← Chapters

အခန်း (၂၁၆)

Vol. 20 Ch. 216

အခန်း (၂၁၆)

Vol. 20 Ch. 216

"ဒုက္ခပဲ"

ရွှီဝမ်ချိုင်သည်စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေတော့သည်။ "ဒါသာ အမှန်ဆိုရင် မျက်ခုံးနီတပ်သား သုံးသောင်း၊ မင်ပြည်နယ်တပ် ရှစ်သောင်း၊ အဲဒီအပြင် အနောက်ချီနိုင်ငံက စစ်ကူတွေပါ ပေါင်းလိုက်ရင် ရန်သူ့အင်အားက တစ်သိန်းကျော်သွားပြီ။ ငါတို့ရဲ့ လူလေးသောင်းကို ဝါးမြိုဖို့ဆိုတာ သူတို့အတွက် လက်တစ်ဖက်တည်းနဲ့တောင် လုပ်လို့ရတဲ့ ကိစ္စပဲ"

ဤဖြစ်နိုင်ခြေကို အခြေခံ၍ ချန်ဆန်းရှီသည် အကြောင်းပြချက်များကို ထပ်မံရှာဖွေကြည့်သည်။ သူက "ရွှီ... တုန်အန်းရဲ့ အကြောင်းကို မှတ်မိသေးလား"ဟု မေးလိုက်သည်။

ရွှီဝမ်ချိုင်က သူ၏ ငှက်မွှေးယပ်တောင်ဖြင့် မြေပုံပေါ်ရှိ မြို့တစ်မြို့ကို ထောက်ပြရင်း ပြန်ပြောသည် "မှတ်မိတာပေါ့၊ သူက စစ်ရေးဗျူဟာကို အရူးအမူး စိတ်ဝင်စားတဲ့သူပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူဟာ ဗိုလ်ချုပ်ကြီးဖန်နဲ့အတူ ရွေးချယ်ခြင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးတယ်။ အဲဒီတုန်းက သူက ဒုတိယပဲ ရခဲ့တာ။ သူက မာနကြီးလွန်းတော့ အတွင်းစည်းတပည့်ရာထူးကို ငြင်းပယ်ပြီး အရပ်ဘက်စာမေးပွဲကို သွားဖြေခဲ့တယ်။ နောက်နှစ်မှာတော့ သူဟာ သိုင်းပညာထူးချွန်သူဖြစ်လာပြီး ဧကရာဇ်မင်းမြတ်က သူ့ကို အဆင့်ဆင့် ရာထူးတိုးပေးခဲ့တာ အခုဆိုရင် ပြည်နယ်တစ်ခုလုံးရဲ့ စစ်ရေး၊ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး ဖြစ်နေပြီ"

"သူကကြက်ခေါင်းပဲ လုပ်ချင်ပြီး ဖီးနစ်အမြီး မလုပ်ချင်တဲ့သူမျိုး ဖြစ်တာကြောင့် ဗိုလ်ချုပ်ကြီးဖန်အပေါ် မနာလိုဝန်တိုစိတ် ရှိကောင်းရှိနိုင်ပေမဲ့ ဒါဟာ နိုင်ငံကို သစ္စာဖောက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်သေးဘူး။ သူက တပ်စခန်းရှစ်ခု နဲ့ အဆက်အသွယ်ဖြတ်ပြီး အရပ်ဘက်ကနေ တက်လာသူဖြစ်လို့ ဧကရာဇ်မင်းမြတ်က သူ့ကို ယုံကြည်ပြီး အာဏာတွေ ပေးအပ်ခဲ့တာ။ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် သူကစစ်နတ်ဘုရားအဆင့်ကို ရောက်နိုင်သလို မြို့စား၊ နယ်စားဘွဲ့တွေပါ ရနိုင်တာပဲ။ သစ္စာဖောက်စရာ အကြောင်းမရှိဘူး" ချန်ဆန်းရှီက မြေပုံကို လက်ချောင်းဖြင့် ခေါက်ရင်း ခွဲခြမ်းစိတ်ဖြာပြသည်။

"ဒါပေမဲ့ သူက..."

"စစ်ရေးဗျူဟာ အရူးအမူးစွဲလမ်းတဲ့သူလေ"

ရွှီဝမ်ချိုင်သည် တစ်ခုခုကို ရိပ်မိသွားသကဲ့သို့ အာမေဍိတ်သံ ပြုလိုက်သည် "ဗိုလ်ချုပ်ကြီးဖန် ပြောပြဖူးတာ တစ်ခုရှိတယ်။ တစ်ခါက တုန်အန်းဟာ သူနဲ့အတူ ကိုးပြည်ထောင်ရှစ်ကွက်ဗျူဟာ ကို ဘယ်သူအရင် ဖော်ထုတ်နိုင်မလဲဆိုတာ ပြိုင်ခဲ့ဖူးတယ်။ နောက်ဆုံးမှာ တုန်အန်းက တစ်လှမ်း နောက်ကျသွားခဲ့လို့ ဒေါသထွက်လွန်းပြီး ဖျားနာတဲ့အထိ ဖြစ်သွားခဲ့တာ"

"အဲဒီလို လူမျိုးတွေဟာ အောင်နိုင်ဖို့အတွက်ဆိုရင် နာမည်၊ ဂုဏ်ဒြပ်၊ စည်းစိမ် ဘာကိုမှ ဂရုမစိုက်တတ်ကြဘူး။ အောင်နိုင်ဖို့အတွက်ဆိုရင် ဘာကိုမဆို ပေးဆပ်ဖို့ အသင့်ပဲ။ စစ်ရေးဗျူဟာ အရူးတစ်ယောက်အတွက် ကောင်းကင်ဘုံကျမ်းစာထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့အရာ ဘာရှိဦးမှာလဲမသေမျိုးတွေရဲ့ ရတနာဆိုတာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်တဲ့ အရာပဲလေ"

"အကယ်၍ မျက်ခုံးနီတပ်မတော်ရဲ့ ခေါင်းဆောင် လျန်ကျိနျန်က သူ့မှာရှိတဲ့ ရတနာကို အသုံးချပြီး ဆွဲဆောင်မယ်၊ အနောက်ချီနိုင်ငံကလည်း နယ်မြေပေးမယ်၊ ဘွဲ့ထူးပေးမယ်လို့ ကတိပေးမယ်ဆိုရင် သူ့ကို စည်းရုံးဖို့ လုံးဝ ဖြစ်နိုင်တယ်"

"တကယ်ကြီးလား"ပိုင်ထင်းကျီ က ကျောက်ကန်တို့နှင့်အတူ ဘေးကနေ ဝေဝါးစွာ နားထောင်နေရင်း မေးလိုက်သည်။

"အရှင်"

ရွှီဝမ်ချိုင်က ဦးညွှတ်လိုက်သည် "ကျွန်တော်တို့ နောက်ထပ် ဘာဆက်

လုပ်ကြမလဲ"

"ငါ့ရဲ့ ယူဆချက်တွေကို စာရေးပြီး ဗိုလ်ချုပ်ကြီးကျောက်တို့ဆီ ပို့လိုက်မယ်။ ဒါပေမဲ့ ဒါက ခိုင်လုံတဲ့ သက်သေမရှိဘဲ ခန့်မှန်းချက်သက်သက်ဖြစ်နေလို့ သူတို့ နားထောင်ကြမှာ မဟုတ်ဘူး။ နောက်ပြီး ဒီခန့်မှန်းချက်က နည်းနည်းတော့... လက်တွေ့မကျသလို ဖြစ်နေတာကိုး" ချန်ဆန်းရှီနှင့် ပညာရှိအိုကြီးတို့မှာ အနောက်ချီရဲ့ သေချာပေါက် အောင်ပွဲရမယ့် အခြေအနေနဲ့ သူတို့ဘက်က မရှောင်လွှဲနိုင်တဲ့ အရှုံးကို ကြိုတင်တွက်ဆပြီး ခန့်မှန်းနေကြခြင်းသာ ဖြစ်သည်။ သူတို့ကိုယ်တိုင်ပင် ဤအခြေအနေမျိုး တကယ်ဖြစ်လာမည်ကို မသေချာကြပေ။

သူသည် စာကို ရေးသားပြီးနောက် လေချွန်သံပေး၍ ဟိုင်တုန်ချင်း (လင်းယုန်ငှက်) ကို ခေါ်ယူကာ ရှေ့တန်းသို့ သတင်းပို့စေခဲ့သည်။ ထို့နောက် အားလုံးမှာ ပိုင်ကုတ်ခရိုင်တွင် တစ်ည အနားယူခဲ့ကြသည်။

နောက်တစ်နေ့ မိုးလင်းချိန်တွင် ယွီဆုန်ထံမှ အမိန့်ရောက်လာသဖြင့် သူတို့သည် ယန်ချွမ်းခရိုင် ပြင်ပ မိုင် ၇၀ ခန့် အကွာရှိ စုရပ်သို့ သွားရောက်ကာ စခန်းချခဲ့ကြပြီး ရိက္ခာလမ်းကြောင်း လုံခြုံရေးကို စတင်တာဝန်ယူခဲ့ကြသည်။ စစ်ပွဲမှာ တစ်ညတည်းနှင့် မပြီးနိုင်ဘဲ ပြည်နယ်တစ်ခုလုံးနှင့် သက်ဆိုင်သည့် စစ်အင်အားစုဖွဲ့မှုကြောင့် ၁၀ ရက်ကျော် ကုန်ဆုံးသွားခဲ့သည်။

ချန်ဆန်းရှီသည် အစာစားပြီးနောက် ဆိတ်ငြိမ်သော နေရာတစ်ခုတွင် သူ၏ လှံကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။ မင်ပြည်နယ်သို့ ရောက်ကတည်းက သူ၏ ကြိုတင်ပြင်ဆင်မှုများကြောင့် ကျင့်ကြံမှုမှာ လုံးဝ နောက်ကျမကျန်ခဲ့ပေ။

သူသည် သွေးပေါက်ကွဲခြင်းအခြေအနေတွင် နဂါးဆင်သွေးမှတစ်ဆင့် စွမ်းအားများကို အဆက်မပြတ် သန့်စင်နေခဲ့သည်။ ထိုစွမ်းအားများကို အသုံးချလိုက် ပြန်လည်စုစည်းလိုက်နှင့် နေ့စဉ်မပြတ် ထပ်ခါတလဲလဲ ပြုလုပ်ရင်း သူ၏ စွမ်းအား သန့်စင်မှုနှင့် ပြင်းအားကို မြှင့်တင်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားမှာ ခန္ဓာကိုယ်ပြင်ပသို့ ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ သို့သော် အရေပြားကို မကျော်လွန်မီတွင် ထိုစွမ်းအားများမှာ ပြန်လည် ပျောက်ကွယ်သွားတတ်သည်။ သူသည် အံကြိတ်ကာ ထိုငြီးငွေ့စရာကောင်းသော လေ့ကျင့်မှုကို မရပ်မနား ထပ်ခါတလဲလဲ လုပ်ဆောင်နေခဲ့သည်။

နောက်ဆုံးတွင် ချန်ဆန်းရှီ အားအင်ကုန်ခမ်းခါနီးအချိန်၌... စွမ်းအင်စီးကြောင်းတစ်ခုမှာ သူ၏ လက်မောင်းမှတစ်ဆင့် လှံဖျားအထိ စီးဆင်းသွားကာ ယခင်က မခံစားဖူးသော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်လိုက်နိုင်သည်။

သူသည် ပြင်ပအားအဆင့်သို့ ထွင်းဖောက်ရောက်ရှိသွားပြီ ဖြစ်သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - ၀ / ၁၀၀၀]

[စွမ်းဆောင်ရည် - အားသိုလှောင်ခြင်း]

[စွမ်းအားသိုလှောင်ခြင်း - တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ပေါက်ကွဲထွက်စေရန် စွမ်းအားများကို ကြိုတင်စုဆောင်းထားနိုင်ခြင်း]

ဟွာကျင်းကျွမ်းကျင်မှု့အဆင့်သို့ ရောက်ပြီးနောက် အလယ်အလတ်အဆင့်

ဖြစ်သော ပြင်ပအားမှာ အဆင့်တစ်ခုလုံး၏ အကူးအပြောင်းကာလ ဖြစ်သည်။ ၎င်းသည် နောက်ပိုင်းတွင် ရောက်ရှိမည့် လက်နက်ဖြင့် အင်အားထိန်းချုပ်ခြင်း အသေးစားအောင်မြင်မှု့အဆင့်အတွက် အခြေခံအုတ်မြစ်ပင်။

၎င်း၏ အဓိက ရည်ရွယ်ချက်မှာ စွမ်းအားများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်ရန် ဖြစ်သည်။ အရိုးရှင်းဆုံးပြောရလျှင် အရာဝတ္ထုကို တိုက်ရိုက်ထိစရာမလိုဘဲ အဝေးမှနေ၍ အားဖြင့် ထိမှန်စေခြင်းပင် ဖြစ်သည်။

ချန်ဆန်းရှီသည် သူ၏ လှံရှည်ကို မြေကြီးတွင် စိုက်ထားခဲ့ပြီး လက်သီးဖြင့် တစ်ချက် ပစ်လိုက်သည်။ သူ၏ လက်သီးမှာ သစ်ပင်နှင့် မထိတွေ့သော်လည်း ပန်းကန်လုံးခန့် အထူရှိသည့် သစ်ပင်မှာ ထက်ပိုင်းကျိုးသွားခဲ့သည်။

ဤအဆင့်တွင် လက်နက်ကိုင်ဆောင်ခြင်းမှာ သာမန်သိုင်းပညာရှင်များအတွက် ပုံမှန်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ပြင်ပအားမှာ ကြာရှည်မခံဘဲ မြှားပစ်သကဲ့သို့ တစ်ချက်ချင်းသာ ထွက်ပေါ်ကာ ပြင်းအားလည်း သိပ်မရှိလှသောကြောင့် ဖြစ်သည်။ သို့သော် စွမ်းအားသိုလှောင်ခြင်းစွမ်းရည်ရှိသူအတွက်မူ အရာအားလုံး ကွဲပြားသွားပြီဖြစ်သည်။

ချန်ဆန်းရှီသည် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ၏ လက်မောင်းတွင် စွမ်းအားများ တဖြည်းဖြည်း စုစည်းလာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သာမန် ပြင်ပအားအဆင့်ရှိသူထက် အဆမတန် သာလွန်နေသည်။ အကယ်၍ စွမ်းအားစုဆောင်းရန် အချိန်လုံလောက်စွာ ရလျှင် သူသည် မည်သည့်အချိန်တွင်မဆို ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုကို ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

"ဝိညာဉ်သဲတွေ ကုန်သွားပြီ" သူသည် မသေမျိုးသိုင်းပညာဖြစ်သော ဓားချီမန္တန်ကိုလည်း လျစ်လျူမရှုခဲ့ပေ။

[မန္တန်ပညာ - ဓားချီမန္တန် (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၃၅ / ၅၀၀]

သို့သော် တိုးတက်မှုမှာ အလွန်နှေးကွေးလွန်းလှသည်။ ဝိညာဉ်သဲများမှာ အကုန်အစင် သုံးစွဲပြီးသွားပြီဖြစ်ကာ သာမန်ကျောက်ခဲများကဲ့သို့ အရောင်အဆင်း ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။

All Chapters