အခန်း (၄၀၆-၄၁၀)
Vol. 28 Ch. 406-410
အခန်း (၄၀၆) ကျွန်တော့်နာမည် ခရမ်းလေးပါ။
ချင်ယွင်၏ စကားများသည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်သည် တုန်လှုပ်သွားကာ မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ရသည်။
ဤအရာသည် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသည့်နေရာမှ ထွက်ပေါ်လာသည့် ကြောက်ရွံ့မှုမျိုး ဖြစ်သည်။ ယခု ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ထိန်းချုပ်ထားပြီး၊ ချင်ယွင်၏ အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် သူသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။
ခရမ်းရောင်မျက်လုံး စွမ်နီသည် ချင်ယွင်၏ ကျယ်လောင်သော အော်သံကြောင့် သူသည် အလွန်ကြောက်ရွံ့ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက် လိုက်ရသော် လည်း သူ၏စိတ်နှလုံးသားတွင် မလိုလားမူများ ပြည့်နေခဲ့ပြီး သူ၏ သွားများကို တင်းတင်း ကြိတ်ထားသည်။
"မင်းက အရမ်း လက်မခံချင်ဖြစ်နေတယ်မလား?" ချင်ယွင်က ခရမ်းရောင်မျက်လုံး စွမ်နီကို ကြည့်ကာ ပြုံးလိုက်သည်။
"ဟုတ်တယ်၊ မင်းက ငါ့ကို မင်းရဲ့ရတနာအားကိုးနဲ့ ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် မင်း ငါ့ကို စိတ်ရင်းမှန်နဲ့ ရိုးရိုးသားသား လက်အောက်ခံဖြစ်အောင် မလုပ်နိုင်ပါဘူး" ခရမ်းရောင် မျက်လုံးစွမ်နီက သူ၏နှုတ်ခမ်းကို တွန့်ကွေးရင်း ပြောလိုက်သည်။
ယခုတော့ သူ၏စိတ်ဝိညာဉ်က ပဋိညာဉ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သောကြောင့် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒမျိုး ရှိလို့မရတော့ပေ။ ထို့ကြောင့် သူသည် လက်မခံလိုသည့် အမူအရာမျိုးသာ ပြုမူနိုင်တော့သည်။
"ဒါဆိုလည်း မင်းငါ့ကို စိတ်ရင်းမှန်နဲ့ လက်ခံလာအောင် ငါ ဘယ်လို လုပ်ပေးရမလဲ" ချင်ယွင်က ဆက်ပြောသည် ။
"ဟမ့် ၊ အနည်းဆုံးတော့ မင်း ငါ့ကို အနိုင်ယူလိုက်ပေါ့။" ခရမ်းရောင်မျက်လုံး စွမ်နီက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြော၏။
"ငါ မင်းကို အခုလေးတင် အနိုင်ယူခဲ့တာ မဟုတ်ဘူးလား" ချင်ယွင် ရယ်သည်။
"အဲဒါကို ထည့်ထွက်လို့မရဘူး။ အခုနက ငါ သတိလက်လွတ် ဖြစ်သွားခဲ့တာ။ တကယ်လို့ မင်းမှာ စာချုပ်ကို ပြန်ဖျက်နိုင်တဲ့ အစွမ်းမျိုးရှိတယ်ဆိုရင် ငါတို့ ထပ်တိုက်ကြရအောင်။" ခရမ်းရောင်မျက်လုံးစွမ်နီက လက်မခံလိုသည့် အမူအရာဖြင့် ပြောသည်။
ချင်ယွင် ပြုံးလိုက်သည်။ အစောပိုင်းက ခရမ်းရောင်မျက်လုံးစွမ်နီကို သူ အနိုင်ယူရာမှာ လှည့်ကွက်တွေ အသုံးပြုခဲ့တာ သူသိသော်လည်း တိုက်ပွဲက တိုက်ပွဲတစ်ခုဖြစ်နေဆဲ ပင်။ စစ်မြေပြင်မှာ မည်သူမှ သင့်ကို နောက်ထပ် အခွင့်အရေး ပေးမှာမဟုတ်ပေ။ ရှုံးနိမ့်ခြင်းဟူသည် အရာအားလုံးကို ဆုံးရှုံးခြင်းပင် ဖြစ်သည်။
“နောက်ပြီး ငါကို လူတုံးလူအတစ်ယောက်လို့ မင်းထင်နေတာလား။ စာချုပ်ကို ဖျက်သိမ်းပြီး နောက်တစ်ကြိမ် ပြန်တိုက်မယ်။ ငါက အလုပ်မရှိလုပ်ရှာ အနာခံမယ်လို့ မင်း တွေးနေတာလား။” ချင်ယွင်သည် စိတ်ထဲမှာ တွေးလိုက်သည်။
ထို့ကြောင့် ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ လှည့်စားခြင်းကို ခံမည် မဟုတ်ပေ။ စာချုပ်ကိုဖျက်သိမ်းပြီး သူနှင့် တိုက်ခိုက်မည်။ ယခု ချင်ယွင်၏ လျှို့ဝှက် ပညာရပ် အချိန်စေ့သွားသည်ကို အသားထား။ အကယ်၍ သူသည် ခရမ်းရောင်မျက်လုံး စွမ်နီကို အနိုင်ယူနိုင်မည်ဆိုလျှင်ပင် သူချင်ယွင်သည် စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် လူစားမျိုး မဟုတ်ပါဘူး။
"ဟမ့်၊ မင်း လက်ခံချင်လက်ခံ၊ လက်မခံချင်နေ၊ ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်” ချင်ယွင်က အေးစက်စွာ ပြောလိုက်ပါသည်။
ခရမ်းရောင် မျက်လုံးစွမ်နီသည် သူ၏ နှလုံးသားထဲတွင် စိတ်ဓာတ်ကျသွားပါသည် “ ဒါဆိုရင်လည်း စိတ်ရင်းမှန်နဲ့ လက်အောက်ခံဖြစ်ရမယ့် နည်းလမ်းဘာညာ လခွမ်းဖြစ် လို့ ပြောနေသေးလား? မင်းက ငါ့ကို နောက်နေတာလား?"
သို့သော် ယခုအချိန်တွင် သူ၏အသက်သည် ချင်ယွင်၏ လက်ထဲတွင် ရှိနေသောကြောင့် ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တော့ဘဲ ရှုံးနိမ့်မှုကိုသာ ဝန်ခံပြီး မေးလိုက်ရသည် “ ဘယ်လိုအခြေအနေမျိုးလဲ?။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ရှုံးနိမ့်ကြောင်း ဝန်ခံပြီးနောက် သူ၏နှလုံးသားထဲတွင် အခွင့်အလမ်းတစ်ခုကို လိုချင်နေသေးကြောင်း ချင်ယွင် မြင်နိုင်သည်။ သူက အေးစက် ဟန်ဆောင်ပြီး ပြောလိုက်သည် “ ငါ့ကို လက်အောက်ခံပြီး၊ ငါ့အမိန့်တွေကို နားထောင်ပါ။ မင်းရဲ့ဘိုးဘေး နတ်ဘုရားသားရဲစွမ်နီနဲ့ ယှဉ်နိုင်တဲ့နယ်ပယ်အထိ ရောက်အောင် ငါ လုပ်ဆောင်ပေးမယ်"
"အစစ်အမှန် နတ်ဘုရားသားရဲတစ်ကောင်နဲ့ ယှဉ်နိုင်တယ်။ ခရမ်းရောင်မျက်လုံး စွမ်နီသည် အံ့ဩသွားသည်။ ဤအရာသည် သူ၏ အကြီးမားဆုံး အိပ်မက်ဖြစ်သည်။ သူ၏ရှေ့မှာရှိနေသည့် ဤလူသားသည် သူ့ကို ထိုနယ်ပယ်ရောက်အောင် အမှန်တကယ် လုပ်ဆောင်ပေးနိုင်ပါ့မလား။
သူတို့သည် သူတို့၏ နတ်ဘုရားသားရဲသွေးမျိုးဆက်ကို လုံးလုံးလျားလျား နိုးထစေနိုင် သည့် ဆိတ်သုဉ်းခြင်းသားရဲများပင် ဖြစ်သော်ငြားလည်း သူတို့သည် နတ်ဘုရားသားရဲ နယ်ပယ်သို့ ရောက်ရှိရန် ဖြစ်နိုင်ချေရှိသော်ငြားလည်း၊ အယောက်တစ်သောင်းတွင် တစ်ယောက်နီပါးသာ ဖြစ်နိုင်ကြသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို နတ်ဘုရားသားရဲနယ်ပယ်သို့ ရောက်နိုင်သည်ဟု ခရမ်းရောင် မျက်လုံးစွမ်နီ ကြားသောအခါ သူ၏နှလုံးသားသည် သဘာဝအတိုင်း ခုန်ပေါက် သွားလေသည်။
"ဒါဆို ဒုတိယရွေးချယ်စရာ တစ်ခုကရော ဘာလဲ။" ခရမ်းရောင်မျက်လုံးစွမ်နီက မေးသည်။
"လုံးဝ ပျောက်ကွယ်သွားခြင်း !" ချင်ယွင်က အေးစက်စွာပြောသည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ချက်ခြင်းပင် တုန်လှုပ်သွားသည်။ သူ၏ စိတ်ဝိညာဉ် သည် လက်ရှိအချိန်အတွင် ချင်ယွင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ချင်ယွင်က ထိုသို့ပြောလာသည့်အခါတွင် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းဆုံးအရပ်မှ ထွက်ပေါ်လာသော ကြောက်ရွံ့မူကို သဘာဝအတိုင်း သူ ခံစားလိုက်ရသည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ဤကမ္ဘာကြီးမှ အမှန်တကယ် ပျောက်ကွယ် သွားရ လိမ့်မည်။
"မင်းဘယ်လိုထင်လဲ။ မင်း ဘယ်တစ်ခုကို ရွေးမလဲ" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် သူ့စိတ်ထဲတွင် ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားလိုက် ရသည်။ သူခရမ်းရောင်မျက်လုံး စွမ်နီသည် မြင့်မြတ်သော နတ်ဘုရားသားရဲ သွေးမျိုး ဆက် ပိုင်ရှင်ဖြစ်သည်။ သူသည် လူသားတစ်ဦးထံမှာ မည်သို့ လွယ်လွယ်ကူကူဖြင့် လက်အောက်ခံနိုင်မည်နည်း။
သို့သော် သူ အညံ့မခံပါက သူသည် မြူမှုန်အများအဖြစ် ပြောင်းလဲပြီး အမှန်တကယ် လွင့်ပျယ်သွားရနိုင်သည် ။ ထိုအဖြစ်အပျက်မျိုးကို သူ မမြင်ချင်ပါဘူး ။
ယင်းက သူ့ကို ခဏတာ စိတ်ရှုပ်သွားစေသည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို ချင်ယွင်မြင်သောအခါ သူက ချက်ချင်းပြုံးပြီး ပြောလိုက်သည် “ ငါ့မှာ မင်းလို ဆိတ်သုဉ်းခြင်းသားရဲမျိုး တစ်ကောင်ပဲ မဟုတ်ဘူး၊ ငါ့မှာ နောက်ထပ် လေးကောင်တောင် ရှိသေးတယ်"
ထိုသို့ပြောပြီးနောက် ချင်ယွင်က ရှောင်ဘိုင်၊ ရှောင်ကျင်း၊ ရှောင်ဟောင်၊ နှင့် ရှောင်ဟေး တို့ကို ဆင့်ခေါ်လိုက်သည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ရှောင်ဘိုင်အပါဝင် ဆိတ်သုဉ်းခြင်း သားရဲလေးကောင် ကို အံ့အားသင့်စွာဖြင့် ကြည့်နေရင်း သူ၏မျက်လုံးများတွင် ခဏတာ မှင်သက်သွားခဲ့ သည်။
ဆိတ်သုဉ်းခြင်းသားရဲလေးကောင်သည် သန်မာခြင်းမရှိသေးသော်လည်း သူတို့ အားလုံး သည် အစွမ်းထက်သော နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များ ပိုင်ဆိုင်ထားကြ သည်။ ထို့အပြင် ရှောင်ဘိုင်သည် နတ်ဘုရားသားရဲသွေးမျိုးဆက်ကို တစ်ကြိမ်သာ နိုးကြားထားသေးသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားသားရဲ အငွေ့အသက်သည် သူ့ထက် အားမနည်း။ သို့သော်လည်း ယခုအချိန်မှာတော့ ယာယီအနေဖြင့် သူတို့၏ ခွန်အားသည် သူ့ထက် အားနည်းနေပါသည်။ သို့သော်လည်း အလားအလာအရဆို ရှောင်ဘိုင်သည် သူ့အထက်မှာပင် ရှိနေမည် ဖြစ်သည်။
ဤလူသားမှာ နတ်ဘုရားသားရဲ သွေးမျိုးဆက်ပိုင်ဆိုင်သည့် အိမ်မွေးဆိတ်သုဉ်းခြင်း သားရဲအများအပြားရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးမထားခဲ့ပါ။
"မင်းအနေနဲ့ ငါတို့သခင်ကို အညံ့ခံလိုက်သင့်တယ်။ မင်းကို ပြောပါရစေ၊ ငါတို့သခင်က သာမန်လူသားတစ်ယောက် မဟုတ်ဘူး၊ သူက အင်မော်တယ်ကမ္ဘာကနေ လာခဲ့တာ" ရှောင်ဘိုင်က သားရဲဘာသာစကားဖြင့် ပြောလိုက်ပါသည်။
"အင်မော်တယ်ကမ္ဘာကလား ?" ခရမ်းရောင်မျက်လုံးစွမ်နီက အံ့သြစွာ ပြောသည်။
သူသည် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် သေမျိုးကမ္ဘာမှာသာ ကြီးပြင်းလာရသောကြောင့် သဘာဝအတိုင်း အင်မော်တယ်ကမ္ဘာ အပေါ် ရိုသေလေးစားမှု အပြည့်ရှိခဲ့ပါသည်။ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသည်ဟု ယခုကြားသိရသဖြင့် ချင်ယွင်သည် သာမန်နိမ့်ကျသည့် လူသားတစ်ဦးဖြစ်ကြောင်း သဘာဝအတိုင်း သူမခံစားမိတော့ပေ။
"ကောင်းပြီလေ၊ ငါ အညံ့ခံဖို့ ဆန္ဒရှိပါတယ်” ခရမ်းရောင်မျက်လုံးစွမ်နီက ပြောသည်။ "အင်မော်တယ်ကမ္ဘာမှ လူသားတစ်ဦးထံမှာ လက်အောက်ခံရခြင်းက ရှက်စရာကိစ္စ မဟုတ်ဘူး” ဟု သူ၏စိတ်ထဲမှာလည်း သတိပေးနေခဲ့သည်။
ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီ အညံ့ခံလာသည်ကို မြင်သောအခါ သူ၏မျက်နှာသည် ရွှင်လန်းသည့်အမူအရာ ပေါ်လာသည်။
သူသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည့် ဆိတ်သုဉ်းခြင်းသားရဲ ဖြစ်သည်။ အကယ်၍ ၎င်းကို ပြာအဖြစ် ပြောင်းလဲပစ်ရမည်ဆိုလျှင် ချင်ယွင်သည် မည်ကဲ့သို့ စိတ်နှလုံးမကြေကွဲဘဲ နေမည် နည်း။ ထို့ကြောင့် ခရမ်းရောင်မျက်လုံးစွမ်နီသည် သူ့ကို ကြောက်လန့်စေရန် အတွက်သာ ပြာအဖြစ်ပြောင်းလဲပစ်မည်ဟု ဆိုရခြင်းဖြစ်လေသည်။
သေချာသည်မှာ။ သနားစရာကောင်းသည့် ခရမ်းရောင်မျက်လုံးစွမ်နီသည် အပြစ် ကင်းစင်လွန်းလှပါသည်။ သူသည် ရက်စက်ယုတ်မာခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသည်ကို သူမသိသေးပေ။ ထို့ကြောင့်သာ ဤကဲ့သို့ နာခံမှုရှိရှိဖြင့် ယဉ်ပါးအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ခရမ်းရောင် မျက်လုံးစွမ်နီက သူ့ကို သူ၏သခင်အဖြစ် အသိအမှတ်ပြုထားပြီး ကတည်းက ချင်ယွင်သည် သဘာဝအတိုင်း သူ့ကို မှားယွင်းစွာ ဆက်ဆံမည် မဟုတ်ပါ ဘူး။ ခရမ်းရောင်မျက်လုံးစွမ်နီကို ကုသပေးရန်အတွက် သူသည် သူ၏အသက်စွမ်းအား ကို ချက်ချင်း အသုံးပြုလိုက်သည်။ သိပ်မကြာခင်မှာပင်၊ ခရမ်းရောင်မျက်လုံးစွမ်နီ၏ ဒဏ်ရာတွေက လုံးဝ ပျောက်ကင်း သွားခဲ့သည်။။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ထိတ်လန့်သွား၏။ ချင်ယွင်၏ နည်းလမ်းများကြောင့် သူ လုံးဝ ထိတ်လန့်သွားရပြီး သူ၏နှလုံးသားထဲတွင် စိတ်ရင်းမှန်ဖြင့် စတင် အညံ့ခံလာ သည်။
ထို့နောက် ချင်ယွင်သည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းအခြားသူများကို အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ထဲသို့ ပြန်ထည့်သွင်းလိုက်ကာ ခရမ်းရောင် မျက်လုံးစွမ်နီးနှင့် အတူ မြို့ရိုးမျှော်စင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ထိုစစ်သည်များသည် ဖြစ်ပျက်ခဲ့သည်များကို နားမလည်ကြပါဘူး။ အစောပိုင်းက ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီကို ယဉ်ပါးလာအောင် ပြုလုပ်သောအခါ၊ သူသည် ပုံရိပ်ယောင်အစီအရင် အသုံးပြုထားခဲ့ပြီး ဤအရာအားလုံးကို လူတိုင်းအား မြင်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ခရမ်းရောင်မျက်လုံးစွမ်နီသည် ချင်ယွင်နှင့်အတူ မြို့ရိုး မျှော်စင်ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရလျှင် သူတို့၏မျက်နှာများသည် ကြောက်ရွံ့မှုများဖြင့် ပြာနှမ်းသွားကြသည်။
ပိရှစ်သိုင်းမြို့စား နှင့် အခြားသူများသည်ပင်လျှင် ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်ကြမည့် အမူအယာမျိုး ဖြစ်နေကြသည်။
"စိတ်မပူပါနဲ့။ ခရမ်းရောင်မျက်လုံးစွမ်နီက ငါတို့နဲ့အတူ လက်ဆွဲနှုတ်ဆက် ပြီးသွား ပါပြီ။" (ငြိမ်းချမ်းရေးယူပြီးသွားပြီဆိုလိုဟန်) ချင်ယွင်က စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ပြောလိုက်သည်။
ချင်ယွင်သည် သားရဲဘုရင်အား လက်အောက်အဖြစ် ထိန်းချုပ်လိုက်သည့်ကိစ္စကို ဖော်မပြချင်ပေ။ ထိုသို့မဟုတ်လျှင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ တည်ရှိမှုကို ဖော်ထုတ်နိုင်ဖွယ်ရှိသည့် အကြောင်းပြချက်ကို တမင်တကာ ရှာဖွေတွေ့ရှိသွားလိမ့် မည်။
"လက်ဆွဲနှုတ်ဆက်လိုက်ပြီလား?" ချင်ယွင် နှင့် အခြားသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဤသားရဲဘုရင်သည် ချင်ယွင်နှင့် ယခုလေးတင် တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူးလား။ ရုတ်တရက် အဘယ့်ကြောင့် လက်ဆွဲနှုတ်ဆက် ပြီး ငြိမ်ချမ်းရေးယူလိုက်ရတာလဲ။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ပြောစရာစကား ရှာမရဖြစ်သွားရသည်။ "လက်ဆွဲနှုတ် ဆက်ပြီး ငြိမ်းချမ်းရေးယူလိုက်ပြီတဲ့။ ဟုတ်လား။ တကယ်လို့ ငါသာ မင်းနဲ့အတူ အဝေးကို မလိုက်ခဲ့ဘူးဆိုရင် ဘယ်ငရဲသားက မင်းနဲ့အတူ လက်ဆွဲ နှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူနိုင်မှာလဲ"
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် သူ၏ပါးစပ်မှ သွေးအန်လုမတတ် ဖြစ်သွားရသည့် တစ်စုံတစ်ခုကို ပြောဆိုလာလေသည် "ခရမ်းလေး၊ အားလုံးကို နှုတ်ဆက်လိုက်ပါဦး!"
"ခရမ်းလေး၊ ခရမ်းလေး ၊ မင်းအစ်မ ခရမ်းလေးပါလား ၊ ငါက ယောက်ျားကွ။ အယ် မဟုတ်ပါဘူး ငါက အထီးကွ အထီး !" ခရမ်းရောင်မျက်လုံး စွမ်နီသည် သူ၏ နှလုံးသားထဲ တွင် ကျိန်ဆဲပစ်လိုက်သည်။ သို့သော် သူသည် ချင်ယွင်၏စကားကို နားမထောင်ဘဲ မနေဝံ့ပေ။ သူက လူတိုင်းကို နှုတ်ဆက်စကား ဆိုလိုက်ရသည် "မင်္ဂလာပါ ငါ့နာမည် ရှောင်... ရှောင်ဇီပါ!"
အခန်း (၄၀၇) ဖူးစာကံကြမ္မာမပါပါ။
သားရဲဒီရေလှိုင်း တိုက်ပွဲကြီး ပြီးဆုံးပြီးနောက် ငါးရက်နီးပါး ကြာသောအခါ လူများသည် ငြိမ်းချမ်းသော ဘဝသို့ ပြန်လည်ရောက်ရှိသွားကြသည်။ သားရဲဒီရေလှိုင်းသည် တိုက်ပွဲ အပြီးတွင် သဘာဝအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
ချင်ယွင်သည် ဆိတ်သုဉ်းခြင်းသားရဲများအား လူသားနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း မပြုရန် သားရဲဘုရင်ကို အမိန့်ပေးခိုင်းသည်။ ရွှေတောင်ပံ ဂဠုန်ငှက်ကြီးသည် ဆန္ဒမပါသော်လည်း သားရဲဘုရင်၏စကားကို နားမထောင်ဝံ့ဘဲ မနေရဲသောကြောင့် ဆိတ်သုဉ်းခြင်းသားရဲများစွာနှင့်အတူ တိုင်ဟန်တောင်တန်းများဆီသို့ နာခံစွာဖြင့် ဆုတ်ခွာသွားရုံသာ တတ်နိုင်ခဲ့သည်။
ချင်ယွင်သည် သားရဲဘုရင်၏ မြင့်မားသည့်ဂုဏ်သိက္ခာကို မှီခိုအားထားရင်း ဆိတ်သုဉ်းခြင်းသားရဲများသည် အနည်းဆုံး ဆယ်နှစ်ကြာအောင် လူသားနယ်မြေ များကို မကျူးကျော်ရဲတော့ပေ။ လူသားများသည် ငြိမ်းချမ်းသောဘ၀ဖြင့် ဆယ်နှစ်ကြာ အောင် နေထိုင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။ ဆယ်နှစ်ကြာပြီး နောက်ပိုင်းတွင် ဤကိစ္စသည် ချင်ယွင်နှင့် ဘာမှမသက်ဆိုင်တော့မည် မဟုတ်ပေ။
ကျောက်စိမ်းရေစီရင်စု၏ တည်ငြိမ်အေးချမ်းရေးကို ဆယ်နှစ်ကြာ အာမခံချက် ပေးနိုင်ခြင်းကပင် ကြီးမားသည့် ပံ့ပိုးကူညီမှုတစ်ခု ဖြစ်နေပါပြီ။
ဤတိုက်ပွဲကြီးအပြီးတွင် ချင်ယွင်၏နာမည်သည်လည်း လုံးဝကျော်ကြားခဲ့သည်။ သုံးရက်မပြည့်မီတွင် သိုင်းဧကရာဇ်ချင်ယွင်ဟူသော နာမည်သည် အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
သိုင်းဧကရာဇ်ချင်ယွင်သည် အထွတ်အထိပ် အဆင့်ငါး သားရဲတစ်ကောင်ကို လက်သီး တစ်ချက်ဖြင့် လွင့်ပျံသွားအောင် ထိုးပစ်ခဲ့သည်လား။ သူသည် သားရဲဘုရင်ကို လက်တုံ့ပြန်နိုင်စွမ်းမရှိလောက်အောင်ပင် လက်သီးနှစ်ဖက်လုံးဖြင့် မည်သို့မည်ပုံ ခက်ခက်ခဲခဲ အနိုင်ယူခဲ့သနည်း။
လူတိုင်းသည် ချင်ယွင်ကို ရိုသေလေးစားမှု အပြည့်ရှိကြသည်။ ကျင့်ကြံသူများသည် သူ့အား ပြိုင်ဘက်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ်ပင် သဘောထားကာ အဆုံးမရှိ လေးစားကိုးကွယ်ကြသည်။
သိုင်းဧကရာဇ်တစ်ပါးအဖြစ် ချင်ယွင်၏ထင်ပေါ်ကျော်ကြားမူသည် လုံလောက်အောင် ကြီးကြယ်ခမ်းနားခြင်း မရှိသေးဟု အချို့လူများက ယူဆကြပြီး သူ့ကို ဤကမ္ဘာကြီး၏ နံပါတ်တစ် သိုင်းဧကရာဇ်အဖြစ် တိုက်ရိုက် သရဖူဆောင်းပေးသင့်သည်ဟု အချို့က ယူဆကြသည်။ ဤနည်းဖြင့် ချင်ယွင်၏ဂုဏ်သတင်းသည် ဧကရာဇ်မင်းမြတ်ဒါယန်း ထက် တိုက်ရိုက်သာလွန်သွားခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ နံပါတ်တစ်ကျွမ်းကျင်သူ အဖြစ် ချီးကျူးခံရသည်။
နောက်ဆုံးတွင် လမ်းဘေးရှိ ကလေးသူငယ်များပင် ကလေးထိန်းတေးသီချင်းများ စတင်သီဆိုကြသည်။
“သိုင်းဧကရာဇ်ချင်ယွင်သည် အလွန်အစွမ်းထက်သော သားရဲဘုရင်ကို အဖေအမေ တရသည်အထိ အနိုင်ယူခဲ့သည်။
သိုင်းဧကရာဇ်ချင်ယွင်သည် အလွန်ချောမောသည်။ သူ့ကိုတွေ့သည့် မိန်းကလေးတိုင်း က ချစ်ကြိုက်ကြလိမ့်မည်။
သားရဲဘုရင်က ဒူးထောက်လိုက်ပြီး အလှပဂေးလေးတွေက ယစ်မူးသွားကြသည်။
သိုင်းမြို့စားပိရှစ်သည်ပင် သူ့ကို့မြင်သည့်အချိန်တိုင်း သူနှင့်အတူ အိပ်ချင်နေသည်။”
ဤပျိုးခင်းတေးသွားကို နားထောင်ပြီးနောက်၊ ချင်ယွင်သည် ဟက်ဟက်ပက်ပက် မရယ်မောဘဲ မနေနိုင်တော့။ သူ၏စိတ်နှလုံးကလည်း အနှိုင်းမဲ့ လန်းဆန်းသွားသည်။
သားရဲဘုရင်သည် မျက်နှာတပြင်လုံး မည်းမှောင်နေသော်လည်း နှလုံးနာသည်အထိ အော့အန်ရန် နေရာရှာရုံမှလွဲပြီး အခြားရွေးချယ်စရာမရှိပေ။
အရှက်ရဆုံးလူမှာ ပိရှစ်သိုင်းမြို့စား ဖြစ်သည်။ သူမက သူ့ကိုမြင်သည်နှင့် အတူအိပ်ချင် နေသည်တဲ့။ ဤအရာက မည်သည့်သဘောကို ဆိုလိုသနည်း။
သူမကိုယ်တိုင်ကရော ချင်ယွင်နှင့် ဘယ်တုန်းက အိပ်ချင်သွားရတာလဲ။
သူမသည် ချင်ယွင်ကို သူမစိတ်နှလုံးသားထဲတွင် နားမလည်နိုင်သော ချစ်ခြင်း မေတ္တာရှိ နေပြီဖြစ်သော်လည်း သူနှင့်အတူ အိပ်ချင်သည့်အဆင့်မျိုးတော့ မဟုတ်သေးပေ၊
အမှန်တကယ်ဆို သူမသည် ကျောက်စိမ်းတုံးကြီးလို သူမခန္ဓာကိုယ်ကို အနှစ်သုံးဆယ် ကျော် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း သူမမှာ ထိုကဲ့သို့သဘောထားမျိုး ရှိနေဆဲပါ။
ယခု သူမသည် ဤပျိုးခင်းတေးသွားကို ကြားလိုက်ရသည့်အခါ သူမ ရှက်သွားသည်။
သို့သော်လည်း ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ကို မည်သို့ရင်ဆိုင်ရမလဲဆိုသည်ကို စဉ်းစားနေချိန်မှာ ချင်ယွင်သည် သူမကို အစပြုပြီး လာရှာခဲ့သည်။
"မင်းက ထျန်းယွန်တိုက်ကြီးကနေ ထွက်သွားချင်တာလား။" ပိရှစ်သိုင်းမြို့စားက ချင်ယွင်က သူထွက်သွားချင်သည်ဟု ပြောစကားကို ကြားသောအခါ ချင်ယွင်ကို မြင်လိုက်ရစဉ်မှာ မူလက သူမခံစားခဲ့ရသည့် ရှက်စိတ်တွေလည်း ပျောက်သွားခဲ့သည်။ သူမသည် အံ့သြစွာ မေးလိုက်သည် ။
"မှန်ပါတယ်၊ ကျွန်တော့်အစ်မ လျူရန်ယွင်ကို ရှာဖွေဖို့အတွက် ကျွန်တော် ကောင်းကင် နဂါးတိုက်ကြီးကို သွားတော့မယ်။ ချင်ယွင်က မထူးဆန်းသလို ပြောလိုက်သည်။
ပိရှစ်သိုင်းမြို့စားသည် သူ့အပေါ် ထူးဆန်းသော ချစ်ခြင်းမေတ္တာများ ပေါက်ဖွားလာမှန်း သူသိသော်လည်း သူမသည် လျူရန်ယွင်၏ အဒေါ်ဖြစ်နေဆဲ ဖြစ်သည်။ တစ်နည်းအား ဖြင့် ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ အကြီးအကဲ ဖြစ်နေသည်၊ ထို့ကြောင့် ချင်ယွင်မှာ မည်သည့် အတွေးအမြင်များ ရှိနေသည်ဖြစ်စေ သူသည် ဤအရာအားလုံး ကို ဖိနှိပ်ထားနိုင်ပါသည်။
ပိရှစ်သိုင်းမြို့စားကဲ့သို့ ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး အတွက် ချင်ယွင်သည် သွေးဆောင်ခြင်း မခံရပြောလျှင် ထိုစကားများသည် အတုအယောင် အလိမ်အညာစကားများသာ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ယင်းက တစ်ခါတစ်ရံတွင် သူသည် စိတ်ထဲရှိသည့်အတိုင်း လိုက်ပါလုပ်ဆောင်မည်ဟု မဆိုလိုပါ။
"ဟုတ်ပါပြီလေ။ မင်း ရန်ယွင်ကို ရှာတွေ့ပြီးနောက် ငါကလည်း သူမကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါဦး" ပိရှစ်သိုင်းမြို့စားသည် နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူပြီး အတင်းအကြပ် ပြုံးပြခြင်းမပြုမီ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
"ဒီအင်မော်တယ် အဆင့်ပညာရပ်က မင်းအတွက် လမ်းခွဲလက်ဆောင်လို့ သတ်မှတ်လို့ ရပါတယ်။"
ချင်ယွင်သည် ညင်သာစွာ ခေါင်းညိတ်ပြပြီးနောက် သူ ပိရှစ်သိုင်းမြို့စားအတွက် စောစောလေးကမှ ကူးယူထားသော အင်မော်တယ်ပညာရပ် မိတ္တူတစ်ဆောင်ကို ပေးလိုက်သည်။ ထို့နောက် သူ လှည့်ထွက်သွားခဲ့သည်။
ပိရှစ်သိုင်းမြို့စား၏လက်က အင်မော်တယ်အဆင့် ကျင့်ကြံခြင်းပညာရပ်ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း ၎င်းကိုပင် ကြည့်ပင်မကြည့်ခဲ့ပါ။ သူမသည် ချင်ယွင်၏ ထွက်ခွာသွားသည့်ပုံရိပ်ကို စိုက်ကြည့်နေပြီး အတွေးကမ္ဘာထဲတွင် တိတ်တဆိတ် ပျောက်ဆုံးနေခဲ့သည်။
ထျန်းယွန်တိုက်ကြီးတွင် ဤအင်မော်တယ်အဆင့်ပညာရပ်မျိုး ကျန်ရစ်ခဲ့မည်ဆိုလျှင် ထျန်းယွန်တိုက်ကြီးကို မဆိုထားနှင့် ကောင်းကင်နဂါးတိုက်ကြီးမှာပင် သွေးထွက်သံယို မုန်တိုင်းကြီးတစ်ခုကို ဆွဲဆောင်နိုင်လိမ့်မည်ကို သိထားရမည် ဖြစ်သည်။ သို့သော်လည်း ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများတွင် ၎င်းအင်မော်တယ်အဆင့် ပညာရပ်သည် လူငယ်၏နောက်ကျောကဲ့သို့ အရေးမပါသည့်အလား ဖြစ်နေသည်။ ယခုအချိန် မကြည့်မိလျှင် သူမဘဝတစ်သက်တာလုံး ဘယ်တော့မှ မတွေ့ရတော့ မည်ကို သူမ ကြောက်နေမိသည်။
ချင်ယွင်သည် သူမနှလုံးသားထဲသို့ မည်သည့်အချိန်ကတည်းက စဝင်လာမှန်း ပိရှစ်သိုင်းမြို့စားလည်း မသိတော့ပါဘူး။ ထိုအချိန်တုန်းက သူမသည် ချင်ယွင်ကို အပျော်သဘောသက်သက်ဖြင့် ကျီစားရန် အစပြုခဲ့သည်။
ငယ်ငယ်ကတည်းက သူမညီမလေး၏ ဘဝအတွေ့အကြုံ လွှမ်းမိုးမှုအောက်မှာ သူမသည် ကမ္ဘာပေါ်မှာရှိသမျှ ယောက်ျားတိုင်းသည် မကောင်းဘူးဟု ခံစားမိသည့် အတွက် တစ်သက်လုံး တစ်ယောက်တည်းနေခဲ့ပြီး မည်သည့် ယောက်ျားကိုမှ မချစ်တော့ဟု သူမ ဆုံးဖြတ်ထားခဲ့သည်။
သို့သော်၊ ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် သွေးမျက်ရည်များကျသည်အထိ ကျန်းရွှန်ရှင်းအတွက် သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေသည့် မြင်ကွင်းကို သူမ မြင်သောအခါ၊ ချင်ယွင်၏ အစွဲအလမ်းကြီးမူကြောင့် သူမ အလွန် တုန်လှုပ်သွား ခဲ့ရသည်။
နောက်ပိုင်းတွင်၊ ချင်ယွင်သည် ရန်စီချီအတွက် နဝမမင်းသားအား အင်ပါယာ နန်းတော်မှာပင် ဒေါသတကြီး သတ်ပစ်ခဲ့ပြီး တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို စိန်ခေါ်ရန်ပင် ဆန္ဒရှိသောအခါ ပိရှစ်သိုင်းမြို့စားသည် တစ်ဖန် တုန်လှုပ်သွားခဲ့ရ ပြန်သည်။
ချင်ယွင်သည် သူ၏ချစ်သူများအတွက် အသက်စွန့်ကာ ယိမ်းယိုင်ခြင်းမရှိသော သူ၏ အသွင်အပြင်က ပိရှစ်သိုင်းမြို့စား၏ နှလုံးသားကို နက်ရှိုင်းစွာ ထိမိသွားခဲ့ပြီး ကောင်းကင်ကြီးအောက်တွင် ဤကဲ့သို့ အချစ်ကြီးသောလူမျိုးမျးလည်း ရှိနေသေး ကြောင်း သူမအား အသိပေးလိုက်သည်။
ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ နှလုံးသားထဲသို့ ခြေလှမ်းတစ်ပြီး လှမ်းချင်း လျှောက်လှမ်းဝင်ရောက်လာခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကံမကောင်းစွာဖြင့်၊ အဆုံးသတ်တွင် သူသည် သူမနှင့်မသက်ဆိုင်ခဲ့ပေ။ သူမ တစ်ယောက်တည်း ဆက်လက်ပြီး အသက်ကြီးသည်အထိ နေရဦးမည် ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တော့ အရင်ကနှင့် မတူတော့ပါဘူး။ သူမသည် သူမဘဝ တစ်သက်တာလုံး သူ့ကို သူမနှလုံးသားထဲမှာ သိမ်းထားချင်ခဲ့ပါပြီ။
ချင်ယွင်လည်း ထွက်သွားပြီးနောက် သူ၏ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းလာသည်။
သို့သော်လည်း သူသည် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်မှုများကို အမြန်စွန့်လွှတ် လိုက်ပြီး ဤမိန်းကလေး ရန်စီစီအား နှုတ်ဆက်လိုက်သည်။
ရန်စီစီသည် ငိုယိုနေပြီး ချင်ယွင် ထွက်မသွားဖို့ တားသည်။ နောက်ဆုံးတွင် ချင်ယွင်က သူ၏အစ်မကို တွေ့ပြီးပြီးချင်း သူမကို ပြန်လာတွေ့မည်ဟု ကတိပေးခဲ့ရသည်။ သို့မှသာ သူမသည် ချင်ယွင်ကို နောက်ဆုံးတွင် လွှတ်ပေးလိုက်လေသည်။
ထို့နောက် ချင်ယွင်သည် လူတိုင်းအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး နောက် ရန်စီချီကို သူနှင့်အတူ မြောက်ပိုင်းပင်လယ်ဆီသို့ ခေါ်ဆောင်သွားသည်။
ဘိုင်ဘွန်မြို့တော်အထက်မှာ ချင်ယွင် နှင့် ရန်စီချီတို့သည် ဘိုင်ယွန်မြို့တစ်ခုလုံးကို အပေါ်စီးမှကြည့်ရင်း လေထဲတွင် ရပ်နေကြသည်။ ချင်ယွင်၏ နှလုံးသားသည် အနည်းငယ် အထီးကျန်သလို ခံစားလိုက်ရသည်။
"ယောင်္ကျား ၊ နင်က အစ်မချန်းဇူကို ကြိုက်ရင်လည်း ဘာလို့ သူမကို မခေါ်ခဲ့တာလဲ။ နင်ပြောနေသမျှ သူမက ခေါင်းညိတ်မယ်လို့ ငါယုံကြည်တယ်။" (ရှန်ချန်းဇူ) ပိရှစ်သိုင်းမြို့စား၏ နာမည်အရင်းပါ။ မှတ်မိကြမှာပါ)။
ရန်စီချီသည် မွန်မြတ်သော သူတစ်ယောက်လည်း ဖြစ်သည်။ ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့ အကြား ဖြစ်ပျက်ခဲ့သည်ကို သူမ မသိသော်လည်း တစ်ခါတစ်ရံတွင် အရာအားလုံးကို နားလည်ရန် အကြည့်တစ်ချက်မျှသာ လိုအပ်သည်။
"မေ့လိုက်ပါ၊ ငါနဲ့သူမက မဖြစ်နိုင်ပါဘူး။ ဒါက ငါတို့ကံကြမ္မာပါပဲ" ချင်ယွင်သည် အချိန်အတော်ကြာ အံ့အားသင့်သွားသွားပြီးနောက် သက်ပြင်းကို တိုးတိုးလေးသာ ချလိုက်မိသည်။ သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာသည်။
ရန်စီချီသည် အနည်းငယ် အံ့အားသင့်သွားကာ သူမ၏မျက်လုံးများမှာလည်း ဝမ်းနည်းမှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။ သူမ ပါးစပ်လေးကို ဖွင့်ပြီး ပြောတော့မည် ။
ချင်ယွင်သည် ရုတ်တရက် ခေါင်းလှည့်ကာ ရန်စီချီ၏ မေးစေ့လေးကို ကိုင်ပြီး ကျီစယ်လိုက်သည် "ဘာလဲ ၊ မင်းက မနာလိုဖြစ်နေတာမလား?"
"မဟုတ်ဘူး၊ ဒါပေမယ့် ငါ့ယောက်ျားက သဘောကျနေသရွေ့တော့ ငါလည်း စိတ်ထဲ မထားပါဘူး" ရန်စီချီက ညင်ညင်သာသာ ပြောသော်လည်း သူမ၏ အသံသည် တိုးပြီးရင်း တိုးလာခဲ့သည်။
ချင်ယွင်သည် ရန်စီချီ၏ အမူအရာကို မြင်သောအခါ သူ၏စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။
မိန်းမတစ်ယောက်သည် ယခုလိုအဖြစ်မျိုး ကြုံလာသောအခါ မနာလိုစိတ် မည်သို့ မဖြစ်ဘဲ နေမည်နည်း။ ယောက်ျားတစ်ယောက်ကို အခြားသူများနှင့် မျှဝေရခြင်းက သူမကို အနည်းနှင့်အများ အဆင်မပြေ ဖြစ်စေသည်။ ရန်စီချီသည် သူ့အတွက် ဤကဲ့သို့ စွန့်လွှတ်အနစ်နာခံမှုကိုပင် စွမ်းဆောင်နိုင်ခဲ့သည်၊ ဆိုလိုသည်မှာ သူမသည် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသူလေး ဖြစ်သည် ။
ယခုလိုမိန်းမမျိုးကို ပိုင်ဆိုင်နေမှတော့ သူ ဘာတွေများ ထပ်လိုချင်သေးလဲ။ ထို့အပြင် သူ့တွင် ကျန်းရွှန်ရှင်း နှင့် သူ၏အစ်မလျူရန်ယွင်တို့လည်း ရှိနေသည်။
"ကောင်မလေး၊ မင်းယောင်္ကျားရှေ့မှာ လိမ်ညာနေတုန်းပေါ့။ မင်းယောင်္ကျားက မင်းကို ရက်အနည်းငယ်ကြာ သင်ခန်းစာမပေးခဲ့လို့ မဟုတ်လား။ မင်းက ပိုပိုပြီး သတ္တိကောင်း လာပုံရတယ်။ ဒီည မင်းယောင်္ကျား ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါပြောပြ ချင်တယ်" ရန်စီချီက ပြုံးပြီး သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို ပြင်းပြင်းထန်ထန် ဆွဲညှစ်လိုက်သည်။
ရန်စီချီ၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။ ချင်ယွင်သည် သင်ခန်းစာဟူသော စကားနှင့် 'ကြောက်စရာကောင်း'ဟူသော စကားလုံးများက ချင်ယွင် မည်သည့် အရာကို ဆိုလိုသည်ကို သူမ သဘာဝကျကျ သိသည်။ သူမက ညှို့မြူသည့်လေသံဖြင့် ချစ်စဖွယ် ပြောလိုက်သည် “ ယောင်္ကျား၊ နင် တော်တော်းဆိုးတယ်နော်”။
ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရန်စီချီကို သူနှင့်အတူ ခေါ်ဆောင် သွားလေသည်။
အခန်း (၄၀၈) ကောင်းကင်နဂါးတိုက်ကြီးဆီသို့ ဦးတည်ခြင်း။
ကောင်းကင်နဂါးတိုက်ကြီးနှင့် ထျန်ယွန်တိုက်ကြီးကို အဆုံးမရှိသော ပင်လယ် ရေပြင်ကြီးဖြင့် ပိုင်းခြားထားသည်။ ထိုပင်လယ်ကြီးကို ထျန်ယွန်တိုက်ကြီးက လူတွေ က မြောက်ပိုင်းပင်လယ်ဟု ခေါ်ကြပြီး ကောင်းကင်နဂါးတိုက်ကြီး၏ လူတွေအမြင်မှာ တော့ ထိုပင်လယ်ကြီးကို တွင်းနက်မဲ့ပင်လယ်ကြီးဟု ခေါ်ကြပါသည်။
ဤတွင်းနက်မဲ့ ပင်လယ်ကြီးသည် အဆုံးမဲ့အန္တရာယ်များနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ ဤပင်လယ်ကြီး လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလှပါသည်။
ယခင်က ချင်ယွင်သည် တုလုံကျွန်းသို့သွားသောအခါ ဤတွင်းနက်မဲ့ပင်လယ်ကြီး အကြောင်းကို အနည်းငယ်မျှသာ သိရှိထားခဲ့သည်။
ထျန်းယွန်တိုက်ကြီးကနေ ဖြတ်ကျော်ပျံသန်းသွားရန်ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ သင်သည် အင်မော်တယ်နယ်ပယ်သို့ ရောက်မှသာလျှင် ကီလိုမီတာ တစ်သန်းနီးပါးရှိ သော ဤပင်လယ်ပြင်ဧရိယာကြီးကို လျစ်လျူရှုနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့်၊ ကောင်းကင်နဂါးတိုက်ကြီးသို့ သွားရန်အတွက် နည်းလမ်းတစ်ခုသာ ရှိပါတော့သည်၊ ၎င်းနည်းလမ်းမှာ အချိန်နှစ်လယူပြီး ကြီးမားသောသင်္ဘောကြီး တစ်စင်းနှင့် ဤပင်လယ်ပြင်ဧရိယာကို ဖြတ်ကျော်ရန် ဖြစ်ပါသည် ။
ဤကာလအတွင်း ပင်လယ်ကြမ်းပြင်အပေါ်ပိုင်းရှိ အစွမ်းထက်လှသော ဆိတ်သုဉ်းခြင်း သားရဲများ၏ ဝါးမျိုခြင်းခံရမည့် အန္တရာယ်လည်း ရှိနေပါသေးသည်။ အကယ်၍ သင်သည် ပင်လယ်ကြမ်းပြင်၏ နက်ရှိုင်းသောအရပ်မှာရှိနေသည့် နတ်ဆိုးသားရဲ တစ်ကောင်ဆီကို ပြေးဝင်မိခဲ့မည်ဆိုလျှင် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။ သင့်ကိုစောင့်မျှော်နေသည့်အရာက သေခြင်းတရားသာ ဖြစ်ပါလိမ့်မည်။
သို့သော် နတ်ဆိုးသားရဲများသည် ပင်လယ်ကြမ်းပြင်၏ နက်ရှိုင်းသောနေရာတွင်သာ ပုန်းအောင်းနေကြပြီး ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ပေါ်လာမည် မဟုတ်ပေ။ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများပင် ရံဖန်ရံခါသာ ပေါ်လာတတ် ပါသည်။ ထို့ကြောင့် ဤပင်လယ်ပြင်ဧရိယာကို ဖြတ်ကျော်ခြင်းက လုံးဝ မဖြစ်နိုင်ခြင်း တော့ မဟုတ်ပေ။
ဧရာမငါးမန်းကြီးမြို့သည် ကျောက်စိမ်းရေစီရင်စုရှိ အကြီးဆုံးမြို့ ဖြစ်ပါသည်။ ထျန်းယွန်တိုက်ကြီးတစ်ခုလုံးတွင် ကောင်းကင်နဂါးတိုက်ကြီးသို့ သွားမည့် သင်္ဘောများ ဆိုက်ကပ်ရာ တစ်ခုတည်းသော မြို့လည်း ဖြစ်ပါသည်။ ထို့အပြင် ပင်လယ်ပြင် ခရီးထွက်ခြင်းကိုလည်း နှစ်လလျှင် တစ်ကြိမ်သာ ထွက်လေ့ရှိသည်။ အကယ်၍ ပင်လယ်ပြင်ခရီး ထွက်ချင်သည်ဆိုလျှင် သင့်ကံကို စမ်းသပ်ကြည့်ရမည်။ ထိုသို့မဟုတ် လျှင် အချိန်ခဏကြာအောင် စောင့်ရလိမ့်သည်။
ချင်ယွင်၏ကံက မကောင်းခဲ့ပါဘူး။ ကောင်းကင်နဂါးတိုက်ကြီးသို့သွားမည့် နောက်ဆုံး သင်္ဘောသည် လွန်ခဲ့သော ဆယ်ရက်ခန့်ကပင် ထွက်ခွာသွားခဲ့ပါပြီ။ ထို့ကြောင့် ချင်ယွင်သည် ဧရာမငါးမန်းကြီးမြို့တွင် တစ်လကျော်နေရန်မှတပါး ရွေးချယ်စရာ မရှိပေ။
ဟုတ်ပါသည်။ ချင်ယွင်လည်း နည်းနည်း ပျော်သွားပါသည်။ ကံကောင်းထောက်မ စွာဖြင့် နောက်ဆုံးအသုတ် လှေတွေက ထွက်ခွာသွားခဲ့ပါပြီ။ ထိုသို့မဟုတ်လျှင် သူသည် ချီရှောက်ယန်း၊ အကြီးအကဲတန်တို့နှင့်အတူ လှေတစ်စင်းတည်းဖြင့် ခရီးသွားရမည် မဟုတ်ပါလား။ ထိုအချိန်ရောက်လျှင် တိုက်ပွဲကြီးတစ်ခုက ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ချင်ယွင်သည် အကြီးအကဲတန်ကို မကြောက်တော့သော်လည်း၊ တိုက်ပွဲတစ်ပွဲ လျော့နည်းသွားခြင်းက ပိုကောင်းပါသည် ။
ရန်စီချီနှင့် အတူရှိနေသည့်အတွက် ချင်ယွင်သည် အထီးကျန်မှုကိုလည်း မခံစားရပေ။ သူသည် နေ့ဘက်တွင် သူမကိုခေါ်ကာလျှောက်လည်ပြီး ညဘက်တွင် ကျင့်ကြံနေခဲ့ သည်။ ရံဖန်ရံခါတွင် သူသည် သူမနှင့် အတူတူအိပ်ကာ တဏှာရာဂမီး လောင်ကျွမ်းရ ခြင်းကိုလည်း နှစ်သက်သည်။
ရိတ်သိမ်းနိုင်ကလည်း မနည်းပါးလှပေ။ ချင်ယွင်၏ ကျင့်ကြံမူအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော် သွားခဲ့ပြီး ရန်စီချီသည် ချင်ယွင်၏ လမ်းညွှန်မှုအောက်တွင် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ဝင်ရောက်သွားခဲ့သည်။
တစ်လကျော်အချိန်က မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့သည်။ ချင်းယွင်သည် သဘောတူညီထားသည့် အချိန်အတိုင်း ဆိပ်ကမ်းဆီသို့ရောက်သောအခါ ပင်လယ်ပြင် သို့ ခရီးထွက်မည့်သူ အများအပြားမရှိသည်ကို သူတွေ့ရှိခဲ့ရသည်။ လူတစ်ရာနီးပါး ခန့်သာ ရှိသည်။
ဟုတ်ပါသည်။ ထိုသင်္ဘောကြီးသည် အရင်တုန်းက သိုင်းမြို့စားဘိုင်ယွန် ငှားရမ်းဖူး သည့် သင်္ဘောကြီးထက် နှစ်ဆပိုကြီးပါသည်။ သင်္ဘောတစ်ခုလုံးသည် အနှိုင်းမဲ့ ကြံ့ခိုင်ပြီး ၎င်း၏ကိုယ်ထည်တစ်ခုလုံးကိုလည်း အနှိုင်းမဲ့မာကျောသော သိမ်မွေ့နက်နဲ သံမဏိဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသည် တွားသွားနေသော သံမဏိသားရဲကြီး တစ်ကောင်ကဲ့သို့ပင် အနှိုင်းမဲ့ မာကြောလှသည်။
ချင်ယွင်သည် ရန်စီချီကို ပွေ့ဖက်ထားရင်း သင်္ဘောပေါ် တက်ရမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်နေခဲ့သည်။
စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရူရင်း ရန်စီချီ၏ မျက်လုံးကြီးများက တောက်ပ နေသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှ လူအများ၏ ဆွေးနွေးမှုများသည် ချင်ယွင်၏နားထဲသို့ တိုးဝင်လာသည်။
"ဟေး၊ မင်းတို့ ကြားပြီးပြီလား၊ ဒီတစ်ခါတော့ သိုင်းဧကရာဇ်ဘိုင်ယု၊ အနောက်ပိုင်း မြို့တော် သိုင်းဧကရာဇ်နဲ့ လေအင်ပါယာသိုင်းဧကရာဇ် (သိုင်းဧကရာဇ်ယုချန်း)တို့က ငါတို့ကို ပင်လယ်ပြင်ထဲကို လိုက်ပို့ပေးမှာတဲ့။"
"မှန်တယ်။ ငါလည်း အဲဒီသိုင်းဧကရာဇ်သုံးပါးလို့ ကြားထားတယ်။ ပင်လယ်ပြင် ပို့ဆောင်ရေးအဖွဲ့က ငါတို့ကို အစောင့်အကြပ်အဖြစ် လိုက်ပါပို့ဆောင်ပေးဖို့အတွက်နဲ့ သိုင်းဧကရာဇ်သုံးပါးကို ပင်လယ်ပြင်ထဲ ထွက်ခွာရန်တောင်းဆိုဖို့အတွက် ဘယ်လောက်မြင့်မားတဲ့တန်ဖိုးကို ပေးဆပ်ခဲ့ရမလဲ။ အထူးသဖြင့် သိုင်းဧကရာဇ် ယုဖန်းပေါ့။ ကြားဖူးသလောက်ဆို သူက အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေပြီတဲ့။ ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့ သူ့ကို ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်ခဲ့ပါလိမ့်။
" အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါးလား။ မင်း သိပ်မသိသေးဘူးနဲ့ တူတယ်။ ငါပြောပါရစေ။ လွန်ခဲ့တဲ့ လေးရက်ကမှ သိုင်းဧကရာဇ် ယုဖန်းက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော် သွားခဲ့ပြီတဲ့ ။ သူက ဝါးတောင်တန်းစံအိမ်ပညာရှင်၊ ဧကရာဇ်မင်းမြတ်ဒါယန်းတို့ အောက်သာ နိမ့်ကျတော့တဲ့ အင်ပါယာတစ်ခုလုံးရဲ့ ထိပ်တန်း သုံးဦးထဲမှာ ပါဝင်သွားခဲ့ ပြီကွ။”
"အင်ပါယာရဲ့ ထိပ်တန်းသုံးယောက်လား။ သိုင်းဧကရာဇ် ချင်ယွင်ကို မင်းတို့က မေ့သွားပြီလား၊ သူ့ကို ဒီကမ္ဘာပေါ်မှာ နံပါတ်တစ်သိုင်းဧကရာဇ်တစ်ပါးရယ်လို့ လူ သိများတယ်လေ။"
"ဟမ့်၊ ကမ္ဘာပေါ်မှာ နံပါတ်တစ်သိုင်းဧကရာဇ် ဟုတ်လား? ဒါက မှန်ရောမှန်ရဲ့လား ဆိုတာ ငါ သိချင်မိတယ်။ သူက အဆင့်ငါး အထွတ်အထိပ် ဆိတ်သုဉ်းခြင်း သားရဲ တစ်ကောင်ကို လက်သီးတစ်ချက်နဲ့ ထိုးနှက်ခဲ့ပြီး သားရဲဘုရင်ကိုလည်း ရိုက်နှက်ခဲ့ တယ်တဲ့။ သူက ကြွားလုံးထုတ်နေတာလို့ ငါ ထင်တယ်။ ငါသိရသလောက်ဆို အဲဒီသိုင်းဧကရာဇ်ချင်ယွင်က ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားပဲ ရှိသေးတာလေ။ ဒါက ဖြစ်နိုင်တယ်လို့ မင်းတို့ ထင်လား။”
"သိုင်းဧကရာဇ်ချင်ယွင်ရဲ့ စွမ်းပကားက ကြွားလုံးထုတ်ထားတာ မဟုတ်ဘူး။ သူက ကမ္ဘာပေါ်မှာ တကယ့် နံပါတ်တစ် သိုင်းဧကရာဇ်ပဲ။ မင်း ငါ့အသည်းစွဲပုဂ္ဂိုလ်ကို စော်ကားခွင့် မရှိဘူးကွ။"
"ဟမ့်၊ ငါက ဘာလို့ မင်းကို ယုံကြည်ရမှာလဲ။ သိုင်းဧကရာဇ်ယုဖန်းကို စင်မြင့်ရှေ့ ထွက်ပြီး စိန်ခေါ်တိုက်ခိုက်ဖို့ သူ့ကို သွားပြောလိုက်ပါ။ သိုင်းဧကရာဇ်ယုဖန်းက သူ့ကို တစ်ချက်တည်းနဲ့တောင် သတ်ပစ်နိုင်မယ်လို့ ငါ ခန့်မှန်းထားတယ်။"
“မင်း…”
ထိုလူပြောလိုက်သည်နှင့် သူတို့နှစ်ဦး ရန်ဖြစ်ကြတော့မည်။
တစ်ဖက်တွင် ချင်ယွင်နှင့် ရန်စီချီတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးနေကြသည်။ လက်ရှိမှာ သူ၏နာမည်သည် ယခုလောက်ကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့အတွက် တိုက်ခိုက်မည့်သူတွေတောင် ရှိနေခဲသည်။ ဟုတ်ပါသည်။ သေချာသည်မှာ။ ဤမြင်ကွင်းက မခံမရပ်နိုင်ဖြစ်သည်အထိ ဆွဲဆောင်နိုင်ရန်အတွက်တော့ ပျင်းစရာကောင်းလွန်းပါသည်။
သူသည် အခြားလူများ သူ့ကို မမှတ်မိစေရန်အတွက် သူ ဤနေရာသို့ မလာခင် ကတည်းက ရန်စီချီကဲ့သို့ သူ၏ကျင့်ကြံမူအခြေခံကို ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့်၊ အခြားသူများ၏အမြင်တွင်၊ သူ၏လက်ရှိစွမ်းအားသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်သာ ရှိသည်။
ကောင်းကင်နဂါးကြီးတိုက်ကို သွားနိုင်သူအများစုသည် အင်မော်တယ်ဂိုဏ်းများ၏ ကံကြမ္မာကောင်းများကို ရှာဖွေကြရန်ဖြစ်သောကြောင့် သူတို့၏ ကျင့်ကြံမူအဆင့်မှာ မနိမ့်ကျလှပေ။
ဤလူတစ်ရာကြားတွင် သိုင်းမြို့စားနယ်ပယ်ကျင့်ကြံသူ အယောက်နှစ်ဆယ်ထက် မနည်းရှိပြီး သိုင်းမြို့စားနယ်ပယ် အထွက်အထိပ် ကျင့်ကြံသူ သုံးလေးဦးထက် မနည်းရှိသည်။ ထို့ကြောင့် ချင်ယွင်နှင့် ရန်စီချီတို့၏ ကျင့်ကြံမူအဆင့်သည် အလွန် ထင်ရှားပုံမပေါ်ပေ။
"ဟေ့၊ ငြင်းခုံနေတာ ရပ်လိုက်ကြဦး။ စောစောက မင်းတို့ပြောနေတဲ့ ခေါင်းစဉ်ကနေ ဘေးရောက်သွားပြီ။ ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့က ပင်လယ်ပင်ထဲ ထွက်ရာမှာ ငါတို့ကို လိုက်ပါစောင့်ကြပ်ပို့ဆောင်ပေးဖို့ သိုင်းဧကရာဇ်သုံးပါးကို ဘာလို့ ပေးပို့လိုက် ရတာလဲ" ထိုလူနှစ်ယောက် တိုက်ခိုက်ခါနီးတွင် သူတို့ဘေးနားမှ တစ်ယောက်ယောက် က ချက်ချင်း ကြားဖြတ်တားလိုက်သည်။
ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့နှင့် ပတ်သက်ပြီး သူတို့သည် ပင်လယ်ပြင်သို့ ထွက်ခွာသွားသော သင်္ဘောများကို စီမံခန့်ခွဲရန်အတွက် အထူးတာဝန်ရှိသော တပ်ဖွဲ့တစ်ခု အကြောင်းကို ပြောဆိုနေကြခြင်း ဖြစ်သည်။ ၎င်းအဖွဲ့၏ သြဇာလွှမ်းမိုး မှုက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အဓိကမကျပါ။ ၎င်းအဖွဲ့သည် များသောအားဖြင့် ငွေရှာရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထား သောကြောင့် အာဏာလွန် ဆွဲပွဲများတွင် ပါဝင်မည် မဟုတ်ပါ။
သေချာပါသည်။ ထိုလူက မေးခွန်းထုတ်ပြီးသည့်နောက် ထိုလူနှစ်ယောက်၏ အာရုံစိုက်မှုကလည်း ပြောင်းလဲသွားခဲ့ပြီး သူတို့အချင်းချင်း မပြိုင်ဆိုင်ကြတော့ပေ။
"အခုတကြိမ်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပင်လယ်ပြင်ထွက်မယ်လို့ ငါ ကြားထားတယ်။ အဲဒါကြောင့် ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့က သိုင်းဧကရာဇ် သုံးယောက်ကို ဒီလောက်စျေးကြီးပေးပြီး ဖိတ်ခေါ်ခဲ့ရတာပဲ။” အခြားလူတစ်ယောက် က ပြောပြပါသည်။
"အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်လား။ အဲဒီ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘယ်သူလဲ?" သူ့ကို တိုက်ခိုက်ဖို့ဆွဲဆောင်ရန် ကြိုးစားခဲ့လူက ချက်ချင်း မေးလိုက် သည်။
"အဲဒါကိုတော့ ငါလည်း မသိဘူး၊ ဒါပေမယ့် သူမမှာ ကြီးမားတဲ့ နောက်ခံအသိုင်းအဝိုင်း တစ်ခု ရှိတယ်လို့တော့ ငါသိထားတယ်။ သူမကလည်း ကောင်းကင်နဂါးတိုက်ကြီးထဲ က ဖြစ်ပုံရတယ်။" ထိုလူက ပြန်လည် ဖြေကြားလိုက်သည်။
ချင်ယွင်သည် ဤစကားအားလုံးကို နားထောင်နေပါသည်။ သူသည် သိုင်းဧကရာဇ် ယုဖန်းနှင့် သိုင်းဧကရာဇ်သုံးပါးအကြောင်းကို စိတ်မဝင်စားသော်လည်း၊ ကောင်းကင် နဂါးတိုက်ကြီးမှ အရေးပါသော ပုံရိပ်ရှိသူတစ်ယောက်ကိုမူ အလွန်စိတ်ဝင်စားခဲ့သည်။
သူသည် အလွန် သိချင်နေမိသည်။ ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့၏ အာရုံ စိုက်ခံရမှု ကို အတိအကျ မည်သူက ဆွဲဆောင်နိုင်စွမ်းရှိမည်နည်း။ သူမအား ကာကွယ်ရန် သိုင်းဧကရာဇ်သုံးပါးကိုတောင် တောင်းဆိုနိုင်သည့်အတွက် မည်မျှ များပြားသည့် ငွေကြေးများ သုံးစွဲခဲ့ရမည်နည်း။
"အာ၊ သိုင်းဧကရာဇ်ယုဖန်းက ဒီနေရာမှာ ခေါင်းဆောင်အဖြစ်နဲ့ ရောက်ရှိနေပြီပဲ။"
ချင်ယွင် အတွေးထဲ နစ်မျှော်နေစဉ်မှာ ပတ်ဝန်းကျင်မှ အချက်ပေးသံက ထွက်ပေါ် လာသည်။
ချင်ယွင်သည် ချက်ချင်းပင် လူမြင်ကွင်းဆီသို့ လှမ်းကြည့်လိုက်ရာ လူအုပ်ထဲမှ လူငါးဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သွားလေရာ နေရာတိုင်းတွင် လူအုပ်ကြီး သည် အလိုအလျောက် လမ်းဖယ်ပေးပြီး ရွေ့သွားကြသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤငါးယောက်သည် အမှန်တကယ် ပင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်ကြသည်။
ထိုငါးယောက်ထဲတွင် လေးယောက်က အမျိုးသားတွေ ဖြစ်ကြပါသည်။ သုံးယောက်က တော်တော်လေး ငယ်ရွယ်ပါသည် ။ သူတို့အားလုံးသည် အသက်သုံးဆယ်ဝန်းကျင်များ ဖြစ်ကြပါသည်။ ယုချန်းသည် လေထဲတွင် ရှိနေသည်။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ၎င်းတို့သုံးဦးသည် ဤတစ်ကြိမ် ပင်လယ်ပြင်သို့ ပို့ဆောင်ပေးခဲ့မည့် သိုင်းဧကရာဇ်သုံးပါး ဖြစ်သင့်ပါသည်။
အခြားအမျိုးသားတစ်ဦးမှာ မုတ်ဆိတ်မွေးနှင့်အသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်ပါသည်။ သူ၏စွမ်းအားသည် သိုင်းဧကရာဇ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာတွင် ဖြစ်သည်။
ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်၍မူ သူမသည် သိုင်းဧကရာဇ် နယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ သို့သော် အခြားလေးဦးသည် ထိုအမျိုးသမီးနောက်တွင် ကျန်နေခဲ့သည်။ သူမသည် ကောင်းကင်နဂါးတိုက်ကြီးမှ အရေးပါသူ ဖြစ်ရမည်။
သို့သော် ချင်ယွင်သည် ထိုအမျိုးသမီးကို မြင်သောအခါ အံ့သြသောအမူအရာတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
"တကယ်ကို သူမပါလား!"
အခန်း (၄၀၉) အဖြူရောင်ကျောက်စိမ်းသိုင်းဧကရာဇ်။ (သိုင်းဧကရာဇ်ဘိုင်ယု)
"ဒါက သူမလား ၊ ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ" ရန်စီချီသည် သူမ၏ မျက်နှာပေါ် တွင်လည်း အံ့သြသည့် အမူအရာရှိနေသည်။
ဤအမျိုးသမီး၊ ရန်စီချီ နှင့် ချင်ယွင်တို့သည် တစ်ယောက်နှင့်တစ်ယောက် သိကြပါ သည်။ သူမသည် မျက်နှာဖုံးအကာ ၀တ်ထားဆဲဖြစ်သော်လည်း ချင်ယွင်သည် သူမကို တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိနိုင်ပါသည်။
"သူမက ပန်းတစ်ရာဂိုဏ်းကို ဆက်ခံမယ့်သူ မဟုတ်ဘူးလား၊ သူမက ဘာလို့ ဒီကို ရောက်နေရတာလဲ?” ရန်စီချီက အံ့အားတသင့် မေးလိုက်ပါသည်။
ချင်ယွင်လည်း ခေါင်းခါယမ်းလိုက်သည်။ သူကိုယ်တိုင်သည်လည်း အလွန် သိချင်နေ မိသည်။ ချန်မင်ရှီ၏ နောက်ခံသည် သူတို့ မြင်ရသလောက် မရိုးရှင်းဟု ထင်ရပါသည်။ သူမသည် ကောင်းကင်နဂါးတိုက်ကြီးမှ အမှန်တကယ် လာခဲ့ခြင်း ဖြစ်နိုင်သည်။ သူမသည် ပန်းတစ်ရာဂိုဏ်း၏ တပည့်တစ်ဦးအဖြစ် သူမ၏ ကိုယ်ရေး အချက်အလက် ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
ယခင်က ချင်ယွင်သည် သူမ၏ စိတ်နေသဘောထားနှင့်ပတ်သက်ပြီး သာမန်လူ တစ်ဦးနှင့် မတူကြောင်း ခံစားခဲ့ရသည်။ ယခုဆိုလျှင် သူမသည် ကောင်းကင်နဂါး တိုက်ကြီးရှိ ကြီးမားသော အင်အားစုကြီးတစ်ခု၏ တပည့်ဖြစ်ပုံရသည်။
ချန်မင်ရှီသည် မျက်နှာဖုံးအကာကွယ်ကို ၀တ်ဆင်ထားဆဲ ဖြစ်သော်လည်း သူမ၏ ရုပ်ရည်အသွင်အပြင်သည် လှပပြီး သူမ၏ စိတ်နေစိတ်ထားမှာလည်း ပို၍ပင် လျစ်လျူရူတတ်သည့် သဘောရှိ၏။ ရလာဒ်အနေဖြင့် သူမ၏ ထွက်ပေါ်လာမူသည် ချက်ချင်းဆိုသလိုပင် လူတိုင်းကို အံ့အားသင့်စေခဲ့ပါသည်။
ချန်မင်ရှီကို ကြည့်သည့် သူတို့၏အကြည့်တွေက စိတ်အားထက်သန်မူနှင့်အတူ ရိုသေလေးစားမှုတွေ ပြည့်နှက်နေသည်။ ဤပုဝါအောက်မှ မျက်နှာလေးက သူတို့၏မျက်နှာတွေကို တုန်လှုပ်ချောက်ချားမူအပြည့် ဖြစ်ပေါ်လာစေမည်မှာ သေချာပါသည်။
ဟုတ်ပါသည်။ သင်္ဘောပေါ်တက်သည့် ခရီးသည်တွေတင် မဟုတ်ပါဘူး။ ချန်မင်ရှီ နောက်မှာရှိနေသည့် သိုင်းဧကရာဇ်သုံးပါးတောင်မှ သူတို့၏ မျက်လုံးတွေမှာ ထူးဆန်း သော တောက်ပမှုအလင်းရောင်တွေ ရှိနေပါသည်။ အကယ်၍ သူတို့သည် ချန်မင်ရှီ၏ ကိုယ်ရေးအချက်အလက်ကိုသာ ဂရုမစိုက်ပါက အစာငတ်နေသော ကျားများကဲ့သို့ ရှေ့သို့ ခုန်တက် သွားပြီးဖြစ်ပေလိမ့်မည်။
လူလေးယောက်သည် ချန်မင်ရှီကို လူအုပ်ကြားထဲမှ ခေါ်ဆောင်သွားပြီး သင်္ဘောပေါ် တက်လိုက်ကြသည်။ သူမသည် လူအုပ်ထဲတွင်ရှိနေသည့် ချင်ယွင် နှင့် ရန်စီချီတို့ကို သတိထားမိပုံ မပေါ်ပေ။
ထိုမှပင် ချင်ယွင်လည်း သက်ပြင်းချနိုင်တော့သည်။ ချန်မင်ရှီနှင့် ရင်ဆိုင်ရမည်ကို သူ အမှန်တကယ် ကြောက်နေခဲ့မိသည်။
အမှန်တကယ်ဆို ချင်ယွင်နှင့် သူမကြားက ဆက်ဆံရေးဟာ အမြဲတမ်း လက်ဝင် လွန်းပါသည်။ သူတို့သည် ရန်သူများ ဖြစ်ကြသော်လည်း ရန်သူများ မဟုတ်ကြပြန်ပေ။ သူငယ်ချင်းများ ဖြစ်ကြသလားဆိုသော်လည်း သူငယ်ချင်းလည်း မဟုတ်ကြပြန်။ ထုံးစံအတိုင်း သူတို့နှင့် အလွန်ရှက်ရွံ့စရာ အခြေအနေမျိုး ဖြစ်ရလိမ့်မည်။
ချင်ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်ကိုမြင်လျှင် ရန်စီချီက ပြုံးပြီး ပြောသည် “သင်္ဘောပေါ်မှာ ရန်သူတွေ အများကြီး ရှိရမယ်"
ချင်ယွင် ဒေါသတကြီးဖြင့် ထိုကောင်မလေး၏ နှာခေါင်းကို ဖျစ်ညှစ်လိုက်ပြီး ယုတ်ယုတ်မာမာ ပြုံးကာ ပြောလိုက်သည် “ ဘာလဲ၊ အရင်က သင်ခန်းစာပေးထားတာ မလုံလောက်သေးဘူးလား"
ထိုစကားကြားလျှင် ရန်စီချီသည် ချက်ချင်းပဲ သူမပါးစပ်ကိုပိတ်လိုက်ပြီး စကား ပြောရပ်လိုက်သည်။ သူမက ကောင်းကင်ကြီးကို မော့ကြည့်ရင်း စိတ်ထဲမှာ တီးတိုး ရေရွတ်မိသည် “ ဘယ်လိုလုပ် မလုံလောက်သေးဘဲ ရှိမှာလဲ၊ အခုတောင် ခြေထောက်တွေ အားနည်းနေသေးတယ်”
ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာက တပ်မက်မှု အပြည့်ဖြစ် နေသည် ။
"သင်္ဘောပေါ် တက်လို့ရပါပြီ။ လူတစ်ယောက်ကို ရွှေဒင်္ဂါးတစ်ထောင်ပေးရပါမယ်။"
ထိုအချိန်တွင် သင်္ဘောလေးကိုင်းအထံမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
ဟိုအရင်ကတည်းက နှစ်ယောက်သုံးယောက်ရပ်ကာ ဆွေးနွေးပြေဆိုနေကြသည့် လူအားလုံးလည်း သင်္ဘောလေးကိုင်းဆီကို ကြည့်လိုက်ကြသည်။
ရွှေဒင်္ဂါးတစ်ထောင်ဆိုသည်မှာ လူတိုင်းသိထားသည့် စည်းကမ်းတစ်ခု ဖြစ်သည်။ ခရီးစဉ်တစ်ခုအတွက် ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့က ကောက်ခံသည့် အခကြေးငွေ မှာ လူတစ်ဦးလျှင် ရွှေဒင်္ဂါးတစ်ထောင် ဖြစ်သည်။
ရွှေသည် ဤလောကမှာ သုံးစွဲစရာငွေကြေးဖြစ်ပြီး၊ ကျင့်ကြံသူများအတွက်ပင် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ ထို့အပြင် သင်သည် ကျင့်ကြံသူတစ်ဦး ဖြစ်သည် ဆိုလျှင်ပင် ရွှေဒင်္ဂါးတစ်ထောင်ရရန် မလွယ်ကူလှပေ။
ထို့ကြောင့် ရွှေဒင်္ဂါးတစ်ထောင်သည် ဈေးကြီးသည်ဟု ပြောလို့ရသလို စျေးမကြီးဟု လည်း ဆိုနိုင်ပါသည်။
ဤခရီးသည်များသည်လည်း ပြင်ဆင်လာကြပါသည်။ သူတို့အားလုံး သူတို့၏ သိုလှောင်အိတ်တွေကို သင်္ဘောပေါ်ပါသည့် ဘဏ္ဍာစိုးလက်ထဲ ထည့်ရန်အတွက် တန်းစီပြီး သင်္ဘောပေါ် တက်ခဲ့ကြသည်။
ချင်ယွင်သည်လည်း ဤငွေကြေးကို ဂရုစိုက်စရာ မလိုပေ။ သူ့အတွက် ရွှေဒင်္ဂါးများ သည် ကျောက်တုံးများနှင့် မခြားနားလှပေ။
မည်သို့ပင်ဆိုစေကာမူ ယခင်အချိန်က သူ ချီရှောက်ယန်းမှ လုယက်ခဲ့သော သိုလှောင်လက်စွပ်ထဲတွင်၊ သေမျိုးကမ္ဘာတွင် ခရီးသွားရာမှာ အဆင်ပြေစေရန် အတွက် အနည်းဆုံး သောင်းနှင့်ချီသော ရွှေဒင်္ဂါးအစုအပုံလေးပင် ပါရှိခဲ့သည်။
အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်နှင့် ရန်စီချီတို့ ပေးရမည့် အလှည့်ရောက်လာသည်။ ချင်ယွင်သည် ရွှေဒင်္ဂါးနှစ်ထောင်ဖြင့် အပြည့်ပါသော သိုလှောင်အိတ်ကို ဘဏ္ဍာစိုး လက်ထဲသို့ ပေးပြီးနောက် ရန်စီချီကို ပွေ့ဖက်ကာ သင်္ဘောကုန်းပတ်ပေါ်သို့ တက်သွားချင်ခဲ့ သည်။
"ခဏနေဦး !"
သို့သော် ထိုအချိန်တွင် သင်္ဘောကုန်းပတ်ပေါ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျောက်စိမ်းကဲ့သို့ဖြူဖွေးသည့် မျက်နှာပိုင်ရှင် လူငယ်လေးသည် သင်္ဘောကုန်းပတ် ပေါ်မှဆင်းလာကာ ချင်ယွင်နှင့် ရန်စီချီတို့ကို ပြုံးပြုံးကြီး ကြည့်နေသည်။
ဤလူငယ်သည် တော်တော်လေး ချောမောသည် ။ သူသည် အဖြူရောင် ပိုးထည် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ့်ခြောက်နှစ် သို့မဟုတ် နှစ်ဆယ့် ခုနစ်နှစ်ခန့် ရှိလိမ့်မည်။ သူ၏လက်ထဲမှာ ခေါက်ယပ်တောင်ကို ကိုင်ထားပြီး ပညာရှင်ဆန်ဆန် စိတ်နေစိတ်ထားရှိပုံရသည်။
သို့သော်လည်း လူတိုင်းသည် ထိုလူငယ်ကို တွေ့လိုက်သည့်အခါတွင် သူတို့၏ မျက်နှာများသည် အံ့အားသင့်မှုနှင့်အတူ ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
"သိုင်းဧကရာဇ်ဘိုင်ယု။. သူက အသက် ၂၆ နှစ်ပဲရှိသေးတယ်။ သိုင်းဧကရာဇ်ဘိုင်ယု က သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပဉ္စမအဆင့် ကောင်းကင်အလွှာကို ရောက်ရှိနေပြီ။ သူက အင်ပါယာတစ်ခုလုံးမှာ တစ်ဦးတည်းသော ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် ချီးကျူး ခံရတဲ့ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်အောက်သာ နိမ့််ကျသူ ဖြစ်တယ် ။" လူအုပ်ထဲက တစ်ယောက်က ထိုလူငယ်လေး၏ ကိုယ်ရေးအချက်အလက်ကို ချက်ချင်း မှတ်မိပြီး အံ့အားတသင့် အော်ပြောလိုက်သည်။
ချင်ယွင်သည် ရောက်လာသောလူများကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။
သူသည် ဤလူငယ်ကို ချန်မင်ရှီ၏နောက်သို့ လိုက်ပါသွားခဲ့သော လူငယ်သုံးဦးထဲမှ တစ်ဦးအဖြစ် သဘာဝကျကျ မှတ်မိခဲ့သည်။ သို့သော် ချင်ယွင်သည် ဤသိုင်းဧကရာဇ် ဘိုင်ယုကို ယခင်က မသိရှိဖူးပေ။ ယခု သိုင်းဧကရာဇ်ဘိုင်ယုက သူ့ကို ရုတ်တရက် တားဆီးလိုက်သည်မှာ ကောင်းသောအရာ မဟုတ်ပေ။
"ဆရာ သိုင်းဧကရာဇ်၊ မင်းအတွက် ငါဘာလုပ်ပေးရမလဲ" ချင်ယွင်က မေးသည်။
သိုင်းဧကရာဇ်ဘိုင်ယုသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ၏ ရှေ့မှာရှိနေသည့် လူငယ်က သူ့အား 'ဆရာ' အစား 'မင်း' ဟု ပြောလာသည့်အတွက် အလွန် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
သို့သော် ဤမကျေနပ်မှု အရိပ်အယောင်သည် သူ၏မျက်နှာပေါ်တွင်သာ ပေါ်လာသည်။ ပြင်ပလူများသည် ၎င်းကို မမြင်နိုင်ခင်မှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက ပြုံးပြပြီး ပြောသည် “ သင်္ဘောပေါ် တက်လို့မရဘူး" ။
"ဘာလို့ပါလိမ့် ?" ချင်ယွင်က မေးလိုက်ရင်း သူ၏မျက်ခုံးတွေက ပို၍ပင် တွန့်လာခဲ့သည်။
သေချာပါသည်၊ သူမှန်းဆထားသည့် အတိုင်းဖြစ်နေသည်။ သိုင်းဧကရာဇ်ဘိုင်ယုသည် သူ့ကို ပစ်မှတ်ထားရန်အတွက် ဤနေရာသို့ ရောက်လာခဲ့သည်။ သို့သော်လည်း ဤသိုင်းဧကရာဇ်ဘိုင်ယုသည် အကြောင်းပြချက်မရှိဘဲ သူ့ကို မည်သည့်အတွက် ကြောင့် ပစ်မှတ်ထားရလဲဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သိုင်းဧကရာဇ်ဘိုင်ယုက ပြုံးပြီး ပြောသည် " ပင်လယ်ပြင် ပို့ဆောင်ရေးအဖွဲ့မှာ အသက်ဆယ့်ရှစ်နှစ်အောက် မည်သူ့ကိုမဆို သင်္ဘောပေါ်တက်ခွင့်မပြုဖို့ စည်းကမ်း ရှိတယ်။ ငါမြင်ရသလောက်ဆို မင်းအသက်က ဆယ့်ရှစ်နှစ် မဖြစ်သင့်ဘူး!"
ထိုစကားကို ပြောပြီးနောက် သူ၏မျက်လုံးများမှတဆင့် အလိုရမ္မက်များပြည့်နေသည့် အလင်းတန်းများဖြင့် ရန်စီချ်ကို တိတ်တဆိတ် တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုစကားပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့မှာ ဒီလို စည်းကမ်းမျိုး ဘယ်တုန်းက ရှိခဲ့တာလဲ။"
"မှန်တယ်။ ငါ ဘာလို့မသိခဲ့တာလဲ။ အသက်ဆယ့်ရှစ်နှစ် မပြည့်ခင် ငါတို့က ဘာလို့ သင်္ဘောပေါ် မတက်နိုင်ရတာလဲ"
သို့သော်လည်း သိုင်းဧကရာဇ်ဘိုင်ယုက အေးစက်စွာ အော်ပြောလိုက်သည် "ငါတို့ ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မင်းတို့က ကန့်ကွက်ချင် နေတာလား"
တချိန်တည်းမှာပင် ဂုဏ်သိက္ခာရှိသည့်အသံက ထွက်ပေါ်လာသည်။
ကွင်းပြင်တစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။ မည်သူမှ ထပ်မပြောရဲတော့ပါဘူး။ သိုင်းဧကရာဇ်ဘိုင်ယု၏ ဂုဏ်သိက္ခာကို မည်သူကရော မနာခံဘဲ နေဝံ့မည်နည်း။ ထို့အပြင် လက်ရှိရောက်ရှိနေကြသူများတွင် ချင်ယွင်မှလွဲပြီး အခြားလူများသည် အသက်ဆယ့်ရှစ်နှစ် ကျော်နေကြပြီ ဖြစ်သည်။
ချင်ယွင်၏ မျက်လုံးများမှ အေးစက်စက်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သိုင်းဧကရာဇ်ဘိုင်ယု၏ အစောပိုင်းက ရန်စီချီကို ကြည့်သည့်အကြည့်မှာ အလွန် ရှင်းလင်းလွန်းပြီး သူသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
ဤလူသည် ရန်စီချီ၏ အလှအပေါ် တက်မက်နေသောကြောင့် သူ့ကို တမင်တက ပစ်မှတ်ထားခြင်း ဖြစ်သည်။
အသက်ဆယ့်ရှစ်နှစ် မပြည့်လျှင် သင်္ဘောပေါ်မတက်ရဆိုသည့် ရယ်စရာကောင်းသော စည်းကမ်းချက်က ချင်ယွင်ကို တမင်တကာ ပစ်မှတ်ထားရန်အတွက် အကြောင်းပြ ချက် တစ်ခုသာ ဖြစ်လေသည်။
ချင်ယွင်၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒတစွန်းတစ ထွက်ပေါ်လာသည်။ ရန်စီချီကို တပ်မက်သူတိုင်းကို သူ သတ်ပစ်ရလိမ့်မယ်။
သိုင်းဧကရာဇ်ဘိုင်ယုသည်လည်း သူ၏စိတ်ထဲမှာ လှောင်ရယ်နေခဲ့သည်။
သူသည် သင်္ဘောပေါ်သို့ တက်ရန်အသွား လူအုပ်ကြားထဲမှ ဖြတ်သန်းသွားသည့်အခါ သူသည် ရန်စီချီ၏ လှပသောမျက်နှာကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။ သူသည် တုန်လှုပ်ခြောက်ခြားသွားသလို အလွန်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။
သင်္ဘောပေါ်တက်ပြီးနောက် သူသည် ကုန်းပတ်ပေါ်ရှိ ရန်စီချီကို တိတ်တဆိတ် ကြည့်နေခဲ့မိသည်။ သူမကို ပို၍ကြည့်မိလေ သူမကို ပို၍ သဘောကျလာလေ ဖြစ်သည်။ ဟုတ်ပါသည်။ ချင်ယွင် နှင့် ရန်စီချီတို့၏ ရင်းနှီးသည့်အသွင်အပြင်ကို သူကိုယ်တိုင် လည်း သဘာဝကျကျ မြင်တွေ့ထားခဲ့ပြီးဖြစ်ကာ သူ၏နှလုံးသားထဲမှာ မနာလိုမှုတွေ ပြည့်နှက်နေခဲ့ပါသည်။
ထို့ကြောင့် ရန်စီချီကို ဤမျိုးမစစ်ကောင်လေးထံမှ လုယူရန်အတွက် သူသည် ချက်ချင်းပင် အကြံထုတ်လိုက်သည်။ အရင်က သူသိုင်းဧကရာဇ်ဘိုင်ယု လိုချင်တာ မှန်သမျှ မရရှိဖူးသောအရာ ဘယ်သောအခါမှ မရှိခဲ့ဖူးပေ။
သို့သော်လည်း သူမကို အင်အားသုံးပြီး လုယက်လိုက်မည်ဆိုလျှင် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာ သေချာပါသည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ချင်ယွင်ကို သင်္ဘောပေါ်တက်ခြင်းမှ တားဆီးရန် ဖြစ်သည်။ ဤနည်းအားဖြင့် ပင်လယ်ပြင်တွင် နှစ်လကြာပြီးနောက် သူမအား တိုက်ခိုက်ရန် အခွင့်အရေးအပြည့် ရှိလာမည်ဖြစ်သည်။
သူ့ရှေ့မှာရှိနေသည့် ဤမျိုးမစစ်ကောင်လေးအတွက်လား၊ သူက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေး တစ်ဦးပဲလေ။ သူ့ကို မျက်လုံးထဲ လုံးဝ ထည့်စရာလိုပေ။ သူ၏ဂုဏ်သိက္ခာအတွက်ကြောင့်သာ။ ထိုသို့မဟုတ်လျှင် ဤမျိုးမစစ်ကောင်လေးကို ဤနေရာမှာတင် သတ်ပစ်မိလိမ့်မည်။ အဘယ့်ကြောင့် စိတ်အနှောင့်အယှက် အဖြစ်ခံနေမှာလဲ။
အခန်း (၄၁၀) ကပ္ပတိန်ကိုမုတ်ဆိတ်။
"ဒါဆို သူမကလည်း အသက်ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူးလေ။ သူမလည်း လှေပေါ်တက်လို့ မရဘူးမဟုတ်လား" ချင်ယွင်က ရန်စီချီကို လက်ညှိုးထိုးပြပြီး သိုင်းဧကရာဇ်ဘိုင်ယုကို အေးစက်စွာ မေးလိုက်သည်။
သိုင်းဧကရာဇ်ဘိုင်ယုက ညင်သာစွာ ပြုံးပြီး ပြောသည် "သူမနဲ့ပတ်သက်ပြီး အခုလို စည်းမျဉ်းမျိုး မရှိပါဘူး။ အသက်ဆယ့်ခြောက်နှစ်ပြည့်တာနဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အထူးဦးစားပေး ဆက်ဆံမှုတွေ ငါတို့မှာ ရှိပါတယ်"
ထိုစကားကိုပြောပြီးနောက် သူသည် ရန်စီချီဘက်သို့ နူးညံ့သိမ်မွေ့သော အမူအရာဖြင့် လှည့်ကြည့်လိုက်ရင်း ပြောလေသည် " ဒီသခင်မလေးပုံစံကို ကြည့်ပြီး ပြောရမယ် ဆိုရင် ဒီသခင်မလေးက အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီး ဖြစ်ရမယ်" ။
"ဖတ်!" ရန်စီချီက ကြမ်းကြုတ်စွာဖြင့် တံတွေးထွေးလိုက်သည်။ သူမသည် အရူးတစ်ယောက် မဟုတ်ပေ။ သိုင်းဧကရာဇ်ဘိုင်ယုသည် ချင်ယွင်ကို ပစ်မှတ်ထား နေကြောင်း သူမသည် သဘာဝကျကျ ပြောပြနိုင်သည်။ ချင်ယွင်ကို အန္တရာယ်ဖြစ်စေ သည့် မည်သည့်အရာကိုမှ သူမ သဘောမကျနိုင်ပေ။ ထို့ကြောင့် သူမသည် သဘာဝအတိုင်း ဤသိုင်းဧကရာဇ်ဘိုင်ယုကြောင့် အလွန်မပျော်မရွှင် ဖြစ်ရသည်။
သိုင်းဧကရာဇ်ဘိုင်ယုက သူ၏မျက်နှာပေါ်မှ တံတွေးတွေကို သုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးကို ထိန်းထားဆဲဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်က သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာတွင် ပေါ်လာသည်။ "ဟမ့်၊ ခွေးမလေး ၊ ငါ မင်းကိုရတဲ့အခါ မင်းကို သေတဲ့အထိ သေချာပေါက် အနိုင်ကျင့်ပစ် မယ်"ဟု စိတ်ထဲမှ ဒေါသတကြီး ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းရှိ အေးစက်မှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဤလူသည် အမှန်တကယ်ပင် ကြောင်သူတော် တစ်ယောက်ဖြစ်သည်။ ဂုဏ်သိက္ခာ ကြီးမားသည့် သိုင်းဧကရာဇ်တစ်ပါးကို တစ်စုံတစ်ဦးမှ တံတွေးဖြင့် ထွေးလိုက်သော် လည်း သူသည် အပြုံးမပျက်သေးပေ။ ဤသည်းခံမှုတစ်ခုတည်းကြောင့်ပင် လူတွေက သူ့ကို မျက်လုံးအမြင်အသစ်တွေနှင့် ကြည့်လာခဲ့ကြသည်။
အကယ်၍ သူ့နေရာမှာ တခြားသူသာဆိုရင် ဒေါသတကြီးဖြစ်ပြီး တိုက်ခိုက်မိလိမ့်မည်။ ကိုယ့်ကိုယ်ကို နှိမ့်ချသောလူကြီးလူကောင်း တစ်ယောက်၏ပုံရိပ်ကို ရယူလိုသော ကြောင့် သူသည် ယင်းကို အမှန်တကယ် ခံနိုင်ရည်ရှိခဲ့သည်။
"ကျုပ်က မရမက တက်မယ်ဆိုရင်ရော ဘာဖြစ်လဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးလိုက်ရင်း သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် ပေါ်လာသည်။
"ဟမ့်၊ ဒါဆိုလည်း မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့၊ ပင်လယ်ပြင် ပို့ဆောင်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းအရ၊ ပြဿာနာရှာတဲ့လူကို သနားညှာတာ ခြင်းမရှိ သတ်ပစ်ရလိမ့်မယ်။" သိုင်းဧကရာဇ်ဘိုင်ယုက အေးစက်စွာ ပြောလိုက်ပြီး ချင်ယွင်ကိုကြည့်နေစဉ် သူ၏မျက်လုံးများက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေ သည်။
"နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေးတစ်ဦးက တကယ်ကို ငါ့ရှေ့မှာ ခုန်ဝင်လာရဲတယ်။ မင်းက တကယ်ကို သေခြင်းတရားကိုတောင်းခံနေတာပဲ။ အရင်က မင်းကောင်းစားဖို့အတွက် အလိုက်တသိ ထွက်သွားဖို့ မင်းကို ငါ အကြံပေးခဲ့ တယ်၊ အခုထိ မင်းက ထွက်မသွားချင်ဘူးဆိုမှတော့ မင်းကို တိုက်ရိုက်သတ်ပစ်ပြီး ငါ မင်းမိန်းမကို လုယူရုံပေါ့ " သိုင်းဧကရာဇ်ဘိုင်ယုသည် သူ့စိတ်ထဲတွင် လှောင်ရယ်နေမိ သည်။
"ဟား၊ ဟား၊ ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်တဲ့ သိုင်းဧကရာဇ်ဘိုင်ယုလဲ။ ဘာပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေလဲ။ ကျုပ်ကတော့ ဒါတွေက ခင်ဗျားသိုင်းဧကရာဇ်ဘိုင်ယုရဲ့ စည်းမျဉ်းစည်းကမ်းတွေလို့ ထင်တယ်။ သနားညှာတာခြင်းမရှိဘဲ သတ်ပစ်မယ်ပေါ့။ ဟမ့်၊ ခင်ဗျားက ငါ့မိန်းမရဲ့အလှကို သိသိသာသာ လိုချင်တပ်မက်နေပေမယ့် ခင်ဗျားက ကြောင်သူတော်ယောင်ဆောင်နေ တုန်းပဲ၊ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောပြီး သိုင်းဧကရာဇ်ဘိုင်ယု၏ အစစ်အမှန်မျက်နှာကို တိုက်ရိုက် ထုတ်ဖော် လိုက်သည်။
ချင်ယွင်၏စကားကိုကြားလျှင် သံသယဝင်လာသူ လူအများသည် သိုင်းဧကရာဇ် ဘိုင်ယုကို သံသယမျက်လုံးများဖြင့် ချက်ချင်း ကြည့်ကြသည်။
ချင်ယွင်က သူ့ကို လူမြင်ကွင်းမှာ ထုတ်ဖော်ပြောဆိုလာသည့်အခါ သိုင်းဧကရာဇ် ဘိုင်ယု၏ မျက်လုံးတွေက ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။
"မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာလား။ မင်း ငါ့ကို အသရေပျက်အောင် လုပ်ကြံ ပြောဆိုရင် ဘာဖြစ်လာမလဲဆိုတာ မင်းသိရဲ့လား။ သိက္ခာရှိတဲ့ သိုင်းဧကရာဇ်တစ်ပါး အနေနဲ့ ငါက မင်းကို ကြင်ကြင်နာနာနဲ့ အကြံပေးနေတာကွ။ မင်းက ငါ့ကို ဘယ်လို ပြောလိုက်တာလဲ" သိုင်းဧကရာဇ်ဘိုင်ယုက အေးစက်စွာ ပြောလိုက်ပြီး သူ့အသံမှာ သတ်လိုသည့်ဆန္ဒကို သယ်ဆောင်လာသည်။
"ဟမ့်၊ အသရေပျက်အောင် လုပ်ကြံပြောဆိုတာလား။ ခင်ဗျားသိုင်းဧကရာဇ်ဘိုင်ယုက ဘယ်လိုလူစားမျိုးလဲဆိုတာ ခင်ဗျားကိုယ်တိုင် မသိဘူးလား။ ခမ်းနားထည်ဝါတဲ့ သိုင်းဧကရာဇ်ဆိုတာက တကယ်ကို ရယ်စရာဟာသတစ်ခုပဲ။ ကျုပ်မျက်လုံးထဲမှာ တော့ ခင်ဗျားက ခွေးတစ်ကောင်လောက်တောင် အသုံးမကျဘူး။" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် အေးစက်စွာ ပြောလိုက်သည်။
"မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ!" သိုင်းဧကရာဇ်ဘိုင်ယုသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားသည်။
သူ၏လက်ထဲမှ ခေါက်ယပ်တောင်ကို ချက်ချင်းပိတ်သွားပြီး ရွှေရောင်အလင်းတန်း တစ်ခု က ချင်ယွင်ဆီကို အပြင်းအထန် ထိုးဖောက်ဝင်ရောက်သွားသည်။
ချင်ယွင်သည် သရော်ဟန်ဖြင့် လှောင်ရယ်ရယ်လိုက်ရင်း သူ၏လက်သီးများကို တင်းတင်းဆုပ်ထားကာ သိုင်းဧကရာဇ်ဘိုင်ယုကို ပြင်းထန်စွာ ထိုးနှက်ရန် ပြင်ဆင်နေ သည်။
ဘေးနားရှိ လူအုပ်ကြီးသည်လည်း တုန်လှုပ်သွားကြသည်။ သူတို့ရှေ့မှာရှိသည့် ဤလူငယ်သည် သိုင်းဧကရာဇ်ဘိုင်ယုကို ရန်စပြီး သိုင်းဧကရာဇ်ဘိုင်ယုကိုတောင် ပြန်ပြီးတိုက်ခိုက်ချင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
"တော်လောက်ပြီ!"
သို့သော် ချင်ယွင် ပေါက်ကွဲခါနီးတွင် သိုင်းဧကရာဇ်ဘိုင်ယုကို လုံးလုံး ထိခိုက်သွား စေမည့် ကျယ်လောင်သော ဟိန်းဟောက်သံက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်နှင့် သိုင်းဧကရာဇ်ဘိုင်ယုတို့ရှေ့မှာ မုတ်ဆိတ်မွေးနှင့် ခေါင်းဆောင် တစ်ယောက် ပေါ်လာသည်။
သူက လက်တဖက်ကို ညင်သာစွာဖြင့် ဝှေ့ယမ်းလိုက်ပြီး သိုင်းဧကရာဇ်ဘိုင်ယု၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
"ကျိဘိုင်ယု၊ ငါ သူတို့နှစ်ယောက်ကို သင်္ဘောပေါ် တက်ခွင့်ပြုမယ်။ မင်းထွက်သွားလို့ ရပြီ!" ကပ္ပတိန်ဗိုလ်မုတ်ဆိတ်က သိုင်းဧကရာဇ်ဘိုင်ယုကို မကျေမနပ်သည့် အမူအယာဖြင့် ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"ဒါပေမယ့် ကပ္ပတိန်" သိုင်းဧကရာဇ်ဘိုင်ယုက တခြားတစ်ခုခုကို ပြောချင်နေသည်။
"ဟမ့် ၊ ငါပြောတာက ရှင်းရှင်းလင်းလင်း မဟုတ်ဘူးလား။" ကပ္ပတိန်ကိုမုတ်ဆိတ်က အေးစက်စွာ အော်လိုက်သည်။
သိုင်းဧကရာဇ်ဘိုင်ယုသည် အနည်းငယ် ထိတ်လန့်သွားသည်။ သူ၏မျက်နှာပေါ်မှာ မလိုလားသည့် အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း ကပ္ပတိန်ကိုမုတ်ဆိတ်ကို အရှုံးပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
သူက ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက် သည် "ဟမ့်၊ ဒီနေ့က မင်းကံကောင်းတဲ့နေ့ပဲ၊ နောက်တစ်ခါ မင်းကို ငါ သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်"
ချင်ယွင်သည် သူ့စိတ်ထဲမှာ အထင်သေးဟန်ဖြင့် ပြောလိုက်သည် "ဒီနေ့ ကပ္ပတိန် ထွက်ပေါ်လာခြင်းကြောင့်သာ။ ဒီလိုမှမဟုတ်ရင် အခုအချိန်ဆို မင်း လဲလျောင်း နေရလောက်ပြီ။ နောက်တစ်ကြိမ် ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ်"။
သိုင်းဧကရာဇ်ဘိုင်ယုသည် အသတ်ခံရမည့်လူစာရင်းတွင် ပါဝင်သွားလေပြီ။
အမှန်တကယ်တော့ ချင်ယွင်သည် ကျိဘိုင်ယုကို နေရာမှာတင် သတ်ပစ်နိုင်သည်။ သို့သော်လည်း သူသည် ဤကိစ္စကို ကြီးကြီးမားမာ မဖြစ်စေချင်ခဲ့ပေ။ နောက်ဆုံးမှာတော့ သိုင်းဧကရာဇ်ဘိုင်ယုသည် ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသေးသည်။
အကယ်၍ သူသာ သိုင်းဧကရာဇ်ဘိုင်ယုကို တိုက်ရိုက်သတ်ပစ်လိုက်မည်ဆိုလျှင် ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့က သူ့ကို သင်္ဘောပေါ်တက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကပ္ပတိန်ကိုမုတ်ဆိတ်သည် ထွက်ပေါ်လာပြီး ဖြစ်သောကြောင့် သူ့ကို မျက်နှာသာမပေးလို့ မရပေ။
မည်သို့ပင်ဆိုစေကာမူ သိုင်းဧကရာဇ်ဘိုင်ယုသည် သူ့အား ပြဿနာလာရှာမည် မဟုတ်ဟု သူမယုံကြည်ပေ။ ထိုအချိန်ရောက်လျှင် သူသည် သိုင်းဧကရာဇ်ဘိုင်ယုကို တိုက်ရိုက် သတ်ပစ်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အကယ်၍ ပင်လယ်ပြင် ပို့ဆောင်ရေးအဖွဲ့က ဒေါသထွက်မည်ဆိုလျှင်ပင် သူအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သိုင်းဧကရာဇ်ဘိုင်ယု ထွက်သွားသည်ကိုမြင်လျှင် ကပ္ပတိန်ကိုမုတ်ဆိတ်၏ အမူအရာ က ပိုအေးစက်လာသည်။ သူက ချင်ယွင်ဘက်လှည့်ပြီး ပြောသည် "ကောင်လေး၊ မင်းရဲ့ အကျင့်စရိုက်တော့ကို ငါအရမ်းလေးစားပါတယ်၊ ဒါပေမယ့် မင်းက စိတ်မြန်လွန်းတယ်။ မင်းက အခုချိန်မှာ ကျိဘိုင်ယုရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ မင်း သူ့ကို ထိပ်တိုက်တွေ့ပြီး ရန်စလိုက်တာက မင်းအနေနဲ့ သူ့ကို တိုက်ရိုက်တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းတစ်ခု ပေးလိုက်သလိုပဲ။"
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကူကယ်ရာမဲ့ ပြုံးနေမိသည်။ "တကယ်လို့ စောစော လေးက ခင်ဗျားသာ ထွက်ပေါ်မလာခဲ့ဘူးဆိုရင် အခုချိန်မှာ ကျိဘိုင်ယုက မြေပြင်ပေါ် လဲကျနေမှာကိုတောင် ကျုပ်က စိုးရိမ်မိပါတယ်။"
သေချာသည်မှာ၊ ကပ္ပတိန်ကိုမုတ်ဆိတ်က သူ့အကျိုးအတွက် ပြောပေးနေသည်ကို သူသိပါတယ်၊ ထို့ကြောင့် သူလည်း တခြားဘာမှ မပြောချင်တော့ပေ။ သူက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည် "ကပ္ပတိန်ရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် "။
"ကောင်းပြီ၊ မင်း သင်္ဘောပေါ်တက်ပြီးနောက် မင်းရဲ့အခန်းမှာပဲနေဖို့ မမေ့ဦးနဲ့။ မဟုတ်ရင် ကျိဘိုင်ယုက မင်းနဲ့ရင်ဆိုင်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်သွားရင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။" ကပ္ပတိန်ကိုမုတ်ဆိတ်က ပြောသည်။
ချင်ယွင်သည် သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့သည့်ခံစားချက်က ပေါက်ကွဲထွက်လာ သော်လည်း သူသည် ခေါင်းညိတ်ပြပြီး ပြန်လည်ပြောဆိုရုံသာ တတ်နိုင်ပါသည် "ကျေးဇူးတင်ပါတယ် ကပ္ပတိန် ။ ကျွန်တော် နားလည်ပါပြီ"
ကပ္ပတိန်ကိုမုတ်ဆိတ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ရန်စီချီကို ဆွဲခေါ်သွားလိုက်သည်။ သို့သော်လည်း ထိုအဖြစ်အပျက်သည် သူ့စိတ်ထဲတွင် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။
ကပ္ပတိန်ကိုမုတ်ဆိတ်သည် အလွန်ကြမ်းတမ်းပုံပေါက်သော်လည်း ကြင်နာသနား တတ်သူ ဖြစ်သည်။ မူလက သူသည် ဤကိစ္စကို ဝင်ရောက် မစွက်ဖက်နိုင်သော်လည်း သူ ဝင်ရောက်စွက်ဖက်ခဲ့သည်။ ဆိုလိုသည်မှာ ကျိဘိုင်ယု၏ လုပ်ရပ်တွေနှင့် ပတ်သက် ပြီး သူက အသုံးမဝင်ဟု ဆိုလိုသည်။
ဟုတ်ပါသည်။ ချင်ယွင်က ကျိဘိုင်ယုကို သတ်ပစ်ရလိမ့်မည်။
ကပ္ပတိန်ကိုမုတ်ဆိတ်က သူ့အား သင်္ဘောပေါ်ရှိ အခန်းငယ်များထဲမှ မထွက်ရန် ပြောဆိုထားသော်လည်း သူက သဘာဝအတိုင်း နားမထောင်နိုင်ပေ။
ကျိဘိုင်ယုဆီကို ပုန်းနေရမှာလား။ ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ဟာသလဲ။
ယခုအချိန် သူအကြောက်ဆုံးအရာက ကျိဘိုင်ယုက သူ့ကို ပြဿနာလာမရှာမှာကိုပါ။ အကယ်၍ ကျိဘိုင်ယုက သူ့ကို ပြဿနာလာမရှာဘူးဆိုလျှင် သူ့ကိုသတ်ဖို့ ဘယ်လိုလုပ် ဆင်ခြေရှိနိုင်မှာလဲ ။
ထို့ကြောင့် သူသည် အပြင်သို့ထွက်ရုံသာမက ကျိဘိုင်ယုသည် သူ့ငါးစာကို လုံးဝ လာမဟပ်မချင်း ကျိဘိုင်ယု၏ရှေ့မှာ လှည့်လည်သွားလာနေရလိမ့်မည်။
ချင်ယွင်ထွက်သွားသည်ကိုမြင်လျှင် ကပ္ပတိန်ကိုမုတ်ဆိတ်၏ မျက်လုံးတွေထဲ သဘောကျမှု အရိပ်အယောင်တွေ ပေါ်လာသည်။ သူက ချင်ယွင်၏ အရှုံးမပေး တတ်သည့် အကျင့်စရိုက်ကို သဘောကျမိသည်။ သူ့ထက် အစွမ်းထက်သည့် ပြိုင်ဘက်ကို ရင်ဆိုင်ရန်အတွက် သူ၏တိုက်ခိုက်လိုစိတ်ကို ထိန်းသိမ်းဖို့က မလွယ်ပါဘူး။
သေချာသည်မှာ၊ ပေါက်ကွဲမူကို ခက်ခက်ထိန်းထားနိုင်ခြင်းက မှားယွင်းမူ မရှိနိုင်ပါဘူး။ ထို့ကြောင့် သူသည် ချင်ယွင်ကို သည်းခံရန် သတိပေးခဲ့သည်။ ချင်ယွင်က ခေါင်းညိတ် ပြီး လက်ခံသည်ကိုမြင်ရလျှင် ချင်ယွင်က သူ့စကားကို နားထောင်သွားပြီဟု သူ ထင်မိသည်။ ထို့ကြောင့် သူ့ကိုယ်သူ တီးတိုးပြောမိသည် "မင်းက ငါ ဆုံးမသွင်သင် ပေးဖူးတဲ့ ကလေးတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်လေ!"
သို့သော် ချင်ယွင်တွေးနေသည့် အတွေးများကို သူမသိခဲ့ပေ။ အကယ်၍ သူများ သိခဲ့လျှင် သူသည် ယခုလို သက်ပြင်းအမောကြီး ချကောင်းမှ ချမိပါလိမ့်မည်။