အခန်း (၂၁၄)
Vol. 20 Ch. 214
"ဝှစ်.. ဝှစ်... ဝှစ်..."
အမိန့်ပေးလိုက်သည်နှင့် မြှားများမှာ မိုးရွာသကဲ့သို့ ကျလာတော့သည်။ ပိုင်ကုတ်ခရိုင်မှလူများမှာ လုံးဝကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ မြှားမိုးအကြိမ်ကြိမ်အောက်တွင် အရိုးဖွဲ့စည်းခြင်းအဆင့်ရှိသည့် သိုင်းပညာရှင်များမှလွဲ၍ အားလုံးနီးပါး သေဆုံးကုန်ကြသည်။
"အရှင်ဒါက မတရားပါဘူး"ဟူဝန်က အလန့်တကြား ရှင်းပြသည် "ပိုင်ကုတ်ခရိုင်ရဲ့ မြို့ရိုးတွေက အားနည်းပြီး ကျွန်တော်တို့က လူနည်းစုလေးပါ၊ ဘယ်လိုမှ မကာကွယ်နိုင်လို့ပါ"
"ပေါက်ကရတွေ"
ဝမ်ကျိီက ဒေါသတကြီး စိုက်ကြည့်ကာ"မြို့ထဲမှာ အရပ်သား တစ်သောင်းကျော်ရှိတာကို မင်းတို့က မခုခံနိုင်ဘူး ဟုတ်လား"
"အရပ်သားတွေအဲဒီလို နိမ့်ကျတဲ့သူတွေက ငါတို့ကို မြို့ကာကွယ်ဖို့ ကူညီမှာတဲ့လား"
"မင်းနဲ့ စကားပြောနေရတာ ငါ ပျင်းတောင် ပျင်းလာပြီ၊ မင်းက စကားနားထောင်ဖို့တောင် မတန်တဲ့ကောင်"
"သတ်"
မြှားမိုးများအပြီးတွင် စစ်တပ်၏ စနစ်တကျ ထိုးစစ်ဆင်မှုက နောက်က လိုက်လာသည်။ ပိုင်ကုတ်ခရိုင်တွင် အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသည့် သိုင်းပညာရှင် တစ်ဦးတည်းသာရှိပြီး ၎င်းကို ဖန်းယုံနှင့် ကျောက်ကန်တို့ ပူးပေါင်းကာ ခေါင်းဖြတ်လိုက်ကြသည်။ ကျန်ရှိသူများလည်း တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။
အခြားတစ်ဖက်တွင်မူ လျန်ကျိုးစစ်သည်များမှာ သေဆုံးသူ တစ်ယောက်မှမရှိဘဲ အနည်းငယ် ထိခိုက်ဒဏ်ရာရသူသာ ရှိခဲ့သည်။ အရန်တပ်စခန်းမှာ အခြားတပ်စခန်းရှစ်ခုနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျသည်ဟု ဆိုနိုင်သော်လည်း၊ အခြားပြည်နယ်များရှိ တပ်ဖွဲ့များနှင့် နှိုင်းယှဉ်ပါက လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့များ ဖြစ်ကြသည်။ ခရိုင်ငယ်လေးတစ်ခုမှ သိုင်းသင်တန်းကျောင်းသားများနှင့် မြို့စောင့်တပ် အနည်းငယ်မှာ သူတို့ကို လုံးဝမယှဉ်နိုင်ပေ။
"ဒီလိုလူမျိုးတွေကို ဆက်ထားနေရင် တစ်နေ့မဟုတ် တစ်နေ့ ငါတို့နိုင်ငံကို သစ္စာဖောက်မယ့်သူတွေပဲ" ကျောက်ကန်က ပြောရင်း အလောင်းများကို နောက်ထပ် အချက်အနည်းငယ် ထပ်မံခုတ်ပိုင်းလိုက်သည်။
"ဆန်းရှီ၊ အကုန်အဆင်ပြေသွားပြီ" ဝမ်ကျိီက အနားသို့ လိုက်လာရင်း အော်ပြောသည် "ဒီလူတစ်စုကတော့ တကယ့် ငကြောက်တွေပဲ"
"ကောင်းပြီ စီနီယာအစ်ကိုအမိန့်ထုတ်လိုက် တပ်မတော်တစ်ခုလုံး အမြန်
လိုက်ကြမယ်"ချန်ဆန်းရှီသည် 'ကောင်းကင်ဘုံကျမ်းစာ' က တကယ်ပဲ ထိရောက်မှု ရှိ၊ မရှိ သိချင်နေသည်။
"စီနီယာအစ်ကို..." ဝမ်ကျိီက သူ့ကိုယ်သူ သရော်သလို ရယ်လိုက်သည်။ ကျောက်ကန်နှင့် ဖန်းယုံတို့မှာ အတွင်းအားသန့်စင်ခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူကတော့ အရိုးဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိနေသေးသဖြင့် စီနီယာအစ်ကိုဟု ခေါ်ခံရသည်မှာ မထိုက်တန်သလို ခံစားနေရခြင်း ဖြစ်သည်။
"သွားကြစို့"
ခဏတာ နားပြီးနောက် မြင်းတပ်သား တစ်ထောင့်ငါးရာသည် တောင်ဘက်မြို့တံခါးတွင် လျင်မြန်စွာ စုရုံးကာ နောက်ထပ်စစ်မြေပြင်သို့ အရှိန်အကုန်မြှင့်၍ ချီတက်ကြတော့သည်။ ချန်ဆန်းရှီ မြင်းစီးထွက်ခွာခါနီးတွင် နောက်ဘက်မှ ခြေသံသဲ့သဲ့ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ စောစောက မိန်းကလေးငယ်လေး ဖြစ်နေသည်။
သူမသည် ငိုမနေတော့ဘဲ သတိကြီးစွာဖြင့် ချဉ်းကပ်လာကာ သူမ၏ သွေးစွန်းနေသော လက်ကလေးများဖြင့် ရှောင်ရှင်း ၏ အမြီးကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများမှာ နီရဲနေပြီး မြင်းပေါ်မှ ဗိုလ်ချုပ်ကို မော့ကြည့်နေသည်။
"မင်း သေချာစဉ်းစားပြီးပြီလား"ချန်ဆန်းရှီက သူ၏အိတ်ထဲမှ စားစရာ
အချို့ကို ထုတ်ပေးလိုက်သည် "သမီးလေး၊ ပုန်းစရာနေရာတစ်ခု အရင်ရှာထားပါ။ တိုက်ပွဲပြီးလို့ ငါပြန်လာတဲ့အထိ စောင့်နေ။ အဲဒီအချိန်ထိ သမီး အသက်ရှင်နေသေးရင် ငါတို့မှာ ရေစက်ရှိတယ်လို့ ဆိုရမှာပေါ့"
မိန်းကလေးငယ်လေးမှာ စားစရာများကို ကိုင်ထားပြီး ဘာစကားမှမပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သို့သော် သူမသည် ရှောင်ရှင်း ၏ အမြီးကိုတော့ လွှတ်ပေးလိုက်သည်။
"ရေစက်ရှိပါစေလို့ပဲ မျှော်လင့်ရမှာပဲ"
"သွားကြစို့"
ချန်ဆန်းရှီ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ အိမ်တော်ထဲတွင် ကလေးတစ်ယောက်ကို ထပ်မံမွေးစားရန်မှာ ပြဿနာမရှိပေ။ သူကိုယ်တိုင် ဂရုစိုက်နေစရာမလိုသလို၊ စီချင် နဲ့ မိုဟွာတို့က စောင့်ရှောက်ပေးလျှင် မကြာမီ မွေးဖွားလာမည့် သူ့ကလေးအတွက်လည်း အဖော်ရပေလိမ့်မည်။ သို့သော် အခုအချိန်တွင်တော့ အမှန်တကယ်ပင် အဆင်မပြေနိုင်ပေ။ ဒီတိုက်ပွဲမှာ ဘာဖြစ်လာမလဲ မသေချာသလို၊ ကလေးတစ်ယောက်ကို ခေါ်သွားခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက ဓားလှံဆိုသည်မှာ မျက်စိမရှိသဖြင့် သူမကို ထိခိုက်သွားနိုင်သည်။ ဤမြေပြင်ငရဲခန်းထဲတွင် သူမ အသက်ရှင်နိုင်၊ မရှင်နိုင်ဆိုသည်မှာ သူမ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။
ရှောင်ရှင်း မှာ မြေပြင်ကို ခြေဖျားမထိသကဲ့သို့ အလွန်မြန်ဆန်စွာ ပြေးလွှားနေသည်။
[စွမ်းရည် - မြင်းစီးအတတ် (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - (၀ / ၂၀၀၀)]
[စွမ်းဆောင်ရည် - တစ်နေ့လျှင် မိုင်တစ်ထောင် ခရီးနှင်နိုင်ခြင်း၊ မြင်းများကို ဦးဆောင်နိုင်ခြင်း]
[မြင်းများကို ဦးဆောင်နိုင်ခြင်း - ခေါင်းဆောင်၏ မြင်းသည် သူ့လက်အောက်ရှိ မြင်းအားလုံးကို အမိန့်ပေးနိုင်ပြီး၊ ၎င်းတို့သည် မထိတ်လန့်၊ မကြောက်ရွံ့ဘဲ သေသည်အထိ စနစ်တကျ ပူးပေါင်းဆောင်ရွက်စေခြင်း]
ဤစွမ်းရည်မှာ ယခင်က လက်အောက်ငယ်သားများကို အမိန့်ပေးရာတွင်သာ သုံးနိုင်သော်လည်း ယခုမူ မြင်းတစ်ကောင်အနေဖြင့် အသုံးပြုနိုင်လာခြင်း ဖြစ်သည်။
"..."
ချန်ဆန်းရှီက မြင်း၏ လည်ဆံမွေးကို ငုံ့ကြည့်ကာ "မင်းကလည်း ဗိုလ်ချုပ်လုပ်ချင်နေတာလား"ဟု မေးရာ ရှောင်ရှင်း က ရပ်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။
"မင်းကတော့ တကယ့် မိစ္ဆာတစ်ကောင်ပဲ"ချန်ဆန်းရှီ စိတ်ထဲမှ တွေးလိုက်
မိသည်။ အမြဲတမ်း ဝိညာဉ်ဆေးယိုတွေကို တောင့်တနေတာ မဆန်းတော့ပါဘူး။ ဒီသတ္တဝါမှာ ကိုယ်ပိုင်အတွေးအခေါ်တွေရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ ဆက်လက် ဆင့်ကဲပြောင်းလဲနေတာပဲ။ သူက မေးလိုက်သည်"ငါတို့ရဲ့ မြင်းတပ်ကို မင်း အမိန့်ပေးနိုင်လား"
ရှောင်ရှင်း က ထပ်မံခေါင်းငြိမ့်ပြပြန်သည်။
"ကောင်းပြီ၊ ကောင်းပြီ" ချန်ဆန်းရှီသည် သူ၏စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားလာတော့မည်ကို သိလိုက်သည်။ ယခင်က မြင်းစီးစစ်သည်များသည် မြင်းများကို ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲစွာ ထိန်းကျောင်းခဲ့ရသော်လည်း၊ အခု ရှောင်ရှင်း ရဲ့ အမိန့်အောက်မှာ မြင်းတွေက တက်ကြွစွာ ပူးပေါင်းလာမှာဖြစ်လို့ ရလဒ်က သိသိသာသာ ကွာခြားသွားတော့မည် ဖြစ်သည်။ ထို့ပြင် မကြောက်မရွံ့ခြင်းကြောင့် မမျှော်လင့်ဘဲ တစ်ခုခုဖြစ်လာလျှင်ပင် မြင်းများမှာ လွင့်စင်မသွားတော့ပေ။ ညဘက် နားချိန်တွင်ပင် မြင်းများကို သီးသန့် ချည်နှောင်ထားရန် မလိုတော့ဘဲ ရှောင်ရှင်း တစ်ကောင်တည်းနှင့် အကုန်ကိုင်တွယ်နိုင်သည်။ သူမသည် တကယ့်ကို မြင်းများထဲက ဗိုလ်ချုပ်တစ်ဦးပင်။(မြင်းကအမပါ)
မြင်းတပ်သည် တောင်ဘက်သို့ ဆက်လက်လိုက်လံရာ လမ်းတွင် ထွက်ပြေးနေသော ဒုက္ခသည်အချို့နှင့် ကြုံတွေ့ရသည်။ တစ်နာရီခွဲခန့် ကြာပြီးနောက်... နောက်ဆုံးတွင် မျက်ခုံးနီတပ်မတော်ကို မှီသွားကြသည်။
ထိုသူများသည် သံချပ်ကာများ ဝတ်ဆင်ထားပြီး စံသတ်မှတ်ချက်မီ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ဦးခေါင်းတွင် အနီရောင်ပုဝါများ ပတ်ထားပြီး မျက်ခုံးများကို အနီရောင် ခြယ်သထားကြသဖြင့် မျက်ခုံးနီတပ်မတော်ဟု ခေါ်ခြင်း ဖြစ်သည်။ သူတို့သည် လုယက်လာသော ငွေစများနှင့် ရတနာများ တင်ဆောင်ထားသည့် လှည်းများကို တွန်းရင်း၊ ဖမ်းဆီးလာသော လှပသည့် မိန်းကလေးငယ်များကိုလည်း ကြိုးများဖြင့် တုပ်နှောင်ကာ ခေါ်ဆောင်လာကြသည်။
"လှည်းဝိုင်းဗျူဟာ"
"မြင်းစီးမြှားပစ်သမားတွေ"
"မြှားလွှတ်ကြ"
"ထိုးစစ်ဆင်ကြ"
မျက်ခုံးနီတပ်မတော် ချီတက်နေစဉ် နောက်ဘက်မှ မြင်းခွာသံများ ဟိန်းထွက်လာပြီးနောက် မြှားမိုးများ ရွာချလိုက်သလို ကျရောက်လာသည်။
"ချုံခိုတိုက်ခိုက်ခံရပြီ"
"ဗျူဟာခင်းကြ"
မျက်ခုံးနီတပ်သား ခုနစ်ရာကျော်သည် လူတစ်ရာခန့် အကျအဆုံးရှိပြီးနောက် လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ တစ်ဦးချင်းစီက သံပြားဒိုင်းဝိုင်းများကို ကိုင်ဆောင်ကာ မြင်းတပ်ကို အနီးကပ်ရင်ဆိုင်ရန် ဗျူဟာခင်းလိုက်ကြသည်။ သူတို့၏ ဗျူဟာမှာ အမှန်တကယ်ပင် လေ့ကျင့်သားပြည့်ဝလှသည်။ ရုတ်တရက် အခြေအနေမျိုးတွင်ပင် မည်သည့် ဝေဝါးမှုမျှမရှိဘဲ လျင်မြန်စွာ နေရာယူနိုင်ကြသည်။
"နန်းတော်က ခွေးသူတောင်းစားတွေကို သတ်ကြ"
"ညီအစ်ကိုတို့..သတ်ကြ၊ သတ်ကြ—"
"ပုန်ကန်သူတွေကို အမြစ်ပြတ် သုတ်သင်ကြ"
ပိုင်ထင်းကျီ က ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်တိုက်လိုက်သည်။ တပ်ဖွဲ့နှစ်ခုမှာ ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။
"စွမ်းအင်"
ချန်ဆန်းရှီသည် တိုက်ပွဲထဲသို့ ချက်ချင်းမဝင်သေးဘဲ မြင်းပေါ်မှနေ၍ အခြေအနေကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။ တိုက်ပွဲထဲသို့ ဇွတ်ဝင်သွားခြင်းက အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှုကို ဟန့်တားနိုင်သောကြောင့် ဖြစ်သည်။