← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃) - အာမခံ လက်ခံခြင်း (၃)

~ဝမ်ရှင်း ကုန်သွယ်ရေး ဌာန ၏ ရုံးချုပ်သို့ ရောက်ရှိသောအခါ ဂိုဒေါင်ထဲသို့ ဝင်ရောက်ပြီး ကုန်ပစ္စည်းများကို စစ်ဆေးကြလေ၏။

"ဒီကုန်ပစ္စည်းတွေက အတော်များတယ်... ခရီးစဉ်ကလည်း တော်တော်လေး ပင်ပန်းလိမ့်မယ်..."

ဆုမိုနှင့် အဖွဲ့သားများ ကုန်ပစ္စည်း စစ်ဆေးပြီးသွားသောအခါ တာဝန်ခံကြီးက ငွေစက္ကူ တစ်ထောင်တန် တစ်ရွက်ကို ကမ်းပေးလိုက်လေ၏။

"ဒါကြောင့်မို့... အာမခံကြေးအဖြစ် ငွေတုံး သုံးထောင် ကို ပြင်ဆင်ထားပါတယ်... အခု စရံငွေအဖြစ် တစ်ထောင် ပေးထားပါရစေ... ခေါင်းဆောင်ဆု ဘယ်လို သဘောရလဲ..."

သူ့စကားဆုံးသည်နှင့် ဆုမို၏ မျက်စိရှေ့တွင် စာတန်း တစ်ခု ပေါ်လာလေ၏။

[မစ်ရှင် - ဝမ်ရှင်း ကုန်သွယ်ရေး ဌာန၏ ကုန်ပစ္စည်းများကို လမ်းကြောင်းငါးသွယ် စုရပ် သို့ ပို့ဆောင်ရန်]

[လက်ခံမည်လော]

ဆုမို ချက်ချင်း လက်မခံသေးဘဲ ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။ သူမ ခေါင်းအသာညိတ်ပြလိုက်မှ ဆုမို မစ်ရှင်ကို လက်ခံလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်လေ၏။

"ဒါဆိုရင် တာဝန်ခံကြီး သဘောအတိုင်းပါပဲ... ဒါပေမဲ့ ဒီကုန်ပစ္စည်းတွေကို ဘယ်တော့လောက် ပို့ဆောင်ဖို့ စီစဉ်ထားလဲ..."

"မြန်လေ ကောင်းလေပါပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ အပေးအယူ တည့်သွားပြီ ဖြစ်ကြောင်း တာဝန်ခံကြီး သိလိုက်ပြီး သက်ပြင်းချနိုင်သွားလေ၏။ သူ ပြုံးလိုက်ပြီး ပြောလိုက်၏။

"အမှန်အတိုင်း ပြောရရင်... လမ်းကြောင်းငါးသွယ်စုရပ် မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတာ ကြာပြီ... ဒီကုန်ပစ္စည်းတွေက အရေးပေါ် လိုအပ်နေတာပါ... တကယ်လို့ ခေါင်းဆောင်ဆု အနေနဲ့ ဒီခရီးစဉ်ကို ချောချောမွေ့မွေ့ ပြီးဆုံးအောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်... နောက်ပိုင်း ဒီလမ်းကြောင်းက ကုန်ပစ္စည်းတွေ အကုန်လုံးကို ဇီယန်အာမခံဌာနကိုပဲ အပ်နှံပါ့မယ်..."

"ဟားဟားဟား... ဒီထက်ကောင်းတဲ့ သတင်း ဘယ်ရှိပါ့မလဲ..."

ဆုမို လက်သီးဆုပ်ကာ အရိုအသေပြုလိုက်၏။

"ဒါဆို တာဝန်ခံကြီးကို အရင်ဆုံး ကျေးဇူးတင်ရမှာပေါ့..."

"ရပါတယ်ဗျာ... ဘာထူးလို့လဲ..."

တာဝန်ခံကြီး ရယ်မောလိုက်၏။

"ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စပါ... ဒါနဲ့ ခေါင်းဆောင်ဆု ဘယ်တော့လောက် ခရီးထွက်နိုင်မလဲ..."

"အခြေအနေအရဆိုရင်... ထပ်ပြီး နှောင့်နှေးလို့ မဖြစ်တော့ဘူး... တာဝန်ခံကြီး... ကျွန်တော်.. ပြန်ပြီး ပြင်ဆင်စရာလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး... မနက်ဖြန် မနက်အစောကြီး ခရီးထွက်ကြတာပေါ့... ပြီးတော့ ဒီကုန်ပစ္စည်းတွေ နားမှာ ကျွန်တော့်ရဲ့ သိုင်းဆရာတချို့ကို ချန်ထားခဲ့ပါရစေ... ဒီအလုပ်ကို လက်ခံပြီးပြီ ဆိုတော့... တာဝန်ခံကြီးကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ..."

"ဒါက..."

တာဝန်ခံကြီး တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ် သဘောတူလိုက်လေ၏။

အရင်တုန်းက ကောင်းကင်တံခါး အာမခံဌာနနှင့် လုပ်ကိုင်စဉ်က ဤကဲ့သို့ အခြေအနေမျိုး မကြုံဖူးခဲ့ပေ။ သို့သော် အာမခံဌာန တစ်ခုစီတွင် ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများ ရှိကြစမြဲ။ ဆုမိုက အစောင့်များ ချန်ထားခဲ့ချင်သည် ဆိုခြင်းမှာလည်း သတိကြီးစွာ ထားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ ခဏတာ စဉ်းစားပြီးနောက် တာဝန်ခံကြီး သဘောတူလိုက်ခြင်း ဖြစ်လေ၏။

စာချုပ်ချုပ်ဆိုပြီး စရံငွေ ပေးချေပြီးနောက် စီးပွားရေး သဘောတူညီချက် ပြီးဆုံးသွားလေတော့၏။

ဆုမိုသည် ရှောင်ချွမ်းကို ခေါ်ယူပြီး အချို့သော ကိစ္စရပ်များကို မှာကြားလိုက်၏။ ထို့နောက် ယန်ရှောင်ယွင်၊ တာဝန်ခံကြီးတို့နှင့်အတူ နှုတ်ဆက်ထွက်ခွာလာခဲ့လေ၏။

ဇီယန်အာမခံဌာနသို့ ပြန်လာသော လမ်းခရီးတွင် ယန်ရှောင်ယွင်သည် ဆုမိုကို ရံဖန်ရံခါ လှမ်းကြည့်နေမိသည်။

ဆုမို နေရခက်လာပြီး မျက်နှာကို အသာအယာ ပွတ်သပ်လိုက်လေ၏။

"ကျွန်တော်က ချောမှန်း သိပါတယ်... ဒါပေမဲ့ ဒီလောက်ကြီး စိုက်ကြည့်နေဖို့ လိုလို့လား..."

"တော်စမ်းပါ..."

ယန်ရှောင်ယွင် မျက်စောင်းထိုးလိုက်၏။

"ဒီအာမခံ ကိစ္စနဲ့ ပတ်သက်ပြီး နင် ဘယ်လို တွေးထားလဲ..."

"အင်း... အဆင်ပြေမယ့်ပုံပါပဲ..."

ဆုမို ပြောလိုက်၏။

"လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ နှောင့်ယှက်မှုတွေ မရှိဘူး... တခြားသူတွေနဲ့ ရှုပ်ထွေးပတ်သက်တာတွေ မရှိဘူး... ရိုးရှင်းတဲ့ အာမခံ ခရီးစဉ်တစ်ခုပါပဲ... ပြီးတော့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနမှာ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ ရှိပြီးသားဆိုတော့... လူအင်အားအတွက် သိပ်ပူစရာ မလိုဘူး... ပြဿနာ တစ်ခုပဲ ရှိတယ်... အဲ့ဒီ လုံခြုံရေးအဖွဲ့နဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတာပဲ..."

"ဒါပေမဲ့ နောက်ဆုံးတော့ ဘယ်သူက အာဏာရှိလဲ ဆိုတာပဲ အဓိကလေ... အရိုးရှင်းဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းလမ်းကတော့... သိုင်းပညာနဲ့ပဲ သိမ်းသွင်းလိုက်တာ အကောင်းဆုံးပဲ..."

"တခြား နည်းလမ်းတွေရော..."

"တခြား နည်းလမ်းတွေ..."

ဆုမို ခေတ္တမျှ စဉ်းစားလိုက်၏။

"အာမခံဌာန အနေနဲ့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနနဲ့ ရေရှည် လက်တွဲနိုင်မယ်ဆိုရင်... အကျိုးမြတ် ကြီးမားမှာ သေချာတယ်... တာဝန်ခံကြီး ပြောသလိုပဲ... ဒီခရီးစဉ် အဆင်ပြေသွားရင်... နောက်ပိုင်း ဒီလမ်းကြောင်းက အလုပ်တွေ အကုန်လုံး ကျွန်တော်တို့လက်ထဲ ရောက်လာမှာ... အဲ့ဒါဆိုရင် ပုံမှန် ဝင်ငွေ ရနေပြီပေါ့... ဘာလို့ လက်မခံဘဲ နေမလဲ... ဒါပေမဲ့ တာဝန်ခံကြီးက ကောင်းကင်တံခါး အာမခံဌာနနဲ့ ပူးပေါင်းဖို့ အခွင့်အရေးကို လုံးဝ စွန့်လွှတ်လိုက်မယ်လို့တော့ မထင်ထားဘူး..."

"ကောင်းကင်တံခါး အာမခံဌာနက ကောင်းကင်ဓားဂိုဏ်း နဲ့ ပဋိပက္ခတချို့ ဖြစ်ဖူးတယ်လေ... တာဝန်ခံကြီးရဲ့ လုပ်ရပ်က ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်တာတော့ ဟုတ်မယ် မထင်ဘူး..."

"ဘာပဲဖြစ်ဖြစ်...ကျွန်တော်တို့အတွက်တော့ ကောင်းတာပေါ့..."

"ဒါဆိုရင် နင်က ဘာလို့ သိပ်မပျော်သလို ဖြစ်နေရတာလဲ..."

ယန်ရှောင်ယွင် နှုတ်ခမ်းစူလိုက်၏။

"အာမခံဌာနက ခြေလှမ်းကျဲကြီး လှမ်းလိုက်နိုင်ပြီလေ... နင် အကြီးအကျယ် ပျော်နေသင့်တာ မဟုတ်ဘူးလား..."

"ပျော်တာတော့ ပျော်တာပေါ့... ဒါပေမဲ့ ဖြေရှင်းစရာ ပြဿနာလေးတွေ ရှိနေသေးတယ်..."

ဆုမို ဆက်ပြောလိုက်၏။

"ဒီလမ်းကြောင်းက မူလက ကောင်းကင်တံခါး အာမခံဌာန လက်အောက်မှာ ရှိခဲ့တာ... ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းက အဲ့ဒီဘက်မှာ သက်ရောက်မှု ရှိပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပဲ... ဒါကြောင့် လမ်းကြောင်း ရွေးချယ်တဲ့အခါ သတိထားရမယ်... ခရီးစဉ်ကို တိုနိုင်သမျှ တိုအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ... ပြဿနာတွေ လျော့နည်းသွားအောင်လို့လေ..."

"ဒုတိယ အချက်က... ရှောင်လွှဲလို့ မရနိုင်တဲ့ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်မလဲ..."

"တာဝန်ခံကြီးက ကောင်းကင်တံခါး အာမခံဌာနနဲ့ တခြားသူတွေကြားက ဆက်ဆံရေး အကြောင်း ပြောသွားသေးတယ်... အဲ့ဒီမှာ လှည့်ကွက်တွေ ရှိနေနိုင်မလား..."

ယန်ရှောင်ယွင် ရယ်ချလိုက်မိတော့သည်။

"အဟင်း၊ ရှိမှာပေါ့... သေချာပေါက် ရှိမှာပေါ့... တောင်ပေါ်က ဓားပြတွေက အများစု ယူသွားမယ်... အာမခံဌာနက နည်းနည်းပါးပါး ရမယ်... ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ရှင်း ကုန်သွယ်ရေး ဌာနကပဲ စိုက်ထုတ်ရတာလေ..."

"ဝမ်ရှင်း ကုန်သွယ်ရေး ဌာန အနေနဲ့ကတော့ ကုန်ပစ္စည်းတွေ ရောက်ရှိသွားရင် ပြီးတာပဲ... သူတို့က အမြတ်အများဆုံး ရမှာဆိုတော့... ပြဿနာ မတက်အောင် ပိုက်ဆံသုံးရတာကို ဝန်မလေးကြပါဘူး..."

"ဒါဆို မေးစရာ ရှိလာပြီ... ကျွန်တော်တို့က ရိုးသားဖြောင့်မတ်စွာနဲ့ အဲ့ဒီ အလေ့အထတွေကို ဖျက်သိမ်းပစ်ပြီး အကျိုးအမြတ် မယူဘဲ နေမလား... ဒါမှမဟုတ် ရေလိုက်လွဲလိုက် နေလိုက်မလား..."

ဆုမို ယန်ရှောင်ယွင်ကို ကြည့်လိုက်၏။

ယန်ရှောင်ယွင် ကြောင်သွားသည်။

"ဒါပေါ့... ခေါင်းဆောင် စီစဉ်တဲ့အတိုင်း လိုက်နာရမှာပေါ့..."

"အင်း... 'အသိပညာက သင်ယူမှုက လာတယ်... လူမှုဆက်ဆံရေးက လေ့လာမှုက လာတယ်' ဆိုတဲ့ စကား ရှိတယ်လေ... ရေကြည်ရာ မြက်နုရာ ဆိုသလို... ဒီကိစ္စမှာတော့ ရေလိုက်လွဲလိုက် နေမှပဲ ရမယ်... ဘာပဲပြောပြော ကျွန်တော်တို့က အရမ်း ရိုးဖြောင့်လွန်းနေရင်... ကောင်းကင်တံခါး အာမခံဌာနရဲ့ ပါးကို ရိုက်လိုက်သလို ဖြစ်နေမှာ..."

"တစ်ဖက်မှာ ကျွန်တော်တို့က သူတို့ စီးပွားရေးကို ယူလိုက်တယ်... သူတို့ လမ်းကြောင်းကို သုံးတယ်... ပြီးတော့ သူတို့ ပါးကိုပါ ထပ်ရိုက်လိုက်ရင်..."

"ကောင်းတဲ့ဘက်က ပြောရင်တော့ ရိုးသားတာပေါ့... ဆိုးတဲ့ဘက်က ပြောရင်တော့... အူကြောင်ကြောင် နိုင်လွန်းရာ ကျနေလိမ့်မယ်..."

"အူကြောင်ကြောင် နိုင်တဲ့သူနဲ့ ဘယ်သူက စီးပွားရေး လုပ်ချင်မှာလဲ..."

"ဌာနဘက်က ပိုက်ဆံ နည်းနည်း သက်သာသွားမယ် ဆိုရင်တောင်... လူတွေကို ဒီလောက်ထိ စော်ကားလိုက်ရင်... ဘယ်အချိန် ပြဿနာ တက်လာမလဲ ဘယ်သူသိမှာလဲ..."

"အချိန်တန်လို့ သူတို့က ကျွန်တော်တို့နဲ့ မကစားချင်တော့ဘူး ဆိုရင်... ဒီအခွင့်အရေးကောင်းကြီးက မီးခိုးလို လွင့်ပါးသွားမှာပေါ့..."

ဆုမို ပြုံး၍ ပြောလိုက်၏။

"ဒီလောက် ပြဿနာတွေ ရှိနေမှတော့... ကျွန်တော် ဘာလို့ သိပ်မပျော်လဲ ဆိုတာ နားလည်ပြီလား..."

"နင်က အသက်ငယ်ငယ်လေးနဲ့ ဉာဏ်ကြီးလွန်းနေတယ်... စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့..."

"စိတ်လှုပ်ရှားစရာ ဟုတ်လား... ဘယ်ကလာ..."

ဆုမို ပြန်ပြောလိုက်၏။

"ဒီလမ်းကြောင်း အကြောင်း အစ်မယွင် ဘယ်လောက် သိထားလဲ... ပြန်ရောက်ရင် သတိထားရမယ့် လူတွေအကြောင်း သတင်းအချက်အလက်တွေ စုစည်းပေးပါ... အကုန်လုံး မဟုတ်ရင်တောင် အတော်အတန်တော့ နားလည်ထားရမယ်... ဘယ်နေရာမှာ ဘယ်သူတွေက ဒေသခံ အာဏာပိုင်တွေလဲ ဆိုတာ သိထားမှ ဖြစ်မယ်... 'နဂါးက သူ့နယ်မြေကို ဖြတ်ကျော်လာရင်' အရင်ဆုံး ယဉ်ယဉ်ကျေးကျေး ဆက်ဆံမယ်... အဆင်မပြေမှ လက်သီးနဲ့ ဖြေရှင်းကြတာပေါ့..."

"ကောင်းပြီလေ..."

ယန်ရှောင်ယွင် သဘောတူလိုက်၏။ ထို့နောက် ရုတ်တရက် သတိရသွားပုံ ရလေ၏။

"နေပါဦး... ဒီည ငါတို့ အရက်သောက်ဖို့ ချိန်းထားတယ် မဟုတ်လားဟဲ့…”

အခန်း (၁၃၄) - လမ်းကြောင်းဖွင့်သူ သူရဲကောင်း

~ဤအာမခံ ခရီးစဉ်သည် ဆုမို ယခင်က လက်ခံခဲ့ဖူးသော ခရီးစဉ်များနှင့် လုံးဝ ကွဲပြားခြားနားလေ၏။

လူအင်အား ပိုများလာသလို ကုန်ပစ္စည်း ပမာဏလည်း များပြားလာသဖြင့် ယာဉ်တန်းသည် ယခင်ကကဲ့သို့ လျင်မြန်ပေါ့ပါးစွာ ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။

ဆုမို တစ်ယောက်တည်း သို့မဟုတ် ယန်ရှောင်ယွင်နှင့် နှစ်ယောက်တည်း သွားလာစဉ်က မည်သည့်နေရာကိုမဆို အဆင်ပြေသလို သွားရောက်နိုင်ခဲ့သည်။

အလျင်လိုလျှင် ခရီးပြင်းနှင်နိုင်သည်။ မလိုလျှင် ဖြည်းဖြည်းသွားပြီး လမ်းဘေးရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။

သို့သော် ယခု ခေါင်းဆောင်တစ်ဦး အနေဖြင့် ဆုမိုသည် လမ်းကြောင်းနှင့် မဟာဗျူဟာကို သေချာစွာ စီစဉ်ရတော့မည် ဖြစ်လေ၏။

လော့ရှားမြို့မှ စတင်ထွက်ခွာသည်နှင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်မည်၊ မည်သည့်နေရာများကို ဖြတ်သန်းမည်၊ တစ်နေ့လျှင် ခရီးဘယ်လောက် သွားနိုင်မည်၊ ဘယ်နေရာမှာ နားမည်၊ ဘယ်နေရာမှာ စားမည်၊ မမျှော်လင့်ထားသော အဖြစ်အပျက်များ ကြုံလာလျှင် အရေးပေါ် အစီအစဉ် အနည်းဆုံး နှစ်ခုလောက် ရှိထားရမည်။

ထိုသို့ စီစဉ်ထားမှသာ ယာဉ်တန်းသည် သတ်မှတ်ထားသော အချိန်အတွင်း လိုရာခရီးသို့ ရောက်ရှိနိုင်မည် ဖြစ်လေ၏။

ကောင်းကင်တံခါး အာမခံဌာန သို့မဟုတ် သံမဏိသွေး အာမခံဌာနကဲ့သို့သော အဖွဲ့အစည်းကြီးများတွင် လမ်းခရီးတစ်လျှောက် ရင်းနှီးကျွမ်းဝင်သော တည်းခိုခန်းများ ရှိကြစမြဲ။

ထိုအချက်က လုံခြုံရေးကို များစွာ မြှင့်တင်ပေးနိုင်လေ၏။

ဇီယန်အာမခံဌာနတွင်လည်း အရင်တုန်းက ထိုကဲ့သို့ ရင်းနှီးသော တည်းခိုခန်းများ သို့မဟုတ် ကြိုတင်စီစဉ်ထားသော နေရာများ ရှိခဲ့ဖူးသည်။

သို့သော် ဇီယန်အာမခံဌာန ကျဆင်းသွားပြီးနောက်ပိုင်း ဤအရာများကို ဆုမိုက ပြန်လည် စုစည်းတည်ထောင်ရတော့မည် ဖြစ်လေ၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တစ်ညလုံးနီးပါး ဆွေးနွေးတိုင်ပင်ပြီးမှ ကနဦး အစီအစဉ်တစ်ခုကို ရေးဆွဲနိုင်ခဲ့ကြ၏။

နောက်တစ်နေ့ နံနက်တွင် ဆုမိုသည် ဦးလေးဖူကို နှုတ်ဆက်ပြီး အာမခံဌာနမှ သိုင်းဆရာများကို ခေါ်ဆောင်ကာ ဝမ်ရှင်း ကုန်သွယ်ရေး ဌာန၏ ဂိုဒေါင်သို့ သွားရောက်စုရုံးလိုက်ကြလေ၏။

ထိုအချိန်တွင် ကုန်ပစ္စည်းများကို လှည်းပေါ်တင်ဆောင်နေကြတော့သည်။

ပိုးထည်နှင့် အထည်အလိပ်များ အလွန်များပြားသဖြင့် မြင်းလှည်း ၁၅ စီးတိတိ အသုံးပြုရလေ၏။

ရှောင်ချွမ်းနှင့် အဖွဲ့သားများသည် မလိုအပ်သော ပစ္စည်းများ ရောနှောပါဝင်လာခြင်း မရှိစေရန် ကုန်တင်သည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ကြီးကြပ်စစ်ဆေးကြ၏။

ကုန်ပစ္စည်းများ အားလုံး တင်ဆောင်ပြီးသောအခါ ဆုမိုက လှည်းများပေါ်တွင် တံဆိပ်တုံးများ ရိုက်နှိပ်စေလိုက်၏။

ကုန်ပစ္စည်းများကို လုံးဝ အလုံပိတ်လိုက်ပြီး လမ်းကြောင်းငါးသွယ်စုရပ် သို့ မရောက်မချင်း ဖွင့်ဖောက်ခြင်း ပြုလုပ်မည် မဟုတ်တော့ပေ။

ယန်ရှောင်ယွင်သည် ရှေ့ဆုံးမှ မြင်းလှည်းတစ်စီးပေါ်သို့ ခုန်တက်လိုက်ပြီး အရာဝတ္ထုတစ်ခုကို နေရာချလိုက်သည်။ ထို့နောက် ဖြတ်ခနဲ ခါလိုက်ရာ အလံကြီး တစ်လက် လေထဲတွင် လွင့်ပျံသွားလေတော့၏။

အလံပေါ်တွင် "ဇီယန်" ဟူသော စာလုံးကို ခန့်ညားထည်ဝါစွာ ရေးသားထားလေ၏။

ထိုအလံကြီး၏ အနောက်ဘက်တွင် "ဆု" ဟူသော စာလုံးကြီး တစ်လုံး ပါရှိနေသည်။

ဇီယန်အာမခံဌာန၊ ဆုမို။

ယခု အခိုက်အတန့်မှစ၍ အာမခံဌာန၏ အလံတော်ကို တရားဝင် လွှင့်ထူလိုက်ပြီ ဖြစ်သတည်း။

ကျန်ရှိသော အာမခံဌာန တပည့်များကလည်း လှည်းတိုင်းတွင် ထိုကဲ့သို့ အလံငယ်များ စိုက်ထူလိုက်ကြပြီး လမ်းခရီးတစ်လျှောက် သူတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်း ကြေညာလိုက်ကြ၏။

ဆုမိုသည် ယခုအခါ နာမည်ကျော်ကြားနေပြီ ဖြစ်ရာ ဇီယန်အာမခံဌာန၏ ဂုဏ်သတင်းသည်လည်း လိုက်ပါ မြင့်တက်လာခဲ့လေသည်။ တောလမ်းခရီးမှ ဓားပြများနှင့် လူဆိုးလူမိုက် အချို့သည် ဆုမို၏ အမည်ကို ကြားဖူးကြသဖြင့် အာမခံအလံကို မြင်လိုက်ရုံဖြင့် ပြဿနာ မရှာရဲဘဲ နောက်ဆုတ်သွားကြပေလိမ့်မည်။

လမ်းပိတ်ဆို့ရဲသူများမှာ စွမ်းရည်မြင့်မားပြီး သတ္တိရှိသူများ၊ သို့မဟုတ် မိုက်မဲသူများ၊ သို့မဟုတ် မိတ်ဆွေဖွဲ့လိုသူများသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေကာမူ ပြဿနာရှာမည့်သူ အချို့ကို ဖယ်ရှားနိုင်မည်မှာ သေချာပေသည်။

သို့သော် အာမခံအလံကို မြင်လျက်နှင့် တိုက်ခိုက်လိုသူများလည်း ရှိနေဦးမည် ဖြစ်သည်။ ထိုသူများသည် ပေါ်တင် မတိုက်ခိုက်ရဲသဖြင့် ပုန်းအောင်းပြီး ချောင်းမြောင်းတိုက်ခိုက်ကြပေလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆုမို၏ စွမ်းရည်နှင့် ကာကွယ်ရေး တပ်ဖွဲ့၏ စွမ်းရည်အပေါ်တွင်သာ မူတည်နေတော့မည် ဖြစ်လေ၏။

ကာကွယ်ရေး တပ်ဖွဲ့တွင် ခေါင်းဆောင်တစ်ဦး ရှိလေ၏။ အသက် ၄၀ အရွယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး ထူးဆန်းသော လက်နက်တစ်ခုကို ကိုင်ဆောင်ထားလေ၏။ 'ခရမ်းရွှေရောင် တူကြီးတစ်စုံ' ဖြစ်ပေသည်။

ထိုလက်နက်များသည် ဓားသွားများကဲ့သို့ ထက်မြက်ခြင်း မရှိသော်လည်း အခြားလက်နက်များနှင့် ယှဉ်လျှင် လေးလံပြီး ကိုင်တွယ်ရ ခက်ခဲလှပေသည်။

တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိမှန်သူမှာ သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ပေသည်။

ထိုသူ၏ အမည်မှာ လျူမို ဖြစ်လေ၏။

နာမည်နှင့်လိုက်အောင်ပင် စကားနည်းပြီး တည်ငြိမ်သော သဘောသဘာဝ ရှိလေ၏။ တာဝန်ခံကြီးက သူ့ကို ဆုမိုနှင့် မိတ်ဆက်ပေးသောအခါ လက်သီးဆုပ်ပြီး အရိုအသေ ပြုရုံသာ ပြုလုပ်ခဲ့သည်။ ဆုမိုက လမ်းကြောင်းအကြောင်း ပြောပြသောအခါ ခေါင်းညိတ် သဘောတူခဲ့သည်။

ငြင်းခုံခြင်း မရှိ၊ ကန့်ကွက်ခြင်း မရှိ၊ ဆုမို ပြောသမျှကို လုံးဝ လိုက်နာလေ၏။

ဆုမို အနေဖြင့် ဤအချက်ကို သဘောကျမိလေ၏။ သူ့ကို မဆန့်ကျင်သရွေ့ သူက သဘောကျပါသည်။

သို့သော် တစ်စုံတစ်ယောက်က နောက်ကွယ်တွင် ကြံစည်မှုများ ရှိနေပါက ဆုမိုသည် သူ၏ စွမ်းရည်ကို ပြသရန် ဝန်လေးမည် မဟုတ်ပေ။

အသေးစိတ် အချက်အလက်တိုင်းကို လိုက်နာရန် မလိုသော်လည်း၊ အရေးကြီးသော ကိစ္စရပ်များတွင် သူ၏ စီစဉ်မှုများကို မဖြစ်မနေ လိုက်နာရမည် ဖြစ်လေ၏။

...

...

စကားပြောစရာ ရှိလျှင် ရှည်လျားပြီး၊ မရှိလျှင် တိုတောင်းတတ်စမြဲ။ ပြင်ဆင်မှုများ အားလုံး ပြီးစီးသောအခါ ဇီယန်အလံတော်သည် လေထဲတွင် တလူလူ လွင့်ပျံနေလေ၏။ ရှောင်ချွမ်းသည် မြင်းလှည်းတစ်စီးပေါ်သို့ တက်လိုက်ပြီး အော်ဟစ်လိုက်လေတော့၏။

"ဇီယန်အာမခံ ခရီးစတင်ပါပြီ... နှစ်တစ်ဝက်လောက် ကြာရင်..သူတို့ရဲ့ အပြန်လမ်းမှာ.. သိုင်းလောကကြီး ငြိမ်းချမ်းသွားပါစေ..."

အတွင်းအားဖြင့် အားဖြည့်ထားသော သူ၏ အသံသည် ကောင်းကင်ယံသို့ ဟိန်းထွက်သွားလေ၏။

ထို့နောက် အာမခံ လှည်းတန်းကြီးသည် ဖြည်းညင်းစွာ စတင် ရွေ့လျားလာလေ၏။ ဆုမိုက ခြေလျင်ဖြင့် ရှေ့မှ ဦးဆောင်သွားလေ၏။

ဒါက အာမခံ သိုင်းဆရာများ၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မထွက်ခွာမီ အော်ဟစ်ကြေညာရမည်။ ဇီယန်အာမခံ လှည်းတန်း ထွက်ခွာသွားပြီ ဖြစ်ကြောင်း လူတိုင်း သိစေရန် ဖြစ်သည်။

သို့သော် မြို့တွင်းတွင် မြင်းစီးခွင့် မရှိပေ။

ဆုမိုက မြင်းကို ဆွဲလျက် ရှေ့မှ သွားနေပြီး၊ မြင်းလှည်းပေါ်မှ လူများက နောက်မှ ဖြည်းညင်းစွာ လိုက်ပါလာကြ၏။

အနီးအနား ပတ်ဝန်းကျင်ကို အထိတ်တလန့် မဖြစ်စေလိုသေးသဖြင့် သူတို့သည် လမ်းမကြီးများနှင့် လမ်းကြားများကို ဖြတ်သန်းကာ အချိန်အတန်ကြာမှ လော့ရှားမြို့မှ ထွက်ခွာနိုင်ခဲ့ကြလေ၏။

ထိုအချိန်တွင် ဆုမို၊ ယန်ရှောင်ယွင်နှင့် အာမခံဌာနမှ လူများသည် မြင်းပေါ်သို့ အလျင်အမြန် တက်လိုက်ကြ၏။

လျူမိုသည် သူတို့နှစ်ဦး၏ နောက်မှ လိုက်ပါလာပြီး မြင်းများကို အရှိန်မြှင့်လိုက်ကြရာ နောက်ဆုံးတွင် ခရီးအရှိန် ရလာလေတော့၏။

သေချာတာကတော့ လှည်းတန်း ပါလာသဖြင့် အရမ်း မြန်မြန် သွား၍ မရနိုင်ပေ။

လူတိုင်း မြင်းစီး၍လည်း မရနိုင်ပေ။

ဆုမိုက အစပိုင်းတွင် ရှေ့မှ ဦးဆောင်သွားသော်လည်း တဖြည်းဖြည်း နောက်ဆုတ်ကာ လှည်းတန်း ဘေးမှ လိုက်ပါလာခဲ့သည်။

အာမခံဌာနမှ လူအချို့ကို လှည်းများပေါ်တွင် တာဝန်ချထားပြီး၊ အချို့က မြေပြင်ပေါ်မှ လမ်းလျှောက်လိုက်ပါလာကြ၏။

ကာကွယ်ရေး တပ်ဖွဲ့များက လှည်းတန်းကို ဝိုင်းရံထားပြီး အကာအကွယ် စက်ဝိုင်းတစ်ခု ဖန်တီးထားကြ၏။

ရှေ့ဆုံးတွင် ကင်းထောက်အဖွဲ့ တစ်ဖွဲ့က လမ်းရှင်းပေးပြီး၊ အချို့က နောက်မှ တိုက်ခိုက်လာမည့် အန္တရာယ်များကို ကာကွယ်ရန် နောက်ချန်ကင်းအဖြစ် လိုက်ပါလာကြ၏။

လော့ရှားမြို့မှ ထွက်ခွာလာခါစ ဖြစ်သဖြင့် ချက်ချင်း ပြဿနာ တက်နိုင်စရာ အကြောင်းမရှိသော်လည်း ပုံစံခွက်ကိုတော့ ထိန်းသိမ်းထားရမည် ဖြစ်လေ၏။

အလံများ လွင့်ပျံနေသည်နှင့်အမျှ ဆုမို၏ ပထမဆုံး ဦးဆောင်သော အာမခံ ခရီးစဉ် တရားဝင် စတင်ခဲ့တော့၏။

ဆောင်းဦးရာသီ၏ လေပြည်လေညှင်းက အေးမြနေပြီး ရာသီဥတု သာယာနေသဖြင့် နေ့ဘက် ခရီးသွားရသည်မှာ ညဘက်ထက် ပိုမို သက်သောင့်သက်သာ ရှိလှပါသည်။

အခန်း (၁၃၅) - လမ်းကြောင်းဖွင့်သူ ဓားပြ

~လော့ရှားမြို့နှင့် အတော်အတန် နီးကပ်သော နေရာအချို့မှာတော့ တကယ်ကို ဘေးကင်းလုံခြုံလှပေသည်။

ရံဖန်ရံခါ တောဘုရင်၊ တောင်ဘုရင်များ ကြီးစိုးသော နယ်မြေများကို ဖြတ်သန်းရသည့်အခါတွင်လည်း ဇီယန်အာမခံဌာန၏ အလံကို မြင်လိုက်သည်နှင့် တပြိုင်နက် ထိုသူများသည် လမ်းပိတ်ထားသော ဆူးကိုင်းများကို တိတ်တဆိတ် ပြန်ရုပ်သိမ်းသွားကြပြီး မမြင်ချင်ယောင် ဆောင်နေတတ်ကြ၏။

ထို့ကြောင့် သုံးလေးရက် ခရီးနှင်ပြီးချိန်အထိ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်ပျက်နေလေ၏။ လမ်းခရီးတစ်လျှောက် အနားယူမည့် နေရာများကို ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တိုင်ပင်ပြီး ရွေးချယ်ကြ၏။

အားလုံးသည် သက်တမ်းရင့် တည်းခိုခန်းများ ဖြစ်ကြပြီး အချို့ကို အပြည့်အဝ မရင်းနှီးသော်လည်း နာမည်ကြီးသော နေရာများ ဖြစ်ကြ၏။

လျူမို ဆိုသူမှာလည်း နာမည်နှင့်လိုက်အောင်ပင် စကားနည်းလွန်းလှသည်။

ဆုမိုက တည်းခိုမည် ဆိုလျှင် တည်းခိုသည်။ ခရီးနှင်မည် ဆိုလျှင် ခရီးနှင်သည်။ နားမည် ဆိုလျှင် နားသည်။

အံ့ဩစရာ ကောင်းလောက်အောင်ပင် ဆုမို၏ ဆုံးဖြတ်ချက်များကို တစ်ခွန်းမျှ ငြင်းဆန်ခြင်း မရှိပေ။

ဤအချက်ကြောင့် ဆုမိုသည် ဒီခရီးစဉ်က ပိုမို ချောမွေ့လိမ့်မည်ဟု ခံစားမိလာသည်။

ဘာပဲပြောပြော ကာကွယ်ရေး တပ်ဖွဲ့က သူတို့ အာမခံဌာနက လူတွေ မဟုတ်တော့ ခေါင်းဆောင်မှု အပိုင်းမှာ အငြင်းပွားစရာတွေ ဖြစ်လာမလားဟု ဆုမို အစက စိုးရိမ်ခဲ့မိသည်။

ဒါက သေးမွှားသော ကိစ္စရပ်တစ်ခု မဟုတ်ပါ။ တစ်ခါတစ်ရံတွင် မိမိ မည်မျှပင် ကျော်ကြားနေပါစေ အရာအားလုံးကို စီမံခန့်ခွဲနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းလောကတွင် မိမိ၏ ဂုဏ်သတင်း ကြီးမားမှုကို ဂရုမစိုက်ဘဲ စမ်းသပ်လိုသူများမှာ ရှိနေတတ်စမြဲပင်။

ထိုကဲ့သို့သော သူများနှင့် ကြုံတွေ့ရပါက မိမိ၏ အရည်အချင်းကို သိုင်းပညာဖြင့်သာ သက်သေပြရတော့၏။

ယခု.. လျူမိုလို လူမျိုးနှင့် တွေ့ရတော့ ဆုမို တော်တော်လေး စိတ်သက်သာရာ ရသွားမိပါသည်။

တစ်နေ့တွင် စိမ်းလန်းစိုပြေသော တောင်တန်းကြီး၏ ဘေးပတ်လမ်းအတိုင်း ခရီးနှင်နေစဉ်၊ ရုတ်တရက် အဖွဲ့သားတစ်ယောက် အပြေးအလွှား ပြန်ရောက်လာပြီး လက်သီးဆုပ်ကာ သတင်းပို့လေ၏။

"ခေါင်းဆောင်... ရှေ့မှာ လမ်းပိတ်ထားပါတယ်... လမ်းပေါ်မှာ ဆူးကိုင်းနှစ်ခု ချထားပါတယ်..."

ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

ယန်ရှောင်ယွင်က ဝင်ပြောလိုက်လေ၏။

"သတိထားကြ... အသင့်ပြင်ထားကြ..."

"ဟုတ်ကဲ့..."

အာမခံဌာနမှ အဖွဲ့သားများက ဟိန်းထွက်နေသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်ကြ၏။

လမ်းပေါ်တွင် ဆူးကိုင်းချထားခြင်းမှာ ရေးသားမထားသော ဥပဒေ တစ်ခု ဖြစ်လေ၏။ ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်မည့် တောင်ပေါ်ဓားပြများသည် သူတို့ ရှိနေကြောင်း ကြေညာသည့်အနေဖြင့် ဆူးကိုင်းနှစ်ခုကို ချထားလေ့ရှိသည်။ သိုင်းလောကသားများအနေဖြင့် 'လမ်းပိတ်ဆို့မှု' နှင့် ကြုံတွေ့နေရပြီ

ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်။

ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်ရတော့မည် ဖြစ်လေ၏။

ဇီယန်အာမခံဌာန၏ အမည်နာမသည် လူတိုင်းကို မဟန့်တားနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ဒါကလည်း သဘာဝကျပါတယ်။

ဆုမို ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။

"အစ်မယွင်... ဒီနယ်မြေအကြောင်း သဲလွန်စလေး ဘာလေးများ ရှိလား..."

"ငါ ဒီလမ်းကို သိပ်မလာဖြစ်ဘူး... သိပ်တော့ မသိဘူး..."

ယခင်က ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ထျန်းယွီမြို့သို့ အသွားအပြန် ခရီးနှင်ရာတွင် အမြဲတစေ အလျင်လိုနေခဲ့ကြသဖြင့် ဤကဲ့သို့သော အသေးစိတ် အချက်အလက်များကို သတိမထားမိခဲ့ကြခြင်း ဖြစ်ပါ၏။

ထို့ပြင် တောင်ပေါ်သားတို့သည်လည်း သူတို့ကဲ့သို့သော ခရီးသွားများကို မြင်တွေ့ရပါက လမ်းပိတ်ဆို့ တားဆီးလေ့ မရှိကြပေ။

လူအင်အား နည်းပါးကာ ပါဝင်သော ပစ္စည်းများမှာလည်း မများပြားဘဲ အလျင်လိုနေမှန်း သိသာထင်ရှားနေပါ၏။ သို့ဖြစ်၍ အခြေအနေအရ မဖြစ်မနေ လိုအပ်လာခြင်းမျိုး မဟုတ်ပါက အချိန်ကုန်ခံကာ ဒုက္ခရှာလိုစိတ် မရှိကြခြင်း ဖြစ်လေ၏။

ယန်ရှောင်ယွင်က စကားပြောရင်း လျူမိုဘက်သို့ လှည့်ကြည့်လိုက်၏။

"ခေါင်းဆောင်လျူကရော ဘယ်လိုမြင်လဲ..."

"ဒီတောင်တန်းတွေမှာ ဘယ်တုန်းကမှ စခန်းချတဲ့သူ မရှိခဲ့ဘူး... အရင်တုန်းက ကောင်းကင်တံခါး အာမခံဌာနနဲ့ အကြိမ်ကြိမ် လာဖူးတယ်... အမြဲတမ်း အေးချမ်းနေတာပဲ..."

လျူမိုသည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို ကြည့်လိုက်ပြီး တိတ်တဆိတ် အနားတိုးကပ်လာလေ၏။

"ဘယ်လို လုပ်ကြမလဲ..."

"အရင်ဆုံး သူတို့ ဘယ်သူတွေလဲ ဆိုတာ ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့..."

ဆုမို ပြုံးလိုက်၏။

"ဆူးကိုင်းတွေ ချထားမှတော့... လျစ်လျူရှုပြီး သွားလို့မှ မရတာ... ခင်ဗျား လူတွေကိုလည်း အဆင်သင့် ပြင်ခိုင်းထားလိုက်..."

"သဘောပေါက်ပါပြီ..."

လျူမို သဘောတူလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်လေ၏။

ရုတ်တရက်ဆိုသလို လျော့ရဲနေသော ကာကွယ်ရေး ပုံစံသည် ချက်ချင်း တင်းကျပ်သွားလေတော့၏။ အာမခံဌာနမှ လူများရော ကာကွယ်ရေး တပ်ဖွဲ့ဝင်များပါ မျက်လုံးများ အရောင်တောက်လာကြ၏။

ဆုမိုက မြင်းစီးလျက် ရှေ့မှ ဦးဆောင်ပြီး ယန်ရှောင်ယွင်က နောက်မှ ကပ်လိုက်လာသည်။

လျူမိုကတော့ အာမခံလှည်းတန်း ဘေးတွင် ကပ်နေပြီး တင်းကျပ်စွာ စောင့်ကြပ်နေလေ၏။

ခဏကြာ ခရီးဆက်ပြီးနောက် ရှေ့လမ်းပေါ်တွင် ဆူးကိုင်းနှစ်ခု ချထားသည်ကို အမှန်တကယ် တွေ့လိုက်ရလေသည်။

ဆုမိုသည် သူ၏ နက်ရှိုင်းသော လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ် အတွင်းအားကြောင့် နားစွင့်စရာပင် မလိုဘဲ ရန်သူများ ပုန်းအောင်းနေသော နေရာများကို သိရှိလိုက်လေ၏။ သူသည် ချက်ချင်းပင် လှည်းတန်းကို ရပ်တန့်ရန် လက်ပြလိုက်ပြီး အမိန့်ပေးလိုက်လေ၏။

"ဘီးတွေကို ဝိုင်းထားလိုက်..."

"ဘီးတွေကို ဝိုင်းထားလိုက်" ဆိုသည်မှာ သိုင်းလောက အသုံးအနှုန်း ဖြစ်ပြီး၊ အာမခံလှည်းများကို စက်ဝိုင်းပုံစံ စီတန်းလိုက်ရန်နှင့် ရန်သူများကို ခုခံကာကွယ်ရန် အဆင်သင့် ပြင်ထားရန် ဆိုလိုခြင်း ဖြစ်သည်။

ဒီစကားပြီးလျှင် "လက်နက်တွေကို လေထဲမှာ ဝှေ့ယမ်းပြ" ဆိုသည့် အမိန့် ဆက်လာရမည်။ ဆိုလိုတာက လက်နက်တွေကို ထုတ်ပြီး ခုခံဖို့ ပြင်ဆင်သည်ပင်။

သို့သော်၊ ပြိုင်ဘက်တွေက ကိုယ်ထင်မပြသေးတော့... လက်နက်ထုတ်ဖို့ အမိန့်ပေး၍ မရသေးပေ။

လျူမို၏ လက်အောက်ငယ်သားများသည် အာမခံဌာနများနှင့် မကြာခဏ ပူးပေါင်းလုပ်ကိုင်ဖူးသူများ ဖြစ်သဖြင့် ဤအသုံးအနှုန်းများကို ကောင်းစွာ နားလည်ကြ၏။ သူတို့သည် ချက်ချင်းပင် ယာဉ်တန်းကို စက်ဝိုင်းပုံစံ စီတန်းလိုက်ပြီး သတိကြီးစွာ စောင့်ကြပ်လိုက်ကြလေ၏။

လှည်းတန်း ရပ်တန့်သွားသည်နှင့် တပြိုင်နက် လမ်းဘေး ဝဲယာမှ လူကောင်ကြီးကြီးမားမား အယောက် ၅၀ ခန့် ထွက်ပေါ်လာကြလေ၏။

ခေါင်းဆောင်မှာ အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦး ဖြစ်သည်။ အသားဖြူဖြူ၊ မုတ်ဆိတ်မွေး ရေးရေးနှင့် မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ပါရှိသဖြင့် ကြမ်းတမ်းသော အသွင်အပြင်ကို ဆောင်နေလေ၏။ လက်ထဲတွင် 'ကွင်းကြီး ဓားမ' ကို ကိုင်ဆောင်ထားသည်။

သူ ရှေ့သို့ တိုးလာသည်နှင့်အမျှ ဓားပေါ်ရှိ ရွှေရောင်ကွင်း ကိုးကွင်းသည် "ချွင်... ချွင်" ဟု ဆူညံစွာ အသံမြည်နေလေတော့၏။

ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ ပြောဆိုလိုက်လေ၏။

"ကျွန်မတို့က ကုန်ပစ္စည်း ပို့ဆောင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူတွေပါ... မရည်ရွယ်ဘဲ ဒီနေရာကို ဖြတ်သန်းမိပြီး အနှောင့်အယှက် ပေးမိသလို ဖြစ်သွားတယ်... အားလုံး နားလည်ပေးကြပါ..."

"ဟေ့..."

ထိုလူက ယန်ရှောင်ယွင်ကို တစ်ချက်ကြည့်လိုက်သော်လည်း လျစ်လျူရှုလိုက်ပြီး ဆုမိုကိုသာ အာရုံစိုက်လိုက်လေ၏။

"မင်းတို့ရဲ့ အာမခံအလံမှာ ဇီယန်အာမခံဌာနလို့ ရေးထားတယ် မဟုတ်လား..."

"ဟုတ်ပါတယ်..."

"ကောင်းတယ်..."

ထိုလူ ဟားတိုက် ရယ်မောလိုက်လေ၏။

"ဇီယန်အာမခံဌာနရဲ့ ခေါင်းဆောင်လေး ဆုမိုက အထွတ်အထိပ် သိုင်းပညာနဲ့ နာမည်ကြီးတယ်လို့ ကြားဖူးတယ်... ရွှမ်ကျီတောင်ကြားမှာ စွမ်းအားတွေ ပြသပြီး နာမည်ရခဲ့တယ်ဆိုပဲ... ငါကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက သိုင်းပညာကို ဝါသနာပါခဲ့ပြီး ဓားသိုင်း သုံးကွက်လောက် သင်ယူဖူးတယ်... သိုင်းလောကမှာ နာမည်မကြီးပေမဲ့... နာမည်ဂုဏ်သတင်းနဲ့ ကျော်ကြားနေတဲ့ သူတွေကို စိန်ခေါ်ရတာ ဝါသနာပါတယ်..."

"လာစမ်းပါ... မင်းတို့ထဲက ဘယ်သူက သခင်လေး ဆုမိုလဲ..."

"လှည်းဘီးက လမ်းကို ဖိနင်းတယ်... မြင်းခွာက မြက်ပင်ကို နင်းချေတယ်... တကယ်လို့ မင်းတို့ ဒီနေရာကို ဖြတ်သွားချင်တယ်ဆိုရင်... မင်းတို့လူတွေမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ ပြသရလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို တိတ်ဆိတ်သွားမိသည်။

ရိုးရှင်းသော အာမခံ ခရီးစဉ်လေးတစ်ခုမှာ ဘယ်လိုဖြစ်ပြီး ဒီလို ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ သတ်မှတ်ထားတဲ့ လူမျိုးနဲ့ လာတွေ့ရတာလဲ။

All Chapters