အခန်း (၃၇၆-၃၈၀)
Vol. 26 Ch. 376-380
အခန်း(၃၇၆)ခရမ်းရောင်မျက်လုံးသားရဲဘုရင်။
တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသောနေရာတစ်ခုတွင် အလွန်ဆိတ်ငြိမ်သော ချိုင့်ဝှမ်းတစ်ခုရှိပြီး တိမ်တိုက်များအတွင်းမိုးထိုးနေကာ ကြီးမားသော တောင်ထွတ် များကဝန်းရံထားသည်။
သို့သော် ယခုအချိန်တွင် ဤချိုင့်ဝှမ်းကြီးသည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိလှပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာတွင် ရပ်နေမည်ဆိုလျှင် သေချာပေါက်ထိတ်လန့်သွားလိမ့်မည်။
ဧရာမ ဆိတ်သုဉ်းခြင်းသားရဲကြီး ရှစ်ကောင်လုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေကြသည်။ ၎င်းတို့သည် ခြင်္သေ့ဦးခေါင်းများနှင့် ကျားခန္ဓာကိုယ်ကြီးများ၊ မီးတောက် ကဲ့သို့နီသောကျားကြီးများ၊ တကိုယ်လုံးရွှေဖြင့်သွန်းလောင်းထားသော ရွှေစပါးအုံး မြွေကြီးများလည်း ရှိနေကြသည်။ သေချာသည်မှာ ၎င်းတို့ထဲတွင် ဧရာမရွှေတောင်ပံ ဂဠုန်ငှက်ကြီးလည်းပါဝင်ပါသည်။
ဤဆိတ်သုဉ်းခြင်း သားရဲကြီးရှစ်ကောင်လုံးသည် ခေါင်းငုံ့ထားပြီး ချိုင့်အလယ်မှာ ရှိသည့် ရေကန်ကိုဝိုင်းရံထားကြကာ အသံတစ်ချက်မျှ မထွက်ရဲပေ။
အလွန်တရာမှ နတ်ဆိုးဆန်သည့် လူသားတစ်ဦးသည် ရေကန်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏မျက်လုံးများကို တင်းတင်းစေ့ထားပြီး အနက်ရောင်၀တ်စုံကို ၀တ်ထားသည်။ သူသည် သွယ်လျပြီး သန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အနှိုင်းမဲ့ တန်ခိုးကြီးသည့် ခန့်နားထည်ဝါသည့် ဂုဏ်သိက္ခာကို ထုတ်လွှတ်ထားသည်။
နတ်ဆိုးလူသားသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ခန္ဓာအောက်ရှိ ရေကန်သည် ချက်ခြင်း လှိုင်းထလာပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ပြင်းထန်သော လေပြင်းများက နတ်ဆိုးလူသားကို ဗဟိုပြု၍ တိုက်ခတ်သွားသည်။
နတ်ဆိုးလူသားသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏မျက်လုံးများသည် ခရမ်းရောင်ဖြစ်နေပြီး သူ၏နတ်ဆိုးမျက်နှာကို ဖော်မပြနိုင်သော ထူးဆန်းမှုတစ်ခု အဖြစ် ထပ်ပြီးပေါင်းထည့်ထားသည်။
"ရွှေတောင်ပံဂဠုန်ငှက်ကြီး၊ မင်းတွေ့ခဲ့တဲ့ အကြောင်းတွေ ပြောပြစမ်းပါဦး။ မင်းအဲဒီအချိန် ကင်းလှည့်တုန်းက ဘာတွေ ကြုံခဲ့ရတာလဲ" နတ်ဆိုးလူသားသည် စကားပြောလိုက်သော်လည်း သူပြောသော စကားများသည် လူသားဘာသာစကား မဟုတ်ဘဲ သားရဲဘာသာစကား ဖြစ်နေသည်။
"ဟုတ်ကဲ့ပါ၊ လေးစားရတဲ့ ဧကရာဇ်မင်းမြတ်!" ရွှေတောင်ပံဂဠုန်ငှက်ကြီးက တုန့်ပြန့် လာပြီး အလောတကြီး ပြောပြသည် " ဒီတခေါက် လူသားလူငယ်လေး တစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ပါတယ်။ သူက အရမ်းသန်မာပြီး လျှပ်စီးကို အသုံးပြုရာမှာ အရမ်းကို ကျွမ်းကျင်ပါတယ်။ နောက်ပြီး သူ့ရဲ့လျှပ်စီးကြောင်းက နည်းနည်းထူးဆန်းပုံရတယ်။ အနက်ရောင် ဖြစ်နေပါတယ်"။
"အနက်ရောင်လျှပ်စီးကြောင်းလား?" နတ်ဆိုးလူသားက အံ့အားသင့်စွာ မေးလိုက်ရာ သူ၏မျက်နှာပေါ်တွင် တွေးတောနေဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဟုတ်ပါတယ်၊ အနက်ရောင်လျှပ်စီးပါပဲ။ အပေါ်ယံမြင်ရသလောက်ဆို၊ သူ့ရဲ့ ကျင့်ကြံမှုအခြေခံက သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာ မှာပဲ ရှိသေးပေမယ့်၊ သူ့ရဲ့ အစွမ်းက ကျွန်တော်နဲ့ ယှဉ်နိုင်လုနီးပါးပါပဲ။ မှန်ပါတယ်၊ သူ့မှာ လေးတစ်စင်းလည်း ရှိပါသေးတယ်။ အနက်ရောင်လျှပ်စီးကြောင်းကို မြှားတစ်စင်း အဖြစ် အသုံးပြုပြီး ပစ်ခတ်တာပါ။ တကယ်လို့ ဧကရာဇ်မင်းမြတ်ကို ကျွန်တော့်ကို မကယ်တင်ရင် အဲဒီမြှားချက်အောက်မှာ သေသွားမှာကိုတောင် ကျွန်တော် ကြောက်မိပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်က သတိလက်လွတ် ပေါ့လျော့မိတာပါ။ နောက်တကြိမ်ဆို ကျွန်တော် သူ့ကို အရှင်လတ်လတ် ကိုက်ဖြတ်ပစ်မှာ သေချာပါတယ်” ရွှေတောင်ပံဂဠုန်ငှက်ကြီးက ဒေါသတကြီး ပြောလိုက်သည်။
"ဟမ့်၊ ရွှေတောင်ပံဂဠုန်ငှက်ကြီး ၊ မင်းက တော်တော့်ကို အသုံးမကျပါလား။ မင်းက ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် လူသားတစ်ယောက်နဲ့တောင် ရင်မဆိုင်နိုင်ဘူးလား။ မင်းတို့ဂဠုန်ငှက်တွေရဲ့ခုခံနိုင်စွမ်းက ပြိုင်ဘက်ကင်းလို့ ကြွေးကြော်ထားတာ မင်းနဲ့ကျမှ သုံးစားမရ ဖြစ်တော့တယ်။" ဦးချိုအနက်ရောင်နှင့် သူ၏ခွာမှ အနက်ရောင်မီးတောက်မီးလျှံများ ထွက်ပေါ်နေသည့် ဧရာမနွားထီးကြီး တစ်ကောင်က အေးစက်စွာ အော်ပြောလိုက်သည်။
"မင်းကမှ သုံးစားမရတဲ့ နွားထီးကြီး၊ မင်းငါ့ကို မယုံရင် မင်းကိုယ်တိုင် သွားစမ်း ကြည့်လေ။ သူ့မြှားက မင်းရဲ့အရေပြားကို ထိုးဖောက်သွားလိမ့်မယ်" ရွှေတောင်ပံ ဂဠုန်ငှက်ကြီးသည် အလွန်မာနကြီးသည်။
"ချပ်။ ငါမယုံဘူးကွာ။ ငါဆိုတဲ့ အနက်ရောင်မီးလျှံ နွားထီးကလည်း သက်သတ် လွတ်သမားမဟုတ်ဘူးကွ။ အဲဒီလူသားဧကရာဇ်မင်းမြတ်ရောက်လာရင်တောင် ငါက ကြောက်နေမှာ မဟုတ်ဘူး။ တကယ်လို့ အဲဒီလူသားကိုသာ ငါ့တွေ့ခဲ့ရင် သူ ပြန်လမ်းမရှိစေရဘူးလို့ ငါအာမခံတယ်ကွာ။" အနက်ရောင်မီးလျှံနွားထီးကြီးက မကျေနပ်သဖြင့် အော်ပြောလိုက်သည်။
"ဟမ့် ၊ ကြွားဝါတာကိုမသိတဲ့လူ ဘယ်သူရှိမှာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ဘယ်သူ ရှုံးသွားလဲလို့ ငါ တွေးမိတယ်။" ရွှေတောင်ပံဂဠုန်ငှက်ကြီးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
"မင်းက မင်းရဲ့အတောင်ပံတွေကို သုံးပြီး ကောင်းကင်ပေါ်မှာ ပျံသန်းနေခဲ့တယ်။ တကယ်လို့ မင်းသာ မြေကြီးပေါ်မှာရှိနေရင် မင်းကို အရှင်လတ်လတ် ခွဲထုတ်ပစ်မယ်လို့ ငါကတိပေးတယ်ကွာ။" အနက်ရောင်မီးလျှံ နွားထီးကြီးသည် ၎င်း၏နှာခေါင်းမှ အနက်ရောင် မီးလျှံနှစ်စင်းကို မှုတ်ထုတ်ရင်း ရွှေတောင်ပံဂဠုန်ငှက်ကြီးကို စိုက်ကြည့် ကာ အနည်းငယ် ဒေါသထွက်နေပုံရသည်။
"ဟမ့်၊ ဒါက ငါ့အားသာချက်နဲ့ ငါပျံသန်းနိုင်တာလေ၊ မင်းမှာ စွမ်းရည်ရှိရင် မင်းလည်း ပျံသန်းနိုင်တာပဲ။" ရွှေတောင်ပံဂဠုန်ငှက်ကြီးက ဒေါသတကြီးဖြစ်ကာ ပြန်ပြီး စိုက်ကြည့်နေသည်။ ဤသတ္တဝါကြီးနှစ်ကောင်သည် နောက်တစ်ကြိမ် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေကြသည်။
အခြားသားရဲအပေါင်းသည် ပြပွဲကြည့်ရန် ခေါင်းငုံ့ထားကြသော်လည်း သူတို့ကို မြှောက်မပေးဝံ့ကြပေ။ နောက်ဆုံးတွင်၊ ရွှေတောင်ပံဂဠုန်ငှက်ကြီး နှင့် အနက်ရောင် မီးလျှံနွားထီးကြီးတို့သည် သားရဲဘုရင်ဧကရာဇ်မင်းမြတ်၏ လက်အောက်တွင် သြဇာ အရှိဆုံး လက်ထောက် နှစ်ဦးဖြစ်လေသည်။ တစ်ကောင်က လေထဲတွင် ပြိုင်ဘက် ကင်းဖြစ်ပြီး နောက်တစ်ကောင်ကတော့ ကုန်းမြေပေါ်တွင် ပြိုင်ဘက်ကင်း ဖြစ်ပေ သည်။
"တော်လောက်ပြီ!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် အနက်ရောင်မီးလျှံနွားထီးတို့သည် ပြင်းပြင်ထန်ထန် တိုက်ခိုက်ပြီး ပေါက်ကွဲကြတော့မည့် အခိုက်တွင် နောက်ဆုံးမှာတော့ နတ်ဆိုး လူသား က ဒေါသတကြီး အော်ဟစ်လိုက်သည်။
အော်ဟစ်သံက အကျယ်ကြီး မဟုတ်သော်လည်း အလွန်ကြောက်စရာကောင်းသည်။ ဧကရာဇ်မင်းမြတ်၏ ဒေါသအသံကိုကြားသည့်အခါ မျက်လုံးနီရောင်သမ်းနေသည့် ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် အနက်ရောင်မီးလျှံနွားထီးတို့သည် သူတို့ဒေါသများ လုံးဝ ပျောက်ကွယ်သွားကာ နာခံစွာဖြင့် ခေါင်းငုံ့လိုက်ကြသည်။
"ဟမ့် ၊ အချင်းချင်း ရန်ဖြစ်ခွင့်မရှိဘူးလို့ အရင်က ငါ ဘယ်နှစ်ခါပြောပြီးပြီလဲ၊ ငါတို့ သားရဲတွေက စည်းလုံးရမယ်၊ ဒါမှသာ ဒီမုန်းစရာကောင်းတဲ့ လူသားတွေကို တိုက်ထုတ်နိုင်မှာ။" နတ်ဆိုးလူသားက အေးစက်စွာ အော်ပြောလိုက်သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် အနက်ရောင်မီးလျှံ နွားထီးကြီးတို့လည်း ခေါင်းငုံ့နေကြ သည်။ နတ်ဆိုးလူသား၏ ပြစ်တင်ရှုတ်ချသံကို ကြားသော်လည်း သူတို့အနေဖြင့် ဘာမှ ပြန်မပြောဝံ့ပေ။
"တကယ်လို့ ငါတို့သားရဲတွေသာ တတ်နိုင်သမျှ စည်းလုံးညီညွတ်နေပါက၊ ငါတို့ဟာ အဲဒီလူသားများထက် အဆပေါင်းများစွာ အားကောင်းနေပေလိမ့်မည်။ ဒီကျဉ်းမြောင်း လှတဲ့ တောင်တန်းလေးထဲမှာပဲ ငါတို့နေထိုင်ဖို့အလှည့် ဘယ်အချိန် ကတည်းက ကျရောက်သွားခဲ့တာလဲ.။ ငါတို့ဟာ ဘယ်အချိန်ကစပြီး အဲဒီလူသားတွေရဲ့ လေ့ကျင့်ရေးနဲ့ သတ်ဖြတ်ခြင်းပစ်မှတ်တွေ ဖြစ်လာရတာလဲ။" နတ်ဆိုးလူသားက ထပ်ပြောလိုက်သည်၊ သူ၏ ခရမ်းရောင်သူငယ်အိမ်များသည် ခရမ်းရောင် အလင်းများ ဖြင့် တလက်လက်တောက်ပနေလေသည်။
နတ်ဆိုးလူသား၏ စကားကို ကြားသည့်အခါ သူ၏ပတ်ဝန်းကျင်ရှိ သားရဲကြီး ရှစ်ကောင်၏ မျက်လုံးများသည် ပြင်းထန်စွာ အေးစက်သွားကြသည်။
'"လူသားတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကောက်ကျစ်တဲ့ သူတွေပဲ။ သူတို့က အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောဖို့ကိုပဲ သိကြတယ်။ သူတို့က ဒီတိုက်ကြီးကို အုပ်စိုးဖို့ မထိုက်တန်ဘူး။ ငါတို့သားရဲတွေက ထကြွပုန်ကန်သင့်တယ်လို့ မင်းတို့ မထင်ဘူးလား။ ငါတို့နယ်မြေတွေကို ပြန်သိမ်းပြီး ဒီစက်ဆုပ်ဖွယ် အရှက်မရှိတဲ့လူသားတွေကို သတ်ပစ်သင့်တယ်လို့ မင်းတို့ မထင်ဘူးလား။ ?" နတ်ဆိုးလူသားက ဒေါသတကြီး ဟိန်းဟောက်လုမတတ် ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သူတို့အားလုံးကို သတ်ပစ်ရမယ်!" ဧရာမသားရဲကြီးရှစ်ကောင်သည် ဒေါသတကြီး အော်ပြောလိုက်သည်။ သူတို့၏ အော်ဟစ်သံများသည် တောင်တန်း တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူတို့၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။
ထိုအခြင်းအရာကို မြင်လျှင် နတ်ဆိုးလူသားက အေးစက်စက် ပြုံးပြလိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် " လူသားတွေက ၊ ငါ့ရဲ့ ဖြစ်တည်မှုကို အခု သတိပြုမိကြလိမ့်မယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဆယ်ရက်အတွင်းမှာ မင်းတို့ရဲ့ မြို့တွေဆီ ငါ့ရဲ့ဆိတ်သုဉ်းခြင်း သားရဲစစ်တပ်ကြီးတွေကို ခေါ်ဆောင်လာပြီး မင်းတို့ရဲ့ အင်ပါယာကြီးတစ်ခုလုံးကို နင်းချေပစ်မယ်။ အချိန်တန်ရင် တိုက်ကြီးတစ်ခုလုံးက ငါ့တို့ဆိတ်သုဉ်းခြင်းသားရဲတွေရဲ့ နယ်မြေဖြစ်လာလိမ့်မယ်။
ဤတစ်ကြိမ်မှာတော့ ထူးဆန်းသည့်နတ်ဆိုးလူသားက လူသားဘာသာ စကားဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။ ကျယ်လောင်သော ရယ်မောသံက တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
"မင်းတို့ ရှစ်ယောက်လုံး ဆယ်ရက်လောက် တိတ်တိတ်ဆိတ်ဆိတ် နေစေချင်တယ်၊ ဆယ်ရက်အတွင်း ဘယ်သူမှ ငါ့ကို နှောင့်ယှက်ဖို့ ခွင့်မပြုဘူး။ ဆယ်ရက်ကြာရင် မင်းတို့ကို ငါကိုယ်တိုင်ဦးဆောင်ပြီး တိုက်ကြီးတစ်ခုလုံးကို လှည့်လည်ကာ ငါတို့ ဆိတ်သုဉ်းခြင်း သားရဲတွေပိုင်တဲ့ အင်ပါယာတစ်ခု ထူထောင်မယ်။ " နတ်ဆိုးလူသားက ပြောသည် ။
"ဟုတ်ကဲ့ပါ။ ဧကရာဇ်မင်းမြတ်!" ဆိတ်သုဉ်းခြင်းသားရဲရှစ်ကောင်သည် တညီတညွတ် တည်း တုန့်ပြန်လိုက်ကြ၏။
ထို့နောက် ဧရာမသားရဲအကောင်ကြီး ရှစ်ကောင်သည် တစ်ကောင်ပြီးတစ်ကောင် ဆုတ်ခွာသွားကြသည်။ သို့သော် သူတို့သည် ဝေးဝေးမသွားဘဲ ချိုင့်ဝှမ်းကို စောင့်ကြပ် နေကြသည်။
ဆိတ်သုဉ်းခြင်းသားရဲများသည် လူသားများထက် ပို၍ ရိုးရှင်းပါသည်။ သူတို့သည် ခေါင်းဆောင်တင်မြှောက်ရန် ရွေးချယ်လိုက်သည်နှင့် ၎င်းတို့သည် အလွန် သစ္စာ စောင့်သိလာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် နတ်ဆိုးလူသား၏ အမိန့်ကို ခြွင်းချက်မရှိ နာခံခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်နှင့် လင်းကျန်းယွန်တို့သည် အရှေ့ဘက် ဝါးတောင်တန်းဆီသို့ အတူတူလမ်းလျှောက်လာကြသည်။ မူလက ချင်ယွင်သည် အစီအရင်အူတိုင်ကို ဦးစွာသိပ်သည်းရန် ရည်ရွယ်ခဲ့သော်လည်း ပိရှစ်သိုင်းမြို့စား၏ စိုးရိမ်သောကရောက်သည့် အမူအယာကို မြင်လိုက်ရသဖြင့် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
ရန်စီစီအတွက်မူ၊ ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ စံအိမ်ကြီးတွင် သူမကို တစ်ယောက်တည်း မထားခဲ့ဝံ့သဖြင့် ပိုဘေးကင်းလုံခြုံသည့် ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ထည့်သွင်းထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူမကို ရန်စီချီနှင့်အတူ ရှိစေချင်သည်။ ထို့မှသာ သူမတို့ နှစ်ဦးသည် အချင်းချင်း ရင်းနှီးသွားနိုင်သည်။
ဤအမျိုးသမီးနှစ်ယောက်သည်လည်း ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးသော်လည်း စကားစမြည် ပြောကြနေကြကာ အလွန်ကို အဆင်ပြေနေကြသည်။ သို့သော် သူမတို့ အများဆုံးပြောနေကြသည့် အကြောင်းအရာမှာလည်း သဘာဝအားဖြင့် ချင်ယွင် အကြောင်း ဖြစ်နေသည်။
ရန်စီချီသည်လည်း ချင်ယွင်အတိုင်းပင်။ အပြစ်ကင်းသော ဤညီမငယ်လေးကို သဘောကျနေသည်။ ရန်စီစီက သူမကို ခယ်မဟု တစ်ကြိမ်ပြီးတစ်ကြိမ် ခေါ်နေသော ကြောင့် သူမစိတ်ထဲမှာ အလွန် ပျော်ရွှင်နေတော့သည်။ ထို့ကြောင့် သူမတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပင်ပန်းငြီးငွေ့လာသည့်အခါ အရာရာတိုင်းကို မျှဝေ ပြောဆိုကြသည့် သူငယ်ချင်းကောင်းများ လျင်လျင်မြန်မြန်ဖြင့် ဖြစ်လာကြသည်။
အခန်း (၃၇၇) ဝါးတောင်တန်းစံအိမ်ပညာရှင်။
အရှေ့ဘက်ရှိသည့် ဝါးတောင်တန်းကြီးသည် ကျောက်စိမ်းရေစီရင်စု၏ အရှေ့ဘက်ကျ ဆုံးဒေသတွင် တည်ရှိပြီး အတော်လေးဝေးလံကာ ထူးဆန်းသော တောတောင်ဧရိယာ တစ်ခုကို ပိုင်ဆိုင်ထားသည်။
ဤနေရာရှိ တုန်းလင်ဝါးတောင်တန်း၏ ရှုခင်းများက အရမ်းကို ထူးခြားပါသည်။ တောင်ပေါ်မှာ စိုက်ထားသည့် အပင်အားလုံးမှာ ဝါးပင်တွေချည်းသာ ဖြစ်ပါသည်။ ထို့အပြင် ၎င်းဝါးများသည် သာမန်ဝါးအမျိုးအစား မဟုတ်ကြပေ။ အလွန် မာကြောလှ သည့် ကျောက်စိမ်းဝါးမျိုး ဖြစ်သည်။
ကျောက်စိမ်းဝါးများသည် အရှည်ပေတစ်ရာနီးပါးအထိ ကြီးထွားနိုင်သည်။ ယေဘုယျ အားဖြင့် ၎င်းဝါးများသည် ပေါင်လုံးခန့်အထူရှိပြီး ဖြောင့်စင်းကာ လင်းလက် တောက်ပ သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိနေသော ကျောက်စိမ်းတုံးကြီး နှင့်တူသည်။ အထူးသဖြင့် နေရောင်အောက်တွင် တောက်ပနေပြီး ကြည်လင်တောက်ပ လာကာ အလွန်လှပနေမည် ဖြစ်သည်။
တုန်းလင်ဝါးတောင်တန်းသည် တစ်နှစ်ပတ်လုံး မြူခိုးများနှင့်အတူ အုံ့ဆိုင်းနေပြီး အဆုံးမဲ့ ဝါးပင်လယ်ကြီးတစ်ခုလိုပင် ဖြစ်နေသည်။ ထိုရှုမြင်ကွင်းက အံ့မခန်း လက်ဖျား ခါလောက်စရာပင်။ အထူးသဖြင့် တောင်ထိပ်ပေါ်တက်ပြီး အဝေးကို လှမ်းကြည့် လိုက်သည့်အခါ သင်ကိုယ်တိုင်က ကောင်းကင်ဘုံရှိ နတ်သမီးတစ်ပါး၏ နယ်မြေထဲ ရောက်နေသည့် အတိုင်းပင်။
ချင်ယွင်နှင့် လင်းကျန်းယွန်တို့သည် အရှေ့ဘက်ရှိ ဝါးတောင်တန်းသို့ ရောက်ရန် တစ်ရက် အချိန်ယူလိုက်ရသည်။
ချင်ယွင်သည် ဝါးတိမ်ပင်လယ်ကြီးကို မြင်သောအခါ သူလည်း အံ့အားသင့်သွားသည်။ ဤနေရာ၌ ဖုံးလွှမ်းနေသော တိမ်တိုက်များ၏မြင်ကွင်းသည် တိမ်များနှင့် တိမ်တိုက် များ လွှမ်းခြုံဝန်းရံထားသည့် အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ် စွမ်းအင်နှင့် ဆင်တူသည်။ ၎င်းတို့သည် အလွန်လှပခဲ့ကြသည်။
"အဲဒီနေရာက ဝါးတောင်တန်းစံအိမ်တည်ရှိရာ နေရာပဲ။" လင်းကျန်းယွန်က သူ့ရှေ့မှာရှိနေသည့် တောင်ထိပ်ကို ညွှန်ပြပြီး ပြောလိုက်သည်။
ချင်ယွင်သည် လင်းကျန်းယွန်၏ လက်ညှိုးညွန်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ သေချာပါသည်။ တိမ်ပင်လယ်ကြီး၏ နက်ရှိုင်းသည့်အရပ်မှာ မထင်မရှား တွေ့နေရသည့် အိမ်ကြီးတစ်လုံး ရှိနေသည်။ ထိုအိမ်ကြီးသည် ကြီးလည်းသိပ်မကြီး သလို အလွန်သေးငယ်သည်လည်း မဟုတ်ပေ။ ထို့အပြင် အလွန်တိတ်ဆိတ်ပြီး ရှေးဆန်သည်။
ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ရန်အတွက် သူ၏ကိုယ်ပွားကို အသုံးပြုလိုက်သည်။ သေချာသည်မှာ ဤစံအိမ်ကြီးတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ သူတို့ထဲမှ တစ်ယောက်သည် အလွန်အစွမ်းထက်သည်။ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် ပိရှစ်သိုင်းမြို့စား ပြောပြခဲ့သည့် ဝါးတောင်တန်းစံအိမ်ပညာရှင်ဖြစ်သင့်သည်ဟု ယူဆနိုင်သည်။
ပိရှစ်သိုင်းမြို့စားက ဝါးတောင်တန်းစံအိမ်ပညာရှင် သဘောတူသရွေ့ သူ၏ညီလေး နှစ်ယောက်စလုံးကလည်း ဝါးတောင်တန်းစံအိမ်ပညာရှင်၏ အမိန့်ကို နာခံကြရသည့် အတွက် သူ၏ညီနှစ်ယောက်ကလည်း သဘာဝအတိုင်း သဘောတူလိမ့်မည်ဟု ပြောပြဖူးသည်။
"ခြေလျင်သွားရအောင်။" ချင်ယွင်က ပြောသည်။
လင်းကျန်းယွန်လည်း ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏ ဆိုလိုရင်းသဘောကို သူသိသည်။ တိုက်ရိုက်ပျံသန်းသွားမည်ဆိုလျှင် သိပ်ကို မယဉ်ကျေးရာ ကျလိမ့်မည်။ သူတို့သည် ဝါးတောင်တန်းစံအိမ်ပညာရှင်ကို အကူအညီတောင်းခံရန်အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ အကယ်၍ သူ့ကို စော်ကားမိသွားမည်ဆိုလျှင် အခွင့်အလမ်း ရှိတော့မည်မဟုတ်ပေ။
ချင်ယွင် နှင့် လင်းကျန်းယွန်တို့သည် တောင်ပေါ်လမ်းအတိုင်း လျှောက်သွားကြသည်။ တောင်ပေါ်လမ်းသည် အလွန်တိတ်ဆိတ်နေပြီး ရံဖန်ရံခါ ငှက်အော်သံများကိုသာ ကြားနေရသည်။ ဤအရာအားလုံးသည် အလွန်ပုံမှန် ဖြစ်ပုံရသည်။
"ဒီဝါးတောင်တန်းစံအိမ်ပညာရှင်က အေးချမ်းဆိတ်ငြိမ်တာကို ကြိုက်နှစ်တဲ့သူ တစ်ယောက်လို့ ထင်ရတာပဲ။ ဒီဝါးပင်လယ်ကြီးကလည်း အရမ်းပြေပြစ်ပါတယ်" လင်းကျန်းယွန်က လှမ်းပြောလိုက်သည်။
ချင်ယွင်သည် လင်းကျန်းယွန်၏ စကားကို ကြားပုံမပေါ်ပေ။ ယင်းအစား၊ ဤဝါး ပင်လယ်သည် သူထင်ထားသလောက် မရိုးရှင်းကြောင်း သိလိုက်ရသည့်အတွက် မျက်ခုံးကို တင်းကျပ်စွာ တွန့်လိုက်သည်။ နေရာတိုင်းဆီမှ ထူးဆန်းသော ခံစားချက် တစ်ခုရှိနေသည်။
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်။
ထိုကျောက်စိမ်းဝါးများသည် ရံဖန်ရံခါ အချင်းချင်း ပွတ်တိုက်မိသွားပြီး ပတ်ပတ် လည် တွင် တဒင်ဒင်မြည်သံများကို အမှန်တကယ် ထုတ်လွှတ်လိုက်ကြသည်။ လေပြေ လေညင်း ရိုတ်ခတ်မူကြောင့် ထွက်ပေါ်လာသော ခေါင်းလောင်းသံကဲ့သို့ပင် နားထဲတွင် အလွန် သာယာနာပျော်ဖွယ် ရှိလှသည်။
လင်းကျန်းယွန်သည် ထိုအသံကိုကြားသောအခါ မူးဝေသွားသည်။ ကျောက်စိမ်းဝါးများ အချင်းချင်း ပွတ်တိုက်မူမှ ထွက်ပေါ်လာသောအသံသည် သဘာဝတရား၏ အသံ သဖွယ်ဖြစ်ပြီး သူ့ကို စိတ်အေးလက်အေး သက်တောင့်သက်သာ ဖြစ်စေသင့်သည်။
"မကောင်းတော့ဘူး၊ ဒါက ဝင်္ကပါတစ်ခုပဲ!" ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် တစ်ခုခုမှားနေပြီဆိုသည်ကို ချက်ချင်း သိရှိလိုက်သည်။
သူ၏ရှေ့မှာရှိနေသည့် ဤတောင်တန်းကြီးသည် သူထင်ထားသလောက် မရိုးရှင်းပေ။ ဤဝါးပင်လယ်တောင်တန်းကြီးတစ်ခုလုံးသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနား သည့် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်နေသည်။ အတွင်းမှာရှိနေသည့် ဝါးများကို ဝင်္ကပါ အစီအရင်အရ စီစဥ်ထားသောကြောင့် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
စောစောလေးက ကောင်းကင်ဘုံခေါင်းလောင်းသံသည် စိတ်ကို အလွန်ရှုပ်ထွေးသော နတ်ဆိုးသံစဉ်ဖြစ်သည်။ ၎င်းသည် မှော်အစီအရင်များထဲမှ တစ်ခုဖြစ်သည်။ လင်းကျန်းယွန်သည် ဤနတ်ဆိုးသံစဉ်ကိုကြားပြီး ဤပုံရိပ်ယောင်များထဲသို့ ကျရောက် သွားခဲ့သည်။ သူသည် ပုံရိပ်ယောင်များထဲတွင် ယစ်မူးသွားခဲ့ပြီး ၎င်းထဲမှ သူ့ကိုယ်သူ ရုန်းမထွက်နိုင်ခဲ့ပေ။
"နိုးထစမ်း!"
ချင်ယွင်က ဟိန်းဟောက်လိုက်ပြီး လင်းကျန်းယွန်၏ မျက်ခုံးများကြားကို ညွှန်ပြလိုက်သည်။
လင်းကျန်းယွန် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ၏ နဂိုက လေးလံထိုင်းမှိုင်း နေသည့် အကြည့်များက ကြည်လင်ပြတ်သားသည့် အရိပ်အယောင် တစ်ဖန် ပေါ်လာခဲ့ပြီး သူ့မျက်နှာက စိတ်ရှုပ်ထွေးမှုများနှင့်အတူ အံ့သြခြင်းများဖြင့် ပြည့်နှက် နေသည်။
"ခုနက ငါ ဘာဖြစ်သွားတာလဲ? ငါ့ညီမကို မြင်လိုက်ရတယ် ထင်တယ်၊ သူမ မသေသေးဘူး။ ငါတို့ ငယ်ငယ်တုန်းက ပေါ့ပေါ့ပါးပါးနဲ့ သာမန်ဘဝကို ပြန်ရောက် သွားပုံရတယ်။" လင်းကျန်းယွန် အံ့သြစွာ ပြောသည်။ ရှင်းရှင်းပြောရရင် သူဘာတွေ ဖြစ်ပျက်သွားလဲဆိုသည်ကို သူ နားမလည်သေးပါဘူး။
"ဦးလေး အခုနကပဲ ပုံရိပ်ယောင်အစီအရင်ထဲ ကျရောက်သွားခဲ့တာ။ အခုနက မြင်လိုက်သမျှဟာ ဦးလေးရဲ့နှလုံးသားထဲမှာ လှည့်စားမှုသက်သက်ပဲ" ချင်ယွင်က ပြန်ဖြေသည်။
" ပုံရိပ်ယောင်တွေလား? ဘာလို့ ငါက ပုံရိပ်ယောင်အစီအရင်ရဲ့ တိုက်ခိုက်မူခံရတာလဲ? ဘယ်အချိန်ကလဲ? ဘာလို့ ငါ့ကျမှ ပုံရိပ်ယောင်အစီအရင်ထဲ ကျရောက်သွားရတာလဲ။" လင်းကျန်းယွန်က အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်သည် လင်းကျန်းယွန်၏မေးခွန်းကို ဖြေရန် အလျင်လိုခြင်း မရှိပေ။ ယင်းအစား သူက ခေါင်းမော့ပြီး တောင်ထိပ်၏ နက်ရှိုင်းသည့်အရပ်မှာရှိနေသည့် အဆောက် အဦးကို လှည့်ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည် “သိသာပါတယ်၊ ဒီနေရာရဲ့ ပိုင်ရှင်က ကျွန်တော်တို့ရောက်နေတာကို သိထားပြီးသားဘဲ၊ ဒါပေမယ့် သူတို့က ကြိုဆိုပုံမပေါ်ဘူး။ သူတို့က အခုနက ပုံရိပ်ယောင်အစီအရင်ကို သုံးတဲ့သူတွေပဲ။"
"ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ" လင်းကျန်းယွန်က မေးသည်။
ချင်ယွင်က သူ၏မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပြောသည် "ကျွန်တော်တို့က ဒီနေရာကို ရောက်လာမှတော့ တကယ်လို့ သူပျောက်ကွယ်သွားမယ်ဆိုရင်တောင်မှ ဒီဝါးတောင်တန်းစံအိမ်ပညာရှင်ကို ကျွန်တော်တို့ တွေ့သင့်တယ်။ သူက ကျွန်တော် တို့ကို တောင်ပေါ်တက်မရအောင် အစီအရင်ဝင်္ကပါကို အသုံးပြုပြီး တားချင်နေမှတော့ ကျွန်တော်တို့ကလည်း သူရဲ့ အစီအရင်ဝင်္ကပါကို ဖြိုခွဲပစ်ရုံပေါ့။ သူ့မှာ တခြား နည်းလမ်းတွေ ရှိနေဦးမလား ကျွန်တော် ကြည့်ချင်တယ်။"
ချင်ယွင် အနည်းငယ် ဒေါသထွက်သွားသည်။ မူလက သူတို့သည် ဝါးတောင်တန်း စံအိမ်ပညာရှင်အထံသို့ စိတ်ရင်းမှန်ဖြင့် လာရောက် လည်ပတ်ခဲ့ကြသော်လည်း အခြားတဖက်က သူတို့အပေါ် ပုံရိပ်ယောင် အစီအရင်ဝင်္ကပါကို တိုက်ရိုက် အသုံးပြု လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ယင်းက ချင်ယွင်ကို အလွန်မပျော်မရွှင် ဖြစ်စေခဲ့သည်။
သေချာသည်မှာ၊ ချင်ယွင်လည်း ဤနေရာကို မလာရောက်ခင် အစီအရင်အူတိုင်ကို မသိပ်သည်းနိုင်ခဲ့သည့်အတွက် နောင်တရနေမိသည်။ အရှေ့ဝါးတောင်တန်းစံအိမ်တွင် ဝင်္ကပါပညာရှင်တစ်ဦးရှိနေသည်မှာ ထင်ရှားလှသည်။ အကယ်၍ သူသာ အစီအရင် အူတိုင်ကို သိပ်သည်းနိုင်ခဲ့မည်ဆိုလျှင် ဤ အစီအရင်ဝင်္ကပါများသည် သူ့အတွက် လုံးဝ ပြဿနာမဟုတ်ပေ။ သူသည် ၎င်းတို့ကို အလွယ်တကူ ချိုးဖျက်နိုင်သည်။
ဟုတ်ပါသည်၊ အစီအရင်အူတိုင်မရှိလျှင်လည်း သူသည် ဒီ အစီအရင်ဝင်္ကပါများကို မချိုးဖြတ်နိုင်ခြင်းတော့ မဟုတ်ပေ။ အများဆုံး သူ့အတွက် အချိန်ပိုယူရလိမ့်မည်။
"သွားကြစို့၊ ရှေ့ဆက်ကြစို့။" ချင်ယွင်က သူ့အနားရှိ လင်းကျန်းယွန်အား ပြောလိုက် သည်။
လင်းကျန်းယွန်က ခေါင်းညိတ်ပြပြီး ချင်ယွင်၏ခြေရာများအတိုင်း လိုက်ပါသွားခဲ့သည်။
သို့သော်လည်း သူတို့ခြေလှမ်းအနည်းငယ်မျှ မလှမ်းနိုင်ခင်မှာ ထောင်သောင်းချီသော ဝါးရိုးတံများသည် ကောင်းကင်ယံမှ ရုတ်တရက် ပျံသန်းသွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို ထူထပ်သိပ်သည်းစွာ ဖုံးအုပ်ထားလိုက်သည် ။
သို့သော်လည်း ဤဝါးများသည် ချင်ယွင်တို့ကို မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား၊ ၎င်းတို့သည် ကျင်းယွင်နှင့် လင်ကျန့်တန်တို့ကို ကျဉ်းထောင်ကြီးတစ်ခုအဖြစ် အကျဉ်းချထားခြင်းဖြစ်လေသည်။
"ဘုန်း!"
ချင်ယွင်၏လက်သီးသည် ဝါးဖြင့်ပြုလုပ်ထားသော အကျဉ်းထောင်ပေါ်သို့ ကျရောက် သွားခဲ့သည်။
သို့သော်လည်း အကျဉ်းထောင်သည် အနည်းငယ် တုန်ခါရုံကလွဲပြီး မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။ အစောပိုင်းက ချင်ယွင် အလွယ်တကူ အစိပ်စိပ်အမွှာမွှာ ခွဲပစ်နိုင်သည့်ဝါးများသည် ယခုအချိန်မှာ တုနှိုင်းမရအောင် မာကျောသွားပါပြီ။
"ဒါက ထောင်ချောက် အစီအရင်ဖြစ်လား။" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။
ချင်ယွင် ပုံရိပ်ယောင်အစီအရင်ကို ချိုးဖြတ်လိုက်သည်ကို တစ်ဖက်လူက မြင်လိမ့်မ ည်ဟု သူမျှော်လင့်မထားသလို တဖက်လူက သူတို့ကို တားဆီးရန် အနည်းငယ်သာ ကြံရွယ်ထားခြင်းမျိုးလည်း ဟုတ်ပုံမပေါ်ပေ။ ထိုလူသည် အမှန်တကယ်ပင် ထောင်ချောက်အစီအရင်အမျိုးစားကို တစ်ဖန်အသုံးပြုပြီး ချင်ယွင်နှင့် လင်းကျန်းယွန် တို့ကို ဝါးထောင်ချောက်ထဲတွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားမည့် ဝါးအကျဉ်း ထောင်ကို ဖွဲ့စည်းထားသည်။
လင်းကျန်းယွန်သည် ဝါးအကျဉ်းထောင်ကို ချိုးဖောက်ရန် ကြိုးစားသော်လည်း ဝါးများပေါ်တွင် ခြစ်ရာတစွန်းတစပင် မကျန်ခဲ့ပေ။ အဆုံးတွင်၊ သူသည် ကူရာမဲ့စွာ ပြောလိုက်ရသည် "အလွန်ကြောက်စရာကောင်းတဲ့ ဝင်္ကပါအစီအရင်ပဲ! ဒီဝါးတွေက ဝင်္ကပါအစီအရင်ရဲ့ ထောက်ပံ့ပေးခံရပြီးနောက် အမှန်တကယ်ကို မာကြောလာတာပဲ!"
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်က အေးစက်စက် မာန်သွင်းသံကို ထုတ်ဖော်လိုက်ပြီး ပြောသည်"ဟမ့်၊ ဒီဝါးသေးသေးလေးကနေ ဖြစ်ပေါ်လာတဲ့ ထောင်ချောက်လေးတစ်ခုက ငါ့ချင်ယွင်ကို တားဆီးဖို့ ကြိုးစားနေတာလား၊ အိပ်မက်မက်နေလိုက်ဦး။"
ထို့နောက် ချင်ယွင်သည် သူ၏ခါးမှ ခရမ်းရောင်ဓားရှည်ကို ဆွဲထုတ်သည်ကို လင်းကျန်းယွန် တွေ့လိုက်ရသည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားအလင်းသည် ချက်ချင်း လင်းလက်သွားသည်။ ဒဏ်ရာအနည်းငယ်မျှပင် မကျန်ရစ်ဘဲ သူအစွမ်းရှိသမျှ အသုံးပြုခဲ့ရသော ဤဝါးအကျဉ်းထောင်သည် ဓားခုတ်ပိုင်းချက်ကို ခံနိုင်ရည်မရှိသကဲ့သို့ ဓားအလင်း အောက်တွင် ချက်ချင်းပင် ကွဲအက်သွားခဲ့ရသည်။
အခန်း (၃၇၈) အရူးညီအစ်ကိုနှစ်ယောက်။
"ဖူး...!"
ဝါးပင်လယ်တောင်ထိပ်၏ အရှေ့ဘက်ခြမ်းမှာရှိနေသည့် ခြံဝင်းအတွင်းမှာ မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရုတ်တရက် တုန်ခါသွားသည်။ သူ၏မျက်နှာက အံ့သြသည့်အမူအရာ ပေါ်လာသည်။
ရှင်းရှင်းပြောရလျှင်၊ သူ၏ထောင်ချောက်က ယခုလိုပုံစံမျိုးဖြင့် ကျိုးပျက်သွား လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ အစီအရင်ဝင်္ကပါမှ အတင်းအကြပ် ရိုက်ခတ် လာသည့် တုံ့ပြန်မှုသည် သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများယိုစိမ့်သွားစေသည်။
"တတိယညီလေး ဘာဖြစ်နေတာလဲ" တိုက်ပွဲဝင်ဝတ်စုံဝတ်ထားသော လူထွားကြီး တစ်ဦးသည် တတိယညီဖြစ်သူ သွေးအန်နေသည်ကိုတွေ့ရသည့်အခါ ကမန်းကတန်း မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်၊ ဒုတိယအစ်ကို၊ ဒါကအစီအရင်ဝင်္ကပါ ကျိုးပျက်ခြင်းရဲ့ တုံ့ပြန်မှုတစ်ခုသာ ဖြစ်တယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် အဆင်ပြေပါတယ်။" မုတ်ဆိတ်မွေးနှင့်အသက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့လက်ကို အမြန် ဝှေ့ယမ်း လိုက်သည်။
"အိုး? အစီအရင်ဝင်္ကပါ ကျိုးပျက်သွားတာလား။ ဒါပေမယ့် မင်းရဲ့ ပုံရိပ်ယောင် အစီအရင်ဝင်္ကပါ ကျိုးပျက်သွားရုံနဲ့ အခုလိုတုံ့ပြန်မှုမျိုး မဖြစ်ပေါ်စေဘူးမလား" သူ့တတိယညီငယ်၏ အစီအရင်ဝင်္ကပါ ကျိုးပျက်သွားသည်ဟု ကြားသိရသည့်အခါ လူထွားကြီးသည် ချက်ချင်းပင် အံ့အားသင့်သည့်အမူအရာတစ်ခုကို ထုတ်ဖော်လိုက် သည်။
"ထောင်ချောက် အစီအရင်ဝင်္ကပါလည်း ကျိုးပျက်သွားခဲ့ပြီ။" မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် မလိုလားဟန်ဖြင့် ပြောလိုက် သည်။
ဘေးနားရှိ လူထွားကြီးက ချက်ချင်း မျက်မှောင်ကြုတ်ကာ ဒေါသတကြီးပြောသည် " အဓိပ္ပာယ်မရှိလိုက်တာ၊ ထောင်ချောက် အစီအရင်ဝင်္ကပါသုံးဖို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ။ အစ်ကိုကြီးက ပြောထားတယ် မဟုတ်ဘူးလား၊ ပုံရိပ်ယောင် အစီအရင်ဝင်္ကပါကို ချိုးဖျက်နိုင်တာနဲ့ ဝါးတောင်တန်းစံအိမ်ထဲကို ဝင်လို့ရပြီဆိုတာကို။ အခု ထောင်ချောက်အစီအရင်ဝင်္ကပါကို အသုံးပြုလိုက်တာက လုံးဝ အဓိပ္ပါယ် မရှိဘူး နော်။"
"ဒုတိယအစ်ကို၊ စိတ်မပူစမ်းပါနဲ့၊ ဒီနှစ်ယောက်ထဲက တစ်ယောက်က အရမ်းအစွမ်း ထက်ပုံရတယ်။ ကျွန်တော့်ရဲ့ အစီအရင်ဝင်္ကပါက သူ့ကို လုံးဝမထိခိုက်စေပါဘူး။ ကျွန်တော်လည်း လက်ယားနေတာနဲ့ သူတို့နဲ့ တခဏလောက် လက်ရည်စမ်းသပ် ကြည့်ချင်လာလို့ပါ။" မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ဒုတိယအစ်ကို ဒေါသထွက်နေသည်ကို မြင်လျှင် ချက်ချင်း ရှင်းပြလိုက်သည်။
"အဓိပ္ပာယ်မရှိဘူး၊ ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး.။ မင်းအစီအရင်ဝင်္ကပါရဲ့ စွမ်းအားကို ငါသိတယ်။ အဲဒီထောင်ချောက် အစီအရင်ဝင်္ကပါက ပဉ္စမအဆင့်ကို ရောက်နေပြီ။ သာမာန် သိုင်းဧကရာဇ်အဆင့်တွေတောင်မှ အဲဒါကို ချိုးဖျက်ဖို့ တော်တော် ခက်ခဲလိမ့်မယ်။ မင်း သူတို့ကို အဲဒီအထဲမှာ ပိတ်ထားတာ ဘယ်လောက် ကြာပြီလဲ ငါ့ကို ပြောပြစမ်းပါ။" လူထွားကြီးက ပြောသည်။
လူထွားကြီး၏ အမေးကိုကြားရလျှင် မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှက်ရွံ့သောအမူအရာဖြင့် ချက်ချင်း လက်ညိုးထောင်ပြသည်။
"တစ်နေ့လား?" လူထွားကြီးက မျက်မှောင်ကြုတ်ကာ မေးသည်။
မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းပြသည်။
"တစ်လလား?" လူထွားကြီးက ထပ်မေးပြန်သည်။
သူ့တတိယညီငယ်သည် အစီအရင်ဝင်္ကပါအပေါ် အမှန်တကဘ် အရူးအမူးဖြစ်မှန်း သူသိသည်။ ဟိုတချိန်တုန်းက သူတို့အစ်ကိုအကြီးဆုံးဆီ လာလည်သည့် အဖော် တစ်ယောက်ရှိခဲ့ဖူးသည်။ ဤအဖော်သည် သူ၏လက်ကမြင်းမူကြောင့် အစီအရင် ဝင်္ကပါထဲမှာ သုံးလကြာအောင် ပိတ်မိနေခဲ့ဖူးသည်။ သူနှင့် သူ့အစ်ကိုကြီးတို့ကလည်း မကြာခဏဆိုသလို တံခါးပိတ်ကျင့်ကြံနေကြသည့်အတွက် ထိုအကြောင်းကို မသိခဲ့ကြ ပေ။ အစ်ကိုအကြီးဆုံး ထွက်လာမှပင် ထိုဧည့်သည်ကို လွှတ်ပေးလိုက်ရသည်။
လွတ်လာချိန်မှာတော့ ထိုဧည့်သည်သည် လေတိုက်လျှင်ပင် လွင့်ပါလုနီးပါး ဖြစ်နေပြီ။
ထိုကိစ္စဖြစ်ပြီးနောက် သူတို့အစ်ကိုအကြီးဆုံးက သူ့ကို ကြိမ်းမောင်းထားသည်။ ပြီးနောက်, အစ်ကိုအကြီးဆုံးက ဧည့်သည်တွေအပေါ် ထောင်ချောက်ဆင်ထားသည့် အစီအရင်ဝင်္ကပါကို မသုံးဖို့ တားမြစ်ထားလိုက်သည်။
သို့သော် ဤအကောင်သည် အမှန်တကယ်ပင် မိုက်မိုက်ရိုင်းရိုင်း ပြုမူပြီး ဧည့်သည်များ အပေါ် ထောင်ချောက် အစီအရင်ဝင်္ကပါကို ထပ်မံအသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့် ခဲ့ပေ။
"တစ်မိနစ်ပဲ!" မုတ်ဆိတ်မွေးနှင့်အမျိုးသားလည်း မကျေမနပ်သည့် အသံဖြင့် ပြောလိုက်ပြီး သူ၏စိတ်နှလုံးထဲမှာ အလွန်စိတ်ဓာတ်ကျသွားခဲ့ရသည်။
"တစ်မိနစ်လား။ မင်းရဲ့ထောင်ချောက် အစီအရင်ဝင်္ကပါက တစ်မိနစ်အတွင်းမှာပဲ ပျက်ဆီးသွားတယ်လို့ မင်းပြောနေတာလား။" လူထွားကြီးက မယုံကြည်နိုင်စွာ မေးလိုက်သည်။
မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက အားကိုးရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူက ဘယ်လို အစွမ်းမျိုးရှိနေလို့လဲ" လူထွားကြီးက အံ့သြစွာ မေးလိုက်သည်။
သူ့တတိယညီငယ်၏ အစီအရင်ဝင်္ကပါသည် မည်မျှအားကောင်းသည်ကို သူသိသည်။ ယခင်က ဤထောင်ချောက် အစီအရင်ဝင်္ကပါ၏ စွမ်းအားကို သူကြိုးစားခဲ့ဖူးသည်။ သူသည် ထောင်ချောက် အစီအရင်ဝင်္ကပါထဲမှ လွတ်မြောက်ရန် သုံးရက်လောက် အချိန်ယူခဲ့ရပါသည်။ သူတို့အစ်ကိုအကြီးဆုံးဆိုလျှင်ပင် နှစ်နာရီနီးပါးကြာသည်။ သူ၏ တတိယညီဖြစ်သူက သူ့ထောင်ချောက် အစီအရင်ဝင်္ကပါကို တစ်မိနစ်အတွင်း တစ်စုံတစ်ယောက်က ချိုးဖျက်နိုင်သည်ဟု ပြောသောအခါ သူ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း။
မုတ်ဆိတ်မွေးနှင့် အမျိုးသားလည်း စိတ်ဓာတ်တွေကျနေခဲ့သည်။ သူ၏ အစီအရင် ဝင်္ကပါ ကျိုးပျက်သွားခြင်းက သူ့အတွက် ရှက်စရာကောင်းလွန်းသည်။ ထို့အပြင် ၎င်းသည် တစ်မိနစ်အတွင်း ကျိုးပျက်သွားခဲ့ခြင်းလည်းဖြစ်သည်။ ဤအရာက သူ့ကို အနည်းငယ် အရှက်ရစေသည်။ သူက ဆိုးဝါးသည့်စိတ်ခံစားချက်နှင့်အတူ ပြောလိုက် သည် “တစ်ယောက်က နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီး၊ နောက်တစ်ယောက်ကတော့ ပထမအဆင့် ကောင်းကင် အလွှာ သိုင်းဧကရာဇ်နယ်ပယ်မှာ ရှိနေတယ်။ ငါ့အစီအရင်ဝင်္ကပါကို ချိုးဖြတ်တဲ့ လူကတော့ အဲဒီ သိုင်းဧကရာဇ်အဆင့်လူပဲ”
"ဘာ ၊ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးက မင်းရဲ့ ထောင်ချောက် အစီအရင်ဝင်္ကပါကို တစ်မိနစ်အတွင်းမှာပဲ ဖောက်ထွက်နိုင်ခဲ့တာလား" လူထွားကြီး သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ မေးလိုက်ပြန်သည်။
"ဒါက ယုံဖို့ခက်တယ်ဆိုတာ ငါ နားလည်ပါတယ်။ ပုံရိပ်ယောင်အစီအရင်ဝင်္ကပါ တုန်းကလည်း ဒီလိုပဲ၊ ဒီကောင်က အဲဒါကို လုံးဝမထိဘူး။ ဒါပေမယ့် သူ့အပေါင်း အသင်းကိုတော့ ငါ့ ပုံရိပ်ယောင်အစီအရင်ဝင်္ကပါကို ဖြေဖျောက်ဖို့ ကူညီပေးခဲ့တယ်၊ လူတစ်ယောက်ရဲ့စိတ်က ခိုင်မာနေသရွေ့ ပုံရိပ်ယောင်အစီအရင်ဝင်္ကပါကနေ လျင်မြန် စွာ လွတ်မြောက်နိုင်တယ်ဆိုတာကို မင်းလည်း သိပါတယ်။ ဒီလူကတော့ သူ့ကို မထိခိုက်နိုင်ရုံသာမက၊ သူ့အပေါင်းအဖော်အတွက်ပါ ပုံရိပ်ယောင် အစီအရင်ဝင်္ကပါကို ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအားက ထူးကဲလှတယ်လို့ တွေးကြည့်နိုင်တယ်။ သူ့ကို မလွှတ်ပေးခင်ထိ တစ်ရက် နှစ်ရက်လောက် ထောင်ချောက်ထဲ ပိတ်ထားဦးမယ်လို့ မူလက တွေးထားပေမယ့် တစ်မိနစ်အတွင်း ကျိုးသွားလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူးလေ။
သူ၏တတိယညီငယ် ပြောသွားသည်ကိုကြားလျှင် လူထွားကြီးလည်း ထိတ်လန့်သွား သည်။
ရုတ်တရက် လူထွားကြီးသည် တစ်ခုခုကို တွေးနေပုံရပြီး သူ၏မျက်လုံးများက ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်လာသည်။ သူက "သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို သုံးကြည့်လိုက်ကွာ"
"ဘာ?" မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ နားကြားမှား သည်ဟု ထင်ပြီး သူ၏ဒုတိယအစ်ကို မျက်လုံးပြူးကျယ်ပြီး စိုက်ကြည့် နေသည်။
လူထွားကြီး၏ မျက်လုံးများက တောက်ပလာပြီး အလောတကြီး ပြောလိုက်သည် "သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို သုံးလိုက်ကွာ၊ ဒါပေမယ့် သူတို့အသက်ကို တကယ် မထိခိုက်စေဖို့ သတိထားပေါ့။ ဒီလို ပျော်စရာကောင်းတဲ့သူမျိုး ပေါ်လာဖို့က ရှားပါးတယ်ကွ။ သူနဲ့ထိုက်တန်ရဲ့လားဆိုတာ ငါ သိချင်တယ်"
မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် တုံ့ဆိုင်းသွားပြီးနောက် “အစ်ကိုကြီးသိသွားရင် ဘယ်လိုလုပ်မလဲ” ဟု ဆက်မေးလိုက်သည်။
"စိတ်မပူစမ်းပါနဲ့ တစ်ခုခုဖြစ်လာရင် ဒီအကိုကြီးက မင်းဘက်ကနေ ကာကွယ် ပေးမယ်ကွာ။” လူထွားကြီးက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
မုတ်ဆိတ်မွေးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဝမ်းသာအားရဖြစ်သည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူသည် သတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါကို အသုံးပြုချင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း သူသည် ဤတောထဲတွင် အမြဲနေထိုင်ခဲ့ရပြီး ၎င်းကို အသုံးပြုရန် နေရာမရှိခဲ့ပေ။ ယခု ဒုတိယအစ်ကိုက ခေါင်းညိတ်ပြမှတော့ သူလည်း ဂရုမစိုက်နိုင်တော့ပေ။ သူက ချက်ချင်းဆိုသလို အစီအရင်၏ စွမ်းအားကို စုဆောင်းပြီး သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကိုအသုံးပြုရန် ပြင်ဆင်လိုက်သည်။
သူ့ဘေးနားမှ လူထွားကြီးက ထိုမြင်ကွင်းကိုမြင်လိုက်သည့်အခါ “မင်းငါ့ကို စိတ်မပျက် စေဘူးလို့ ငါမျှော်လင့်ပါတယ်” ဟု ပြောရင်း သူ့မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ် အယောင်တွေ တောက်ပလာသည်။
အမှန်တကယ်တော့ သူနှင့်သူ၏တတိယညီငယ် နှစ်ယောက်စလုံးသည် အလွန် စိတ်မသက်မသာ ဖြစ်နေကြရသည့် သခင်တွေဖြစ်ကြပြီး သူတို့ခန္ဓာကိုယ်တွေမှာ တိုက်ခိုက်လိုသည့်သွေးတွေ စီးဆင်းနေပါသည်။ သို့သော်လည်း သူတို့အစ်ကိုကြီးက အပြင်မထွက်ဘဲ တောတောင်တွေထဲ အနားယူရသည်ကို သဘောကျကြသည်။ ထို့ကြောင့် သူတို့သည် သူတို့ဧည့်သည်များအပေါ်မှာသာ အာရုံစိုက်လေ့ရှိလာကြသည်။
သို့သော် သာမန်ဧည့်သည်များသည် သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးရန် အားနည်း လွန်းလှသည်။
ဤလူထွားကြီးဆိုလျှင်လည်း ဤအတိုင်းပင်။ ချင်ယွင်က သူ့တတိယညီဖြစ်သူ၏ ထောင်ချောက် အစီအရင်ဝင်္ကပါကို တစ်မိနစ်အတွင်း ဖြတ်ကျော်နိုင်သည်ဟု သူကြား လိုက်သောအခါတွင် တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများ ခုန်ပေါက်တက် လာသည်။
ထို့ကြောင့် သူသည် သူ၏ တတိယညီငယ်ကို ဤသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ဤဧည့်သည်က သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို ရှောင်တိမ်းနိုင်သည်နှင့် သူက သူ့ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ဆိုလိုရာရောက်သည်။
သူ၏အစ်ကိုကြီးက သူ့ကို ဆူပူကြိမ်းမောင်းမည်ဆိုလျှင်ပင် သူက ဤကိစ္စကို ကျေကျေ နပ်နပ်ကြီး လုပ်နေတုန်းပင်။
သို့သော် သူတို့၏လုပ်ရပ်များသည် ချင်ယွင်ကို အနည်းငယ် ဒေါသထွက်စေခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။
ထိုအချိန်တွင် ချင်ယွင်နှင့် လင်းကျန်းယွန်တို့သည် တောင်ထိပ်ဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် ချင်ယွင်သည် အလွန်ဂရုတစိုက် လျှောက်လှမ်းခဲ့သည်။
သူ၏ထင်မြင်ယူဆချက်များအရ၊ ပုံရိပ်ယောင်အစီအရင်ဝင်္ကပါ နှင့် ထောင်ချောက် အစီအရင်ဝင်္ကပါ နှစ်ခုလုံးကို အသုံးပြုထားသောကြောင့် နောက်တစ်ဆင့်သည် အားကောင်းသော သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါ ဖြစ်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ခြေလှမ်းတိုင်းကို သူ အလွန်သတိထားနေမိသည်။
သူသည် ပြိုင်ဘက်၏ထောင်ချောက် အစီအရင်ဝင်္ကပါကို လျင်မြန်စွာ ဖြတ်ကျော်နိုင်ခဲ့ ရခြင်းအကြောင်းရင်းမှာ အမှန်တကယ်တွင် အခွင့်အရေးတစ်ခုကြောင့် ဖြစ်သည်။ မြူနှင်းချောက်နက်ဓားသည် အလွန်ထက်မြက်ပြီး အင်မော်တယ်အဆင့် ချပ်ဝတ် တန်ဆာပင် ခံနိုင်ရည်မရှိနိုင်ပါ။ ထို့ကြောင့် ဤဝါးပင်များကို ခုတ်ထွင်းရန်မှာ သဘာဝအတိုင်း လွယ်ကူပါသည်။
ဝှီး!
ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားသည်။
အဝေးတနေရာမှ အလင်းတန်းများကဲ့သို့ ဝါးအမြောက်အမြားသည် သူ့ဆီသို့ ထိုးကျလာနေသည်။ ဝါးထိပ်ဖျားများသည် အလွန်စူးရှပြီး ထက်မြက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားပြီး ၎င်း၏ အမြန်နှုန်းသည်လည်း ကြယ်ကြွေသကဲ့သို့ မြန်ဆန်သည်။
"သေချာပါတယ်၊ ဒါက သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုပဲ!"
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားသည်။
အခန်း (၃၇၉) ဝါးပင်လယ်သတ်ဖြတ်ခြင်းအစီအရင်ဝင်္ကပါ။
အရာအားလုံးသည် ချင်ယွင်မှန်းဆထားသည့်အတိုင်း ဖြစ်ပျက်လာခဲ့ပါသည်။ သေချာပါသည်၊ ဤထောင်ချောက် အစီအရင်ဝင်္ကပါပြီးဆုံးပြီးနောက်၊ သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို ထည့်သွင်းထားခဲ့ပါသည်။
"ဟမ့်!"
ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြူနှင်းချောက်နက်ဓားကို သူ၏ လက်ထဲတွင်ကိုင်ကာ ခုတ်ပိုင်းလိုက်ပြီး လျင်မြန်စွာ ချဉ်းကပ်လာနေသော ဝါးပင်များစွာထဲမှ တစ်ပင်ကို တိုက်ရိုက် ထိမိသွားသည်။
"ဖျစ်!"
ကြောက်မက်ဖွယ်စွမ်းအား များစွာပါရှိသောဝါးသည် မြူနှင်းချောက်နက်ဓား၏ ဓားချက်ဖြင့် ထက်ဝက်မှ ဖြတ်တောက်ခံလိုက်ရသည်။
သို့သော် လင်းကျန်းယွန်သည် ကံမကောင်းလှပေ။ သူသည် လှံကိုဝှေ့ယမ်းပြီး ဝါးတံ တစ်ချောင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော် သူ၏လက်ထဲမှ လှံသည် ချက်ချင်းပင် ကွေးညွှတတ်သွားပြီး လှံကလည်း သူ့ထက်မှ လွတ်ထွက်သွားလေသည်။ လှံအရိုးက သူ့ရင်ဘတ်ကို တည့်တည့်ပြန်ဆောင့်ပြီး လွင့်ထွက်သွားသည်။ သူသည် မီတာရာနှင့်ချီသည့် အကွာအဝေးမှာ ပြုတ်ကျသွားကာ သွေးများလည်း စီးထွက်လာသည်။
ဤအရာများသည် ဝါးသက်သက်မျှသာဖြစ်သော်လည်း ၎င်းတို့တစ်ခုချင်းစီ၏ စွမ်းအား သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးအထံမှ အင်အားအပြည့် ဖြင့် တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။ လင်းကျန်းယွန်သည် ကြောက်မက်ဖွယ်သေခြင်း တရားနှင့် မကြုံတွေ့ရသည်မှာပင်၊ အလွန် ကံကောင်းသည်ဟု ယူဆထားပြီး ဖြစ်သည်။
"ဦးလေးလင်း!" လင်းကျန်းယွန် လွင့်ထွက်သွားသည်ကို ချင်ယွင် မြင်လိုက်ရသည့် အခါတွင် သူ့မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားကာ ဒေါသပေါက်ကွဲသွားလေသည်။
ဝါးတောင်တန်းစံအိမ်ပိုင်ရှင်၏ ဤလုပ်ရပ်သည် သူ့ကို လုံးဝ ဒေါသထွက်စေခဲ့သည်။ သူတို့သည် ရိုးသားစွာ လာရောက်လည်ပတ်ခဲ့ကြသော်လည်း တစ်ဖက်လူက သူ့ကို ဤကဲ့သို့ ဆက်ဆံနေခဲ့သည်။
သို့သော် ချင်ယွင်သည် အလွန်အမင်း မစဉ်းစားနိုင်ခဲ့ပေ။ အဝေးမှဝါးမြှားတွေ သူ့ဆီ ဦးတည်ပျံသန်းနေသည်ကို သူမြင်လိုက်ရသည်။ ၎င်းတို့သည် အလွန်လျင်မြန်ပြီး အစွမ်းထက်သောကြောင့် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ဓားဆန္ဒက ချက်ခြင်း ထွက်ပေါ်လာသည်။
မြူနှင်းချောက်နက်ဓားသည် ချက်ချင်းဆိုသလို ကောင်းကင်ကို လွှမ်းခြုံထားသည့် ဓားကြီးအဖြစ် ပြောင်းလဲသွားသည်။ ပါးလွှာသောလေထုအမျှင်တန်းများသည် လေထဲတွင် ပြေးလမ်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ လျင်မြန်စွာ ချဉ်းကပ်လာသော ဝါးမြှားများသည် လေထုကြောင့် ဖျစ်ညှစ်ခံလိုက်ရပြီး ချင်ယွင်ကို လုံးဝ မထိခိုက်စေဘဲ အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင် မင်းရဲ့နောက်ကျောကို သတိထား!"
ထိုအချိန်မှာ လင်းကျန်းယွန်က ရုတ်တရက် အော်လိုက်သည်။
ချင်ယွင်သည် ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်လျှင် ရှည်လျားသည့် ကြာပွတ် အဖြစ် ပြောင်းလဲသွားသည့် ဝါးလုံးရှည်ကြီးတစ်ချောင်းက သူ၏ဝမ်းဗိုက်ကို တခဏ အတွင်း ထိမှန်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မြေပြင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး သူလည်း မထိန်းနိုင်ဘဲ နောက်ပြန် လွင့်ထွက်သွားသည်။
ထိုကြောက်မက်ဖွယ်ရာ စွမ်းအားသည် ချင်ယွင်၏ အတွင်းအင်္ဂါများကို မထိခိုက်စေ သော်လည်း၊ ၎င်းသည် ချင်ယွင်ကို ပြင်းထန်စွာ နာကျင်စေခဲ့သေးသည်။
ချင်ယွင်သည် သူ့သွားတွေကို တင်းတင်းကြိတ်ရင်း ဒေါသတွေ ထွက်လာသည်။
ဝှီး!
နောက်ထပ် ရှည်လျားသော ကြာပွတ်ကြီးတစ်ချောင်းသည် ဝါးကြာပွတ်အသွင်ဖြင့် ချင်ယွင်၏ နောက်ကျောဆီသို့ ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ့နောက်ကျောမှ လေပြင်းတိုက်ခတ်မူကို ခံစားလိုက်ရသည်။ အကယ်၍ ထိုကြာပွတ်သာ သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်သွားမည်ဆိုလျှင် သူသည် အရမ်း နာကျင်သွားမှာ သေချာပါသည်။
ခက်ထန်သည့် အလင်းတန်းတစ်ခုက သူ၏မျက်လုံးထဲတွင် လင်းလက်လာခဲ့ပြီး သူလည်း သူ့နောက်သို့ ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
မြူနှင်းချောက်နက်ဓားသည် ကျောက်စိမ်းဝါးနှင့် ထိပ်တိုက်ဆုံမိပြီး အသံထွက်လာ သည်။ ချင်ယွင်က ဝါးလုံးရှည်ကို အားမာန်ပါပါဖြင့် ထက်ခြမ်းခွဲလိုက်သည်။
ဝှီး! ဝှီး! ဝှီး!
နောက်ထပ် ဝါးကြာပွတ်သုံးချောင်းကျန်နေသေးပြီး မိုးခြိမ်းသံကဲ့သို့ ချင်ယွင်ဆီ တဟုန်ထိုးပျံသန်းလာနေပြီး လေထုသည်ပင် တဟုန်ထိုးတုန်ခါပြီး အသံမြည်လာ သည်။
“တော်လောက်ပြီ” ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်။ ဤတကြိမ်မှာတော့ သူသည် အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။
ချင်ယွင်၏လက်ထဲတွင် အနက်ရောင်လျှပ်စီးကြောင်းများ လင်းလက်သွားပြီး အနက်ရောင် လျှပ်စီးမြှားရှည်သုံးစင်းက သူ့လက်ထဲတွင် ပေါ်လာသည်။
မိုးကြိုးနတ်ဘုရားလေးကို သူ့လက်ထဲတွင် ချက်ချင်း ဆုပ်ကိုင်ထားပြီး စုစုပေါင်း မြှားသုံးစင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ပြီး ဝါးကြာပွတ်များကို တိုက်ရိုက် ထိမှန်သွားသည်။
"ဘုန်း!"
လျှပ်စီးမြှားများသည် ချက်ချင်းပေါက်ကွဲသွားပြီး ဝါးပင်လယ်တစ်ခုလုံးကိုပင် လွှမ်းခြုံ သွားသည့် ကြီးမားသော လျှပ်စီးမိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
မိုးခြိမ်းသံအောက်မှာ ဝါးပင်များ၏ တဖျစ်ဖျစ်အက်ကွဲသံများ ထွက်ပေါ်လသေည်။ ယင်းအသံသည် ဝါးပင်များ ပေါက်ကွဲနေသည့်အသံ ဖြစ်သည်။
ချင်ယွင်၏ခြေချောင်းများက လေဟာနယ်ကို တစ်ချက်ပုတ်လိုက်ပြီး သူ၏ပုံရိပ်က ရုတ်တရတ် ပြန်ဆုတ်သွားသည်။
မှန်ပါသည်၊ ဤသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါသည် ဤဝါးပင်လယ်ကြီးကို အားကိုးထားရသည်။ အကယ်၍ ဤဝါးပင်လယ်ကြီးသာ ပျက်ဆီးသွားမည်ဆိုလျှင် သတ်ဖြတ်ခြင်း အစီအရင်ကလည်း သဘာဝအတိုင်း ကျိုးပျက်သွားလိမ့်မည်။
သေချာသည်မှာ၊ ဤဝါးပင်လယ်ကြီးသည် ဝါးတောင်တန်းစံအိမ်ပိုင်ရှင်မှ စိုက်ပျိုးရန် အတွက် များစွာကြိုးပမ်းထားခဲ့ရသည်မှာ သေချာပါသည်။ ဤဝါးပင်လယ်ကြီး ပျက်စီး သွားသည်နှင့် ဝါးတောင်တန်းစံအိမ်ပိုင်ရှင်သည်လည်း ဒေါသဖြစ်မည်မှာ သေချာပါ သည်။
ယခု ချင်ယွင်သည် အပြစ်ဒဏ်ခတ်မှုပုံစံအဖြစ် လျှပ်စီးမြှားဖြင့် ဤဝါးတော အနည်းငယ်ကို ဖျက်ဆီးလိုက်သည်။ အကယ်၍ တစ်ဖက်က ထပ်မံတိုက်ခိုက်လာပါက၊ သူသည် ဝါးပင်လယ်ကြီးတစ်ခုလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန်အတွက် စိတ်ထဲထားနေမည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် သူမသေခဲ့ဘူးဆိုရင်တောင် နောင်တရမှာ မဟုတ်ပါဘူး။
"အရှေ့က ဝါးတောကို ဘယ်သူ ဖျက်ရဲတာလဲကွ။"
ဟုတ်ပါသည်၊ ချင်ယွင်က ဝါးတောကြီးကို ဖျက်ဆီးပြီးပြီးချင်းမှာ ကောင်းကင်ယံမှ ဟိန်းဟောက်သံက ပေါက်ကွဲ ထွက်ပေါ်လာလေသည်။ ထွားကျိုင်းသန်မာသည့် ရုပ်ရည်အသွင်အပြင်သည် ကောင်းကင်ယံမှ လျင်မြန်စွာ ဆင်းသက်လာခဲ့ပြီး တောင်ပေါ်လမ်းပေါ် တိုက်ရိုက်ဆင်းသက်လာကာ တောင်ထိပ်တစ်ခုလုံးကို တုန်လှုပ် သွားစေသည်။
ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော လူထွားကြီးကို ကြည့်လိုက်ရင်း သူ့မျက်လုံး များက နိုးနိုးကြားကြား သတိထားသည့်အမူအယာ ပေါ်လာသည်။ သူသည် သူ့ရှေ့မှာရှိနေသည့် အသက်လတ်ပိုင်းအရွယ် လူထွားကြီးကို ဂရုတစိုက် ခြုံငုံကြည့်လိုက်သည်။
သူသည် စိမ်းပြာရောင် တိုက်ပွဲဝင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ့ကြွက်သားတွေက ဖောင်းကားနေပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ငြိမ်သက်နေသည့် ဦးချိုပါ နဂါးတစ်ကောင် လိုပင်။ သူ၏တိုက်ပွဲဝင်ဝတ်စုံက ငြိမ်သက်နေပြီး လေတိုက်ခတ်ခြင်း လုံးဝမရှိပေ။ သူ၏အငွေ့အသက်ကလည်း ထူးကဲလှသည်။ အရေးကြီးဆုံးက သူ၏ကျင့်ကြံမှု အခြေခံသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်မှာ ဖြစ်နေပြီး သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေသည်မှာ အံ့အားသင့်စရာပါပင်။
ဝါးတောင်တန်းစံအိမ်တွင် ညီအစ်ကို သုံးယောက်ရှိသည်။ အကြီးဆုံးအစ်ကိုကို ဝါးတောင်တန်းစံအိမ်ပညာရှင်ဟုခေါ်သည်။ သူ့နာမည်က ရှန်ဟိုင်ဖြစ်ပြီး ဒုတိယ အစ်ကိုနာမည်ကတော့ ရှန်တိုင်ဖြစ်ကာ တတိယညီငယ်ဆုံးနာမည်ကတော့ ရှန်ကျွဲ့ ဖြစ်ပါသည်။
ဤလူ၏အချက်အလက်များအရ ဤလူသည် ဝါးတောင်တန်းစံအိမ်၏ ဒုတိယပိုင်ရှင် ဖြစ်သင့်ကြောင်းနှင့် ဝါးတောင်တန်းစံအိမ်ပညာရှင်၏ ဒုတိယညီဖြစ်သူ ရှန်တိုင်ဖြစ်သင့် ကြောင့် ချင်ယွင်က ဆုံးဖြတ်လိုက်သည်။
ချင်ယွင်သည် ရှန်တိုင်ကို ခြုံငုံလေ့လာနေချိန်တွင် ရှန်တိုင်သည်လည်း ချင်ယွင်ကို ခြုံငုံလေ့လာနေခဲ့သည်။
အစောပိုင်းတုန်းက သူသည် ဤလူငယ်၏ခွန်အားကို စမ်းသပ်ရန်အတွက် သူ့ရှေ့ရှိ လူငယ်ကို တိုက်ခိုက်ရန် သူ၏ တတိယညီဖြစ်သူအား သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါ
ကို အသုံးပြုရန် တမင်တကာ တောင်းဆိုခဲ့သည်။ သို့သော် ဤလူငယ်သည် ဒဏ်ရာ မရရှိခဲ့ရုံသာမက သတ်ဖြတ်ခြင်းလှုပ်ရှားမှုအားလုံးကို ရှောင်ရှားနိုင်ခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤလူငယ်သည် လက်တုံ့ပြန်သည့်အနေဖြင့် ဝါးတောကိုလည်း ဖျက်ဆီးခဲ့သည်။
ယင်းကြောင့် ရှန်တိုင်သည် သူ့ရှေ့မှာရှိနေသည့်လူငယ်အား အနည်းငယ် မတူကွဲပြား သော အမူအရာဖြင့် ချက်ခြင်း ရူမြင်ခဲ့မိသည်။ ဤလူငယ်ကို မြင်လိုက်ရလျှင် သူ၏ မျက်လုံးတွေက လင်းလက်တောက်ပလာသည်။ သူကိုယ်တိုင်က ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူလည်းဖြစ်သောကြောင့် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် အလွန်အစွမ်းထက် ကြောင်း သဘာဝကျကျ သူ ပြောပြနိုင်သည်။
ဤလူငယ်၏လှုပ်ရှားမှုတိုင်းက လေနှင့်လျှပ်စီးတစွန်းတစကို သယ်ဆောင်လာသည်။ ဤသည်မှာ ဝိညာဉ်စွမ်းအင်ကျင့်ကြံသူများ သေချာပေါက် အောင်မြင်နိုင်သည့်အရာ မဟုတ်ပေ။ ၎င်းသည် ရုပ်ခန္ဓာကိုယ်ကို သေချာသည့်အဆင့်တစ်ခုအထိ အောင်မြင် အောင် ကျင့်ကြံထားသူများသာ မောင်းနှင်လုပ်ဆောင်နိုင်သည့် လေထုတုန်ခါမှု တစ်ခု ဖြစ်သည်။
ယင်းက ဝါးတောင်တန်းစံအိမ်တွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီးနောက်၊ အမြဲတမ်း တိုက်ခိုက်ခြင်းကို ဝါသနာပါသောသူသည်ပင် အသက်ရှူကျပ်လုနီးပါး ဖြစ်ခဲ့ရသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် သန်မာလွန်းသည်ကို မြင်လိုက်ရသည့် အခါတွင် သူ၏နှလုံးသားသည် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များ ချက်ချင်း အုံကြွလာခဲ့သည်။
"ဟား ဟား၊ ကောင်စုတ်လေး။ မင်းက တကယ်ကို မဆိုးပါဘူး၊ သေချာပါတယ်။ မင်းက ငါ့ကို သေချာပေါက် စိတ်မပျက်စေခဲ့ဘူးပဲ။” ရှန်တိုင်က ကျယ်လောင်စွာ ရယ်မော လိုက်သည်။ ချင်ယွင်ကိုကြည့်နေသည့် သူ့အကြည့်တွေက အပျိုဟိုင်းကြီး တစ်ယောက် က ဝတ်လစ်စားလစ် ဖြစ်နေသည့် အလှပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ကြည့်နေသည့်အလား သူ၏မျက်လုံးတွေထဲ အနှိုင်းမဲ့တောက်ပသည့် အလင်းတွေ ထွက်ပေါ်နေသည်။
ထိုစကားကိုကြားရလျှင် ချင်ယွင်လည်း စိတ်ရှုပ်ထွေးသွားသည်။ မူလက သူ၏ နှလုံးသားသည် ဒေါသမီးလျှံများနှင့် ပြည့်နေခဲ့သည်။ သူသည် တဖက်လူ၏မျက်နှာကို လုံးလုံး လျားလျား အရေခွံနွှာချင်သောကြောင့် ဝါးတောအုပ်ကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ အစောပိုင်းလေးက တစ်ဖက်လူ၏ဟိန်းဟောက်သံကို ကြားရသည့်အခါ တစ်ဖက်လူက ဒေါသပုန်ထသွားပြီဟု သူထင်ခဲ့သည်။ ယခုမူ ရှန်တိုင်သည် အလွန်စိတ်လှုပ်ရှားနေ သည်ကို မြင်လိုက်ရသဖြင့် သူသည်ပင် အလွန်အံ့သြသွားမိသည်။
"ကောင်စုတ်လေး၊ မင်းက ငါ့အစ်ကိုကြီးနဲ့တွေ့ဖို့ ဝါးတောင်တန်းကိုလာခဲ့တာ မဟုတ်ဘူးလား။ ဒီအတိုင်းဆိုရင်ရောကွာ၊ မင်း ငါ့ကို ကောင်းကောင်း တိုက်ခိုက်နိုင် တာနဲ့ ငါ့အစ်ကိုကြီးနဲ့တွေ့ဖို့ မင်းကိုခေါ်သွားပေးမယ်လို့ ငါ ကတိပေးတယ်ကွာ။ ဘယ်လိုလဲ" ရှန်တိုင်က ချင်ယွင်ကိုကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။
ချင်ယွင်သည် ရှန်တိုင်၏ စကားကို ကြားသည့်အခါ သူသည် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွားသည်။ ကြည့်ရတာ လိပ်အိုကြီးသည် လောဘကြီးပြီး ခိုးစားချင် နေမှန်း သိသာထင်ရှားသော်လည်း ယခုဖြစ်ပျက်ခဲ့သည့်အရာများသည် စမ်းသပ်မှု တစ်ခုသာ ဖြစ်ပုံရသည်။
ဤနည်းဖြင့် ချင်ယွင်၏ နှလုံးသားထဲတွင် ဒေါသများလည်း ပျောက်ကွယ်သွားသည်။ သူက ရှန်တိုင်ကိုကြည့်ပြီး အထင်သေးဖြင့် ပြောလိုက်သည် “ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို ကတိပေးတယ်။ ဒါပေမယ့် နာရင်တော့ ခင်ဗျား မငိုနဲ့နော်။ အဆင်ပြေတယ် မလား”။
"ဟား ၊ ဟား၊ တကယ်လို့ မင်းသာ ငါ့ကို ငိုအောင်လုပ်နိုင်ရင် ငါရှန်တိုင်က အနာဂတ် မှာ မင်းစကားပါ နားထောင်ဦးမယ်ကွာ။" ရှန်တိုင်သည် ဟာသကြီးတစ်ခု ကြားလိုက်ရ သကဲ့သို့ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဒါက သဘောတူညီချက်လား?" ချင်ယွင်က ဆက်လက် ရယ်မောလိုက်သည်။
"ငါရှန်တိုင် ကတိပေးတယ်။" ရှန်တိုင်က ပြောသည်။
"ကောင်းပြီလေ!" ချင်ယွင်က ချက်ခြင်း အော်ပြောလိုက်သည်၊ သူ့မျက်လုံးများသည် ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ထိန်းမနိုင်သိမ်းမရ တိုက်ပွဲဆန္ဒက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။
အခန်း (၃၈၀) မင်းမငိုမချင်း ရိုက်နှက်ခြင်း။
"ဟား ၊ ဟား။ လာစမ်းပါဦး ၊ မင်း ကိုယ်အလေးချိန် ဘယ်လောက်ရှိလဲ ကြည့်ရ အောင်။" ရှန်တိုင်က ရယ်မောလိုက်ပြီး သူ့မျက်လုံးထဲမှာ ရူးသွပ်သည့် တိုက်ပွဲဆန္ဒ တစ်ခု ထွက်ပေါ်လာသည်။
ဝှီး !
ရှန်တိုင်၏ ကြံ့ခိုင်သန်မာသောပုံရိပ်သည် ချင်ယွင်ဆီသို့ မိုးခြိမ်းသံအလား အော်ဟစ်ရင်း ပစ်ဝင်သွားသည်။
"ဘယ်နှစ်ကီလိုဂရမ်နဲ့ ဘယ်နှစ်အောင်စပဲရှိရှိပေါ့ကွာ၊ ခင်ဗျား ငိုသွားအောင်တော့ ရိုက်နိုင်ပါသေးတယ်။" ချင်ယွင်က ပစ်ဝင်လာသောရှန်တိုင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် တိုက်ခိုက်လိုသည့်ဆန္ဒဖြင့် လောင်ကျွမ်းနေသည်။ သူ၏ ခြေဖဝါးကို ပေါ့ပါးညင်သာစွာဖြင့် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူသည် လျှပ်တပြက်ကဲ့သို့ ရှေ့သို့ လျှောက်သွားခဲ့၏။
"ဘုန်း !"
သူတို့နှစ်ယောက်စလုံးသည် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်မိရင်း မိုးခြိမ်းသံအလား ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သောလေပြင်းများက လေဓားများကဲ့သို့ မြေပြင်ကို ဖြတ်သန်းရိုက်ခတ်သွား၏။ ထက်ရှသော လေဓားများ ကြောင့် ကျောက်စိမ်းဝါးပင်များပင် တိုက်ရိုက် ပြတ်တောက်သည်။
မနီးမဝေးမှာရှိနေသည့် လင်းကျန်းယွန်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ နာကျင်နေသော ရင်ဘတ်ကို ဖုံးအုပ်ရင်း သူသည် နောက်ပြန် ဆုတ်သွားရသည်။
ဤအဆင့်ပြိုင်ပွဲမျိုးကို ဘေးမှရပ်ကြည့်နေသူများပင် တိုက်ခိုက်မှထွက်ပေါ်လာသည့် စွမ်းအင်သက်ရောက်မူကြောင့် ထိခိုက်မိပြီး ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။
"ဟား ၊ ဟား၊ မင်းမှာ အရည်အချင်းရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး!" ရှန်တိုင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ချင်ယွင်ကို ကြည့်နေသည့် သူ့မျက်လုံးများက တုနှိုင်းမရသည့် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်ပြနေသည်။
"ဟမ့် ၊ ဒါကအစပဲရှိသေးတယ်" ချင်ယွင်၏ ပါးစပ်ထောင့်က ဆိုးညစ်သည့် အပြုံး တစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး ရှန်းတိုင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
"ဘုန်း!"
ပြင်းထန်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာမူနှင့်အတူ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အဝေးသို့ ပြန်ကန်ထွက်သွားကြသည် ။
ချင်ယွင်သည် ကွေးညွတ်နေသော ကျောက်စိမ်းဝါးပင်ပေါ်တွင် ရပ်ကာ အဝေးမှာ ရှိနေသည့် ရှန်တိုင်ကို ကြည့်လိုက်သည်။
ရှန်တိုင်၏ စွမ်းအားသည် အမှန်တကယ် သာလွန်ထူးခြားကြောင်း ချင်ယွင် ဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားက သတ္တမအဆင့် ကောင်းကင် အလွှာ သိုင်းဧကရာဇ်တစ်ပါးထက် အဆမတန် သာလွန်သည်။ ဟုတ်ပါသည်။ ရှန်တိုင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားက သန်မာသော်လည်း ချင်ယွင်နှင့်အဆင့်တူ မဟုတ်သေးပါဘူး။
"စိတ်ဝင်စားဖို့ ကောင်းတယ်၊ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် ဒါက ငါ့ခွန်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ သုံးရသေးတယ်။ တကယ်လို့ မင်းရဲ့ ဒီခွန်အားနည်းနည်းလေး နဲ့ ငါ့ကို မျက်ရည်ကျအောင် ရိုက်နှက်ချင်တယ်ဆိုရင်တော့ မင်းစိတ်ပျက်သွားမှာကို ငါ ကြောက်မိတယ်။" ရှန်တိုင်၏နှုတ်ခမ်းထောင့်စွန်းများသည် တဟားဟားရယ်မောဟန် ဖြင့် တွန့်ကွေးသွားခဲ့ပြီး သူ၏တိုက်ပွဲဝတ်စုံထဲမှ ခရမ်းရောင်လျှပ်စီးများက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာကာ သူ၏အငွေ့အသက်သည်လည်း ချက်ချင်းပင် ပိုမိုပြင်းထန် လာလေသည်။
"ဟမ့်၊ ပွဲကောင်းက မကြာခင် လာတော့မှာပါ"
ချင်ယွင်က ရယ်လိုက်မောပြီး အလင်းတန်းတစ်ခုအဖြစ် ရှန်တိုင်၏ရှေ့မှာ ပေါ်လာ သည်။ ကြောက်မက်ဖွယ်ကောင်းသော သူ၏လက်သီးသည် ရှန်တိုင်ဆီသို့ တိုက်ရိုက် ထိုးထွင်း ဝင်ရောက်သွားသည်။ သူ့လက်သီးချက်၏လေခွင်းသံသည် နဂါးတစ်ကောင် ဟိန်းဟောက်သံကဲ့သို့ တဟုန်ထိုး ထွက်ပေါ်နေလေသည်။
ရှန်တိုင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး သူ့လက်များကို အလျင်အမြန် ပိတ်ဆို့ တားဆီးလိုက်ရသည်။
"ဘုန်း!"
ချင်ယွင်၏လက်သီးသည် ရှန်တိုင်၏လက်များပေါ်သို့ ကျရောက်သွားပြီး မိုးခြိမ်းသံ ကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်သွားသည် ။
ရှန်တိုင်သည် သူ၏လက်များမှတဆင့် ကျဆင်းလာသည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး သူ့လက်များ ထုံကျင်သွားကာ သူ့ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ နောက်ဆုတ်သွားရလေသည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ခွန်အားလဲ ။" ရှန်းတိုင်သည် မထိန်းနိုင်ဘဲ အံအားသင့်စွာ ထုတ်ပြောမိသည်။ ချင်ယွင်ကို ယခုလိုခွန်အားမျိုးဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာမည်ဟု သူ မမျှော်လင့်ထားပါဘူး။
သို့သော်လည်း သူ့မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်ပနေ၏။ ဤနည်း ဖြင့် သူသည် အစွမ်းကုန် တိုက်ခိုက်နိုင်တော့မည်။
"ဟား ၊ ဟား၊ ကောင်းပြီ၊ မင်းရဲ့ခွန်အားတွေက ဒီလောက် ပြင်းထန်မယ်လို့ ငါ မမျှော် လင့်ထားဘူး။ ဒီလိုဆိုမှတော့ ငါ မထိန်းထားတော့ဘူး။ ငါတို့ အစွမ်းကုန် တိုက်ခိုက်ကြ မယ်။" ရှန်တိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့တစ်ကိုယ်လုံး ခရမ်းရောင် လျှပ်စီးများ တဖျပ်ဖျပ် လင်းလက်နေသည်။ သူ၏ မူလက ကြံ့ခိုင်သန်မာသော ရုပ်အသွင်သည် ဤလျှပ်စီး၏လင်းလက်မှုအောက်တွင် ထူးခြားစွာ လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။
"နောက်ဆုံးတော့ မင်းရဲ့ခွန်အားကို အပြည့်အဝ အသုံးချဖို့ ဆန္ဒရှိသွားပြီလား" သူသည် ခရမ်းရောင်လျှပ်စီးများ တဖျပ်ဖျပ်လင်းလက်နေပြီး တိုက်ပွဲဝင်ဝတ်စုံကို ၀တ်ဆင် ထားသည့် ရှန်တိုင်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးတွေမှာ ကြောက်ရွံ့မှု တွေရှိမနေဘဲ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်များကိန်းဝပ်နေသည်။
"ဟား , ဟား” ဒါဆိုလည်း လှုပ်ရှားကြတာပေါ့။ ဒီလိုဆိုမှတော့ မင်းငိုတဲ့အထိ ရိုက်နှက်ရလိမ့်မယ်” ပြေးသွားစဉ် သူ၏ရုပ်အသွင်သည် လေထဲတွင် ခရမ်းရောင် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ပြင်းထန်သော လက်သီးများက ချင်ယွင်ဆီသို့ တိုး ဝင်သွားရင်း ကြောက်မက်ဖွယ် မိုးခြိမ်းသံများကို သယ်ဆောင်လာသည်။
"ဘုန်း!"
သူတို့နှစ်ယောက်သည် ချက်ခြင်းဆိုသလို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြပြီး ၊ သူတို့ လက်သီးချက်များ ထိပ်တိုက်တွေ့ဆုံမူမှ မိုးကြိုးပစ်သလိုမျိုး၊ အဆုံးမဲ့ ပေါက်ကွဲ သံများ ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးသည် လေထဲတွင် အဆက်မပြတ် ဖြတ်ကျော်ကာ ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ အသံလှိုင်းပေါက်ကွဲမူများကို ကြားနေရသည်။ အချိန် အတိုင်း အတာတစ်ခုအထိ တိုက်ပွဲသည် နှစ်ယောက်သား ခွဲခြား၍မရနိုင်အောင်ပင် အပြန် အလှန် တိုက်ခိုက်နေကြသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လင်းကျန်းယွန်သည် အလွန် တုန်လှုပ်သွားခဲ့ရသည်။ ချင်ယွင်သည် အစွမ်းထက်ကြောင်း သူကြာရှည်စွာကတည်းက သိရှိထားခဲ့သော်လည်း သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို အရှုံးမပေးဘဲ အမှန်တကယ် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှန်တိုင်လည်း အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်း ဧကရာဇ်တစ်ပါးသည် သူ၏ ရုပ်ခန္ဓာခွန်အားကို အားကိုးခြင်းဖြင့် သူ့ကို အမှန်တကယ် သရေတိုက်ခိုက်နိုင်ခဲ့သည်။ သူ့လက်သီးများသည် လျှပ်စီးများ၏ ကောင်းချီးပေးခံထား ရကြောင်း သိထားရမည်။ တစ်ချက် ထိုးလိုက်ရုံဖြင့် တောင်ငယ် လေးတစ်ခုလုံးကိုပင် ဖြိုခွဲနိုင်မည် ဖြစ်သည်။ ဤချင်ယွင်သည် သူနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့သည်။
သူ၏ခန္ဓာကိုယ်က သူ့ကိုယ်ထက် သိသိသာသာ သာလွန်နေသည်ကို တွေးကြည့်လို့ရပါ သည်။
"ဘုန်း!"
သူတို့နှစ်ယောက်သား နောက်တကြိမ် ထိပ်တိုက်ဆုံမိပြီး တစ်ယောက်နှင့်တစ်ယောက် ကွဲသွားကြပြန်သည်။
"ဟား ၊ ဟား၊ မင်းမှာ ငါ့ကိုတိုက်ခိုက်ဖို့ ခွန်အားတွေရှိတယ်ဆိုတာကို ငါဝန်ခံရမယ်။ ဒါပေမယ့် မင်း ငါ့ကို ငိုအောင်လုပ်ဖို့က မလုံလောက်သေးဘူး ထင်တယ်” ရှန်တိုင်က ကျယ်လောင်စွာ ပြောလိုက်ပါသည်။ ချင်ယွင်နှင့် ဤတိုက်ပွဲသည် သူ၏စိတ်နှလုံးကို အလွန်ပျော်ရွှင်စေခဲ့သည်။
သို့သော်လည်း ချင်ယွင်သည် ရှန်တိုင်၏စကားကိုကြားသောအခါ၊ သူက ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည် "စောစောလေးက သွေးပူလေ့ကျင့်ခန်း သာသာပဲရှိသေးတာ ။ လာမယ့်တိုက်ပွဲကမှ တကယ့်တိုက်ပွဲအတွက် အချိန်ကျတာပဲ " ။
"သွေးပူလေ့ကျင့်ခန်းလား?"
ရှန်တိုင်က ရယ်မောလိုက်သည်။ ချင်ယွင်၏ခွန်အားက မဆိုးသော်လည်း ယင်းစကား က အလွနန်မောက်မာလွန်းသည်ဟု သူထင်သည်။
သို့သော် နောက်တစ်စက္ကန့်အကြာမှာ သူ အံ့အားသင့်သွားရသည်။
ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင်လျှပ်စီးကြောင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် တုနှိုင်းမရအောင်ပင် ပြင်းထန်သည့်အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်း သူ့ကို လွှမ်းခြုံသွား သည်။
ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း အနက်ရောင် လျှပ်စီးများ လင်းလက်နေသော နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ချက်ချင်းဆိုသလို တိုးလာခဲ့ သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့်အငွေ့အသက်များက ရှန်းတိုင်၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။
"ဒါက ဘယ်လိုလျှပ်စီးမျိုးလဲ" ရှန်တိုင်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည်။
"နောက်ပိုင်း မငိုဘူးမလား ?" ချင်ယွင်က ညင်သာစွာ ပြုံးလိုက်ရင်း သူ့နှုတ်ခမ်း ထောင့်စွန်းက မကောင်းဆိုးဝါးဆန်သည့် တွန့်ကွေးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ သည်။ သူ၏ နက်ရွှေရောင်သူငယ်အိမ်များက အလွန်ထက်ရှသော အလင်းရောင်ကို ထုတ်လွှတ်သည်။
ဝှီး !
ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ပုံရိပ်သည် အနက်ရောင် ပုံရိပ်ယောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ် အတွင်း မှာပင် သူသည် ရှန်တိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဒီအရှိန်အဟုန် " ရှန်တိုင်သည် စိတ်ထဲမှာ တွေးလိုက်ရုံရှိသေး ချင်ယွင်၏လက်သီးက သူ့ရင်ဘတ်ထဲကို မညှာမတာ ထိုးနှက်လိုက်လေပြီ။
ရှန်တိုင်သည် ချက်ချင်းပင် မျက်လုံးပြူးသွားပြီး အံ့သြသည့်အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်ဝတ်စုံသည် ပေါက်ကွဲသွားပြီး ချက်ချင်းပင် ကိုယ်လုံးတီးဖြစ်သွားသည်။ သူ့ရင်ဘတ်ထဲမှ ပြင်းထန်သော နာကျင်မှု ကြောင့် သူ၏ခေါင်းသည် မိန့်မောတွေဝေသွားခဲ့ရသည်။
“ မြေနိုး အကျင့်ပျက်ကောင် !" ရှန်တိုင်၏နှလုံးသည် ပြိုကျလုမတတ်ဖြစ်သွားရသည်။ ဤချင်ယွင်သည် သိပ်ကို လူမဆန်လွန်းသူဖြစ်သည်။ သူသည် သူ၏ တိုက်ပွဲဝင်ဝတ်စုံ အားလုံးကို တိုက်ရိုက် ဖြိုခွဲဖျက်ဆီးပစ်လိုက်သည်။ သူက သူ့ကို ကိုယ်လုံးတီးနှင့် တိုက်ခိုက်စေချင်တာများ ဖြစ်နိုင်မလား။
သို့သော် သူ အလွန်စိတ်ဓာတ်ကျနေချိန်တွင် ချင်ယွင်၏ပုံရိပ်သည် တစ္ဆေသရဲကဲ့သို့ သူ၏အနားတွင် တစ်ဖန်ပေါ်လာသည်။ သူ့လက်ထဲမှာ မည်သည့်အချိန်ကတည်းက ယူထားမှန်းမသိသည့် ကျောက်စိမ်းဝါးတစ်ချောင်းက ပေါ်လာပါသည် ။
"တိုက်ခိုက်တာ ရပ်လိုက်၊ တိုက်ခိုက်တာ ရပ်လိုက်တော့!" ရှန်တိုင်က ချက်ချင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။
သို့သော် ချင်ယွင်က ထိုစကားကို ကြားပုံမပေါ်ပေ။ သူ၏လက်ထဲမှ သာမန် ကျောက်စိမ်းဝါးသည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှန်တိုင်၏ ဝမ်းဗိုက်ကို ပြင်းပြင်း ထန်ထန် ထိမှန်သွားခဲ့သည်။
"ဘုန်း!"
ရှန်တိုင်သည် ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် သည် ဥက္ကာပျံကဲ့သို့ မြေပြင်နှင့် နီးကပ်စွာယှပ်ပြီး ပျံသန်းသွားကာ သူ၏ ချောမွေ့သော တင်ပါးသည် မြေပြင်ပေါ်တွင် ရှည်လျားသော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
"မင်းကို မတိုက်ခိုက်ဖို့ ပြောထားတယ် မဟုတ်ဘူးလား" ရှောင်တိုင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အခုထိ မငိုသေးဘူးလား!"
ချင်ယွင်၏ စကားကြောင့် ရှန်တိုင်တစ်ယောက် ပြိုလဲကျလုနီးပါး ဖြစ်သွားရသည်။
" မြေနိုးကောင် !" ရှန်တိုင်က မထိန်းနိုင်ဘဲ ကျိန်ဆဲပစ်လိုက်သည်။
ချင်ယွင် တဟားဟားရယ်မောပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။
ဘေးမှကြည့်နေသော လင်းကျန်းယွန်သည် မျက်မှောင်ကြုတ်လိုက်ပြီး မကြည့်ရက် တော့ဘဲ ခေါင်းကို တခြားတဖက်သို့ လှည့်သွားရသည်။
ထိုမြင်ကွင်းက အမှန်တကယ် လှပလွန်းနေပါသည်။
လူငယ်တစ်ဦးသည် ဝါးစိမ်းတုတ်ကိုဆွဲကိုင်ကာ လက်တုန့်ပြန်ရန် စွမ်းအားကင်းမဲ့နေ ပြီး အဝတ်ဗလာကျင်းနေသည့် အမျိုးသားတစ်ဦးအား လေထဲတွင် အပြန်ပြန် အလှန် လှန် ရိုက်နှက်နေလေသည်။