← Chapters

အခန်း (၁၁၂)

Vol. 13 Ch. 112

အခန်း (၁၁၂)

Vol. 13 Ch. 112

ချင်ချင် တဆတ်ဆတ်တုန်ခါနေသော ကားနောက်ခန်း ထိုင်ခုံပေါ်၌ ခွေလိပ်လဲကျနေရှာသည်။ သူမ လက်နှင့် ခြေထောက်များမှာလည်း ကြိုးများဖြင့် အတင်းအကျပ် တုတ်နှောင်ခြင်း ခံထားရကာ၊ စိတ်အာရုံတို့မှာ သတိတစ်ဝက် မေ့တစ်ဝက်နှင့် ဝေဝါးနေလေတော့သည်။

မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သူမ သေသေချာချာမမှတ်မိတော့ပေ။ အစားအသောက်များ မြိန်ရည်ယှက်ရည် စားသောက်နေရင်းမှ ရုတ်တရက်ဆိုသလို ခေါင်းထဲ၌ မူးဝေလာကာ အိပ်စက်ခြင်းအပိုင်းသို့ ကျဆင်းသွားခဲ့သည်ဟုသာ ဝိုးတဝါး မှတ်မိနေတော့သည်။

သူမ ပြန်လည်နိုးထလာသည့် အချိန်တွင်မူ ... ဟုတ်သည်၊ ‘နောက်တစ်ကြိမ်’ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပြန်လေပြီ။

ခြောက်လတာ ကာလအတွင်းမှာပင် သုံးကြိမ်တိုင်တိုင် ပြန်ပေးဆွဲခံရခြင်း... သူမအနေဖြင့် ကမ္ဘာ့စံချိန်တင်ရန်ပင် လျှောက်ထားသင့်နေပြီလား?

မှန်ပါသည်၊ ဤကဲ့သို့သော နောက်ပြောင်ကျီစယ်သည့် အတွေးမျိုးမှာ ချင်ချင်ထံမှ မဟုတ်ဘဲ သူမ ဘေးတွင် အတူတူ လဲလျောင်းနေသော ဖူစစ်ကျင်းထံမှပင်။

သူသည်လည်း ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ချင်ချင်နှင့် ကားတစ်စီးတည်း၌ အတူတူပါလာခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ပြန်ပေးဆွဲသူများမှာ အလွန်အမင်း သတိကြီးကြပေသည်။ သူတို့သည် သားကောင်များ၏ ကိုယ်ခန္ဓာကို အသေအချာ ရှာဖွေစစ်ဆေးပြီး ခြေရာခံကိရိယာ တပ်ဆင်နိုင်မည့် အရာမှန်သမျှ လွှင့်ပစ်ခဲ့ကြရာ၊ ဤတစ်ကြိမ်တွင်မူ အီလက်ထရွန်နစ် ပစ္စည်းလေးများကြောင့် အငိုက်မိတော့မည် မဟုတ်ကြောင်း အသေအချာ ပြင်ဆင်ထားကြခြင်းပင်။

ဖူစစ်ကျင်း အစပိုင်းကတည်းက သတိရှိနေခဲ့သော်လည်း၊ သူတို့နှစ်ဦးမှာ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဟု ယူဆထားကြသဖြင့် ပြန်ပေးဆွဲသူများမှာ ပေါ့ပေါ့ပါးပါးပင် စကားပြောဆိုနေကြလေသည်။

ထိုစကားများမှတစ်ဆင့် သူတို့သည် ချင်ချင်အား ပြတိုက်တွင် ပြန်ပေးဆွဲခဲ့သော အဖွဲ့နှင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း ဖူစစ်ကျင်း သိလိုက်ရသည်။ ပို၍ တိတိကျကျ ပြောရလျှင် အဖွဲ့နှစ်ဖွဲ့စလုံးမှာ လူတစ်ယောက်တည်း၏ စေခိုင်းမှုကို ခံရခြင်းပင်။

သို့သော် “အစပိုင်းတွင်” ဟု သုံးနှုန်းရခြင်းမှာ ဖူစစ်ကျင်း အသိစိတ်များ တဖြည်းဖြည်း ဝေဝါးလာသောကြောင့် ဖြစ်သည်။

သူ့ဝမ်းဗိုက်တွင် ဓားဖြင့် ထိုးခံထားရပြီး သွေးများမှာ အတားအဆီးမဲ့စွာ စီးကျနေသည်။ ပြန်ပေးဆွဲသူများမှာ သွေးတိတ်အောင် လုပ်ပေးမည့် စိတ်ထားမျိုး မရှိကြသဖြင့် သွေးတစ်စက် ကျတိုင်း သူ့ခန္ဓာကိုယ်မှာ အားအင် ကုန်ခမ်းလာတော့သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင် သူ သွေးထွက်လွန်ပြီး သေဆုံးသွားနိုင်ပေသည်။

သို့သော် ဖူစစ်ကျင်း မသေချင်သေးပေ၊ အနည်းဆုံးတော့ ယခုအချိန်တွင်ပေါ့။

အကယ်၍ သူသာ သေသွားခဲ့လျှင် ချင်ချင် ဘာဖြစ်သွားမလဲ?

ခဏတာ ပြောဆိုသံများအရ ဤလူများမှာ အသက်ကို ပဓာနမထားသော ရာဇဝတ်ကောင်များဖြစ်ကြောင်း ဖူစစ်ကျင်း သိလိုက်သည်။

ချင်ချင် အရမ်းငယ်သေးပြီး ဘာကိုမှ ခုခံနိုင်စွမ်း မရှိရှာဘူး။ အကယ်၍ သူမသာ သူတို့လက်ထဲ ရောက်သွားရင်...

ဖူစစ်ကျင်း အံကြိတ်ကာ ဆက်မတွေးမိအောင် အတင်းထိန်းလိုက်ရသည်။

သူ ချင်ချင့်အား ကာကွယ်ရမည်။ သူ သေရမည်ဆိုလျှင်တောင်၊ သူ့ပါးတို့ ရောက်လာပြီး သူမအား ကယ်တင်နိုင်သည့် အချိန်အထိ သူ တောင့်ခံထားရမည်။

“အား... အားကျင်း”

အချိန်ကြာလာသည်နှင့်အမျှ ချင်ချင်ခန္ဓာကိုယ်ပေါ်မှ ဆေးရှိန်မှာ တဖြည်းဖြည်း ပြယ်လွင့်လာသည်။

သူမ ဝေဝေဝါးဝါးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ လှုပ်ရှားနေသော ကားပေါ်တွင် မဟုတ်တော့ဘဲ မှောင်မည်းနေသည့် စွန့်ပစ်စက်ရုံဟောင်းကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သူမျှ မရှိချေ။ အဝေးတစ်နေရာတွင် လဲလျောင်းနေသော အလွန်ရင်းနှီးသည့် ပုံရိပ်တစ်ခုမှလွဲ၍ပေါ့၊ ၎င်းမှာ ဖူစစ်ကျင်းပင်။

သူမ ဝေဝါးနေသော အမြင်အာရုံမှာ တဖြည်းဖြည်း ပြတ်သားလာပြီး၊ ဖူစစ်ကျင်း ကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်လိုက်ရသည့် ခဏတွင် ချင်ချင် နှလုံးသားလေးမှာ နာကျင်စွာ ကျုံ့သွားကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

“အားကျင်း... အားကျင်း၊ ဟီးဟီး... အားကျင်း၊ ချင်ချင်ကို ကြည့်ပါဦး၊ ချင်ချင် ကြောက်တယ်...”

သွေးတွေ၊ သွေးတွေ အများကြီးပဲ။

ဝမ်းဗိုက်ကို ဗဟိုပြု၍ ဖူစစ်ကျင်း တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနစ်နေတော့သည်။ ဤထိတ်လန့်ဖွယ် မြင်ကွင်းမှာ ချင်ချင် ရင်ဘတ်အား တူနှင့် အားရပါးရ ထုနှက်လိုက်သလို ခံစားရစေကာ နာကျင်မှုမှာ မခံမရပ်နိုင်အောင်ပင် ပြင်းပြလှသည်။ တကယ်လို့... တကယ်လို့သာ အားကျင်း သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ?

ဤအချိန်၌ ချင်ချင်မှာ သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထူးဆန်းစွာပင် နားလည်သဘောပေါက်သွားခဲ့ရသည်။

“အု... ဝါးးး...”

ကလေးငယ်တစ်ဦး ရှိုက်ကြီးတငင် ငိုကြွေးနေသကဲ့သို့သော အသံတစ်ခုမှာ ချင်ချင် နောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာသည်။

သူမ ဗီဇအရပင် ခေါင်းလှည့်ကြည့်လိုက်ရာ၊ ကြောက်လန့်တကြား အော်ဟစ်မိလုနီးပါး ဖြစ်သွားရတော့သည်။

ထိုနေရာတွင် ဆံပင်ဖရိုဖရဲနှင့် ‘မိန်းမတစ္ဆေ’ တစ်ကောင်အလား အမျိုးသမီးတစ်ဦးမှာ သူမ နောက်၌ လဲလျောင်းနေပြီး၊ သူမ၏နောက်တွင် မလှုပ်မယှက် ရှိနေသော ‘တစ္ဆေလေး’ တစ်ကောင်ကဲ့သို့ ကလေးငယ်တစ်ဦးမှာ သူမထံသို့ တဖြည်းဖြည်း တွားသွားနေသည်။ အထူးသဖြင့် ဤကဲ့သို့သော မှောင်မည်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် စက်ရုံပျက်ကြီးထဲတွင် ထိုမြင်ကွင်းမှာ အလွန်ပင် ရင်ထိတ်စရာ ကောင်းလှပေသည်။

ချင်ချင် တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ တဖြန်းဖြန်း ထသွားရလေတော့သည်။

ထိုအချိန်မှာပင် တင်းတင်းပိတ်ထားသော စက်ရုံတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး၊ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားကာ မျက်နှာကို အမှောင်ထဲတွင် ဖုံးကွယ်ထားသော အမျိုးသားတစ်ဦး ဝင်လာသည်။

သူ့အား မြင်လိုက်ရသည်နှင့် ချင်ချင်ကိုယ်လုံးလေးမှာ အလိုလိုတုန်ရီသွားတော့သည်။

ဘာကြောင့်မှန်းမသိ၊ သူမ ထိုအမျိုးသားအား အမှတ်ရနေမိသည်။

သို့မဟုတ်ပါက သူမသည် သူ့ကိုယ်နေဟန်ထားနှင့် အလွန်အမင်း ရင်းနှီးနေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သူမ ဘေးနားတွင် သူ့အား တစ်ကြိမ်ထက်မက မြင်တွေ့ခဲ့ဖူးသလိုမျိုးပင်။

ဒါရိုက်တာကောင်း၏နေအိမ်၌ မတော်တဆ ဆုံတွေ့ခဲ့ဖူးသူ၊ ခြံထွက်စားသောက်ဆိုင် ဓာတ်လှေကားထဲတွင် မြင်တွေ့ခဲ့ရသည့် ပုံရိပ်လွှာ... ထိုပုံရိပ်တစ်ခုချင်းစီ ပြန်လည်ပေါင်းစပ်ကြည့်လိုက်သည့်အခါ သူမရှေ့ရှိ လူသားနှင့် တစ်ထပ်တည်း ကျသွားတော့သည်။

အမှန်စင်စစ် တရားခံအစစ်အမှန်မှာ ချင်ချင်ဘေးနား၌ အမြဲတမ်း တိတ်တဆိတ်ရှိနေခဲ့ခြင်းပင်။

ဖူစစ်ကျင်း မျက်လုံးတစ်ဖက်ကို အစွမ်းကုန် အားယူ၍ ဖွင့်ကြည့်လိုက်ရာ၊ တရားခံ၏ ပုံသဏ္ဌာန်အား မြင်တွေ့လိုက်ရသဖြင့် ရင်ထဲ၌ မျှော်လင့်ချက်များ ကင်းမဲ့သွားရတော့သည်။

ထိုလူမှာ ချင်ချင်ထံသို့ တိုက်ရိုက်သွားခြင်း မရှိပေ။

ယင်းအစား ဖူစစ်ကျင်းထံသို့ အရင်ဆုံး လျှောက်လှမ်းလာကာ၊ သူ့လည်ပင်းအား လက်တစ်ဖက်ဖြင့် ဆွဲမလိုက်ပြီး မျက်နှာဖုံးစွပ်ထားသော မျက်နှာကို အနီးကပ် ကပ်လိုက်သည်။ ထို့နောက် အက်ကွဲရှတသော အသံကြီးဖြင့် ဆိုလိုက်သည်။

“မတွေ့ရတာ ကြာပြီပဲ... ကောင်လေး”

“ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ?”

ဖူစစ်ကျင်း နာကျင်မှုများကြားမှ မျက်မှောင်ကြုတ်ကာ ခက်ခက်ခဲခဲ မေးလိုက်ရရှာသည်။

“ငါ ဘယ်သူလဲ ဟုတ်လား?”

ဟန်တယွီ ခေါင်းစောင်းကာ စဉ်းစားဟန်ပြုပြီးနောက် ပြုံးလျက် ပြောသည်။

“အဲဒီမေးခွန်းကို မင်းရဲ့ မားကိုမေးကြည့်သင့်တယ်လေ”

ထိုသို့ပြောပြီးနောက် သူ စကားလမ်းကြောင်းကို ရုတ်ချည်းပြောင်းလဲလိုက်ပြန်သည်။

“ဒါပေမဲ့ တကယ်တမ်းကျတော့... မင်းလည်း ငါ့ကို သိနေတာပါပဲ”

“ငါ မင်းကို တွေ့ဖူးတယ်လို့ မထင်ဘူး”

ဖူစစ်ကျင်း တည်ငြိမ်စွာပင် ပြန်လည်ကြည့်ရှုနေသော်လည်း၊ သူ့မျက်ဝန်းအစုံ၌မူ ချင်ချင်အတွက် စိုးရိမ်ပူပန်မှုများ အထင်းသား ပြည့်နှက်နေလေသည်။

“ငါ့ကို မတွေ့ဖူးဘူး ဟုတ်လား...?”

ထိုလူမှာ ဖူစစ်ကျင်းအား ရုတ်တရက် လွှတ်ချလိုက်ရာ၊ အရှိန်ဖြင့် ပြုတ်ကျသွားသော ဒဏ်ရာကြောင့် နာကျင်မှုမှာ အရိုးထဲထိ စိမ့်တက်သွားကာ ချွေးစေးများလည်း တစ်ကိုယ်လုံး၌ ပြန်လာတော့သည်။

ဟန်တယွီ သူ့အား အထက်စီးမှ ငုံ့ကြည့်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

“ဒါဆိုရင်တော့ ဒီလူနဲ့ဆိုရင် မင်း ပိုပြီး ရင်းနှီးမှာပါ... ‘ကျားကြီး’ ရေ၊ ထွက်လာခဲ့စမ်း”

ခေါ်သံအဆုံး၌ အရပ်နှစ်မီတာနီးပါး ရှိကာ မျက်နှာပေါ်တွင် ရုပ်ဆိုးလှသော အမာရွတ်ကြီးတစ်ခု ထင်ကျန်နေသည့် ခိုင်မာတောင့်တင်းသော အမျိုးသားတစ်ဦး လေးလံသော ခြေလှမ်းများဖြင့် စက်ရုံထဲသို့ ဝင်လာတော့သည်။

ထိုလူအား မြင်လိုက်ရသည်နှင့် ဖူစစ်ကျင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားကာ တစ်ကိုယ်လုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရီလာတော့သည်။

“ဘယ်လို... ခင်ဗျား... ခင်ဗျားက...”

သူ့နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး၊ ရင်းနှီးနေသော နာကျင်မှုဆိုးကြီးမှာ ဒီရေအလား တိုးဝင်လာကာ သူ့အား ချက်ချင်းပင် ဝါးမြိုလွှမ်းမိုးသွားတော့သည်။ ၎င်းမှာ အသက်ရှူရပင် ခက်ခဲလှသော မွန်းကျပ်ဖွယ် ဝေဒနာပင် ဖြစ်တော့သည်။

“မတွေ့ရတာ ကြာပြီပဲ... ကောင်လေး”

ကျားကြီး ပြုံးလိုက်ရာ၊ သူ့မျက်နှာပေါ်မှ အမာရွတ်ကြီးမှာ တီကောင်တစ်ကောင်ကဲ့သို့ တွန့်လိမ်သွားပြီး ရွံရှာဖွယ်ကောင်းသော အပြုံးမျိုး ပေါ်လာလေသည်။

“မဖြစ်နိုင်ဘူး... ဒါ... ဒါ မဖြစ်နိုင်ဘူး...!”

ဖူစစ်ကျင်း နောက်သို့ ဆုတ်ရန် အသည်းအသန် ကြိုးစားနေပြီး၊ သူ့တစ်ကိုယ်လုံးမှာ ခြောက်လှန့်ခံထားရသော ငှက်ငယ်တစ်ကောင်ကဲ့သို့ အစွန်းရောက်လှသော ကြောက်ရွံ့မှုများအောက်တွင် ပြားပြားဝပ်နေတော့သည်။

သူ့စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး အသိစိတ်များ ဝေဝါးလာကာ၊ စိတ်ပညာရှင်၏ စကားများ နားထဲ၌ ပဲ့တင်ထပ်နေတော့သည်။

‘မင်းဟာ ငယ်ဘဝမှာ ပြင်းထန်ပြီး ရေရှည်တည်တံ့တဲ့ အကြမ်းဖက်ဒဏ်ရာတွေကို ခံစားခဲ့ရတယ်...’

ထိုအချိန်မှာပင် ငယ်ဘဝ အမှတ်တရများမှာ ပြင်းထန်စွာ ပြန်လည်ဝင်ရောက်လာတော့သည်။

သူ့လည်ပင်းအား တင်းကျပ်စွာ ညှစ်ထားသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ဖက်၊ သူ့ကိုယ်ပေါ်သို့ မရပ်မနား ကျရောက်လာသော လက်သီးချက်တိုင်း၏ နာကျင်မှု၊ ပြီးနောက် နားနားကပ်၍ ကွဲအက်စွာ ပြောဆိုနေသော ခြိမ်းခြောက်သံများ

“ဒါတွေ အားလုံးက မင်းအမေကြောင့် ဖြစ်ရတာ၊ မင်း နာကျည်းချင်တယ်ဆိုရင် မင်းရဲ့ အမေကိုပဲ နာကျည်းလိုက်စမ်း”

နာကြည်းခြင်း၊ နာကြည်းခြင်း၊ နာကြည်းခြင်း...

မူလတန်း တတိယတန်းကတည်းက ထိုအိပ်မက်ဆိုးကြီးမှာ သူ့အား အတိုင်းအဆမရှိ နှိပ်စက်ခဲ့ပြီး၊ သူ့အမေအပေါ် နာကျည်းစိတ်များ တဖြည်းဖြည်း မြစ်ဖျားခံလာစေခဲ့သော်လည်း သူ တကယ်တမ်း၌ မနာကျည်းရက်ခဲ့ပေ။

သူ ဘာတွေ ခံစားခဲ့ရသလဲဆိုသည်ကို မည်သူမျှ မသိရှိကြချေ။ ကလေးတစ်ယောက်အနေဖြင့် ဖူစစ်ကျင်း လူကြီးများထံမှ အကူအညီတောင်းရန် စဉ်းစားခဲ့ဖူးသော်လည်း၊ သူ့ပါးမှာ တစ်နှစ်ပတ်လုံး မတွေ့ရသလောက်ပင် ရှားလှပြီး သူ့မားမှာမူ... သူမကိုယ်တိုင်ကပင် ဤဒုက္ခအားလုံး၏ အစပြုရာ ဖြစ်နေခဲ့သည်။ ရင်ထဲမှ နားမလည်နိုင်သော အဖုအထစ်တစ်ခုမှာ သူမထံမှ အကူအညီတောင်းခံရန် သူ့အား တားဆီးထားခဲ့သည်။

အထူးသဖြင့် သူ ဒဏ်ရာဒဏ်ချက်များဖြင့် ဗြူးဗြူးတောက် ပြည့်နှက်နေချိန်၌ပင်၊ သူမ ဆိုဖာပေါ်တွင် အထက်စီးက ထိုင်လျက် သူ့အား အေးစက်စက် အကြည့်များဖြင့် ငုံ့ကြည့်နေတတ်သည့် မြင်ကွင်းမျိုး...။

သူနှင့် သူ့မားကြားတွင် နက်ရှိုင်းလှသော ချောက်ကြီးတစ်ခု ခြားနေသကဲ့သို့ သူ ခံစားခဲ့ရသည်။

သူတို့ တစ်ဦးကိုတစ်ဦး မြင်နေရသော်လည်း၊ ဘယ်သူကမှ အနားကို တိုးမကပ်နိုင်ခဲ့ကြပေ။

ဘာလို့... ဘာလို့ သူပဲ ဖြစ်နေရတာလဲ?

ဘာလို့... တခြားသူ မဟုတ်ဘဲ သူတစ်ယောက်တည်းသာ ဒီဒုက္ခကို ခံစားနေရတာလဲ?

ဪ... ဘာလို့လဲဆိုတော့ သူ့မှာ ခွင့်မလွှတ်နိုင်သော အမှားများကို ကျူးလွန်ခဲ့တဲ့ အမေတစ်ယောက် ရှိနေလို့ပေါ့။

ထိုသူများ၏စကားကို မယုံကြည်သင့်မှန်း သိနေသော်လည်း၊ ရေရှည် နှိပ်စက်ညှဉ်းပန်းခံရမှုများမှာ စိတ်၏အမှောင်ခြမ်းကို မွေးဖွားပေးခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အသိတရားနှင့် မထိန်းချုပ်နိုင်သော စိတ်ခံစားချက်တို့ ပဋိပက္ခဖြစ်ရင်း၊ သူ့ ပုံပျက်ပန်းပျက် ဖြစ်နေသော စိတ်နေစိတ်ထားအား တဖြည်းဖြည်း ပုံဖော်ပေးခဲ့လေသည်။

သူသည်ကား ကုသ၍မရနိုင်တော့သော၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် စိတ်ရောဂါသည် လူမမာတစ်ယောက်သာ ဖြစ်တော့သည်။

ဖူစစ်ကျင်း ထိုအခြေအနေအား ကောင်းကောင်းကြီး သိရှိနားလည်နေသော်လည်း မိမိကိုယ်ကိုယ် ကယ်တင်နိုင်စွမ်း မရှိခဲ့ပေ။ တစ်နေ့ထက်တစ်နေ့ ပိုမိုနက်ရှိုင်းလာသော ရွှံ့နွံနက်ကြီးထဲတွင် အသက်ရှူကျပ်စွာဖြင့် အားကိုးရာမဲ့ ရုန်းကန်နေရုံမှတစ်ပါး အခြားမရှိခဲ့တော့ချေ။

“မလုပ်နဲ့... မလုပ်နဲ့!”

ရုတ်တရက် ထွက်ပေါ်လာသော ကလေးငယ်တစ်ဦး၏ စူးရှလှသော အော်ဟစ်သံကြောင့် ဖူစစ်ကျင်း အတွေးစတို့မှာ ပြတ်တောက်သွားရသည်။ သူ ထိုနတ်ဆိုးသဖွယ် ကြီးမားလှသော လက်ဝါးကြီးများ၏ ဖမ်းဆီးခြင်းအား နောက်တစ်ကြိမ် ခံလိုက်ရပြန်ကာ၊ အသက်ရှူပင် မဝနိုင်တော့သည့် မွန်းကျပ်မှုဝေဒနာကြီး တဖန်ပြန်၍ လွှမ်းမိုးလာပြန်သည်။

သူ့ထံ၌ ရုန်းကန်ရန် အင်အားပင် မရှိတော့ပေ။ ဖူစစ်ကျင်း၏ခြေလက်အစုံမှာ အားအင်ကုန်ခမ်းလျက် ဘေးသို့ ပျော့ခွေကျသွားလေတော့သည်။

သူ... အသတ်ခံရတော့မှာလား?

“မလုပ်နဲ့၊ တော်တော့! သူ့ကို လွှတ်ပေးပါ၊ သူ့ကို မသတ်ပါနဲ့!”

ချင်ချင် အသည်းအသန်ပင် ရုန်းကန်နေရှာသည်။ ကြမ်းတမ်းလှသော ကြိုးစများ ပွတ်တိုက်မှုကြောင့် သူမ၏ နုနယ်လှသော အသားစများမှာ ပွန်းပဲကာ သွေးစိမ်းရှင်ရှင် ထွက်နေသော်လည်း သူမသည်ကား မရပ်တန့်ခဲ့ပေ။ သူမ ကျယ်လောင်စွာ ငိုကြွေးရင်း ထိုလူဆိုးများ ဖူစစ်ကျင်းအား မသတ်ရန်၊ သူမ သားအား အန္တရာယ်မပြုရန် အစွမ်းကုန် တားဆီးနေမိတော့သည်။

“ဒီငိုသံကို နားထောင်စမ်း...”

ဟူဇီ ရပ်တန့်ရန် လက်မြှောက်ပြလိုက်ရင်း ဟန်တယွီ မျက်လုံးများကို မှိတ်ကာ ချင်ချင် ငိုကြွေးသံထဲ၌ နစ်မျောသာယာနေတော့သည်။

“သိပ်ကို နားဝင်ချိုတဲ့ အသံပဲ”

သူ ပေါ့ပါးသော ခြေလှမ်းများဖြင့် ချင်ချင်ထံသို့ ကခုန်နေသယောင် လျှောက်လှမ်းသွားကာ၊ သူမ လည်ပင်းအားချက်ချင်းပင် လက်ဖြင့် ညှစ်၍ အပေါ်သို့ မြှောက်တင်လိုက်လေတော့သည်။

ချင်ချင်!

ဖူစစ်ကျင်း မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားကာ၊ သူ့လည်ပင်းအား ညှစ်ထားသော လက်ကြီးကို ရုတ်တရက် လှမ်းဖမ်းလိုက်သည်။

ဟန်တယွီ နောက်ကွယ်မှ လှုပ်ရှားမှုများကို အမှုမထားဘဲ၊ ချင်ချင်အား တမင်တကာ နှိပ်စက်ညှဉ်းပန်းလိုသည့် ရည်ရွယ်ချက်ဖြင့် သူမအား လေထဲတွင် ပြင်းပြင်းထန်ထန် အကြိမ်အနည်းငယ် ခါယမ်းလိုက်လေသည်။

ချင်ချင့် ခြေထောက်ငယ်လေးများမှာ လေထဲ၌ အားကိုးရာမဲ့စွာ တွဲလောင်းကျနေပြီး၊ သူမ၏ ခြေတိုလေးများဖြင့် အသက်လုကာ အားနည်းစွာ ယက်ကန်ယက်ကန် လုပ်နေရှာသည်။ သူမ မျက်နှာငယ်လေးမှာလည်း အောက်ဆီဂျင် ပြတ်လပ်လာမှုကြောင့် တဖြည်းဖြည်း နီမြန်းတက်လာတော့သည်။

ဖောင်းအိနေသော လက်ကလေးနှစ်ဖက်မှာ ထိုလူ၏ လက်အိတ်စွပ်ထားသော လက်ကြီးအား အတင်းအကျပ် ဆုပ်ကိုင်ထားမိသည်။ သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ပုန်းကွယ်နေသော အင်အားများ ရုတ်ခြည်းထွက်ပေါ်လာသည့်အလား၊ သူမ၏ သေသေသပ်သပ် ညှပ်ထားသော လက်သည်းငယ်လေးများမှာ ဟန်တယွီ လက်အိတ်ကို ဖောက်ထွက်ကာ လက်ဖမိုးအား စုတ်ပြတ်သွားအောင် ကုတ်ခြစ်မိသွားတော့သည်။

“အားးး...!”

ဟန်တယွီ နာကျင်မှုကြောင့် မျက်နှာတွန့်သွားကာ ဗီဇအရပင် သူ့လက်အား ဆတ်ခနဲ လွှဲထုတ်လိုက်သည်။ ချင်ချင်၏ သေးငယ်လှသော ကိုယ်လုံးလေးမှာ ဘေးသို့ လွင့်စင်ထွက်သွားကာ ထုတ်တန်းတစ်ခုနှင့် ပြင်းထန်စွာ ဆောင့်မိပြီးနောက် ကြမ်းပြင်ပေါ်သို့ အားကိုးရာမဲ့စွာ လဲကျသွားရှာတော့သည်။

“အု... ဟန်... ဟန်တယွီ...!”

သူ့နောက်ကွယ်မှ ‘တစ္ဆေ’ အလား အမျိုးသမီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အခါ အသိစိတ်လွတ်မတတ် အသည်းအသန် စတင်ရုန်းကန်တော့သည်။

ဟန်တယွီ ဒေါသတကြီးဖြင့် သူ့လက်အိတ်အား ချွတ်လိုက်ရာ၊ သူ့လက်ဖမိုးပေါ်မှ နီမြန်းနေသော ကုတ်ရာများကို ကြည့်ရင်း မျက်နှာထားက တင်းမာနေသည်။

သူ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး ထိုအမျိုးသမီးအား ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ပါးစပ်ပိတ်စမ်း၊ ဖာသည်မ! မင်း ငါ့ကို သစ္စာဖောက်ပြီး ဒီမျိုးမစစ်လေးကို မွေးခဲ့တဲ့ကိစ္စအတွက် ငါ မင်းကို စာရင်းမရှင်းရသေးဘူးနော်! နောက်ထပ် အသံတစ်ချက် ထပ်ထွက်လာတာနဲ့ မင်းကို အရင်ဆုံး သတ်ပစ်မယ်!”

“အု... အု...”

ပါးစပ်ထဲတွင် အဝတ်စများ အတင်းအကျပ် သွတ်သွင်းခံထားရသဖြင့် ထိုအမျိုးသမီး၏ စကားသံများမှာ ဗလုံးဗထွေး ဖြစ်နေသော်လည်း အဓိပ္ပာယ်ကိုမူ ရှင်းလင်းစွာ နားလည်နိုင်သေးသည်။

“နင်... နင်ဟာ နှလုံးသားမရှိတဲ့ တိရစ္ဆာန်ထက် မိုက်တဲ့ကောင်... လူဘယ်လောက်များများ သတ်ပြီးမှ... နင် အားရကျေနပ်မှာလဲ?”

ဤမျှလောက် နုနယ်လှသော ကလေးငယ်တစ်ဦးကိုပင် ထိုတိရစ္ဆာန်မှာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရက်စက်စွာ တိုက်ခိုက်ခဲ့လေသည်။ ထိုလူ့စိတ်နှလုံးထဲတွင် အသိတရားနှင့် လူသားချင်းစာနာစိတ်ဟူသည် အစအနမျှပင် မရှိတော့ပါလား?

ထိုကဲ့သို့ တိရစ္ဆာန်ထက်ပင် ယုတ်ညံ့လှသော အောက်တန်းစားတစ်ဦးအား သူမအနေဖြင့် မည်သို့သော ကံကြမ္မာအလှည့်အပြောင်းကြောင့် မျက်စိမှောက်ကာ ချစ်မိခဲ့ပါသနည်းဟု တစ်ကြိမ်ထက်မက နောင်တကြီးစွာ ရမိလေတော့သည်။

မဟုတ်သေး... သူ့အား တိရစ္ဆာန်ဟု ခေါ်ဝေါ်လိုက်ခြင်းသည်ပင် တိရစ္ဆာန်များအား စော်ကားရာ ရောက်ပေလိမ့်မည်။ အနည်းဆုံးတော့ တိရစ္ဆာန်ဟူသည် မိမိတို့ဇနီးမယားနှင့် သားသမီးများကို အသက်ရန်ရှာကာ သတ်ဖြတ်လေ့ မရှိကြသည်မဟုတ်လား?

တကယ်တမ်းတွင်မူ ထိုဆံပင်ဖရိုဖရဲနှင့် တစ္ဆေတစ်ကောင်အလား ဖြစ်နေသော အမျိုးသမီးမှာ အခြားသူမဟုတ်၊ ဟန်ဝေ့လန်၏ မိခင်ရင်းပင် ဖြစ်သည်။

ထိုသို့ အပြောခံလိုက်ရသဖြင့် ဒေါသအဟုန် ထက်သန်သွားသော ဟန်တယွီမှာ သူ့ဇနီးအား ဖြတ်ကျော်ကာ ဘေး၌ သတိလစ်မေ့မြောနေသော ကောင်လေးအား ဆွဲမလိုက်လေသည်။

“မင်းက ဆဲရတာ ဒီလောက်တောင် လက်စွမ်းထက်နေမှတော့... ဒီမျိုးမစစ်လေး သေသွားတဲ့အခါမှာလည်း ဆက်ပြီး ဆဲနိုင်ဦးမလားဆိုတာ ငါ ကြည့်ရသေးတာပေါ့”

ဟန်ဝေ့လန်မိခင်မှာ တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သူမ ချက်ချင်းအသည်းအသန် ရုန်းကန်လျက် ခေါင်းကို အတင်းလွှဲခါလိုက်ရာ၊ ပါးစပ်ထဲ၌ ပိတ်ဆို့ထားသော အဝတ်စမှာ အောက်သို့ ပြုတ်ကျသွားတော့သည်။

ဟန်တယွီ အေးစက်စက် တောက်ပနေသော ဓားမြှောင်လေးအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ သူမ သွေးရူးသွေးတန်းဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

“တော်တော့... တော်ပါတော့! သူက ကျမ ကလေး မဟုတ်ဘူး! သူကလန်လန်ရဲ့ သား... ရှင့်ရဲ့မြေးလေးပါ! ရှင့်ရဲ့ သွေးသားတွေ စီးဆင်းနေတဲ့ ရှင့်မြေးအရင်းလေးပါလို့! တော်ပါတော့... မလုပ်ပါနဲ့တော့!”

“မင်း ဘာပြောလိုက်တာလဲ?”

ဟန်တယွီ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားကာ၊ သူ့လက်ထဲ၌ ရှိနေသော ကလေးငယ်အား မယုံကြည်နိုင်ဟန်ဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့သည်။

“ဒါ... ဒါ ငါ့မြေး ဟုတ်လား...?”

“ဟုတ်တယ်! ငါ့ဘဝမှာ နင်က ငါ့ရဲ့ တစ်ဦးတည်းသော အမျိုးသားပဲ၊ ငါတို့ မတွေ့ရတာ အနှစ် ၃၀ တောင် ရှိပြီ... ငါက ဒီကလေးကို တစ်ယောက်တည်း ဘယ်လိုလုပ် မွေးနိုင်ပါ့မလား! သူက လန်လန်ရဲ့ ကလေးပါ... ဒါပေမဲ့ သူ့အဖေက ဘယ်သူလဲဆိုတာ ငါတို့လည်း မသိဘူး၊ လန်လန်ရဲ့ သိက္ခာကို ငဲ့ညှာလို့သာ ငါက ဒီကလေးကို ငါ့နာမည်နဲ့ပဲ စာရင်းသွင်းခိုင်းပြီး၊ သူ့ရဲ့ မောင်လေးအဖြစ် ဟန်ဆောင်မွေးမြူခိုင်းခဲ့တာ!”

ဟန်တယွီ သူ့မြေးအရင်းအား အမှန်တကယ်ပင် အန္တရာယ်ပြုတော့မည်ကို စိုးရိမ်ထိတ်လန့်သဖြင့်၊ ဟန်ဝေ့လန်မိခင်မှာ အရာအားလုံးကို ဂရုမစိုက်တော့ဘဲ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်ကြီးအားဖွင့်ချလိုက်လေတော့သည်။

All Chapters