← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂) - ဝိညာဉ်ပေါက်ကွဲဆေးလုံး၊ ကောင်းကင်လမင်း တိုက်ခိုက်မှု

~မြေအောက် ကျောက်ခန်းမကြီး အတွင်းမှာ၊

ယဲ့ဖုန်းသည် အရာအားလုံးကို ဖျက်ဆီးပစ်နေ၏။

"ဝုန်း..ဝရော"

ဘေးပတ်လည်ရှိ ဝင်္ကပါများ အားလုံး ပျက်စီးသွားပြီ ဖြစ်သော်လည်း၊ ဖျက်ဆီး၍ မရနိုင်သော နတ်ဆိုးဘုရင် မြေကမ္ဘာ မျောက်ဝံကြီး၏ အလောင်းကိုမူ ဘာမှ မလုပ်နိုင်သေးပေ။

"ဘယ်လို လုပ်ရမလဲ"

ယဲ့ဖုန်း စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး၊ အကြည့်များ ဂနာမငြိမ် ဖြစ်နေကာ၊ နောက်ဆုံးတွင် "လေဝိညာဉ်ပုလဲ"အပေါ် အကြည့် ရောက်ရှိသွား၏။

"လေဓာတ် ဝိညာဉ်စွမ်းအင်က အရမ်း အရေးကြီးပေမယ့်... အသုံးချမှ ဖြစ်မယ်"

ပြောပြီးသည်နှင့် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်ကြောင်းသည် ထက်ရှသော ဓားအလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး၊ မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေနိုင်ခဲ့၏။

ဒါပေမဲ့... တာဝန်ပြီးမြောက်မှု တိုးမလာပေ။

"ဒါဆို မျောက်ဝံကြီးရဲ့ အလောင်းကို ဖျက်ဆီးတာက နောက်ဆုံး တာဝန် မဟုတ်ဘူးပေါ့... ဒုက္ခပဲ"

ယဲ့ဖုန်းသည် ကျန်ရှိနေသော လေဓာတ် ဝိညာဉ်စွမ်းအင် (၂) ကြောင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

ဝိညာဉ်စွမ်းအင် ပြန်ပြည့်ဖို့ (၆) နာရီ ကြာဦးမှာ။ ဆိုလိုတာက (၂) နာရီမှ တစ်ကြောင်း ပြန်ရမှာ။ ဒါကြောင့် ဒီအချိန်ကစပြီး ချွေတာသုံးမှ ဖြစ်တော့မည်။

လေဓာတ် ဝိညာဉ်စွမ်းအင် ကုန်သွားလျှင်၊ ယဲ့ဖုန်းရဲ့ လက်ရှိ အင်အားက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် သို့မဟုတ် သတ္တမအဆင့် အစပိုင်း လောက်ကိုပဲ ယှဉ်နိုင်မှာ ဖြစ်သည်။

ယဲ့ဖုန်းသည် မျောက်ဝံကြီး၏ အလောင်းကို စနစ် နေရာလပ် ထဲ ထည့်ရန် ကြိုးစားသော်လည်း မရပေ။ အကြောင်းမှာ ထိုအရာကို မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင်က ပြုပြင်ထားပြီး ဖြစ်သဖြင့်၊ ပိုင်ရှင်မဲ့ ပစ္စည်း မဟုတ်တော့သောကြောင့် ဖြစ်သည်။

"ထားလိုက်ပါတော့... ထွက်ပြေးတာ အကောင်းဆုံးပဲ"

ယဲ့ဖုန်း လာလမ်းအတိုင်း ပြန်လှည့်ပြေးရန် ပြင်လိုက်၏။

သို့သော် ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံ ရှိသေး၊ တံခါးအပြင်ဘက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါ ဒါဇင်ပေါင်းများစွာ ရောက်ရှိနေသည်ကို အာရုံခံမိလိုက်၏။ ထိုအထဲတွင် အနည်းငယ် အားနည်းသော အရှိန်အဝါ တစ်ခုလည်း ပါဝင်သည်။

"နတ်ဆိုးဗိုလ်ချုပ် ဒါဇင်ပေါင်းများစွာ ပါလား... သွားပါပြီ..."

ယဲ့ဖုန်း မျက်နှာပျက်သွား၏။

သို့သော် သေချာ အာရုံခံကြည့်လိုက်သောအခါ၊ အသန်မာဆုံး တစ်ကောင်က နတ်ဆိုးဘုရင် မဟုတ်ဘဲ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဋ္ဌမ သို့မဟုတ် နဝမ အဆင့်လောက် ရှိမည့် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်သာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

"သေစမ်း..."

မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင်သည် တံခါးဝတွင် ရပ်လျက်၊ ကျောက်ခန်းမကြီး အတွင်းရှိ ဖရိုဖရဲ အခြေအနေနှင့် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ဒဏ်ရာကို ကြည့်ပြီး ရင်ကွဲမတတ် ခံစားလိုက်ရ၏။

"မင်းက ဟို ကောက်ကျစ်တဲ့ လူသား သူလျှိုပဲ... ငါ မင်းကို အလွတ်မပေးဘူး..."

နတ်ဆိုးဘုရင်သည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်ပြီး၊ ယဲ့ဖုန်းကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်နေ၏။

"မင်းက မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် လား"

ယဲ့ဖုန်းသည် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး၊ အရပ်ရှည်ကာ ခန့်ညားသော မျက်နှာနှင့် ဆံပင်ဖြူ လူငယ်ကို စိုက်ကြည့်ရင်း အံ့ဩသွား၏။

[ တီ... တာဝန်ပြီးမြောက်မှု ၉၈% ]

စနစ် က အကြောင်းကြားစာ ပို့လာပြန်၏။

နောက်တစ်ခဏတွင် ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။

"ငါ သဘောပေါက်ပြီ... မင်းက ကိုယ့်ကိုယ်ကို နတ်ဆိုးဘုရင် လို့ ပြောနေပေမယ့်... တကယ်တော့ အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် ပဲ ရှိသေးတာ... မျောက်ဝံကြီးကို ထိန်းချုပ်ပြီးမှ နတ်ဆိုးဘုရင် အစွမ်းကို သုံးနိုင်တာကိုး... နတ်ဆိုးမြို့တော်ရဲ့ အဓိက အင်အားစုက မင်းတို့နှစ်ကောင် အပြင်... ဒီ နတ်ဆိုးဗိုလ်ချုပ် ဒါဇင်လောက်ပဲ ရှိတာပေါ့"

"ဒါတွေက မင်းတို့ နတ်ဆိုးမြို့တော်ရဲ့ အခြေခံအုတ်မြစ်တွေပဲ..."

ယဲ့ဖုန်း ရုတ်တရက် ဟားတိုက် ရယ်မောလိုက်၏။

[ တီ... တာဝန်ပြီးမြောက်မှု ၁၀၀% ]

"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... 'ရန်သူ့အခြေအနေကို ထောက်လှမ်းရန် နတ်ဆိုးမြို့တော် အတွင်းသို့ ဝင်ရောက်ခြင်း' တာဝန် ပြီးမြောက်သွားပါပြီ။ ဆုလာဘ် အနေနဲ့ အလယ်အလတ်အဆင့် သန့်စင်မီးဖို x၁ နဲ့ ဝိညာဉ်ပေါက်ကွဲဆေးလုံး x ၁ ကို ရရှိပါတယ်။"

စနစ် က တာဝန်ပြီးမြောက်ကြောင်း ကြေညာလိုက်၏။

ယဲ့ဖုန်းသည် စနစ် နေရာလပ် ထဲတွင် ပစ္စည်းနှစ်ခု ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

သံရည်ကျို မီးဖိုနှင့် တူသော မီးဖိုတစ်လုံး။

ရွှေဝါရောင် ဖျော့ဖျော့ ဆေးလုံးတစ်လုံး။

"တောက်... မင်းက နတ်ဆိုးမြို့တော်ရဲ့ စီမံကိန်းကြီးကို ဖျက်ဆီးရဲတယ်ပေါ့... မင်းကို အရင် သတ်မယ်..."

နတ်ဆိုးဘုရင် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ ယဲ့ဖုန်းဆီသို့ လက်ဝါး ရိုက်ချလိုက်၏။

"ဘယ်သူ လှုပ်ရဲလဲ... လှုပ်ရင် သူ့ကို အရင် သတ်လိုက်မယ်..."

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး မြေခွေးမျိုးနွယ် မင်းသမီးကို ရုတ်တရက် ဖမ်းဆွဲလိုက်ကာ၊ လည်ပင်းကို ညှစ်ထားလိုက်၏။

"အဖေ... ကယ်ပါဦး..."

မင်းသမီး ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

တခြား နတ်ဆိုးဗိုလ်ချုပ်များ၏ လက်များ လေထဲတွင် တောင့်ခဲသွားကြပြီး၊ မည်သူမျှ မလှုပ်ရဲကြတော့ပေ။

ဒါကို မြင်တော့ ယဲ့ဖုန်း သက်ပြင်းချနိုင်သွားသည်။

ကံကောင်းလို့ မင်းသမီးက နောက်က လိုက်လာတာ... ဓားစာခံ လုပ်လိုက်တော့မှ အန္တရာယ်ကင်းကင်း ထွက်ပြေးနိုင်တော့မယ်။

သို့သော် ယဲ့ဖုန်း၏ တွေးခေါ်မှုက အကောင်းမြင်လွန်းနေ၏။

“ဝူး…”

အလင်းတန်း တစ်ခု မင်းသမီး၏ နဖူးကို ဖောက်ထွင်းသွားပြီး၊ သူမသည် မြေကြီးပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျ သွားကာ နေရာတွင်ပင် သေဆုံးသွားလေတော့သည်။

"ကိုယ့်သမီးအရင်းကိုတောင် သတ်ရက်တယ်... မင်း တော်တော် ရက်စက်တာပဲ..."

ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူတင် မကဘူး၊ တခြား နတ်ဆိုးဗိုလ်ချုပ်တွေလည်း မျက်နှာပျက်သွားကြပြီး၊ နတ်ဆိုးဘုရင်ကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"စိတ်မပူကြပါနဲ့... အသတ်ခံလိုက်ရတဲ့ မင်းသမီးက ဟိုကောင်မယုတ် နဲ့ တခြား မြေခွေးတစ်ကောင် ဖောက်ပြန်ပြီး မွေးလာတဲ့ ကပြားမလေးပါ... အရင်တုန်းက ယာယီ မင်းသမီး အဖြစ် ထားပေးထားတာ... အခု ဒီအခြေအနေ ရောက်မှတော့ သတ်လိုက်လည်း ကိစ္စမရှိပါဘူး"

နတ်ဆိုးဘုရင် တည်ငြိမ်စွာ ရှင်းပြလိုက်၏။

ရှိသမျှ လူအားလုံး မျက်နှာထား ထူးဆန်းသွားကြသည်။

ယဲ့ဖုန်း နတ်ဆိုးဘုရင်ကို ကြည့်လိုက်ရာ၊ သူ့ဆံပင်ဖြူဖြူတွေ စိမ်းသွားသလို (Green hat - ဇနီးဖောက်ပြန်ခံရခြင်း) ခံစားလိုက်ရသည်။

ရိုးရိုးစိမ်းတာ မဟုတ်ဘဲ တောက်ပြောင်နေတဲ့ အစိမ်းရောင်ကြီး ဖြစ်နေသလိုပဲ...

"ကဲ... ဒီလူသားကို အရင် ရှင်းကြစို့"

နတ်ဆိုးဘုရင် ယဲ့ဖုန်းကို အာရုံစိုက်လိုက်၏။ သူ့အမြင်တွင် မျောက်ဝံကြီးကို ဒဏ်ရာရအောင် လုပ်နိုင်သူသည် သေချာပေါက် စွမ်းအားကြီးမားသူ ဖြစ်ရမည်။ ပါးစပ်ကသာ ကြွားဝါနေပေမယ့်၊ စိတ်ထဲတွင် အလွန် သတိထားနေ၏။

ကျန်သည့် နတ်ဆိုးဗိုလ်ချုပ်တွေလည်း အလေးအနက်ထားနေကြသည်။

နှစ်ဖက်စလုံး မျက်နှာချင်းဆိုင်နေကြပြီး၊ ဘယ်သူမှ စမတိုက်ရဲကြပေ။

"ဘယ်လို လုပ်မလဲ... ငါ သူ့ကို ယှဉ်နိုင်မယ့်ပုံ မပေါ်ဘူး"

ယဲ့ဖုန်း ကိုယ့်ကိုယ်ကို ပြန်မေးလိုက်၏။ လေဓာတ် ဝိညာဉ်စွမ်းအင် (၂) ကြောင်းကလွဲလျှင်၊ နတ်ဆိုးဘုရင်ကို ယှဉ်နိုင်မည့် ခွန်အား မရှိပေ။ နတ်ဆိုးဗိုလ်ချုပ်တွေလောက်ပဲ ဆိုလျှင် ထွက်ပြေးဖို့ အခွင့်အရေး ရှိနိုင်ပေမယ့်၊ နတ်ဆိုးဘုရင်ပါ ပါလာတော့ ထွက်ပြေးဖို့တောင် မလွယ်ကူတော့ပေ။

"သခင်ကြီး... ဒီလူသားက ကျင့်ကြံမှု မရှိသလိုပဲ... ဝိညာဉ်ပင်လယ် အဆင့် လူသား ပုဂ္ဂိုလ်ကြီးများ ဖြစ်နေမလား"

အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်က အသံနက်ကြီးဖြင့် မေးလိုက်၏။

"မဖြစ်နိုင်ဘူး"

နတ်ဆိုးဘုရင် ခေါင်းခါလိုက်၏။

ခဏ စဉ်းစားပြီးနောက်၊ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ပြောလိုက်သည်။

"သူ ဝိညာဉ်ပင်လယ် အဆင့် မဟုတ်တာ သေချာတယ်... မဟုတ်ရင် ကျွန်တော်တို့ အကုန် သေကုန်လောက်ပြီ... ကျွန်တော် ထင်တာကတော့ သူက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်လောက်တယ်"

"ဟွန်း... အထွတ်အထိပ် ဖြစ်နေရင်ရော ဘာဖြစ်လဲ... ငါတို့ နတ်ဆိုးဗိုလ်ချုပ် ဒါဇင်လောက် ရှိတာ... သူ့ကို သတ်နိုင်ပါတယ်... ဒါပေမဲ့ သူသာ တိုက်ခိုက်လာရင် ငါတို့ဘက်က အထိအခိုက် များလိမ့်မယ်"

နောက်ထပ် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ဝင်ပြောလိုက်၏။

ယဲ့ဖုန်း သူတို့ကို စိုက်ကြည့်နေပြီး၊ အပြင်ပန်း တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင် ပူလောင်နေသည်။

ကြည့်ရတာ ဒီကောင်တွေက သူ့ကို ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်ဟု ထင်ပြီး တွန့်ဆုတ်နေကြပုံရသည်။

"ဟုတ်သားပဲ... 'ဝိညာဉ်ပေါက်ကွဲဆေးလုံး'က ဘာလဲ ကြည့်ရအောင်..."

ယဲ့ဖုန်း စနစ် နေရာလပ် ကို ဖွင့်ပြီး ဆေးလုံး၏ အချက်အလက်များကို ကြည့်လိုက်၏။

[ ဝိညာဉ်ပေါက်ကွဲဆေးလုံး: အဆင့်နိမ့် ဝိညာဉ်ဆေး ]

[ အာနိသင်: သောက်သုံးလိုက်ပါက ပေါက်ကွဲထွက်သော စွမ်းအားကို ရရှိစေပြီး၊ (၅) မိနစ်ကြာ ပိုမို သန်မာလာစေသည်။ မြေကြီးကို ဖောက်ထွင်းနိုင်ပြီး ရန်သူထောင်ပေါင်းများစွာကို သုတ်သင်နိုင်စွမ်း ရှိသည်။ ]

‘ဝိညာဉ်ဆေးပါလား…’

ယဲ့ဖုန်း၏ အကြည့်များ ရုတ်တရက် စူးရှသွား၏။

ချီဆေး၊ မူလအစဆေး ၊ ဝိညာဉ်ဆေး ...

တတိယမြောက် အဓိက အဆင့်ဖြစ်သော ဝိညာဉ်ဆေးသည် ဝိညာဉ်ပင်လယ် အဆင့်နှင့် သက်ဆိုင်ပြီး၊ အလွန် အစွမ်းထက်သော ဆေးတစ်လက် ဖြစ်သည်။ ဝိညာဉ်ပေါက်ကွဲဆေးလုံးသည် အထောက်အကူပြု ဝိညာဉ်ဆေးသာ ဖြစ်သော်လည်း၊ ယဲ့ဖုန်း၏ အရေးပေါ် အခြေအနေကို ဖြေရှင်းပေးနိုင်၏။

ယဲ့ဖုန်း၏ အကြည့်များ ပြင်းထန်လာသည်ကို မြင်သောအခါ၊ နတ်ဆိုးမျိုးနွယ်ဝင်များ မျက်နှာပျက်သွားကြပြီး၊ သူ စတင် တိုက်ခိုက်တော့မည်ဟု ထင်ကာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်လိုက်ကြ၏။

"အများနဲ့ အနိုင်ကျင့်တယ်... အရှက်မရှိလိုက်တာ..."

ယဲ့ဖုန်း ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး၊ ဝိညာဉ်ပေါက်ကွဲဆေးလုံးကို အမြန် မျိုချလိုက်၏။ တပြိုင်နက်တည်းမှာပင်၊ ဆေးအာနိသင် မပျောက်ကွယ်မီ အချိန်တိုလေး အတွင်း၊ သူသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး၊ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်ကြောင်းကို အသုံးပြုကာ ကြောက်မက်ဖွယ် ဓားချီ အဖြစ် ပြောင်းလဲ၍ ခုတ်ပိုင်းလိုက်၏။

"ဝှစ်.."...

နတ်ဆိုးဗိုလ်ချုပ် အများအပြား နေရာတွင်ပင် သေဆုံးသွားကြ၏။

နတ်ဆိုးဘုရင်တောင်မှ ဆံပင်တစ်စ ခုတ်ဖြတ်ခံလိုက်ရသည်။

"သေစမ်း..."

နတ်ဆိုးဘုရင် ပါးကို ပွတ်သပ်ကြည့်လိုက်ရာ လက်ချောင်းများပေါ်တွင် သွေးစွန်းနေသည်ကို တွေ့ရသဖြင့် လန့်ဖျပ်သွား၏။

အချိန်မီ မရှောင်လိုက်ရင် သူ နေရာမှာတင် သေသွားလောက်သည်။

ဒီအခွင့်အရေးကို အသုံးချပြီး၊ ဝိညာဉ်ပေါက်ကွဲဆေးလုံး အာနိသင် ပြလာလေပြီ...။

ချီစုစည်းခြင်း တတိယအဆင့်၊ ချီစုစည်းခြင်း နဝမအဆင့်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်...

နတ်ဆိုးဘုရင်နှင့် အခြားသူများ၏ အံ့ဩနေသော မျက်လုံးများအောက်တွင်၊ ယဲ့ဖုန်း၏ ခန္ဓာကိုယ်သည် ရွှေရောင် မီးတောက်များ တောက်လောင်လာပြီး၊ ကျင့်ကြံမှု အရှိန်အဝါများ ချက်ချင်း မြင့်တက်လာ၏။

မျက်တောင် တစ်ခတ်အတွင်း၊ ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။

"ကြီးမားလိုက်တဲ့ စွမ်းအား..."

ယဲ့ဖုန်းသည် ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော စွမ်းအားကြီးမားသည့် အရှိန်အဝါကို ခံစားလိုက်ရပြီး၊ ပထမဆုံး အကြိမ်အဖြစ် ဝိညာဉ်စွမ်းအင်၏ အကူအညီဖြင့် ချီကျင့်ကြံသူ တစ်ဦး၏ စွမ်းအားကို ရရှိလိုက်ခြင်း ဖြစ်သည်။

နတ်ဆိုးဘုရင်နှင့် အဖွဲ့သည် ယဲ့ဖုန်းကို စိုက်ကြည့်နေကြပြီး၊ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြ၏။

"တကယ်ပဲ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ရောက်သွားပြီ..."

"ငါ ထင်တာ မမှားပါဘူး"

ကျန်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်များ၏ မျက်နှာထား အလွန် တည်ကြည်လေးနက်သွားကြသည်။

"နောက်ကျောကို ဓားနဲ့ထိုးခြင်း..."

နတ်ဆိုးဗိုလ်ချုပ်များ အံ့ဩနေစဉ်၊ ယဲ့ဖုန်းသည် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်၏ အနောက်တွင် ရုတ်တရက် ပေါ်လာပြီး၊ အဆင့်နိမ့် ဝိညာဉ်ဓားဖြင့် ထိုးစိုက်လိုက်၏။

"ဝှစ်.."...

ထိုနတ်ဆိုးဗိုလ်ချုပ် နေရာတွင်ပင် သေဆုံးသွား၏။

ဒါကို မြင်တော့ ကျန်သည့် နတ်ဆိုးဗိုလ်ချုပ်တွေ ကျောချမ်းသွားကြ၏။

"မြန်မြန် ပြန်တိုက်..."

နတ်ဆိုးဘုရင် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ ခန္ဓာကိုယ် ဖောင်းကြွလာကာ (၆) မီတာ မြင့်သော နတ်ဆိုးမြေခွေး အသွင် ပြောင်းလဲသွားသည်။ တဆက်တည်း၌ သူက ဓားချီများကို ပြင်းထန်စွာ မှုတ်ထုတ်လိုက်၏။

"လေဝိညာဉ် ခြေလှမ်းသိုင်း..."

ယဲ့ဖုန်း တည့်တည့် မရင်ဆိုင်ဘဲ၊ မန္တန်သုံးပြီး ရှောင်တိမ်းလိုက်ရာ၊ သူ့နောက်က လိုဏ်ခေါင်းနံရံကြီး နတ်ဆိုးဘုရင်၏ ဓားချီကြောင့် ပေါက်ထွက်သွား၏။

နောက်တစ်ခဏတွင် ယဲ့ဖုန်း အခွင့်ကောင်းယူပြီး ထိုအပေါက်ထဲသို့ ဝင်ရောက် ထွက်ပြေးသွားလေတော့သည်။

"လိုက်ဖမ်း..."

နတ်ဆိုးဘုရင် ဦးဆောင်ပြီး လိုက်ဖမ်း၏။ တခြား နတ်ဆိုးဗိုလ်ချုပ်များလည်း အမြန် လိုက်ပါသွားကြသော်လည်း၊ မကြာမီ ယဲ့ဖုန်း၏ အရှိန်အဝါ ပျောက်ဆုံးသွားသည်ကို တွေ့ရှိလိုက်ရ၏။ မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသကဲ့သို့ပင်။

မြေအောက် နက်ရှိုင်းသော နေရာ၌၊

ယဲ့ဖုန်းသည် "မြေလျှိုးခြင်း"အား အသုံးပြုပြီး ကွေ့ပတ်သွားကာ၊ မြေအောက် ခန်းမတစ်ခုကို ဖောက်ထွင်းပြီး၊ မျောက်ဝံကြီး၏ ဘေးသို့ ပြန်လည် ရောက်ရှိလာ၏။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ဟန်များ ရေးဆွဲလိုက်ပြီး၊ "ပန်းပွင့်ကြွေ မိုးစက်များ" ကို ထုတ်သုံးတော့သည်။ မရေမတွက်နိုင်သော ပန်းပွင့်များကို ထက်ရှသော ဓားရှည်တစ်လက် အဖြစ် ဖန်ဆင်းလျက် ခုတ်ချလိုက်၏။

"ချွင်..."

သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး၊ မျောက်ဝံကြီး၏ ခေါင်း ပြတ်ကျသွားကာ၊ စနစ် နေရာလပ် ထဲသို့ ထည့်သွင်း သိမ်းဆည်းလိုက်နိုင်၏။

"ထပ်လုပ်မယ်..."

ယဲ့ဖုန်း လက်ဟန်များ ထပ်မံရေးဆွဲပြီး၊ "ပန်းပွင့်ကြွေ မိုးစက်များ" ကို ထပ်မံ ထုတ်သုံးကာ၊ မျောက်ဝံကြီး၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်ပြီး စနစ် နေရာလပ် ထဲသို့ အမြန် ထည့်လိုက်၏။

"ရဲတင်းလှချည်လား..."

ကျားကို မျှားပြီး တောထဲက ထုတ်ခဲ့မိသော နတ်ဆိုးဘုရင်သည် အလိမ်ခံလိုက်ရမှန်း သိပြီး၊ ကျယ်လောင်စွာ ကျိန်ဆဲလျက် နတ်ဆိုးဗိုလ်ချုပ်များနှင့်အတူ အမြန် ပြန်ပြေးလာ၏။

ခေါင်းပြတ် လက်ပြတ် ဖြစ်နေသော မျောက်ဝံကြီးကို မြင်လိုက်ရသောအခါ၊ နတ်ဆိုးဘုရင် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး ပြာနှမ်းသွားပြီး၊ သွေးတစ်လုပ် အန်ချလိုက်ရာ၊ ကံဆိုးစွာဖြင့် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။

"ဝုန်း..ဝရော"

မျောက်ဝံကြီး ပြန်လည် နိုးထလာလေပြီ...။

မြေကြီး ပြင်းထန်စွာ တုန်ခါသွားပြီး၊ ကြောက်မက်ဖွယ် အရှိန်အဝါများ မျောက်ဝံကြီးထံမှ ပေါက်ကွဲထွက်လာ၏။ ကျန်ရှိနေသော လက်မောင်းတစ်ဖက်ကို တောင်ကြီးတစ်လုံးပမာ လက်သီးဆုပ်လိုက်ပြီး ယဲ့ဖုန်းဆီသို့ ပစ်သွင်းလိုက်၏။

"သံမဏိ ဒိုင်းကာ ..."

"မှော်လိပ်ခွံ ဒိုင်းကာ..."

ယဲ့ဖုန်း ကာကွယ်ရေး မန္တန် (၂) ခုကို ချက်ချင်း ထုတ်သုံးလိုက်သော်လည်း၊ မျောက်ဝံကြီး၏ လက်သီးချက်ကြောင့် ဖောက်ထွင်းခံလိုက်ရပြီး၊ ရင်ဘတ် ချိုင့်ဝင်သွားကာ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။

လေဝိညာဉ်ပုလဲ၏ ဒိုင်းကာသာ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို မကာကွယ်ပေးခဲ့လျှင်၊ ယဲ့ဖုန်း သေချာပေါက် သေဆုံးသွားမှာ ဖြစ်သည်။

"ဒီနေ့ အငြိုးကို မှတ်ထားမယ်"

ယဲ့ဖုန်း ကျောက်နံရံကို ဖောက်ထွင်းပြီး "မြေလျှိုးခြင်း" ဖြင့် ထွက်ပြေးလေတော့သည်။

ဝိညာဉ်ပေါက်ကွဲဆေးလုံး၏ အာနိသင်က (၅) မိနစ်သာ ခံပြီး၊ ကုန်ဆုံးလျှင် ခုခံနိုင်စွမ်း ရှိမှာ မဟုတ်တော့ပေ။

ယခု ဘေးထွက်တာဝန်လည်း ပြီးပြီ၊ မျောက်ဝံကြီးရဲ့ ခေါင်းနှင့် လက်မောင်းကိုလည်း ဖြတ်ယူခဲ့ပြီ ဆိုတော့၊ အမြတ်ကြီးစားပြီးပြီ မို့ ပြေးဖို့ အချိန်တန်ပြီပင်။

မကြာမီ၊ ယဲ့ဖုန်း မြေပြင်ပေါ်သို့ ရောက်ရှိလာ၏။

ညရောက်နေပြီ ဖြစ်ပြီး၊ ပတ်ဝန်းကျင်တွင် သားရဲဟောက်သံများ မရပ်မနား ထွက်ပေါ်နေ၏။

"တီ... ဝိညာဉ်ပေါက်ကွဲဆေးလုံး အာနိသင် ကုန်ဆုံးဖို့ စက္ကန့် (၃၀) သာ လိုပါတော့တယ်"

စနစ် သတိပေးလိုက်၏။

ဒါကို ကြားတော့ ယဲ့ဖုန်း ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြီး၊ မီတာ ထောင်ချီ မြင့်မားသော နေရာသို့ ရောက်ရှိသွား၏။ အောက်ဘက်ရှိ မီးရောင်စုံ လင်းလက်နေသော နတ်ဆိုးမြို့တော်ကြီးကို စီးမိုးကြည့်လိုက်ပြီး၊ မျက်လုံးများ အေးစက်သွားကာ လက်ဟန်များ စတင် ဆွဲသားလိုက်လေတော့သည်။

"ကောင်းကင် လမင်း တိုက်ခိုက်မှု..."

ယဲ့ဖုန်း ကောင်းကင်ကို ညွှန်ပြလိုက်ရာ၊ မရေမတွက်နိုင်သော နတ်ဆိုးမျိုးနွယ်ဝင်များ မော့ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်အတွင်းမှာ၊ ဒုတိယမြောက် တောက်ပသော လပြည့်ဝန်းကြီး တစ်စင်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် လေးလံသော ဥက္ကာခဲများစွာ အရှိန်ပြင်းပြင်းဖြင့် ကြွေကျလာပြီး၊ နတ်ဆိုးမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။

ဥက္ကာခဲ တစ်လုံးစီသည် ပေါင်တစ်သောင်း လေးလံပြီး၊ ကောင်းကင်မှ ကျလာလေ အရှိန်ပြင်းလေ ဖြစ်ကာ၊ ကြောက်မက်ဖွယ် အားအင်များ ပါဝင်၏။

"ဝုန်း..ဘုန်း"

"ဝုန်း..ဝရော"

"ဂျုန်း..ဂျုန်း"

အမိုးခုံး အဆောက်အဦ များစွာ ပျက်စီးသွားပြီး၊ နတ်ဆိုး အများအပြား သေဆုံးသွားကြကာ၊ ရုတ်တရက် အနက်ရောင် ချီစွမ်းအင်များ မြေကြီးထဲမှ ထွက်ပေါ်လာပြီး ယဲ့ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

ညအချိန် ဖြစ်သဖြင့် ယဲ့ဖုန်း သတိမထားမိလိုက်ပေ။

"အား... ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ..."

နတ်ဆိုးဘုရင် မြေပြင်ပေါ်သို့ ရောက်ရှိလာပြီး၊ နတ်ဆိုးမြို့တော်ကြီး ဥက္ကာပျံများကြောင့် ပျက်စီးနေသည်ကို မြင်လိုက်ရသဖြင့်၊ ဒေါသထွက်လွန်း၍ သွေးအန်ပြီး နေရာမှာတင် လဲကျသွား၏။

"တီ... ဝိညာဉ်ပေါက်ကွဲဆေးလုံး အာနိသင် ကုန်ဆုံးဖို့ (၅) စက္ကန့်သာ လိုပါတော့တယ်"

"ငါး... လေး..."

ယဲ့ဖုန်း ရင်ထဲ ဒိန်း ခနဲ ဖြစ်သွားပြီး၊ "စီးဆင်း အလင်းဓားချီ" အား ချက်ချင်း အသုံးပြုလိုက်ဧ။်။ ဝိညာဉ်ဓားပေါ် တက်ပြီး အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းကာ၊ ကျယ်ပြောလှသော ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သတည်း။

အခန်း (၂၀၃) - ဂိုဏ်းချုပ်များ၏ ဇဝေဇဝါ၊ ကြီးမားသော ရိတ်သိမ်းမှု

~နတ်ဆိုးမြို့တော် နှင့် မိုင်တစ်ရာကျော် အကွာ၌၊

လူရိပ် အချို့သည် အမှောင်ထုထဲတွင် ပုန်းခိုလျက် ကောင်းကင်ယံရှိ လပြည့်ဝန်းကြီးကို မော့ကြည့်နေကြပြီး၊ အားလုံး မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

မရေမတွက်နိုင်သော ဥက္ကာခဲများ ဆက်တိုက် ကြွေကျနေပြီး၊ နတ်ဆိုးမြို့တော်ကို ဝင်တိုက်ကာ အဆောက်အဦများနှင့် နတ်ဆိုးမျိုးနွယ်ဝင် အများအပြားကို ဖျက်ဆီးပစ်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံများသည် တောင်ကျရေလို ဟိန်းထွက်လာပြီး၊ သူတို့၏ နှလုံးသားများကို ရိုက်ခတ်နေသည်။

"ဒါက... ကြောက်စရာ ကောင်းလိုက်တာ..."

"ဘယ်သူလဲ... နတ်ဆိုးမြို့တော်ထဲ တစ်ယောက်တည်း ဝင်ပြီး ဒီလောက် ကပ်ဘေးသင့်စေတဲ့ ဥက္ကာပျံမိုး ရွာစေခဲ့တာ ဘယ်သူလဲ"

"ဒါက ပြီးပြည့်စုံတဲ့ အဆင့် ရောက်နေတဲ့ တတိယအဆင့် မန္တန်နဲ့ တူတယ်... ပြီးတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ရောက်နေတဲ့ လျှို့ဝှက် ပညာရှင်က ထုတ်သုံးလိုက်တာ ဆိုတော့... ဖျက်ဆီးအားက မှန်းဆလို့တောင် မရတော့ဘူး"

"ငါတို့ ဒီပုဂ္ဂိုလ်ကြီးကို ကျေးဇူးတင်ရမယ်..."

"ဟုတ်တယ်... သူက နတ်ဆိုးမြို့တော်ကို တိုက်ခိုက်လိုက်လို့ ငါတို့ အသက်ရှူချောင်သွားတာ"

တောင်ပေါ်တွင် ရပ်နေသော လူရိပ်များသည် အံ့ဩတကြီး ပြောဆိုနေကြ၏။

ယဲ့ဖုန်းသာ ဒီမှာ ရှိနေလျှင်၊ သူတို့ကို မှတ်မိမှာ သေချာပါသည်။

ဒီလူတွေက လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်၊ ယွင်ဟွာကျန်းရန်၊ စန်းယွမ်မြို့ မြို့စားမင်း၊ ချင်းယွင်ကျန်းရန် နှင့် တခြား ဂိုဏ်းချုပ်တွေ ဖြစ်ပြီး၊ အဖွဲ့ဖွဲ့ကာ တိတ်တဆိတ် ရောက်လာကြတာ ဖြစ်သည်။

နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့က ဖွဲ့ဖွဲ့ချင်း ပျက်သွားပေမယ့်၊ သူတို့က လက်မလျှော့ဘဲ တိတ်တဆိတ် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းပင်။

သို့သော်၊ အနားရောက်ရုံပဲ ရှိသေးသည်၊ ကောင်းကင်မှာ လပြည့်ဝန်းကြီး ပေါ်လာပြီး ကြောက်မက်ဖွယ် ဥက္ကာပျံမိုး ရွာချလိုက်တာကို မြင်လိုက်ရတော့၊ ရှေ့ဆက်မတိုးရဲတော့ပေ။

လပြည့်ဝန်း၏ အလင်းရောင်ကြောင့် နတ်ဆိုးမြို့တော် တစ်ခုလုံး လင်းထိန်သွားပြီး၊ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အဖွဲ့သည် မြို့ထဲက အခြေအနေကို လှမ်းမြင်လိုက်ရ၏။ နတ်ဆိုးတပ်မတော်က သိမ်းပိုက်ထားတာ သေချာသွားပြီး၊ နတ်ဆိုး တစ်သိန်းကျော်နှင့် နတ်ဆိုးဗိုလ်ချုပ် ဒါဇင်ကျော် ရှိနေတာကို တွေ့လိုက်ရသည်။

ဒီလောက် များပြားသော အင်အားစုက တကယ် ကြောက်စရာ ကောင်းလှပေသည်။

ဂိုဏ်းချုပ်များသည် နတ်ဆိုးမြို့တော်ထဲ တစ်ယောက်တည်း ဝင်ရဲသည့် သတ္တိရှိသူကို လေးစားသွားကြ၏။

"သေစမ်း... ငါ့ရဲ့ နတ်ဆိုးမြို့တော်ကို ဖျက်ဆီးရဲတယ်ပေါ့... မင်းတို့နဲ့ ဘယ်တော့မှ အေးအတူပူအမျှ မနေတော့ဘူး..."

ထိုအချိန်တွင် ဒေါသထွက်နေသော မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင်သည်၊ ခေါင်းပြတ် လက်ပြတ် ဖြစ်နေသော မြေကမ္ဘာ မျောက်ဝံကြီးကို ထိန်းချုပ်ပြီး ကောင်းကင်ယံသို့ ပျံတက်လာကာ၊ လပြည့်ဝန်းကြီးကို ရိုက်ခွဲပစ်လိုက်သဖြင့် အလင်းရောင်များ ပျောက်ကွယ်သွားလေတော့သည်။

"နတ်ဆိုးဘုရင်..."

"အဲ့ဒီ နတ်ဆိုးဘုရင်က ခေါင်းမရှိဘူး..."

"လက်တစ်ဖက်လည်း ပြတ်နေသလိုပဲ"

"ဒီလို ထူးဆန်းတဲ့ ပုံစံနဲ့... အမွှေးပွပွကြီး ဆိုတော့... ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ"

ဂိုဏ်းချုပ်များသည် အဝေးမှနေ၍ မျောက်ဝံကြီး၏ တောင် တစ်လုံးပမာ ကြီးမားသော အရှိန်အဝါကို ခံစားလိုက်ရပြီး၊ ကြောက်လန့်တကြား နောက်ဆုတ်သွားကြ၏။

"တကယ်ပဲ နတ်ဆိုးမြို့တော်မှာ နတ်ဆိုးဘုရင် ရှိနေတာကိုး... ငါတို့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

ချင်းယွင်ကျန်းရန် သက်ပြင်းချလိုက်၏။ နတ်ဆိုးဘုရင် ရှေ့မှောက်တွင် သူ၏ မောက်မာမှုများ ပျောက်ဆုံးသွားတော့သည်။

ထိုစဥ်၊ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်သည် ယဲ့ဖုန်း ပျံသန်းသွားရာ လမ်းကြောင်းကို ကြည့်ပြီး ပြောလိုက်၏။

"ဟို လူကြမ်းကြီးက ဟိုဘက်ကို ပျံသွားတယ်... ငါတို့ လိုက်သွားပြီး မဟာမိတ်ခေါင်းဆောင် ရာထူးကို ကမ်းလှမ်းရင် မကောင်းဘူးလား"

"မဟာမိတ်အဖွဲ့ကို ပြန်ဖွဲ့မလို့လား"

ယွင်ဟွာကျန်းရန် အံ့ဩစွာ မေးလိုက်၏။

"ဘာလို့ မရရမှာလဲ၊ ဟားဟား"

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် ရယ်မောလိုက်သည်။

"ဒီ လျှို့ဝှက်ဆန်းကြယ်ပြီး သတ္တိရှိတဲ့ လူကြမ်းကြီးက ငါတို့ ဂိုဏ်းတွေရဲ့ မျှော်လင့်ချက်ပဲ... သူ့ကိုသာ မဟာမိတ်ခေါင်းဆောင် ခန့်အပ်လိုက်နိုင်ရင် ငါတို့ ဖိအားတွေ အများကြီး လျော့သွားမှာ"

"ဒါဆို အချိန်မဆွဲဘဲ လိုက်ကြစို့..."

ချင်းယွင်ကျန်းရန်က ပထမဆုံး ထွက်ခွာသွားတော့၏။

...

ကောင်းကင်ယံ၌၊

ယဲ့ဖုန်း ရင်ဘတ်ကို ဖိထားပြီး သွေးတစ်လုပ် အန်ချလိုက်၏။

စောစောက သူ မျောက်ဝံကြီးရဲ့ လက်သီးချက် မိသွားလို့ ဒဏ်ရာအပြင်းအထန် ရသွားသည်။ ကံကောင်း၍ မသေခြင်းပါ။

အခု ဝိညာဉ်ပေါက်ကွဲဆေးလုံးရဲ့ အာနိသင် ကုန်သွားပြီ ဖြစ်၍၊ ယဲ့ဖုန်း အားနည်းနေပြီး သတ္တုသစ်ရွက်ပြားပေါ်တွင် ထိုင်ကာ မြူခိုးတောင်ထိပ်ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းနေရ၏။

"နတ်ဆိုးဘုရင်ရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ... ဝိညာဉ်ပေါက်ကွဲဆေးလုံး သောက်ထားတာတောင် လက်သီးတစ်ချက်ပဲ ခံနိုင်တယ်... ကြာကြာတိုက်ရင် သေချာပေါက် သေမှာ"

ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ဒီည တိုက်ပွဲကို ပြန်စဉ်းစားကာ သင်ခန်းစာများစွာ ရရှိလိုက်သည်။

နှမြောစရာ ကောင်းတာက ဝိညာဉ်ပေါက်ကွဲဆေးလုံး တစ်လုံးပဲ ပါတာ။

“ရွှစ်…”

အနောက်ဘက်မှ ဓားပျံသံ ကြားလိုက်ရသဖြင့် ယဲ့ဖုန်း မျက်နှာပျက်သွား၏။

"ဟေ... သူတို့ပါလား... လန့်လိုက်တာ... မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် လိုက်လာပြီ ထင်လို့"

လှည့်ကြည့်လိုက်တော့ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် တို့အဖွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့်၊ ယဲ့ဖုန်း သက်ပြင်းချနိုင်သွား၏။

"ဂိုဏ်းချုပ်ယဲ့... ဒီမှာ ဘာလုပ်နေတာလဲ"

ယွင်ဟွာကျန်းရန်သည် ယဲ့ဖုန်းကို မြင်တော့ အံ့ဩသွားပြီး မေးလိုက်၏။

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်က အလျင်စလို မေးလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့... ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ရောက်နေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဓားစီးပြီး အရှိန်ပြင်းပြင်း ဖြတ်သွားတာ မြင်လိုက်သေးလား"

ယဲ့ဖုန်း ကြောင်သွား၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်...

ငါ မမြင်မိပါဘူး...

နေဦး... ဒီလူတွေက နတ်ဆိုးမြို့တော် နားမှာ စောင့်ကြည့်နေပြီး ငါ "ကောင်းကင် လမင်း တိုက်ခိုက်မှု" သုံးတာကို မြင်လိုက်ကြတာများလား။

ယဲ့ဖုန်း စဉ်းစားနေစဉ် ယွင်ဟွာကျန်းရန်က ရှင်းပြသည်။

"ဂိုဏ်းချုပ်ယဲ့ မသိသေးဘူး ထင်တယ်... ကျွန်တော်တို့က နတ်ဆိုးမြို့တော်ကို သွားပြီး နတ်ဆိုးတွေကို သတ်မလို့ လုပ်နေတာ... ဒါပေမဲ့ မြို့နဲ့ မိုင်တစ်ရာလောက် အကွာ ရောက်တော့... ကြောက်စရာ ကောင်းတဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး တစ်ယောက်က ဥက္ကာပျံမိုး ရွာချလိုက်ပြီး နတ်ဆိုးမြို့တော် တစ်ဝက်လောက်ကို ဖျက်ဆီးပစ်လိုက်တယ်"

"နောက်တော့ အဲ့ဒီ လူကြမ်းကြီးက ဒီဘက်ကို ပျံလာတယ်... ဂိုဏ်းချုပ်ယဲ့ တွေ့မိမလားလို့ပါ"

"ဟာ... မတွေ့ပါဘူးဗျာ..."

ယဲ့ဖုန်း လက်ကာပြလိုက်၏။

"ခင်ဗျားတို့.. ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ... ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ဖြတ်သွားရင်တောင်... ကျွန်တော့် ကျင့်ကြံမှုအဆင့်နဲ့ ဘယ်လိုလုပ် သတိထားမိမှာလဲ"

ကြည့်ရတာ နတ်ဆိုးမြို့တော် တိုက်ပွဲတုန်းက သူတို့ အနီးနားမှာ ရှိနေခဲ့ကြတာပဲ... ဒါပေမဲ့ အဲ့ဒီ "ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် လူကြမ်းကြီး" ဆိုတာ ငါပါလို့ မသိကြဘူး။

ယဲ့ဖုန်း စိတ်ထဲတွင် ကျိတ်ရယ်လိုက်မိ၏။

"မတွေ့ဘူးလား"

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် စိတ်ပျက်သွား၏။

တခြား ဂိုဏ်းချုပ်များလည်း သက်ပြင်းချလိုက်ကြသည်။

ချင်းယွင်ကျန်းရန်ကတော့ အဝေးမှာ ရပ်ပြီး အေးစက်စွာ ကြည့်နေ၏။ ယဲ့ဖုန်း လှမ်းကြည့်လိုက်တော့ အကြည့်လွှဲသွားသည်။

"ကြည့်ရတာ ကျွန်တော်တို့နဲ့ အဲ့ဒီ လူကြမ်းကြီးနဲ့ ရေစက်မပါဘူး ထင်ပါတယ်"

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် ဝမ်းနည်းစွာ ပြောလိုက်၏။

ယဲ့ဖုန်း မျက်ခုံး ပင့်လိုက်ပြီး မေးလိုက်သည်။

"ဂိုဏ်းချုပ်တို့က အဲ့ဒီ လူကြမ်းကြီးကို ဘာလုပ်ချင်လို့လဲ"

"မင်း အလုပ် မဟုတ်ပါဘူး"

ချင်းယွင်ကျန်းရန် နှာမှုတ်လိုက်၏။

"ကျွန်တော်တို့က နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့ကို ပြန်ဖွဲ့ချင်လို့ပါ... အဲ့ဒီ ပုဂ္ဂိုလ်ကြီးသာ မဟာမိတ်ခေါင်းဆောင် ဖြစ်လာရင်... ဘေးပတ်လည်က ဂိုဏ်းပေါင်းရာချီ အတွက် အားကိုးစရာ တိုင်မတ်ကြီး ဖြစ်လာမှာပါ"

လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်က ရည်ရွယ်ချက်ကို ပြောပြ၏။

"ဪ... အဲဒီလိုကိုး"

ယဲ့ဖုန်း မျက်နှာက တည်ငြိမ်နေပေမယ့် စိတ်ထဲမှာတော့ စကားမပြောနိုင်လောက်အောင် ဖြစ်နေ၏။

ထိုအချိန်တွင် ယွင်ဟွာကျန်းရန်က ယဲ့ဖုန်းကို သေချာ ကြည့်လိုက်ရာ၊ ရင်ဘတ် ချိုင့်ဝင်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားပြီး မေးလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဘယ်လို ဖြစ်ပြီး ဒဏ်ရာရလာတာလဲ"

"အဟွတ် အဟွတ်... တကယ်တော့ ကျွန်တော် နတ်ဆိုးမြို့တော် တိုက်ပွဲ မဖြစ်ခင်လေးမှာ အနီးနားမှာ ရောက်နေတာ... နောက်တော့ အရမ်း သန်မာတဲ့ နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်နဲ့ တွေ့ပြီး ဒဏ်ရာရလာတာပါ"

ယဲ့ဖုန်း ပါးစပ်က သွေးစကို သုတ်လိုက်ပြီး အတည်ပေါက် လိမ်ပြောလိုက်၏။

ဂိုဏ်းချုပ်များ လန့်သွားကြသည်။

ယဲ့ဖုန်းတောင် ဒဏ်ရာအပြင်းအထန် ရလာတယ် ဆိုတော့... အဲ့ဒီ နတ်ဆိုးဗိုလ်ချုပ်က အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်လောက် ရှိမှာပဲ... သတင်းဆိုးပဲ။

"ကဲ... ကျွန်တော် ဒဏ်ရာ ကုရဦးမယ်... သွားခွင့်ပြုပါဦး... နောက်မှ တွေ့ကြတာပေါ့"

ယဲ့ဖုန်း ဆက်မနေချင်တော့သဖြင့် နှုတ်ဆက်ပြီး မြူခိုးဂိုဏ်းဆီသို့ အမြန် ပျံသန်းသွား၏။

ယဲ့ဖုန်း ထွက်ခွာသွားသည်ကို ကြည့်ပြီး ဂိုဏ်းချုပ်များ နှမြောတသ ဖြစ်ကျန်ရစ်ခဲ့ကြသည်။ လူကြမ်းကြီးနှင့် လွဲသွားတာ တကယ့် နစ်နာမှုကြီးပင်။

"အားလုံး သိပ်စိုးရိမ်မနေပါနဲ့... အခု နတ်ဆိုးမြို့တော်က အထိနာသွားပြီ ဆိုတော့... တခြား ဂိုဏ်းတွေ.. မြို့တွေကို တိုက်ခိုက်နိုင်ဦးမှာ မဟုတ်ပါဘူး... ဒီအခွင့်အရေးယူပြီး ကြိုးစား ကျင့်ကြံကြမယ်... အဆင့်တက်အောင် လုပ်ကြမယ်"

ချင်းယွင်ကျန်းရန် ရုတ်တရက် ပြောလိုက်ပြီး၊ နတ်ဆိုးမြို့တော် ဘက်သို့… မျက်လုံး မှေးလျက် ကြည့်လိုက်၏။

သူ ဆုံးဖြတ်လိုက်ပြီ... ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် မရောက်မချင်း တံခါးပိတ် ကျင့်ကြံတော့မည်...။

မကြာမီ ဂိုဏ်းချုပ်များ လူစုခွဲသွားကြ၏။

အပြန်လမ်း၌၊

ယဲ့ဖုန်းသည် ပြန်လည် ပြည့်ဝလာသော လေဓာတ် ဝိညာဉ်စွမ်းအင် (၂) ကြောင်းကို ကြည့်ပြီး၊ တစ်ကြောင်းကို ထုတ်ယူကာ ရင်ဘတ်ဒဏ်ရာကို ကုသလိုက်သည်။

"လေဓာတ် ဝိညာဉ်စွမ်းအင်က တကယ် ဘက်စုံသုံးလို့ ရတာပဲ... ထွက်ပြေးတာ၊ အသက်ကယ်တာ၊ ချုပ်နှောင်တာ အကုန် ရတယ်... ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ကနေ ထွက်လာတဲ့ စွမ်းအား ဆိုတော့ မဆိုးဘူး... ကြည့်ရတာ ငါ့ရဲ့ သံရည်ကျို မီးဖိုကို အမြန်ဆုံး အဆင့်မြှင့်ပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို သွန်းလုပ်မှ ဖြစ်မယ်"

ယဲ့ဖုန်း အစီအစဉ် ချလိုက်၏။

လေဝိညာဉ်ပုလဲက အထောက်အကူပြုဘက်ကို ပိုတိမ်းညွှတ်သည်။

လေဓာတ် ဝိညာဉ်စွမ်းအင်ကို အသန်မာဆုံး တိုက်ခိုက်မှုအဖြစ် ပြောင်းလဲလိုက်လျှင်ပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်မျှသာ ရှိ၏။ ထို့ပြင် စွမ်းအင်ကုန်ဆုံးသွားပါက ပြန်လည် ပြည့်ဝလာရန် စောင့်ဆိုင်းရသည်မှာ အချိန်ကြာမြင့်လွန်းလှသည်။

သို့သော် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားမှာမူ ထိုသို့ မဟုတ်။

အကယ်၍သာ ထိုဓားကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ပါက အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်၏။ နတ်ဆိုးဘုရင် အဆင့်ကို မယှဉ်နိုင်လျှင်တောင်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသူများကိုမူ အသာစီးရနိုင်မည် ဖြစ်သည်။

*

မကြာမီ ယဲ့ဖုန်း မြူခိုးတောင်ထိပ်သို့ ပြန်လည် ရောက်ရှိသွားပါ၏။

ထိုအချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် (၂) ကောင် နှင့် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် (၅) ကောင်၏ အလောင်းများကို မြေကြီးပေါ် ချလိုက်သည်။ ထို့နောက်၊ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စတုတ္ထမြောက် လုပ်ဆောင်ချက် "ဝိညာဉ်သွေး လွှဲပြောင်းခြင်း" ကို အသုံးပြုကာ လက်သီးဆုပ် အရွယ်အစားရှိသော ဝိညာဉ်သွေး (၇) တုံးကို သန့်စင် ထုတ်ယူလိုက်၏။

ထို့နောက် မြေကမ္ဘာ မျောက်ဝံကြီး၏ ခေါင်းပြတ်နှင့် လက်မောင်းကို ကြည့်ပြီး၊ လက်မ အရွယ်အစားရှိသော ရွှေညိုရောင် ဝိညာဉ်သွေး တစ်တုံးကို သန့်စင် ထုတ်ယူလိုက်၏။

"နတ်ဆိုးဘုရင် နဲ့ နတ်ဆိုးဗိုလ်ချုပ်တွေရဲ့ ဝိညာဉ်သွေးတွေ... တကယ့် ရတနာတွေပဲ..."

လေထဲတွင် ပျံဝဲနေသော အလုံး (၈) လုံးကို ကြည့်ပြီး ယဲ့ဖုန်း စိတ်လှုပ်ရှားနေလေတော့သတည်း။

အခန်း (၂၀၄) - ကျွန်တော့်ရဲ့ နာမည်မှာ ကျူးယုံဖု ဖြစ်သည်၊ သုံးမြီးမြေခွေး မျိုးနွယ်၏ ပြည်တွင်းစစ်

~"နတ်ဆိုးဘုရင် တစ်ပါး၊ အလယ်အလတ်စား နတ်ဆိုးဗိုလ်ချုပ် နှစ်ပါးနဲ့ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် ငါးပါး... သူတို့ဆီက ရတဲ့ ဝိညာဉ်သွေးတွေက တကယ့်ကို အဖိုးဖြတ်လို့ မရတဲ့ ရတနာတွေပဲ။ ဒီသွေးတွေကို ဝိညာဉ်သားရဲ ပြုစုပျိုးထောင်ရေးဆောင်က ဂိုဏ်းစောင့်ဝိညာဉ် သားရဲတွေနဲ့ ပေါင်းစပ်ပေးလိုက်ရင် သူတို့ရဲ့ သွေးမျိုးဆက်တွေ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ သိချင်မိတယ်"

ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ခန်းမဆောင်၏ ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်နေမိ၏။ ညအမှောင်ထုက ကမ္ဘာမြေကို လွှမ်းခြုံထားသော်လည်း သူ၏ မျက်ဝန်းများကတော့ မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပလျက် ရှိချေသည်။

"ဝေါ့"

အစ်ကိုကြီးခေါင်းပြားသည် ယဲ့ဖုန်း၏ဘေးနားသို့ မည်သည့်အချိန်က ရောက်ရှိနေသည်မသိ။ သူသည် ရွှေညိုရောင် တောက်လက်နေသော နတ်ဆိုးဘုရင်၏ ဝိညာဉ်သွေးကို တစ်ချက်ကြည့်ကာ ယဲ့ဖုန်းကို မေးထူးခေါ်ပြော လုပ်သကဲ့သို့ လက်ညှိုးထိုးပြသည်။

"မင်းက ဒါကို လိုချင်တာလား"

ဟု ယဲ့ဖုန်းက ပြုံးစစဖြင့် မေးလိုက်၏။

"အင်း"

အစ်ကိုကြီးခေါင်းပြားက နှာခေါင်းရှုံ့ကာ အသံပြုရင်း ခေါင်းညိတ်ပြလာ၏။ သူ၏မျက်လုံးများက နတ်ဆိုးဘုရင်၏ ဝိညာဉ်သွေးပေါ်တွင် စွဲထင်နေပြီး အရောင်တောက်လျက် ရှိပေသည်။ ယဲ့ဖုန်းသည်လည်း တွန့်တိုတတ်သူ မဟုတ်ပါချေ။

အစ်ကိုကြီးခေါင်းပြားသည် နတ်ဆိုးဘုရင်၏ ဝိညာဉ်သွေးကို သူ၏ မျက်ခုံး နှစ်ခုကြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည့်အခါ ထူးဆန်းသော ပြောင်းလဲမှုများ စတင်လာတော့သည်။ သူ၏ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာပြီး ခေါင်းပေါ်မှ အဖြူရောင်အမွှေးအမျှင်များမှာ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားကာ မျက်ဝန်းအစုံမှာလည်း ပိုမိုစူးရှတောက်ပလာ၏။

ကျင့်ကြံမှုအဆင့် တိုးမလာသော်လည်း အစ်ကိုကြီးခေါင်းပြား၏ ခွန်အားမှာမူ အဆမတန် မြင့်မားသွား‌တော့သည်။ မြေကမ္ဘာမျောက်ဝံကြီး၏ အဓိကပါရမီမှာ ခွန်အားဖြစ်သဖြင့် ၎င်း၏ဝိညာဉ်သွေးကို ရရှိလိုက်သော အစ်ကိုကြီးခေါင်းပြားမှာလည်း ခွန်အားပိုင်းတွင် အကြီးအကျယ် အားကောင်းသွားခြင်း ဖြစ်ပေသည်။

"ဂျွိ ..ဂျွိ"

အစ်ကိုကြီးခေါင်းပြားက သူ၏ခြေသည်းဖြင့် ယဲ့ဖုန်း၏ပခုံးကို ခပ်ဖွဖွပုတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ဟန် တူ၏။ ထို့နောက် ဝိညာဉ်စမ်းရေတွင်းဘေးရှိ သန့်စင်ခြင်းကြာပန်းကို ဆက်လက်စောင့်ကြပ်ရန် ထွက်ခွာသွားလေတော့သည်။ ကြာပန်း၏ မွှေးရနံ့က ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် ရောယှက်ကာ ကျင့်ကြံသူများ၏ အရှိန်အဟုန်ကို မြှင့်တင်ပေးလျက် ရှိချေ၏။

"ကျန်တဲ့ ဝိညာဉ်သွေးတွေကိုရော ဘယ်သူ့ကို ပေးရရင် ကောင်းမလဲ"

ယဲ့ဖုန်းသည် လေထဲတွင် ဝဲပျံနေသော ကျန်ရှိသည့် ဝိညာဉ်သွေး (၇) စုကို ကြည့်ကာ စဉ်းစားခန်းဝင်နေမိ၏။ နောက်ဆုံးတွင် သံလက်သည်းနဂါးလင်းယုန်၊ မြေခွေးဖြူလေးနှင့် ရေပေါ်ဖြူ အင်မော်တယ် ငါးပါးတို့ကို ပေးရန် ဆုံးဖြတ်လိုက်သည်။ ရွှေရောင်ရှဉ့်လေးကိုမူ လောလောဆယ် ချန်ထားခဲ့လိုက်၏။

"ဟုတ်သားပဲ... ဟို မျက်နှာတစ်ထောင်နတ်ဆိုးဘုရင်ကော ဘယ်ပြေးနေတာလဲ"

ယဲ့ဖုန်းသည် မတ်တတ်ရပ်လိုက်ပြီး နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ အာရုံခံနိုင်စွမ်းကို အသုံးပြုကာ နန်လုတောင်တန်းရှိ ဂူအောင်းအိမ်တွင် ရှိနေသော မျက်နှာတစ်ထောင်နတ်ဆိုးဘုရင်ကို ရှာဖွေတွေ့ရှိသွားသည်။

"ပစ္စည်းတွေ ဘယ်မှာလဲ"

ယဲ့ဖုန်းသည် ဟာလာဟင်းလင်း ဖြစ်နေသော ဂူအောင်းအိမ်ကို ကြည့်ကာ မကောင်းသော အာရုံကို ခံစားလိုက်ရ၏။

အလှပဂေးနှစ်ဦးကို ဖက်ထားသော မျက်နှာတစ်ထောင်နတ်ဆိုးဘုရင်က အံ့ဩတကြီးဖြင့် မေးလာ၏။

"ဘာ... ဘာပစ္စည်းတွေလဲ ခင်ဗျာ"

"မင်း ခွေးဗိုလ်ချုပ်နဲ့ နတ်ဆိုးဒုတိယခေါင်းဆောင် ခုနစ်ယောက်ကို သတ်ခဲ့တယ်မဟုတ်လား။ သားရဲရာပေါင်းများစွာလည်း ပါတာပဲ။ သူတို့ရဲ့ နတ်ဆိုးအမြုတေတွေ ဘယ်မှာလဲ"

ယဲ့ဖုန်းက မျက်မှောင်ကြုတ်ကာ ဆူပူကြိမ်းမောင်းလိုက်၏။

"ကျွန်တော် ယူမလာခဲ့ဘူးဗျ..."

မျက်နှာတစ်ထောင်နတ်ဆိုးဘုရင်က အမှန်အတိုင်း ဖွင့်ဟဝန်ခံလိုက်သည်။

"ကောင်းတယ်... သိပ်တော်တာပေါ့လေ"

ယဲ့ဖုန်းသည် ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ချေ၏။

ယဲ့ဖုန်း၏ ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက် မျက်နှာတစ်ထောင်နတ်ဆိုးဘုရင်သည် ထာဝရအိပ်မက်မြို့တော်သို့ အပြေးအလွှား သွားရောက်ခဲ့သော်လည်း နတ်ဆိုးသားရဲများ၏ အလောင်းများကို ရှင်းလင်းပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ပျက်အားငယ်သွားတော့သည်။

"ဂိုဏ်းချုပ်... ကျွန်တော် ရှင်းပြပါရစေ..."

"ဒီမှာ ကြည့်စမ်း... အလင်းလက်ဝါး"

“အားလားလား… အားလားလား”

မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်မှာ နာကျင်စွာ အော်ဟစ်ရင်း သူ၏ဂူအောင်းအိမ်သို့ ပြန်ပြေးသွားရ၏။

ယဲ့ဖုန်းသည်လည်း ဒေါသများ ပြေလျော့သွားသည့်နောက် မြူခိုးတောင်ထိပ်သို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် မိုးသောက်ယံသို့ ရောက်ရှိနေပြီ ဖြစ်၏။ ယဲ့ဖုန်းသည် တစ်ညလုံး မအိပ်ရသဖြင့် မျက်ကွင်းများ ညိုနေသော်လည်း အားကောင်းလာသော ဂိုဏ်းစောင့်ဝိညာဉ်သားရဲများကို ကြည့်ကာ မိမိ၏ခွန်အားပါ တိုးလာသည်ကို သတိပြုမိသဖြင့် စိတ်သက်သာရာ ရနေမိချေ၏။

"သန့်စင်ပြီးသား ဝိညာဉ်သတ္တုတွေ အများကြီး ကျန်သေးတာပဲ။ ဝိညာဉ်လက်နက်တွေ ဆက်ပြီး သွန်းလုပ်ရမယ်။ ပြီးရင် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲမယ်။ ဈေးပေါပေါနဲ့ သတ္တုတွေ ထပ်ဝယ်မယ်။ ဝိညာဉ်လက်နက် ထပ်လုပ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းမယ်။ ဒါမှ ချမ်းသာမှာပေါ့။ ပြီးတော့ သံရည်ကျိုမီးဖိုကိုလည်း အဆင့်မြှင့်လို့ ရတာပေါ့"

ယဲ့ဖုန်းသည် အားတက်သရောဖြင့် စီမံကိန်းများ ချနေမိတော့သည်။

---

နတ်ဆိုးမြို့တော်။

မနေ့ညက တိုက်ပွဲကြောင့် မြို့၏ (၈၀) ရာခိုင်နှုန်းမှာ ဥက္ကာခဲများ၏ ဒဏ်ကို ခံခဲ့ရသည်။ နတ်ဆိုးမျိုးနွယ်များမှာလည်း အကျအဆုံး များပြားလှပေသည်။

ဝက်နတ်ဆိုးအဖြစ် ပြောင်းလဲသွားသော ဆိုဟွန်းကျန်းရန်သည် ပျက်စီးနေသော အပျက်အစီးများပေါ်တွင် ရပ်ကာ ဥက္ကာခဲများ၏ ဖိသိပ်မှုကို မခံရသည့်အတွက် ကံကောင်းသည်ဟု မှတ်ယူနေမိ၏။

"မနေ့ညက လူက ဘယ်သူလဲမသိဘူး။ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။ နတ်ဆိုးဘုရင်တောင် မတားနိုင်ဘူး။ ဒီနတ်ဆိုးမြို့တော်က ငါ့အတွက် မလုံခြုံတော့ဘူးထင်တယ်။ အမြန်ထွက်ပြေးမှပဲ"

ဆိုဟွန်းကျန်းရန်သည် ထွက်ပြေးရန် ပြင်လိုက်သော်လည်း နတ်ဆိုးဗိုလ်ချုပ်တစ်ကောင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

(၃) မီတာခန့် မြင့်မားသော ရွှေရောင်မျောက်ဝံကြီးက (၁) မီတာခွဲသာ ရှိသော ဆိုဟွန်းကျန်းရန်ကို ငုံ့ကြည့်ကာ မေးလိုက်၏။

"ကျွန်တော့်နာမည် ကျူးယုံဖု ပါ ခင်ဗျာ"

ဆိုဟွန်းကျန်းရန်၏ ငယ်နာမည်မှာ ကျူးယုံဖု ဖြစ်ပေသည်။ ယခုအခါ ဝက်ခေါင်း၊ ဝက်ကိုယ်နှင့် ဖြစ်နေသဖြင့် ဤနာမည်ကိုသာ ပြန်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

"အင်း... နာမည်လေးက ကောင်းသားပဲ။ မင်းက တောင့်တောင့်တင်းတင်း ရှိတာပဲ။ ခွန်အားလည်း ကောင်းမှာပါ။ ကဲ... နတ်ဆိုးစစ်သည်တွေကို ဦးဆောင်ပြီး တောင်ပြင်က ကျောက်တုံးတွေကို သွားတူးချေ။ ပြီးရင် အုတ်ခဲပုံစံလုပ်ပြီး နတ်ဆိုးမြို့တော်ကို ပြန်တည်ဆောက်ရမယ်။ ငါကိုယ်တိုင် မင်းကို စောင့်ကြည့်နေမှာနော်"

ရွှေရောင်မျောက်ဝံကြီးက ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်ရင်း အမိန့်ပေးလိုက်၏။

"ကျွန်တော်ကတော့..."

‘ချီးပဲဟေး...ချီးပဲ’

ဆိုဟွန်းကျန်းရန်သည် သူ၏ကံကြမ္မာကို ကျိန်ဆဲရင်း၊ သေဆုံးခြင်းမရှိသေးသော နတ်ဆိုးစစ်သည် ရာပေါင်းများစွာကို ခေါ်ဆောင်ကာ ကျောက်တုံးသယ်ရသည့် ဒုက္ခသည်ဘဝကို စတင်လိုက်ရလေတော့သည်။

နတ်ဆိုးမြို့တော်၏ အလယ်ဗဟိုတွင်မူ မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင်သည် အပိုင်းပိုင်းပြတ်နေသော မြေကမ္ဘာမျောက်ဝံကြီး၏ အလောင်းရှေ့တွင် ရပ်ကာ၊ ပျက်စီးနေသော မြို့တော်ကို ကြည့်ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး တုန်ရီနေမိ၏။

ယဲ့ဖုန်း၏ "ကောင်းကင်လမင်း တိုက်ခိုက်မှု" က တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ နတ်ဆိုးစစ်သည် (၈၀၀၀၀) ကျော်မှာ တစ်ညတည်းဖြင့် သေဆုံးခဲ့ရပြီး (၂၀၀၀၀) ခန့်သာ ကျန်ရှိတော့သဖြင့် နတ်ဆိုးဘုရင်မှာ ရင်ကျိုးမတတ် ခံစားနေရ၏။

"ဒီလူသားပညာရှင်ကတော့...နောက်တစ်ခါတွေ့ရင် အပိုင်းပိုင်း ဆုတ်ဖြဲခံရဖို့သာ ပြင်ထား"

နတ်ဆိုးဘုရင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ စူးစူးဝါးဝါး ဟိန်းဟောက်လိုက်သည်။

"ခြေသံတွေ..."

လူအုပ်စုတစ်စု၏ ခြေသံများမှာ နတ်ဆိုးဘုရင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။

"မြေခွေးဘုရင်... ရှင် ဘာတွေလုပ်ထားတာလဲဆိုတာ ကြည့်စမ်းပါဦး"

အေးစက်စက် အော်ဟစ်သံ တစ်သံ အဝေးမှ ထွက်ပေါ်လာ၏။ သားမွေးဝတ်စုံကို ဝတ်ဆင်ထားသော ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦးသည် အလယ်အလတ်စား နတ်ဆိုးဗိုလ်ချုပ်အဆင့်ရှိသော မျက်ခုံးဖြူအဘိုးအို နှစ်ဦးနှင့်အတူ လျှောက်လှမ်းလာနေသည်။ သူမ၏နောက်တွင် အစွမ်းထက်သော နတ်ဆိုးဗိုလ်ချုပ် (၂၀) ကျော်မှာလည်း စစ်ချီလာသကဲ့သို့ လိုက်ပါလာကြသည်။

"မင်းပါလား"

နတ်ဆိုးဘုရင်သည် အမျိုးသမီးကို ခပ်စိမ်းစိမ်း ကြည့်လိုက်၏။ သူမကား မနေ့က သူသတ်ပစ်လိုက်သော မြေခွေးမင်းသမီး၏ မိခင်ပင် ဖြစ်ချေသည်။

"နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ကို ရထားတာတောင် နတ်ဆိုးမြို့တော်ကို ဒီလိုအခြေအနေ ရောက်အောင် လုပ်ခဲ့တယ်ပေါ့။ ရှင့်ကို ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် မပေးခဲ့သင့်ဘူး။ အခုချက်ချင်း နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ကို လွှဲပေးပါ။ မဟုတ်ရင်တော့ ကျွန်မတို့ဘက်က ရိုင်းစိုင်းမိတော့မယ်"

မြေခွေးမင်းသမီး၏မိခင်က အေးစက်လှောင်ပြောင်စွာ ပြောလိုက်၏။ ထို့နောက် သူမသည် နတ်ဆိုးဘုရင်၏ နောက်ကွယ်ရှိ မြေကမ္ဘာမျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင် ဖြစ်သွားတော့သည်။

"ဒါ... ဒါက နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်လား။ ဘာလို့ ခေါင်းပြတ်ပြီး လက်တစ်ဖက် မရှိတော့တာလဲ။ ကျွန်မ မျိုးနွယ်စုနယ်မြေကို ရက်နည်းနည်းပဲ သွားလိုက်ရတာ... ရှင်ကတော့ အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့ပြီပေါ့လေ။ ရှင် သေထိုက်တယ်"

သူမသည် ဒေါသကြောင့် မူးမော်သွားကာ လဲကျမတတ် ဖြစ်သွားသဖြင့် ဘေးနားရှိ အကြီးအကဲ နှစ်ဦးက အမြန် တွဲကူလိုက်ရ၏။

"အရှင်မ... စိတ်ကို ထိန်းပါဦး"

အကြီးအကဲ နှစ်ဦးသည် နတ်ဆိုးဘုရင်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဆူပူ ကြိမ်းမောင်းလိုက်ကြသည်။

"မြေခွေးဘုရင်... ဒါ ဘာသဘောလဲ။ ဒီခန္ဓာကိုယ်က ငါတို့ မျိုးနွယ်စုရဲ့ အကြီးမားဆုံး အင်အားပဲ။ အခုလို ဖြစ်သွားတာကို ဘယ်လို ရှင်းပြမလဲ"

"ရှင်းပြရမယ်.. ဟုတ်လား"

နတ်ဆိုးဘုရင်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်၏။

"အခု နတ်ဆိုးဘုရင် ခန္ဓာကိုယ်က ငါ့လက်ထဲမှာ ရှိနေတာ။ မင်းတို့က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ သေချင်နေတာလား"

မနေ့ညက တိုက်ပွဲကြောင့် စိတ်တိုနေသော နတ်ဆိုးဘုရင်သည် သူ၏ မယားပါသားပါမက၊ တခြားသူနှင့် ဖောက်ပြန်ထားသော ဇနီးသည်ကို လုံးဝ အားနာခြင်း မရှိတော့ပါချေ။

"မြေခွေးဘုရင်... မင်း ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့"

အကြီးအကဲ နှစ်ဦးသည် ရှေးဟောင်းကျောက်စိမ်းပြား တစ်ခုကို မြှောက်လိုက်ရာ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဆိုးဘုရင်နှင့် မျောက်ဝံကြီးတို့အကြားရှိ ဆက်သွယ်မှုကို အတင်းအကျပ် ဖြတ်တောက်လိုက်လေတော့သည်။

"တောက်... ဝိညာဉ်သိမ်းအမိန့်တော်ပါလား"

နတ်ဆိုးဘုရင်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားချေ၏။ မြေကမ္ဘာမျောက်ဝံကြီးသည် မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးများ ရှာဖွေတွေ့ရှိခဲ့သော နတ်ဆိုးဘုရင်အလောင်း ဖြစ်သဖြင့် မျိုးနွယ်စု၏ အကြီးအကဲများတွင်သာ ၎င်းကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ကိရိယာများ ရှိနေခြင်း ဖြစ်ပေသည်။

"မြေခွေးဘုရင်... ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်"

မြေခွေးမင်းသမီး၏မိခင်က နာကျင်နေသော နှလုံးသားဖြင့် တောင်းဆိုလိုက်၏။

"အရှင်မ... ဘာဖြစ်ကြတာလဲ ခင်ဗျာ"

နတ်ဆိုးဘုရင်၏ နောက်လိုက် နတ်ဆိုးဗိုလ်ချုပ်များလည်း စုရုံးရောက်ရှိလာကြကာ နှစ်ဖက် ရင်ဆိုင်မိလျက်သား ဖြစ်နေကြတော့သည်။

"ရှင်းပြရမယ် ဟုတ်လား"

နတ်ဆိုးဘုရင်က ရက်စက်သော မဲ့ပြုံးတစ်ခုကို ပြုံးလိုက်ပြီး အလောင်းတစ်ခုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

"ဟောဒီမှာ... မင်းသမီးလေးလေ။ မင်း ဘယ်သူနဲ့ ဖောက်ပြန်ပြီး ဒီကပြားမလေးကို မွေးခဲ့တာလဲဆိုတာ ငါ့ကို အရင် ရှင်းပြပါဦးလား"

လူတိုင်း မြေပြင်ပေါ်ရှိ အလောင်းကို ငုံ့ကြည့်လိုက်ကြ၏။ ၎င်းမှာ နှင်းကဲ့သို့ ဖြူဖွေးသော အမြီးသုံးချောင်းမြေခွေး ဖြစ်ပြီး နဖူးတွင် အပေါက်ကြီးတစ်ခုနှင့် သေဆုံးနေနေသည်။

"သမီးလေး..."

မြေခွေးမင်းသမီး၏မိခင်မှာ တစ်ကိုယ်လုံး တုန်ရီသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ သမီးဖြစ်သူ၏ ခေါင်းကို ပွေ့ဖက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့၏။

"နင်... နင် သတ်လိုက်တာလား"

သူမသည် ခေါင်းကို မော့ကြည့်လိုက်ရာ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။။ ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း ရုတ်တရက် အေးစက်သွားသကဲ့သို့ ခံစားရချေ၏။

"မင်းက ငါ့ကွယ်ရာမှာ ဖောက်ပြန်ပြီး အခုမှ ငါ့ကို လာအော်နေတာလား။ ရဲတင်းလှချည်လား။ ငါ သိနေတာ ကြာလှပြီ။ အခုထိ သည်းခံပေးခဲ့တာက မင်းကို မျက်နှာသာ ပေးခဲ့တာပဲ"

နတ်ဆိုးဘုရင်က ရက်စက်စွာ ရယ်မောလိုက်၏။

"နင့်ကို ငါသတ်မယ်..."

သူမသည် ဟိန်းဟောက်လိုက်ရင်း အမိန့်ပေးလိုက်လေတော့သည်။

"ဝဲယာအစောင့်အရှောက်များ... သူ့ကို သတ်လိုက်ကြစမ်း"

"အမိန့်အတိုင်းပါ"

အကြီးအကဲ နှစ်ဦးသည် ရှေ့သို့ တက်လှမ်းလာကြ၏။ သူတို့၏ အရှိန်အဝါများမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနေပြီး နှစ်ဦးစလုံး၏ စွမ်းအားများမှာလည်း တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်နေကြသည်။

နတ်ဆိုးဘုရင်သည် ယခင်က ဇနီးသည်၏ ဖောက်ပြန်မှုကို သိသော်လည်း ဤအစောင့်အရှောက် နှစ်ဦး၏ စွမ်းအားကို ကြောက်ရွံ့သဖြင့် သည်းခံခဲ့ရခြင်း ဖြစ်၏။ သို့သော် အခုတော့ သူ သည်းခံစရာ မလိုတော့ပါချေ။

"မင်း ဒူးထောက်ပြီး အသေခံမလား။ ဒါမှမဟုတ် ခုခံပြီးမှ သေမလား"

အစောင့်အရှောက် နှစ်ဦးက အေးစက်စက် မေးလိုက်ကြ၏။

"ငါ့ကို သတ်ချင်တယ် ဟုတ်လား။ စမ်းကြည့်လိုက်လေ"

နတ်ဆိုးဘုရင်က လက်ကို နောက်ပစ်ကာ မောက်မာစွာ ပြောလိုက်ချေ၏။

"ဝုန်း..ဝရော"

အစောင့်အရှောက် နှစ်ဦး၏ လက်ဝါးချက်များ ကျရောက်လာသည့်အခါ နတ်ဆိုးဘုရင်မှာ ရင်ဘတ် ချိုင့်ဝင်သွားပြီး သွေးများ အန်ကာ နောက်သို့ လွင့်စင်သွားရတော့သည်။ သူသည် မျောက်ဝံကြီး၏ အလောင်းကို တိုက်မိကာ ကျောက်နံရံကိုပါ ဖောက်ထွင်း၍ အပျက်အစီးများအောက်တွင် နစ်မြုပ်သွားလေတော့သတည်း။

"သူ သေသွားပြီလား"

ဘေးနားရှိ နတ်ဆိုးများမှာ အံ့ဩမှင်သက်လျက် ကြည့်နေမိကြတော့၏။ သုံးမြီးမြေခွေးမျိုးနွယ်၏ အသန်မာဆုံးဟု ကျော်ကြားသော နတ်ဆိုးဘုရင်မှာ လက်ဝါးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရသည်မှာ မယုံနိုင်စရာပင် ဖြစ်တော့သတည်း။

All Chapters