← Chapters

အခန်း (၄၂၆-၄၃၀)

Vol. 29 Ch. 426-430

အခန်း (၄၂၆-၄၃၀)

Vol. 29 Ch. 426-430

အခန်း (၄၂၆) မောက်မာသောနှလုံးသား။

လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏အလောင်းသည် ၎င်း၏ ပင်မခန္ဓာ ကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

သင်္ဘောပေါ်ရှိ လူအုပ်ကြီးသည် ဤမြင်ကွင်းကို မြင်သောအခါ ကောင်းကင် နတ်ဘုရား တစ်ပါးကဲ့သို့ ရွှေရောင်တောက်ပနေသော ထိုလူငယ်ကို ကြည့်ရင်း သူတို့အားလုံး အံ့ဩသွားကြသည်။

ချင်ယွင်က သူတို့ကို ခွန်အားနှင့်အတူ ထိတ်လန့်တုန်လှုပ်စေသည့် ခံစားချက်ကိုပါ တပြိုင်နက်တည်း ပေးနေခဲ့သည်။ အကယ်၍ သူတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ဘူး ဆိုလျှင် ချင်ယွင်သည် အလယ်လတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန်အတွက် သူ၏သိုင်းဧကရာဇ်အဆင့်ခွန်အားကို အသုံးပြုခဲ့သည်ကို သူတို့ ယုံကြည်မှာ မဟုတ်ပါဘူး။

ချင်ယွင်သည် နစ်မြုပ်စပြုနေသော လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ အလောင်းကို ကြည့်လိုက်သည်။ သူသည် ၎င်းအလောင်းကြီးကို ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းထဲ ထည့်ထားလိုက်သည်။ ဟုတ်ပါသည်။ သူသည် ၎င်းအလောင်းကြီးကို ပင်လယ်ကြမ်းပြင်အောက်သို့ အချည်းအနှီး နစ်မြုပ်ခွင့် ပြုရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပါဘူး။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် သက်ပြင်းတစ်ချက်ချကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်နည်းပညာရပ်ကို ဖယ်ရှားလိုက်သည်။

ယခုလေးတင်ပဲ၊ အစွမ်းထက်သည့် ခွန်အားကို ရရှိရန်အတွက် ချင်ယွင်သည် တခဏ အတွင်း သူ၏ခွန်အားကို အဆပေါင်းများစွာ တိုးလာနိုင်သည့် လျှို့ဝှက်နည်းပညာရပ်ကို အသုံးပြုခဲ့ပါသည်။ ထိုမှသာလျှင် သူသည် လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတား ကြီးကို ချက်ချင်းသတ်ပစ်ရန်အတွက် အခွင့်အရေးရခဲ့ပါသည်။

သို့သော် ဤလျှို့ဝှက်နည်းပညာရပ်၏ နောက်ဆက်တွဲ အကျိုးဆက်များမှာလည်း နှိုင်းစား၍ မရလောက်အောင်ပင် ကြီးမားလှပါသည်။

ချင်ယွင်၏ခန္ဓာကိုယ်မှ အလွန်အားနည်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် သူ့အသက်စွမ်းအား၏ ပြန်လည်ကုသမူကြောင့် သူ၏ချီစွမ်းအင်လမ်းကြောင်း များ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း၊ သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန်အတွက် လပေါင်းများစွာ အချိန်ယူရပါဦးမည်။

"ကြည့်ရတာ လာမယ့်လအနည်းငယ်အတွင်း ငါဟာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေရတော့ မယ့်ပုံပဲ။" ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်မိပါသည်။

ယခုအချိန်မှာ သူ၏ခန္ဓာကိုယ်သည် အတိုင်းအတာတစ်ခုအထိ အားနည်းနေပါပြီ။ သူ၏ခွန်အားသည် သာမန်တတိယအဆင့် ကောင်ကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး ထက်ပင် နိမ့်ကျနေပေလိမ့်မည်။ အများဆုံး သူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ ခွန်အားနှင့်သာ ညီမျှပါလိမ့်မည်။ ထို့အပြင်၊ သူသည် ဤအခြေအနေတွင် လအနည်းငယ်ကြာအောင် ရှိနေရဦးမည် ဖြစ်ပါသည်။ ဤ အနေထားကြောင့် ချင်ယွင်၏ခွန်အားသည် ဆိုးဆိုးဝါးဝါး ဆုံးရှုံးသွားခဲ့သည်မှာ သံသယ ဖြစ်စရာပင် မလိုချေ။

ဟုတ်ပါသည်။ ချင်ယွင်အတွက်ဆိုလျှင်လည်း ဤပေးဆပ်မူက ထိုက်တန်ပါသည်။ အကယ်၍ သူသည် ဤလျှို့ဝှက်နည်းပညာရပ်ကို အပြည့်အဝ အသုံးမပြုခဲ့ပါက ရလာဒ်မှာ သူသည် ဤလက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီး၏ အစာအိမ်ထဲ ရောက်သွားပါလိမ့်မည်။ ထိုသိုဆိုလျှင် ရလာဒ်က ပိုဆိုးသွားမည် မဟုတ်ပါလား။

ချင်ယွင်သည် သင်္ဘောဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။

ချင်ယွင် အဆင်ပြေနေသည်ကို မြင်လျှင် သင်္ဘောပေါ်မှာရှိနေသည့် ရန်စီချီသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။ မျက်ရည်များ ဖုံးလွှမ်းနေသည့် သူမ၏ လှပသော မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လွင်နေသည်။

သင်္ဘောပေါ်ရှိ လူတိုင်းသည်လည်း ပြုံးရွှင်သောမျက်နှာများ ပေါ်လွင်နေကြပါသည်။ ဤသည်မှာ ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်နိုင်ခြင်း၏ ပျော်ရွှင်မှုပင် ဖြစ်ချေသည်။

သို့သော် ယခုအချိန်တွင် သင်္ဘောကြီးပေါ်မှ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာ သည်။ ပြင်းထန်သော ဖိအားသည် မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ လူတိုင်း အပေါ်သို့ ချက်ချင်း ဖိချလာခဲ့ပြီး လူတိုင်းသည် အသက်ရှူမဝနိုင်အောင် ဖြစ်ခဲ့ရသည်။

"ကျွမ်းကျင်သူတစ်ဦးလား၊ သေချာပေါက် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမယ်။ ဒီကျွမ်းကျင် သူက အရင်က လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးထက်တောင် ပိုအစွမ်း ထက်သေးတယ်။" လူတစ်​​ယောက်က​ သတိပေးဟန်ဖြင့် ရုတ်တရက် ​အော်​လိုက်​သည်​။

"ဒီလောက်အစွမ်းထက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဒီသင်္ဘောကြီးအပေါ်မှာ တကယ်ကို ပုန်းနေတာလား။ အခု သူက ဘာလုပ်ချင်နေတာလဲ"

မူလက ဤကပ်ဘေးဆိုးကြီးမှလွတ်မြောက်လာသည့်အတွက် အောက်ပွဲခံအထိမ်းမှတ် ကျင်းပနေကြသည့် သင်္ဘောပေါ်ရှိ လူတိုင်းသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာများ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် တတိယထပ်ရှိ တစ်ခု တည်းသောအခန်းကို တအံ့တသြ ကြည့်ရင်း သူတို့၏မျက်လုံးများသည် အလွန် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာကို ပေါ်လွင်စေသည်။

သင်္ဘောကြီးဆီသို့ အပြေးအလွှား ပျံသန်းလာနေသော ချင်ယွင်သည်လည်း ခမ်းနား ထည်ဝါသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် မျက်မှောင် ကြုတ်ကာ ရပ်လိုက်ပြီး သင်္ဘောကြီးဆီသို့ လေးနက်သော မျက်လုံးများဖြင့် စိုက်ကြည့် နေသည်။

"နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၊ ဒီသင်္ဘောပေါ်မှာ ဒီလိုကျွမ်းကျင်ပညာရှင်တစ်ဦး အမှန်တကယ် ပုန်းအောင်းနေတာပဲ။"

ချင်ယွင်သည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှလုံးသားထဲမှာ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ရှိလာနေခဲ့သည်။

သူသည် သင်္ဘောပေါ်တွင် ဆယ်ရက်ကျော် နေထိုင်ခဲ့သော်လည်း ဤလူကို လုံးဝ သတိမထားမိခဲ့ပေ။

ဟုတ်ပါသည်။ ဤအရာက ချင်ယွင်ကို အမှန်တကယ် စိတ်ပူစေသည့် အကြောင်းရင်း မဟုတ်ပါဘူး။ အကယ်၍ ထိုကျွမ်းကျင်သူသည် သင်္ဘောပေါ်တွင် ပုန်းအောင်းနေရုံ သက်သက်ဆိုလျှင် ချင်ယွင်သည် အလွန်စိတ်ပူလိမ့်မည် မဟုတ်ပေ။ ကိုယ့်လမ်းကို သွားရုံပင်။ သူတို့က ဖြတ်သွားဖြတ်လာ တံတားပေါ်မှာ တွေ့ဆုံခဲ့သည့် ပုံစံမျိုးသာ ဖြစ်သည်။ အကယ်၍ တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးဘူးဆိုလျှင် ကြီးကြီးမားမား ကိစ္စမျိုးလည်း ရှိစရာအကြောင်းမရှိပေ။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ထိုလူမှ ထုတ်လွှတ်နေသည့် ပြင်းထန် သော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားလိုက်ရပြီး ဤသတ်ဖြတ်လိုသည့် ဆန္ဒသည် လည်း သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

သေချာသည်မှာ။ ဤ ပြင်းထန်သည့် အငွေ့အသက်ကြီး ပျံ့နှံ့ထွက်ပေါ်လာသည်နှင့် ခါးကိုင်းနေသည့် ရုပ်အသွင်အပြင်တစ်ခုသည် တတိယထပ်ရှိ အခန်းတွင်းမှ ထွက်ပေါ် လာခဲ့ပြီး လေထဲသို့ ခြေလှမ်းလိုက်တော့သည်။ ခြေလှမ်းတိုင်းသည် လေထဲတွင် ငလျင်လှုပ်ခတ်သွားပုံရသည်။

သူမ၏ဆံပင်တွေက စွတ်စွတ်ဖြူနေပြီ ဖြစ်သော်လည်း သူမ၏မျက်လုံးတွေက စူးရှလွန်းသည်။ သူမသည် ချင်ယွင်ကို သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် စိုက်ကြည့်နေပြီး အစောပိုင်းမှ ပျံ့နှံ့ထွက်ပေါ်လာသော အငွေ့အသက်သည်လည်း သူမ၏ခန္ဓာကိုယ်မှ ဖြစ်သည်။

"စီနီယာ၊ ခင်ဗျား ဒါက ဘာသဘောလဲ။ ကျွန်တော် စီနီယာကို စော်ကားမိပုံလည်း မပေါ်ပါဘူး ဟုတ်တယ် မဟုတ်လား။"။ ချင်ယွင်က ဖြည်းညှင်းစွာ ချဉ်းကပ်လာသော အဘွားအိုကို ကြည့်ရင်း လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

ယခုအချိန်မှာ သူသည် ဤအဘွားကို မတိုက်ချင်ပါဘူး။ အကယ်၍ သူ၏ခွန်အားတွေ အများကြီး ဆုတ်ယုတ်သွားသည်ကို အသာထား။ သူ၏ အထွတ်အထိပ် အခြေအနေ မှာတောင် သူသည် သူ၏ရှေ့မှာရှိနေသည့် ဤအဘွားကြီးနှင့် ယှဉ်လို့ မရသေးပါဘူး။

သူ၏ရှေ့မှာရှိနေသည့် ဤအဘွားကြီးသည် အလွန်အစွမ်းထက်လွန်းသည်။ သူမ၏ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံမူအခြေခံဖြင့်ဆို ချင်ယွင်သည် ဤအဘွားကြီးထက်ထဲတွင် လက်ဖဝါးရိုက်ချက် နှစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"မှန်ပါတယ်၊ မင်းက ငါ့ကို မစော်ကားခဲ့ဘူး၊ ဒါပေမယ့် မင်းက ငါ့မိသားစုရဲ့ သခင်မလေးကို မနှောင့်ယှက်သင့်ဘူး။" အဘွားကြီး၏ အသံသည် ခမ်းနား ထည်ဝါသည့် အငွေ့အသက်ဖြင့် ရောထွေးနေပြီး စကားလုံးတိုင်းသည် ချင်ယွင်၏ နားထဲတွင် ပြင်းထန်သော ဖိနှိပ်မူစွမ်းအားကို သယ်ဆောင်လာခဲ့သည်။

"စီနီယာရဲ့ သခင်မလေးလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် ထပ်ခါထပ်ခါ ရေရွတ်မိ သည်။ သူသည် သင်္ဘော၏ တတိယထပ်ရှိ အခန်းကို ကြည့်လိုက်ရင်း သူ၏ ရှေ့မှာရှိနေသည့် ဤအဘွားကြီးပြောသည့် သခင်မလေးသည် ချန်မင်ရှီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။

"စီနီယာ၊ စီနီယာ နားလည်မှုလွဲနေမှာကို ကျွန်တော် ကြောက်မိပါတယ်။ ချန်မင်ရှီနဲ့ ကျွန်တော်က မိတ်ဆွေတွေဖြစ်ပြီး ရန်ငြိုးရန်စထားတာမျိုးလည်း မရှိပါဘူး" ချင်ယွင် က ဆက်ပြောသည် ။

သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူနှင့် ချန်မင်ရှီတို့သည် အလွန် ရင်းနှီးသော သူငယ်ချင်းများ မဟုတ်ကြသော်လည်း တုလုံကျွန်းတွင် တူညီသော ဒုက္ခဆင်းရဲကို ခံစားခဲ့ကြရသည်။ ထို့အပြင် ချန်မင်ရှီက သူ့ကို ကယ်တင်ပေးခဲ့သည်။ ချန်မင်ရှီက သူ့ကို သတ်မှာမဟုတ်ဘူးဟု သူ ယုံကြည်ပါသည်။

"ဟား၊ ဟား မိတ်ဆွေတွေလား။ ငါအရင်က လူမှားပြီး သတ်မိမှာကို စိုးရိမ်နေခဲ့သေး တယ်။ ဒါပေမယ့် အခုကြည့်ရတာ မင်းက သေဖို့ ထိုက်တန်နေပုံရတယ်။ ငါ့ရဲ့ သခင်မလေးက သူငယ်ချင်း မလိုအပ်ဘူး၊ သူမနဲ့ ထိတွေ့ဆက်ဆံမိတဲ့ လူတိုင်း သေရလိမ့်မယ်" အဘွားကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်ယွင်ကို ကြည့်ရင်း သူမ၏မျက်လုံးတွေထဲ သတ်လိုစိတ်တွေ ပြည့်နှက်နေသည် ။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ချန်မင်ရှီနဲ့ သူငယ်ချင်းဖြစ်တာနဲ့ ကျုပ်က သေရမှာလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ အဘွားကြီး၏ စကားများကြောင့် သူလည်း စိတ်ရှုပ်ထွေးသွားရသည်။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်းက သိချင်နေမှတော့ ငါ မင်းကို မသေခင် ပြောပြပေးမယ်။ ငါ့ရဲ့သခင်မလေးက ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို အနာဂတ်မှာ လက်ထပ်ရ မယ်။ ဒါကြောင့် သူမနဲ့ ဆက်သွယ်မိသည့် ဘယ်ယောက်ျားမဆို သေရမှာပဲ။ ဒါက ငါ့ချန်ကလန်က ကလန်ခေါင်းဆောင်ရဲ့ အမိန့်ပဲ "။ အဘွားကြီးသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ၏အသံက ပြင်းထန်သည့် မောက်မာမှုကို သယ်ဆောင်လာ သည်။

ချင်ယွင်သည် ထိုစကားကို ကြားသည့်အခါ သူသည် မည်သို့ဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ရှိတော့မည်နည်း။

သူ၏မျက်လုံးများသည် ချက်ချင်းပင်ကာ ကျဉ်းမြောင်းသွားကာ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသက မထိန်းနိုင်ဘဲ တဟုန်ထိုး ထွက်ပေါ်လာခဲ့လေသည်။

အကယ်၍ သူသည် ချန်မင်ရှီနှင့် အဆက်အသွယ် လုပ်မိရုံဖြင့် သူက သေပေးရမည် လား။ ဤအရာသည် အမှန်တကယ်ပင် နိုင်လိုမင်းထက်ပြုလိုသော ချန်ကလန်၏ ကလန်ခေါင်းဆောင်တစ်ယောက်၏ အမိန့်အာဏာလား.။

ချန်မင်ရှီသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးဟုခေါ်ဆိုသူကို လက်ထပ်နိုင်ရန် အတွက်နှင့် ချန်မင်ရှီက အခြားအမျိုးသားများအပေါ် ချစ်ကျွမ်းဝင်သွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ချန်မင်ရှီနှင့် ထိတွေ့ဆက်ဆံမူရှိလာသော ယောက်ျားအားလုံးကို သူမသည် သတ်ပစ်ချင်နေခဲ့သည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော ကိစ္စရပ်ကို ချင်ယွင်သည် ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

သေချာသည်မှာ။ ဤအရာသည် ချင်ယွင်၏ နောက်ခံအင်အားနှင့် ခွန်အားမရှိခြင်း အပေါ် အခြေခံပြီး အနိုင်ကျင့်ခြင်း ဖြစ်ပေသည်။ အကယ်၍ ချန်မင်ရှီသည် အလွန် အစွမ်းထက်သည့် ဆက်ခံမည့်သူနှင့် ဆက်နွယ်ခြင်းရှိလာမည်ဆိုပါက ချန်ကလန်သည် ချန်မင်ရှီကို လွှဲပြောင်းပေးရန် စိတ်အားထက်သန် နေပေလိမ့်မည်။

ချင်ယွင်သည် ချန်ကလန်၏ ကလန်ခေါင်းဆောင်ကို မတွေ့မီကတည်းကပင် ထိုလူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို အတိအကျ သိထားပြီး ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ပြင်းထန်သော စက်ဆုပ်ရွံရှာမူကို ခံစားလိုက်ရသည်။

"ကောင်စုတ်လေး၊ အခု မင်း နားလည်သွားပြီ မဟုတ်လား၊ ငါ့ရဲ့သခင်မလေးက မင်းလို နိမ့်ကျတဲ့ လူတစ်ယောက် ကြိုးစားအားထုတ်လို့ရတဲ့လူ တစ်ယောက်မဟုတ်တာ လုံးဝ သေချာပါတယ်။ ဒါကြောင့် မင်း ဒီနေ့ သေရလိမ့်မယ်" အဖွားကျောက်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ၏အငွေ့အသက်က ချင်ယွင်အပေါ် ဧရာမ တောင်ကြီးတစ်ခုလို နောက်တစ်ဖန် ဖိနှိပ်လာခဲ့သည်။

"ဟား၊ ဟား၊ ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်တဲ့ ချန်ကလန်လဲ။ ချန်ကလန်ရဲ့ ကလန်ခေါင်းဆောင်က ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးအပေါ် ယုံကြည်မူ မရှိနိုင်ခဲ့ဘူးပေါ့။ သူက သူ့သမီးရဲ့ နှလုံးသားကို ထိန်းထားနိုင်ဖို့ အခုလို နည်းလမ်းမျိုးကို အမှန်တကယ်ပဲ အသုံးပြုခဲ့တယ်။ ရှောင်ယန်ဂိုဏ်းရဲ့ဂိုဏ်းသခင်လေး ဆိုတာကလည်း ဒီထက် ဘာမှမပိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ " ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။

နှိမ့်ကျလိုက်တဲ့လူလား?

သူ၏ရှေ့မှာရှိနေသည့် ဤအဘွားကြီး၏ စကားများက ချင်ယွင်၏ နှလုံးသားထဲတွင် ရှိနေသည့် မာန်မာနကို အပြည့်အဝ နှိုးဆွပေးခဲ့သည်။

ချင်ယွင်သည် သေမျိုးကမ္ဘာသို့ ကျရောက်လာခဲ့ပြီး ထိုအချိန်ကတည်းက သူသည် အင်မော်တယ် ဧကရာဇ်မင်းမြတ်တစ်ပါး၏ သားတော်တစ်ပါး မဟုတ်တော့သော်လည်း သူ့တွင် မောက်မာသော နှလုံးသားတစ်ခု ရှိနေဆဲဖြစ်သည်။ ၎င်းသည် သူ့ထက် အင်အားကြီးမားသော ရန်သူများကို ရင်ဆိုင်ရာတွင် မကြောက်မရွံ့ ဖြစ်စေခဲ့သည့် နှလုံးသားတစ်ခုလည်း ဖြစ်သည်။

အခန်း (၄၂၇)ပင်လယ်ကြမ်းပြင်အောက်သို့ကျရောက်သွားခြင်း။

"မိုက်မဲလိုက်တာ။ မင်းက ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ် ဝေဖန်ဆွေးနွေးနိုင်ပါ့မလဲ။ ဒီနေ့၊ ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် ကျယ်ပြန့်လဲဆိုတာ မင်းသိအောင် ငါကူညီပြီး ပြောပြပေးမယ်။" အဖွားအို ကျောက်သည် ဒေါသတကြီးအသံဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူမ၏ ဒေါသက အရပ်မျက်နှာအသီးသီး ပျံ့နှံ့သွားကာ သတ်ဖြတ်လိုသည့်ဆန္ဒက ကြီးမား ကျယ်ပြန့်သည့် ပင်လယ်ပြင်ကြီးအထိ သိသိသာသာ ပျံ့နှံ့သွားခဲ့လေသည်။

အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်သည် ကြီးမားသော သင်္ဘောကြီးပေါ်ရှိ လူတိုင်းအပေါ် ဖိနှိပ်လာခဲ့ပြီး လုံလောက်အောင် မသန်မာသော လူများသည် ချက်ချင်း ပင် သွေးများ အန်ထွက်ကြသည်။

လူတိုင်း၏ မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအဘွားကြီး သည် အမှန်တကယ်ပင် အလွန်သန်မာလွန်းသည်။ ထို့ကြောင့် သူတို့သည် နည်းနည်း လေးမျှ မနာခံဘဲ မနာခံဝံ့ပေ။

အဘွားကြီး၏ စကားကိုကြားပြီး ဤအဘွားကြီးသည် အလွန်ကြီးစိုးလွန်းသည်ဟု လူတိုင်း ခံစားမိကြသော်လည်း ချင်ယွင်အတွက် မည်သူမျှ မားမားမတ်မတ် ရပ်တည် မပေးဝံ့ကြပေ။

ယင်းက အဓိပ္ပာယ်လည်းမရှိပေ။ ဤအဘွားကြီးသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူမ၏လက်ချောင်းလေးကို တစ်ချက်လှုပ်လိုက်လျှင်ပင် သူတို့အားလုံးကို ပြာကျသွားစေနိုင်ပါသည်။ သူတို့အထဲ တွင် မည်သူကရော အသက်ရှည်ရှည် မနေချင်သည့်လူ ရှိမည်နည်း။ ထို့ကြောင့် သူတို့သည် အဝေးမှာသာ ရပ်နေကြပြီး ချင်ယွင်ကို စာနာသနားစိတ်ဖြင့်သာ ကြည့်ရူနေခဲ့ကြသည်။

ထိုအချိန်တွင် ရန်စီချီသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူမသည် အကြိမ်ပေါင်း များစွာ အလျင်စလိုရုန်းထွက်ပြီး ပြေးသွားချင်သော်လည်း သူမကို ရှောင်ဇီက တားဆီး ထားသည်။ သူမသည် ချင်ယွင် အဆင်ပြေစေရန် မျှော်လင့်ရင် ချင်ယွင်ကို ကူရာမဲ့ဖြစ်ပြီး စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

သို့သော်လည်း အဘွားကြီးသည် သူ့ကို သတ်ဖြတ်ရန် လှုပ်ရှားလာပြီ ဖြစ်သည်။ ထို့အပြင် သူသည် အဘွားကြီးကို ပြန်လည်တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။

ဝှီး…….!

အဘွားကြီးသည် လေထဲတွင် ရပ်နေရင်း သူမ၏လက်များမှ တောက်ပသော အလင်းရောင် တစ်ခုက ရုတ်တရက် စီးထွက်လာခဲ့သည်။ ထို့နောက် သူမသည် လက်ဖဝါးကို လေထဲသို့ တိုက်ရိုက် ရိုက်လိုက်သည်။

ကြီးမားသော စည်းတံဆိပ်တော်ကြီးတစ်ခုသည် ကောင်းကင်ယံမှ ပျံထွက်သွားခဲ့ပြီး တောင်တန်းများ ပြိုဆင်းကာ ပင်လယ်ပြင်များ မှောက်လှန်နိုင်သည့် ကြီးကျယ် ခမ်းနားသော အရှိန်အဟုန်ဖြင့် ချင်ယွင်ဆီသို့ တိုးဝင်သွားခဲ့သည်။

ချင်ယွင်သည် ထိတ်လန့်သွားခဲ့သည်။ သူသည် ဤဧရာမစည်းတံဆိပ်တော်ကြီးကို တွန်းလှန်ရန်အတွက် သူ၏ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို အလျင်အမြန် စုစည်းလိုက်သည်။

သို့သော် စွမ်းအား ကွာခြားချက်က အလွန်ကြီးမားနေဆဲ ဖြစ်သည်။ ချင်ယွင်၏ လက်သီးချက်သည် ဧရာမစည်းတံဆိပ်တော်ကြီးကို ထိမှန်သွားသည့်အခိုက်၊ ယခင်အတိုင်းပင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားပြီး မတားဆီးနိုင်သော စွမ်းအားတစ်ခုက ချင်ယွင်၏ ရင်ဘတ်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။

"ဖူး.....!"

ချင်ယွင်သည် ပါးစပ်ထဲမှ သွေးတပွက် အန်ထုတ်လိုက်ရသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် သွေးများဖြင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်သည် မြှားတစ်စင်းကဲ့သို့ နောက်သို့ လွင့်ပျံသွားခဲ့သည်။

ချင်ယွင်သည် ပေထောင်ပေါင်းများစွာ ဆက်တိုက် လွင့်ပျံသွားပြီးနောက်၊ သူ၏ အငွေ့အသက်သည် ခွေးသေတစ်ကောင်ကဲ့သို့ ညှိုးနွမ်းသွားပြီး ပင်လယ်ရေထဲတွင် မလှုပ်ရှားနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ရှိ အရိုးအားလုံးနီးပါးသည် ကျိုးသွားခဲ့ပြီး သူ၏ရင်ဘတ်ရှိ နံရိုးများလည်း ကွဲအက်သွားခဲ့သည်။ ပြင်းထန်သော ဝေဒနာသည် ချင်ယွင်၏ဦးနှောက် တစ်ခုလုံးအထိ အပြည့်တိုးဝင်လာခဲ့သည်။ အဆုံးမရှိသော နာကျင်မှုက သူ့ကို ရူးသွပ်စွာ အော်ဟစ်ပစ်ချင်လာမိသည်။

"ပုရွက်ဆိတ်လေးပဲ၊ တကယ်ကို ပုရွက်ဆိတ်လေးသာသာပါပဲ။ သူက တစ်ချက် တိုက်ခိုက်တာကိုတောင် မခံနိုင်ခဲ့ဘူး။"

အဖွားအိုကျောက်က လှောင်ပြောင်လိုက်သည်။ သူမသည် အသက်တစ်ရာနီးပါးရှိပြီ ဖြစ်ပြီး ပါရမီရှင်ဆိုများကို မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။ သူမ၏မျက်လုံးထဲမှာတော့ ဤကမ္ဘာကြီးတွင် ပါရမီရှင်ဆိုသူများ မရှိပါဘူး၊ ကျွမ်းကျင်သူတွေသာ ရှိပါသည်။

အကြွင်းမဲ့စွမ်းအားနှင့် ခွန်အား၏ရှေ့မှောက်တွင် ထိုပါရမီရှင်ဆိုသူများသည် ပုရွက်ဆိတ်များသာ ဖြစ်ကြပြီး နောက်ဆုံးတွင် သူတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရသော ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပါဘူး။

သူမ၏ ခါးကိုင်းနေသော ခန္ဓာကိုယ်သည် လေထဲသို့ ခြေတစ်လှမ်းလိုက်ပြီး ချင်ယွင် ရှိနေသည့် ဦးတည်ရာအရပ်ဆီသို့ ဆက်လက်သွားခဲ့သည်။ သူမသည် ချင်ယွင်ကို လုံးဝ လက်စတုံးပစ်ပြီး အနာဂတ်ဒုက္ခအားလုံးကို ဖယ်ရှားပစ်ချင်ခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ လျှောက်လှမ်းလာနေသော အဘွားအိုကို မြင်လိုက်သော အခါတွင် သူ၏မျက်လုံးထဲမှာ ဒေါသအမျက် ခြောင်းခြောင်းထွက်သည့် အမူအယာ ပေါ်လာသည်။

သူသည် မတ်တပ်ထရပ်ရန် ကြိုးစားရုန်းကန်လိုက်သော်လည်း သူ့ခန္ဓာကိုယ်၏ အနည်းငယ် လှုပ်ရှားမှုလေးကြောင့်ပင် အရိုးထဲထိုးဖောက်သွားသကဲ့သို့သော ဝေဒနာ ကို ခံစားလိုက်ရပြီး အလိုအလျောက်ပင် အော်ဟစ်ညည်းတွားမိလိုက်သည်။

ယခုလိုပြင်းထန်သည့်ဒဏ်ရာအတွက်မူ၊ အကယ်၍ သူ့မှာ အသက်စွမ်းအား ရှိသည် ဆိုလျှင်ပင် ပြန်လည်ကုစားနိုင်ရန် အချိန်အတော်ကြာ ယူရပါလိမ့်မည်။

"သေလိုက်တော့၊ ကောင်စုတ်လေး။ နောင်ဘဝမှာ မင်း လူကောင်းတစ်ယောက်ဖြစ်ဖို့ သတိရပါ။" အဖွားအိုကျောက်က အေးစက်စွာ အော်လိုက်သည်။ သူမ၏ ခါးကုန်းနေ သော ရုပ်အသွင်အပြင်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများသည် သူမ၏ အသက်ကြီးပြီး ပိန်ချောက်ကပ်နေသော လက်ချောင်းများမှ တစ်ဖန် ထွက်ပေါ်လာသည်။ သူမ၏ လက်ဖဝါးထဲတွင် လက်ဖဝါးပုံစုံတစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။ ထို့နောက် သူမသည် ထိုလက်ဖဝါးဖြင့် ချင်ယွင်၏ ရင်ဘတ်ကို ရိုက်ချတော့မည်။

"ဆရာကြီး၊ ဆရာကြီး!"

ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို သူ၏စိတ်ထဲမှ အလျင်အမြန် အကူအညီ တောင်းလိုက်ပါသည်။ သို့သော်၊ ရှေးဟောင်းတာအို ဆရာသခင်သည် လုံးဝ တုံ့ပြန်နိုင်ပုံ မပေါ်ဘဲ သူ၏အော်ဟစ်အကူအညီတောင်းသည့်အသံက ပင်လယ်ထဲသို့ စုန်းစုန်း နစ်မြုပ်သွားခဲ့သည်။

ချင်ယွင်၏စိတ်နှလုံးသည် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ပြီး။ ရှေးဟောင်းတာအိုဆရာသခင် သည် ယခုအချိန်မှာ အမှန်တကယ်ပင် အိပ်မောကျနေခဲ့သည်။

"ဘန်း!"

အဖွားအိုကျောက်၏ လက်ဖဝါးသည် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ချင်ယွင်၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံကိုးခုမှ မိုးကြိုးလျှပ်စီးဖြင့် ချက်ချင်း အပစ်ခံ လိုက်ရသကဲ့သို့ပင်။ သူ၏ရင်ဘတ်ထဲတွင် အဆုံးမရှိသော စွမ်းအားတစ်ခု ပေါက်ကွဲ သွားခဲ့ပြီး သူ၏နှလုံးသားသည်လည်း တိုက်ရိုက် အက်ကွဲသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ပြီး ပင်လယ်ပြင်၏ နက်ရှိုင်းသည့်အရပ်သို့ နစ်မြုပ်သွားခဲ့လေသည်။

“မလုပ်နဲ့…”

ရန်စီချီ လုံးလုံး ပြိုလဲကျသွားသည်။ ဧရာမသင်္ဘောကြီးပေါ်တွင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ခွေလဲကျသွားကာ သူမသည် နှလုံးသွေးများ ပေါက်ကွဲထွက်မတတ် ငိုကြွေးနေလေသည်။

ချင်ယွင်၏ နှလုံးကွဲကြေပြီး နက်ရှိုင်းသော ပင်လယ်ထဲသို့ ထိုးကျသွားသည်ကို သူမ မြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားလည်း ကွဲအက်သွားသလို ခံစားလိုက်ရ သည်။

ရှောင်ဇီ၏ အမူအရာသည် မှုန်မှိုင်းနေပြီး သူ၏မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သင်္ဘောပေါ်ရှိ လူတိုင်းသည်လည်း ခေါင်းတယမ်းယမ်းဖြစ်ကာ သက်ပြင်းချကြသည်။ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးသည် ဤနည်းဖြင့် သေဆုံးသွားခဲ့ရပြီး သူ၏ ယခင်က ခမ်းနားထည်ဝါမူများသည်လည်း သူ၏သေဆုံးခြင်းနှင့်အတူ ပျောက်ကွယ်သွားမည် ဖြစ်သည်။

အဖွားအိုကျောက်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်ကာ ချင်ယွင်၏ ပြိုလဲကျ သွားသော ပုံရိပ်ကို သူမ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင် တစွန်းတစဖြင့် ကြည့်နေလေသည်။

သူမ၏လက်ဖဝါးရိုက်မှုကြောင့် ချင်ယွင်၏ နှလုံးသည် ကွဲကြေသွားခဲ့ပြီ။ သူသည် သံသယမရှိ သေဆုံးသွားခဲ့ပြီ။

အဖွားအိုကျောက်က သူမစိတ်ထဲမှာ လှောင်ရယ်နေခဲ့သည်။ သူက ပါရမီရှင်တစ်ဦး ဖြစ်သည်ဆိုလျှင်ရောက ဘာဖြစ်လဲ။

ဤကမ္ဘာကြီးတွင် ကျွမ်းကျင်ပညာရှင်ဖြစ်လာနိုင်သော ပါရမီရှင်များသည်သာလျှင် အစစ်အမှန် ပါရမီရှင်များ ဖြစ်ကြသည်။ ကျန်သည့်ပါရမီရှင်များသည် နှစ်တွေ ကြာ ညောင်းလာသည့်အခါ ပျက်သုဉ်းသွားကြမှာဖြစ်ပြီး သူတို့ကို မည်သူမှ ဂရုမစိုက် ကြပါဘူး။

အဖွားအိုကျောက်သည် နောက်ပြန်လှည့်ပြီး သင်္ဘောကြီးပေါ်သို့ ပြန်လာခဲ့သည်။ အကယ်၍ ချန်မင်ရှီသည် ချင်ယွင်ကို သူမသတ်သည်ကို မြင်လျှင် သူမကို တားဆီးရန် ဘာမဆိုလုပ်မည်မှာ သေချာပါသည်။ ထို့ကြောင့် သူမ မထွက်လာခင်ကတည်းက သူမသည် ချန်မင်ရှီကို သတိလစ်အောင် လုပ်ထားခဲ့သည်။ ချန်မင်ရှီသည် ယခု အဖြစ်ပျက်တွေကို သိမည်မဟုတ်ပေ။

အဘွားအိုကျောက်သည် သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်ရောက်သောအခါ အားလုံးသည် ချက်ချင်း နောက်ပြန်ဆုတ်သွားကြသည်။

အဖွားအိုကျောက်သည် ငိုရှိုက်နေဖြစ်သော ရန်စီချီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ ဘေးတွင်ရှိနေသည့် ရှောင်ဇီကို ကြည့်လိုက်သည်။ သူမသည် အေးစက်စက် နှာချေသံနှင့်အတူ သူမ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

ချင်ယွင်ကို သူမသတ်ရခြင်း၏ အကြောင်းရင်းမှာ ချန်မင်ရှီသည် ချင်ယွင်အပေါ် ခံစားချက်များမဖြစ်အောင် တားဆီးပြီး ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးကို လက်ထပ်ရန် ငြင်းဆန်နေခြင်းကြောင့်ပင် ဖြစ်သည်။ ယခု ချင်ယွင်သည် သေဆုံးသွား သည့်အတွက် သူမသည် သဘာဝအတိုင်း အခြားလူများကို အခက်အခဲဖြစ်အောင် လုပ်တော့မည် မဟုတ်ပေ။

ရန်စီချီသည် သစ်သားရုပ်လေးကဲ့သို့ ကုန်းပတ်ပေါ်တွင် ထိုင်နေသည်။ သူမသည် အချိန်အတော်ကြာ ထိုင်ပြီးနောက် သူမ၏ မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင် တစွန်းတစ ပေါ်လာသည်။

"ငါရန်စီချီ ကောင်းကင်ဘုံကို သက်သောထားပြီး ကျိန်ဆိုတယ်။ ရှင်တို့ ဘယ်သူပဲ ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ချင်ယွင်အတွက် လက်စားချေဖို့ ရှင်တို့ကို သေချာပေါက် သတ်ပစ်မယ်"

ရန်စီချီ၏ပါးစပ်မှ အလွန်မင်း အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ လှပသော မျက်လုံးများသည် တတိယထပ်ရှိအခန်းဆီသို့ ဦးတည်ထားပြီး သူမမျက်လုံး များတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေလေသည်။

သို့သော် ထိုအခိုက်တန့်တွင် ရှောင်ဇီက ရုတ်တရက် ပြောလိုက်သည် "သခင်၊ သခင် သူ မသေသေးဘူး"

"နင် ဘာပြောလိုက်တာလဲ ?" ရန်စီချီသည် လျှပ်စီးလက်သကဲ့သို့ ရှောင်ဇီကို ချက်ချင်း ကြည့်လိုက်သည်။

ရှောင်ဇီသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရူပြီးနောက် ခိုးကြောင်ခိုးဝှက် နားထောင်နေသူ မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူက ပြောလိုက် သည် "ကျွန်တော်က သခင်ရဲ့ဆိတ်သုဉ်းခြင်းသားရဲလေ။ သူ့မူလခန္ဓာကိုယ် သေသွားတာနဲ့ ကျွန်တော်လည်း သူနဲ့အတူ လိုက်သေရလိမ့်မယ်။ ဒါပေမယ့် အခု ကျွန်တော် အသက်ရှင်နေသေးတယ်။ ဆိုလိုတာက သခင်က သေချာပေါက် အဆင်ပြေ နေလိမ့်မယ်။"

ရန်စီချီ၏ မျက်လုံးများသည် ချက်ချင်းပင် လင်းလက်တောက်ပလာသည်။ ချင်ယွင်၏ နှလုံး ကြေမွသွားသည်ကို သူမမြင်လိုက်ရပြီး သူမသလည် အလွန်ဝမ်းနည်းသွားသည်။ ချင်ယွင်မှာ ကိုယ်ပွားများရှိနေဆဲ ဖြစ်ကြောင်းကိုပင် သူမ မေ့နေခဲ့သည်။ သူက မည်သို့ အလွယ်တကူ သေဆုံးနိုင်မည်နည်း။ ယခု ရှောင်ဇီ၏ စကားများကို သူမကြားလိုက် ရလျှင် ချင်ယွင်သည် အသက်ရှင်နေသေးကြောင်း သူမ ပိုသိလာခဲ့သည်။

အမှန်တကယ်တော့ ခရမ်းလေးသည် စကားတစ်ခွန်းကိုတော့ မပြောခဲ့သေးပါဘူး။ ချင်ယွင်သည် အသက်မသေသေးသော်လည်း သူ၏အငွေ့အသက်သည် အလွန် အားနည်းနေသည်။ အလွန်အားနည်းလွန်းသည့်အတွက် သူတောင်မှ ထိုအငွေ့အသက် ကို ကောင်းကောင်းအာရုံခံလို့ မရနိုင်ခဲ့ပါဘူး။

"သူက အခု ပင်လယ်အောက်ခြေမှာ ရှိနေတာ မဟုတ်လား။ သူ့ကို သွားရှာရအောင်" ရန်စီချီသည် တစ်ခုခုကို တွေးနေပုံရပြီး ကမန်းကတန်း ပြောလိုက်သည်။

"သခင်က တိုက်ပွဲမစခင်ကတည်းက ကျွန်တော့်ဆီကို သတင်းပို့ထားတယ်။ တကယ်လို့ သူ တစ်ခုခုဖြစ်ခဲ့ရင် သခင်မကို ကောင်းကင်နဂါးတိုက်ကြီးဆီ အရင် ခေါ်သွားပေးရမယ် တဲ့။ အချိန်ရောက်တာနဲ့ သူက ကျွန်တော်တို့ကို လာရှာမယ်တဲ့" ရှောင်ဇီက ခေါင်းယမ်းရင်း ပြောလိုက်သည်။

ရန်စီချီ၏ မျက်လုံးများတွင် အကျောက်အကန် ငြင်းဆန်လိုသည့် အမူအယာ ပေါ်လာ သည်။ ခဏအကြာတွင် သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံရသည်။ သူမက "ကောင်းပြီလေ၊ ကောင်းကင်နဂါးတိုက်ကြီးဆီကို အရင်သွားပြီးတော့ သူ့ကို စောင့်ကြရအောင်" ဟု ပြောလိုက်ပါသည်။

ရန်စီချီသည် ကြယ်ရောင်စုံနေသော ညဉ့်ကောင်းကင်ကို မော့ကြည့်ကာ "ချင်ယွင်၊ နင်ပြန်လာရမယ်နော်။ ငါ နင့်ကို စောင့်မျှော်နေမယ်" ဟု သူမစိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိပါသည်။

အခန်း (၄၂၈) ပုန်းကွယ်နေသောကောင်းချီးများ။

ချင်ယွင်သည် ပင်လယ်ကြမ်းပြင်အောက် မီတာတစ်သောင်းအကွာမှာရှိ ကြီးမားလှ သည့် သန္တာကျောက်တန်းတစ်ခုတွင် လဲလျောင်းနေပါသည်။

သူ၏ခန္ဓာကိုယ်လုံးမှာ ဒဏ်ရာအများပြား ဖုံးလွှမ်းနေပြီး သူ၏ရင်ဘတ်မှာလည်း အပေါက်ကြီးတစ်ခု ရှိနေပါသည်။ သူ၏ အတွင်းအင်္ဂါအစိတ်ပိုင်းများ အားလုံး ကြေမွသွားပြီ။

ယုတ္တိဗေဒအရပြောရရင်၊ ယခုလိုပြင်းထန်သည့် ဒဏ်ရာတွေမှ ပြန်လည်ကောင်းလာရန် စွမ်းအားရှိသည်ဆိုလျှင်ပင်၊ သူသည် အသက်ရှင်နေရန်မှာ မဖြစ်နိုင်သေးပေ။

နောက်ဆုံးတွင်၊ သူ၏ အသက်စွမ်းအား၏ ပြန်လည်ကုသရေး အရှိန်အဟုန်သည်ပင် အကန့်အသတ်ရှိပြီး အဘွားအို၏ လက်ဖဝါးရိုက်ချက်သည် ချင်ယွင်ကို ချက်ချင်း သတ်ပစ်ရန် လုံလောက်ပါသည်။

ယခုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် အသက်ရှူမဝသလိုဖြစ်ကာ မူးမေ့မလိုနေ ဖြစ်ပြီး သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် လင်းထိန်နေသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။

အစိမ်းရောင်ကြာပန်း စည်းတံဆိပ်မှ ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အမျှင်တန်းများသည် ချင်ယွင်၏ စိတ်ဝိညာဉ်ကို အာဟာရဖြည့်တင်း ပေးနေ သည်။ ထို့ကြောင့်သာ ချင်ယွင်၏ စိတ်ဝိညာဉ်သည် လွင့်ပါးမသွားခြင်း ဖြစ်နိုင်သည်။

စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အမှန်တကယ် သေခြင်းသွား ပြီဟု ဆိုလိုပါသည်။

ချင်ယွင် မသေရခြင်း၏ အကြောင်းရင်းမှာ ချင်ယွင် သေခါနီးအချိန်တွင် သူ၏ ရင်ဘတ်ပေါ်မှာရှိသည့် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်က သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ချင်ယွင်၏ပုံစံသည် အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေသည်။

တစ်နည်းဆိုရသော် ချင်ယွင်၏ ခန္ဓာကိုယ်သည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူ၏ စိတ်ဝိညာဉ်သည် အသက်ရှင်နေဆဲ ဖြစ်သည်။

ယခုအခါတွင်၊ သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်ရန်အတွက် သူ၏ အသက်စွမ်းအင်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်၊ သို့မှသာ သူ၏စိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"လခွမ်းကွာ၊ ဒီတစ်​ခါ ငါ့ရဲ့ဒဏ်​ရာတွေက ဒီ​လောက်​ပြင်းထန်​လိမ့်​မယ်​လို့ ငါ မ​မျှော်​လင့်​မိဘူး။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကြောင့်သာ၊ မဟုတ်​ရင်​ ငါ​သေသွားမှာတောင် စိုးရတယ်​။" ချင်ယွင်က ဒေါသတကြီး ပြောလိုက်သည်။

အမှန်တကယ်လည်း သူသည် သေဖို့ အဆင်သင့်ဖြစ်နေပြီး ဖြစ်ပါသည်။ ထိုအချိန်တွင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဆင့်ခေါ်ခဲ့မည်ဆိုလျှင်ပင် အဆုံးသတ်တွင် သူသေဆုံးသွားမည် ဖြစ်သည်။ နှစ်ယောက်စလုံး သေဆုံးသွားသည်ထက်စာရင် တစ်ဦး ရှင်သန်လွတ်မြောက်သွားခြင်းက ပိုကောင်းပါသေးသည်။

ထို့ကြောင့် သူသည် သူ၏အစစ်အမှန်ခန္ဓာကိုယ် သေဆုံးသွားလျှင်ပင် လျှပ်စီးစွမ်းရည် ကိုယ်ပွား နှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့ကို ကာကွယ်ရန်အတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် သူ၏အစစ်အမှန် ခန္ဓာကိုယ်ကို ကယ်တင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဟမ့်၊ ချန်ကလန်၊ ငါချင်ယွင် ဒါကို သေချာပေါက် မှတ်မိနေလိမ့်မယ်။ ဒီတစ်ခါ ခင်ဗျားတို့က ကျုပ်ကိုသတ်ဖို့ ကျရှုံးခဲ့တယ်၊ နောက်တစ်ကြိမ် ခင်ဗျားတို့ ချန်ကလန်ကို သေချာပေါက် နှစ်ဆပြန်ပြီး ပေးဆပ်ခိုင်းမယ်" ချင်ယွင်က သူ၏စိတ်ထဲမှာ အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏နှလုံးသားကလည်း အမျက်ဒေါသတွေနှင့် ပြည့်နှက်နေခဲ့သည်။

"ကောင်လေး၊ မင်းက ကလဲ့စားချေချင်နေတုန်းပဲလား။ မင်း အခု ဘယ်လို ရှင်သန် ရမလဲဆိုတာ အရင်စဉ်းစားသင့်တယ်" ရှေးဟောင်းတာအိုဆရာသခင်၏ စကားသံက ချင်ယွင်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ရှေးဟောင်းတာအို ဆရာသခင်၏စကားကို ကြားသောအခါ ဒေါသသိပ်မထွက်သေး သော ချင်ယွင်သည် ချက်ချင်းပင် ဒေါသပေါက်ကွဲ ထွက်သွားသည်။ သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏ဆရာသခင်ဖြစ်သောကြောင့် သူ့ကို ပြစ်တင် ဝေဖန်ခြင်း မပြုနိုင်ပေ။ သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ စကားများကို နားမထောင်ဘဲ သူ့ကို လျစ်လျူရှုထားသည့်ပုံစံသာ ဟန်ဆောင်နိုင်ခဲ့သည်။

"ကောင်စုတ်လေး၊ မင်းက အရင်က မင်းကို မကူညီခဲ့လို့ ငါ့ကို အပြစ်တင်နေတာလား။" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူတစ်ခုကို ပေးပို့ပြီး ပြောလိုက်ပါသည်။

"ခင်ဗျားက ကျွန်တော့်ဆရာသခင်ပဲလေ၊ ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ" ချင်ယွင်က စိတ်မပျော်ရွင်ဟန်ဖြင့် ပြောလိုက်သည်။

သေချာသည်မှာ ရှေးဟောင်းတာအိုဆရာသခင်သည် လုံးဝ အိပ်မောကျနေခြင်း မဟုတ် ပေ။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ကို မကူညီခဲ့ခြင်း ဖြစ်ပေမည်။

ချင်ယွင်၏စကားကို ကြားသောအခါ ရှေးဟောင်းတာအိုဆရာသခင်သည် ဒေါသထွက် ခြင်းမျိုး မရှိပေ။ "ကောင်စုတ်လေး၊ မင်း ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူးများ ထင်နေလား" မင်းမပြောပေမယ့် မင်းစိတ်ထဲမှာ ငါ့ကို အမှန်တကယ် ကျိန်ဆဲနေတာ မဟုတ်လား။ ငါက တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အိပ်ပျော်ချင် ဟန်ဆောင်နေခဲ့ တာ။ ငါ မင်းကို မကယ်တင်ရတဲ့ အကြောင်းရင်းကလည်း မင်းရဲ့ ကောင်းကျိုး အတွက်ပဲလေ"။

"ကျွန်တော့် ကောင်းကျိုးအတွက်လား?" ချင်ယွင် အံ့ဩသွားသည်။

ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို လိမ်ညာလှည့်စားနေသည်ဟု သူ ခံစားရသည်။ သူသေခါနီး ဖြစ်နေချိန်မှာတောင် သူက သူ့ကောင်းကျိုးအတွက်ဟု ပြောနေတုန်းလား။

"ကောင်စုတ်လေး၊ သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို သုံးခြင်းရဲ့ အကျိုးဆက်ကို မင်းသိရဲ့လား" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

ချင်ယွင်လည်း အနည်းငယ် အံ့အားသင့်သွားပြီး "ဒါက သွေးအနှစ်သာရ လောင်ကျွမ်း ခြင်းနည်းပညာရပ်နဲ့ ဘာဆိုင်လို့လဲ" ဟု မေးလိုက်သည်။

'"ဘယ်လိုလုပ် မသက်ဆိုင်ဘဲ နေမလဲ။ သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာ ရပ်ကို မင်းရဲ့အတိုင်းအတာနဲ့ ခွင့်ပြုနိုင်ခြင်းမရှိဘဲ ပြည့်ပြည့်ဝဝ အသုံးပြုလိုက်ခြင်းက မင်းရဲ့ခန္ဓာကိုယ်​ကို ပြင်းပြင်းထန်ထန် ထိခိုက်​​စေ​တယ်ဆိုတာကို မင်းသိရဲ့လား? တကယ်လို့ မင်းမှာ ပြန်လည်အားဖြည့်ပေးမယ့် အသက်​စွမ်းအင်​ရှိတယ်​ဆိုရင်တောင်​ ပြန်လည်ကောင်းမွန်လာဖို့အတွက် အနည်းဆုံး ​ခြောက်​​လောက်​ အချိန်​ယူရလိမ့်မယ်​။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပြသည်။

“ကျွန်တော် သိပါတယ်၊ ဒါ​ပေမယ့်​ ခင်ဗျားကြီး ကျွန်တော့်ကို မကယ်​တင်​တာနဲ့ ဒီကိစ္စက ဘာဆိုင်​လို့လဲ" ချင်ယွင်က ဆက်မေးလိုက်သည်။

သူသည် ဤလျှို့ဝှက်ပညာရပ်ကို အသုံးမပြုခင်ကတည်းက ဤအချက်ကို စဉ်းစား ထားပြီးသားဖြစ်သော်လည်း လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးကို သတ်ဖြတ်ရန်အတွက် သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုသို့မဟုတ်လျှင် သူသည် သေခြင်းတရားနှင့် အရင်ရင်ဆိုင်ရလိမ့်မည်။

"ဟမ့်၊ ဒါဆိုလည်း မင်းခန္ဓာကိုယ်ကို ပြန်စမ်းစစ်ကြည့်ဦးလေ။" ရှေးဟောင်းတာအို ဆရာသခင်က ပြောသည်။

ချင်ယွင်ကတော့ စိတ်ရှုပ်ထွေးနေတုန်းပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူသေသွားသည် နှင့် သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုစားမူက ပို၍မြန်ဆန်လာမှာလား။

ဒါက မဖြစ်​နိုင်​ဘူးမလား?

သို့သော်၊ သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ ညွှန်ကြားချက်ကို လိုက်နာဆဲ ဖြစ်ပြီး သူ၏ပျက်စီးနေသော ခန္ဓာကိုယ်ကို စုံစမ်းစစ်ဆေးရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို စုစည်းလိုက်သည်။ သူသည် ကောင်းကောင်းပင် မစုံစမ်းလိုက်ရသေးပေ။ စုံစမ်းတွေ့ရှိချက်က ချင်ယွင်ကို ချက်ချင်း ချောက်ချားသွားစေသည်။

သူ၏ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးသည့် သွေးအနှစ်သာရတွေအားလုံး လောင်ကျွမ်း သွားရမှာ ဖြစ်သော်လည်း ယခုတော့ အလျှံပယ်ပေါများလာနေသည်။ ယရင်ကထက် ပင် ပိုပြီး သန်စွမ်းလာခဲ့သည်။

"ဒါ….... ဒါက ဘာဖြစ်နေတာလဲ?" ချင်ယွင်က မယုံနိုင်စွာ မေးလိုက်သည်။

"ကောင်စုတ်လေး။ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်ရဲ့ ကောင်းကင်ဘုံကို အံတုနိုင်တဲ့စွမ်းအားက ဘာလဲဆိုတာ မင်းသိရဲ့လား" ရှေးဟောင်း တာအိုဆရာသခင်က မေးသည်။

"ကျွန်တော် မသိပါဘူး !" ချင်ယွင်က ပြန်ဖြေသည်။

'"ဟမ့်၊ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ ကိုယ်လေ့ကျင့်ထားတဲ့ 'လျှို့ဝှက်ဆန်း ကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကိုတောင် နားမလည် သေးဘူး။ အစစ်မှန် အဓိပ္ပာယ်ကို ငါ မင်းကို ပြောပြမယ်။ ဒီနည်းပညာရပ်ရဲ့ အစစ်အမှန် အစွမ်းက မင်းဒဏ်ရာရတဲ့အခါတိုင်း မင်းပြန်လည်ကောင်းမွန်လာတာနဲ့အမျှ မင်းခန္ဓာကိုယ်ကလည်း ကြံ့ခိုင်သန်မာလာလိမ့်မယ်။” ရှေးဟောင်းတာအိုဆရာသခင် က ရှင်းရှင်းလင်းလင်း တဲ့တိုးပင် ပြောလိုက်သည်။

"ဒါဆို မေးစရာစကား ရှိလာနိုင်တယ်မလား? 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာ'ရပ်မှာ ဘာကြောင့် အဲဒီလို မှတ်တမ်းမတင်ထားတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါကို ငါ နားလည်ပါတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

“ဆရာကြီးက နားလည်ထားပြီးသားလား။ ဆရာကြီးကိုယ်တိုင်က ဒီနည်းပညာရပ်ကို မကျင့်ကြံ နိုင်ဘူးမလား။ ဆရာကြီးက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဟမ့်၊ မင်းက ဘာလို့ ဒီလောက်အများကြီး ဂရုစိုက်နေရတာလဲ။ မင်းလိုပဲ ငါကိုလည်း လူတုံးလူအလို့များ ထင်နေသလား" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ အော်လိုက်ပြီး နောက်ထပ် ဘာမှ ထပ်မပြောချင်တော့တာ သိသာပါသည်။

ချင်ယွင် အံ့သြသွားသည်။ သို့သော် ရှေးဟောင်းတာအိုဆရာသခင်က အပိုမပြောချင် သောကြောင့် နောက်ထပ်မေးရန် မသင့်တော်တော့ပေ။ သို့သော်လည်း ရှေးဟောင်း တာအိုဆရာသခင်သည် သူ့ကို ဖုံးကွယ်ထားသည့်အရာ တစ်ခုခုရှိနေသည်ဟု သူ ခံစားမိသေး၏။

"ဒါဆို ဆရာကြီး၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က ကျွန်တော့်ကို ကယ်တင်ပေး မယ်ဆိုတာကိုရော ဆရာကြီး သိထားပြီးသားလား" ချင်ယွင်က သူ၏စိတ်ထဲတွင် နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။

'"သိထားတယ်လေ၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က ရှေးဟောင်းခေတ် ဖရိုဖရဲ ရတနာတစ်ခုပဲ။ သဘာဝအတိုင်း၊ သူ့မှာ သခင်ကို အလိုအလျောက် ကာကွယ်ပေးနိုင် တဲ့ လုပ်ဆောင်ချက်တွေ ပါတယ်။ ဒါကြောင့် မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်က သေမှာ မဟုတ်ဘူးလို့ အစကတည်းက ငါ ခန့်မှန်းထားခဲ့တာ။ ဒီလိုမှမဟုတ်ရင် ငါက မင်းကို ဒီလောက်ကြီးမားတဲ့ စွန့်စားမှုကြီးကို ခံယူခိုင်းပါ့မလား" ရှေးဟောင်းတာအို ဆရာသခင်က ပြောသည်။

ချင်ယွင်သည် ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုစကားများကိုကြားရလျှင် သူ၏ ရှေးဟောင်းတာအိုဆရာသခင်အပေါ် နာကြည်းမှုကလည်း လုံးဝ ပျောက်ကွယ် သွားခဲ့ပါ ပြီ။ နောက်ဆုံးတော့ ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏ကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်း ဖြစ်လေသည်။

ထိုမျှတင်မကသေးဘဲ ချင်ယွင်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။ ရှေးဟောင်းတာအိုဆရာသခင်အထံမှ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ'ရပ်သည် ဒဏ်ရာရသည့်အခါတိုင်း သူ၏ခွန်အားကို မြှင့်တင်ပေးနိုင်သည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် ယခုတစ်ကြိမ်မှာ သူ၏ဒဏ်ရာတွေက တော်တော်လေးကို ဆိုးဝါးသွားခဲ့သည်။ သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံမူအခြေခံက တောင်ရွေ့လျားခြင်း နယ်ပယ်၏ အလယ်လတ်အဆင့်ကို ဖြတ်ကျော်သွားနိုင်မည်လားဟုပင် သူ တွေးနေမိပါသည်။

ယခင်က သူသည် တောင်ရွေ့လျားခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့သာ ရောက်ရှိ ခဲ့သော်လည်း သူ့မှာ သာမန်အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက် သာလွန်သော ခွန်အားကို ရရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသည် တောင်ရွေ့လျားခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွား ပါက၊ သူ၏ခွန်အားသည် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် ချေမှုန်းနိုင်မည်ဖြစ်ပြီး၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ၏ နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူကိုပင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဤအရာသည် သူ၏မျှော်လင့်ချက်တစ်ခုသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဤကပ်ဘေးဆိုးကြီးမှ သူမမျှော်လင့်ထားဘဲ ရရှိလာသည့် အကျိုးကျေးဇူးများလည်း ဖြစ်ပါလိမ့်မည်။

ဟုတ်ပါသည်၊ နောက်ထပ် အရေးကြီးသည့် မေးခွန်းတစ်ခုလည်း ရှိလာပါပြီ။ ယင်းက သူသည် ဤပင်လယ်ဧရိယာထဲမှ မည်သို့ ရုန်းထွက်မလဲဆိုတာပါ။ ယခု သူသည် ပင်လယ်ကြမ်းပြင်ဧရိယာ၏ အလယ်နေရာနီးပါးမှာ ရှောက်ရှိနေခဲ့ပြီး ပင်လယ် ကြမ်းပင်ဧရိယာ၏ နေရာတိုင်းတွင် နတ်ဆိုးသားရဲများ ရှိနေသဖြင့် ခြေတစ်လှမ်း လှမ်းရန်ပင် သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

သူသည် သင်္ဘောကြီးပေါ်သို့ သေချာပေါက် ပြန်မသွားနိုင်တော့ပါဘူး။ သင်္ဘောကြီး အပေါ်မှာရှိနေသည့် ထိုအဘွားကြီးကို သူ အနိုင်မယူနိုင်ပါဘူး။ ထို့အပြင် သူ၏ ဒဏ်ရာများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရပါလိမ့်မည်။ ဆယ်ရက်ကြာပြီးနောက် သိပ်မကြာခင်မှာ ထိုသင်္ဘောကြီးသည် လည်း ကောင်းကင်နဂါးတိုက်ကြီးသို့ ရောက်သွားနိုင်ဖွယ်ရှိသည်။

ရန်စီချီအတွက်မူ, ချန်ကလန်မှ ထိုအဘွားကြီး၏ လွှမ်းမိုးမူကို ခံရနိုင်သော်လည်း ထိုအဘွားကြီးသည် ရန်စီချီနှင့် အခြားသူများကို တိုက်ခိုက်မည်မဟုတ်ဟု သူ ယုံကြည် ထားသည်။ ထို့အပြင်၊ ရှောင်ဇီလည်း အသက်ရှင်နေသေးကြောင်း သူ၏စိတ်ဝိညာဉ်က ခံစားသိလိုက်ရသည်။ အကယ်၍ ချန်ကလန်၏အဘွားကြီးသည် သူတို့ကို သတ်ချင်သည်ဆိုလျှင် သူတို့ သေသွားသည်မှာ ကြာလောက်ပါပြီ။

ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ ဒဏ်ရာများ ကို ဦးစွာ ကုစားရန်ဖြစ်သည်။ ထို့နောက်မှ သူသည် ဤပင်လယ်ပြင်ကြီးမှ လွတ်မြောက်ရန်အတွက် နည်းလမ်းကို စဉ်းစားရန်ဖြစ်သည်။

အခန်း (၄၂၉) ဒေါသကြီးသော ကြီးမြတ်သောကာကွယ်သူ။

"ဘာ။ စောစောက မင်းပြောခဲ့တဲ့ စကားကို ပြန်ပြောစမ်း။” ဆူးသုံးချောင်းလှိုဏ်ဂူ၏ ခန်းမဆောင်အတွင်းမှာ အနီရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် သတင်းပို့ရန် ရောက်ရှိလာသည့် ဝိညာဉ်အစင်းကြောင်း ငါးတစ်ကောင်ကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးတွေက ပြူးကျယ်သွားသည်။

ဝိညာဉ်အစင်းကြောင်းငါးသည် အနီရောင်ဆံပင်နှင့် အမျိုးသား၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ သူ၏ခန္ဓာကိုယ်သည် ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ သူက “ဒုတိယ… ဒုတိယကာကွယ်သူ သေဆုံးသွားပါပြီ” ဟု တုန်လှုပ်သော အသံဖြင့် ပြောသည်။

"လုံလောက်ပြီ!" အနီရောင်ဆံပင်နှင့် အမျိုးသားက ချက်ချင်း အော်ပြောလိုက်ပြီး သူ၏ ပတ်ဝန်းကျင်မှ ပင်လယ်ရေတွေက တောင်ကျချောင်းရေနှင့် ဆူနာမီ လှိုင်းလုံးများကဲ့သို့ ချက်ခြင်းဆိုသလို မြင့်တက်လာခဲ့သည်။

"ပြောစမ်း။ ဘယ်သူလုပ်တာလဲ၊ အဲဒီလူသားပဲလား" အနီရောင်ဆံပင်နှင့်အမျိုးသား၏ မျက်လုံးများသည် ထက်ရှသောဓားကဲ့သို့ ဝိညာဉ်အစင်းကြောင်း ငါးပေါ်သို့ ကျရောက် သွားသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ!" ဝိညာဉ်အစင်းကြောင်း ငါးလေး၏ ခန္ဓာကိုယ်သည် တုန်လှုပ် သွားပြီး ၎င်း၏နှလုံးသားသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

သူသည် ပင်လယ်ရေမျက်နှာပြင်အနီးတွင် ကင်းစောင့်တစ်ဦးမျှသာ ဖြစ်သည်။ ချင်ယွင် နှင့် လက်ချောင်းရှစ်ချောင်းပါ ဧရာမမွန်းစတားကြီးတို့ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည့်အခိုက် ဆူးသုံးချောင်းလှိုဏ်ဂူဆီသို့ ချက်ချင်း သတင်းပို့လိုက်သည်။ နောက်ဆုံးတွင် သူ့ကို ဆူးသုံးချောင်းလှိုဏ်ဂူခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

တကယ်တမ်းပြောရလျှင်၊ သူသည် အရင်ကဖြစ်ပျက်သွားခဲ့သည့် ခေါင်းကြီးငါး မွန်းစတား၏ ကံကြမ္မာကို မသိရှိခဲ့ပါဘူး။ ထိုသို့မဟုတ်လျှင် သူသည် ဤသတင်းကို သူ၏ဗိုက်ထဲမှာ ပုပ်ပွသွားမည်ဆိုလျှင်တောင် အသံကျယ်ကျယ် ပြောဝံ့မှာ မဟုတ်ပါ ဘူး။

"လူသား!" ကြီးမြတ်သော ကာကွယ်သူ၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ် လိုသည့် ဆန္ဒဖြင့် ချက်ချင်းဆိုသလို တောက်ပလာခဲ့ပြီး သူ၏လက်ဖဝါးမှ ကြက်သွေး ရောင် နတ်ဆိုးစွမ်းအင် တစွန်းတစ ထွက်ပေါ်လာသည်။

ဆိတ်သုဉ်းခြင်းသားရဲများသည် နတ်ဆိုးသားရဲနယ်ပယ်သို့ ဝင်ရောက်သောအခါ၊ သူတို့သည် သူတို့၏ခန္ဓာကိုယ်ကို လူသားပုံစံ ပြောင်းလဲစေနိုင်ရုံသာမက နတ်ဆိုးသားရဲ မျိုးနွယ်စု၏ သိုင်းပညာရပ်များကိုလည်း လေ့ကျင့်နိုင်ကြသည်။ အနီရောင်ဆံပင်နှင့် အမျိုးသားသည် နတ်ဆိုးသားရဲ့မျိုးနွယ်စု၏ သိုင်းပညာရပ်တစ်မျိုးမျိုး လေ့ကျင့်ထား မှန်း သိသာထင်ရှားပြီး သူ၏ခန္ဓာကိုယ်သည် တုနှိုင်းမရလောက်အောင် ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်သည်။

"ပြောစမ်း၊ အဲဒီလူသား ဘယ်မှာလဲ၊ ငါ သူ့ကို အစိတ်အပိုင်း တစ်သောင်းလောက် ဖြစ်အောင် ဆုတ်ဖြဲပစ်ချင်တယ်" အနီရောင်ဆံပင်နှင့် အမျိုးသားသည် သူ၏သွားတွေကို တင်းတင်းကြပ်ကြပ် ကိုက်ထားသည်။ ရှင်းနေသည်မှာ၊ သူ၏ညီနှစ်ဦး သေဆုံးမှုသည် သူ့ကို ပြင်းထန်စွာ ဒေါသထွက်စေခဲ့သည်မှာ ထင်ရှားသည်။

"အဲ……..၊ အဲ…….. အဲဒီလူလားလည်း သေ ..သေသွားပါပြီ" ဝိညာဉ်အစင်းကြောင်း ငါးက တုန်တုန်ယင်ယင်အသံဖြင့် ပြောသည်။

"သေသွားပြီလား?" ယခုတစ်ခါမှာတော့ အနီရောင်ဆံပင်နှင့် အမျိုးသားသည် အံ့အားသင့်ရသည့် အလှည့်ဖြစ်သွားပြီ။ သူက ပြောသည် “ ဖြစ်နိုင်တာက သူက ငါ့ရဲ့ ဒုတိယညီ လက်ချက်နဲ့ သေဆုံးသွားတာလား” ဟု မေးလိုက်သည်။

"မ...မ… မဟုတ်ပါဘူး၊ ဒုတိယကာကွယ်သူ သတ်လိုက်လို့ သူသေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလူသားက ဒုတိယကာကွယ်သူကို သတ်ပြီးတဲ့ နောက်မှာ လူသား ပညာရှင် နောက်တစ်ယောက် ထပ်ပေါ်လာတယ်။ သူမက အလွန်အစွမ်းထက်တဲ့ အဘွားကြီး တစ်ယောက်ပါ။ အဲဒီလူသားလူငယ်ကို သိုင်းကွက်နှစ်ကွက်နဲ့ သတ်ပစ် လိုက်တယ်။" ဝိညာဉ်အစင်းကြောင်းငါးက သူမြင်ခဲ့ရသည့် အရာတွေကို အတိုချုံး ရှင်းပြပြီး ခန်းမ၏ပင်မထိုင်ခုံပေါ်မှာရှိနေသည့် အနီရောင်ဆံပင်နှင့် အမျိုးသားကို ထိတ်လန့်စွာ ကြည့်နေလိုက်သည်။

"အဘွားအိုက နှစ်ကွက်ပဲ လှုပ်ရှားလိုက်တယ်။ ကြည့်ရတာ အဲဒီလူရဲ့ ကျင့်ကြံခြင်း အခြေခံက အနည်းဆုံး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်အဆင့်မှာ ဖြစ်ပုံရတယ်။" အနီရောင်ဆံပင်နှင့် အမျိုးသားက သူ့ကိုယ်သူ ရေရွတ်ပြီး လေးလေး နက်နက် တွေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက် အနီရောင်ဆံပင်နှင့် အမျိုးသားသည် ဝိညာဉ်အစင်း ကြောင်းငါးကို ငုံ့ကြည့်ကာ ပြောလိုက်သည် ။" အဲဒီလူသားရဲ့အလောင်းက ဘယ်မှာလဲ"

"အဲဒီလူသားရဲ့အလောင်းက ပင်လယ်ကြမ်းပြင်အောက်ကို ပြုတ်ကျသွားပါပြီ။ ဘယ်နေရာလဲဆိုတာ ကျွန်တော် သိပါတယ်။ ကြီးမြတ်သော ကာကွယ်သူ၊ ကျွန်တော် ကြီးမြတ်သော ကာကွယ်သူကို အဲဒီနေရာကို ခေါ်သွားပေးရမလား။" ဝိညာဉ် အစင်းကြောင်းငါးက မေးလိုက်သည်။

"မလိုဘူး၊ အဲဒီနေရာနဲ့ အနီးစပ်ဆုံးတည်နေရာကို ငါ့ကို ပြောပြ။" အနီရောင်ဆံပင်နှင့် အမျိုးသားက ပြောသည်။

"အဲဒီလူသားလူငယ်ရဲ့ အလောင်းက ပင်လယ်ပြင်ရဲ့အရှေ့ဘက် မိုင်သုံးရာလောက်မှာ ကျဆင်းသွားခဲ့ပါတယ်" ဝိညာဉ်အစင်းကြောင်းငါးက ပြန်ဖြေသည်။

အနီရောင်ဆံပင်နှင့် အမျိုးသားက ခေါင်းညိတ်သည်။

"ဒါဆို ဒီလက်အောက်ငယ်သားက ပြန်သွားပြီး အနားယူပါတော့မယ်ခင်ဗျာ။" ဝိညာဉ် အစင်းကြောင်းငါးက စိတ်လှုပ်ရှားစွာပြောသည်။ ထို့နောက် သူသည် ပြန်လှည့် မကြည့်ဘဲ ခန်းမထဲမှ ထွက်လာခဲ့သည်။

သို့သော် ဝိညာဉ်အစင်းကြောင်းငါးသည် ခန်းမဆောင်ကြီးထဲမှ ကူးခတ်သွားခါနီးမှာပင် ခန်းမအတွင်းရှိ အနီရောင်ဆံပင်နှင့် အမျိုးသားသည် ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ကြီးမားသော စုပ်ယူမှုစွမ်းအားက ချက်ချင်း ထွက်ပေါ်လာသည်။ ကပ်ဘေးကြီးမှ လွတ်ကင်းသွားပြီဟု မူလက ထင်ထားခဲ့သော ဝိညာဉ်အစင်းကြောင်း ငါးသည် ပင်မခန်းမရှိ အနီရောင်ဆံပင်နှင့် အမျိုးသား၏ လက်ဖဝါးထဲသို့ စုပ်ယူခံရ ပြီးနောက် အသက်ရှင်လျက် မျိုချခံလိုက်ရသည်။

"ဟမ့်၊ ငါ့ရဲ့အဓိကခန်းမထဲကို ဝင်လာပြီးမှတော့ အသက်ရှင်လျက် ပြန်ထွက်သွားချင် သေးတယ်ပေါ့" အနီရောင်ဆံပင်နှင့် အမျိုးသားက အေးစက်စက် ရယ်မောရင်း သူ၏မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တွေ စီးဆင်းနေသည်။

အမှန်တကယ်တော့၊ ဆူးသုံးချောင်းလှိုဏ်ဂူ၏ အုပ်ထိန်းသူသုံးဦးမှာ ကိုယ်ပိုင် စည်းမျဉ်း စည်းကမ်းတွေ ရှိနေသည်ကို ဆိတ်သုဉ်းခြင်းသားရဲအများစုက မသိခဲ့ကြပါဘူး။ အုပ်ထိန်းသူသုံးဦးမှလွဲပြီး အဓိကခန်းမထဲကို ဝင်ရောက်လာသည့် ဆိတ်သုဉ်းခြင်း သားရဲတွေအားလုံး သေကြရမှာ ဖြစ်သည်။

အထူးသဖြင့် ဤကြီးမြတ်သော ကာကွယ်သူ ဖြစ်သည်။ သူ၏နည်းလမ်းတွေက ရက်စက်ကြမ်းကြုတ်လွန်း၏။ မရေမတွက်နိုင်သော ဆိတ်သုဉ်းခြင်းသားရဲများသည် သူ၏လက်အောက်တွင် သေဆုံးသွားခဲ့ရသည်။ လက်အောက်ငယ်သားများ အားလုံး သည် ဒေါသထွက်နေကြသော်လည်း ဘာမှ ပြန်မပြောဝံ့ကြပေ။ ကြီးမြတ်သော ကာကွယ်သူသုံးဦးနှင့် အဆက်အဆံမလုပ်ရအောင် အစွမ်းကုန်ကြိုးစားရုံသာ တတ်နိုင်ကြသည်။

"ဒုတိယညီနဲ့ တတိယညီငယ်၊ အစ်ကိုကြီးက မင်းတို့အတွက် သေချာပေါက် လက်စား ပြန်ချေပေးပါ့မယ်။ အဲဒီလူသား အလောင်းဖြစ်သွားရင်တောင် ငါ ခွင့်မလွှတ်နိုင်ဘူး။" သတ်ဖြတ်လိုသည့် ဆန္ဒအရိပ်အယောင်တွေက အနီရောင်ဆံပင်နှင့် အမျိုးသား၏ မျက်လုံးထဲတွင် တောက်ပလာခဲ့ပြီး သူသည် အနီရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလာသွားကာ ဆူးသုံးချောင်းလှိုဏ်ဂူ၏ အရှေ့ဘက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် သန္တာကျောက်တန်းထဲတွင် လဲလျောင်းနေသေးသည်။ သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရှိနေသေးပြီး သူ၏လက်တွေ ခြေတွေကို မထိန်းနိုင် သေးသလို မတ်တပ်တောင် ထမရပ်နိုင်သေးပါဘူး။

ဤသန္တာကျောက်တန်းကြီးသည် အတော်လေး လျှို့ဝှက်သော်လည်း ပင်လယ်ကြမ်း ပြင်ပေါ်တွင် ဆိတ်သုဉ်းခြင်းသားရဲများစွာ ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် သူ့ကို အချိန်မရွေး ရှာဖွေတွေ့ရှိသွားနိုင်ပါသည်။

ထို့ကြောင့်၊ ချင်ယွင်သည် အဆင့် ၆ ပုံရိပ်ယောင် အစီအရင်တစ်ခုအား ၎င်းသန္တာ ကျောက်တန်းကြီး၏ အစွန်အဖျားတွင် ချထားရန် ရွေးချယ်ခဲ့သည်။

ချင်ယွင်၏ ဆုံးဖြတ်ချက်သည် လုံးဝမှန်ကန်ကြောင်း လက်တွေ့ပြသခဲ့ပါပြီ။

သူသည် ပုံရိပ်ယောင်အစီအရင်ကို အသက်သွင်းပြီး နာရီအနည်းငယ် အကြာတွင် သူ ပုန်းအောင်းနေသော သန္တာကျောက်တန်းမှ အနီးမဝေးသော နေရာတွင် အလွန်အမင်း လျင်မြန်သော အရှိန်အဟုန်ဖြင့် အလင်းတန်းတစ်ခုသည် ရပ်တန့်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူ စစ်ဆေးပါတော့သည်။

“နတ်ဆိုးသားရဲလား”။

ချင်ယွင်သည် သန္တာကျောက်တန်းများအတွင်းရှိ အက်ကွဲကြောင်းများကြားမှနေ၍ အနီရောင်ဆံပင်နှင့် အမျိုးသားကို မြင်သောအခါတွင် သူ၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

ပင်လယ်ကြမ်းပြင်အောက်အတွင်းမှာသာ နတ်ဆိုးသားရဲများသည် လူသားအသွင်ဖြင့် မျက်နှာပြောင်တိုက်ကာ ပေါ်ပေါ်တင်တင် လျှောက်သွားနိုင်ကြသည်။

အကြောင်းမှာ လူသားများသည် ဤကမ္ဘာလောကကြီး၏ အုပ်စိုးရှင်များ ဖြစ်ကြသော ကြောင့် ဖြစ်သည်။ နတ်ဆိုးသားရဲများသည် ကြီးမားလွန်းသောကြောင့် သူတို့သည် တစ်ခါတစ်ရံတွင် လူသားများကဲ့သို့ အဆင်မပြေကြပေ။ ထို့ကြောင့် နတ်ဆိုးသားရဲ များသည် ပင်လယ်ကြမ်းပြင်အောက်တွင် နေထိုင်ကြစဉ်မှာ လူသားအသွင်ဖြင့် ပေါ်လာလေ့ ရှိကြသည်။

ပင်လယ်ကြမ်းပြင်အောက်မှာ နတ်ဆိုးသားရဲတွေ အများကြီးရှိကြပါသည်။ နတ်ဆိုး သားရဲများ ရံဖန်ရံခါ ဖြတ်သွားဖြတ်လာတွေ့ရခြင်းသည် ပုံမှန်ပင် ဖြစ်ပါသည်။ သို့သော် ဤနတ်ဆိုးသားရဲသည် ကွဲပြားပါသည်။ ဤနတ်ဆိုးသားရဲသည် တစ်စုံတစ်ခုကို ရှာဖွေနေသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ဆိုးဝါးသည့် ကြိုတင်သတိပေးချက်တစ်ခု ရရှိနေပါသည်။ ဤနတ်ဆိုး သားရဲသည် သူ့အတွက် လာနေပုံရသည်ဟု သူ ခံစားမိသည်။

ရုတ်​တရက်​ သူ၏စိတ်​​ထဲမှာ လင်းလက်​တောက်​ပသွားသည်​။ လက်ချောင်း ရှစ်ချောင်း ပါဧရာမမွန်းစတားကြီးသည် ဆူးသုံးချောင်းလှိုဏ်ဂူနှင့် ဒုတိယကြီးမြတ်သော ကာကွယ် သူဟု သူ့ကိုယ်သူ ခေါ်ဝေါ်ခဲ့သည်ကို သူသတိရသွားခဲ့ပြီး ဤလူသည် ဆူးသုံးချောင်း လှိုဏ်ဂူ၏ ကြီးမြတ်သော ကာကွယ်သူတစ်ဦး ဖြစ်နိုင်ချေရှိပါသည်။

ထို့ကြောင့်၊ ချင်ယွင်သည် အနီးမဝေးမှာရှိနေသည့် အနီရောင်ဆံပင်နှင့် အမျိုးသားအား စုံစမ်းရန်အတွက် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် အသုံးပြုလိုက်သည်။ ထို့နောက် ချင်ယွင်အား ထိတ်လန့်သွားစေခဲ့သည်။

"နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲ" ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အငွေ့အသက်ကို ထိန်းချုပ်ရန်အတွက် နတ်ဘုရားအသွင်ပြောင်းပညာရပ်ကို အလျင်အမြန် အသုံပြုလိုက်ရပြီး အနီရောင် ဆံပင်နှင့် အမျိုးသားသည် သူ၏ဖြစ်တည်မှုကို ဖော်ထုတ်နိုင်ခြင်းမရှိစေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

အနီရောင်ဆံပင်နှင့်အမျိုးသားသည် လှည့်ပတ်ကြည့်သော်လည်း ထူးထူးခြားခြား မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။

"ထူးဆန်းတယ်။ ဝိညာဉ်အစင်းကြောင်းငါးက ငါ့ကို လိမ်နေတာများ ဖြစ်နိုင်မလား။ ဒါမှမဟုတ် အဲဒီလူသားအလောင်းကို တခြားဆိတ်သုဉ်းခြင်းသားရဲတွေက ဝါးမျိုသွား တာများ ဖြစ်နိုင်မလား" အနီရောင်ဆံပင်နှင့်အမျိုးသားသည် သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။

ထိုစကားကိုကြားရလျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ သေချာသွား ပါပြီ။ ဤနှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲသည် သူ့အတွက် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

သူသည် သူ၏ဒဏ်ရာတွေမှ ပြည့်ပြည့်ဝဝ ပြန်လည်မသက်သာသေးသည့်အတွက် ဤနတ်ဆိုးသားရဲသည် ယခုအချိန်မှာ သူ၏ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

ကံကောင်းထောက်မစွာပင်။ အနီရောင်ဆံပင်နှင့် အမျိုးသားသည် ပြန်လှည့် ထွက်မသွားမီ တခဏကြာသာ ရပ်သွားခဲ့သည်။

ချင်ယွင်လည်း အနီရောင်ဆံပင်နှင့်အမျိုးသား ထွက်သွားသည်ကို မြင်လိုက်ရမှ သက်ပြင်းအမောကြီး ချနိုင်တော့သည်။

သို့သော်လည်း အနီရောင်ဆံပင်နှင့် အမျိုးသား ထွက်ပေါ်လာခြင်းသည် ချင်ယွင်အား သတိပေးသလို ဖြစ်သွားခဲ့သည်။ ဤရေအောက်နတ်ဆိုးလောကသည်လည်း သူ ထင်ထားသလို ရိုးရှင်းခြင်း မရှိပါဘူး။

ဆူးသုံးချောင်းလှိုဏ်ဂူလား ? နဂါးကောင်းကင်နန်းတော်လား?

ဤနာမည်များ၏ နောက်ကွယ်မှ အင်အားစုတွေက မည်သည့်အရာ ဆိုလိုသည်ကို သူ ရှာဖွေရပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သူသည် ဤအင်အားစုတွေများအကြား မရည်ရွယ် ဘဲ ဝင်ရောက်စွက်ဖက်မိ သွားမည်ဆိုလျှင် သူ၏အသက်လေးပင် မတော်တဆ ဆုံးရှုံးသွားနိုင်ပါသည်။

ထို့အပြင် ချင်ယွင်မှာ ပို၍ပင် ရဲတင်းသော အကြံဥာဏ်တစ်ခု ရှိလာခဲ့သည်။ ဤပင်လယ်ပြင်ဧရိယာအတွင်းမှာ အင်အားစုတွေ အများကြီးရှိနေမှတော့ သူသည် လည်း သူပိုင်ဆိုင်သည့် အင်အားစုတစ်ခုကို တည်ထောင်ပြီး ကြီးထွားလာအောင် မလုပ်နိုင်ဘူလား။

အခန်း (၄၃၀) ချင်ယွင်၏ရည်မှန်းချက်များ။

လျှပ်တစ်ပြက်အတွင်းမှာ နောက်ထပ် အချိန်ဆယ်ရက်က ကုန်ဆုံးသွားခဲ့ပါပြီ။

ဤဆယ်ရက်အတွင်းမှာ ချင်ယွင်၏ဒဏ်ရာများသည် လုံးဝပျောက်ကင်းသွားခဲ့သည်။

ထိုမျှတင်မကသေးဘဲ၊ သူ၏ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း ရှေးဟောင်းတာအိုဆရာ သခင် ပြောခဲ့သလိုပင် ဖြစ်လာခဲ့ပါသည်။ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် သာမာန် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်သည့် ပထမအဆင့်ဖြစ်သော တောင်တန်းရွေ့လျားခြင်း နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပါသည်။ သူသည် နှောင်းပိုင်း အဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင်လျှင် တိုက်ခိုက် နိုင်စွမ်းရှိလာမည် ဖြစ်သည်။

"ဘုန်း…..!"

ချင်ယွင်သည် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့် ပင်လယ်ရေပြင်က ချက်ချင်း တုန်ခါသွားသည် ။

ရေလုံးကြီးတစ်လုံးသည် မီးသတ်ပိုက်မှ ပစ်လွှတ်လိုက်သကဲ့သို့ မီတာတစ်ထောင် အကွာရှိ သန္တာကျောက်တန်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သန္တာကျောက်တန်းကြီးသည် ပေါက်ကွဲသွားပြီး အပျက်အစီးများအဖြစ် ပြောင်းလဲ သွားသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏မျက်နှာက ရွှင်လန်းတက်ကြွသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

ယခုတစ်ကြိမ်မှာ ကောင်းချီးပေးခြင်းသည် အမှန်တကယ်ပင် ရုပ်ဖျက်ပြီး ရောက်ရှိ လာခဲ့ပါသည်။

ယခုအချိန်တွင်၊ သူ့လက်သီး၏စွမ်းအားသည် သာမန် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားအပြည့်နှင့် ညီမျှနေပါပြီ။ အကယ်၍ သူသည် ယခုတစ်ကြိမ် အဘွားကြီးနှင့် ထပ်ပြီး ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုလျှင်ပင် ချင်ယွင်သည် သူမကို အနိုင်ယူရန် သေချာပေါက် မစွမ်းဆောင်နိုင်သေးသော်လည်း သူသည် နောက်ဆုံးအကြိမ်တုန်းကကဲ့သို့ လက်တုံ့ ပြန်ရန် ခွန်အားမရှိသည့် အဖြစ်မျိုး ကြုံတွေ့ရတော့မည် မဟုတ်ပေ။

ယခု သူ၏ခွန်အားများ ပြန်လည်ကောင်းမွန်လာသောအခါ ချင်ယွင်သည် ဤနေရာမှ ထွက်ခွာရန် နည်းလမ်းကို တွေးတောနေခဲ့သည်။ ယခုအချိန်မှာ အရေးကြီးဆုံးက ထိုနဂါးကောင်းကင်နန်းတော်ဟုခေါ်သည့် အင်အားစုသည် မည်သည့်အင်အားစုမျိုး ဖြစ်သည်ကို မေးမြန်းစုံစမ်းရန် ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် အခွင့်ရေးအရယူပြီး ဆိတ်သုဉ်းခြင်းသားရဲအချို့ကို ဖမ်းဆီး ကာ ရှောင်ဘိုင်တို့အဖွဲ့ကို စစ်ဆေးမေးမြန်းခွင့် ပေးလိုက်သည်။ အဆုံးတွင်၊ ဤ နဂါးကောင်းကင်နန်းတော်သည် မည်သို့သော အင်အားစုမျိုးဖြစ်သည်ကို နောက်ဆုံး တွင် သူရှာဖွေတွေ့ရှိခဲ့ပါသည်။

နဂါးကောင်းကင်နန်းတော်သည် ပင်လယ်မိုင်တစ်သန်းဧရိယာအတွင်းရှိ နန်းတော်ကြီး သုံးခုထဲမှ တစ်ခုဖြစ်သည်။ ဤဒေသကြီး၏ အုပ်စိုးသူသုံးဦးထဲမှ တစ်ဦးလည်း ဖြစ်ပါ သည်။

၎င်းနန်းတော်ကြီးသုံးခုကို ဧရာမဝေလငါးနန်းတော် ၊ လိပ်နက်နန်းတော်နှင့် နဂါး ကောင်းကင်နန်းတော်ဟု ခေါ်တွင်ကြသည်။

ဧရာမဝေလငါးနန်းတော်သည် ဤပင်လယ်ကြီး၏ အနောက်တောင်ဘက် ဧရိယာ သုံးသိန်းကို သိမ်းပိုက်ထားသည်။ အုပ်စိုးရှင်သည် ဧရာမဝေလငါးကြီး တစ်ကောင် ဖြစ်သည်။ ၎င်း၏အစွမ်းသည် နက်နဲလွန်း၍ ဉာဏ်မမှီအောင် ဖြစ်ရသည်၊ ၎င်းသည် အနည်းဆုံး အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီးဟု ပြောဆိုကြသည်။

လိပ်နက်နန်းတော်အနေဖြင့်မူ၊ ၎င်းနန်းတော်သည် ထျန်းယွန်တိုက်ကြီးအနီး ရေမိုင် သုံးသိန်း အရှေ့ဘက် ပင်လယ်ဒေသကို တာဝန်ယူဦးစီးအုပ်ချုပ်သည်။ အုပ်စိုးရှင်သည် နှစ်တစ်ထောင်သက်တမ်းရှိပြီဖြစ်သည့် လိပ်နက်ကြီး တစ်ကောင်ဖြစ်သည်။ ၎င်း လိပ်နက်ကြီးသည်လည်း ၎င်း၏စွမ်းအားသည် ဧရာမဝေလငါးကြီး အလားတူပင် နားမလည်နိုင်လောက်အောင် အစွမ်းထက်သည်ဟု ဆိုကြသည်။ ၎င်းသည် ဧရာမဝေလငါးကြီးအောက် နည်းနည်းလေးမှ နိမ့်ကျခြင်း မရှိပေ။

နဂါးကောင်းကင်နန်းတော်တစ်ခုသာ အနည်းငယ် ထူးခြားပုံပေါ်သည်။ ၎င်းသည် ဤပင်လယ်ကြီး၏မြောက်ဘက် ကီလိုမီတာ သုံးသိန်းအကွာရှိ ဧရိယာကို အုပ်စိုးခဲ့ပြီး ၎င်းနန်တော်းသည် ကောင်းကင်နဂါးတိုက်ကြီးနှင့်ပင် အလွန်နီးကပ်သည်။ နဂါး ကောင်းကင်နန်းတော်လက်အောက်တွင် လှိုဏ်ဂူပေါင်း ၈၁ ဂူရှိပြီး ဤဆူးသုံးချောင်း လှိုဏ်ဂူသည် ကောင်းကင်နဂါးနန်းတော်လက်အောက်ရှိ လှိုင်ဏ်ဂူပေါင်း ၈၁ ဂူထဲမှ တစ်ခုဖြစ်သည်။

နဂါးကောင်းကင်နန်းတော်သည် အနည်းငယ် ထူးခြားသည်ဟု ဆိုရခြင်းမှာ နဂါး ကောင်းကင်နန်းတော်နှင့်ပတ်သက်ပြီး ဤကြောင်းကို ပြောပြသူ၏စကားအရ နဂါးညီအစ်ကိုသုံးကောင်က အုပ်ချုပ်သောကြောင့် ဖြစ်သည်။ သူတို့၏ တစ်ဦးချင်း စွမ်းအားသည် ဧရာမဝေလငါးကြီး နှင့် လိပ်နက်ကြီးတို့အောက် နိမ့်ကျနေပုံရသော် လည်း ညီအစ်ကိုသုံးယောက် ပူးပေါင်းလိုက်သည်နှင့် ဧရာမဝေလငါးကြီး နှင့် လိပ်နက်ကြီးတို့ထက် နည်းနည်းလေးမှ နိမ့်ကျခြင်း မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် နဂါးကောင်းကင်နန်းတော်အား အုပ်စိုးရှင် တန်ခိုးကြီးအင်အားစုကြီး သုံးခုထဲမှ တစ်ခုအပါဝင် ဖြစ်လာနိုင်ခဲ့ကြသည်။

ချင်ယွင်သည် သူ၏လက်ရှိတည်နေရာသည် အစွမ်းထက်အင်အားစုကြီးသုံးခု၏ နယ်မြေချင်း ထိစပ်နေသည့်နေရာနှင့် အနီးဆုံးမှာရှိနေသည်ဟု နားလည်ထားသော် လည်း၊ သူသည် နဂါးကောင်းကင်နန်းတော်၏ နယ်နမိတ်အတွင်း၌သာ ရှိနေပါသည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် ကောင်းကင်နဂါးတိုက်ကြီးသို့ သွားလိုပါက သူသည် နဂါးကောင်းကင်နန်းတော်တစ်ခုလုံးကို ဖြတ်ကျော်သွားရမည် ဖြစ်သည်။

ယင်းကြောင့် ချင်ယွင်သည် ခေါင်းကိုက်လာမိသည်။ တခြားအရာတွေ မပြောနှင့်ဦး။ ထိုရေနဂါးသုံးကောင်ထဲမှ တစ်ကောင်သည်ပင် ချင်ယွင်ကို ချက်ချင်းသတ်ပစ်ရန် လုံလောက်ပါသည်။ သူသည် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုသာ ယှဉ်နိုင်ပါသေးသည်။ သူသည် ကီလိုမီတာ သုံးသိန်းခရီးကို လျှောက်လှမ်းသွားရမည် ဖြစ်သည်။ ဤကာလအတွင်း မရေမတွက် နိုင်သော နတ်ဆိုးသားရဲများ ကြုံတွေ့ရနိုင်သည်။ ဤသည်မှာ ကောင်းကင်ဘုံကို တက်ရခြင်းထက်ပင် ပို၍ ခက်ခဲပေလိမ့်မည်။

ထို့အပြင် ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ အင်အားသည် နဂါးကောင်းကင် နန်းတော်တွင် အနိမ့်ဆုံးဖြစ်မည်ဟု ယူဆထားပါသည်။ ကာကွယ်သူများ၏စွမ်းအား ဖြင့် လှိုဏ်ဂူ၏ စွမ်းအားအဆင့်ကို သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ တစ်နည်းဆို ရသော်၊ အခြားလှိုဏ်ဂူများ၏ ကာကွယ်သူများ၏စွမ်းအားသည် ဆူးသုံးချောင်း လှိုဏ်ဂူ၏ ကာကွယ်သူများထက် များစွာ အားကောင်းပါသည်။

ဤအရာက ချင်ယွင်ကို ပို၍ပင် အကူအညီ မဲ့စေခဲ့ပါသည်။

"မဟုတ်ဘူး၊ ငါနည်းလမ်းတစ်ခု စဉ်းစားရမယ်။" ချင်ယွင်သည် သန္တာကျောက်တန်း တွင် တင်ပျဉ်ခွေထိုင်နေသေးကာ ဤမေးခွန်းများ၏အဖြေကို အလွန်မင်း မြန်ဆန် သော အရှိန်အဟုန်ဖြင့် စတင်တွေးတောနေခဲ့သည်။

အမှန်တကယ်ဆို ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်သွားခြင်းက အမှန်တကယ် ဖြစ်နိုင်ချေရှိဆုံး နည်းလမ်းတစ် ခုဖြစ်သော်လည်း ချင်ယွင်သည် ထိုကဲ့သို့ မလုပ်ချင်ခဲ့ပါဘူး။

သူ၏လက်ရှိခွန်အားဖြင့် ကောင်းကင်နဂါးတိုက်ကြီးသို့ ပြေးသွားလျှင်ပင် သူသည် မည်သည့်အရာကိုမှ မယ်မယ်ရရ လုပ်နိုင်ဦးမည်မဟုတ်ပေ။

ချန်ကလန်၏ အစေခံအိုကြီးတစ်ဦးသည်ပင် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုကြောင့် ချန်ကလန်၏ ကလန်ခေါင်းဆောင်၏စွမ်းအားသည် အနည်းဆုံး အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်တွင် ရှိရမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းကင် နဂါးတိုက်ကြီးကို ရောက်ပြီး မကြာခင်မှာပင် သေသွားနိုင်သည်။

သူ၏အစ်မကို ကယ်တင်ရန်အတွက် ကောင်းကင်ဘုံဂိုဏ်းကို သွားရောက်ခြင်းက ပို၍ပင် မဖြစ်နိုင်သေးပေ။ ကောင်းကင်ဘုံဂိုဏ်းသည် ကောင်းကင်နဂါးတိုက်ကြီးရှိ ကြီးမားသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းထဲမှာ ကျွမ်းကျင်ပညာရှင်တွေက တိမ်တွေလိုပင် ပေါများလွန်းပါသည်။ သူတို့သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူများကိုပင် သေချာပေါက် ပိုင်ဆိုင်ထားနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကိုယ်သူ တွန်းအားပေးပြီးမှ ကောင်းကင်နဂါးတိုက်ကြီးဆီသို့ ခရီး ထွက်ချင်သည်။

သူသည် လုံလုံလောက်လောက် သန်မာလာသည့်အခါမှသာ သူသည် လက်စားချေရန် ချန်ကလန်ကို ရှာဖွေပြီး သူ၏အစ်မကို ကောင်းကင်ဘုံဂိုဏ်းမှ ကယ်တင်မည် ဖြစ်သည်။

ထို့အပြင် ချန်ကလန်မှ အဘွားကြီး၏ စကားများက သူ့ကို ထောက်ပြခဲ့သည်။ သူသည် အစမှအဆုံးအထိ သူတစ်ဦးတည်းသာဖြစ်ပြီး အလွန်ကြီးမားသော ဂိုဏ်းကြီးတစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင်မူ အနည်းငယ် အားနည်းနေသေးသည်။

အကယ်၍ သူသည် နဂါးကောင်းကင်နန်းတော်ကဲ့သို့ အင်အားစုကြီးကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံဂိုဏ်းထံသို့ ပင်လယ်ရေအောက်မှ နတ်ဆိုးသားရဲပေါင်း သုံးထောင်ကို တိုက်ရိုက် ယူဆောင်သွားနိုင်ခဲ့မည်ဆိုပါလျှင် ကောင်းကင်ဘုံဂိုဏ်းအား သူ၏အစ်မကို လွှဲပြောင်းပေးရန် အတင်းအကြပ် တွန်းအားပေးနိုင်မှာဖြစ်ပြီး၊ ကောင်းကင်ဘုံဂိုဏ်း သည် သူမအား လက်မလွှတ်ဘဲ နေရဲတော့မည် မဟုတ်ပေ။

မှန်ပါသည်။ နတ်ဆိုးသားရဲများ၏ ကြောက်စရာအကောင်းဆုံးအရာက ၎င်းတို့သည် တစ်ဉီးတစ်ယောက်ချင်းစီက သန်မာခြင်းမဟုတ်ဘဲ သူတို့မှာ နတ်ဆိုးသားရဲတွေ အများကြီး ရှိနေတာကြောင့် ဖြစ်သည်။

နဂါးကောင်းကင်နန်းတော်လက်အောက်မှာ နတ်ဆိုးသားရဲများသည် ငါးထောင် မရှိ လျှင်ပင် သုံးထောင်ရှိမည်ဟု ခန့်မှန်းရသည်။ ဤအရေအတွက်သည် ကြောက်စရာ ကောင်းသည့် အရေတွက်တစ်ခု ဖြစ်နေပါပြီ။

စဉ်းစားကြည့်ပါ၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးထောင်၏ စွမ်းအားသည် ကျိုင်းကောင်များကဲ့သို့ တစ်နေရာထဲဆီသို့ တဟုန်ထိုး ချီတက်သွားပါ လိမ့်မည်။

၎င်းတို့၏အငွေ့အသက်တစ်ခုတည်းကပင် လူတွေကို သေသွားလောက်သည့်အထိ ကြောက်ရွံ့ထိတ်သွားလန့်စေနိုင်ပါတယ်။ ဤသည်မှာ လူသားအဖွဲ့စည်းများသည် ရေအောက်ကမ္ဘာရှိ နတ်ဆိုးသားရဲဂိုဏ်းများကို အလွန်ကြောက်ရသည့် အကြောင်းရင်း လည်း ဖြစ်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် စူးရှတောက်ပသည့် အလင်းရောင်ဖြင့် လင်းလက် သွားပါသည်။ ဤသည်မှာ သူ၏စိတ်နှလုံးထဲမှာ အမှန်တကယ် လိုချင်နေသည့် အရာဖြစ်ပါသည်။

ရေအောက်ကမ္ဘာ နတ်ဆိုးသားရဲတပ်ပေါင်းစုကြီး၊ ဤသည်မှာ အလွန်ရိုးရှင်းပါသည်။ အရာအားလုံးသည် ခွန်အားပေါ်မှာ မူတည်နေပါသည်။ အကယ်၍ သင်သည် ရေနဂါးသုံးကောင်ကို အနိုင်ယူနိုင်သရွေ့ သင်သည်လည်း နဂါးကောင်းကင် နန်းတော်၏ အရှင်သခင်တစ်ယောက် ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။

ဟုတ်ပါသည်၊၊ ချင်ယွင်သည် ရေအောက်ကမ္ဘာ နတ်ဆိုးသားများ၏ စွမ်းအားကို ဆုပ်ကိုင်ထားချင်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ မီးနဂါးကြီး သူ့ကို ပြောခဲ့သော ရေအောက်ကမ္ဘာမှာရှိနေသည့် အင်မော်ယ်နန်းတော်ကြောင့် ဖြစ်ပါသည်။

ဤမျှလောက် အပြောကျယ်လှသော ပင်လယ်ပြင်ဧရိယာကြီးထဲတွင် ထိုအင်မော်တယ် နန်းတော်ကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။ အကယ်၍ သူ တွေ့ခဲ့မည်ဆိုလျှင်တောင် ထိုရတနာများကို သူကိုယ်တိုင် ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပါဘူး။ ထိုအင်အားစုကြီး သုံးခု သည် ပင်လယ်ပြင်ဧရိယာကို အချိန်ကြာမြင့်စွာကတည်းက ထိန်းချုပ်ထားခဲ့ပြီး ထိုအင်မော်တယ် နန်းတော်အား ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဟုပြောလျှင် သူ ယုံကြည်မည် မဟုတ်ပေ။

နဂါးကောင်းကင်နန်းတော်ကို ထိန်းချုပ်ထားနိုင်မှသာလျှင် သူသည် အခြားသော အင်အားစုများနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်မှာ ဖြစ်ပြီး အင်မော်တယ်နန်းတော်အတွင်းရှိ ရတနာများကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနဂါးကောင်းကင် နန်းတော်ကို ရရှိရန်အတွက် ဦးတည်လုပ်ရလိမ့်မည်။

ချင်ယွင်သည် ထိုအကြောင်းကို တွေးလိုက်သောအခါတွင် သူ၏မျက်လုံးများသည် လည်း တောက်ပနေသည်။

နဂါးကောင်းကင်နန်းတော်ကို ထိန်းချုပ်ရန်အတွက် ပထမခြေလှမ်းမှာ ချင်ယွင်သည် သက်ဆိုင်ရာ တန်ပြန်ဆောင်ရွက်မူများကို စဉ်းစားထားပြီးသား ဖြစ်သည်။

ပထမဆုံးခြေလှမ်းမှာ ဆူးသုံးချောင်းလှိုဏ်ဂူထဲသို့ ခိုးဝင်ပြီး ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကြီးမြတ်သော ကာကွယ်သူကိုသတ်ဖြတ်ကာ သူ၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို သိမ်းယူရန်အတွက် အခွင့်အရေးရှာရန် ဖြစ်သည်။

လှိုဏ်ဂူများကို ထိန်းချုပ်ထားသော ကြီးမြတ်သောကာကွယ်သူ အားလုံးတွင် တံဆိပ်ပြားများ ကိုယ်စီရှိကြသည်။ တံဆိပ်ပြားရှိသူများသည် သူတို့လှိုဏ်ဂူအတွင်း ဝင်ရောက်ရန် သူတို့၏လက်အောက်ငယ်သားများကို စည်းရုံးနိုင်ပြီး ထိုတံဆိပ်ပြား ရှိသူများသာ နဂါးကောင်းကင်နန်းတော်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

လှိုဏ်ဂူတစ်ခုတွင် တံဆိပ်ပြားတစ်ခုသာ ရှိသည်။ ဤတံဆိပ်ပြားသည် တတိယ ကာကွယ်သူ နှင့် ဒုတိယကာကွယ်သူတို့တွင် မရှိနိုင်ပေ။ ထိုကြောင့် ထိုတံဆိပ်ပြား သည် ကြီးမြတ်သော ကာကွယ်သူအထံတွင်သာ ရှိလိမ့်မည်။ ထို့ကြောင့် သူသည် ဆူးသုံးချောင်းလှိုဏ်ဂူကို ထိန်းချုပ်နိုင်ရန်အတွက် ကြီးမြတ်သောကာကွယ်သူအား သတ်ပစ်ရမည် ဖြစ်သည်။

"ကြီးမြတ်သော ကာကွယ်သူကြီး၊ ခင်ဗျား ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ ဒီလိုဆိုတော့ ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားဆီ လာရှာပါ့မယ်။ အဲဒီအချိန်ကျရင် ခင်ဗျား အံ့သြမသွားနဲ့နော်။"

ချင်ယွင်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ၏ နတ်ဘုရားအသွင်ပြောင်းပညာရပ်ကို အသုံးပြုကာ သူ၏အငွေ့အသက်ကို သာမာန် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသား ရဲတစ်ကောင်အဖြစ် လျင်မြန်စွာ ပြောင်းလိုက်သည်။ ဤနည်းဖြင့် သူသည် ဤရေအောက်ကမ္ဘာတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်မည် ဖြစ်သည်။

ဝှီး………..!

ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆူးသုံးချောင်းလှိုဏ်ဂူ ဆီသို့ ပြေးသွားခဲ့သည်။ သို့သော်လည် နဂါးကောင်းကင်နန်းတော်သည် ၎င်း၏ အင်အားတစ်ခုလုံးကို ရှေ့ရူကြံစည်နေသည့် မဟာရည်မှန်းချက်ကြီးဖြင့် အပေါင်း အဖော်တစ်ဦးသည် အမှောင်ထဲမှ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာသည်ကို မသိရှိခဲ့ပေ။

All Chapters