← Chapters

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

အခန်း (၄၁၁-၄၁၅)

Vol. 28 Ch. 411-415

အခန်း (၄၁၁) ကောင်းကင်ဘုံများထက်ကျော်လွန်၍ မြင့်မြတ်သော တက်လှမ်းခြင်း။

ချင်ယွင်နှင့် ရန်စီချီ သင်္ဘောပေါ်တက်ပြီးနောက် အခြားသူများသည်လည်း သင်္ဘောပေါ် တက်ကြသည်။

သင်္ဘောကြီးသည် အလွန်ကြီးမားသောကြောင့် သင်္ဘောခန်းထဲတွင် သဘာဝအတိုင်း အခန်းများစွာ ရှိပါသည်။ ချင်ယွင်နှင့် ရန်စီချီတို့သည်လည်း သူတို့ကိုယ်ပိုင်အခန်းများ ရကြသည်။

တစ်နာရီခန့်ပြီးနောက် နောက်ဆုံးတွင် သင်္ဘောကြီးသည် အဆုံးမဲ့ပင်လယ်ဆီသို့ ရွက်လွှင့်တော့သည်။

ပင်လယ်ပြင်ကိုဖြတ်ကူးသည့် ဤသင်္ဘောများအားလုံးကို အစီအရင်ဝင်္ကပါများဖြင့် မောင်းနှင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အမြန်နှုန်းမှာ နှေးကွေးခြင်းမရှိပေ။ ကြီးမားလှသော သင်္ဘောကိုယ်ထည်ကြီးသည် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ နက်ရှိုင်းသည့်ပင်လယ်ပြင်ကြီးဆီသို့ ရွက်လွှင့်နေသော ဧရာမဓားကြီးနှင့်တူလေသည်။

လှိုင်းလုံးများသည် သင်္ဘောကြီး၏လေးကိုင်းအထိ ရိုက်ခတ်ပြီး တစ်လုံးပြီးတစ်လုံး တဟုန်ထိုး မြင့်တက်လာလေသည်။ သို့သော်လည်း သင်္ဘောကိုယ်ထည်ကြီးသည် အလွန်တည်ငြိမ်နေပြီး ကုန်းပတ်ပေါ်တွင် လျှောက်သွားချိန်မှာပင် တုန်လှုပ်ခြင်း မရှိခဲ့ပေ။

ဤသင်္ဘောကြီးသည် သင်္ဘောကြီး၏ အစီအရင်ဝင်္ကပါဖြင့် ထောက်ပံ့ပေးပြီးမှသာ အလွန်တည်ငြိမ်မည်ဟု ချင်ယွင် ခန့်မှန်းခဲ့သည်။ ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့သည် ဤသင်္ဘောကိုတည်ဆောက်ရန်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရပုံရသည်။

အစီအရင်ဝင်္ကပါများကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ဤအရာအားလုံးသည် ရေခဲတောင်ကြီးတစ်ခု၏ အစွန်အဖျားသာသာဘဲ ဖြစ်သည်။ ၎င်းအစီအရင်ဝင်္ကပါများ သည် အစွမ်းထက်ရုံသာမက မတူကွဲပြားသော လုပ်ဆောင်ချက်များစွာလည်း ပါရှိ သည်။

အကယ်၍ သင်သည် အင်မော်တယ်ကမ္ဘာတွင် ရှိနေပါက၊ အစီအရင်ဝင်္ကပါများကို သင်မြင်နိုင်သည့် နေရာများစွာမှာ သင်တွေ့နိုင်မည် ဖြစ်ပါသည်။ ၎င်းအစီအရင်ဝင်္ကပါ များသည် တိုင်းတာ၍ မရနိုင်သလို အံ့သြဖွယ်လည်း ကောင်းလှသည်။ ထိုနေရာတွင် အစီအရင်မှော်ပညာရှင်များသည် အစစ်အမှန် ဆွဲဆောင်ခံရသူများ ဖြစ်ကြသည်။

ချင်ယွင်သည် ရန်စီချီကို ကိုင်ထားပြီး ကုန်းပတ်ပေါ် လျှောက်သွားလိုက်သည်။ သူတို့သည် သင်္ဘောလေးကိုင်းနားမှာ ရပ်ပြီး အဆုံးအစမရှိသည့် ပင်လယ်ပြင်ကြီးကို ကြည့်လိုက်သည်။ ပင်လယ်လေပြေလေညင်းက သူ၏မျက်နှာကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် သူ့အား ဖော်မပြနိုင်သော သက်သောင့်သက်သာ ခံစားမူနှင့်အတူ ပျော်ရွှင်မှုကို ပေးစွမ်းသည်။

ဤမျှကျယ်ဝန်းသော ပင်လယ်ကြီးကို ရင်ဆိုင်ကြည့်ရူရင်း ချင်ယွင်သည် ဖန်ဆင်းရှင်၏ အံ့ဖွယ်ကောင်းမှုကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

ဤနေရာရှိ သေမျိုးများသည် မသိနိုင်သော်လည်း အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာ သူ တစ်ယောင်အနေဖြင့် ဤနေရာသည် သန်းပေါင်းများစွာသော သေမျိုးဂြိုလ်များစွာ ထဲမှ တစ်ခုသာဖြစ်ကြောင်း သဘာဝကျကျ ချင်ယွင် သိထားသည်။

ထျန်းယွန်ဟုခေါ်သော တိုက်ကြီး၊ ကောင်းကင်နဂါးတိုက်ကြီးနှင့် တွင်းနက်မဲ့ပင်လယ် ကြီးတို့သည် ဤသေမျိုးကမ္ဘာကြီး၏ တိုက်ကြီးများနှင့် သမုဒ္ဒရာကြီးများသာ ဖြစ်ကြပါ သည်။ ကျယ်ပြောလှသော စကြဝဠာကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် သမုဒ္ဒရာ အတွင်းမှ တစ်စက်မျှသာ ဖြစ်သည်။

ယင်းက 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်၏ ပထမဝါကျမှာ ပါသော “ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်၊ စကြာဝဠာ ကြီး၏ ရှေးဟောင်းခေတ်ပျက်သုဉ်းခြင်း၊ စသောစာသားများကို ချင်ယွင်ကို အမှတ်ရ စေသည်။

“စကြာဝဠာဆိုတာ ဘာလဲ။”

“ရှေးဟောင်းခေတ်ပျက်သုဉ်းခြင်းဆိုတာ ဘာလဲ။”

ဤသည်မှာ မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ်များ ရှေးခေတ်ကတည်းက စဉ်းစားနေခဲ့သော မေးခွန်းဖြစ်သည်။ သူတို့သည် တာအိုကို နားလည်ကြပြီး စကြဝဠာကြီး၏ မရှိမဖြစ်လိုအပ်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေနေကြ သော်လည်း ၎င်း၏ အစစ်အမှန်အသွင်အပြင်ကို မည်သူမျှ မမြင်ဖူးပေ။

“တာအိုဟာ တကယ်ပဲ အဆုံးမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။”

ချင်ယွင်သည် မနေနိုင်ဘဲ လေးလေးနက်နက် တွေးတောနေရင်း တခဏအတွင်းမှာ အတွေးရေယာဉ်ကြောထဲ နစ်မြုပ်သွားခဲ့သည်။ လူတွေဟာ ' တာအို ' ဟူသော စကား လုံး တစ်လုံးတည်းအတွက် ရှေ့တိုးနောက်ငင် ကျင့်ကြံခဲ့ကြသည်။ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း ဖြစ်စေ သို့မဟုတ် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံခြင်း ဖြစ်စေ၊ အဆုံးတွင် ' တာအို ' ၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ပေ။

' တာအို 'သည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ သဘာဝနိယာမဖြစ်ပြီး အရာခပ်သိမ်း၏ ကြီးထွားမှုကိုလည်း ကန့်သတ်ထားသည်။

တာအိုကို နားလည်ပြီး တာအို၏ ကန့်သတ်ချက်များကို ချိုးဖျက်ခြင်းဖြင့်သာ သင်၏ ကျင့်ကြံမှုလမ်းကြောင်သည် ပိုမိုရှည်လျားစွာ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ချင်ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ နောက်ဆုံးတွင် သူ၏နယ်ပယ်သည် အလွန်နိမ့်ကျနေသေးပါသည်။

ယခုအချိန်တွင်၊ သူ၏ သစ်သားစွမ်းသဘောတရားသည် သိမ်မွေ့နက်နဲနယ်ပယ်ထဲသို့ ဝင်ရောက်လာရုံသာရှိသေးပြီး၊ ထိုထင်ယောင်ထင်မှားဖြစ်နေသည့် “တာအို” ဆိုသည် ကို အသာထား၊ သူသည် သိမ်မွေ့နက်နဲနယ်ပယ်၏ နှလုံးသားကိုပင် မသိပ်သည်းနိုင် သေးပေ။

"ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ ဒီနေ့မှ မနက်ဖြန်အထိ နေရာတိုင်းမှာ၊”

ချင်ယွင်သည် သူ၏စိတ်ကို ချုပ်တည်းထားတော့မည့် အချိန်မှာ စကားတစ်ခွန်းက သူ၏ စိတ်ထဲမှာ ရုတ်တရက်ဆိုသလို အလိုလို ပေါက်ကွဲထွက်သွားသည်။

ချင်ယွင်သည် ရုတ်တရက် တုန်လှုပ်သွားပြီး ဤစာကြောင်း၏ အကြောင်းအရာကြောင့် သူ၏စိတ်ဝိညာဉ်သည် ချက်ချင်း စွဲဆောင်ခံလိုက်ရသည်။

"ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ နေရာပေါင်းစုံမှာ စကြာဝဠာကြီး ရှိနေကြ တယ်"

ချင်ယွင်သည် ထိုစာကြောင်းကို ဆက်ပြောနေခဲ့သည်။ သူပို၍ပြောလေလေ ပို၍ အရသာတွေ့လာလေဖြစ်ပြီး သူ၏နှလုံးသားကို ပို၍တုန်လှုပ်စေလေ ဖြစ်သည်။

ရုတ်တရက်ဆိုသလို၊ တော်ဝင်တာအို၏ ပဲ့တင်ထပ်သံသည် ချင်ယွင်၏နားထဲတွင် ထွက်ပေါ်လာသည်။ ချင်ယွင်၏ မျက်လုံးများ မပြောင်းလဲမီ အရာအားလုံးက စတင် ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် ကျယ်ပြောလှသော စကြဝဠာကြီး၏ လေဟာနယ်ထဲ မှာ ရပ်နေပုံရသည်။ ဤစကြာဝဠာကြီးသည် သူ၏ရှေ့တွင် လျင်မြန်စွာ ပြောင်းလဲလာ သည်။ စကြာဝဠာကြီးသည် ထာဝရကာလမှ ယနေ့အထိ နှစ်သန်းပေါင်း ရာနှင့်ချီပြီး တည်တံ့ခဲ့သည်။

ချင်ယွင်၏ စိတ်ထဲတွင် ထူးဆန်းသော ဉာဏ်အလင်းတစ်ခု စတင်ပေါ်ပေါက်လာသည်။ ဤအရာသည် ထင်ယောင်ထင်မှား ဝေဝေဝါးဝါးသာ ဖြစ်ခဲ့သော်လည်း ချင်ယွင်သည် တုနှိုင်းမရအောင် သိမ်မွေ့နက်နဲသည့် ဉာဏ်အလင်းကို ဆုပ်ကိုင်မိချင်သလို ဖြစ်နေ ပါသည်။

ရုတ်တရက် စကြဝဠာကြီးသည် ပြိုကျသွားခဲ့ပြီး ကြယ်တွေလည်း ကြွေကျသွားကာ သူ၏ရှေ့မှာရှိသည့်မြင်ကွင်းက အဆုံးအစမရှိသည့် သမုဒ္ဒရာကြီးဆီ ပြန်ရောက် သွားခဲ့သည်။

"မင်း ကျရှုံးခဲ့တာလား?" ချင်ယွင်၏ အသိစိတ်တွေ ပြန်ပေါ်လာခဲ့ပြီး သူ၏ မျက်လုံးထဲမှာ စိတ်ပျက်သည့် အရိပ်အယောင်တွေ ပေါ်လာသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ အကြံဉာဏ်များကို အားကိုးရင်း သူသည် ယခုလေး တင် လျှို့ဝှက်ဆန်းကြယ်သော ဉာဏ်အလင်းရနိင်သည့် နယ်ပယ်တစ်ခုထဲသို့ ရောက်သွားခဲ့သည်။ သူသည် ကောင်းကင်ဘုံကို ဖြတ်သန်းသွားလာပြီး စကြာဝဠာကြီး၏ တော်ဝင်တာအိုကို ထိမိလုနီးပါးဖြစ်ခဲ့ပြီး စကြာဝဠာကြီး၏ ဆင့်ကဲ ဖြစ်စဉ်၏ အမှန်တရားကို နားလည်လာခဲ့သည်။ သို့သော် သူ မအောင်မြင်သေးပါ။ ထိုဉာဏ်အလင်းတစွန်းတစသည် သူ၏စိတ်ထဲမှာလည်း ပျောက်ကွယ်သွားခဲ့ပြီး သိမ်မွေ့နက်နဲသည့် ခံစားမှုတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"ကောင်လေး၊ မင်း ကျေနပ်သင့်ပါတယ်လေ။ တကယ်လို့ မင်းသာ စကြဝဠာကြီးရဲ့ တော်ဝင်တာအိုကို လွယ်လွယ်ကူကူ နားလည်နိုင်ခဲ့ရင် အင်မော်တယ်ကမ္ဘာကြီးက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ အင်မော်တယ်ဧကရာဇ်တွေနဲ့ ပြည့်နေတော့မှာပေါ့။" ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ် လာသည်။

အစောပိုင်းတုန်းက ချင်ယွင်သည် ပင်လယ်ပြင်ခရီးဖြတ်ရာသန်းရာမှ တာအိုသဘော တရားကို နားလည်လာစဉ် ဉာဏ်အလင်း၏ အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူသည် တစ်ခုခုကို ပြောပြပေးခဲ့သည်။ ဤကောင်လေး၏ ထိုးထွင်းသိမြင်မူဉာဏ်အမြင်က တကယ်ကို မြင့်မားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် အခြားသူများ အိပ်မက်မက်ခဲ့ရသည့် ဉာဏ်အလင်းရခြင်း၏ နယ်ပယ်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားခဲ့သည်။ သူသည် ကောင်းကင်ဘုံများကို ကျော်လွန်အောင် ခရီးထွက်ခဲ့ပြီး စကြဝဠာကြီး၏ တော်ဝင် တာအို၏ အမှန်တရား တစွန်းတစကို ရိပ်မိလုနီးပါး ဖြစ်နေခဲ့သည်။

ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်၏ စကားကို ကြားသောအခါတွင် သူ၏ စိတ်ထဲတွင် ကျေနပ်နှစ်သက်မှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။ အမှန်တကယ် လည်း သူသည် စကြဝဠာကြီး၏ စစ်မှန်သော တော်ဝင်တာအိုကို နားလည်ရန်အတွက် အလွန်လွယ်ကူခဲ့ပါသည်၊ သူ့ထက် ကျင့်ကြံမူနယ်ပယ် မည်မျှမြင့်မားမှန်း မသိနိုင်သော ထိုအင်မော်တယ် ဧကရာဇ်များပင်လျှင် သိနိုင်လိမ့်မည်မဟုတ်ပေ။

"ဟုတ်ပါတယ်လေ။ အခုအချိန်မှာ မင်းရဲ့ဉာဏ်အလင်းပွင့်ခြင်းက ဘာမှမရတာတော့ မဟုတ်ပါဘူး။ ကောင်လေး၊ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စစ်ဆေးကြည့်လိုက်ပါ။" ရှေးဟောင်းတာအို ဆရာသခင်က သတိပေးသည်။

ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် စစ်ဆေးကြည့်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

"အယ်။ အထွတ်အထိပ် သိုင်းဧကရာဇ်နယ်ပယ်ကနေ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ဘယ်လိုလုပ် ဖြတ်ကျော်သွားခဲ့တာလဲ။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"ကောင်လေး၊ ဒါက မင်းရဲ့ဉာဏ်အလင်းပွင့်ခြင်းရဲ့ အကျိုးကျေးဇူးပဲပေါ့။ တော်ဝင် တာအိုရဲ့ အမှန်တရားကို မင်း နားမလည်နိုင်ပေမယ့် ကောင်းကင်ဘုံတွေကို ဖြတ်လျှောက်သွားတဲ့အခါ မင်းရဲ့ စိတ်ဝိဥာဉ်ကလည်း ပိုသန်မာလာခဲ့တယ်။ အဲဒါကြောင့် မင်းရဲ့စိတ်ဝိညာဉ်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော် သွားခဲ့တာပဲ။ " ရှေးဟောင်းတာအို ဆရာသခင်က ပြောပြပါသည်။

ချင်ယွင်၏မျက်နှာက ဖော်ပြလို့မရအောင် စိတ်လှုပ်ရှားနေသည့် အမူအယာ ပေါ်လာပြီး သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ဉာဏ်အလင်းပွင့်ခြင်းက ဒီလိုအကျိုး ကျေးဇူးတွေ ရလာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ဒီထက်ပိုပြီး အကြိမ် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အစစ်အမှန် အင်မော်တယ်နယ်ပယ်ဆီ ပြန်ပို့ပေးနိုင်မှာ မဟုတ်ဘူးလား။ ?"

"ဖူး!" အကယ်၍ ရှေးဟောင်းတာအိုဆရာသခင်သာ သူ့စ၏တ်ဝိညာဉ် အခြေအနေမှာ သာ ရှိမနေဘူးဆိုလျှင် ချင်ယွင်၏စကားကြောင့် ဒေါသထွက်လွန်ပြီး သွေးအန်သွား လိမ့်မည်။

ဤအကောင်သည် သူဝါးနိုင်တာထက် ပိုစားချင်နေသည်။ ဉာဏ်အလင်းပွင့်ခြင်းကို ရရှိဖို့က သူ့အတွက် မည်သို့ လွယ်ကူနိုင်မည်နည်း။ ဉာဏ်အလင်းပွင့်ခြင်းသည် အချိန်နှင့်နေရာတစ်ခု၏ ပြီးပြည့်စုံသော ပေါင်းစပ်မှု လိုအပ်သည်။ သို့မှသာ သူသည် ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အချို့သောလူများသည် ဉာဏ်အလင်းပွင့်ခြင်းကိုရရှိရန်ပင် အခွင့်အရေးမရှိဘဲ သူတို့၏ ဘဝတစ်ခုလုံးကို ကုန်ဆုံးသွားရသည်။ ဤကောင်စုတ်လေးက ကံကောင်းလှသည်။ သူသည် ထိုကဲ့သိုလုပ်ဆောင်နိုင်ရန် အကြိမ်အနည်းငယ်သာ ပြင်ဆင်ထားရသည်။ သူ စိတ်မဆိုးဘဲ နေမည်တဲ့လား။

ချင်ယွင်သည် အလွန်ဝမ်းသာသွားသည်။ ဤဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက်တွင်၊ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အစောပိုင်းအဆင့် တာအို ငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်အထိ ချိုးဖျက်နိုင်ခဲ့ရုံသာမက သူ၏ပင်ကိုစိတ်မှာလည်း အလွန် သိမ်မွေ့နူးညံ့သည့်အငွေ့အသက်များ ပိုင်ဆိုင်ထားသည်ကို သူတွေ့ရှိခဲ့သည်။

ရန်စီချီသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို သဘာဝအတိုင်း ခံစားနိုင်သည်။ အပြောင်းအလဲတွေက မည်သည့်နေရာမှ ဖြစ်ပေါ်လာသည်ကိုတော့ မပြောနိုင်သေးပါဘူး။ အတိုချုပ်ပြောရလျှင် သူသည် ပို၍ပင်ဆွဲဆောင်မှုရှိလာသည်။ ချင်ယွင်ထံမှ သူမ၏မျက်လုံးများကို မခွာနိုင်စေရန် ပြင်းထန်သောဆွဲငင်အားတစ်ခု ရှိနေသည့်အတိုင်းပင် ဖြစ်နေသည်။

ချင်ယွင်သည် ပြုံးလိုက်သည်။ သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအား အဆင့်ချိုးဖြတ် ခြင်း၏ ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်နေပြီ ဖြစ်သည်။

ဘန်း!

သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် သင်္ဘောတစ်ခုလုံးကို ဖြန့်ကျက်ပြီး ပျံ့နှံ့သွားသည်။

သင်္ဘောအတွင်းရှိ အခန်းအားလုံးသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။

အချို့က ကျင့်ကြံနေကြပြီး အချို့က ကျင့်ကြံခြင်းပညာရပ်များအပေါ် နားလည် ဆင်ခြင်နေကြသည်။ ဟုတ်ပါသည်၊ အတူတူပျော်ပါးနေသည့် နွေဦးနန်းတော် မြင်ကွင်း မျိုးလည်း ရှိနေခဲ့ပါသည်။

ချင်ယွင်သည် ပြုံးပြီး ခေါင်းခါလိုက်မိသည်။ သူသည် ဤအရာများကို စိတ်မဝင်စားဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက် တိုးချဲ့နေခဲ့သည်။

ရုတ်တရက် သင်္ဘော၏ ဒုတိယထပ်ရှိ အခန်းတစ်ခုဆီသို့ သူ၏စိတ်ဝိညာဉ်စွမ်းအားက ဆွဲဆောင်သွားခဲ့သည်။ ထိုအခန်းထဲတွင် လူသုံးယောက်သည် တစ်စုံတစ်ခုကို ဆွေးနွေး တိုင်ပင်နေကြသကဲ့သို့ စုဝေးနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက မထိန်းနိုင်ဘဲ အေးစက်စက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဤလူသုံးယောက်သည် ပင်လယ်ပြင်ပို့ဆောင်ရေးအဖွဲ့မှ ဖိတ်ကြားရန်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သော သိုင်းဧကရာဇ် သုံးယောက်မှ လွဲ၍ အခြားသူများ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုအထဲတွင် သိုင်းဧကရာဇ်ဘိုင်ယုလည်း ပါဝင်ပါသည်။

အခန်း (၄၁၂) ခွေးမသားသုံးယောက်။

သင်္ဘော၏ကိုယ်ထည်ကြီးသည် အလွန်ကြီးမားသောကြောင့် အခန်းကို သုံးထပ်ခွဲထား သည်။

ပထမထပ်တွင် အခန်းပေါင်းတစ်ရာကျော်ရှိပြီး သာမန်ခရီးသည်များအတွက်ဖြစ်သည်။

ချင်ယွင် နှင့် ရန်စီချီတို့သည် ဤထပ်တွင် နေထိုင်ကြသည်။

ဒုတိယထပ်သည် အထူးပုဂ္ဂိုလ်များ၏ ဧရိယာဖြစ်သည်။ အခန်းဆယ်ခန်းသာ ရှိသည်။ ဥပမာအားဖြင့်၊ သိုင်းဧကရာဇ်ဘိုင်ယု၊ သိုင်းဧကရာဇ်ရှီချန်းနှင့် သိုင်းဧကရာဇ်ယုချန်းတို့ အားလုံးသည် ဤဒုတိယထပ်တွင် နေထိုင်ကြသည်။ ပထမထပ်မှ လူများသည် ဤဒုတိယအထပ်အပေါ်ကို ခြေချခွင့်မပေးပါဘူး။

တတိယထပ်တွင် အခန်းတစ်ခန်းသာရှိသည်။ အရမ်းကိုလေးစားရသည့် ဧည့်သည် တော်တွေသာ ခြေချနိုင်ကြပါသည်။ ကပ္ပတိန်တောင်မှ ထိုအခန်းမှာ နေထိုင်ရန် အရည်အချင်းမရှိပါဘူး။ ထိုအခန်းသည် အမြဲတမ်းလိုလို ဗလာဖြစ်နေတတ်သည်။

သို့သော် ချန်မင်ရှီ ရောက်ရှိလာသောကြောင့် သူမအတွက် တတိယထပ်ကို အထူးအနေ ဖြင့် ဖွင့်ပေးထားခဲ့သည်။ ဤအချက်မှကြည့်လျှင် သူမ၏ကိုယ်ရေး အချက်အလက် သည် အမှန်တကယ်ပင် ထူးခြားသည်ဟု မြင်နိုင်ပါသည်။

ထိုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်ကျယ်ဝန်းသော ဒုတိယထပ်ရှိ အခန်းတစ်ခန်းကို လွှမ်းခြုံထားသည်။

အခန်းအတွင်းရှိ ထိုင်ခုံများနှင့် ကုတင်များသည် သာမန်အခန်းများနှင့် မတူဘဲ အတွင်းပိုင်းအလှဆင်မှုများသည် ထိပ်တန်းအဆင့်ရှိ တည်းခိုခန်းများထက်ပင် များစွာပို၍ ဇိမ်ရှိလှပါသည်။

သိုင်းဧကရာဇ်ဘိုင်ယု၊ အနောက်ပိုင်းမြို့တော် သိုင်းဧကရာဇ် (သိုင်းဧကရာဇ်ရှီချန်း) နှင့် လေအင်ပါယာသိုင်းဧကရာဇ် (သိုင်းဧကရာဇ်ယုချန်း)တို့သည် စားပွဲဝိုင်းကို ဝိုင်းရံပြီး ထိုင်နေကြသည်။

“အစ်ကိုကြီး၊ မင်း ဒီတစ်ခါ ပင်လယ်ထဲ လိုက်ပါစောင့်ကြပ်မယ်လို့ ကတိပေးခဲ့တာက တတိယအထပ်က မိန်းမအတွက်ကြောင့်လား? အဲဒီအမျိုးသမီးရဲ့ စိတ်နေစိတ်ထားနဲ့ ရုပ်ရည်အသွင်အပြင်က အမှန်တကယ် ကောင်းမွန်ပါတယ်။ သူမမျက်နှာကို မျက်နှာ အကာကွယ်နှင့် ဖုံးလွှမ်းထားတဲ့အတွက် သူမဘယ်လိုပုံစံရှိလဲ မသိနိုင်ဘူး။ သူမက အမှန်တကယ် ကောင်းကင်အင်မော်တယ်တစ်ယောက်လို လှပနေတယ်ဆိုရင်တောင် ဒီလောက်ကြီးမားတဲ့ စွန့်စားမူမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။ ပင်လယ်ပြင်ပို့ဆောင်ရေး အဖွဲ့က ပင်လယ်ပြင်ထဲကို ဆယ်ကြိမ်ထွက်သွားရင်တောင် သုံးကြိမ်လောက်က ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုတာကို သိထားရမယ်။ ဒါ့ထက် တကယ်လို့ သူတို့က ခုခံနိုင်တယ်ဆိုရင်တောင် ထက်ဝက်ကျော်လောက်က သေဆုံးသွားရလိမ့် မယ်။ တကယ်လို့ သူတို့က ကောင်းကင်နဂါးတိုက်ကြီးကို အမှန်တကယ် ရောက်နိုင်ရင်တောင် မိန်းမတစ်ယောက်အတွက်နဲ့ ဘာလို့ ဒီလောက် ကြီးမားတဲ့ စွန့်စားမူမျိုး လုပ်ရမှာလဲ” သိုင်းဧကရာဇ်ရှီချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။

အပြင်ကကမ္ဘာရှိလူများသည် သိုင်းဧကရာဇ်ဘိုင်ယု၊ သိုင်းဧကရာဇ်ရှီချန်းနှင့် သိုင်းဧကရာဇ်ယုချန်းတို့ကို ကောင်းမွန်သောဆက်ဆံရေးရှိသူများဟုသာ သိထားကြ သည်။ ထို့အပြင် သူတို့သုံးဦးသည် ညီအစ်ကိုများဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။

၎င်းတို့အနက် သိုင်းဧကရာဇ်ဘိုင်ယုသည် အသက်အငယ်ဆုံး ဖြစ်ပြီး အသက် ၂၆ နှစ် သာ ရှိသေးသည်။ သူသည် အဆင့်သုံးမှာ ဖြစ်သည်။ သူ၏စွမ်းအားသည် သိုင်းဧကရာဇ် နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာတွင် ဖြစ်သည်။ သူသည် ကြောင်သူတော် တစ်ယောက်နှင့်တူပြီး ကောက်ကျစ်ယုတ်မာသူ ဖြစ်သည်။ သူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သူ၏သည်းခံနိုင်စွမ်းက ထူးကဲလှသည်။ သို့သော် အမှန်တကယ်တော့ သူ့စိတ်ထဲတွင် သိမ်ငယ်နေပါသည်။ သူသည် သူ့ကို စော်ကားသူများကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမည့် လူစားမျိုးဖြစ်သည်။

သိုင်းဧကရာဇ်ရှီချန်းသည် အသက်သုံးဆယ့်လေးနှစ်ရှိပြီး အဆင့်နှစ်ဖြစ်သည်။ သူ၏ စွမ်းအားသည် သိုင်းဧကရာဇ်ဘိုင်ယုထက် အနည်းငယ် မြင့်မားပြီး ဧကရာဇ်နယ်ပယ် ၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည် ။ သူ့စိတ်က အတော်လေး ဗရမ်းဗတာနိုင်ပြီး တုံးအမိုက်မဲအလွန်မိုက်မဲသည်။ ထို့အပြင် သူက ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ သူ၏နည်းလမ်းတွေက ရက်စက်ပြီး ကြောက်စရာ ကောင်းသည်။ အပြစ်မဲ့ မိန်းကလေး အများအပြားကို မုဒိမ်းကျင့်ခဲ့ဖူး သည်။

သိုင်းဧကရာဇ်ယုဖန်းသည် အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီ ဖြစ်သည်။ သူသည် ဉာဏ်အမြော်အမြင်ကြီးမားဆုံး ဖြစ်ပြီး သုံးယောက်ထဲတွင် အသန်ဆုံးလည်း ဖြစ်သည်။ မကြာသေးမီက သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏နည်းလမ်းတွေကလည်း အမြဲတမ်း ရက်စက် ကြမ်းကြုတ်ပြီး သူ၏အကျင့်စရိုက်ကလည်း အလွန့်လွန် ယုတ်ညံ့လွန်းသည်။

သူတို့သုံးယောက်သည် ညီအစ်ကိုများအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်ရခြင်း၏ အကြောင်းရင်းမှာလည်း သူတို့၏ယုတ်မာဆိုးသွမ်းသည့် အကျင့်စရိုက်များ ကြောင့်သာ မက အလှပများနှင့်ပတ်သက်ရင် အလွန့်အလွန် အလိုရမ္မက်ကြီးသော ကြောင့်လည်း ဖြစ်သည်။

မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများသည် သူတို့၏လက်၌ ကြေကွဲ ဝမ်းနည်းဖွယ်အဖြစ်ဖြင့် သေဆုံးသွားခဲ့ကြရသည်။ သို့သော်လည်း ပြင်ပကမ္ဘာမှာတော့ သူတို့သည် နာမည်ကောင်းဖြင့် ကျော်ကြားသူများအဖြစ် အမြဲလိုလို ထွက်ပေါ်နေကြ သော်လည်း သူတို့အားလုံးသည် လူ့အရေပြားကိုခြုံထားသော သားရဲများဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။

သိုင်းဧကရာဇ်ယုဖန်း၏ မျက်ခုံးမွှေးများသည် အေးစက်ပြီး တည်ငြိမ်နေကာ သူ့တွင် ကြီးမြတ်သော စိတ်ထားရှိနေပုံရသည်။ သူသည် သူ့ဒုတိယညီ၏ အမေးကိုကြားလျှင် သူက ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောသည် "ဟမ့်၊ မင်း ဘာသိလဲ? သူမရဲ့အလှအပအတွက်ကြောင့်သာ ဒီစောင့်ကြပ်ရေးတာဝန်ကို ငါ သဘောတူတာလို့ မင်းက တကယ်ထင်နေတာလား။"

"ဒါဆို ဘာအတွက်လဲ?" သိုင်းဧကရာဇ်ရှီချန်းသည် ဝေခွဲမရဖြစ်သွားပြီး သူ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အမူအရာများ ပြည့်နှက်နေသည်။

သိုင်းဧကရာဇ်ယုဖန်းသည် သူ၏မိုက်မဲလှသော ဒုတိယညီတော်၏ မေးခွန်းကို ဖြေရန် အလွန်ပျင်းရိလွန်းနေသကဲ့သို့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တစ်ဖက်မှ သိုင်းဧကရာဇ်ဘိုင်ယုသည် သည်းမခံနိုင်တော့ပေ။ သူက ကြင်နာစွာဖြင့် သတိပေးလိုက်သည် "ဒုတိယအစ်ကို၊ အနာဂတ်မှာ မေးခွန်းတွေ မေးဖို့ဆိုရင် မင်း ဦးနှောက်ကို အသုံးပြုနိုင်မလား? အစ်ကိုကြီးရဲ့ လက်ရှိအင်အား၊ အဆင့်အတန်းနဲ့ ဆိုရင် သူလိုချင်တဲ့ မိန်းမလှမျိုးကို မင်း စဉ်းစားကြည့်လိုက်စမ်း။ သူက မိန်းမတစ်ယောက်အတွက် ဘာလို့ အသက်စွန့်ရမှာလဲ"

သိုင်းဧကရာဇ်ရှီချန်းက သူ၏ခေါင်းကို ကုတ်လိုက်ပြီး သူ၏စိတ်ရှုပ်ထွေးမှု အမူအရာကို ဖော်ပြသည်။

သိုင်းဧကရာဇ်ဘိုင်ယုသည် ပြောစရာစကားမဲ့သွားရသည်။ သူက ဆက်ရှင်းပြရုံသာ တတ်နိုင်တော့သည် “ဒုတိယအစ်ကို၊ ပင်လယ်ပြင် ပို့ဆောင်ရေးအဖွဲ့ဟာ တိုက်ကြီး နှစ်တိုက်ကြားမှာ မကြာခဏ ခရီးသွားလေ့ရှိတယ်၊ တော်ဝင်ရန်အင်ပါယာမှာရှိတဲ့ သူတို့ရဲ့ အဆင့်အတန်းက သာမန်ထက်ထူးကဲတယ်လို့ ယူဆနိုင်တယ်။ သူတို့ကို အခုလို အများကြီး အာရုံစိုက်ရအောင်လုပ်နိုင်တဲ့ တစ်စုံတစ်ယောက်ဆိုတော့ မင်း စဉ်းစားကြည့်ပေါ့။ အဲဒီလူကလည်း ကောင်းကင်နဂါးတိုက်ကြီးမှာ အဆင့်တန်း မြင့်မားသူ ဖြစ်နေမှာပဲလေ။ ငါတို့အစ်ကိုကြီးက အဲဒီအမျိုးသမီးကို သိမ်းပိုက်နိုင်တာနဲ့ သူက ကောင်းကင်နဂါးတိုက်ကြီးမှာရှိတဲ့ အဲဒီအင်အားစုတွေထဲ ဝင်ရောက်ခွင့်ရတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီလိုနည်းနဲ့ ငါတို့ကလည်း ကောင်းကင်နဂါးတိုက်ကြီးမှာ ကိုယ့်ကိုကိုယ် မြန်မြန်ဆန်ဆန် ထူထောင်နိုင်မှာ မဟုတ်ဘူးလား။”

“ဒါဆို ဒီလိုပေါ့။ အစ်ကိုကြီးက တကယ်ကို ထက်မြက်တယ်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်ပစ်နိုင်တာက ကောင်းတယ်လို့ဆိုလိုတာ မဟုတ်ဘူးလား။ ဒါပေမယ့် အစ်ကိုကြီး၊ ငါတို့က ကောင်းကင်ဘုံနဂါးတိုက်ကြီးမှာ အမြဲထာဝရ နေထိုင် ရမှာလား” ဟု သိုင်းဧကရာဇ်ရှီချန်းက ကမန်းကတန်း ချီးကျူးရင်း ပြောလိုက်သည်။

သိုင်းဧကရာဇ်ယုဖန်းသည် သိုင်းဧကရာဇ်ရှီချန်း၏ စကားကိုကြားသောအခါ၊ "ရှီချန်း ကျင့်ကြံမူ အရင်းအမြစ်တွေအရဆိုရင် ထျန်းယွန်တိုက်ကြီးရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုက ကောင်းကင်နဂါးတိုက်ကြီးအောက် အဆပေါင်းများစွာ နိမ့်ပါးလွန်း တယ်။ မင်းအတွက် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့က မဖြစ်နိုင် သလောက်ပါပဲ။ မင်း တကယ်ပဲ တစ်သက်လုံး သိုင်းဧကရာဇ်တစ်ပါးအဖြစ်ပဲ နေချင်တာလား”။

"မနေပါဘူး၊ အစ်ကိုကြီး၊ အစ်ကိုကြီး ဘာကိုဆိုလိုမှန်း ငါ နားလည်ပါပြီ။ ကောင်းပြီ၊ ငါတို့သုံးယောက် ကောင်းကင်ဘုံနဂါးတိုက်ကြီးကို အတူတူသွားကြမယ်။ ကောင်းကင် နဂါးတိုက်ကြီးမှာရှိတဲ့ အမျိုးသမီးကျင့်ကြံသူတွေအားလုံးက ပန်းလေးတွေလို လှပပြီး ထူးကဲတဲ့ စိတ်နေသဘောထား ရှိကြတယ်လို့ ငါကြားဖူးတယ်။ အချိန်တန်ရင် သူမတို့ အရသာကို သေချာပေါက် ငါ မြည်းစမ်းကြည့်ရမယ်" သိုင်းဧကရာဇ်ရှီချန်းက အလောတကြီး အခိုင်အမာ ပြောလိုက်သည်။

သိုင်းဧကရာဇ်ဘိုင်ယုနှင့် သိုင်းဧကရာဇ်ယုဖန်းတို့သည် သူ၏စကားကြားသောအခါတွင် သူတို့နှစ်ဦးစလုံးသည် ယုတ်ညံ့သော အပြုံးကိုယ်စီကို ဖော်ထုတ်လာကြသည်။

"အခုအချိန်မှာ အရေးကြီးဆုံးက အဲဒီအမျိုးသမီးကို ဘယ်လိုဖြုတ်ချမလဲဆိုတာပဲ" သိုင်းဧကရာဇ်ယုဖန်းက လေးနက်စွာ ပြောလိုက်သည်။

"အစ်ကိုကြီး၊ မင်း ဘာလုပ်ရမယ်ဆိုတာ တွေးထားပြီးသားပဲ မဟုတ်လား" သိုင်းဧကရာဇ်ဘိုင်ယုက ရယ်မောကာ မေးသည်။

"ဟား၊ ဟား၊ မင်းကိုတော့ ညီသုံးလို့ ခေါ်ထိုက်တယ်။ ငါ မင်းကို ဘာမှ ဖုံးကွယ်ထားလို့ မရပါလား။ မှန်တယ်၊ ငါ နည်းလမ်းရှာထားခဲ့တယ်" သိုင်းဧကရာဇ်ယုဖန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဘာနည်းလမ်းလဲ?" သိုင်းဧကရာဇ်ဘိုင်ယုနှင့် သိုင်းဧကရာဇ်ရှီချန်းတို့က တစ်ချိန် တည်းတွင် တောင်းဆိုလိုက်သည်။

သိုင်းဧကရာဇ်ယုဖန်းက ယုတ်မာစွာ ပြုံးလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ဖန်ပုလင်း တစ်လုံးကို ထုတ်လိုက်သည်။ ပုလင်းထဲတွင် တောက်ပသော အစိမ်းရောင်အရည်က ပုလင်းတစ်ဝက်ကျော် ပါရှိသည်။

'"ဒါက ကာမရာဂ နိုးဆွပေးနိုင်တဲ့ ဆေးရည်ပဲ။ တစ်စက်လောက် သောက်လိုက်တာနဲ့ ဖြူစင်ပြီး သန်မာပါတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်တောင်မှ မိန်းမပျက် တစ်ယောက် ဖြစ်လာလိမ့်မယ်။ သူမက သိုင်းဧကရာဇ်တစ်ပါး ဖြစ်ရင်တောင်မှ သူမအနေနဲ့ ဒီဆေးရည်အာနိသင်ကို တားဆီးလို့ မရနိုင်ဘူး။ ငါတို့ သူမကို ဖြုတ်ချနိုင် တာနဲ့ နောင်ပိုင်းကျရင် သူမက ငါတို့စကားနားမထောင်မှာကို ကြောက်စရာလို တော့မှာလား" သိုင်းဧကရာဇ်ယုဖန်း၏ ပါးစပ်ထောင့်စွန်းများသည် အလွန့်လွန် ဖောက်ပြန်ယုတ်မာသည့် အမူအရာတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သိုင်းဧကရာဇ်ဘိုင်ယုနှင့် သိုင်းဧကရာဇ်ရှီချန်း၏ မျက်လုံးများသည်လည်း အနှိုင်းမဲ့ ညစ်ညမ်းသော ရမ္မက်ထန်ပြင်းသည့် အလင်းများ ထုတ်လွှတ်နေသည်။

ထိုစကားကိုကြားရလျှင် သင်္ဘောကုန်းပတ်ပေါ်မှာ ရှိနေသည့် ချင်ယွင်သည် သူ၏ ရင်ထဲတွင် ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရပြီး ပြင်းထန်သည့် သတ်ပစ်ချင် စိတ်တွေက သူ၏နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။

ဤသိုင်းဧကရာဇ်ယုဖန်းသည် ချန်မင်ရှီအပေါ် ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော နည်းလမ်းကို အမှန်တကယ် အသုံးပြုလိုခဲ့သည်၊ ၎င်းသည် အမှန်တကယ်ပင် စက်ဆုပ် ရွံရှာဖွယ်ဖြစ်ပြီး အရှက်မရှိလှပေ။

သို့သော် ချင်ယွင်ကို ပို၍ပင် ဒေါသဖြစ်ခဲ့သည်က သိုင်းဧကရာဇ်ဘိုင်ယုသည် အနှိုင်းမဲ့ ရာဂထန်ပြင်းသည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြရင်း ပြောသည် "အကိုကြီး၊ ဒီပစ္စည်း ကောင်းလေးကို ကျွန်တော့်ကိုလည်း ပေးလို့ရမလား၊ ဒီနေ့ မိန်းကလေး တစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရတယ်။ ဒါပေမယ့် အဲဒီမိန်းကလေးက တော်တော်လေး စိတ်တို နေပုံရတယ်။ ဒီအရာကို သူမကို မြည်းစမ်းကြည့်စေချင် တယ်။"

"အိုး? မင်းလှေပေါ်တက်ခွင့်မပြုတဲ့ လူငယ်လေးအနားက အမျိုးသမီးကို မင်း ပြောနေ တာလား။” သိုင်းဧကရာဇ်ယုဖန်းက ပြောသည်။

"ဟုတ်တယ်၊ အဲဒီအမျိုးသမီးပဲပေါ့ ၊ အဲဒီအနံ့အသက်ဆိုးကြီးနဲ့ တံတွေးထွေးလိုက်တဲ့ အမျိုးသမီးပဲပေါ့၊ ကျွန်တော်က သူမကို ကျွန်တော်ရှေ့မှာ ဒူးထောက်ပြီး သူမ တောင်းပန်ရတဲ့အထိ ကစားခိုင်းစေချင်တယ်။" သိုင်းဧကရာဇ်ဘိုင်ယု၏ မျက်လုံးများ သည် ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပနေသည်။

"အဲဒီမိန်းမကိုလည်း ငါလည်း တွေ့လိုက်ပါတယ်။ သူမက တကယ့်ကို အရည်အသွေး ကောင်းပါတယ်။ ဒီတော့ မင်းကို ဒီပုလင်း ပေးလိုက်မယ်။ ငါ့မှာ နောက်ထပ် တစ်ပုလင်း ရှိပါသေးတယ်၊ ဒါပေမယ့် မင်း အဲဒီလူငယ်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။" သိုင်းဧကရာဇ် ယုဖန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

သိုင်းဧကရာဇ်ဘိုင်ယုသည် သိုင်းဧကရာဇ်ယုဖန်းက သူ့ကို ရာဂထကြွဆေး တစ်ပုလင်း ပေးမည့်ကြောင်းကြားသောအခါတွင် သူ၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအယာ ပေါ်လာသည်။ ထိုအခိုက်တွင် သိုင်းဧကရာဇ်ယုဖန်းသည် ချင်ယွင်ကို မြှောက်ပင့်ပြီးနောက် လှောင်ပြောင်သရော်သည့်အသံကို ကြားလိုက်ရသည် "နောက်ထပ် ဘာလုပ်ရမှာလဲ၊ ကျွန်တော် သူ့ကို သတ်ပစ်တော့မယ်။ သူက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေး တစ်ဦးပဲလေ။ အကယ်လို့ ကျွန်တော် သူ့ကို သတ်လိုက်ရင်တောင်၊ ဘယ်သူမှ သတိမထားမိခင်မှာ သူ့ကို ပင်လယ်ထဲ ပစ်ချနိုင်မှာပါ"

သိုင်းဧကရာဇ်ယုဖန်းက ခေါင်းညိတ်လိုက်သည်။ ဤလူငယ်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် တစ်ဦးမျှသာ ဖြစ်သည်။ သူ့ကို သတ်လိုက် ခြင်းက ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ပါဘူး။

ကုန်းပတ်ပေါ်တွင် ရပ်နေသော ချင်ယွင်သည် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများက နှစ်ပေါင်းထောင်သောင်းမက အေးစက်သော ရေခဲတုံးကဲ့သို့ အေးစက်နေလေသည် ။

အခန်း (၄၁၃) ပွဲကောင်းတစ်ပွဲတင်ဆက်ခြင်း။

ချင်ယွင်၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ဤသိုင်းဧကရာဇ်ဘိုင်ယုသည် အမှန်တကယ်ပင် သေခြင်းတရားကို တောင်းခံနေလေ သည်။ သူသည် ရန်စီချီအပေါ်မှာ ဤရာဂထကြွခြင်း အဆိပ်ကို အမှန်တကယ် အသုံးပြု လိုခဲ့သည်။

ရန်စီချီသည် ချင်ယွင်၏ ပြောင်းပြန်ကြွေးခွံဖြစ်ပြီး သိုင်းဧကရာဇ်ဘိုင်ယု၏ လုပ်ရပ်များ သည် သူ၏ အကြီးမားဆုံး တားမြစ်ချက်ကိုမှ လာချိုးဖောက်ခဲ့သည်မှာ သေချာပါသည်။

"ဟမ့်၊ ကျိဘိုင်ယု၊ မင်း ရောက်လာဝံ့သရွေ့ ငါ မင်းကို ဒီကမ္ဘာကြီးမှာ အသက်ရှင် နေထိုင်ရတာ နောင်တရတဲ့အထိ လုပ်ပေးလိုက်မယ်။" ချင်ယွင်က သူ၏စိတ်ထဲမှာ လှောင်ရယ်နေခဲ့သည်။

မူလက သူသည် ကျိဘိုင်ယုကို သတ်ပစ်ရန်သာ ရည်ရွယ်ထားခဲ့သော်လည်း ယခု ကျိဘိုင်ယုကို ဤကဲ့သို့ သတ်ပစ်ခြင်းသည် သူ့အတွက် ခံစားရလွယ်ကူလွန်းသည်ဟု သူ ခံစားမိသည်။ အကြောက်တရားဆိုသည်ကို သူ သေသေချာချာ ခံစားစေရမည်။

ညဉ့်အမှောင်ထုက တဖြည်းဖြည်း ကျဆင်းလာသည်။ ချင်ယွင် နှင့် အခြားသူများသည် ပင်လယ်ကြီးထဲတွင် တစ်ရက်ခရီးမျှသာ ရွက်လွှင့်ခဲ့ပြီးဖြစ်သောကြောင့် အစွမ်းထက် သော ဆိတ်သုဉ်းခြင်းသားရဲများကို မတွေ့ခဲ့ကြပေ။ အရာအားလုံးသည် ငြိမ်သက် အေးချမ်းနေသလိုပင်။

ညသည် ကြယ်များဖြင့် ပြည့်နေပြီး လရောင်သည် အလွန်တောက်ပနေ၏။

ချင်ယွင်သည် ရန်စီချီကို သူမ၏ဧည့်ခန်းသို့ ပြန်ပို့ပြီးနောက် ကုန်းပတ်ပေါ်တွင် တစ်ယောက်တည်း လာရောက်ကာ သိုင်းဧကရာဇ်ဘိုင်ယု ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

သိုင်းဧကရာဇ်ဘိုင်ယုသည် သိုင်းဧကရာဇ်ယုဖန်း၏အခန်းမှ ထွက်လာပြီးနောက်တွင် သူ့ကို သတ်ပစ်ရန် အခွင့်အရေးကို တိတ်တဆိတ် စိုက်ကြည့်နေကြောင်း သူသိသည်။ သို့သော် နေ့ခင်းဘက်အချိန်မှာ ကုန်းပတ်ပေါ်တွင် လူများစွာရှိနေသောကြောင့် သူဘာမှ မလုပ်နိုင်ခဲ့ပေ။

ယခုလို ညဘက်တွင်အချိန်တွင် လူအများစုသည် မိမိတို့အခန်းအသီးသီးသို့ ပြန်သွား ကြပြီ။ ကုန်းပတ်ပေါ်တွင် လူအနည်းငယ်သာ ရှိသည်။ ထို့အပြင်၊ ချင်ယွင်သည် မည်သူမျှ ဂရုမစိုက်မိနိုင်သည့် ခြောင်ကျသောနေရာကို အထူးရွေးချယ်ထားခဲ့ပြီး သိုင်းဧကရာဇ်ဘိုင်ယုကို တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးထား သည်။ သိုင်းဧကရာဇ်ဘိုင်ယုသည် လှုပ်ရှားမည် မဟုတ်ဟု သူ မယုံခဲ့ပေ။

သေချာပါသည်၊ ချင်ယွင် ကုန်းပတ်ပေါ်ရောက်သည်နှင့် သိုင်းဧကရာဇ်ဘိုင်ယုသည် အမှောင်ရိပ်မှ ထွက်လာပြီး ချင်ယွင်ဆီကို ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

သိုင်းဧကရာဇ်ဘိုင်ယု ထွက်ပေါ်လာသည်ကိုမြင်လျှင် ချင်ယွင်သည် မမြင်နိုင်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သော်လည်း သူသည် ကြောက်ရွံ့ထိတ်လန့်ဟန် ဟန်ဆောင်လိုက်သေးသည်။

'ကောင်လေး၊ မင်းမှာ ကောင်းကင်ဘုံကို လျှောက်ဖို့ လမ်းတစ်ခုရှိခဲ့ဖူးတယ်။ မင်းက မသွားခဲ့ဘဲ ငရဲသွားမယ့်လမ်းကို ဇွတ်အတင်းကြီး ဝင်လာခဲ့တယ်။ မူလက မင်းကို သတ်ဖို့ အခွင့်အရေးမသာသေးပေမယ့် မင်းကိုယ်တိုင် ရောက်လာမယ်လို့ မမျှော် လင့်ထားခဲ့ဘူး။ ညလယ်ကြီးမှာ တစ်ယောက်တည်း အပြင်ထွက်လာတယ်။ ဟား၊ ဟား၊ ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီပေးနေတာပဲ။” ကျိဘိုင်ယုက ဟက်ဟက် ပက်ပက် ရယ်သည်။ ချင်ယွင်၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရ သဖြင့် သူသည် ပို၍ပင် မောက်မာလာမိသည်။

" ကျိဘိုင်ယု၊ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ကျုပ်က သင်္ဘောပေါ်က ခရီးသည် တစ်ယောက်ဆိုတာကို ခင်ဗျား မမေ့ပါနဲ့။ ခင်ဗျား ကျုပ်ကို ဘာလို့သတ်မှာလဲ" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာလို့လဲ ဟုတ်လား၊ မင်းရဲ့ ငါ့အပေါ် မလေးမစား ဆက်ဆံမူနဲ့ဆို ငါသိုင်းဧကရာဇ် ဘိုင်ယုက မင်းကိုသတ်ဖို့ အကြောင်းပြချက် လိုသေးလို့လား" သိုင်းဧကရာဇ်ဘိုင်ယုက ရယ်မောလိုက်သည်။ သူ၏မျက်လုံးများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေ သည်။ သေချာသည်မှာ ချင်ယွင်သည် သူ၏စိတ်ထဲတွင် လူသေဖြစ်နေပြီး ဖြစ်သည်။

"ကပ္ပတိန်ကြီးက ခင်ဗျားကို ဒီလိုလုပ်ခွင့် ပေးမှာမဟုတ်ဘူး။" ချင်ယွင်က အထိတ်တလန့် ဖြစ်ဟန်ဆောင်ကာ ဆက်ပြောသည်။

"ဟား ၊ ဟား ကပ္ပတိန်ကြီးလား၊ ကပ္ပတိန်ကြီးကို ငါ့အကိုကြီးက သူနဲ့အတူသောက်ဖို့ ဆွဲခေါ်ထားလိုက်ပြီ။ မင်းရဲ့သေခြင်းရှင်ခြင်းကို ဂရုစိုက်ဖို့ သူ့မှာ ဘယ်လိုလုပ် အချိန် ရနိုင်မှာလဲ၊ ကောင်စုတ်လေး၊ မင်းရဲ့ကံကြမ္မာကိုသာ လက်ခံလိုက်စမ်းပါ၊ စိတ်မပူပါနဲ့ ၊ မင်းရဲ့ လှပတဲ့မိန်းမကိုတော့ မင်းကိုယ်စား ငါ ဂရုစိုက်လိုက်ပါ့မယ်" " သိုင်းဧကရာဇ် ဘိုင်ယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်နှာတွင် မောက်မာမူနှင့်အတူ တပ်မက်မှုများ အပြည့်ရှိနေသည်။

" ကျိဘိုင်ယု၊ ခင်ဗျားက စက်ဆုပ်ရွံ့စရာပဲ!" ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ၏မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ပြည့်နှက်နေသည်။

ဟုတ်ပါသည်။ ဤအရာအားလုံးကို ချင်ယွင်က တမင်တကာ ဟန်ဆောင်ထားခြင်း ဖြစ်ပါသည်။ သူသည် ကျိဘိုင်ယုကို ခဏလောက် မောက်မာဝင့်ကြွားစေချင်သည်။ ထိုမှသာ နောက်ပိုင်းမှာ သူ အကြောက်တရားတွေ ခံစားလာရလိမ့်မည်။

ကျိဘိုင်ယုသည် ချင်ယွင်၏အော်သံကိုကြားလိုက်သောအခါ သူ၏နှလုံးသားသည် ပို၍ သာယာလာသည်။ ချင်ယွင်ကို ကြည့်သည့် သူ့အကြည့်တွေက လှောင်ပြောင်မှုတွေနှင့် ပြည့်နှက်နေသည်။ သူက ပြုံးပြီး ပြောလိုက်သည် “ကျိန်ဆဲစမ်း ၊ ကျိန်ဆဲစမ်း၊ မင်း ငါ့ကို ကျိန်ဆဲလိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခဏနေရင် မင်းက ငါ့လက်ထဲမှာ သနားစရာ ကောင်းလောက်အောင် သေသွားရတော့မယ်။ မင်းရဲ့အလောင်းကိုလည်း ပင်လယ် ကြမ်းပြင်အောက်မှာရှိတဲ့ ဆိတ်သုဉ်းခြင်း သားရဲတွေက ကိုက်စားကြ လိမ့်မယ်” ။

ထိုသို့ပြောပြီးနောက် ကျိဘိုင်ယုသည် ချင်ယွင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့ သည်။ သူ၏လက်ထဲမှ ခေါက်ယပ်တောင်သည် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ချီ အတက်အကျများဖြင့် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ နှုတ်ခမ်း ထောင့်စွန်းများတွင် မထီမဲ့မြင်ပြုသည့် သရော်ဟန်အပြုံးကို ချိတ်ဆွဲထား သည်။

ချင်ယွင်သည် အလွန့်လွန် ကြောက်ရွံ့ဟန်ဆောင်နေသည်။ ရုတ်တရက် ချင်ယွင်သည် မျက်လုံးများပြူးကျယ်ပြီး " ကျိဘိုင်ယု၊ ခင်ဗျားနောက်မှာ တစ်ယောက်ယောက် ရှိနေတယ်"ဟု ပြောလိုက်သည်။

ကျိဘိုင်ယုသည် ထိုစကားကိုကြားရလျှင် သူက ချက်ချင်းပြုံးပြီး ပြောသည် "ဒီလှည့်ကွက်လေးနဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့ မထင်နဲ့။ မင်း ငါ့ကို အာရုံလွှဲပြီး ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး ရယူရန် ကြိုးစားနေတာ မဟုတ်ဘူးလား။ ငါသိုင်းဧကရာဇ်ဘိုင်ယုက ငါ့နောက်မှာ တစ်ယောက်ယောက်ရှိနေတာကို သတိမထား မိနိုင်ဘူးလား"

"ခင်ဗျားရဲ့နောက်မှာ ဘယ်သူမှ မရှိတာသေချာရဲ့လား" ချင်ယွင်၏ ပါးစပ် ထောင့်စွန်းမှာ လှောင်ပြောင်သရော်ဟန်ရှိနေပြီး သူ၏မျက်နှာသည် ယခင်ကကဲ့သို့ ထိတ်လန့်နေသည့် အသွင်အပြင်မျိုး မရှိတော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျိဘိုင်ယုသည် မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ပြောလိုက်သည်"တစ္ဆေသရဲရှိသလို ဟန်ဆောင်ပြောနေသေးတယ်။ ငရဲကိုသွားလိုက် တော့!"

ထိုစကားကို ပြောပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် တဟုန်ထိုး မြင့်တက်လာကာ ချင်ယွင်ဆီသို့ အပြေးအလွှား ပြေးဝင်သွားတော့မည်။

သို့သော် သူပြေးဝင်ခါနီးတွင် သူ၏ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်ကို ချက်ခြင်း ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ရပ်တန့်သွားပြီး မိုးကြိုးပစ်ခံသလို လုံးလုံးလျားလျား ထိတ်လန့်သွားသည်။ ဤကောင်စုတ်ပြောသလို သူ၏နောက်မှာ တကယ်ရှိနေပြီလား။

ဒါပေမယ့် ဘယ်သူကရော သူ၏နောက်မှာ ယခုလို တိတ်တဆိတ် ပေါ်လာနိုင်မှာလဲ။

ကျိဘိုင်ယု ခေါင်းပြန်လှည့်မကြည့်နိုင်ခင်မှာ အေးစက်သည့် နှာခေါင်းရှုံ့သံက သူ၏နဖူးပေါ် ထွက်ပေါ်လာခဲ့ပြီး သူမော့ကြည့်လိုက်သည့်အခါ သူ၏လည်ပင်းတွေ တောင့်တင်းလုနီးပါး ဖြစ်သွားရသည်။

မကြည့်မိသည်က ကောင်းပါလေဦးမည်။ သို့သော် သူမြင်လိုက်သည်နှင့် သူ ချက်ချင်း အံ့သြသွားရသည်။

ခရမ်းရောင်သူငယ်အိမ်နှင့်အတူ ထူးဆန်းသော လူငယ်တစ်ယောက်သည် သူ၏ နောက်ကျောအထက်မှာ ရပ်နေပြီး သူ၏မျက်လုံးတွေက အနှိုင်းမဲ့ အေးစက်နေသည်။

"သူ ငါ့နောက်ကို ဘယ်တုန်းက ရောက်သွားတာလဲ ငါတောင် သတိမထားမိဘူး" ကျိဘိုင်ယု၏ ကျောပြင်သည် တုန်လှုပ်ပြီး အေးစိမ့်သွားသည်။

သူ၏ရှေ့မှလူက သူ့ကို ကြောက်စရာကောင်းတဲ့ ခံစားချက်ကိုပေးနေသည်။ အထူးသဖြင့် သူ၏ ခရမ်းရောင်မျက်လုံးတွေ။ သူ၏ အေးစက်သော အကြည့်များသည် အဆုံးမရှိ သတ်ပစ်ရန် ရည်ရွယ်ချက်များ ရှိနေပုံရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့အား ထိတ်လန့်စရာကောင်းသောခံစားချက်ကို ပေးစွမ်းသည်။

"မင်းက...ဘယ်သူလဲ?" ကျိဘိုင်ယုက စကားထစ်ထစ်ငေါ့ငေါ့ဖြင့် မေးသည်။

သို့သော် ခရမ်းရောင်မျက်လုံး သူငယ်အိမ်များပိုင်ဆိုင်ထားသော နတ်ဆိုးလူငယ်သည် သူ့အား ပြန်ပြောရန် ပျင်းနေပုံရသည်။ သူသည် လျှပ်စီးလက်သကဲ့သို့ သူ၏လက်ကို ဆန့်ထုတ်ကာ သူ၏လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ကျိဘိုင်ယုသည် ချက်ခြင်းပင် မလှုပ်ရှားနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီ သည် ပိတ်ဆို့ခံလိုက်ရသလို ခံစားရသည်။ သူသည် ဝိညာဉ်ချီ တစွန်းတစကိုပင် မစုစည်း နိုင်ခဲ့ပေ။ သူသည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ ထူးဆန်းသော လူငယ်ကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။

"မလုပ်နဲ့...ငါ့ကိုမသတ်ပါနဲ့!" ကျိဘိုင်ယုက စကားထစ်လုမတတ် လေသံဖြင့် ပြောသည်။ သူ အလွန်ထိတ်လန့်သွားသည်။ သူ၏​ရှေ့​မှာရှိသည့် လူငယ်သည် သူ​ဆန္ဒ​ရှိ​သ​ည် နှင့် သူ့ကိုသတ်​နိုင်​မှန်း သူ​သိ​သည်။

ချင်ယွင်သည် ဘေးမှာရပ်နေပြီး ကျိဘိုင်ယု၏ ထိတ်လန့်နေသော အသွင်အပြင်ကို မြင်ရသည်မှာ ပျော်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်မှာတော့ အမှန်တကယ်ပင် ကျိဘိုင်ယုသည် အားနည်းသူကိုသာ အနိုင်ကျင့်တတ်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်သူဆိုတာ သေချာသွားခဲ့ပြီ။

ချင်ယွင်သည် သူကုန်းပတ်ပေါ်မတက်ခင်မှာကတည်းက ယခုအချိန်မျိုးကိုစောင့်ရန် အတွက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲမှ ခရမ်းလေးကို လွှတ်ထားပြီးသား ဖြစ်သည်။

သူ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရခြင်း၏ အကြောင်းအရင်းမှာ ချင်ယွင်သည် သူ၏ အစွမ်းအစကို ထုတ်မပြချင်သေးတာကြောင့် ဖြစ်သည်။ သူသည် ကျိဘိုင်ယုကို အလွယ်တကူ သတ်ပစ်ဖို့ ရည်ရွယ်ထားခြင်းမရှိပေ။ ထိုသို့ဆိုလျှင် ဤခရီးရှည်ကြီးက ပျင်းစရာကြီး ဖြစ်သွားမည် မဟုတ်ပါလား?

ချင်ယွင်သည် သရော်ဟန်ဖြင့် ပြောဆိုလိုက်သည် "စီနီယာ သိုင်းဧကရာဇ်ဘိုင်ယုရဲ့ သိုလှောင်အိတ်ထဲမှာ ရတနာတွေပါတယ်လို့ ကျွန်တော် ကြားထားပါတယ်။ ဘာလို့ အဲဒါကို ထုတ်ပြီး တစ်ချက်လောက် မကြည့်ခိုင်းရတာလဲ။

ထိုစကားကိုကြားလျှင် ကျိဘိုင်ယုသည် ချင်ယွင်ကို စိုက်ကြည့်ရင်း နှလုံးတစ်ချက် ခုန်သွားသည်။

ချင်ယွင်က လှောင်ပြောင်နေဟန်ရှိနေသေးပြီး ကျိဘိုင်ယု၏ အကြည့်တွေကို မျက်ကွယ်ပြုထားဆဲ ဖြစ်သည်။

ချင်ယွင်၏စကားကို ကြားသောအခါ ခရမ်းရောင်မျက်လုံးစွမ်နီသည် ချင်ယွင်၏ ရည်ရွယ်ချက်များကို သဘာဝကျကျ သိလိုက်သည်။ သူက ကျိဘိုင်ယု၏ ခါးတစ်ဝိုက်မှ သိုလှောင်အိတ်ကိုဆွဲထုတ်ကာ ၎င်းကို ဖွင့်ကြည့်ပြီး လှန်လှောမွေနှောက်ကာ အစိမ်းရောင်ဖန်ပုလင်းလေးကို ထုတ်ယူလိုက်သည် ။

ကျိဘိုင်ယုသည် ဤအစိမ်းရောင်ဖန်ပုလင်းကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်း ဖျော့သွားခဲ့သည်။

"ဒါက ဘာလဲ?" ခရမ်းလေးက မသိဟန်ဆောင်လိုက်သည်။

ကျိဘိုင်ယုသည် နတ်ဆိုးလူငယ်၏ အမေးကို ကြားသောအခါ၊ သူက အလောတကြီး ပြောလိုက်သည် "ဒါ...ဒါက သာမန်ဝိုင်ပုလင်းလေးပါ"

"ဝိုင်လား?" ရှောင်ဇီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဟုတ်တယ် ဝိုင်ပါ!" ကျိဘိုင်ယုက ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။

သူ၏ရှေ့မှာရှိသည့် ဤနတ်ဆိုးလူငယ်သည် ဤဆေးကို အလွန်အစွမ်းထက်သည့် ဆေးတစ်မျိုးမှတ်ထင်ပြီး သူ၏ပါးစပ်ထဲ လောင်းထည့်လိုက်မှာကို အမှန်တကယ် သူကြောက်နေမိသည်။

"ဝိုင်ဆို စိတ်မဝင်စားဘူး" ခရမ်းလေးက လျစ်လျူရှုဟန်ဆောင်ကာ ၎င်း၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရမှ ကျိဘိုင်ယုသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်နိုင်ပါသည်။

သို့သော် ချင်ယွင်၏စကားများက သူ့အား ပါးစပ်ထဲမှ သွေးများထွက်လုမတတ် ဖြစ်သွား စေခဲ့သည်။

ချင်ယွင်က ပြောလိုက်သည်။ “စီနီယာ၊ သူက စီနီယာကို လိမ်နေတာ။ အဲဒါက ဝိုင်လုံးဝ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် သူ့ကို သောက်ခိုင်းလိုက်ပါ"

အခန်း (၄၁၄) သိုင်းဧကရာဇ်ယုဖန်း။ (အင်ပါယာလေသိုင်းဧကရာဇ်)

"ဒီလိုလား?" ရှောင်ဇီသည် သိုင်းဧကရာဇ်ဘိုင်ယုကို လှည့်ကြည့်လိုက်သည်။

ကျိဘိုင်ယုသည် ထိတ်လန့်သွားပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ပြောသည် "မဟုတ်ပါဘူး စီနီယာ၊ အဲဒါက တကယ်ကို ဝိုင်ပါ"

"ဒါက ဝိုင်ဆိုမှတော့ တစ်ခွက်လောက် သောက်ပြကွာ။" ခရမ်းလေးက ပြောသည်။

ကျိဘိုင်ယုသည် ငိုလုနီးပါး ဖြစ်နေပြီ။ ဤကာမရာဂနိုးဆွခြင်း ဆေးအရည်သည် ကာမရာဂကို အလွန်အမင်း အားပေးသည့်ဆေးရည် ဖြစ်သည်။ တစ်စက်လေး သောက်လိုက်သည်နှင့် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းဆေးစွမ်းအားကို တောင့်ခံနိုင်စွမ်းမရှိပေ။

တစ်ပုလင်းလုံး၏ ရလာဒ်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။

ကျိဘိုင်ယုသည် ဤကိစ္စကို တွေးတောင် မတွေးဝံ့ပါဘူး။

ချင်ယွင်သည် ဘေးမှာရပ်နေပြီး မရယ်ဘဲမနေနိုင်တော့။ မှန်ပါသည်။ ဤအရာသည် သူ့အစီအစဉ်၏ ပထမခြေလှမ်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ကျိဘိုင်ယုသည် ဤကာမရာဂနိုးဆွခြင်း ဆေးအရည် စားသုံးစေရန် ဖြစ်သည်။

ယခုလို စက်ဆုပ်ဖွယ်ကောင်းသည့် နည်းလမ်းမျိုးတွေကို သူ သဘောမကျခဲ့ ဖူးဘူး လား။ ထို့ကြောင့် သူ့ဆေးကို သူကိုယ်တိုင် မြည်းစမ်းကြည့်စေချင်သည်။

ကျိဘိုင်ယု၏ အမူအရာသည် ဝက်အသည်းကဲ့သို့ အကြည့်ရဆိုးလှသည်။ သူ မည်သို့ သောက်ဝံ့မည်နည်း ။ အကယ်၍ ပါးစပ်အပြည့် တခွက်သောက်လိုက်မည် ဆိုလျှင်ပင် သူ့တကိုယ်လုံး အကြီးအကျယ် ထိခိုက်ပျက်ဆီးသွားလိမ့်မည်။

သို့သော်လည်း ခရမ်းလေးက သူ့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရန် အခွင့်အလမ်း နည်းနည်းမှ မပေးခဲ့ပါဘူး။ သူသည် သူ၏လည်ချောင်းကို တိုက်ရိုက်ဆွဲကိုင်ကာ သူ၏ပါးစပ်ကို အတင်းအကြပ်ဖွင့်ခိုင်းပြီး ကျိဘိုင်ယု၏ပါးစပ်ထဲသို့ ကာမရာဂနိုးဆွခြင်း ဆေးအရည်ပုလင်းတစ်ခုလုံးကို လောင်းထည့်လိုက်သည်။

ကျိဘိုင်ယုသည် သူ၏စိတ်ထဲတွင် ကျိန်ဆဲရင်း လုံးလုံး မှင်သက်အံသြသွားရသည် "သောက်ကောင်ကြီး ၊ ပါးစပ်အပြည့် တစ်လုတ်ပဲသောက်ရမယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု တပုလင်းလုံး ဘာလို့ လောင်းထည့်လိုက်ရတာလဲ"

သို့သော် နောက်အခိုက်အတန့်တွင် သူသည် လုံးဝ သတိလစ်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် ပြင်းပြသော ဆန္ဒတစ်ခုသာ ပေါ်လာသည်။ သူ့ခေါင်းက ပေါက်ကွဲတော့မည့်အတိုင်း ခံစားရပြီး တစ်ကိုယ်လုံးက တောက်လောင်နေသည့် မီးတောက်မီးလျှံတွေလို ပူပြင်းနေသည်။

ဤဆေးသည် တကယ်ကို အစွမ်းထက်လွန်းပါသည်။ ကျိဘိုင်ယုသည် ယခုအခါ ခွေးရူးတစ်ကောင်လို ဖြစ်နေပါသည်။ သူ၏မျက်လုံးထဲတွင် လူတိုင်းသည် လိင်ဆက်ဆံလို့ရသည့် အရာဝတ္ထုတစ်ခု ဖြစ်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း အေးစက်သော အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ တကယ်ဆို သူတို့သည် ဤ ကာမရာဂနိုးဆွခြင်းဆေးအရည်ကို ရန်စီချီ နှင့် ချန်မင်ရှီတို့အပေါ်မှာ အသုံးပြုရန် ဆန္ဒရှိ ခဲ့သည်။ ဤကိစ္စသည် ခွင့်မလွှတ်နိုင်သည့်ကိစ္စ ဖြစ်လာခဲ့သည်။

"သူ့ကို မသန်မစွမ်းဖြစ်အောင်လုပ်လိုက်၊ ပြီးရင် သူ့ကို အဝတ်ဗလာချွတ်ပြီး သင်္ဘော ကုန်းပတ်ပေါ်မှာ ပစ်ချထားလိုက်ပါ။" ချင်ယွင်က အေးစက်စွာပြောသည်။ သူ၏ ရည်ရွယ်ချက်ကတော့ ကျိဘိုင်ယုကို လုံးဝမျက်နှာပျက်သွားအောင် လုပ်ဆောင်ရန် ဖြစ်သည်။

"ဟုတ်ကဲ့ပါ!" ခရမ်းလေးက ချက်ချင်း ပြန်ဖြေသည်။

ထိုနောက်မှာတော့ သနားစရာကောင်းသည့် အော်ဟစ်သံများကို ကြားလိုက်ရသည်။ ထို့နောက် ချင်ယွင်သည် ခရမ်းလေးကို အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လေဟာနယ်ထဲသို့ ပြန်ထည့်ကာ သူ၏အခန်းသို့ ပြန်လာခဲ့သည်။

နောက်နေ့မနက်ခင်းတွင် ချင်ယွင်သည် သူအခန်းထဲမှ ထွက်လာလျှင် ရုန်းရင်းဆန်ခတ် ဖြစ်သည့်အသံများကို ကြားလိုက်ရသည်။

"ဟေး၊ ဒါက သိုင်းဧကရာဇ်ဘိုင်ယု မဟုတ်ဘူးလား။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ"

"ဟုတ်တယ်။ ယဉ်ကျေးလိမ္မာစွာ ပြုမူလေ့ရှိတဲ့ လူတစ်ယောက်က အခုချိန်မှာတော့ ခွေးရူးတစ်ကောင်လို ဖြစ်နေတယ်။ သူက သူမြင်မြင်သမျှ လူတိုင်းကို ခုန်အုပ်နေတော့ တာပဲ"။

"မှန်တယ်။ သူက သိပ်ကို စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ်။ သူက ကျက်သရေ ရှိတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ မင်းတို့လည်း သိမှာပဲ။ သူက အမှန်တကယ်ကို အရှက်ကင်းမဲ့လွန်းတယ်။"

ထိုစကားကိုကြားရလျှင် ချင်ယွင်သည် သူ၏အကြံအစည် အောင်မြင်သွားသည်ကို သိလိုက်ရသည်။

သူအပြင်ထွက်လာချိန်မှာ ကျိဘိုင်ယုသည် သင်္ဘောကုန်းပတ်ပေါ်မှာ ကိုယ်လုံးတီး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပုံစံကြည့်ရတာ ရူးသွပ်နေသလို ဆံပင်တွေက လည်း ရှုပ်ပွနေတယ်။ သူက “မိန်းမလှလေး၊ မိန်းမလှလေး” ဟု အော်သည်။ သူသည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မြင်မြင်သမျှလူတိုင်းကို မိန်းမလှလေး!"ဟု အော်ခေါ်နေခြင်း ဖြစ်လေသည်။

ကျိဘိုင်ယုသည် လုံးဝ ရူးသွပ်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ဆုံးတွင်၊ ချင်ယွင်သည် ကာမရာဂနိုးဆွခြင်းဆေးအရည်၏ ဆေးဖက်ဝင်စွမ်းအားကို လျှော့တွက် မိခဲ့သည်။ ကျိဘိုင်ယုသည် ဆေးတစ်ပုလင်းလုံးကို သောက်သုံးပြီးနောက် အများဆုံး ဆယ်ရက်ကြာသည်အထိ အသိဉာဏ်ပျောက်ဆုံးသွားလိမ့်မည်ဟု မူလက သူ ထင်ထား ခဲ့သော်လည်း ယခုအခါ သူ၏ဘဝတစ်သက်တာလုံး အသိပြန်ဝင်လာတော့ မည့်ပုံ မပေါ်ပေ။

"ဖတ်!"

ထိုအခိုက်တန့်တွင် ဓားအလင်းတစ်လက်သည် ရုတ်တရက် လင်းလက်သွားခဲ့သည်။

ပုံရိပ်တစ်ခုသည် အချိန်ကိုက်ဆိုသလို လေထဲမှာ လှစ်ခနဲဆို ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ထဲမှဓားက ကျိဘိုင်ယု၏လည်ပင်းကို ချက်ချင်း ဖြတ်သွားခြင်း ဖြစ်သည်။

ကျိဘိုင်ယုသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးအိုင်ထဲတွင် လဲလျောင်းကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ချင်ယွင်သည် သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်သွားခဲ့ပြီး ဓားကိုင်ထားသောလူကို ကြည့်လိုက်စဉ် သူ၏မျက်လုံးတွေက ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။

ဓားကိုင်ထားသော ဤလူသည် သိုင်းဧကရာဇ်ယုဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။

လူတိုင်းလည်း အံ့ဩမှင်သက်ပြီး ထိတ်လန့်သွားကြသည်။ သိုင်းဧကရာဇ်ယုဖန်း နှင့် သိုင်းဧကရာဇ်ဘိုင်ယုတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိသူများ ဖြစ်ကြသည်။ သိုင်းဧကရာဇ်ယုဖန်းသည် ရုတ်​တရက် အဘယ့်ကြောင့် သူ့ကို သတ်ပစ်လိုက်​ရသနည်း။

သိုင်းဧကရာဇ်ယုဖန်းသည် လူတိုင်း၏အတွေးများကို သိပုံရသည်။ သူက ပြောသည် "အားလုံးပဲ၊ ကျိဘိုင်ယုက ကျွန်တော့်ရဲ့ မွေးစားညီလေးပါ။ စောစောလေးက သူ ဘယ်လောက်ထိ နာကျင်နေလဲဆိုတာကို မြင်လိုက်ရတော့ ကျွန်တော့်နှလုံးသားက အရမ်း နာကျင်နေခဲ့ရတယ်။ နောက်ဆုံးတော့ သူအရမ်းခံစားရတာကိုမြင်ပြီး ကျွန်တော် မခံနိုင်တော့ဘူး။ အဲဒါကြောင့် ကျွန်တော်က သူခံစားနေရတဲ့ ဝေဒနာတွေ အဆုံးသတ်သွားဖို့ လှုပ်ရှားလိုက်ရတာပါ ။ သူ့အသက်ကို စောစောအဆုံး သတ်လိုက်တဲ့အတွက် ခံစားရတဲ့ဝေဒနာတွေက သက်သာနိုင်မယ်လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။”

ယုဖန်းပြောသည့် စကားတွေက ကျိုးကြောင်းဆီလျော်မူရှိကြောင်း လူတိုင်းက ရုတ်တရက် နားလည်လိုက်ကြပြီး သူသည် သူ၏ မွေးစားညီလေးကို အမှန်တကယ် ဂရုစိုက်သူဖြစ်ကြောင်းပါ လက်ခံသွားကြသည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ လှောင်ရယ်နေခဲ့ပါသည်။ သိုင်းဧကရာဇ် ယုဖန်းသည် ယခုလေးတင် ကျိဘိုင်ယုကို သတ်လိုက်သည့်အခါ သူ၏မျက်နှာပေါ်မှာ ဝမ်းနည်းသည့် အရိပ်အယောင် လုံးလုံး မတွေ့ခဲ့ရပါဘူး။ သူသည် သူ၏ ကာမရာဂ နိုးဆော်ခြင်း ဆေးအရည် ဖော်ထုတ်ခံရခြင်းနှင့် သူ၏ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမှ တားဆီးလိုသည့်အတွက် သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

"ကျွန်တော့်ရဲ့ တတိယမြောက်ညီလေးက အမြဲတမ်း ရိုးသားပြီး လူတွေအပေါ်မှာ လည်း ကြင်နာတတ်သူပါ။ သူ့ကို အခုလိုဖြစ်အောင် ထိခိုက်စေချင်တဲ့ လူတစ်ယောက် ရှိရမယ်။ ကျွန်တော်က အမှန်တရားကို သေချာရှာဖွေပြီးနောက် သူ့ကို ဘယ်သူက ထိခိုက်အောင် လုပ်ခဲ့လဲဆိုတာကို ရှင်းပြပေးပါ့မယ်။" သိုင်းဧကရာဇ်ယုဖန်းသည် အလွန်အမင်း အစွမ်းထက်သည့် အသံစွမ်းအားနှင့်အတူ ပြောလိုက်သည် ။

မျှော်လင့်ထားသည့်အတိုင်း ကြည့်ရှုသူများသည် စတင်ဆွေးနွေး ပြောဆိုကြသည်။

"မှန်ပါတယ်။ သိုင်းဧကရာဇ်ဘိုင်ယုဟာ ယခုလိုလုပ်ကြံခံရလို့ ဒုက္ခရောက်သွား တာဖြစ်မယ်။"

"မှန်ပါတယ်၊ သူ ထိခိုက်နစ်နာခဲ့ရပေမယ့် ဒီလူက ဘယ်သူလဲ။ သူ့မှာ သိုင်းဧကရာဇ်ဘိုင်ယု ကို ပြင်းပြင်းထန်ထန် အငြိုးထားပြီးတော့ ဒီလိုမျိုး ဒုက္ခရောက် ရမှာပဲ"

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ ဤ သိုင်းဧကရာဇ်ယုဖန်းသည် အမှန်တကယ်ပင် သာမန်ထက် ထူးကဲသူဖြစ်သည်။ စကားလုံး အနည်းငယ်ဖြင့် သူသည် သိုင်းဧကရာဇ်ဘိုင်ယု၏ အရှက်ကွဲဖြစ်မှုနှင့် သူ့ကို သတ်ပစ်သည့် ကိစ္စတို့ကို ဖြေရှင်းနိုင်ခဲ့သည်။

ကြည့်ရသည်မှာ သူ၏မူလအစီအစဉ်ဖြစ်သည့် ကျိဘိုင်ယုကို အရှက်ရစေပြီးနောက် သိုင်းဧကရာဇ်ယုဖန်း နှင့် အခြားသူများကို ငါးစားချပြီး တစ်ဆင့်ပြီးတစ်ဆင့် မြှားခေါ်ရန် အစီအစဉ်က လုံးဝ ကျဆုံးသွားခဲ့ရသည်။

ကျိဘိုင်ယုက သေဆုံးသွားပြီ ဖြစ်သည်။ ချင်ယွင်သည်လည်း ငြီးငွေ့စရာကောင်းသည် ဟု ခံစားမိသောကြောင့် ပြန်လှည့်ထွက်ရန် ဆန္ဒရှိလာခဲ့သည်။

"ဟေ့ ကောင်စုတ်လေး၊ မင်းက ငါ့ရဲ့ တတိယညီလေးကို သတ်လိုက်တာပဲ.။ မင်းက ဒီအတိုင်း ထွက်သွားချင်တာလား"

သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာ သည်။ သိုင်းဧကရာဇ်ယုဖန်းသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ ချင်ယွင်ကို စိုက်ကြည့် နေသည်။

သိုင်းဧကရာဇ်ယုဖန်းက အေးစက်စွာအော်ပြောလာစဉ် ကုန်းပတ်ပေါ်ရှိလူတိုင်းက ချင်ယွင်ကို ချက်ချင်း ကြည့်လိုက်ကြသည်။

"မှန်တယ်။ အဲဒီနေ့က သိုင်းဧကရာဇ်ဘိုင်ယုနဲ့ ထိပ်တိုက်တွေ့တဲ့ ကောင်လေး မဟုတ်လား၊ သူက သိုင်းဧကရာဇ်ဘိုင်ယုကို အခုလိုဖြစ်အောင် လုပ်လိုက်တာ ဖြစ်နိုင်ပါ့ မလား"

"မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ ကျင့်ကြံမှုအခြေခံက သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာပဲ ရှိပါသေးတယ်။ သူက သိုင်းဧကရာဇ်ဘိုင်ယု အတွက် ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။"

"ဒါပေမယ့် သိုင်းဧကရာဇ်ယုဖန်းကလည်း ​​အဓိပ္ပါယ်မဲ့တဲ့ စကားတွေကို ပြောမှာ မဟုတ်လောက်ဘူး၊ စောင့်ကြည့်ကြရအောင်။"

ကုန်းပတ်ပေါ် ပတ်ဝန်းကျင်မှာ ဆွေးနွေးသံတွေ ဆူညံလာနေသည်။

ချင်ယွင်လည်း သိုင်းဧကရာဇ်ယုဖန်းကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းတွေက အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေသည်။

"ခင်ဗျားကိုယ်တိုင် ကျိဘိုင်ယုကို သတ်ပစ်လိုက်တာ ရှင်းလင်းနေတာပဲလေ။ ကျုပ်က သူ့ကို သတ်တယ်လို့ ခင်ဗျား ဘာလို့ ပြောရတာလဲ။" ချင်ယွင်က အေးစက်စွာ ပြောသည်။

"ဟမ်၊ ငါ့ရဲ့တတိယညီငယ်က အမြဲတမ်း ကြင်နာတတ်တယ်။ သူက အရင်က မင်းနဲ့ ကတောက်ကစ ပဋိပက္ခဖြစ်ဖူးတယ် ။ ဒါကြောင့် သူက ဒီကိစ္စက မသင့်တော်ဘူးလို့ ခံစားနေရတယ်။ မနေ့ညက သူက မင်းကို ကိုယ်တိုင်ရှာပြီး သူငယ်ချင်းဖွဲ့ဖို့ ကြံစည် ထားခဲ့တယ်။ ဒါပေမယ့် သူ ပြန်မလာနိုင်တော့ဘူးဆိုတာကို မျှော်လင့်ထားမှာ မဟုတ်လောက်ဘူး။ အခုလိုပုံစံမျိုး ဖြစ်သွားမှာကိုရောပေါ့။ ဒီကိစ္စကို မင်းမလုပ်ဘူးလို့ ငါ့ကို လာမပြောနဲ့။” သိုင်းဧကရာဇ်ယုဖန်းက အေးစက်စွာ အော်ပြောလိုက်သည်။

တခြားသူတွေကတော့ ကျိဘိုင်ယု ဘာတွေလုပ်ခဲ့လဲဆိုသည်ကို မသိနိုင်သော်လည်း မနေ့ညက လုပ်ငန်းအကောင်ထည်မဖော်ခင် ကျိဘိုင်ယုက သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ထိုသို့မဟုတ်လျှင် သူက ကပ္ပတိန်ကို သူနှင့်အတူ သောက်ဖို့ ဆွဲထုတ် သွားမှာ မဟုတ်ပါဘူး။

သို့သော် သူ၏ညီသုံးသည် အဘယ်ကြောင့် ကျရှုံးရသည်ကို သူနားမလည်နိုင်ခဲ့ပါ။ သူ၏ရှေ့မှာရှိသည့် ဤလူငယ်သည် သူ၏ခွန်အားကို ဖုံးကွယ်ထားတာများ ဖြစ်နိုင်မ လား။

ဤလူငယ်သည် အပေါ်ယံမျက်နှာပြင်ပေါ်မှာ မြင်ရသလောက် သေချာပေါက် မဟုတ်ဘူးဟု သူခံစားခဲ့ရသည်။ ယခု သူလုပ်ရမည့်အရာက ဤလူငယ်က သူ့ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားသလားဆိုသည်ကို သိအောင်လုပ်ရန် ဖြစ်သည်။

ချင်ယွင်သည် သိုင်းဧကရာဇ်ယုဖန်း၏ စကားကိုကြားသောအခါ သူ၏နှလုံးသားထဲတွင် လှောင်ရယ် ရယ်မောလိုက်သည်။

ကျိဘိုင်ယုက သနားကြင်နာတတ်သူလား? သူက သူနဲ့အတူ သူငယ်ချင်း ဖြစ်ချင်သေး တာလား။ ဤသိုင်းဧကရာဇ်ယုဖန်းသည် ဤကဲ့သို့ အရှက်မရှိသော စကားများကိုပင် ပြောဆိုနိုင်ခဲ့သည်။ သူ၏ အသားအရေသည် အမှန်တကယ် အလွန်ထူထဲလှပါသည်။ (အရေထူသည်ဆိုလို)။

သို့သော် သိုင်းဧကရာဇ်ယုဖန်းက သူ့ကို နာမည်တပ်ကာ စွပ်စွဲလာသောကြောင့် ချင်ယွင်လည်း ဆက်ကစားရန် မလိုအပ်တော့ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူ့ကို တိုက်ရိုက် သတ်ပစ်ရုံသာ တတ်နိုင်တော့သည်။

"ဟုတ်တယ် ငါလုပ်ခဲ့တယ်!" ချင်ယွင်က ပြတ်ပြတ်သားသား ဝန်ခံလိုက်ပြီး သိုင်းဧကရာဇ်ယုဖန်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

ဟုတ်ပါသည်။ ချင်ယွင်က ထိုစကားကိုပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ သည်။

အခန်း (၄၁၅) သိုင်းဧကရာဇ်ရှီချန်းကို သတ်ဖြတ်ခြင်း။

"ဘာလဲ၊ သူက သိုင်းဧကရာဇ်ဘိုင်ယုကို သတ်ပစ်လိုက်တာလား။

"မဖြစ်နိုင်ပါဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာမှာ ရှိနေတာ ထင်ရှားပါတယ်။ သူက သိုင်းဧကရာဇ် ဘိုင်ယုကို အခုလို သရဲတစ္ဆေလိုဖြစ်သွားအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"

"သိုင်းဧကရာဇ်ယုဖန်းပြောတာ မကြားဘူးလား။ ဒီသိုင်းဧကရာဇ်ဘိုင်ယုက ဒီကောင်လေးနဲ့ မိတ်ဆွေဖွဲ့ပြီး ရင်ကြားစေ့ဖို့ ရှာနေတယ်ဆိုတာကိုလေ။ ဒီ သိုင်းဧကရာဇ်ဘိုင်ယုက တစ်ခုခုကြောင့် အဆိပ်မိနေတယ်ဆိုတာ သိသာပါတယ်။ ဒီကောင်စုတ်လေးက သူ့ကို အဆိပ်ခတ်ဖို့ အခွင့်အရေးရခဲ့မယ်လို့ ငါထင်တယ်။ ။"

"ငါလည်း ဒီလိုပဲထင်တယ်၊ မဟုတ်ရင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့်လေးတစ်ဦးက ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးကို အခုလို သရဲတစ္ဆေအဖြစ် ဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲ၊ ဒီကောင်စုတ်လေးက တကယ်ကို အဆိပ်ပြင်းတယ်။ သိုင်းဧကရာဇ်ဘိုင်ယုက ပြင်လည်သင့်မြတ်ဖို့ ပြင်ဆင်နေချိန်မှာ အခြားတစ်ဖက်ကတော့ သူ့ကို အဆိပ်ခတ်လိုက်တယ်။ ဒါက တကယ်ကို အရှက်ကင်း မဲ့ပြီး ယုတ်မာကောက်ကျစ်တာပဲ ။"

"မှန်တယ်။ ကံကောင်းထောက်မပြီး သိုင်းဧကရာဇ်ယုဖန်းမှာ စူးရှထက်မြက်တဲ့ မျက်လုံးရှိနေတယ်။ မဟုတ်ရင် ဒီကောင်စုတ်လေးရဲ့အရောင်ခြယ်ထားတဲ့ အစစ်အမှန် အကျင့်စရိုက်ကို ငါတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ မဟုတ်ပါဘူး။ သင်္ဘောပေါ် တက်တုန်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သိုင်းဧကရာဇ်ဘိုင်ယုရဲ့ အမိန့်ကို ငါတို့ နားထောင်ခဲ့သင့်တယ်။"

သင်္ဘောကုန်းပတ်ပေါ်ရှိလူများသည် ချင်ယွင် ဝန်ခံသည်ကို ကြားသောအခါ၊ သိုင်းဧကရာဇ်ယုဖန်း၏ စကားကို ယုံကြည်ကြပြီး ချင်ယွင်ကို ချက်ချင်းလက်ငင်း လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောကြတော့သည်။

သိုင်းဧကရာဇ်ယုဖန်း၏ မျက်လုံးများတွင် သတိထားသည့် အရိပ်အယောင် ပေါ်လာသည်။ ကျိဘိုင်ယုသည် သူနှင့် ပြန်လည်သင့်မြတ်ရန်အတွက် ချင်ယွင်ကို အမှန်တကယ် သွားရှာခြင်းမဟုတ်မှန်း သူသိထားပြီး ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် ကျိဘိုင်ယုသည် ထိုသရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ဆိုလိုသည်မှာ ဤကောင်စုတ်လေး၏ နည်းလမ်းများသည် သေချာပေါက် မရိုးရှင်းဟု ဆိုလိုခြင်း ဖြစ်သည်။

သူသည် ချင်ယွင်၏ အစစ်အမှန် နောက်ခံအသိုင်းဝိုင်းကို မသိမချင်း မတိုက်ခိုက်ချင်ပေ။

“ကောင်လေး၊ မင်းက ဘယ်သူလဲ၊ မင်းက ငါ့ရဲ့ တတိယညီငယ်ကို ဘာလို့ တိုက်ခိုက်ရတာလဲ။" သိုင်းဧကရာဇ်ယုဖန်းက ချင်ယွင်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါသည်။

ချင်ယွင်က မထီမဲ့မြင် ပြုဟန်ဖြင့် ပြုံးလိုက်သည်။ သူသည် လူများကို အကဲဖြတ်ရာတွင် အလွန်တိကျသည်။ သိုင်းဧကရာဇ်ယုဖန်း၏ သေးငယ်လှသည့် အတွေးတွေက သူ၏မျက်လုံးအမြင်မှ သဘာဝအတိုင်း မလွတ်ကင်းနိုင်ပါဘူး။ သူက ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည် "ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေက ဘယ်က ရောက်လာတာလဲ။ ခင်ဗျားရဲ့ တတိယညီငယ်အတွက် လက်စားချေတော့မှာ မဟုတ်ဘူးလား၊ လာစမ်းပါ!"

ပတ်ဝန်းကျင်ရှိ လူများ၏စကားများအတွက်မူ ချင်ယွင်က လုံးဝ ဂရုမစိုက်ပါဘူး။ သူ၏ စစ်မှန်သော ခွန်အားရှေ့တွင် မုသားအချို့သည် သဘာဝအတိုင်း ကျိုးပျက်သွား ပါလိမ့်မည်။

သိုင်းဧကရာဇ်ယုဖန်းသည် ချင်ယွင်က သူ၏ ခွန်အားကို ဖုံးကွယ်ထားသည်ဟု အမြဲ သံသယရှိနေခဲ့သည်။ ထို့ကြောင့် သူသည် ချင်ယွင်၏ မောက်မာသော စကားများကို ကြားလိုက်ရသည့်အချိန်မှာတောင် သဘာဝအလျောက် ဒေါသတကြီး အဆင်အခြင် ကင်းမဲ့စွာ မပြုဝံ့ခဲ့ပေ။

သူသည် အမြဲတမ်း သံသယဝင်တတ်သူဖြစ်ပြီး သူယုံကြည်မှုမရှိသည့် မည်သည့် အရာကိုမျှ မလုပ်ခဲ့ဖူးပေ။ သူ့ပြိုင်ဘက်၏ စွမ်းအားအစစ်အမှန်ကို မသိမချင်း သူသည် ဘယ်တော့မှ လှုပ်ရှားမှာ မဟုတ်ပါဘူး။ သူသည် မကောင်းမှုများစွာကို ပြုလုပ်ခဲ့ဖူးခဲ့သူ ဖြစ်ပြီး သူ၏သတိထားတတ်သော ပင်ကိုအကျင့်စရိုက်ကြောင့် ယခုအချိန်အထိ သူ အသက်ရှင်သန် နေနိုင်ခြင်းဖြစ်သည်။

"အစ်ကိုကြီး၊ ကျွန်တော် လုပ်ပါရစေ။ ဒီမောက်မာတဲ့ကောင်ကို သတ်ပစ်ပြီး တတိယညီငယ်အတွက် လက်စားချေချင်တယ်" ထိုအချိန်မှာပဲ၊ကျယ်လောင်သော ဟစ်ကြွေးသံက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်တစ်ခုသည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ လူတိုင်းရှေ့တွင် ပေါ်လာလေသည်။

"သိုင်းဧကရာဇ်ရှီချန်းလား !" လူတိုင်း တုန်လှုပ်သွားကြသည်။

ရောက်ရှိလာသူမှာ သိုင်းဧကရာဇ်ရှီချန်း ဖြစ်လေသည်။

သိုင်းဧကရာဇ်ယုဖန်းသည် သိုင်းဧကရာဇ်ရှီချန်း ထွက်ပေါ်လာသည်ကို မြင်သော အခါတွင် သူ၏မျက်လုံးများသည် တောက်ပသည့် အရိပ်အယောင်များဖြင့် ချက်ချင်း လင်းလက်သွားခဲ့သည်။ မူလက သူသည် သူ့ရှေ့တွင်ရှိနေသည့် ဤကောင်စုတ်လေး၏ စွမ်းအားအစစ်အမှန်ကို မည်သို့စမ်းသပ်ရမည်ကို တွေးတောနေဆဲဖြစ်သော်လည်း သိုင်းဧကရာဇ်ရှီချန်းက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ကောင်းပြီ၊ ဒုတိယညီ၊ ဒါဆိုလည်း တတိယညီငယ်အတွက် လက်စားချေဖို့ မင်းအတွက် ငါထားခဲ့မယ်။" ချက်ခြင်းပင် သိုင်းဧကရာဇ်ယုဖန်းက ပြောသည်။

"ဟုတ်ကဲ့ အစ်ကိုကြီး!" သိုင်းဧကရာဇ်ရှီချန်းက ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် သူသည် ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူ့လက်ထဲတွင် ကြီးမားသော ပုဆိန်ကြီးနှစ်လက် ပေါ်လာပြီး သူ၏မျက်လုံးများသည် သတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။

"မျိုးမစစ်ကောင်လေး၊ မင်းက ငါ့ရဲ့ တတိယညီငယ်ကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ မင်းကို အသားဆော့ရည်ဖြစ်တဲ့အထိ အစိပ်စိပ်မွှာမွှာ ခုတ်ပိုင်းပစ်မယ်။"

သိုင်းဧကရာဇ်ရှီချန်းသည် ဧရာမပုဆိန်ကြီးနှစ်လက်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ စွမ်းအားက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ပတ်ဝန်းကျင်မှ လူအများ၏ အမူအရာတွေက ပြောင်းလဲသွားကြပြီး အားလုံး နောက်ပြန် ဆုတ်သွားကြသည်။ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်တွေက သနားသည့်အရိပ်အယောင်ဖြင့် ပြည့်နှက်နေပြန်သည်။ သူတို့မျက်လုံးထဲမှာ ချင်ယွင် သည် သိုင်းဧကရာဇ်ရှီချန်း၏ သတ်ခံရမည့်သေလူဖြစ်နေပါပြီ။

"ငတုံးဝက်ကြီး၊ လာခဲ့စမ်း!"

ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ ဤတိုက်ပွဲသည် မလွှဲမရှောင်သာ ဖြစ်လာ မည်ကို သူသိသည်၊ ထို့ကြောင့် အဓိပ္ပါယ်မရှိသည့် စကားတွေကို ယခုထက် ပိုပြီး မပြောချင်တော့ပေ။

သိုင်းဧကရာဇ်ရှီချန်းသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ သူ၏ဘဝတွင် အမုန်းဆုံးအရာမှာ သူ့ကို ငတုံးငအဟု ခေါ်ဆိုခြင်းပင်ဖြစ်သည်။ သူ၏ရှေ့မှာရှိနေသည့် ဤမျိုးမစစ်ကောင်သည် သူ့ကို ငတုံးအငဟု ခေါ်ရုံတင်မကဘဲ တုံးအသည့် ဝက်ကြီးဟုပင် ခေါ်ခဲ့သည်။ ယင်းက လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။

"မင်း သေချင်နေတာဘဲ!"

သိုင်းဧကရာဇ်ရှီချန်းသည် ချင်ယွင်ကို ဒေါသတကြီး အော်ဟစ်ပြီး ချက်ချင်း ပြေးဝင်သွားသည်။ သူ၏လက်ထဲရှိ ဧရာမပုဆိန်ကြီးဟာ ကြောက်စရာကောင်းသည့် အလင်းရောင်တစ်ခုနှင့်အတူ တဟုန်ထိုး မြှောက်တက်သွားခဲ့ပြီး တုနှိုင်းမရအောင် ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားတွေနှင့် ချင်ယွင်ဆီကို ဖြတ်သန်းသွားခဲ့သည်။

ချင်ယွင်သည် ကျဆင်းလာသော ပုဆိန်ကြီး ကြည့်ရင်း တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးက တွေးနေကြသည် "ဒီကောင်လေးက သေချင်နေတာများလား။ ဒီပုဆိန်ခုတ်ပိုင်းချက်ကို မခုခံနိုင်ရင် တောင် ခဏလောက် ရှောင်တိမ်းသင့်တယ် မဟုတ်ပါလား။ အခုတော့ နေရာမှာပဲ မလှုပ်မယှက် ရပ်နေတယ်၊ ဘာလဲ သူက ခုတ်ပိုင်းခံဖို့ စောင့်နေတာလား"

သိုင်းဧကရာဇ်ရှီချန်း၏ မျက်လုံးများသည်လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ထင်ရှားပေါ်လာသည်။ ချင်ယွင်သည် သူ၏စွမ်းအားကြောင့် အကြောက်လွန်သွားသည်ဟု သူ တွေးလိုက်သည်။ သူ၏မျက်လုံးများတွင် ဖော်ပြလို့ မရသည့် ကိုယ့်ကိုယ်ကို အားရကျေနပ်သည့်အမူအယာ ပေါ်လာသည်။

အဝေးမှာရှိနေသည့် သိုင်းဧကရာဇ်ယုဖန်းသည် ထိုမြင်ကွင်းကိုမြင်ရလျှင် သူလည်း အံ့ဩသွားသလို စိတ်ရှုပ်ထွေးသွားသည် "ဖြစ်နိုင်တာက ငါကပဲ သူ့ကို အထင်ကြီး နေတာပဲလား။ ဒီကောင်စုတ်လေးက တကယ်လည်း အရည်အချင်း မရှိဘူးလား။ သူ့လေသံကပဲ ကျယ်နေတာလား။"

ချွင်!

သို့သော်၊ ချင်ယွင်ကို ပုဆိန်ကြီးက တစ်ခြမ်းခွဲတော့မည်ဟု လူတိုင်းက ထင်နေကြ ချိန်မှာ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သိုင်းဧကရာဇ်ရှီချန်း၏ ပုဆိန်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရန်အတွက် သူ၏ လက်နှစ်ချောင်းကို အသုံးပြုလိုက်သည်။ ချက်ခြင်းပင်၊ သိုင်းဧကရာဇ်ရှီချန်း၏ ခုတ်ပိုင်းချက်သည် ချက်ချင်းပင် ဘာမှမဟုတ်သလို ပြောင်းလဲသွားရသည်။

"ဘာလဲ?"

လူတိုင်း တုန်လှုပ်သွားကြသည်။ လက်ချောင်းလေး နှစ်ချောင်းဖြင့် သူသည် ဆဋ္ဌမ အဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ ပုဆိန်ကို တားဆီးနိုင်ခဲ့ ကြသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လူတိုင်း အာရုံဖမ်းစားခံရပြီး တွေဝေမှင်တက်သွားသည်ဟု ထင်ရသည်။

သိုင်းဧကရာဇ် ရှီချန်းသည်လည်း ထိတ်လန့်သွားသည်။ သူသည် ခွန်အားရှိသမျှကို အစောပိုင်းက ထိုပုဆိန်ခုတ်ပိုင်းချက်မှာ အသုံးပြုခဲ့သည်။ ဆဋ္ဌမအဆင့် ကောင်းကင် အလွှာ သိုင်းဧကရာဇ်တစ်ပါးသည်ပင် ၎င်းပုဆိန်၏ ထက်ရှမှုကို ရှောင်ရှားချင်မှာဖြစ်ပြီး သူ၏ရှေ့မှာရှိနေသည့် ဤကောင်စုတ်လေးသည် သူ၏ လက်နှစ်ချောင်းကြားတွင် ၎င်းကို ဖမ်းဆုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤအရာသည် အမှန်တကယ် သူမှန်းဆနိုင်သည့်အရာ မဟုတ်တော့ပေ။

ပို၍တုန်လှုပ်စရာကောင်းတာက သူသည် မည်မျှပင် ပုဆိန်ကြီးကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားနေပါစေ တောင်ကြီးတစ်ခုက တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသလို လုံးဝ မလှုပ်ရှားနိုင်ဘူးဆိုတာပါပဲ။

"ငရဲကိုသွားလိုက်တော့!" သိုင်းဧကရာဇ်ရှီချန်းသည် ဒေါသတကြီး ဒေါသတကြီး ဖြစ်နေသည်။ သူသည် အခြားလက်တစ်ဖက်မှာ ရှိနေသည့်ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်ကို ခုတ်သတ်တော့မည်။

"မင်းရဲ့ ပုဆိန်က လုံလောက်အောင် မာကြောမူမရှိဘူး!"

ထိုအချိန်တွင် ချင်ယွင်က ရယ်မောလိုက်သည်။

သူပြောပြီးသည်နှင့် သူ၏လက်ချောင်းတွေထဲ ချက်ချင်းဆိုသလို အားထည့်လိုက်ပြီး အနက်ရောင် သံမဏိပုဆိန်ကြီးက အက်ကွဲလာခဲ့သည်။ ထို့နောက် ပင့်ကူမျှင်ကဲ့သို့ ပျံ့သွားကာ နောက်ဆုံးတွင် အပိုင်းပိုင်း ကွဲသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။

လူတိုင်းသည် လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြသည်။ အနက်ရောင်သံမဏိ ပုဆိန်ကြီးကို လက်နှစ်ချောင်းနှင့် ဖြိုခွဲလိုက်သည်။ မည်မျှ ကြောက်စရာ ကောင်းလိုက် သည့် ခွန်အားနည်း။

သိုင်းဧကရာဇ်ရှီချန်း မြှောက်ထားသော ပုဆိန်ကြီးသည်လည်း လေထဲတွင် လုံးဝ အေးခဲနေပြီး ခုတ်ပိုင်းကျလာရန် မဝံ့ရဲတော့ပေ။ ချင်ယွင်ကိုကြည့်သည့် သူ၏ပုံစံက တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့နေရသလိုပင်။

"ဟမ့်၊ ခင်ဗျားက ဒုစရိုက်အမူတွေ အများကြီး ကျူးလွန်ခဲ့တယ်၊ မိုက်မဲလိုက်တာ!"

ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အေးစက်သည့် အလင်းတန်းက သူ့မျက်လုံးထဲမှာ လင်းလက်သွားခဲ့ပြီး သူ့လက်ဖဝါးကို ဓားဟန်ဖြင့် ထိုးစိုက်လိုက်ကာ သိုင်းဧကရာဇ်ရှီချန်း၏နှလုံးကို တစ်ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ဤအခိုက်အတန့်တွင် သိုင်းဧကရာဇ်ရှီချန်း၏ နှလုံးကို နာကျင်စေရုံသာမက လူတိုင်းသည်လည်း သူတို့၏နှလုံးသားများကို ဓားဖြင့် အပြင်းအထန် ထိုးစိုက် ခံရသကဲ့သို့ ခံစားခဲ့ရပြီး အလွန်နာကျင်သွားကြသည်။

ချင်ယွင်သည် သိုင်းဧကရာဇ်ရှီချန်း၏ အနှိုင်းမဲ့ ထိတ်လန့်နေသော အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ဖဝါးကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် သိုင်းဧကရာဇ်ယုဖန်းကို လှည့်ကြည့်လိုက်သည်။

"မင်း... မင်းက အတိအကျ ဘယ်သူလဲ " ယခုအချိန်တွင် သိုင်းဧကရာဇ်ယုဖန်းသည် ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် လုံးလုံးလျားလျား ထိတ်လန့်သွားပြီး သူ၏စကားများပင် တုန်လှုပ်သွားသည်။

သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်လေးသည် နက်ရှိုင်းသည့်ပင်လယ်ကြီးထဲက ကြောက်စရာကောင်းသည့် ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ခံစားချက်ကို ပေးနေခဲ့သည်။

လူတိုင်းက ထိုမေးခွန်းအဖြေကို သိချင်နေကြသည်။ ဤလူငယ်သည် မည်မျှလောက် အစွမ်းထက်လိုက်သနည်း။ ဤလူငယ်၏ ကျင့်ကြံမှုအခြေခံသည် အပေါ်ယံမှာ မြင်နေသလို နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တစ်ဦးကဲ့သို့ မရိုးရှင်းကြောင်း သေချာပါသည်။ သူသည် သိုင်းဧကရာဇ်ယုဖန်းကိုပင် ကျော်လွန်နေခဲ့ သည်။

ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ သည်။ သူက ထိတ်လန့်တုန်လှုပ်နေသည့် သိုင်းဧကရာဇ်ယုဖန််ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် "ကျုပ်နာမည်က ချင်ယွင်ပါ!"

All Chapters