အခန်း (၂၁၅)
Vol. 20 Ch. 215
"ကစားပွဲထဲရောက်နေသူက ဝေဝါးနေတတ်ပြီး အပြင်က ကြည့်သူက ပိုမြင်သာတယ်" ဆိုသည့် စကားအတိုင်းပင်။
ချန်ဆန်းရှီသည် အရှိန်အဝါကြည့်ရှု့ခြင်းကို အသုံးပြု၍ အကဲခတ်လိုက်ရာ ဤမျက်ခုံးနီတပ်သား ခုနစ်ရာထဲတွင် အများစုမှာ စနစ်တကျ လေ့ကျင့်ထားသော စစ်သည်များသာ ဖြစ်ကြပြီး အရိုးဖွဲ့စည်းခြင်းအဆင့်ရှိသူ အနည်းငယ်နှင့် အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသူ နှစ်ဦးသာပါဝင်သည်ကို
တွေ့ရသည်။ ဟွာကျင်းအဆင့်နှင့် အထက်အဆင့်ရှိသူ တစ်ဦးမှ မပါဝင်ပေ။
သို့သော်လည်း သူတို့၏ စစ်ဗျူဟာခင်းကျင်းမှုမှ ထွက်ပေါ်လာသော တိုက်ခိုက်ရေးစွမ်းရည်မှာမူ တပ်စခန်းရှစ်ခု ရဲ့ အရန်တပ်ဖွဲ့ဝင်များနှင့် ယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိပေ။
တစ်ချက်မှာ သူတို့၏ ဗျူဟာခင်းကျင်းပုံမှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။ ခြေလှမ်းတိုင်းမှာ မြေကမ္ဘာ၏ တုန်ခါမှုနှင့် ဟန်ချက်ညီနေပြီး သဘာဝတရား၏ အရှိန်အဝါကို ငှားရမ်းအသုံးချနေသကဲ့သို့ပင်။ ချန်ဆန်းရှီကဲ့သို့ လူမျိုးပင် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် အကုန်အစင် ထွင်းဖောက်မမြင်နိုင်ဘဲ အချိန်ယူ လေ့လာရန် လိုအပ်နေသည်။
သို့သော် ထိုအချက်ထက် ပို၍ အရေးကြီးသည်မှာ...
ချန်ဆန်းရှီ၏ အကြည့်များမှာ ပိုမိုနက်ရှိုင်းလာသည်။ သူသည် မျက်ခုံးနီတပ်မတော်၏ ဗျူဟာခင်းကျင်းမှု အထက်တွင် ထူးခြားသော စွမ်းအင်တစ်မျိုးကို မြင်တွေ့နေရသည်။ ထိုစွမ်းအင်မှာ ပုံပန်းသဏ္ဍာန်အားဖြင့် သိုင်းပညာရှင်များ၏ ကိုယ်တွင်းရှိ ပွင့်လင်းမြင်သာသော စွမ်းအင်နှင့် ဆင်တူသော်လည်း အနှစ်သာရချင်း မတူညီပေ။ ၎င်းကို မန္တန်များ ကျင့်ကြံရာတွင် သုံး၍မရဘဲ တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းအားကို ခေတ္တမြှင့်တင်ရန်အတွက်သာ သုံးနိုင်ကြောင်း သူ ခံစားမိလိုက်သည်။
"ဒါဟာ ကောင်းကင်ဘုံကျမ်းစာရဲ့ စစ်မှန်တဲ့ လုပ်ဆောင်ချက်ပေါ့လေ"ချန်ဆန်းရှီ ရုတ်တရက် နားလည်သွားသည်။
ဤစွမ်းအင်၏ ပံ့ပိုးမှုနှင့် ရှုပ်ထွေးထူးဆန်းသော စစ်ဗျူဟာများ ပေါင်းစပ်လိုက်သောအခါ သူတို့သည် ပုန်ကန်မှုစကတည်းက အရှုံးမရှိဘဲ ယနေ့အထိ အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤ "စွမ်းအင်" ဆိုသည်မှာ အကန့်အသတ်မရှိသည်တော့ မဟုတ်ပေ။ အင်အားချင်းလည်း ကွာခြားမှု ရှိနိုင်သည်။
သူတို့ရှေ့တွင်ရှိသော ဤဓားပြအုပ်စုငယ်လေး ပိုင်ဆိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှာ မျက်ခုံးနီတပ်မတော်၏ အဓိကတပ်မတော်ကြီးကိုတော့ မယှဉ်နိုင်သည်မှာ သေချာသည်။ သူတို့၏ ခြေလျင်တပ် ဗျူဟာမှာ ဤစွမ်းအင်ကြောင့် အရန်တပ်စခန်းနှင့် အဆင့်တူသလောက် ဖြစ်နေသော်လည်း...
ချန်ဆန်းရှီတို့ဘက်က မြင်းတပ် ဖြစ်နေသည် ဒါဟာ သဘာဝအရ ရရှိထားတဲ့ အားသာချက်ကြီးပင်။
ချန်ဆန်းရှီ၏ မျက်လုံးများမှာ မီးရှူးတိုင်ကဲ့သို့ စူးရှသွားပြီး ထိုလျှို့ဝှက်စွမ်းအင် ထွက်ပေါ်ရာ အရင်းအမြစ်ကို ရှာဖွေလိုက်သည်။ ဗျူဟာ၏ ဗဟိုချက်တွင်ရှိသော အတွင်းအားသန့်စင်ခြင်းအသေးစားအောင်မြင်မှု့အဆင့်ရှိသည့် ခေါင်းဆောင်တစ်ဦး၏ ဦးခေါင်းထက်မှ စွမ်းအင်မျှင်လေးများမှာ မြူခိုးများကဲ့သို့ ထွက်ပေါ်နေပြီး ကျန်ရှိသော စစ်သည်များကို အားဖြည့်ပေးနေခြင်း ဖြစ်သည်။
ပစ်မှတ်ကို တွေ့သည်နှင့် သူ အချိန်မဆွဲတော့ပေ။ တကယ်တော့ တိုက်ပွဲစသည်မှ အခုအထိမှာ ခဏတာလေးသာ ကြာမြင့်သေးသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
မျက်တောင်တစ်ခတ်အတွင်း မြှားသုံးစင်း ပစ်လွှတ်လိုက်သည်။ မျက်ခုံးနီတပ်ခေါင်းဆောင်က မြှားနှစ်စင်းကို ဓားဖြင့် ပယ်ဖျက်နိုင်ခဲ့သော်လည်း တတိယမြောက်မြှားကမူ သူ၏ လက်မောင်းကို ထွင်းဖောက်သွားခဲ့သည်။ ထိုအချိန်မှာပင် ချန်ဆန်းရှီက ရှေ့သို့ ပြေးဝင်သွားရာ သူ့ကို ပိတ်ဆို့ရန် ကြိုးစားသော မျက်ခုံးနီတပ်သားများမှာ မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်ကုန်ကြသည်။ သူ၏ စိတ်ဝိညာဉ်ဖျက်လှံကို အတွင်းအားဖြင့် အားဖြည့်ကာ ထိုးနှက်လိုက်ရာ သံဒိုင်းများကို ထွင်းဖောက်ပြီး မျက်ခုံးနီတပ်ခေါင်းဆောင်၏ ပခုံးကိုပါ စိုက်ဝင်သွားတော့သည်။
သူသည် မေးမြန်းရန်အတွက် အသက်တစ်ချောင်း ချန်ထားလိုသဖြင့် ထိုသူကို ပြင်းထန်စွာ ဒဏ်ရာရစေပြီးမှ ကျန်ရှိသော ရန်သူများကို ဆက်လက် သုတ်သင်လိုက်သည်။
တိုက်ပွဲမှာ လက်ဖက်ရည် နှစ်ခွက်သောက်စာ အချိန်ခန့်သာ ကြာမြင့်ခဲ့ပြီး မျက်ခုံးနီတပ်သား ခုနစ်ရာလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ ချန်ဆန်းရှီ၏ တပ်ဖွဲ့တွင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကာ၊ ပိုင်ထင်းကျီ ၏ လက်အောက်ငယ်သားများမှာမူ ၁၀ ဦးထက်မက ဆုံးရှုံးခဲ့သည်။ ရန်သူ၏ ဗျူဟာမှာ မည်မျှပင် ကောင်းစေကာမူ စစ်သည်များ၏ အရည်အချင်းမှာ နိမ့်ကျနေပြီး အရေအတွက်မှာလည်း နည်းပါးနေသောကြောင့် ဖြစ်သည်။
ထို့ပြင် ချန်ဆန်းရှီ၏ လက်အောက်ရှိ ညီအစ်ကိုများမှာလည်း အမျိုးမျိုးသော အစွမ်းအစများ မြင့်မားနေသူများ ဖြစ်ကြသည်။ အကယ်၍ မျက်ခုံးနီတပ်တွင် ထိုလျှို့ဝှက်စွမ်းအင်သာ မရှိခဲ့လျှင် အကျအဆုံးမှာ ဤထက်ပင် ပိုနည်းနိုင်ပြီး သုညဖြစ်ရန်ပင် ဖြစ်နိုင်ချေရှိသည်။
စစ်မြေပြင်တွင် မျက်ခုံးနီတပ်ခေါင်းဆောင် တစ်ဦးတည်းသာ အသက်ရှင်ကျန်တော့သည်။ ပိုင်ထင်းကျီ က ရှေ့သို့ ပြေးဝင်သွားပြီး ထိုသူကို ဆွဲခေါ်လာခဲ့သည်။
"မင်းတို့ နန်းတော်က ခွေးသူတောင်းစားတွေ"မျက်ခုံးနီတပ်ခေါင်းဆောင်က ရန်လိုစွာ တံတွေးဖြင့် ထွေးထုတ်ရင်း"မင်းတို့က ငါတို့လို သာမန်လူတွေကိုပဲ နှိပ်စက်တတ်ကြတာ၊ မင်းတို့အားလုံး ငရဲသွားကြ၊ ငရဲသွားကြ"
"စောက်ရူး"
ကျူထုံက ကျိန်ဆဲရင်း ပြေးဝင်သွားပြီး သူ၏ တူဖြင့် ထိုသူ၏ လက်မောင်းကို အသားဖတ်ဖြစ်အောင် ထုနှက်လိုက်မှ ရပ်တန့်တော့သည်။
"ငါ မေးမယ်"
ချန်ဆန်းရှီက သူ၏ ကော်လာကို ဆွဲမလိုက်ပြီး "မင်းက ဘယ်သူလဲ၊ မျက်ခုံးနီတပ်ထဲမှာ ဘယ်ရာထူးကို ယူထားတာလဲ"
ကောင်းကင်ဘုံကျမ်းစာ အကြောင်းကို တိုက်ရိုက်မေးရန်မှာ မဖြစ်နိုင်ပေ။ ထိုသူက ပြောလိုစိတ် ရှိ၊ မရှိထက် သူ၏ ရာထူးမှာ ထောင်စုမှူးထက် မပိုနိုင်သဖြင့် အဆင့်မြင့် လျှို့ဝှက်ချက်များကို သိရှိနိုင်ခြေ မရှိသောကြောင့် ဖြစ်သည်။
"ငါက မေတောင်တန်းက တရားမျှတတဲ့ သူရဲကောင်းတစ်ယောက်ပဲ"
မျက်ခုံးနီတပ်ခေါင်းဆောင်က သွားကြိတ်ရင်း ဆိုသည်"အခု ငါက လျန်
ဘုရင်ရဲ့ ကောင်းကင်ဘုံကျမ်းစာရဲ့ ကောင်းချီးကို ရထားတဲ့ ထောင်စုမှူးပဲမင်းတို့လို ခွေးတွေကို သတ်ဖို့ တမင်လွှတ်လိုက်တာ"
"ကောင်းကင်ဘုံကျမ်းစာရဲ့ ကောင်းချီး..."
ချန်ဆန်းရှီက မေးလိုက်သည်"မင်း အဲဒီကျမ်းစာကို မြင်ဖူးလား"
"ကောင်းကင်ဘုံကျမ်းစာဆိုတာ မသေမျိုးက လျန်ဘုရင်ကို ပေးသနားထားတာ၊ ငါတို့လို သာမန်လူတွေ ကြည့်ဖို့ မဟုတ်ဘူး" မျက်ခုံးနီတပ်
ခေါင်းဆောင်က အထင်သေးသလို ပြောသည်"လျန်ဘုရင်ကို မသေမျိုးက ရွေးချယ်ထားတာ၊ သူက တစ်နေ့မှာ ဒီလောကကြီးကို ပြောင်းလဲပစ်လိမ့်မယ်၊ မင်းတို့ ခွေးတွေကတော့ သေဖို့သာ ပြင်ထားကြတော့..."
"ချွင်" ချန်ဆန်းရှီသည် ထိုသူနှင့် ဆက်လက်စကားပြောရန် စိတ်မရှည်တော့သဖြင့် ဓားဖြင့် ခေါင်းဖြတ်လိုက်တော့သည်။
"ပိုင်ကုတ်ခရိုင်ကို ပြန်ကြမယ်"
ပုန်ကန်သူများကို သုတ်သင်ပြီးနောက် အားလုံးမှာ ပိုင်ကုတ်ခရိုင်အနီးသို့ ပြန်လာပြီး အနားယူကြသည်။ ချန်ဆန်းရှီသည် စောစောက မိန်းကလေးငယ်လေးကို ထပ်မတွေ့ရတော့ပေ။ သူမ ဘယ်မှာ ပုန်းနေသလဲ၊ သို့မဟုတ် မြို့ထဲမှာ ကျန်နေခဲ့တဲ့သူတွေက သတ်လိုက်သလားဆိုတာ သူ မသိနိုင်တော့ပေ။
သူသည် မြေပုံကို ဖြန့်လိုက်ပြီး လက်ရှိအခြေအနေကို ထပ်မံလေ့လာသည်။
ဓားတံခါးချိုင့်ဝှမ်း ကို ဖြတ်ကျော်ဝင်ရောက်လာသည့် စစ်သည် လေးသောင်းရှိသော တပ်မတော်ကြီးမှာ ဧရာမ အိတ်ကပ်ကြီးတစ်ခုထဲသို့ ဝင်လာသကဲ့သို့ပင်။ ထိုအိတ်ကပ်ကြီးမှာ အရှေ့၊ အနောက်နှင့် မြောက်ဘက်တို့တွင် မဟာမိတ်များ ဝိုင်းရံထားပြီး တောင်ဘက်အစွန်းဆုံးတွင်သာ ပုန်ကန်သူများ ရှိနေခြင်း ဖြစ်သည်။
ချန်ဆန်းရှီက ပြောင်းပြန်စဉ်းစားကြည့်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အနောက်ချီနိုင်ငံသည် သူတို့၏ အကျိုးအမြတ်ကို မည်သို့ အမြင့်ဆုံးရအောင် လုပ်နိုင်မလဲ..
သူတို့သည် အခုအထိ အချိန်ဆွဲနေခဲ့ကြသည်။ အကယ်၍ သူတို့မှာ အောင်နိုင်မည်ဟု သေချာနေသည်ဆိုပါက... မင်ပြည်နယ်အတွင်း မည်သို့သော အပြောင်းအလဲက သူတို့ကို အောင်ပွဲရစေမှာလဲ..
ကျိုးကြောင်းဆီလျော်မှုအားလုံးကို ဘေးဖယ်ထားပြီး ခန့်မှန်းကြည့်လျှင်... ချန်ဆန်းရှီသည် သူ့ကိုယ်သူ အနောက်ချီဧကရာဇ်အဖြစ် စိတ်ကူးယဉ်
ကြည့်လိုက်သည်။ သူသာဆိုလျှင် မင်ပြည်နယ်ကို ဘယ်လိုသိမ်းမလဲမဟာတံတိုင်းရှိရာ နေရာကို ကြည့်ရင်း ထိတ်လန့်စရာ အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။ အကယ်၍ မင်ပြည်နယ်ရဲ့ ဗိုလ်ချုပ်ကြီး တုန်အန်းသာ သစ္စာဖောက်သွားခဲ့ရင်ရောအဲဒါဆိုရင် အရာအားလုံး ပြီးသွားပြီ မဟုတ်လား
သူ ခေါင်းမော့ကြည့်လိုက်ရာ ရွှီဝမ်ချိုင်နှင့် မျက်လုံးချင်း ဆုံသွားသည်။
"အရှင်... ကျွန်တော်လည်း စဉ်းစားမိသွားပြီ"
စကားတစ်လုံးမှ ပြောစရာမလိုဘဲ သူတို့နှစ်ဦးလုံး တစ်သဘောတည်း ဖြစ်နေသည်ကို သိလိုက်ကြသည်။ အကယ်၍ ဒါသာ အမှန်ဆိုလျှင်... ပုန်ကန်သူများကို ဝိုင်းထားသည့် အခြေအနေမှာ ပုန်ကန်သူများ၏ ဝိုင်းရံခြင်းကို ပြန်လည်ခံရသည့် အခြေအနေသို့ ပြောင်းလဲသွားပေလိမ့်မည်
ဓားတံခါးချိုင့်ဝှမ်း ကိုသာ ပိတ်ဆို့လိုက်ပါက သူတို့မှာ လွတ်လမ်းမရှိဘဲ သတ်ဖြတ်ခြင်း ခံရမည့် သိုးသူငယ်များကဲ့သို့ ဖြစ်သွားတော့မည်။