အခန်း (၂၁၃)
Vol. 20 Ch. 213
"အမိန့်အတိုင်းပါ"
"ညီအစ်ကိုတို့.. အရှိန်အကုန်မြှင့်ပြီး ချီတက်ကြ"
ချန်ဆန်းရှီ၏ လက်အောက်ရှိ စစ်သည်တစ်ထောင်မှာ မြင်းတပ်များဖြစ်ပြီး စစ်အသုံးအဆောင် ပစ္စည်းကိရိယာများမှာလည်း အထူးကောင်းမွန်လှသည်။ ၎င်းမှာ သူ၏ အောင်ပွဲအတွက် ရရှိထားသော ဆုလာဘ်များပင်။ ပိုင်ထင်းကျီ နှင့် အခြားသူများမှာမူ အများဆုံး မြင်းနှစ်ရာ၊ သုံးရာခန့်သာ စုဆောင်းနိုင်သည်။
မိုင် ၅၀ (လီ ၁၅၀) ခရီးမှာ သာမန်မြင်းတပ်များအတွက် နားနားနေနေ သွားလျှင်ပင် တစ်ရက်အတွင်း ရောက်ရှိနိုင်သည်။ သို့သော် သူတို့ ရောက်ရှိသွားချိန်တွင်တော့ အရာအားလုံးက နောက်ကျနေခဲ့ပြီ ဖြစ်သည်။
ပိုင်ကုတ်ခရိုင်သည် ပြည်နယ်အတွင်းပိုင်းရှိ ခရိုင်တစ်ခုဖြစ်သဖြင့် ပိုယန်ခရိုင်ကဲ့သို့ နယ်စပ်မြို့များလောက် မြို့ရိုးများ ခိုင်ခံ့တောင့်တင်းခြင်း မရှိပေ။ မြို့ရိုးများမှာ ပါးလွှာပြီး နိမ့်ပါးလှသဖြင့် လှေကားတစ်စင်းရှိရုံဖြင့် ကျော်တက်နိုင်သည်။ မြို့စောင့်တပ်မှာလည်း ငါးရာထက် မပိုသလို၊ အချို့မှာ မြို့စောင့်တပ်ဖွဲ့ဝင် တစ်ရာခန့်နှင့် အစိုးရရုံးမှ လူအနည်းငယ်သာ ရှိကြသည်။
ကျောက်ကန်က "ဗိုလ်ချုပ်... ပိုင်ကုတ်ခရိုင်တော့ ကျဆုံးသွားပြီ ထင်တယ်..."
ချန်ဆန်းရှီသည် မြင်းကို ဇက်သတ်လိုက်သည်။ အဝေးမှ လှမ်းကြည့်လျှင် ပိုင်ကုတ်ခရိုင်၏ မြို့တံခါးများမှာ မီးလောင်ကျွမ်းပြီး မီးသွေးခဲများကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရသော မြို့ရိုးများမှာလည်း အတော်များများ ပြိုကျနေပြီး အထဲမှ ငရဲခန်းကဲ့သို့ မြင်ကွင်းများကို အဝေးမှပင် လှမ်းမြင်နေရသည်။
"ကျောက်ကန်... လူဆယ်ယောက်ခေါ်ပြီး ရှေ့ကနေ ကင်းထောက်စမ်း ချုံခိုတိုက်ခိုက်တာမျိုး ရှိ၊ မရှိ သတိထား"
ဤကဲ့သို့သော ဓားပြအုပ်စုငယ်များသည် များသောအားဖြင့် သတ်ဖြတ်လုယက်ပြီးလျှင် ထွက်ခွာသွားတတ်ကြသည်။ မြို့ကို အသေအလဲ ကာကွယ်နေမည် မဟုတ်သလို၊ သူတို့ထဲတွင် အဆင့်မြင့် သိုင်းပညာရှင်များ ပါဝင်နိုင်ခြေလည်း မရှိပေ။ အလွန်ဆုံးရှိလျှင် အတွင်းအားသန့်စင်ခြင်းအဆင့် လောက်သာ ရှိပေလိမ့်မည်။ သို့သော် ရန်သူကို အထင်သေးခြင်းမှာ စစ်ရေးတွင် ကြီးမားသော တားမြစ်ချက် ဖြစ်သည်။ ချန်ဆန်းရှီ၏ စစ်ရေးဗျူဟာမှာ အမြဲတမ်း သတိကြီးစွာ ထားခြင်းဖြစ်ပြီး မည်သည့်အခါမျှ စွန့်စားလုပ်ဆောင်လေ့ မရှိပေ။
"အမိန့်အတိုင်းပါ"
ကျောက်ကန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ မြင်းတပ်ကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်သွားပြီးနောက် ခေတ္တအကြာတွင် ပြန်ထွက်လာသည်"အရှင်... ပုန်ကန်သူတစ်ယောက်မှ မတွေ့ရတော့ပါဘူး၊ တစ်မြို့လုံး ပျက်စီးနေတာပဲ ရှိပါတော့တယ်"
"မြို့ထဲဝင်ပြီး ကြည့်ကြရအောင်" ချန်ဆန်းရှီ အမိန့်ပေးလိုက်သည်။
"အဖေ..."
"အား..."
"ဟီး... ဟီး..."
မြို့တံခါးမှ ဝင်လိုက်သည်နှင့် သူတို့ရှေ့တွင် မြင်တွေ့ရ
သော မြင်ကွင်းမှာ 'ပျက်စီးခြင်း' ဆိုသည့် စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုနေသကဲ့သို့ပင်။ အော်ဟစ်ငိုယိုသံများ၊ နေရာအနှံ့ ပျံ့ကျဲနေသော အလောင်းများ... တကယ့်ကို ငရဲခန်းတစ်ခုပင်..
အိမ်များမှာ မီးလောင်နေပြီး လမ်းမများမှာ သွေးချောင်းစီးနေသည်။ လမ်းပေါ်တွင် ပြန့်ကျဲနေသော အလောင်းများက သူတို့၏ လမ်းကို ပိတ်ဆို့ထားသဖြင့် မြင်းပေါ်မှ ဆင်းကာ အလောင်းများကို ကျော်ဖြတ်ပြီး မေးမြန်းရန် အသက်ရှင်သူကို ရှာဖွေရသည်။
အိမ်တစ်အိမ်ထဲမှ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦး ယိုင်တိုင်တိုင် ထွက်လာသည်။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ၊ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေသည်။ အလောင်းပုံများကြားတွင် တစ်စုံတစ်ခုကို ရှာဖွေနေသည့် 'လမ်းလျှောက်နေသော အလောင်း' တစ်ခုကဲ့သို့ပင်။
"အဖေ"
အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အလောင်းပေါ်တွင် မှောက်လျက် 'အဖေ' ဟု ထပ်ခါတလဲလဲ ချိုချိုသာသာ ခေါ်နေသော်လည်း ထူးသံမကြားရပေ။ အချိန်အတော်ကြာပြီးနောက် သူမ၏ ဖခင်မှာ မည်သည့်အခါမျှ နိုးလာတော့မည် မဟုတ်ကြောင်း သိသွားချိန်တွင်တော့ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"ကယ်ပါဦး"
တစ်စုံတစ်ယောက်က ချန်ဆန်းရှီ၏ ခြေကျင်းဝတ်ကို လှမ်းဆွဲရာ သူက အသိစိတ်ဖြင့် ရှောင်လိုက်သည်။ ထိုသို့ လှမ်းဆွဲပြီးနောက် ထိုသူမှာ နောက်ဆုံးထွက်သက်ကို ရှူရှိုက်ကာ အသက်ပျောက်သွားတော့သည်။
"ချွင်"
သူတို့အုပ်စု ရှေ့ဆက်သွားနေစဉ် အနောက်ဘက်မှ လက်နက်တစ်ခု မြေပေါ်သို့ ကျသံ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသမီးမှာ သူမ ရှာဖွေနေသော အရာကို တွေ့သွားပြီ ဖြစ်သည် သူမ၏ အသက်ကို အဆုံးစီရင်ရန် ဓားတစ်လက်ပင်။
ဒါဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံပါပဲ။ ထိုအချိန်တွင် စစ်သည် တစ်ထောင့်ငါးရာလုံး ဆွံ့အသွားကြသည်။ အထူးသဖြင့် ပိုယန်ခရိုင်မှ လာသောသူများမှာ ပို၍ ခံစားရသည်။ အကယ်၍ ထိုစဉ်က ဗိုလ်ချုပ်ချန်သာ မရှိခဲ့လျှင် သူတို့နှင့် သူတို့မိသားစုများ၏ ကံကြမ္မာမှာလည်း ဤကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
"မျက်ခုံးနီတပ်မတော်..."
ချန်ဆန်းရှီ မျက်လုံးများကို မှိတ်လိုက်သည်။ ဖိနှိပ်မှုကို တွန်းလှန်ရန် စတင်ခဲ့သော ဤပြည်သူ့အုံကြွမှုမှာ မှန်ကန်သော လမ်းညွှန်မှု ကင်းမဲ့လာသောအခါ ဖိနှိပ်သူများထက်ပင် ပို၍ ကြောက်စရာကောင်းသော အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့ကိုယ်တိုင် ဖန်တီးခဲ့သည့် ငရဲခန်းတစ်ခုပြီးတစ်ခုနှင့်အတူ သူတို့သည် မိစ္ဆာများ ဖြစ်လာကြသည်။
ဒါဟာ ဓားပြစိတ်ဓာတ်ပဲ ဘယ်တော့မှ အောင်မြင်မှု မရနိုင်ဘူး..
"သမီးလေး" ချန်ဆန်းရှီ လမ်းလျှောက်သွားပြီး ထိုမိန်းကလေးငယ်ကို ငုံ့ကြည့်လိုက်သည် "ငါနဲ့ လိုက်ခဲ့မလား"
"ဟီး... ဟီး..." မိန်းကလေးငယ်မှာ စကားမပြောနိုင်ဘဲ ရှိုက်ငိုနေရုံသာ တတ်နိုင်သည်။
"မင်းတို့က ဘယ်သူတွေလဲ၊ ဒါရှန်မင်းဆက်ရဲ့ အစိုးရစစ်တပ်ကလား"
လမ်းအဆုံးတွင် အစေခံဝတ်စုံနှင့် လူတစ်ယောက်က သူတို့ကို အော်မေးသည်။
ကျောက်ကန်က ပြန်ဖြေသည်"ငါတို့က ပုန်ကန်မှုကို နှိမ်နင်းဖို့ အမိန့်အရ ရောက်လာတဲ့ လျန်ကျိုး တပ်စခန်းရှစ်ခုရဲ့ အထူးတပ်ဖွဲ့တွေပဲ"
"အစိုးရတပ်တွေ ရောက်လာပြီ၊ အစိုးရတပ်တွေ"အစေခံက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
မကြာမီမှာပင် သိုင်းသင်တန်းကျောင်းမှ တပည့်များကဲ့သို့ ဝတ်ဆင်ထားသော လူ ၇ ယောက်၊ ၈ ယောက်ခန့် သူ၏နောက်မှ ထွက်လာကြသည်။
"အရှင်"
"နောက်ဆုံးတော့ ရောက်လာကြပြီပဲ"
"..."
ချန်ဆန်းရှီသည် သူတို့၏ ဓားများကို ကြည့်ကာ သူတို့ကိုယ်တွင်းရှိ အရှိန်အဝါအရ သွေးသန့်စင်ခြင်းအဆင့်၊ အချို့မှာ အရိုးဖွဲ့စည်းခြင်း အဆင့်ရှိသည့် သိုင်းပညာရှင်များ ဖြစ်ကြောင်း သိလိုက်သည်။ သူက တည်ငြိမ်စွာမေးလိုက်သည် "မင်းတို့ ဘယ်မှာ ပုန်းနေကြတာလဲ"
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ အရှင်"ထိုသိုင်းပညာရှင်က လမ်းပြလိုက်သည်။
ပိုင်ကုတ်ခရိုင်၏ အရှေ့တောင်ဘက်တွင် "လီမိသားစု အိမ်တော်" ဟု ရေးထားသော ဧရာမရဲတိုက်ကြီး တစ်ခု ရှိသည်။ ထိုအိမ်တော်ရှေ့တွင် သိုင်းပညာရှင်များနှင့် သံချပ်ကာဝတ် စစ်သည်များစွာ ကင်းစောင့်နေကြပြီး၊ တံခါးရှေ့တွင်တော့ သာမန်အရပ်သားများ၏ အလောင်းများစွာ ပုံနေသည်။
"လျန်ကျိုး တပ်စခန်းရှစ်ခုက အထူးတပ်ဖွဲ့တွေ ရောက်လာပြီ"အစေခံက အိမ်တော်တံခါးရှေ့မှ အော်ပြောလိုက်သည်။
ရဲတိုက်တံခါးများ ပွင့်လာသည်။ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး အရင်ထွက်လာပြီး၊ သူ့နောက်တွင် ခရိုင်ဝန်နှင့် မြို့စောင့်ဗိုလ်ချုပ်တို့ ပါလာကြသည်။ တဖြည်းဖြည်းနှင့် လူခုနစ်ရာကျော် စုဝေးလာကြပြီး၊ သူတို့အားလုံးမှာ အိုမင်းမစွမ်းသူများ မဟုတ်ဘဲ သန်မာသည့် လူငယ်စစ်သည်များသာ ဖြစ်ကြသည်။
"ကျွန်တော်က ပိုင်ကုတ်ခရိုင် လီမိသားစုရဲ့ အကြီးအကဲ လီချန်စီပါ။ ဗိုလ်ချုပ်ကို တွေ့ရတာ ဂုဏ်ယူပါတယ်"လူလတ်ပိုင်း အမျိုးသားက အလွန်အမင်း ရိုသေစွာ နှုတ်ဆက်သည်။
"ဘယ်သူက မြို့စောင့်ဗိုလ်ချုပ်လဲ"ချန်ဆန်းရှီက အေးစက်စက် မေးလိုက်သည်။ "ပိုင်ကုတ်ခရိုင်က ဘယ်လိုဖြစ်ပြီး အဖောက်ခံလိုက်ရတာလဲ"
"အရှင်... ကျွန်တော့်နာမည်က ဟူဝန်ပါ၊ ပိုင်ကုတ်ခရိုင်ရဲ့ စစ်ဆေးရေးမှူးပါ"
ဟူဝန်က ရှင်းပြသည် "မြို့ရိုးတွေက နှစ်ပေါင်းများစွာ ပစ်ထားလို့ ပျက်စီးနေတာရယ်၊ မျက်ခုံးနီတပ်မတော်က သောင်းကျန်းလွန်းတာရယ်၊ နောက်ပြီး သူတို့ဆီမှာ မသေမျိုးပေးထားတဲ့ ကောင်းကင်ဘုံကျမ်းစာ ရှိနေတာကြောင့် ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အင်အားဖြည့်တင်းမှုကို စောင့်
ရင်း အိမ်တော်ထဲကို ဆုတ်ခွာပြီး ခံစစ်ပြင်ခဲ့ရတာပါ"
ချန်ဆန်းရှီ ခေါင်းငြိမ့်လိုက်ပြီး လေသံလေးလေးဖြင့် မေးသည် "ဆိုလိုတာက... မင်းတို့ မြို့ကို လုံးဝ မကာကွယ်ခဲ့ဘူးပေါ့"
ဟူဝန် ဆိတ်ဆိတ်နေသည်။
"ဗိုလ်ချုပ်..." လီချန်စိီက စကားထဲ ဝင်ပြောလိုက်သည်။ သူက တောင်
ဘက်သို့ လက်ညှိုးထိုးပြရင်း"မျက်ခုံးနီတပ်မတော်က လုယက်မီးရှို့ပြီးတာနဲ့ တောင်ဘက်မြို့တံခါးကနေ ထွက်ပြေးသွားကြပါပြီ။ အခု မြင်းနဲ့ အမြန်လိုက်မယ်ဆိုရင် သူတို့ကို ချက်ချင်း မှီနိုင်ပါတယ်"
"လမ်းကြောင်း သေချာလား"
"သေချာပါတယ် ကျွန်တော် အာမခံတယ်"
"အင်း"
ချန်ဆန်းရှီသည် သူ၏ တပ်မတော်ကို တောင်ဘက်မြို့တံခါးဆီသို့ ဦးဆောင်သွားလိုက်သည်။ သူ၏ ထက်မြက်သော အာရုံခံစားမှုကြောင့် လေထဲမှတစ်ဆင့် လီချန်စိီနှင့် သူ၏ အပေါင်းအပါများ ပြောနေသော စကားသံများကို ကြားလိုက်ရသည်။
"တွေ့လား... ငါပြောသားပဲ၊ မြို့ကို ကာကွယ်နေစရာ မလိုပါဘူးလို့"
"ဘယ်သူက အဲဒီအတွက်နဲ့ အသက်စွန့်မှာလဲ"
"ဒီလို နိမ့်ကျတဲ့ အရပ်သားတွေအတွက် ငါတို့က ဘာလို့ အသက်စွန့်ပြီး မြို့ကို ကာကွယ်ပေးရမှာလဲ"
"ဟုတ်တာပေါ့... အခုဆိုရင် စစ်တပ်လည်း ရောက်လာပြီ၊ မျက်ခုံးနီတပ်
လည်း ပြေးပြီ။ ငါက ခရိုင်ဝန်အဖြစ် ဆက်ရှိမယ်၊ အိမ်တော်သခင်လီက အိမ်တော်သခင်အဖြစ် ဆက်ရှိမယ်၊ ဟူဝန်ကလည်း စစ်ဆေးရေးမှူးအဖြစ် ဆက်ရှိနေမှာပဲ"
"နောက်နှစ်နှစ်လောက်နေရင် ပိုင်ကုတ်ခရိုင်က အရာအားလုံး အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ"
"လျန်ကျိုးစစ်သည်တွေ ဘယ်လောက်တော်တော် ငါတို့နဲ့ ဘာဆိုင်လို့လဲနောက်ဆုံးတော့သူတို့က ငါတို့ကို အလုပ်အကျွေးပြုဖို့ ရောက်လာတာပဲ မဟုတ်လား"
"..."
"ဟင်"
"မင်းတို့ ဘာလုပ်တာလဲ"
လီချန်စိီစကားပြောနေတုန်းမှာပင် လျန်ကျိုးစစ်သည်များက သူတို့ကို ဝိုင်းထားပြီး လေးနှင့် မြှားများဖြင့် ချိန်ထားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
"မင်းတို့..."
"ဒါက ဘာသဘောလဲ"
"..."
ကျောက်ကန်၏ မျက်နှာမှာ အေးစက်နေပြီး အသံအကျယ်ကြီးဖြင့် ကြေညာလိုက်သည်။
"ပိုင်ကုတ်ခရိုင်ဝန်နဲ့ စစ်ဆေးရေးမှူးတို့ဟာ တိုက်ပွဲမဝင်ဘဲ အညံ့ခံခဲ့ကြတယ်။ ဒါဟာ ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်တာနဲ့ အတူတူပဲ။ အားလုံးကို ကွပ်မျက်စေ"
"မြှားလွှတ်ကြ"