အခန်း (၄၂၁-၄၂၅)
Vol. 29 Ch. 421-425
အခန်း (၄၂၁) ရေအောက်နတ်ဆိုးသားရဲကမ္ဘာ။
မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ သူ၏အသားနှင့်သွေးများတွင် သွေးအနှစ်သာရ စွမ်းအား ပမာဏများစွာ ပါရှိသည်။ ထို့ကြောင့်၊ ဤမျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ အသွေးအသားများသည် လူတိုင်း၏အမြင်တွင် အဆင့်ကိုး သိမ်မွေ့နက်နဲ မှော်ဆေးလုံးတစ်လုံးထက် အားမနည်းသည်မှာ သေချာပါသည်။
သူတို့အားလုံးသည် အလွန်ပင် မနာလိုဖြစ်နေကြပြီး ချင်ယွင်က သူတို့အား အသား တချို့ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သေးငယ်သည့် အသွေးအသား အပိုင်း အစလေး တစ်ခုတစ်လေမျှ ဖြစ်လျှင်ပင်၊ သူတို့၏ လပေါင်းများစွာ ကျင့်ကြံမူနှင့် ညီမျှပြီး သူတို့၏ ကျင့်ကြံမူအခြေခံကို တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သို့သော် ချင်ယွင်သည် သူတို့အားပေးရန် နည်းနည်းလေးမှ မစဉ်းစားခဲ့ပေ။ မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ကြီးမားသော်လည်း ချင်ယွင်မှာ ကြောက်စရာကောင်းသည့် ဆိတ်သုဉ်းခြင်းသားရဲ ငါးကောင်ရှိနေပြီ။
သူတို့ငါးကောင်အထဲမှာ အစားအသောက် ဘယ်လောက်ပေးပေး မလောက်ငှသည့် ရှောင်ဘိုင်ကဲ့သို့် အစားအိမ်ကြီးသည့် ဘုရင်ကြီးတစ်ပါးလည်း ပါနေသောကြောင့် သူသည် သူတို့ကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။
ထို့ကြောင့်၊ ချင်ယွင်သည် အသားတစ်ပိုင်းတစ်စကို လှီးဖြတ်ပြီးနောက်၊ သူသည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ အလောင်းအား အစိမ်းရောင်ကြာပန်း စည်းတံဆိပ်စည်းတံဆိပ်ထဲရှိ လေဟာနယ်ထဲသို့ ပစ်ချကာ ရှောင်ဘိုင်နှင့် အခြား သူများအား အစားအစာ ဝေမျှ စားသောက်ခွင့် ပေးလိုက်သည်။
နတ်ဆိုးသားရဲအဆင့် အလောင်းကောင်များသည် သူတို့အတွက် သဘာဝအားဖြင့် အလွန်တန်ဖိုးရှိသောကြောင့် သူတို့ငါးယောက်သည် အထူးပျော်ရွှင်ကြသည်။
ခရမ်းလေးဟုသိကြသည့် ခရမ်းရောင်မျက်လုံးစွမ်နီတောင်မှ သူ၏နှလုံးသားထဲမှာ ပျော်ရွှင်မှုအပြည့် ခံစားလိုက်ရသည်။ ချင်ယွင်ထံမှာ အညံ့ခံရခြင်းအပေါ် သူ၏ နာကြည်းမှုသည်ပင် သိသိသာသာ လျော့နည်းသွားသည်။ အနည်းဆုံးတော့ သူသည် ချင်ယွင်နှင့်ဆိုလျှင် စားသောက်ရန်အတွက် အသားတွေ ရနိုင်သည်။
ချင်ယွင်အတွက်မူ၊ သူသည် ရန်စီချီကိုခေါ်ကာ ကုန်းပတ်ပေါ်ရှိ ငါးကင်များကို ဟိုလှန်ဒီလှန် ကင်နေသည်။ ယင်းမြင်ကွင်းက ပတ်ဝန်းကျင်မှာရှိသည့် လူများကို တံတွေးတမျိုမျို ဖြစ်သွားရစေသည်။
အထူးသဖြင့် ငါးကင်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် မွှေးရနံ့ ထွက်ပေါ်လာသည့်အခါ ထိုလူများ၏ သွားရေများပင် ကြမ်းပြင်ပေါ်ကို ကျလုနီးပါးဖြစ်ခဲ့ရသည်။
သို့သော် မည်သူမျှ တောင်းခံရန်အတွက် စိတ်အားထက်သန်မှု မရှိခဲ့ကြပေ။ နောက်ဆုံးတွင်၊ သူတို့သည် ချင်ယွင်ကြောင့် သူတို့အသက်များ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်ဟု ချင်ယွင်ကို အပြစ်တင်ခဲ့ကြသည်။ ယခုအချိန်မှာ သူတို့သည် အရည် မည်မျှ ထူနေပါစေ ရှက်ရွံ့နေကြဆဲဖြစ်ပြီး မွှေးရနံ့၏နှိပ်စက်မူကိုသာ ခံနိုင်ရည်ရန် ကြိုးစားပြီး တောင့်ခံနေကြရသည်။
ရန်စီချီသည် ဤမြင်ကွင်းကို မြင်သောအခါ သူမ၏မျက်နှာသည် မနှိုင်းယှဉ်သာသည့် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ အပြုံးသည် လှပပြီး သက်ဝင်နေ ကာ “ချင်ယွင်သည် အမှန်တကယ်ပင် ဆိုးရွားသူဖြစ်ပြီး အခြားသူများကို တမင်တကာ ညှဉ်းပန်းနှိပ်စက်နေကြောင်း” သူမက တိုးတိုးလေး ပြောခဲ့သည်။
ချင်ယွင်က ဘာသိဘာသာ ပြုံးလိုက်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အပြစ် တစ်စုံတစ်ရာရှိဟု မခံစားရပေ။ ဤလူများသည် တစ်ကိုယ်ကောင်းဆန်သော အပေါင်း အသင်းတစ်စုမျှသာ ဖြစ်သည်။ သူတို့နှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစားနေမည်ဆို လျှင် သူ့အတွက် အလွန်စျေးပေါသွားမည်ဟု သူ ယူဆထားပြီးသား ဖြစ်သည်။
ထို့နောက်မှာတော့ ချင်ယွင်နှင့် ရန်စီချီတို့အတွက် ငါးကင်ကို ပျော်ပျော်ရွှင်ရွှင် စားသုံးရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ အသားများတွင် သွေးအနှစ်သာရ စွမ်းအင်များ များလွန်းသောကြောင့် ဖြစ်နိုင်သည်။ နှစ်တုံးသုံးတုံးစားပြီးနောက် ရန်စီချီ၏ မျက်နှာသည် နီရဲလာသည်။ သွေးအနှစ်သာရများ မြင့်တက်လာခဲ့ပြီး သူမသည် အသားထဲတွင်ပါရှိသော သွေးအနှစ်သာရကို အရင်ဆုံး ချေဖျက်ရလိမ့်မည်။
ချင်ယွင်သည် ကူရာမဲ့ဖြစ်ရပြီး ရွေးစရာလမ်းမရှိတော့သည့်အတွက် မျက်လုံးသုံးလုံး ကျောရိုးခုန်း ဝေလငါးကြီး၏အသားများကို သူ့ဘာသာသူ စားသောက်ရတော့သည်။
ချင်ယွင်သည် မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီး၏ အသားအနည်းငယ်ကို ဖြတ်တောက်လိုက်သော်လည်း ထိုသေးငယ်သည့် အပိုင်းသည်ပင် တစ်တန် အလေး ချိန်ရှိသည်။ ရန်စီချီသည် ဂျင်တစ်ခု , နှစ်ခုထက် အနည်းငယ်သာ ပိုစားခဲ့ပြီး ကျန်သည့် အသားများမှာ ချင်ယွင်၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ကြောက်စရာအကောင်းဆုံးကတော့ ချင်ယွင်သည် ဝေလငါးအသား တစ်တန်နီးပါးကို စားပြီးနောက်မှာ သူသည် လုံးလုံးဗိုက်မပြည့်ဘဲ ဖြစ်နေခြင်းပင် ဖြစ်သည်။ ယင်းအစား၊ သူသည် နောက်ထပ် သုံးတန်မှ လေးတန်အထိ စားနိုင်သကဲ့သို့ သူ၏ အစာစား ချင်စိတ်က ပို၍ကြီးထွားလာသည်။
ဤတွေ့ရှိမှုက ချင်ယွင်ကို ထိတ်လန့်သွားစေခဲ့သည်။ သူသည် မည်သည့် အချိန်ကတည်းက ယခုလို အစာစားချင်စိတ် ကြီးထွားလာရသနည်း။
အဆုံးတွင်၊ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို ကျင့်ကြံခြင်းကြောင့်ဟူသော အကြောင်းပြချက်မှလွဲ၍ အခြား အကြောင်းပြစရာ မရှိခဲ့ပေ။
"ကြည့်ရတာ ငါတို့အားလုံး ဗိုက်ပြည့်စေဖို့အတွက် အနာဂတ်မှာ ဆိတ်သုဉ်းခြင်း သားရဲတွေ ထပ်မံရှာဖွေရဦးမယ် ထင်တယ်။"
ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ပြီး ခေါင်းယမ်းလိုက်မိသည်။ သေချာသည်မှာ။ ယခုလို အစာစားချက်စိတ် အားကြီးလာခြင်းက ကောင်းသည့်အရာ တစ်ခုဖြစ်ပါသည်။ သူသည် အစာများများ စားနိုင်လေလေ သွေးအနှစ်သားရစွမ်းအားကို စုပ်ယူနိုင်လေဖြစ်ကာ၊ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားကလည်း အားကောင်းလာလေ ဖြစ်သည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် မျက်လုံးသုံးလုံးကျောရိုး ခုန်းဝေလငါးကြီး၏ အသွေး အသားတွေကို စားသုံးပြီးသောအခါ သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သွေးအနှစ် သာရကို ထုတ်လွှတ်ပေးလျှက်ရှိပါသည်။ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဤသွေးအနှစ်သာရကို စုပ်ယူရန် လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို စတင်ဖြန့်ကျက်လိုက်သည်။
သို့သော် ချင်ယွင်သည် ဤသွေးအနှစ်သာရစွမ်းအင်ကို စုပ်ယူနေသည့်အချိန်မှာ ဤသင်္ဘောကြီးအောက် မီတာတစ်သောင်းနက်ရှိုင်းသည့် ပင်လယ်ကြမ်းပြင်အရပ်မှာ လူသားများ၏ နန်းတော်ကြီးနှင့် အလွန်ဆင်တူသော နန်းတော်ကြီးထဲတွင် လူနှစ်ယောက် စကားပြောနေကြ၏။
အမျိုးသားတစ်ဦးသည် ခမ်းနားထည်ဝါသော အမူအရာဖြင့် ခန်းမ၏ ပင်မထိုင်ခုံတွင် ထိုင်နေသည်။ သူ့တွင် အနီရောင်တောက်တောက် ဆံပင်နှင့် သူ၏နားတွင် ကြီးမားသည့် နားကွင်းကြီးတစ်ရံ ရှိသည်။ သူသည် အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ ရုပ်ရည်အသွင်အပြင်သည် အတော်လေး ကြံ့ခိုင်သန်မာ၏။
အခြားအမျိုးသားတစ်ယောက်မှာ သူနှင့်နှိုင်းစားလျှင် အရပ်အမောင်း ၁.၆ မီတာခန့် ရှိပြီး ဝဖြိုးကာ အနည်းငယ် အရပ်ပုသည်။ သူ၏ပုံစံက ဆံပင်နီအမျိုးသားဘေးမှာ ထိုင်နေရင်း ဘူးသီးအတိုလေးတစ်လုံးကဲ့သို့ ပုဝိုင်းဝိုင်းလေး ဖြစ်နေသည်။
ထိုအချိန်တွင် ခေါင်းကြီးငါး မွန်းစတားတစ်ကောင်သည် ထိတ်လန့်တကြားဖြင့် ခန်းမအပြင်ဘက်မှ ပြေးဝင်လာခဲ့သည်။
"ကြီးမြတ်သော ကာကွယ်သူ မကောင်း... မကောင်းတော့ဘူး၊ တတိယ ကာကွယ်သူ ကတော့... သတ်ခံလိုက်ရပြီ" ခေါင်းကြီးငါးမွန်းစတားသည် သားရဲဘာသာစကားဖြင့် ပြောဆိုရင်း ၎င်း၏အသံသည် ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင်များ သယ်ဆောင်လာသည်။
ခန်းမ၏ အမြင့်ဆုံးခုံပေါ်မှာထိုင်နေသော လူကြီး၏ အမူအရာက ပြောင်းလဲသွား၏။ သူ၏ နဂိုက ငြိမ်သက်နေသော မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်တစ်ခု နှင့်အတူ ချက်ချင်းဆိုသလို လင်းလက်သွားသည်။
"ဘယ်သူ လုပ်လိုက်တာလဲ?" အနီရောင်ဆံပင်နှင့်အမျိုးသားက အော်ဟစ်လိုက်ပြီး သူ၏အသံက ဒေါသတွေနှင့် ပြည့်နှက်နေသည်။
ခေါင်းကြီးငါးမွန်းစတား၏ တစ်ကိုယ်လုံးသည် ကြောက်လန့်တကြားဖြင့် တုန်လှုပ် သွားပြီး စကားမပြောဝံ့ဘဲ ခေါင်းကို တင်းတင်းငုံ့ထားလိုက်သည်။
ကြီးမြတ်သော ကာကွယ်သူသည် ဤပင်လယ်ဧရိယာတွင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် ကျော်ကြားသူဖြစ်ကြောင်း သူ သိရှိထားသည်။ သူ နည်းနည်းလေး စိတ်မပျော်မရွှင် ဖြစ်သည်နှင့် သူသည် ချက်ချင်း သတ်ပစ်တတ်သည်။ ယခုလည်း တတိယကာကွယ်သူသည် သေဆုံးသွားပြီးဖြစ်သဖြင့် ဤမျှ ကြီးမားသော ကိစ္စရပ်ကြီး ကို ဖုံးကွယ်ရန် မဖြစ်နိုင်သောကြောင့် သူသည် မဝံ့မရဲဖြင့် လာရောက်ပြောဆိုရခြင်း ဖြစ်သည်။ ထို့သို့မဟုတ်လျှင် သူသည် ဤသတ်ဖြတ်ခြင်း နတ်ဘုရားနှစ်ပါးကို မမြင်ချင်တော့ပေ။
"အကိုကြီး၊ အဲဒီလိပ်နက်ဂူထဲက ခွေးကောင်ကြီးများ ဖြစ်နေမလား" ပုပုဝဝနှင့် ဘူးသီးပုလိုလူက မှန်းဆလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ် လိပ်နက်ဂူကလား? ငါတော့ မထင်ဘူး။ လျှို့ဝှက်ဆန်းကြယ် လိပ်နက်ဂူထဲက အယုတ်တမာကောင်အိုကြီးက ငါတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ပေမဲ့ ငါတို့အားလုံးက နဂါးကောင်းကင်နန်းတော်နဲ့ အဖွဲ့ဝင်တွေဖြစ်နေတယ်။ နဂါး ကောင်းကင်နန်းတော်က အဖွဲ့ဝင်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ် တာကို တားမြစ်ထားတော့ အဲဒီအယုတ်တမာ ကောင်အိုကြီးက မျက်နှာ ပြောင်တိုက် ပြီး သတ်ပစ်ဖို့က မဖြစ်နိုင်ဘူး။ " အနီရောင်ဆံပင်နှင့် အမျိုးသားက မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
"ဟမ့်၊ အဲဒါဆို ဘယ်သူဖြစ်နိုင်လဲ၊ အဲဒါဆို တခြားအင်အားစုကမျာ ဖြစ်နိုင်မလား" ဒုတိယကာကွယ်သူက ဆက်မေးသည်။
အနီရောင်ဆံပင်နှင့်အမျိုးသားက သူ၏မေးခွန်းကို ပြန်မဖြေပေ။ ယင်းအစား သူက ခေါင်းကြီးငါး မွန်းစတားဘက် လှည့်ကြည့်ကာ "ပြောစမ်း၊ ဘယ်သူလုပ်တာလဲ" ဟု အေးစက်စွာ အော်ပြော လိုက်သည်။
ခေါင်းကြီးငါးမွန်းစတားသည် အနီရောင်ဆံပင်နှင့် အမျိုးသား၏ စကားကိုကြားသော အခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူက တုန်တုန်ယင်ယင်ဖြင့် “ဟုတ်…ဟုတ်ကဲ့ပါ။ လူသားတစ်ယောက်ပါ”ဟု ပြောလိုက်သည်။
"ဘာ. ? လူသား ဟုတ်လား?" အနီရောင်ဆံပင်နှင့်အမျိုးသားက ပုပုဝဝနှင့် ဘူးသီးပုလို လူသည် ဒေါသတကြီး အော်ပြောလိုက်သည်။
"ဟုတ်…. ဟုတ်ပါတယ် အဲဒါ...လူသားတစ်ယောက်ပါပဲ။ ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင် မြင်ပါတယ်။" ခေါင်းကြီးငါးမွန်းစတားက ပြောသည်။
အနီရောင်ဆံပင်နှင့် အမျိုးသား၏ အမူအရာမှာ မှုန်းမှိုင်းသွားပြီး သူ့မျက်လုံးများတွင် သတ်ဖြတ် ချင်စိတ်များ ပြည့်နှက်နေသည်။ တခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက “ပြောစမ်း၊ ဘာဖြစ်တာလဲ” ဟု မေးလိုက်သည်။
သူ၏အသံက အနှိုင်းမဲ့အေးစက်နေပြီး ခန်းမထဲရှိ ပင်လယ်ရေတွေ အေးခဲသွားမည့် အတိုင်း ခံစားရစေသည်။
ခေါင်းကြီးငါးမွန်းစတား၏ တစ်ကိုယ်လုံးသည် တုန်လှုပ်သွားပြီး သူ့နှလုံးသားသည် အလွန်အမင်း ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်။ သနားစရာကောင်းတာက သူသည် အဆင့်သုံးဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်သာ ဖြစ်သည်။ တိုက်ဆိုင်စွာပင်၊ သူသည် ချင်ယွင်က မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးကို သတ်ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် အနီရောင်ဆံပင်နှင့်အမျိုးသားကို သူမြင်သမျှကို ပြောပြရုံသာ တတ်နိုင်ခဲ့သည်။
"လူသား၊ မင်းက သေချင်နေတာဘဲ!" အနီရောင်ဆံပင်နှင့်အမျိုးသားသည် ထိုစကားကို ကြားသောအခါ ကျယ်လောင်စွာ အော်လိုက်သည်။ မယှဉ်သာအောင် အစွမ်းထက် သည့် အငွေ့အသက်က သူ့ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ခန်းမထဲမှ ပင်လယ်ရေက ပေါက်ကွဲသွားသည့်အတိုင်း ချက်ချင်း ပေါက်ကွဲသွားသည်။ ပင်လယ်ရေသည် လျင်မြန်စွာ ပြန့်နှံ့သွားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အဆုံးတွင်၊ ခေါင်းကြီးငါးမွန်းစတားသည် ဤအန္တရာယ်ကပ်ဆိုးကြီးမှ မလွတ်မြောက် နိုင်တော့ဘဲ ဤကြီးမားလှသည့် လှိုင်းလုံးကြီးကြောင့် အပိုင်းပိုင်း ကွဲသွားလေသည်။
အနီရောင်ဆံပင်နှင့်အမျိုးသား၏ အနီရောင်ဆံပင်များသည် လေထဲတွင် ကခုန်နေ သည်၊ သူ၏မျက်လုံးတွေက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။ ဘေးနားရှိ ဒုတိယကာကွယ်သူ၏ မျက်လုံးများသည်လည်း ဒေါသများဖြင့် ပြည့်နှက် နေသည်။
"အစ်ကိုကြီး၊ ဒီခေါင်းကြီးငါးမွန်းစတားရဲ့ ပြောစကားအရအဆို အဲဒီလူသားရဲ့ အစွမ်းက တတိယညီငယ်နဲ့ မကွာဘူးလို့ ထင်ရတယ်။ ဘာလို့ ကျွန်တော့်ကို သူ့ကို သွားသတ်ခွင့် မပေးရတာလဲ။" ပုပုဝဝနှင့်ဘူးသီးပုလိုလူက ထိုင်ခုံမှထကာ ခိုင်မာစွာ ပြောလိုက်သည်။
တခဏလောက် တိတ်ဆိတ်သွားပြီးနောက် အနီရောင်ဆံပင်နှင့် အမျိုးသားက ခေါင်းညိတ်ပြပြီး ပြောသည် "ဒါဆိုရင် အဲဒီလူသားကလည်း တာအိုအငွေ့ အရည်ဖွဲ့ ခြင်းနယ်ပယ်မှာပဲ ရှိသင့်တယ်။ အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်မှာရှိတဲ့ မင်းရဲ့ ခွန်အားနဲ့ဆိုရင် မင်းက သူ့ကို တကယ် ရင်ဆိုင်နိုင်မှာပါ။ ဆိုတော့ မင်းသွားသင့်တယ်။ ဒါပေမယ့် သတိတော့ မလစ်မိပါစေနဲ့။"
"ဟုတ်တယ် အစ်ကိုကြီး၊ စိတ်မပူပါနဲ့၊ ကောင်းကင်ဘုံမှာရှိနေတဲ့ တတိယညီငယ်ရဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့အတွက် အဲဒီလူသားရဲ့ ဦးခေါင်းကို ကျွန်တော် သေချာပေါက် ပြန်ယူလာခဲ့မယ်။ ” ပုပုဝဝနှင့်ဘူးသီးပုလိုလူက အေးစက်စွာပြောပြီး နောက်ပြန်မလှည့်ဘဲ ခန်းမထဲမှ ထွက်သွားတော့သည်။
အခန်း (၄၂၂) အန္တရာယ်ကျရောက်လာခြင်း။
နံနက်ခင်းတစ်ခု၏ အစောပိုင်းအချိန် ဖြစ်သည်။ ဤနေ့သည် ချင်ယွင်၏ ပင်လယ်ပြင် ခရီးနှင်ခြင်း၏ ဆယ့်ငါးရက်မြောက် ပြည့်သည်နေ့ ဖြစ်ပါသည်။
လဝက်ကြာ ခရီးထွက်ပြီးနောက် သူသည်လည်း တူညီသော အကွာအဝေးနီးပါးအထိ လျှောက်လှမ်းနေပြီ ဖြစ်ပါသည်။
ချင်ယွင်သည် ထုံးစံအတိုင်း ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေပါသေး သည်။ ချင်ယွင်၏ ခွန်အားကို ယခင်ကတည်းက တွေ့မြင်ပြီးဖြစ်သဖြင့် မည်သူမျှ သူ့ကို လုံးဝကန့်ကွက်ဝံ့ခြင်း မရှိကြပေ။
ဒေါင်!
ထိုအချိန်တွင် သင်္ဘောကိုယ်ထည်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ သည်။
သင်္ဘောတစ်စင်းလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အကန့်အသတ် မရှိသော အင်အားကြီးတစ်ခုကြောင့် သင်္ဘောကြီးသည် မီတာဆယ်ဂဏန်းအထိ အလျားလိုက် ရွေ့လျားသွားခဲ့ရပြီး နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
"ဘာဖြစ်တာလဲ? ဘာတွေဖြစ်နေတာလဲ?"
ပြင်းထန်လှသော တုန်ခါမှုကြောင့် လူတိုင်း အံ့အားသင့်သွားပြီး အခန်းတွင်းမှ တယောက်ပြီး တယောက် ပြေးထွက်လာကြကာ အံ့သြတကြီး မေးမြန်းကြသည်။
ချင်ယွင်လည်း မျက်လုံးဖွင့်ကာ မတ်တပ်ထရပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်နေတာလဲ?" ရန်စီချီသည် မူလက သူမ၏အခန်းတွင် ကျင့်ကြံနေသော်လည်း ကျယ်လောင်သော ဆူဆူညံညံ အသံကြောင့် ထိတ်လန့်သွားခဲ့ရသည်။ သူမသည် ချင်ယွင်အနားသို့ ပြေးထွက်လာခဲ့ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ချင်ယွင်က မျက်မှောင်ကြုတ်ပြီး ပြောသည် "အင်း၊ ကြည့်ရတာ နောက်ထပ် အပေါင်းအဖော်ကြီးကြီးတစ်ကောင် ရောက်လာသလိုပဲ။ တော်တော်လည်း ရက်စက် ပုံရတယ်။"
"နတ်ဆိုးသားရဲလား?" ရန်စီချီက အံ့သြစွာ မေးလိုက်သည်။
အကယ်၍ ကောင်းကင်နဂါးတိုက်ကြီးသို့ သွားမည်ဆိုလျှင်ပင် ပင်လယ်ပြင်ခရီးတွင် နတ်ဆိုးသားရဲတစ်ကောင်နှင့် တွေ့ကြုံရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း အခြားလူများထံမှ သူမလည်း ကြားဖူးထားသည်။
သို့သော်လည်း ရက်အနည်းငယ်အတွင်း သူတို့သည် အလွန်ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခုအဖြစ် ဒုတိယနတ်ဆိုးသားရဲနှင့် ကြုံတွေ့ခဲ့ရပြန်သည်။
"စိတ်မပူပါနဲ့ ငါဒီမှာရှိနေရင် အားလုံး အဆင်ပြေသွားမှာပါ" ချင်ယွင်က နှစ်သိမ့်ပေး လိုက်သည်။
ရန်စီချီက ခေါင်းညိတ်ပြသော်လည်း သူမ၏ နှလုံးသားမှာ အနည်းငယ် မသက်မသာ ဖြစ်နေသေးသည်။
သို့သော် ဤအခိုက်အတန့်တွင် ပင်လယ်ရေမျက်နှာပြင်မှ ရှည်လျားသော ရေဘဝဲ လက်ကြီးတစ်ချောင်း ထွက်ပေါ်လာပြီး ဧရာမကြာပွတ်ကြီးကဲ့သို့ သင်္ဘောကြီး ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
၎င်းလက်ကြီး၏အရှိန်က မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ၎င်း၏ခွန်အားကလည်း တောင်တွေကိုတောင် လှုပ်ခါသွားစေနိုင်သည်။
"ဘုန်း !"
ပြင်းထန်သော ရိုက်နှက်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သင်္ဘောကုန်းပတ်တစ်ခုလုံး ချက်ချင်း ကွေးသွားကာ သင်္ဘောကိုယ်ထည်ကြီးသည် ရုတ်တရက် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ ကုန်းပတ်တစ်ခုလုံး ပင်လယ်ရေ တွေထဲ နစ်မြုပ်လုမတတ် ဖြစ်သွားခဲ့ရသည်။
လူတိုင်း၏နှလုံးသားတွေလည်း တုန်လှုပ်သွားရသည်။ မယှဉ်သာနိုင် ထူထပ်ကြီးမား သည့် ရေဘဝဲလက်ကြီးတစ်ချောင်းကို သူတို့ မြင်လိုက်ရသည်။ ၎င်း၏ အချင်းသည် ငါးမီတာနီးပါး ကျယ်ပြန့်ပြီး ၎င်း၏ အင်အားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သိမ်မွေ့နက်နဲ သံမဏိသင်္ဘောကြီးသည်ပင် ရိုက်နှက်ချက်တစ်ခု၏ဒဏ်ကို မခံနိုင်ဘဲ ချက်ချင်းပင် ကွေးညွတ်သွားလေသည်။
ချင်ယွင်၏ မျက်ခုံးများ ချက်ချင်း တွန့်သွားခဲ့သည်။ ၎င်းသည် အလွန်ကြီးမားသည့် လက်ချောင်းရှစ်ချောင်းပါ ရေဘဝဲကောင်ကြီးဖြစ်နိုင်ပြီး ၎င်း၏အစွမ်းမှာ ယခင်က တွေ့ဖူးသည် မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးထက် ပိုမိုအားကောင်းနေပုံ ရသည်။
ဝှီး……!
နောက်ထပ် ဧရာမ ရေဘဝဲလက်ချောင်းကြီးတစ်ချောင်းသည် ပင်လယ်ပြင်မှ ပျံထွက်လာခဲ့ပြီး သင်္ဘောကြီးဆီသို့ တစ်ကြိမ် ထပ်မံ ထိုးကျသွားသည်။
"မဟုတ်ဘူး၊ ငါတို့က သူ့ကို သင်္ဘောကြီးကို တိုက်ခိုက်ခွင့် ပေးလို့မရတော့ဘူး။ ဒီအတိုင်းသာ ဆက်နေမယ်ဆိုရင်၊ နှစ်ကြိမ် သုံးကြိမ်လောက် ရိုက်နှက်ပြီးတာနဲ့ သင်္ဘောကြီး နစ်မြုပ်သွားလိမ့်မယ်။" သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ပေါ်လာရင်း ချင်ယွင်၏ မျက်လုံးများတွင် အေးစက်စက်အလင်းတန်းနှင့်အတူ အေးစက်သည့်အသံက ထွက်ပေါ်လာသည်။
သူသည် အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်းကို တခဏအတွင်း ထုတ်ဖော်လိုက်သည်။
ပြင်းထန်သော ဓားအလင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်ခြင်း စွမ်းအားကို သယ်ဆောင်သွားပြီး သင်္ဘောပေါ်သို့ ဆင်းသက်လာတော့မည့် ဧရာမ ရေဘဝဲလက်ချောင်းကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိသွားသည်။
"ဘန်း!"
ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ချင်းယွင်၏ဓားက ဧရာမရေဘဝဲလက်ကြီးကို တိုက်ရိုက် ဖြတ်သွားသည်ကို မြင်လိုက်ရ လျှင် လူအားလုံးသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
သင်္ဘောအောက်မှ နာကျင်စွာ အော်ဟစ်မြည်တမ်းသံက ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်၍လာသည် ။
"ဘုန်း!"
ပင်လယ်ပြင်အောက်မှ ဧရာမပုံရိပ်ကြီးတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာစဉ် ပြင်းထန်သော ပေါက်ကွဲသံတစ်ခုလည်း ထွက်ပေါ်လာသည်။ သူ၏နောက်တွင် ပြင်းထန်သော လေပြင်းများက အရူးအမူး ကခုန်တိုက်ခတ်နေပြီး ဧရာမသင်္ဘောကြီး ပေါ်ရှိ လူအုပ်ကို စူးစူးစိုက်စိုက် ကြည့်ရူလေနေသည်။
"ဘယ်သူလဲ၊ ဘယ်သူက ငါ့လက်ချောင်းတွေကို ဖြတ်လိုက်တာလဲ။"
ကျယ်လောင်သော အော်ဟစ်သံတစ်ခုက ပဲ့တင်ထပ် ထွက်ပေါ်လာပြီး သင်္ဘောကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ခန့်ညားထည်ဝါသည့် ဖိအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသကဲ့သို့ လူတိုင်း၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ပင် ကျရောက်လာခဲ့ပါသည်။
" ဖတ် !"
အားနည်းသူအချို့သည် သူတို့၏ဦးခေါင်းထက်တွင်ရှိနေသော ပုပုလုံးလုံးလူကို ထိတ်လန့်စွာ ကြည့်ရင်း သူတို့၏ပါးစပ်ထဲမှ သွေးများပင် ထွက်ကျလာလေသည်။
"နတ်ဆိုးသားရဲ၊ ဒါက နတ်ဆိုးသားရဲပဲ၊ သူ့ရဲ့အငွေ့အသက်က အရင်က နတ်ဆိုးသားရဲ ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်။"
အားလုံးသည် တုန်လှုပ်ခြောက်ခြားသွားကာ သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်းက ဘာကြောင့် သူတို့ကို ဒီလောက် ကံမကောင်းခဲ့စေခဲ့ရတာလဲ။ နောက်ထပ် နတ်ဆိုးသားရဲက နှစ်ရက်တောင် မပြည့်သေးဘူး ရောက်ရှိလာခဲ့ပြီ။ ဤအကြောင်းကို သူတို့ နားမလည်ကြတော့ပါဘူး။
ပင်လယ်ပြင်မှာ နတ်ဆိုးသားရဲတွေနှင့် တွေ့ဖို့အခွင့်အလမ်းက အရမ်းနည်းသည်ဟု သူတို့ ပြောခဲ့ကြဖူးသည် မဟုတ်ဘူးပါလား။ ယခု သူတို့သည် ဤသုံးရက်အတွင်းမှာ နတ်ဆိုးသားရဲနှစ်ကောင်ကို တွေ့ဆုံခဲ့ရပြီ။ ယင်းက သူတို့ကို ငိုချင်သလိုပင် ခံစားရစေ သည်။
အားလုံးက ချင်ယွင်ကို ကြည့်ကြသည်။ ယခုအချိန်တွင်၊ သူတို့သည် ချင်ယွင်ကိုသာ အားကိုးနိုင်ကြသည်။ ချင်ယွင်သည် သူတို့ရှေ့တွင်ရှိနေသည့် ဤနတ်ဆိုးသားရဲကြီးကို သတ်ပစ်မည်ဟု သူတို့ မျှော်လင့်ထားကြသည်။
ကောင်းကင်ယံမှ ပုပုလုံးလုံးလူသည် လူတိုင်း၏ စူးစူးစိုက်စိုက် အကြည့်များက ခေါင်းကို ထိုးဖောက်မတတ် လူငယ်ကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ၊ သူ၏မျက်လုံးများသည် ချင်ယွင်ကို စူးစိုက်ကြည့်ရင်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်က ချက်ချင်း ထွက်ပေါ်လာသည်။
“အခုလေးတင် မင်းက ငါ့လက်ချောင်းတွေကို ဖြတ်လိုက်တဲ့လူလား?။ ပုပုလုံးလုံးလူ၏ အသံက အေးစက်ပြီး သူ၏မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အမြွတ် ထွက်ပေါ်နေသည်။
"မှန်တယ်။ ကျုပ်ပဲ။ ချင်ယွင်က ဝန်ခံလိုက်သည်။
ချင်ယွင်၏ ဝန်ခံစကားကိုကြားလျှင် ပုပုလုံးလုံးလူ၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွား၏။
“ဒါဆို မင်းက ငါ့ရဲ့တတိယညီလေးကို သတ်လိုက်တာပေါ့”? ။ ပုပုလုံးလုံးလူက သူ၏ ဒေါသကို ဖိနှိပ်ထားရင်း မေးလိုက်သည်။
"တတိယညီလေးလား?"
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏။ မနေ့က သူသည် မျက်လုံး သုံးလုံးကျောရိုးခုန်းဝေလငါးကြီးကို သတ်ဖြတ်ခဲ့သည်။ ဤနတ်ဆိုးသားရဲ၏ပါးစပ်မှ ပြောထွက်လာသည့် သူ၏တတိယညီငယ်သည် ထိုမျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး ဖြစ်ရပေလိမ့်မည်။
မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးမှာ ညီအစ်ကိုတွေ အမှန်တကယ် ရှိနေခဲ့ သည်။ ယင်းက သူ့အတွက် အလွန်ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်လာခဲ့ သည်။ ထို့အပြင် ၎င်းမျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးသည် တတိယမြောက် ညီငယ် ဖြစ်နေသည်။ တစ်နည်းဆိုရသော် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ အထက်တွင် အစ်ကိုကြီး နှစ်ယောက်ရှိနေသည်။ သူ၏ရှေ့မှာရှိနေသည့် ဤလက်ရှစ် ချောင်းပါ ဧရာမမွန်းစတားကြီးသည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ အစ်ကိုနှစ်ယောက်ထဲက တစ်ယောက် ဖြစ်သင့်ပေသည်။
ဟုတ်ပါသည်။ ချင်ယွင်ကို အလေးနက်ထားစေရန် ဖြစ်ပေါ်လာသည့် ခံစားမူက ဤလက်ရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ ကျင့်ကြံခြင်း အခြေခံသည် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်ကို သိသာထင်ရှားစွာ ရောက်ရှိနေခဲ့ပြီးဖြစ်ကာ သူ၏အစွမ်းက မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး ထက် အများကြီး ပိုအစွမ်းထက်ပါသည်။
“ဟမ့်, မျိုးမစစ်ကောင်, မင်းက ဘာမှမပြောတာနဲ့ ငါက မသိတော့ဘူးလို့ ထင်နေတာ လား။ ငါ့တတိယမြောက်ညီငယ်က မင်းလက်ထဲမှာရှိတဲ့ အဲဒီဓားအောက်မှာ သေသွားရ တာ မဟုတ်လား။” ပုပုလုံးလုံးလူက အေးစက်စွာ အော်ဟစ်ပြောလိုက်သည်။
ပင်လယ်ကြမ်းပြင်အောက်မှာ နတ်ဆိုးသားရဲတွေ အများကြီးရှိနေသည်ကို ချင်ယွင် ချက်ခြင်း နားလည်လိုက်ပါပြီ။ မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးကို သူ သတ်ဖြတ်နေသည်ကို မြင်သွားသည့် နတ်ဆိုးသားရဲတစ်ကောင်ကောင်က သူ၏ ရှေ့မှာရှိနေသည့် ဤလက်ရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးဆီ ဒီသတင်းကို ပေးခဲ့သည်မှာ သေချာပါပြီ။
"ဟုတ်တယ်၊ မနေ့တုန်းကတော့ မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီး တစ်ကောင်ကို ကျုပ်သတ်ခဲ့တယ်။ သူ့ကို ထွက်သွားဖို့ ကျုပ်ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ကျုပ်ကိုသတ်ဖို့ အခိုင်အမာ ကြိုးစားခဲ့တယ်။ ဒါကြောင့် ကျုပ်လည်း သူ့ကို သတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး”။ ချင်ယွင်က အေးစက်စွာ ပြန်ပြောသည်။
သူပြောခဲ့သည့် စကားတွေက အမှန်တွေဘဲ ဖြစ်သည်။ သို့သော်လည်း ထိုစကားတွေက အလွန်မင်း မောက်မာသည့် ပုပုဝဝနှင့်ဘူးသီးပုလိုလူ၏ နားထဲရောက်သွားသည့်အခါ သူသည် ချက်ခြင်းပင် ဒေါသအမျက်ထွက်လာခဲ့ပြီး သူ၏အငွေ့အသက်ကလည်း တဟုန်ထိုး ရိုတ်ခတ်လာခဲ့သည်။
"ကောင်စုတ်လေး၊ ငါဘယ်သူလဲဆိုတာ မင်း မသိဘူးလား။ မင်းကများ ငါ့ကို ဒီလို ပြောရဲတယ်ပေါ့။ တကယ်လို့ ငါ့တတိယညီငယ်က မင်းကို သတ်ရင်တောင် ဒါက မင်း ဂုဏ်ယူရမယ့် ကိစ္စပဲလေ။ ဒါပေမယ့် မင်းကတော့ ငါ့ရဲ့တတိယညီငယ်လးကို သတ်ပစ်လိုက်သည်။ ဒါက ရာဇဝတ်မှုကြီးတစ်ခု ဖြစ်သွားပြီကွ။ ” ပုပုဝဝနှင့်ဘူးသီးပုလို လူ၏အသံက အလွန်အမင်း အေးစက်နေပြီး သူ့မျက်လုံးတွေထဲ အကန့်သတ်မဲ့ မောက်မာမူတွေနှင့် ပြည့်နှေက်နေခဲ့သည်။
"ကျုပ်ဂုဏ်ယူရဖို့အတွက် ကျုပ်က အသတ်ခံရမှာလား”။ ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်၏။ အသတ်ခံရခြင်းမှာ သူ့အတွက် ဂုဏ်ယူစရာဖြစ်ကြောင်းကို သူသည် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ မောက်မာလွန်း၏။ သူသည် ဤနတ်ဆိုး သားရဲတစ်ကောင်၏ မောက်မာသောစကားသံကို ကြားချင်လာမိသည်။ ထို့ကြောင့် သူက သရောင်ဟန်ဖြင့် ဆက်မေးလိုက်သည် “အို၊ ဒါဆို ခင်ဗျားက ဘယ်သူလဲ?။
ချင်ယွင်၏ မထီမဲ့မြင်ပြုမူသည့် အကြည့်က ပုပုဝဝနှင့်ဘူးသီးပုလိုလူ၏ မျက်လုံးထဲသို့ ကျရောက်သွားခဲ့သည် ။ အဲဒါက ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်နေသည်။
"ဟမ့်၊ မင်းက မျက်ရည်ကျစရာမလိုသလို ခေါင်းတလားကိုလည်း မမြင်နိုင်တော့ဘူး ဆိုမှတော့ ငါ မင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်။ ငါက နဂါးကောင်းကင် နန်းတော်ရဲ့ လက်အောက်မှာရှိတဲ့ ဆူးသုံးချောင်းလှိုင်ဂူရဲ့ ဒုတိယအကြီးဆုံး ကာကွယ် စောင့်ရှောက်သူပဲ။ မင်း ဘယ်လိုထင်လဲ ကောင်စုတ်လေး။ မင်း ကြောက်သွားပြီ မဟုတ်လား?" ပုပုဝဝနှင့်ဘူးသီးပုလိုလူသည် ထိုစကားကို ပြောနေစဉ် ကြောက်ရွံ့ ထိတ်လန့်သွားသည့် ချင်ယွင်၏အမူအရာ ထွက်ပေါ်လာရန် စောင့်ဆိုင်း နေပုံရသည်။
"ဆူးသုံးချောင်းလှိုဏ်ဂူက ဘာလဲ၊ နဂါးကောင်းကင်နန်းတော်ဆိုတာကရော။ ကျုပ် တခါမှလည်း မကြားဖူးပါလား။” ချင်ယွင်က အမှန်တကယ် မသိသည့်အမူအယာဖြင့် တုန့်ပြန်ပြောလိုက်သည်။
ပုပုဝဝနှင့်ဘူးသီးပုလိုလူသည် ဒေါသအထွက်လွန်ပြီး သူ၏နှာခေါင်းပေါက်များမှ အခိုးအငွေ့များပင် ထွက်လာကာ တကျိကျိမြည်သည်အထိ အံတင်းတင်း ကြိတ်ထားမိ သည်။
သို့သော်လည်း သင်္ဘော၏ တတိယထပ်ရှိ အခန်းအတွင်းတွင် ချန်မင်ရှီ၏ အနားမှာ ရပ်နေသော အဖွားကျောက်ဟုခေါ်သော အဘွားအိုသည် သူမ၏မျက်နှာပေါ်တွင် အလွန်မင်း အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်လာပြီး ပြောလိုက်သည်” နဂါးကောင်းကင်နန်းတော်လား?။ ဒါက တကယ်ကို နဂါးကောင်းကင်နန်းတော်ကလား ”။
အခန်း (၄၂၃) နန်းတော်ကြီးသုံးခု။
"နဂါးကောင်းကင်နန်းတော်။ ဒါက အမှန်တကယ် နဂါးကောင်းကင်နန်းတော်က လား”?။ အဖွားကျောက်က အံ့သြစွာ ပြောလိုက်မိသည်။ သူမ၏ ရှုံ့တွနေသော မျက်နှာ သည် အံ့သြသည့် အမူအရာ ပေါ်လာသည်။ ဤစကားလုံးသုံးလုံးသည် သူမကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်မှာ ထင်ရှားလှပါသည်။
"နဂါးကောင်းကင်နန်းတော်လား”။ အဘွားကျောက်က ဒီနာမည်ကို ကြားဖူးတာလား။" ချန်မင်ရှီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ရှင်းရှင်းပြောရရင်၊ သူမသည်ပင် ဤနဂါးကောင်းကင်နန်းတော်ဟုခေါ်သည့်အရာကို တစ်ခါမှ မကြားခဲ့ဖူးသလိုပင်။
ချန်မင်ရှီ၏အမေးကို ကြားရလျှင် အဖွားကျောက်သည် မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ချပြီး ပြောသည် "နဂါးကောင်းကင်နန်းတော်ဆိုတာက မိုင်ပေါင်း သန်းချီရှိတဲ့ ပင်လယ်ဒေသကြီးထဲမှာ တန်ခိုးကြီးအင်အားစုကြီးသုံးခုထဲက တစ်ခုပဲ။"
"ပင်လယ်အောက်ခြေမှာ အင်အားစုကြီးတွေ ရှိနေသေးတာလား" ချန်မင်ရှီက အံ့သြခြင်းကြီးစွာဖြင့် မေးလိုက်သည်။ ဤစကားများကို သူမသည် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
"နတ်ဆိုးသားရဲတွေကို လျှော့မတွက်နဲ့ ။ နဂါးကောင်းကင်နန်းတော်ရဲ့ စွမ်းအားက အလွန်ကြီးမားပြီး ကောင်းကင်နဂါးတိုက်ကြီးရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထက် အများကြီး ကျော်လွန်တယ်။ အဲဒီမှာ ဝင်ရောက်ကြတဲ့ နတ်ဆိုးသားရဲကျွမ်းကျင်သူတွေကလည်း သားရဲတွေရဲ့ အမွှေးထက်တောင် များပြားသေးတယ်။ အဲဒီမှာလည်း ပင်လယ်ကြီးရဲ့ မဟာအုပ်စိုးရှင်ကြီးတွေရှိတယ်လို့ ဆိုနိုင်တယ်။ ကောင်းကင်ဘုံနဂါးတိုက်ကြီးရဲ့ အင်အားစုတွေတောင်မှ ပင်လယ်ကြီးရဲ့ နက်ရှိုင်းလွန်းတဲ့ အရပ်တွေကို ရှောင်တခင် မဝင်ရဲဘူး။” အဖွားကျောက်က ပြောပြပါသည်။
ချန်မင်ရှီ၏ မျက်လုံးများသည် ဖော်ပြ၍မရသည့် အံ့အားသင့်ဟန် အမူအရာ ပေါ်လာ သည်။ ဤပင်လယ်ကြီးအောက်မှာ သူမမသိသည့် ပုန်းကွယ်နေသော ကမ္ဘာကြီးတစ်ခု အမှန်တယ် ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။
ဂိုဏ်းကြီးသုံးဂိုဏ်းတို့သည် ကောင်းကင်နဂါးတိုက်ကြီး၏ အုပ်စိုးသူများ ဖြစ်ကြသည်။ နဂါးကောင်းကင်နန်းတော်သည် ဤအင်အားကြီး ဂိုဏ်းကြီးသုံးဂိုဏ်းကိုပင် ယှဉ်နိုင် သော သို့မဟုတ် ထိုဂိုဏ်းကြီးသုံးဂိုဏ်းထက်ပင် သာလွန်သော တန်ခိုးကြီး အင်အားစု ကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ချင်ယွင်သည် ဆူးသုံးချောင်းလှိုင်ဂူကို စော်ကားပြစ်မှားမိသွားပြီး မဟုတ်ဘူးလား။
"ဟမ့်၊ ဒီကောင်စုတ်လေးက နတ်ဆိုးတစ်ကောင်ကို သတ်ပစ်လိုက်တာ အံ့ဩစရာလို့ ငါ ထင်ခဲ့မိတယ်၊ ဒါပေမယ့် သူက ဆူးသုံးချောင်းလှိုင်ဂူကို စော်ကားပြစ်မှားမိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်တွေသာ မှန်ကန်တယ်ဆိုရင်၊ ဆူးသုံးချောင်းလှိုဏ်ဂူဆိုတာက နဂါးကောင်းကင်နန်းတော်ရဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်သင့် တယ်လို့ ပြောလို့ရတယ်။ နတ်ဆိုးသားရဲဂိုဏ်းက အရမ်းကို စည်းလုံးညီညွတ်တယ်လို့ ပြောနိုင်တယ်။ ဒီကောင်စုတ်လေးက ဆူးသုံးချောင်းလှိုင်ဂူကို စော်ကားမိမှတော့ သူက နဂါးကောင်းကင်နန်းတော်ကို ပြစ်မှာစော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပြီ”။
"နဂါးကောင်းကင်နန်းတော်ဆို ဘီလူးကြီးအကြောင်း မပြောနဲ့ဦး။ သူက ဒီစိန်ခေါ်မှုကို ရှောင်တိမ်းနိုင်ပါ့မလားဆိုတာတောင် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ချောင်းရှစ်ချောင်း ဒီဧရာမမွန်းစတားကြီးက တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ရဲ့ အလယ်အလတ်အဆင့်မှာဆိုတာ သိသာထင်ရှားပါတယ်။ ဒီကောင်စုတ်လေးက သေချာပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"။ အဖွားကျောက်က အေးစက်စွာ ပြောလိုက် သည်။
ချန်မင်ရှီ၏ လက်ရာမြောက်လှပသော မျက်ခုံးများသည် ချက်ချင်းပင် တင်းတင်း ကျပ်ကျပ် တွန့်ရှုံ့သွားကာ သင်္ဘောကြီး၏ လေးကိုင်းပေါ်မှာ ရပ်တန့်နေသော ပုံရိပ်ကို ကြည့်ရင်း စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။
"အဖွားကျောက်၊ အဖွားကျောက်က ဘာလို့ သူ့ကို မကူညီတာလဲ" ချန်မင်ရှီက တခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူမသည် မနေနိုင်ဘဲ လှည့်ပြီး မေးလိုက်သည်။
ထိုစကားကိုကြားရလျှင် အဖွားကျောက်၏ အေးစက်စက် မျက်လုံးထဲမှာ သတ်ပစ်ချင် သည့် အရိပ်အမြွတ် တစွန်းတစ ထွက်ပေါ်လာပါသည်။ သူမက အေးစက်စွာ ပြော လိုက်သည် " သေချာပေါက် မဖြစ်နိုင်ပါဘူး၊ ငါ သူ့ကို ကူညီးပေးနိုင်ခြင်း ရှိ/မရှိဆိုတဲ့ ဒီကိစ္စကို ထားလိုက်ဦး။ တကယ်လို့ ငါက လက်ချောင်းရှစ်ချောင်း ဒီဧရာမမွန်းစတား ကြီးကို မောင်းထုတ်ဖို့ သူ့ကို ကူညီပေးလိုက်မယ်ဆိုရင် ငါက နဂါးကောင်းကင် နန်းတော်ကို ပြစ်မှားစော်ကား မိသွားလိမ့်မယ်။ ဒါက ငါတို့ချန်ကလန် မတတ်နိုင်တဲ့ အရာပဲ။ ဒါ့အပြင် အခု သူမြန်မြန်သေဖို့ ငါ မစောင့်နိုင်အောင် ဖြစ်နေပြီ။ ဒါမှ သခင်မလေးရဲ့စိတ်ကလည်း ပြောင်းလဲသွားလိမ့်မယ် ”
အဖွားကျောက်၏ နောက်ဆုံးစကားကို အဆုံးသတ်လိုက်သောအခါ သူမ၏ မျက်လုံးများတွင် ဖြစ်ပေါ်နေသည့် အေးစက်မှုက သူမနှလုံးသားကို တုန်လှုပ်သွား စေခဲ့သည်။
ချန်မင်ရှီသည် သူမ၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့ဖြစ်ကာ သက်ပြင်းချလိုက် မိပါသည်။ သူမသည် ဆေးကုသမှုခံယူရန် အမှန်တကယ်ပင် အလျင်လိုနေခဲ့မိသည်။ အဖွားကျောက်သည် ချင်ယွင်ကို ကယ်တင်မည်မဟုတ်ကြောင်း သူမ သိသော်လည်း သူမသည် စကားပြောကြည့်ချင်နေပါသေးသည်။ ဤနည်းအားဖြင့် သူမသည် ချင်ယွင်အတွက် အကူညီမဖြစ်ရုံသာမက သူ့ကိုပင် ထိခိုက်နစ်နာစေခဲ့ရပါသည်။
ထိုအချိန်တွင် သင်္ဘောကုန်းပတ်ပေါ်ရှိ လေထုသည် အလွန်ဆိုးရွားသော အခြေအနေ သို့ ရောက်ရှိသွားခဲ့သည်။ လူတိုင်းက အသက်ရှုကြပ်နေပြီး ကောင်းကင်ယံမှာ အတိုင်း အတာတစ်ခုအထိ ဒေါသထွက်နေပြီဖြစ်သော လူပုလေးကို ကြည့်ပြီး စိတ်ထဲအတွင် မသက်မသာဖြစ်မှုတွေ ခံစားလာရသည်။
"ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာတဲ့အခါ မင်းကို မတော်တဆ ထိခိုက်ဒဏ်ရာ မရအောင် ဘေးမှာ ပုန်းရှောင်နေလိုက်ပါ။ နောက်ပြီး မင်းကို ကာကွယ်ဖို့ ခရမ်းလေး ကို ငါတောင်းဆိုပေးမယ်။" ချင်ယွင်သည် တိုက်ပွဲဝင်ရမည့်အချိန် ရောက်လာပြီဆို သည်ကို သိလိုက်သည်နှင့် သူ့ဘေးမှ်ရပ်နေသည့် ရန်စီချ်ကို ပြောလိုက်သည်။
"သတိထားပါ!" ရန်စီချီက ချင်ယွင်ကို စိုးရိမ်စိတ်များ ပြည့်နှက်နေသော မျက်လုံးအရွဲ ကြီးဖြင့် ကြည့်နေသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့စိတ်နှလုံးသားက တစ်ချက် လှုပ်ရှားသွားသည်။ ခရမ်းရောင်မျက်လုံးဆွမ်နီ၏ ရုပ်အသွင်အပြင်က လူတိုင်း၏ မြင်ကွင်းထဲမှာ ပေါ်လာပါသည်။
"ခရမ်းလေး၊ မင်းရဲ့သခင်မကို ကာကွယ်ပေးလိုက်ပါ။ သူမကို မနာကျင်ပါစေနဲ့။" ချင်ယွင်က ခရမ်းရောင်မျက်လုံးဆွမ်နီကို ခိုင်မာသောလေသံဖြင့် ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်!" ရှောင်ဇီက အခိုင်အမာ ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် လည်း ယိမ်းယိုင်သွားခြင်း မရှိပေ။ ချင်ယွင်သည် နောက်ဆုံးအကြိမ် မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးကို သတ်ဖြတ်ပြီးနောက် ခရမ်းရောင်မျက်လုံးဆွမ်နီသည် ချင်ယွင်ကို ယုံကြည်မှုရှိသည့် အရိပ်အယောင် စတင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ချင်ယွင်၏ စကားကို သဘာဝအတိုင်း နာခံခဲ့သည်။
ခရမ်းရောင်မျက်လုံးဆွမ်နီက သဘောတူလိုက်သည်ကို မြင်လျှင် ချင်ယွင်သည် ကောင်းကင်ယံမှာရှိနေသည့် လူပုလေးကို လှည့်ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ တတိယညီငယ်အတွက် ခင်ဗျား လက်စားချေတော့မှာ မဟုတ်ဘူးလား၊ ဒါဆိုလည်း ကျုပ်နောက် လိုက်ခဲ့တော့ " ချင်ယွင်က အေးစက်စွာ ပြောပြီးနောက် အဝေးပင်လယ်ပြင်ဆီသို့ ပျံသန်းသွားခဲ့သည်။
သူသည် သင်္ဘောကြီးနှင့် အဝေးမှာ နေချင်သည်။ ထိုမှသာ သူနှင့် လက်ချောင်း ရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ တိုက်ပွဲရိုတ်ခတ်မူက လူတိုင်းအပေါ် အထူးသဖြင့် ရန်စီချီအပေါ် မထိခိုက်စေမှာ ဖြစ်သည်။
လူပုလေးသည် ချင်ယွင်၏ ရည်ရွယ်ချက်ကို သဘာဝကျကျ သိသော်လည်း သူ၏ ပစ်မှတ်မှာ ချင်ယွင် ဖြစ်သည်၊ ဤသင်္ဘောကြီးသည် ပင်လယ်ပြင်တွင် တခဏတာ အတွင်း ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူနားလည်သည်။ ထို့ကြောင့် သူသည် လုံးဝ စိတ်ပူစရာမလိုအပ်ပေ။
သူ၏ရှေ့မှာရှိသည့် ဤလူသားကို သတ်လိုက်သည်နှင့် သင်္ဘောပေါ်မှာရှိသည့် လူတိုင်း သေရလိမ့်မည်။ ထို့ကြောင့် သူက မဆိုင်းမတွ နောက်မှ လိုက်သွားခဲ့သည်။
ချင်ယွင်သည် ရပ်တန့်ခြင်းမရှိမီ မီတာတစ်သောင်းနီးပါး ဆက်တိုက် ပျံသန်းသွား ခဲ့သည်။ ဤနည်းအားဖြင့် သူနှင့် လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးတို့ ကြား တိုက်ပွဲမည်မျှ ပြင်းထန်နေပါစေ သင်္ဘောကြီးကို ထိခိုက်ရန် မဖြစ်နိုင်တောာ့ပေ။
ချင်ယွင် နှင့် လူပုလေးတို့နှစ်ဦးတို့သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ တစ်ထောင်နီးပါး အကွာအဝေးတွင် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။
"မင်းက ဒီသင်္ဘောပေါ်က လူတွေကို ပွေ့ဖက်ထားနိုင်မယ်လို့ မင်း ထင်နေသလား။ တကယ်လို့ ငါ မင်းကို သတ်လိုက်မယ်ဆိုရင် နောက်ပိုင်း သူတို့အားလုံး သေရမှာပဲ" လူပုလေးက လှောင်ပြောင်သည်။
"ဒါဆိုလည်း ခင်ဗျား ကျုပ်ကို သတ်ပြီးမှပဲ ရလိမ့်မယ်။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့်ဆန္ဒ အရိပ်အမြွက် ပေါ်လာ သည်။ ဒီရေဘဝဲမွန်းစတားကြီးသည် အရမ်းကို သန်မာလွန်းသည်။ ထို့ကြောင့် သူသည် ရှိသမျှအရာအားလုံး ထုတ်သုံးရလိမ့်မည်။
"ဟမ့်၊ ဒါဆိုလည်း သွားသေလိုက်တော့!" လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတား ကြီး အေးစက်စွာ ဟစ်အော်လိုက်သည်။ အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ သော ဒေါသသည် ဤအခိုက်အတန့်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ဆူဖြိုးသော ပုံသဏ္ဍာန်က ချက်ချင်းဆိုသလို ပြေးထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မီတာတစ်ထောင်အကွာသို့ ရောက်ရှိသွားသည်။
ဝှီး !
လူပုလေး၏ ပုပုဝဝနှင့်ဘူးသီးပုလိုပုံရိပ်သည် ချင်ယွင်၏ ရှေ့မှာ တိုက်ရိုက်ပေါ်လာပြီး ပန်းကန်လုံးအရွယ် လက်သီးက ချင်ယွင်ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ချင်ယွင်၏ အမူအရာက တည်ငြိမ်ပြီး သူသည် တစ်ဖက်လက်သီးကို ပိတ်ဆို့ရန် သူ၏ လက်ကို အလျင်အမြန် မြှောက်လိုက်သည် ။
လူပုလေး၏ အရှိန်အဟုန်သည် သူမျှော်လင့်ထားသည်ထက် ပိုမြန်သည်။
"ဘန်း !"
လူပုလေး၏လက်သီးသည် ချင်ယွင်၏လက်မောင်းပေါ်သို့ ကျရောက်သွားခဲ့ပြီး ကြီးမား ပြင်းထန်စွမ်းအားက မုန်တိုင်းတစ်ခုကဲ့သို့ ချက်ချင်းဆိုသလို ထွက်ပေါ် လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး ဤကြီးမားလှသော အင်အားကြောင့် မရပ်တန့်နိုင်မီ ပေရာပေါင်းများစွာ နောက်သို့ တွန်းထုတ်ခံလိုက် ရသည်။
"ဘယ်လောက်တောင် မြန်လိုက်တဲ့ အမြန်နှုန်းလဲ၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအားလဲ"
ချင်ယွင်သည် အနည်းငယ် ရောင်ရမ်းနေသော လက်မောင်းကို ပွတ်သပ်ကာ သူ၏နှလုံးသားထဲတွင် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။
သူ၏ခွန်အားသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သော်လည်း ၎င်းတို့ကြားတွင် ကွာဟချက်ရှိနေဆဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ဤလူပုလေး၏ လက်သီးချက်ကို ခုခံ ကာကွယ်ရန် အလွန်အားစိုက်ထုတ်နေရပြီ ဖြစ်သည်။
ဝှီး……!
ဤအခိုက်အတန့်တွင် လူပုလေး၏ပုံရိပ်သည် လေကဲ့သို့ တစ်ဖန်ရောက်ရှိလာပြီး ချင်ယွင်၏ရှေ့တွင် ချက်ချင်းပေါ်လာကာ တိုက်ခိုက်လာပြန်သည်။
"ဟမ့်၊ မင်းက သေးငယ်တဲ့ လူသားလေးပဲလေ၊ ဒါတောင်မှ မင်းက ငါ့ရှေ့မှာ မာနကြီးဖို့ သတ္တိရှိနေတုန်းပဲ။ ဒီနေ့ ငါ မင်းကို သေမင်းဆီ ပို့လွှတ်ပေးမယ်။"
မိုးခြိမ်းသံကဲ့သို့ အေးစက်သောအသံက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာပြီးနောက် လျှပ်စီးကဲ့သို့ လျင်မြန်သော လက်သီးချက်သည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
"ဖူး….. !"
ချင်ယွင်သည် ချက်ချင်းပင် နောက်ပြန် လွင့်ထွက်သွားကာ ပင်လယ်ရေမျက်နှာပြင်ပေါ် ပေတစ်ထောင်အကွာအဝေးကို ရောက်ရှိသွားခဲ့ပြီး သွေးတလုတ်ကို ချက်ခြင်း အန်ထုတ်လိုက်ရသည်။
အဝေးမှာရှိနေသည့် သင်္ဘောပေါ်မှလူများသည် ဤမြင်ကွင်းကို မြင်လိုက်သော အခါတွင် သူတို့အားလုံးသည် အနှိုင်းမဲ့ အံ့အားသင့်သည် အမူအရာများ ဖြစ်ပေါ်နေကြ ပြီး စိတ်ပျက်အားငယ်မှု လှိုင်းလုံးကြီးများက သူတို့၏ နှလုံးသားထဲတွင် တဝဲလည်လည် လှည့်ပတ်နေလေသည်။
ရန်စီချီသည် သူမပါးစပ်လေးကို မထိန်းနိုင်ဘဲ အုပ်ထားလိုက်မိပါသည်။ သူမ၏ လှပသော မျက်လုံးများမှ မျက်ရည်ပူများ စီးကျလာပါသည်။ သူမ၏မျက်လုံးများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်ဒဏ်ရာရနေသည့် မြင်ကွင်းကို ကြည့်လိုက်ရတိုင်း သူမ၏နှလုံးသားသည် အလွန်နာကျင်နေပါသည်။ သူမသည် တဟုန်ထိုး ပြေးထွက်သွားချင်နေမိပါသည်။
အခန်း (၄၂၄) ပြင်းထန်သောတိုက်ပွဲ။
ချင်ယွင်သည် သူ၏ခါးကိုငုံ့ကြည့်ရင်း ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်နေခဲ့သည်။ သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏မျက်ခုံးများက အနည်းငယ် တွန့်သွားစေခဲ့သည်။
ဤအလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားသည် အမှန်တကယ်ပင် ထူးကဲလှပါသည်။ သူ၏ လက်ရှိအင်အားဖြင့် တစ်ဖက် သားကို ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲနေပုံရသည်။ ကြည့်ရတာ သူသည် 'လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ လျှို့ဝှက်နည်းပညာရပ်တစ်ခုကို အသုံးပြုရတော့မည်ဟု ထင်သည်။
"ဟား၊ ဟား၊ ဟား၊ ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း မြင်ပြီမလား။ မင်းက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှ မပိုဘူး။ မင်းကို ငါ့လက် တစ်ဖက်တည်းနဲ့တောင် ကြိတ်ချေပစ်လို့ရတယ်" လူပုလေးသည် ကျယ်လောင်စွာ ရယ်မောရင်း ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် အထင်မြင်သေးဟန် မောက်မာဝင့်ကြွားဟန်တို့ဖြင့် ပြည့်နေခဲ့သည်။
ဤလူသည် လူသားငယ်လေး တစ်ဦးမျှသာဖြစ်သော်လည်း သူ၏ရှေ့မှာ မောက်မာ ဝံ့ကြွားနေဝံ့သည်။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်လျှင် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။
"ခင်ဗျားက ကျုပ်ကို ဒီလောက်လွယ်လွယ်ကူကူနဲ့ သတ်ပစ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
သို့သော် ဤအခိုက်အတန့်တွင် အဝေးမှာရှိနေသည့် ချင်ယွင်သည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ ခဲ့သည်။
ချင်ယွင်၏ခြေထောက်အောက်ရှိ ပင်လယ်ရေပြင်သည် ပြင်းထန်စွာ လှိုင်းထန်လာခဲ့ သည်။ ၎င်းသည် ရေများက ပြင်းပြင်းထန်ထန် ဆူပွတ်လာခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။
ပင်လယ်ရေပြင်ကြီးသည် ဆက်ပြီး လူးလှိမ့််လှုပ်ခါနေသည်။
ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်စွာ ဆူပွက်နေပုံရသည်။ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များသည် လောင်ကျွမ်းနေပြီး မယှဉ်သာလောက်အောင် အစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်နေသည်။
မှန်ပါသည်။ ဤသည်မှာ ပထမအဆင့်ဖြစ်သော 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာ'ရပ်၏ တောင်ရွေ့လျားခြင်းနယ်ပယ်နှင့် ယှဉ်တွဲထားသော “သွေးအနှစ် သာရလောင်ကျွမ်းခြင်း”နည်းပညာရပ် ဖြစ်ပါသည် ။
ထိုအချိန်တုန်းက ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီကို တိုက်ခိုက်သောအခါတွင် ဤလျှို့ဝှက်ပညာရပ်ကို တစ်ကြိမ် အသုံးပြုခဲ့ဖူးသည်။ သို့သော် ထိုအချိန်တုန်းက ချင်ယွင်သည် ဤလျှို့ဝှက်ပညာရပ်ကို လုံး၀ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးသောကြောင့် ဤလျှို့ဝှက်ပညာရပ်၏ အစစ်အမှန်စွမ်းအားကို မပြသနိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် ပြင်းထန်သော ခွန်အားကိုရရှိရန်အတွက် သူ၏ သွေးအနှစ်သာရ တစိတ်တပိုင်းကို လောင်ကျွမ်းလိုက်ရသည်။ သူ၏ ခွန်အားသည် ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်၏ အပေါ်ယံအသွင်အပြင်သည် တောက်ပသည့် မိုးပြာရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက် ဖွယ်ကောင်းသော အငွေ့အသက်များက သူ၏နှလုံးသားကိုပင် တုန်လှုပ်စေခဲ့သည်။
လူပုလေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင် ထုတ်လွှတ်လိုက် သည့် အငွေ့အသက်သည် သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သူသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ အန္တရာယ် အရိပ်အယောင်ကိုပင် အနံ့ခံနိုင်သည်။
"ကောင်စုတ်လေး၊ မင်းကို လူသားတစ်ယောက်အဖြစ်တောင် ငါ မယုံချင်တော့ဘူး" လူပုလေးက အနည်းငယ် မကျေမနပ်ဖြစ်ပြီး ချက်ချင်း ဒေါသတကြီး ပြောလိုက်သည်။
သို့သော် သူ၏စကားသည် တစ်ဝက်တစ်ပျက်မှာ ရုတ်တရက် ရပ်သွားခဲ့သည်။ ချင်ယွင် သည် အဝေးမှ စူးရှတောက်ပသော မိုးပြာရွှေရောင် ဓားတစ်လက်ကဲ့သို့ ပစ်ဝင်လာခဲ့ပြီး ထိုက်တောင်ကြီးပင် ပြိုပျက်သွားနိုင်သည့် အရှိန်အဟုန်ကို ယူဆောင်လာသည်။ ပြင်းထန်သောဖိအားက သူ့အပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့ပြီး သူ၏ရှေ့ကို ချက်ချင်း ရောက်ရှိလာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ထွက်ပေါ်လာသည်။ မိုးပြာရွှေရောင်အလင်းတန်းသည် ထက်ရှသော ဓားတစ်ချောင်းနှင့်တူသည်။ သူသည် သူ၏လက်သီးကို တခဏအတွင်း တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး လူပုလေးဆီကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
"ဟမ့် !"
လူပုလေးသည် အစိမ်းရောင် အခိုးအငွေ့တန်းတစ်ခု ထွက်လာသည့်အထိ နှာခေါင်းရှုံ့ လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည်လည်း လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးလိုက်ပြီး ချင်ယွင်၏ လက်သီးနှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိသည်။
လက်သီးနှစ်လုံးသည် ကြယ်ကြွေသွားသကဲ့သို့ ထိပ်တိုက်တွေ့ဆုံမိပြီး ကျယ်လောင် သည့် ပေါက်ကွဲသံနှင့်အတူ ပင်လယ်ရေမျက်နှာပြင်ကို တိုက်ရိုက် ဖြိုခွင်းသွားခဲ့သည်။
သူတို့နှစ်ယောက်စလုံးသည် တစ်ခဏအတွင်းဆိုသလို တိုက်ခိုက်ကြတော့သည်။ သူတို့၏အရှိန်အဟုန်တွေက အံ့မခန်း မြန်ဆန်လွန်းသည်။ သူတို့၏ လက်သီး ထိုးချက် များနှင့် နောက်ပြန်ဆုတ်သွားသည့် အရှိန်အဟုန်များသည် အဝေးမှ ကြည့်နေသော လူတိုင်းကို ဖမ်းစားသွားခဲ့သည်။ သူတို့မြင်သမျှမှာ လက်သီးချက်များနှင့် ခြေထောက် အရိပ်များ အပြည့်ဖြစ်နေသည့် ကောင်းကင်ပြင်ကြီး ဖြစ်နေသည်။ ထို့အပြင် ချင်ယွင်နှင့် လူပုလေးတို့၏ အဆက်မပြတ် ရောယှက်ရစ်ပတ်ကာ တိုက်ခိုက်နေသော အသွင်အပြင် များလည်း ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်သည် ပေါက်ကွဲတော့မည့် အိုးတစ်လုံးကဲ့သို့ တုန်ခါနေပြီး လှိုင်းလုံးများက တဟုန်ထိုး ရိုတ်ခတ်မြည်ဟီးကာ၊ ဒီရေလှိုင်းတွေကလည်း မြင်းသထက် မြင့်တက်လာခဲ့သည်။
လူတိုင်းသည် အံသြနေကြသည်။ ချင်ယွင်သည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ သူသည် ဤကြောက်စရာကောင်းသော အလယ်အလတ် အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့်ပင် လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သည်။ ချင်ယွင်သည် မည်မျှ အစွမ်းထက်နေသည်ကို သူတို့ ယုံရခက်နေ ပါသည်။
သင်္ဘောလေးကိုင်းအနားမှာ ရပ်နေသော ခရမ်းရောင်မျက်လုံးစွမ်နီသည် အဝေးမှာ တိုက်ပွဲဝင်နေသော ချင်ယွင်၏ပုံရိပ်ကိုကြည့်ရင်း သူ၏မျက်လုံးတွေက အံ့သြတကြီး ဖြစ်နေပုံရသည်။ ယခုအချိန်တွင် ချင်ယွင်၏ခွန်အားသည် သူ့ထက်သာလွန်နေပေပြီ။ အကယ်၍ ချင်ယွင်သာ သူ့ကို ယခုလိုမျိုး အင်အားဖြင့် တိုက်ခိုက်မည်ဆိုလျှင် သူသည် လုံးဝ ရှုံးနိမ့်သွားလိမ့်မည်ဟု ပြောနိုင်ပါသည်။
လွန်ခဲ့သည့်တစ်လကျော်က ချင်ယွင်တွင် ဤကဲ့သို့ ခွန်အားမရှိသည်ကို သူသိသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ တိုးတက်မှုအရှိန်ကြောင့် သူသည် လုံးဝကို ထိတ်လန့်သွားရတော့သည်။
ဤမျှလောက်ကြီးကျယ်ခမ်းနားသည့် ပါရမီရှင်တစ်ဦးကို နောက်ထပ် အနှစ်တစ်ရာ အချိန်ပေးလိုက်ရင်၊…………..။
မဟုတ်ဘူး၊ ဆယ်နှစ်။ ဒါဆို သူက ဘယ်လောက်ဝေးဝေး လျှောက်လှမ်းနိုင်မလဲ?။
ယခုအခါ ခရမ်းရောင်မျက်လုံးစွမ်နီသည် ချင်ယွင်ကို အမှန်တကယ် ယုံကြည်လာခဲ့ပြီ။ ယခုအချိန်တွင်၊ သူသည် ချင်ယွင်၏ အလားအလာကို ယုံကြည်လက်ခံခဲ့ပါပြီ။
သူသည် သူ၏ဘိုးဘေးများနှင့်ပင် ယှဉ်နိုင်သော ခရမ်းရောင်မျက်လုံးစွမ်နီ ဖြစ်အောင် ပြုလုပ်ပေးမည်ဟု ချင်ယွင်၏ ကတိစကားကို အမှတ်ရလိုက်မိသည်။ ယခုအခါ ချင်ယွင်သည် ၎င်းကတိစကားကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည်ဟု သူ ထင်လာသည်။
တုန်လှုပ်ခြောက်ခြားသွားရသူများမှာ ခရမ်းရောင်မျက်လုံးစွမ်နီတစ်ယောက်တည်း မဟုတ်ပေ။ ချန်မင်ရှီသည် အဝေးမှ မယုံနိုင်လောက်အောင် ရွှပ်ရွှပ်ချွံချွံတိုက်ခိုက် နေသည့် ချင်ယွင်ကို စိုက်ကြည့်နေသည်။ သူမ၏မျက်နှာက အံ့အားသင့်သည့် အမူအယာများဖြင့် ပြည့်နေသည်။
ပထမတော့ ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှာ ရှိသော မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီး၏ ပြိုင်ဘက်မဟုတ်ဟု သူမ ထင်ထား ခဲ့သည်။ ထို့သော် ချင်ယွင်သည် သူမ၏မျှော်လင့်ချက်များကို ကျော်လွန်ပြီး မျက်လုံး သုံးလုံးကျောရိုးခန်းဝေလငါးကြီးကို သတ်ပစ်လိုက်သည်။ ယခုဆိုလျှင်လည်း ချင်ယွင် သည် ဤတာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့် လက်ချောင်း ရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ ပြိုင်ဘက်မဟုတ်ဟု သူမ ထင်ထား ခဲ့ပြန်သော် လည်း ချင်ယွင်သည် သူမသိရှိနားလည်ထားသည့် ဗဟုသုတကို တစ်ဖန် ပြန်လည် ဆန်းသစ်စေခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်သည် သူမ၏မျက်လုံးထဲတွင် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုလို ဖြစ်နေပြီး အနက်ကိုမမြင်နိုင်ဘဲ ထပ်ခါတလဲလဲ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
အဖွားကျောက်သည် ချင်ယွင်၏ တိုက်ပွဲပုံရိပ်များကို ကြည့်ရူရင်း သူမ၏ မျက်ခုံးများ သည် နက်နက်ရှိုင်းရှိုင်း တွန့်သွားသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ သတ်ဖြတ်လို စိတ်က ဆက်လက် မြင့်တက်နေပါသည်။
ချင်ယွင်၏ အရည်အချင်းက ပို၍ထူးခြားလေလေ၊ သူတို့ချန်ကလန်အတွက် ပို၍ ဒုက္ခများလေ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် အကယ်၍ ချင်ယွင်သည် အဆုံးသတ်တွင် ဤလက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူမသည် ကိုယ်တိုင်လှုပ်ရှားပြီး ချင်ယွင်ကို လုံးဝ ချေမှုန်းပစ်မည်ဟု သူမ၏စိတ်ထဲမှာ ဆုံးဖြတ်လိုက်သည်။
"ဘုန်း !"
ပြင်းထန်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ချင်ယွင်သည် ဤလူပုလေးနှင့် တိုက်ကွက်ပေါင်းတစ်ရာကျော် ပြန်ပြန်လှန်လှန် တိုက်ခိုက်ခဲ့ပြီးဖြစ်ကာ သူတို့နှစ်ဦးသည် လက်ရည်တူပြီး သရေကျလုနီးပါး ဖြစ်နေခဲ့ သည်။
ချင်ယွင်သည် လူပုလေးကို လက်သီးတစ်ချက်ထိုးဖြင့် နောက်ပြန်တွန်းထုတ်လိုက်ပြီး နောက် သူ၏ပုံရိပ်သည် လူပုလေးနှင့် ပေတစ်ထောင်အကွာအဝေးထိ အထပ်ထပ် နောက်ပြန် ဆုတ်သွားရသည်။
"ဒီအတိုင်း ဆက်သွားနေတာက နည်းလမ်း မဟုတ်သေးဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းနေတဲ့ ငါ့ရဲ့သွေးအနှစ်သာရ အစိတ်အပိုင်းတွေ လုံးလုံးလျားလျား ကုန်ဆုံးသွားတဲ့အခါ ငါ့ ခွန်အားတွေကလည်း ချက်ချင်း ကျဆင်းသွားလိမ့်မယ်။ အဲဒီအချိန်ရောက်လျှင် ငါဟာ အားနည်းသွားပြီး သေတဲ့အထိ အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် တိုက်ခိုက်ခံရလိမ့်မယ်”။ ချင်ယွင်က မျက်မှောင်ကြုတ်ပြီး စိုးရိမ်စိတ်နှင့် အတူ သူ၏စိတ်ထဲမှာ ပြောလိုက်သည်။
"ငါ ဒီထက်ပိုပြီး တကယ်မလုပ်နိုင်တော့ဘူး။ ငါ့ရဲ့သွေးအနှစ်သာရကို ဆက်ပြီး လောင်ကျွမ်းဖို့ပဲ တတ်နိုင်တော့တယ်" ချင်ယွင်၏ မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်သည့် အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာသည်။
သူ၏သွေးအနှစ်သာရ အစိတ်အပိုင်းတစ်ခုကို လောင်ကျွမ်းခြင်းကပင် အတော်အတန် များပြားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်နေရပြီ ဖြစ်သည်။ သို့သော်လည်း ယင်းက ဟန်ချက်ညီအောင် ထိန်းထားနိုင်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အနားယူပြီး နောက် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။
သို့သော်၊ သူသည် သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို လုံးလုံး လျားလျား အသုံးပြုလိုက်သည်နှင့်၊ သူသည် လျှို့ဝှက်နည်းပညာရပ်၏ ကန့်သတ်ချိန် ပျောက်ကွယ်သွားပြီးနောက် အမြဲတမ်း ပျက်စီးသွားမည် ဖြစ်သည်။ အဖိုးတန် ရတနာ တစ်မျိုးမျိုး မရှိခဲ့ဘူးဆိုလျှင် သူသည် တစ်နှစ်ခွဲအတွင်း သူ၏လက်ရှိခွန်အားကို ပြန်လည်ရရှိနိုင်မည် မဟုတ်တော့ပါ။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းရဲ့အင်အားက မဆိုးဘူးဆိုတာ ငါဝန်ခံပါတယ်။ မင်းက ငါ့ကို တကယ်တိုက်ခိုက်နိုင်နေပြီ။ ဒါပေမယ့် အခုက ငါ့ရဲ့စစ်မှန်တဲ့ ခွန်အား မဟုတ်သေးဘူး။ ဆိုတော့ ငါ့ရဲ့စစ်မှန်တဲ့ခွန်အားက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မင်းကို ငါ ပြောပြမယ်။"
ချင်ယွင်သည် သွေးအနှစ်သာရလောင်ကျွမ်းခြင်း နည်းပညာရပ်ကို လုံးလုံးလျားလျား သုံးသင့် မသုံးသင့် စဉ်းစားနေချိန်မှာ လူပုလေးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လူတိုင်းကို အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မြင်ကွင်းကို မြင်ခွင့်ရစေခဲ့သည်။
ထိုလူပုလေးသည် ရုတ်တရက် ကွေးညွှတ်သွားပြီး သူ၏နောက်ကျောသည် ရုတ်တရက် ဖောင်းထွက်လာသည်။ အသားစိုင်လုံးများသည် ပေါက်ထွက်လုနီးဖြစ်နေသကဲ့သို့ သူ၏ နောက်ကျောတွင် တွန့်လိမ်ယှက်နေ၏။
အစောပိုင်းတုန်းက လူအများပြားသည် လူပုလေး၏ အဖြစ်အပျက်ဟန်ကို နားမလည်သေးဘဲ သူ၏နောက်ကျောက ပေါက်ကွဲသွားသည်ဟု ထင်နေကြသည်။ အမှန်တကယ်တော့ သူသည် သူ၏လက်လေးချောင်းကို အပြင်းအထန် ဖော်ထုတ် လိုက်ခြင်း ဖြစ်သည်။ သူ၏မူရင်း လက်နှစ်ဖက်အပြင် ယခုအခါ သူ့မှာ စုစုပေါင်း လက်ခြောက်လက်ဖက် ရှိလာခဲ့သည်။ ထိုလက်ခြောက်ဖက်နှင့်အတူ သူသည် လူသားပုံသဏ္ဍာန်ရှိသည် ပင့်ကူတစ်ကောင်လို ဖြစ်လာခဲ့သည်။ ထိုအခိုက်တန့်မှာ သူ၏ အငွေ့အသက်သည် အများအပြား တိုးမြှင့်လာခဲ့သည်။
ချင်ယွင်သည် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ ဤနတ်ဆိုးသားရဲသည် လူသားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ ယခုအခါ သူသည် လူသားခန္ဓာကိုယ်ကို အမှန်တယ် ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
သို့သော်လည်း လူပုလေးသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်" အခု ငါ့ရဲ့ လက်ရှစ်ချောင်းပေါင်းစပ် စွမ်းအားကို ငါ ပြသပါရစေ"။
အခန်း (၄၂၅) လက်ချောင်းရှစ်ချောင်းပါဧရာမမွန်းစတားကြီးကို သတ်ဖြတ်ခြင်း။
ဝှီး………..!
လူပုလေးသည် လျင်မြန်စွာ လမ်းလှမ်းထွက်လာခဲ့သည်။ သူသည် ကိုယ်ကို ကွေးညွတ်ပြီး ပင်လယ်ရေပြင်ပေါ်သို့ နင်းလိုက်လေ၏။ သူသည် မျက်စိတစ်မှိတ် အတွင်းမှာပဲ ချင်ယွင်၏ရှေ့ကို ရောက်ရှိလာခဲ့သည်။ သူ၏လက်ခြောက်ချောင်းတွေ ထဲက တစ်ချောင်းကို လက်သီးတွေလို တင်းတင်းဆုပ်ထားပြီး ချင်ယွင်ရှိသည့် ဘက်ကို ပြင်းပြင်းထန်ထန် ရိုက်ပစ်ချလိုက်သည်။
ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော အမူအရာ တစ်ခုကို ထုတ်ဖော်လာသည်။
"ဘုန်း !"
သူတို့၏ လက်သီးများ ထိပ်တိုက်ထိမှန်မှုကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူတို့၏ နှုတ်ခမ်းကိုယ်စီသည် အေးစက်သော အပြုံးတစ်ခုအဖြစ် အသီးသီး တွန့်ကွေးသွားကြသည်။
မမျှော်လင့်ထားဘဲ လူပုလေး၏ အခြားလက်မောင်းတံတစ်ဖက်သည် လျှပ်စီးလက် သလိုမျိုး ဆန့်ထွက်သွားခဲ့ပြီး ချင်ယွင်၏ လက်ကောက်ဝတ်ကို တင်းတင်း ကြပ်ကြပ် ဖမ်းဆုပ်ထားလိုက်သည်။ သူ၏ ခွန်အားသည် ကြီးမားလှသည်၊ ချင်ယွင်သည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားနေပါစေ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ချင်ယွင်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ချင်ယွင်သည် သူ၏ခွန်အား အားလုံးကို အလျင်အမြန် စုဆောင်းကာ အခြားလက်တစ်ဖက်ဖြင့် လူပုလေးဆီကို ပစ်ဝင်သွားခဲ့သည်။
သူသည် ဤလူပုလေး၏ ချည်နှောင်ဖမ်းဆီးခြင်းမှ လွတ်မြောက်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက နောင်တွင် အဆုံးမဲ့ဒုက္ခများ ရှိလာပေလိမ့်မည်။
သို့သော် သူ၏တိုက်ခိုက်မှုကို လူပုလေးက မျှော်လင့်ထားပုံရသည်။ ချင်ယွင်၏ လက်သီးသည် သူ့ရင်ဘတ်ပေါ်သို့ မကျရောက်မီတွင် လူပုလေးက သူ၏လက် ကောက်ဝတ်ကို တို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားသည်။
သူ၏လက်နှစ်ဖက်လုံးသည် ချည်နှောင်ခံလိုက်ရသောကြောင့် ချင်ယွင်အတွက် လှုပ်ရှားရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သွားရပြီ။
ချင်ယွင်သည် လူပုလေးကို ခြေထောက်ဖြင့်တိုက်ခိုက်ပြီး ထိန်းချုပ်ခံထားရသည့် လက်နှစ်ဖက်ကို လွတ်မြောက်ရန်အတွက် ကြိုးစားချင်သည်။ သို့သော်၊ ဤအရာ အားလုံးသည် အချည်းနှီးသာ ဖြစ်သည်။ ဤလူပုလေးသည် လက်အများပြားကို ပိုင်ဆိုင်ထားသည်။
ချင်ယွင်၏ခြေထောက်များကိုလည်း တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလိုက်ပြီး နောက်ဆုံးတွင် သူ၏ခြေလက်လေးချောင်းလုံးကို လူပုလေးက ချည်နှောင်ထား၏။
"ဟား၊ ဟား၊ မင်းတို့လူသားတွေက တိုက်ခိုက်ဖို့အတွက် မင်းတို့ရဲ့ ခြေလက် လေးချောင်းကိုပဲ အားကိုးနေရတာ မဟုတ်ဘူးလား။ အခု မင်းရဲ့ ခြေလက် လေးချောင်းကို ငါချည်နှောင်ထားလိုက်ပြီ။ မင်း ငါ့ကိုတိုက်ခိုက်ဖို့ ဘာတွေများ ထပ်သုံးလာဦးမလဲ ကြည့်ရအောင်။" လူပုလေးက ကျယ်လောင်စွာ ရယ်မောလိုက် သည်။
သူ့တွင် လက်ခြောက်ချောင်းရှိပြီး လေးချောင်းမှာ ချင်ယွင်၏ ခြေလက်အင်္ဂါများကို ချည်နှောင်ထားသည်။ ကျန်သည့်လက်နှစ်ချောင်းက လက်သီးများအဖြစ် ဆုပ်ကာ ချင်ယွင်၏ ရင်ဘတ်ကို မညှာမတာ နှုတ်ဆက်လေသည်။
လက်သီးတစ်ချက်စီသည် ထိုက်တောင်ကြီး ပြိုကျလာသကဲ့သို့ ဖြစ်ပြီး လက်သီး၏ အရှိန်အဟုန်မှာ အလွန် ပြင်းထန်သည်။
ဒါဇင်နှင့်ချီသည့် ထိုးနှက်ချက်တွေကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် မည်မျှပင် မာကြောသန်မာနေပါစေ ယခုလို ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကိုတော့ သူလည်း တောင့်မခံနိုင်တော့ပါဘူး။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
"ဟား၊ ဟား။ အခု မင်း ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား။ ငါ့ကိုများ လာ တိုက်ခိုက်သေးတယ်။ မင်းက သေချင်နေတာပဲ" လူပုလေးသည် သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ နောက်ထပ် လက်သီး တစ်ချက် ကျရောက်သွားပြီး ချင်ယွင်လည်း သွေးအန်သွားခဲ့သည်။
အဝေးမှသင်္ဘောပေါ်ရှိ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ ကူကယ်ရာမဲ့ သည့် အမူအရာတွေ ပေါ်လာကြပါသည်။ ချင်ယွင်သည် ဤလူပုလေးကို ဆန့်ကျင် တိုက်ခိုက်နိုင်မည်ဟု မူလက သူတို့ထင်ခဲ့ကြသော်လည်း ဤနတ်ဆိုးသားရဲသည် အမှန်တကယ်ပင် လက်ခြောက်ချောင်းကို ဆန့်ထုတ်ကာ ဖမ်းဆုပ်ထားခဲ့ပြီး ခုခံရန် အင်အားမရှိတော့သည့် ချင်ယွင်ကို တိုက်ရိုက် ထိုးနှက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ချင်ယွင် သွေးအန်နေသည်ကိုမြင်ရလျှင် ရန်စီချီက ငိုကြွေးပြီး ရှောင်ဇီကို ချင်ယွင်ကို ကယ်တင်ရန် တောင်းဆိုလိုက်ပါသည်။
သို့သော် ခရမ်းလေးသည်လည်း အကူအညီမဲ့နေခဲ့ပါသည်။ အစောပိုင်းလေးက ချင်ယွင် ရိုက်နှက်ခံရသည်ကို မြင်လိုက်ရစဉ် သူသည် အမှန်တကယ် ပြေးထွက်သွားချင်သည်။ သို့သော်လည်း ချင်ယွင်၏ အမိန့်သည် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာပြီး ရန်စီချီကို ကာကွယ်ရန်သာ နေရစ်ခဲ့ရမည်။
သူ့အသက်သည် ချင်ယွင်နှင့် သက်ဆိုင်နေပါသည်။ အကယ်၍ ချင်ယွင်သာ သေဆုံးသွားပါက သူကိုယ်တိုင်လည်း ချင်ယွင်နှင့်အတူ သေဆုံးသွားရမည် ဖြစ်သည်။ ထို့ကြောင့်၊ သူသည် ကယ်တင်ခြင်းမရှိဘဲ ချင်ယွင်သည် သေဆုံးသွားမည်ကို သေချာ ပေါက် ကြည့်မနေနိုင်ခဲ့ပေ။ သို့သော်လည်း ချင်ယွင်၏အမိန့်သည် ခိုင်မာပြီး လုံးဝ မငြင်းဆန်နိုင်ပေ။ ထို့ကြောင့် သူလည်း အကျပ်ရိုက်နေခဲ့သည်။
"ကျုပ်မှာ လက်နှစ်ဖက်ပဲ ရှိတယ်လို့ ခင်ဗျား တကယ်ထင်နေတာလား"
ချင်ယွင် ရှုံးတော့မည်ဟု လူတိုင်းက ထင်နေကြသည့်အချိန်မှာ ချင်ယွင်၏ ခန္ဓာကိုယ်မှ ဆေဘာအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အနှိုင်းမဲ့ပြင်းထန်သော ဆေဘာအလင်းတန်းသည် လူပုလေး၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက် လာခဲ့သည်။
လူပုလေးသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူသည် ချင်ယွင်နှင့် အလွန်အမင်း နီးကပ်နေသောကြောင့် အချိန်မီ ရှောင်ထွက်သွားသော်လည်း ရုတ်တရက် လျှပ်စီး လိုဆေဘာအသွားက ဖြတ်တောက်သွားခဲ့ပြီး သနားစရာကောင်းသော အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
လူပုလေးသည် ချင်ယွင်ကို အမြန်လွှတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ သူ၏မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေသည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာကို ကိုင်ထားပြီး လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။ သူ့မှာ ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီး စွမ်းအင်များ ပိုင်ဆိုင်ထားသည်။
"ကိုယ်ပွားလား ? မင်းမှာ ကိုယ်ပွားတစ်ခု ရှိနေတာလား" လူပုလေးသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သင်္ဘောပေါ်ရှိလူတိုင်းသည် အလွန် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာတွေကို ထုတ်ဖော်နေကြသည်။
ချင်ယွင်သည် ကောင်းကင်ကို အံတုနိုင်သော အင်မော်တယ်အဆင့် နည်းပညာ ဖြစ်သည့် ကိုယ်ပွားဖန်တီးခြင်းပညာရပ်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ပွားတစ်ခုကိုလည်း ပိုင်ဆိုင်ထားမည်ဟု သူတို့ မမျှော်လင့်ထားပေ။
ချင်ယွင်သည် သူ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့်ဟန်ပန် နည်းနည်းလေးမျှ မရှိပေ။ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် လျှပ်စီးစွမ်းရည်သဘောတရား၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွား ခဲ့သော်လည်း ၎င်း၏ စွမ်းအားသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်နှင့် အလှမ်းဝေး နေပါသေးသည်။ ယခုလေးတင်၊ သူသည် လက်ချောင်းရှစ်ချောင်းပါ ဧရာမ မွန်းစတားကြီး၏ လက်တစ်ဖက်ကို ဖြတ်တောက်ရန်အတွက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ခဲ့ရသည်။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် သူသည် ဤလက်ချောင်း ရှစ်ချောင်းပါဧရာမမွန်းစတားကြီး၏ ပြိုင်ဘက်မဟုတ် သည်မှာ သေချာပါသည်။
ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်ပြီး လူပုလေးကို မော့ကြည့်လိုက်သည်။
လူပုလေး၏မျက်လုံးများသည်လည်း သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေလေသည်။ ဖြတ်တောက်ခံရသည့် သူ၏လက်မောင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အမှန်တကယ် ကြီးထွားလာနေပါသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က သူသည် အကြွင်းမဲ့ လေဓား သတ်ဖြတ်ခြင်းဖြင့် သူ၏ပြိုင်ဘက်၏ လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ သူ့မှာ လက်ရှစ်ချောင်းရှိနေသေးသည်မှာ အံ့သြစရာ မရှိပါဘူး။ ကြည့်ရသည်မှာ သူသည် ထိုကဲ့သို့ အံ့ဖွယ်ကောင်းလောက်သည့် ပြန်လည်ကြီးထွာ နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားလှသည်။
"ဟား၊ ဟား၊ ကောင်လေး။ ငါ့လက်ရှစ်ချောင်းက သဘာဝအတိုင်း အလွန်အစွမ်းထက် ပြီး ပြန်လည်ကြီးထွားနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မင်း မထင်ထားမိ ဘူးမလား။ ပုံမှန်အားဖြင့်၊ ဖြတ်တောက်ခံရတဲ့ ငါ့လက်ချောင်းတွေက ပြန်လည် မွေးဖွားနိုင်စွမ်းရှိတယ်ကွ" လူပုလေးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ အခြေအနေက ထိုသို့ဖြစ်လာခြင်းကြောင့်၊ သူသည် သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို အပြည့်အဝ အသုံးချရုံသာ တတ်နိုင်ပါတော့သည်။
"ငရဲကိုသွားလိုက်တော့ !" လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးသည် ဒေါသ တကြီး ဟစ်အော်လိုက်သည်။ ဓားရှည်ခြောက်စင်းသည် သူ့လက်ထဲတွင် ပေါ်လာပြီး ချင်ယွင်ဆီသို့ လှမ်းပစ်လိုက်သည်။ ဓားရှည်ခြောက်စင်းစလုံးတွင် အနှိုင်းမဲ့ ပြင်းထန် သည့် နတ်ဆိုးစွမ်းအင်များပါရှိပြီး အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ဓားရှည်ခြောက်စင်းသည် တစ်ချိန်တည်း ထွက်ပေါ်လာသည်။ ဤသည်မှာ လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ နောက်ဆုံး သတ်ဖြတ်ခြင်း တိုက်ကွက် ဖြစ်သည်။
လက်ခြောက်ဖက်သည် တစ်ချိန်တည်းတွင် တိုက်ခိုက်နေသော်လည်း အတွက်ဖက် ညီလှသည်။ သူတို့၏ခွန်အားသည် နှစ်ဆတိုးလာသဖြင့် သာမန်လူများ ခုခံရန် ခက်ခဲစေသည်။
ချင်ယွင်သည် လျင်မြန်စွာ နီးကပ်လာနေသော လက်ချောင်းရှစ်ချောင်းပါဧရာမ မွန်းစတားကြီးကို ကြည့်ရင်း ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ မျက်လုံးထဲတွင် တောက်ပလာခဲ့သည်။ အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးအနှစ်သာရများသည် ချက်ချင်းပင် ဆူပွတ်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနှိုင်းမဲ့ ရူးသွပ်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သူ၏မျက်လုံးများသည် လောင်ကျွမ်းနေသော မီးတောက်မီးလျှံများကဲ့သို့ ဖြစ်နေပြီး သူ၏တစ်ကိုယ်လုံး ရွှေရောင်မီးလျှံများ လွှမ်းခြုံနေပုံရသည်။ သူ၏ လှုပ်ရှားမူတိုင်းတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည်။
အငွေ့အသက်သည် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ ချက်ခြင်းပင် သူ၏ခြေထောက်အောက်မှာရှိသည့် ပင်လယ်ရေပြင်ရော ကောင်းကင်မှာ ရှိသည့် တိမ်တိုက်များသည် တလိပ်လိပ်ထလာခဲ့သည်။
လက်ချောင်းရှစ်ချောင်းပါဧရာမမွန်းစတားကြီးသည် အံ့အားသင့်သွားသည်။ ချင်ယွင်၏ အငွေ့အသက်ကြောင့် သူလည်း လုံးဝကို ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်က သူ့အား ရှေးဟောင်းသားရဲကြီးတစ်ကောင်သည် လေဟာနယ်ကို ဆုတ်ဖြဲ နေသည့် ခံစားချက်မျိုး ပေးနေခဲ့သည်။ ဤဧရာမစွမ်းအားကြီးက ကြီးမားလွန်းသဖြင့် သူ့ကို အသက်မရှူမရ ဖြစ်ပေါ်စေသည်။
“ပြေး…” ဤသည်မှာ လက်ချောင်းရှစ်ချောင်းပါဧရာမမွန်းစတားကြီး၏ နှလုံးသားထဲ တွင် ဖြစ်ပေါ်လာသော တစ်ခုတည်းသော အတွေးဖြစ်သည်။
သူ၏ရှေ့မှာရှိနေသည့် ဤလူသားသည် သူ၏စိတ်နှလုံးကို တုန်လှုပ်စေသည်အထိ အမှန်တကယ် ကြောက်စရာကောင်းလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထား မိခဲ့ပါဘူး။
လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးသည် ပင်လယ်ထဲသို့ ကမန်းကတန်း တိုးဝင်သွားသည်။ သူသည် ပင်လယ်ကြမ်းပြင်သို့ ထွက်ပြေးခြင်းဖြင့်သာ ဆက်ပြီး အသက်ရှင်ရန် အခွင့်အလမ်းရှိမည်ကို သူသိသည်။
သို့သော်လည်း သူသည် ပင်လယ်ကြမ်းပြင်သို့ ငုပ်ဆင်းတော့မည့်အချိန်တွင် ရွှေရောင် အလင်းတန်းတစ်ခုက သူ၏မျက်လုံးရှေ့တွင် ရုတ်တရက် လင်းလက်လာသည်။
လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏သူငယ်အိမ်သည် ချက်ချင်းပင် ကျယ်ပြန့်လာခဲ့ပြီး စကားပြောချင်ဟန်ဖြင့် သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။ သို့သော်လည်း သူ၏လည်ချောင်းသည် လုံးဝ သတိမမူမိသလို ဖြစ်နေသည်ကို သူတွေ့ရှိခဲ့ရပြီး အနှိုင်းမဲ့ပြင်းထန်သော ဝေဒနာတစ်ခုက သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။
လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏လည်ဂုတ်ပေါ်တွင် သွေးစွန်းသည့် အရာများ တဖြည်းဖြည်း ပေါ်လာခဲ့ပြီး သူ၏ဦးခေါင်းသည် သူ၏ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ကွဲကွာသွားခဲ့သည်။
လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးသည် ရွှေရောင်မီးတောက်များ လွမ်းခြုံထားပုံရသည့် သူ၏ဘေးနားရှိ လူငယ်ကို ကြည့်ပြီး စိတ်ထဲမှာ မယုံကြည် နိုင်လောက်အောင် ခံစားလိုက်ရသည် ။
သူသည် အမှန်တကယ်ပင် လူသားတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင်၊ တဖက်လူသားသည် လှုပ်ရှားမူတစ်ခုတည်းကိုသာ အသုံးပြုပြီး သူ၏ ဦးခေါင်းကို တိုက်ရိုက် ဖြတ်ပစ်ခဲ့သည်။
သူအမုန်းဆုံးအရာက သူ့ရှေ့မှာရှိဤလူသားသည် သူ့ကို စိတ်မသက်မသာဖြစ်ပြီး သေစေလောက်သည့် တစ်ခုခုကို အမှန်တကယ် ပြောနေသေးခြင်း ဖြစ်သည်။
"ကြည့်ရတာ ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပြန်လည်းကြီးထွားခြင်းစွမ်းရည်က ခင်ဗျားအတွက် တခြားဦးခေါင်းတစ်လုံးကို ပြန်လည်ကြီးထွားအောင် လုပ်ဆောင်ခွင့် မပြုဘူးထင်တယ်" ချင်ယွင်က ရယ်မောပြီး လှောင်ပြောင် ပြောလိုက်သည်။
လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးသည် ချက်ချင်းပင် ဒေါသမီးလျှံများ ပေါက်ကွဲထွက်လာခဲ့သည်။