← Chapters

အခန်း (၃၉၆-၄၀၀)

Vol. 27 Ch. 396-400

အခန်း (၃၉၆-၄၀၀)

Vol. 27 Ch. 396-400

အခန်း (၃၉၆) သားရဲဘုရင်လှည့်စားခြင်း။

ချင်ယွင်သည် နောက်ဆုံးတွင် အဘယ်ကြောင့် ဤမျှအစွမ်းထက်သည့် အနက်ရောင် မီးလျှံနတ်ဆိုးနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့ကဲ့သို့ အစွမ်းထက်သော ဆိတ်သုဉ်းခြင်း သားရဲများသည် သူ့ရှေ့တွင်ရှိနေသည့် သားရဲဘုရင်ထံ လက်အောက်ခံ အဖြစ် ရွေးချယ်ခဲ့ကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အစောပိုင်းက လက်ဖဝါးရိုက်မှတဆင့် ဤနတ်ဆိုးလူငယ်၏ စွမ်းအားသည် လုံးဝ ကြောက်စရာကောင်းသည်။

၎င်းသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ် တစ်ပါး၏စွမ်းအားထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ပြီး သူ၏စွမ်းအားသည် သာမန် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့်ပင် ယှဉ်လုနီးပါး ဖြစ်နေသည်။

အဆင့်ငါး အထွတ်အထိပ်မှာရှိနေစဉ်ကတည်းက အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ရရှိပိုင်ဆိုင်နိုင်စွမ်းရှိသည့် ဤဆိတ်သုဉ်းသားရဲ၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံကို အန်တုနိုင်သည့်အစွမ်းမျိုး အလွန်လိုအပ်ပါသည်။ ထို့အပြင် သူသည် လေဟာနယ်စွမ်းအားကိုလည်း ထိန်းချုပ် နိုင်သည်။

"အယ်..တကယ်ကို မသေသေးဘူးလား!"

နတ်ဆိုးလူငယ်သည် တိုးညှင်းသည့်အသံကို ထုတ်ဖော်လိုက်သည်။ မူလက ချင်ယွင်သည် သူ၏လက်ဖဝါးရိုက်ချက် ထိမှန်ပြီးနောက် ကျိန်းသေသေမည်ဟု သူထင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ရုံမျှသာဖြစ်ပြီး လုံးလုံးမသေဟု သူ မထင်ထား ခဲ့ပေ။

"မင်းက ငါ့လက်အောက်ငယ်သား တော်တော်များများကို သတ်နိုင်ခဲ့တာ အံ့ဩစရာ မရှိပါဘူး။ ဆိုတော့ မင်းကလည်း တော်တော် စွမ်းဆောင်နိုင်တာပဲ" နတ်ဆိုးလူငယ်၏ နှုတ်ခမ်းထောင့်စွန်းများက ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏ ပုံရိပ်က လေဟာနယ်ကို တစ်ဖန် ဆုတ်ဖြဲပြီး သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွား ခဲ့သည်။

တောင်နှင့် မနီးမဝေးမှာရှိနေသည့် ချင်ယွင်သည် ထိုအချိန်တွင် သူ၏ရှေ့မှ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများ အပြောင်းအလဲကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ သူ၏ရှေ့မှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အကာကွယ်အလင်းဒိုင်းတစ်ခုကို ဖွဲ့စည်းရန် အတွက် အစီအရင်ဝင်္ကပါစွမ်းအားကို ချက်ချင်း စုစည်းလိုက်သည်။

"ဘုန်း!"

သို့သော်လည်း အကာကွယ်အလင်းဒိုင်းကို ဖွဲ့စည်းပြီးသည်နှင့်အမျှ ၎င်းသည် ကြီးမားသော အင်အားဖြင့် ဖြိုခွဲခံလိုက်ရသည်။

နတ်ဆိုးလူငယ်၏ ရုပ်အသွင်အပြင်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။

ဝှီး !

ဓားပျံတစ်စင်းသည် ပျံထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းများကို ယူဆောင်ထားရင်း နတ်ဆိုးလူငယ်ဆီကို ထိုးဖောက် ဝင်ရောက်သွားသည် ။

"အသုံးမဝင်ဘူး!"

နတ်ဆိုးလူငယ်သည် ယုတ်မာသည့် ရယ်မောသံကို ထုတ်လိုက်ပြီး ပျံသန်းလာနေသောဓားကို သူ၏လက်ဖြင့် တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

“ ဖျစ်…. !"

နတ်ဆိုးလူငယ်၏ သွယ်လျသောလက်ချောင်းများသည် ချက်ချင်းပင် ခွန်အားကို အားစိုက်ထုတ်လိုက်သည်နှင့် ပျံသန်းနေသောဓား၊ အစီအရင်ဝင်္ကပါ၏စွမ်းအားနှင့် ဓားပျံပေါ်တွင် ပျံ့နှံ့နေသည့် ဓားချီတို့သည် ချက်ချင်းပင် အပိုင်းပိုင်း ကွဲသွားကြသည်။

“ဒါ…”

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သည့် အမူအရာ ပေါ်လာသည်။ သူ၏ရှေ့မှာရှိနေသည့် ဤသားရဲဘုရင်သည် သူထင်ထားသည်ထက် ပိုသန်မာနေသည်။

"မဟုတ်ဘူး၊ ငါထွက်ပြေးရမယ်။ ဒီနေ့ ဒီနေရာကအဖြစ်အပျက်တွေကို ငါကိုယ်တိုင် ရှင်းပြရလိမ့်မယ်။" ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

" မင်းက အခုမှ လွတ်ပြေးချင်တာလား။ အရမ်းကို နောက်ကျသွားပြီထင်တယ်!"

နတ်ဆိုးလူငယ်သည် တခစ်ခစ်ရယ်ပြီး ချင်ယွင်၏ ဘေးတွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။

"ဘန်း!"

လက်ဖဝါးတစ်ဖက်က ချင်ယွင်၏ နှလုံးရှိသည့်နေရာကို တိုက်ရိုက် ထိမှန်သွားသည်။

ချင်ယွင်၏နှလုံးသည် ချက်ခြင်းကွဲကြေသွားပြီး သူ၏ခန္ဓာကိုယ်သည် ကြီးမားလှသော စွမ်းအားအောက်အတွင် လျင်မြန်စွာ နောက်ပြန် လွင့်ထွက်သွားရသည်။

တောင်တန်းထဲရှိသစ်ပင်အားတွေအားလုံး ကျိုးပဲ့ကုန်သည်။ ချင်ယွင်သည် သူမရပ် တန့်နိုင်ခင် ပေတစ်သောင်းနီးပါး အကွာအဝေးအထိ လွင့်ပျံသွားခဲ့ရသည်။

" ချင်ယွင်!"

"စီနီယာချင်!"

ဝေရှန်း နှင့် ရှန်တိုင်တို့သည် ချင်ယွင် သားရဲဘုရင်၏ လက်ဖဝါးရိုက်ချက်ကို ခံလိုက်ရ သည်ကို မြင်သောအခါ ချက်ခြင်း ထိတ်လန့်တကြားဖြစ်ကာ အော်လိုက်ကြသည်။

သားရဲဘုရင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။ သူ၏ရှေ့မှာရှိသည့် ဤလူသားလူငယ်သည် သူ၏လက်ဖဝါးရိုက်ချက်ခံရပြီးနောက် သေမှာ သေချာပါသည်။ သူ၏နှလုံးတောင် ကြေကွဲသွားပြီ။ သူ ဘယ်လိုလုပ် အသက်ရှင်ဖို့ အခွင့်အရေး ရှိတော့မှာလဲ။

သို့သော် ယခုအခိုက်အတန့်တွင် သေလုမျောပါးဖြစ်နေပြီဖြစ်သော ချင်ယွင်သည် ရုတ်တရက် အသက်ရှင်နေပုံပေါ်ကြောင်း သူတွေ့ရှိခဲ့သည်။ သူသည် ဝေရှန်းနှင့် ရှန်တိုင်တို့ရှိနေသည့် ဦးတည်ရာအရပ်သို့ ပျံသန်းနေသည် သူ ကောင်းကောင်း အဆင်ပြေနေပုံရသည်။ သူသည် ရှောင်ကျင်းအနားက ဖြတ်သွားစဉ် ရှောင်ကျင်းကို လည်း အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲကို ထည့်လိုက်သည်။

"အယ်၊ မင်းရဲ့နှလုံးက ကြေကွဲသွားတာ သေချာပါတယ်။ ဘာလို့ မင်းက အသက်ရှင်နေရသေးတာလဲ။ လူသားတွေက သူတို့နှလုံးသားတွေ ကွဲသွားတဲ့အခါ သေသွားတယ်ဆိုတာ မမှန်ဘူးလား" နတ်ဆိုးလူငယ်၏မျက်နှာမှာ အံ့သြနေသည့် အမူအရာတစ်ခု ချက်ချင်းပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏လျှပ်စီးစွမ်းရည်ကိုယ်ပွားကို သဘာဝ အတိုင်း ပြောင်းလဲထားခဲ့ဖြစ်ကာ သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ကုသရန်အတွက် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲတွင် သိမ်းဆည်းထားရသည်။

တစ်ချိန်တည်းမှာပင် သူသည် သားရဲဘုရင် မှင်သက်တွေဝေနေချိန်တွင် ဝေရှန်းနှင့် ရှန်တိုင်တို့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားပြီး သူတို့ကိုလည်း ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ တိုက်ရိုက်ထည့်ကာ တိုင်ဟန်တောင်တန်းများ၏ အစွန်ဘက်သို့ ပျံသန်းသွားခဲ့သည်။

"ဟမ့်၊ မင်း ထွက်ပြေးလွတ်မြောက်ချင်လား။ အိပ်မက်မက်လိုက်ဦး!"

ချင်ယွင်ထွက်ပြေးလွတ်မြောက်လိုကြောင်းကို နတ်ဆိုးလူငယ်က မြင်သောအခါ အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေဟာနယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ သူသည် ပေတစ်ထောင်အကွာမှ ပေါ်လာပြန်သည်။ ဤပုံစံဖြင့် အကြိမ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို လှုပ်ရှားပြီးနောက် သူက ချင်ယွင်ကို ချက်ချင်း မှီသွားခဲ့သည်။

"လူသား၊ ငါ မင်းကို မသတ်နိုင်ဘူးဆိုတာ မယုံဘူး!"

နတ်ဆိုးလူငယ်က သူ၏လက်ဖဝါးကို ဆေဘာတစ်ချောင်းအဖြစ် ပြောင်းလဲ ပစ်လိုက် သည်။ ဆေဘာတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင် အတက်အကျလှိုင်းများ ပါဝင်နေသည်။ ယခုတစ်ကြိမ်မှာ သူက ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ပြီး သူ၏နှလုံးသားကို ဖောက်ထုတ်ပစ်ချင်ခဲ့သည်။ ဤအတိုင်းဆိုလျှင် သူ့ရှေ့မှာရှိနေသည့် ဤလူသားကို သတ်နိုင်မလားဆိုသည်ကို သူသိချင်နေခဲ့သည်။

"ဆရာ၊ လှုပ်ရှားပေးဦး !"

လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပို့လွှတ်လိုက်ရသည်။

သေချာသည်မှာ ချင်ယွင်၏ အသံပို့လွှတ်မူအပြီးတွင် ကြီးမားသော စွမ်းအားတစ်ခု သည် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ခန္ဓာကိုယ်ဆီသို့ ချက်ချင်း တိုးဝင်လာသည်။ ချင်ယွင်သည် မကြုံစဖူးသော ခွန်အားကို ချက်ချင်း ခံစားလိုက်ရသည်။

ချင်ယွင်၏ မျက်လုံးများမှ အနက်ရောင်လျှပ်စီးကြောင်းများ ချက်ချင်း ထွက်ပေါ်လာ သည်။ သူသည်လည်း သူ၏လက်ဖဝါးကို ဆေဘာအဖြစ် အသုံးပြုလိုက်သည်။ ဆေဘာ သည် နတ်ဆိုးလူငယ်နှင့် အပြင်းအထန် တိုက်မိပြီး လျှပ်စီးအလင်းများ လင်းလက် လာသည်။

"ဘန်း !"

နှစ်ဖက်စွမ်းအားများသည် အပြန်အလှန် ထိပ်တိုက်ဆုံမိကြပြီး နှစ်ဖက်စလုံးသည် ပေရာနှင့်ချီအကွာအထိ လွင့်ထွက်သွားကြသည်။

နတ်ဆိုးလူငယ်၏ မျက်နှာပေါ်တွင် အံ့သြမှုတစ်ခုပေါ်လာသည်။ ယခင်က ချင်ယွင် သည် သူ၏ရှေ့တွင် လက်တုံ့ပြန်ရန် စွမ်းအားမရှိခဲ့သော်လည်း ယခုအခါတွင် သူ၏လက်ဖဝါးကို အမှန်တကယ် တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

ချင်ယွင်၏ မျက်လုံးများသည် တောက်ပသည့် အလင်းရောင်များ ပေါက်ကွဲ ထွက်လာ သည်။ ဤပြင်းထန်သောခံစားမှုက သူ့သွေးကို ဆူပွက်စေခဲ့သည်။

"ကောင်စုတ်လေး၊ ၊ တိုက်ခိုက်ပြီး အချိန်မကုန်စေနဲ့၊ ငါ့ခွန်အားက အမွှေးတိုင် တစ်ချောင်းသာသာလောက်ပဲ ခံနိုင်ရည်ရှိမှာပါ"

သို့သော် ယခုအခိုက်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး မူလက သားရဲဘုရင်ကို ပျော်ရွှင်စွာ တိုက်ခိုက်ရန် စီစဉ်ထားသော ချင်ယွင်သည် ထိုအတွေးကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်ရသည်။

"မင်းက စောစောက လူသား မဟုတ်တော့ဘူး" နတ်ဆိုးလူငယ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ချင်ယွင်ကို ချက်ချင်းကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ သားရဲဘုရင်က ယခုလို ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူက ချက်ချင်းပင် သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အသက်ကြီးဟန်ဆောင်ကာ ပြောလိုက်သည် "မှန်တယ်၊ ငါ အကြောင်းတိုက်ဆိုင်ပြီး ဒီနေရာကို လှည့်လည်သွားလာရင်း ရောက်လာခဲ့တာ။ ငါ့စိတ်ဝိညာဉ်က ဒီလူငယ်နဲ့ တွဲစပ်နေတယ်။ မူလက မြန်မြန် ပြန်ထွက်သွားချင်ပေမယ့် မင်းက ဒါကို ရှာတွေ့သွားမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်စုတ်လေး ၊ မင်းက အရမ်းတော်တယ်။"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏စွမ်းအား တစ်စွန်းတစ်စကို တမင်တကာ ထုတ်လွှတ်လိုက်သည်။

နတ်ဆိုးလူငယ်သည် ချင်ယွင်ထံမှထွက်ပေါ်လာသည့် အငွေ့အသက်ကြောင့် ချက်ချင်း ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဤလူငယ်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် သူ့ကို ရိုသေလေးစားမှု အရိပ်အယောင် ခံစားရစေသည်။ တခဏအတွင်း သူသည် ချင်ယွင်နှင့် ဆက်လက်တိုက်ခိုက်သင့်မသင့် သူမသိတော့ပါဘူး။

အကယ်၍ သူ၏ရှေ့မှာရှိနေသည့် လူသားကို လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ တစ်ဦးက သိမ်းပိုက်ထားသည်လျှင် အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်မည် ဆိုပါက သူသည် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူကို စော်ကားမိမည် မဟုတ်ပေလော။

သို့သော် အကယ်၍ သူ မတိုက်ခိုက်ဘူးဆိုလျှင် ဤလူသားလူငယ် ထွက်သွားသည်ကို သူသည် ရပ်ကြည့်နေရုံသာ ရှိတော့သည်။

ယင်းက တစ်ခဏတာအတွင်း သူ့အား အနည်းငယ် ရှက်ရွံ့သလို ခံစားရစေသည်။

နတ်ဆိုးလူငယ်၏မျက်နှာတွင် တုံ့ဆုတ်နေသည့် အရိပ်အယောင်ကိုမြင်ရလျှင် ချင်ယွင် သည် နတ်ကြိမ်လုံးတစ်ခုအဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ကို သိလိုက်ရ သဖြင့် ချက်ချင်းပင် ဒေါသတကြီး ဖြစ်ဟန်ဆောင်ကာ ပြောလိုက်သည် “ဟမ့်၊ ဒီလူအိုကြီးက ဒီလူငယ်လေးရဲ့ ခန္ဓာကိုယ်ကိုငှားရမ်းပြီး ဒီကမ္ဘာငယ်လေးကို လှည့်ပတ် ကြည့်ရူချင်နေခဲ့တာ။ မင်းက ငါ့ကို ဘာလို့ တားချင်နေရတာလဲ"

ချင်ယွင်၏အသံသည် တုနှိုင်းမရလောက်အောင် ကြီးမားသည့် အငွေ့အသက်များကို သယ်ဆောင်လာရင်း နတ်ဆိုးလူငယ်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။ အထူးသဖြင့် ထိုအေးစက်စက် နှာချေသံက ကမ္ဘာတခွင်လုံး မိုးခြိမ်းသံအလား ဖြစ်ပေါ်စေပုံရသည်။

နတ်ဆိုးလူငယ်၏ နှလုံးသားသည် ရုတ်တရက် အေးခဲသွားသည်။ ဤဖိအားသည် သူ့အား အလွန်အစွမ်းထက်သော ခံစားချက်ကိုပေးခဲ့ပြီး ခုခံနိုင်စွမ်းမရှိဟု ခံစားရ စေသည်။ သူသည် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရာမှ အလောတကြီး ပြောလိုက်သည် "ဒီဂျူနီယာက မတားဝံ့ပါဘူး။ စီနီယာ၊ ကျေးဇူးပြုပြီး စီနီယာ သဘောအတိုင်း ဆောင်ရွက်ပါ" ။

နတ်ဆိုးလူငယ်၏ စကားကိုကြားရလျှင် ချင်ယွင်သည် လွန်စွာမပျော်မရွှင် ဟန်ဆောင်နေသေးသော်လည်း သူ၏စိတ်ထဲမှာတော့ အပျော်ပန်းတွေ ပွင့်လန်းနေ သည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

သားရဲဘုရင်သည် ထွက်ခွာသွားသော ချင်ယွင်ပုံရိပ်ကိုကြည့်ကာ သူ၏စိတ်နှလုံးထဲတွင် တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိသော်လည်း ခဏတာအတွင်း ထိုအမှားကို ရှာမရ ဖြစ်နေပါသည်။

နေ့တစ်ဝက်ကျော်ကြာပြီးနောက် နောက်ဆုံးတွင် သားရဲဘုရင်သည် တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်ရသည်။ သူ့မျက်လုံးများတွင် အနှိုင်းမဲ့ ဒေါသက ထွက်ပေါ်လာသည်။ ဂုဏ်သိက္ခာကြီးမားလှသည့် သားရဲဘုရင် ဖြစ်သည့်သူသည် အမှန်တကယ်ပင် လှည့်စားခံခဲ့ရသည်။

သို့သော်လည်း သူသည် ချင်ယွင်၏ပုံရိပ်ကို ထပ်မံရှာဖွေလိုသည့်အခါ ချင်ဟန်သည် တိုင်ဟန်တောင်တန်းများမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

အခန်း (၃၉၇) ရှေးဟောင်းကျင့်ကြံခြင်းပုံစံ။

သားရဲဘုရင်ကို လှည့်စားပြီးနောက်၊ ချင်ယွင်သည် တိုင်ဟန်တောင်တန်းများမှ မလွန်မြောက်မချင်း တလမ်းလုံး ထွက်ပြေးလာခဲ့သည်။ သူသည် တိုင်ဟန် တောင်တန်း များမှ ထွက်ပြေးလွတ်မြောက်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။

သူ့မှာရှိနေသည့် ရှေးဟောင်းတာအိုဆရာသခင်၏ အငွေ့အသက်များက သားရဲဘုရင် ကို တခဏတာ ကြောက်လန့်စေနိုင်သော်လည်း သားရဲဘုရင်သည် ငတုံးငအ မဟုတ် သရွေ့တော့ လျင်မြန်စွာ တုံ့ပြန်လာနိုင်ပြီး သူ လှည့်စားခံရသည်ကို သတိထားမိသွား မည်ဟု ချင်ယွင်က ယုံကြည်နေပါသည်။ ထို့ကြောင့် အကယ်၍ သူသာ အလျင်အမြန် မပြေးခဲ့လျှင် တစ်ဖက်လူကြောင့် သတ်ဖြတ်ခံနိုင်သည်။

ချင်ယွင်သည်လည်း စာအုပ်ကြီးအတိုင်း လိုက်လွန်းသူတစ်ယောက် မဟုတ်ပေ။ အင်အားကွာဟချက် အလွန်ကြီးမားသော်လည်း အကယ်၍ ပြိုင်ဘက်နှင့် သေသည် အထိ တိုက်ခိုက်ရမည်ဆိုလျှင်တော့ ငြင်းဆိုမည်မဟုတ်ပေ။ ထိုစကားက ရိုးရှင်းသော် လည်း အဓိပ္ပါယ်ရှိပါသည်။

ယခု သူသည် တိုင်ဟန်တောင်တန်းများမှ ထွက်ခွာသွားခဲ့ပြီးဖြစ်ကာ သားရဲဘုရင်သည် ယခုအချိန်တွင် သူ့ကို လိုက်မမှီနိုင်တော့ပေ။

သားရဲဘုရင်၏ အမိန့်ပေးမှုအောက်တွင် ဆိတ်သုဉ်းခြင်း သားရဲခုနစ်ကောင်အနက် ငါးကောင်ကို ချင်ယွင်က သတ်ဖြတ်ခဲ့သည်။ သားရဲဘုရင်သည် မဝေးတော့သည့် အနာဂတ်တွင် နောက်ထပ်သားရဲဒီရေလှိုင်းကို စတင်မတိုက်ခိုက်နိုင်ဟု ခန့်မှန်း ထားသော်လည်း ချင်ယွင်သည် သားရဲဘုရင်က လုံးဝ လက်မလျော့ဘူးဆိုသည်ကို ယုံကြည်ထားပါသည်။

သားရဲဘုရင်၏ လက်ရှိအင်အားဖြင့်ဆို ထျန်းယွန်တိုက်ကြီးတစ်ခုလုံးတွင် အခြား လူများ၏ တိုက်ခိုက်ရေးအင်အားကို မဆိုထားနှင့် သူကိုယ်တိုင်ပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

အကယ်၍ သားရဲဘုရင်သာ သူ၏မူလခန္ဓာကိုယ် အစစ်အမှန် ပြောင်းလိုက်ပါက၊ သူ၏ ခွန်အားသည် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကျွမ်းကျင် သူနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်။ ထို့ကြောင့် သူ၏ ခွန်အားက ပို၍ ကြောက်စရာ ကောင်းလာပေလိမ့်မည်။

ချင်ယွင်သည် အစီအရင်ဝင်္ကပါ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး သိုင်းဧကရာဇ် နယ်ပယ် အတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်နိုင်သော်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်မှ ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းရာမှာတော့ ဝေးကွာနေပါသေးသည်။

"မဟုတ်ဘူး၊ ငါ့ရဲ့ခွန်အားကို မြှင့်တင်နိုင်ဖို့ နည်းလမ်းတစ်ခုခုကို စဉ်းစားရမယ့်ပုံပဲ" ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် သိပ်ပြီးအတွေး​လွန်မနေတော့ဘဲ ကျောက်စိမ်းရေမြို့တော်ကို အလျင်​အမြန် ​ပြန်​လာခဲ့ သည်​။

သားရဲဒီရေလှိုင်း ကျရောက်လာစဉ် အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရန်အတွက် တိုင်ဟန်တောင်တန်းများ အနီးအနားရှိ မြို့ရွာများမှ ဒေသခံများကို အခြေခံအားဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

၎င်းတို့ထဲမှ အချို့သည် အခြားစီရင်စုများသို့ ထွက်သွားခဲ့ကြပြီး အချို့မှာ သိုင်းဧကရာဇ် များစွာ စောင့်ကြပ်ထားသော ကျောက်စိမ်းရေမြို့တော်သို့ တဟုန်ထိုး ရောက်လာကြ သည်။ ရလာဒ်အနေဖြင့်၊ ကျောက်စိမ်းရေမြို့တော်၏ လူဦးရေသည် တိုက်ရိုက် သုံးဆတိုးလာခဲ့ပြီး ကျောက်စိမ်းရေမြို့တော်သည် သားရဲဒီရေလှိုင်းကို ခုခံကာကွယ်ရ မည့် ပထမဆုံး ခံစစ်စည်း ဖြစ်လာခဲ့သည်။

ချင်ယွင်သည် ကျောက်စိမ်းရေမြို့တော်သို့ အပြေးအလွှား ပြန်ရောက်လာသည့်အခါ ညဉ့်နက်နေပြီဖြစ်သော်လည်း မည်သူမျှ အနားယူခြင်း မရှိကြပေ။ အားလုံးက ချင်ယွင်နှင့် တခြားသူတွေ ပြန်လာသည်ကို စောင့်နေကြသည်။

ချင်ယွင်သည် မြို့တော်၏မျှော်စင်အထက်မှာ ပေါ်လာသည်ကို တွေ့လိုက်ရသည့် အခါ အားလုံးက ဝမ်းသာအားရ ဖြစ်ကြရသည်။ အထူးသဖြင့် ပိရှစ်သိုင်းမြို့စား၏ စိတ်နှလုံးထဲတွင် တွဲလောင်းကျနေသည့် ကျောက်တုံးကြီးသည် ရုတ်တရက် ပြုတ်ကျသွားခဲ့ပြီး သူတို့အားလုံးလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

ရှန်တိုင် နှင့် ဝေရှန်းတို့သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းမှ ထွက်လာ ပြီးနောက်၊ ချင်ယွင်သည် တစ်ယောက်တည်း မထွက်ခွာမှီအချိန်ထိ တိုင်ဟန် တောင်တန်းများတွင် သူတို့၏ အတွေ့ကြုံများကို လူတိုင်းအား အကျဉ်းချုံး ပြောပြကြ သည်။

သေချာသည်မှာ။ ချင်ယွင်ထွက်သွားပြီးနောက်၊ ရှန်တိုင်သည် သူ၏ အံ့သြစရာကောင်း သည့် ဖြစ်အင်ဇာတ်ကြောင်းကြီးကို စတင်ပြောပြပါတော့သည်။ ရန်သူသားရဲကြီးများ ကို ခုခံကာကွယ်ရန်အတွက် အစွမ်းထက်သည့် ဓားအစီအရင် ဝင်္ကပါကိုအသုံးပြုပုံ၊ ဆိတ်သုဉ်ခြင်း သားရဲကြီးငါးကောင်ကို တစ်ယောက်တည်း တိုက်ခိုက်ပုံနှင့် ဆိတ်သုဉ်းခြင်း သားရဲကြီးငါးကောင်အား ဓားအစီအရင်ဝင်္ကပါကို အသုံးပြုပြီး အရူးအမူး ညှဉ်းပန်းနှိပ်စက်ပုံ အကြောင်းတို့ကို ပြောပြတော့သည်။

ထိုစကားများကိုကြားလျှင် သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် တခြားသူများသည် အံ့သြသွားကြသည်။ ရှန်တိုင်က တမင်ချဲ့ကားပြောနေသည်ဟု သူတို့ထင်နေကြပြီး အတည်ပြုရန်အတွက် ဝေရှန်းဘက်ကို လှည့်ကြည့်ကြသည်။

ဝေရှန်းသလည်လည်း ရှန်တိုင်ပြောခဲ့သည့်အတိုင်း အမှန်ပဲဟု အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည် ။

ရှန်ဟိုင် နှင့် အခြားလူများသည်လည်း တွေဝေမှင်သက်သွားကြသည်။ ချင်ယွင်၏ ကြီးထွားမှု အရှိန်အဟုန်သည် သူတို့၏ စိတ်ကူးကို ကျော်လွန်နေပြီ ဖြစ်သည်။

သေချာသည်မှာ၊ ရှန်ကျွဲ့တစ်ယောက်ကတော့ စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ ရန်သူများကို သတ်ဖြတ်ရန်အတွက် ဓားကိုးချောင်းကို ထိန်းချုပ်ပြီး ချင်ယွင်က ဓားအစီအရင် ဝင်္ကပါကို အသုံးပြုသည်ဟု ကြားသောအခါတွင် သူသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ကို သူ၏ဆရာသခင်အဖြစ် သိမ်းယူရန်ပင် ဟစ်ကြွေး ပစ်လိုက်သည်။ သူသည် ချင်ယွင်ဆီကို ပြေးသွားပြီး ပေါင်ကိုပွေ့ဖက်ကာ ငိုကြွေးလု မတတ် တောင်းဆိုချင်မိသည်။

နောက်ပိုင်းတွင် သားရဲဘုရင် ထွက်ပေါ်လာသည့်အကြောင်း ပြောပြသည့်အခါ အားလုံး တိတ်ဆိတ်သွားကြသည်။

ရှန်တိုင်ပြောခဲ့သည့်အတိုင်းဆို၊ ချင်ယွင်သည် အထွတ်အထိပ် အဆင့်ငါးမှာရှိနေသည့် ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို သတ်ဖြတ်နိုင်သော်လည်း သားရဲဘုရင်ကိုမူ တစ်ချက်လေးမှပင် တုန့်ပြန်တိုက်ခိုက်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ သားရဲဘုရင်သည် မည်မျှသန်မာလိုက်သနည်း ။

သားရဲဘုရင်သည် လူသားပုံစံလည်း ပြောင်းလဲနိုင်သည်။ ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် ဤအရာအားလုံးသည် အမှန်ပင်ဖြစ်နေခဲ့သည်။ သူတို့ မယုံကြည်နိုင်သော် လည်း မယုံလို့မရပေ။ ထို့ကြောင့် ယခုရင်ဆိုင်ရမည့်ပြဿနာမှာ သားရဲဘုရင်ကို မည်သို့ တွန်းလှန်ရင်ဆိုင်မလဲဆိုသည့် ကိစ္စဖြစ်သည်။ ချင်ယွင်သည် ကျောက်စိမ်းရေမြို့တော် မျှော်စင်ပေါ်မှ ထွက်ခွာခဲ့ပြီးနောက် သူသည် ကျောက်စိမ်းရေမြို့တော်ရှိ အမြင့်ဆုံး အဆောက်အဦးပေါ်တွင် လဲလျောင်းရင်း ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို မျှော်ကြည့်နေမိသည်။

အချိန်တိုအတွင်း သူ၏ခွန်အားကို မည်သို့ မြှင့်တင်နိုင်မလဲဆိုသည်ကို သူ တွေးတော နေမိသည်။

ယခုအချိန်တွင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးနှင့် ယှဉ်လုနီးပါးပင် ဖြစ်နေပြီ။ သူ၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ချင်သည်ဆိုလျှင် သူထပ်ပြီး အဆင့်ဖြတ်ကျော်မူ ပြုရလိမ့်မည်။ သို့သော် သူသည် ဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ မကြာသေးခင်ကမှ ဖြတ်ကျော်ထားပြီး ဖြစ်သည်။ အချိန်တိုလေးအတွင်းမှာ သူ့အတွက် ထပ်ပြီး အဆင့်ဖြတ်ကျော်ဖို့က မဖြစ်နိုင်ဟု ထင်ရပါသည်။

ဓားသိုင်းပညာရပ်မှာဆိုလျှင်လည်း သူသည် ဓားဆန္ဒ၏ အထွတ်အထိပ်သို့ ရောက်ရှိ နေပြီဖြစ်ပြီး နောက်တစ်ဆင့်မှာ ဓားစွမ်းအား ဖြစ်သည်။ သို့သော် ဓားစွမ်းအားကို နားလည်လိုပါက အခွင့်အလမ်းများစွာ လိုအပ်ပါသည်။ ဤကိစ္စသည် ညတွင်းချင်း ဖြစ်နိုင်သည့် ကိစ္စမဟုတ်ပါဘူး။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် လျှပ်စီးစွမ်းရည်သဘောတရားကို အချိန်အတော်ကြာ ကတည်းက ဆင်ခြင်နေခဲ့သည်။ ယခု၊ လျှပ်စီးစွမ်းရည် သဘောတရားသုံးခု စလုံးသည် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်ကာ ၎င်းတို့သည် ပြီးပြည့်စုံခြင်း အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

သဘောတရားများကို ပေါင်းစပ်မှုအပိုင်းမှာလည်း သူသည် ထူးဆန်းမူများနှင့် ကြုံတွေ့ နေရသည်။ သူသည် အနက်ရောင်နဂါးငယ်လေးနှင့် ပေါင်းစည်းပြီးကတည်းက လျှပ်စီး စွမ်းရည်သဘောတရားများကို ပေါင်းစပ်ရန် သူ မည်မျှပင် ကြိုးစားခဲ့ပါစေ သူဖန်တီး ထားသည့် အရာသည် အနက်ရောင်နဂါးငယ်လေး၏ ဝါးမျိုချခြင်းကို ခံနေရသည်။

ထို့ကြောင့် ချင်ယွင်သည် လျှပ်စီးစွမ်းရည်သဘောတရားများကို ပေါင်းစပ်ရန် မကြိုးစား တော့ပေ။

ဟုတ်ပါသည်။ တိုးတက်မှုအနှေးကွေးဆုံးကတော့ လေစွမ်းရည် သဘောတရားများ ဖြစ်ပါသည်။ ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည်သဘောတရားသုံးခုစလုံးသည် သတ္တမအဆင့်တွင် ရှိနေဆဲဖြစ်ပြီး၊ ထို့ကြောင့် အချိန်တိုအတွင်း ဖြတ်ကျော်နိုင်စွမ်း မရှိမှာကိုပင် သူ ကြောက်ရွံ့နေရသည်။

လက်ရှိအချိန်မှာတော့ သူ၏အစွမ်းထက်ဆုံးပညာရပ်က သူ၏အစီအရင်ဝင်္ကပါ ကျင့်ကြံခြင်းပဲ ဖြစ်ပါသည်။ အဆင့်ငါး အထွတ်အထိပ် အစီအရင်မှော်ပညာရှင် တစ်ဦးအနေဖြင့် သူသည် သိုင်းဧကရာဇ်နယ်ပယ်အတွင်း၌ ဖြစ်နိုင်နိုင်သော်လည်း ထိုသားရဲဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက်တော့ အလွန် ဝေးကွာနေပုံရသည်။

"ကောင်စုတ်လေး၊ မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ ကြိုးစားနေတာလား။ ငါ့ကို ဘာလို့ မမေးတာလဲ။"

ချင်ယွင်သည် သူ့ခွန်အားကို မြှင့်တင်ပေးနိုင်သည့် အတိုင်းအတာကို ခံစားနေသည့် အချိန်မှာ ရှေးဟောင်းတာအိုဆရာသခင်၏အသံက သူ၏နားထဲမှာ ထွက်ပေါ်လာ ခဲ့သည်။

"ဖြစ်နိုင်တာက ဆရာကြီးမှာ နည်းလမ်းရှိလို့လား" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။

"ရှိတာပေါ့။ ဒါ​ပေမယ့်​ မင်းက အရင်​တုန်းက ငါ့ကို စကားကောင်းကောင်း မပြောချင် ဘူးလို့ ငါက ထင်ထားတာ" ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သည်။

"မဟုတ်တာ။ ဆရာကြီး၊ ဆရာကြီးက ကျွန်တော့်နှလုံးသားထဲမှာ ဉာဏ်ပညာ ကြီးမားတဲ့ နတ်ဘုရားတစ်ပါးပဲလေ။ ဆရာကြီးက ကောင်းကင်ဘုံအောက်မှာ ပြိုင်ဘက်ကင်း တန်ခိုးရှင်ပဲလေ။ ဘယ်လိုလုပ်ပြီး ကျွန်တော်က ဆရာကြီးနဲ့ စကားမပြောချင်ဘဲ နေမှာလဲ" ချင်ယွင်သည် သူ၏မျက်နှာကို လျှာဖြင့် အလျင်အမြန် သပ်ပြီး ပြုံးလိုက်မိသည်။ သူ၏နှလုံးသားထဲမှာ အကူအညီမဲ့သလို ခံစားရသည်။ အင်မော်တယ်ဧကရာဇ်မင်းမြတ်တစ်ပါး၏ ဂုဏ်သိက္ခာကြီးမားသော သားတော်တစ်ပါး အနေဖြင့် သူ့ကိုယ်သူ တဖက်သားကို ဖားယားရန်အတွက် ဤမျှအရေထူ လိမ့်မည် ဟုပင် မထင်ထားခဲ့ပေ။ သို့သော် ခွန်အားအတွက်ဆိုတော့ သူ လုပ်နိုင်ခဲ့ရပါသည်။

ချင်ယွင်၏ မြှောက်ပင့်ပြောဆိုမှုမှာ မကောင်းသော်လည်း ရှေးဟောင်းတာအို ဆရာသခင်အတွက်တော့ အလွန်အသုံးဝင်သည်။ ထို့ကြောင့် ရှေးဟောင်း တာအိုဆရာ သခင်သည် သူ့အပေါ် လှည့်ကွက်များဖြင့် ဆက်မကစားတော့ပေ။ သူက ပြောပြသည် "အချိန်တိုအတွင်းမှာ မင်းတိုးတက်နိုင်မယ့် တစ်ခုတည်းသော အရာက မင်းရဲ့ရုပ်ခန္ဓာ ကိုယ်ခွန်အားပဲ" ။

"ရုပ်ခန္ဓာကိုယ်ခွန်အားလား? ဒါပေမယ့် ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားက အရမ်း သန်မာနေပြီ မဟုတ်လား?" ချင်ယွင် အံ့သြသွားသည်။ သူ၏ခန္ဓာကိုယ်က အလွန် ကြောက်စရာကောင်းနေပါပြီ။ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာမှာပင် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်များကို တိုက်ထုတ် နိုင်နေပြီ။ သူ၏အရေပြားများသည် အင်မော်တယ်အဆင့်ပစ္စည်းတစ်ခုလို မာကြောလုနီးပါး ဖြစ်နေပြီ။ သူ ဘယ်လိုလုပ် ရှေ့ဆက်ပြီး တိုးတက်လာနိုင်တော့မှာလဲ။

"မင်းရဲ့ရုပ်ခန္ဓာကိုယ်က အရမ်းသန်မာနေပြီ ဟုတ်လား။ ဟား……၊ဟား……။ မင်းရဲ့ရုပ်ခန္ဓာက အဲဒီသေမျိုးတွေထက်တော့ သာလွန်ပါတယ်။ အမှန်တကယ် တွက်ချက်ကြည့်မယ်ဆိုရင် မင်းက ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံသူတွေရဲ့ ပထမအဆင့်မှာပဲ ရှိသေးတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်ကို လုံးဝ မျက်နှာ မပြနိုင်သော်လည်း ရယ်မောလိုက်သည်။ သူ့ကို အမှန်တကယ် လှောင်ပြောင် နေခြင်း ဖြစ်သည်။

"ဘာ…? ရှေးဟောင်းရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလား? ပထမအဆင့်…?" ချင်ယွင်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

သဘာဝအားဖြင့်၊ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများအကြောင်း သူကြားဖူး သော်လည်း၊ ၎င်းသည် အင်မော်တယ်ကမ္ဘာမှာပင် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ ထိုအချိန်တုန်းက သူ၏ခမည်းတော် မတော်တဆ ပြောသည်ကို သူကြားလိုက်ရသည့် အခါ သူသည် အလွန်သိချင်သွားခဲ့သည်။ သူသည် ရှေးဟောင်းစာအုပ်များစွာကို လှန်လှော ဖတ်ကြည့်ခဲ့သော်လည်း ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများ အကြောင်းနှင့် ပတ်သက်ကြီး အချက်အလက် အနည်းငယ်သာ တွေ့ရှိခဲ့သည်။

ထိုစကားတစ်ခွန်းသည် ချင်ယွင်အပေါ် လေးလေးနက်နက် စွဲလမ်းသွားစေခဲ့ပြီး ယခု ၎င်းကို ပြန်သတိရသောအခါ တုန်လှုပ်သွားခဲ့သည်။

ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံရာမှာ ကြီးမားသော အောင်မြင်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်သူသည် အမြင့်ပေတစ်သောင်းအထိ ရောက်ရှိအောင် ခုန်နိုင်သည်။ သူသည် သိမ်မွေ့နက်နဲသည့် အဝါရောင်အသားရေကို ၀တ်ဆင်ထားနိုင်ပြီး သူ၏မျက်လုံးများက နေနှင့်လကဲ့သို့ ဖြစ်နေသည်။ ကြယ်တွေကိုတောင် သူ၏လက်ဖြင့် ခူးဆွတ်ယူနိုင်ပြီး သူ့ကို နတ်ဆိုးနတ်ဘုရားဟု ခေါ်သည်။

အခန်း (၃၉၈) လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်။

အင်မော်တယ်ကမ္ဘာမှာ ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးသည်။ ရှေးဦးခေတ်ဟုခေါ်သည့် ရှေးဟောင်းခေတ်တစ်ခု ရှိခဲ့ဖူးသည်။

ထိုအချိန်တုန်းက ကောင်းကင်နှင့်ကမ္ဘာမြေကြီးသည် ပွင့်လှစ်နေပြီး ဖြစ်သည်။ အရာ အားလုံးသည် အသစ်ဖြစ်ကြပြီး မရေမတွက်နိုင်သော သတ္တဝါများ ပေါ်ထွက်လာပါ သည်။ မည်သည့်မျိုးစိတ်မဆို ယခုအချိန်ထက် များစွာ အားကောင်းပြီး သန်မာကြ သည်။ အထူးသဖြင့် လူသားများနှင့် နတ်ဘုရားသားရဲများ ဖြစ်ကြသည် ။

နတ်ဘုရားသားရဲများသည် အစွမ်းထက်သော သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထား ကြပါသည်။ သူတို့၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်းကြီးမားလွန်းပြီး အနှိုင်းမဲ့ အစွမ်းထက်သည်။ ဤနတ်ဘုရားသားရဲများသည် ရှေးဦးခေတ် နတ်ဘုရားသားရဲများ ဖြစ်ကြ၏။

အမှန်ပင်၊ လူသားများသည်လည်း အလွန်အစွမ်းထက်ကြပါသည်။ ထိုလူများကို ရှေးဘိုးဘေးများဟု ခေါ်ဆိုနိုင်သည်။ သူတို့၏ ခန္ဓာကိုယ်သည် အလွန်သန်မာပြီး မွေးကတည်းကပင် အလွန်သန်မာသည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ သူတို့တွေကို အားနည်းသည့် လူသားတွေအဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။

ထိုရှေးဦးခေတ် လူသားများသည် ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း ပညာရပ်များ ကို ကျင့်ကြံထားကြသည်။ သူတို့၏ခွန်အားသည် အထွတ်အထိပ်သို့ ရောက်သည်နှင့် တပြိုင်နက် သူတို့လက်ကို မြှောက်ရုံဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးနိုင်သည့် ဖင်းဂေါ့ဂ်များနှင့် နတ်ဆိုးများဟုပင် ဆိုနိုင်သည်။

ဤအရာသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သော်လည်း ချင်ယွင်သည် ဤရှေးဦးခေတ် ကာလ သေချာပေါက်တည်ရှိခဲ့သည်ဟု ယုံကြည်ထားသည်။ သူသည် ရှေးဘိုးဘေးများ ၏ ခွန်အားကိုလည်း အမှန်ပင် တောင့်တမိသည်။

သို့သော်လည်း မသိနိုင်သည့် အကြောင်းတစ်ခုခုကြောင့် ဤရှေးဟောင်း ယဉ်ကျေးမှု အမွေနှစ်များ အားလုံးသည် ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် ကြယ်စင်စုများထဲမှာ ပျောက်ကွယ်သွားခဲ့ကြရသည်။ စာအုပ်အချို့တွင် ရှေးဟောင်းပညာရပ်များ အနည်းငယ် ရှိနေသေးသော်လည်း ဤအနည်းငယ်မျှဖြစ်သော ပညာရပ်များသည်ပင် တုန်လှုပ်ချောက်ချားစရာ ဖြစ်နေပါပြီ။

နေရာတိုင်းမှာ နတ်ဘုရားသားရဲများ ရှိနေသည့် မြင်ကွင်းနှင့် ကလေးတစ်ယောက် သည်ပင် တောင်များနှင့်ပင်လယ်ပြင်များကို ရွေ့ပြောင်းနိုင်သည့် မြင်ကွင်းကို အသင် မြင်ယောင်ကြည့်နိုင်ပါသည် ။

ရှေးဦးခေတ် သတ္တဝါများ၏ ခွန်အားသည် ဤကမ္ဘာ၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်နေခဲ့ပြီ။ ထို့ကြောင့် ချင်ယွင်သည် ထိုရှေးဦးခေတ်၏ ယဉ်ကျေးမှု အမွေအနှစ်များကို အမြဲ လိုချင်တောင့်တခဲ့သည်။

ရှေးဟောင်းတာအိုဆရာသခင်က ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံမှုပညာရပ်နှင့် ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများ၏အဆင့်အကြောင်း ပြောလာသည်ကို ကြားလိုက်ရချိန်မှာ သူသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။ သူ၏မျက်လုံးတွေက ချက်ချင်းပင် တောက်ပသော အလင်းရောင်ဖြင့် လင်းလက် သွားခဲ့သည်။

"ဆရာကြီး၊ ဆရာကြီးဆီမှာ ရှေးကျတဲ့ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း ပညာရပ်တွေ ရှိလို့လား" ချင်ယွင်က အစမ်းသဘောဖြင့် မေးလိုက်သည်။

ရှေးဦးခေတ် ယဉ်ကျေးမှုအမွေနှစ်များသည် ခေတ်ကာလကြာမြင့်မူနှင့်အတူ အချိန်မြစ် ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပါပြီ။ နောက်ပိုင်း မျိုးဆက်များ၏ ကျင့်ကြံခြင်းနည်း ပညာရပ်များသည် နောက်ပိုင်းတွင် အင်မော်တယ်ကမ္ဘာ၏ အလွန် အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင်များ ဖန်တီးထားခြင်း သို့မဟုတ် ရှေးဦးခေတ်က ကျန်ရစ်ခဲ့သည့် ပြီးပြည့်စုံခြင်းမရှိသော လျှို့ဝှက်ကျမ်းစာများမှ ဆင့်ကဲပြောင်းလဲ လာခြင်း ဖြစ်ပါသည်။

ဤသည်မှာ လက်ရှိ ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်များ ဖြစ်ပေါ်လာခြင်း၏ အကြောင်းဖြစ်ပါသည်။

"တစ်ချိန်တုန်းက ငါ ရှေးဟောင်း မြင့်မြတ်နယ်မြေထဲကို မတော်တဆ ဝင်ရောက်မိခဲ့ပြီး ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်း ပညာရပ်တစ်ခုကို ရရှိခဲ့တယ်။ တကယ်လို့ ငါခန့်မှန်း သာ မမှားဘူးဆိုရင်တော့ အဲဒါက ရှေးဦးခေတ်က ကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်စာအုပ် ဖြစ်သင့်တယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဆရာကြီးမှာ တကယ်ရှိနေတာလား !"

ချင်ယွင်၏ မျက်လုံးများသည် လင်းလက်တောက်ပနေသည့် ကြယ်များကဲ့သို့ ချက်ချင်း ပင် အနှိုင်းမဲ့ တောက်ပလာသည်။

ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်။ အကယ်၍ ၎င်းသည် အင်မော်တယ် ကမ္ဘာတွင်ရှိနေပါက၊ အင်မော်တယ်ဧကရာဇ်များသည်ပင် အချင်းချင်း အရူးအမူး လုယက် တိုက်ခိုက်ကြမည် ဖြစ်သည်။ သူ၏ဆရာသခင်သည် ဤမျှ ပြိုင်ဘက်ကင်း ဖြစ်သည့် သူတော်စင်ရတနာကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။

"ဒါပေမယ့်၊ အဲဒီရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်က ရှေးဘိုးဘေးတွေပဲ ကျင့်ကြံနိုင်တဲ့ ပညာရပ်တစ်ခုလို့ ငါထင်တယ်။ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အရင်က ငါ အဲဒီပညာရပ်ကို ကျင့်ကြံကြည့်ခဲ့ပေမယ့် လုံးဝ အကျိုးသက်ရောက်မှု မရှိဘူး။ နောက်ပြီး စမ်းကြည့်ဖို့အတွက် ပါရမီရှင် ရာပေါင်းများ စွာကိုလည်း ငါ ရှာကြည့်ခဲ့သေးတယ်။ ဒါပေမယ့် တစ်ယောက်မှ မအောင်မြင်ကြဘူး။" ဟောင်းတာအိုဆရာသခင်က အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ပြောသည်။

"ဒါဆိုလည်း ခင်ဗျားကြီးက ဘာလို့ ပြောနေသေးလဲ !" ချင်ယွင်လည်း မထိန်းနိုင်ဘဲ ကျိန်ဆဲမိသွားသည်။ အချိန်အတော်ကြာ နားထောင်ပြီးနောက် ဘာမှမရဘဲ ပျော်ရွှင်ခဲ့ရ သည်။ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်က ကောင်းကင်ဘုံကို အံတုနိုင် သော်လည်း ကျင့်ကြံလို့မရ ဖြစ်နေသည်။ ဤအရာက ဘာမှမပြောခဲ့သည်နှင့် အတူတူပဲ မဟုတ်ပေဘူးလား။

"ဟမ့်၊ မင်းကို ငါပြောချင်တာက တခြားသူတွေက မကျင့်နိုင်ပေမယ့် မင်းက အခြား လူတွေနဲ့ မတူဘူးလို့ ပြောချင်တာကွ။ မင်းရဲ့ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်က အစွမ်းထက်တဲ့ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ပညာရပ်တစ်ခုကို ကျင့်ကြံ ထားသလိုပဲ။ ဒါပေမယ့် မင်းက အခု စိတ်မဝင်စားဘူးဆိုမှတော့၊ ငါ ဘာမှမပြောခဲ့ ဘူးလို့ပဲ သဘောထားလိုက်ပါတော့။" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ အော်ပြောလိုက်သည်။

"မဟုတ်ဘူး! ကျွန်တော် စိတ်ဝင်စားတယ်၊ အရမ်းကို စိတ်ဝင်စားပါတယ်။ ဆရာကြီး၊ အဲဒီရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို သင်ကြားပေးပါ။" ရှေးဟောင်း တာအိုဆရာသခင်၏ စကားကိုကြားလျှင် ချင်ယွင်၏နဂိုက မည်းမှောင်နေသည့် မျက်လုံးတွေက ချက်ချင်းပင် တောက်ပလာပြီး ကမန်းကတန်း ပြောလိုက်သည်။

"ဟမ့်၊ ငါက အဓိပ္ပာယ်မရှိတာ လျှောက်ပြောနေတယ်လို့ မင်း မပြောခဲ့ဘူးလား။ မင်းလေသံက ဘာလို့ ပြောင်းသွားတာလဲ။" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ ဆက်ပြောနေသည်။

ချင်ယွင်၏ မျက်နှာက ရှက်ကိုးရှက်ကန်းဖြစ်သည့် အမူအယာဖြင့် ပြည့်နေသည်။ သို့သော် ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို ထောက်ထားပြီး သူသည် နည်းနည်းလောက် ပိုအရေထူလိုက်လျှင်လည်း ဘာမှမဖြစ်ပေ။ နောက်ဆုံးတော့၊ ယခုချိန်မှာ ခွန်အားတိုးဖို့က အရေးကြီးဆုံး ဖြစ်နေသည်။ သူက သူ၏မျက်နှာကို လျှာဖြင့်တစ်ချက်သပ်ရင်း အလောတကြီး ပြောလိုက်သည် "ဆရာကြီး၊ ကျွန်တော် တကယ်ကို မှားသွားပါတယ်။ စောစေားလေးက မထိန်းနိုင်လို့ ကျွန်တော် ကျိန်ဆဲမိသွား တာပါ။ ကျွန်တော်က ဆရာကြီးကို ဆန့်ကျင်ဘက်လုပ်ဖို့ မရည်ရွယ်ပါဘူး။ အဲဒီရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို ကျွန်တော့်ကို ပေးသင့်တယ်လို့ ဆရာကြီး တွေးထားတာ မဟုတ်လား"

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ လွန်လွန်ကဲကဲ နှိမ့်ချခြင်းနည်းပညာရပ်ကို အသုံးပြုပြီး သူ၏ပုံစံက အသိဉာဏ်ကင်းမဲ့ပြီး အရှက်မဲ့နေကာ ရယ်စရာပင် ကောင်းလွန်းပါသည်။

ယခုအချိန် ရှန်ညီအစ်ကို သုံးယောက်သာ ချင်ယွင်၏ပုံစံကို မြင်မည်ဆိုလျှင် ထိုညီအစ်ကိုသုံးယောက်သည် သူ့ကို 'စီနီယာချင်'ဟု အဘယ့်ကြောင့် ခေါ်မိလဲဆို သည်ကို အမှန်တကယ် မသိလောက်တော့ပေ။

ရှေးဟောင်းတာအိုဆရာသခင်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ချင်ယွင်နှင့် အချိန်အတော်ကြာအောင် ရစ်နေသေးသည်။ နောက်ဆုံးတွင်၊ ချင်ယွင်၏ တောင်းဆိုမှုအောက်မှာ သူသည် ချင်ယွင်၏စိတ်သို့ ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို ပို့ဆောင်ပေးခဲ့ပါသည်။

ချင်ယွင်၏ စိတ်ထဲကို ရွှေရောင်အလင်းတန်းတွေ ထိုးဖောက်ဝင်ရောက်လာသည်နှင့် ချင်ယွင်၏စိတ်သည် တခဏအတွင်း ပေါက်ကွဲထွက်သွားသလိုပင်။ များပြားလှသည့် သတင်းအချက်အလတ်များက သူ၏စိတ်ထဲ ရေလွှမ်းမိုးသွားသကဲ့သို့ တဟုန်ထိုး ဝင်ရောက်လာခဲ့သည် ။

"ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်၊ ရှေးဟောင်း မူလစကြဝဠာကြီး၊ လူ့ခန္ဓာကိုယ်သည် တော်ဝင်တာအို၏ အခြေခံ အုတ်မြစ်ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ရှေးဟောင်းတော်ဝင်တာအိုကို လေ့လာကာ ဤ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ကို ဖန်တီးခဲ့သည်။"

"'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၊ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ နာမည်လဲ!"

ချင်ယွင်က မနေနိုင်ဘဲ တိုးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးတွေထဲရှိ အပူတွေက ပိုလို့တောင် ပြင်းထန်လာသည်။

'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို အဆင့် ခုနစ်ဆင့် ခွဲထားပါ သည်။

ပထမအဆင့် တောင်ရွေ့လျားခြင်းနယ်ပယ်။ ဤနယ်ပယ်ကို ပြီးပြည့်စုံသည်နှင့်၊ သင်သည် လက်ဗလာဖြင့် တောင်များနှင့်ပင်လယ်ပြင်များကို ရွေ့လျားနိုင်ပါသည်။

ဒုတိယအဆင့် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်။ ဤနယ်ပယ် ပြီးပြည့်စုံသည်နှင့်၊ သင်သည် လက်ဗလာဖြင့် ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်နိုင်သည်။

တတိယအဆင့် ကြယ်ဖမ်းခြင်းနယ်ပယ်။ ထိုနယ်ပယ်ပြီးပြည့်စုံသည့်အခါ သင်၏ လက်ကိုသုံးပြီး ကြယ်တွေကိုဖမ်းဆွတ်ကာ ကောင်းကင်ကြီးကို လက်ညှိုးဖြင့် ထိုးဖောက်နိုင်ပါသည်။

စတုတ္ထအဆင့် မသေမျိုးနယ်ပယ်။ ဤနယ်ပယ် ပြီးပြည့်စုံသည်နှင့် ပြတ်တောက်သွား သည့် အရာတစ်ခုမှ ပြန်လည်မွေးဖွားနိုင်သည်။ မသေနိုင်တော့သလို ပျက်စီးခြင်းလည်း မရှိနိုင်တော့။

ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားနယ်မြေ။ ဤနယ်ပယ် ပြီးပြည့်စုံသည်နှင့်သင်သည် သင်၏လက်ကို လှည့်ပြီး နတ်နဂါးကဲ့သို့ ခွန်အားသက်သက်ဖြင့် သူတော်စင်ကို သတ်ပစ်နိုင်သည်။

ဆဋ္ဌမအဆင့် နတ်ဆိုးနတ်ဘုရားနယ်ပယ်။ ဤနယ်ပယ် ပြီးပြည့်စုံသည်နှင့် တစ်ပြိုင်နက် သင်၏ခန္ဓာကိုယ်သည် ပေတစ်သောင်းအထိ ရောက်ရှိနိုင်ပြီး ကမ္ဘာပေါ် တွင် ပြိုင်ဘက်ကင်း ဖြစ်လိမ့်မည်။

သတ္တမအဆင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နယ်ပယ်၊ ဤနယ်ပယ်သည် ထင်မြင်ချက်မျှသာဖြစ်ပြီး မည်သူမျှ ၎င်းနယ်ပယ်ကို မရောက်ရှိနိုင်ခဲ့ပါ။

ချင်ယွင်သည် ဤနယ်ပယ်ခုနစ်ခုကို ဖတ်ရူမိသည့်အခါ တုန်လှုပ်သွားခဲ့သည်။

ဤအရာက မည်သည့်နယ်ပယ် အမျိုးစားဖြစ်သနည်း။ ထိုအချိန်တုန်းက သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသည်။ အများဆုံး သူသည် ဓားတစ်ချက်တည်းဖြင့် ကြယ်များကို ဖြတ်တောက်နိုင်ပြီး လက်တစ်ဖက်တည်းဖြင့် ကြယ်များကို ဖမ်းဆုပ်နိုင်သည့် ကြယ်ဖမ်းခြင်းနယ်ပယ်အစွမ်းထိသာ လုံးဝ ရောက်ရှိ နိုင်စွမ်း ရှိခဲ့လိမ့်မည်။

ထို့အပြင်၊ ဤ နတ်ဆိုးနတ်ဘုရားနယ်ပယ်သည် အမှန်တကယ်ပင် ဆဋ္ဌမအဆင့်မှာသာ ရှိသေးပြီး ၎င်းနယ်ပယ်သည်ပင် ကမ္ဘာပေါ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ ရသည်။ သတ္တမအဆင့်အနေဖြင့်မူ ပို၍ပင် လေးနက်ပါသည်။ ၎င်းအဆင့်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တည်ရှိမှုကိုပင် ကျော်လွန်သွားနိုင်လောက်သည်။

ချင်ယွင်သည် စိတ်မကူးရဲတော့ပေ။ ရှေးဦးခေတ်၏ နယ်ပယ်ပိုင်းခြားမှုသည် သူတို့၏ လက်ရှိနယ်ပယ်ခွဲခြားမူနှင့် ကွဲပြားသည်ဟု အမြဲလိုလို ခံစားမိသော်လည်း ၎င်းသည် ပို၍ အားကောင်းသည်မှာ သိသာလှသည်။

အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နယ်ပယ်တွင်၊ ချင်ယွင်သည် ယခင်က မည်သူမျှ မရောက်ဖူးသော အထွက်အထိပ်ဉသျှောင်နယ်ပယ်ဖြစ်ကြောင်း မှန်းဆထားခဲ့ပြီး ၎င်း၏စွမ်းအားသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်နေပြီ ဖြစ်သည်။

"မေ့လိုက်ပါ၊ အရင်ဆုံး ကျင့်ကြံကြည့်ရအောင်။" ချင်ယွင်သည် သူ၏ရိုင်းစိုင်းစွာ ပြေးလွှားနေသည့် အတွေးများကို ဖြတ်တောက်လိုက်ပြီး 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံရန်အတွက် နေရာရှာရန် ပြင်ဆင်လိုက်သည်။

အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ သူသည် 'လျှို့ဝှက်ဆန်းကြယ် သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ ပထမအဆင့်ကို အောင်မြင်စွာ လေ့ကျင့်နိုင် ခဲ့ပါက၊ သူသည် အထွတ်အထိပ် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်နှင့် ယှဉ်နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် ပထမအဆင့်မှာပင် သေးငယ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသရွေ့ သူသည် သားရဲဘုရင်ကို အနိုင်ယူရန် လုံးဝ ဖြစ်နိုင်သည် ။

ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် လုံးဝမတွန့်ဆုတ်ဘဲ အလင်းတန်းတစ်ခု ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ သူသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် ရှေးဟောင်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်ကို လေ့ကျင့်ရန် သူ မစောင့်နိုင်တော့ ပေ။

ကျောက်စိမ်းရေမြို့တော်အပြင်ဘက်၊ အတော်လေးဝေးလံသည့် တောအုပ်ထဲတွင် ချင်ယွင်သည် မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် 'လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို စတင်ဖြန့်ကျက်ဖို့ ကြိုးစားရင်း သူ၏ မျက်လုံးတွေကို တင်းတင်းမှိတ်ထားသည်။ ပညာရပ်တွင် ဖော်ပြထားသော ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ယွမ်ချီဟုခေါ်သည့် အနှစ်သာရမူလစွမ်းအင်ကို သူ ခံစားနေခဲ့သည်။

နှစ်နာရီကျော်သွားသော်လည်း ချင်ယွင် မည်သည့်စွမ်းအင်ကိုမျှ မခံစားရသေးပါ။

ထို့နောက် "ငါ ခံစားလို့ ရနိုင်ပြီ။ ဒါက အနှစ်သာရမူလ စွမ်းအင်လား။"

နောက်ဆုံး သုံးနာရီအကြာတွင် ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက်ပွင့်လာပြီး အနှိုင်းမဲ့ စိတ်လှုပ်ရှားဟန်ဖြင့် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

အခန်း (၃၉၉) ပေါက်ကွဲလာတော့မည့် စစ်ပွဲကြီးတစ်ခု။

"ဒါက အနှစ်သာရမူလစွမ်းအင်လား။" ချင်ယွင်က မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် သုံးနာရီလုံးလုံး တင်ပျဉ်ခွေထိုင်နေခဲ့သည်။ မူလက သူသည် ဤ 'လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံနိုင်ပါ့မလားဟုပင် သံသယ ဝင်လာခဲ့သော်လည်း သုံးနာရီအကြာတွင် အောင်မြင်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ရှေးဟောင်း အနှစ်သာရမူလစွမ်းအင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နက်ရှိုင်းသည့်နေရာတွင် ပုန်းကွယ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ဖြစ်ပြီး သေမျိုးကမ္ဘာတွင် အတော်လေး ပါးလွှာသည်။

ဤအခိုက်အတန့်တွင် ဤထူးဆန်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသလို ခံစားလိုက်ရသည်။ ထိုစွမ်းအားကို အရူးအမူး ဝါးမျိုချရင်း သူ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသည် အသက်ရှင်လာပုံရသည်။ ထိုဆဲလ်များ သည် ၎င်းစွမ်းအားကို ဆက်လက်ဝါးမျိုချနေပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ဆက်လက် သန်မာလာခဲ့သည်။

သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးသည် အသက်ရှုနေပုံရပြီး သူ၏ ချီစွမ်းအင် လမ်းကြောင်းများသည်လည်း ပုံမှန်ရွေ့လျားနေပါသည်။

အနှစ်သာရမူလစွမ်းအင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် အရိုးများသည် မြေကြီးတုန်ခါလောက်သည့် ပြောင်းလဲမူများနှင့် ကြုံတွေ့ခဲ့ရသည်။

အရိုးများ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ သို့မဟုတ် ကြွက်သားများ မည်သည့် အရာဖြစ်စေ ၎င်းတို့အားလုံးသည် ပိုမိုသန်မာလာကြသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားလာပြီး ပိုမိုသန်စွမ်းလာသည်။

ဂရုတစိုက် ကြည့်မည်ဆိုလျှင် ချင်ယွင်၏ အရပ်သည် တဖြည်းဖြည်း ပြောင်းလဲ လာသည်ကို သေချာပေါက် တွေ့ရလိမ့်မည်။

မူလက ၁.၈ မီတာ မြင့်မားသည့် အရပ်သည် ယခုအခါ ၁.၂ မီတာနီးပါး ပိုမြင့် လာခဲ့ သည်။ တစ်နာရီအတွင်းတွင်၊ ၎င်းသည် နှစ်စင်တီမီတာ ပိုမြင့်လာခြင်း ဖြစ်သည်။ ဤအရာက တကယ်ကို မထင်မှတ်စရာဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူခံစားနိုင်သော စွမ်းအားသည် လျင်မြန်စွာ အားကောင်းလာသည်။

အကယ်၍ ဤအတိုင်းသာ ဆက်လက်ကျင့်ကြံနေပါက၊ ချင်ယွင်သည် 'လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ ပထမအဆင့်ဖြစ်သော သေးငယ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ နောက်ထပ် သုံးရက်အတွင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရသည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်သည် မလှုပ်မရှား မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ကို ဖုန်ထူထူများဖြင့် တဖြည်းဖြည်း ဖုံးအုပ်လာသည်။ သို့သော် ချင်ယွင်က ဤကိစ္စကို ဂရုမစိုက်ပါ။ ယင်းအစား သူသည် သူ၏ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေကိုသာ ဂရုတစိုက် ခံစားနေသည်။

ရှေးဟောင်းတာအို ဆရာသခင်သည်လည်း ချင်ယွင်ကို သဘာဝအတိုင်း အာရုံစိုက်နေ ခဲ့ပြီး သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

ဤရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်သည် သူ၏လက်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ယခုအချိန်အထိ မည်သူမျှ ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။ ဤအရာက ဝမ်းနည်းစရာဟု သူအမြဲတမ်း ခံစားခဲ့ရသည်။

ချင်ယွင်သည် ထိုပညာရပ်ကို ကျင့်ကြံနိုင်လိမ့်မည်ဟု စိတ်ကူးအဖြစ်သာ ယခင်က သူထင်ခဲ့ထားသော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ကျင့်ကြံရာမှာ အမှန်တကယ် အောင်မြင်သွားကြောင်း သူမြင်လိုက်ရသည့်အတွက် အလွန် စိတ်လှုပ်ရှား နေခဲ့သည်။

သူသည် ဤရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို နတ်ဆိုးနတ်ဘုရား နယ်ပယ်သို့ ရောက်သည်အထိ ချင်ယွင်ကျင့်ကြံနိုင်ရန် စောင့်မျှော်နေမိသည်။ ထိုနယ်ပယ်၏ တန်ခိုးအစွမ်းအမျိုးစားက မည်သို့ ရှိလာမည်နည်း၊ မည်သို့သော ဂုဏ်ကျက်သရေမျိုးကို ဖန်တီးနိုင်မည်နည်း။ ၎င်းသည် နတ်ဆိုးနတ်ဘုရား နယ်ပယ်၏ စွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်ပါ့မလား။

နေ့စဥ်ရက်ဆက် နေ့ရောညပါ အဆက်မပြတ် ရွေ့လျားသွားသော်ခဲ့လည်း ချင်ယွင်၏ ခန္ဓာကိုယ်သည် တစ်ချက်မျှ မလှုပ်ခဲ့ပေ။

သို့သော် အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက် သတိပြုမိမည်ဆိုပါက၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ကြီးထွားလာပြီး သူ၏အရေပြားနှင့် ကြွက်သားများပင် မနှိုင်းယှဉ်နိုင်လောက်အောင် ထူထပ်လာနေသည်ကို တွေ့ရှိလိုက် ရသည့်အတွက် အံ့သြသွားကြမည် ဖြစ်သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်း အဆက်မပြတ် တိုးလာနေသော ပြောင်းလဲမှု များတွင် နှစ်မြုပ်နေစဉ်မှာ နောက်ဆုံးတွင် သားရဲများ၏ ပထမဒီရေလှိုင်းသည် ကျောက်စိမ်းရေမြို့တော်သို့ ရောက်ရှိလာခဲ့ပြီ။

"ဝုန်း…..!"

မရေမတွက်နိုင်သော ဆိတ်သုဉ်းခြင်းသားရဲများသည် တိုင်ဟန်တောင်တန်းများမှ ပြေးထွက်လာကြပြီး တလမ်းလုံး အရိုင်ဆန်ဆန် ဖြတ်သန်းသွားကြကာ မြို့ပြ အဆောက်အဦများအားလုံးကို ဖျက်ဆီးပြီး နောက်ဆုံးတွင် သူတို့သည့် ကျောက်စိမ်း ရေမြို့တော် မျှော်စင်အောက်သို့ ခေါ်ဆောင်လာကြသည်။

ကြေကွဲဖွယ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါပြီ။ ကျောက်စိမ်းရေမြို့တော်၏ ခုခံမူများနှင့်အတူ ဆိတ်သုဉ်းခြင်း သားရဲစစ်တပ်ကြီးသည်လည်း အတူတကွ တိုက်ခိုက်ခဲ့ကြပြီး မြင်ကွင်းသည် အလွန်ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းသည်။

ဆိတ်သုဉ်းခြင်းသားရဲများသည် မီတာတစ်ရာမြင့်သော မြို့ရိုးများဆီသို့ အရူးအမူး ခုန်တက်ကြပြီး ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော စစ်သည်များသည် ခံစစ်မျဉ်းကို ဖြတ်ကျော်လိုသော ဆိတ်သုဉ်းခြင်းသားရဲများကို အရူးအမူး တိုက်ခိုက်ကြသည်။

သနားစရာကောင်းသည် အော်ဟစ်သံတွေက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေသည်။

ရံဖန်ရံခါတွင် လူသားကျွမ်းကျင်များသည် ဆိတ်သုဉ်းခြင်းသားရဲများ၏ ဦးခေါင်းများကို ဖြတ်တောက်ပြီး မြို့ရိုးအောက်သို့ ပစ်ချကြချသည်။ လူသားစစ်သည်များသည်လည်း မြို့ရိုးပေါ်တက်လာသည့် ဆိတ်သုဉ်းခြင်း သားရဲများ၏ဆွဲဖြဲမူကြောင့် ပွဲချင်းပြီး သေဆုံး သွားတတ်ကြသည်။

နာရီအနည်းငယ်အကြာတွင် ကျောက်စိမ်းရေမြို့တော်၏ မြို့တံခါးအပြင်ဘက်တွင် အလောင်းများ စုပုံလာခဲ့သည်။ ထိုအလောင်းများတွင် လူသားများအပြင် ဆိတ်သုဉ်း ခြင်းသားရဲလည်းပါပါသည်။ ထိုမြင်ကွင်းကိုမြင်ရသည်မှာ အလွန်ကြောက်စရာ ကောင်းလွန်းသည်။

၎င်းတို့အနက် ရှန်ဟိုင်ဦးဆောင်သော သိုင်းဧကရာဇ်ကျွမ်းကျင်သူများသည်လည်း အနားရခြင်း မရှိပေ။ ရှန်ဟိုင်သည် ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် တစ်ယောက်ချင်း တိုက်ခိုက်နေရပြီး လူတစ်ဦးနှင့် ငှက်တစ်ကောင်ကြား တိုက်ပွဲက ရှုပ်ယှက်ခတ်ကာ သဲသဲကွဲကွဲပင် မမြင်နိုင်တော့။

ကျန်သိုင်းဧကရာဇ်များကမူ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကို ပိတ်ဆို့တားဆီးပြီး မြို့တော်၏မြို့ရိုးဆီကို ပြေးဝင်လာခြင်းမှ တားဆီးအတွက် သူတို့၏ခွန်အားအားလုံးကို အသုံးပြုခဲ့နေရသည်။

မြို့ရိုးများသည် မည်မျှပင် ခိုင်ခံ့စေကာမူ ၎င်း၏တိုက်ခိုက်မှုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အကယ်၍ မြို့ရိုးတွေသာ ပျက်ဆီးသွားမည်ဆိုလျှင် မြို့သူမြို့သားတွေအားလုံး ဒုက္ခရောက်ကြမည် ဖြစ်သည်။ ထို့ကြောင့် ရှန်တိုင်နှင့် အခြားလူများသည် အစွမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။ သို့သော်ငြားလည်း အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို တားဆီးနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော်၊ ဤအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် အစွမ်းထက်လွန်းသည်။ သိုင်းဧကရာဇ်ငါးပါး အတူတူပူးပေါင်း တိုက်ခိုက်သည်ဆိုလျှင်ပင် သူတို့သည် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ထိန်းထားရုံသာ တတ်နိုင်ကြသည်။

ရှန်ကျွဲ့၏ အစီအရင်ဝင်္ကပါက ဤကြမ်းတမ်းသော အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကို ထပ်ခါထပ်ခါ ပိတ်ဆို့ထားနိုင်ခြင်းကြောင့်သာ။ ထို့သို့မဟုတ်ပါက၊သူတို့သည် ယခုအချိန်အထိ တောင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်မှာတော့ သူတို့သည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာနေပြီ။ ဤအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ရှန်ကျွဲ့၏ အစီအရင်ဝင်္ကပါ ထောင်ချောက်မှ အကြိမ်အနည်းငယ် လွတ်မြောက်သွားခဲ့ပြီး ရှန်ကျွဲ့သည်လည်း ၎င်းကို ခံနိုင်ရည်မရှိသလောက်ပင် ဖြစ်သွားရသည်။ ဝေရှန်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုများကလည်း အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ဒဏ်ရာ အနည်းငယ်မျှ မရရှိခဲ့ကြပေ။

အခြေအနေက အလွန်အမင်း တင်းမာနေခဲ့သည်။

ပိရှစ်သိုင်းမြို့စားသည် မြို့တော်မျှော်စင်ပေါ်တွင် ရပ်ကာ တိုက်ပွဲကို အမိန့်ပေးနေသော် လည်း သူမစိတ်ထဲတွင် အလွန်စိုးရိမ်နေပါသည်။

ဝေရှန်းသည် သူ၏တောင့်ခံနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရပြီး နောက်ထပ် အမွှေးတိုင် တစ်ချောင်းထွန်းချိန်စာ အချိန်ကြာအောင် ခံနိုင်ရည်ရှိမည်ဟုသာ ခန့်မှန်းနိုင်သည်။

ထို့အပြင်၊ ယခုအချိန်တွင် သားရဲဘုရင်သည် တိုက်ပွဲတွင် ပါဝင်ခြင်း မရှိသေးပေ။ အကယ်၍ သားရဲဘုရင်သာ တိုက်ပွဲတွင် ပါဝင်ခဲ့မည်ဆိုပါက မြင်ကွင်းသည် တစ်ဖက် စောင်းနင်း ချက်ခြင်း ပြောင်းသွားပေလိမ့်မည်။

ပိရှစ်သိုင်းမြို့စားသည် လေထဲတွင် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေသော နတ်ဆိုး လူငယ်ကို ကြည့်လိုက်သည်။ သူမသည် လေးလေးနက်နက် မျက်မှောင်ကြုတ် လိုက်သည်။ ဤသားရဲဘုရင်သည် သူမအား တုနှိုင်းမရအောင် အစွမ်းထက်သည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။

"ချင်ယွင် မင်းဘယ်မှာလဲ၊ သားရဲဒီရေလှိုင်းကြီးက စနေပြီ။ မင်း ရောက်လာဖို့ အချိန် ကျပြီ။ မင်း ဘယ်ရောက်နေလဲ" ပိရှစ်သိုင်းမြို့စားက စိုးရိမ်တကြီး ပြောသည်။

လွန်ခဲ့သည့် အချိန်အနည်းငယ်အကြာက တိုက်ပွဲအပြီးမှာတော့ ချင်ယွင်သည် ဤလူများ၏ ကျောရိုးဖြစ်နေပြီ ဖြစ်သည်။ သို့သော် ချင်ယွင်သည် ဤအရေးကြီးသော အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် မည်သို့ပင် ရှာဖွေကြပါစေ ချင်ယွင်သည် ထိုညနှောင်းပိုင်း တိုင်ဟန် တောင်တန်းများမှ ပြန်ရောက်လာပြီးကတည်းက သူသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

"အဲဒီသိုင်းဧကရာဇ်ချင်ယွင်က တစ်ကိုယ်ကောင်းဆန်ပြီး ထွက်သွားမှာ ကြောက်ရ တယ်။"

ဤသည်မှာ မြို့စောင့်ဗိုလ်ချုပ်ကြီးတစ်ဦး ပြောခဲ့သည့်စကားဖြစ်ပြီး ပိရှစ်သိုင်းမြို့စား က ၎င်းအတွက် ပြင်းထန်စွာ အပြစ်ပေးခဲ့သည်။

သို့သော်လည်း စစ်ပွဲဖြစ်ပွားပြီးကတည်းက လေးနာရီနီးပါး ရှိပြီဖြစ်သည်။ လူတိုင်း ခါးခါးသီးသီး တိုက်ခိုက်နေကြရပြီး ချင်ယွင်၏ ပုံရိပ်သည် မည်သည့်အခါမှ ထွက်ပေါ် မလာတော့ချေ။ ကြာလာတော့ ပိရှစ်သိုင်းမြို့စားများပင်လျှင် ချင်ယွင် တကယ် ထွက်သွားပြီလားဟု မတွေးမိဘဲ မနေနိုင်ပေ။

"မဟုတ်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ချင်ယွင်က တစ်ကိုယ်ကောင်းဆန်ပြီး သေမှာ ကြောက်တဲ့ လူစားမျိုး မဟုတ်ဘူး။" ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများမှတဆင့် စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင် ပေါ်လာသည်။ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင်၊ ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းပြီး ရန်သူများကို တိုက်ခိုက်ခဲ့သည့် အသွင်အပြင်ကို သတိရမိသည်။ ပိရှစ်သိုင်းမြို့စားသည် မည်သည့်စကားမှ မပြောခဲ့ သော်လည်း ချင်ယွင်သည် ထိုအချိန်တုန်းကတည်းက သူမ အလွန်ထိတ်လန့် သွားခဲ့ရ သည့် ခံစားချက်မျိုး ချန်ထားရစ်ခဲ့သည်ကို သူမ သိခဲ့ပါသည်။

ဤကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားသည့် လူတစ်ဦး၊ သွေးမျက်ရည်များဖြင့် ပြည့်နှက် နေပြီး ချစ်ရသူအတွက် လက်စားချေရန် သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းခဲ့သည့် လူတစ်ဦးသည် သေခြင်းတရားကို ကြောက်ရွံ့သော လူတစ်ယောက် မည်သို့ ဖြစ်လာ နိုင်မည်နည်း။

"ဘုန်း !"

သို့သော်လည်း ယခုအချိန်တွင် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကြောင့် ဝေရှန်းနှင့် အခြားသူများသည် နောက်ကို လွင့်ထွက်သွားကြသည်။ သိုင်းဧကရာဇ် ဘိုင်ဟောက်သည် ပို၍ပင် သနားစရာကောင်းသည့် အခြေအနေမှာ ရှိနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ဦးချိုဖြင့် ထိုးဖောက်ခံ လိုက်ရပြီး လေထဲသို့ မြှောက်တက်သွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက် သေဆုံးသွားသည်ကို မြင်လိုက်ရလျှင် အားလုံး၏ မျက်လုံးတွေက ဒေါသမီးလျှံတွေနှင့် ပြည့်နှက်နေခဲ့သည်။

အထူးသဖြင့် ယုချန်းနှင့် ဝေရှန်းတို့ဖြစ်သည်။ သူတို့နှစ်ဦးသည် သိုင်းဧကရာဇ် ဘိုင်ဟောက်နှင့် ညီအစ်ကိုများ မဟုတ်ကြသော်လည်း သိုင်းဧကရာဇ်ဘိုင်ဟောက် သည် သူတို့ထက် အသက်ကြီးသူဖြစ်သည်။ သူတို့သည် သိုင်းဧကရာဇ်ဘိုင်ဟောက် ထံမှ သွန်သင်ချက်များကို အနည်းနှင့်အများ ခံယူဖူးကြသည်။ ယခုတွင် သိုင်းဧကရာဇ် ဘိုင်ဟောက်သည် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကြောင့် သေဆုံးသွားသည် သည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ ဒေါသများက ကောင်းကင်ယံအထိပင် မြင့်တက်သွားခဲ့သည်။

"ငါ မင်းကို သတ်မယ်!"

ယုချန်းသည် ဒေါသကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ဓားကို မြှောက်လိုက်ကာ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးဆီသို့ ပြေးသွားရင်း သူ၏ မျက်လုံးထောင့်စွန်းမှ သွေးမျှင်ကြောများပင် ထွက်ပေါ်လာသည်။

အခန်း (၄၀၀) နောက်တကြိမ်။

"ငါ မင်းကိုသတ်ပစ်မယ် အယုတ်တမာကောင်ကြီး !" ယုရှန်းက သူ၏ဓားကို လက်ဖြင့် ကိုင်ရင်း အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးဆီကို တိုက်ရိုက် ပြေးဝင်သွားကာ ကျယ်လောင်စွာ အော်လိုက်သည်။

"မူး!"

အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် မထီမဲ့မြင်ပြုဟန်ဖြင့် ဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးက သူ့ကို သတ်ပစ်မည်ဟု ရဲရဲတောက် ပြောရဲသည်။

သူသည် ချက်ချင်းပင် သူ၏ ကြီးမားသော ခြေထောက်ကြီးကို ဆန့်ထုတ်ပြီး ကန်ထုတ်လိုက်သည်။ တခဏအတွင်းမှာပင် သူ့ဆီပြေးလာသည် ယုချန်းကို ကန်ထုတ်လိုက်ပြီး ယုချန်းသည် လွင့်ထွက်သွားကာ မြို့နံရိုကြီးကို ဝင်ဆောင့်မိကာ ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ သူသည် သွေးတွေ ယိုစီးကျလာပြီး နေရာမှာတင် မေ့လဲသွားခဲ့သည်။

"ယုရှန်း!"

ဝေရှန်းက ချက်ချင်း အော်လိုက်သော်လည်း ယုရှန်းအနေဖြင့် သူ့ကို ပြန်ဖြေနိုင်တော့။

ဝေရှန်းသည် လေထဲတွင် မတ်တပ်ရပ်ကာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး သွားများကို ကိုက်လိုက်သည်။ သူသည် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကို စိုက်ကြည့်သော်လည်း ၎င်းနှင့်ပတ်သက်၍ သူလည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

ယခင်က သိုင်းဧကရာဇ်အဆင့်ငါးဦးသည် ပူးပေါင်းတိုက်ခိုက်သော်လည်း တစ်ဦး တစ်ယောက်ကမျှ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကို ဒဏ်ရာ အနည်းငယ်မျှ ရအောင်ပင် မလုပ်နိုင်ခဲ့ကြပေ။ ယခုအခါ သိုင်းဧကရာဇ် ဘိုင်ဟောက်သည် သေဆုံး သွားခဲ့ပြီး ဖြစ်သည်။ ယခုအခါ ယုရှန်းသည် ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ် သွားခဲ့ပြီ။ သူနှင့် ရှန်မျိုးနွယ်စု ညီအစ်နှစ်ယောက်သာ ကျန်တော့သည်။

" တကယ်လို့ စီနီယာချင်သာ ဒီမှာ ရှိနေခဲ့မယ်ဆိုရင် သူ့ရဲ့ ပျံသန်းနိုင်တဲ့ ဓားတွေက အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို သေချာပေါက် တားဆီးနိုင်လိမ့်မယ်။ ရှန်တိုင်က မထိန်းနိုင်ဘဲ သက်ပြင်းချပြီး ပြောလိုက်သည်။

"ဟမ့်၊ စီနီယာချင်ကို ပြန်ခေါ်ပေးရမှာလား။ ဘယ်လိုစီနီယာမျိုးကရော တိုက်ပွဲကနေ ထွက်ပြေးသွားမှာလဲ။ သူက သေမှာကိုကြောက်ပြီး တကိုယ်ကောင်းဆန်တဲ့ လူယုတ်မာ တစ်ယောက်လို့ ငါထင်တယ်၊ သူ့ကို ငါ့ဆရာသခင်အဖြစ် မှတ်ယူချင်ခဲ့ကာ ငါ့အချိန်တွေ ကို ဖြုန်းတီးမိခဲ့သည်။ အခုချိန် ပြန်စဉ်းစားကြည့်ရင် အဲဒါက ရှက်စရာ ကောင်းတယ်လို့ ငါထင်တယ်။" ရှန်ကျွဲ့က သူ၏သွားတွေကို တင်းတင်းကြိတ်ပြီး အေးစက်စွာ အော်ပြော လိုက်သည်။ ယခင်က အစီအရင်ဝင်္ကပါထံမှ တုံ့ပြန်မှုကြောင့် သူ၏ပါးစပ်ထောင့်မှာ သွေးစသွေးနများ တွဲလောင်းကျနေသေးသည်။

"မဖြစ်နိုင်ပါဘူး၊ စီနီယာချင်က ထွက်ပြေးမှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့၊ သူ သေချာပေါက် ပြန်လာမှာပါ" ရှန်တိုင်က ပြန်ပြောပေမယ့် သူ၏စကားက သိပ်တော့ မခိုင်မာလှပါဘူး။

ဝေရှန်းလည်း စိုးရိမ်တကြီးဖြစ်ကာ ကောင်းကင်ယံကိုမော့ပြီး အော်ပြောလိုက်သည် "ချင်ယွင် မင်းဘယ်မှာလဲ၊ တကယ်လို့ မင်းပြန်မလာဘူးဆိုရင် ကျောက်စိမ်းရေမြို့ တော်က ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ဒီမှာ သန်းနဲ့ချီတဲ့လူတွေရှိနေတယ်။"

သို့သော် သူမည်ကဲ့သို့ အော်ပြောနေပါစေ ချင်ယွင်ကတော့ ပေါ်မလာသေးပေ။

"မကောင်းတော့ဘူး၊ မြို့ရိုးမျှော်စင်ကို တိုက်ခိုက်တော့မယ်။"

ထိုအချိန်မှာ ရှန်တိုင်က ရုတ်တရက် အော်လိုက်သည်။

ချက်ချင်းပင်၊ လူတိုင်းသည် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကို ကြည့်ကြသည်။

အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ရှေ့ခွာများဖြင့် မြေကြီးကိုယက်နေပြီး ခေါင်းကိုငုံ့ထားသည်။ ချွန်ထက်သည့် ဦးချိုတွေက မြို့ရိုးကို ချိန်ထားပြီး နှာခေါင်းထဲ မှာလည်း တရူးရူးတရှဲရှဲသံတွေ ထွက်နေကာ အားကုန် ဝင်ဆောင့်တော့မည်။

ဝေရှန်းသည်လည်း ချက်ခြင်း ထိတ်လန့်သွားသည်။ အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီးသည် မြို့ရိုးကို ဖြိုဖျက်လိုက်သည်နှင့် မရေမတွက်နိုင်သည့် ဆိတ်သုဉ်းခြင်း သားရဲတပ်များသည် မြို့တွင်းသို့ စိမ့်ဝင်ကြမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူတို့သည် အမှန်ပင် ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပေ။

ထို့နောက် သူက “မြန်မြန် တားပါ” ဟု ခပ်မြန်မြန် အော်လိုက်လိုက်။

ထို့နောက်၊ သူကိုယ်တိုင် ဦးဆောင်ပြီး အပြေးအလွှား ပြေးထွက်သွားကာ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏လမ်းကြောင်းကို ပိတ်ဆို့တားဆီးရန် ကြိုးစားလိုက်သည် ။

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားအလင်းသည် ကြယ်များကြွေကျနေသော မြစ်တစ်စင်းကဲ့သို့ပင် လင်းလက်သွားခဲ့သည်။

သို့သော် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးပေါ်သို့ ကျဆင်းသွားသည့်အခါတွင် အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ၎င်း၏သားမွေးများသည်ပင် ကျိုးပျက်သွားခြင်းမရှိသည့်အပြင် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကိုလည်း ခြေတစ်လှမ်ပင် မတားဆီးနိုင်ခဲ့ပေ။

"ဘန်း!"

ဝေရှန်း၏ ခန္ဓာကိုယ်သည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ အတင်းဝင် ဆောင့်မူကြောင့် လွင့်ထွက်သွားခဲ့သည်။ သူသည် အဝေးမှမြို့ရိုးကို ရိုက်ချိုးထိမှန်ပြီး ကြီးမားသည့် တွင်းပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ သူ၏အရိုးများစွာ ကျိုးသွားကာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူသည် မတ်တပ်ပင် ထမရပ်နိုင်တော့။

"မြေကမ္ဘာထောင်ချောက် အစီအရင်ဝင်္ကပါ!"

တစ်ချိန်တည်းမှာပင် ရှန်ကျွဲ့က ကျယ်လောင်စွာ အော်လိုက်သည်။ မြေပြင်သည် ချက်ချင်းဆိုသလိုပင် ကြီးမားသည့် မြေတံတိုင်းကြီးလေးခုအဖြစ် မြှင့်တက်လာခဲ့ပြီး အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးကို အတွင်းဘက်တွင် ခိုင်ခိုင်မြဲမြဲ ဖမ်းထားချင် နေသည်။

သို့သော်၊ မြေတံတိုင်းကြီးသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ရှေ့တွင် လုံးဝ အားနည်းနေပြီး ၎င်းကို အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီး၏ဦးချိုဖြင့် တိုက်ရိုက် ထိုးဖောက်ခြင်းခံခဲ့ရသည်။

"ဖတ်!"

ရှန်ကျွဲ့သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ၏အငွေ့သအက်သည်လည်း ချက်ချင်းပင် အားနည်းသွားသည်။ အစီအရင်ဝင်္ကပါ၏ တုံ့ပြန်မှုကြောင့် သူ၏ အတွင်း အင်္ဂါများသည် ဆုံးရှုံးမှုကြီးများစွာ ခံစားခဲ့ရသည်။

"ငါ မင်းကို တိုက်မယ်!"

ရှန်တိုင်ကလည်း ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်က အနက်ရောင် မီးလျှံနတ်ဆိုးနွားထီးကြီးဆီသို့ တိုက်ရိုက် ပစ်ဝင်လိုက်ရင်း သူ၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏အသက်ကို ရင်းနှီးပြီး မြို့ကို ကာကွယ်တော့မည့်အတိုင်း ဖြစ်နေသည်။

သို့ရာတွင်၊ ဤအရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရပါသည်။ ရှန်တိုင်၏ခန္ဓာကိုယ် ကိုလည်း အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးက မြို့ထဲရောက်အောင် ပစ်လွင့် တိုက်ချပစ်လိုက်သည်။

"အားလုံး အဆုံးသတ်သွားပြီလား?"

သိုင်းဧကရာဇ်သုံးပါးသည် ဧရာမနွားနက်ကြီးကို မတားဆီးနိုင်ခဲ့သည်ကို မြင်လိုက်ရ သဖြင့် စစ်သည်များ၏ မျက်နှာများသည် ပြာဝေသွားကြသည်။

"ဒီနေ့ ငါသေရင်တောင် မင်းကို မြို့ကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး" ပိရှစ်သိုင်းမြို့စား၏ ရေခဲပမာအေးစက်သော မျက်နှာသည် ပြတ်သားသည့် အမူအရာ ပေါ်လွင်နေသည်။ အပြာရောင်ရေခဲဓားရှည်သည် သူမလက်ထဲတွင် ပေါ်လာပြီး အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးဆီသို့ ဦးတည်သွားရင်း အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အားလုံး၏ မျက်လုံးတွေ နီရဲလာကြသည်။

ယခုအချိန်တွင် သူတို့သည် ပိရှစ်သိုင်းမြို့စားအား မိုက်မဲလှသည်ဟု မခံစားခဲ့ရသလို သူမနေအိမ်ကို ကာကွယ်ရန်အတွက် သူမအသက်ကို အသုံးချနေသည့်အတွက်ကြောင့် သူမ၏လုပ်ရပ်များသည် ရယ်စရာကောင်းသည်ဟု မည်သူမှ မတွေးခဲ့ကြပေ။

"ညီအစ်ကိုတို့၊ အတူတူ တက်ကြရအောင်၊ ငါတို့ မြို့တံခါးကို ချိုးဖောက်ထွက်ခွင့် မပြုနိုင်ဘူး"

သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများသည်လည်း ကျယ်လောင်စွာ အော်လိုက်ကြပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံသန်းဝင်ရောက်သွားကြရင်း သူတို့၏ နှလုံးသားများ ဆူပွက်လာခဲ့ကြသည်။

သူတို့ကိုယ်ပိုင်စွမ်းအားက အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ တဟုန်ထိုး ရွေ့လျားမှုကို မတားဆီးနိုင်ဘူးဆိုသည်ကို သူတို့ကိုယ်တိုင် သိထားကြသော်လည်း သူတို့သည် မြို့ရိုးနောက်ကွယ်မှာရှိနေကြသည့် သူတို့၏ အပေါင်းအဖော်တွေများ အတွက် ယခုလိုလုပ်ဖို့ ရွေးချယ်နေတုန်းပါပဲ။ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီး မြို့ရိုးတံတိုင်းကို ဖြတ်ကျော်သွားသည်ကို ဘာမှမလုပ်ဘဲ သူတို့ ဒီအတိုင်းကြီး စောင့်ကြည့်နေလို့မရပါဘူး။

ဒါဇင်နှင့်ချီသည့်အလင်းတန်းတွေဟာ တစ်ပြိုင်နက်တည်း လွင့်ပျံသွားကြသည်။ သူတို့အားလုံးသည် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများသာဖြစ်ကြပြီး သူတို့၏ မျက်လုံးများသည် သေခြင်းကိုမကြောက်ရွံ့သည့် ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက် နေပါသည်။

"မိုက်မဲလိုက်တဲ့လူသား ၊ မင်းတို့အားလုံး သေတော့မယ်ဆိုတာ မင်းတို့ သိကြပါတယ်၊ ဒါက ဘာမှမသုံးမဝင်ဘူး။"

သားရဲဘုရင်က အဝေးမှာရပ်နေရင်း ဤမြင်ကွင်းကို ကြည့်နေသည်။ သူ၏ ပါးစပ်ထောင့်စွန်းများက အထင်အမြင်သေးပြီး သရော်လှောင်ပြောင်သည့်အသွင်ကို ပေါ်လွင်စေသည်။ သူ၏မျက်လုံးထဲမှာ ဤတိုက်ပွဲနှင့်ပတ်သက်ပြီး မည်သည့် သံသယ စိတ်မှ မရှိတော့ပါဘူး။ လူသေအလောင်းပုံကြီးတွေ အစုလိုက်အပြုံလိုက် အသတ်နေရ သည့် လူသားများကို မြင်ဖူးပြီးသည့်အလားပင်။

အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် သူ့ဆီပြေးဝင်လာနေသည့် ပုရွက်ဆိတ် ဒါဇင်ပေါင်းများစွာကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အမူအယာ ပေါ်လွင်နေသည်။ သူသည် သူ၏အရှိန်ဟုန်ကို ရပ်တန့်ခြင်းမရှိဘဲ ယင်းအစား အရှိန်မြှင့်တင်လိုက်သည်။ ပျံသန်းလာသည့် ထိုလူသားအားလုံးကို အကြောက်တရားကို သိအောင် ပို့ချပေးချင်သည်။

"ငရဲကိုသွားလိုက်တော့ !"

ပိရှစ်သိုင်းမြို့စားသည် သူမ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ဓားသည် အေးစက်သည့် အပြာရောင်ရေခဲများဖြင့် ချက်ခြင်း လွှမ်းခြုံသွားခဲ့သည်။

သို့သော်၊ ဓားအလင်းသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးပေါ် ကျရောက်သည့် အခိုက်တွင် အမာရွတ်တစ်ခုမျှပင် မကျန်ခဲ့ဘဲ ချက်ချင်း ပြိုဆင်းသွားရသည်။

"ဟမ့်၊ ပုရွက်ဆိတ်နဲ့တူတဲ့ လူသားတွေ၊ သွားသေလိုက်တော့!"

အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ပိရှစ်သိုင်းမြို့စားဆီသို့ တိုက်ရိုက် ဝင်ဆောင့်လိုက်သည်။ နွားထီးကြီး၏ ချွန်ထက်သော ဦးချိုသည် ပိရှစ်သိုင်းမြို့စားကို တိုက်ရိုက် ချိန်ရွယ်ထားပါသည်။

ပိရှစ်သိုင်းမြို့စားသည် နွားထီးကြီး၏ ဦးချိုများကို ကြည့်ရင်း သူမမျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို မတွေ့ရပေ။ ယင်းအစား စိတ်သက်သာရာ ရသွားသည့်အရိပ်အယောင်ပျော်လွင်နေသည်။ သူမသည် မျက်လုံးမှိတ်ပြီး သေခြင်း တရားကို စောင့်ဆိုင်းရင်း မျက်လုံးထောင့်စွန်းတွင် မျက်ရည်စများ ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အားလုံးက ခေါင်းလှည့်လိုက်ကြသည်။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူတို့ စောင့်ကြည့်ရလောက်အောင် သူတို့ ခံနိုင်ရည် မရှိကြပါဘူး။ သူတို့လေးစားရသည့် ပိရှစ်သိုင်းမြို့စာ်ကို အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ဦးချိုတွေက ထိုးဖောက်သွားမှာကို သူတို့ ကြောက်ရွံ့နေကြပါသည်။

"ဘုန်း!"

ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်အသံသည် လူတိုင်း၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။

အားလုံးက ထိတ်လန့်တုန်လှုပ်သွားပြီး ကျယ်လောင်သည့် အသံကြားရာဆီကို လှည့်ကြည့်လိုက်ကြသည်။

အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အမှန်တကယ်ပင် လွင့်ထွက်သွားခဲ့ပြီး ပေရာနှင့်ချီအကွာသို့ လှိမ့်သွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အားလုံးက အံသြနေကြပြီး ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်ကြပါဘူး။

ပိရှစ်သိုင်းမြို့စားသည်လည်း ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး ကြောင်တက်တက် အမူအရာဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။

"အင်း... အခုနမှ ငါ ဘာတွေ့ လိုက်ပါလိမ့်" ခေါင်းပြန်မလှည့်သည့် စစ်သား တစ်ယောက်က သူ၏ဘေးနားက စစ်သားကို အံ့သြစွာ မေးသည်။

“ငါ… အဝေးက ပြေးလာတဲ့ တစ်စုံတစ်ခုကို မြင်လိုက်ရတယ်လို့ ထင်တယ်။ ပြီးတော့ နွားထီးကြီးရဲ့ ခန္ဓာကိုယ်ကြီးကို တိုက်ရိုက် ဝင်တိုက်မိသွားတာပဲ။ ပြီးတော့ နွားထီကြီး လည်း လွင့်ထွက်သွားခဲ့တယ်။” နောက်ထပ် စစ်သားတစ်ယောက်က သူ၏မျက်လုံးထဲ မှာ မယုံကြည်နိုင်သည့် အမူအယာအပြည့်ဖြင့် ပြန်ဖြေသည်။

"အဲဒါ တစ်ခုခု မဟုတ်ဘူးကွ၊ ဒါက လူသားပဲ!" အမြင်စူးရှတဲ့ စစ်သားတစ်ယောက်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

"လူသားလား ?" ထိုစစ်သည်က တအံ့တသြ ပြန်မေးသည်။

ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်၊ ပုံရိပ်တစ်ခုသည် ဖုန်မှုန့်များကြားထဲမှ ဖြည်းညင်းစွာ တွားသွားတက်လာပြီး ထရပ်ကာ ဆူပူဆဲဆိုသည် "လခွမ်းကွာ၊ ဒီခွန်အားက ပေါက်ကွဲအား ကြီးမားလွန်းတယ်၊ ငါ့ခန္ဓာကိုယ်က အဲဒီစွမ်းအားနဲ့ လိုက်လျောညီထွေ မဖြစ်သေးဘူး။ ငါ မယုံနိုင်လောက်အောင် ဖြစ်သွား ရတယ်။ ငါကိုယ်တိုင်တောင် အဲဒီခွန်အားကို မတားဆီးနိုင်ခဲ့ဘူး ."

All Chapters