အခန်း (၃၉၁-၃၉၅)
Vol. 27 Ch. 391-395
အခန်း (၃၉၁) အနက်ရောင်မီးလျှံနွားထီးကြီးကို တိုက်ခိုက်ခြင်း။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးများသည် သန္ဓေပြောင်းဆိတ်သုဉ်းခြင်းသားရဲ ဖြစ်သည်။ အရွယ်ရောက်ပြီးသည်နှင့် သူတို့သည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သော ခွန်အားကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတို့သည် များသောအားဖြင့် တောအုပ်ကြီးများ၏ အရှင်သခင်များဖြစ်ကြပြီး ဆိတ်သုဉ်းခြင်း သားရဲအားလုံးကို အမိန့်ပေးနိုင်သည်။
တိုင်ဟန်တောင်တန်းများတွင် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး တစ်ကောင် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်းသည် လူသားတို့၏ ဘာသာစကားကိုပင် အမှန်တကယ် ပြောဆိုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ ထင်ရှားသည်မှာ၊ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် အဆင့်ငါး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြောက်မက် ဖွယ်ကောင်းနေပါသည်။
ဆိတ်သုဉ်းခြင်းသားရဲများသည် နတ်ဆိုးသားရဲအဆင့်သို့ ဖြတ်ကျော်သွားမှသာ လူသားပုံစံ အဖြစ်သို့ ပြောင်းလဲနိုင်ပြီး လူသားဘာသာစကားများကို ပြောဆိုနိုင်မည် ဖြစ်ကြောင်း တစ်စုံတစ်ယောက်သည် သိရှိထားရမည် ဖြစ်သည်။ သို့သော်၊ သူ၏ ရှေ့တွင်ရှိနေသော ဤအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ဆိတ်သုဉ်းခြင်း သားရဲအဖြစ်ဖြင့် အမှန်တကယ်ပြောနိုင်ခဲ့ပြီး ယင်းက သူ၏စွမ်းအားသည် သာလွန် ကောင်းမွန်ရမည်ဟု ဆိုလိုပါသည်။
ချင်ယွင်သည် သူ၏ရှေ့မှာရှိနေသော အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် တုနှိုင်းမရသည့် လေးနက်သော အမူအရာ ပေါ်နေပါ သည်။
သူသည် 'ကိုယ်ပျောက်နည်းပညာ'ကို အသုံးပြုထားသည်မှာ ထင်ရှားသော်လည်း ၎င်းအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် အဘယ်ကြောင့် သူ့ကို ရှာဖွေတွေ့ရှိ နိုင်သနည်း။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက ချင်ယွင်ကို ငုံ့ကြည့်သည်။ ၎င်း၏ ခွာလေးခုသည် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေသည့် မီးတိုင်များကဲ့သို့ ဖြစ်နေသည်။ ၎င်းခွာ၏ပတ်ဝန်းကျင်သည် လောင်ကျွမ်းပြီး မည်းနက်နေသည်။
"လူသား ၊ မင်းက မင်းရဲ့ခန္ဓာကိုယ်ကို ဖုံးထားကွယ်ပြီး မင်းရဲ့အငွေ့အသက်အားလုံးကို ထိန်းထားဖို့ ထူးဆန်းတဲ့ နည်းပညာကို အသုံးပြုထားပေမယ့်၊ လူသားတွေမှာ အပူချိန် ရှိတယ်ဆိုတာကို မမေ့ပါနဲ့။ မင်းရဲ့ဒီနေရာမှာ ထွက်ပေါ်လာမူကက ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို ပြောင်းလဲစေခဲ့တယ်" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက ဆက်ပြော ပါသည်။
ချင်ယွင် ရုတ်တရက် နားလည်သွားသလို အလွန်လည်း အံ့သြသွားသည်။ ဤ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ပတ်ဝန်းကျင်လေထု၏ အပူချိန် အနည်းငယ် ပြောင်းလဲမှုကိုပင် ရှာဖွေတွေ့ရှိနိုင်သည့်အတွက် အလွန်အစွမ်း ထက်သည့် အာရုံခံစားမူတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။
"အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးတွေက မာနကြီးကြတယ်။ သူတို့ဟာ မူလက တည်းက ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိသူတွေဖြစ်ကြတယ်။ ဒါပေမယ့် ခင်ဗျားက အစောင့်အကြပ် တစ်ယောက်အဖြစ် ဘယ်အချိန်ကတည်းက အဆုံးသတ် သွားခဲ့ရတာ လဲ။" သူ့ကို ရှာဖွေတွေ့ရှိတာကိုသည်ကို တွေ့လိုက်ရပြီးနောက် ချင်ယွင်သည် နောက်ထပ် မဖုံးကွယ်တော့ရန် ဆုံးဖြတ်လိုက်ပြီးနောက် အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးကို ပြောလိုက်သည်။
"သခင်ဧကရာဇ်မင်းမြတ်က မြင့်မြတ်တဲ့ သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားပြီး အစွမ်းထက် လွန်းတယ်။ ငါမန်နူက သူ့အတွက် တံခါးစောင့်ဖြစ်ရတာ ဂုဏ်ယူစရာပဲလေ။" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက ပြန်ပြောသည်။
"သခင်ဧကရာဇ်မင်းမြတ်ရဲ့ သွေးမျိုးဆက်က မွန်မြတ်တယ်၊ သူ့ရဲ့အစွမ်းကလည်း ကြောက်မက်ဖွယ်ကောင်းလွန်တယ်။"
ချင်ယွင်သည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ စကားလုံးများမှ အဓိက သော့ချက်ဖြစ်သည့် စာလုံးသုံးလုံးကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
သူ၏ခန့်မှန်းချက်က မှန်နေပုံရသည်။ ဤသားရဲဘုရင်သည် အမှန်တကယ် တည်ရှိနေ ခဲ့ပြီး ဤချိုင့်ဝှမ်းကြီးထဲတွင် ရှိနေသည်။ သူသည် အစွမ်းထက် နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင် သေချာပေါက် ဖြစ်ရမည်။
"ခင်ဗျားရဲ့ သွေးမျိုးဆက်ကလည်း မြင့်မြတ်တာပဲလေ။ ဒီတိုင်ဟန်တောင်တန်းထဲမှာ ခင်ဗျားအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးထက် ပိုပြီး မြင့်မြတ်တဲ့ သွေးမျိုးဆက် ရှိသေးလို့လား" ချင်ယွင်က ဆက်မေးလိုက်သည်။ အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီးဆီမှ အသုံးဝင်သော အချက်အလက်အချို့ကို သူ ထုတ်ယူလိုပါသည်။
"ဟမ့်၊ သခင်ဧကရာဇ်မင်းမြတ်က ဒဏ္ဍာရီလာ ပုဂ္ဂိုတစ်ယောက်ပဲလေ" အနက်ရောင် မီးလျှံနတ်ဆိုးနွားထီးကြီးသည် သူ၏စကားလမ်းကြောင်း လမ်းတစ်ဝက်မှာတင် ရပ်သွားခဲ့သည်။ ထို့နောက် သူက ချင်ယွင်ကို စိုက်ကြည့်ကာ သူ၏နှာခေါင်းမှ မီးလျှံနှစ်လုံးကို ထွေးထုတ်လိုက်သည်။ သူက ဒေါသတကြီး လေသံဖြင့် ပြောလိုက်သည် “လူသား ၊ မင်းက ငါ့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့”
ချင်ယွင်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် လုံးဝ တုံးအသူမဟုတ်ဟု သူလည်း မမျှော်လင့်ထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန်ဉာဏ်ကောင်းနေသည်။
"ကျုပ်က ခင်ဗျားကို လှည့်စားဖို့ မကြိုးစားပါဘူး။ အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီးနဲ့ ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့ကို လက်အောက်ခံအဖြစ် ထိန်းချုပ်နိုင်တဲ့ အဲဒီအပေါင်းအဖော်ရဲ့ဇစ်မြစ်ကို သိချင်ရုံပါ" ချင်ယွင်က ဆက်ပြီး လှည့်စား ပြောလိုက်သည်။
'"ဟမ့်၊ မင်း သေသွားရင်တောင် ငါမပြောပြဘူး။ မင်းတို့လူသားတွေက အရမ်း ကောက်ကျစ်တယ်လို့ ပြောကြတယ်။ မင်းနဲ့ပတ်သက်ပြီးတော့ ဒီစကားက လုံးဝ မှားယွင်းတယ်လို့ ငါမထင်တော့ဘူး။ မင်းက တကယ်ကို မုန်းစရာကောင်းတယ်။ မင်းတို့က ဝံပုလွေနီကို သတ်ပစ်လိုက်တာ ဖြစ်ရမယ်။ ဒါကို အခုထိ ငါတို့က လက်စား မချေရသေးဘူး။ ဒါကြောင့် အခု မင်းဆီက အတိုးနည်းနည်းပါးပါး ပြန်ယူရမယ်" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ဒေါသတကြီး အော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မီးတောက်များက သူ၏နှာခေါင်းထဲတွင် ဆက်လက်တောက်လောင် နေပါသည်။ ၎င်း၏ ခွာလေးထောင့်ရှိ အနက်ရောင် မီးတောက်များသည် ပို၍ပင် ပြင်းထန်စွာ တောက်လောင်နေ၏။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် အခြေအနေ မကောင်းကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ဤ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုနေခဲ့သည်။
"ခင်ဗျား ပြောနေတဲ့ ဝံပုလွေနီဆိုတာက ကြက်သွေးရောင်မျက်လုံး ဝံပုလွေပဲ မဟုတ် လား။ ဟမ့်၊ သူက လူသားတွေရဲ့မြို့ကို အရင်မတိုက်ခိုက်ဘဲ ဘာလို့ တိုင်ဟန် တောင်တန်းထဲမှာ အေးအေးချမ်းချမ်း မနေခဲ့တာလဲ။ ဒီလိုဆိုရင် ငါတို့က သူ့ကို ဘာလို့ သတ်ရမှာလဲ" ချင်ယွင်လည်း အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ ဤအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏စကားက သူ့ကို အနည်းငယ် ဒေါသထွက်စေသည်။
"မင်းတို့လူသားတွေက သေထိုက်တယ်။ မင်းတို့က ဒီတိုက်ကြီးကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့တယ်။ ပြီးတော့ မင်းတို့က ကိုယ့်ကိုယ်ကို ဒီတိုက်ကြီးရဲ့ သခင်တွေလို့ ကြွေးကြော်နေကြတယ်။ ငါတို့ဆိတ်သုဉ်းခြင်းသားရဲတွေရဲ့အသက်နဲ့ သေခြင်းရဲ့ စွမ်းအားကို အသုံးချပြီး ငါတို့ကိုလည်း ဒီတောင်တန်းငယ်လေးထဲကို တွန်းပို့လိုက်ကြ တယ်။၊ ဒါ့ပြင် မင်းလူသားတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အရှက်တရား ကင်းမဲ့စွာ ကောင်းတဲ့သူတွေကို အနိုင်ကျင့်ပြီး နတ်ဆိုးတွေကိုတော့ ကြောက်ရွံ့နေကြ တာ မဟုတ်လား။ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် တစ်ဖန် ပြန်အော် ပြောသည်။ ချင်ယွင်၏ စကားများက သူ့အား လုံးဝဒေါသထွက်စေခဲ့သည်မှာ ထင်ရှားသည်။
"တကယ်တော့ လူသားမျိုးနွယ်တွေထဲမှာလည်း လူဆိုးအချို့ ရှိပါတယ်။ သူတို့အားလုံး က အပြစ်ကင်းစင်သူတွေ မဟုတ်ပါဘူး။ အခု မင်းတို့က လူသားမြို့တွေကို တိုက်ခိုက် တာကရော အဲဒီလိုလူမျိုးတွေနဲ့ ဘာကွာခြားလို့လဲ" ချင်ယွင်က ပြောသည်။
လူသားများနှင့် ဆိတ်သုဉ်းခြင်းသားရဲများကြား ပဋိပက္ခသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ တိုက်ပွဲများအပြီးတွင်၊ အင်မော်တယ်ကမ္ဘာသည် အခြေချနေထိုင်မှုတစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းပြီး ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် နှစ်ဘက်စလုံးကို သီးခြားခွဲထားပြီး ဒေသနှစ်ခုကို ဖွဲ့စည်းထားသည်။ တစ်ဖက်နှင့်တစ်ဖက် အနှောင့်အယှက်ပေးခြင်းမျိုး မရှိကြပေ၊ ဤအရာက အတော်လေး ပြီးပြည့်စုံသည့် ဖြေရှင်းချက်တစ်ခုဟု ယူဆနိုင်ပါသည်။
သေမျိုးကမ္ဘာတွင်၊ ဆိတ်သုဉ်းခြင်းသားရဲ၏ ဉာဏ်ရည်ရည်သွေးသည် အစောပိုင်း ကာလတွေမှာ လူသားများထက် နိမ့်ကျသည်။ သူတို့ အားကောင်းလာမှသာလျှင် လူသားများနှင့် ယှဉ်နိုင်သော ဉာဏ်ရည်ဉာဏ်သွေးကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် သေမျိုးကမ္ဘာကို လူသားများက အုပ်ချုပ်နေကြဆဲ ဖြစ်ပြီး၊ ဆိတ်သုဉ်းခြင်းသားရဲ များကို ထိုတောင်တောင်များနှင့် သစ်တောများထဲသို့သာ တွန်းပို့နိုင်တော့သည်။
"ဟမ့်၊ မင်းလူသားတွေက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အရှက်မရှိကြဘူး။ ဒီနေ့ မင်းရဲ့ သွေးနဲ့ ဝံပုလွေနီအတွက် ငါယဇ်ပူဇော်ပေးမယ်။" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီး ကြီးသည် ကျယ်လောင်သော ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ် သည် စတင်လှုပ်ရှားလာသည်။ မီးတောင်ကြီးလို ကြီးမားသည့် ခွာကြီးများဖြင့် ချင်ယွင် ဆီသို့ တိုက်ရိုက် နင်းချလိုက်သည်။
ချင်ယွင်သည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ တိုက်ရိုက် တိုက်ခိုက်လာမှုကို မြင်သောအခါတွင် သူသည် မတွန့်ဆုတ်ဘဲ အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီး၏ တိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် သူ၏လှုပ်ရှားမှုပညာရပ်ကို ချက်ချင်း အသုံးပြု လိုက်သည်။
"ဘုန်း!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ကြီးမားသော ခွာကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ မြေပြင်သည် ချက်ချင်းပင် အက်ကွဲသွားပြီး ပတ်ဝန်းကျင်သည် ပို၍ပင် မည်းနက်လာသည်။
"ဟမ့်၊ မင်း ငါ့ရဲ့ တိုက်ခိုက်မှုတွေကို အကြိမ်အနည်းငယ် ရှောင်နိုင်မယ်လို့ ငါမြင်နိုင် တယ်" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် အေးစက်စွာ နှာချေမှုတ် ထုတ်လိုက်ပြီး ဧရာမခွာကြီးသည် တောင်တစ်ခုလို ချက်ခြင်း ရှေ့သို့ တိုးလာပြန်သည်။ ဤတစ်ကြိမ်တွင် ၎င်း၏အရှိန်သည် အလွန်မြန်သောကြောင့် ချင်ယွင်သည်ပင် မတုံ့ပြန်နိုင်ခဲ့ပေ။
သို့သော်လည်း ခွာကြီးများပေါ်ရှိ မီးတောက်မီးလျှံများသည် ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်သို့ လောင်ကျွမ်းနေပြီဖြစ်ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။
"ဘယ်လောက်တောင် ပြင်းထန်တဲ့ မီးတောက်တွေလဲ!"
ချင်ယွင်သည် သူ့နှလုံးသားထဲမှာ အော်ပြောလိုက်သည်။ ယခုအချိန်တွင် သာမန် မီးတောက်မီးလျှံများက ချင်ယွင်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။ သို့သော် ဤအနက်ရောင်မီးလျှံသည် အနည်းငယ်မျှသာ သူ့ကိုထိမိသွားခဲ့ပြီး သူ့အရေပြားကို ပြင်းထန်စွာ နာကျင်စေသည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် နောက်ထပ် ကျယ်လောင်သော ဟိန်းဟောကသံကို ထုတ်ဖော်လိုက်သည်။ ထိုအချိန်မှာပင် ထိုကြောက်မက်ဖွယ် ကောင်းသော ဧရာမခွာကြီးသည် ချင်ယွင်၏ ရှေ့တွင် အမှန်တကယ်ပေါ်လာပြီး ချင်ယွင်ဆီသို့ လျင်မြန်စွာ ကန်ထုတ်လိုက်လေသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်ထွက်သွားသည်။ သို့သော် ဧရာမခွာကြီးသည် လျင်မြန်လွန်းလှသည်။ ချင်ယွင် မတုံ့ပြန်ခင်မှာ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက သူ့ကို ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကန်ပစ်ခဲ့သည်။
"ဘုန်း !"
ချင်ယွင်သည် မြှားတစ်စင်းကဲ့သို့ လွင့်ထွက်သွားသည်။ သူ၏ ရင်ဘတ်ပေါ်တွင် လောင်ကျွမ်းနေသော အနက်ရောင် မီးတောက်များက သူ့အရေပြားကို လောင်ကျွမ်း စေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးပြိုကျသလိုမျိုး သူ့ရင်ဘတ်အတွင်း ပေါက်ကွဲသွားသည်။ တခဏချင်းမှာပဲ သူ့ရင်ဘတ်ထဲက အရိုးတစ်ဒါဇင်ကျော် ကျိုးသွားပြီး သွေးစိမ်းတွေ ဖျန်းခနဲ ထွက်လာသည်။
ချင်ယွင်သည် ပေဒါဇင်များစွာ ဆက်တိုက်လွင့်ပျံသွားခဲ့ပြီး မရပ်တန့်မီ အဝေးမှာရှိသည့် တောင်ကုန်းတစ်ခုပေါ်သို့ ထိုးကျသွားကာ ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
"ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ!"
ချင်ယွင်၏ မျက်နှာသည် တုနှိုင်းမရလောက်အောင်ပင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာသည်။ ဤအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ အစွမ်းသည် ကြောက်စရာကောင်းလွန်းသည်။ ထိုကန်ချက်ကြောင့် သူ၏ခန္ဓာကိုယ်မှာရှိသည့် အရိုးတွေအားလုံး ကွဲလုမတတ် ဖြစ်သွားရသည်။
ရုတ်တရက် သူသည် အဝေးကို လှမ်းကြည့်ရင်း ချင်ယွင်၏ မျက်လုံးများ ပြူးကျယ် သွားရသည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ၎င်း၏ ကြီးမားသော ခွာများကို ဝှေ့ယမ်း ကာ ကြောက်မက်ဖွယ်ရာ မြေကြီးတုန်ခါမှုအရှိန်ဖြင့် ချင်ယွင်၏ဆီသို့ တဟုန်ထိုး ပြေးလာနေသည်။ သူဖြတ်သွားသည့် နေရာတိုင်း သစ်ပင်တွေ ပြိုလဲကျသွားသည်။
အခန်း (၃၉၂) စွမ်းရည်သုံးပါးဓားဝင်္ကပါ။
ချင်ယွင်သည် တောင်များနှင့် ပင်လယ်ပြင်များ တဟုန်ထိုးမြင့်တက်လာကဲ့သို့ ဒေါသပေါက်ကွဲပြီး သူ့ဆီသို့ ဦးတည်ပြေးလာနေသော အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာသည်။
"မြေကြီးလှောင်အိမ် !"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်သည်။ ပြင်းထန်သောနာကျင်ပူလောင်မူ ဝေဒနာကို တောင့်ခံရန်ကြိုးစားရင်း သူက မတ်တပ်ထရပ်လိုက်သည်၊ သူသည် သူ၏အောက်မှာရှိနေ မြေပြင်ကို လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
ချင်ယွင်၏လက်ဖဝါးမှ ထူးဆန်းသော အနက်ရောင်ပုံစံများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ သည်။ ထိုထူးဆန်းသော အနက်ရောင်ပုံစံများသည် ပြန့်နှံ့လာသည်နှင့်အမျှ မြေပြင် တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစ ပြုလာသည်။
ထို့နောက် မြေကြီးထဲမှ ကျောက်တိုင်လုံးကြီးများသည် လျှင်မြန်စွာ ကြီးထွားလာသော အသီးအရွက်များကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး ကြီးမားသော အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးကို တိုက်ရိုက် ပိတ်ဆို့တားဆီးပြီး လှောင်ထားလိုက်သည် ။
အဆင့်ငါး အဆင့်မြင့်ဝင်္ကပါဖြစ်သော မြေကြီးလှောင်အိမ်သည် ကိုယ့်ပြိုင်ဘက်ကို သတ်ဖြတ်ရန်အတွက် မြေကြီး၏စွမ်းအားကို အသုံးပြုထားခြင်း ဖြစ်သည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ဧရာမကျောက်တိုင်လုံးကြီးများ၏ အကျဉ်းချခံထားရပြီး မည်မျှပင် ကြိုးစားရုန်းကန်နေပါစေ သူသည် လွတ်မြောက် အောင် လုံးဝ ချိုးဖျက်နိုင်စွမ်းမရှိခဲ့။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး ပိတ်မိနေချိန်တွင် ချင်ယွင်သည် စိတ်သက်သာ ရာရဟန် သက်ပြင်းချလိုက်သည်။
"ဘုန်း !"
သို့သော် သူသည် ဒုတိယအကြိမ် အသက်ပြင်းပြင်းကို မရှူနိုင်မီခင်မှာ သူ၏နားထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ခန္ဓာကိုယ်သည် အနက်ရောင် မီးတောက် များဖြင့် လောင်ကျွမ်းနေပါသည်။ သူ၏မျက်လုံးများသည် နီမြန်းနေကာ ချင်ယွင်ကို စူးစိုက်စိုက်ကြည့်နေရင်း သူ၏နှာခေါင်းများမှ အနက်ရောင်မီးတောက် နှစ်ခု ဖျန်းခနဲ ထွက်လာသည်။
အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးသည် သူ၏ မြေကြီးလှောင်အိမ် ဝင်္ကပါထဲမှ လျင်မြန်စွာ လွတ်မြောက်သွားသည်ကို ချင်ယွင်သည တွေ့ရှိလိုက်ရသည်။ သူ၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ ဤ အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီးသည် သူထင်ထားသည်ထက် များစွာ အားကောင်းနေပုံရသည်။
"မူး!"
အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ရှေ့ခွာများက မြေကိုယက်လိုက်ပြီး ချင်ယွင်ဆီသို့ အားမာန်သွင်းကာ ပစ်ဝင်တော့မည့် အတိုင်း သူ၏ဦးခေါင်းကိုလည်း နှိမ့်ထား၏။
သူ၏အရှိန်အဟုန်က လျှပ်စီးလက်သလို မြန်ဆန်သည်။
အနက်ရောင်သံမဏိထက် အဆပေါင်းများစွာ ပိုမာကြောသော နွားဦးချိုများသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်ကာ အဆုံးမဲ့ လွှမ်းမိုး ကြီးစိုးနိုင်စွမ်းကို ထုတ်လွှတ်နေသည်။
ရိုင်းရိုင်းသည့် နွားထီးကြီး၏ ထိပ်တိုက်တွေ့ဆုံမူ။ ဤအရာသည် အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ၎င်း၏ စွမ်းအား သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ချင်ယွင်ရပ်နေသည့် တောင်ထိပ် သည်ပင် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီး၏ ဤထိပ်တိုက် တိုက်ခိုက်မှုနှစ်ခုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
ချင်ယွင်သည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ တဟုန်ထိုး ပြေးဝင်တိုက်မူကို လုံးဝ မခံဝံ့ဘဲ ချက်ချင်းဆိုသလိုပင် သူ၏ နဂါးတောင်ပံများကို ဖြန့်ကာ အလင်းတန်း တစ်ခုကဲ့သို့ တစ်ဖက်သို့ ပျံသန်းသွားခဲ့သည်။
"ဘုန်း !"
မြေကြီးပေါက်ကွဲသံ ထွက်ပေါ်လာသည်။
အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီး၏ ရိုက်ခတ်မှုအောက်တွင် ပေတစ်ထောင်မြင့် သော တောင်ကြီးသည် ပေါက်ကွဲသွားသည်။ တောင်တစ်ခုလုံးသည် မရေမတွက်နိုင် သည့် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်လေးမျက်နှာ အားလုံးကို လွင့်ပျံသွားခဲ့သည်။ ပေါက်ကွဲသံကြီးနှင့်အတူ တောင်တစ်ခုလုံး ပြိုကျသွားသည်။ တောင်ကုန်းတစ်ခုလုံး၏ ထက်ဝက်ကျော် ပျက်စီးခဲ့ရသည်။
လေထဲမှာရပ်နေသည့် ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အထိန်းကွပ်မဲ့ဖြစ်ပြီး နှလုံးခုန်ရင်တုန်သွားခဲ့သည် ။
ဤရိုင်းဆိုင်းနေသည့် နွားထီးကြီး၏ အစွမ်းက ကြောက်စရာကောင်းလွန်းသည်။ သူ သိုင်းဧကရာဇ်နယ်ပယ်၏ အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်သို့ ရောက်ရှိမှသာ သူ၏ခန္ဓာကိုယ်သည် ဤကောင်ကြီးနှင့် ယှဉ်နိုင်မည် ဖြစ်သည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် မီးတောက်ကို သူ၏ပါးစပ်မှ ထွေးထုတ်လိုက်သည်။
အနက်ရောင်မီးတောက်များသည် ကောင်းကင်တစ်ခုလုံးနီးပါးကို လွှမ်းခြုံကာ ချင်ယွင်ကို အရူးအမူးတိုက်ခိုက်လာသည့် အနက်ရောင်မီးနဂါးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
ချင်ယွင် အံ့သြသွားသည်။ ယခင်က ဤအနက်ရောင်မီးလျှံသည် သူ့အား ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရဖူးသည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် သူ၏စိတ်ဝိညာဉ်စွမ်းအားကို စုစည်းကာ အနက်ရောင်မီးလျှံ နဂါးကြီးနှင့် ထိပ်တိုက်ရန်ဆိုင်ရန်အတွက် ဧရာမ ကျောက်တုံးကြီး တစ်ခုကို ထိန်းချုပ်လိုက်သည်။
သို့သော်၊ ဧရာမကျောက်တုံးကြီးသည် အနက်ရောင်မီးလျှံနဂါးနှင့် ထိပ်တိုက် ဆုံတွေ့မိသည့်အခိုက်တွင် ကျောက်တုံးကြီးသည် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားရသည်။
ချင်ယွင်၏ အမူအရာ ပြောင်းလဲသွားပြီး တားဆီးရန်အတွက် နဂါးတောင်ပံများကို အဆောတလျင် သုံးပြုလိုက်ရသည် ။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် နဂါးအတောင်ပံကို ဝင်ရောက်တိုက်မိ သွားပြီး ချင်ယွင်သည်လည်း ဧရာမသံတူကြီးဖြင့် ထုနှက်ခံလိုက်ရသည့်အလား လွင့်ပျံ သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ နဂါးအတောင်များသည် မူလကကတည်းက မီးတောက်မီးလျှံ များ၏ အတောင်များ ဖြစ်နေသည်။ ဤအနက်ရောင်မီးလျှံသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း ချင်ယွင်ကို မထိခိုက်စေနိုင်ပါ။ အမှန်ပင်၊ အနက်ရောင်မီးလျှံမှ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် ချင်ယွင်ကို ပေါက်ကွဲထွက်လာသည့် နာကျင်မူကို ခံစားရစေသေးသည်။
"မဟုတ်ဘူး၊ ဒါက အလုပ်မဖြစ်ဘူး။ ငါတို့ အမြန်ဆုံး ထွက်သွားရမယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည့် အခိုက်အတန့်မှာပင် ကျယ်လောင် စူးရှသည့် အော်ဟစ်သံ က အဝေးမှ ထွက်ပေါ်လာခဲ့သည်။
"ချီး………..!"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကြီးမားသော ရွှေရောင်အလင်းတန်းကြီး တစ်ခုသည် ချင်ယွင်ဆီသို့ ပျံသန်းလာသည်။
"မကောင်းတော့ဘူး ၊ အဲဒါ ရွှေတောင်ပံဂဠုန်ငှက်ကြီး ပဲ!"
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် လျင်မြန်စွာဖြင့် သတိထားမိသွားမည်ဟု သူ မမျှော် လင့်ထားပေ။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးတစ်ကောင်ကပင် သူ့ကို ခေါင်းကိုက်နေပြီ ဖြစ်ပြီး ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့်ပါ ထပ်ပေါင်းလိုက်ပါက သူသည် ပြန်လည် မတိုက်ခိုက်နိုင်လုနီးပါး ဖြစ်သွားရပြီ။
"ချီး...........!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်ကိုမြင်သောအခါ၊ ချင်ယွင်သည် သူ့အား ကြီးကြီးမားမား ဆုံးရှုံးခံစားရအောင် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ချက်ချင်း သိလိုက်ရ သည်။ ထို့ကြောင့် စူးရှသော မျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့် အလင်းကို ဖော်ထုတ်ပေးကာ ၎င်း၏ချွန်ထက်သော အတောင်ပံများဖြင့် ချင်ယွင်ဆီသို့ တိုက်ရိုက် ဝင်တိုက်တော့သည်။
သူ၏အရှိန်အဟုန်က ရွှေရောင်မီးတောက်တစ်ခုလို မြန်ဆန်သည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းသွားခဲ့ပြီး အလျှင်အမြန် ရှောင်ထွက်သွားသည်။ သို့သော်လည်း ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် အလွန်လျင်မြန်သွက်လက်သည်။
ချင်ယွင် အချိန်မီ ရှောင်ထွက်သွားသော်လည်း ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ခြေသည်း ကြီးတစ်ချောင်းက သူ၏ရင်ဘတ်ကို ဖမ်းကုတ်မိနေပြီဖြစ်သည်။
ချင်ယွင်၏ ရင်ဘတ်သည် ချက်ချင်းပင် သွေးထွက်သံယိုဖြစ်ကာ ရွှေတောင်ပံ ဂဠုန်ငှက်ကြီးကြောင့် အပြင်းအထန် ကွဲထွက်သွားသည်။
သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြုတ်ကျသွားသည်။
ချင်ယွင်ပြုတ်ကျလာကိုမြင်ရလျှင် အောက်မှာရှိနေသည့် အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးက အေးစက်စွာအော်လိုက်ပြီး ချင်ယွင်ကို သူ၏ခွာကြီးကြီးဖြင့် လှမ်းပေါက် ချသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ဆက်လက်ပြိုလဲသွားကာ သူ၏ရင်ဘတ်ရှိ နာကျင်မှုက သူ့ကို နက်ရှိုင်းစွာ မျက်မှောင် ကြုတ်သွားစေသည်။
ထိုအချိန်တွင် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေကို မြင်လိုက်ရသည်။ အမျက်ဒေါသက ချက်ချင်းပင် သူ၏မျက်နှာ ပေါ်တွင် ပေါ်လာသည်။
"ဟမ့်၊ ငါချင်ယွင်က မင်းတို့အနိုင်ကျင့်တာကို ခံမယ့်တစ်ယောက်လို့ မင်းတို့ တကယ် ထင်နေကြတာလား။ ဒီနေ့ ငါချင်ယွင်က ဒီလွန်ခဲ့တဲ့ နှစ်ရက်တုန်းက မင်းတို့ တိရစ္ဆာန်တွေ အနိုင်ကျင့်ခဲ့တဲ့ ချင်ယွင်မဟုတ် မဟုတ်ဘူးဆိုတာကို မင်းတို့ တိရစ္ဆာန်တွေကို ငါပြောပြမယ်"
ချင်ယွင်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့အသံက မိုးခြိမ်းသံလိုပင်။
နောက်ထပ် ဓားသုံးချောင်းက သူ၏ဘေးမှာ အလျင်အမြန် ထွက်ပေါ်လာသည်။
ဓားသည် ထက်မြက်သောအလင်းတစ်ခုစီကို ထုတ်လွှတ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျတစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။
"သေလိုက်စမ်း ၊ စွမ်းရည်သုံးဓားဝင်္ကပါ !"
ချင်ယွင်က အော်ဟစ်ပြီးသည်နှင့် သူ၏ဘေးမှာ လွင့်မျောနေသည့် ဓားသုံးချောင်းက ကြယ်သုံးပွင့်အဖြစ် ပြောင်းလဲသွားကာ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးဆီကို ပစ်လွှတ်သွားသည်။
ဤဓားအစင်းသုံးရာသည် သခင်လေးချီ၏ သိုလှောင်လက်စွပ်ထဲမှ ဖြစ်သည်။ ၎င်းတို့ သည် အင်မော်တယ်အဆင့်ဓားများ မဟုတ်ကြဘဲ ၎င်းတို့သည် သေမျိုးအဆင့် ဓားများထဲတွင် ပါဝင်ခဲ့သည်။ သို့သော် ၎င်းဓားရှည်များသည်လည်း ထူးထူးခြားခြား ကောင်းမွန်လှသည်။
"ဘုန်း !"
ဓားသုံးချောင်းသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏နဖူးကို ထိမှန်သွားကာ ၎င်း၏ကြောက်မက်ဖွယ်ရုပ်အသွင်အပြင်ကြီးကို ပြင်းထန်စွာ ပိတ်ဆို့တားဆီး လိုက်သည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက ဒေါသတကြီး အော်ငေါက်ပြီး ချင်ယွင်ကို ထပ်ပြီး ပြေးဝင်လာတော့မည်။
ချင်ယွင်၏ ပါးစပ်ထောင့်က သရော်ဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ အတွေး တစ်ချက်ဖြင့်၊ နောက်ထပ်ဓားသုံးချောင်း ထပ်မံ ထွက်ပေါ်လာပြန်ပြီး အနက်ရောင် မီးလျှံ နတ်ဆိုးနွားထီးကြီး၏ကိုယ်ခန္ဓာထဲသို့ ဖော်ပြလို့မရသည့် ပုံရိပ်ယောင်များအဖြစ် ထိုးဖောက်ဝင်ရောက်သွားပြန်သည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက နာကျင်စွာ အော်ဟစ်ပြီး သူ၏မျက်လုံးထဲမှာ ဒေါသမီးလျှံတွေက ပို၍ပင် ပြင်းထန်လာခဲ့သည်။
အဆုံးမရှိသော အနက်ရောင်မီးတောက်မီးလျှံများသည် ပြင်းထန်စွာ လောင်ကျွမ်း လာခဲ့ပြီး သူ၏ခေါင်းပေါ်ရှိ ဦးချိုများပင် မှောင်မိုက်သည့် အလင်းရောင်ဖြင့် လင်းလက် တောက်ပလာသည်။
သူ၏အငွေ့အသက်များက ဆက်လက် မြင့်တက်လာခဲ့ပြီး ပို၍ပင် ကြောက်စရာ ကောင်းလာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် အလွန်အံ့သြသည့် အမူအရာတစ်ခု ပေါ်လာပါသည်။
ချက်ခြင်းပင် သားရဲမှတ်တမ်းများ ကျမ်းစာထဲရှိ စကားလုံးတွေက သူ၏စိတ်ထဲမှာ ပေါ်လာသည်။ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရှေးဟောင်းနတ်ဆိုး နွားထီး ကြီး၏ သွေးမျိုးဆက်များသည် ဒေါသထွက်ပြီးသည်နှင့် အနှိုင်းမဲ့ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ချင်ယွင်သည် မျက်လုံးများတွင် အနက်ရောင်မီးတောက်မီးလျှံများ တောက်လောင် နေသော အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ကြည့်လိုက်သည်။ သိသိသာသာပင် သူသည် အနှိုင်းမဲ့ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားသည်မှာ ထင်ရှားသည်။
"ဘုန်း!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ၎င်း၏ခြေထောက်ကို နင်းလိုက်သည်နှင့် မြေပြင်တစ်ခုလုံးသည် ပင့်ကူမျှင်ကဲ့သို့ ချက်ချင်းကွဲအက်သွားခဲ့သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ချင်ယွင်ကို စိုက်ကြည့်နေ သည်။
ကောင်းကင်မှာ ရွှေတောင်ပံဂဠုန်ငှက်ကြီးက အတောင်ပံတွေကို ခတ်လိုက်ပြီး သူ၏ မျက်လုံးတွေထဲမှာ တုနှိုင်းမရအောင် ထက်မြက်သည့် အလင်းတန်းတွေကို ထုတ်လွှတ် နေသည်။ သူသည်လည်း ချင်ယွင်အား သေစေလောက်သည့် ထိုးနှက်ချက်ပေးနိုင်မည့် အခွင့်အရေးကို စောင့်မျှော်နေသည်။
ဓားရှည်ခြောက်လက်က ချင်ယွင်ကို ပတ်ပတ်လည်မှ ဝိုင်းရံထားသည်။ သူသည် သူ့ရှေ့မှာရော သူ့နောက်မှာပါရှိနေသည့် အကောင်ကြီးနှစ်ကောင်ကို ကြည့်လိုက်ရင်း သတ်ချင်စိတ်တွေ ထွက်ပေါ်လာသည်။
အခန်း (၃၉၃) ဓားဝင်္ကပါတစ်ခု၏စွမ်းအား။
တိုင်ဟန်တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် လေထုသည် အလွန် တင်းမာလာသည်။
ဧရာမသားရဲကြီး နှစ်ကောင်သည် ချင်ယွင်ကို လောဘကြီးစွာ စိုက်ကြည့်နေသည်။
" ကောင်စုတ်လေး ၊ မင်းငါ့အကူ အညီလိုသေးလား" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ယုံကြည်မှုအပြည့်ဖြင့် အသံဖြင့်ဆက်သွယ်မူတစ်ခု ပေးပို့လိုက်သည် "မလိုသေးပါဘူး၊ အဘိုးကြီးက အရင်ဆုံး အနားယူလိုက်ပါဦး။ အခုမှ သားရဲနှစ်ကောင်ပဲ ရှိပါသေးတယ်။ ကျွန်တော် ကိုင်တွယ်နိုင်ပါသေးတယ်"
"အို၊ ကောင်စုတ်လေး ၊ မင်းရဲ့ အစီအရင်ဝင်္ကပါ ကျင့်ကြံမူလမ်းစဉ် ပြန်ကောင်းလာ ကတည်းက မင်းရဲ့လေသံက အများကြီး ကျယ်လာတာပဲ။ မင်းရဲ့စွမ်းအား ဘယ်လောက် တိုးတက်လာလဲတော့ ငါ မသိဘူး" ရှေးဟောင်းတာအိုဆရာသခင် အနည်းငယ် အံ့သြသွားသည်။
"ဒါဆိုလည်း စောင့်ကြည့်လို့ရပါတယ်။" ချင်ယွင်က ညင်သာစွာ ပြုံးလိုက်ပြီး သူ၏စကားတွေက ခိုင်မာသည့် ဆုံးဖြတ်ချက်ချထားဟန် ပေါ်လွင်နေသည်။
အမှန်တကယ်တော့ ချင်ယွင်၏ ယုံကြည်မှုကလည်း ဘာမှမရှိဘဲ အလွတ် ရောက်လာ တာ မဟုတ်ပါဘူး။ အကယ်၍ သူသည် အစီအရင်အူတိုင်ကို မသိပ်သည်း နိုင်ခင်ကဆို နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်နှင့် ယှဉ်လုနီးပါးရှိသော ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်နှင့် ရင်ဆိုင်ရပါက၊ ချင်ယွင်သည် နောက်ပြန်ဆုတ်ရန် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။
ယခုမူ သူသည် သူ၏ အစီအရင်အူတိုင်ကို ပေါင်းစည်းပြီးဖြစ်သောကြောင့်၊ သူ၏ အစီအရင်ကျင့်ကြံမူလမ်းစဉ်သည် အဆင့်ငါး၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။ အစီအရင်မှော်ပညာရှင်များသည် ရှားပါးသော်လည်း၊ ၎င်းတို့သည် အလွန် အစွမ်းထက်လှပါသည်။
ပုံမှန်အားဖြင့်၊ အဆင့်ငါး အစောပိုင်း အစီအရင်မှော်ပညာရှင်များသည် သိုင်းဧကရာဇ် နယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်စွမ်းအား ရှိကြပြီး၊ အဆင့်ငါး အလယ်အလတ်အဆင့်ရှိ အစီအရင်မှော်ပညာရှင်များသည် သိုင်းဧကရာဇ် နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။ အဆင်းငါး နှောင်းပိုင်းအဆင့်ရှိ အစီအရင်မှော်ပညာရှင်များသည် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ရှိ ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အဆင့်ငါး အထွက်အထိပ်ရှိ အစီအရင်မှော် ပညာရှင်များအတွက်မူ ၎င်းတို့သည် ဤအဆင့်ထဲမှာ လုံးဝ ပြိုင်ဘက်ကင်းသော တည်ရှိမှုများ ဖြစ်ကြသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ အစီအရင်ဝင်္ကပါကျင့်ကြံမူ အခြေခံသည် အဆင့်ငါး၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသည် ရန်သူများကို တိုက်ခိုက်ရန် အစီအရင်ဝင်္ကပါကို အသုံးပြုပါက၊ သူသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူအားလုံးကို သေချာပေါက်ချေမှုန်းနိုင်မည် ဖြစ်သည်။ ဤနေရာမှာ သူ၏ ယုံကြည်မှုကို အတိအကျ ပေးထားသည်။
"မူး!"
အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ဟစ်အော်လိုက်သည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် မြေပြင် ပေါ်သို့ ပေါက်နင်းကာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံ၊ မိုးခြိမ်းသံနှင့် အတူ ချင်ယွင်ဆီသို့ ထပ်မံ တိုးဝင်လာခဲ့ပြန်သည်။
၎င်း၏အငွေ့အသက်သည်လည် ရှေ့တွင် ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ အနှိုင်းမဲ့ ပြင်းထန်လှသည်။ ၎င်းသည် ရှေ့ကို ရဲဝံ့စွာ ပြေးဝင်လာခဲ့သည်။ နွားထီးကြီး၏ ချွန်ထက်သော ဦးချိုသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်သည်။ အကယ်၍ သူ၏နှလုံးကို မဖောက်နိုင်ဘူးဆိုလျှင်ပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို နွားထီးကြီး၏ ဦးချိုကြီးဖြင့် ထိုးဖောက် သွားမည်ဖြစ်သည်။
"ချီး…………!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်ဆီသို့ ရိုင်းစိုင်းသည့်နွားထီးကြီး ပြေးဝင်သွား သည်ကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားရင်း ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား သည်။ သူတို့သည် ချင်ယွင်၏လမ်းကြောင်းအားလုံးကို ပိတ်ပစ်ထားချင်ပြီး လွတ်မြောက်ရန် အခွင့်အရေး မပေးချင်ပေ။
ချင်ယွင်သည် ဧရာမသားရဲကြီးနှစ်ကောင်က သူ့ဆီကို အရူးအမူး ပြေးဝင် တိုက်ခိုက် လာသည်ကို စောင့်ကြည့်နေသည်။ သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် များ ပေါ်လာပြီး သူတို့ကို ရှောင်တိမ်းရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။ ထိုအချိန်တွင်၊ သူ၏ရှေ့တွင် နောက်ထပ် ဓားသုံးချောင်းထပ်ပေါ်လာပြီး ပြင်းထန်သော ဓားအော်သံများ ထွက်ပေါ်လာသည်။
အကန့်အသတ်မဲ့ ဓားဆန္ဒသည် ချက်ချင်းပင် ပျံ့နှံ့သွားပြီး သူ၏အငွေ့အသက်သည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသွားသည်။ ထိုအချိန်တွင် ချင်ယွင်သည် နေနှင့်လကိုပင် ဓားဖြင့်ခုတ်ပိုင်းနိုင်ပြီး ကြယ်များကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားနိုင်သည့် ဓားအင်မော်တယ်တစ်ဦးနှင့် တူသည်။
"နင်း !" ချင်ယွင်က တိုးညှင်းစွာ အော်လိုက်သည်။
ဓားကိုးချောင်းလွှမ်းခြုံထားသည့် ပြင်းထန်သောဝင်္ကပါ စွမ်းအားက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဓားကိုးချောင်းသည် ချက်ချင်းပင် တန်းစီနေသည်။ မမြင်နိုင်သည့် စွမ်းအင်လှိုင်း အတက်အကျလှိုင်းများသည် အပြန်အလှန်ဆက်နွယ်နေပြီး ၎င်းတို့၏ အငွေ့အသက် များသည်လည်း အချင်းချင်း လုံး၀ ပေါင်းစပ်ထားသည်။ ၎င်းတို့သည် အနှိုင်းမဲ့ စူးရှသော အငွေ့အသက်ကို ထုတ်လွှတ်သည်။ ဓားရှည်များသည် တောက်ပသော အလင်းရောင် ကို ထုတ်လွှတ်နေသည်။
"သွားတော့ !"
ချင်ယွင်က ထပ်အော်သည်။
ဓားရှည်ကိုးစင်းသည် ကြွေကျလာသော ကြယ်များကဲ့သို့ ပစ်လွှတ်သွားကြပြီး အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးဆီသို့ ပျံသန်းသွားခဲ့သည်။
ဧရာမဓားကိုးချောင်းသည် လေထဲတွင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင် မီးလျှံနတ်ဆိုးနွားထီးကြီး၏ ပေါင်နှင့် ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွား သည့် လှပသော လမ်းကြောင်းများအဖြစ် ပုံဖော်သွားသည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။ ဓားများ၏တိုက်ခိုက်မှုကြောင့် သူ၏ခြေလက်များ အားနည်းသွားခဲ့သည်။ သူ၏ မူလက ပြေးနေသော ခန္ဓာကိုယ်ထည်ကြီးသည် သူ၏ ဆွဲငင်အားဗဟိုချက် ချက်ချင်း ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။
"ဘုန်း !"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ကျယ်လောင်သော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ဧရာမဘောလုံးကြီးကဲ့သို့ အကြိမ်အနည်းငယ် လှိမ့်ဆင်းသွားခဲ့ သည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သစ်ပင်များ ကျိုးပဲ့ကြေမွသွားကာ မြေကြီးသည်ပင် အပိုင်းပိုင်း ကျိုးပျက်ပေါက်ကွဲသွားခဲ့သည်။ သူသည် ဘေးနားမှာ ရှိနေသည့် တောင်ကြီးကို ဝင်မတိုက်မိခင်အထိ ရပ်တန့်ခြင်း မရှိပါဘူး။
အဝေးကရောက်နေကြသည့် ဝေရှန်းနှင့် ရှန်တိုင်တို့သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သရဲတစ္ဆေတွေနှင့် နတ်ဘုရားတွေကို မြင်လိုက်ရသည့်အတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ငါ့လခွမ်း၊ စီနီယာချင်က တကယ့်ကို နတ်ဘုရားတစ်ပါးလား!"
ရှန်တိုင်သည် အံ့ဩတကြီးဖြစ်မူနှင့်အတူ သက်ပြင်းမချဘဲ မနေနိုင်တော့။ သူ၏ နှလုံးသားထဲမှာ အံ့ဩခြင်းတွေက မြစ်ရေတွေ စီးဆင်းနေသလိုမျိုး အတောမသတ် နိုင်တော့ပေ။
ဝေရှန်းလည်း အံသြမှင်သက်နေမိသည်။ သူသည် စကားမပြောနိုင်ဘဲ ထိုနေရာမှာပင် အကြာကြီးရပ်နေမိ၏။
"ချီး…………!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်က အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီး၏ တိုက်ခိုက်ခြင်းကို အလွယ်တကူ ချေဖျက်တားဆီးနိုင်သည်ကို မြင်သောအခါ၊ သူ၏ မူလက အလွန်လျင်မြန်သော ရုပ်အသွင်အပြင်ကြီးသည် ရုတ်တရက် ရပ်တန့်သွား သည်။ သူသည် လေထဲတွင် လွင့်မျောနေကာ ချင်ယွင်ကို သတိနှင့် ကြည့်နေလေသည်။
ချင်ယွင်သည်လည်း လေထဲမှာ လွင့်မျောပြီး သူ၏နောက်ကျောကို လက်နှစ်ဖက် ယှက်ကာ ရပ်လိုက်သည်။ သူသည် ဘေးကိုလှိမ့်ဆင်းသွားသည့် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို စိုက်ကြည့်ရင်း သူ၏ဝတ်ရုံများ တဖျပ်ဖျပ် လှုပ်ခါနေသည်။ သူ၏မျက်လုံးထဲတွင် အပြုံးအရိပ်တစ်ခု ပေါ်လာသည်။
ဤဆိတ်သုဉ်းခြင်း သားရဲများသည် ရုပ်ပိုင်းဆိုင်ရာခွန်အားအရာမှာ လူသားများထက် ဆယ်ဆ ပိုအားကောင်းသော်လည်း၊ ၎င်းတို့သည် တိုက်ခိုက်ရာမှာတော့ ပို၍ အားနည်း ပါသည်။ သူတို့၏ တိုက်ကွက်တွေရဲ့ အားနည်းချက်တွေကို သိရှိထားသရွေ့တော့ သူတို့၏တိုက်ခိုက်မှုများတွေကို ချေဖျက်ဖို့က အလွန် လွယ်ကူသွားပါလိမ့်မည်။
ချင်ယွင်သည် ကောင်းကင်ယံတွင်ရှိနေသည့် ရွှေတောင်ပံဂဠုန်ငှက်ကြီးကို တစ်ဖန် ကြည့်လိုက်သည်။ ဧရာမငှက်ကြီးသည် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ သည်။ ဧရာမငှက်ကြီးသည် မတိုက်ခိုက်သေးပါဘူး။ အစောပိုင်းက သူ၏တိုက်ခိုက် ရေးနည်းများက ၎င်းကို ခြိမ်းခြောက်နိုင်ပုံ ရသည်။
"မင်းက အရင်စပြီး မတိုက်ခိုက်ဘူးဆိုမှတော့ ငါပဲ အရင်တိုက်ခိုက်လိုက်မယ်" ချင်ယွင် က ညင်သာစွာ ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအော်သံများက တခဏချင်း ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ဓားအလင်းတန်းကိုးခုသည် လေထဲတွင် အလွန်လှပသည့် လမ်းကြောင်းများကို ရေးဆွဲသွားပြီး ရွှေတောင်ပံဂဠုန်ငှက်ကြီးဆီကို တိုက်ရိုက်ပျံသန်းကာ တိုက်ခိုက်ကြ သည်။ ၎င်းတို့၏ အမြန်နှုန်းက အနှိုင်းမဲ့ မြန်ဆန်လွန်းသည်။
"ချီး…………!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်၏ တိုက်ခိုက်လာခြင်းကို အလွန်ဒေါသ ထွက်နေသကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏ ကြီးမားသော ခြေသည်းကြီးများကို ဆန့်ထုတ်ကာ ပထမဆုံးပျံသန်းလာသော ဓားရှည်တစ်ချောင်း ဆီသို့ ရိုက်ချလိုက်သည်။
ချွင်!
သန့်စင်သည့် သံမဏိအချင်းချင်း ထိပ်တိုက်ဆုံမိသည့်အသံက ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။
ဓားသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ခြေသည်းဖြင့် ရိုက်ချက်ကြောင့် အဝေးကို လွင့်ထွက်ပြီး ကျောက်တုံးကဲ့သို့ တောထဲသို့ ကျသွားသည်။ ပြင်းထန်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည်။ ဓားအတွင်းပါရှိသည့် ဓားချီ၏ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်ရသည်။
သို့သော်လည်း ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ခြေသည်းတစ်ချောင်းနှင့် ပျံသန်းနေ သော ဓားပျံတစ်စင်းကို အဝေးကို ရိုက်လွှတ်ပြီးနောက်တွင်၊ နောက်မှ နီးကပ်စွာ လိုက်ပါလာသည့် အခြားဓားပျံ ရှစ်စင်းသည်လည်း ၎င်းတို့တစ်ချောင်းစီမှ ထက်ရှသော ဓားအလင်းကို ထုတ်လွှတ်ကာ ပျံသန်းလာကြသည်။
"ချွင် ! ချွင် !"
ဓားရှည်များသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ရွှေတောင်ပံများနှင့် အဆက်မပြတ် တိုက်မိသွားပြီး သန့်စင်သည့် သံမဏိအချင်း ထိပ်တိုက်တွေ့ဆုံသည့်အသံများ ထွက်ပေါ်လာသည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည်လည်း ဓားရှစ်လက်မှ ကြောက်မက်ဖွယ် စွမ်းအားကြောင့် လွင့်ပျံသွားခဲ့သည်။ သူသည် အဝေးမှာရှိနေသည့် တောင်နံရံကို ထိမှန်သွားခဲ့ပြီး မရေမတွက်နိုင်အောင် များပြားကြီးမားလှသည့် ကျောက်တုံးကြီးများ လှိမ့်ထွက်လာကြသည် ။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် ဝမ်းနည်းသွားသည်။ ထိုဓားများသည် အစွမ်းထက်သော်လည်း ထက်မြက်မှုတော့ မရှိသေးပါဘူး။
အကယ်၍ ၎င်းအားလုံးသည် အင်မော်တယ်အဆင့် ဓားများဖြစ်ခဲ့ပါက၊ ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏အတောင်ပံများ မည်မျှပင် မာကြောနေစေကာမူ ချင်ယွင်သည် ဆန်ခါပေါက်ဖြစ်သည်အထိ ဓားဖြင့်ထိုးဖောက် တောင်နံရံပေါ်မှာ သံမှိုနှက်သလို စွဲအောင်ထိုးဖောက်သွားမည် ဖြစ်သည်။
အဝေးမှာရှိနေသည့် ဝေရှန်းနှင့် ရှန်တိုင်တို့လည်း အံ့ဩသွားကြသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူတို့၏မျက်လုံးများထဲမှာ အမှန်တကယ် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ ဖြစ်သည်။
ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေကာ ပျံသန်းနေသော ဓားကိုးချောင်းကို ထိန်းချုပ် နိုင်ပြီး သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်သော သားရဲနှစ်ကောင်ကို အနိုင်ယူနိုင်ခဲ့သည်။ ဤအရာသည် မည်မျှ အစွမ်းထက်လိုက်ပါသနည်း။
"ဒါက ဝင်္ကပါတစ်ခုပဲ။ နောက်ပြီး၊ ဒါက အလွန်အစွမ်းထက်တဲ့ ဒဏ္ဍာရီလာ ဓားဝင်္ကပါ တစ်ခုပဲ။ စီနီယာချင်ဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ အစီအရင်မှော် ပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။" ရှန်တိုင်သည် မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ပြောလိုက်သည်။
သူသည် သူ၏ တတိယညီဖြစ်သူ ရှန်ကျွဲ့နှင့် နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီး အစီအရင်ဝင်္ကပါများနှင့်ပတ်သက်ပြီး နားလည်မှုအချို့ရှိခဲ့သည်။ ချင်ယွင်သည် အဆင့်း ငါး အထွတ်အထိပ်ရှိ ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို ဆက်တိုက် အနိုင်ယူရန် အတွက် ပျံသန်းနေသော ဓားကိုးချောင်းကို အမှန်တကယ် ထိန်းချုပ် နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ဤအရာသည် အစီအရင်ဝင်္ကပါများ၏ စွမ်းအားဖြစ်သည်ကို သူချက်ချင်း နားလည်လိုက်သည်။
အစီအရင်ဝင်္ကပါများ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင်ပင် အစွမ်းထက်ပြီး ဓားအစီအရင်ဝင်္ကပါက အစွမ်းထက်ဆုံးဖြစ်သည်။ သို့သော်၊ ထျန်ယွန်တိုက်ကြီးတွင် ဤမျှလောက်အစွမ်းထက်သော ဓားအစီအရင်ဝင်္ကပါကို မဆိုထားနှင့်၊ အခြား အစီအရင် ဝင်္ကပါမှတ်တမ်းများသည်ပင် လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။
ရှန်တိုင်သည် အကယ်၍ ဤမြင်ကွင်းကို ရှန်ကျွဲ့မြင်တွေ့မိလျှင် သူသည် ရူးသွပ်သွား လိမ့်မည်ဟု သေချာပေါက် ပြောရဲသည်။
အခန်း (၃၉၄) သတ်ဖြတ်မူစတင်ခြင်း။
"ရွှီး…………..!"
အားလုံးသည် တွေဝေမှင်တက်သွားသလိုမျိုး ဖြစ်နေကြစဉ်မှာ ရွှေစပါးအုံးမြွေကြီး တစ်ကောင်သည် တောအုပ်က ရုတ်တရက် ထွက်လာသည်။ ရွှေစပါးအုံးမြွေကြီး၏ ပါးစပ်ကြီးသည် ဧရာမတွင်းနက်ကြီးနှင့်တူပြီး ချင်ယွင်ဆီသို့ ဝါးမျိုလာသည် ။
ကြီးမားလှသည့် သွေးနီရောင်ပါးစပ်ကြီးမှ အနံ့အသက်ဆိုးများ ထွက်လာသည်။ ချွန်မြနေသည့် အစွယ်နှစ်ချောင်းသည် နေရောင်အောက်တွင် နှင်းဖြူရောင် အလင်းများ လင်းလက်တောက်ပနေသဖြင့် မြင်ရသူလူတိုင်းကို ထိတ်လန့်စရာ ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
"ဟမ့်၊ ငါ မင်းကိုစောင့်နေတာ!"
ချင်ယွင်က ရယ်မောလိုက်သည်။ ချင်ယွင်၏ နောက်တွင် ၎င်းမြွေကြီးနှင့် ထပ်တူ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ရုတ်တရက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ပျံထွက်သွားပြီး ဧရာမရွှေစပါးအုံးမြွေကြီး၏ လည်ပင်းကို တိုက်ရိုက် ကိုက်ချ လိုက်သည်။
ဧရာမ ရွှေစပါးအုံးမြွေကြီးသည် သနားစရာကောင်းသည့် အော်ဟစ်သံ ထွက်လာသည်။ ၎င်း၏ မူလက တဟုန်ထိုး ပေါက်ကွဲထွက်လာသော ပုံရိပ်ကြီးသည် ချက်ချင်း ရပ်တန့် သွားသည်။ ၎င်း၏လည်ပင်းပေါ်ရှိ အကြေးခွံများ ထိုးဖောက်ခံလိုက်ရပြီး အနီရောင် တောက်တောက် သွေးများ စိမ့်ထွက်နေသည်။
မှန်ပါသည်။ ရုတ်တရက် ခုန်ထွက်လာသည့် ဤကြီးမားလှသော ခန္ဓာကိုယ်ကြီးက ချင်ယွင်၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ် လေဟာနယ်ထဲမှာ ပုန်းအောင်းနေသည့် ရှောင်ဘိုင်ပဲ ဖြစ်ပါသည်။
အမှန်တကယ်တော့ ချင်ယွင်သည် အရိပ်ထဲမှာ ပုန်းကွယ်နေသည့် ဧရာမ ရွှေစပါးအုံး မြွေကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီးသား ဖြစ်ပါသည်။ ဤစပါးအုံးမြွေကြီးသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်နိုင်ပြီး ရှောင်ဘိုင် နှင့် တန်းတူနီးပါး ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ရှောင်ဘိုင်နှင့် တိတ်တဆိတ် ဆက်သွယ်ထားခဲ့သည်။ ဧရာမရွှေစပါးအုံးမြွေကြီးက သူ့ကိုတိုက်ခိုက်လာသည်နှင့် ရှောင်ဘိုင်က ချက်ချင်းထွက်လာပြီး ဧရာမရွှေစပါးအုံး မြွေကြီးကို သေစေတဲ့အထိ ထိုးနှက်တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသည်။
ဧရာမရွှေစပါးအုံးမြွေကြီးသည် သူ၏လည်ပင်းကို တိုက်ခိုက်ခံခဲ့ရပြီးနောက် အလွန် နာကျင်သွားခဲ့သည်။ ၎င်း၏ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ရှောင်ဘိုင်၏ ပတ်ပတ်လည်မှာ အဆက်မပြတ် တွန့်လိမ် လိမ်ကောက်နေ၏။
ဟုတ်ပါသည် ရှောင်ဘိုင်သည်လည်း ကျောက်ကျကျန်လို စိတ်မရှိခဲ့ပါဘူး။ သူ၏ အဖြူရောင် ခန္ဓာကိုယ်ကြီးသည် အဆုံးမရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး ရွှေစပါးအုံးမြွေကြီးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင် ရစ်ပတ်ထားသည်။ ရွှေစပါးအုံးမြွေကြီးကို ကိုက်ထားသော သွားများသည် ရွှေစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ ပို၍ပင် နက်နက်ဝင်သွားသည်။ ရွှေစပါးအုံးမြွေကြီးသည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရပါစေ သူက လွှတ်မပေးခဲ့ပါဘူး။
ဧရာမရွှေစပါးအုံးမြွေကြီးသည် အလွန်အမင်းစိုးရိမ်နေလေသည်။ သူ၏ခန္ဓာကိုယ်က တောင်ပေါ်သစ်ပင်တွေကို အဆက်မပြတ် ရိုက်ခတ်နေသည်။ မြွေအမြီး၏ ရိုက်ခတ်မူကြောင့် သစ်ပင်တန်းကြီးများ ပြိုလဲကျသွားသည်။
" ရှောင်ဘိုင်၊ ကောင်းကင်နဲ့ မြေကြီးကို ဝါးမြိုခြင်းစွမ်းရည်ကို သုံးလိုက်!" ချင်ယွင်က ရှောင်ဘိုင်ထံသို့ အသံဆက်သွယ်မူ ပို့လွှတ်လိုက်သည်။
ရှောင်ဘိုင်သည် ချင်ယွင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး မွေးရာပါ စွမ်းရည်ဖြစ်သည့် ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုခြင်းစွမ်းရည်ကို အသုံးပြု လိုက်သည်။
ရွှေစပါးအုံးမြွေကြီးသွေးတွေက ရှောင်ဘိုင်၏ဗိုက်ထဲသို့ သူ၏သွားတွေမှ တစ်ဆင့် ချက်ခြင်း စုပ်ယူသွားပါသည်။
ဧရာမရွှေစပါးအုံးမြွေကြီးသည် သူ၏သွေးတွေ အရူးအမူး ထွက်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများသည် အနှိုင်းမဲ့ ကြောက်လန့်နေသည့် အမူအရာ တစ်ခု ထုတ်ဖော်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ပို၍ပင် ရုန်းကန် လှုပ်ခါနေလေသည်။
"ရွှီး………….!"
ဧရာမရွှေစပါးအုံးမြွေကြီးသည် အလွန်စိုးရိမ်ပြီး အကူအညီတောင်းရန် ဟိန်းဟောက် လိုက်သည်။
"ဝုန်း !"
တောင်တန်းများနှင့် ပင်လယ်ပြင်များ ဖရိုဖရဲဖြစ်သွားသည့်အလား အဝေးမှာ ရှိနေသည့် သစ်ပင်များသည် အပေါ်ကိုလွင့်ပျံသွားကြပြီး ဧရာမရွှေစပါးအုံးမြွေကြီးကို ကယ်တင်လို သည့်အတိုင်း ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် သူတို့ဆီသို့ အပြေးအလွှား ပြေးဆင်းလာခဲ့သည်။
ချင်ယွင်က အထင်သေးဖြင့် ရယ်မောလိုက်ပြီး အော်ပြောလိုက်သည် " ရှောင်ကျင်း၊ တားလိုက်ပါ!"
ချင်ယွင်၏ ကျယ်လောင်သောအော်သံဆုံးသည်နှင့် ရှောင်ကျင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာသည်။ သူသည် အဝေးမှ ပြေးလာနေသည့် မြေကမ္ဘာဝက်ဝံကြီးကို ကြည့်ရင်း ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်။ သူသည် မြေကမ္ဘာဝက်ဝံကြီးနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ပြီး အချင်းချင်း ကိုက်ဖဲ့ကာ တိုက်ခိုက်ကြလေသည်။
မြေကမ္ဘာဝက်ဝံကြီး၏ စွမ်းအားသည် ရှောင်ကျင်းထက် အနည်းငယ် နိမ့်ကျသည်။ ထို့အပြင် ရှောင်ကျင်းသည် အင်မော်တယ်စိန်မျောက်ဝံ၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများသည် သံမဏိကဲ့သို့ မာကျောသည်ဟု ဆိုနိုင်သည်။ မြေကမ္ဘာဝက်ဝံကြီးသည် ရှောင်ဘိုင်၏ခန္ဓာကိုယ်ကို လုံးဝ မထိုးဖြတ်နိုင်ပေ။ ယင်းအစား ရှောင်ဘိုင်၏ လက်သည်းကြီးတွေက မြေကမ္ဘာ ဝက်ဝံကြီးကို မြေပြင်ပေါ်သို့ အကြိမ်ကြိမ်လဲကျအောင် ရိုက်ချနေပြီး အရူးအမူး ဖျက်ဆီးခံနေရသည်။
ဝေရှန်း နှင့် ရှန်တိုင်တို့သည် ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည် ။
"ဒီအဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို စီနီယာချင်က ဆင့်ခေါ်ခဲ့တာလား။"
ရှန်တိုင်သည် အံသြမှင်သက်သွားခဲ့ပြီး ခဏတာ စကားမပြောနိုင်ခဲ့ပေ။
"ဟုတ်တယ်၊ ဒီဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို အရင်က ငါမြင်ဖူးတယ်။ အဲဒီကောင်တွေက အရမ်းထူးခြားပုံရတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကမှ အဆင့်ငါး အထိ ဖြတ်ကျော်ဝင်ရောက်ထားတာ။ အဲဒီအချိန်တုန်းကဆို ကောင်းကင်ကပ်ဘေး ဒုက္ခကိုတောင် စွဲဆောင်သွားခဲ့တယ်။" ဝေရှန်း၏ မျက်လုံးများသည် အလားတူ ထိတ်လန့်နေသည်။
"လွန်ခဲ့တဲ့ တစ်လကမှ အဆင့်ငါးကို ဖြတ်ကျော် ဝင်ရောက်သွားတာလား၊ ကောင်းကင်ကပ်ဘေး ဒုက္ခကိုတောင် ဆွဲဆောင်ခဲ့တာလား။" ရှန်တိုင်၏ မျက်လုံးများ သည် မယုံနိုင်စွာ ပြူးကျယ်သွားသည်။
လွန်ခဲ့သည့် တစ်လကမှ အဆင့်ငါးက ဖြတ်ကျော်ဝင်ရောက်သွားသော ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်သည် အရွယ်ရောက်ပြီး ဖြစ်သည့် ရွှေစပါးအုံးမြွေကြီးနှင့် မြေကမ္ဘာ ဝက်ဝံကြီးတို့ကို တိုက်ထုတ်နိုင်သည်။ ယင်းက အမှန်တကယ် သူ မယုံကြည်နိုင် ဖြစ်နေရသည်။ ဤတိုးတက်မှု အမြန်နှုန်းသည် အလွန်ကြောက် စရာကောင်းလွန်း သည်။
"သဘာဝကနေ ဖောက်ပြန်နေတယ်။ အိမ်မွေးတိရိစ္ဆာန်တွေတောင်မှ သဘာဝကနေ ဖောက်ပြန်နေတာပဲ" ရှန်တိုင်က မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။ ချင်ယွင်၏ အဆုံးမဲ့နည်း လမ်းများကြောင့် သူ အံ့အားသင့်သွားရသည်။
ဝေရှန်းလည်း မှင်တက်သွားခဲ့ပြီး ချင်ယွင်နှင့်ပတ်သက်ပြီး သူမမြင်နိုင်သည့်အရာများ ပိုများလာသည်ကို သိလိုက်ရသည်။
"ရွှီး……..!"
ဧရာမရွှေစပါးအုံးမြွေကြီးသည် နောက်ဆုံးတွင် သနားစရာကောင်းသည့် အော်သံကို ထွက်ဖော်လာသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျ သွားသည်။ သူ၏မူလက ဝန်းဝိုင်းနေသောခန္ဓာကြီးသည် ယခုအခါ ယှဉ်ပြလို့ မရအောင်ပင် ရှုံ့တွသွားသည်။ သေချာပါသည်၊ သူ၏ခန္ဓာကိုယ်ထဲမှ သွေးတွေ အားလုံး ကို ရှောင်ဘိုင်က မျိုချလိုက်ပြီးနောက် လုံးဝ သေဆုံးသွားခဲ့သည်မှာ ထင်ရှားပါသည်။
ရှောင်ဘိုင်သည် အောင်နိုင်သူတစ်ဦး၏ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး ဧရာမ ရွှေစပါးအုံးမြွေကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ကိုက်စားရန် ဧရာမ ပါးစပ်ကြီးကို ဖွင့်လိုက်သည်။
"မူး!"
မူးဝေနေရာမှ ပြန်လည်သက်သာလာခဲ့သော အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီး သည် ရွှေစပါးအုံးမြွေကြီး မျိုချခံလိုက်ရသည်ကို မြင်လိုက်ရသောအခါတွင်၊ သူ၏ မျက်လုံးများတွင် ဒေါသမီးလျှံများ ထပ်မံထွက်ပေါ်လာသည်။ သူသည် ခေါင်းကို မြှောက်ကာ ဟိန်းဟောက်လိုက်ပြီး တောတောင်တစ်ခုလုံးကို တုန်ခါသွားသည်။
သေချာပါသည်။ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ဟိန်းဟောက်သံနှင့်အတူ အဝေးမှ ဧရာမအကောင်ကြီးသုံးကောင် ပေါ်လာပါသည်။
ကြက်သွေးရောင်မီးလျှံကျားကြီး ၊ နဂါးကျောက်ကျားခြင်္သေ့ နှင့် သံချပ်ကာဝတ်ကြံ့ကြီး တို့ဖြစ်သည်။ အဆိုပါသားရဲကြီးသုံးကောင်သည် အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများ ဖြစ်ပြီး ၎င်းတို့သည် အလွန်အစွမ်းထက်သည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့ကိုပါ ပေါင်းထည့်လျှင် စုစုပေါင်း ဧရာမ သားရဲကြီးငါးကောင်သည် ချင်ယွင်ကို ပတ်ပတ်လည် မှ ဝိုင်းရံထားသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်မရှိဘဲ ပတ်ပတ်လည်မှ ဧရာမသတ္တဝါကြီးငါးကောင်ကို ကြည့်လိုက်သည်။
"ရှောင်ဘိုင် ၊ မင်း အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲကို အရင်ပြန်သွားလိုက်ပါ။" ချင်ယွင်က ရှောင်ဘိုင်ထံသို့ အသံဆက်သွယ်မူတစ်ခု ပို့လွှတ်လိုက်သည်။
"ဒါပေမယ့် ဆရာကြီး၊ တစ်ယောက်တည်း ထိန်းနိုင်လို့လား" ရှောင်ဘိုင်က မေးသည်။
"စိတ်မပူပါနဲ့၊ ဒီကောင်ကြီးငါးကောင်က ငါ့ချင်ယွင်ကို မထိခိုက်စေနိုင်ပါဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ရှောင်ဘိုင်သည် ချင်ယွင်၏ ယုံကြည်မှုအပြည့်ရှိသည့် အပြုံးကို မြင်လိုက်ရသည်။ သူသည် ချင်ယွင်အား သူစိတ်နှလုံးအောက်ခြေမှ ရိုသေလေးစားနေသည့်အတွက် ချင်ယွင်၏ ပြောစကားဆို သဘာဝအတိုင်း သူ ယုံကြည်ပါသည်။
ရှောင်ဘိုင်ကို ပြန်ထည့်ပေးလိုက်ပြီးနောက် ချင်ယွင်သည် ဤကောင်ကြီးငါးကောင်ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူတို့ငါးကောင်သည် သူတို့အဖေ၏ရန်သူကို မြင်တွေ့ရ သကဲ့သို့ ချင်ယွင်ကို သတ်ဖြတ်လိုသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
"လူသား ၊ မင်းက ဝံပုလွေနီကို သတ်လိုက်တယ်၊ အခုလည်း မင်းက ရွှေစပါးအုံးကို သတ်လိုက်ပြန်ပြီ။ ဒီနေ့ မင်းက အသက်ရှင်လျှက် ထွက်သွားချင်သေးတာလား" အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးက ပြောသည်။
ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူသည် သူ၏ ဓားကိုး ချောင်းကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးဘက် ပြန်လှည့် လိုက်သည်။ "မင်းတို့အားလုံးကို ငါ ပြောပြထားသင့်တယ်။ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျှက် ထွက်မသွားနိုင်တော့ဘူး" ဟု သူက ပြောလိုက်သည်။
ချင်ယွင်၏ စကားများသည် ကျယ်လောင်ပြီး ပြင်းထန်ကာ သူ၏လေသံက အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
"ဝေါင်း…….!"
ကြက်သွေးရောင်မီးလျှံကျားကြီးသည် ချင်ယွင်၏စကားကို သဘာဝအတိုင်း နားလည်နိုင်သည်။ သူသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်ကာ ချင်ယွင်ဆီသို့ ပြေးသွားရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ချွန်ထက်သော ခြေသည်း များက ချင်ယွင်ဆီသို့ လှမ်းဆွဲလိုက်ကာ လုံးဝ ဆုတ်ဖြဲပစ်ချင်သည့်အတိုင်းပင်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက လှောင်ပြောင်ဟန်ဖြင့် ပြုံးယောင်သမ်းသွားပြီး သူ၏ မျက်လုံးများတွင် ပြင်းထန်သော ဓားဆန္ဒတစ်ခုက တောက်ပလာသည်။
ပျံသန်းနေသော ဓားရှည်ကိုးစင်းသည် လျှပ်စီးကိုးခုကဲ့သို့ ပစ်လွှတ်လိုက်ကာ ကြက်သွေးရောင်မီးလျှံ ကျားကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။
ကြက်သွေးရောင် မီးလျှံကျားကြီးသည် ညည်းတွားအော်ဟစ်သံ ထွက်လာသည်။ လေထဲမှာ ခုန်ပျံနေသည့်သူ၏ရုပ်အသွင်အပြင်ကြီးက ချက်ချင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။ သူ၏မျက်ခုံးနှင့် ရင်ဘတ်ကြားမှ သွေးများ စီးကျလာသည်။ ၎င်းသည် မသေဆုံးဘဲ မနေတော့ပေ။
ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော ကြက်သွေးရောင် မီးလျှံကျားကြီးသည် တစ်ချက်လှုပ်ရုံဖြင့် ချက်ချင်းပင် သေဆုံးသွား ရခဲ့ပြီး လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိသလောက်ပင်။
"ရွှီး……… !"
အခြားဆိတ်သုဉ်းခြင်း သားရဲလေးကောင်သည် ကြက်သွေးရောင်မီးလျှံကျားကြီး ချက်ခြင်း အသတ်ခံရသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာကြပြီး ကျယ်လောင်စွာ ဟိန်းဟောက်ကြသည်။ သူတို့အားလုံးက ချင်ယွင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သလိုမျိုး ချင်ယွင်ဆီသို့ ပြေးသွားကြသည်။
ချင်ယွင်သည် သူ့ဆီပြေးဝင်လာနေသည့် သားရဲကြီးလေးကောင်ကို ကြည့်ရင်း သူ၏ ဘေးမှာ အနက်ရောင် ဓားရှည်တစ်စင်း တစ်ဖန်ပေါ်လာသည်။ အနက်ရောင် ဓားရှည် ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျလှိုင်း တစ်ခု ပေါ်လာ သည်။
"ဒီနေ့၊ မင်းတို့သားရဲဆိုးကြီး လေးကောင်ကို ငါသတ်ပစ်မယ်" ချင်ယွင်က ကျယ်လောင် စွာ အော်ပြောလိုက်ပြီးနောက် အနက်ရောင် ဓားရှည်ကြီးက ပျံထွက်သွားခဲ့သည် ။
အခန်း (၃၉၅) သားရဲဘုရင်လှုပ်ရှားခြင်း။
"ဖတ် i!"
ကြယ်နက်ဓားသည် အလွန်ထက်ရှပြီး ချင်ယွင်ဆီသို့ ပြေးဝင်လာနေသော သံချပ်ကာ ဝတ်ကြံ့ကြီး၏ မျက်ခုံးကြားရှိ နေရာကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
သံချပ်ကာဝတ် ကြံ့ကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပြိုကျသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ၎င်းသည် အကြိမ်အနည်းငယ် လှုပ်ပြီးနောက် သေဆုံး သွားခဲ့သည် ။
ဤအရာသည် သတ်ဖြတ်ပွဲတစ်ခု ဖြစ်နေပါသည်။ တစ်ဖက်သတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲတစ်ခု ဖြစ်နေ၏။ ချင်ယွင်၏ ကြောက်စရာကောင်းသော ဓားဝင်္ကပါ ရှေ့တွင် ဤဆိတ်သုဉ်းခြင်းသားရဲများသည် လက်တုံ့ပြန်ရန်ပင် အစွမ်းမရှိခဲ့ပေ။ သံချပ်ကာဝတ် ကြံ့ကြီး၏သံချပ်ကာသည်ပင် ကြယ်နက်ဓား၏ ထက်ရှသော တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။
တစ်ဖက်တွင်၊ ဓားရှည်ကိုးချောင်းသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံ ဂဠုန်ငှက်ကြီးတို့ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထိန်းချုပ်ထားပြီး ဖြစ်သည်။
နဂါးကျောက်ကျား ခြင်္သေ့ကြီးသည်သာလျှင် ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ ပြေးဝင် သွားပြီး ၎င်း၏ချွန်ထက်သော ခြေသည်းများက ချင်ယွင်ဆီသို့ ဦးတည်ကာ ဝှေ့ယမ်း တိုက်ခိုက်သည်။
နဂါးကျောက်ကျားခြင်္သေ့ကြီးသည် အပျော်လွန်သွားခဲ့သည်။ သူ၏ရှေ့မှာရှိနေသည့် ဤလူသားသည် သူ၏ဓားပျံတွေနှင့် အခြားသားရဲတွေကို တိုက်ခိုက်နေသည်ကို တွေ့ရလျှင် သူ၏စွမ်းအားက လုံးဝ မပြင်းထန်ဘူးဟု သူထင်ခဲ့သည်။ သူ၏ခြေသည်းနှင့် ဆိုလျှင် သူ၏ရှေ့မှာရှိနေသည့် ဤလူသားသည် သင်္ချိုင်းမြေမှာ မြုပ်စရာမလိုဘဲ သေဆုံးရမှာ သေချာပါသည်။
သို့သော် သူ မှားယွင်းသွားသည်၊ အလွန်မှားယွင်းသွားခဲ့ပါသည်။
ချင်ယွင်သည် သူ၏ခါးမှ မြူနှင်းချောက်နက်ဓားကို ဆွဲထုတ်လိုက်သည်။ တခဏ အတွင်းမှာပင် သူ၏ဓားဆန္ဒက တဟုန်ထိုး ပျံ့နှံ့လာပြီး ဓားအလင်းတန်း တစ်ခုက ရုတ်တရက် ပေါ်လာသည်။ ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နဂါးကျောက်ကျားခြင်္သေ့ကြီး၏ဘေးမှ ဖြတ်သန်းသွားခဲ့သည်။
သနားစရာကောင်းစဖွယ် နဂါးကျောက်ကျားခြင်္သေ့၏ ချွန်ထက်သော ခြေသည်းများ သည် ချင်ယွင်ကို မထိမီ၊ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဒါဇင်များစွာသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော နဂါးကျောက်ကျားခြင်္သေ့ကြီးသည် ချက်ချင်း အသတ်ခံခဲ့ရပြီး ၎င်း၏သေဆုံးမှုသည် အလွန်ဝမ်းနည်းဖွယ်ကောင်းသည်။
အဝေးမှာရှိနေကြသည့် ဝေရှန်းနှင့် ရှန်တိုင်တို့၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။
ချင်ယွင်က သူတို့ကို အရမ်းတုန်လှုပ်စေခဲ့သည်။ ယခုလေးတင် ချင်ယွင်၏ ဓားဆွဲထုတ် လိုက်သည့် အမြန်နှုန်းသည် မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသည့် ဓားချက်တွေကို ချက်ချင်း ထုတ်ဖော်ပြီး ဖြတ်တောက်ပစ်လိုက်သည်။
ထို့အပြင် ဓားအလင်းသည် အလွန်ပြင်းထန်ပြီး အလွန်ကြမ်းကြုတ်သည်။ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ၏ ခန္ဓာကိုယ်ကြီးကို တို့ဟူးတုံးကြီးကဲ့သို့ ဖြတ်တောက် ပစ်လိုက် သည်။ ဤမြင်ကွင်းသည် စိတ်ကူးဖြင့်ပင် မှန်းဆကြည့်လို့မရသည့် မြင်ကွင်းမျိုး ဖြစ်မနေဘူးလား ။
မိနစ်အနည်းငယ်အတွင်းမှာပင် ဆိတ်သုဉ်းခြင်း သားရဲကြီးငါးကောင်ထဲမှ သုံးကောင် သည် ချက်ခြင်း သေဆုံးသွားခဲ့ပြီး ၎င်းတို့အားလုံးသည် ချင်ယွင်၏ လက်ထဲ၌ သေဆုံး သွားခဲ့ကြသည်။
"ဘုန်း !"
ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ် လာသည်။
ရှောင်ကျင်းသည် မြေကမ္ဘာဝက်ဝံကြီးအား မြေပြင်ပေါ်တွင် လုံးလုံးလျားလျား ကိုင်ပေါက်ပြီး ရိုက်သတ်ပစ်လိုက်သည်။
ရှောင်းကျင်းက သူ၏ရင်ဘတ်ကို ထုရိုက်ပြီး ဟိန်းဟောက်လိုက်ကာ အောင်နိုင်သူ၏ မာန်သွင်းအော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ သူသည် ဧရာမဝက်ဝံကြီး၏ အလောင်းကို ပြောင်ပြောင်တင်းတင်း နင်းချေပစ်ဖို့လည်း သေချာပေါက် မမေ့ခဲ့ပေ။
သားရဲကြီး ခုနစ်ကောင်တွင် နှစ်ကောင်သာ ကျန်တော့သည်။ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးမှလွဲ၍ အခြားအဆင့်ငါး ဆိတ်သုဉ်း ခြင်း သားရဲများအားလုံး သေဆုံးသွားခဲ့ကြပြီး သူတို့အားလုံးသည် ချင်ယွင်ကြောင့် သေဆုံးသွားကြခြင်း ဖြစ်သည်။
"မူး……… ချီး…………!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့သည် ၎င်းတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လုံးလုံးပြည့်နေပြီး ချင်ယွင်ကို ရူးသွပ်စွာ ပြေးသွားကြသည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက် ဓားကို ကိုင်ထားသည်။ ဓားဆယ်ချောင်းက သူ့ခေါင်းထက်မှာ လွင့်မျောနေသည်။ ဓားဆန္ဒက သူ၏ခန္ဓာကိုယ် ပေါ်မှ ပျံ့နှံ့တက်လာခဲ့ပြီး သူ၏အငွေ့အသက်က ကြောက်စရာကောင်းပြီး တုနှိုင်းမရ အောင် ဖြစ်နေသည်။
ချွင်!
ချင်ယွင်သည် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီး တို့ကို တိုက်ခိုက်ရန်အတွက် ပျံသန်းနေသော ဓားဆယ်ချောင်းကို ထိန်းချုပ်ရန် သူ၏ ဝိညာဉ်စွမ်းအားကို တိုက်ရိုက် အသုံးပြုခဲ့သည်။ သူကိုယ်တိုင်ကလည်း တိုက်ပွဲ အတွင်းမှာ ပါဝင်တိုက်ခိုက်ခဲ့သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ရံဖန်ရံခါ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့ အပေါ်မှာ ဒဏ်ရာအမှတ်သားတွေ ချန်ထားရစ်တတ်သည်။
"ဖတ် !"
ချင်ယွင်သည် ဓားအလင်းတစ်ချက် ခုတ်ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်း သည့် ဖြတ်တောက်ခြင်း စွမ်းအားတစ်ခုသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး ၏ နောက်ကျောကို ချက်ချင်းဆုတ်ဖြဲကာ ဒဏ်ရာနက်နက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ ၎င်း၏အရေပြားများ စုတ်ပြဲသွားကာ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် နာကျင်စွာ ထအော်သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည်လည်း ပိုကောင်းသည့် အခြေအနေမျိုး မရှိပါဘူး။ ချင်ယွင်၏ ပျံသန်းနေသော ဓားဆယ်ချောင်းက သူ့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားပြီး ၎င်းဓားများနှင့် ရင်ဆိုင်ရင်း ခြေကုန်လက်ပမ်း ကျလာခဲ့သည်။ သို့သော်လည်း ထိုအချိန် ချင်ယွင် ခုတ်ပိုင်းလိုက်သည့် ဖြတ်တောက်ခြင်း စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏အမွေးများ၏ မာကျောမှုက သာမန် ဓားရှည်များ ကို ခံနိုင်ရည်ရှိသော်လည်း ချင်ယွင်၏ မြူနှင်းချောက်နက်ဓားရှေ့မှာတော့ အရမ်းကို အားနည်းလွန်းပါသည်။
ထို့ကြောင့်၊ ချင်ယွင်သည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ခန္ဓာကိုယ်ရှိ အမွေး အတောင်များကို ဖြတ်တောက်လုနီးပါး ခုတ်ဖြတ်နိုင်ခဲ့ပြီး ၎င်း၏တောင်ပံများပင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
"ဖတ် !"
နောက်ထပ်ဓားတစ်ချက်က ထပ်မံပေါ်လာခဲ့ပြီး ချင်ယွင်၏ဓားသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ဝမ်းဗိုက်ကို တိုက်ရိုက်ဆုတ်ဖြဲကာ နီရဲတောက်ပသည့် သွေးများ ထွက်ပေါ်လာသည်။
သနားစရာကောင်းသော အထွတ်အထိပ် အဆင့်ငါးရှိ ဧရာမသားရဲကြီးနှစ်ကောင်ကို ချင်ယွင်မှ လုံးလုံးလျားလျား ဖိနှိပ်ထားခဲ့သည်။ သိပ်မကြာခင်မှာပင် ဧရာမသားရဲကြီး နှစ်ကောင်သည် ချင်ယွင်၏လက်ထဲမှာ သေဆုံးသွားရဖွယ်ရှိသည်။
ဘန်း!
သို့သော် ဤအခိုက်အတန့်တွင် မနီးမဝေးရှိ တိတ်ဆိတ်နေသော ချိုင့်ဝှမ်းကြီးထဲမှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းတစ်ခုသည် မိုးကုတ် စက်ဝိုင်းဆီမှ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။
ချင်ယွင်၏ ညှဉ်းပန်းနှိပ်စက်မူကိုခံရပြီး ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသော အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့သည် ခရမ်းရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို မြင်လိုက်ရသော အခါတွင် ဝမ်းသာပီတိဖြစ်ဟန်များကို ချက်ချင်း ပေါ်လာကြသည်။
"မူး!"
"ချီး……….!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့သည် အသီးသီး အော်ဟစ်သံများ ထွက်လာကြပြီး ၎င်းတို့၏ အော်ဟစ်သံများသည် သတင်း စကား တစ်မျိုးမျိုးကို ပေးဆောင်နေသကဲ့သို့ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းပါ ရောထွေးနေသည်။
မလှမ်းမကမ်းမှ ချိုင့်ဝှမ်းကြီးကိုကြည့်ရင်း ချင်ယွင်လည်း မျက်မှောင်ကြုတ်ကာ သူ၏မျက်နှာက လေးနက်သည့် အမူအရာ တစ်ဖန်ပြန်ပေါ်လာသည်။
ဤသားရဲဘုရင်သည် မည်သို့သော ဆိတ်သုဉ်းခြင်းသားရဲမျိုး ဖြစ်သည်နှင့် ၎င်းသည် မည်မျှသန်မာသည်ကို သိရှိရန်အတွက် ဤနေရာကို သူ ရောက်လာခဲ့သည်။ သူသည် ဤသားရဲဘုရင်ကို ဆွဲဆောင်ရန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည်။ ယခုတော ဤသားရဲဘုရင်သည် နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်လာခဲ့ပြီ။
ဘန်း!
တော်ဝင်တာအို၏ ပဲ့တင်ထပ်သည့်အသံက သီချင်းဆိုနေသည့် အတိုင်းပင်။
လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားခဲ့သည်။ ခရမ်းရောင် ၀တ်စုံဝတ်ထားသည် နတ်ဆိုးလူငယ် တစ်ယောက်သည် လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခရမ်းရောင်နတ်ဆိုးမျက်လုံးများက ချင်ယွင်ကို အေးစက်စွာ ကြည့်နေသည်။
ချင်ယွင်၏နှလုံးသည် ရုတ်တရက် ခုန်လာပြီး "ဒါက သားရဲဘုရင်လား။ လူသားအသွင် ပြောင်းနိုင်တဲ့ နတ်ဆိုးသားရဲတစ်ကောင်လား?"
"ဟင့်အင်း၊ သူက နတ်ဆိုးသားရဲ မဟုတ်သေးပါဘူး၊ ဒါပေမယ့် အဲဒီအဆင့်နဲ့ နီးကပ်နေပြီ။ သူ့ရဲ့အစွမ်းက အဆင့်ငါးရဲ့ အထွတ်အထိပ်မှာ ရှိသင့်တယ်။ ဒါပေမယ့်၊ သူ့ရဲ့အငွေ့အသက်က နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်မှာ ရှိနေတဲ့ အခြားဆိတ်သုဉ်းခြင်းသားရဲတွေထက် အများကြီး ပိုပြင်းထန်တယ်။" ရှေးဟောင်း တာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
သားရဲဘုရင်၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် နတ်ဆိုးသားရဲအဆင့်သို့ မရောက် သေးကြောင်း ချင်ယွင် ခံစားနိုင်သော်လည်း ၎င်းသည် နတ်ဆိုးသားရဲအဆင့်နှင့် မဝေးလှတော့ပေ။
"ဒါပေမယ့် သူက ဘာလို့ လူသားအသွင် ပြောင်းလဲနိုင်ရတာလဲ၊ သူ့ပုံစံ အစစ်အမှန်က ဘာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"သူ့ရဲ့ပုံစံအစစ်အမှန်က ဘာလဲဆိုတာတော့ ငါလည်း မမြင်နိုင်ဘူး။ သူက လူသားပုံစံ အသွင်ပြောင်းနိုင်တဲ့ အကြောင်းရင်းကတော့ အသွင်ပြောင်းမြက်ကို မျိုချလိုက်တာ ကြောင့်လို့ ငါထင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်၏အသံ ထပ်ပြီး ထွက်ပေါ် လာသည်။
"အသွင်ပြောင်းမြက်လား?" ချင်ယွင်က မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည်။
အသွင်ပြောင်းမြက်ဆိုသည်ကို သူ ကြားဖူးသည်။ အလွန်ရှားပါးသော အပင်ဖြစ်သည်။ ဤဆေးပင်မျိုးသည် လူသားများအတွက် အသုံးမဝင်သော်လည်း ဆိတ်သုဉ်းခြင်း သားရဲများနှင့် နတ်ဆိုးသားရဲများအတွက် အလွန်အသုံးဝင်သည်။
သူသည် နတ်ဘုရားသားရဲသွေးမျိုးဆက်ပါ ဆိတ်သုဉ်းခြင်းသားရဲများဖြစ်စေ သို့မဟုတ် သာမန်ဆိတ်သုဉ်းခြင်းသားရဲများဖြစ်စေ ၊ အသွင်ပြောင်းမြက်ကို စားသုံးလိုက်သည်နှင့် သူတို့သည် လူသားအဖြစ်သို့ အသွင်ပြောင်းလဲသွားနိုင်သည်။ သူ၏ရှေ့ရှိ သားရဲဘုရင် သည် နတ်ဆိုးသားရဲအဆင့်သို့ မရောက်ရှိမီ လူသားအဖြစ်သို့ ပြောင်းလဲနိုင် သည်။ သူသည် အသွင်ပြောင်းမြက်ကို စားသုံးခဲ့တာ ထင်ရှားပါသည်။
"လူသား၊ မင်းက ငါ့လက်အောက်ငယ်သားတွေကို ဒီလောက်အများကြီး သတ်ဖြတ်ခဲ့ တာလား။" နတ်ဆိုးလူငယ်သည် ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသလိုမျိုး သူ၏ ခရမ်းရောင်သူငယ်အိမ်များ အေးစက်ပြီး မောက်မာမူနှင့်အတူ ချင်ယွင်ကို ငုံ့ကြည့် လိုက်သည်။
"ဟုတ်တယ်!" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ၏စကားတွေကလည်း မောက်မာမှု အပြည့်နှင့်ပင်။
"ဒါဆိုလည်း သွားသေလိုက်တော့!" ခရမ်းရောင်ဝတ် လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ပုံရိပ်သည် လေဟာနယ်ကို ဖြတ်ကျော်သွားပြီး ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူက ချင်ယွင်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
ချင်ယွင် မတုံ့ပြန်နိုင်ခင်မှာ သူ၏ရင်ဘတ်က ပေါက်ကွဲသွားသလို ခံစားရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ၏ရင်ဘတ်ပေါ် ရုတ်တရက် ပေါက်ကွဲသွားပြီး သူ၏တစ်ကိုယ်လုံး ချက်ခြင်းပင် လွင့်ပျံထွက်သွားခဲ့သည်။ ချင်ယွင်သည် အဝေးမှာရှိနေသည့် တောင်ကြီး၏ အပေါက်ထဲသို့ တိုက်ရိုက် ထိုးကျသွားသည်။
"ကောင်းပြီ။ ... အရမ်းသန်မာတာပဲ!"
တောင်ကြီး၏တွင်းပေါက်ထဲတွင် လဲလျောင်းနေရင်း ချင်ယွင်သည် ဖော်ပြလို့မရသည့် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အလွန် နာကျင်နေပြီး သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပြန့်ကျဲလုနီးပါးဖြစ်ကာ အတွင်း အင်္ဂါများ ကျိုးလုမတတ် ဖြစ်နေသည်။
သားရဲဘုရင်၏ လက်ဖဝါးရိုက်ချက်က ကြောက်စရာကောင်းလွန်းသည်။ သူ၏ ခန္ဓာကိုယ်သည်ပင် ခံနိုင်ရည် မရှိသလောက်ဖြစ်ရသည်။ ထို့အပြင် သားရဲဘုရင်သည် လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်ပုံရသည်။