← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉) - ဘေးထွက်တာဝန်၊ နတ်ဆိုးမြို့တော်ထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်း

~"လေဓာတ် ဝိညာဉ်စွမ်းအင်က ငါ့ကို စိတ်မပျက်စေဘူးပဲ..."

ယဲ့ဖုန်း နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွား၏။

ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်ခု အနေဖြင့်၊ လေဝိညာဉ်ပုလဲ၏ အဓိက ရည်ရွယ်ချက်မှာ သူရဲကောင်း ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးရန်၊ ဒိုင်းကာများ ဖန်တီးရန်နှင့် လေစွမ်းအားကို ထိန်းချုပ်ရန် ဖြစ်သည်။

သို့သော်၊ တကယ့် အထင်ကြီးစရာ အပိုင်းကတော့ လေဓာတ် ဝိညာဉ်စွမ်းအင် (၃) ကြောင်း ပါဝင်နေခြင်းပင်။

အရင်တုန်းက ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင်ကို ဓားချီ အဖြစ်သာ အသုံးပြုခဲ့သော်လည်း၊ ယနေ့တွင် ၎င်းသည် အလင်းကြိုး အဖြစ် ပြောင်းလဲနိုင်ပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ရှိသော အကြီးအကဲ ချင်းယွင်တောင်မှ ရုန်းမထွက်နိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

မြေပြင်ပေါ်၌၊

လူတိုင်း တွင်းနက်ကြီး၏ ဘေးတွင် ရပ်နေကြပြီး၊ တွင်းထဲတွင် တုန်ရီနေသော အကြီးအကဲ ချင်းယွင်ကို ငုံ့ကြည့်နေကြ၏။ ကြောက်လို့ တုန်နေတာလား၊ ဒေါသထွက်လို့ တုန်နေတာလား ဆိုတာတော့ မသဲကွဲပေ။

"ယဲ့ဖုန်း... ငါ့ကို လွှတ်ပေးစမ်း... ငါက မဟာမိတ်ခေါင်းဆောင် ကွ..."

အကြီးအကဲ ချင်းယွင် အံကြိတ်ပြီး ပြောလိုက်၏။

သူသည် ယဲ့ဖုန်းကို ရှုံးနိမ့်သွားသည့်အတွက် ရုတ်တရက် အလွန် ရှက်ရွံ့သွားမိသည်။

"ဒုတိယမြို့စားမင်း... သွားကြစို့..."

ယဲ့ဖုန်းသည် အကြီးအကဲ ချင်းယွင်ကို တစ်ချက် ကြည့်လိုက်ပြီး၊ ရေပေါ်ဖြူ မြို့တော် ဒုတိယ မြို့စားမင်းကို လှမ်းခေါ်ကာ ထွက်ခွာရန် ပြင်လိုက်၏။

"နေဦး... ငါ့ကို ဖြည် ပေးဦးလေ..."

အကြီးအကဲ ချင်းယွင် ထပ်အော်လိုက်၏။

ယဲ့ဖုန်း ဂရုမစိုက်ဘဲ ဆက်လျှောက်သွားလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက အကြီးအကဲ ချင်းယွင်ကို နိုင်သွားပြီ ဆိုတော့... ဒီနေ့ကစပြီး နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရာထူးက ခင်ဗျားပဲ ဖြစ်သွားပြီ"

ယွင်ဟွာကျန်းရန် ဝမ်းသာအားရ ပြောလိုက်၏။

ယဲ့ဖုန်းက သူနှင့် ဆက်ဆံရေး ကောင်းသည်လေ။

ယဲ့ဖုန်း မဟာမိတ်ခေါင်းဆောင် ဖြစ်သွားလျှင်၊ သူက လက်နှစ်ဖက် ၊ ခြေနှစ်ဖက် မြှောက်ပြီး ထောက်ခံမှာ သေချာသည်။

"ဟုတ်တယ်.. ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက ဒီနေ့က စပြီး ကျွန်တော်တို့ရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ"

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်လည်း ယဲ့ဖုန်း မဟာမိတ်ခေါင်းဆောင် ဖြစ်လာမှာကို ဝမ်းသာနေ၏။ ဘာပဲပြောပြော သူ့ခွန်အားက အားလုံးအမြင်ပဲလေ။

"မဟာမိတ်ခေါင်းဆောင် ဖြစ်ရတာ ဘာကောင်းလို့လဲ... ဘယ်သူ ဖြစ်ချင်လဲ ယူသွားလိုက်ပါဗျာ"

ယဲ့ဖုန်း ပြောပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွား၏။

"ဂိုဏ်းချုပ်များ... ကျွန်တော် သွားခွင့်ပြုပါဦး"

ဒုတိယမြို့စားမင်းလည်း ကပျာကယာ ထွက်ပြေးသွား၏။

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကူကယ်ရာမဲ့နေကြပြီး၊ နောက်ဆုံးတွင် ထွက်ခွာသွားရုံသာ တတ်နိုင်ကြ၏။ အသစ်စက်စက် ဖွဲ့စည်းထားသော နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့သည် နေရာတွင်ပင် ပျက်ပြယ်သွားလေတော့သည်။

"သေစမ်း... ငါ့ကို ဖြည်ပေးကြဦး..."

တွင်းထဲတွင် အကြီးအကဲ ချင်းယွင် အော်ဟစ်နေဆဲပင်။

...

မြူခိုးတောင်ထိပ်။

ယဲ့ဖုန်း ကုလားထိုင်ရှည်ပေါ်တွင် ထိုင်နေ၏။

မြေအောက် ရှေးဟောင်းမြို့တော်က အတွေ့အကြုံကို ပြန်စဉ်းစားမိတိုင်း၊ သူ ခပ်ပြုံးပြုံး ဖြစ်သွားပြီး မဟာမိတ်အဖွဲ့ ပျက်သွားတာ ကောင်းသည်ဟု တွေးမိ၏။ မဟုတ်ရင် အကြီးအကဲ ချင်းယွင်လို သဘောထားသေးသိမ်သည့် မဟာမိတ်ခေါင်းဆောင် လက်အောက်မှာ နေရတာထက် စာလျှင်၊ ထွက်လိုက်တာက ပိုကောင်းသည်။

"ငါ တစ်ခုခု မေ့နေသလိုပဲ..."

ယဲ့ဖုန်း ရုတ်တရက် ခေါင်းကို ရိုက်လိုက်မိ၏။

"ဟုတ်သားပဲ... အကြီးအကဲ ချင်းယွင်ကို မဖြည်ပေးခဲ့ဘူး... ဒါပေမဲ့ တစ်နာရီလောက် ကြာရင် အလိုလို ပြေသွားမှာပါလေ... ကိစ္စမရှိပါဘူး"

...

ရောင်စုံငါးသွယ် မြို့တော် ၊

မိုယင် နှင့် ကျိဇီလင်း တို့သည် မြို့ပြင်ရှိ နန်လု တောင်တန်းတွင် လမ်းလျှောက်နေကြ၏။

"စီနီယာအစ်မ... လူဆိုးတွေကို အပြစ်ပေးပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတာ အရမ်း ကျေနပ်စရာ ကောင်းတာပဲ... ဟို အနိုင်ကျင့်တဲ့ လူဆိုးကောင်ကို နောက်ချေးတွင်းထဲ ပစ်ချလိုက်တုန်းက ဘေးနားက လူတွေ အော်ဟစ် အားပေးကြတာကို ညီမ..အခုထိ မှတ်မိနေတုန်းပဲ... အရမ်း ပျော်ဖို့ကောင်းတယ်"

ကျိဇီလင်းသည် ဓားကောင်းတစ်လက် ကိုင်ဆောင်ထားပြီး လမ်းလျှောက်ရင်း ပြောလိုက်၏။

မိုယင်ကတော့ လေညှင်းစီး ဓားပျံကို ကျောပိုးထားပြီး စကားမပြောဘဲ လိုက်ပါလာ၏။

မကြာမီ၊

သူမတို့နှစ်ဦး တောင်ပေါ်ရွာလေး တစ်ရွာသို့ ရောက်ရှိသွားကြ၏။

ဒေသခံများ၏ ဓလေ့ထုံးစံများ ရိုးရှင်းပြီး၊ ဘာကပ်ဘေးမှ မရှိသဖြင့်၊ သူမတို့ ဝင်ပါစရာ မလိုပေ။

ထိုအချိန်တွင် ကောင်းကင်ယံ၌ နတ်ဆိုးအငွေ့အသက်များ ပါဝင်သော တိမ်တိုက်တစ်ခု ပေါ်လာပြီး၊ ကျိဇီလင်း၏ အာရုံကို ဖမ်းစားလိုက်၏။ ကျိဇီလင်းသည် ဓားကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး တည်ကြည်လေးနက် စွာ ပြောလိုက်သည်။

"နတ်ဆိုးနဲ့ တူတယ်"

"မဟုတ်ဘူး"

မိုယင် တားလိုက်၏။

ကျိဇီလင်း အံ့ဩသွား၏။ ကောင်းကင်မှ နတ်ဆိုးတိမ်တိုက်သည် မိုးရွာချလိုက်ပြီး၊ ရွာသားများ၏ စိုက်ခင်းများကို ရေလောင်းပေးလိုက်သည်ကို တွေ့လိုက်ရသည်။

"ကျေးဇူးတင်ပါတယ် အင်မော်တယ်ယွင်.." (ယွင်-တိမ်)

ရွာသားများသည် စိုက်ခင်းများ သန်စွမ်းလာသည်ကို ကြည့်ပြီး၊ မိုးထဲရေထဲတွင် ပြေးလွှားကာ တိမ်နတ်ဆိုးကို ချီးမွမ်းရင်း ကျေးဇူးတင်စကား ဆိုကြ၏။

"ဒီမှာ ငါတို့အတွက် ဘာမှ မရှိဘူး... တောင်ဘက်ကို ဆက်သွားကြစို့"

မိုယင်သည် ဓားလက်ဟန်များ ရေးဆွဲလိုက်ပြီး၊ ကျိဇီလင်းနှင့်အတူ ဓားစီးကာ နန်လု တောင်တန်း၏ အတွင်းပိုင်းသို့ ပျံသန်းသွားကြသည်။

*

မိုင်ဒါဇင်ပေါင်းများစွာ အကွာ၌၊

နန်လု တောင်တန်း၏ မြောက်ဘက်ပိုင်း။

မိမိကိုယ်ကို "မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်" ဟု အမည်ပေးထားသော ပုံသဏ္ဍာန်ပြောင်း သားရဲ သည် တောင်ခါးပန်းရှိ ဂူထဲတွင် အလှပဂေး နှစ်ဦးကို ဖက်လျက်၊ သောက်စားပျော်ပါးနေ၏။

ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။

"ဂိုဏ်းချုပ်ယဲ့ ပါလား..."

အလှပဂေး နှစ်ဦးက ချက်ချင်း ဂါရဝပြုလိုက်ကြ၏။

"ခင်ဗျား... ဘယ်လို ရောက်လာတာလဲ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် မျက်လုံးများ ပြူးကျယ်သွားပြီး၊ အလှပဂေး နှစ်ဦးကို အမြန် မောင်းထုတ်လိုက်သည်။

"ငါ မင်းကို အကူအညီ တောင်းစရာ ရှိလို့"

ယဲ့ဖုန်း ထိုင်ချလိုက်ပြီး စိတ်ညစ်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။

(၁၀) မိနစ် ခန့်က၊ ယဲ့ဖုန်း ကုလားထိုင်ရှည်ပေါ်တွင် ထိုင်ပြီး အနားယူရန် ပြင်လိုက်စဉ်၊ ခွေး စနစ် က ဘေးထွက်တာဝန် တစ်ခု ပေးလာ၏။

[ ဘေးထွက်တာဝန်: သတင်းအချက်အလက် ရယူရန် နတ်ဆိုးမြို့တော် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပါ ]

[ တာဝန်ကြာမြင့်ချိန်: ၇ ရက် ]

[ တာဝန် ဆုလာဘ်: အလယ်အလတ်အဆင့် သန့်စင်မီးဖို x ၁၊ ဝိညာဉ်ပေါက်ကွဲဆေးလုံး x ၁ ]

[ ပြီးမြောက်မှု: ၀% ]

စနစ် က ပြောထားသည်မှာ ဘေးထွက်တာဝန်များကို လက်ခံချင် လက်ခံ၊ ငြင်းချင် ငြင်း၍ ရပြီး၊ ဘာပြစ်ဒဏ်မှ မရှိပါဘူး ဟူ၍။

အစပိုင်းမှာ ယဲ့ဖုန်း စိတ်မဝင်စားပါ။

သို့သော်၊ "အလယ်အလတ်အဆင့် သန့်စင်မီးဖို" ဆိုတာကို မြင်လိုက်ရတော့ သွားရည်ကျသွားမိ၏။

သန့်စင်မီးဖို ရှိလျှင် မြူခိုးဂိုဏ်းက ဝိညာဉ်လက်နက်တွေ သွန်းလုပ်၍ ရသော်လည်း၊ လောလောဆယ် ဝိညာဉ်သတ္တုတွေကို သန့်စင်နိုင်စွမ်း မရှိ၍ ကျန့်ယောင်ရှိုကို အကူအညီ တောင်းနေရခြင်း ဖြစ်သည်။

အကယ်၍၊ သန့်စင်မီးဖို ရှိလျှင် အများကြီး ပိုအဆင်ပြေသွားမည်ပင်။

ဒါ့အပြင် ယဲ့ဖုန်း ကိုယ်တိုင်လည်း နတ်ဆိုးမြို့တော်ကို စုံစမ်းချင်နေတာ ဆိုတော့ သွားဖို့ ပြင်ဆင်လိုက်၏။ သို့သော်၊ စဉ်းစားကြည့်တော့ တစ်ယောက်တည်း ခိုးဝင်ဖို့ ခက်ခဲမည် ဆိုတာ သိလိုက်ရပြီး၊ ပုံသဏ္ဍာန် ပြောင်းလဲနိုင်သည့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို သတိရသွားခြင်း ဖြစ်သည်။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ယဲ့ဖုန်းကို လက်ဖက်ရည် ငှဲ့ပေးပြီး မေးလိုက်၏။

"ဂိုဏ်းချုပ်... ဘာလိုချင်လို့ပါလဲ"

"ငါနဲ့အတူ နတ်ဆိုးမြို့တော်ကို လိုက်ပြီး သတင်းစုံစမ်းပေး... မလိုက်ချင်ရင်... မင်းကို ရိုက်မယ်..."

ယဲ့ဖုန်း ရည်ရွယ်ချက်ကို ပြောလိုက်၏။ ထိုင်နေရုံနှင့်တင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ကြောက်မက်ဖွယ် ကောင်းပြီး ယုတ်မာသော ခံစားချက် ပေးနေ၍၊ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်မှာ ခြောက်ကပ်စွာ တံတွေးမြိုချလိုက်မိ၏။

"လိုက်ပါ့မယ်..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် အဓိပ္ပာယ် နှစ်ခွဖြင့် ပြောလိုက်တော့၏။

...

နတ်ဆိုးမြို့တော် ၊ မူလအမည် ရွှေယန်မြို့။

ဤမြို့သည် ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ အနောက်မြောက်ဘက် မိုင်တစ်ထောင် အကွာ၊ ကွမ်တောင်တန်း ၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး၊ မီတာ (၁၀၀) ခန့် ကျယ်ဝန်းသော ထိုက်ချွမ်မြစ်ဖြင့် တောင်ဘက်နှင့် မြောက်ဘက် ခရိုင်များ အဖြစ် ပိုင်းခြားထား၏။

လက်ရှိတွင်၊ နတ်ဆိုးမြို့တော် တောင်ဘက်တံခါးမှ (၁၀) မိုင်အကွာ။

မျက်နှာဖုံး တပ်ထားသော နွားခေါင်းလူသား တစ်ယောက်သည် လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေပြီး၊ ပခုံးပေါ်တွင် အဝတ်အစား စုတ်ပြဲနေသော မျက်နှာမည်း လူငယ် တစ်ယောက်ကို ထမ်းထား၏။

"ဂိုဏ်းချုပ်... ဒါ တကယ် အဆင်ပြေပါ့မလား"

နွားခေါင်းလူသား တီးတိုး မေးလိုက်၏။

"ငါ့အစီအစဉ်က ပြီးပြည့်စုံတယ်... မင်း ငါတို့ ဇာတ်တိုက်ထားတဲ့အတိုင်း လုပ်ရင် ရပြီ"ဟု မျက်နှာမည်း လူငယ် ပြောလိုက်သည်။

"သဘောပေါက်ပါပြီ"

နွားခေါင်းလူသား ခေါင်းညိတ်လိုက်ပြီး၊ မျက်နှာမည်း လူငယ်ကို ထမ်းလျက် နတ်ဆိုးမြို့တော် ဆီသို့ ဆက်လက် ထွက်ခွာသွား၏။

ဤနှစ်ယောက်ကား မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် နှင့် ယဲ့ဖုန်း ပင် ဖြစ်သည်။

ယဲ့ဖုန်း၏ ဘေးထွက်တာဝန်က နတ်ဆိုးမြို့တော်ထဲ ဝင်ပြီး သတင်းရယူဖို့ ဖြစ်သည်။

ကိုယ်ပျောက်နိုင်စွမ်း မရှိ၊ မန္တန် မသုံးတတ်သော ယဲ့ဖုန်း အနေဖြင့် ခိုးဝင်ဖို့ ဆိုတာ မဖြစ်နိုင်သော တာဝန်ပင်။

သို့သော် ကောင်းကင်မေးမြန်း ကြေးမုံဖြင့် အချိန်ကြာမြင့်စွာ စောင့်ကြည့်ပြီးနောက်၊ ယဲ့ဖုန်းသည် နေ့တိုင်း နတ်ဆိုးမျိုးနွယ်ဝင် အများအပြား လူသားများကို ဖမ်းဆီးပြီး နတ်ဆိုးမြို့တော်ထဲ ခေါ်သွားကြသည်ကို တွေ့ရှိခဲ့ရ၏။

ဒါက အခွင့်အရေးပင်..။

ယဲ့ဖုန်း အကြာကြီး စဉ်းစားပြီးနောက်၊ အဝတ်အစား စုတ်ပြဲပြီး ကျင့်ကြံမှု မရှိသော သာမန်လူ တစ်ယောက် အနေဖြင့် ဟန်ဆောင်ကာ၊ မျက်နှာကို အိုးမဲသုတ်ပြီး၊ နွားခေါင်းလူသား အဖြစ် ဟန်ဆောင်ထားသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ထမ်းပိုးခြင်းကို ခံယူကာ နတ်ဆိုးမြို့တော်ထဲ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။

ယဲ့ဖုန်းက တကယ်ပဲ သာမန်လူနှင့် မခြားနားတာမို့၊ ဒီဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်၏။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် အတွက်တော့၊ သူ၏ ပုံသဏ္ဍာန်ပြောင်းလဲခြင်း စွမ်းရည်က ပြိုင်ဘက်ကင်း ဖြစ်ပြီး၊ သူကိုယ်တိုင်ကလည်း နတ်ဆိုးသားရဲ ဖြစ်တာမို့၊ နွားခေါင်းလူသား အဖြစ် ဟန်ဆောင်ရတာ ပြဿနာ မရှိပေ။

သို့သော် ယခုအချိန်တွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တစ်ဝက်တစ်ပျက် အသွင်ပြောင်း အဆင့် အရှိန်အဝါကိုသာ ထုတ်ဖော်ထားသဖြင့်၊ သိပ်မသန်မာလှပေ။

မကြာမီ သူတို့သည် နတ်ဆိုးမြို့တော် တောင်ဘက်တံခါးနှင့် (၃) မိုင်အကွာသို့ ရောက်ရှိလာကြ၏။

"မင်း ဘယ်တပ်ဖွဲ့ကလဲ"

သံခရင်းခွ ကိုင်ဆောင်ထားသော ငါးခေါင်းလူသား (၂) ယောက် ပျံသန်း ရောက်ရှိလာပြီး၊ တစ်ဝက်တစ်ပျက် အသွင်ပြောင်း အဆင့် အရှိန်အဝါများ ထုတ်လွှတ်လျက် မေးမြန်းလိုက်၏။

"ကျွန်တော် အပြင်က လာတာပါ... နတ်ဆိုးမြို့တော်က နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်သောမြေ လို့ ကြားလို့... သစ္စာခံဖို့ သီးသန့် လာခဲ့တာပါ... လက်ဆောင် အနေနဲ့ လူတစ်ယောက်တောင် ဖမ်းလာခဲ့တယ်"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ယဲ့ဖုန်းကို ညွှန်ပြရင်း ရိုးသားသော အသံဖြင့် ပြောလိုက်၏။

"နတ်ဆိုးဘုရင်ကို သစ္စာခံချင်တဲ့ နောက်တစ်ကောင်ပါလား... စစ်ဆေးမခံရသေးခင် စောင့်နေ"

ငါးခေါင်းလူသား (၂) ယောက်သည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လှည့်ပတ် ကြည့်ရှုပြီး၊ သူသည် တကယ်ပဲ နတ်ဆိုးသားရဲ ဖြစ်ကြောင်း အတည်ပြုလိုက်၏။ သိပ်မသန်မာပေမယ့်ပေါ့။

"မြို့ထဲ ဝင်လို့ ရပြီလား"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် မေးလိုက်၏။

"မြို့ထဲ မဝင်ခင်... ဒီကောင်ကို သတ်လိုက်"

ငါးခေါင်းလူသား တစ်ယောက် ရုတ်တရက် ယဲ့ဖုန်းကို လက်ညှိုးထိုးပြီး အေးစက်စွာ ပြောလိုက်၏။

"သတ်ရမယ်..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် လန့်ဖျပ်သွားပြီး၊ ကြိုးတုပ်ခံထားရသော ယဲ့ဖုန်းသည် နှုတ်ခမ်း တွန့်ကွေးသွားကာ ကံဆိုးလိုက်တာဟု တွေးမိ၏။

"မြန်မြန် လုပ်..."

ငါးခေါင်းလူသား တိုက်တွန်းလိုက်သည်။

"ကောင်းပါပြီ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တောင်ခွဲပုဆိန်အား ထုတ်ယူလိုက်ပြီး ယဲ့ဖုန်းဆီသို့ ရွယ်လိုက်၏။

သို့သော် ပုဆိန်က ယဲ့ဖုန်း၏ လည်ပင်းနှင့် တစ်ပေအကွာ ရောက်သောအခါ၊ နောက်ထပ် ငါးခေါင်းလူသား တစ်ယောက်က သံခရင်းခွဖြင့် ရုတ်တရက် တားဆီးလိုက်၏။

"ဘာသဘောလဲ"

ဟု မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် အံ့ဩစွာ မေးလိုက်သည်။

ယဲ့ဖုန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့ တားလိုက်လို့... မဟုတ်ရင် နောက်တစ်ခဏကျရင် သူတို့ကို ခေါင်းဖြတ်ပစ်ရတော့မှာ။

"မင်းက အရည်အချင်း ပြည့်မီတဲ့ နွားခေါင်းလူသား တစ်ယောက်ပဲ... နတ်ဆိုးမြို့တော်ထဲ ဝင်လို့ ရပြီ... ဒါ ထောက်ခံစာ တံဆိပ်ပြားပဲ... ယူပြီး ဝင်သွားလိုက်"

ငါးခေါင်းလူသား တစ်ယောက်က အရောင်တင်ထားသော အရိုးဖြူ လေးထောင့်တုံး တစ်ခု ကမ်းပေးလိုက်၏။

ယူကြည့်လိုက်ရာ တစ်ဖက်တွင် "နတ်ဆိုး" ဟူသော စာလုံး ရေးထွင်းထားပြီး၊ အတုလုပ်ရခက်သော ထူးခြားသည့် အနံ့တစ်မျိုး ပါရှိသည်။

"ကျေးဇူးတင်ပါတယ်"

ယဲ့ဖုန်းကို ထမ်းပြီး ထောက်ခံစာ တံဆိပ်ပြားကို မြှောက်ကာ၊ မြို့တံခါး စစ်ဆေးမှုကို ချောချောမွေ့မွေ့ ဖြတ်ကျော်ပြီး၊ နောက်ဆုံးတွင် ထိတ်လန့်စရာ ကောင်းသော်လည်း အန္တရာယ် ကင်းစွာဖြင့် နတ်ဆိုးမြို့တော် အတွင်းသို့ ဝင်ရောက်နိုင်ခဲ့၏။

ယဲ့ဖုန်း တွေ့ရှိရသည်မှာ နတ်ဆိုးမြို့တော် အတွင်းပိုင်း နေရာအများစုကို မြေညှိထားပြီး၊ ကျောက်တုံးကြီးများ အသုံးပြုကာ ပုံစံမျိုးစုံရှိသော အမိုးခုံး အဆောက်အဦများ တည်ဆောက်ထားသည်ကို တွေ့ရ၏။

လမ်းမများပေါ်တွင်လည်း နတ်ဆိုးမျိုးနွယ်ဝင် အများအပြား ပြေးလွှားနေကြသည်။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ အရှိန်အဝါကိုသာ ထုတ်ဖော်ထားသော်လည်း၊ မြို့ထဲတွင် အတော်အသင့် ကောင်းမွန်သော အဆင့်ဟု သတ်မှတ်နိုင်၏။ အနည်းဆုံးတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်နှင့်မှ မတိုးသေးပေ။

"ဟိုက နွားခေါင်းလူသား... ရပ်လိုက်..."

အသံကြီးကြီး တစ်သံ ထွက်ပေါ်လာပြီး၊ သံခမောက်ဆောင်းထားကာ သံသုံးခွ ကိုင်ဆောင်ထားသော ခွေးခေါင်းလူသား တစ်ယောက် ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်လာသည်။ သူက မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လက်ညှိုးထိုးလိုက်၏။

"ငါတို့ ဝဲစားခွေး တပ်မတော် မှာ ဒုတိယခေါင်းဆောင် လိုနေတယ်... မင်း အရွေးခံရပြီ"

"ကျွန်တော်... ဒုတိယခေါင်းဆောင် ဟုတ်လား"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ကြောင်သွား၏။

"ဟုတ်တယ်... ငါတို့ ဝဲစားခွေး တပ်မတော်ကို ဝဲစားခွေး နတ်ဆိုးဗိုလ်ချုပ်က ဦးဆောင်ပြီး၊ တပ်သား (၃၀၀၀) ရှိတယ်... မင်းနဲ့ငါ အပါအဝင် ဒုတိယခေါင်းဆောင် စုစုပေါင်း (၈) ယောက် ရှိတယ်"

ခွေးခေါင်းလူသား ဂုဏ်ယူစွာ ပြောလိုက်၏။

"လောလောဆယ် သဘောတူလိုက်"

ယဲ့ဖုန်း နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ အထောက်အကူပြု လုပ်ဆောင်ချက် မှတဆင့် ဆက်သွယ် ပြောကြားလိုက်၏။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ခေါင်းညိတ်လိုက်ပြီး ယဲ့ဖုန်းကို ညွှန်ပြကာ ပြောလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် ဝဲစားခွေး တပ်မတော်ကို ဝင်ပါ့မယ်... ဒါပေမဲ့ ဒီလူကရော"

"ထောင်ထဲ ထည့်လိုက်"

ခွေးခေါင်းလူသား ပြောလိုက်၏။

ဒီလိုနှင့် ယဲ့ဖုန်း တစ်ယောက် လမ်းဘေးက သံလှောင်အိမ်ထဲ ရောက်သွားလေတော့သည်။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ကတော့ နွားခေါင်းလူသား ပုံစံဖြင့် ခွေးခေါင်းလူသား နောက်သို့ လိုက်ပါသွားပြီး၊ နတ်ဆိုးမျိုးနွယ်ဝင် ရာကျော်ကို ကွပ်ကဲနိုင်သော ဒုတိယခေါင်းဆောင် အဖြစ် အဆင်ပြေသွားလေတော့သည်။

"ကံဆိုးလိုက်တာ..."

သံလှောင်အိမ်ထဲတွင် ထိုင်ရင်း ယဲ့ဖုန်း သက်ပြင်းချလိုက်မိ၏။

ဘေးနားက ရေစင်ကို ကြည့်ပြီး၊ ဘယ်လို ကံဆိုးမှုမျိုး ကြုံလို့ ဒီထဲ ရောက်နေရတာလဲ ဟု တွေးမိ၏။

ဒီလိုမှန်းသိရင် အစကတည်းက တိတ်တိတ်လေး ခိုးဝင်လာတာ ပိုကောင်းပါတယ်လေ။

"ဟုတ်သားပဲ... အာရုံလွှဲပြီး ထွက်ပြေးလို့ ရတာပဲ"

ယဲ့ဖုန်း ဘေးနားရှိ ရေစင်ကို ကြည့်လိုက်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် အသုံးပြုကာ ဖျက်ဆီးပစ်လိုက်၏။

"ဝုန်း..ဝရော"

ရေစင်ကြီး ရုတ်တရက် ပြိုကျသွားပြီး၊ သံလှောင်အိမ်ကို ရိုက်ချိုးပစ်လိုက်၏။ ရေလုံးကြီးများသည် ဒီရေလှိုင်းပမာ ဘေးပတ်လည်သို့ ချက်ချင်း စီးဆင်းသွားပြီး၊ ယဲ့ဖုန်း အခွင့်ကောင်းယူကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း၊ မျက်နှာပေါ်ရှိ အိုးမဲများသည် ရေဆေးချခံလိုက်ရသည်။ ခန့်ညားသော မျက်နှာအစစ် ပေါ်ထွက်လာကာ သူ ပြေးထွက်ရန် ပြင်လိုက်၏။

သို့သော် ခြေလှမ်း စလှမ်းလိုက်သည်နှင့် ယဲ့ဖုန်း နေရာမှာတင် တောင့်ခဲသွားလေတော့သည်။

အကြောင်းမှာ အနီးနားတွင် နှင်းကဲ့သို့ ဖြူဖွေးသော မြေခွေးအမြီး (၃) ချောင်း ပါရှိသည့်၊ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ဦး ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ သူမကား နာမည်ကျော် အမြီးသုံးချောင်း မြေခွေး ပင်။

သူမ၏ နောက်တွင် နတ်ဆိုးဗိုလ်ချုပ် အများအပြား အပါအဝင် နတ်ဆိုးတပ်မတော်ကြီး တစ်ခုလုံး ပါရှိ၏။

နတ်ဆိုးမျိုးနွယ်ဝင် အားလုံးသည် ရေစင် ပြိုကျသံကြောင့် အာရုံစိုက်မိသွားကြပြီး၊ လမ်းမပေါ်တွင် ထွက်ပြေးနေသော ယဲ့ဖုန်းကို လှည့်ကြည့်လိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် လေထုသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

"ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ..."

ယဲ့ဖုန်း မျက်ရည်မထွက်ဘဲ ငိုချင်သွားမိ၏။

ခန့်ညားသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ၊ အမြီးသုံးချောင်း မြေခွေး၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။

"အို... ခန့်ညားလိုက်တဲ့ လူသား ပညာရှိလေးပါလား... မြန်မြန် ဖမ်းပြီး၊ သန့်ရှင်းရေး လုပ်ပြီး၊ ငါ့အိပ်ခန်းထဲ ခေါ်လာခဲ့..."

"ဟုတ်ကဲ့..."

နတ်ဆိုးဗိုလ်ချုပ် (၂) ကောင်သည် လက်များကို ပွတ်သပ်ရင်း ယဲ့ဖုန်းဆီသို့ စိတ်အားထက်သန်စွာ လျှောက်လာကြ၏။

ကြောက်မက်ဖွယ် ဖိအားများသည် လှိုင်းလုံးကြီးများသဖွယ် ယဲ့ဖုန်းအပေါ် အထပ်ထပ် ကျရောက်လာပြီး၊ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားစေ၏။

ပြေးမလား...

တိုက်မလား...

ဒါမှမဟုတ် ငြိမ်နေလိုက်မလား...

ယဲ့ဖုန်း အကြပ်ရိုက်သွားလေတော့သည်။

အခန်း (၂၀၀) - မြေခွေးမျိုးနွယ် မင်းသမီး၊ ကံကြမ္မာ အလှည့်အပြောင်း

~"ထားလိုက်ပါတော့... တစ်ဆင့်ချင်း သွားတာပေါ့"

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်ပြီး၊ မျက်နှာတွင် ကြောက်ရွံ့မှုများ အပြည့်ဖြင့် တစ်ကိုယ်လုံး တုန်ရီနေအောင် သရုပ်ဆောင်လိုက်၏။

"ကောင်လေး... ရုပ်ရည်တော့ မဆိုးဘူး... ကျင့်ကြံမှု မရှိပေမယ့် မင်းသမီးက သဘောကျနေပုံပဲ... ဒီညတော့ မင်း ခြောက်သွေ့သွားအောင် စုပ်ယူခံရတော့မှာပဲ... ဟီးဟီး"

သံမျှော်စင်ကြီးများသဖွယ် တောင့်တင်းခိုင်မာသော နတ်ဆိုးဗိုလ်ချုပ် (၂) ကောင်သည် ယဲ့ဖုန်းကို တစ်ဖက်တစ်ချက်စီမှ ဖမ်းချုပ်ပြီး၊ အမိုးခုံးပုံသဏ္ဍာန် ကျောက်တုံးအိမ် တစ်လုံးထဲသို့ ဆွဲခေါ်သွားကြ၏။

"သူ့ကို ရေချိုးပေး၊ အဝတ်အစားလဲပေး၊ ပြီးရင် မင်းသမီး လာပြီး 'ကျင့်ကြံမှုဖက် အဖော်'လုပ်ဖို့ စောင့်ခိုင်းလိုက်"

နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်သည် ယဲ့ဖုန်းကို ရေကန်ထဲ ပစ်ထည့်လိုက်ပြီး၊ ဘေးနားရှိ ဒဏ်ရာဒဏ်ချက်များနှင့် လူသားမျိုးနွယ် အခိုင်းအစေမလေး (၂) ယောက်ကို အမိန့်ပေးလိုက်၏။

ဒါကို ကြားတော့ ယဲ့ဖုန်း စိတ်ထဲတွင် ကျိတ်ပြီး ပျော်သွားမိသည်။

ကျင့်ကြံမှုအဖော်...

တကယ်ကြီးလား...

မြန်မြန်လာပါ... ငါ မစောင့်နိုင်တော့ဘူး...

သို့သော် ယဲ့ဖုန်းသည် အခိုင်းအစေမလေး (၂) ယောက်၏ သနားစရာ ကောင်းပြီး စာနာသော အကြည့်များကို ရင်ဆိုင်လိုက်ရ၏။

ပါးစပ်ဘေးတွင် မှဲ့ပါသော အခိုင်းအစေမလေး တစ်ယောက်က သက်ပြင်းချလိုက်ပြီး ပြောသည်။

"ဟူး... ရှင်က (၁၈) ယောက်မြောက်ပဲ... နောက်ဆုံးတော့ မြေခွေးမျိုးနွယ် မင်းသမီးရဲ့ လက်ချက်နဲ့ ခြောက်သွေ့သွားအောင် စုပ်ယူခံရမယ့် ကံကြမ္မာဆိုးကနေ မလွတ်နိုင်တော့ပါဘူး"

"ခြောက်သွေ့သွားမယ်... ကြောက်စရာ ကောင်းလိုက်တာ..."

ယဲ့ဖုန်း ကြောင်သွားမိ၏။

ဒါဆို စောစောက အမြီးသုံးချောင်း မြေခွေးမလေးက မြေခွေးမျိုးနွယ် မင်းသမီးပေါ့... ကြည့်ရတာ သူက ယောက်ျားတွေရဲ့ "ယန်စွမ်းအင်" ကို စုပ်ယူတဲ့ ထူးဆန်းတဲ့ နည်းလမ်းကို ကျွမ်းကျင်ပုံရတယ်... တော်တော် ရက်စက်တာပဲ။

ဒီလို တွေးမိတော့ ယဲ့ဖုန်း စိုးရိမ်တကြီး မေးလိုက်၏။

"အစ်မတို့... ဘယ်လိုလုပ် ဒီရောက်နေတာလဲ... ကျွန်တော့်ကို လွတ်အောင် ကူညီပေးလို့ မရဘူးလား"

"ဟူး..."

အခိုင်းအစေမလေး နှစ်ယောက် သက်ပြင်းချလိုက်ကြပြီး၊ မျက်ရည်များ စီးကျလာကြ၏။

မှဲ့ပါသော အခိုင်းအစေမလေးက ဝမ်းနည်းပက်လက် ပြောပြသည်။

"ကျွန်မတို့က မူလက ရွှေယန်မြို့က သူဌေးအိမ်သမီးတွေပါ... နတ်ဆိုးမျိုးနွယ်တွေ တိုက်ခိုက်လာတော့ မြို့သူမြို့သား (၉၉) ရာခိုင်နှုန်း သေကုန်ကြတယ်... ကျွန်မတို့လို ရုပ်ရည်ချောမောတဲ့ မိန်းကလေးတွေပဲ အသက်ရှင်ကျန်ရစ်ပြီး၊ မြေခွေးမျိုးနွယ် မင်းသမီးရဲ့ အခိုင်းအစေတွေ ဖြစ်လာကြတာပါ"

"အစ်မတို့... ဘာလို့ မထွက်ပြေးကြတာလဲ"

ယဲ့ဖုန်း ဆက်မေးလိုက်၏။

"ကျွန်မတို့မှာ ကျင့်ကြံမှုမှ မရှိတာ... ဘယ်လို လုပ် ထွက်ပြေးနိုင်မှာလဲ"

မှဲ့ပါသော အခိုင်းအစေမလေးက သက်ပြင်းချပြီး ယဲ့ဖုန်းကို သနားစဖွယ် ကြည့်ကာ ပြောသည်။

"မောင်လေး... မကြာခင် ရှင်က ခြောက်သွေ့ပြီး သေရတော့မှာ... ဒါကြောင့် လက်ကျန်အချိန်လေးကို ပျော်ပျော်နေလိုက်ပါ... မှာစရာရှိရင် မှာခဲ့လေ... နောက်ဆို အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"

ဒီအခိုင်းအစေမလေး နှစ်ယောက်က လူကောင်းတွေပဲလို့ ယဲ့ဖုန်း သဘောပေါက်လိုက်၏။

ကံဆိုးတာက သူတို့မှာ ကြက်ကလေး တစ်ကောင်တောင် ဖမ်းနိုင်သော အင်အားမရှိဘဲ၊ ဒီအန္တရာယ်များသည့် နတ်ဆိုးမြို့တော်ထဲမှာ ခုခံနိုင်စွမ်း မရှိကြတာပါပင်။

"မြန်မြန် ရေချိုးပြီး အဝတ်အစား လဲလိုက်ပါ"

အခိုင်းအစေမလေး နှစ်ယောက်သည် ယဲ့ဖုန်း၏ စုတ်ပြဲနေသော အဝတ်အစားများကို ချွတ်လိုက်ပြီး၊ ရေဆေးပေးကာ၊ သန့်ရှင်းသပ်ရပ်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပေးလိုက်ကြ၏။ ထို့နောက် အခန်းထဲမှ ထွက်ခွာသွားကြပြီး တံခါးကို ပိတ်လိုက်ကြသည်။

အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ၊ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်လာပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

"မြေခွေးမျိုးနွယ် မင်းသမီး... သူ့ကို ဓားစာခံ လုပ်ရင် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မလား မသိဘူး"

ယဲ့ဖုန်း အာရုံခံကြည့်လိုက်ရာ လေဝိညာဉ်ပုလဲ အတွင်းရှိ လေဓာတ် ဝိညာဉ်စွမ်းအင် (၃) ကြောင်း ပြန်လည် ပြည့်ဝနေပြီ ဖြစ်သဖြင့် သိပ်မပူတော့ပေ။

သူ့လက်ရှိ စွမ်းရည်နှင့်ဆိုလျှင်၊ နတ်ဆိုးဘုရင် နှင့် ထိပ်တိုက် မတွေ့သရွေ့ ထွက်ပြေးဖို့ မခက်ခဲလှပေ။

“ကျွီ…”

တံခါး ပွင့်သွားပြီး နူးညံ့သော လက်တစ်စုံ ဝင်ရောက်လာ၏။

ဆွဲဆောင်မှု ရှိသော မြေခွေးမျိုးနွယ် မင်းသမီးသည် ဝင်ရောက်လာပြီး၊ တံခါးကို တင်းကျပ်စွာ ပိတ်လိုက်ကာ၊ ယဲ့ဖုန်းကို ယုတ်မာသော အပြုံးဖြင့် ပြုံးပြလိုက်၏။

"ခန့်ညားလိုက်တဲ့ လူသားလေး... မင်းက ငါ့ကို စွမ်းအား ဘယ်လောက် ပေးနိုင်မလဲ... အဆင့်တက်အောင် ကူညီပေးနိုင်မလား ဆိုတာ သိချင်လိုက်တာ"

မြေခွေးမျိုးနွယ် မင်းသမီး ရယ်မောလိုက်သည်။ ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားကာ၊ ယဲ့ဖုန်း၏ ပခုံးကို ကိုင်လျက် အေးစက်သော ကျောက်စိမ်းစင်မြင့်ပေါ်သို့ ပစ်တင်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်၏။

"အစ်... အစ်မကြီး... ကျွန်တော့်ကို လွှတ်ပေးပါလား"

ယဲ့ဖုန်း ခဏလောက် ဆက်ပြီး သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီး၊ တပြိုင်နက်တည်းမှာပင် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို ဖွင့်လိုက်၏။

[ မြေခွေးမျိုးနွယ် မင်းသမီး: အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အထွတ်အထိပ် ]

[ ပါရမီ: သိမ်းပိုက်ခြင်း ]

[ မှတ်ချက်: ယောက်ျားများ၏ ယန်စွမ်းအင်ကို စုပ်ယူပြီး အားဖြည့်တတ်သော အမြီးသုံးချောင်း နတ်ဆိုးမြေခွေး ဖြစ်သည်။ နောက်ထပ် တစ်ယောက်ကို စုပ်ယူလိုက်ပါက အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ တက်လှမ်းနိုင်မည်။ အပြင်ပန်း လှပပြီး ဆွဲဆောင်မှု ရှိသော်လည်း၊ အတွင်းစိတ်မှာ အလွန် ရက်စက်ကြမ်းကြုတ်သည်။ သူမတွင် အစွမ်းထက် မြေခွေးမျိုးနွယ်ဝင်များ၏ သွေးမျိုးဆက် အမှတ်အသား ပါရှိပြီး၊ သေဆုံးပါက သိရှိနိုင်မည်။ ]

နောက်ဆုံး စာကြောင်းကို မြင်လိုက်ရသောအခါ၊ ယဲ့ဖုန်း၏ အကြည့်များ စူးရှသွား၏။

သွေးမျိုးဆက် အမှတ်အသား...

ကြည့်ရတာ မြေခွေးမျိုးနွယ် မင်းသမီးကို လောလောဆယ် သတ်လို့ မရသေးဘူး... သတိမေ့သွားအောင် ရိုက်လိုက်မှ ရမယ်... မဟုတ်ရင် အစွမ်းထက် မြေခွေးမျိုးနွယ်တွေ သတိထားမိသွားလိမ့်မယ်။

ယဲ့ဖုန်း စိတ်ထဲတွင် စောင့်ကြည့်ရေး စနစ် ရှိနေတာ ကံကောင်းသည်ဟု တွေးလိုက်မိ၏။ မဟုတ်ရင် တခြား ထိုးဖောက်ဝင်ရောက်သူတွေ ဆိုရင် မင်းသမီးကို အရင် သတ်လိုက်မိပြီး၊ ကိုယ့်ကိုယ်ကို ဖော်ထုတ်မိသလို ဖြစ်သွားမှာ။

"ကောင်လေး... လာပါ... ငြိမ်ငြိမ်လေး နေစမ်းပါ... နာကျင်မှု သက်သာသွားလိမ့်မယ်"

မြေခွေးမျိုးနွယ် မင်းသမီး ရုတ်တရက် ပြောလိုက်ပြီး၊ သွားများကို ဖြီးလိုက်ကာ မျက်နှာ ရှည်ထွက်လာပြီး၊ နတ်ဆိုးမြေခွေး၏ ထက်ရှသော ပါးစပ်ပေါက်ကြီး အဖြစ် ပြောင်းလဲကာ၊ ယဲ့ဖုန်း၏ လည်ပင်းကို ကိုက်ချရန် ပြင်လိုက်၏။

"သေလိုက်စမ်း..."

ယဲ့ဖုန်း လက်ဝါးစောင်းဖြင့် မင်းသမီး၏ ဇက်ပိုးကို ဒေါက် ခနဲ ရိုက်ချလိုက်ရာ၊ မျက်လုံးများ ပြူးသွားပြီး နေရာတွင်ပင် သတိမေ့လဲကျသွားကာ၊ အတော်ကြာသည်အထိ ပြန်နိုးလာနိုင်မည် မဟုတ်တော့ပေ။

[ တီ... တာဝန်ပြီးမြောက်မှု ၂၀% ]

ထိုအချိန်တွင် စနစ် ၏ အကြောင်းကြားစာ ရုတ်တရက် ပေါ်လာ၏။

"မင်းသမီးကို သတိမေ့အောင် လုပ်လိုက်တာနဲ့ တာဝန် ပြီးမြောက်မှု တိုးသွားတယ် ဆိုတော့... တာဝန်က မင်းသမီးနဲ့ ဆက်စပ်နေတာများလား... ဖြစ်နိုင်တယ်... သူက မင်းသမီး ဆိုတော့ အဆင့်အတန်းနဲ့ ဝိသေသလက္ခဏာ ကွဲပြားမှာပေါ့"

ယဲ့ဖုန်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး၊ မင်းသမီး၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်ရာ၊ အထူး အငွေ့အသက်များ ကပ်ငြိနေသေးသော မြေခွေးမျိုးနွယ်၏ သွားစွယ် တစ်ချောင်းကို တွေ့ရှိလိုက်ရ၏။

[ တီ... တာဝန်ပြီးမြောက်မှု ၃၅% ]

အကြောင်းကြားစာကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ချက်ချင်း သဘောပေါက်လိုက်၏။

"ငါ သိပြီ... ဒီသွားစွယ်က တာဝန်ရဲ့ သော့ချက်ပဲ..."

လုံခြုံစိတ်ချရစေရန်၊ ယဲ့ဖုန်းသည် မင်းသမီး၏ လက်မောင်းကို ဓားဖြင့် အနည်းငယ် ဖြတ်လိုက်ပြီး သွေးတစ်စက် ယူလိုက်၏။ ထို့နောက် သူမကို နောက်ထပ် နာရီဝက်လောက် မနိုးအောင် ခေါင်းကို ထပ်ရိုက်လိုက်သည်။

"သွားရအောင်"

ယဲ့ဖုန်းသည် သွားစွယ်နှင့် သွေးစက်ကို ကိုင်ဆောင်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအားကို အသုံးပြုကာ မြေကြီးကို တွန်းဖယ်ပြီး လိုဏ်ခေါင်းတူးလိုက်၏။ ထို့နောက် စောင့်ကြည့်ရေး စနစ်ကို အသုံးပြုကာ သွားစွယ်နှင့် ဆင်တူသော အငွေ့အသက် ရှိသည့် နေရာကို ရှာဖွေပြီး၊ ထိုဘက်သို့ ဦးတည် တူးဖော်သွား၏။

သူရဲကောင်း ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့်၊ ယဲ့ဖုန်း လျင်မြန်စွာ ရွေ့လျားနိုင်ခဲ့သည်။

ခဏအကြာ၌၊

ယဲ့ဖုန်း၏ ခေါင်းသည် ကြီးမားသော အမိုးခုံး အဆောက်အဦ တစ်ခု၏ အောက်မှ ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ၊ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည်ကို တွေ့ရ၏။ ကုတင်ပေါ်တွင် အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် ရှိသော မြေခွေးမျိုးနွယ် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ဟောက်သံပေးကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။

"တောက်... လမ်းမှား တူးမိပြီ..."

ယဲ့ဖုန်း လမ်းကြောင်းကို အမြန် ပြန်ပိတ်လိုက်ပြီး၊ အခြား တစ်ဖက်သို့ ပြောင်းတူးလိုက်၏။

ကံကောင်းလို့ သူ့မှာ လေဝိညာဉ်ပုလဲ ရှိလို့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တာ၊ မဟုတ်ရင် နတ်ဘုရားအာရုံ ရှိတဲ့ နတ်ဆိုးဗိုလ်ချုပ်က ချက်ချင်း သိသွားမှာ။

နောက်ထပ် (၁၅) မိနစ် အတွင်း၊ ယဲ့ဖုန်းသည် အမိုးခုံး ခန်းမဆောင် (၅) ခုကို ဆက်တိုက် ဖွင့်မိခဲ့ပြီး၊ အတွင်းရှိ နတ်ဆိုးဗိုလ်ချုပ်များ မသိအောင် ရှောင်ရှားခဲ့ရသဖြင့် ရင်တထိတ်ထိတ် ဖြစ်ခဲ့ရ၏။

"အရမ်း အန္တရာယ် များတယ်..."

ယဲ့ဖုန်း ဆက်လက် တူးဖော်နေ၏။

...

မြေခွေးမျိုးနွယ် မင်းသမီးသည် အမိုးခုံး အဆောက်အဦ အတွင်းရှိ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပြီး၊ သွားရည်များ ကျကာ အိပ်မောကျနေ၏။

တံခါးအပြင်ဘက်၌၊

နတ်ဆိုးဗိုလ်ချုပ် (၂) ကောင်သည် သံမျှော်စင်ကြီးများသဖွယ် ရပ်နေကြ၏။ အခန်းထဲတွင် မင်းသမီး ရှိနေသဖြင့်၊ သူတို့သည် နတ်ဘုရားအာရုံကို ထုတ်လွှတ်ပြီး စောင့်ကြည့်ရဲခြင်း မရှိပေ။ သို့သော် အတွင်းမှ "စားလို့ကောင်းလိုက်တာ"၊ "ပေးပါဦး"၊ "ဟားဟားဟား" စသည့် ထူးဆန်းသော အသံများကို မင်းသမီးထံမှ ရံဖန်ရံခါ ကြားနေရ၏။

"မင်းသမီး တော်တော် ပျော်နေတဲ့ပုံပဲ"

နတ်ဆိုးဗိုလ်ချုပ် (၂) ကောင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ မျက်တောင်ခတ်ကာ နားလည်မှု ရှိစွာ ပြုံးလိုက်ကြ၏။

သူတို့တာဝန်က မင်းသမီးကို ကာကွယ်ဖို့ပဲလေ။

အခု မင်းသမီး ဘေးကင်းပြီး ပျော်ရွှင်နေတယ် ဆိုတော့၊ အချိန်ကုန်တာကို ဂရုမစိုက်တော့ဘဲ တံခါးရှေ့မှာ ငြိမ်ငြိမ်လေး စောင့်နေကြသည်။

ထိုအချိန်တွင် ယဲ့ဖုန်း တူးဖော်နေဆဲပင်။

နောက်ဆုံးတွင် သူသည် မြေအောက် လမ်းကြောင်းတစ်ခုကို ဖောက်ထွင်းဝင်ရောက်သွားပြီး၊ အစောင့်အရှောက် မရှိသော မြေအောက် ခန်းမဆောင်ကြီး တစ်ခုထဲသို့ ရောက်ရှိသွား၏။ ရှေ့တွင် (၁၀) မီတာခန့် မြင့်သော၊ ကျောက်ဖြူသားဖြင့် ထုလုပ်ထားသည့် စတုရန်းပုံ တံခါးပေါက်ကြီး တစ်ခုကို တွေ့လိုက်ရ၏။

[ တီ... တာဝန်ပြီးမြောက်မှု ၄၅% ]

တိုးတက်မှုနှုန်း တက်လာတာကို မြင်တော့ ယဲ့ဖုန်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ စနစ် ရဲ့ အကြောင်းကြားစာက လမ်းမှန် ရောက်မရောက် အတည်ပြုပေးတဲ့ Bug (အားနည်းချက်/အထောက်အကူ) တစ်ခုလို ဖြစ်နေတာကိုး။

"လျှို့ဝှက်ချက်က ဒီမှာ ရှိနေတာပဲ"

ယဲ့ဖုန်းသည် မင်းသမီးထံမှ ရခဲ့သော သွားစွယ်ကို ထုတ်ယူလိုက်ပြီး၊ ကျောက်တံခါးပေါ်တွင် ခဏလောက် ရှာဖွေကြည့်ရာ၊ သွားစွယ်နှင့် ကွက်တိကျသော အချိုင့်တစ်ခုကို တွေ့ရှိလိုက်ရ၏။

“ကျွိ... ကျွိ... ကျွိ…”

ကျောက်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွား၏။

မြေအောက်နက်ရှိုင်းသော နေရာသို့ ဦးတည်သွားသော ကျောက်စင်္ကြံလမ်းတစ်ခု ပေါ်ထွက်လာပြီး၊ ဘေးတစ်ဖက်တစ်ချက်တွင် ရှေးဟောင်း ကြေးမီးအိမ်များ လင်းထိန်နေကာ၊ ပတ်ဝန်းကျင်ကို အလင်းပေးထား၏။

ယဲ့ဖုန်း စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားပြီး၊ တဖြည်းဖြည်း သတိရှိရှိဖြင့် ဂရုတစိုက် သွားလာနေလေတော့သည်။

အခန်း (၂၀၁) - မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် လှုပ်ရှားပြီ၊ အမှန်တရားက မျက်စိရှေ့မှာ

~ယဲ့ဖုန်း မြေအောက် လိုဏ်ခေါင်းထဲတွင် လျှောက်လှမ်းနေစဉ်၊ မြေပြင်ပေါ်ရှိ ဧရာမ အမိုးခုံး အဆောက်အဦကြီး တစ်ခု အတွင်း၌၊ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဟန်ဆောင်ထားသော နွားခေါင်းလူသားသည် ခန်းမဆောင် အလယ်တွင် ရပ်နေ၏။

ဘေးပတ်လည်တွင် အစွမ်းထက် နတ်ဆိုးမျိုးနွယ်ဝင် အများအပြား ဝိုင်းရံထားကြသည်။

ခွေးခေါင်းလူသားများ၊ ဝဲစားခွေးများ၊ ဧရာမ ကြံ့များ၊ မျက်လုံးတစ်လုံးတည်း ဝံပုလွေများ...

ထူးဆန်းသော နတ်ဆိုးသားရဲ အမျိုးစုံ ပါဝင်သော “ဝဲစားခွေး တပ်မတော်” သည် အင်အား (၃၀၀၀) အထိ ရှိနေ၏။

ပလ္လင်ပေါ်၌၊

ဝဲစားခွေး တစ်ကောင်သည် မတ်တတ်ရပ်နေပြီး၊ လက်တစ်ဖက်ကို နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် နွားခေါင်းလူသား၏ ခေါင်းကို ဖွဖွလေး ပုတ်ရင်း ရေရွတ်လိုက်၏။

"ဒီနေ့ကစပြီး မင်း၊ နွားစစ်သည်တော်က ငါ့ရဲ့ ဝဲစားခွေး တပ်မတော် အောက်မှာ အဋ္ဌမမြောက် ဒုတိယခေါင်းဆောင် ဖြစ်သွားပြီ"

"ကျေးဇူးတင်ပါတယ် ခွေးဗိုလ်ချုပ်..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ကျယ်လောင်စွာ ပြောလိုက်၏။

"ခွေးဗိုလ်ချုပ်... ပြောတတ်လိုက်တာ..."

ဝဲစားခွေး နတ်ဆိုးဗိုလ်ချုပ်သည် ဟားတိုက် ရယ်မောလိုက်ပြီး၊ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ကြည့်ကာ ပြောလိုက်သည်။

"မှတ်ထား... မင်းက နွားစစ်သည်တော် ဖြစ်သလို ငါတို့ ဝဲစားခွေး တပ်မတော်ရဲ့ ဒုတိယခေါင်းဆောင်လည်း ဖြစ်တယ်... ဒီနေ့ ငါတို့ တပ်မတော်ကို ဦးဆောင်ပြီး 'ထာဝရ အိပ်မက်မြို့တော်' ကို သွားတိုက်မယ်... ငါတို့ရဲ့ အမှတ်အသားကို ချန်ခဲ့ကြစို့"

"သတ်... သတ်... သတ်..."

တခြား ဒုတိယခေါင်းဆောင်များ တပြိုင်နက် အော်ဟစ်လိုက်ကြ၏။

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ကြောက်လန့်သွားပြီး၊ ဝိညာဉ်သားရဲ စာချုပ် မှတဆင့် ယဲ့ဖုန်းကို အမြန် ဆက်သွယ်လိုက်၏။

"ဂိုဏ်းချုပ်... ခင်ဗျား ဘယ်ရောက်သွားတာလဲဗျာ... ခင်ဗျား မြန်မြန် ပြန်မလာရင် ကျွန်တော် နတ်ဆိုးဗိုလ်ချုပ်တွေ ကြားထဲမှာ ရောနှောပြီး ပါသွားတော့မယ်... ပြီးတော့ ကျွန်တော့်ကို အပြင်ထွက် တိုက်ခိုင်းနေကြတယ်"

"မြို့ပြင်ထွက်ရမယ်... ကောင်းတာပေါ့... မြန်မြန် သွားလိုက်... ပြန်မလာတာ ပိုကောင်းတယ်"

ယဲ့ဖုန်း ပြန်ဖြေလိုက်၏။

"ဂိုဏ်းချုပ်ကလည်းဗျာ... ကျွန်တော် မသွားချင်ရင် ဘယ်လိုလုပ်မလဲ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ခေါင်းငုံ့လိုက်ပြီး၊ အနည်းငယ် ထိတ်လန့်နေ၏။ ကံကောင်းလို့ မျက်နှာဖုံး တပ်ထားတာမို့ ဘယ်သူမှ သူ့မျက်နှာပျက်နေတာကို မမြင်ရပေ။

"ငါ အမှန်တိုင်း ပြောနေတာ..."

ယဲ့ဖုန်း တိတ်ဆိတ်သွားပြီးမှ ဆက်ပြော၏။

"ငါ အမှန်တရားနဲ့ တဖြည်းဖြည်း နီးစပ်လာပြီ... တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်... မင်းက အရမ်း အားနည်းလွန်းတယ်... ဒီအခွင့်အရေး ယူပြီး မြို့ထဲက ထွက်သွားလိုက်တော့... အခွင့်အရေး ရရင် နတ်ဆိုးဗိုလ်ချုပ် (၂) (၃) ကောင်လောက် ငါ့အစား သတ်ပေးလိုက်ဦး"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် လိုဏ်ခေါင်း အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွား၏။

"အဲ့လိုကိုး..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် စိတ်သက်သာရာ ရသွား၏။

ထိုအချိန်တွင် ခွေးဗိုလ်ချုပ်သည် သံသုံးခွကို ကောက်ကိုင်လိုက်ပြီး၊ ပြင်းထန်စွာ ဝှေ့ယမ်းကာ ကြေညာလိုက်၏။

"ကဲ... ဝဲစားခွေး တပ်မတော်... ငါ့အမိန့်ကို နာခံပြီး ထာဝရ အိပ်မက်မြို့တော်ကို တိုက်ခိုက်ကြ..."

စကားဆုံးသည်နှင့် တံခါးပေါက်မှ ဦးဆောင် ထွက်ခွာသွား၏။

နောက်တွင် ခွေးခေါင်းလူသားများ၊ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် နှင့် အခြား ဒုတိယခေါင်းဆောင် (၇) ဦးတို့ လိုက်ပါသွားကြသည်။

မြို့ထဲမှ ထွက်ခွာနေစဉ်၊ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဘေးဘီဝဲယာကို ခိုးကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင် ထူးဆန်းသော တစ်ဝက်တစ်ပျက် အသွင်ပြောင်း ဝက်နတ်ဆိုး တစ်ကောင်ကို တွေ့လိုက်ရ၏။ ဝက်ခေါင်းနှင့် ဝက်ကိုယ် ရှိသော်လည်း လူခြေထောက်နှင့် လူလက်များ ပါရှိသည်။ ၎င်းက ယိမ်းထိုးကာ လမ်းလျှောက်နေကာ၊ အနောက်တွင် နတ်ဆိုးသားရဲ ရာပေါင်းများစွာ လိုက်ပါလာ၏။

ချင်းဟွန်းကျန်းရန်သာ ပြန်ရှင်လာလျှင်၊ ဒီဝက်နတ်ဆိုးက သူ့ဂျူနီယာညီလေး ဆိုတာ တွေ့ရှိသွားလိမ့်မည်။

ဆိုဟွန်းကျန်းရန်...

"အဲ့ဒီ တစ်ဝက်တစ်ပျက် အသွင်ပြောင်း ဝက်နတ်ဆိုးက တောဝက်ရိုင်း ဗိုလ်ချုပ် လက်အောက်က ဒုတိယခေါင်းဆောင် ပဲ... မြို့ထဲ ရောက်တာ မကြာသေးဘူး... သူက ရှေးဟောင်းမြို့တော် တစ်မြို့လုံးကို သတ်ဖြတ်ခဲ့ဖူးတယ်လို့ ကြားတယ်... မသေးလှဘူး... နွားစစ်သည်တော်... မင်း ကြိုးစားရမယ်... ငါ့လက်အောက်မှာ ပထမဆုံး ဒုတိယခေါင်းဆောင် ဖြစ်လာအောင် ကြိုးစားစမ်း"

ခွေးဗိုလ်ချုပ်သည် ဘေးဘီဝဲယာ ကြည့်နေသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဘက်သို့ လှည့်ပြီး ပြောလိုက်၏။

"ဪ... ဟုတ်ကဲ့..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် လန့်ဖျပ်သွား၏။

မကြာမီ၊ ဝဲစားခွေး တပ်မတော်သည် အရှေ့ဘက် မြို့တံခါးမှ ထွက်ခွာလာပြီး၊ အမွှေးတိုင် တစ်ဝက် မကုန်ခင်မှာပင် မိုင်ဒါဇင် အကွာအဝေးရှိ မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိသွားကြ၏။

ထာဝရ အိပ်မက်မြို့တော်...

ပျက်စီးနေသော အသေးစား မြို့တော် ကာကွယ်ရေး ဝင်္ကပါ တစ်ခု ရှိနေသည်။ အတွင်းဘက်တွင် ဒဏ်ရာရထားသော လူသား ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသည် မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် ရပ်နေကာ၊ ချဉ်းကပ်လာသော ထောင်ပေါင်းများစွာသော နတ်ဆိုးတပ်မတော်ကြီးကို ဝမ်းနည်းပက်လက် ကြည့်နေ၏။

"ငါ ဝူလျန်ချိုင်... ဒီမှာ သေရမယ်လို့ ထင်မထားခဲ့ဘူး..."

လူသား ကျင့်ကြံသူ သက်ပြင်းချလိုက်၏။

သူ မတ်တတ်ရပ်လိုက်ပြီး၊ နောက်တွင် ရှိနေသော ကျင့်ကြံသူ ရာပေါင်းများစွာကို ကြည့်ကာ အော်ဟစ်လိုက်၏။

"ထာဝရ အိပ်မက်မြို့တော်က ကျင့်ကြံသူ အပေါင်းတို့... နားထောင်ကြ...... အဆုံးအဖြတ် တိုက်ပွဲနေ့ ရောက်လာပြီ... ငါတို့ သေရင်တောင် နတ်ဆိုးမျိုးနွယ်တွေကို တတ်နိုင်သမျှ များများ သတ်သွားရမယ်... လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရမယ်..."

"တိုက်..."

ထာဝရ အိပ်မက်မြို့တော်မှ ကျင့်ကြံသူများသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး၊ ဝိညာဉ်လက်နက် ၊ သာမန်လက်နက်များကို ဆုပ်ကိုင်ထားကာ၊ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာကြ၏။

"ကောင်းကင်ခွေး လက်သည်း..."

သံသုံးခွ ကိုင်ဆောင်ထားသော ခွေးဗိုလ်ချုပ်သည် ဝင်္ကပါကို ခုတ်ပိုင်းလိုက်ရာ၊ နှစ်ပိုင်း ကွဲသွားပြီး၊ တပ်မတော်ကို ဦးဆောင်ကာ ဝင်ရောက် စီးနင်းလေတော့သည်။

"ဝုန်း..ဝရော"

ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင်ပင်၊ မြို့စားမင်း ဝူလျန်ချိုင် သည် ခွေးဗိုလ်ချုပ်၏ ရိုက်နှက်မှုကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဒဏ်ရာများ ပိုမို ပြင်းထန်လာပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသလောက် ဖြစ်သွား၏။

"ဟားဟား... နတ်ဆိုး တပ်မတော်... တိုက်... အား..."

ခွေးဗိုလ်ချုပ်သည် သံသုံးခွကို မြှောက်ပြီး ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးအလား အော်ဟစ်လိုက်ရာ၊ ကြောက်မက်ဖွယ် အရှိန်အဝါများ ပျံ့နှံ့သွားပြီး၊ မြို့ထဲရှိ ကျင့်ကြံသူများနှင့် သာမန်လူများကို မျှော်လင့်ချက်မဲ့ သွားစေ၏။

သို့သော် နောက်တစ်ခဏတွင် သံသုံးခွ တစ်ချောင်း ခွေးဗိုလ်ချုပ်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာသည်။

"ဘယ်သူ... ငါ့ကို ခိုးတိုက်တာလဲ"

ခွေးဗိုလ်ချုပ် ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ရာ၊ မျက်နှာဖုံး တပ်ထားသော နွားခေါင်းလူသားကို တွေ့လိုက်ရသဖြင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

"စိတ်မကောင်းပါဘူး... ငါက သူလျှို ပဲ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် တည်ကြည်လေးနက် စွာ ပြောလိုက်၏။ သူ၏ အသံသည် ဒီရေလှိုင်းပမာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး၊ ကြားရသူတိုင်းကို တုန်လှုပ်သွားစေသည်။

နွားစစ်သည်တော်က သူလျှိုတဲ့လား...

နတ်ဆိုးမျိုးနွယ်ဝင် အားလုံး ကြောင်အသွားကြ၏။

ထာဝရ အိပ်မက်မြို့တော်မှ လူသား ကျင့်ကြံသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“ဝုန်း…”

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဟန်မဆောင်တော့ဘဲ၊ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ ခွေးခေါင်းလူသား၏ ခေါင်းကို ချက်ချင်း ဖောက်ခွဲကာ သတ်ပစ်လိုက်၏။

"မင်းက တကယ် နတ်ဆိုးဗိုလ်ချုပ်ပဲ..."

"သေစမ်း... ငါတို့ နတ်ဆိုးမြို့တော်မှာ နတ်ဆိုးဗိုလ်ချုပ် အဆင့် သူလျှို ရှိနေတာလား"

ကျန်ရှိနေသော တစ်ဝက်တစ်ပျက် အသွင်ပြောင်း ဒုတိယခေါင်းဆောင် (၇) ဦးသည် ကြောက်လန့်တကြားဖြင့် အရပ်လေးမျက်နှာသို့ ထွက်ပြေးကြ၏။

"မင်းတို့ မလွတ်ပါဘူး..."

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဟိန်းဟောက်လိုက်ပြီး၊ နတ်ဆိုးဗိုလ်ချုပ် အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ၊ ခန္ဓာကိုယ်သည် မီတာထောင်ချီ ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး၊ (၇) ချက် ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ၊ ကျန်ရှိနေသော ဒုတိယခေါင်းဆောင် (၇) ဦးလုံး သေဆုံးသွားကြ၏။

ကျန်ရှိနေသော နတ်ဆိုးတပ်မတော်ကိုမူ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် တစ်စိတ်တစ်ပိုင်း သတ်ဖြတ်လိုက်သော်လည်း၊ ကျန်သူများမှာ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားကြသည်။

"ဒီ... ဒီ လေးစားရတဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီး... ဘယ်သူများပါလဲ"

ထာဝရ အိပ်မက်မြို့တော်၏ မြို့စားမင်း ဝူလျန်ချိုင် သည် မြို့ရိုးပေါ်သို့ တွဲတင်ခံရပြီး၊ တံတွေးမြိုချကာ မယုံနိုင်နိုင်စွာ မေးလိုက်၏။

"ငါ ဘယ်သူလဲ မမေးနဲ့... ငါက မင်းတို့ဘက်တော်သား ဆိုတာ သိရင် ပြီးပြီ"

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ကြွားဝါလိုက်ပြီး၊ လူတိုင်း၏ လေးစားအားကျသော မျက်လုံးများအောက်တွင် နန်လု တောင်တန်း ဘက်သို့ ရင်ကော့ခေါင်းမော့ လျှောက်လှမ်း ထွက်ခွာသွား၏။

ယဲ့ဖုန်းသာ ဒီမှာ ရှိနေလျှင် သူ့ကို သေချာပေါက် ဆဲမိမှာပါ။

ဘာကြောင့်လဲဆိုတော့ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် က ခွေးဗိုလ်ချုပ် နှင့် ဒုတိယခေါင်းဆောင် (၇) ဦးရဲ့ အလောင်းတွေကို မယူသွားသည့်အပြင်၊ မြူခိုးဂိုဏ်း နာမည်ကိုလည်း ထုတ်မပြောခဲ့၍ ဂုဏ်သတင်းတန်ဖိုး ထောင်ချီ ဆုံးရှုံးသွားရ၍ ဖြစ်သည်။

အခြား တစ်ဖက်တွင်၊ ယဲ့ဖုန်းသည် မြေအောက် လိုဏ်ခေါင်း၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားတော့သည်။

ဒီနေရာက မိုင် (၃၀) လောက် နက်ပြီး၊ အေးစက်မှုများ ဝန်းရံနေသည်။

ရှေ့တွင် မြေပြင်ပေါ်က တံခါးပေါက်နှင့် ဆင်တူသော စတုရန်းပုံ တံခါးပေါက်ကြီး တစ်ခု ရှိနေ၏။

ယဲ့ဖုန်းသည် သွားစွယ်ကို တံခါးပေါက်ရှိ အချိုင့်ထဲသို့ ထည့်လိုက်သော်လည်း၊ တံခါး မပွင့်လာသည်ကို တွေ့ရ၏။ ထို့ကြောင့် မင်းသမီးထံမှ ရထားသော သွေးစက်ကို ထုတ်ယူပြီး သွားစွယ်ပေါ် သုတ်လိမ်းလိုက်မှသာ၊ လေးလံသော ကျောက်တံခါးကြီး ပွင့်သွားလေတော့သည်။

မျက်စိရှေ့တွင် မီတာ (၁၀၀) ခန့် ကျယ်ဝန်း၊ ရှည်လျား၊ မြင့်မားသော ဧရာမ ကျောက်ခန်းမကြီး တစ်ခု ပေါ်လာ၏။

အလယ်ဗဟိုတွင် စင်မြင့် တစ်ခု ရှိပြီး၊ ၎င်းပေါ်တွင် "မြေကမ္ဘာ မျောက်ဝံကြီး" တစ်ကောင် လဲလျောင်းနေသည်။ ခြေလက်များ သန်စွမ်းပြီး (၁၀) မီတာခန့် မြင့်မားကာ၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေ၏။ အပြည့်အဝ မနိုးထသေးသော်လည်း၊ ယဲ့ဖုန်းအပေါ် ဖိအားများစွာ သက်ရောက်စေသည်။

[ မြေကမ္ဘာ မျောက်ဝံကြီး: အဆင့်နိမ့် နတ်ဆိုးဘုရင် (အိပ်မောကျနေသည်) ]

[ ပါရမီ: ကြီးထွားခြင်း ]

[ မှတ်ချက်: သေခါနီးဖြစ်နေသော မြေကမ္ဘာ မျောက်ဝံကြီး ဖြစ်ပြီး၊ မြေအောက်တွင် နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရကာ၊ နောက်ဆုံး ထွက်သက် အသိစိတ်သာ ကျန်ရှိတော့သည်။ မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် က ပြုပြင်ထားပြီး၊ ချီနှင့်သွေး လုံလောက်စွာ စုပ်ယူပြီးပါက၊ ဝိညာဉ်ပင်လယ် ပထမအဆင့် စွမ်းအားကို တဖန်ပြန်လည် ထုတ်ဖော်နိုင်မည် ဖြစ်သည်။ ]

"နတ်ဆိုးမြို့တော်က လူတွေ အများကြီး ဖမ်းနေတာ မဆန်းပါဘူး... အိပ်မောကျနေတဲ့ နတ်ဆိုးဘုရင် မြေကမ္ဘာ မျောက်ဝံကြီးကို ပြန်လည် နှိုးထဖို့ သွေးယဇ်ပူဇော်ပွဲ လုပ်ဖို့ စီစဉ်နေတာကိုး..."

ယဲ့ဖုန်း အာမေဋိတ် ပြုလိုက်မိ၏။

[ တီ... တာဝန်ပြီးမြောက်မှု ၉၀% ]

စနစ် က အကြောင်းကြားစာ ပို့လာပြန်၏။

"မြေကမ္ဘာ မျောက်ဝံကြီးရဲ့ အလောင်းကို တွေ့ပြီလေ... ဘာလို့ တာဝန် မပြီးသေးတာလဲ... နောက်ထပ် လျှို့ဝှက်ချက် ရှိသေးလို့လား"

ယဲ့ဖုန်း စဉ်းစားလိုက်ပြီး၊ မျောက်ဝံကြီး အလောင်းကို လှည့်ပတ် ကြည့်ရှုလိုက်ရာ၊ မြေကြီးပေါ်တွင် သွေးယဇ်ပူဇော်ရန် အတွက် ရှေးဟောင်း ဝင်္ကပါ ပုံစံများ ရေးထွင်းထားသည်ကို တွေ့ရှိလိုက်ရ၏။

“ဂွမ်း…”

ယဲ့ဖုန်း စကားမပြောဘဲ ကြမ်းပြင်ကို ရိုက်ခွဲပြီး ဝင်္ကပါကို ဖျက်ဆီးပစ်လိုက်၏။

[ တီ... တာဝန်ပြီးမြောက်မှု ၉၅% ]

နောက်ဆုံး (၅%) ပဲ လိုတော့တယ်...

ယဲ့ဖုန်း၏ အကြည့်များ စူးရှသွားပြီး၊ အဆင့်နိမ့် ဝိညာဉ်ဓား တစ်လက်ဖြင့် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို သည်းကြီးမည်းကြီး ခုတ်ပိုင်းလိုက်ရာ၊ "ဂျွတ်" ဟူသော အသံနှင့်အတူ ဝိညာဉ်ဓား ကျိုးသွားလေ၏။.

"မာလိုက်တာ..."

မျောက်ဝံကြီးကို မဖျက်ဆီးနိုင်သဖြင့်၊ တာဝန်လည်း မပြီးမြောက်နိုင် ဖြစ်နေသည်။

ထိုအချိန်တွင် မြေပြင်အပေါ်မှာ၊

"အား... နာလိုက်တာ..."

မြေခွေးမျိုးနွယ် မင်းသမီး နောက်ဆုံးတော့ ပြန်နိုးလာပြီး၊ ခေါင်းကို ပွတ်သပ်ရင်း ယဲ့ဖုန်း ပျောက်သွားသည်ကို သိလိုက်ရသဖြင့်၊ အမိုးခုံး အဆောက်အဦထဲမှ အမြန် ပြေးထွက်လာ၏။

"မင်းသမီးလေး... ဒီတစ်ခါ တော်တော် ကြာတာပဲ... ဟိုလူသားလေးတော့ အရေခွံပဲ ကျန်တော့မယ် ထင်တယ်... ဟီးဟီး"

ဝက်ဝံနက် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်က ပြုံးစစဖြင့် မေးလိုက်၏။

"ဒုက္ခပဲ..."

တစ်ခုခု မှားနေပြီ ဆိုတာကို မင်းသမီး ချက်ချင်း သဘောပေါက်လိုက်၏။

ခန်းမဆောင်ကြီး တစ်ခု အတွင်းမှာ၊

မင်းသမီး၏ ပြောပြချက်ကို ကြားပြီးနောက်၊ မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြောသည်။

"ဒါကြောင့်ကိုး... စောစောက မြေအောက် လိုဏ်ခေါင်းထဲ တစ်ယောက်ယောက် ဝင်သွားတာ သတိထားမိလိုက်တယ်... မင်း သောင်းကျန်းနေတာ ထင်လို့ လွှတ်ထားလိုက်တာ... တကယ်တော့... သူလျှို ဝင်လာတာကိုး..."

"မြန်မြန်... မြေအောက် လိုဏ်ခေါင်းကို ချက်ချင်း သွားကြ..."

နတ်ဆိုးဘုရင်သည် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ ချက်ချင်း ပျံသန်းထွက်ခွာသွားရာ၊ နတ်ဆိုးဗိုလ်ချုပ် ဒါဇင်ပေါင်းများစွာ နောက်မှ လိုက်ပါသွားကြ၏။

All Chapters