← Chapters

အခန်း (၁၂၄)

Vol. 14 Ch. 124

အခန်း (၁၂၄)

Vol. 14 Ch. 124

အန်းရန်နှင့် ဖူစစ်ချန်တို့ ဆေးရုံသို့ ပြန်ရောက်လာသည့်အချိန်တွင် ည ၇ နာရီပင် ထိုးလုနီးပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်၏အဓိပ္ပာယ်မရှိသော ဂျီကျမှုကြောင့် ဆိုင်တစ်ဆိုင်တွင် ခပ်မြန်မြန် စားသောက်ပြီး လာရမည့်ခရီးမှာ တစ်နာရီခန့်ပင် နောက်ကျသွားရသည်။

ချင်ချင်မှာ ယခုထိ ဘာမှမစားရသေးချေ။ အန်းရန်တို့ ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်ကတည်းက ညစာပြင်ဆင်ပြီး ယူလာခဲ့မည်ဖြစ် ကြောင်း ကြိုတင်ဖုန်းဆက်အကြောင်းကြားထားခဲ့ခြင်းပင်။

ယခင်က တစ်ဦးနှင့်တစ်ဦး အကြောင်းမကြားမိဘဲ လူတိုင်း ချင်ချင်အတွက် အသီးသီးအစားအသောက်များ ပြင်ဆင်လာကြသဖြင့် ဟင်းပွဲများမှာ ပုံနေပြီး အားလုံး ဝိုင်းစားပေးသည့်တိုင် အတော်များများလေလွင့်ခဲ့ရဖူးသည်။

ထို့ကြောင့်ပင် နောက်ပိုင်းတွင် ဖူဟန်မှ မိသားစု Group Chat ထဲ၌ "နောက်ဆိုရင် ဘယ်သူမဆို အစားအသောက်ယူလာမယ်ဆိုရင် အရင်ဆုံး အသိပေးကြပါ" ဟု စည်းကမ်းထုတ်ထားခဲ့ရသည်။ သို့မှသာ အခြားသူများကလည်း ထပ်ပြီးပြင်ဆင်စရာမလိုမှန်း သိနိုင်မည် မဟုတ်လား?

သူတို့နှစ်ဦး ရောက်သွားသည့်အခါ ချင်ချင်မှာ ကာတွန်းကားကို အလွန်အမင်းစိတ်ဝင်တစားကြည့်နေသဖြင့် သူတို့ဝင်လာသည်ကိုပင် သတိမထားမိပေ။

ဖူဟန် သူတို့အား အရင်မြင်လိုက်ပြီး ရီမုကိုအမြန်လှမ်းယူကာ တီဗွီပိတ်လိုက်သည်။

"ဟာ... ကာတွန်းကြည့်လို့ မပြီးသေးဘူးလေ!"

ချင်ချင် နှုတ်ခမ်းလေးစူကာ ကန့်ကွက်သော်လည်း၊ ချက်ချင်းဆိုသလိုပင် လေထဲတွင် ပျံ့လွင့်နေသည့် ဟင်းရနံ့ မွှေးမွှေးလေးကြောင့် စိတ်အာရုံတို့ ပြောင်းလဲသွားတော့သည်။

"မွှေးလိုက်တာ!"

"မွှေးတယ်မလား... ဒါ ကိုယ်တိုင် ထည့်ပေးခဲ့တာနော်၊ တကယ်ကို အရသာရှိမှာ"

ဖူစစ်ချန် ထမင်းဘူးအား ချင်ချင်ရှေ့တွင် ဟိုဟိုဒီဒီ ဝှေ့ယမ်းပြလိုက်ရာ၊ ချင်ချင်မှာ ကစားစရာမြင်သည့် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ခေါင်းလေးကို အပေါ်အောက် လိုက်ကြည့်နေသည်မှာ အလွန်ချစ်စရာကောင်းလှသည်။

"ဝါး... စစ်ချန်လေးက တော်လိုက်တာ!"

ချင်ချင် အားတက်သရော လက်ခုပ်တီးကာ ချီးမွမ်းလိုက်သည်။ သူမ၏ ကလေးဆန်လှသော အမူအရာအား ကြည့်ပြီး ဖူဟန်မှာ မကြည့်ရက်နိုင်လောက်အောင် ဖြစ်ရသော်လည်း၊ ဖူစစ်ချန်ကမူ ပိုဘဝင်မြင့်သွားတော့သည်။

အန်းရန် : "..."

'တစ်ခုခု မှားနေတာကို ရှင်တို့ သတိမထားမိကြဘူးလား?'

ထမင်းဘူးထဲ ထည့်ပေးရုံသက်သက်ကို ဒီလောက်တောင်ဂုဏ်ယူနေရသလား? တကယ်ချက်တဲ့ စားဖိုမှူးမလေးဖြစ်တဲ့ သူတောင် ဘာမှမပြောရသေးဘူး!

သို့သော်လည်း ပျော်ရွှင်နေသည့် မိခင်နှင့် သားအကြားမှ မြင်ကွင်းအား ကြည့်ပြီး အန်းရန် ဘာမှဝင်မပြောတော့ရန်ဆုံးဖြတ်လိုက်သည်။ အန်တီချင် ပျော်နေဖို့ကသာ အရေးကြီးဆုံးမဟုတ်လား?

"မင်းတို့ အရင်စားနှင့်ကြ၊ ငါ လုပ်စရာလေး ရှိသေးလို့"

ဖူဟန် မတ်တတ်ရပ်ကာ ကုတ်အင်္ကျီကိုဆွဲယူပြီး အပြင်ထွက်ရန်ပြင်ရင်း သားဖြစ်သူအား ခပ်ပေါ့ပေါ့ပင် မှာကြားသွားသည်။

ချင်ချင် ဆေးရုံတက်နေစဉ်အတွင်း သူတို့မိသားစုမှာ ဤသို့ပင် အလှည့်ကျစောင့်ရှောက်ခဲ့ကြသည်။ အားသည့်သူမှ လာစောင့်ပေးပြီး အလုပ်များသူမှာ မိမိအလုပ်အား သွားလုပ်ကြခြင်း ဖြစ်သည်။ အမှန်တကယ်တော့ ငွေရှိလျှင် ထိုကိစ္စအား အလွယ်တကူဖြေရှင်းနိုင်သော်လည်း သူတို့ကိုယ်တိုင်ပင် ပြုစုလိုကြခြင်းပင်။

စစချင်း ကျွမ်းကျင်သူနာပြု (၂) ဦး ငှားခဲ့ဖူးသော်လည်း ချင်ချင်မှာ သူစိမ်းများ အနားလာလျှင် အလွန်ငြင်းဆန်တတ်သည်။

ထို့အပြင် ထိုသူနာပြုနှစ်ဦးမှာ ချင်ချင်၏ ကလေးဆန်သော အမူအရာများကို ကြည့်ပြီး "ဦးနှောက်မဖွံ့ဖြိုးတဲ့သူ" ဟု ကွယ်ရာတွင် အတင်းပြောနေသည်ကို ကူးလန် ကြားသွားသည့်အခါ၊ သူ အကြီးအကျယ်ဒေါသထွက်ကာ သူတို့အား ချက်ချင်းအလုပ်ထုတ်ပစ်ခဲ့ပြီး နောက်ထပ် ဘယ်သူ့ကိုမှ မငှားတော့ဘဲ သူတို့ကိုယ်တိုင်သာပြုစုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ လူတိုင်းအလှည့်ကျစနစ်ကို စနစ်တကျ လိုက်နာခဲ့ကြသော်လည်း ညဘက်အိပ်စောင့်သည့် အလုပ်ကိုမူ ဖူဟန်ကသာ အမြဲတာဝန်ယူလေ့ရှိသည်။

အမျိုးသမီးငယ်လေးများအတွက် ညဘက်စောင့်ရန်မှာ မသင့်တော်သည့်အပြင်၊ တခါတရံ ချင်ချင်အား လှည့်ပေးရန် သို့မဟုတ် မရန်လိုအပ်သည့် အခါ အန်းရန်နှင့် ယိယိတို့မှာ ခွန်အားမလုံလောက်ကြပေ။

ယနေ့ညတွင်တော့ ဖူစစ်ချန်နှင့် အန်းရန်တို့ ချင်ချင်အား အဖော်ပြုပေးထားမည်ဖြစ်ပြီး၊ ည ၁၀ နာရီ သို့မဟုတ် ၁၁ နာရီခန့်တွင် ဖူဟန် ပြန်ရောက်လာမှသာ သူတို့ ပြန်ကြမည်ဖြစ်သည်။

ညစာစားချိန်တွင် သူတို့သုံးဦးသာ ကျန်ရစ်ခဲ့သည်။ ချင်ချင်မှာ ကလေးလေးတစ်ဦးကဲ့သို့ မဂျီကျဘဲ ဆေးရုံကုတင်ပေါ်တွင် လိမ္မာစွာ ထိုင်နေပြီး ဖူစစ်ချန် အစားအသောက်များ ပြင်ပေးသည်ကို စောင့်ဆိုင်းနေသည်။

သူမ၏ အရသာခံမှုကို အလေးထားသောအားဖြင့် အန်းရန် သူမ ဝေစုထဲသို့ နို့နှင့် ကာရီအနှစ်များ ပိုထည့်ပေးထားရာ၊ ပိုပစ်ပစ်နှစ်နှစ်ရှိပြီး နို့နံ့သင်းသင်းလေး မွှေးနေသဖြင့် ကလေးငယ်တို့ အကြိုက်ပင်။

ချင်ချင်မှာ အခြားသူ ခွံ့ပေးစရာမလိုဘဲ ဇွန်းကို ကိုင်ကာ အားရပါးရ စားသောက်နေတော့သည်။

"ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားပါဘူး"

ဖူစစ်ချန် ပြောရင်းဆိုရင်းပင် ချင်ချင့်နှုတ်ခမ်းဘေးမှ ကာရီအနှစ်များကို မြင်သွားသဖြင့် တစ်ရှူးကိုယူကာ အသာအယာ သုတ်ပေးလိုက်သည်။

ပထမပိုင်းတွင်တော့ မိခင်ဖြစ်သူ၏ အရင်ကတင်းမာပြတ်သားသည့် ပုံရိပ်ကြောင့် သူ အနည်းငယ် အနေရခက်ပြီး ကြောက်ရွံ့စိတ် ရှိနေခဲ့သေးသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူကြီးရုပ်နှင့် ကလေးလို ဆိုးနွဲ့နေသည့် ချင်ချင်အမူအရာမျိုးစုံအား နေ့တိုင်း မြင်တွေ့နေရသည့် အခါတွင်တော့ သူမ၏အရင်က အရှိန်အဝါတို့မှာ တစ်စစပျောက်ကွယ်သွားခဲ့ရလေပြီ။

ယခုအခါတွင်မူ ဖူစစ်ချန်မှာ သူမ၏အရွယ်ရောက်ပြီးသူ ရုပ်သွင်ကို လျစ်လျူရှုကာ၊ သူမအား အရင်ကဲ့သို့ပင် ကလေးငယ်လေးတစ်ဦးအလား သဘောထား ဆက်ဆံနိုင်နေပြီဖြစ်သည်။

ခြားနားချက်မှာ ထိုကလေးငယ်လေးမှာ ယခုတော့ အနည်းငယ်ထွားလာခြင်းပင်။

"ဖျော်ရည်လေး သောက်ဦးမလား?"

အန်းရန် မလာခင်ကတည်းက စက်အသေးလေးဖြင့် ချင်ချင်အတွက် သစ်သီးစုံဖျော်ရည်တစ်ခွက် ဖျော်ပေးခဲ့သည်။ ချိုချိုချဉ်ချဉ် အရသာရှိလှ သည့်အပြင် အာဟာရလည်း အလွန်ပြည့်ဝလှသည်။

"သောက်မယ်!"

ချင်ချင်မှာ စားလက်စထမင်းကို ချက်ချင်းပစ်ပယ်ကာ ဖျော်ရည်ဘက်သို့ အာရုံပြောင်းသွားတော့သည်။ အန်းရန် ထမင်းဘူးကို တစ်ချက်ကြည့် လိုက်ရာ အနည်းငယ်သာ ကျန်တော့သည်ကိုတွေ့ရသဖြင့် ဖျော်ရည်ခွက်အား ချင်ချင်လက်ထဲသို့ ထည့်ပေးလိုက်သည်။

ချင်ချင် ဖျော်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားရပါးရ သောက်နေတော့သည်။ သူမ လက်သည်းများမှာ အတော်လေးရှည်နေသည်ကို သတိပြုမိသွားသဖြင့် အန်းရန် သူမ အိတ်ထဲမှလက်သည်းညှပ်ထုတ်ကာ ချင်ချင်လက်သည်းများကို ညှပ်ပေးနေလိုက်သည်။

အမြဲတမ်း ပြုစုစောင့်ရှောက်ခံနေရသည့် အကျင့်ရှိသည့်အတိုင်း ချင်ချင်မှာ ငြိမ်ငြိမ်လေး နေပေးရှာသည်။ အန်းရန် ခိုင်းသည့်အတိုင်း လက်ကလေးကို ဆန့်ပေးလိုက်၊ လက်ချောင်းလေးများကို ပြောင်းပေးလိုက်နှင့် အလွန်လိမ္မာလှသည်။ လက်သည်းများ ညှပ်ပြီးသွားသည့် အချိန်တွင်တော့ လက်ထဲမှ ဖျော်ရည်ခွက်မှာလည်း အောက်ခြေတွင်ဘာမှမကျန်တော့ချေ။

"ကျွန်မ ထမင်းဘူးနဲ့ ခွက်တွေကို သွားဆေးလိုက်ဦးမယ်၊ ရှင်က အန်တီချင်နဲ့ ဒီမှာ အဖော်လုပ်ပေးလိုက်ဦးနော်"

အန်းရန် ပစ္စည်းများသိမ်းဆည်းကာ အပြင်သို့ ထွက်သွားသည်။ ဖူစစ်ချန်မှာမူ ချင်ချင်နှင့် ကစားရန် လူနာဆောင်ထဲတွင် ကျန်ရစ်ခဲ့သည်။

"ချင်ချင် ဘာကစားချင်လဲ? တီဗွီပဲ ဆက်ကြည့်ကြမလား"

လူနာဆောင်ထဲတွင် ကစားစရာသိပ်မရှိသဖြင့် ချင်ချင်နှင့် ကစားနိုင်မည့် ဂိမ်းများမှာ ကန့်သတ်ချက် ရှိနေသည်။

"မကြည့်တော့ဘူး"

စိတ်ပြောင်းလွယ်သော မိန်းကလေးငယ်လေးမှာ ကာတွန်းကားကို စိတ်မဝင်စားတော့ဘဲ "လန်လန်နဲ့ သွားကစားချင်တယ်" ဟု ဆိုလာသည်။

"လန်လန်ဆိုတာ ဘယ်သူလဲဟင်" လမ်းမှာတွေ့ခဲ့တဲ့ ကလေးမလေးလား? ဖူစစ်ချန်မှာ ချင်ချင်ပြောသော 'လန်လန်' မှာ ဟန်ဝေလန်အား ဆိုလိုခြင်းဖြစ်မှန်း မသိရှာပေ။

"လန်လန်ဆိုတာ ဘေးခန်းက ကလေးမလေးလေ၊ သူမက အသားတွေနီရဲနေလို့ သိပ်မလှပေမဲ့ ချင်ချင်ကတော့ သူမကို သိပ်ချစ်တာပဲ"

ချင်ချင် ဖူစစ်ချန်အား အလေးအနက် ရှင်းပြနေရှာသည်။

"..."

ဖူစစ်ချန်မှာ ဘာကိုဆိုလိုမှန်း နားမလည်နိုင်သေးချေ။

ဘေးခန်းမှာ လန်လန်ဆိုတဲ့ အိမ်နီးချင်းရှိလို့လား? အသားတွေ နီရဲနေတယ်ဆိုတော့ သူ့ မိဘတွေက သူမကို စာအိတ်အနီလေးလို ဝတ်ပေးထားလို့လား? ဒီလို 'မင်္ဂလာရှိတဲ့' အလှအပအမြင်ကတော့ နေရာတိုင်းမှာရှိနေတာပဲ။

လန်လန်ဆိုသည်မှာ ဘယ်သူမှန်း မသိသေးသဖြင့် သူ ချင်ချင်အာရုံကို ပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်။

"လန်လန်က အခုလောက်ဆိုအိပ်နေလောက်ပြီ၊ ခဏနေမှ သွားရှာကြရအောင်နော်၊ အခုတော့ တခြားဂိမ်းတစ်ခုကစားရအောင်"

ကလေးဆိုသည်မှာ မေ့လွယ်တတ်ကြသည် မဟုတ်လား? အာရုံတစ်ခု ပြောင်းပေးလိုက်ရုံဖြင့် အရာအားလုံး ချက်ချင်းမေ့သွားတတ်ကြသည်။ သူဆိုလျှင် 'ဟုန်ဟုန်' ဆိုတာ ဘယ်သူမှန်းတောင် မသိတာ၊ 'လန်လန်' ဆိုတာကိုတော့ ပိုလို့တောင်ဝေးသေးသည်။

"ဘာကစားမှာလဲ"

ထင်ထားသည့်အတိုင်းပင် ချင်ချင်အာရုံမှာ ချက်ချင်း ပြောင်းသွားတော့သည်။

"ကစားမှာကတော့..."

ဖူစစ်ချန် ခဏမျှ စဉ်းစားပြီးနောက် သူ့ဖုန်းအား ထုတ်လိုက်သည်။

"ရုပ်သေးရုပ်လေးတွေကို အင်္ကျီဝတ်ပေးတဲ့ ဂိမ်းကစားကြမယ်၊ တော်တော်ပျော်ဖို့ကောင်းတယ်နော်"

"ဝါး... လှလိုက်တာ!"

ဖူစစ်ချန် ဖုန်းအား ယူလိုက်ချိန်တွင် ချင်ချင်မှာ ရုပ်သေးရုပ်လေးများ အလှဆင်ရသည့် အလုပ်ထဲတွင် လုံးလုံးလျားလျား စိတ်ပါဝင်စားသွားတော့သည်။

ဖူစစ်ချန်လည်း ဘေးကနေပြီး ဘယ်လို အဆင်တန်ဆာလေးတွေ ရွေးရမလဲဆိုတာကို အကြံပေးနေလိုက်သည်။ သူတို့နှစ်ဦး ပျော်ရွှင်နေကြသည် မှာ ဘေးကနေ ဝင်နှောင့်ယှက်ရန်ပင် အားနာစရာကောင်းလှသည်။

"မဝင်တော့ဘူးလားဟင်"

အမျိုးသမီးတစ်ဦး၏အနောက်ဘက်တွင် ရပ်နေသော အန်းရန် စကားစလိုက်သည်။

ထိုအသံအား ကြားသည့်အခါ အမျိုးသမီးမှာ အနည်းငယ်တုန်လှုပ်သွားပြီးမှလှည့်ကြည့်ကာ အန်းရန်ကို အားနာတကြီး ပြုံးပြလိုက်သည်။

"ထားလိုက်ပါတော့ကွယ်၊ သူ ကျွန်မကို မြင်ချင်မှာ မဟုတ်ပါဘူး"

"မဒမ်က ဝင်တောင် မကြည့်ဘဲနဲ့ သူမက မတွေ့ချင်ဘူးလို့ ဘယ်လိုလုပ်သိနိုင်မှာလဲ"

အန်းရန် ထိုအမျိုးသမီး၏ရှောင်ဖယ်နေသော သဘောထားကို သဘောမတူပေ။

"ကျွန်မကိုယ်တိုင်က သူ့ကို တွေ့ဖို့ကြောက်နေတာပါ"

သူမ စိတ်မသက်မသာဖြင့် ခေါင်းငုံ့လိုက်ရင်း အိတ်အချို့ကို အန်းရန်ထံကမ်းပေးလိုက်သည်။

"ဒါတွေက... သူမအတွက် လက်ဆောင်တွေပါ၊ ကျွန်မ ကိုယ်စား အထဲကို ယူသွားပေးလို့ ရမလားဟင်"

"ကောင်းပါပြီ"

အန်းရန် လက်ဆောင်အိတ်များကို လှမ်းယူလိုက်သည်။

ဤသည်မှာ လူကြီးများ၏ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်သည်။ သူမအနေနှင့် အကြံပေးကြည့်သော်လည်း ထိုသူ လက်မခံသဖြင့် အများကြီးတော့ ဝင်မစွက်ဖက်လိုတော့ပေ။ တတ်နိုင်သည့်ဘက်မှသာ ကူညီပေးရုံရှိတော့သည်။

"ဧည့်သည်လာတာလား"

အန်းရန် အိတ်အကြီးကြီးများ သယ်လာသည်ကို မြင်သဖြင့် ဖူစစ်ချန် သူမ အနောက်အား အမှတ်မထင် လှမ်းကြည့်လိုက်သည်။

ဘာမှမရှိ၊ ဘယ်သူမှလည်း မပါလာချေ။

"ဒါတွေက အောက်ထပ်ဆင်းပြီး သွားဝယ်လာတာတော့ မဟုတ်ပါဘူးနော်"

သူ ပိုက်ဆံအတွက် နှမြောနေခြင်းမဟုတ်ဘဲ အန်းရန် ဘယ်အချိန်မှာ ဒီလောက်အထိ လျှောက်သွားဖို့ အချိန်ရသွားသလဲဟု တွေးမိခြင်းသာ ဖြစ်သည်။

"မဟုတ်ပါဘူး၊ ဒါတွေက အန်တီဟန်က အန်တီချင့်အတွက်ပေးခိုင်းလိုက်တဲ့ လက်ဆောင်တွေပါ၊ အန်တီချင့်အတွက် သီးသန့်ပေးတာလို့ ပြောပါတယ်"

အန်းရန် ထပ်ပြီးအထင်မမှားရလေအောင် အမှန်အတိုင်း ရှင်းပြလိုက်သည်။

"အန်တီဟန်က ဘယ်သူလဲ"

ဖူစစ်ချန်မှာတော့ လုံးလုံးကြီး ဇဝေဇဝါ ဖြစ်သွားတော့သည်။

ဒီနေ့ ဘာဖြစ်လို့ လူတိုင်းက သူ့ကို လျှို့ဝှက်ချက်တွေနဲ့ပဲ ဆက်ဆံနေကြတာလဲ?

"ဟန်ဝေလန်လေ၊ ရှင် မသိဘူးလား၊ သူမနဲ့အန်တီချင်က အရင်က အိမ်နီးချင်းတွေလေ၊ အတူတူ ကြီးပြင်းလာကြတာဆိုတော့ တော်တော်လေး ရင်းနှီးကြတာပေါ့"

သူမ ပစ္စည်းများကို နေရာတကျသိမ်းဆည်းရင်း ပြန်ဖြေလိုက်လေတော့သည်။

ဟန်ဝေ့လန် ဝယ်လာသည့် ပစ္စည်းများမှာ အတော်လေးများပြားလှသည်။ တန်ဖိုးကြီး အာဟာရဖြည့်စွက်စာများမှသည် အသားအရေထိန်းသိမ်း မှုနှင့် အလှကုန်ပစ္စည်းများကဲ့သို့သော လက်ဆောင်ပစ္စည်းများအပြင်၊ အဖိုးတန် ကျောက်စိမ်းလက်ကောက်တစ်စုံပင် ပါဝင်နေသေးသည်။

"ဒါက..."

အန်းရန် လက်ကောက်များကို ဖူစစ်ချန်အား အနေရခက်စွာ ပြသလိုက်ရင်း "အန်တီချင့်ကိုယ်စား ဒါတွေကို ကျွန်မ လက်မခံသင့်ဘူး ထင်တယ်နော်"

ပစ္စည်းများမှာ တန်ဖိုးကြီးလွန်းလှရာ သူမအနေနှင့် ကိုင်တွယ်ရသည်မှာ စိတ်မသက်မသာ ဖြစ်ရုံသာမက၊ အန်တီချင်ကိုယ်တိုင်လည်း ဤမျှ တန်ဖိုးရှိသောအရာကို အလွယ်တကူ လက်ခံမည်မဟုတ်သည်မှာ သေချာလှသည်။

ဖူစစ်ချန် လက်ကောက်များကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ရပါတယ်၊ ကိုယ် ပါးကို ပြောပြထားလိုက်မယ်၊ ပါးကပဲ တစ်ခုခု ပြန်ပေးလိုက်လိမ့်မယ်"

လူကြီးချင်းကိစ္စအား လူကြီးများသာ ကိုင်တွယ်ဖြေရှင်းပါစေ၊ လူငယ်များအနေနှင့် ဘာမှဝင်မရှုပ်ဘဲ ငြိမ်ငြိမ်လေးနေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

"ဒါဆို ရှင်ပဲ ဒါတွေကို ကိုင်ထားလိုက်တော့"

ထိုကဲ့သို့ အဖိုးတန်ပစ္စည်းများအား ဆေးရုံတွင်ထားရန် မသင့်တော်သလို၊ အန်းရန်ကလည်း ချင်ချင်အတွက် သိမ်းထားပေးရန် မဖြစ်နိုင်ပေ။ ဖူစစ်ချန်ကို အပ်နှံလိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်တော့သည်။

"ကောင်းပါပြီ"

ဖူစစ်ချန် ကျောက်စိမ်းလက်ကောက်ဘူးကို ယူလိုက်ပြီးနောက် ချင်ချင်ဘက်သို့လှည့်ကာ သတိပေးလိုက်သည်။

"ကဲ... ဒီနေ့အတွက် တော်ပြီနော်၊ ကလေးတွေက ဖုန်းကိုအကြာကြီးကြည့်ရင် မျက်စိကွယ်သွားတတ်တယ်"

"မဟုတ်ဘူး... ချင်ချင်က အခု လူကြီးဖြစ်နေပြီ"

ချင်ချင် ဖုန်းအား လှမ်းယူရန် ပြင်နေသော ဖူစစ်ချန် လက်ကြီးကို ရှောင်တိမ်းလိုက်ပြီး၊ သူမ၏ ရုပ်သေးရုပ်လေး အလှဆင်သည့် အလုပ်ထဲ၌သာ ဆက်လက် နစ်မျောနေတော့သည်။

"ဘာ 'လူကြီး' လဲ၊ လေးနှစ်အရွယ်လေးကို"

ဖူစစ်ချန် နှာခေါင်းတစ်ချက်ရှုံ့ကာ ချင်ချင် ငြင်းဆန်ချိန်ပင်မပေးဘဲ လက်ထဲမှ ဖုန်းအားဆွဲယူလိုက်သည်။

"လိမ္မာပါတယ်... မနက်ဖြန်မှ ထပ်ကစားနော်"

သူမ ငိုမည်စိုးသဖြင့် ဝတ္တရားအရ ချော့မော့လိုက်သေးသည်။

ထိုစကားကို မကျေနပ်သော ချင်ချင်မှာ လက်ချောင်းငါးချောင်း ထောင်ပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"ချင်ချင်က ငါးနှစ်ရှိပြီ! လူကြီးဖြစ်နေပြီလို့!"

"ငါးနှစ်ဆိုတာလည်း ကလေးပဲရှိပါသေးတယ်..."

ဖူစစ်ချန်၏ပေါ့ပေါ့ပါးပါး ပြုံးနေသော မျက်နှာမှာ ရုတ်တရက် အေးခဲသွားတော့သည်။ သူ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ ချင်ချင်အား မယုံနိုင်သလို စိုက်ကြည့်ရင်း မေးလိုက်မိသည်။

"အခု ဘာပြောလိုက်တာလဲ"

"ဘာဖြစ်လို့လဲ"

ချင်ချင် ခေါင်းလေးကို စောင်းကာ ဖူစစ်ချန် ဘာကို မေးနေသည်မှန်း နားမလည်ရှာပေ။

"ချင်ချင် အခု ဘယ်နှစ်နှစ်လို့ ပြောလိုက်တာလဲ"

အန်းရန်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်မိသည်။

"ငါးနှစ်"

ချင်ချင် လက်ဟန်ဖြင့် ထပ်မံ ပြသလိုက်ပြန်သည်။ လူကြီးနှစ်ယောက်မှာ ဤမျှ ရိုးရှင်းသော ကိန်းဂဏန်းကိုပင် နားမလည်ကြသဖြင့် အတော်ပင် တုံးသည်ဟု သူမ ထင်သွားပုံရသည်။

သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြရာ ဖူစစ်ချန်လက်များမှာ အနည်းငယ် တုန်ယင်နေသည်။ သူ ရုတ်တရက် လှည့်ထွက်သွားပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။

"ဆရာ... ဆရာရေ..."

"ချင်ချင်... ရပါတယ်၊ စစ်ချန်လေးက စိတ်လှုပ်ရှားလွန်းသွားလို့ပါ"

အန်းရန်မှာမူ ဖူစစ်ချန်လောက် မထိတ်လန့်သွားပေ။ ဖူစစ်ချန်၏ ရုတ်တရက် အော်ဟစ်လိုက်မှုကြောင့် ချင်ချင် အနည်းငယ် လန့်သွားသည်ကို သတိပြုမိသဖြင့် သူမ အမြန်သွားကာ ချော့မော့လိုက်သည်။

ချင်ချင့် သွယ်လျသော လက်ကလေးမှာ အန်းရန် လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်နေရှာ သည်။ သူမအနေနှင့် တစ်ခုခု မှားယွင်းစွာလုပ်မိလိုက်သလို ခံစားနေရသော်လည်း၊ အမှန်တကယ်တွင် ဘာမှ မမှားခဲ့မှန်းလည်း သူမ သိနေပြန်သည်။

မကြာခင်မှာပင် ဖူစစ်ချန် ဆရာဝန်မုန့်ကျယ်အား ခေါ်ဆောင်လာခဲ့သည်။ မုန့်ကျယ် စိတ်ရှည်လက်ရှည်ဖြင့် ချင်ချင်အား အပေါ်ယံ စစ်ဆေးမှု ပြုလုပ်ကာ မေးခွန်းအချို့ သေသေချာချာမေးမြန်းလိုက်သည်။ ထို့နောက်တွင်တော့ တစ်စုံတစ်ရာ ကောက်ချက်ချလိုက်ပြီး ဖူစစ်ချန်နှင့် အန်းရန်တို့အား အပြင်သို့ခေါ်ထုတ်လာခဲ့သည်။

သူတို့နှစ်ဦးမှာ မုန့်ကျယ် ရှေ့တွင် ခေါင်းကလေးများငုံ့ကာ ပခုံးကလေးများ တွန့်ထားကြရင်း ကျောင်းအုပ်ဆရာကြီးနှင့် တွေ့နေရသည့် ကျောင်းသားလေးများအလား အနေရခက်စွာရပ်နေကြသည်။

"လူနာရဲ့ အခြေအနေကတိုးတက်လာနေပါပြီ"

ထိုပထမဆုံး စကားတစ်ခွန်းမှာ လူငယ်နှစ်ဦးရင်ထဲမှ အပူများကို ချက်ချင်းငြိမ်းအေးသွားစေသော်လည်း၊ နောက်ထပ် ထွက်ပေါ်လာသည့် စကားတစ်ခွန်းမှာတော့ သူတို့အား အကြီးအကျယ်ထိတ်လန့်သွားစေခဲ့သည်။

All Chapters