← Chapters

အခန်း (၂၁၇)

Vol. 20 Ch. 217

အခန်း (၂၁၇)

Vol. 20 Ch. 217

စစ်မြေပြင်ကပြန်လာနိုင်ခဲ့ရင် စီယွင်ဘုရားကျောင်းက အမွှေးတိုင်ထွန်းတဲ့ အိုးကို သူ မဖြစ်မနေ ရယူရမည်။

ချန်ဆန်းရှီ စစ်မထွက်ခင်ကတည်းက ကျောင်းထိုင်ဆရာတော်နဲ့ တာဝန်ခံတွေကို အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားသလို၊ ဝိညာဉ်မြူတောင် တစ်ခုလုံးကိုလည်း ချိတ်ပိတ်ထားပြီးသား ဖြစ်သည်။ ဘုရားကျောင်းက တာအိုဘုန်းကြီးတွေအားလုံးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း တောင်တံခါးပြင်ပကို ထွက်ခွာခွင့် ပိတ်ပင်ထားသည်။ ဒါကြောင့် အမွှေးတိုင်အိုးဟာ လုံခြုံတဲ့နေရာမှာ ရှိနေမှာဖြစ်လို့ ပျောက်ဆုံးသွားမှာကိုတော့ စိုးရိမ်စရာမလိုပေ။

အခုလောလောဆယ် သူ အလေးအနက် စဉ်းစားရမယ့် ပြဿနာကတော့... သူ ပြန်လာနိုင်ပါ့မလား၊ ပြန်လာနိုင်ရင်ကော ဘယ်အချိန်မှာ ပြန်လာနိုင်မလဲ ဆိုတာပဲ ဖြစ်သည်။

သူ ကျောက်ဝူကျိီနဲ့ တခြားသူတွေဆီ ပို့လိုက်တဲ့ သတင်းအတွက် ပြန်စာ ရောက်လာခဲ့ပြီ။ ပြန်စာထဲမှာပါတဲ့ အကြောင်းအရာကတော့ ရိုးရှင်းပါသည် သူတို့ သတိထားပါ့မယ် တဲ့။

ဒီအချိန်မှာ ရှေ့တန်းတပ်တွေက စခန်းချပြီး မျက်ခုံးနီတပ်မတော်ရဲ့ အဓိကတပ်နဲ့ ရင်ဆိုင်နေကြပြီ ဖြစ်သည်။ လာလမ်းအတိုင်း ပြန်ဆုတ်ဖို့ဆိုတာ နောက်ကျသွားခဲ့ပြီ။ ယန်ချွမ်းခရိုင်ဆီကို ရိက္ခာတွေ ပို့ဆောင်တဲ့ လမ်းကြောင်းကတော့ အခုထိတော့ အဆင်ပြေချောမွေ့နေဆဲ ဖြစ်သည်။

"ငါပဲ အများကြီး လျှောက်တွေးနေတာ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ" ချန်ဆန်းရှီက ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

နောက်ထပ် ၁၀ ရက် ကုန်ဆုံးသွားသည်။

"နောက် ၅ ရက်အတွင်း"

ယွီဆုန်က သူ၏ တဲထဲသို့ ပြန်ရောက်လာပြီး အမိန့်သစ်တစ်ခု ထုတ်ပြန်

လိုက်သည် "အရန်တပ်စခန်း... တပ်အင်အားအပြည့်နဲ့ ယင်စွေ့တောင် ကို ချီတက်မယ် အဓိက စစ်မြေပြင်နဲ့ ပူးပေါင်းပြီး အဆုံးအဖြတ် တိုက်ပွဲမှာ ပါဝင်ရမယ်"

"အရန်တပ်ကိုပါ အသုံးချတော့မှာလား"ရှဲ့စီရှုက မေးလိုက်သည်။ "ဒုတိယဗိုလ်ချုပ်ကြီးယွီ... ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲခင်ဗျာ"

"သုံးကြိမ်နိုင် တစ်ကြိမ်ရှုံးခဲ့တယ်။ မျက်ခုံးနီပုန်ကန်သူ ရှစ်ထောင်ကို သုတ်သင်နိုင်ခဲ့ပြီး ငါတို့ဘက်က သုံးထောင် ကျဆုံးခဲ့တယ်" ယွီဆုန်က လေးနက်စွာ ပြောသည်။ "ဒီပုန်ကန်သူတွေက စိတ်ဓာတ်အရမ်း တက်ကြွနေကြတယ်။ သူတို့မှာ ကောင်းကင်ဘုံကျမ်းစာ နဲ့ မသေမျိုးကျင့်စဥ်ရှိတယ်လို့ ယုံကြည်နေကြတော့ တပ်ပျက်သွားတာမျိုးမရှိဘဲ စနစ်တကျ ပြန်ဆုတ်ခွာနိုင်ကြတယ်။ ဒါ့အပြင် ဒီနှစ်လအတွင်းမှာ သူတို့က ဂိုဏ်းအသီးသီးက လူသစ်တွေနဲ့ တောင်ပေါ်သား တစ်သောင်းကျော်ကို ထပ်ပြီး စုဆောင်းနိုင်ခဲ့သလို၊ ဗျူဟာလေ့ကျင့်ထားတဲ့ စစ်သည်သစ်တွေလည်း ထပ်တိုးလာခဲ့တယ်"

"ဒါကြောင့် သူတို့ဆီမှာ အခုထိ အင်အား သုံးသောင်းကျော် ရှိနေသေးတယ်"

"ဒါပေမဲ့ ဒါက အဆုံးသတ်ပါပဲ"

"ဗိုလ်ချုပ်ကြီးတုန်က ဒုတိယဗိုလ်ချုပ် ဝူယိုကို မဟာတံတိုင်းမှာ အစောင့်ထားခဲ့ပြီး သူကိုယ်တိုင် လူသုံးသောင်းကို ဦးဆောင်ပြီး ငါတို့ကို ကူညီဖို့ လာနေပြီ။ သူ မကြာခင် ရွှေစမ်းရေမြို့ကို ရောက်လာတော့မယ်။ သူ ရောက်လာတာနဲ့ ငါတို့က နှစ်ဖက်ညှပ်တိုက်မယ်။ လဝက်အတွင်းမှာ ရန်သူ့အင်အား တစ်ဝက်ကို သုတ်သင်နိုင်လိမ့်မယ်။ နောက်နှစ်လအတွင်းမှာတော့ ဒီဒေသတစ်ခုလုံးကို ပြန်ပြီး တည်ငြိမ်အောင် လုပ်နိုင်လိမ့်မယ်"

"အဲဒီကျရင် ငါတို့ လျန်ကျိုးကို ပြန်လို့ရပြီ"

သူတို့က လူတစ်သောင်း ထပ်စုမိတယ် ဟုတ်လား။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ၊ အချိန်တိုလေးအတွင်းမှာပဲလား..

ဒါဟာ မင်ပြည်နယ်ထဲက ဂိုဏ်းဝင်တပည့်တွေနဲ့ လေ့လွင့်သိုင်းပညာရှင်တွေရဲ့ တစ်ဝက်နီးပါး မျက်ခုံးနီတပ်ထဲ ဝင်သွားကြပြီဆိုတဲ့ သဘောပဲ။ ဒါဟာ "ဒဏ္ဍာရီ" တစ်ခုရဲ့ ဆွဲဆောင်မှုပါပဲ။

"မသေမျိုးရဲ့ ကောင်းချီး" အဲဒီအပြင် စစ်ပွဲအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ကောင်းကင်ဘုံကျမ်းစာ နဲ့ ထူးဆန်းတဲ့ လက်နက်တွေ... ဒါတွေဟာ ကောင်းကင်ဘုံရဲ့ အမိန့်လိုမျိုး တန်ဖိုးရှိပြီး မသေမျိုးက တကယ်ပဲ ကျောထောက်နောက်ခံ ပေးထားသလို ဖြစ်နေတာ။ ဒီအချက်ကြောင့်တင် လူတွေက တစ်ဖွဲဖွဲနဲ့ သစ္စာဖောက်ပြီး ဝင်နေကြဦးမှာပဲ။

အကယ်၍ ကောင်းကင်ဘုံကျမ်းစာသာ မရှိခဲ့ရင် ဒီပုန်ကန်မှုဟာ ဒီလောက်အထိ ပြင်းထန်လာမှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် နောက်ပိုင်းမှာ အခြေအနေ ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ အဓိကသော့ချက်ကတော့ လျန်ကျိဆီကနေ မေရှန်းခရိုင်ကို ပြန်သိမ်းဖို့ပဲ။ ပုန်ကန်သူတွေရဲ့ ယုံကြည်

ချက်ကို ရိုက်ချိုးပစ်နိုင်မှ တိုက်စရာမလိုဘဲ အနိုင်ရမှာ ဖြစ်သည်။

ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့အတွက်ကတော့ အခုလာမယ့် တိုက်ပွဲကြီးမှာ အရင်နိုင်ဖို့ လိုအပ်သည်။

သူ့ရဲ့ ရာထူးက နိမ့်လွန်းနေသေးတော့ သူ လုပ်နိုင်တာတွေက ကန့်သတ်ချက် ရှိနေသည်။

"ဝမ်လီ" ချန်ဆန်းရှီက မေးလိုက်သည် "ဓားတံခါးချိုင့်ဝှမ်း ဘက်က သတင်းထူးသေးလား"

"မကြာခင်ပါပဲ"

ဝမ်လီက ပြန်ဖြေသည် "နောက်ထပ် ရက်နည်းနည်းဆိုရင် ကျောက်ကန်နဲ့ သူ့လူတွေ ပြန်ရောက်လာကြပါလိမ့်မယ်"

"ကောင်းပြီ သွားတော့"

ချန်ဆန်းရှီက လွန်ခဲ့တဲ့ ရက်နည်းနည်းကတည်းက အခြေအနေကို ကင်းထောက်ဖို့ ဓားတံခါးချိုင့်ဝှမ်းဆီ လူလွှတ်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ့ရဲ့ ခန့်မှန်းချက်သာ မှန်ခဲ့ရင် ဓားတံခါးချိုင့်ဝှမ်း အနီးအနားမှာ တပ်မတော်ကြီးတစ်ခု စခန်းချပြီး သူတို့ရဲ့ ဆုတ်လမ်းကို ပိတ်ဆို့ထားမှာ သေချာသည်။

...

မေရှန်းခရိုင်မြို့၊ ဘုရင်ခံအိမ်တော်။

"သတ်ဖြတ်ခွင့်အာဏာကို ကိုင်စွဲကာ၊ တရားမျှတမှုဖြင့် ပြည်သူ့ဒုက္ခကို ဖြေရှင်း၏။

ကောင်းကင်ဘုံကျမ်းစာနှင့် ထူးဆန်းသော လက်နက်ကို မသေမျိုးက ပေးသနား၊ ဘိုးဘေးတို့ ကဗျာရှေ့မှာ ရွတ်ဆိုကြ၏။

နဂါးတစ်ကောင်သည် မေတောင်တန်းတွင် ခိုအောင်းနေကာ ကောင်းကင်ယံကို တုန်လှုပ်စေ၏၊ ယခုမူ နက်ရှိုင်းသော ရေအိုင်ထဲတွင် ငြိမ်သက်စွာ ခုန်ပျံနေဆဲ။

မုန်တိုင်းတိမ်တိုက်များ စုဝေးလာမည့်အချိန်ကို စောင့်မျှော်ကာ၊ တိုင်းပြည်ကို ကာကွယ်ရန် ကောင်းကင်ယံသို့ ပျံတက်တော့မည်"

"ကောင်းလိုက်တဲ့ ကဗျာ၊ ကောင်းလိုက်တဲ့ ကဗျာ"

ခန်းမဆောင်ထဲတွင် ပညာရှိတစ်ဦးက ဖြူဖွေးနေသော နံရံပေါ်တွင် ကဗျာတစ်ပုဒ်ကို ရေးသားလိုက်ရာ ဗိုလ်ချုပ်များစွာထံမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ သို့သော် ထိုပညာရှိကိုယ်တိုင်ကတော့ ဝမ်းသာအားရဖြစ်နေသည့် အရိပ်အယောင် မရှိပေ။

သူက ကလောင်တံကို ဖြည်းညင်းစွာ ချလိုက်ပြီး ဗိုလ်ချုပ်တွေကို ဝေ့ကြည့်ကာ မေးလိုက်သည် "ဝူရွှေမြစ် မြောက်ဘက်က အခြေအနေ ဘယ်လိုရှိလဲ"

"စစ်သေနာပတိရဲ့ အမိန့်အတိုင်းပါ" ဗိုလ်ချုပ်တစ်ဦးက လက်သီးဆုပ် နှုတ်ဆက်ရင်း ပြန်ဖြေသည် "စစ်သေနာပတိရဲ့ ထူးချွန်တဲ့ ဗျူဟာတွေကြောင့် အရှင်ကျားနဲ့ တခြားသူတွေဟာ တိုက်ပွဲတော်တော်များများမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လျန်ကျိုးတပ်မတော်ဟာ ယင်ဇွေ့တောင် ဝန်းကျင်ကို ဖြတ်ကျော်လာခဲ့ပြီဖြစ်သလို၊ နောက်ဆုံးကျန်နေတဲ့ အရန်တပ်စခန်းတွေကိုပါ ဆွဲထုတ်ပြီး ရွှေစမ်းရေမြို့အပြင်ဘက်မှာ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ"

"တုန်အန်း ကော ဘယ်လိုလဲ"လျန်ကျိနျန်က မေးသည်။

"သူလည်း နေရာယူထားပြီးပါပြီ" ရှန့်ထျန်းက ပြန်ဖြေသည် "ဗိုလ်ချုပ်ကြီးတုန်က သူ့ရဲ့ လူငါးသောင်းနဲ့အတူ ရွှေစမ်းရေမြို့ကို ရောက်နေပါပြီ။ ကျွန်တော်တို့က ရှုံးနိမ့်ဟန်ဆောင်ပြီး ထပ်ဆုတ်ပေးမယ်၊ ပြီးရင် သူတို့နဲ့ ပူးပေါင်းမယ့်ပုံစံမျိုး လုပ်မယ်။ သူတို့ခမျာ သူတို့ဆီလာတဲ့ စစ်ကူဟာ သူတို့အသက်ကို နှုတ်မယ့်သူတွေလို့ အိပ်မက်တောင် မက်မိမှာ မဟုတ်ဘူး"

"ဒီအစီအစဉ်သာ အောင်မြင်ရင် လျန်ကျိုးစစ်သည် လေးသောင်းလုံး သေချာပေါက် အမြစ်ပြတ်သွားလိမ့်မယ်"

"ဓားတံခါးချိုင့်ဝှမ်း ရော"လျန်ကျိနျန်က တုတ်တံကို ကိုင်ပြီး မြေပုံပေါ်က မြေမျက်နှာသွင်ပြင်ကို ထောက်ပြသည် "ဓားတံခါးချိုင့်ဝှမ်းကို ပိတ်ထားရမယ်၊ တစ်ယောက်မှ အလွတ်မပေးစေနဲ့ ယန်ချွမ်းခရိုင်ကိုလည်း ပြင်ဆင်ထားကြ"

"စစ်သေနာပတိက စစ်တိုက်ရာမှာ အရမ်းကို သတိကြီးတာပဲ၊ ကျွန်တော်တို့ တကယ်ပဲ ကြည်ညိုမိပါတယ်" လူအုပ်ကြီးက ထပ်မံ ချီးကျူးလိုက်ကြပြန်သည်။

လျန်ကျိနျန်က သူ့ရဲ့ ဝတ်ရုံလက်ကို ဝေ့ယမ်းလိုက်ပြီး "တော်ပြီ၊ အမြန်သွားစီစဉ်ကြတော့။ အောင်ပွဲရမယ့် အခွင့်အရေးကို လက်လွတ်မခံစေနဲ့။ ဒီတိုက်ပွဲပေါ်မှာ ငါတို့ရဲ့ အသက်တွေနဲ့ ကံကြမ္မာတွေ မူတည်နေတယ်"

"စစ်သေနာပတိ... အရှင်... အရှင်က ကျွန်တော်တို့ကို ကောင်းကင်ဘုံကျမ်းစာ ရဲ့ နတ်ဘုရားစွမ်းအားကို မပေးသနားရသေးဘူးနော်"နက်နဲပုံရိပ်

အဆင့်ရှိတဲ့ ဂိုဏ်းချုပ် ရှန့်ထျန်းက ပညာရှိရှေ့မှာ ဒူးတစ်ဖက် ထောက်

လိုက်သည် "ကျေးဇူးပြုပြီး ပညာပေးသနားပါ စစ်သေနာပတိ"

သူ ဒူးထောက်လိုက်တာနဲ့ တခြားလူတွေလည်း လိုက်ပြီး ဒူးထောက်ကြသည်။

လျန်ကျိနျန်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီတိုက်ပွဲက လူရှစ်သောင်းနဲ့ လေးသောင်းကို တိုက်မှာလေ၊ အဲဒါတောင် မင်းတို့က ငါ့ရဲ့ လမ်းညွှန်မှုကို လိုသေးတာလား"

"စစ်သေနာပတိ"

ရှန့်ထျန်းက ပြန်ဖြေသည် "ကျွန်တော်တို့ မျက်ခုံးနီတပ်မတော်သားတွေ ဒီတစ်လလုံးမှာ ရာသီဥတုဒဏ်ကို အလူးအလဲ ခံခဲ့ရတာပါ။ အရှင်ဆီက မသေမျိုးပညာရဲ့ ကောင်းချီးကို ရမှသာ စိတ်ဓာတ်တွေ ပြန်တက်ကြွလာမှာမို့လို့ပါ"

"ဒီပညာဆိုတာ စည်းကမ်းမရှိ ပေးလို့မရဘူး၊ အလွဲသုံးစားလည်း မလုပ်ရဘူး"လျန်ကျိနျန်က တုတ်တံကို ချလိုက်သည် "ငါ့ရဲ့ အမိန့်ကို ကြေညာလိုက်စမ်း ကောင်းကင်ဘုံကျမ်းစာ ရဲ့ ဟောကိန်းအရ ဒီတိုက်ပွဲဟာ သေချာပေါက် နိုင်မယ့် တိုက်ပွဲပဲ။ အကယ်၍ ငါတို့ နိုင်ခဲ့ရင် မြို့တစ်မြို့ကို ရွေးပြီး စစ်သည်တွေကို သုံးရက်တိုင်တိုင် လုယက်ခွင့်ပေးမယ်လို့ ဆုလာဘ်ထုတ်ပြန်လိုက်"

မင်ပြည်နယ်ဟာ ဆင်းရဲသလို မျက်ခုံးနီတပ်မတော်ကလည်း ဆင်းရဲသည်။ သူတို့ရဲ့ ရိက္ခာတွေက အနောက်ချီနိုင်ငံဆီက လာတာ ဒါမှမဟုတ် အနားက မြို့တွေကို လုယက်လို့ ရတာတွေပဲ ရှိသည်။ ပုံမှန်အားဖြင့် စစ်သည်တွေကို ပေးစရာ ဆုလာဘ် ကြီးကြီးမားမား မရှိတာကြောင့် သူတို့ရဲ့ မူလစိတ်ရိုင်းတွေကို နှိုးဆွဖို့အတွက် မြို့ကို လုယက်ခွင့်ပေးတာကသာ အထိရောက်ဆုံး ဖြစ်နေသည်။

All Chapters