← Chapters

အခန်း (၂၁၀)

Vol. 20 Ch. 210

အခန်း (၂၁၀)

Vol. 20 Ch. 210

"ဘာလို့ မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေ ကိုယ်တိုင်မသွားကြတာလဲ"

"မျှော်စင်တစ်ခုလုံးမှာမှ လူတစ်ရာကျော်ပဲ ရှိတာပါ" မိန်းကလေးနင်ရှန်က ရှင်းပြသည်။ "မင်ပြည်နယ်လို အကြီးစားစစ်ပွဲမျိုးထဲမှာ ဝင်ပါနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိမယ် ထင်လို့လဲပြီးတော့ 'မသေမျိုးလမ်းစဉ်' ရဲ့ လျှို့ဝှက်ချက်တွေသာ အနည်းငယ်လောက် ပေါက်ကြားသွားရင် ဖြစ်လာမယ့် အကျိုးဆက်က ပြောနေစရာတောင် မလိုဘူးလေ"

ချန်ဆန်းရှီ နားလည်သွားသည်။ အကယ်၍ မသေမျိုးရှာဖွေရေးမျှော်စင်ကလူတွေသာ ခြေရာလက်ရာ ပေါ်သွားခဲ့ရင် ပထမဆုံး ရူးသွပ်သွားမယ့်သူက ဧကရာဇ်အိုကြီးပဲ ဖြစ်လိမ့်မည်။ သူက တစ်ပြည်လုံးကို မြေလှန်ပြီး သူတို့ကို ရှာခိုင်းတော့မှာ သေချာသည်။

"မင်းတို့နဲ့ သတင်းအချက်အလက် မျှဝေဖို့ပဲဆိုရင်တော့ ပြဿနာမရှိပါဘူး" သူက သဘောတူလိုက်သည်။

"ဒါပေမဲ့ ငါက စစ်တပ်ထဲမှာ ထောင်စုမှူးပဲ ရှိသေးတာ။ ငါ့အထက်မှာ ဗိုလ်ချုပ်တွေ အများကြီးရှိတော့ အဲဒီ ကောင်းကင်ဘုံကျမ်းစာဆိုတာကို ငါ တကယ် လက်လှမ်းမီချင်မှ မီမှာ။ အဲဒါကြောင့် အများကြီးတော့ မျှော်လင့်မထားနဲ့ဦး"

"နောက်ပြီး ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိသေးတယ်"

"စွမ်းအားကို သိုလှောင်နိုင်တဲ့ သံကုန်ကြမ်းမျိုးကို မိန်းကလေးနင်ရှန်ရှာပေးနိုင်မလား"

ချန်ဆန်းရှီအနေနဲ့ ထပ်ပြီး ကြိုးစားကြည့်ချင်သေးသည်။ ရှားပါးရတနာတွေနဲ့ ထူးခြားသားရဲတွေကို ရှာဖွေတဲ့နေရာမှာတော့ မသေမျိုးရှာဖွေရေးမျှော်စင်က သူ့ထက် အများကြီး ပိုတော်တာ သေချာသည်။

"စွမ်းအားသိုလှောင်နိုင်တဲ့ သံကုန်ကြမ်းလား" နင်ရှန်က သေချာစဉ်းစားပြီးနောက် ပြောသည်။ "အဲဒီလိုမျိုးတော့ ကျွန်မ မကြားဖူးသေးဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်က လိုချင်တယ်ဆိုရင်တော့ ကျွန်မ အစွမ်းကုန် ရှာပေးပါ့မယ်။ နောက်ပြီး ဗိုလ်ချုပ်နဲ့ ဆွေးနွေးစရာ အပေးအယူတစ်ခုလည်း ရှိသေးတယ်။ ဗိုလ်ချုပ် ပြန်လာတဲ့အခါမှပဲ အသေးစိတ် ပြောကြတာပေါ့"

"ကောင်းပါပြီ"

ကျေးဇူးကြွေး တင်နေတာထက်စာရင် အပေးအယူလုပ်တာက ပိုကောင်းသည်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အကြွေးတင်မနေတော့ပေ။ အနည်းငယ် စကားစမြည်ပြောပြီးနောက် နင်ရှန်က ဝိုင်ငှဲ့ရန် သူမ၏ အက်ျီလက်ကို လိပ်တင်လိုက်ပြီး "ဒါဆိုရင် ဗိုလ်ချုပ် အောင်ပွဲနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

ချန်ဆန်းရှီသည် ဝိုင်ထဲတွင် ပြဿနာ ရှိ၊ မရှိ စစ်ဆေးပြီးနောက် သူမနှင့် ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ အကယ်၍ အထဲမှာ 'မသေမျိုးဆေးလုံး' တွေ ပါနေရင်တောင် သူ သတိထားမိမှာ ဖြစ်သည်။ ၎င်းက ကောင်းသလား၊ ဆိုးသလား သို့မဟုတ် ဘာတွေ ပါဝင်နေသလဲဆိုတာကိုသာ သူ တိတိကျကျ မခွဲခြားနိုင်ခြင်း ဖြစ်သည်။

"ငါ သွားတော့မယ်"ချန်ဆန်းရှီ တံခါးအပြင်သို့ အမြန်ထွက်ခဲ့သည်။

နင်ရှန်က တံခါးဘောင်ကို မှီရင်း မျက်ရည်ဝဲချင်သလို ဟန်ဆောင်ကာ "ဗိုလ်ချုပ်... ပြန်လာရင် ကျွန်မကို ရွေးထုတ်ပေးမယ်လို့ ကတိပေးထားတာနော်"

"..." ချန်ဆန်းရှီ အမြန်ပဲ ထွက်ခွာခဲ့တော့သည်။ သူ့မှာ မျှော်စင်ကို အသုံးချစရာရှိလို့သာ သည်းခံနေခြင်း ဖြစ်သည်။

"သခင်မလေး" ကျောက်ကျောက်က သူထွက်သွားသည်အထိ စောင့်ပြီးမှ နှုတ်ခမ်းဆူကာ ပြောသည်။ "အဲဒီလူယုတ်မာကြီးကို ဘာလို့ ဒီလောက် ကောင်းနေရတာလဲ သူက ပြီးခဲ့တဲ့အကြိမ်က ကျွန်မကို ဓားနဲ့တောင် ခုတ်ခဲ့တာနော်"

"ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ" နင်ရှန်က တံခါးကို အသာအယာ ပိတ်လိုက်သည်။ သူမ၏ မျက်နှာပေးမှာ နောက်တစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင်။ "မသေမျိုးလောကထဲ ဝင်ရောက်နိုင်မယ့် မျှော်လင့်ချက်လေး တစ်စွန်းတစ်စ ရှိနေသရွေ့ ငါတို့ အမိအရ ဆုပ်ကိုင်ထားရမယ်။ ဆွန်

မောင်နှမတွေက ငါတို့ကို လျစ်လျူရှုထားတော့ သူတို့အဖေရဲ့ တပည့်ကိုပဲ ငါတို့ အားကိုးရတော့မှာပေါ့"

...

"နေနှင့်လ၏ အနှစ်သာရစွမ်းအင်"

ချန်ဆန်းရှီသည် စကားဝိုင်း၏ နောက်ဆုံးအပိုင်းကို ပြန်လည်စဉ်းစားနေမိသည်။ ထူးခြားသားရဲတွေ စုပ်ယူတဲ့ စွမ်းအားဟာ ဝိညာဉ်စွမ်းအားလည်း မဟုတ်၊ မိစ္ဆာစွမ်းအင်လည်း မဟုတ်ဘဲ နေနဲ့လရဲ့ အနှစ်သာရစွမ်းအင်တွေ ဖြစ်သည်။ အဲဒါက ဘာကျင့်စဉ်မှ သိစရာမလိုဘဲ အချိန်ကြာလာတာနဲ့အမျှ အလိုအလျောက် စုပ်ယူသွားတာ ဖြစ်သည်။ စုပ်ယူနိုင်စွမ်းကတော့ သွေးမျိုးဆက်ပေါ်မှာ မူတည်တယ်။ သွေးမျိုးဆက် ပိုမြင့်လေ၊ ပိုမြန်လေပဲ။

ဒါကို နှစ်ပေါင်းများစွာ လုပ်ဆောင်နိုင်ရင် ထူးခြားသားရဲတွေဟာ နတ်ဘုရားစွမ်းအားတွေ ရရှိလာပြီး ဒဏ္ဍာရီထဲက 'မိစ္ဆာ' တွေအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ စွမ်းအင်တွေကြောင့် အခုဆိုရင် နေနဲ့လရဲ့ အနှစ်သာရတွေက အလွန်ပါးလျနေပြီ။ ဒါကြောင့်လည်း ထူးခြားသားရဲတွေဟာ အလွန်ရှားပါးနေရတာ ဖြစ်သည်။

မသေမျိုးတွေ၊ မိစ္ဆာတွေ... အခု သူ မြင်တွေ့နေရတာတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိဦးမှာလား။

ချန်ဆန်းရှီ စဉ်းစားမိသည်။ အကယ်၍ ဆရာက မသေမျိုးတစ်ယောက်ကို တွေ့ဖူးတယ်ဆိုရင် မသေမျိုးတွေက ပုံမှန်အားဖြင့် ဘယ်မှာ နေထိုင်ကြတာလဲလျန်ကျိီလည်း မသေမျိုးကို တွေ့ဖူးတယ်လို့ ဆိုထားပြန်သည်။

မင်ပြည်နယ်ကို သွားရမယ့် ခရီးက တကယ်ကို လိုအပ်နေပြီ။ စစ်တပ်ကို ဦးဆောင်ရတဲ့ အတွေ့အကြုံအတွက်တင် မကဘဲ မသေမျိုးတွေရဲ့ စစ်မှန်တဲ့ ခြေရာလက်ရာတွေကိုပါ သူ ထိတွေ့နိုင်ကောင်း ထိတွေ့နိုင်လိမ့်မည်။

"သွားကြစို့" ချန်ဆန်းရှီသည် တပ်စခန်းသို့ သတင်းပို့ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ခဲ့သည်။

စစ်ချီခြင်းဆိုသည်မှာ ချက်ချင်းလက်ငင်း ဖြစ်လာသောအရာ မဟုတ်ပေ။ လွန်ခဲ့သော အချိန်ကတည်းက အထက်လူကြီးများက တိတ်တဆိတ် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ စစ်သည် လေးသောင်းကျော်ရှိသော တပ်မတော်ကြီးမှာ စုစည်းရန် ၂ ရက်၊ ၃ ရက်ခန့် အချိန်ယူရပြီး အစီအစဉ်အလိုက် တစ်ဖွဲ့ချင်း ထွက်ခွာကြရသည်။ ထိုအချိန်အတွင်း မည်သူမျှ စခန်းပြင်ပသို့ ထွက်ခွင့်မရှိပေ။

တတိယမြောက်နေ့ နေဝင်ချိန်တွင်...

နောက်ဆုံး၌ ချန်ဆန်းရှီ တာဝန်ကျသော အရန်တပ်စခန်း စတင်ထွက်ခွာရန် အချိန်ရောက်လာခဲ့သည်။ နေလုံးကြီးက အနောက်ဘက်မှာ ဝင်လုဆဲဆဲ... စစ်သည်မြောက်မြားစွာသည် မြို့ထဲမှ တသီတတန်းကြီး ထွက်ခွာလာကြသည်။ လူဦးရေ များပြားလှသဖြင့် ရှေ့ဆုံးတပ်ဖွဲ့များမှာ တောရိုင်းထဲသို့ ကွယ်ပျောက်သွားသော်လည်း အနောက်မှ လိုက်ပါသူများမှာ မြို့တံခါးအနီးမှာပင် ရှိနေသေးသည်။

လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် မိသားစုဝင်များက တိုးဝှေ့လျက် လာရောက်ပို့ဆောင်ကြသည်။ ဒီခရီးကအပြန်မှာ ဘယ်နှစ်ယောက်က လင်ယောက်ျား ဆုံးရှုံးမလဲ၊ ဘယ်နှစ်ယောက်က သားကို ဆုံးရှုံးမလဲဆိုတာ ဘယ်သူမှ မသိနိုင်။ စစ်ပွဲဆိုတာ ဒီလိုပဲ ရက်စက်ပြီး ရှောင်လွှဲလို့ မရနိုင်တာမျိုး။

"မောင်လေး"

"ကလောက်... ကလောက်..."

အနောက်ဘက်မှ မြင်းခွာသံများ ကြားလိုက်ရသဖြင့် ချန်ဆန်းရှီ လှည့်ကြည့်လိုက်ရာ လူသုံးဦးကို တွေ့လိုက်ရသည်။ ရုံယန်ချိုးနှင့် ဆွန်မောင်နှမနှစ်ဦး။ စီနီယာအမကိုး သည် ယနေ့တွင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ကျာပွတ် ကို ကိုင်ထားသည်။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလောင်းတောင်၊ သွေးပင်လယ်တွေကို ဖြတ်သန်းလာသူများကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည်။

"မောင်လေး... ငါ စကားခဏ ပြောလို့ရမလား"

"ဘာကိစ္စလဲ စီနီယာအမ"

ချန်ဆန်းရှီသည် အနီးရှိ တောအုပ်ငယ်ဆီသို့ လျှောက်သွားလိုက်သည်။

"ဒါလေးကို ယူထား၊ မင်းအတွက် အသုံးဝင်လိမ့်မယ်"

ရုံယန်ချိုးသည် နီရဲနေသော ကောင်းကင်ကြီးကို ကြည့်ကာ လေချွန်သံ ခပ်ပြင်းပြင်း တစ်ချက် ပေးလိုက်သည်။

မကြာမီမှာပင် ဟိုင်တုန်ချင်း လင်းယုန်ငှက်တစ်ကောင် ပျံသန်းရောက်ရှိလာသည်။ ချန်ဆန်းရှီ ဤသတ္တဝါကို မြင်ဖူးသည်။ ပိုယန်မှာရှိစဉ်က ဟန်ချန်ဆီမှာလည်း တစ်ကောင် ရှိသည်။ ၎င်းမှာ သတင်းပေးပို့ရန် အသုံးပြုသည့် ထူးခြားသားရဲတစ်မျိုး ဖြစ်သည်။ သာမန် လင်းယုန်ငှက် မဟုတ်ဘဲ အလွန်တန်ဖိုးကြီးပြီး မွေးမြူရန် ခက်ခဲလှသည်။

အထူးအခြေအနေမှလွဲ၍ လူတစ်သောင်းကျော်ကို ကွပ်ကဲရသော အဓိကဗိုလ်ချုပ်များသာ ဤကဲ့သို့သော ငှက်ကို ပိုင်ဆိုင်ခွင့်ရှိသည်။

"ငါ မင်းအတွက် အထူးအခွင့်အရေးတစ်ခု ရအောင် လုပ်ပေးထားတယ်" ရုံယန်ချိုးက ဆိုသည်။ "ဒီ မင်ပြည်နယ် စစ်ဆင်ရေးမှာ မင်းအနေနဲ့ အမြင့်ဆုံးအဆင့် သတင်းအချက်အလက်အားလုံးကို ကြည့်ရှုခွင့်ရှိတယ်။ ဒါမှလည်း အခြေအနေအရပ်ရပ်ကို နားလည်နိုင်ပြီး အကြီးစား ဗျူဟာတွေကို စီမံခန့်ခွဲတတ်အောင် လေ့ကျင့်နိုင်မှာ"

"ကျေးဇူးတင်ပါတယ် စီနီယာအမ"ချန်ဆန်းရှီက လက်မောင်းကို ဆန့်

ပေးလိုက်ရာ ဟိုင်တုန်ချင်းက လာရောက် နားခိုလေသည်။

ဒါဟာ တကယ့်ကို အဖိုးတန်တဲ့ အရာပဲ။ စစ်မြေပြင်မှာ သတင်းအချက်အလက်မရှိရင် ဘယ်လောက်ပဲ တော်တဲ့သူဖြစ်ပါစေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အချိန်မီ မချနိုင်ဘူး။ သူက ကွပ်ကဲရမယ့်သူ မဟုတ်ပေမဲ့ မျက်စိမှိတ်ပြီး လိုက်သွားရတာမျိုးကတော့ စိတ်မသက်သာစရာပဲ။

"ဒီ ဟိုင်တုန်ချင်းက ငါ့ငှက်နော်၊ ငါ့မှာ ဒီတစ်ကောင်တည်းရှိတာ မသေစေနဲ့ဦး"

All Chapters