျရင် သေရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးနော်"

ထိုသတိပေးသံသည် လူတိုင်း၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားပြီး ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

မိန်တုဥယျာဉ်မှ အိမ်ပိုင်ရှင်များသည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားကြသည်။

"တောက်... မိန်တုဥယျာဉ်က နိုင်ငံတော်ပိုင်ကွ... လင်ကျန်းမြို့ အစိုးရက ဖော်ဆောင်ထားတာ... မင်းတို့က ဘာကောင်တွေမို့လို့ ငါတို့ကို ပေးမတက်ရတာလဲ"

"ငါတို့က မိုင် ၂၀ ကျော်ဝေးတဲ့ နေရာကနေ ပင်ပန်းဆင်းရဲခံပြီး လာခဲ့ရတာ... ဘာလို့ ပေးမတက်ရတာလဲ"

"မင်းတို့ ဘာစကား ပြောတာလဲ... ငါတို့ တောင်ပေါ်တက်မယ်"

"ဟုတ်တယ်... ငါတို့ တောင်ပေါ်တက်မယ်"

......

ဆူညံသံများသည် အမှောင်ထုထဲတွင် ပျံ့လွင့်သွားပြီး မိုးသည်းထန်စွာ ရွာသွန်းနေသော အသံများပင် ဖုံးလွှမ်းနိုင်ခြင်း မရှိပေ။

တစ်ဖက် တောင်ပေါ်တွင် မီးတိုင်များ တစ်ချောင်းပြီး တစ်ချောင်း လင်းလက်လာသည်။

ကင်းမျှော်စင်ပေါ်တွင်လည်း မီးရှူးတိုင်များ ထွန်းညှိလိုက်ကြသည်။

လင်းယွမ်နှင့် လူအများ လှမ်းကြည့်လိုက်ရာ တောင်ပေါ်တွင် လူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူများသည် လက်နက်မျိုးစုံနှင့် လေး၊ မြှားများကို ကိုင်ဆောင်ထားကြပြီး အပြည့်အစုံ ပြင်ဆင်ထားကြသည်။

အကွာအဝေး ဝေးကွာလွန်းသဖြင့် သူတို့၏ ပစ္စည်းကိရိယာများသည် ကိုယ်တိုင်လုပ်များလော၊ အစစ်များလော ဆိုသည်ကို သဲသဲကွဲကွဲ မမြင်ရပေ။

သို့သော် ရေစပ်တွင် တန်းစီရပ်နေသော လူတန်းကြီးကို အကြမ်းဖျင်း ကြည့်လိုက်ရုံဖြင့် လူရာဂဏန်းခန့် ရှိနေကြောင်း သိနိုင်သည်။

လင်းယွမ် စိတ်ဓာတ်ကျသွားသည်။ သူ အစိုးရိမ်ဆုံး အခြေအနေ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုက်ယန်တောင်ကို တစ်စုံတစ်ယောက်က သိမ်းပိုက်ထားပြီး တစ်ဖက်လူတွင် အင်အားမနည်းလှပေ။ ရေစပ်တွင် တာဝန်ကျသော လူအင်အား သက်သက်ပင် ရာဂဏန်း ရှိနေသည်။

ဤအဖွဲ့အစည်းသည် သေချာပေါက် သေးငယ်မည် မဟုတ်ပေ။

"ဟားဟား... ငတုံးအုပ်စု... ဘာလို့လဲ ဟုတ်လား... ငါတို့ဆီမှာ လူအင်အား များလို့လေ... ဦးသူယူ စနစ်ပဲ"

"မင်းတို့အားလုံးကို ငါတို့ အလွယ်တကူ သတ်ပစ်နိုင်လို့ပဲ"

"အဲဒီလို မိုက်မဲတဲ့ မေးခွန်းတွေ ထပ်မမေးနဲ့တော့... အခု ဘယ်ခေတ်ရောက်နေပြီလဲ... နိုင်ငံတော်... အစိုးရ... ဟားဟား... မင်းတို့ အစိုးရလူ တစ်ယောက်လောက် ခေါ်ပြစမ်းပါ"

"ထိုက်ယန်တောင်က အခု ငါတို့ပိုင်သွားပြီ... မင်းတို့ တက်ချင်ရင် မသေချင်တဲ့ကောင်တွေ လာစမ်းကြည့်လိုက်"

ထိုအသံသည် မောက်မာဝင့်ကြွားစွာဖြင့် လှောင်ပြောင်ရယ်မောသံနှင့်အတူ လူတိုင်း၏ ဦးနှောက်ထဲတွင် ပျံ့လွင့်လာသည်။

လူတိုင်း အလွန်အမင်း ဒေါသထွက်သွားကြပြီး ဆဲဆိုကြိမ်းမောင်း လိုက်ကြသည်။

သို့သော်လည်း ပါးစပ်ဖြင့် ဆဲဆိုရုံသာ တတ်နိုင်ကြသည်။ သူတို့အားလုံးသည် သာမန်လူများ ဖြစ်ကြသဖြင့် အသက်ကို ပဓာနမထားဘဲ မည်သူကမျှ ရှေ့တိုးရဲခြင်း မရှိကြပေ။

"အစ်ကိုလင်း... စကားပြောနေတဲ့သူက အနီးလေးမှာ ရှိတယ်"

ရုတ်တရက် တုံယန်၏ အသံက လင်းယွမ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

လင်းယွမ် ချက်ချင်း အကြည့်စူးရှသွားပြီး တုံယန်ကို ကြည့်လိုက်သည်။

တုံယန်က သူ့ကို ခေါင်းညိတ်ပြပြီးနောက် လက်ညှိုးဖြင့် ရှေ့သို့ တိတ်တဆိတ် ထိုးပြလိုက်သည်။

လင်းယွမ် လှမ်းကြည့်လိုက်သော်လည်း ရှေ့ဘက် ရေမျက်နှာပြင်သည် မည်းမှောင်နေပြီး ဘာမှ မရှိဘဲ ဗလာကျင်းနေသည်။

သို့သော် လင်းယွမ်က တုံယန်သည် ဤကိစ္စတွင် သူ့ကို လိမ်လည်လိမ့်မည် မဟုတ်ဟု ယုံကြည်သည်။

သူက တိုးတိုးလေး မေးလိုက်သည်။ "ဒီဘက်လား"

"ဟုတ်တယ်... သူက ဘယ်လိုနည်းလမ်း သုံးပြီး ကိုယ်ဖျောက်ထားလဲတော့ မသိဘူး... ဒါပေမဲ့ သူ့ရဲ့ စိတ်စွမ်းအင် လာတဲ့နေရာက အဲဒီနေရာပဲ ဆိုတာ ကျွန်မ ခံစားလို့ရတယ်"

"ဘယ်လောက် ဝေးလဲ"

"ဒီဘက်တည့်တည့်... ပေ ၁၅၀ မပြည့်ဘူး"

လင်းယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်ဝါးကို ဖြန့်လိုက်ရာ အလူမီနီယမ် သံချောင်းတစ်ချောင်း သူ့လက်ထဲသို့ တိတ်တဆိတ် ရောက်ရှိလာသည်။

ဘေးပတ်ဝန်းကျင်တွင် ဆူညံသံများ ထွက်ပေါ်နေပြီး လူတိုင်း ဒေါသတကြီး ဆဲဆိုအော်ဟစ်နေကြသည့် ရှုပ်ထွေးနေသော အချိန်ကို အခွင့်ကောင်းယူ၍ သူက တုံယန်အား ကျောက်ခိုင်ကို အသိပေးခိုင်းလိုက်သည်။

"ကိုကျောက်ခိုင်... ကျွန်မ အဲဒီလူရဲ့ နေရာကို ရှာတွေ့ထားပြီ... အစ်ကိုလင်းနဲ့ ပူးပေါင်းပေးပါ"

ကျောက်ခိုင်၏ ဦးနှောက်ထဲတွင် ရုတ်တရက် တုံယန်၏ အသံ ထွက်ပေါ်လာသည်။

ဒေါသတကြီး ဆဲဆိုနေသော ကျောက်ခိုင် ကြောင်အသွားပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်နှင့် အကြည့်ချင်း ဆုံလိုက်သည်နှင့် သူချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

နောက်တစ်စက္ကန့်တွင် လင်းယွမ်က လက်မောင်းကို မြှောက်လိုက်ပြီး လက်ထဲရှိ အလူမီနီယမ် ချောင်းကို အရှိန်ပြင်းစွာဖြင့် ပစ်လွှတ်လိုက်တော့သည်။

ဆက်ရန်...

အပိုင်း (၁၉၀) တောင်ပေါ်တက်၍ သတ်ဖြတ်ခြင်း

"ဝှီးးးးးးးး"

ရုတ်ခြည်းဆိုသလို ကြောက်မက်ဖွယ် လေတိုးသံကြီး ထွက်ပေါ်လာပြီး နက်မှောင်နေသော ညအမှောင်ထုအောက်၌ အလူမီနီယမ်သတ္တုချောင်းသည် စနိုက်ပါကျည်ဆန်တစ်တောင့်အလား ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။

လေထုကို ခွင်းလျက် စူးရှသော အသံကြီး ထွက်ပေါ်လာသည်။

ဘာမျှမရှိသော ရေပြင်ကျယ်ထက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"အမြန် ရှောင်"

ထို့နောက် ရေပြင်ပေါ်တွင် လူရိပ်နှစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရပြီး သူတို့၏ ခြေအောက်တွင် လှေငယ်တစ်စင်း ရှိနေလေသည်။

"ဝုန်း"

အလူမီနီယမ်သတ္တုချောင်းသည် သစ်သားလှေငယ်ကို ပြင်းထန်စွာ ထိုးဖောက်သွား၏။ ကြီးမားလှသော ထိုးဖောက်အားကြောင့် သစ်သားလှေမှာ ဝုန်းခနဲ ပျက်စီးသွားပြီး သစ်စများ လွင့်စဉ်ကာ လှေကိုယ်ထည် ပေါက်ကွဲထွက်သွားသည်။

ထိုလူရိပ်နှစ်ခုမှာ ရေထဲသို့ ပြုတ်ကျသွားပြီး စကားလှမ်းပြောလိုက်သူမှာ ရေထဲကျသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကျန်တစ်ယောက်မှာမူ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားပြီး ထိတ်လန့်တကြားဖြင့် နောက်သို့ ကူးခတ်ပြေးလေသည်။

လင်းယွမ် က ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်ပြီး "ပြေးချင်သေးတာလား... ကျောက်ခိုင်"

"လာပြီ"

ကျောက်ခိုင် က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လှေပေါ်မှ ခုန်တက်ကာ ရေပြင်ပေါ်သို့ တိုက်ရိုက် ခုန်ချလိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း..."

သူက ရေပြင်ကို နင်းလိုက်သည်နှင့် ခြေဖဝါးအောက်မှ ရေခဲမြူများ ပျံ့နှံ့သွားပြီး ရေကြီးနေသော ရေပြင်ကြီးမှာ သူနင်းလျှောက်နိုင်ရန် ရေခဲလမ်းအဖြစ် အလျင်အမြန် ခဲသွားလေသည်။

သူသည် ပြန့်ဖြူးသော ကားလမ်းမပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ရေပြင်ပေါ်တွင် ပြေးလွှားနေသည်။ ရေကြီးမှုက သူ့ကို အနည်းငယ်မျှပင် မတားဆီးနိုင်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသော အမျိုးသား၏ ဘေးနားသို့ ရောက်ရှိသွားသည်။

ထိုသူမှာ ထိပ်ပြောင်ပြောင်နှင့် သက်လတ်ပိုင်း လူဝကြီးတစ်ဦးဖြစ်ပြီး ကျောက်ခိုင် နီးကပ်လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားတော့သည်။

"မလာနဲ့... မလာနဲ့... ငါ့ကို ထိရဲထိကြည့်... ဦးစီးမှူးဟုန် က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

သူ့စကား မဆုံးသေးခင်မှာပင် ကျောက်ခိုင် က ပါးရိုက်လိုက်လေသည်။

ဖြောင်း ခနဲ အသံနှင့်အတူ ရေပြင်မှာ ရေခဲအဖြစ် ခဲသွားပြီး ထိုထိပ်ပြောင်လူကြီးမှာ အေးခဲလွန်းသဖြင့် တဆတ်ဆတ် တုန်ရီလာသည်။ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများ ခဲသွားသလို သူဝတ်ထားသော အင်္ကျီခေါင်းစွပ်တွင်လည်း ရေခဲချောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

ကျောက်ခိုင် က သူ့ကို ဆွဲမလိုက်ပြီး ရေခဲပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဘယ်ဘက် ရေပြင်ကို လက်ဖြင့် ရိုက်ချလိုက်လေသည်။

"ဂျစ်... ဂျစ်... ဂျစ်..."

ရေများ ခဲသွားပြီး မြင်သာသော လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုသူမှာ အသက်မကြီးသေးဘဲ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပုံရပြီး ရုပ်ရည်မှာ အနည်းငယ် ကောက်ကျစ်ပုံ ပေါက်နေသည်။

ယခုအချိန်တွင် ထိုသူ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ အပြည့်ဖြစ်ပေါ်နေပြီး "မ... မသတ်ပါနဲ့... ကျွန်တော့်ကိုလည်း ဦးစီးမှူးဟုန် က လူတွေကို ခြောက်လှန့်ခိုင်းလို့ လာရတာပါ" ဟု အော်ဟစ်လေသည်။

ကျောက်ခိုင် က အေးစက်စွာ ပြုံးလိုက်ပြီး "မင်းတို့က သရဲခြောက်သလို လုပ်နေကြတာကိုး... လာစမ်း ဒီကို"

သူက ထိုကောက်ကျစ်သော လူငယ်ကို လှမ်းဆွဲလိုက်ပြီး နှစ်ယောက်စလုံးကို ဆွဲမကာ ရေခဲပြင်ပေါ် နင်းလျက် အဆက်မပြတ် ပြန်ပြေးလာခဲ့သည်။

ထိုက်ယန်တောင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ထို့နောက် လေကို ခွင်းလျက် တရွှီရွှီ မြည်သံတစ်ခု ပျံသန်းလာသည်ကို ကြားလိုက်ရသည်။

ကျောက်ခိုင် မှာ ဦးရေပြားများ ထုံကျဉ်သွားပြီး နောက်ကျောဘက်မှ မကောင်းဆိုးဝါး လေတစ်ချက် တိုက်ခတ်လာသည်ဟု ခံစားလိုက်ရသည်။

သူ မရှောင်တိမ်းနိုင်ခင်မှာပင် လင်းယွမ် ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ခေါင်းငုံ့ထား"

ကျောက်ခိုင် က တွေဝေခြင်းမရှိဘဲ ခေါင်းကို ငုံ့လိုက်ရာ သူ့ခေါင်းပေါ်မှ တရွှီရွှီမြည်သံတစ်ခု ဖြတ်သန်းသွားလေသည်။

"ဒိုင်း"

လေထဲတွင် သတ္တုချင်း ရိုက်ခတ်မိသော အသံကျယ်ကြီး မြည်ဟည်းသွားသည်။

နောက်တစ်ခဏတွင် ဘုန်း ခနဲ အသံနှစ်ချက် ကြားလိုက်ရပြီး ရေပြင်ပေါ်တွင် ရေပန်းများ ထကာ ရေထဲသို့ တစ်စုံတစ်ခု ပြုတ်ကျသွားပုံရသည်။

ကျောက်ခိုင် သည် လှည့်မကြည့်တော့ဘဲ သုံ့ပန်းနှစ်ယောက်ကို ဆွဲကာ သစ်ဖောင်ပေါ်သို့ လျင်မြန်စွာ တက်လိုက်သည်။

ထိုနှစ်ယောက်မှာ အေးလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး ရုန်းကန်နိုင်စွမ်း မရှိတော့ချေ။

သို့သော် ဆုန့်ဝမ် က သစ်ဖောင်ပေါ်ရှိ အပင်စိမ်းများကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး သစ်နွယ်များ ထုတ်ကာ ထိုနှစ်ယောက်ကို တိုက်ရိုက် ချည်နှောင်လိုက်သည်။

လင်းယွမ် က သူတို့ကို ဂရုမစိုက်ဘဲ ရှေ့ရှိ ထိုက်ယန်တောင် ရေစပ်ကမ်းခြေကို စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာတွင် အရပ်ရှည်ရှည် လူတစ်ယောက် မတ်တပ်ရပ်နေပြီး လက်ထဲတွင် လေးနှင့်မြှားကို ကိုင်ထားသည်ကို ဝိုးတဝါး တွေ့ရသည်။

ထိုသူသည် လင်းယွမ် ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေပုံရသည်။

လင်းယွမ် ကလည်း ထိုသူ့ကို ပြန်ကြည့်ရင်း အေးစက်စွာ ပြုံးကာ အော်ဟစ်လိုက်သည်။

"လူလိုချင်ရင်... ဒီဘက်ကို လာခဲ့လေ"

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ရေပြင်အထက်တွင် ဟိန်းထွက်သွားပြီး ရှေ့ရှိ ထိုက်ယန်တောင်ဘက်သို့ ပျံ့လွင့်သွားသည်။

ချက်ချင်းပင် ထိုဘက်၌ မီးရောင်များ လှုပ်ခတ်သွားပြီး လူအများအပြား တီးတိုးပြောဆိုနေကြသည်။

ရေစပ်တွင် ရပ်နေသော လူရိပ်သည် ဒေါသထွက်သွားပုံရပြီး ကျောဘက်မှ တစ်စုံတစ်ခုကို လှမ်းယူကာ လေးကြိုးပေါ် တင်လိုက်သည်။

"ဝှစ်"

နောက်တစ်ခဏ၌ မြှားတံသည် လေကို ခွင်းလျက် အရှိန်ပြင်းစွာ ပျံသန်းလာသည်။

လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လင်းယွမ် ၏ မျက်နှာတည့်တည့်သို့ ဦးတည်လာသည်။

လင်းယွမ် က အေးစက်စွာ ပြုံးလိုက်ပြီး လက်ကို မြှောက်ကာ ညွှန်လိုက်ရာ စတီးပိုက်လုံးတစ်ချောင်း ဝုန်းခနဲ ပစ်လွှတ်လိုက်လေသည်။

သူ၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် စတီးပိုက်လုံးသည် သိုင်းဝတ္ထုများထဲမှ ပျံသန်းနိုင်သော ဓားပျံတစ်လက်ကဲ့သို့ လေထဲတွင် လှုပ်ရှားနေသည်။

လေတိုးသံ တဝူးဝူးဖြင့် တစ်ဖက်မှ ပစ်ခတ်လိုက်သော မြှားတံကို ဝင်တိုက်တော့မည့်ဆဲဆဲ...

သို့သော် နောက်တစ်ခဏတွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။

ထိုမြှားတံသည် ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

ဘုန်း ခနဲ အသံနှင့်အတူ ကြီးမားသော မီးတောက်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ပေပေါင်း (၁၀၀) ခန့် ကို လင်းထိန်သွားစေသည်။

လင်းယွမ် ၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားပြီး စိတ်စွမ်းအင်ဖြင့် အသေးစိတ် ကြည့်ရှုလိုက်ရာ ပေါက်ကွဲသွားသော အရာမှာ မြှားတံ၏ ထိပ်ဖျားဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့လိုက်ရသည်။

"ပေါက်ကွဲနိုင်တဲ့ မြှားခေါင်းလား... ဒါဘာအဓိပ္ပါယ်လဲ"

လင်းယွမ် စိတ်ထဲတွင် သံသယများ ဖြစ်သွားသည်။ ဒါက တစ်ဖက်လူရဲ့ သန္ဓေပြောင်း အစွမ်းလား။

တစ်ဖက်ကမ်းမှ လူသည် မျက်လုံးအမြင်အာရုံ အလွန်ကောင်းပုံရပြီး ဒီဘက်အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူက အေးစက်စွာဖြင့် နောက်ထပ် မြှားတစ်စင်းကို လေးကြိုးပေါ် တင်လိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင် သူက လင်းယွမ် ကို မချိန်တော့ဘဲ သစ်ဖောင်၏ အခြားနေရာများကို ပစ်ခတ်လိုက်သည်။

ပေါက်ကွဲစေသော မြှားတံ၏ အစွမ်းဖြင့်ဆိုလျှင် မြှားတစ်စင်းတည်းနှင့်ပင် သစ်ဖောင်ကို ပေါက်ကွဲသွားစေနိုင်သည်။

သို့သော် လင်းယွမ် ရှိနေသရွေ့ ဤသို့ဖြစ်လာရန် ခွင့်ပြုမည် မဟုတ်ပေ။

"ဘုန်း... ဘုန်း... ဘုန်း..."

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မြှား ၇ စင်း၊ ၈ စင်းခန့် ဆက်တိုက် ပျံသန်းလာသော်လည်း လင်းယွမ် ၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသော စတီးပိုက်လုံးက တားဆီးလိုက်သဖြင့် လေထဲတွင်ပင် တိုက်ရိုက် ပေါက်ကွဲကုန်ကြသည်။

လင်းယွမ် ၏ စတီးပိုက်လုံးပင်လျှင် ပေါက်ကွဲမှုကြောင့် ကွေးကောက်ပြတ်တောက်သွားရသည်။

ပေါက်ကွဲမှု အားကောင်းကြောင်း သိသာလှပေသည်။

လင်းယွမ် က မျက်မှောင်ကြုတ်လျက် ဦးလေးမာ နှင့် ချိုင်ကြည် ကို လှမ်းအော်လိုက်သည်။

"နောက်ကို ထပ်ဆုတ်"

ဦးလေးမာ နှင့် ချိုင်ကြည် တို့သည် တွန့်ဆုတ်မနေရဲဘဲ သစ်ဖောင်ကို အမြန်ထိန်းချုပ်ကာ နောက်သို့ ဆုတ်ခွာကြသည်။

ကျွန်းပေါ်မှ မြှားပစ်သူက အေးစက်စွာ ရယ်မောရင်း အော်ပြောလိုက်သည်။

"မင်းတို့ အဲ့လူတွေကို လွှတ်ပေးလိုက်တာ ကောင်းမယ်... မဟုတ်ရင် မင်းတို့ အမှိုက်ကောင်တွေကို ငါပစ်ဖောက်ခွဲပစ်မယ်"

လင်းယွမ် က အေးစက်စွာ ပြုံးလျက် "မနက်မလင်းခင် ငါ ထိုက်ယန်တောင်ပေါ် မရောက်ရင်... ငါ မင်းအဖေ နာမည် ခံလိုက်မယ်"

"ဟားဟားဟား... ဘယ်က ငတုံးကောင်လဲဟ... အစ်ကိုယိ ရဲ့ သား လုပ်ချင်နေတာလား"

"ဟေ့ကောင်... မင်းက အစ်ကိုယိ ရဲ့ သားလုပ်ချင်တာလား... မင်းအမေက သဘောတူရဲ့လား"

"ဟီးဟီး... သူ့အမေက ခံနိုင်ရည်ရှိရင်တော့ စဉ်းစားပေးလို့ရတာပေါ့"

တစ်ဖက်လူအုပ်ကြီးထဲမှ ဟားတိုက် ရယ်မောသံများ ထွက်ပေါ်လာသည်။

ညစ်ညမ်းသော ဆဲရေးသံစုံ ကြားနေရသည်။

လင်းယွမ် ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။

"ကိုလင်း... ကျွန်တော် ကိုလင်းနဲ့အတူ လိုက်သတ်မယ်" ကျောက်ခိုင် က ဒေါသတကြီး အော်ဟစ်လိုက်သည်။

တင်းယန် ကလည်း စကားတစ်ခွန်းမျှ မဆိုဘဲ မျက်နှာထား တင်းမာသွားသည်။

"အစ်ကိုလင်း... ကျွန်တော်တို့လည်း လိုက်မယ်"

"အစ်ကိုလင်း... သူတို့ကို မှတ်လောက်သားလောက်အောင် ပညာပေးရမယ်"

လင်းယွမ် ဘေးနားရှိ ဆုန့်ဝမ် ၊ ဝူယင် ၊ ဟွမ်ဟန် အစရှိသူတို့က ဒေါသတကြီး ပြောဆိုကြသည်။

လင်းယွမ် က အသက်ပြင်းပြင်း ရှူလိုက်ပြီး "ကျောက်ခိုင်၊ တင်းယန်၊ ရှီဟိုင်ကျူး၊ ဒေါက်တာရန် ... မင်းတို့ ငါနဲ့ လိုက်ခဲ့... ကျန်တဲ့လူတွေ သစ်ဖောင်ပေါ်မှာ စောင့်နေ"

"သိပြီ"

"အဲ့ကောင်တွေကို သတ်ကြမယ်"

"အစ်ကိုလင်း... သတ်ဖို့သွားသင့်တာ ကြာပြီ"

လူအများက ဒေါသတကြီး အော်ဟစ်ကြပြီး လင်းယွမ် လှေပေါ်တက်သည်နှင့် ကျန်လူများလည်း လှေပေါ်သို့ အသီးသီး တက်လိုက်ကြသည်။

လင်းယွမ် လက်ဝှေ့ယမ်းလိုက်သည်နှင့် လှေသည် ကျွန်းဆီသို့ လျင်မြန်စွာ ဦးတည်သွားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လှေသည် တစ်ဖက်လူ၏ ပစ်ခတ်နိုင်သော အကွာအဝေးသို့ ထပ်မံ ရောက်ရှိသွားသည်။

ထိုအခါ မရေမတွက်နိုင်သော မြှားမိုးများ ရွာကျလာတော့သည်။

လင်းယွမ် က လက်နှစ်ဖက်ဖြင့် လေဟာနယ်ကို ဖိချလိုက်ရာ စိတ်စွမ်းအင်များသည် နံရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လှေငယ်ကို တိုက်ရိုက် လွှမ်းခြုံလိုက်သည်။

ဘုန်း... ဘုန်း... ဆိုသော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

မြှားများစွာ အဆက်မပြတ် ပစ်ခတ်ခံနေရသည်။

စိတ်စွမ်းအင်နံရံပေါ်တွင် ဂယက်ထနေသည်။

"အမတင်း... ကူညီပါဦး" ကျောက်ခိုင် က အော်ပြောလိုက်သည်။

တင်းယန် က သဘောပေါက်လိုက်ပြီး ရေပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

လေဖိအားလက်သီးက ရေပြင်ပေါ်တွင် ပေါက်ကွဲသွားပြီး ကြီးမားသော လှိုင်းလုံးကြီး ဖြစ်ပေါ်လာသည်။

ကျောက်ခိုင် က ချက်ချင်း အော်ပြောလိုက်သည်။ "အစ်ကိုလင်း... ကျွန်တော့်ကို ကြည့်ထား"

သူက လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ရေခဲမြူ အများအပြား ချက်ချင်း လှိမ့်ဝင်သွားသည်။

ခဏချင်းမှာပင် လှိုင်းလုံးကြီးသည် ထူထဲသော ရေခဲနံရံကြီးအဖြစ် ပြောင်းလဲသွားပြီး ရေပြင်ပေါ်တွင် ပေါ်လောပေါ်လာသည်။

မြှားများစွာမှာ ရေခဲနံရံကြောင့် တစ်ဆို့သွားပြီး လှေငယ်ကို လုံးဝ မထိမှန်နိုင်တော့ချေ။

လှေငယ်သည် ရေခဲနံရံကို အကာအကွယ်ယူကာ ထိုက်ယန်တောင် ကမ်းစပ်ဆီသို့ တရွေ့ရွေ့ တိုးဝင်သွားသည်။

ပေ ၁၅၀၀ (ကိုက် ၅၀၀) အကွာအဝေးသည် နီးသည်မထင်ရသော်လည်း ဝေးလှသည် မဟုတ်ပေ။

ရှီဟိုင်ကျူး နှင့် ရန်ဆန်းမင် တို့ လှော်ခတ်နှုန်းမှာ အလွန်မြန်ဆန်သဖြင့် လှေငယ်သည် မျက်စိတစ်မှိတ်အတွင်း ထိုက်ယန်တောင်နှင့် ပေ ၃၀၀ ခန့်သာ လိုတော့သည်။

ရုတ်တရက် "အစ်ကိုယိ" ဟု ခေါ်သော လူက မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

ဘုန်း ခနဲ ပေါက်ကွဲသံကြီး ပေါ်ထွက်လာသည်။

မြှားတံသည် ရေခဲနံရံကို ထိုးဖောက်သွားပြီး ရေခဲပြင် ပေါက်ကွဲကာ ကြီးမားသော မီးတောက်များ လောင်ကျွမ်းလာသည်။

ရေခဲနံရံ အလျင်အမြန် အရည်ပျော်ကျသွားရာ ထိုက်ယန်တောင်ဘက်မှ လေးသမားများက ဝမ်းသာအားရ အော်ဟစ်ကြသည်။

သို့သော် နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် လေတိုးသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် မီးတောက်များကြားမှ ပေါင် ၂၀ လေးသော အလေးပြားဝိုင်းကြီးနှစ်ခု ကမ်းစပ်ဆီသို့ ဝုန်းခနဲ ပျံသန်းလာသည်။

"သေစမ်း... အမြန်ရှောင်"

စုန်ယိ မျက်နှာပျက်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ပေါင် ၂၀ လေးသော အလေးပြားသည် အမြောက်ဆံကဲ့သို့ လူအုပ်ထဲသို့ ဝုန်း ခနဲ ကျရောက်သွားသည်။

"ခွပ်"

ခဏချင်းမှာပင် ရှေ့နားတွင် ရပ်နေသော လေးသမားနှစ်ဦး၏ ခေါင်းများ ကြေမွသွားပြီး အသားစိုင်များ ဖြစ်သွားသည်။

အလေးပြားသည် အရှိန်မသေဘဲ နောက်တန်းမှ လူများကိုပါ ဝင်တိုက်မိရာ လူတစ်ဦး၏ ပခုံးရိုးမှာ တိုက်ရိုက် ကြေမွသွားပြီး သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

စုန်ယိ တစ်ယောက် လေးကြိုးတင်ပြီး ပြန်လည်တိုက်ခိုက်ရန် မပြင်ဆင်နိုင်ခင်မှာပင်...

ရေပြင်ပေါ်မှ စတီးပိုက်လုံး ၇ ချောင်း၊ ၈ ချောင်းခန့် ဆက်တိုက် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ဝှီး... ဝှီး... ဝှီး...

ထိုစတီးပိုက်လုံးများသည် ဒုံးကျည်များကဲ့သို့ အရှိန်ပြင်းစွာ ပျံသန်းလာသည်။

အရှိန်မြန်လွန်းသဖြင့် ထိုလူများ ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ကြချေ။

စွပ် ခနဲ အသံနှင့်အတူ စတီးပိုက်လုံးတစ်ချောင်းက လူတစ်ယောက်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

နောက်ထပ် စတီးပိုက်လုံးများကလည်း လူအများအပြား၏ ရင်ဝကို ထိုးဖောက်ဝင်ရောက်သွားသည်။

ချက်ချင်းပင် ညည်းညူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

စုန်ယိ ဒေါသထွက်ကာ "ခွန်အားအမျိုးအစား သန္ဓေပြောင်းသမားလား"

သူက အမြန် ပြန်လည်ပစ်ခတ်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း..."

မြှားသုံးစင်း ဆက်တိုက် ပစ်ခတ်လိုက်ရာ မြှားတိုင်းသည် လင်းယွမ်တို့၏ လှေငယ်ဆီသို့ တိကျစွာ ဦးတည်သွားသည်။

ပေါက်ကွဲသံများနှင့်အတူ မီးရောင်များက လှေကို လင်းထိန်သွားစေသည်။

သို့သော် စုန်ယိ ၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားစေသည်မှာ ထိုလှေပေါ်တွင် မည်သူမျှ မရှိတော့ခြင်းပင်။

"လူတွေရော"

သူ့ခေါင်းထဲတွင် သံသယ ဝင်သွားရုံ ရှိသေးသည်။

နောက်တစ်ခဏ၌ ပြင်းထန်သော နာကျင်မှုတစ်ခု သူ့ဦးနှောက်ကို ဝင်ရောက်တိုက်ခိုက်လာသည်။

"အား"

သူ့စိတ်ပင်လယ်ကို ကြီးမားသော တူကြီးတစ်လက်ဖြင့် ထုရိုက်ခွဲလိုက်သကဲ့သို့ ခံစားလိုက်ရပြီး နှာခေါင်းထဲမှ သွေးများ ပန်းထွက်လာသည်။

နာကျင်စွာ အော်ဟစ်လိုက်စဉ်မှာပင် ရေထဲမှ ဝုန်းခနဲ အသံကြီး ကြားလိုက်ရသည်။

ရုတ်ခြည်းဆိုသလို လူရိပ်အများအပြား ရေထဲမှ ခုန်ထွက်လာကြသည်။

ထိုအထဲမှ လူရိပ်တစ်ခုသည် ခြေထောက်နှစ်ဖက်ဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ရာ တစ်လှမ်းတည်းနှင့် ပေ ၄၀၊ ၅၀ အကွာအဝေးကို ရောက်ရှိသွားသည်။

ကျောက်ဆောင်များပေါ်တွင် ခုန်ပျံကျော်လွှားလျက် ကမ်းစပ်ပေါ်သို့ ချက်ချင်း ရောက်ရှိလာသည်။

ပတ်ဝန်းကျင်မှ လေးသမားများက ဓားဆွဲထုတ်ကာ ဝင်ခုတ်ကြသည်။

ထိုသူ၏ လက်နှစ်ဖက်ထဲတွင် မီးသတ်ပုဆိန်နှစ်လက် ရုတ်တရက် ရောက်ရှိလာသည်။

သူ့လက်မောင်းကြွက်သားများ ဖောင်းကြွလာပြီး ပုဆိန်နှစ်လက်ဖြင့် တစ်ဖက်မှ လေးသမားနှစ်ယောက်ကို ဝုန်းခနဲ ခုတ်ပိုင်းလိုက်သည်။

လေးသမားနှစ်ယောက်က ဓားဖြင့် ပြန်လည်ခုခံသော်လည်း ဂွမ်း ခနဲ အသံကိုသာ ကြားလိုက်ရသည်။

ထို့နောက် သနားစဖွယ် အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာသည်။

ထိုလေးသမားနှစ်ဦး၏ လက်နက်များမှာ နှစ်ပိုင်းကျိုးသွားပြီး ပုဆိန်နှစ်လက်သည် သူတို့၏ ခေါင်းပေါ်မှ တည့်တည့် ကျဆင်းလာကာ ကြီးမားသော ခွန်အားကြောင့် ထိုနှစ်ယောက်ကို အရှင်လတ်လတ် နှစ်ခြမ်းကွဲသွားအောင် ခုတ်ပိုင်းလိုက်တော့သည်။

အမှောင်ထုထဲတွင် လင်းယွမ် က ခေါင်းမော့လိုက်သည်။ ပုဆိန်နှစ်လက်ကို ကိုင်ဆောင်ထားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များကို တားဆီး၍ မရတော့ချေ။

ကြမ်းကြုတ်သော စိတ်အရိုင်းများ သူ့ရင်ထဲတွင် ပျံ့နှံ့နေသည်။

ပတ်ဝန်းကျင်မှ လေးသမား အများအပြား ဝိုင်းလာကြပြီး အချို့က သစ်သားချွန်များဖြင့် ထိုးစိုက်လာကြသည်။

လင်းယွမ် က မဲပြုံး ပြုံးလိုက်ပြီး "သေလိုက်ကြတော့"

သူ့ပုဆိန်နှစ်လက်ကို ဝုန်းခနဲ လွှဲရိုက်လိုက်သည်။

ဒုတ် ခနဲ အသံနှင့်အတူ ရှေ့မှလူတစ်ယောက် ပုဆိန်ချက်မိပြီး ကြေမွသွားသည်။

ထို့နောက် သူက လက်သီးဖြင့် ထိုးလိုက်ရာ ကြီးမားသော ခွန်အားကြောင့် တစ်ဖက်လူ၏ ဦးခေါင်းမှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး သွေးများ ဖြာခနဲ ပန်းထွက်သွားသည်။

လင်းယွမ် ခြေလှမ်းမရပ်တန့်ဘဲ စုန်ယိ ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ခြေတစ်ဖက်ဖြင့် ကန်ထုတ်လိုက်ရာ ပြေးဝင်လာသော လေးသမားတစ်ဦး လွင့်ထွက်သွားသည်။

ဗိုက်ပေါက်သွားပြီး အူများပါ ထွက်ကျလာသည်။

ကြွက်သားပေါက်ကွဲသိုင်း အသုံးပြုထားသည့် အခြေအနေတွင် လင်းယွမ် ၏ ခွန်အားမှာ အမှတ် ၃၀ ကျော်နေပြီ ဖြစ်သည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြီးနှင့်ဆိုလျှင် ခွန်အားအမျိုးအစား သန္ဓေပြောင်းသမားပင် သူ့ကို မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ရဲမည် မဟုတ်ပေ။

ဤသာမန်လူများမှာ သူနှင့် တစ်ချီတည်း ယှဉ်ပြိုင်ရန်ပင် မထိုက်တန်ပေ။

လက်သီးတစ်ချက်၊ ခြေတစ်ချက် ထိရုံဖြင့် ဒဏ်ရာရကာ၊ ထိမိသည်နှင့် သေဆုံးကုန်ကြသည်။

လင်းယွမ် သည် အရိုင်းစိုင်းဆုံး၊ အကြမ်းကြုတ်ဆုံး၊ အကြောက်မက်ဖွယ်အကောင်းဆုံး နည်းလမ်းဖြင့် လူများကို ရက်စက်စွာ သတ်ဖြတ်နေသည်။

သူ့အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး လက်သီး၊ ခြေထောက်၊ ပုဆိန်များဖြင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် လူဆယ်ဂဏန်းခန့်ကို သတ်ဖြတ်ပြီး ဖြစ်နေသည်။

စုန်ယိ မှာ ကြောက်လွန်းသဖြင့် ဦးရေပြားများ ထုံကျဉ်နေပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ခွန်အားအမျိုးအစား... သူက ခွန်အားအမျိုးအစား သန္ဓေပြောင်းသမားပဲ... အနားအကပ်မခံနဲ့"

"လျန်ဇီ... လျန်ဇီ... သူ့ကို တားထားစမ်း"

သူ အော်ဟစ်လိုက်ရာ သူ့နောက်မှ လူတစ်ယောက်က လက်နှစ်ဖက်ဖြင့် မြေကြီးကို ဖိချလိုက်သည်။

ချက်ချင်းပင် မြေပြင်မှာ ပျော့အိသွားပြီး လင်းယွမ် ခြေထောက်အောက်မှ မြေသားများ ရွှံ့အိုင်အဖြစ် ပြောင်းလဲသွားသည်။

ဒီလူက မာကျောသော မြေကြီးကို ရွှံ့အိုင်အဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

လင်းယွမ် ၏ ခန္ဓာကိုယ်မှာ အောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်။

သူက အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးများ အရောင်လက်သွားကာ လျန်ဇီ ဆိုသူကို စူးစိုက် ကြည့်လိုက်သည်။

လျန်ဇီ ဆိုသော အမျိုးသားမှာ ချက်ချင်းပင် အော်ဟစ်ညည်းညူလျက် ခေါင်းကို လက်ဖြင့် အုပ်ကာ မြေကြီးပေါ်တွင် လူးလှိမ့်နေတော့သည်။

သူ့ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်လာပြီး ဦးနှောက်ကို တူဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေသည်။

ဒါက စိတ်ဝိညာဉ်ရိုက်ခတ်ခြင်း ဖြစ်သည်။

လင်းယွမ် ခြေထောက်များ ရွှံ့ထဲသို့ ၄ လက်မ ခန့် နစ်မြုပ်သွားသော်လည်း ထိုလူ အစွမ်းမသုံးနိုင်တော့သဖြင့် ရွှံ့အိုင်မှာ မြေကြီးအဖြစ် ပြန်လည် မာကျောသွားသည်။

လင်းယွမ် က မဲပြုံး ပြုံးလိုက်ပြီး ခြေထောက်နှစ်ဖက်ကို အားပြုကာ ဆွဲထုတ်လိုက်သည်။

ဘုန်း ခနဲ အသံနှင့်အတူ မြေကြီးများ လွင့်စဉ်သွားပြီး မြေကြီးထဲမှ ဖောက်ထွက်လာသည်။

သူ့ခန္ဓာကိုယ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီး လျန်ဇီ ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

လျန်ဇီ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် လင်းယွမ် က သူ့လည်ပင်းကို လှမ်းညှစ်လိုက်သည်။

"အစ်... မင်း... လုပ်ရဲ"

လျန်ဇီ က လည်ပင်းညှစ်ခံထားရလျက်နှင့်ပင် လင်းယွမ် ကို ခြိမ်းခြောက်ချင်နေသေးသည်။

သို့သော် လည်ပင်း အညှစ်ခံထားရသဖြင့် အသက်ရှူကျပ်လာကာ လျှာထွက်လာသည်။

လင်းယွမ် ၏ မျက်နှာထားမှာ ကြမ်းကြုတ်နေပြီး "ဟုတ်ပြီ... ဒီအသံပဲ... ခုနက ဆဲတုန်းက အရသာရှိနေတယ်မလား"

"လျှာမရှိတော့ရင် မင်း ဆဲနိုင်သေးလား ကြည့်ရသေးတာပေါ့"

သူက လျန်ဇီ ၏ ပြူထွက်လာသော လျှာကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ပြီး လက်မနှင့် လက်ညှိုးကို သုံးကာ အားဖြင့် ဖိညှစ်လိုက်သည်။

ချက်ချင်းပင် လျန်ဇီ ထံမှ ဝက်သတ်သကဲ့သို့ စူးဝါးသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

လင်းယွမ် က အားကုန်သုံး၍ ဆွဲဆုတ်လိုက်ရာ ဗြိ ခနဲ အသံနှင့်အတူ ထိုလျှာကို အရှင်လတ်လတ် ဆွဲနှုတ်လိုက်တော့သည်။

လျန်ဇီ မှာ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်သွားပြီး နာကျင်လွန်းသဖြင့် သတိမေ့သွားသည်။

လင်းယွမ် က သူ့ကို မလွှတ်ပေးသေးဘဲ လည်ပင်းကို ကိုင်ကာ လူကို တုတ်သဖွယ်အသုံးပြုလျက် မလှမ်းမကမ်းရှိ စုန်ယိ ဆီသို့ ပစ်ပေါက်လိုက်သည်။

စုန်ယိ မှာ ကြောက်လွန်းသဖြင့် ခေါင်းနပန်းကြီးသွားပြီး ဒေါသရော အကြောက်တရားပါ ရောပြွမ်းနေသည်။

"မဟုတ်ဘူး... မဟုတ်သေးဘူး... သူက ခွန်အားအမျိုးအစား သန္ဓေပြောင်းသမားတင် မဟုတ်ဘူး... စိတ်စွမ်းအင် သန္ဓေပြောင်းသမားပါ ဖြစ်နေတာပဲ"

"မဖြစ်ဘူး... ဦးစီးမှူးဟုန် ကို အမြန်ဆုံး သွားပြောမှ ဖြစ်မယ်"

စုန်ယိ က ခေါင်းပြန်လှည့်ကာ ထွက်ပြေးတော့သည်။ ယခုအချိန်တွင် သူသည် စောစောကကဲ့သို့ ခက်ထန်ကြမ်းကြုတ်သော ပုံစံမျိုး မရှိတော့ချေ။

ပြေးလွှားနေပုံမှာ အိမ်ရာမဲ့ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူပိုင်ဆိုင်သည်မှာ ညဘက်မြင်နိုင်သော အစွမ်းတစ်ခုသာဖြစ်ပြီး သူ၏ ကောင်းမွန်သော မြှားပစ်စွမ်းရည်နှင့် ပေါက်ကွဲမြှားများကြောင့်သာ ထိုက်ယန်တောင်တွင် နေရာတစ်နေရာ ရရှိထားခြင်း ဖြစ်သည်။

သို့သော် နေရာတစ်နေရာ ရထားရုံသာ ရှိသေးသည်။ သို့မဟုတ်လျှင် သူ ညဘက် ကင်းစောင့်ထွက်စရာပင် လိုမည်မဟုတ်။

ယခု လှည့်ပြေးနေစဉ်မှာပင် နောက်ကျောဘက်မှ သနားစဖွယ် အော်သံတစ်ခု ထပ်မံ ကြားလိုက်ရသည်။

"ရှောင်ဟန်"

စုန်ယိ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ ရှောင်ဟန်၏ အစွမ်းမှာ ပုတ်သင်ညို ဖြစ်ပြီး ပတ်ဝန်းကျင် အနေအထားအတိုင်း သူ့ကိုယ်သူ ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သည်။

အစ်ကိုမော့၏ ကိုယ်ပျောက်အစွမ်းလောက် မကောင်းသော်လည်း ဒါက တော်တော်လေး ကောင်းမွန်သော ပုန်းအောင်းနိုင်သည့် အစွမ်းတစ်ခု ဖြစ်သည်။

ဒီလို ညကြီးမင်းကြီးမှာ ဟိုလူက ရှောင်ဟန်ကို ဘယ်လို ရှာတွေ့သွားတာလဲ။

စုန်ယိ စဉ်းစား၍ မရချေ။ စဉ်းစားချိန်လည်း မရတော့သဖြင့် တောင်ပေါ်သို့ အတင်းပြေးတက်ရင်း နောက်မှလူများကို လင်းယွမ် အား တားဆီးရန် အော်ဟစ်ခိုင်းစေနေသည်။

သို့သော် ထိုလူများသည် လင်းယွမ် ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်တွေ့ထားရသဖြင့် မည်သူကမျှ မတားရဲဘဲ မှောင်ရိပ်ခိုကာ ထွက်ပြေးကုန်ကြသည်။

လင်းယွမ် ၏ မျက်နှာတွင် ရက်စက်မှုများ ပြည့်နှက်နေပြီး ပုတ်သင်ညို အစွမ်းရှိသော သန္ဓေပြောင်းသမားကို လက်သီးဖြင့် ထိုးသတ်လိုက်သည်။

သူက ခြေထောက်နှစ်ဖက်ဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ရာ ခန္ဓာကိုယ်မှာ ရှေ့သို့ ဝုန်းခနဲ ရောက်ရှိသွားသည်။

"ဘုန်း"

လမ်းတစ်လျှောက်တွင်လည်း လူအများအပြားကို ဝင်တိုက်သတ်ဖြတ်ခဲ့ရာ တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲနီနေပြီး သန္ဓေပြောင်း သားရဲတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ သူ့ကို တားဆီးမည့်သူ မရှိ၊ တားဆီးသူတိုင်း သေဆုံးကြရသည်။

"ဆင်းခဲ့စမ်း"

လင်းယွမ် က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ပေ ၁၀၀ အကွာအဝေးသည် သူ၏ စိတ်စွမ်းအင် ထုတ်လွှတ်နိုင်သော အကွာအဝေး ဖြစ်သည်။

ရှေ့မှ စုန်ယိ သည် သူ့ဦးခေါင်းကို သံတူဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဘုန်း ခနဲ အသံနှင့်အတူ နှာခေါင်းထဲမှ သွေးများ ပန်းထွက်ကာ မျက်လုံးများလည်း ချက်ချင်း နီရဲသွားသည်။

ဒါက ဦးနှောက် သွေးကြောပြတ်သွားသော လက္ခဏာပင်။

သူ့ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး "အား" ဟု အော်ဟစ်ကာ မြေကြီးပေါ်သို့ ခေါင်းစိုက်ကျသွားသည်။

သူက နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ပြန်ထရန် ကြိုးစားသည်။

သို့သော် ရုတ်တရက် ခေါင်းလေးလံသွားပြီး ခြေဖဝါးတစ်ဖက်က သူ့နောက်စေ့ကို နင်းထားလိုက်ပြီ ဖြစ်သည်။

လင်းယွမ် က ငုံ့ကြည့်ရင်း မဲပြုံး ပြုံးကာ "ဘာလို့ပြေးတာလဲ... မင်း ခုနက တော်တော်လေး ကောင်းနေတယ် မဟုတ်လား"

စုန်ယိ အံကြိတ်ထားလိုက်သည်။ စိတ်ထဲတွင် အရှက်ရမှုများ ဖြစ်ပေါ်လာပြီး ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ "ခွေးမသား... မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား"

"ဦးစီးမှူးဟုန်တို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး... မင်းသာ ငါ့ကို သတ်ရင် သူတို့က မင်းကို သတ်လိမ့်မယ်"

လင်းယွမ် မျက်လုံးထဲတွင် အေးစက်သော အပြုံးတစ်ခု ဖြတ်သန်းသွားပြီး "သူလာသတ်တာ ငါ စောင့်နေမယ်"

"ဆိုးတာက... မင်း မြင်ရတော့မှာ မဟုတ်ဘူး"

သူက ခြေထောက်ကို မြှောက်လိုက်ပြီး အားကုန်သုံးကာ ဖိနင်းချလိုက်သည်။

"ဂွပ်"

ကြောက်မက်ဖွယ်ကောင်းသော နင်းချသံ ထွက်ပေါ်လာပြီး ကျောက်လှေကားထစ်များပင် တုန်ခါသွားသည်။

စုန်ယိ ၏ ဦးခေါင်းမှာ ချက်ချင်း ပြားကပ်ကြေမွသွားသည်။ သွေးများနှင့် ဦးနှောက်များ ပတ်ဝန်းကျင်သို့ လွင့်စဉ်ထွက်သွားပြီး အသားစိုင်များမှာ ရွှံ့ဗွက်ကဲ့သို့ လွင့်ပျံသွားသည်။

လင်းယွမ် က နှာခေါင်းရှုံ့လိုက်ပြီး ထွက်ပြေးနေကြသော သာမန် လေးသမားများကို မော့ကြည့်လိုက်သည်။

သူက ထိုလူများကို လိုက်မသတ်တော့ဘဲ ထွက်ပြေးခွင့် ပေးလိုက်သည်။

ထိုအချိန်တွင် တင်းယန်နှင့် ကျောက်ခိုင် တို့ လူစု ရောက်ရှိလာပြီး သူတို့လက်ထဲတွင် သန္ဓေပြောင်းသမား အချို့ကို ဖမ်းဆီးလာကြသည်။

"ဒူးထောက်စမ်း"

ကျောက်ခိုင် က လူတစ်ယောက်၏ ခြေကောက်ဝတ်ကို ကန်လိုက်သည်။

ထိုလူ၏ မျက်နှာတွင် ဒေါသများ အပြည့်ဖြစ်နေပြီး မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ "ခွေးမသား... မင်းတို့ စောင့်ကြည့်နေလိုက်... ဦးစီးမှူးဟုန် က မင်းတို့ကို လွှတ်ထားမှာ မဟုတ်... အစ်"

ထိုလူ စကားမဆုံးသေးခင်မှာပင် စတီးပိုက်လုံးတစ်ချောင်းက သူ့ပါးစပ်ထဲသို့ ထိုးဝင်လာပြီး စွပ် ခနဲ အသံနှင့်အတူ ထက်မြက်သော စတီးပိုက်လုံးသည် သူ့နောက်စေ့ကို ဖောက်ထွက်သွားသည်။

သွေးများက ဘေးနားရှိ သန္ဓေပြောင်းသမားများ၏ မျက်နှာပေါ်သို့ လွင့်စဉ်သွားသည်။

ချက်ချင်းပင် ဒေါသတကြီး ရုန်းကန်နေကြသော သန္ဓေပြောင်းသမားများသည် ကြောင်အသွားကြပြီး စတီးပိုက်လုံးကို ဆွဲထုတ်လိုက်သော လင်းယွမ် ကို မသိစိတ်ဖြင့် မော့ကြည့်လိုက်မိကြသည်။

လင်းယွမ် က စတီးပိုက်လုံးကို ညင်သာစွာ ခါလိုက်ပြီး ပိုက်လုံးထဲမှ အသားစများကို ခါထုတ်လိုက်သည်။

သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။ တင်းယန် ဖမ်းထားသော သန္ဓေပြောင်းသမားကို ကြည့်ကာ စတီးပိုက်လုံးကို မြှောက်လိုက်ပြီး ထိုလူ၏ မျက်လုံးကို ချိန်လိုက်သည်။

ထိုလူမှာ ချက်ချင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလျင်စလို အော်ပြောလိုက်သည်။ "နေ... နေပါဦး... အသက်ချမ်းသာပေးပါ... ကျွန်တော်လည်း အတင်းအကျပ်မို့ လုပ်ရတာပါ... အသက်ချမ်းသာပေးပါ"

လင်းယွမ် ၏ လက်လှုပ်ရှားမှု အနည်းငယ် ရပ်တန့်သွားပြီး ပြောလိုက်သည်။ "သေမှာကြောက်တဲ့ကောင်တွေ ရှိသေးတာပဲ"

"မင်းတို့အားလုံး သတ္တိကောင်းနေကြတယ်လို့ ငါက ထင်နေတာ"

ထိုလူက အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ရင်း "ပုရွက်ဆိတ်တောင် အသက်ရှင်ချင်ကြတာပဲ... ကျွန်တော်က ဒီလောက် ခက်ခက်ခဲခဲနဲ့ အစွမ်းနိုးထလာတာ... ဘယ်လိုလုပ် သေချင်မှာလဲဗျာ"

"ပြောတာ ကောင်းတယ်... မင်း နာမည် ဘယ်လိုခေါ်လဲ"

"အစ်ကိုကြီး... ကျွန်တော့်နာမည်က ကျန်းကျစ်ဟောင် ပါ... အမြန်နှုန်းအမျိုးအစား သန္ဓေပြောင်းသမားပါ... ကျွန်တော်က ပြေးတာ အရမ်းမြန်တယ်... ပစ္စည်းပို့တာတို့ ဘာတို့ ခိုင်းလို့ရပါတယ်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... နောက်ဆို အစ်ကိုကြီးနဲ့ပဲ လိုက်ပါတော့မယ်"

"ကျန်းကျစ်ဟောင်... မင်းက တကယ့်အခြောက်ကောင်ပဲ... မင်းဘာကြောက်စရာ လိုလို့လဲ... သူတို့က ဦးစီးမှူးဟုန် တို့ကို နိုင်မှာမို့လို့လား"

ဘေးနားတွင် ရှီဟိုင်ကျူး ဖမ်းထားသော သန္ဓေပြောင်းသမားက ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။

လင်းယွမ် က တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး စတီးပိုက်လုံးကို ဝုန်းခနဲ ရိုက်ချလိုက်သည်။

"စွပ်"

စတီးပိုက်လုံးသည် ထိုလူ၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး ရှီး ခနဲ သွေးများ ပန်းထွက်လာသည်။

ရှီဟိုင်ကျူး ပင်လျှင် မျက်ခွံများ လှုပ်ခတ်သွားပြီး လင်းယွမ် ဒီတစ်ခါ ဒေါသတော်တော်ကြီးနေသည်ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

သူက အလောင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး လင်းယွမ် ကို ပြောလိုက်သည်။ "ကိုလင်း... ဒီကောင်က ပစ်ပေါက်တဲ့ အစွမ်းရှိတဲ့ သန္ဓေပြောင်းသမားဗျ... ဓားပျံပစ်တာ တော်တော်တိကျတယ်... ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တော့ သူ ကံဆိုးသွားတာပေါ့"

ဒီလူ တကယ် ကံဆိုးသည်။ သူ့ဓားပျံက ရာနှုန်းပြည့် ထိမှန်ပြီး သေနတ်ပစ်လက်ဖြောင့်သမားနှင့် မခြားပေ။

ကံဆိုးစွာဖြင့် ရှီဟိုင်ကျူး နှင့် တွေ့ဆုံမိရာ တစ်ကိုယ်လုံး ကျောက်ခဲဖြစ်သွားသော ရှီဟိုင်ကျူး ကို ဓားပျံဖြင့် ပစ်သော်လည်း မီးပွင့်ရုံသာရှိပြီး အရာမထင်ခဲ့ပေ။

ရန်ဆန်းမင် ဘက်မှ သန္ဓေပြောင်းသမားမှာ လုံးဝ ကြောက်လန့်သွားပြီး အလျင်စလို ဝင်ပြောလိုက်သည်။ "အစ်ကိုကြီး... ကျွန်တော်က... အား"

သူ စကားမဆုံးသေးခင်မှာပင် လင်းယွမ် က ထိုလူ၏ မျက်နှာကို ပါးရိုက်လိုက်သည်။

ဖြောင်း ခနဲ အသံနှင့်အတူ ထိုလူ၏ မျက်နှာတစ်ခြမ်းမှာ သွေးသံရဲရဲ ဖြစ်သွားသည်။

လင်းယွမ် က ကြမ်းကြုတ်စွာ ပြောလိုက်သည်။ "ခုနက ငါ့ကို ဆဲတဲ့အထဲမှာ မင်းလည်း ပါတာပဲ"

ထိုလူမှာ ကြောက်လွန်းသဖြင့် တဆတ်ဆတ် တုန်ရီနေပြီး မျက်နှာမှ နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ အလျင်စလို တောင်းပန်လေသည်။ "တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျွန်တော် ပါးစပ်ယောင်သွားလို့ပါ... ကျွန်တော် ပါးစပ်ယောင်သွားလို့ပါ... လူကြီးလူကောင်း ပီသစွာနဲ့ ခွင့်လွှတ်ပေးပါဗျာ"

လင်းယွမ် က အေးစက်စွာ ရယ်မောလိုက်ပြီး "ငါ့တစ်သက်မှာ ငါ့မိသားစုကို ဆဲတဲ့ကောင်တွေကို ငါအမုန်းဆုံးပဲ"

"နောက်ဘဝကျရင် ဆင်ခြင်ပေါ့ကွာ"

"ဘုန်း"

စတီးပိုက်လုံးဖြင့် ရိုက်ချလိုက်ရာ ဒေါင် ခနဲ အသံနှင့်အတူ ထိုလူ၏ ဦးခေါင်းမှာ ချိုင့်ဝင်သွားသည်။

လင်းယွမ် လက်ထဲမှ စတီးပိုက်လုံးပင် ကွေးကောက်သွားသည်။

သူက စတီးပိုက်လုံးကို လွှင့်ပစ်လိုက်ပြီး ကျန်းကျစ်ဟောင် ကို ကြည့်ကာ အော်ပြောလိုက်သည်။ "ငါမေးတာ ဖြေ... မပူးပေါင်းရင် ဒီလူတွေအတိုင်း ဖြစ်သွားမယ်... ကြားလား"

ကျန်းကျစ်ဟောင် မှာ ကြောက်လွန်းသဖြင့် တဆတ်ဆတ် တုန်ရီနေပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။ "ကြား... ကြားပါတယ်ဗျ"

"ထိုက်ယန်တောင်ပေါ်က အခြေအနေကို ပြောပြစမ်း"

ဆက်ရန်...

All Chapters