အခန်း (၁၉၅-၁၉၆)
Vol. 10 Ch. 195-196
အပိုင်း (၁၉၅) ဝါးအိမ်ပေါ်မှ တကျွီကျွီမြည်သံ
ကမ္ဘာမြေကြီးတစ်ခုလုံးကို အမှောင်ထုက လွှမ်းခြုံထားပြီး ကောင်းကင်ကြီး ပေါက်ပြဲသွားသလား ထင်မှတ်ရလောက်အောင် မိုးတွေက သည်းကြီးမည်းကြီး ရွာသွန်းနေ၏။
မနက် (၄) နာရီခန့် ရှိနေပြီဖြစ်ပြီး လင်းယွမ်တို့အဖွဲ့လည်း နောက်ဆုံးတော့ ခြေချနားခိုစရာ နေရာတစ်ခု ရှာတွေ့သွားကြပြီ ဖြစ်သည်။
တောင်စောင်းကိုမှီကာ တည်ဆောက်ထားသော ဝါးအိမ်ကြီးက အမြင့်ပေ ၁၀၀ ကျော်ခန့် ရှိလေသည်။
မှောင်မိုက်နေသော အချိန်ဖြစ်သော်လည်း ဝါးအိမ်၏ အထပ်တိုင်းတွင် မီးပုံများ ဖိုထားကြသဖြင့် အမှောင်ထုကို တွန်းလှန်နိုင်ရုံသာမက နွေးထွေးမှုကိုပါ ရရှိစေ၏။
ယခုအချိန်သည် စက်တင်ဘာလ ဖြစ်သောကြောင့် ရာသီဥတုက ပူအိုက်နေသင့်သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ့ခန္ဓာကိုယ် အပူချိန် မညီမမျှ ဖြစ်လွယ်သဖြင့် အိမ်အပြင်တွင် မီးအပူဓာတ်က မရှိမဖြစ် လိုအပ်လှသည်။
အနီရောင်သမ်းနေသော အစိမ်းရောင် သန္ဓေပြောင်းဝါးပင်များက မာကျောခိုင်ခံ့ရုံသာမက အပူဒဏ်ကိုလည်း အလွန်ခံနိုင်ရည် ရှိပုံရ၏။
သို့သော် မီးလောင်မည့်အရေးကို ကာကွယ်ရန်အတွက် လူတိုင်းက မီးဖိုမည့်နေရာအောက်တွင် ရွှံ့များခင်းကာ မီးဖိုပြုလုပ်ပြီး သံဒယ်အိုးကြီးများဖြင့် ရေနွေးတည်ထားကြသည်။
ဆန်နှင့် ဂျုံမှုန့်ရှိသူများက ဂျုံခဲပြုတ် တစ်အိုးချက်လိုက်ကြရာ မွှေးကြိုင်လှသော ရနံ့က လူတိုင်း၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်မှုများကို ပေါ်ွလင်စေ၏။
ရက်အတော်ကြာအောင် ပင်ပန်းကြီးစွာ ပြေးလွှားခဲ့ရပြီးနောက် ခြေချနားခိုစရာ နေရာတစ်ခုကို နောက်ဆုံးတော့ ပိုင်ဆိုင်ခွင့် ရရှိသွားကြပြီ ဖြစ်သည်။
ရေလွှမ်းမိုးလာမည်ကို စိုးရိမ်စရာမလို၊ ရေထဲမှ သန္ဓေပြောင်း သတ္တဝါများ အချိန်မရွေး ထွက်ပေါ်လာမည်ကိုလည်း ကြောက်လန့်နေစရာ မလိုတော့ပေ။
ထို့အပြင် အဆောက်အအုံ ပြိုကျမည်ကိုလည်း ပူစရာမလိုသလို ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာပြီး တိုက်ခန်းထဲတွင် ပိတ်မိသွားမည်ကိုလည်း စိတ်ပူစရာ မလိုတော့ပြီ။
ဤတောင်ပေါ်တွင် မြေကွက်လပ်များ ရှိသလို အပင်များလည်း ရှိနေ၏။
လူတိုင်းက ကန်စွန်းဥနှင့် အာလူးများကို စိုက်ပျိုးနိုင်ပြီး ဟင်းသီးဟင်းရွက်များကိုလည်း တူးဖော်စားသောက်နိုင်ကြသည်။
အတိုချုပ် ပြောရလျှင် ဤနေရာ၌ လူတိုင်း မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့နေရခြင်း ဖြစ်သည်။
အရာအားလုံးက တိုးတက်ကောင်းမွန်လာမည့်ပုံ ပေါက်နေ၏။
ဝါးအိမ်၏ အပေါ်ဆုံးထပ်ရှိ အခန်းထဲတွင် လင်းယွမ်နှင့် ရန်မေတို့က ညစာကို အမြန်စားသောက်လိုက်ကြသည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ ရွက်ဖျင်တဲနှင့် ရေချိုးကန်ကို ထုတ်ယူလိုက်၏။
ရွက်ဖျင်တဲကို ထောင်လိုက်ပြီးနောက် ရေချိုးကန်ကို အထဲသို့ ထည့်လိုက်ရာ ရိုးရှင်းသော ရေချိုးခန်းလေးတစ်ခု ဖြစ်သွားလေသည်။
သူက ရေချိုးကန်ထဲသို့ ရေနွေးများ လောင်းထည့်လိုက်ပြီး ရေအပူချိန် အနေတော်ဖြစ်သွားသောအခါ ရန်မေကို ရေချိုးရန် ခေါ်လိုက်၏။
"အမမေ... ရေစပ်ထားပြီးပြီ... ဝင်ချိုးလိုက်ပါဦး"
ရန်မေ၏ ဖြူဝင်းသော မျက်နှာလေးက ရှက်သွေးဖြာသွားပြီး "ကောင်းပါ့မလား... လူတွေအကုန်လုံးက အောက်ထပ်မှာ ရှိနေကြတာလေ"
လင်းယွမ်က ပြုံးလိုက်ပြီး "ရေချိုးရုံပဲဟာကို... အမက ဘာတွေ လျှောက်တွေးနေတာလဲ"
"တကယ်လား"
"တကယ်ပါဆို"
ထိုအခါမှ ရန်မေ စိတ်အေးသွားပြီး ရွက်ဖျင်တဲအကာကို မကာ ဝင်သွားလေသည်။ ထို့နောက် အထဲမှ အဝတ်အစား ချွတ်လိုက်သော တရှပ်ရှပ်အသံများ ထွက်ပေါ်လာ၏။
လင်းယွမ်ကမူ သွားတိုက်မျက်နှာသစ် လုပ်နေလိုက်သည်။
"မောင်လေး... စခန်းကို ဘယ်လိုဆောက်မယ်ဆိုတာ မပြောပြရသေးဘူးနော်"
လင်းယွမ်က ပလုပ်ကျင်းလိုက်ပြီး "ကျွန်တော် ခုနက ထူလုံတို့ရဲ့ စခန်းကို အကဲခတ်ကြည့်တော့ သူတို့စခန်းက တကယ်တမ်း မပြည့်စုံဘူး... နေရာတော်တော်များများက သာမန်ကာလျှံကာပဲ ရှိသေးတယ်"
"ဒီလိုပုံစံနဲ့က တောထဲက မိစ္ဆာကောင်တွေကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး... ကျွန်တော် ထင်တာတော့ ဒါက သူတို့စခန်းရဲ့ အပြင်ဘက် စည်းရိုးပဲ ဖြစ်လောက်တယ်... သူတို့ရဲ့ တကယ့် စခန်း အစစ်က ဒီနေရာမှာ မဟုတ်လောက်ဘူး"
"ကျန်းကျစ်ဟောင် ပြောဖူးတာ တစ်ခုရှိတယ်... ရေကြီးတာက ဒီရေ အတက်အကျ သဘောတရားအတိုင်း သက်ရောက်မှု ရှိတယ်တဲ့... လစဉ် (၁၅) ရက် (၁၆) ရက် ဝန်းကျင်လောက်ဆိုရင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ကုန်းပေါ်တက်လာပြီး သားရဲလှိုင်း ဖြစ်ပေါ်တတ်တယ်တဲ့"
"သူတို့က အဲ့ဒီ သားရဲလှိုင်းကို ရင်ဆိုင်ဖို့အတွက် သာမန် စခန်းချတာလောက်နဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... သေချာတာတစ်ခုကတော့ သူတို့မှာ ကာကွယ်ဖို့ နည်းလမ်းတစ်ခုခု ရှိကိုရှိရမယ်"
"ဒီနေရာက ထိုက်ယန်တောင် ဖြစ်တဲ့အတွက် အမြင့်ကို တက်တာအပြင် ဒီအန္တရာယ်တွေကို ရှောင်ရှားနိုင်မယ့် နည်းလမ်း နောက်တစ်မျိုးပဲ ရှိတော့တယ်"
"ဘာနည်းလမ်းလဲဟင်" ရန်မေက စိတ်ဝင်တစား မေးလိုက်၏။
ရွက်ဖျင်တဲထဲမှ ရေဆော့ကစားသံများ ထွက်ပေါ်လာရာ သူမ ရေချိုးကန်ထဲသို့ ဝင်လိုက်ပြီဖြစ်ကြောင်း သိသာနေသည်။
လင်းယွမ်၏ စိတ်အာရုံထဲတွင် သူမ၏ ဖြူဝင်းသွယ်လျသော ခြေတံလှလှလေးများ ရေချိုးကန်ထဲသို့ ဖြည်းညှင်းစွာ စင်းသက်သွားမည့် မြင်ကွင်းကို မြင်ယောင်လာမိ၏။
သူက အပြင်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရိုးရှင်းသော ဝါးအိမ်ဖြစ်သဖြင့် ခိုင်ခံ့သော နံရံများ မရှိဘဲ ရိုးရိုးကာရံထားရုံသာ ဖြစ်၏။ သစ်သားပြားများဖြင့် အခန်းဖွဲ့ထားသော်လည်း အသံလုံခြင်း မရှိပေ။
သူက ရင်ထဲမှ ဆူဝေလာသော အပူမီးကို အောင့်အီးသည်းခံလိုက်ပြီး "တောင်ကိုဖောက်ပြီး အထဲဝင်နေတာပေါ့"
"တောင်လိုဏ်ဂူတွေလောက် ဘယ်နေရာကများ လုံခြုံစိတ်ချရမှု ပေးနိုင်ဦးမှာလဲ"
"လိုဏ်ဂူ" ရန်မေ အံ့အားသင့်သွား၏။
"ဟုတ်တယ်... သူတို့ တောင်ထဲမှာ လိုဏ်ဂူတွေ တူးဖော်ထားကြလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်... ထူထဲတဲ့ တောင်နံရံတွေကသာ အပြင်က အန္တရာယ်တွေကို တားဆီးပေးနိုင်မှာ"
"ပြီးတော့ ဂူအပေါက်ဝကို သေချာ ထိန်းချုပ်ထားနိုင်သရွေ့ သတ္တဝါကြီးတွေ ဝင်မလာနိုင်တော့ဘူး... အကောင်သေးလေးတွေ ဝင်လာရင်လည်း သူတို့ အလွယ်တကူ သတ်ဖြတ်နိုင်မှာပေါ့"
"ကျွန်တော်တို့လည်း ဒီဝါးအိမ် အနောက်ဘက်က တောင်နံရံကို အခြေပြုပြီး တောင်ထဲကို လိုဏ်ဂူတူးကြမယ်... ပြီးရင် ကိုယ်ပိုင် စခန်း တည်ဆောက်ကြတာပေါ့"
ရန်မေ စဉ်းစားကြည့်လိုက်သည်။ လူတိုင်း လိုဏ်ဂူထဲတွင် နေထိုင်ကြမည်။ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းလောက် တူးဖော်နိုင်လျှင် မဆိုးလှပေ။
အနည်းဆုံးတော့ ထူထဲသော တောင်နံရံကြီးများကို အကာအရံအဖြစ် အသုံးပြုထားခြင်းက လုံခြုံစိတ်ချရမှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်။
သို့သော် လူတိုင်း လိုဏ်ဂူထဲမှ ထွက်လာကြမည့်ပုံကို တွေးမိပြီး ရန်မေ ရယ်မောလိုက်ကာ "အဲဒါဆိုရင် အကုန်လုံးက ကျောက်ခေတ်လူသားတွေ ပြန်ဖြစ်ကုန်ကြမှာပေါ့နော်"
လင်းယွမ်လည်း လိုက်ရယ်လိုက်ပြီး "ကျောက်ခေတ်လူသား ဖြစ်ရတာက တောထဲအိပ် ရွာထဲအိပ် ဖြစ်နေတာထက်တော့ သာပါသေးတယ်ဗျာ"
"ဇွိ"
ရွက်ဖျင်တဲ ဇစ်ပွင့်သွားသဖြင့် ရေချိုးနေသော ရန်မေ လန့်သွားပြီး မော့ကြည့်လိုက်မိသည်။
လင်းယွမ်က အဝတ်အစားများ ချွတ်ကာ ဝင်လာသည်ကို တွေ့လိုက်ရ၏။
ရန်မေ၏ မျက်နှာလေး ရှက်သွေးဖြာသွားပြီး သူမ၏ ဖွံ့ထွားသော ရင်သားများကို ကပျာကယာ ကာကွယ်လိုက်ကာ "နင်... နင် ဘယ်လိုဖြစ်လို့ ဝင်လာတာလဲ... မဟုတ်ကဟုတ်က မလုပ်ဘူးလို့ ပြောထားတယ်လေ"
လင်းယွမ်က လျှောက်လာပြီး လေသံတိုးတိုးဖြင့် "တစ်ညလုံး မိုးရေတွေ စိုထားတာ... ကျွန်တော်လည်း ဆေးကြောသန့်စင်ရဦးမယ်လေ"
"ဒါ... ဒါဆို အမ အရင်ထွက်ပေးမယ်"
သူမက ကပျာကယာ လှည့်ပြီး ထရန် ပြင်လိုက်ရာ ဖြူဝင်းနေသော ကျောပြင်လေးက လင်းယွမ်၏ မြင်ကွင်းရှေ့တွင် အထင်းသား ပေါ်လာလေသည်။
လင်းယွမ် မည်သို့ စိတ်ထိန်းနိုင်တော့မည်နည်း။ ရှေ့တိုးကာ သူမကို အနောက်မှ သိုင်းဖက်လိုက်တော့သည်။
"အပြင်ထွက်ပြီး ဘာလုပ်မလို့လဲ... အတူတူ ချိုးလိုက်ကြတာပေါ့"
"အမယ်လေး"
ရန်မေ အာမေဋိတ်သံ ပြုလိုက်ပြီး ရေထဲသို့ ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရ၏။
"ဗွမ်း... ဗွမ်း..."
ရေချိုးကန်ထဲမှ ရေလှုပ်ရှားသံများ စည်းချက်ကျကျ ထွက်ပေါ်လာလေသည်။
ထိုအသံနှင့်အတူ ကြမ်းခင်းဆီမှ တကျွီကျွီ မြည်သံများပါ ပေါ်ထွက်လာ၏။
အောက်ထပ်တွင် အိပ်ရန် ပြင်ဆင်နေကြသော တင်းယန်၊ ဆုန့်ဝမ်နှင့် တုံယန် အစရှိသည့် မိန်းကလေးများ ရုတ်တရက် ငြိမ်သက်သွားကြသည်။
သူတို့အားလုံး အပေါ်ထပ်မှ သစ်သားကြမ်းခင်းကို မသိစိတ်ဖြင့် မော့ကြည့်မိလိုက်ကြ၏။
သူတို့အားလုံးက ကလေးတွေ မဟုတ်ကြသလို ဝက်သား မစားဖူးရင်တောင် ဝက်တော့ မြင်ဖူးကြသူများ ဖြစ်သည်။
ဒါ ဘာသံလဲဆိုတာ ကောင်းကောင်းကြီး သိကြ၏။
ဆုန့်ဝမ်၏ မျက်နှာက ချက်ချင်း နီရဲသွားသည်။
တုံယန်လည်း နားနှစ်ဖက်ကို အုပ်ထားလိုက်ပြီး မျက်နှာတစ်ခုလုံး နီမြန်းနေရှာ၏။
တင်းယန် တစ်ယောက်သာ မျက်လုံးအပြူးသားဖြင့် တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ "တိရစ္ဆာန်ကောင်... တစ်နေကုန် ပင်ပန်းထားတာတောင် ဒီကိစ္စအတွက် အားရှိနေသေးတယ်"
သူမက တစ်ဖက်သို့ လှည့်ကာ မျက်လုံးမှိတ်ပြီး အိပ်ပျော်အောင် အတင်း ကြိုးစားလိုက်၏။
သို့သော် အပေါ်ထပ်မှ တကျွီကျွီ မြည်သံများက ၁၀ မိနစ် ကြာသည်အထိ ရပ်တန့်မသွားပေ။
ထိုအချိန်အတွင်း မိန်းကလေး သုံးယောက်စလုံး စကားတစ်ခွန်းမှ မပြောကြသော်လည်း ဘယ်သူမှ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေကြသည်။
နောက်ဆုံးတော့ တင်းယန် သည်းမခံနိုင်တော့ဘဲ ဘေးနားရှိ ထင်းချောင်းတစ်ချောင်းကို ကောက်ယူကာ မျက်နှာကြက်ကို အားကုန် ထိုးဆောင့်လိုက်တော့သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
"ဟို လင်းယွမ်ဆိုတဲ့ကောင်... ရှင် အိပ်မှာလား မအိပ်ဘူးလား... ရှင် မအိပ်ချင်ရင်တောင် ကျွန်မတို့ အိပ်ချင်သေးတယ်ရှင့်"
အပေါ်ထပ်မှ လှုပ်ရှားသံများ ရုတ်တရက် ရပ်တန့်သွား၏။
ဆုန့်ဝမ်နှင့် တုံယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိပြီး ရယ်ချင်သွားကြသည်။
တင်းယန်လည်း သူတို့ရယ်သံကြောင့် မနေနိုင်ဘဲ လိုက်ရယ်မိလေ၏။
ထင်ထားသည့်အတိုင်း အပေါ်ထပ် ငြိမ်ကျသွားသဖြင့် မိန်းကလေး သုံးယောက်စလုံး ဟားတိုက် ရယ်မောလိုက်ကြသည်။
သို့သော် ပျော်မြူးနေတာ သိပ်မကြာလိုက်၊ အပေါ်ထပ်မှ တကျွီကျွီ မြည်သံများ ပြန်လည် ထွက်ပေါ်လာပြန်၏။
တင်းယန် ဒေါသတကြီး ဆဲရေးလိုက်သည်။ "အရှက်မရှိတဲ့ကောင်"
သို့သော် ဒီတစ်ခါတော့ သူမ ဘာမှမလုပ်တော့ဘဲ စောင်တစ်ထည် ဆွဲယူကာ ခေါင်းမြီးခြုံလိုက်တော့သည်။
ဆုန့်ဝမ်နှင့် တုံယန်တို့လည်း သူမနည်းတူ ခေါင်းကို စောင်ဖြင့် အမြန်အုပ်ကာ အိပ်ချင်ယောင် ဆောင်နေလိုက်ကြ၏။
သို့သော် သူမတို့၏ တင်းတင်းစေ့ထားသော ခြေထောက်များကမူ အရာအားလုံးကို ဖော်ပြနေသကဲ့သို့ ရှိသည်။
တစ်နာရီခန့် ကြာပြီးနောက် တကျွီကျွီအသံ ပျောက်သွားမှသာ မိန်းကလေး သုံးယောက်စလုံး သက်ပြင်းချနိုင်တော့၏။
ဆုန့်ဝမ် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ တစ်နာရီတောင် ကြာတယ်ဆိုတော့ ဒါက သိပ်ကြာလွန်းတာပဲ။
တုံယန်ကတော့ အပျိုရိုင်းလေးမို့ ဒါက ဘာကိုဆိုလိုသလဲဆိုတာ သေချာ နားမလည်ပေ။
တင်းယန်ကမူ အံ့သြနေမိသည်။ "လင်းယွမ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် ဒီနေ့ ဘာလို့ ဒီလောက် မြန်မြန်ပြီးသွားရတာလဲ"
အပေါ်ထပ်တွင်မူ ရန်မေ၏ မျက်နှာတစ်ခုလုံး နီရဲနေပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ အပြင်သို့ပြေးထွက်ပြီး အော့အန်လေတော့သည်။
ထို့နောက် ပလုပ်ကျင်းပြီးမှ ပြန်ဝင်လာ၏။
သူမက လင်းယွမ်ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး...
"သူတို့ အကုန် ကြားကုန်ပြီ... မနက်ကျရင် ဘယ်လို မျက်နှာပြရတော့မှာလဲ"
လင်းယွမ်က ရယ်မောလိုက်ပြီး "ကြားရင်လည်း ကြားပါစေပေါ့... ဘယ်သူမဆို သဘာဝ လိုအင်ဆန္ဒ ရှိကြတာပဲလေ"
သူက သူမကို စောင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး "အမ အပြစ်လည်း ပါတာပဲဟာကို... ရေချိုးတာ ဘာလို့ အသံကျယ်နေရတာလဲ"
ရန်မေ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး "အဲ့တာဘာစကားလဲ... ရေချိုးတာ ဘာအသံ ထွက်စရာရှိလဲ... နင်ကသာ ဇွတ်လုပ်တာလေ"
လင်းယွမ်က ပြောင်စပ်စပ် မျက်နှာပေးဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။ "ခုနက ရေခဲနဲ့မီး လိုမျိုး ခံစားမှုက ဘယ်လိုဖြစ်တာလဲ"
ရန်မေ မျက်နှာရဲသွားပြီး "အမလည်း အစွမ်း နိုးထလာပြီ ထင်တယ်"
လင်းယွမ် အံ့အားသင့် ဝမ်းသာသွားသည်။ "ခုနက အမ ပါးစပ်ထဲမှာ အေးခဲသွားသလို ခံစားရတာက အစွမ်းကို သုံးလိုက်တာပေါ့"
ရန်မေက သူ့ကို ရိုက်လိုက်ပြီး "ဟာ... ပြီးတောင်ပြီးနေပြီကို... လျှောက်ပြောမနေနဲ့တော့... အိပ်တော့ကွာ"
လင်းယွမ် အလွန် ပျော်ရွှင်သွားသည်။ ရန်မေ၏ အစွမ်းက ရေခဲနှင့် ပတ်သက်နေပြီး သူမခန္ဓာကိုယ်ထဲတွင် နောက်ထပ် ကိုယ်ရည်ကိုယ်သွေး တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။
မူလက ရန်မေသည် ထို ရေခဲအစွမ်းကို ထုတ်သုံးနိုင်မည် မဟုတ်ဟု သူ ထင်ထားသော်လည်း ယခုကဲ့သို့ ထုတ်သုံးနိုင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ခုနက သူ ကြာကြာ မထိန်းနိုင်လိုက်ခြင်းမှာလည်း အမမေက ထိုအကွက်ကို ရုတ်တရက် သုံးလိုက်သောကြောင့် အငိုက်မိကာ လက်နက်ချလိုက်ရခြင်း ဖြစ်သည်။
"အမမေ... အမရဲ့ အစွမ်းက ဘယ်အဆင့်ထိ လုပ်နိုင်လဲ"
"ဟင်... နင် လိုချင်နေသေးတာလား" ရန်မေ လန့်ဖျပ်သွား၏။
လင်းယွမ်က သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်ပြီး "ဘာတွေ ပြောနေတာလဲ... ကျွန်တော် မေးတာက အမရဲ့ ရေခဲအစွမ်းက ကျောက်ခိုင်ရဲ့ အဆင့်ကို မီလားလို့"
"ကျောက်ခိုင် အဆင့်လောက် ရတယ်ဆိုရင် တိုက်ခိုက်ရေးအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားပြီ"
ရန်မေ သက်ပြင်းချလိုက်ပြီး ခေါင်းခါပြကာ "မရဘူး... အဲဒီ အစွမ်းက တစ်ခါတလေမှ သုံးလို့ရတာ... အမ စိတ်တိုင်းကျ ခိုင်းလို့မရသလိုပဲ"
လင်းယွမ် မျက်မှောင်ကြုတ်သွား၏။ "ဘယ်လိုဖြစ်လို့လဲ"
"အဲဒီ အစွမ်းက အမ ပိုင်တာ မဟုတ်သလို ခံစားနေရတယ်"
"ပြီးတော့ အစွမ်း နိုးထတုန်းက မက်တဲ့ အိမ်မက်ကိုလည်း ခဏခဏ ပြန်မက်နေတယ်... ရေခဲဖုံးနေတဲ့ နန်းတော်ကြီးရယ်... ရေခဲရိုက်ထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်... ပြီးတော့ ရေခဲ ဖြစ်နေတဲ့ သတ္တဝါဆန်းကြီးတွေ အများကြီးပဲ"
လင်းယွမ် စိတ်ထဲ ထိတ်လန့်သွားသည်။ အိမ်မက်တစ်ခုတည်းကို ထပ်ခါထပ်ခါ မက်နေခြင်းက လက္ခဏာကောင်း မဟုတ်ပေ။
"အိမ်မက်ထဲမှာ ဘာထူးခြားတာ ဖြစ်သေးလဲ"
"မဖြစ်ပါဘူး... ဒါပေမဲ့ အဲဒီနေရာကို လာရှာဖို့ ပြောနေတဲ့ အသံတစ်ခုကို အမြဲ ကြားနေရတယ်"
လင်းယွမ် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ အခြေအနေ မဟန်ပေ။
"ဒါဆို ခုနက အဲဒီအစွမ်းကို ဘယ်လိုလုပ် ရုတ်တရက် သုံးနိုင်သွားတာလဲ"
"အမလည်း မသိဘူး... စိတ်ထဲမှာ... စိတ်ထဲမှာ နင် မြန်မြန်ပြီးစေချင်တာပဲ တွေးနေမိတော့ အလိုလို ထွက်လာတာ" ရန်မေက မျက်နှာရဲရဲဖြင့် ပြောလိုက်၏။
လင်းယွမ် ဆွံ့အသွားသည်။ ဒါက ငါ့ရဲ့ ကံကြောင့်ပဲလား။
သူက ချက်ချင်း ပြောလိုက်သည်။ "နေလို့ရမယ့် လိုဏ်ဂူ စခန်း တူးပြီးသွားရင် ကျွန်တော် အားစိုက်ထုတ်ပြီး ကူညီပေးမယ်... အဲဒီကျရင် အမရဲ့ စွမ်းရည်ကို သေချာ လေ့လာကြည့်ကြတာပေါ့"
ရန်မေ မော့ကြည့်လိုက်ပြီး သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်၏။
သူမ၏ စွမ်းရည်ကို ကူညီပြီး လေ့လာပေးချင်တာလား၊ သူ့ကိုယ်ကျိုးအတွက်ပဲလား ဆိုတာ မဝေခွဲနိုင်တော့ပေ။
တစ်ရေးအိပ်ပြီး နိုးလာသောအခါ မိုးလင်းနေပြီ ဖြစ်သည်။
မိုးသားတိမ်လိပ်များ အုံ့မှိုင်းနေဆဲဖြစ်ပြီး မိုးဖွဲဖွဲကျကာ အလင်းရောင် သိပ်မရှိသော်လည်း ဘာမှမမြင်ရသော ညအချိန်ထက်စာလျှင် အများကြီး သာလွန်နေပြီ ဖြစ်သည်။
လင်းယွမ် ဘေးကို စမ်းကြည့်လိုက်ရာ ရန်မေ၏ နူးညံ့သော ခန္ဓာကိုယ်ကို မတွေ့ရတော့ပေ။
သူ မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဝါးအိမ်အောက်ထပ်မှ ရယ်မောသံ သဲ့သဲ့ ကြားရပြီး ဟင်းချက်နံ့သင်းသင်းလေးလည်း ရနေ၏။
သူ ထလိုက်ပြီး အောက်ထပ်ကို ငုံ့ကြည့်လိုက်ရာ ရန်မေ၊ တင်းယန်၊ ဆုန့်ဝမ်၊ တုံယန်နှင့် လျှိုဖိန်ဖိန်တို့ မိန်းကလေးတစ်စု အောက်ထပ်တွင် စကားထိုင်ပြောနေကြသည်ကို တွေ့လိုက်ရသည်။
စကားပြောရင်း မီးဖိုကာ ထမင်းဟင်း ချက်ပြုတ်နေကြ၏။
လင်းယွမ် ပြုံးလိုက်မိသည်။ လူတိုင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် တက်ကြွမှု အရိပ်အယောင်များ ယှက်သန်းနေကြ၏။
သူက အဝေးကို လှမ်းကြည့်လိုက်ရာ အောက်ဘက် ကားလမ်းမကြီးအနီးရှိ ကားပါကင်နေရာ၌ ကျောက်ခိုင်၊ ဦးလေးမာ၊ ချိုင်ကြည်တို့က လူအချို့ကို ဦးဆောင်ပြီး ဝါးပင်များနှင့် သစ်ပင်ကြီးများကို ခုတ်လှဲနေကြသည်ကို မြင်လိုက်ရသည်။ ဝါးအိမ်ကို ပိုမို ခိုင်ခံ့အောင် ပြုလုပ်ပြီး အဆောက်အအုံ ချဲ့ထွင်ရန် ပြင်ဆင်နေကြပုံရ၏။
လူတိုင်း အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြပြီး စခန်းတစ်ခုလုံး တက်ကြွ လှုပ်ရှားနေကြသည်။
အမျိုးသမီးများက ဝါးအိမ်ထဲတွင် ချက်ပြုတ်ရေး တာဝန်ယူထားကြပြီး အဒေါ်ကြီးလီတို့ကဲ့သို့ လူကြီးပိုင်း အမျိုးသမီးများက အနီးအနားရှိ ခြုံပုတ်များထဲတွင် စားကောင်းမည့် တောရိုင်းဟင်းရွက်များကို ရှာဖွေနေကြသလို မြေညှိနေသူများလည်း ရှိကြသည်။
စိုက်ပျိုးရေး လုပ်နိုင်မည့် မြေနေရာကို စတင် ပြင်ဆင်နေကြပုံရ၏။
လင်းယွမ်က လူများကို ကျော်လွန်ကာ ပတ်ဝန်းကျင် အနေအထားကို ကြည့်ရှုလိုက်သည်။
မနေ့ညက မှောင်လွန်းသဖြင့် အနီးအနားရှိ မြေပြင်အနေအထားကို သေချာ မမြင်ခဲ့ရပေ။
ပတ်ပတ်လည်တွင် သစ်ပင်စိမ်းများ ဝန်းရံထားပြီး တောင်ပေါ်လမ်းမကြီးမှလွဲ၍ လူလုပ်ထားသော အရာဟူ၍ မရှိသလောက်ပင်။
ရေကြီးပြီးနောက်ပိုင်း သက်ရှိအရာအားလုံး ဆင့်ကဲပြောင်းလဲလာခဲ့ရာ အပင်များလည်း အရူးအမူး ကြီးထွားလာခဲ့ကြသည်။
အနီးအနားရှိ သစ်ပင်အများစုမှာ အလွန်မြင့်မား ကြီးမားလာရုံသာမက ပုံသဏ္ဍာန်များလည်း ထူးခြားစွာ ပြောင်းလဲလာကြ၏။
ဝါးပင်များသည် စိမ်းစိုမနေတော့ဘဲ အစိမ်းရောင်ထဲတွင် မီးနီရောင်များ ရောယှက်နေသည်။
မိုးထိုးနေသော သစ်ပင်ကြီးများ၏ အခေါက်များမှာ သံကဲ့သို့ မာကျော ခိုင်ခံ့နေ၏။
သစ်ရွက်များလည်း ပြားကားကြီးမားလာကြပြီး ထိုသို့ဖြစ်မှသာ ပိုလျှံနေသော ရေဓာတ်များကို စွန့်ထုတ်နိုင်မည် ဖြစ်ပုံရသည်။
အဝေးသို့ လှမ်းကြည့်လိုက်လျှင် တောင်အောက်၌ ဖွေးဖွေးလှုပ်နေသော ရေပြင်ကြီးကို တွေ့ရသည်။
ဖွေးဖွေးလှုပ်နေသော ရေပြင်ကျယ်ကြီးပေါ်တွင် ရေမြုပ်နေသော အဆောက်အအုံ မြင့်မြင့်အချို့ကို တံတားခင်းမထားသော တံတားတိုင်များသဖွယ် ရေထဲ၌ ထီးထီးကြီး တွေ့မြင်နေရ၏။
ရံဖန်ရံခါ အဆောက်အအုံအချို့မှ မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်နေသည်ကို မြင်ရတတ်သည်။
အကွာအဝေး ဝေးကွာလွန်းသဖြင့် သိပ်တော့ သဲကွဲစွာ မမြင်ရပေ။
ရေမျက်နှာပြင်ပေါ်တွင် အမှိုက်သရိုက် အစအနများ မျောပါနေသည်ကိုလည်း ဝိုးတဝါး မြင်နေရသည်။
လင်းယွမ် သက်ပြင်းချလိုက်မိသည်။ တိုက်ခန်းကျဉ်းကျဉ်းထဲမှ ထွက်ခွာလာပြီးနောက် လုံခြုံသည်ဟု ယူဆရသော ခြေချရာနေရာတစ်ခုကို သူ ရှာတွေ့ခဲ့ပြီ။
သို့သော် ရေမျက်နှာပြင်သာ ဆက်လက် မြင့်တက်လာမည်ဆိုလျှင် ဤတောင်ကြီးပါ ရေမြုပ်သွားမည်လော ဆိုသည်ကိုတော့ သူ မသိပေ။
အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် ကုန်းနေသတ္တဝါ အများစု အသက်ရှင် ကျန်ရစ်နိုင်တော့မည် မဟုတ်ချေ။
"မဖြစ်နိုင်ပါဘူး... အဲဒီလောက်ထိတော့ မဖြစ်လောက်ပါဘူး"
လင်းယွမ် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။ အကယ်၍သာ ထိုသို့ ဖြစ်လာခဲ့လျှင် လူသားမျိုးနွယ်အတွက် သေလမ်းသာ ရှိတော့မည် မဟုတ်ပါလား။
သူ ကောင်းကင်ကို မော့ကြည့်လိုက်ရာ မိုးက မတိတ်သေးဘဲ တိမ်မည်းကြီးများက မိုးကောင်းကင်ကို ဖုံးလွှမ်းထားဆဲပင်။
တိမ်လွှာများကြားတွင် တစ်စုံတစ်ခု ဖြတ်သန်းသွားသလို ဝိုးတဝါး မြင်လိုက်ရ၏။ သေချာတော့ မမြင်ရပေ။
မိန်တုဥယျာဉ်တွင် ရှိစဉ်က စစ်တပ်လေယာဉ်ကို တိုက်ခိုက်ခဲ့သော ငှက်ကြီးကို လင်းယွမ် ပြေးမြင်လိုက်မိသည်။
"အဲဒီ တိမ်တွေအပေါ်မှာ ဘာတွေ ရှိနေမလဲ"
"ဟို ငှက်ကြီးတွေကရော ဘယ်မှာ နေကြတာလဲ"
"ကုန်းမြေမရှိဘဲ သူတို့ ဘယ်လို နားခိုကြမလဲ"
လင်းယွမ် မျက်မှောင်ကြုတ်ထားမိသည်။ ထိုအတွေးများ ခေါင်းထဲ ဝင်လာသော်လည်း အဖြေရှာမရခဲ့ပေ။
"အစ်ကိုလင်း... နိုးပြီလား... ထမင်းလာစားတော့လေ"
အောက်ထပ်မှ ဆုန့်ဝမ်က မော့ကြည့်လိုက်ရာ လင်းယွမ် ငေးငိုင်နေသည်ကို တွေ့သဖြင့် လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
လင်းယွမ် သတိဝင်လာပြီး သူမကို ပြုံးပြလိုက်ကာ "နိုးပြီ... နင်တို့ ဘာဟင်းကောင်းတွေ ချက်နေကြတာလဲ"
ဆုန့်ဝမ်က ရွှေဝါရောင်သမ်းနေသော မုန့်ပြားတစ်ခုကို မြှောက်ပြလိုက်ပြီး "အမမေက အာလူးကပ်သလိပ် ကြော်ထားတယ်... အထဲမှာ ငရုတ်သီးစိမ်းလေးတွေ ထည့်ထားတော့ မွှေးပြီး စပ်စပ်လေးနဲ့ အရမ်းစားကောင်းတယ်"
လင်းယွမ် ရယ်မောလိုက်မိသည်။ ရန်မေကလွဲပြီး ဘယ်သူမှ ဒီလိုလက်ရာမျိုး လုပ်တတ်မည် မဟုတ်ပေ။
သူ ဝါးအိမ်အောက်ထပ်သို့ ဆင်းလာပြီး သူမတို့ရှိရာ အလွှာသို့ ရောက်သောအခါ တင်းယန်တစ်ယောက် ပန်းကန်လုံးအဖြူ တစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ ပန်းကန်လုံးထဲတွင် ပဲနို့မှုန့် ဖျော်ထားပုံရပြီး ကျန်လက်တစ်ဖက်တွင် အာလူးကပ်သလိပ်ကြော် ကိုင်ထားသည်။
အာလူးကပ်သလိပ်ကြော် တစ်ကိုက်၊ ပဲနို့ တစ်ငုံဖြင့် မြိန်ရေရှက်ရေ စားသောက်နေ၏။
လင်းယွမ်ကို မြင်သည်နှင့် သူမက မျက်စောင်းထိုးလိုက်ပြီး "အိပ်တာလည်း သေမလိုပဲ... မိစ္ဆာကောင်တွေ လာရင်တောင် သိမှာမဟုတ်ဘူး"
လင်းယွမ် ရယ်လိုက်ပြီး "ဘာဖြစ်လို့လဲ... မနက်စောစောစီးစီး ဒေါသတွေ ထွက်နေပါလား... အမမေ... သူ့ကို ဂျုံမုန့်ပြား နှစ်ချပ်လောက် လုပ်ကျွေးလိုက်ပါဦး... ငရုတ်သီးတွေ စားလွန်းရင် တချို့လူတွေ အပူကန်တတ်တယ်"
တင်းယန် ဒေါသထွက်သွားပြီး "ရှင် ဘယ်သူ့ကို ပြောတာလဲ... ရှင်ကသာ တစ်ညလုံး ဇိမ်တွေ့ပြီး ကောင်းနေတာလေ... ရှင့်အောက်ထပ်မှာ နေရတဲ့ ကျွန်မတို့ကတော့ ကံဆိုးမိုးမှောင် ကျတာပဲ... အိပ်တောင် မအိပ်ရဘူး... ရှင့်နေရာမှာသာဆိုရင် အပူမကန်ဘဲ နေမလား"
မုန့်ကြော်နေသော ရန်မေ၏ မျက်နှာလေး နီရဲသွားပြီး နေရခက်သွား၏။
လင်းယွမ်ကတော့ တင်းယန်၏ အကျင့်ကို သိနေသလို မျက်နှာလည်း ပြောင်နေပြီ ဖြစ်သည်။
သူက ပြုံးလိုက်ပြီး "ဒါဆိုလည်း ညကျရင် အပေါ်ထပ် လာအိပ်မလား"
တင်းယန် ကြောင်သွားပြီး ရန်မေကို အလန့်တကြား လှမ်းကြည့်လိုက်မိသည်။ ထို့နောက်မှ လင်းယွမ် သူမကို စနေမှန်း သဘောပေါက်သွား၏။
သူမ ဒေါသတကြီးဖြင့် "သွားသေလိုက်"
လင်းယွမ်က ရန်မေဘေးသို့ လျှောက်သွားလိုက်သည်။ ရန်မေ၏ မျက်စောင်းထိုးနေမှုကို လစ်လျူရှုကာ အာလူးကပ်သလိပ်ကြော် တစ်ခု ယူလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ နွားနို့တစ်ဘူး ထုတ်ယူလိုက်သည်။
အခြား မိန်းကလေးများ ထိုမြင်ကွင်းကို ကြည့်ပြီး အားကျနေကြ၏။
"ဒီ ဟင်းလင်းပြင်အစွမ်းက သိပ်မိုက်တာပဲ... ဘာမဆို ထည့်ထားလို့ ရတယ်" တုံယန်က အားကျစွာ ပြောလိုက်သည်။
"ကျွန်မကို နွားနို့တစ်ဘူး ပေး" တင်းယန်က လှမ်းတောင်းလိုက်၏။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "နင့်အရွယ်ရောက်နေမှတော့... နို့ထွက်ပစ္စည်းတွေ လျှော့သောက်သင့်တယ်"
တင်းယန် ကြောင်သွားပြီး သူမ၏ မို့မောက်နေသော ရင်ဘတ်ကို ငုံ့ကြည့်လိုက်ကာ သူ့ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။ "ပေးစမ်းပါ"
သူမက လင်းယွမ်လက်ထဲမှ နွားနို့ဘူးကို အတင်းလုယူကာ လှည့်ထွက်သွား၏။
သို့သော် ဘာကြောင့်မှန်းမသိ၊ မနက်ခင်းက မကြည်မလင် ဖြစ်နေသော သူမ၏ စိတ်အခြေအနေက ရုတ်တရက် ကြည်လင်လန်းဆန်း သွားသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်က သူမကို ရိပ်ဖမ်းသံဖမ်း စကားလုံးများဖြင့် စနောက်ရဲလာသည်ကို သတိပြုမိလိုက်၏။
ယခင် အဆောက်အအုံထဲတွင် ရှိစဉ်က ရန်မေ ရှိနေလျှင် သူ ဘယ်တော့မှ ဒီလို အတင့်ရဲလေ့ မရှိခဲ့ပေ။
"သူ... တစ်ခုခု ပြောင်းလဲသွားသလိုပဲ"
တင်းယန် စိတ်ထဲ တွေးလိုက်မိသည်။
လင်းယွမ်က နောက်ထပ် နွားနို့တစ်ဖာ ထုတ်ယူလိုက်ပြီး ဆုန့်ဝမ်၊ လျှိုဖိန်ဖိန် နှင့် တုံယန်တို့ကို နှစ်ဘူးစီ ဝေငှပေးလိုက်သည်။ ထို့နောက် နွားနို့တစ်ဘူး ထပ်ထုတ်ပြီး ရန်မေကို ပေးလိုက်၏။
ရန်မေက ပြုံးလျက် လှမ်းယူလိုက်ရာ လင်းယွမ်က သူမ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အမ ဟာက ပူသေးတယ်"
ရန်မေ ကြောင်သွားပြီး မျက်နှာတွင် ကြည်နူးရိပ်များ ယှက်သန်းသွား၏။
မနေ့က သူမ ရာသီလာတော့မည် ဖြစ်ကြောင်း လင်းယွမ်ကို ပြောပြခဲ့ရာ ယနေ့ သူက သူမအတွက် နွားနို့ကို အပူပေးထားလေသည်။
ဒါက သူ့သဘောထားကို ပြသနေခြင်းပင်။
သူ့အနေဖြင့် အခြားမိန်းကလေးများနှင့် မည်သို့ပင် ရောရောနှောနှော နေပါစေ၊ သူ့စိတ်ထဲတွင် သူမက အမြဲတမ်း နံပါတ်တစ် နေရာတွင် ရှိနေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ရန်မေသည် ဉာဏ်ကောင်းသော အမျိုးသမီး ဖြစ်သည်။ သူမ စောစောစီးစီးကတည်းက နားလည်ထားပြီး ဖြစ်၏။
လင်းယွမ်လို ထူးချွန်ထက်မြက်သည့် ယောကျာ်းတစ်ယောက်ကို သူမ တစ်ယောက်တည်း ပိုင်ဆိုင်ထားဖို့ ဆိုတာ မဖြစ်နိုင်ပေ။
သို့သော် လင်းယွမ်က သူမကို အမြဲ ဂရုစိုက်ပြီး စိတ်ထဲ ထည့်ထားပေးတာလေး တစ်ခုနဲ့တင် သူမ ကျေနပ်နေပြီ ဖြစ်သည်။
သူမက လေသံတိုးတိုးဖြင့် "ဆုန့်ဝမ်လည်း ဒီရက် ရောက်နေတာ... သူ့ကိုလည်း ပူတာလေး လဲပေးလိုက်ပါလား"
လင်းယွမ် မျက်ခုံးပင့်သွားပြီး ဟိုဘက်မှ ဆုန့်ဝမ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ရန်မေကို ပြန်ပြောလိုက်၏။ "သူ့ကိစ္စ ထားလိုက်ပါ... ကျွန်တော့်အတွက်က အမကသာ အရေးအကြီးဆုံး"
ရန်မေ သဘောကျစွာ ပြုံးလိုက်ပြီး သူ့ကို တွန်းထုတ်လိုက်ကာ "သွားပါ... စကားတွေ များမနေနဲ့"
လင်းယွမ်က မတတ်သာသည့် ပုံစံဖြင့် "အမ ပြောလို့နော်"
သူက နွားနို့ပူပူ တစ်ဘူး ထုတ်ယူပြီး ဆုန့်ဝမ် ဆီသို့ လျှောက်သွားလိုက်သည်။
သူ့မျက်နှာပေါ်မှ မတတ်သာသည့် အမူအရာက စိုးရိမ်ပူပန်သည့် ပုံစံသို့ ချက်ချင်း ပြောင်းလဲသွား၏။
"ဆုန့်ဝမ်... နင် ဒါလေး သောက်လိုက်... ပူပူလေး"
"ရှင်"
ဆုန့်ဝမ် ကြောင်သွားပြီးမှ သဘောပေါက်သွားကာ မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။
လင်းယွမ်က ပြောမနေတော့ဘဲ သူမလက်ထဲမှ အေးနေသော နွားနို့ဘူးနှင့် လဲပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "ဒီရက်ပိုင်း အပြင်ထွက်ပြီး မိုးရေမစိုစေနဲ့... သိလား"
ဆုန့်ဝမ် ရင်ထဲ နွေးထွေးသွားပြီး 'ဟုတ်' ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ထို့နောက် ချက်ချင်း သတိဝင်လာပြီး "ဟင့်အင်း... မဟုတ်ဘူး... ကျွန်မ ဘာမှမဖြစ်ပါဘူး"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "ဘာကို ဘာမှမဖြစ်ရမှာလဲ... ဒီကိစ္စက နာလာရင် သေလောက်အောင် ခံစားရတာ"
"အဲဒါက အရင်တုန်းကပါ... အစွမ်းတွေ နိုးလာပြီးကတည်းက အဲဒါ ဖြစ်ရင်လည်း မနာတော့ဘူး"
"ပြီးတော့ ရှင် မေ့နေတာလား... ကျွန်မရဲ့ အစွမ်းက ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားနိုင်စွမ်း ရှိတယ်လေ"
လင်းယွမ် အံ့သြသွားသည်။ "ရာသီလာတာကိုတောင် ပြန်ကုစားနိုင်တယ်လား"
"ဟာ... မဟုတ်ဘူးလေ... ကျွန်မ ပြောတာက နာတာကို ပြောတာ... ဟာ... ရှင်နဲ့ ပြောရတာ ရှုပ်ကုန်ပြီ" ဆုန့်ဝမ် ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး ရှင်းလေ ရှုပ်လေ ဖြစ်နေတော့သည်။
လင်းယွမ် စဉ်းစားခန်း ဝင်သွား၏။ မိန်းကလေးတွေ ရာသီလာလျှင် တချို့က နာကျင်ကိုက်ခဲတတ်ပြီး တချို့က မနာတတ်ကြပေ။
အမှန်တကယ်တော့ မနာကျင်ခြင်းက ပုံမှန်ဖြစ်ပြီး နာကျင်ကိုက်ခဲခြင်းက ခန္ဓာကိုယ်ထဲတွင် ပြဿနာ တစ်ခုခု ရှိနေခြင်း ဖြစ်နိုင်သည်၊ ရောဂါတစ်ခု ဖြစ်နိုင်သည်။
လူအများ ထင်သလို သည်းခံလိုက်လျှင် ပြီးသွားမည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု မဟုတ်ပေ။
လက်တွေ့တွင်လည်း ရာသီကိုက်ခဲတတ်သော အမျိုးသမီး အများစုသည် ဆေးရုံဆေးခန်းပြပြီး ဆေးသောက်လိုက်လျှင် သက်သာသွားတတ်ကြသည်။
ဆုန့်ဝမ် ကုစားနိုင်သည်မှာ ရာသီလာခြင်းကို မဟုတ်ဘဲ နာကျင်ကိုက်ခဲခြင်းကို ကုစားခြင်း ဖြစ်ပေလိမ့်မည်။
လင်းယွမ် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိလိုက်သည်။ ဆုန့်ဝမ်ရဲ့ ကုစားနိုင်စွမ်းက ဘယ်လို ဒဏ်ရာမျိုးကိုမဆို ကုစားနိုင်တာလား။
ဒါဆို နောက်ပိုင်း အတူနေဖြစ်ရင်ရော... သူမရဲ့ ပထမဆုံးအကြိမ်က ဘယ်လိုလုပ်မလဲ...
တစ်ခါပြီးတိုင်း ပြန်ကောင်းနေရင်... ထာဝရ အပျိုစင် ဖြစ်နေတော့မှာပေါ့...
ဆက်ရန်...
အပိုင်း (၁၉၆) လွတ်လပ်သော ကုန်သွယ်မှုစနစ် တည်ဆောက်ခြင်း အယူအဆ
လင်းယွမ်က ခေါင်းကို အလျင်အမြန် ယမ်းခါလိုက်ပြီး ထိုထူးဆန်းသော အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
ထို့နောက် ဆုန့်ဝမ်အား လှည့်ပြောလိုက်၏။
"ထမင်းစားပြီးရင် ကင်းလှည့်အဖွဲ့ခေါင်းဆောင်တွေကို ခေါ်လိုက်ပါဦး... ငါပြောစရာရှိလို့"
"ဟုတ်ကဲ့... ခဏနေ သွားခေါ်လိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး သူမနှင့် စကားအနည်းငယ် ထပ်ပြောကာ ပေါင်မုန့်ကို ဆက်စားနေလိုက်သည်။
လူတွေ သတိမထားမိသည့်အချိန်တွင် သူက တုံယန်ရှိရာဘက်သို့ လျှောက်သွားလိုက်ပြီး...
"တုံယန်... တုံကျဲရော"
တုံယန်က သူ့ကို စူပုတ်ပုတ် မျက်နှာပေးဖြင့် ကြည့်ကာ နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
"သူက ကုဖုန်းတို့နဲ့ အတူသွားနေတယ်... ကျွန်မတို့နေတဲ့ အလွှာက မိန်းကလေးတွေချည်းပဲမို့ အဆင်မပြေဘူးလေ"
လင်းယွမ်က ပြုံးစစ မျက်နှာထားဖြင့်...
"နောက်မှ ဒီနို့နှစ်ဖာကို တုံကျဲနဲ့ ကုဖုန်းဆီ ပေးလိုက်... ဒီတစ်ဖာကတော့ နင့်အတွက်"
တုံယန်မှာ ကြောင်အမ်းသွားပြီး နို့ဘူးကို မသိစိတ်ဖြင့် လှမ်းယူလိုက်မိသည်။
လက်ထဲသို့ နို့ဘူးရောက်လာသည်နှင့် နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူမ မျက်လုံးများ ပြူးကျယ်သွားပြီး လင်းယွမ်ကို မော့ကြည့်လိုက်မိ၏။
"အစ်ကိုလင်း"
"ရှူး... ကိုယ့်ဘာသာပဲ သောက်လိုက်... ဘာမှ မပြောနဲ့... နောက်မှ နင့်မောင်လေးကို တွေ့ရင် ရေဒီယိုကို ဂရုစိုက်နားထောင်ခိုင်းလိုက်ဦး... ဒီနေရာက စစ်တပ်ရေဒီယိုလိုင်း ဖမ်းလို့မိလောက်တယ်"
"သူ့ကို ရေဒီယို စောင့်နားထောင်ခိုင်းပြီး စစ်တပ်က ထုတ်လွှင့်မယ့် အချိန်ကို မှတ်ခိုင်းထား... ပြီးရင် သတင်းအချက်အလက်တွေကို သေချာမှတ်သားခိုင်းလိုက်"
တုံယန်က ထိုစကားကို ကြားသောအခါ လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... အစ်ကိုလင်း... ကျွန်မ သေချာ ပြောလိုက်ပါ့မယ်"
"သင်္ကေတ... ကဲ... များများစား... ကြည့်ပါဦး ပိန်နေလိုက်တာ... နင့်အမ ရန်မေ... အမတင်းယန်နဲ့ အမဆုန့်ဝမ်တို့ကို ကြည့်ပြီး အားကျဦး"
လင်းယွမ်က ထိုသို့ပြောပြီးနောက် လှေကားအတိုင်း အောက်ထပ်သို့ ဆင်းသွားလေသည်။
တုံယန်မှာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ပြီး သူမ၏ ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မိသည်။
အရင်တုန်းက အမှတ် (၇၅) တိုက်မှာ ပိတ်မိနေတုန်းကတော့ အစာရေစာ ပြတ်လပ်ပြီး ပိန်ချုံးနေခဲ့တာ မှန်ပါသည်။
ဒါပေမဲ့ အချိန်တွေ ဒီလောက် ကြာသွားပြီပဲ... သူမ ကိုယ်အလေးချိန်လည်း ပြန်တက်လာပါပြီ... သိပ်မှ မပိန်တော့တာ...
သူမက ရန်မေနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဆုန့်ဝမ်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာတွင် သံသယများ ဖြစ်ပေါ်လာသည်။
သူတို့နှစ်ယောက်လည်း သိပ်မဝပါဘူး...
သူမက နေရာမှထကာ အကြောင်းပြချက်တစ်ခု ရှာပြီး ဆုန့်ဝမ်အနားသို့ ကပ်သွားလိုက်သည်။
ထို့နောက် ဆုန့်ဝမ်၏ ခန္ဓာကိုယ်နှင့် သူမ၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်၏။
အစ်မဆုန့်ဝမ်လောက် အရပ်မရှည်တာကလွဲရင် ကျန်တာ အတူတူလောက်ပါပဲ...
အော်... ရင်ဘတ်ကတော့ အစ်မဆုန့်ဝမ်လောက် မကြီးဘူးပဲ...
ဟင်...
ရင်ဘတ်...
သူမ ခေတ္တမျှ ကြောင်သွားပြီးနောက် သူမ၏ ရင်ဘတ်ကို အလျင်အမြန် ငုံ့ကြည့်လိုက်သည်။
"ဒီ" မဟုတ်ရင်တောင် "စီ" တော့ ရှိပါတယ်...
အစ်ကိုလင်း ပြောချင်တာက... ဒီသဘောလား...
တုံယန်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ရင်ဘတ်ကို ကျုံ့ကာ သူမ၏ ကုတင်ဆီသို့ အမြန်ပြန်ပြေးလေတော့သည်။
သူမက ကျန်နေသော နို့ဘူးနှစ်ဘူးကို ကြည့်ရင်း တွေဝေသွား၏။
"ထားလိုက်ပါတော့... တစ်ဘူးကို မောင်လေးပေးပြီး... ကုဖုန်းဆိုတဲ့ကောင်ကိုတော့ မပေးတော့ဘူး... ဒီတစ်ဘူးကို ငါပဲ သောက်လိုက်တော့မယ်"
"ဒါပေမဲ့... ဒါသောက်ရင် တကယ်ပဲ ကြီးလာမှာလား"
မိန်းမပျိုလေးမှာ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်လိုက်မိလေသည်။
......
"အစ်ကိုလင်း... မင်္ဂလာနံနက်ခင်းပါ"
"ဆရာလင်း... မင်္ဂလာပါ"
"မင်္ဂလာပါ ဆရာလင်း"
လင်းယွမ် အောက်ထပ်သို့ ဆင်းလာစဉ် တစ်လျှောက်လုံးတွင် လူအများအပြားက သူ့ကို နှုတ်ဆက်ကြသည်။
ခြေတံရှည်အိမ်က အထပ်ပေါင်း (၁၀) ထပ်ကျော် မြင့်မားသည်။ အောက်ဘက် အထပ်များက အဆင်ပြေသော်လည်း ဝါးလှေကားဖြင့်သာ အတက်အဆင်း ပြုလုပ်ရသည်။
အပေါ်ထပ်မှ လူများသည် အောက်ထပ်သို့ အရင်ဆင်းပြီးမှ မြေပြင်သို့ ဆက်ဆင်းရသည်။
လင်းယွမ်က လူတိုင်းကို ခေါင်းညိတ်နှုတ်ဆက်ရင်း မြေပြင်နှင့် (၇) ထပ် (၈) ထပ်ခန့် အလိုသို့ ရောက်သောအခါ စိတ်မရှည်တော့သဖြင့် ကိုယ်ကိုပစ်လွှတ်ကာ ခုန်ချလိုက်တော့သည်။
"ဒုန်း"
မြေကြီးပေါ်သို့ ခြေချလိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူက ဒူးကို အနည်းငယ် ကွေးလိုက်ရုံဖြင့် ပြင်းထန်သော သက်ရောက်မှု အရှိန်ကို လျှော့ချလိုက်ပြီး သက်တောင့်သက်သာပင် မတ်တတ်ရပ်လိုက်သည်။
အပေါ်ထပ်မှ အစွမ်းမနိုးထသေးသော သာမန်လူများက ထိုမြင်ကွင်းကို ကြည့်ပြီး အားကျသည့် မျက်လုံးများဖြင့် ငေးကြည့်နေကြ၏။
လင်းယွမ်က ထိုအကြည့်များကို ဂရုမစိုက်ဘဲ အလုပ်ရှုပ်နေကြသော လူများကို နှုတ်ဆက်ရင်း ကျောက်ခိုင်နှင့် ရန်ဆန်းမင်တို့ ရှိရာသို့ သွားလိုက်သည်။
"ကျောက်ခိုင်... ဒေါက်တာရန်... ဘာတွေ လုပ်နေကြတာလဲ"
ရန်ဆန်းမင်သည် လက်နက်များကို ထက်မြက်စေသော အစွမ်းဖြင့် ပြုပြင်ပေးနေခြင်း ဖြစ်သည်။ မည်မျှပင် တုံးနေသော လက်နက်ဖြစ်ပါစေ၊ သူ၏ အစွမ်းဖြင့် ပြုပြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ထက်မြက်သွားလေသည်။
ကျောက်ခိုင်မှာမူ သစ်သားပြားများကို ဖြတ်တောက်နေပြီး လင်းယွမ်ကို မြင်သောအခါ...
"အစ်ကိုလင်း... ကျွန်တော်တို့ အလွှာအတွက် နံရံကာဖို့ စဉ်းစားနေတာ... ဒီသစ်သားတွေနဲ့ ကာလိုက်ရင် မိုးဒဏ်လေဒဏ် ခံနိုင်တာပေါ့"
လင်းယွမ်က ခေါင်းကို အသာခါရင်း...
"အပင်ပန်းခံမနေနဲ့တော့... ဝါးအိမ်က ခဏပဲ နေရမှာ... ငါတို့ရဲ့ စခန်းကို အဆင့်မြှင့်တင်ရမယ်"
ရန်ဆန်းမင်က ထိုစကားကို ကြားသော် လက်ထဲမှ အလုပ်ကို ရပ်တန့်ကာ လင်းယွမ်ကို ကြည့်လိုက်သည်။
"ဆရာလင်း... ဘယ်လို အစီအစဉ် ရှိလို့လဲ"
လင်းယွမ်က တောင်နံရံကို ညွှန်ပြရင်း ပြောလိုက်သည်။
"ငါ တောင်နံရံကို ထွင်းပြီး ဂူစခန်း တည်ဆောက်မယ်လို့ စိတ်ကူးထားတယ်"
ရန်ဆန်းမင်၏ မျက်လုံးများ အရောင်လက်သွား၏။
"ဟုတ်သားပဲ... ကျွန်တော် ဘာလို့ မစဉ်းစားမိပါလိမ့်... တကယ်လို့ တောင်ကိုဖောက်ပြီး ဂူလုပ်နိုင်ရင် ထူထဲတဲ့ တောင်နံရံတွေက အကာအကွယ် ပေးနိုင်တော့ ဘယ်သန္ဓေပြောင်း သတ္တဝါကိုမှ ကြောက်စရာ မလိုတော့ဘူး"
လင်းယွမ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"မနေ့ညက တောထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ခင်ဗျားတို့လည်း မြင်မှာပါ... သန္ဓေပြောင်း သတ္တဝါတွေထဲမှာ အတော်လေး ကြောက်ဖို့ကောင်းတဲ့ ကောင်တွေ ရှိနေတယ်"
"ခြေတံရှည်အိမ်တို့... ဝါးအိမ်တို့လောက်နဲ့ဆိုရင် အဲဒီကောင်တွေရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်မယ် မထင်ဘူး"
"တောင်ဂူထဲမှာ နေမှပဲ လုံခြုံမှုရှိပြီး စိတ်အေးလက်အေး အိပ်လို့ရမှာ"
"ဒါနဲ့... မနေ့က ဖမ်းမိထားတဲ့ အစွမ်းနိုးထသူ နှစ်ယောက်ရော"
လင်းယွမ်က မနေ့က ကုန်းပေါ်မတက်ခင် ရေထဲတွင် ဖမ်းမိခဲ့သော အစွမ်းနိုးထသူ နှစ်ယောက်အကြောင်း ရုတ်တရက် သတိရသွားသည်။
တစ်ယောက်က ကိုယ်ပျောက်နိုင်ပြီး နောက်တစ်ယောက်က စိတ်ချင်း ဆက်သွယ်နိုင်သည်။
ကျောက်ခိုင်က ခါးသက်သက် ပြုံးရင်း...
"မနေ့က တိုက်ပွဲဖြစ်တုန်းက လူတွေ ဝိုင်းရိုက်ကြတာနဲ့ အဲဒီနှစ်ယောက် ပွဲချင်းပြီး သေသွားတယ်"
လင်းယွမ် သက်ပြင်းချလိုက်မိသည်။
"နှမြောစရာပဲ... သူတို့ကို စစ်မေးပြီး တခြားစခန်းတွေ ဘယ်လို တည်ဆောက်ထားလဲ ဆိုတာ မေးမလို့ဥစ္စာ"
"ဒါပေမဲ့လည်း အတူတူလောက်ပဲ ဖြစ်မှာပါ... ဒီတောင်ပေါ်မှာ ကျောက်ဂူလောက် ကောင်းတဲ့ ခိုလှုံရာနေရာ မရှိနိုင်ဘူး"
"ဒါဆို ဒီဝါးအိမ်ကရော... ဖျက်ပစ်ရမလား" ဟု ကျောက်ခိုင်က မေးသည်။
"ဘာလို့ ဖျက်ရမှာလဲ... ထားလိုက်... ရေတိုကာလအတွင်းမှာ လူတွေ ဒီမှာပဲ နေရဦးမှာ"
"ကျောက်ဂူတူးတယ် ဆိုတာက တစ်ရက်တစ်မနက်နဲ့ ပြီးတဲ့ကိစ္စမှ မဟုတ်တာ"
ကျောက်ခိုင်က သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ မကြာမီတွင် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်များအားလုံး ဆုန့်ဝမ်၏ အကြောင်းကြားမှုကြောင့် ရောက်ရှိလာကြသည်။
ကင်းလှည့်အဖွဲ့ ဖွဲ့စည်းပုံမှာ သိပ်အပြောင်းအလဲ မရှိပေ။ တင်းယန်၊ ကျောက်ခိုင်၊ လျှိုဖိန်ဖိန်တို့ကဲ့သို့ လူများက ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူကြပြီး အဖွဲ့တစ်ဖွဲ့လျှင် လူ (၅) ယောက်မှ (၆) ယောက်အထိ ပါဝင်သည်။
လက်ရှိတွင် အမှတ် (၇၆) တိုက်မှ အဖွဲ့ (၆) ဖွဲ့ ရှိပြီး လင်းယွမ်က ခေါင်းဆောင်နေရာများကို ပြန်လည် စီစဉ်လိုက်သည်။
တင်းယန်တို့၏ ခေါင်းဆောင်နေရာများ အပြောင်းအလဲ မရှိသော်လည်း ယခင်က သာမန်လူဖြစ်ခဲ့သော ဝူယင်၏ အဖွဲ့ကို ဝူယင်နှင့် ဝမ်အန်းတို့ ဦးဆောင်စေပြီး ဟွမ်ဟန်ကို အဖွဲ့ (၆) အား လွှဲပြောင်း ရယူစေသည်။ ဦးလေးမာနှင့် ချိုင်ကြည်တို့က ဟွမ်ဟန်ကို ကူညီပေးရမည် ဖြစ်သည်။
အကြောင်းမှာ ဟွမ်ဟန်နှင့် ရွှေအိုရောင် စပါးအုံးမြွေတို့ တွဲဖက်လိုက်လျှင် တိုက်ခိုက်စွမ်းရည် အလွန်မြင့်မားသဖြင့် သီးသန့်အဖွဲ့တစ်ဖွဲ့ ဦးဆောင်နိုင်သောကြောင့် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ သူမ၏ အသက်အရွယ် ငယ်ရွယ်ခြင်းကြောင့် လူမှုဆက်ဆံရေး အပိုင်းတွင် သိပ်မကျွမ်းကျင်လှပေ။ ထို့ကြောင့် ဦးလေးမာနှင့် ချိုင်ကြည်တို့ကို အကူအညီပေးရန် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ရန်ဆန်းမင် ရှိနေသော အမှတ် (၇၇) တိုက်ကိုလည်း အဖွဲ့ (၃) ဖွဲ့ ခွဲလိုက်သည်။ ခေါင်းဆောင်များမှာ ရန်ဆန်းမင်၊ ရှီဟိုင်ကျူးနှင့် ထန်ယင်းတို့ ဖြစ်ကြသည်။
တာအိုဆရာလင်းကိုမူ ထန်ယင်းအား ကူညီရန် လင်းယွမ်က တာဝန်ပေးလိုက်သည်။
ထန်ယင်း၏ ဒဏ်ရာများမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီဖြစ်ပြီး သူမ၏ အစွမ်းကိုလည်း လင်းယွမ်တို့ နားလည်သဘောပေါက်သွားကြပြီ ဖြစ်သည်။
သူမ၏ အစွမ်းမှာ ခွန်အားအမျိုးအစား မဟုတ်ဘဲ ပဲ့တင်ရိုက်ခတ်ခြင်း အစွမ်း ဖြစ်သည်။
လိပ်ကျွန်းပေါ်ရှိ ကျောက်ခက်များကို သူမ အလွယ်တကူ ရိုက်ခွဲနိုင်ခဲ့ခြင်းမှာ ပဲ့တင်ရိုက်ခတ်ခြင်း သဘောတရားကို အသုံးပြုပြီး မာကျောသော အခွံများကို တစ်မုဟုတ်ချင်း ကြေမွသွားစေခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် လင်းယွမ်က တာအိုဆရာလင်းကို ဒုခေါင်းဆောင် ပေးရန် ဆန္ဒမရှိသော်လည်း အမှတ် (၇၇) တိုက်မှ ဝါရင့်လူဟောင်းကြီး ဖြစ်နေသောကြောင့်သာ ဤသို့ စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်။
တာအိုဆရာလင်း၏ အစွမ်းမှာ အမြင်အာရုံ လှည့်စားခြင်းများ ပြုလုပ်နိုင်သော်လည်း တကယ့် လက်တွေ့ တိုက်ခိုက်မှုတွင် အားနည်းသည်။
အဓိကအချက်မှာ အန္တရာယ်ကင်းသွားသည်နှင့် ထိုတာအိုဆရာလင်းက လူရှုပ်စိတ် ပြန်ပေါ်လာခြင်းပင်။
ကျူးလင်လင်နှင့်လည်း ရှုပ်ရှုပ်ယှက်ယှက် နေသည့်အပြင် ယခုရက်ပိုင်းတွင် အလုပ်မလုပ်ဘဲ ဟိုဟိုဒီဒီသွားကာ မိန်းကလေးများကို လိုက်ပိုးပန်းနေတတ်သည်။
လင်းယွမ်က ရန်ဆန်းမင်ကို သွယ်ဝိုက်ပြီး ပြောပြထားသဖြင့် ရန်ဆန်းမင်က ဆရာလင်းကို ခေါ်ယူ သတိပေးထားရာ ယခုရက်ပိုင်း အနည်းငယ် ငြိမ်ကျသွားသည်။
သို့သော် အလုပ်လုပ်သည့် နေရာတွင်မူ ဘာမှ ဝင်ကူသည်ကို မတွေ့ရပေ။
တစ်ချိန်က တိန့်ဟူကို တော်လှန်ခဲ့ပြီး အမှတ် (၇၇) တိုက်သားများကို ကာကွယ်ပေးခဲ့ဖူးသည့် ကျေးဇူးကိုထောက်ကာ လူတိုင်းက မျက်စိမှိတ် သည်းခံနေကြခြင်း ဖြစ်သည်။
နောက်ဆုံးအဖွဲ့မှာ အမှတ် (၇၅) တိုက်မှ ဖြစ်သည်။ ထိုဘက်တွင် အသက်ရှင်ကျန်ရစ်သူ နည်းပါးသဖြင့် လင်းယွမ်က အားလုံးကို တုံယန်အား ဦးဆောင်စေပြီး ကုဖုန်းကို ဒုခေါင်းဆောင်အဖြစ် ကူညီစေလိုက်သည်။
အဖွဲ့အစည်း တည်ဆောက်မှု ပြီးစီးသွားပြီ ဖြစ်သဖြင့် ဖွဲ့စည်းပုံမှာ ယာယီအားဖြင့် ဤအတိုင်းပင် ဖြစ်သည်။
လူစုံပြီဖြစ်သဖြင့် လင်းယွမ်က တောင်နံရံကို ထွင်းဖောက်ကာ ဂူအောင်းစခန်း တည်ဆောက်မည့် စီမံကိန်းကို စတင်ပြောပြလိုက်သည်။
ထိုစီမံကိန်းကို လူအများအပြားက ထောက်ခံကြသည်။
ဝါးအိမ်နှင့် ယှဉ်လျှင် တောင်ဂူက လုံခြုံမှု ပိုပေးနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
"အားလုံးက ဂူစခန်းစီမံကိန်းကို သဘောတူကြတယ်ဆိုတော့ လောလောဆယ် ဒီအတိုင်း ဆက်လုပ်ကြတာပေါ့"
"ဂူစခန်းတူးဖော်ရေးအတွက် လက်ရှိ ဝါးအိမ်တွေရဲ့ အနောက်ဘက် တောင်နံရံအတိုင်း စပြီး တူးဖော်ကြမယ်... သတိထားရမှာက အဝင်ဝကို သိပ်အကျယ်ကြီး မချဲ့နဲ့... လူတစ်ကိုယ်စာ ဝင်လို့ရရင် တော်ပြီ... ဒါမှ ကာကွယ်ရ လွယ်ကူမှာ"
"ဝါးအိမ် ခိုင်ခံ့အောင် လုပ်တဲ့အလုပ်ကိုလည်း ဆက်လုပ်ကြ... ညဘက်ကျရင် တောင်ဂူထဲမှာ အိပ်ပြီး နေ့ဘက် လှုပ်ရှားသွားလာဖို့အတွက် လေဝင်လေထွက်ကောင်းတဲ့ ဝါးအိမ်ကို အသုံးပြုကြမယ်"
"စခန်းကိစ္စက ဒီလောက်ပဲ... နောက်ထပ် ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာ သိုလှောင်ရေး စီမံကိန်းကို ပြောချင်တယ်"
"လက်ရှိ လူတိုင်းလက်ထဲမှာ စားစရာ သိပ်ကျန်တော့မှာ မဟုတ်ဘူး... ငါးဖမ်းတဲ့အလုပ်ကို ဆက်လုပ်ကြရမယ်... အရင်အတိုင်းပဲ... ငါးဖမ်းမိရင် ကျွန်တော့်ဆီမှာ စားနပ်ရိက္ခာ လာလဲလို့ရတယ်... ဒါပေမဲ့ အရှင်မှပဲ လက်ခံမယ်"
"ငါးမဖမ်းချင်ဘူး ဆိုရင်လည်း တောထဲမှာ သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းပြီး လာလဲလို့ရတယ်... အရှင်ပဲ ဖြစ်ရမယ်"
"နောက်တစ်ချက်က စွမ်းအင်ကျောက်တုံးတွေကိုလည်း ဝယ်ယူမယ်... ရှာတွေ့တဲ့သူတွေ ကျွန်တော့်ဆီမှာ လာပြီး ရိက္ခာနဲ့ လဲလှယ်နိုင်တယ်... ဘယ်လိုလဲလှယ်မလဲ ဆိုတာကိုတော့ နောက်မှ ကြေညာပေးမယ်"
"ပြီးတော့ စိုက်ပျိုးရေး စီမံကိန်း... ဒါက အဓိက အကျဆုံးပဲ... ရိက္ခာ မစိုက်ပျိုးနိုင်ရင် ကျွန်တော့်မှာ ဟင်းလင်းပြင် အစွမ်းရှိတယ် ဆိုရင်တောင် ထိုင်စားနေရင် တောင်ပြုန်းသွားလိမ့်မယ်"
"လောလောဆယ် ကျွန်တော့်ဆီမှာ အာလူး... ကန်စွန်းဥလိုမျိုး အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ ရှိတယ်... ကျွန်တော့်ဆီကနေ အကြွေးစနစ်နဲ့ ယူပြီး စိုက်ပျိုးကြ... နောက်ပိုင်း အသီးအနှံ ထွက်လာတဲ့အခါကျမှ ရလာတဲ့အထဲကနေ အချိုးကျ ပြန်ပေးဆပ်ကြပေါ့"
"ဒါ့အပြင် ကျွန်တော့်မှာ ပဲပုပ်... ပြောင်းဖူးနဲ့ ဟင်းသီးဟင်းရွက် မျိုးစေ့တွေလည်း ရှိတယ်"
"အဲဒါတွေလည်း ယူစိုက်လို့ ရတယ်"
"ကန့်ကွက်ချင်တာ ရှိလား"
လင်းယွမ်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ အားလုံးက ခေါင်းယမ်းလိုက်ကြသည်။
လောကကြီးမှာ အလကားရတဲ့ အရာဆိုတာ မရှိကြောင်း လူတိုင်း နားလည်ကြသည်။ လင်းယွမ်ကလည်း သူတို့ကို အလကား ကျွေးမွေးထားလိမ့်မည် မဟုတ်မှန်း သူတို့ သိကြသည်။
လင်းယွမ်အနေဖြင့် အားလုံး စုပေါင်းစားသောက်သည့် စနစ်မျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။
သမိုင်းသင်ခန်းစာများအရ ထိုစနစ်မျိုးက အလုပ်မဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
လူဆိုသည်မှာ ကိုယ်ကျိုးကြည့်တတ်ကြပြီး ပျင်းရိတတ်ကြသည်။ အားလုံး တန်းတူ ခွဲဝေစားသောက်ရမည် ဆိုလျှင် ရေသာခိုမည့်သူများ ပေါ်လာလိမ့်မည်။
အလုပ်ကြိုးစားသည့် ရိုးသားသူများသာ နစ်နာကျန်ရစ်ခဲ့လိမ့်မည်။
ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် လုပ်ဆောင်စေခြင်းက သူတို့၏ အသက်ရှင်သန်လိုစိတ်ကို နိုးကြားစေမည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
ထိုအချိန်တွင် ရန်ဆန်းမင်က လက်ထောင်လိုက်သည်။
"ဆရာလင်း... ကျွန်တော် ပြောစရာရှိလို့ပါ"
"ပြောပါ"
"အားလုံးက တန်းတူညီမျှ ကုန်သွယ်မှုစနစ်နဲ့ သွားကြမယ်ဆိုတော့... နောက်ပိုင်း ဂူစခန်းတူးတဲ့အခါ သုံးမယ့် လက်နက်ကိရိယာတွေကို ကျွန်တော့်ဆီလာပြီး ထက်မြက် အစွမ်း လာထည့်မယ်ဆိုရင် အခကြေးငွေ ယူပါမယ်"
"ဒါပေမဲ့ ကျွန်တော် ဈေးကြီးကြီး မယူပါဘူး... စားစရာနဲ့ စွမ်းအင်ကျောက်တုံးတွေ လက်ခံပါတယ်"
လင်းယွမ် ပြုံးလိုက်မိသည်။ ဘယ်သူမှ မအကြပေ။ မိမိတို့၏ အစွမ်းကို အသုံးပြုပြီး စီးပွားရှာတတ်နေကြပြီ ဖြစ်သည်။
သူက ခေါင်းညိတ်လိုက်ပြီး...
"ဒါပေါ့... ပြဿနာမရှိပါဘူး"
ကျောက်ခိုင်ကလည်း ချက်ချင်း ဝင်ပြောသည်။
"ဒါဆို ကျွန်တော့်ဆီလာပြီး ရေခဲလုပ်ချင်ရင်... အစားအစာတွေ တာရှည်ခံအောင် လုပ်ချင်ရင်လည်း အခကြေးငွေ ယူမယ်ဗျာ"
"အဲဒီလိုဆိုရင် ကျွန်မဆီလာပြီး ဆေးကုရင်လည်း ပိုက်ဆံယူမယ်" ဆုန့်ဝမ်က အလျင်အမြန် ဝင်ပြောလိုက်သည်။
သူမက ပေါက်စီလုပ်သည့် အလုပ်မရှိတော့လျှင် ဝင်ငွေမရှိတော့မည်ကို စိုးရိမ်နေခဲ့ရာ ယခုလို ကိုယ့်အစွမ်းဖြင့် ကိုယ်ရှာဖွေစားသောက်နိုင်မည် ဆိုတော့ ပို၍ပင် ဝမ်းသာသွားသည်။
ခဏအတွင်းမှာပင် လူတိုင်းက မိမိတို့၏ အစွမ်းအစများကို ဘယ်လို အသုံးချရမလဲ ဆိုတာ စဉ်းစားမိသွားကြသည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသည့် တုံယန်နှင့် လျှိုဖိန်ဖိန်တို့သာ အနည်းငယ် စိတ်ညစ်သွားကြသည်။ သူတို့အစွမ်းက ချက်ချင်း လက်ငင်း အကျိုးအမြတ် မရနိုင်ပေ။
ကျောက်တုံး ဖြစ်စေနိုင်သော ရှီဟိုင်ကျူးပင်လျှင် သူ့အစွမ်းကို သုံးပြီး လူများကို ဦးဆောင်ကာ တောထဲ၌ စွမ်းအင်ကျောက်တုံးများ ရှာဖွေပေးခြင်းဖြင့် ဝင်ငွေရှာနိုင်သည်။
သူမတို့ကတော့ လက်ရှိအချိန်တွင် မိမိတို့အစွမ်းကို ဘယ်လို ငွေဖော်ရမလဲ ဆိုတာ စဉ်းစားမရသေးပေ။
လင်းယွမ်က စခန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို အကြမ်းဖျင်း ချမှတ်ပေးလိုက်သည်။
တစ်ဦးတည်း အာဏာပြစနစ် မကျင့်သုံးဘဲ လွတ်လပ်သော ဈေးကွက်စီးပွားရေး လမ်းစဉ်ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုသို့လုပ်မှသာ သူတို့၏ စခန်းလေး လျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပြီး လူတိုင်း ကြိုးစားချင်စိတ် ရှိလာကြမည် ဖြစ်သည်။
အကြီးမားဆုံး အကျိုးအမြတ် ရရှိသူကတော့ သူပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပစ္စည်းဥစ္စာ အများအပြားကို သူက ချုပ်ကိုင်ထားပြီး လူတိုင်း ဖွံ့ဖြိုးတိုးတက်ချင်လျှင် အစပိုင်းတွင် သူ့ထံမှ မဖြစ်မနေ ချေးငှားရမည် ဖြစ်သောကြောင့်ပင်။
သူ့အနေဖြင့် သန္ဓေပြောင်း ငါးများ၊ သတ္တဝါများကို အဆက်မပြတ် ရရှိနေတော့မည်။
ထိုအရာများက အမှတ်ပေါင်း များစွာပင် ဖြစ်သည်။
လင်းယွမ် စိတ်ထဲတွင် ကျေနပ်သွားသည်။ နောက်ပိုင်း အသက်ရှင်ကျန်ရစ်သူများကို များများ လက်ခံနိုင်လာလျှင်...
ဤစခန်းက ပိုကြီးလာပြီး ပို၍ သက်ဝင်လှုပ်ရှားလာလိမ့်မည်။
နောင်တွင် သူ ကံစမ်းမဲမှ ရရှိလာသော ပစ္စည်းများကိုလည်း ထုတ်ရောင်းစရာ နေရာရှိလာမည်ဖြစ်ပြီး ထိုအရာများကို သန္ဓေပြောင်း သတ္တဝါများနှင့် လဲလှယ်ကာ အမှတ်များအဖြစ် ပြောင်းလဲပြီး သူ၏ စွမ်းအားကို မြှင့်တင်နိုင်တော့မည် ဖြစ်သည်။
"စိုက်ပျိုးရေးအပိုင်းမှာလည်း ကိုယ့်ခြံ ကိုယ်စိုက်ကြ... မစိုက်တတ်တဲ့လူတွေက လူကြီးတွေကို မေးမြန်း သင်ယူကြ"
"ဒါဆိုရင် အလုပ်ကြမ်း မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ကိုယ့်ဖာသာ ရပ်တည်နိုင်မယ့် အခွင့်အရေး ရသွားလိမ့်မယ်"
"ဟုတ်တယ်... ဘာမှ မလုပ်တတ်ရင် ငါးသွားဖမ်း... တောထဲမှာ ဟင်းရွက်သွားခူး... သန္ဓေပြောင်း သတ္တဝါတွေ သွားဖမ်း"
"ဒီနေရာက တိုက်ခန်းထဲမှာ မဟုတ်ဘူး... တောတောင်ထဲမှာမို့ အသက်ရှင်ဖို့ နည်းလမ်းပေါင်းစုံ ရှိတယ်"
"ဒါပေမဲ့ ကင်းလှည့်အဖွဲ့ကတော့ ဆက်ရှိနေရမယ်... တိုက်ခိုက်ရေးနဲ့ ပတ်သက်လာရင် ကင်းလှည့်အဖွဲ့က ဦးဆောင်ရမှာ ဖြစ်လို့ပဲ"
"ကင်းလှည့်အဖွဲ့ရဲ့ လစာနဲ့ စရိတ်စကကိုတော့ အခွန်ကောက်တဲ့ စနစ်နဲ့ ဖြေရှင်းကြမယ်... ဒါကို နောက်မှ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့"
လူတိုင်းက တစ်ယောက်တစ်ပေါက် ဝင်ပြောကြရင်း အနာဂတ်အတွက် တက်ကြွနေကြသည်။
လင်းယွမ်က လူတိုင်း၏ အခြေအနေကို ကြည့်ပြီး ကျေနပ်နေမိသည်။
ထိုအချိန်တွင် ဟူဝေမင်က အလျင်အမြန် ပြေးလာပြီး...
"ဆရာလင်း... ဆရာလင်း... ထူလုံစခန်းက လူတွေ ရောက်လာတယ်" ဟု အော်ပြောလိုက်သည်။
လင်းယွမ်က ကားလမ်းမအတိုင်း လျှောက်လာသော လူသုံးယောက်ကို လှမ်းကြည့်လိုက်သည်။
ထိုလူသုံးယောက်၏ အမူအရာက သတိဝီရိယ ရှိပုံရသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အသက် (၂၀) ကျော် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ ဘေးတွင် ရွယ်တူခန့် လူငယ်နှစ်ဦး ပါလာပြီး တစ်ဦးမှာ နဖူးတွင် ဓားဒဏ်ရာ အမာရွတ်ရှိကာ နောက်တစ်ဦးမှာ မေးရိုးထွက်နေသော လူငယ်ဖြစ်သည်။
သူတို့သုံးဦးက လင်းယွမ်ကို မြင်သောအခါ ရိုသေသော အမူအရာဖြင့်...
"ဆရာလင်း... ဥက္ကဌဟုန်က ပစ္စည်းလာပို့ခိုင်းလိုက်လို့ပါ" ဟု ပိန်ရှည်ရှည် လူငယ်က ပြောလိုက်သည်။
ထို့နောက် ရင်ဘတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်ပြီး...
"ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေ အကုန် ဒီထဲမှာ ပါတယ်... ဥက္ကဌဟုန် ကိုယ်တိုင် ရေးပေးလိုက်တာပါ"
လင်းယွမ်က လှမ်းမယူဘဲ ရှီဟိုင်ကျူးကို လှမ်းကြည့်လိုက်သည်။
ရှီဟိုင်ကျူးက ချက်ချင်း လျှောက်သွားပြီး လက်ကို ကျောက်တုံးအဖြစ် ပြောင်းလဲကာ မှတ်စုစာအုပ်ကို ယူလိုက်သည်။
သေချာ စစ်ဆေးကြည့်ပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးမှ လင်းယွမ်ထံ ပေးလိုက်သည်။
လင်းယွမ်က မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီး ချက်ချင်း မဖတ်သေးဘဲ မေးလိုက်၏။
"မင်းနာမည် ဘယ်သူလဲ"
"ကျိဖုန်းပါ... ရာသီဥတုရဲ့ ကျိ... လေပြေလေညှင်းရဲ့ ဖုန်း ပါ" ထိုလူငယ်က အလျင်အမြန် ဖြေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး...
"အလျင်အစွမ်း ပိုင်ရှင်လား"
"ဟုတ်ကဲ့... ကျွန်တော်တို့ သုံးယောက်စလုံးက အလျင်အစွမ်း ပိုင်ရှင်တွေပါ"
သူက နဖူးတွင် အမာရွတ်ရှိသော လူငယ်ကို ညွှန်ပြရင်း...
"သူက ဝမ်ရှောင်ပါ"
ပြီးနောက် မေးရိုးထွက်နေသူကို ညွှန်ပြကာ...
"သူက ဟန်ပန်းပါ"
"မင်္ဂလာပါ ဆရာလင်း"
"မင်္ဂလာပါ အစ်ကိုကြီးလင်း"
လူငယ်နှစ်ယောက်က အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
လင်းယွမ်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"အားလုံးက တောင်ပေါ်မှာ အသက်ရှင်ဖို့ ရုန်းကန်နေကြရတာပါ... မနေ့ညက မင်းတို့ကို တိုက်ခိုက်ခဲ့တာကလည်း အသက်ရှင်ချင်လို့ပါပဲ... နားလည်ပေးကြမယ်ထင်တယ်"
"မင်းတို့ ဥက္ကဌဟုန် ပြောသလိုပေါ့... ငါတို့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးရန်စမှ မရှိတာ... ပစ္စည်းတွေ လာရောက် လဲလှယ်ကြဖို့ ဖိတ်ခေါ်ပါတယ်... တောင်ပေါ်မှာ အသက်ရှင်ရတာ မလွယ်ကူကြဘူးလေ"
ကျိဖုန်းတို့ သုံးယောက်မှာ အံ့ဩသွားကြသည်။ လင်းယွမ်က ဘဝင်မြင့်နေလိမ့်မည်ဟု ထင်ထားသော်လည်း ယခုလို စကားမျိုး ပြောလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူတို့က ထူလုံနှင့် ဥက္ကဌဟုန်တို့၏ မောက်မာသော မျက်နှာထားများကို မြင်ဖူးနေကျမို့ လင်းယွမ်က သူတို့ကို ဤမျှ ဖော်ရွေစွာ ဆက်ဆံလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြခြင်း ဖြစ်သည်။
လင်းယွမ်က မေးလိုက်သည်။
"မင်းတို့ ဘယ်မှာနေကြလဲ... ဖုန်းဟွမ်ဘုရားကျောင်းမှာပဲလား"
ကျိဖုန်းက ခါးသက်သက် ပြုံးလိုက်ပြီး...
"နောက်နေပါပြီဗျာ... အဲဒီနေရာက ဥက္ကဌဟုန်နဲ့ အစ်ကိုကြီးထူလုံတို့ အရေးကြီး ကိစ္စတွေ ဆွေးနွေးတဲ့နေရာပါ... ကျွန်တော်တို့ အားလုံးက တောင်ဂူထဲမှာ နေကြတာပါ"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။ ထူလုံစခန်းက လူတွေလည်း မအကြပေ။ တောင်ဂူထဲမှာ စခန်းချနေကြသည်ပင်။
လင်းယွမ်က ဆက်ပြောလိုက်သည်။
"မင်းတို့က အရင်ရောက်နှင့်နေတော့ နေရာကောင်း ရထားတာပေါ့... အဓိက လမ်းမကြီးကနေ တောင်အောက်ကို ဆင်းရတာ လွယ်တယ်... ငါးဖမ်းတာတွေ ဘာတွေ အဆင်ပြေမှာပေါ့... ငါတို့ကျတော့ ခက်ခဲတယ်... ကားလမ်းက ကွေ့ကောက်နေတော့ တောင်အောက်ဆင်းပြီး ငါးဖမ်းဖို့ မလွယ်ဘူး"
ကျိဖုန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး စကားမဆက်တော့ဘဲ...
"ဆရာလင်း... ပစ္စည်းလည်း ပို့ပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်သည်။
"ဒါနဲ့... ငါ ဒီမှာ ဈေးတစ်ခု ဖွင့်ဖို့ရှိတယ်... စခန်းထဲက လူတွေ အချင်းချင်း ပစ္စည်းတွေ လဲလှယ်လို့ ရတယ်"
"အစားအသောက်... အဝတ်အစား... အိပ်ရာခင်း... စောင်... ပရိဘောဂ... ဆေးဝါးနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ အကုန် လဲလို့ရတယ်"
ကျိဖုန်းတို့ သုံးယောက်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကျိဖုန်းက အလျင်အမြန် လှည့်ကြည့်ပြီး...
"ဆရာလင်း... ခင်ဗျားဆီမှာ ဘာဆေးတွေ ရှိလဲ... အကိုက်အခဲပျောက်ဆေး ရှိလား"
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး...
"ရှိတော့ ရှိတယ်... မင်းက ဘာလုပ်မလို့လဲ"
"အဲ... ဟိုလေ... ကျွန်တော့် သူငယ်ချင်းမိန်းကလေး တစ်ယောက် ရာသီလာရင် အရမ်းကိုက်တတ်လို့" ကျိဖုန်းက တွေဝေနေပြီးမှ အမှန်အတိုင်း ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ရင်ဘတ်ထဲမှ အိုင်ဘူပရိုဖန် တစ်ဘူးကို ထုတ်ပြလိုက်သည်။
"ဘယ်လောက် လိုချင်တာလဲ"
ကျိဖုန်း စိတ်လှုပ်ရှားသွားသည်။
"အဲဒါ... ဘယ်လို လဲမလဲ... ခင်ဗျား ဘာလိုချင်လဲ"
"ဆေးဝါးတွေက ရှားပါးပစ္စည်းတွေလေ... မင်းလည်း သိမှာပါ... တစ်လုံးသုံးလိုက်ရင် တစ်လုံး လျော့သွားတာ... ဘုရိုဖန် တစ်လုံးကို စွမ်းအင်ကျောက်တုံး တစ်တုံးနဲ့ လဲမယ်"
စွမ်းအင်ကျောက်တုံး ဆိုသည်မှာ ပေါက်ကွဲသင်္ကေတကျောက်များ ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်ကြောင်း လင်းယွမ် သိရှိထားပြီး ဖြစ်သည်။ နောက်ပိုင်း ထိုအရာများ လိုအပ်ချက် မြင့်မားလာပေလိမ့်မည်။
ကျိဖုန်းက အနည်းငယ် တွေဝေသွားပြီး...
"စွမ်းအင်ကျောက်တုံးက ကျွန်တော်တို့ဆီမှာ မရှိဘူး... အကုန်လုံး အစ်ကိုကြီးထူလုံ လက်ထဲမှာ... သတ္တုတွင်းဘက် သွားမှ ရမှာ... အဟမ်း... ဒီလိုလုပ်ပါလား... ကျွန်တော့်လက်ထဲမှာ ပေါက်ကွဲသင်္ကေတကျောက် အသေးစားလေးတွေ တပ်ဆင်ထားတဲ့ ပေါက်ကွဲမြားတံ ရှိတယ်... အဲဒါနဲ့ လဲလို့ရမလား"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း ပြုံးလိုက်သည်။
"ရတာပေါ့... ပေါက်ကွဲသင်္ကေတကျောက် ပါရင် ပိုတောင်ကောင်းသေးတယ်"
ပေါက်ကွဲသင်္ကေတကျောက် ဆိုသည်မှာ ထူလုံစခန်းက ပိုင်ဆိုင်ထားသော စစ်ဘက်ဆိုင်ရာ သင်္ကေတနည်းပညာ တစ်ခုဖြစ်ပြီး သုတေသန ပြုလုပ်ရန် တန်ဖိုးအလွန်ရှိသည်။
စွမ်းအင်ကျောက်တုံးနှင့် ယှဉ်လျှင် လင်းယွမ်က ထိုသင်္ကေတ နည်းပညာကို ပို၍ လေ့လာချင်နေမိသည်။
လက်ရှိတွင် ဟုန်ဖူ ပေးပို့လိုက်သော နည်းပညာ စာရွက်စာတမ်းများ ရှိနေပြီဖြစ်ရာ လက်တွေ့ ပစ္စည်းပါ ထပ်ရလိုက်လျှင် ပေါက်ကွဲသင်္ကေတ နည်းပညာကို သူကိုယ်တိုင် ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်ပေလိမ့်မည်။
ဆက်ရန်...