← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 10 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 10 Ch. 193-194

အပိုင်း (၁၉၃) ထူလုံနှင့် အပြင်းအထန် တိုက်ခိုက်ခြင်း

သွေးများဖြင့် ရဲရဲနီနေသော ပါးစပ်ပေါက်ကြီးက ကိုက်ခဲရန် ပြေးဝင်လာရာ လင်းယွမ်က သံချောင်းကို အလျင်အမြန် ကန့်လန့်ဖြတ်ကာ ကာကွယ်လိုက်သည်။

"ဒလွမ်" ဟူသော အသံနှင့်အတူ ထူလုံ အသွင်ပြောင်းထားသည့် ကျားဖြူကြီးက သံချောင်းကို ကိုက်ခဲမိလျက်သား ဖြစ်သွားသည်။

ထို့နောက် ၎င်းက ခေါင်းကို အားကုန် ရမ်းခါပစ်လိုက်ရာ သံချောင်းမှာ လင်းယွမ့်လက်ထဲမှ ချက်ချင်း လွတ်ထွက်သွားတော့သည်။

လင်းယွမ်က ခန္ဓာကိုယ်ကို နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်ရင်း မျက်နှာတွင် အံ့အားသင့်ရိပ်များ ယှက်သန်းသွားသည်။

"ဒီကောင် အသွင်ပြောင်းလိုက်တာ ကျားရဲ့ ခွန်အားက စောစောက မုခိုင် ဆိုတဲ့ကောင်ထက်တောင် ပိုသန်မာနေပါလား"

လင်းယွမ်သည် ကျားဖြူအဖြစ် ပြောင်းလဲထားသော ထူလုံ၏ လက်ရှိ ခွန်အားကို ချက်ချင်း ခန့်မှန်းတွက်ချက်ကြည့်လိုက်ရာ ခွန်အား ၂၀ အထက်တွင် ရှိနေလောက်သည်။

လင်းယွမ်၏ ခွန်အားက ၁၅.၉ သာ ရှိသေးသည်ကို သတိပြုရမည်။

သာမန် ခွန်အားအစွမ်းပိုင်ရှင်များဆိုလျှင် သေချာပေါက် သူ့လောက် ခွန်အားအရေအတွက် မြင့်မားနိုင်မည် မဟုတ်ပေ။ အများဆုံး ရှိလှမှ ၁၃၊ ၁၄ ဝန်းကျင်ခန့်သာ ရှိကြသည်။

ထူလုံက ကျားဖြူအဖြစ် အသွင်ပြောင်းပြီးနောက် ခွန်အား ၂၀ အထက် ရောက်ရှိသွားသည်မို့ အခြားသော ခွန်အားအစွမ်းပိုင်ရှင် အားလုံးကို ဖိနှိပ်ထားနိုင်ပြီး ဤစခန်း၏ ခေါင်းဆောင် ဖြစ်နေခြင်းမှာ မဆန်းတော့ပေ။

"ဝေါင်း"

ကျားဖြူက ခေါင်းကို လှည့်ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် လူသားဆန်သော လှောင်ပြောင်ရိပ်များ ပေါ်လာသည်။

နောက်တစ်ခဏ၌ ၎င်းက ထပ်မံ၍ ခုန်အုပ်လာပြန်သည်။

လင်းယွမ်ကလည်း အေးစက်စွာ ပြုံးလိုက်ပြီး...

"စိတ်မကောင်းဘူး... ငါက မင်းလက်အောက်က အသုံးမကျတဲ့ကောင်တွေနဲ့ မတူဘူးကွ"

မျက်နှာချင်းဆိုင်မှ ကျားဖြူက လေတိုးသံ တဝေါဝေါဖြင့် ခုန်ပျံဝင်ရောက်လာပြီး လင်းယွမ်၏ လည်ပင်းကို လက်သည်းဖြင့် အားကုန် ကုတ်ဆွဲလိုက်သည်။

သို့သော် ထိုခဏ၌ လင်းယွမ်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများက ရုတ်တရက် ဖောင်းကြွလာပြီး နှလုံးခုန်သံများမှာလည်း ဒိန်းဒိန်းဒိုင်းဒိုင်း မြည်ဟီးလာတော့သည်။

သွေးအများအပြားက အရှိန်အဟုန်ဖြင့် စီးဆင်းသွားပြီး ခန္ဓာကိုယ်တွင်းရှိ ခွန်အားများမှာ ချက်ချင်းဆိုသလို နှစ်ဆ တိုးပွားသွားသည်။

"ကြွက်သားပေါက်ကွဲသိုင်း"

မျက်စိတစ်မှိတ်အတွင်း ကြွက်သားများ ပေါက်ကွဲထွက်လာပြီး လင်းယွမ်က လက်သီးဖြင့် ပြင်းထန်စွာ ပစ်သွင်းလိုက်သည်။

"ဘုန်း"

ဤလက်သီးချက်သည် အမြောက်ဆန်တစ်ံလုံးပမာ ကျားဖြူ၏ လက်သည်းများကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

"ဘုန်း"

"အူးးး"

ကျားဖြူမှာ ရုတ်တရက် အော်မြည်သွားပြီး လက်သည်းကို ပြန်ရုတ်သိမ်းလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံးလည်း ထိခိုက်မှုအရှိန်ကြောင့် နောက်သို့ လွင့်စင်ကာ လိမ့်ထွက်သွားတော့သည်။

၎င်းက အလျင်အမြန် ပြန်လည် ထရပ်လိုက်သော်လည်း လက်သီးဖြင့် အထိုးခံလိုက်ရသော ခြေလက်သည်းများမှာ သိသိသာသာ တုန်ခါနေပြီး ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် အကွာအဝေးတစ်ခုသို့ အမြန်ဆုတ်ခွာသွားသည်။

လင်းယွမ်က ရက်စက်စွာ ပြုံးလိုက်ပြီး ခြေထောက်ကြွက်သားများကို ပေါက်ကွဲစေကာ မြေပြင်ကို ဆောင့်ကန်၍ ချက်ချင်း ပြေးဝင်သွားသည်။

ထိုခဏ၌ သူ၏ အလျင်နှုန်းမှာ အရိပ်များအလား ဖြစ်ပေါ်လာပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များအကြားတွင် မျဉ်းကြောင်းတစ်ကြောင်း ဆွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဆက်တိုက်ဆိုသလို လေးလံသော လက်သီးချက်များ ကျရောက်သွားပြီး လက်သီးချက်တိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော လေထုပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။

ကျားဖြူမှာ နာကျင်ဒေါသထွက်စွာဖြင့် အော်ဟစ်ပြီး ရုန်းကန်ပြေးလွှားနေရသည်။

လင်းယွမ်က တစ်ရှိန်ထိုး ခုန်တက်လိုက်ပြီး ကျားဖြူ၏ ကိုယ်ပေါ်သို့ ခွစီးလိုက်တော့သည်။

လက်သီးချက်များက မိုးစက်မိုးပေါက်များအလား ရူးသွပ်စွာ ကျဆင်းလာသည်။

အသားကုန် ထိုးနှက်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လာရာ ထူလုံ အသွင်ပြောင်းထားသည့် ကျားဖြူမှာ နာကျင်လွန်းသဖြင့် ဒေါသတကြီး ဟိန်းဟောက်နေပြီး လင်းယွမ် ပြုတ်ကျသွားစေရန် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

သို့သော် လင်းယွမ်က ခြေထောက်နှစ်ဖက်ဖြင့် ကျားဖြူ၏ ခါးကို သံညှပ်ကဲ့သို့ မြဲမြံစွာ ညှပ်ထားသဖြင့် ပြုတ်ကျသွားရန် လုံးဝ မဖြစ်နိုင်ပေ။

မလှမ်းမကမ်းရှိ အလျင်အစွမ်းပိုင်ရှင် တစ်ယောက်က မိမိတို့ခေါင်းဆောင် အရေးနိမ့်နေသည်ကို မြင်လိုက်ရသဖြင့် လက်ထဲမှ ဝါးရင်းတုတ်ကို ကောက်ကိုင်ကာ ဤဘက်သို့ အမြန်ပြေးလာပြီး လင်းယွမ်ကို ရိုက်နှက်ရန် ရွယ်လိုက်သည်။

သို့သော် ဝါးရင်းတုတ် ကျမလာခင်မှာပင် မလှမ်းမကမ်းမှ စပျစ်နွယ်ပင်တစ်ပင်က ရုတ်တရက် ပျံသန်းရောက်ရှိလာသည်။

"ရွှပ်" ဟူသော အသံနှင့်အတူ နွယ်ပင်က ဝါးရင်းတုတ်ကို ရစ်ပတ်လိုက်သည်။ ဆုန့်ဝမ်က နွယ်ပင်ကို တစ်ဖက်မှ ဆွဲထားရင်း ထိုလူကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ထိုလူက ဒေါသထွက်စွာဖြင့် အားကုန် ဆောင့်ဆွဲလိုက်ရာ ဆုန့်ဝမ်ပါ ပါလာမတတ် ဖြစ်သွားသည်။

ဆုန့်ဝမ်က ခန္ဓာကိုယ်ကို နောက်သို့ အလျင်အမြန် ပစ်ချလိုက်ပြီး မိမိ၏ ကိုယ်အလေးချိန်ကို အသုံးပြုကာ တစ်ဖက်လူ၏ ဆွဲအားကို တောင့်ခံလိုက်သည်။

သို့သော် သူမက မိန်းမသားတစ်ယောက် ဖြစ်သည့်အပြင် ခွန်အားချင်း ယှဉ်ပြိုင်ရာတွင် အသာမရနိုင်ပေ။

သူမတစ်ကိုယ်လုံး ထိန်းချုပ်မရနိုင်တော့ဘဲ တစ်ဖက်သို့ တရွတ်တိုက် ပါသွားတော့သည်။

ထိုလူနှင့် နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ ဆုန့်ဝမ်က စိတ်လောသွားပြီး နွယ်ပင်များကို အကိုင်းအခက်များ ထပ်မံဖြာထွက်စေကာ ထိုလူ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များကို ထိုးဖောက်ရန် စေခိုင်းလိုက်သည်။

ထိုလူမှာ မျက်နှာပျက်သွားပြီး နွယ်ပင်များကို ဖယ်ရှားရန် လက်ဖြင့် ကာကွယ်လိုက်ရသည်။

ထိုသို့ ကာကွယ်လိုက်ရသဖြင့် သူ၏ ဆွဲအား လျော့နည်းသွားရာ ဆုန့်ဝမ်က ဘေးနားရှိ ကျောက်တုံးတစ်တုံးဘေးသို့ လှိမ့်ဝင်သွားပြီး နွယ်ပင်များကို ကျောက်တုံးကြီးတွင် ချည်နှောင်လိုက်သည်။

အခြားတစ်ဖက်တွင်မူ မုခိုင် ဟုခေါ်သော ခွန်အားအစွမ်းပိုင်ရှင်က ထူလုံ အရေးနိမ့်နေသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်ပြီး လင်းယွမ်ဆီသို့ ပြေးဝင်လာသည်။

ထိုအချိန်မှာပင် အလင်းစက်ဝန်းတစ်ခုက သူ့ဘေးဘက်မှနေ၍ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

မုခိုင်မှာ လန့်ဖျပ်သွားပြီး ခါးကိုကိုင်းကာ ခေါင်းငုံ့ရှောင်လိုက်ရသည်။

"ဘုန်း"

ထိုအလင်းစက်ဝန်းက သူ့ခေါင်းပေါ်မှ ဖြတ်ကျော်သွားပြီး ဘေးနားရှိ ကျောက်နံရံကို ဝင်ဆောင့်မိကာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လေဖိအားအမြောက်လက်သီး ဖြစ်သည်။

တင်းယန်၏ ခန္ဓာကိုယ်က ပေအနည်းငယ်အကွာတွင် ပေါ်လာသည်။ သူမ၏ ကိုယ်ပေါ်တွင် ရန်သူများ၏ သွေးများ အများအပြား ပေကျံနေသည်။

သူမက အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ...

"နင့်ပြိုင်ဘက်က ငါ"

"ခွေးမ... နင် သေချင်နေတာလား"

မုခိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ ကျောက်တုံးကြီးတစ်တုံးကို ကောက်ကာ တင်းယန်ဆီသို့ ပစ်ပေါက်လိုက်သည်။

တင်းယန်က လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

"ဘုန်း" ခနဲ အသံနှင့်အတူ စွမ်းအင်သွင်းထားသော အမြောက်လက်သီး ထွက်ပေါ်လာပြီး ကျောက်တုံးကြီးမှာ တစ်စစီ ကြေမွသွားသည်။

မုခိုင်က ထိုအခွင့်အရေးကို အသုံးချကာ တင်းယန်ထံသို့ ခုန်အုပ်လိုက်သည်။

တင်းယန်၏ ကိုယ်ပေါ်တွင် စွမ်းအင်အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး သူတို့နှစ်ဦးမှာ ချက်ချင်းဆိုသလို လုံးထွေးသတ်ပုတ်ကြတော့သည်။

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ဘေးနားရှိ သာမန်လူများမှာ ထိခိုက်မိမည်စိုး၍ အလျင်အမြန် ရှောင်တိမ်းကြရသည်။

လင်းယွမ်ဘက်တွင်မူ အောက်မှ ဖိမိနေသော ထူလုံမှာ တောင့်မခံနိုင်တော့ပေ။ သူက ဒေါသတကြီး အော်ဟစ်လိုက်ရာ တစ်ကိုယ်လုံးမှ အနက်ရောင်အလင်းတန်းများ ထပ်မံ လင်းလက်လာသည်။

လင်းယွမ် စိတ်ထဲ ထိတ်လန့်သွားပြီး နောက်တစ်ခဏတွင် ပေါင်ကြားထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။

ထူလုံ၏ ခန္ဓာကိုယ်က ထပ်မံ ပြောင်းလဲသွားပြီး ကျားဖြူ၏ ကျောပြင်ပေါ်မှ လက်မောင်းနှစ်ဖက် ထွက်ပေါ်လာသည်။

ထိုလက်မောင်းနှစ်ဖက်က လင်းယွမ်၏ ခြေထောက်များကို ဖမ်းဆုပ်ပြီး အားကုန် ဆွဲဖြဲလိုက်သည်။

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ထိုလက်မောင်းနှစ်ဖက်ပေါ်သို့ လက်သီးဖြင့် ထုချလိုက်သည်။

"ဘုန်း" ခနဲ အသံနှင့်အတူ လက်မောင်းများ တုန်ခါသွားပြီး အရိုးကျိုးမတတ် ဖြစ်သွားသည်။

သို့သော် ၎င်းက အားကုန် တွန်းထုတ်လိုက်သဖြင့် လင်းယွမ့်ခန္ဓာကိုယ်မှာ ထိုလက်မောင်းများ၏ တွန်းထုတ်မှုကြောင့် လွင့်စင်သွားတော့သည်။

လင်းယွမ်က အတင်းအဓမ္မ တောင့်မခံနေတော့ဘဲ မြေပြင်ပေါ်တွင် လှိမ့်ကာ အလျင်အမြန် ပြန်လည် မတ်တပ်ရပ်လိုက်သည်။

သူက လက်မောင်းတစ်စုံ ပေါက်နေသော ကျားဖြူကို သေချာ ကြည့်လိုက်ရာ အခြေအနေကို ရိပ်မိသွားသည်။

ဒီလက်မောင်းတွေက ထူလုံရဲ့ နံရိုးနားက တက်တူးတွေ အသက်ဝင်လာတာပဲ...

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ ဗိုက်ပေါ်တွင်လည်း ဦးခေါင်းခွံပုံတစ်ပုံ ရှိနေသေးသည်ကို သူ မှတ်မိနေသည်။ ဘာအာနိသင် ရှိမည်မှန်းတော့ မသိပေ။

သူ သေချာ မစဉ်းစားရသေးခင်မှာပင် ထူလုံ၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်ရှုံ့တွသွားပြီး အနက်ရောင် စွမ်းအင်အလင်းများ လွှမ်းခြုံကာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားပြန်သည်။

"တက်တူးဝိညာဉ်"

ထူလုံက ဒေါသတကြီး အော်ဟစ်လိုက်ရာ နောက်တစ်ခဏတွင် အနက်ရောင် အလင်းတန်းများကြားမှ အစိမ်းရောင် အကြေးခွံများ ရှိသော စပါးအုန်းမြွေကြီးတစ်ကောင် ဝဲပျံတက်လာသည်။

မဟုတ်သေး၊ ဒါက စပါးအုန်းမြွေကြီး မဟုတ်ဘူး... ပေ ၄၀၊ ၅၀ ခန့် ရှည်လျားသော စိမ်းပြာရောင် နဂါးတစ်ကောင် ဖြစ်သည်။

လင်းယွမ် အံ့ဩသွားသည်။

"တကယ်ကြီး နဂါးအသွင် ပြောင်းနိုင်တာလား... ဒါက ဘယ်လိုလုပ်ပြီး"

နဂါးဆိုတာ တကယ် ရှိလို့လား...

ဒဏ္ဍာရီပုံပြင်တွေထဲက စိတ်ကူးယဉ် သတ္တဝါ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အသွင်ပြောင်းလို့ ရတာလဲ...

"ဒါက သိုင်းဝတ္ထုတွေထဲက ကျင့်ကြံခြင်းလောက မဟုတ်ဘူး... လူတိုင်းရဲ့ စွမ်းအင်တွေက သက်ရှိတွေ ဆင့်ကဲပြောင်းလဲမှုနဲ့ မျိုးရိုးဗီဇ ရွေးချယ်မှုကနေ လာတာလေ... ဘယ်လိုလုပ်ပြီး နဂါးဆိုတဲ့ကောင်က ထွက်လာရတာလဲ"

လင်းယွမ့်စိတ်ထဲ အတွေးများ ရှုပ်ထွေးသွားသော်လည်း နောက်တစ်ခဏ၌ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

"နေဦး... ဒဏ္ဍာရီထဲက သတ္တဝါတွေက ရှေးလူကြီးတွေ စိတ်ကူးယဉ် ထွင်ထားတာ မဟုတ်ဘဲ တကယ် ရှိခဲ့တာများလား"

"ဒီ ထူလုံက စိမ်းပြာရောင် နဂါးအဖြစ် အသွင်ပြောင်းနိုင်တာက သူ့ရဲ့ မျိုးရိုးဗီဇ နက်ရှိုင်းတဲ့ နေရာမှာ ဒီလို မျိုးရိုးဗီဇ ရှိနေလို့လား"

လင်းယွမ့်စိတ်ထဲတွင် ထိုသို့သော အတွေးများ ဝင်ရောက်လာပြီး နှလုံးခုန်သံများ ပိုမို မြန်ဆန်လာသည်။

ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း ထူလုံက စိမ်းပြာရောင် နဂါးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား အော်ဟစ်ကုန်ကြသည်။

"ဟာ... နဂါးဟေ့"

"ဘုရားရေ... ဘုရား... ဘုရား... နဂါးကြီးကွ... ဘယ်လိုလုပ် နဂါး ဖြစ်လာတာလဲ"

"ဟိုလူက ဘယ်လိုလုပ် နဂါး ဖြစ်သွားတာလဲ... ဒါ သတ္တဝါကောင်ကြီးပဲ... ဒီလူက သတ္တဝါကောင်ကြီးပဲဟေ့"

"မိစ္ဆာကောင်... ဒါ မိစ္ဆာကောင်ပဲ"

...

အိမ်ပိုင်ရှင်များမှာလည်း စိတ်ဓာတ်များ ပြိုလဲကုန်ကြသည်။ ရိုးရာပညာရေးဖြင့် ကြီးပြင်းလာသူများအနေဖြင့် လူတစ်ယောက်က နဂါးအဖြစ် ပြောင်းလဲသွားသည်ကို လက်ခံရန် ခက်ခဲလွန်းလှသည်။

ထူးခြားဆန်းကြယ်သော အစွမ်းများ ရှိသည်ဆိုလျှင်ပင် အများစုမှာ ဤမျှလောက်အထိ ချဲ့ကားလွန်းခြင်း မရှိကြပေ။

အများဆုံး မြင်တွေ့ရသည်မှာ ခွန်အားကြီးလာခြင်း၊ အလျင်မြန်လာခြင်းတို့သာ ဖြစ်သည်။

နည်းနည်း ပိုဆန်းပြားလျှင် စိတ်စွမ်းအင် မြင့်တက်လာခြင်း၊ အပင်များကို ထိန်းချုပ်ခြင်း၊ ရေနှင့် မီး ထုတ်လုပ်ခြင်းတို့သာ ရှိသည်။

ယခုကဲ့သို့ မျိုးစိတ်တစ်ခုလုံး ပြောင်းလဲသွားခြင်းမှာ ဒဏ္ဍာရီထဲက နတ်ဘုရားများနှင့် မိစ္ဆာများ၏ စွမ်းအင်များနှင့် ဘာကွာတော့မည်နည်း။

ဤအခိုက်အတန့်တွင် ဆင့်ကဲပြောင်းလဲခြင်း ဆိုသည့်အရာသည် လူတိုင်း၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်ကာ ခန့်မှန်းရခက်သော အရာ ဖြစ်လာတော့သည်။

ဒါက လူတိုင်း နားလည်နိုင်သော အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်သည်။

လင်းယွမ့်မျက်နှာထား တင်းမာသွားပြီး လေထဲတွင် ပျံဝဲနေသော စိမ်းပြာရောင် နဂါးကြီးကို စိုက်ကြည့်လိုက်သည်။

နဂါးကြီးက ဒေါသတကြီးဖြင့် လင်းယွမ်ကို စိုက်ကြည့်ကာ လူစကား ပြောလာသည်။

"ငတုံးတွေ... ငါ ထူလုံကမှ တကယ့် ဒဏ္ဍာရီလာ အစွမ်းပိုင်ရှင်ကွ"

"ဒီနေ့ မင်းတို့အကုန် သေရမယ်"

"ဂါးးး..."

နဂါးကြီးက ခေါင်းမော့ကာ ကောင်းကင်ကို တုန်ဟည်းသွားစေမည့် နဂါးဟိန်းသံကြီး ပြုလုပ်လိုက်သည်။

နောက်တစ်ခဏတွင် ကိုယ်ကို လိမ်လိုက်ပြီး လေထဲမှနေ၍ အောက်သို့ ထိုးဆင်းလာတော့သည်။

"ဘုန်း" ခနဲ အသံနှင့်အတူ ကြီးမားသော လေလှိုင်းများ လိမ့်တက်လာပြီး ချက်ချင်းဆိုသလို အသက်ရှင်ကျန်ရစ်သူ အချို့မှာ မပြေးနိုင်တော့ဘဲ အသားပုံများအဖြစ် ဖိချေခံလိုက်ရသည်။

ထို့နောက် နဂါးအမြီးကြီးက ရိုက်ခတ်လာပြီး လူအုပ်ကြားသို့ ဝင်ရောက်လာသည်။

လင်းယွမ်က ထိပ်ဆုံးမှ ရင်ဆိုင်လိုက်ရသော်လည်း ရှောင်တိမ်းခြင်း မရှိဘဲ နဂါးအမြီးကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဘုန်း"

နဂါးအမြီးနှင့် လင်းယွမ့်ခန္ဓာကိုယ် ပြင်းထန်စွာ ရိုက်ခတ်မိပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ့်ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး နောက်သို့ ပေအနည်းငယ်ခန့် လျှောတိုက်ပါသွားသည်။

သူက ခြေထောက်ကို မြေကြီးထဲ စိုက်ကာ ခန္ဓာကိုယ်ကို အတင်း ပြန်ထိန်းလိုက်ရသည်။

မိုးရေများက သည်းထန်စွာ ရွာသွန်းနေပြီး သူ့ဆံပင်များကို ရွှဲနစ်နေစေသည်။

သို့သော် သူ့မျက်လုံးများကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသည်။

သူက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်ပြီး...

"ခွေးပါးစပ် ပိတ်ထားစမ်း... ဘာ စိမ်းပြာရောင် နဂါးလဲ... အသွင်ပြောင်းတော့ရော ဘာဖြစ်လဲ... မင်းရဲ့ ခွန်အားက အများဆုံးရှိလှ ၃၀ လောက်ပဲ ရှိတာ"

"ငါက မင်းကို ကြောက်မယ်ထင်နေလား"

စောစောက အမြီးရိုက်ချက်ကို အတင်းဝင်ခံလိုက်ကတည်းက သူ စမ်းသပ်မိလိုက်ပြီ ဖြစ်သည်။ ဒီ ဒဏ္ဍာရီလာ နဂါးဆိုတာကြီးက အပေါ်ယံ အခွံသာ ရှိတာဖြစ်သည်။

ခွန်အား ၃၀ ဆိုတာ အမြင့်ဆုံးပဲ...

လက်ရှိ အစွမ်းပိုင်ရှင်များထဲတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သော်လည်း သူ လုံးဝ မမှုပေ။ ခွန်အားချင်း ယှဉ်မည်ဆိုလျှင် သူ၏ 'ကြွက်သားပေါက်ကွဲသိုင်း' ကို ထုတ်သုံးလိုက်ပါက လုံးဝ မတိမ်းမယိမ်း ရှိနေသည်။

နောက်တစ်ခဏ၌ သူက လေပေါ်သို့ ခုန်တက်လိုက်ပြီး လှုပ်ရမ်းနေသော နဂါးအမြီးကို ဖမ်းဆွဲလိုက်သည်။

လူအများ၏ မျက်စိရှေ့မှောက်တွင် သူ၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာပြီး နဂါးအမြီးကို ကိုင်ကာ အားကုန် လွှဲရမ်းလိုက်တော့သည်။

"ဝှီးးးးးးးးး"

ပေ ၄၀၊ ၅၀ ခန့် ရှည်လျားကြီးမားသော နဂါးကြီးကို သူက အရှင်လတ်လတ် ပွေ့မလိုက်ပြီး မလှမ်းမကမ်းရှိ တောင်ကုန်းဆီသို့ အားကုန်လွှဲ၍ ရိုက်ပစ်လိုက်သည်။

"ဘုန်း"

ကျယ်လောင်သော အသံကြီးနှင့်အတူ နဂါးကြီးမှာ တောင်နံရံပေါ်သို့ တိုက်ရိုက် ဝင်ဆောင့်မိသွားသည်။

ထူလုံက ဒေါသတကြီး အော်ဟစ်ပြီး အပျက်အစီးများကြားမှ ပျံတက်လာကာ လင်းယွမ်ဆီသို့ ဒေါသဖြင့် ခုန်အုပ်လာသည်။

လင်းယွမ်က မျက်လုံးကို စူးစိုက်ကြည့်လိုက်ပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဘုန်း"

မျက်စိတစ်မှိတ်အတွင်း ထူလုံ၏ ဦးနှောက်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး နာကျင်မှုကြောင့် သနားစဖွယ် နဂါးအော်သံကြီး ထွက်ပေါ်လာသည်။

ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ "ဘုန်း" ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားသည်။

သူ၏ ခန္ဓာကိုယ်သည်လည်း နဂါးအသွင်ကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ အနက်ရောင် အလင်းများ တုန်ခါသွားပြီး လူအသွင်သို့ အလျင်အမြန် ပြန်လည် ပြောင်းလဲသွားတော့သည်။

ဒီတစ်ခေါက်တော့ ဆရာကြီး လုပ်ချင်တာ စလုပ်ကာရှိသေး လင်းယွမ်၏ ပါးရိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

လင်းယွမ်က ခုန်ဝင်လိုက်ပြီး ထူလုံ၏ ရှေ့သို့ အမြန် ရောက်ရှိသွားသည်။

ထူလုံမှာ မျက်နှာ ဖြူဖျော့နေပြီး ထိတ်လန့်ဒေါသထွက်စွာဖြင့်...

"မင်းက ခွန်အားအစွမ်းပိုင်ရှင် သက်သက် မဟုတ်ဘူးပဲ"

သူ့လက်ထဲတွင် အနီရောင် တောက်နေသော စွမ်းအင်ကျောက်တုံး တစ်တုံးကို ကိုင်ထားပြီး လင်းယွမ်ဆီသို့ ပစ်ပေါက်လိုက်သည်။

လင်းယွမ်က သတိထားလိုက်ပြီး စိတ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဉာဏ်စဉ်နံရံတစ်ခု ဖန်တီး၍ ပေ ၁၀၀ အကွာတွင် ပိတ်ဆို့ထားလိုက်သည်။

"ဘုန်း"

ထိုခဏ၌ အနီရောင် စွမ်းအင်ကျောက်တုံးက ပေါက်ကွဲသွားရာ ထူလုံက လှိမ့်ရှောင်လိုက်ပြီး လက်ထဲတွင် အဖြူရောင် စွမ်းအင်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် စွမ်းအင်ကျောက်တုံးက အက်ကွဲသွားပြီး အမှုန့် ဖြစ်သွားသည်။

မူလက မျက်နှာဖြူဖျော့နေသော ထူလုံမှာ အားအင်များ ပြန်လည် ပြည့်ဝလာသည်။

သူက လင်းယွမ်ကို မျက်နှာထား တင်းမာစွာ ကြည့်ပြီး...

"မင်း တော်တော် ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ... ငါတောင် မင်းလှည့်စားတာကို ခံလိုက်ရမလို့... အားကောင်းတဲ့ စိတ်စွမ်းအင်အစွမ်း ရှိနေရက်နဲ့ ခွန်အားအစွမ်းပိုင်ရှင်လို ဟန်ဆောင်ထားတယ်... တကယ့် ကောက်ကျစ်တဲ့ကောင်ပဲ"

လင်းယွမ်က အကြည့်ကို စူးစိုက်ထားရင်း...

"ပေါက်ကွဲသင်္ကေတလား"

ထူလုံက အနီရောင် စွမ်းအင်ကျောက်တုံး နောက်ထပ်တစ်တုံးကို ထုတ်ယူလိုက်ပြီး အေးစက်စွာ ပြုံးကာ...

"မင်းက ပေါက်ကွဲသင်္ကေတ နည်းပညာအကြောင်း သိထားတာပဲ"

"ဟုတ်တယ်... ဒါက စစ်တပ်က ထုတ်ပြန်ထားတဲ့ အဓိက သင်္ကေတ နည်းပညာ ၃ ခုထဲက တစ်ခုပဲ... မီးစွမ်းအင်ကျောက်တုံးနဲ့ လုပ်ထားတဲ့ ပေါက်ကွဲသင်္ကေတပါတဲ့ ကျောက်တုံး"

"စောစောက ဟာက အသေးစားပဲ ရှိသေးတယ်... ပေါက်ကွဲတဲ့ ဧရိယာက ၆ ပေ ကနေ ၁၀ ပေ လောက်ပဲ ရှိတာ"

"ငါ့ဆီမှာ ပေါက်ကွဲသင်္ကေတပါတဲ့ ကျောက်တုံး တစ်ထုပ် ရှိသေးတယ်... အကုန်လုံး ဖောက်ခွဲလိုက်ရင် မင်းတို့ကောင်တွေ တစ်ကောင်မှ လွတ်မှာ မဟုတ်ဘူး... ဘယ်လိုလဲ... ဆက်ချမလား"

သူက လက်ထဲမှ အိတ်ကို မြှောက်ပြလိုက်ပြီး မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

လင်းယွမ် မျက်လုံး ကျဉ်းမြောင်းသွားသည်။ စောစောက ပေါက်ကွဲမှု အရှိန်ကို သူ ခန့်မှန်းမိသည်။

နောက်ထပ် ၁၀ တုံး၊ ၈ တုံးလောက် ထပ်လာလျှင် ပေါက်ကွဲမှု အရှိန်က ဒုံးကျည်တစ်စင်းထက် မလျော့နည်းနိုင်ပေ။ သူ၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် တောင့်ခံနိုင်မည် မဟုတ်။

သို့သော် တောင့်မခံနိုင်ခြင်းက ရှောင်မရဟု ဆိုလိုခြင်း မဟုတ်ပေ။

လင်းယွမ်၏ အလျင် အရည်အသွေးကလည်း နည်းပါးခြင်း မရှိ၊ ၁၄.၈ အထိ ရောက်ရှိနေပြီ ဖြစ်ရာ သာမန် အလျင်အစွမ်းပိုင်ရှင် တစ်ယောက်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ဒီ ပေါက်ကွဲကျောက်တုံးများကို ရှောင်တိမ်းရန် မခက်ခဲပေ။

သို့သော် သူ လွတ်မြောက်နိုင်သော်လည်း ကျန်လူများကမူ လွတ်ချင်မှ လွတ်မည်။

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး...

"ဪ... မင်းက ငါနဲ့ ငြိမ်းချမ်းရေး လာစကားပြောနေတာလား... မင်း ယုံမလား... မင်းရဲ့ ပေါက်ကွဲကျောက်တုံးတွေ အကုန် ဖောက်ခွဲလိုက်ရင်တောင် ငါက အကောင်းပကတိအတိုင်း ထွက်သွားနိုင်တယ် ဆိုတာ"

"ယုံတာပေါ့... ဟားဟား... ငါ ယုံတာပေါ့... ဒါပေမဲ့ မင်း ပြေးလွတ်ရင်တောင် မင်းရဲ့ ဒီ အပေါင်းအပါတွေကရော"

ထူလုံက လေသံအေးအေးဖြင့်...

"မင်းရဲ့ အစွမ်းက မဆိုးဘူး... ငါမင်းကိုအသိအမှတ်ပြုလိုက်ပြီ... မင်းအနေနဲ့ လူတွေကို ခေါ်ပြီး တောင်ပေါ် တက်ခွင့် ရှိတယ်... ဒါပေမဲ့ တောင်ပေါ် တက်ချင်ရင် တက်... ငါ့ပိုင်နက်ထဲမှာတော့ မနေနဲ့"

လင်းယွမ်က ပြုံးလိုက်ပြီး...

"ငါ ပြောခဲ့တဲ့ စကားအတိုင်းပဲ... ထိုက်ယန်တောင်က မင်းအဖေပိုင်တာမို့လို့လား... မင်းက မတက်နဲ့ဆိုရင် မတက်ရဘူးလား"

ထူလုံက အေးစက်စွာဖြင့်...

"ကိစ္စတိုင်းမှာ ဦးသူက ယူရစမြဲပဲကွ... တခြား စခန်းတွေမှာလည်း ဒီလိုပဲ... တောင်ပေါ်ရောက်ရင် ကိုယ့်နေရာနဲ့ကိုယ် အကွာအဝေး တစ်ခုယူပြီး နေကြတာပဲ... မင်းက စည်းကမ်းဖျက်ချင်တယ်ဆိုရင် တခြား စခန်းခေါင်းဆောင်တွေကလည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မှတ်ထားလိုက်"

လင်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"ဟားဟားဟား... မင်းက ငါ့ကို ခြောက်လို့ ရမယ်ထင်နေလား"

"ဟမ့်... မင်း မယုံရင် စမ်းကြည့်လိုက်လေ... ငါးသေရင် ပိုက်ကွန်လည်း ကွဲရမှာပဲ"

ထူလုံက အေးစက်စွာ ရယ်မောလိုက်ပြီး လက်ထဲမှ ပေါက်ကွဲကျောက်တုံးအိတ်ကို ကိုင်ထားရာ ချက်ချင်း ဖောက်ခွဲပစ်တော့မည့်ပုံ ပေါက်နေသည်။

ထိုအချိန်တွင် ဘေးပတ်လည်ရှိ အစွမ်းပိုင်ရှင်များနှင့် အသက်ရှင်ကျန်ရစ်သူများက တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ကြပြီး သက်ဆိုင်ရာ ခေါင်းဆောင်များ၏ နောက်သို့ အသီးသီး သွားရောက်ရပ်တန့်ကာ တစ်ဖက်နှင့်တစ်ဖက် ရန်လိုစွာ စိုက်ကြည့်နေကြသည်။

ကျောက်ခိုင်၊ တင်းယန် အစရှိသူတို့လည်း လင်းယွမ်ဘေးသို့ စုဝေးရောက်ရှိလာပြီး ထူလုံကို ဒေါသတကြီး ကြည့်နေကြသည်။

"ဂျိန်း"

လျှပ်စီးတစ်ချက်က မိုးကာစကို ခွဲဖြာပစ်လိုက်ပြီး မိုးသံများက တဖျောဖျော ဆက်လက် မြည်ဟီးနေကာ အခြေအနေမှာ တင်းမာနေတော့သည်။

ထိုအချိန်မှာပင် ထူလုံ၏ ဘက်မှ လူအုပ်ကြီး ဖယ်ခွာသွားပြီး ခန္ဓာကိုယ် ဝဖိုင့်ဖိုင့်နှင့် ဟုန်ဖူ ထွက်လာသည်။

"ကဲပါ... ကဲပါ... ခေါင်းဆောင် နှစ်ယောက်လုံး... ကျွန်တော့်စကား နည်းနည်းလောက် နားထောင်ကြပါဦး... ကျွန်တော်တို့ကြားမှာလည်း သေလောက်တဲ့ အငြိုးအတေး ရှိတာမှ မဟုတ်တာ... ဘာလို့များ အသေအကြေ တိုက်ခိုက်နေကြမှာလဲ"

"ဒီက ခေါင်းဆောင်ကို ဘယ်လို ခေါ်ရမလဲမသိဘူး... ကျွန်တော့်နာမည်က ဟုန်ဖူ ပါ... အရင်တုန်းက ထိုက်ယန်တောင် ရပ်ကွက်ရုံးက ဥက္ကဋ္ဌပေါ့... လူတွေကတော့ ခင်မင်မှုနဲ့ ဥက္ကဋ္ဌဟုန် လို့ ခေါ်ကြတယ်"

လင်းယွမ်က ထို ဥက္ကဋ္ဌဟုန် ဆိုသူကို ချက်ချင်း ကြည့်လိုက်သည်။ သူက ထူလုံတို့ လူစုကို အစကတည်းက သတိထားနေခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌဟုန် ဆိုသူကို စုန်ယိ၊ ကျန်းကျစ်ဟောင်တို့က မကြာခဏ ထည့်ပြောဖူးသည်ကို ကြည့်ခြင်းအားဖြင့် ရာထူးမငယ်ကြောင်း သိသာသည်။

သို့သော် ထိုလူက အစောပိုင်းက ပေါ်မလာဘဲ ယခုမှ ထွက်လာခြင်း ဖြစ်သည်။

အဓိကအချက်မှာ သူက ဖော်ရွေမည့်ပုံ ပေါက်နေပြီး စခန်းခေါင်းဆောင် တစ်ယောက်နှင့် လုံးဝ မတူပေ။

လင်းယွမ်ဘေးမှ ဦးလေးမာက ရုတ်တရက် အာမေဋိတ်သံ ထွက်လာသည်။

"ဟုန်ဖူ... ခင်ဗျားလား"

ဥက္ကဋ္ဌဟုန်က တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ကြောင်သွားပြီး အသံလာရာသို့ ကြည့်လိုက်ရာ အံ့ဩသွားပုံရသည်။

"ဟေ... ခင်ဗျားက... မိန်တု ရပ်ကွက်က မာကောချိုင် မဟုတ်လား"

မာကောချိုင်က အလျင်အမြန်ပင်...

"ဟုတ်ပါတယ်... ကျွန်တော်ပါဗျ"

လင်းယွမ်က မာကောချိုင်ဘက် လှည့်ကာ...

"ခင်ဗျား ဒီလူကို သိလို့လား"

မာကောချိုင်က...

"အရင်တုန်းက အစည်းအဝေးတွေမှာ တွေ့ဖူးတာပါ... ဒါပေမဲ့ သိပ်တော့ မရင်းနှီးပါဘူး"

မာကောချိုင်နှင့် အဒေါ်ကြီးလီတို့က ရပ်ကွက်ရုံးမှ ဝန်ထမ်းများ ဖြစ်ကြပြီး အားလုံးက လင်ကျန်း မြို့သစ်နယ်မြေ တစ်ခုတည်းအောက်တွင် ရှိကြသည်။ ရပ်ကွက်ချင်း မတူသော်လည်း အရင်တုန်းက မြို့သစ် အစည်းအဝေးများတွင် ရပ်ကွက်ဥက္ကဋ္ဌများ အချင်းချင်း တွေ့ဖူးကြသည်။

ထို့ကြောင့် မာကောချိုင်ရော အဒေါ်ကြီးလီပါ ယခု ဟုန်ဖူ ဆိုသူကို သိနေကြခြင်း ဖြစ်သည်။

ဟုန်ဖူက ပြုံးရွှင်သော မျက်နှာဖြင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။

"အလို... ကိုမာကြီးပါလား... ခင်ဗျားလည်း ရှိနေတာကိုး... ကြည့်ကြပါဦးဗျာ... ကိစ္စတွေ ရှုပ်ကုန်ပါပြီ... ဒီက မိတ်ဆွေ... ကျွန်တော်တို့က မြို့သစ်က လူတွေချင်းပါပဲ... အသေအကြေ ဖြစ်နေစရာ မလိုပါဘူးဗျာ"

"ခင်ဗျားလည်း ထူလုံတို့ကို အပြစ်မတင်ပါနဲ့... ဒီ ထိုက်ယန်တောင်က ဒီလောက်ပဲ ကျယ်တာလေ... ကျွန်တော်တို့လည်း ဘေးကင်းလုံခြုံတဲ့ နေရာလေးတစ်ခု ရဖို့ ခဲရာခဲဆစ် ရှင်းလင်းထားရတာ... စခန်းတစ်ခု တည်ဆောက်ထားရတာဆိုတော့ ခင်ဗျားတို့ ရောက်လာတာနဲ့ ကျွန်တော်တို့နေရာကို လုမယ်ထင်ပြီး ဖြစ်သွားတာပါ"

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး...

"ကျွန်တော်က ခင်ဗျားတို့ စခန်းကို လုမယ်လို့ ပြောဖူးလို့လား... တောင်အောက်မှာ ကင်းလှည့်အဖွဲ့တွေ ချထားတာ ခင်ဗျားတို့လေ... ခင်ဗျားတို့လူတွေက လေးတွေ မြှားတွေနဲ့ ကျွန်တော်တို့ကို မောင်းထုတ်တယ်... ကျွန်တော်တို့လူတွေ အများကြီးကို ပစ်သတ်ခဲ့တယ်... ဒီအကြွေးကို ဘယ်လို ရှင်းမလဲ"

ဟုန်ဖူက အခက်တွေ့နေသော ပုံစံဖြင့်...

"လူကြီးမင်းရယ်... ဒါက ကျွန်တော်တို့အပြစ်ချည်း မဟုတ်ပါဘူးဗျာ... စဉ်းစားကြည့်ပါဦး... ကျွန်တော်တို့ ခဲရာခဲဆစ် တည်ထောင်ထားတဲ့ စခန်းဆိုတော့ ပြင်ပက လူစိမ်းလာရင် သေချာပေါက် ကာကွယ်ရမှာပေါ့"

"ခင်ဗျားတို့ ရောက်လာတာနဲ့ တောင်ပေါ် တက်မယ်ဆိုတော့... ဒီတောင်လမ်းက ကျွန်တော်တို့ဆီပဲ ပေါက်တာလေ... ကျွန်တော်တို့က သေချာပေါက် တားရမှာပေါ့"

"လူအသေအပျောက် ရှိသွားတာကတော့... မကောင်းပြောတာ မဟုတ်ပါဘူး... စောစောက လူကြီးမင်းတို့လည်း ကျွန်တော်တို့လူတွေကို သတ်တာ မနည်းတော့ပါဘူး"

"ဒါပေမဲ့ လူသတ်တာက မကောင်းပါဘူး... ကျွန်တော်တို့ဘက်ကလည်း တာဝန်ရှိပါတယ်"

"အခု ကျွန်တော်တို့ ညှိနှိုင်းကြရအောင်လား... ကျွန်တော်ထင်တာကတော့ ငြိမ်းချမ်းရေး ယူတာ အကောင်းဆုံးပါပဲ... ဆက်တိုက်နေရင် အပြစ်မဲ့တဲ့ လူတွေပဲ သေကုန်ကြမှာ"

လင်းယွမ်က သူ့ကို အေးစက်စွာ ကြည့်နေသော်လည်း အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် စိတ်ထဲမှ ဒေါသနှင့် တိုက်ခိုက်လိုစိတ်များ တဖြည်းဖြည်း လျော့နည်းသွားသည်။

သူသာမက ဘေးနားရှိ တင်းယန်၊ ကျောက်ခိုင်၊ ရန်ဆန်းမင် တို့သည်လည်း ဥက္ကဋ္ဌဟုန် ပြောစကားများကို ယုတ္တိရှိသည်ဟု ထင်မြင်လာပြီး လက်ခံချင်လာကြသည်။

လင်းယွမ်က မေးလိုက်သည်။

"ဒါဆို ခင်ဗျား ပြောကြည့်... ဒီနေ့ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ"

ဟုန်ဖူက ပြုံးလိုက်ပြီး...

"ရိုးရိုးလေးပါပဲ... ကျွန်တော်တို့ဆီကနေ အရှေ့ဘက်ကို သွားတဲ့ လမ်းတစ်လမ်း ရှိတယ်... အဲဒီမှာ မီးသတ်ရေလှောင်ကန် တစ်ခု ရှိတယ်... အဲဒီနေရာမှာလည်း ကွန်ကရစ်ခင်းထားတဲ့ ကွင်းပြင်ကျယ် ရှိတယ်"

"ခင်ဗျားတို့ အဆင်ပြေမယ်ဆိုရင် အဲဒီနေရာမှာ စခန်းချလို့ ရပါတယ်"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး ထိုက်ယန်တောင်၏ မြေပြင်အနေအထားကို ပြန်စဉ်းစားလိုက်သည်။

သူ သူငယ်ချင်းများနှင့်အတူ ထိုက်ယန်တောင်ကို တက်ဖူးသဖြင့် တောင်အနေအထားကို ရင်းနှီးသည်။

ထိုက်ယန်တောင်သည် လင်ကျန်းမြို့၏ လက်ချိုးရေတွက်၍ ရသော တောင်ကြီးတစ်လုံး ဖြစ်သဖြင့် တောင်ပေါ်တွင် မီးသတ်ကားလမ်းနှင့် ရေလှောင်ကန် အစရှိသော အဆောက်အအုံများ ရှိသည်မှာ သေချာသည်။

သို့သော် ထိုနေရာများသည် လူသူအရောက်အပေါက် နည်းပြီး ခရီးသွား လမ်းမကြီးများနှင့် ဝေးကွာသော နေရာများတွင် ရှိတတ်သည်။

လင်းယွမ်က သူ့အနောက်ရှိ ရန်ဆန်းမင်၊ တင်းယန်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

တုံယန်က အချိန်ကိုက်ပင် စိတ်ချင်းဆက်သွယ်မှုကို ဖွင့်ပေးလိုက်သည်။

သူတို့အားလုံး တုံယန်၏ စိတ်ချင်းဆက်သွယ်မှုထဲတွင် တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

"မင်းတို့ ဘယ်လိုမြင်လဲ"

"ဒီလူပြောတာ ယုတ္တိရှိတယ်... ကျွန်တော်တို့ ရည်ရွယ်ချက်က တောင်ပေါ်တက်ဖို့ပဲ... လူသတ်ပြီး စခန်းလုဖို့ မဟုတ်ဘူး... ကျွန်တော့်အမြင်ကတော့ လက်ခံလို့ ရတယ်" ရန်ဆန်းမင်က ပြောသည်။

တင်းယန်ကလည်း...

"ကျွန်မတို့အတွက် အရေးတကြီး လိုအပ်နေတာက ထိုက်ယန်တောင်ပေါ်မှာ ခြေချဖို့ပဲ... ခိုလှုံရာ တည်ဆောက်မယ်... တောထဲက သန္ဓေပြောင်း သတ္တဝါတွေကို ရင်ဆိုင်မယ်... အဲဒါတွေအတွက် လူအင်အား လိုတယ်... အခု ဒီနေရာမှာ အသက်တွေကို အလကား အဆုံးရှုံး မခံနိုင်ဘူး"

"ဟုတ်တယ်... သူတို့က အသက်ရှင်ဖို့အတွက် ငါတို့နောက် လိုက်လာကြတာလေ... အသေခံဖို့ မဟုတ်ဘူး... လင်းယွမ်... တော်လိုက်ကြပါစို့... ငါတို့ နေစရာ နေရာလေး ရရင် ပြီးတာပါပဲ" ဦးလေးမာက ဝင်ရောက် ဖျောင်းဖျသည်။

လင်းယွမ် စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ဟုန်ဖူကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"အရင် စတိုက်တာ ခင်ဗျားတို့နော်... အခု ခင်ဗျားတို့က ရပ်ချင်တယ်ဆိုတာနဲ့ ရပ်ရမှာလား"

"အဲ... ဒါဆို လူကြီးမင်းက ဘယ်လို ဖြစ်ချင်လို့လဲဗျ" ဟုန်ဖူက မေးလိုက်သည်။

"ခင်ဗျားတို့ဆီမှာ စစ်တပ်က ထုတ်ထားတဲ့ သင်္ကေတ နည်းပညာတွေ ရှိတယ်လို့ ကြားတယ်... ကျုပ် အဲဒီ အချက်အလက်တွေ လိုချင်တယ်"

လင်းယွမ်က သူ့ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။ ထို သင်္ကေတ နည်းပညာကို သူ စိတ်ဝင်စားနေခြင်း ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၁၉၄) ကိုယ်ပိုင်စခန်း တည်ဆောက်ခြင်း

ဟုန်ဖူက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် တွေဝေသွားတော့သည်။

"ဒါက ကျွန်တော်တို့စခန်းရဲ့ အသက်သွေးကြောလေ"

လင်းယွမ်က မဲ့ပြုံးပြုံးလျက် သူ့ကို စိုက်ကြည့်နေသည်။

ဟုန်ဖူမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်သည်။

"ခင်ဗျားတို့ကို ပေးလိုက်ရင် ဒီနေ့ကိစ္စ ပြီးပြီလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

"ကောင်းပြီလေ... ကျွန်တော် ဆုံးဖြတ်လိုက်မယ်... စစ်တပ်ရဲ့ နည်းပညာကို ကျွန်တော်တို့ ပေးမယ်"

"ကောင်းပြီ"

လင်းယွမ် စိတ်ထဲတွင် ဝမ်းသာသွားပြီး ချက်ချင်း သဘောတူလိုက်သည်။

"ခင်ဗျားတို့ အရင်သွားနှင့်... မနက်ဖြန်ကျရင် အဲ့ဒီနည်းပညာဆိုင်ရာ အချက်အလက်တွေကို ကျွန်တော့်လူတွေကို ပြုစုခိုင်းပြီး ခင်ဗျားတို့စခန်းဆီ ပို့ခိုင်းလိုက်မယ်"

လင်းယွမ်က ဟုန်ဖူ စကားပြန်ရုပ်သွားမည်ကို မပူပေ၊ ထို့ကြောင့် ချက်ချင်း လက်ခံလိုက်သည်။

ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေစဉ် တစ်လျှောက်လုံးတွင် ထူလုံနှင့် အခြားသော သန္ဓေပြောင်း အစွမ်းပိုင်ရှင်များသည် ဘေးမှနေ၍ အေးစက်စက် ကြည့်နေခဲ့ကြသည်။

ဆွေးနွေးပွဲပြီးဆုံးမှသာ လင်းယွမ်က ထူလုံကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။

"သွားကြစို့"

ထိုအခါမှ မိန်တုဥယျာဉ်မှ အသက်ရှင်ကျန်ရစ်သူများသည် လှည့်ထွက်လာကြပြီး လင်းယွမ်တို့နှင့်အတူ အရှေ့ဘက်ရှိ တောင်ကြားလမ်းလေးအတိုင်း ထွက်ခွာသွားကြတော့သည်။

လင်းယွမ်တို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ မျက်နှာတည်ထားသော ထူလုံတစ်ယောက် သက်ပြင်းအကြီးကြီး ချလိုက်နိုင်တော့သည်။

ထိုသို့ စိတ်ကို လျှော့ချလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိ နေရာအနှံ့အပြားမှ နာကျင်ကိုက်ခဲမှု ဝေဒနာများကို ခံစားလိုက်ရသည်။ ရင်ခေါင်းထဲတွင် သွေးပုပ်များ ဆောင့်တက်လာပြီး အန်ထုတ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

သို့သော် လက်ရှိတွင် သူ့တပည့်များ ရှိနေသေးသဖြင့် အောင့်အီးသည်းခံလိုက်ပြီး ဟုန်ဖူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဥက္ကဌဟုန်... ငါတို့ အထဲဝင်ပြီး ဆွေးနွေးကြတာပေါ့... ကျန်တဲ့လူတွေ ကင်းဆက်လှည့်ကြ... တောင်အောက်ကို သေချာစောင့်ကြပ်ထား... လူတွေ ခိုးတက်မလာစေနဲ့"

"ဟုတ်ကဲ့... ဆရာ"

အောက်မှ အစွမ်းပိုင်ရှင်များက ခေါင်းညိတ်လိုက်ကြပြီး လူစုခွဲကာ ထွက်သွားကြသည်။

ဟုန်ဖူက ထူလုံနှင့်အတူ ဘုရားကျောင်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ဟုန်ဖူ တံခါးပိတ်လိုက်သည်နှင့် စကားပင် မပြောရသေးခင် ထူလုံ၏ ပါးစပ်ထဲမှ "ဗွမ်း" ခနဲ သွေးပုပ်များ အန်ထွက်လာတော့သည်။

ထို့နောက် ပြင်းထန်စွာ ချောင်းဆိုးလေတော့သည်။

ဟုန်ဖူမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားသည်။

"ထူလုံ... ခင်ဗျား ဘာဖြစ်တာလဲ... ကျွန်တော့်ကို မခြောက်ပါနဲ့"

သူက အမြန်ပြေးသွားပြီး ထူလုံကို တွဲထူကာ ကျောကုန်းကို ပုတ်ပေးလိုက်သည်။

ထူလုံက ဟုန်ဖူ၏ လက်ကို အလျင်အမြန် ဆွဲထားပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် ပြောလိုက်သည်။

"မလုပ်နဲ့... ကျောက သေလောက်အောင် နာနေတယ်... တောက်... ဒီကောင်က ဘာလို့ ဒီလောက် ခွန်အားကြီးနေရတာလဲ... ငါ့ရဲ့ ဝိညာဉ်ကျားဖြူ ပူးကပ်ထားတာတောင် မခံနိုင်ဘူးဆိုတော့... အဟွတ် အဟွတ်"

သူက နှစ်ချက်ခန့် ထပ်မံ ချောင်းဆိုးလိုက်မှ သက်သာသွားတော့သည်။ ထို့နောက် ယိုင်နဲ့နဲ့ဖြင့် ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

ဟုန်ဖူက ကြမ်းပြင်ပေါ်မှ သွေးကွက်များကို ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ... ခင်ဗျား ခုနက ဟန်ဆောင်တာ မဟုတ်ဘူးလား"

သူက ထူလုံအနေဖြင့် လင်းယွမ်ကို တမင်အရှုံးပေးကာ သူတို့ တိုင်ပင်ထားသည့်အတိုင်း ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်မည့် အစီအစဉ်ကို အကောင်အထည်ဖော်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ယခု ထူလုံ၏ ဒုက္ခရောက်နေသော ပုံစံကို မြင်လိုက်ရသောအခါ အခြေအနေကို နားမလည်နိုင် ဖြစ်သွားသည်။

ထူလုံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"ငါက အားယားနေလို့ ပြန်ရောက်မှ သွေးတွေအန်ပြပြီး မင်းကို သရုပ်ဆောင်ပြနေရမှာလား"

"အဲ့ဒီကောင်က မရိုးဘူး... သူက သာမန် ခွန်အားအစွမ်းပိုင်ရှင် လုံးဝ မဟုတ်ဘူး... သူ့စိတ်စွမ်းအင်က အရမ်းကို အားကောင်းလွန်းတယ်"

"စိတ်စွမ်းအင်ကို ထားလိုက်ဦး... သူ့ရဲ့ ခွန်အားက ငါသိသမျှ ခွန်အားအစွမ်းပိုင်ရှင်တွေ အားလုံးထက် သာလွန်နေတယ်"

"သောက်ကျိုးနည်း... ငါ့ရဲ့ ဝိညာဉ်နဂါးစိမ်း ပူးကပ်တာတောင် မနည်းတောင့်ခံလိုက်ရတယ်... ဒီကောင်က ဘယ်လိုလုပ်ပြီး အစွမ်းတွေ တိုးတက်နေတာလဲ... သူက စွမ်းအင်ကျောက်တုံးတွေ အများကြီး စုပ်ယူထားလို့များ သန္ဓေပြောင်းလဲနှုန်း ဒီလောက် မြင့်နေတာလား"

ဟုန်ဖူ အံ့သြသွားသည်။

"ခင်ဗျား... ခင်ဗျား ပြောချင်တာက... ခင်ဗျား သရုပ်ဆောင်တာ မဟုတ်ဘူးပေါ့... တကယ်ပဲ သူ့ကို မနိုင်ခဲ့တာလား"

ထူလုံ မျက်နှာပျက်သွားပြီး ပြန်ပြောသည်။

"ဘာ မနိုင်ရမှာလဲ... အဲ့တုန်းက သူ့မှာ စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တဲ့ အစွမ်းရှိမယ်လို့ ငါ ထင်မထားမိလို့ပါ... မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်အရိုးခေါင်း ပူးကပ်လိုက်ရင် ရှုံးချင်မှ ရှုံးမှာ"

ဟုန်ဖူ တိတ်ဆိတ်သွားသည်။ ထူလုံ ဟိတ်ဟန်ထုတ်နေသည်ကို သူ ရိပ်မိလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောသည်။

"သူက စွမ်းအင်ကျောက်တုံးတွေ အများကြီး စုပ်ယူထားပုံ မရဘူး"

"ဘာကိုပြောတာလဲ... မင်းက ဘယ်လိုလုပ် သိလဲ"

"သူက စစ်တပ်ရဲ့ သင်္ကေတနည်းပညာကိုတောင် မသိဘူးဆိုတော့ စစ်တပ်က လွှင့်တဲ့ ရေဒီယိုအသံလွှင့်ချက်ကို နားထောင်ဖူးပုံ မရဘူး... အဲ့ဒါဆို စွမ်းအင်ကျောက်တုံးရဲ့ အသုံးပြုပုံကို ဘယ်လိုလုပ် သိမှာလဲ"

ထူလုံ မျက်ခုံးပင့်သွားသည်။

"ဟုတ်သားပဲ... သူသာ စစ်တပ်က အသံလွှင့်တာကို နားထောင်ဖူးရင် သင်္ကေတနည်းပညာကို မသိဘဲ ဘယ်နေမလဲ"

"နေပါဦး... အဲ့ဒါဆို မင်း ပြောချင်တာက ဒီကောင်က သူ့ဘာသာ အခုလို ကြောက်စရာကောင်းတဲ့ အဆင့်ရောက်အောင် သန္ဓေပြောင်းလဲနှုန်းကို မြှင့်တင်နိုင်ခဲ့တယ် ဆိုတဲ့သဘောလား"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထူလုံ သဘောပေါက်သွားသောအခါ လက်ခံရ ခက်ခဲသွားသည်။

သူ့အနေဖြင့် ယနေ့ကဲ့သို့ အစွမ်းထက်လာခြင်းမှာ စွမ်းအင်ကျောက်တုံး အများအပြားကို စုပ်ယူပြီး သန္ဓေပြောင်းလဲနှုန်းကို မြှင့်တင်ကာ ဝိညာဉ်စွမ်းအင်များ ရယူခဲ့သောကြောင့် ဖြစ်သည်။

ထိုကောင်လေးက စွမ်းအင်ကျောက်တုံးကို မသုံးဘဲ မည်ကဲ့သို့ အစွမ်းထက်လာသနည်း။

ဟုန်ဖူက သက်ပြင်းချလိုက်သည်။

"ဒီကောင်လေးရဲ့ အစွမ်းအဆင့်က နိမ့်ပုံမရဘူး... စစ်တပ်က ပြောတဲ့ အထူးပါရမီရှင် သန္ဓေပြောင်းသူ ဖြစ်လောက်တယ်"

ထူလုံ မျက်မှောင်ကြုတ်လိုက်သည်။

"ငါလည်း အထူးပါရမီရှင် သန္ဓေပြောင်းသူပဲလေ... ငါကျတော့ ဘာလို့ အဲ့လောက် မြန်မြန် မတိုးတက်တာလဲ"

"အဲ့ဒါတော့... ကျွန်တော်လည်း မသိဘူး"

ဟုန်ဖူ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။

"ထားလိုက်ပါတော့... ကျွန်တော်တို့ ဒီလူစုကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ စဉ်းစားရအောင်"

"မင်းပဲ ပြောတော့ သူတို့ကို ဝူမုန့်ရဲ့ လူတွေနဲ့ ခွေးချင်းကိုက်အောင် လုပ်မယ်ဆို"

ဟုန်ဖူ ခေါင်းခါလိုက်သည်။

"အရင်တုန်းကတော့ ဒီလူစုက သာမန် ဒုက္ခသည်တွေပဲ ထင်ခဲ့တာ... အခု လင်း ဆိုတဲ့ကောင်ရဲ့ အစွမ်းက ခင်ဗျားအောက် မလျော့ဘူးဆိုတော့ ကျွန်တော်တို့ အစီအစဉ်ကို နည်းနည်း ပြောင်းမှ ရတော့မယ်"

"ဝူမုန့်က တိုက်ခိုက်ရတာကို ရူးသွပ်တဲ့ကောင်... သူ့ကို သွားစလို့ မဖြစ်ဘူး... သူ့ရဲ့စခန်းကို သူ့မိန်းမ ကျွမ်းရှုယွမ်ကပဲ စီမံခန့်ခွဲနေတာ"

"ဝူမုန့် ဂရုစိုက်တဲ့အရာဆိုလို့ သူ့မိန်းမ ကျွမ်းရှုယွမ် တစ်ယောက်ပဲ ရှိတယ်... သူတို့ကြား စစ်မီးမွှေးချင်ရင် အဲ့ဒီအချက်ကနေ စရမယ်"

ထူလုံက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ထားလိုက်ပါ... ဒီလို ဉာဏ်များတဲ့ ကိစ္စတွေကို မင်းပဲ ကျွမ်းကျင်တာဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက်... ဒီနေ့ လပြည့်ကျော် ၇ ရက် ရှိပြီ မဟုတ်လား"

"မကြာခင် လပြည့်ကျော် ၁၅ ရက် ရောက်တော့မယ်... ပင်လယ်ရေထပ်တက်လာတော့မှာ... အဲ့တော့ ငါတို့ အစားအစာ ရိက္ခာရှာဖို့ အမြန် စဉ်းစားရမယ်... ရေတက်လာတာကို ရင်ဆိုင်ရဦးမယ်"

"အဲ့ဒီလူစုက တောင်ပေါ်ရောက်ရင် လုံခြုံပြီလို့ ထင်နေကြတာ... တကယ့် ကလေးအတွေးပဲ... ရေတက်လာလို့မှ သူတို့မှာ လုံခြုံတဲ့ စခန်း မရှိရင်တော့ ဟက်ဟက်"

ထူလုံက မဲ့ပြုံးပြုံးလိုက်ပြီး သနားသည့်ပုံစံမျိုး လုပ်ပြလိုက်သည်။

ဟုန်ဖူကလည်း ခေါင်းညိတ်ထောက်ခံသည်။

"ရိက္ခာကိစ္စက ခင်ဗျားကိုပဲ အားကိုးရမှာ... ဒီတောင်ပေါ်မှာက လောလောဆယ် စိုက်ပျိုးရေး လုပ်လို့ မရသေးဘူး"

ထူလုံက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ စွမ်းအင်ကျောက်တုံးတွေ ပိုလိုတယ်... ဒီတစ်ခါ ပစ္စည်းရှာထွက်ရင် ပိုဝေးတဲ့နေရာကို သွားမှဖြစ်မယ်"

"သိပြီ... သတ္တုတွင်းဘက်မှာ ထပ်တူးဖို့ ကျွန်တော်လူတွေကို နည်းလမ်းရှာခိုင်းလိုက်မယ်"

"အေး... မြန်မြန်လုပ်... များများ စုဆောင်းထားမှ... ငါတို့ တွက်ချက်ထားတာ မှန်ရင် ဒီမိုးကြီးက ဆောင်းတွင်းလောက်ဆို ရပ်သွားလောက်တယ်... အဲ့ကျရင် ရေခဲတွေ ဖုံးပြီး အပြင်ထွက် သွားလာလို့ ရပြီဆိုရင် အခြေအနေတွေက ပိုရှုပ်ထွေးလာတော့မှာ"

"အဲ့ဒီအချိန်ကျရင် ပစ္စည်းရှာဖို့ ပိုခက်သွားလိမ့်မယ်"

ဟုန်ဖူလည်း သက်ပြင်းချလိုက်ပြီး ဘုရားကျောင်းအပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးကို ကြည့်ကာ မျက်နှာညှိုးငယ်သွားတော့သည်။

......

တောင်လမ်းခရီးသည် သွားလာရ ခက်ခဲလှသည်။ အထူးသဖြင့် ညဘက် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ပို၍ ဆိုးရွားသည်။

ဤလမ်းသည် ယခင် တောင်ပေါ်တက်သည့် ခရီးသွားလမ်းမကြီး မဟုတ်ဘဲ လူလုပ်လှေကားထစ်များ မရှိ၊ လုံးဝ မြေသားလမ်းသက်သက်သာ ဖြစ်သည်။

မြေသားလမ်းမှာ ကျဉ်းမြောင်းပြီး ယခင်က ထိုက်ယန်တောင်သို့ လာရောက်လည်ပတ်ကြသော ခြေလျင်ခရီးသွားများ လျှောက်ခဲ့သည့် လမ်းကြောင်းဟောင်းတစ်ခု ဖြစ်ပုံရသည်။

လမ်းဘေးရှိ သစ်တောအုပ်ထဲတွင် ရောင်စုံဖဲကြိုး အစုတ်အပြတ်လေးများ ရံဖန်ရံခါ တွဲလောင်းကျနေသည်ကို တွေ့ရသည်။

ထိုဖဲကြိုးများပေါ်တွင် "ပြင်ပ လှုပ်ရှားမှု ကလပ်" စသည့် စာသားများ ရေးထားသည်။

မီးတုတ်ရောင်အောက်တွင် ထိုဖဲကြိုးများသည် အရောင်လွင့်နေပြီဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများက လမ်းကို ဝါးမြိုလုမတတ် ဖုံးလွှမ်းနေသည်။

ထိုဖဲကြိုးများသာ မရှိပါက မည်သည့်ဘက်သို့ သွားရမည်ကိုပင် သိနိုင်မည် မဟုတ်ပေ။

လင်းယွမ်နှင့် ကျောက်ခိုင်တို့က ရှေ့ဆုံးမှ သွားနေကြသည်။

ကျောက်ခိုင်နှင့် လျှိုဖိန်ဖိန်တို့က လူအုပ်ကို ဦးဆောင်ပြီး နောက်မှ လိုက်လာကြသည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ဖြန့်ကျက်ထားပြီး တောအုပ်ထဲမှ လှုပ်ရှားမှုများကို အချိန်ပြည့် သတိထား စောင့်ကြည့်နေသည်။

တောအုပ်ထဲတွင် သူတို့ကို ချောင်းမြောင်းနေသော အမည်မသိ သတ္တဝါများစွာ ရှိနေကြောင်း သူ အာရုံခံမိသည်။

သို့သော် သူတို့မှာ လူအင်အားများပြီး မီးတုတ်များ ကိုင်ဆောင်ထားသောကြောင့် ထိုသတ္တဝါများ ထွက်မလာရဲကြခြင်း ဖြစ်သည်။

သို့သော်လည်း သူ ပေါ့ဆ၍ မဖြစ်ပေ။ ဤသတ္တဝါများသည် ရေကြီးမှု မဖြစ်ခင်က ချစ်စရာ တိရစ္ဆာန်လေးများ မဟုတ်တော့ပေ။

သူတို့သည် သန္ဓေပြောင်း သားရဲကောင်များ ဖြစ်သည်။

ဘီလူးသဘက်များ ဖြစ်သည်။

"ဝေါင်း"

ရုတ်တရက် တောနက်ထဲမှ သားရဲဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း လန့်ဖျပ်သွားကြပြီး အသံလာရာဘက်သို့ သတိကြီးစွာ လှမ်းကြည့်လိုက်ကြသည်။

ထိုဘက်ရှိ သစ်ပင်များသည် ရုတ်ရုတ်သဲသဲ လှုပ်ခါသွားပြီး တစ်စုံတစ်ခုက တောအုပ်ထဲတွင် အမဲလိုက် ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရသည်။

လူတိုင်း ကြက်သီးမွေးညှင်းထကာ ထိတ်လန့်သွားကြသည်။

လင်းယွမ်က ချက်ချင်း အော်ပြောလိုက်သည်။

"ဆက်သွားမယ်... ခြေလှမ်း မြန်မြန် လျှောက်ကြ"

လူတိုင်း အလျင်အမြန်ပင် ခြေကုန်သုတ်ကာ ခရီးဆက်ကြသဖြင့် လူအုပ်ကြီး၏ သွားနှုန်း မြန်ဆန်လာသည်။

လင်းယွမ် မျက်နှာထား တည်သွားပြီး လူအုပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှ သွားနေသည်။

ရုတ်တရက် သူ ခြေလှမ်းရပ်တန့်လိုက်ပြီး အော်ပြောလိုက်သည်။

"ရပ်... အားလုံး ရပ်လိုက်"

လူအားလုံး ခြေလှမ်း တုန့်ခနဲ ရပ်သွားကြသည်။

လင်းယွမ်က ဆက်၍ အမိန့်ပေးလိုက်သည်။

"မီးငြှိမ်းလိုက်"

နောက်မှ လူများမှာ နှောင့်နှေးမနေရဲဘဲ မီးတုတ်များကို အမြန် ငြှိမ်းသတ်လိုက်ကြသည်။

တစ်ခဏချင်းပင် တောအုပ်တစ်ခုလုံး အမှောင်တိ အမှောင်ကျသွားသည်။

"ဝုန်း... ဝုန်း..."

တောအုပ်နက်ထဲမှ သစ်ပင်များသည် ဘေးဘက်သို့ လဲပြိုကျကုန်သည်။

ထို့အပြင် မြေကြီးပေါ်တွင်လည်း ဝုန်းခနဲ မြည်ဟည်းသော ခြေသံကြီးများ ထွက်ပေါ်လာသည်။

လူတိုင်း ခေါင်းမော့ပြီး ရှေ့မှ တောအုပ်ကို ကြည့်လိုက်ကြသည်။

အမှောင်ထုထဲတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် တောအုပ်ထဲ၌ တွားသွားနေသည်ကို တွေ့လိုက်ရသည်။

သို့သော် ညအချိန်ဖြစ်နေသဖြင့် ထိုအရာက ဘာကောင်မှန်း သေချာ မမြင်ရပေ။

သို့သော်လည်း ထိုသတ္တဝါကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သက်ရှိလောက၏ ထိပ်ဆုံးမှ အသားစားသတ္တဝါကြီး တစ်ကောင်ဖြစ်ကြောင်း ပြသနေပြီး လူတိုင်းကို တုန်လှုပ်ချောက်ချား သွားစေသည်။

လင်းယွမ်ပင်လျှင် မျက်နှာဖြူဖျော့သွားသည်။

"အဲ့ဒါ ဘာကောင်ကြီးလဲ"

လူတိုင်း၏ စိတ်ထဲတွင် ထိုမေးခွန်း ပေါ်လာသည်။

"ဂျိမ်း... ဒိန်း..."

မိုးကြိုးသံကြီး တစ်ချက် ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ကောင်းကင်ယံတွင် လျှပ်စီးတစ်ချက် လက်သွားပြီး မိုးကောင်းကင်ကို တစ်ခဏမျှ လင်းထိန်သွားစေသည်။

ထိုအချိန်တွင် ပေ ၄၀၊ ၅၀ ခန့် (လေးထပ်တိုက်စာလောက်) မြင့်မားသော ဧရာမ သတ္တဝါကြီး တစ်ကောင်သည် တောအုပ်ထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေသည်ကို အားလုံး မြင်လိုက်ကြရသည်။

ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်တွင် သံချောင်းကဲ့သို့ မာကျောသော အမွှေးနက်ကြီးများ ဖုံးလွှမ်းထားပြီး ခြေလေးချောင်းထောက်ကာ သွားနေသည်။ ကျောပြင်ကိုသာ မြင်လိုက်ရပြီး ပုံသဏ္ဍာန် အပြည့်အစုံကို မမြင်ရပေ။

လျှပ်စီးရောင် ပျောက်ကွယ်သွားသည်နှင့် ထိုသတ္တဝါကြီးသည်လည်း တောနက်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း အသံတိတ်သွားကြပြီး ထိုကြောက်မက်ဖွယ် သတ္တဝါကြီး ပျောက်ကွယ်သွားသည်ကို ကြောင်ငေး ကြည့်နေမိကြသည်။

"အဲ့... အဲ့ဒါ ဘာကောင်ကြီးလဲ"

"ဒီ... ဒီ ထိုက်ယန်တောင်ပေါ်မှာ ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး ရှိနေရတာလဲ"

"ဟိုစခန်းက လူတွေ ဘယ်လိုများ အသက်ရှင်နေကြတာလဲ"

"ငါတို့က မိန်တုဥယျာဉ်ကနေ ထွက်လာပြီးကာမှ မီးတွင်းအသစ်တစ်ခုထဲ ရောက်လာသလို ခံစားနေရပါလား"

...

လူအများမှာ စိတ်လှုပ်ရှား ထိတ်လန့်ကုန်ကြပြီး တီးတိုး ပြောဆိုနေကြသည်။

ထိုအချိန်တွင် လူအုပ်ထဲမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

လင်းယွမ် မျက်နှာပျက်သွားပြီး ကိုယ်ဖော့ပညာဖြင့် အသံလာရာနေရာသို့ ချက်ချင်း ရောက်သွားသည်။

လူအုပ်အနောက်ဘက် အဆုံးနားရှိ လူအချို့မှာ မျက်နှာများ ဖြူဖျော့နေကြပြီး ကြောက်လန့်တကြား အော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က တစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

"ခုနက... ငါ့နောက်ကနေ တစ်ကောင်ကောင် ဖြတ်ပြေးသွားလို့"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"လူ တစ်ယောက်ယောက် ထိခိုက်သွားလား"

"အာ... မ... မထိခိုက်ဘူး"

လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"သန္ဓေပြောင်း သားရဲ ဖြစ်လောက်တယ်... ကျောက်ခိုင်... မင်း လူနည်းနည်းခေါ်ပြီး နောက်ဆုံးကနေ လိုက်ခဲ့"

ရှေ့မှ ကျောက်ခိုင်က ချက်ချင်း အော်ပြောလိုက်သည်။

"ဒုတိယအဖွဲ့... ငါနဲ့အတူ နောက်တန်းကို လိုက်ခဲ့"

ထို့နောက် လူငယ် ခုနစ်ယောက် ရှစ်ယောက်ခန့်က ကျောက်ခိုင်နောက်သို့ လိုက်ကာ အနောက်ဘက်သို့ သွားလိုက်ကြသည်။

လင်းယွမ်က တင်းယန်ကို မိန်းမများနှင့် သက်ကြီးရွယ်အိုများကို ခေါ်၍ အလယ်မှ လိုက်ရန် စီစဉ်ပေးလိုက်သည်။

ဤသို့ဖြင့် လူအုပ်ပုံစံ အနည်းငယ် ပြောင်းလဲသွားပြီး လုံခြုံမှု ပိုရှိလာသဖြင့် ခရီးဆက်လက် ထွက်ခွာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လူအုပ်ကို တိုက်ခိုက်ရန် ကြိုးစားသော သန္ဓေပြောင်း တောကြောင်ရိုင်းများ၊ ရှဉ့်များကို ရံဖန်ရံခါ တွေ့ရသည်။

သို့သော် လင်းယွမ်၊ တုံယန် စသည့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များက ကြိုတင်သိရှိနေသဖြင့် ချက်ချင်းပင် ရှင်းလင်းပစ်နိုင်ခဲ့ကြသည်။

တစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် တောင်ခါးပန်းရှိ ကျယ်ပြန့်သော ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားကြသည်။

"ရောက်ပြီ... ရောက်ပြီ... ဒါ မီးသတ်ရေလှောင်ကန်ပဲ"

ဦးလေးမာက လင်းယွမ်ကို လှမ်းအော်ပြောလိုက်သည်။

လင်းယွမ် အမြန်ပြေးသွားပြီး ထိုနေရာကို စစ်ဆေးကြည့်လိုက်သည်။

ကွင်းပြင်မှာ ကွန်ကရစ်ခင်းထားပြီး မလှမ်းမကမ်းတွင် တောင်ပတ်လမ်း ရှိသည်။

မီးသတ်ရေလှောင်ကန်ကို တောင်ကိုမှီ၍ တည်ဆောက်ထားပြီး ရေကန်အပေါ်ဘက်တွင် ငွေရောင် သွပ်ပုံးပေါင်း များစွာကို တည်ထားကာ အပေါ်မှ မြက်ခင်းတုများ ဖုံးအုပ်ထားသည်။

ရေလှောင်ကန်၏ အပေါ်ဘက် ကွင်းပြင်မှာ စတုရန်းပေ ၁၀၀၀ ကျော်ခန့် ကျယ်ဝန်းပြီး တောင်ပတ်လမ်းထက် ပေ ၂၀ ကျော် မြင့်သည်။

အနီးအနားတွင် ပေါင်းပင်များ ပေါက်ရောက်နေသော်လည်း မြင်ကွင်းမှာ ရှင်းလင်းသည်။

လင်းယွမ်က ရေလှောင်ကန် အပေါ်မှ အဝိုင်းပုံစံ အဖုံးတစ်ခုကို ဖွင့်ကြည့်လိုက်ရာ အတွင်းတွင် မိုးရေများ ပြည့်နေသည်ကို တွေ့ရသည်။

သူ ရေအနည်းငယ်ကို ခပ်ယူပြီး နမ်းကြည့်ရာ အနံ့အသက် မရှိပေ။

ဦးလေးမာ ရောက်လာပြီး ပြောလိုက်သည်။

"ဒီရေတွေ သုံးလို့ရလောက်တယ်... တောင်ပေါ်က စိမ့်ထွက်လာတဲ့ စမ်းရေတွေလေ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး သတိပေးလိုက်သည်။

"ဒါပေမဲ့ ဒီတိုင်းတော့ မသောက်နဲ့... ရေချိုး၊ အဝတ်လျှော်တော့ ရတယ်... သောက်မယ်ဆိုရင်တော့ သေချာ ကျိုချက်ပြီးမှ သောက်"

"ဒါကတော့ သေချာတာပေါ့... ဘယ်သူမှ မအကြပါဘူး"

လင်းယွမ်က ဆက်ပြောသည်။

"ကဲ... ဒီညတော့ ဒီမှာပဲ အရင် စခန်းချကြမယ်"

"ငါ လူနည်းနည်းခေါ်ပြီး အနီးအနားမှာ ခုတ်လို့ရမယ့် သစ်ပင်တွေ၊ ဝါးပင်တွေ ရှိမလား သွားကြည့်လိုက်ဦးမယ်... စခန်းတစ်ခု အမြန် ဆောက်မှ ဖြစ်မယ်"

ကျောက်ခိုင်က အလျင်အမြန် ပြောလိုက်သည်။

"အစ်ကိုလင်း... ကျွန်တော် လိုက်ခဲ့မယ်"

ရန်ဆန်းမင် မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။

"ကျွန်တော်ပဲ လိုက်သွားလိုက်မယ်... ကျွန်တော့်အစွမ်းက တစ်ခုခု ခုတ်ဖို့ဖြတ်ဖို့ဆို အဆင်ပြေတယ်"

သူ့အစွမ်းက လက်နက်များကို ထက်မြက်ခြင်း အာနိသင် ထည့်ပေးနိုင်သဖြင့် သစ်ပင်ခုတ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆို လူနည်းနည်း ပိုခေါ်သွားမယ်"

ချိုင်ကြည်နှင့် အခြားသူများက လိုက်ချင်သော်လည်း လင်းယွမ် ငြင်းပယ်လိုက်သည်။

လမ်းလျှောက်လာရသဖြင့် အစွမ်းပိုင်ရှင်မဟုတ်သော သာမန်လူများမှာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ရာ သစ်ပင်ခုတ်ရန် အားအင် မရှိတော့ပေ။

လင်းယွမ်က ကျောက်ခိုင်၊ ရန်ဆန်းမင်၊ တင်းယန် စသည့် အစွမ်းပိုင်ရှင် အချို့နှင့် လူငယ် သန်သန်မာမာ အချို့ကို ရွေးထုတ်လိုက်ပြီး အနီးအနားရှိ တောအုပ်ထဲသို့ ဝင်ကာ သစ်ကောင်းဝါးကောင်းများ ရှာဖွေကြသည်။

တောထဲရောက်သည်နှင့် ရန်ဆန်းမင်က လှမ်းအော်လိုက်သည်။

"ဆရာလင်း... ဒီဘက်ကြည့်ပါဦး... ဒီဝါးပင်တွေ သုံးလို့ရမလား"

လင်းယွမ် လျှောက်သွားကြည့်လိုက်ရာ မြေကြီးပေါ်တွင် အစိမ်းရောင်ကြား၌ မီးနီရောင်သန်းနေသော ဝါးပင်ကြီးများကို တွေ့လိုက်ရသည်။

ဒါသည် ထူလုံတို့အဖွဲ့ လေးနှင့်မြှား လုပ်ရာတွင် သုံးသော သန္ဓေပြောင်း ဝါးပင်များ ဖြစ်သည်။

သူ ချက်ချင်း ပြောလိုက်သည်။

"ဒါ သုံးလို့ရလောက်တယ်... ဘယ်လောက်မာလဲ အရင် စမ်းကြည့်မယ်"

ပြောပြီးသည်နှင့် ပစ္စည်းသိုလှောင်ခန်းထဲမှ ဓားမတစ်လက်ကို ထုတ်ယူကာ အားကုန် ခုတ်ချလိုက်သည်။

"ဒိန်း" ခနဲ အသံမြည်သွားပြီး ဝါးပင် တုန်ခါသွားသော်လည်း အပေါ်ယံတွင် အဖြူရောင် အစင်းရာလေး တစ်ခုသာ ထင်သွားပြီး ဘာမှ မဖြစ်ပေ။

လင်းယွမ် ပြုံးလိုက်မိသည်။

"တော်တော်မာတာပဲ... သံမဏိပိုက်လောက်ကို ရှိတယ်... ဒါပဲ ယူမယ်... ဒေါက်တာရန်... ခင်ဗျားအစွမ်းနဲ့ ဒီဓားမကို အားဖြည့်ပေးပါဦး... ကျွန်တော် ထပ်စမ်းကြည့်ချင်လို့"

"သိပြီ"

ရန်ဆန်းမင်က ဓားမကို လှမ်းယူလိုက်ပြီး လက်ဖြင့် ပွတ်သပ်လိုက်ရာ ဓားမပေါ်တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာပြီး ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ပြန်စမ်းကြည့်ပါဦး" သူက ဓားမကို လင်းယွမ်အား ကမ်းပေးလိုက်သည်။

လင်းယွမ် ဓားမကို ယူကာ ဝါးပင်ကို ခုတ်ချလိုက်သည်။

"ဂျွတ်" ခနဲ အသံမြည်သွားပြီး ဝါးပင် ပြတ်ထွက်သွားသည်။

လင်းယွမ် ပြုံးလိုက်သည်။

"ဓားကောင်းပဲ"

ထို့နောက် သူက အော်ပြောလိုက်သည်။

"အားလုံး ဒီဘက်လာခဲ့... လက်နက်တွေကို ဒေါက်တာရန်ဆီမှာ ထက်မြက်အောင် အားဖြည့်ခိုင်းလိုက်"

"ကဲ... အခု စခုတ်ကြမယ်... ဝါးတောအပြင်က လူတွေကို လာသယ်ခိုင်း... မိန်းမတွေ၊ လူကြီးတွေနဲ့ ကလေးတွေက အောက်မှာ စောင့်နေကြတယ်... ဝါးပင်တွေ သယ်သွားပြီး စခန်း အမြန် ဆောက်ကြမယ်"

"မှတ်ထားနော်... တောင်ကမ်းပါးယံကို မှီပြီး ဆောက်ရမယ်"

"ဟုတ်ကဲ့... ဆရာလင်း" အိမ်ရာပိုင်ရှင်များက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

အားလုံး အလုပ်ကိုယ်စီ စတင်လုပ်ဆောင်ကြပြီး သန္ဓေပြောင်း ဝါးပင်များကို ခုတ်လှဲကြသည်။

ကံကောင်းသည်မှာ ဤဝါးတောသည် ရေလှောင်ကန်နှင့် မဝေးသဖြင့် သယ်ယူရလွယ်ကူသည်။

လူတစ်ရာကျော် အတူတကွ လုပ်ဆောင်ကြသဖြင့် အလုပ်တွင်ပြီး မြန်ဆန်လှသည်။

နှစ်နာရီအတွင်း ဝါးပင်များ ခုတ်ပြီးသည်သာမက စခန်းကိုပါ အကြမ်းထည် တည်ဆောက်ပြီးစီးသွားသည်။

လင်းယွမ် မှာကြားထားသည့်အတိုင်း စခန်းကို ရေလှောင်ကန်ဘေးရှိ ချိုင့်ဝင်နေသော တောင်နံရံတွင် တည်ဆောက်ထားသည်။

ပေါင်းပင်များကို ရှင်းလင်း၊ တောင်နံရံမှ ထွက်နေသော ကျောက်တုံးများကို ခုတ်ထွင်ပြီးနောက် တွင်းတူးကာ တိုင်ထူပြီး စခန်းကို အမြန် တည်ဆောက်ကြသည်။

မြွေ၊ ပိုးမွှား၊ ကြွက်များ၏ အန္တရာယ်မှ ကာကွယ်ရန် စခန်းကို မြေပြင်မှ အမြင့်တစ်နေရာတွင် တည်ဆောက်ထားသည်။

ပုံစံမှာ ခြေတံရှည်အိမ် ပုံစံမျိုး ဖြစ်သော်လည်း နံရံနှစ်ဖက်က တောင်နံရံကို မှီထားသဖြင့် ထောက်တိုင်များ စိုက်ထူကာ ကျောက်နံရံတွင် အပေါက်ဖောက်ပြီး ဝါးလုံးများ ထိုးထည့်လိုက်ရုံဖြင့် ပြီးစီးသည်။

ချိုင့်ဝင်နေသော တောင်နံရံ၏ အကျယ်အဝန်းမှာ အကန့်အသတ်ရှိပြီး အနက် ပေ ၂၀ ကျော်ခန့်သာ ရှိသဖြင့် စခန်းကို တိုက်ခန်းပုံစံမျိုး အထပ်လိုက် တည်ဆောက်ရသည်။

၁၀ ပေခန့်လျှင် တစ်ထပ်နှုန်းဖြင့် အဓိက ကိုယ်ထည်ကို တည်ဆောက်ပြီးနောက် သစ်လုံးကြီးများကို ခုတ်ထွင်ကာ ပျဉ်ပြားများရအောင် ပြုလုပ်ပြီး ကြမ်းခင်းအဖြစ် ခင်းကျင်းလိုက်သည်။ ထိုကြမ်းခင်းသည် အောက်ထပ်အတွက် မျက်နှာကြက်လည်း ဖြစ်သွားသည်။

ဤနည်းလမ်းသည် ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း အလွန် လျင်မြန်သည်။

မိုးလင်းခါနီးအချိန်တွင် စခန်း တည်ဆောက်မှု ပြီးစီးသွားသည်။

စုစုပေါင်း ၁၀ ထပ်ကျော်ရှိပြီး အောက်မှ အပေါ်သို့ တက်သွားလေ အကျယ်အဝန်း ကျဉ်းသွားလေ ဖြစ်သည်။

အောက်ဆုံးထပ်သည် စတုရန်းပေ ၁၀၀၀ ကျော် ကျယ်ဝန်းပြီး အပေါ်ဆုံးထပ်တွင်မူ စတုရန်းပေ ၂၀၀ ခန့်သာ ကျယ်ဝန်းတော့သည်။

အဓိကမှာ တောင်နံရံသည် အပေါ်ဘက်သို့ စောင်းတက်သွားသဖြင့် ထွက်နေသော ကျောက်သားများ နည်းသွားကာ ဝါးလုံးထိုးရန် နေရာမရှိတော့ခြင်းကြောင့် ဖြစ်သည်။

ဤစခန်းကို အဝေးမှ လှမ်းကြည့်လျှင် မြို့ပြတွင် တိုက်ဆောက်သည့်အခါ ဘေးမှ ငြမ်းဆင်ထားသည်နှင့် တူနေသည်။

လင်းယွမ်က အပေါ်ဆုံးထပ်တွင် ရပ်နေသည်။ သူ့ခေါင်းပေါ်တွင် သစ်သားပြားများဖြင့် ခင်းထားသော မျက်နှာကြက် ရှိသည်။

မိုးမယိုစေရန်အတွက် သန္ဓေပြောင်း ပင်လယ်မျှော့မှ ရရှိသော ကော်ဖြင့် တစ်ထပ် သုတ်ထားပြီး အပေါ်မှ ရေကာမိုးကာစများ ကပ်ကာ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသည်။

မိုးပက်မည်စိုးသဖြင့် ဘေးပတ်လည်ကိုလည်း ဝါးနှင့် သစ်သားပြားများဖြင့် ကာရံထားသည်။

ဤအထပ်တွင် သူနှင့် ရန်မေတို့ နှစ်ယောက်တည်း နေကြသည်။

မူလကပင် နေရာမကျယ်သည့်အပြင် သူသည် အထူးအခွင့်အရေး ရရှိသူဖြစ်သဖြင့် သီးသန့်နေရခြင်း ဖြစ်သည်။

အောက်ထပ်များသည် ပိုကျယ်လာသဖြင့် လူဦးရေလည်း ပိုများလာသည်။

သန့်ရှင်းသပ်ရပ်လိုသူများက ကိုယ့်ဘာသာ အခန်းကန့်လေးများ လုပ်ကြသည်။

ဥပမာအားဖြင့် လင်းယွမ်၏ အောက်ထပ်တွင် တင်းယန်၊ ဆုန့်ဝမ်၊ တုံယန် စသည့် မိန်းကလေးများ နေကြသည်။

ထိုအောက်တွင် ကျောက်ခိုင်၊ လျှိုဖိန်ဖိန်၊ လျှိုတနန် နှင့် ဟူဝေမင်တို့ မိသားစု နေကြသည်။

ထိုအောက်တွင်မူ အစွမ်းပိုင်ရှင်များ မနေဘဲ ဦးလေးမာ၊ အဒေါ်ကြီးလီ နှင့် ချိုင်ကြည် မိသားစု စသည့် သာမန်လူများ နေထိုင်ကြသည်။

လင်းယွမ်သည် စခန်း လုံခြုံမှုရှိစေရန် အစွမ်းပိုင်ရှင်များကို နေရာခွဲ၍ နေစေခြင်း ဖြစ်သည်။ သို့မှသာ အန္တရာယ်ကြုံလာလျှင် အချိန်မီ တုံ့ပြန်နိုင်မည် ဖြစ်ပြီး အထပ်တိုင်းကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

ဒါက လက်ရှိ အခြေအနေအရ ယာယီ စီစဉ်ထားခြင်းသာ ဖြစ်ပြီး နောက်ပိုင်း တည်ငြိမ်သွားလျှင် စခန်းကို ပြန်လည် မွမ်းမံတည်ဆောက်ရဦးမည် ဖြစ်သည်။

လက်ရှိတွင်တော့ ဒီလောက်ဆိုလျှင် အဆင်ပြေနေပြီ ဖြစ်သည်။

ထိုက်ယန်တောင်သို့ ရောက်ရှိသည့် ပထမဆုံးနေ့တွင် တိုက်ပွဲများ ကြုံတွေ့ခဲ့ရပြီး တောတောင်များကို ဖြတ်ကျော်ကာ စခန်းကို တည်ဆောက်ခဲ့ရသည်။

လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်ရာ ယခုကဲ့သို့ မိုးဒဏ်လေဒဏ်မှ ခိုလှုံစရာ နေရာလေးတစ်ခု ရသည်ကိုပင် ကျေနပ်နေကြပြီ ဖြစ်သည်။

လင်းယွမ် အောက်ထပ်သို့ ဆင်းသွားပြီး ကင်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညဘက် ကင်းလှည့်မည့် အစီအစဉ်နှင့် အလှည့်ကျ တာဝန်ယူမည့် ကိစ္စများကို မှာကြားပြီးနောက် လူများကို အနားယူခိုင်းလိုက်သည်။

တစ်နေကုန် ပင်ပန်းထားကြသဖြင့် လူအများစုမှာ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားကြသည်။

အပေါ်ဆုံးထပ်ရှိ လင်းယွမ်၏ အခန်းတွင် ရန်မေလည်း အတော်လေး ပင်ပန်းနေရှာသည်။

သူမသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ အောက်ထပ်မှ တက်လာခဲ့သည်။

အခန်းထဲ ရောက်သည်နှင့် အံ့သြမှင်သက်သွားတော့သည်။

အခန်းထဲတွင် ဆပရိန်မွေ့ရာထူကြီး တစ်လုံးအပြင် စားပွဲ၊ ကုလားထိုင်၊ ညအိပ်မီးအိမ်၊ ခြင်ထောင် စသည်တို့ အစုံအလင် ရှိနေသည်။

စားပွဲပေါ်တွင်လည်း စားစရာများစွာ တင်ထားသည်။

သူမ တံတွေးမြိုချလိုက်မိသည်။ တစ်နေကုန် ပင်ပန်းထားသဖြင့် သူမလည်း ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သည်။

ယခုကဲ့သို့ နွေးထွေးပြီး ပြည့်စုံသော ညစာကို တွေ့လိုက်ရသောအခါ အတိုင်းအဆမရှိ ပျော်ရွှင်သွားသည်။

သူမက လင်းယွမ်ကို အံ့သြဝမ်းသာစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

"မောင်လေး... ဒါတွေ နင် ပြင်ဆင်ထားတာလား"

လင်းယွမ်က ပြုံးလိုက်သည်။

"နေရထိုင်ရတာ အဆင်မပြေရင်တောင် အစားတော့ ကောင်းကောင်း စားရမယ်လေ... ဒါပေမဲ့ ထမင်းဟင်းပူပူနွေးနွေးတွေတော့ ထုတ်မကျွေးတော့ဘူး... အနံ့ထွက်ပြီး တခြားလူတွေ သွားရည်ယိုမှာစိုးလို့... ဒီဘီစကွတ်... နွားနို့နဲ့ ပေါင်မုန့်တွေပဲ စားလိုက်တော့"

"ဒီရက်ပိုင်းတော့ အနေအထိုင် ဆင်းရဲလိမ့်မယ်... နောက်ပိုင်းကျရင် စခန်းကို သေချာ ပြန်စီစဉ်ပြီး ဆောက်ရဦးမှာ"

"နင့်မှာ အကြံရှိပြီးသားလား" ရန်မေက အလျင်အမြန် မေးလိုက်သည်။

လင်းယွမ် ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။

"လာပါ... တစ်ခုခု အရင်စားလိုက်ဦး... စားရင်းနဲ့ ပြောပြမယ်"

ဆက်ရန်...

All Chapters