အခန်း (၂၁၈)
Vol. 20 Ch. 218
"အမိန့်အတိုင်းပါ"
ရှန့်ထျန်းနှင့် အခြားသူများမှာ အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်ခွာသွားကြသဖြင့် ခန်းမကြီးတစ်ခုလုံး ခြောက်ကပ်ပြီး အထီးကျန်သွားတော့သည်။
လျန်ကျိနျန်သည် ပုလင်ပေါ်တွင် ထိုင်နေရင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးပစ္စည်းကို အာရုံခံကြည့်လိုက်ရာ မျက်နှာမှာ ပျက်ယွင်းသွားသည် "ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."
"မောင်လေး"စားစရာဗန်းကို ကိုင်ဆောင်လာသော အမျိုးသမီးတစ်ဦးမှာ သိမ်မွေ့စွာ လျှောက်လှမ်းလာပြီး စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက်များကို စနစ်တကျ ပြင်ဆင်လိုက်သည် "လာ... စားစရာလေး တစ်ခုခုစားလိုက်ပါဦး"
"ငါ မဆာဘူး" လျန်ကျိနျန်က မျက်လုံးများကို မှိတ်ထားရင်း "မိန်းမ... မင်းပဲ စားပါ" ဟု ပြောသည်။
"မောင်လေး... မောင်လေး တစ်နေကုန် ဘာမှမစားရသေးဘူးလေ" ကောင်းဖေဝမ်က သူ့ကို ဆွဲခေါ်ကာ "လာပါ... မောင်လေးနဲ့အတူ အဖော်လုပ်ပေးရင်း နည်းနည်းလောက် ဖြစ်ဖြစ် စားပေးပါ" ဟု နားချလိုက်သည်။
"ကောင်းပြီလေ... နည်းနည်းတော့ စားပါ့မယ်"ထိုအခါမှ လျန်ကျိနျန်မှာ မတ်တတ်ရပ်တော့သည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ရာ ကောင်းဖေဝမ်က ဟင်းရည်ခပ်ပေးရင်း "ဘာလို့ သက်ပြင်းတွေ ခဏခဏ ချနေတာလဲ... အဲဒီပစ္စည်းကြောင့်လား"ဟု မေးသည်။
"အင်း" လျန်ကျိနျန်က ခေါင်းငြိမ့်ပြသည်။
"စွမ်းအင်တွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ အရင်တုန်းက တိုက်ပွဲတိုင်း နိုင်ခဲ့လို့ စွမ်းအင်တွေ တိုးလာခဲ့ပေမဲ့ အခုနောက်ပိုင်း အခြေအနေက တန့်နေလို့ ဖြစ်မယ်။ ဒီတိုက်ပွဲသာ ပြီးသွားရင်တော့ ငါတို့ တကယ်ကို အနိုင်မရနိုင်တဲ့ တပ်မတော်ကြီးကို တည်ဆောက်နိုင်မှာပါ"
သူသည် ကြက်တစ်ကောင်ကိုပင် မဖမ်းနိုင်လောက်သည့် သာမန်စာပေပညာရှင်တစ်ဦးသာ ဖြစ်သည်။ မေရှန်းတောင်ရွာတွင် ခိုလှုံစဉ်ကတည်းက ရက်စက်ကြမ်းကြုတ်သော လူဆိုးများကြားတွင် ခေါင်းဆောင်အဖြစ် ကြည်ညိုခံခဲ့ရခြင်းမှာ သူ၏လက်ထဲရှိ မသေမျိုးပစ္စည်းကြောင့်သာ ဖြစ်သည်။ ၎င်းသာ မရှိလျှင် သူသည် ပထမဆုံး သေရမည့်သူပင်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုပစ္စည်းကိုသာ သူ တင်းတင်းဆုပ်ကိုင်ထားနိုင်သရွေ့ ထိုလူများမှာ သူ့အမိန့်ကို မြေဝယ်မကျ နားထောင်ကြပေလိမ့်မည်။
"မောင်လေး... ဒါတွေကို မေ့လိုက်ကြရအောင်လား" ကောင်းဖေဝမ်က စိုးရိမ်တကြီး ပြောသည် "ငါတို့ နှစ်ယောက်အတူတူ လွတ်လပ်တဲ့နေရာကို ထွက်ပြေးပြီး အေးအေးဆေးဆေး နေလို့ရတာပဲ၊ ဘာလို့ နေ့တိုင်း စစ်တိုက်နေရမှာလဲ"
"ဒါက မိန်းမသားတွေရဲ့ အမြင်ပဲ" လျန်ကျိနျန်က ဒေါသတကြီး ပြောလိုက်သည် "ငါတို့ ဒီအထိ ရောက်လာခဲ့ပြီ၊ အခုမှ နောက်ဆုတ်လို့ ရဦးမယ် ထင်လို့လားဒါ့အပြင် ဒီတိုက်ပွဲသာ နိုင်သွားရင် အနောက်ချီနိုင်ငံက ငါ့ကို
မင်ကျိုးဘုရင်အဖြစ် ဘွဲ့နှင်းအပ်နှင်းပြီး နယ်မြေအကျယ်ကြီး ပေးမှာ။ အဲဒီကျရင် ငါ တပ်အင်အား ထပ်စုပြီး အင်အားတောင့်တင်းအောင် လုပ်
နိုင်ပြီ။ အချိန်တစ်ခု ရပြီဆိုရင် ဒီ မသေမျိုးပစ္စည်းနဲ့အတူ ဒီလောကကြီးတစ်ခုလုံးကိုတောင် ငါ သိမ်းပိုက်နိုင်မှာ"
"အစတုန်းကတော့ ငါက စာမေးပွဲအောင်ဖို့ပဲ တွေးခဲ့တာ၊ ဒါပေမဲ့ အခုတော့ ဒီလောကမှာရှိတဲ့ စာပေပညာရှင် အားလုံးကို သတ်ပစ်ချင်တယ် ငါ့ကို ဘယ်သူမှ အထင်မသေးရဲအောင် လုပ်ပစ်မယ်"
ယင်စွေ့တောင်။
"နောက် ၂ ရက်ပဲ လိုတော့တယ်"
"ရောက်တော့မယ်ဟေ့"
"ငါတို့ အရန်တပ်စခန်းရဲ့ ဘယ်တောင်ပံက နောက်ဆုံးမှ ရောက်မှာ၊ အားလုံး သတိထားကြ၊ အရှက်မကွဲစေနဲ့"
ရှေ့တန်းမှ သတင်းများ ရောက်လာသည်။ မျက်ခုံးနီတပ်မတော်မှာ နောက်ထပ် တစ်ကြိမ် အရေးနိမ့်သွားခဲ့ပြန်ပြီ။ ယခုအခါ လျန်ကျိုးစစ်သည်များမှာ ရန်သူများကို ဝူရွှေမြစ်ကမ်းအထိ လိုက်လံချေမှုန်းနေကြသည်။
ချန်ဆန်းရှီသည် မြေပုံပေါ်က တည်နေရာကို ကြည့်ပြီး ထိတ်လန့်သွားသည်။ ဒါဟာ ရွှေစမ်းရေမြို့ကို ကျောပေးလိုက်သလို ဖြစ်နေသည်။ အခြေအနေတွေက သူခန့်မှန်းထားသလို ဖြစ်လာနေပြီ။ မျက်ခုံးနီတပ်မတော်ဟာ အရေးနိမ့်လို့ ဆုတ်ခွာနေတာ မဟုတ်ဘဲ ရန်သူကို နယ်မြေထဲ နက်နက်ရှိုင်းရှိုင်း ဝင်လာအောင် မြှူဆွယ်နေခြင်း ဖြစ်သည်။
လျန်ကျိုးစစ်သည်တွေက အမြင်ကျဉ်းတာ မဟုတ်ပါဘူး၊ သူနဲ့ ရွှီဝမ်ချိုင်ပဲ တော်နေတာလည်း မဟုတ်ဘူး။ သူတို့နှစ်ယောက်ကလွဲရင် ဘယ်သူမှ မင်ကျိုးဘုရင်ခံက သစ္စာဖောက်လိမ့်မယ်လို့ အိပ်မက်တောင် မက်ဝံ့ကြမှာ မဟုတ်ဘူး။ နန်းတော်က ခန့်အပ်ထားတဲ့ နယ်ခြားစောင့် ဘုရင်ခံတစ်
ယောက်က ဘာလို့ သူ့ရဲ့ စည်းစိမ်နဲ့ အသက်ကို ရင်းပြီး သစ္စာဖောက်မှာလဲ
ဒါပေမဲ့ ဒီလို သံသယရှိနိုင်တဲ့ လူတစ်ယောက်တော့ ရှိသည်... စီနီယာအစ်ကိုလေး"
သူနဲ့ ဆရာဖြစ်သူတို့ဟာ လျန်ကျိုးကနေ မြို့တော်ကို သွားမယ်ဆိုပြီး ထွက်ခွာသွားတာ ကြာပြီဖြစ်ပေမဲ့ သတင်းဘာမှ မကြားရသေးပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ မထွက်ခွာခင်ကတည်းက အရန်တပ်စခန်းတွေက စနစ်တကျ တိုးချဲ့လာခဲ့သည်။ မင်ကျိုးက ပုန်ကန်မှုကို နှိမ်နင်းဖို့က တပ်စခန်းရှစ်ခု ရဲ့ စီစဉ်မှု မဟုတ်ဘဲ မြို့တော်က စစ်ဝန်ကြီးဌာနကနေ အဝေးက ထိန်းချုပ်နေခြင်း ဖြစ်သည်။ ဖီကျိ၊ ဟောက်ပေါင်၊ ကျောက်ဝူကျိီတို့မှာ အမိန့်ကို နာခံနေသူများသာ ဖြစ်သည်။
ဆရာနဲ့ စီနီယာအစ်ကိုလေးတို့ အခုလောက်ဆိုရင် အခြေအနေကို သိနေလောက်ပြီ။ ဒါပေမဲ့ ခရီးက အရမ်းဝေးနေတော့ ဆက်သွယ်ရေးက အရမ်းနှေးကွေးနေသည်။
"ဗိုလ်ချုပ်ချန်... ခင်ဗျားကတော့ တကယ့်ကို အေးဆေးပဲနော်။ ရိက္ခာတွေ စောင့်ရှောက်ဖို့ နောက်ဆုံးမှာ ကျန်နေချင်တာလား၊ ခင်ဗျား ရောက်တဲ့အချိန်မှာ အားလုံး ပြီးသွားမှာ မကြောက်ဘူးလား"
"ငါတို့တော့ ရှေ့က ကြိုသွားပြီဟေ့"
လုရှူဟွာ၊ ရှဲ့စီရှုနှင့် အခြားသူများမှာ မချင့်မရဲ ဖြစ်နေကြသည်။ အကယ်၍ ဒီလူက ဝမ်ချိုးရှီကို အားလုံးရှေ့မှာ သတ်ခဲ့တာကို မမြင်ဖူးရင် သူတို့က သူ့ကို တိုက်ပွဲကြောက်နေသူလို့ ထင်ကြမှာ သေချာသည်။ သူတို့ ထွက်သွားတာကို ကြည့်ရင်း ချန်ဆန်းရှီက အရှိန်မမြှင့်ခဲ့ပေ။ ရိက္ခာအဖွဲ့ကို တာဝန်ယူထားရသဖြင့် သူသည် တခြားသူများထက် ၃ ရက်မှ ၅ ရက်ခန့် နောက်ကျမှ ရောက်မည်ဖြစ်သည်။
"ကျောက်ကန်ပြန်မလာသေးဘူးလား"
နှစ်ရက် ထပ်ကုန်သွားပြီးနောက် လူလွှတ်၍ လိုက်ခိုင်းမည်အပြုတွင် နောက်ဘက်မှ ဖုန်လုံးကြီးများ တက်လာသည်ကို မြင်လိုက်ရသည်။ ကျောက်ကန်မှာ သွေးများဖြင့် ရွှဲနစ်လျက် ပြန်ရောက်လာသည်။ သူခေါ်သွားသော မြင်းတပ်သား ၁၀ ဦးအနက် ၂ ဦးသာ အသက်ရှင်ကျန်တော့သည်။
ရွှီဝမ်ချိုင်က ဒေါသတကြီး ခြေဆောင့်လိုက်သည် "တောက်... ဒုက္ခပဲ"
ချန်ဆန်းရှီ၏ စိုးရိမ်ပူပန်မှုများမှာ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျောက်ကန်၏ သတင်းပို့ချက်မှာ သူထင်ထားသည့်အတိုင်းပင်။
"အရှင်... ဘေးဒုက္ခကြီး ဆိုက်ပါပြီ"
"ဓားတံခါးချိုင့်ဝှမ်းမှာ လူသုံးသောင်း ချုံခိုတိုက်ခိုက်နေသလို၊ အနောက်ချီနိုင်ငံက စစ်သည်တွေလည်း အနောက်ဘက် နယ်ခြားကနေ အများအပြား ဝင်လာနေပြီ။ အရေအတွက် အတိအကျကို မသိရပေမဲ့ ကျွန်တော်တို့ရဲ့ စစ်သည်လေးသောင်းလုံးဟာ ရှေ့ညှပ်နောက်ညှပ် ဝိုင်းရံခံရတော့မှာပါ"
"ဒါက ဘယ်လိုဖြစ်ရတာလဲ အရှင်အနောက်ဘက်က မဟာတံတိုင်းကြီး ကျိုးသွားပြီလားရွှေစမ်းရေမြို့က ဗိုလ်ချုပ်ကြီး ယွီဆုန်ရဲ့ တပ်တွေက ဘာလုပ်နေကြတာလဲ"
ချန်ဆန်းရှီက မျက်လုံးများကို မှိတ်ထားလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်"ရိက္ခာတွေ အားလုံးကို စွန့်ပစ်လိုက်ကြ။ ရှေ့က ချိုင့်ဝှမ်းမှာ ချုံခိုတိုက်ဖို့ ပြင်ဆင်ထားကြ၊ ငါတို့ရဲ့ ဆုတ်ခွာလာမယ့် တပ်တွေကို ကူညီဖို့ အသင့်ပြင်ထား"
"အမိန့်အတိုင်းပါ အရှင်"
နောက်တစ်နေ့ ညနေခင်းတွင်... ချိုင့်ဝှမ်းအနီးမှာ စောင့်နေတဲ့ စစ်သည်တွေဟာ ဖုန်လုံးကြီးတွေကို အရင်မြင်လိုက်ရပြီး၊ အဲဒီနောက်မှာတော့... အရေးနိမ့်ပြီး ဆုတ်ခွာလာတဲ့ လျန်ကျိုးစစ်သည်တွေကို မြင်လိုက်ရတော့သည်။
သူတို့သည် ချိုင့်ဝှမ်းတွင် ချုံခိုတပ်ကို မြင်လိုက်ရသဖြင့် ထပ်မံ အတိုက်ခံရပြီဟု ထင်ကာ ကြောက်လန့်သွားကြသော်လည်း၊ မိမိတို့တပ်မှန်း သိလိုက်ရသည့်အခါမှ စိတ်အေးသွားကြသည်။
"ခင်ဗျား...ခင်ဗျား ဒါကို ကြိုသိနေတာလား"
ရှာဝမ်လုံ ၏ သံချပ်ကာမှာ တစ်ခုလုံး ပျက်စီးနေပြီး သူ့ဘေးက ချောင်
ဖန်လည်း ဒဏ်ရာရထားသည်။
ချန်ဆန်းရှီက ဘာမှ အများကြီး မပြောတော့ဘဲ အမိန့်ပေးလိုက်သည် "တပ်မတော်တစ်ခုလုံး မိုင် ၇၀လောက် ဆုတ်မယ်၊ လုံယန်ခရိုင်မှာ ပြန်စုကြမယ်၊ ပြီးမှ... ရှေ့ဆက်မယ့် အစီအစဉ်တွေကို ထပ်ပြီး ဆွဲကြမယ်"
အရေးနိမ့်ခဲ့သော တပ်မတော်ကြီးမှာ ဆက်လက်ဆုတ်ခွာခဲ့ကြသည်။