← Chapters

အခန်း (၂၁၂)

Vol. 20 Ch. 212

အခန်း (၂၁၂)

Vol. 20 Ch. 212

ထိုအချိန်ရောက်လျှင် စစ်သည် ခုနစ်သောင်းရှိသော တပ်မတော်ကြီးသည် ဒေသခံ ပုန်ကန်သူ သုံးသောင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။

မျက်ခုံးနီတပ်မတော်တွင် နက်နဲပုံရိပ်အဆင့်ရှိသည့် သိုင်းပညာရှင် တစ်ဦးတည်းသာ ရှိသော်လည်း၊ ဒါရှန်မင်းဆက်ဘက်တွင်မူ ယွမ်တိုက်၊ ရှာဝမ်လုံ နှင့် ကျောက်ဝူကျိီ တို့ ရှိနေကြသည်။ ထို့ပြင် မင်ကျိုးတပ်မတော်၏ ဒုတိယဗိုလ်ချုပ် ဝူယို နှင့် ခေါင်းဆောင် ချောင်ဖန် တို့လည်း ရှိသေးသည်။ မည်သို့ပင်ကြည့်စေကာမူ စက္ကူပေါ်မှ အင်အားချင်းမှာ အဆမတန် ကွာခြားလွန်းလှသဖြင့် တိုက်ရိုက်ရင်ဆိုင်ရပါက မျက်ခုံးနီတပ်မတော်အတွက် အောင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူတို့အတွက် အကောင်းဆုံးရလဒ်မှာ ဝူရွှေမြစ်၏ မြောက်ဘက်နှင့် ဟုန်ကျီမြစ်ကမ်းပါး၏ အရှေ့ဘက်သို့ အချိန်မီဆုတ်ခွာပြီး သိမ်းပိုက်ထားသော မြို့များကို ထိန်းထားရန်သာ ရှိသည်။ ထိုသို့ဆိုလျှင်ပင် တဖြည်းဖြည်း ဝါးမြိုခံရဖို့မှာ အချိန်ကာလတစ်ခုသာ လိုတော့သည်။

"အရှင်... အရှင်က အရင်ထက် ပိုပြီး သတိကြီးနေသလားလို့"ကျောက်ကန်က ဆိုသည်။ "လမ်းမှာ ချုံခိုတိုက်ခိုက်ခံရမှာကိုပဲ သတိထားမယ်ဆိုရင် ကျန်တာ ပြဿနာမရှိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

"ဖြစ်နိုင်တာပဲ" ချန်ဆန်းရှီက နှုတ်မှ ဆိုလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ တစ်ခုခု ထူးဆန်းနေဆဲ ဖြစ်သည်။

အနောက်ချီနိုင်ငံက အမှန်တကယ် ဘာကို စောင့်နေတာလဲမျက်ခုံးနီတပ်မတော် တောင်ဘက်မှာ ဆူပူသောင်းကျန်းနေတာဟာ အနှစ်နှစ်ဆယ်မှာ တစ်ခါသာ ကြုံရခဲတဲ့ အခွင့်အရေးကောင်းကြီး ဖြစ်သည်။ အကယ်၍ သူတို့ တပ်မတော်သာ ကညောင်ချောက်ထဲကို ဝင်သွားပြီး ယန်ချွမ်းခရိုင်ကနေ ရိက္ခာတွေ လက်ခံရရှိသွားရင် မျက်ခုံးနီတပ်မတော်ဟာ ချက်ချင်း နှိမ်နင်းခံရတော့မှာ ဖြစ်သည်။ အဲဒီအချိန်ကျမှ ပြန်ဝင်လာဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်လိမ့်မည်။

ချန်ဆန်းရှီက မေးလိုက်သည် "ငါ့ရဲ့ ဝမ်လုံစစ်သေနာပတိကြီး... မင်းမှာကော အကြံရှိလား"

"စိတ်မပူပါနဲ့ အရှင်... ဉာဏ်အလင်းပွင့်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ"ရွှီဝမ်ချိုင်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။ "မကြာခင်ပါပဲ... ကျွန်တော့်ရဲ့ စဉ်းစားပုံ ချဉ်းကပ်ပုံကို ပြောင်းလဲကြည့်ပါရစေဦး"

"ဟုတ်တယ်၊ ငါလည်း ငါ့ရဲ့ စဉ်းစားပုံကို ပြောင်းရမယ်"

ချန်ဆန်းရှီက မြေပုံများကို သိမ်းခိုင်းပြီး ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။

မင်ပြည်နယ်သို့သွားသော ခရီးတစ်ခုတည်းတင် တစ်လနီးပါး ကြာမြင့်မည် ဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်ဝူကျိီနှင့် အခြားသူများက လျန်ကျိုးမှ ရိက္ခာများ မသယ်ယူရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်၊ ကုန်ကျစရိတ်မှာ အလွန်ကြီးမားလွန်းလှသည်။ စစ်ချီခြင်းမှာ အလွန်ပင် ငြီးငွေ့စရာ ကောင်းလှသည်။ နေ့စဉ် လမ်းလျှောက်ခြင်း၊ စားခြင်းနှင့် အိပ်ခြင်းတို့ကို လမ်းဘေးတွင်ပင် ဖြေရှင်းရသဖြင့် အမှန်တကယ် ပင်ပန်းဆင်းရဲသော ဘဝပင်။

ကံကောင်းသည်မှာ ချန်ဆန်းရှီက အသင့်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ဆေးယို၊ အဖိုးတန်ဆေးဝါးများနှင့် နားကြွက်သား များကို ယူဆောင်လာခဲ့သဖြင့် အချိန်မဖြုန်းဘဲ ကျင့်ကြံနိုင်သည်။ ယွမ်ကျိုးတွင် ရှိစဉ်ကကဲ့သို့ပင် သူသည် ရှောင်ရှင်း ၏ မယုံနိုင်စရာ မြန်ဆန်သော အရှိန်ကို အားကိုးကာ စစ်တပ်၏ နောက်မှ နာရီဝက်ခန့် ခွာ၍ သိုင်းကျင့်လိုက်၊ ကျန်တစ်ဝက်တွင် အမြန်လိုက်လိုက်နှင့် မျက်တောင်တစ်ခတ်အတွင်း ၂၈ ရက် ကုန်ဆုံးသွားခဲ့သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(အခြေခံအဆင့်)]

[တိုးတက်မှု့ - ၃၉၅ / ၅၀၀]

နောက်ထပ် ၁၀ ရက် သို့မဟုတ် လဝက်ခန့်ဆိုလျှင် သူသည် နည်းစနစ်ကို ကျွမ်းကျင်လာတော့မည် ဖြစ်သည်။

"ရောက်တော့မယ်"

နေမဝင်မီတွင် သူတို့သည် ဓားတံခါးချိုင့်ဝှမ်းကို ဖြတ်ကျော်ပြီး မင်ပြည်နယ် နယ်နိမိတ်ထဲသို့ ဝင်ရောက်တော့မည်ဟု ချန်ဆန်းရှီ ခန့်မှန်းလိုက်သည်။

ဟိုင်တုန်ချင်း (လင်းယုန်ငှက်) သည် အတောင်ပံခတ်လျက် သူ့ထံသို့ ရောက်လာပြီး ရှေ့တန်းမှ နောက်ဆုံးရ စစ်ရေးပြင်ဆင်မှု သတင်းများကို ယူဆောင်လာသည်။

ကောင်းကင်ဝံပုလွေစခန်းနှင့် လျန်ကျိုးစစ်သည် နှစ်သောင်းတို့သည်

ယင်စွေ့တောင်ဝန်းကျင်ရှိ ရှေ့တန်းဒေသကို တာဝန်ယူရမည်ဖြစ်ပြီး၊ ရွှေစမ်းရေမြို့မှ လာသော မင်ကျိုးတပ်မတော်နှင့် ပူးပေါင်းကာ မျက်ခုံးနီတပ်မတော်၏ အဓိကအင်အားစုကို ဝိုင်းရံချေမှုန်းရန် ပြင်ဆင်နေကြသည်။ သူတို့သည် ရန်သူများကို ဝူရွှေမြစ်မြောက်ဘက်သို့ မဆုတ်ခွာနိုင်အောင် တားဆီးပြီး အမြန်ဆုံး အဆုံးသတ်နိုင်ရန် ကြိုးပမ်းကြမည် ဖြစ်သည်။

အရန်တပ်စခန်းမှာမူ နောက်မှ လိုက်ပါရမည်ဖြစ်ပြီး အဓိက ရန်သူနှင့် ရင်ဆိုင်ရန် ယာယီ မလိုအပ်သေးပေ။ သူတို့၏ တာဝန်မှာ ယန်လင်တောင် ဝန်းကျင်ရှိ ပုန်ကန်သူ အုပ်စုငယ်များကို ရှင်းလင်းရန်နှင့် တိုက်ပွဲစတင်ပြီးနောက် ယန်ချွမ်းခရိုင် ပြင်ပရှိ ရိက္ခာလမ်းကြောင်းကို ထိန်းသိမ်းရန် ဖြစ်သည်။ အရန်တပ်စခန်းဖွဲ့စည်းသည်မှာ လေးလပင် မပြည့်သေးသဖြင့် အခြားအဓိကတပ်များထက် အားနည်းသည်ဟု ယူဆကာ အတွေ့အကြုံယူရန်သာ အဓိက ထားခြင်းဖြစ်သည်။ အလွန်အရေးကြီးသော အခြေအနေမျိုးမှသာ သူတို့ကို အသုံးပြုမည် ဖြစ်သည်။

"ဒေါသထွက်စရာပဲ"ပိုင်ထင်းကျီက ကျိန်ဆဲရင်း ရောက်လာသည်။ သူ၏ ဘေးတွင် လုရှုဟွာ နှင့် ရှဲ့စီရှု တို့ ပါလာပြီး သုံးယောက်လုံး၏ မျက်နှာမှာ မသာမယာ ဖြစ်နေကြသည်။

ချန်ဆန်းရှီက မေးလိုက်သည်"ဘာဖြစ်လို့လဲ"

"ဟို ချောင် ဆိုတဲ့လူက အရှက်မရှိလို့လေ" ပိုင်ထင်းကျီက တခြားသူတွေ ကြားမှာကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ရှာဝမ်လုံက သူတို့ရဲ့ ကောင်းကင်ဝံပုလွေစခန်းမှာ လူအင်အား လိုနေတယ်လို့ အကြောင်းပြပြီး ချောင်ဖန်ရဲ့ ညာတောင်ပံတပ်က လူသုံးထောင်ကို မျက်ခုံးနီတပ်မတော်ရဲ့ အဓိကတပ်နဲ့ ရင်ဆိုင်ဖို့ ရှေ့တန်းကို ပို့လိုက်ပြီ။ ဒါက သူတို့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ရအောင် တမင် အခွင့်အရေးပေးလိုက်တာပဲ"

"တပ်မှုးပိုင်... စကားကို ဆင်ခြင်ပါဦး"ရှဲ့စီရှုက သတိပေးသည်။

"ချောင် ဆိုတဲ့ မျိုးရိုးနာမည်ကို ကျိန်ဆဲတာဟာ ဧကရာဇ်မင်းမြတ်ကို စော်ကားသလို ဖြစ်နေလိမ့်မယ်။ ဘယ်သူမှ အရေးမယူရင် တော်သေးတယ်၊ အရေးယူရင် ခေါင်းပြတ်သွားနိုင်တယ်နော်"

"ဟူး..."

လုရှုဟွာက သက်ပြင်းချရင်း"ဒီခရီးကတော့ အဖွဲအနွဲ့လေးတွေပဲ ကောက်စားဖို့ ကံပါလာပုံရတယ်" ဟု ဆိုသည်။

"ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ဗိုလ်ချုပ်ချန်..." ရှဲ့စီရှုက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "မင်းသားလေးက ယင်စွေ့တောင်ကို တိုက်ရိုက်သွားပြီး အဓိကတပ်နဲ့ ရင်ဆိုင်ရမှာ၊ ရှာဝမ်လုံကလည်း သူ့ကို အခွင့်အရေးပေးဖို့ အဆင်သင့်ပဲ။ သူက ပထမအဆင့်စစ်မှုထမ်းကောင်းဘွဲ့ကို ရသွားနိုင်ခြေ ရှိတယ်။ အဲဒီအပြင် သူ လျန်ကျိုးကို မပြန်ခင်မှာဟွာကျင်းအဆင့်ကို ကျွမ်းကျင်ခြင်းအဆင့်အထိ ရောက်သွားနိုင်တယ် ဆိုလိုတာက... အကြီးဆုံးတပည့်နေရာကို အလုခံရနိုင်တယ်"

"သတိပေးတာ ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီမှာတော့ လုံးဝ စိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် သူ လျန်ကျိုးသို့ ပြန်ရောက်ချိန်တွင် သူ၏ အဆင့်မှာ အနည်းဆုံးအသေးစားအောင်မြင်မှု့အဆင့်သို့ ရောက်နေမည်ဖြစ်ပြီး၊ ချောင်ဖန် မည်မျှပင် ကြိုးစားပါစေ ထိုအရှိန်ကို မှီနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သူ ဟွာကျင်းအဆင့်ကိုရောက်နေပြီဖြစ်ကြောင်း လူအများက မသိသေးကြပေ။

"ရောက်ပြီ"

ဓားတံခါးချိုင့်ဝှမ်း..

ဤချိုင့်ဝှမ်းမှာ လော့ရှောင်းတောင်တန်း၏ အရှေ့ဘက်ခြမ်းနှင့် ဆက်နေပြီး လျန်ကျိုးမှ မင်ပြည်နယ်သို့ သွားရာ အတိုဆုံးလမ်းကြောင်း ဖြစ်သည်။ တဆက်တည်း ရှိနေရမည့် တောင်တန်းကြီးမှာ အလယ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်နေပြီး၊ တောင်နံရံများမှာ ၉၀ ဒီဂရီ မတ်စောက်နေကာ လျှောစောက်ပင် မရှိပေ။ ဧရာမဓားကြီးတစ်လက်ဖြင့် တောင်တန်းကို အတင်းအဓမ္မ ခုတ်ပိုင်းခွဲလိုက်သကဲ့သို့ပင်။ ထို့ကြောင့်လည်း ၎င်းကို ဓားတံခါးချိုင့်ဝှမ်း ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် ရှေ့ပြေးတပ်ဖွဲ့များမှာ ယန်ချွမ်းခရိုင်ကို ဖြတ်ကျော်ပြီး မျက်ခုံးနီတပ်မတော်နှင့် ရင်ဆိုင်တော့မည် ဖြစ်သည်။ ကျန်ရှိသော အရန်တပ်စခန်း၏ အစိတ်အပိုင်းများမှာလည်း အရပ်ရပ်သို့ ခွဲထွက်ကာ ဓားပြအုပ်စုငယ်များကို ရှင်းလင်းရန် ထွက်ခွာသွားကြသည်။

"ချန်ဆန်းရှီ၊ ပိုင်ထင်းကျိီ... အမိန့်ကို နာခံကြ"

"အမိန့်အတိုင်းပါ"

ယွီဆုန်က အမိန့်ထုတ်ပြန်လိုက်သည် "ကင်းထောက်တွေရဲ့ သတင်းအရ ဒီကနေ အနောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ ပိုင်ကုတ်ခရိုင်မှာ ဓားပြ ခြေလျင်တပ် ခုနစ်ရာက မြို့ကို ဖောက်ထွင်းပြီး သတ်ဖြတ်နေကြတယ်။ ချန်ဆန်းရှီမင်းရဲ့ လူတစ်ထောင်နဲ့ ပိုင်ထင်းကျီရဲ့ စစ်သည် ငါးရာကို ဦးဆောင်ပြီး သူတို့ကို အမြန်ဆုံး သွားရောက် ဝိုင်းရံချေမှုန်းဖို့ အမိန့်ပေးတယ်။ နှစ်ရက်အတွင်း တိုက်ပွဲကို အပြီးသတ်ပြီး ငါတို့နဲ့ ပြန်ဆုံရမယ်

ကျန်တဲ့လူတွေ... ရိက္ခာကိစ္စ ကူညီဖို့ ငါနဲ့အတူ ယန်ချွမ်းခရိုင်ကို လိုက်ခဲ့ကြ"

All Chapters