အခန်း (၄၃၁-၄၃၅)
Vol. 29 Ch. 431-435
အခန်း (၄၃၁) အပြာရောင်ရေခဲနှလုံးသားခြင်ဆီ။
အကန့်သတ်မဲ့ ပင်လယ်ရေပြင်အောက် မီတာတစ်သောင်းအကွာရှိ ပင်လယ်ကြမ်းပြင် အတွင်းမှာ၊ ချင်ယွင်သည် လောလောဆယ်တွင် ဆူးသုံးချောင်းလှိုဏ်ဂူဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းနေပါသည်။
ချင်ယွင်သည် နတ်ဆိုးသားရဲများ၏ အသွင်အပြင်ကို ပုံဖော်နိုင်သော နတ်ဘုရား အသွင်ပြောင်းပညာရပ် ရှိနေသောကြောင့်၊ သူ၏ကိုယ်ရေးအချက်အလက်သည်လည်း ပင်လယ်ကြမ်းပြင်ရှိ အခြားဆိတ်သုဉ်းခြင်းသားရဲများ၏အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ ဆိတ်သုဉ်းခြင်းသားရဲအချို့သည် ချင်ယွင်ကို မြင်သောအခါ လေးစားမှု အပြည့်ရှိကြသည်။ ပင်လယ်ကြမ်းပြင်အောက်တွင် နတ်ဆိုးသားရဲများစွာရှိ သော်လည်း၊ ပင်လယ်ကြမ်းပြင်အောက်တွင် ဆိတ်သုဉ်းခြင်းသားရဲ သန်းပေါင်းများစွာ နှင့် နှိုင်းစားလျှင် နတ်ဆိုးသားရဲအရေအတွက်သည် အလွန်နည်းပါးဆဲ ဖြစ်ပြီး သူတို့၏ အဆင့်အတန်းမှာလည်း သဘာဝအတိုင်း အလွန်မြင့်မားလှသည်။
နတ်ဆိုးသားရဲများသည် အစွမ်းထက်အင်အားစုကြီးသုံးခုထဲတွင် မပါဝင်လျှင်ပင် တကိုယ်တော်ကျင့်ကြံသူ နတ်ဆိုးသားရဲ အနည်းငယ်မျှသာ ဖြစ်သော်ငြားလည်း သူတို့လို ဆိတ်သုဉ်းခြင်းသားရဲများ ရန်စနိုင်သော အရာမဟုတ်ပေ။
ချင်ယွင်သည် နတ်ဆိုးသားရဲ၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး လူသားပုံစံလည်း ပြောင်းလဲထားသည်။ ထိုပင်လယ်ကြမ်းပြင်အောက်ရှိ ဆိတ်သုဉ်းခြင်းသားရဲများ၏ အမြင်တွင်၊ သူသည် သဘာဝအားဖြင့် အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေပါသည်။
ချင်ယွင်သည်လည်း ထိုအနေထားကိုမြင်ရလျှင် ဝမ်းသာသွားပါသည်။ ဤ နတ်ဘုရား အသွင်ပြောင်းပညာရပ်သည် အင်မော်တယ်ကမ္ဘာ၏ လျှို့ဝှက်ပညာရပ်တစ်ခု အမှန်တကယ် ဖြစ်ထိုက်ပါသည်။ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့် မဆုံတွေ့မချင်း၊ မည်သူမျှ သူ၏ပင်ကိုယ်ပုံစံကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။
ဤအဆုံးမရှိသော ပင်လယ်ကြီးတွင်၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲ အနည်းငယ်မျှသာ ရှိသဖြင့် သူသည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်းနယ်ပယ်ရှိ နတ်ဆိုးတစ်ကောင်နှင့်တွေ့ဆုံးရန်မှာ အလွန်ခက်ခဲမည် ဖြစ်ပါသည်။
ထို့အပြင်၊ ချင်ယွင်သည် နဂါးကောင်းကင်နန်းတော်၏ ရေနဂါးသုံးကောင်ကို အချိန်တို အတွင်းမှာ ရန်စရန် ရည်ရွယ်ထားခြင်းမရှိပေ။ သူသည် ပို၍သတိထားနေသမျှ သူ့ကို သတိထားမိမှာ မဟုတ်ပါဘူး။
"အယ် အဲဒါက ဘာလဲဟ?"
ချင်ယွင်သည် အလွန်ဝေးလံလှသော နေရာမှာရှိနေသည့် သန္တာကျောက်တန်းတစ်ခုဆီ သို့ ရောက်ရှိလာစဉ်တွင်၊ အဝေးမှာရှိနေသည့် ကြီးမားသော ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများအတွင်းမှ အပြာရောင်ရေခဲအလင်းတန်း တစွန်းတစကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထို့အပြင် အလင်းရောင်ဖျော့ဖျော့တွင်သင်းပျံ့သော ရနံ့များလည်း ရောထွေးပါဝင်နေပါသည်။
တွင်းနက်မဲ့ ပင်လယ်ကြီးသည် အနှိုင်းမဲ့ ကျယ်ပြောလှပါသည်။ ၎င်းသည် ရတနာ အများဆုံး မွေးဖွားရာနေရာတစ်ခုလည်း ဖြစ်ပါသည်။ မရေမတွက်နိုင်သော ရတနာ အများပြား ရှိသည်ဟု ဆိုနိုင်ပါသည်။ အကယ်၍ သည်သည် ကျောက်တုံး တစ်တုံးကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် အတုမရှိသော ရတနာတစ်ခုကို မတော်တဆ တွေ့ရှိကောင်း တွေ့ရှိသွားနိုင်ပေမည်။
ထို့ကြောင့် ချင်ယွင်သည် ထိုရေခဲပြာရောင်အလင်းတန်းကို မြင်လိုက်ရသောအခါ သူ၏ ပထမဆုံးတုံ့ပြန်မှုသည် အဖိုးတန်ရတနာအချို့ကို ရှာဖွေတွေ့ရှိခြင်းများ ဖြစ်လေမလား ဟု တွေ့မိလိုက်သည်။
တုန့်ဆိုင်းနေခြင်း အလျှင်းမရှိဘဲ၊ ချင်ယွင်သည် ထိုကျောက်ဆောင်ကြီးဆီသို့ တည့်တည့်သွားကာ ၎င်းကို ဖယ်လိုက်သည်။
သူသည် အနီးကပ်ကြည့်လိုက်စဉ်မှာ အပြာရောင်ရေခဲ အလင်းတန်းများ တောက်ပ နေပြီး အိုင်ထွန်းနေသော အရည်တစ်စုက ကျောက်ဆောင်အောက်ရှိ တွင်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေပြီး ရနံ့သင်းသင်းလေးများ ထွက်ပေါ်နေပါ သည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်အမူအယာ ပေါ်လာပါသည်။
“အပြာရောင် ရေခဲနှလုံးသားခြင်ဆီ”။ အမှန်တကယ်ကို အပြာရောင်ရေခဲနှလုံးသား ခြင်ဆီ ဖြစ်နေပါသည်။
အပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် အစိုင်အခဲတစ်ခုနှင့် ဆင်တူသည့် အနည်ထိုင် နေသော နောက်ကျိကျိ အရည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့မြေလွှာအောက်ရှိ ကျောက် ရည်ပူများတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးထားသည့် အနှစ်သာရဖြစ်ပြီး နောက်ဆုံးတွင် သိပ်သည်းလာခြင်း ဖြစ်သည်။ ၎င်းသည် အလွန် အမင်း ပြင်းထန်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရေစွမ်းရည်ကျင့်ကြံသူများ အတွက် အကြီးအမြတ်ဆုံးရတနာတစ်ခု ဖြစ်သည်။
အပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် အလွန်အေးခဲသော အရာဝတ္ထုတစ်ခုဖြစ်သည်။ ယုတ္တိဗေဒအရပြောရမည်ဆိုလျှင် ၎င်းသည် အလွန်ပူပြင်းသော ကမ္ဘာ့မြေလွှာ အောက်ရှိ ကျောက်ရည်ပူများတွင် မမွေးဖွားသင့်ပါ။ သို့ရာတွင်၊ သဘာဝတရားသည် အလွန်အံ့ဩဖွယ်ကောင်းလွန်းလှပါသည်။ နှစ်ဦးနှစ်ဖက်မှာ သီးသန့်တည်ရှိနေသော တူညီသောစွမ်းရည်များအောက်တွင် ၎င်းတို့သည် အမှန်တကယ် တည်ရှိနေနိုင်ပေ သည်။ တစ်ခုခုမှာ လွန်ကဲနေသောအရာအားလုံးသည်လည်း ပြောင်းပြန်လှန်ပစ်လို့ ရသည်ဟူသော ဤနိယာမကိုလည်း သက်သေပြရာ ရောက်ပါသည်။
သေချာသည်မှာ၊ အပြာရောင်ရေခဲနှလုံးသားခြင်ဆီကို မွေးဖွားရန်အတွက် တိကျသည့် ပတ်ဝန်းကျင်တစ်ခု၊ တိကျသောအချက်အလက်တစ်ခုနှင့်အတူ အနည်းငယ် ဖြစ်တည် လာရန်အတွက်ပင် နှစ်ထောင်ပေါင်းများစွာ လိုအပ်ပါ။ ထို့ကြောင့် အပြာရောင်ရေခဲ နှလုံးသားခြင်ဆီသည် အလွန်ရှားပါးသည်ဟု ဆိုနိုင်သည်။
ဟိုအတိတ်တုန်းသည် ချင်ယွင်သည် သူ့ခမည်းတော်၏ ရတနာခန်းမထဲတွင် အပြာ ရောင်ရေခဲနှလုံးသားခြင်ဆီထည့်ထားသည့် ပုလင်းသေးသေးလေးတစ်ခုကိုသာ သူ မြင်ဖူးပါသည်။ ယခု သူသည် ရေအိုင်ခွက်ငယ်လေးပမာဏရှိသည့် အပြာရောင်ရေခဲ နှလုံးသားခြင်ဆီကို မတော်တဆ တွေ့ရှိရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဤအရာက ရူးသွားနိုင်ပါသည်။ ရူးသွားနိုင်လောက်ပါသည်။
ချင်ယွင်သည် ရူးသွပ်သော အခြေအနေသို့ ကျရောက်လုနီးပါးပင် ဖြစ်သွားခဲ့ရပါသည်။ သူသည် လမ်းလျှောက်လာခဲ့သည့်တိုင် ထိုကဲ့သို့သော ရတနာတစ်ခုကို ရှာဖွေတွေ့ရှိ နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းသည် သူ့ရှေ့တွင် ရေအိုင်ခွက်ငယ်လေး တစ်ခုမျှသာရှိသော်လည်း ၎င်းသည် ထိုအချိန်တုန်းက သူ့ခမည်းတော်၏ရတနာခန်းမ၏တွေ့ခဲ့ရသည့် အပြာရောင်ရေခဲ နှလုံးသားခြင်ဆီထက် ဆယ်ဆ ပိုများပါသည်။
ဤအပြာရောင်ရေခဲ နှလုံးသားခြင်ဆီဖြင့်ဆိုလျှင်၊ ချင်ယွင်သည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်မှ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်အထိ အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
ကောင်ကင်အလွှာခြောက်ခု။
ဤအရာသည် အခြားလူများအတွက်ဆို ဆယ်နှစ်စားကြိုးစားအားထုတ်မှု သို့မဟုတ် ပါရမီနည်းပါးသည့်လူများဆို နှစ် ၇၀ မှ ၈၀ အတွင်း ကြိုးစားအားထုတ်မူနှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။ ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် မည်မျှ တန်ဖိုးရှိသည် ကို တွေးကြည့်နိုင်ပါသည်။
ထို့အပြင်၊ အပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် သူ၏ရုပ်ခန္ဓာကိုယ် ကျင့်ကြံရာမှာ လည်း များစွာအထောက်အကူ ဖြစ်ပါလိမ့်မည်။ ချင်ယွင်သည် ဤအပြာရောင်ရေခဲ နှလုံးသားခြင်ဆီကြောင့် ပထမအဆင့်ဖြစ်သော တောင်တန်းရွေ့လျားခြင်း နယ်ပယ်ကို ပင် ဖြတ်ကျော်သွားနိုင်လောက်သည်။
ထိုအချိန်ရောက်လျှင် ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်အတွင်း မည်သူ့ကိုမျှ ကြောက်စရာမလိုတော့ပါ။ အကယ်၍ သူသည် အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ကြုံတွေ့ရလျှင်ပင် ချင်ယွင် သည် ဆက်လက် တိုက်ခိုက်ဝံ့ပါလိမ့်မည် ။
ချင်ယွင်၏ မျက်လုံးများသည် အကန့်အသတ်မဲ့ တောက်ပမှုတို့ဖြင့် လင်းလက် တောက်ပနေလေသည်။ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ရခြင်းသည် ကံကောင်းခြင်း မျိုးကဲ့သို့ ကောင်းမွန်သည့် အရာတော့မဟုတ်ဘူး။ ဤသည်မှာလည်း ကျင့်ကြံသူများ အတွေ့အကြုံများ ပို၍ပင် လာရှိလာစေရန်အတွက် အပြင်ထွက်ရသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် ဤသာမန် ကျောက်တုံးကြီးအောက်တွင် အဘယ်ကြောင့် ပေါ်လာရသနည်း။
ချင်ယွင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူလိုက်လျှင် ပတ်ဝန်းကျင် အနီးနားရှိ ကျောက်တုံးများသည် အနက်ရောင်အဖြစ် အနည်းငယ်လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။ ဤနေရာနှင့် မနီးမဝေးတွင် မီးတောင်ပေါက် တစ်ခုရှိနေ၏။
ဤနေရာမှာ မီးတောင်တစ်ခု ပေါက်ကွဲသွားခဲ့သည်ဟု မှန်းဆဖို့က မခဲယဉ်းပါဘူး၊ ပြီးနောက် ဤအပြာရောင်ရေခဲ နှလုံးသားခြင်ဆီသည် မြေအောက်မီးတောင် ပေါက်ကွဲမှုနှင့်အတူ ကမ္ဘာ့မြေအောက်ရှိကျောက်ရည်ပူများနှင့် မျောပါသွားကာ နောက်ဆုံးတွင် ဤကြီးမားသည့် ကျောက်တုံးကြီးကြားမှာ ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပါ သည်။ ဟုတ်ပါသည်။ ဤအရာသည် သူ၏ မှန်းဆချက် သက်သက်သာ ဖြစ်ပါသည်။
“မေ့လိုက်ပါ။ အခု ဒီအပြာရောင်ရေခဲနှလုံးသားခြင်ဆီကို အရင်သိမ်းဆည်းရမယ်” ချင်ယွင်သည် သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားနေမူတွေကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်မိပါသည်။
ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း ဆယ်ပုလင်းကို ထုတ်ကာ အပြာရောင်ရေခဲနှလုံးသားခြင်ဆီ အားလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက် ထည့်လိုက်ပါသည်။
သူ၏စိတ်ထဲမှာ အပြာရောင်ရေခဲနှလုံးသားခြင်ဆီများကို စုဆောင်းပြီးနောက် ချင်ယွင်၏ မျက်နှာသည် ရွှင်လန်းသည့် အရိပ်အယောင် ပေါ်လာသည်။
သို့သော် ချင်ယွင်သည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ကျောက်စိမ်းပုလင်း ဆယ်လုံးကို ထည့်ထားပြီးပြီးချင်းမှာပင် သူ၏နောက်ကျောမှ ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရသည်။ စူးရှသော အငွေ့အသက်တစ်ခုက အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ၏ ဦးခေါင်းနောက်ဘက်ဆီသို့ ပြေးဝင်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ဤတိုက်ခိုက်မှုကို ရှောင်ရှားရန် သူ၏ ခန္ဓာကိုယ်ကို အမြန်ရွှေ့လျားလိုက်သည်။
ချင်ယွင်သည် ပေတစ်ရာအကွာအထိ ဆက်တိုက်ဆိုသလို နောက်ဆုတ်သွားသည်။ ထိုနောက် သူသည် ရောက်လာသည့်လူကို ကြည့်လိုက်မိသည်။
အစိမ်းရောင် သတ္တုလှံကို ကိုင်ဆောင်ထားသည့် အစိမ်းရောင်ဝတ် အမျိုးသားတစ်ဦး သည် ဂုဏ်ယူဝင့်ကြွာစွာ သူ့ကို ကြည့်နေလေ၏။ အစောပိုင်းလေးက စူးရှသော အငွေ့အသက်သည် အစိမ်းရောင်ဝတ် အမျိုးသားတစ်၏ လက်ထဲရှိ လှံမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။
ချင်ယွင်၏ မျက်လုံးများသည်လည်း အလားတူ အေးစက်သွားသည်။ ဤလူငယ်သည် ယခုလေးတင် သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရုံတင်မကဘဲ သူ၏ ဦးခေါင်းနောက် ဘက်မှလည်း ထိုးနှက်တိုက်ခိုက်ခဲ့ပါသေးသည်။ ဆိုလိုသည်မှာ ဤလူငယ်သည် သူ့ကို တစ်ချက်တည်းဖြင့် ထိုးသတ်နိုင်ရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားပါသည်။ ယင်းက ချင်ယွင်၏ နှလုံးသားထဲမှာ ဒေါသအရိပ်အယောင်တွေ တောက်လောင်စေခဲ့သည်။
"မျိုးမစစ်ကောင်၊ မင်းရထားတဲ့ ရတနာကို လွှဲပေးလိုက်ပါ။ မင်းအသက်ကို ငါ ချမ်းသာပေးနိုင်တယ်”။ အစိမ်းရောင်ဝတ်လူငယ်က ပြောသည်။
ချင်ယွင်သည် သူ၏ရှေ့မှ လူငယ်လေးအား ဂရုတစိုက် ကြည့်ရူလိုက်ပြီး ဤလူငယ် သည် သာမာန်ပုံပေါက်သော်လည်း သူ၏အသားအရည်သည် စိမ်းစိုနေသေးသည်ကို တွေ့လိုက်ရသည်။ ဤလူငယ်၏ ရုပ်အသွင်အပြင် အစစ်အမှန်ကို သူမမြင်နိုင် သော်လည်း ဤအစိမ်းရောင်ဝတ်လူငယ်၏ ကျင့်ကြံမူအခြေခံသည် အလယ်အလတ် အဆင့် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ဖြစ်ကြောင်း သူမြင်နိုင်ပါသေးသည်။
“ဘာလို့ ငါက မင်းကို လွှဲပေးရမှာလဲ။ ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ အကယ်၍ သူသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင် သူ တစ်ဦးနှင့် ဆိုရင်ရမည်ဆိုလျှင် ချင်ယွင်သည် အနည်းငယ် ကြောက်နေသေးသော် လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာတော့ သူသည် နည်းနည်းလေးမှ ကြောက်လန့်ခြင်း မရှိပါဘူး။
'"ဘာလို့လဲဆိုတော့၊ ဒီရတနာတွေကို ငါက အရင်ရှာတွေ့ထားလို့ပဲ။ ငါ့မှာ အရေးပေါ် အခြေအနေပေါ်လာတာကြောင့် စုဆောင်းဖို့ အချိန်မရှိခဲ့ဘူး၊ ဒါကြောင့် အဲဒါကို ဖုံးကွယ်ထားဖို့ အဲဒီကျောက်တုံးကြီးကို သုံးခဲ့ရတယ်။ အခု အရေးပေါ်ကိစ္စတွေ ပြီးဆုံး သွားတော့ သဘာဝအတိုင်း ငါပြန်လာယူတာပဲ။ ဆိုတော့ မင်းက အဲဒီရတနာကို ဉာဏ်ရှိရှိနဲ့ ပြန်ပေးလိုက်တာ အကောင်းဆုံးဘဲ။” အစိမ်းရောင်ဝတ်လူငယ်က အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် တွင်းနံဘေးမှာရှိနေသည့် ကျောက်တုံးကြီးကို တစ်ချက် ကြည့်လိုက် သည်။ သူ၏မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့်ဟန်ပန်က တောက်ပလာသည်။ သူက သဲလွန်စတွေကို ကြည့်လိုက်သည်။ မည်သူမှ တုံးအနေခြင်း မရှိသရွေ့ ဤကျောက် တုံးကြီးက ရတနာတွေကို ဖုံးထားသည်ဆိုသည်ကို သိကြမှာပါ။ ဤအချက်လေးဖြင့် ဤစိမ်းရောင်ဝတ်လူငယ်သည် ရတနာကို ရှာဖွေတွေ့ရှိကြောင်း သက်သေပြချင် သည်ဆိုလျှင် အလွန်ရယ်စရာ ကောင်းပေလိမ့်မည်။
ထို့အပြင်၊ အကယ်၍ ဤလူငယ်သည် ၎င်းရတနာကို ပထမဆုံးတွေ့ရှိခဲ့လျှင်ပင်၊ ဤရတနာသည် ပကတိအားဖြင့် ပထမဦးဆုံးသူ၏ ပိုင်ဆိုင်မှုဖြစ်ပါသည်။ သို့သော် လူငယ်၏ ယခုလေးတင် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုက ချင်ယွင်ကို အလွန်စက်ဆုပ် သွားစေသည်။ ထို့ကြောင့် သူသည် ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီကို သူ့ကို မည်သို့ပင်ဖြစ်ဖြစ် လွှဲပြောင်းပေးလိမ့်မည် မဟုတ်ပေ။
"ငါက မပေးဘူးဆိုရင်ရော ဘာဖြစ်လဲ?" ချင်ယွင်က မထီမဲ့မြင်ပြုဟန်ဖြင့် ရယ်မော လိုက်ပါသည်။
အခန်း (၄၃၂) ဤကမ္ဘာကြီးမှာ မဖြစ်နိုင်ဘာ ဘာမှမရှိဘူး။
"ငါက မပေးဘူးဆိုရင်ရော ဘာဖြစ်လဲ?"
ချင်ယွင်က ထိုစကားများကို ပြောပြီးသည်နှင့် အစိမ်းရောင်ဝတ်လူငယ်၏ မျက်နှာ ပေါ်တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါ်လာသည်။
"တကယ်လို့ မင်း လွှဲမပေးဘူးဆိုရင် မင်းသေရလိမ့်မယ်" အစိမ်းရောင်ဝတ်လူငယ်သည် သူ၏သွားကြားမှ စကားလုံးအချို့ကို ညှစ်ထုတ်ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် မောက်မာမှုအပြည့် ရှိနေသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ အမှန်တကယ်ပင် ဤကမ္ဘာကြီးသည် နေရာတိုင်းမှာ အတူတူပင် ဖြစ်ပါသည်။ လူသားတွေပဲဖြစ်ဖြစ် နတ်ဆိုးသားရဲတွေပဲဖြစ်ဖြစ်၊ သူတို့မှာ အင်အားနည်းနည်းလေး ရှိလာသည်နှင့် သူတို့၏လေသံတွေက အလွန် မာနကြီးလာ ပါလိမ့်မည်။
"ကောင်စုတ်လေး။ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား?" ချင်ယွင်က သူ့ကို မထီမဲ့မြင် ပြုမူနေသည်ကို မြင်လိုက်ရသဖြင့် အစိမ်းရောင်ဝတ်လူငယ်သည် ဒေါသအမျက်ထွက် ကာ အေးစက်စွာ ပြောလိုက်သည်။
"အိုး? မင်းက ဘယ်သူလဲ?" ချင်ယွင်က အပြုံးနှင့်အတူ မေးလိုက်သည်။ ဘာကြောင့်များ မှန်း သူမသိသော်လည်း လူတော်တော်များများက သူ့ကို ယခုလိုမေးခွန်းမျိုးကို မေးမြန်း ချင်ကြပါသည်။ လူတစ်ဦး၏ ကိုယ်ရေးအချက်အလက်သည် အမှန်တကယ် အလွန် အရေးကြီးနေသောကြောင့်များ ဖြစ်နိုင်ပါသလား။
"ကောင်စုတ်လေး၊ ငါပြောပြမယ်။ ငါက လျှို့ဝှက်ဆန်းကြယ် လိပ်နက်ဂူရဲ့ လိပ်နက် ကလန်ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသားပဲ" အစိမ်းရောင်ဝတ်လူငယ်က မောက်မာစွာ ပြောသည်။ သူသည် ချင်ယွင်ကို စိုက်ကြည့်ကာ ချင်ယွင်၏ အံ့အားတသင့် ဖြစ်သွားသည့် အမူအရာ ထုတ်ဖော်ပြလာရန် စောင့်ဆိုင်းနေလေသည်။
သူ၏မျက်လုံးထဲမှာတော့ သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်သည် လူသားပုံစံ အသွင်ပြောင်းနိုင်သည့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲလေး တစ်ကောင်မျှသာ ဖြစ်ပါသည်။ လျှို့ဝှက်ဆန်းကြယ်လိပ်နက်ဂူသည် ကြီးမားသော အင်အားစုကြီးတစ်ခု မဟုတ်ဘဲ သေးငယ်သည့် အင်အားစုလေးတစ်ခုသာ ဖြစ်ပါသည်။
သို့သော်လည်း၊ ၎င်းသည် နဂါးကောင်းကင်နန်းတော်လက်အောက်ရှိ လှိုဏ်ဂူ ၈၁ ဂူထဲ တစ်ခုအပါအဝင် ဖြစ်ပြီး အင်အားနည်းပါးသည့် နတ်ဆိုးသားရဲအချို့ကိုတော့ ခြိမ်းခြောက်ရန်အတွက် လုံလောက်ပါသည်။
"လိပ်နက်လှိုဏ်ဂူကလား?" ချင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။
ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူအကြောင်းကို မေးမြန်းစဉ်ကတည်းက ဤလျှို့ ဝှက်ဆန်းကြယ် လိပ်နက်လှိုဏ်ဂူအကြောင်းကို သူကြားသိထားပြီး ဖြစ်သည်။ ဤလိပ်နက်လှိုဏ်ဂူသည် ဆူးသုံးချောင်းလှိုဏ်ဂူနှင့်ကပ်လျက် လှိုဏ်ဂူ ၈၁ ဂူထဲမှ အင်အားစုတစ်ခု ဖြစ်သည်။ ဤလိပ်နက်လှိုဏ်ဂူကို အုပ်ထိန်းသူမှာ နှစ်ပေါင်း သုံးရာကျော်ကြာ ရှင်သန်နေထိုင်လာခဲ့သည့် အယုတ်တမာအိုကြီးတစ်ကောင် ဖြစ်သည်။ သူ့ကိုယ်သူ လိပ်နက်ဘိုးဘေးဟု ခေါ်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော လိပ်နက်ဘိုးဘေးသည် လိပ်နက်နန်းတော်၏ အနှစ် တစ်ထောင်သက်တမ်းရှိသော လိပ်နက်ကြီးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ သူသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သူ၏စွမ်းအားသည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကြီးမြတ်သော ကာကွယ်သူနှင့် ကွာခြားခြင်းမရှိပေ။ ဤလှိုဏ်ဂူနှစ်ခုသည် အမြဲတစေ ပဋိပက္ခ ဖြစ်နေပြီး အချိန်အတော်ကြာကတည်းက တိတ်တဆိတ် တိုက်ခိုက်နေခဲ့ကြသည်။
"ဘာလဲ။ မင်း ကြောက်သွားပြီးလား။ တကယ်လို့ မင်းကြောက်သွားပြီဆိုရင် မင်းရ ထားတဲ့ ရတနာကို လွှဲပေးလိုက်ပါ။" အစိမ်းရောင်ဝတ်လူငယ်က ချင်ယွင်ကို စူးစူး စိုက်စိုက် ကြည့်လိုက်သည်။ သူ၏အကြည့်တွေမှာ အထင်အမြင်သေးဟန်က ပို၍ပင် ပြည့်နှက်လာခဲ့သည်။
"ကြောက်တယ်၊ ဟုတ်လား။ ငါက ဘာလို့ကြောက်ရမှာလဲ။ မင်းက ဟိုလိပ်အိုကြီးရဲ့ သားတစ်ယောက်လို့ ပြောလိုက်လို့လား" ချင်ယွင်က ညင်သာစွာ ရယ်မောလိုက်သည်။ လိပ်နက်ဘိုးဘေးဟုပြောလိုက်ရုံဖြင့် သူသည် ကြောက်ရွံ့မှု နည်းနည်းလေးမှ မရှိသည်မှာ သဘာဝကျပါသည်။
"ငါ မင်းကို သတ်ပစ်မယ်" အစိမ်းရောင်ဝတ်လူငယ်သည် ဒေါသတကြီး အော်လိုက် သည်။
သူ၏လက်ထဲမှ မိုးပြာရောင်လှံက ဂူထဲမှထွက်လာသည့် စိတ်ဝိညာဉ်မြွေတစ်ကောင် ကဲ့သို့ ချက်ချင်း ခုန်ထွက်သွားသည်။ စူးရှသောလှံအလင်းက ပင်လယ်ရေကို လှုပ်လှုပ် ခတ်ခတ် ဖြစ်ပေါ်စေပြီး ချင်ယွင်ကို နေရာမှာတင် ပွဲချင်းပြီး သတ်ဖြတ်ချင်သည့် အလား ဧရာမရေနဂါးကြီးအသွင်ပြောင်းလဲပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ချင်ယွင်သည် သူ့ကိုသတ်ဖြတ်လိုဟန်ဖြင့် တဟုန်ထိုး ပြေးဝင်လာနေသော အစိမ်းရောင်ဝတ်လူငယ်ကို ကြည့်လိုက်သည်၊ သူ၏မျက်လုံးများ တောက်ပနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက တခဏချင်း ပျံ့နှံ့လာသည်။
"ဘန်း!"
ချင်ယွင်သည် မိုးခြိမ်းသံကဲ့သို့ တဟုန်းထိုး ပစ်ဝင်လွှတ်လိုက်သည်။ သူသည် ရှောင်တိမ်းခြင်းလည်း မရှိခဲ့ပေ။ သူသည် အစိမ်းရောင်ဝတ်လူငယ်၏လှံကို လက်ဗလာဖြင့် ထိပ်တိုက်ရင်ဆိုင်မိတော့မည်။
"မင်းက သေချင်းတရားကို တောင်းခံနေတာဘဲ!"
သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်သည် သူ၏လှံကို လက်ဗလာဖြင့် လှုပ်ခါတော့မည်ကို အစိမ်းရောင်ဝတ်လူငယ် မြင်လိုက်ရသည့်အခါ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူသည် သူ၏လက်များကို လှုပ်ယမ်းလိုက်ပြီး လှံထိပ်ဖျားမှ ပို၍ကြီးမားသော လှံအလင်းတစ်ခုကို ဖြစ်ပေါ်စေကာ ချင်ယွင်၏ နှလုံးသားကို လွှမ်းခြုံပြီး ထိုးလိုက်သည် ။
ချင်ယွင်က လှောင်ပြောင်ပြီး သူ၏ညာလက်ကို လက်သီးဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးသည် ချက်ချင်းပင် တိုးထွက်လာခဲ့ပြီး အစိမ်းရောင်ဝတ် လူငယ်၏ လှံထိပ်ဖျားကို တိုက်ရိုက် ထိုးချလိုက်သည်။
"ဘုန်း….!"
ချင်ယွင်၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်သည် ကြီးမားလှသော လှံအလင်းနှင့် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိပြီး ကျယ်လောင်သည့် တုန်ခါသံက ထွက်ပေါ်လာသည်။
ထိုထိပ်တိုက်တွေ့ဆုံမူ၏ ရိုက်ခတ်မှုကြောင့် ပင်လယ်ရေများ ပေါက်ကွဲထွက်သွားကာ ကြီးမားသော နောက်ဆက်တွဲလှုပ်ခတ်များ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
ပြင်းထန်သော နောက်ဆက်တွဲ လှုပ်ခတ်မူအတွင်းမှာ အစိမ်းရောင်ဝတ် လူငယ်သည် လည်း နောက်ပြန်လွင့်ထွက်သွားသည်။ ထိုလက်သီးချက်ကြောင့် သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာရသွားခဲ့ပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးထွက်လာသည်။
သူ၏ခန္ဓာကိုယ်သည် သူ့နောက်မှာရှိနေသည့် သန္တာကျောက်တန်းကြီးနှင့် တိုက်မိပြီး ထိုအချိန်မှပင် ရပ်သွားခဲ့သည်။
သူ၏နောက်မှ သန္တာကျောက်တန်းကြီးတွေလည်း ကွဲအက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။
သို့သော်လည်း ချင်ယွင်၏ပုံရိပ်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး ပင်လယ်ရေ၏ နောက်ဆက်တွဲရိုတ်ခတ်များကပင် သူ့ခန္ဓာကိုယ်ကို အနည်းငယ်မျှ မလှုပ်ရှားနိုင်ခဲ့ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ငါ့ရဲ့ အစိမ်းရောင်မြူနှင်းလှံကို ပိတ်ဆို့ဖို့ သူ့ရဲ့လက်သီးကို ဘာလို့ သုံးနိုင်ရတာလဲ။ အစိမ်းရောင်ဝတ်လူငယ်သည် အံ့သြသွား သည်။
ချင်ယွင်၏ လက်သီးချက်သည် အလွန် ကြောက်စရာကောင်းလွန်းသည်။
အစိမ်းရောင်ဝတ် လူငယ်၏ လှံအလင်းတန်းသည် သူ၏လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင် မိရုံဖြင့် ပြိုကွဲသွားခြင်း ဖြစ်လေသည်။ ယင်းက အစိမ်းရောင်ဝတ်လူငယ်၏ လှံသိုင်းပညာရပ်သည် အလွန်အားနည်းနေခြင်းကြောင့် မဟုတ်ဘဲ ချင်ယွင်၏ လက်သီးချက်က ကြောက်စရာကောင်းလွန်းနေခြင်းကြောင့် ဖြစ်ပါသည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနိုင်မှာလဲ၊ သူက နှောင်းပိုင်းအဆင့် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးများ ဖြစ်နိုင်မလား" အစိမ်းရောင် ဝတ်လူငယ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။
"ပြေး။ ဒီလူငယ်က သန်မာလွန်းတယ်။ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး” အစိမ်းရောင်ဝတ် လူငယ်သည် ချက်ချင်းပင် ထွက်ပြေးရန် တွေးလိုက်မိသည်။
သူသည် မာနထောင်လွှားဖို့ သက်သက်သာသိသည့် လူ့ပေါ်ကြော့တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤလူငယ်ကို အနိုင်မယူနိုင်ကြောင်း သဘာဝကျကျ သူ သိသည်။
"အခု ထွက်ပြေးဖို့ နောက်ကျသွားပြီ!"
သို့သော် သူထွက်ပြေးခါနီးတွင် သူ၏နားထဲမှာ ရုတ်တရက် အသံတစ်ခုထွက်ပေါ်လာပြီး လျှပ်စီးကိုးခုဖြင့် ပစ်လွှတ်ခံလိုက်ရသည့်အလား ချက်ခြင်းပင် သူ့ကို နေရာမှာတင် ရပ်တန့်သွားစေသည်။
အစိမ်းရောင်ဝတ် လူငယ်သည် ခေါင်းကို တင်းတင်း လှည့်လိုက်သည်။ ချင်ယွင်၏ သရဲတစ္ဆေကဲ့သို့သော ပုံရိပ်သည် အစိမ်းရောင်ဝတ် လူငယ်၏နောက်ကွယ်တွင် သူ မသိလိုက်သည့် အချိန်ကတည်းက ပေါ်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။
အစိမ်းရောင် လူငယ်သည် အနည်းငယ် ကြောက်ရွံ့နေခဲ့ပြီး အထူးသဖြင့် သူ၏ရှေ့မှာရှိသည့် လူငယ်၏ အပြုံးဖြစ်သည်။ သူ၏မျက်လုံးထဲမှာတော့ ထိုအပြုံးသည် သေမင်း၏အပြုံးထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
"မင်း ဘာလုပ်ချင်လို့လဲ?" အစိမ်းရောင်ဝတ်လူငယ်က အေးစက်စွာ မေးသည်။
ချင်ယွင်က ရယ်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောပေ။ သူက ချက်ချင်းပင် သူ၏ လက်ကိုဆန့်ထုတ်လိုက်ပြီး အစိမ်းရောင်ဝတ်လူငယ်၏ ဝမ်းဗိုက်ထဲကို တိုက်ရိုက် ထိုးချလိုက်သည်။
ဘန်း..!
ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင်ဝတ် လူငယ်သည် ချက်ချင်းပင် လွင့်ပျံသွားပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် အစိမ်းရောင်ဝတ်လူငယ်သည် သတိထားနေပုံရသည်။ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင် အမြင့်ပေ ဆယ်ဂဏန်းမျှသာ လွင့်ပျံ သွားခဲ့သည်။
"ဟား။ ဟား၊ မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ငါတို့လိပ်နက်ကလန်ရဲ့ ခုခံကာကွယ် နိုင်စွမ်းက အင်မော်တယ်အဆင့်ချပ်ဝတ်လို အားကောင်းတယ်လို့ နာမည်ကြီးတယ်။ ငါ့အဖေဆီကိုလည်း သတင်းစကား ပို့ထားပြီးသား။ သူက မကြာခင် ဒီကို ရောက်လာ တော့မယ်။ မင်း သေဖို့စောင့်နေလိုက်ပါ။" အစိမ်းရောင်ဝတ်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ထိုနေရာမှာပင်ရပ်နေပြီး ချင်ယွငေကို လှောင်ပြောင် ဟန်ဖြင့် ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်မှာ လိပ်ခွံကနေ ဖြစ်ပေါ်လာသော ခုခံကာကွယ်မူတစ်ခုကဲ့သို့ သိမ်မွေ့နက်နဲသည့် အစိမ်းရောင်အလင်းလွှာတစ်ခုက ထွက်ပေါ်နေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လိပ်နက်ကလန်၏ အစွမ်းထက်မှာ ခုခံကာကွယ်မှုဖြစ်သည်ကို သူ အမှန်တကယ် မေ့သွားခဲ့သည်။
အစိမ်းရောင်ဝတ်လူငယ်သည် ချင်ယွင် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရလျှင် ချင်ယွင်သည် သူကို ဘာမှ မလုပ်နိုင်တော့ဟု သူ တွေးလိုက်သည်။ သူ၏ အရင်က အကြောက်တရားတွေလည်း ပျောက်ကွယ်သွားခဲ့ပြီး မောက်မာသည့် အပြုံးတစ်ခုက သူ၏မျက်နှာမှာ တစ်ဖန် ပြန်ပေါ်လာသည်။
"ကောင်စုတ်လေး၊ မင်းဆီက ရတနာတွေကို ငါ့ဆီလွှဲပေးဖို့ နောက်ထပ် အခွင့်အရေး တစ်ခါ ထပ်ပေးမယ်။ မဟုတ်ရင် ငါ့အဖေ လာတဲ့အခါ မင်း အသက်မရှင်နိုင်တော့ဘူး" အစိမ်းရောင်ဝတ်လူငယ်က မောက်မာစွာ ပြောသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ဤခွေးမသားလေးသည် အမှန်တကယ် ကူရာမဲ့နေသူ ဖြစ်ပါသည်။
"မင်းရဲ့လိပ်ခွံကို ငါမချိုးဖျက်နိုင်ဘူးလို့ မင်း တကယ်ထင်နေတာလား။" ချင်ယွင်က ရယ်မောလိုက်သည်။
"ဟမ့်။ မင်းက ဘယ်လို ကြွားလုံးထုတ်ရမှန်း မသိဘူးလို့ ငါထင်နေတာ" အစိမ်းရောင် ဝတ်လူငယ်က ရယ်မောလိုက်သည်။
သို့သော် သူ၏စကား တစ်ဝက်တစ်ပျက်အရောက်မှာ သူ လုံးဝ အံ့အားသင့်သွား ခဲ့ရသည်။
ချင်ယွင်၏ ခက်ထန်သော အသွင်အပြင်က တစ္ဆေသရဲတစ်ကောင်ကဲ့သို့ သူ့ရှေ့တွင် ပေါ်လာပြန်သည်။ အနက်ရောင်လျှပ်စီးကြောင်းဖြင့် လွှမ်းခြုံထားသော ကြောက်စရာ ကောင်းသော လက်သီးသည် သူ့လက်သီးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ထိုလက်သီးချက်သည် ကောင်းကင်သို့ပျံတက်နေသည့် ဧရာမလျှပ်စီးနဂါးကြီးကဲ့သို့ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်အားအငွေ့အသက်များကို ထုတ်လွှတ်သည်။
"ဖျစ်…….!"
ရုတ်တရက် အက်ကွဲသံတိုးတိုး ထွက်ပေါ်လာသည်။ သို့သော်၊ ထိုအက်ကွဲအက်ကွဲသော အသံသည် အစိမ်းရောင်ဝတ်လူငယ်၏ နားထဲသို့ ရောက်သွားသောအခါတွင် ကောင်းကင်ဘုံကိုးခုက မိုးကြိုးပစ်ခတ်သံထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
ဤအရာသည် သူ့လိပ်ခွံ အက်ကွဲသွားသည့် အသံဖြစ်ပါသည်။ 'ဘုန်း' ဆိုသည့် အသံနှင့်အတူ သူ၏လိပ်ခွံသည် လုံးဝကွဲအက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ သည်။
“ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” အစိမ်းရောင်ဝတ်လူငယ်သည် လုံးဝ အံ့အားသင့် သွားကာ သူ၏လျှာက ဆွဲချည်ခံထားရသည့်အလား စကားထစ်အသွားသည် ။
ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည် "ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး"
ထိုသို့ပြောပြီးနောက်တွင် သူ၏လက်သီးသည် ကြွေကြလာသော ကြယ်တစ်စင်းကဲ့သို့ အစိမ်းရောင်ဝတ်လူငယ်၏ ခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။ အစိမ်းရောင်ဝတ် လူငယ်၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ချင်ယွင်သည် အစိမ်းရောင်ဝတ်လူငယ်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းသွားပြီးနောက် ထိုနေရာမှ ထွက်သွား ခဲ့သည်။ သို့သော်လည်း ချင်ယွင် ထွက်သွားပြီး သိပ်မကြာခင်မှာပင် အစိမ်းရောင်ဆံပင် နှင့် အဘိုးအိုတစ်ယောက်သည် သူတို့တိုက်ပွဲဖြစ်ခဲ့သောနေရာတွင် ပေါ်လာခဲ့သည်။
"ချင်းအာ…"
အခန်း (၄၃၃) ခွန်အားတိုးလာခြင်း။
"ချင်းအာ…….... "
လိပ်နက်ဘိုးဘေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဦးခေါင်းမပါသော အလောင်းသည် သူ့သားဖြစ်ကြောင်း ချက်ချင်း သတိပြုမိသွားပြီး သူ၏ မျက်လုံး များသည် ချက်ချင်းပင် နီမြန်းလာသည်။
ဒေါသ၊ အဆုံးမရှိသော ဒေါသသည် လိပ်နက်ဘိုးဘေး၏ ဦးနှောက်ထဲသို့ ချက်ခြင်း ဝင်လာခဲ့သည်။
"ဘယ်သူလုပ်တာလဲ ။ ဒါကို ဘယ်သူလုပ်တာလဲ"
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်ဘိုးဘေးကြီးသည် အရူးအမူးအော်လိုက်သည်။ သူ၏ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေကာ အကန့် အသတ်မရှိသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးများအားလုံး ပေါက်ကွဲသွားသည်။
လိပ်နက်ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံများသည် လွင့်ထွက်သွားခဲ့ပြီး သူ့နောက်ကျောမှာရှိနေသည့် အစိမ်းရောင်ဆံပင်ရှည်များသည် လှိုင်းထန်နေသော အစိမ်းရောင်မြွေလေးများကဲ့သို့ အဆက်မပြတ် လှုပ်ယမ်းနေပါသည်။
လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်ဘိုးဘေးမှ ဤသားလေးတစ်ယောက်သာ ရှိသည်။ ယခု သူ၏သားလေး အသတ်ခံလိုက်ရပြီ။ သူ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
ပတ်ဝန်းကျင်မှ ဆိတ်သုဉ်းခြင်းသားရဲများသည် ဤပြင်းထန်သောအငွေ့အသက်ကို ခံစားမိသောအခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်အသီးသီးသို့ ပြေးသွား ကြသည်။
သို့သော်လည်း လိပ်နက်ဘိုးဘေး၏ မျက်လုံးများသည် လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်သကဲ့သို့ လျှပ်စီးလက်သည့်အလား စူးရှမြန်ဆန်လွန်းသည်။ ကြီးမားသော စုတ်ယူမှုစွမ်းအားတစ်ခု ချက်ချင်း ရောက်လာခဲ့ပြီး ထွက်ပြေးလွတ်မြောက်ရန် အချိန် မရလိုက်သည့် ငါးမွန်းစတားလေးတစ်ကောင်သည် လိပ်နက်ဘိုးဘေး၏လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရသည်။
"ပြောစမ်း။ ငါ့သားကို ဘယ်သူ သတ်လိုက်တာလဲ။" လိပ်နက်ဘိုးဘေးသည် ကျား တစ်ကောင်ထက်ပင် ပြင်းထန်သော သူ၏အငွေ့အသက်ဖြင့် ငါးမွန်းစတားလေးကို စိုက်ကြည့်နေသည်။
အထူးသဖြင့် ဤလူသူကင်းမဲ့သော ပင်လယ်ကြမ်းပြင်တွင် ကျင့်ကြံမူအဆင့်နိမ့်သော ဆိတ်သုဉ်းခြင်းသားရဲ များစွာရှိသည်။ ၎င်းတို့အားလုံးနီးပါးကို နေရာတိုင်းမှာပင် ရှာတွေ့နိုင်သည်၊ ထို့ကြောင့် ချင်ယွင်၏ တိုက်ပွဲကို ဤဆိတ်သုဉ်းခြင်း သားရဲလေး များက သဘာဝအတိုင်း မြင်တွေ့ခဲ့ရသည်။
"ဟုတ်ကဲ့ပါ၊ အဲဒါက တကိုယ်တော် ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ပါ” မွန်းစတား လေးသည် အကြောက်တရားကြောင့် အသိဉာဏ်လွတ်လုနီးပါး ဖြစ်နေပြီး ကမန်းကတန်း ပြောလိုက်သည်။
"နောက်ထပ် ဘာတွေ ရှိသေးလဲ?" လိပ်နက်ဘိုးဘေးက ဒေါသတကြီး အော်လိုက် သည်။
“ ဒါ့အပြင် အဖြူရောင် အဝတ်စားနဲ့ အနက်ရောင်ဆံပင်လည်း ရှိပါတယ်။” ငါးမွန်းစတားလေးသည် ထိုအကြောင်းကို အကောင်းဆုံးတွေးတောရင်း အဖြေပေး နိုင်ရန် ကြိုးစား လိုက်သည်။ နောက်ဆုံးတွင်၊ သူ၏ကျင့်ကြံမူ အခြေခံသည် အလွန်နိမ့်ကျ လွန်းပြီး သူသည် သိပ်အများကြီး မမှတ်မိနိုင်ခဲ့ပါ။
"လူငယ်လေးတစ်ယောက်၊ အဖြူရောင်အဝတ်စားနဲ့ ဆံပင်ကအနက်ရောင် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်ဘိုးဘေး၏ မျက်လုံးများသည် အကန့်အသတ်မဲ့ သတ်ဖြတ်လိုသည့် ဆန္ဒများ ချက်ချင်း ထွက်ပေါ်လာသည်။ သူသည် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် ငါးမွန်းစတားလေးသည် အပိုင်းပိုင်းကွဲသွားကာ သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ပါဘူး။ မင်းကို ချင်းအာအတွက် လက်စားချေဖို့ ငါ သေချာပေါက် တွေ့အောင်ရှာရလိမ့်မယ်။ ချင်းအာရဲ့စိတ်ဝိညာဉ်နှစ်သိမ့်ပေးဖို့အတွက် မင်းကို အစိပ်အပိုင်းတစ်သောင်းလောက် ဆုတ်ဖြဲပစ်မယ်။" လိပ်နက်ဘိုးဘေးသည် ကောင်းကင်ယံသို့မော့ကာ ဟိန်းဟောက်လိုက်ပြီး သူ၏အသံက သတ်ဖြတ်လိုသည့် ဆန္ဒနှင့်အတူ ပင်လယ်ကြီး၏ကျယ်ဝန်းသော ဧရိယာကို ဖြတ်သန်းသွားတော့၏။
ပတ်ဝန်းကျင်ရှိ ဆိတ်သုဉ်းခြင်းသားရဲများသည် အလွန်ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်သွားကြပြီး ကျောက်ဆောင်များအတွင်းမှာ ပုန်းခိုနေကြသည်။
သို့သော် ဤအဖြစ်အပျက်၏ အဓိကလက်သည်ဖြစ်သော ချင်ယွင်သည်လည်း သန္တာကျောက်တန်းတစ်ခုအတွင်းမှာ ပုန်းအောင်းနေခဲ့သည်။
လိပ်နက်ဘိုးဘေးသည် သူ၏သား သတ်ဖြတ်ခံရခြင်းကို သိသွားပြီဖြစ်ကြောင်း သူ သိပါသည်။ ယခုအချိန်ဆို၊ လိပ်နက်ဘိုးဘေးသည် သူ၏သားအတွက် လက်စားချေလို စိတ်ဖြင့် နေရာတိုင်းတွင် သူ၏သဲလွန်စများကို လိုက်ခံရှာဖွေနေလိမ့်မည်။
ချင်ယွင်သည် ဤအကြောင်းကို လုံးဝ ဂရုမစိုက်ပါဘူး။ ယခုအချိန်တွင် သူသည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ လွှမ်းမိုးမှုနယ်မြေထဲတွင် ရှိနေပါသည်။
အကယ်၍ လိပ်နက်ဘိုးဘေးသည် သူ့ကိုရှာဖွေချင်သည်ဆိုလျှင် သူသည် အများကြီး အားထုတ်ရပါလိမ့်မည်။ နောက်ဆုံးတွင် သူသည် ဆူးသုံးချောင်းလှိုဏ်ဂူနှင့် အမြဲတမ်း ဆိုသလို ဆန့်ကျင်ဘက် ဖြစ်နေခဲ့သူ ဖြစ်သည်။
ယခုအချိန်မှာ အရေးကြီးဆုံးက သူ၏ခွန်အားကို တိုးမြင့်လာစေရန်အတွက် ဤ အပြာရောင်ရေခဲနှလုံးသားခြင်ဆီကို စားသုံးရန်ဖြစ်သည်။ ဤနည်းအားဖြင့်၊ သူသည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကြီးမြတ်သောကာကွယ်သူနှင့် ရင်ဆိုင်ရာတွင် ပို၍ ယုံကြည်မှုရှိလာမည် ဖြစ်သည်။
ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီ ဆယ်ပုလင်းဖြင့်၊ ချင်ယွင်၏ အင်အားသည် ကြီးမားသော အနားသတ်တစ်ခုအထိ တိုးလာမည်ဖြစ်သည်။
ထိုအကြောင်းကိုတွေးတောရင်း ချင်ယွင်သည် သူ့နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်တော့ပေ။
ဝှီး……….!
ချင်ယွင်၏လက်ဖဝါးပေါ်တွင် အပြာရောင်ရေခဲနှလုံးသားခြင်ဆီ ပုလင်းပေါ်လာသည်။
ချင်ယွင်သည် ပုလင်းအဖုံးကို ညင်သာစွာဖွင့်လိုက်သည်နှင့် ချက်ခြင်းပင် သင်းပျံ့သော ရနံ့တစ်ခု ထွက်လာပြီး ချင်ယွင်၏နှလုံးသားကို အေးခဲသွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် အမှန်တကယ်ပင် သဲလွန်စတစ်ခုအနေဖြင့် ပြည့်နှက်လာခဲ့သည်။
"ဒီအပြာရောင်ရေခဲနှလုံးသားခြင်ဆီက တကယ်ကို မရိုးရှင်းဘူးပဲ။ ထွက်ပေါ်လာတဲ့ ရနံ့ကတောင် ဒီလောက်ထိရောက်မှုရှိနေပြီ။" ချင်ယွင်သည် မထိန်းနိုင်ဘဲ ပါးစပ်မှ ထုတ်ဖော်ကာ ချီးကျူးမိလိုက်သည်။
ယခုအချိန်တွင်၊ သူသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ် သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူသည် အောက်ခြေအဆင့်မှ အဆင့်တစ်ခုတိုးလာတိုင်း ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူရမည် ဖြစ်သည်။
သူ၏ ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်သည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် လည်ပတ်နေပြီး စုပ်ယူနေခဲ့သော်လည်း၊ သိုင်းဧကရာဇ်နယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်ရန်အတွက် သူသည် တစ်လခန့် အချိန်ယူရပါဦးမည်။
ယခုမူကား လုံးဝ ကွဲပြားသွားခဲ့ပါပြီ။ ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီဖြင့်ဆိုလျှင် သူသည် အဆင့်ဖြတ်ကျော်ရန် တစ်မိနစ်ခန့်သာ အချိန်ယူရပေတော့မည်။
တုန့်ဆိုင်းနေခြင်း မရှိတော့ဘဲ၊ ချင်ယွင်သည် အပြာရောင်ရေခဲနှလုံးသားခြင်ဆီ ပုလင်းကို သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပါသည်။
အပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် ချင်ယွင်၏ ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ၎င်း၏ အလွန်ရက်စက်ကြမ်းကြုတ်သော တစ်ဖက်ခြမ်းကို ထင်ရှား ပေါ်လွင်စေခဲ့ပါပြီ။ အလွန်ပြင်းထန်သော အအေးဓာတ်သည် ချင်ယွင်၏ အစာအိမ်နှင့် အူများကို အေးခဲလုနီးပါးဖြစ်သည်အထိ ချက်ခြင်း ထွက်လာသည်။
ချင်ယွင်သည် မထိန်းနိုင်ဘဲ တဆတ်ဆတ် တုန်ယင်နေမိသည်။ သူ့တစ်ကိုယ်လုံးသည် ဖော်ပြလို့မရအောင်ပင် အေးစိမ့်နေ၏။ သူသည် အသက်ရှုသံအနည်းငယ်ဖြင့်ပင် သူသည် ပတ်ဝန်းကျင်ပင်လယ်ရေပြင်ကို ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အေးဓာတ်လဲ။ တကယ်လို့ ငါသာ တောင်ရွေ့လျားခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ ဘူးဆို ရင်၊ အခုချိန်မှာ ငါဟာ ရေခဲပန်းပုရုပ်တစ်ခု ဖြစ်သွားလောက်ပြီ။"
ချင်ယွင်သည် အံ့သြသွားသည်။ ကျောက်စိမ်းပုလင်းထဲမှာ ထည့်ထားသည့်အချိန်မှာ အေးစက်သည်ဟု ထင်ရသော်လည်း ယခုလောက်ကြီး အေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပါဘူး။ ၎င်းသည် သူ၏ပါးစပ်ထဲသို့ ဝင်လိုက်သည်နှင့်ပင် ရက်စက် ကြမ်းကြုတ်စွာ ပြုမူလာလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ဤအအေးဓာတ်သည် အဆက်မပြတ် တိုးလာနေသေးသည်။
ကံကောင်းထောက်မစွာ၊ သူသည် အပြာရောင်နှလုံးသား ရေခဲခြင်ဆီဆယ်ပုလင်းလုံးကို အသက် တစ်ရှိုက်ရှူချိန်အတွင်း သူ၏ပါးစပ်ထဲ့သို့ လောင်းထည့်ပြီး ကိုယ့်ကိုယ်ကို သေကြောင်း မကြံစည်ခဲ့မိလို့သာ။ ထို့သို့မဟုတ်လျှင် သူသည် ယခုအချိန်မှာ ရေခဲတုံးကြီးတစ်ခု အဖြစ် ဖြစ်သွားကောင်း ဖြစ်သွားပေလိမ့်မည်။
ချင်ယွင်သည် ရေခဲစွမ်းအင်ကို စုပ်ယူပြီးနောက် ရေခဲစွမ်းအင်ကို ဝိညာဉ်စွမ်းအင်အဖြစ် သို့ ပြောင်းလဲရန်အတွက် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင် အမြန် ဖြန့်ကျက်သည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ထုတ်ဖောက်လိုက်သည့်အခိုက် တွင် ချင်ယွင်သည် ချက်ချင်းပင် သက်သောင့်သက်သာ ပို၍ဖြစ်လာခဲ့ပြီး ရေခဲစွမ်းအင် အအေးဓာတ်ကလည်း သည်းမခံနိုင်သည့် အနေထားမျိုး မဟုတ်တော့ပေ။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ တိုးလာနေပါသည်။
ဘန်း!
ချင်ယွင်၏ ဒန်တန်ဆီမှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော် သွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် တုနှိုင်းမရသည့် ပျော်ရွှင်နေသော အမူအရာ ပေါ်လာ သည်။ ဤအပြာရောင်ရေခဲနှလုံးသားခြင်ဆီသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်း၏အကျိုးသက်ရောက်မှုများသည် သာမန် မဟုတ်ခဲ့ပေ။ ယခု သူသည် ပထမပုလင်း၏ ထက်ဝက်ကျော်ကိုသာ စုပ်ယူနိုင်သေး သော်လည်း သူသည် သိုင်းဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက် ၉ ပုလင်းက သူ့ကို သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ထိ ဖြတ်ကျော်နိုင်အောင် သေချာပေါက် ကူညီပေးပါလိမ့်မည်။
ချိုမြိန်သောအရသာကို မြည်းစမ်းပြီးနောက် ချင်ယွင်သည် နည်းနည်းလေးမှ တုံ့ဆိုင်းသွားခြင်း မရှိတော့ပေ။ ဤတစ်ကြိမ်တွင် သူသည် သူ၏ကျင့်ကြံမူတွင် အပြည့်အ၀ နှစ်မြှုပ်ထားလိုက်သည်။
ချင်ယွင်သည် အပြာရောင်ရေခဲနှလုံးသားခြင်ဆီ ကိုးပုလင်းကို ဖြည်းဖြည်းချင်း၊ စားသုံးခဲ့ပြီးနောက်၊ သူ၏ ကျင့်ကြံမူအခြေခံမှာလည်း နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်တွင် လုံးဝ တည်ငြိမ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်တွင် အစွမ်းထွက်သော ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများ ဖြစ်ပေါ်နေခဲ့သည်။ သူ၏ရုပ်ခန္ဓာကိုယ်သည်ပင် တော်တော် သန်မာလာခဲ့သည်။ သူ၏အရေပြားသည် ဖန်ကဲ့သို့သော တောက်ပမူအလင်းရောင် ထွက်ပေါ်နေသည်။ သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းအခြေခံသည်ပင် ပထမအဆင့် ဖြစ်သော တောင်တန်းရွေ့လျားခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ သူသည် တောင်တန်းရွေ့လျားခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။
သူ့မျက်ခုံးမွှေးနှစ်ခုကြားရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် အဆက်မပြတ် တဖျပ်ဖျပ်ခတ်နေကာ မိုးပြာရွှေရောင်အလင်းတန်းက ပို၍ပင် ပြိုးပြိုးပြက်ပြက် လင်းလက်နေသကဲ့သို့ပင် ဖြစ်နေသည်။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ် သည် ဖြစ်ပေါ်လာသည့်အချိန်မှစ၍ နောက်ထပ် အဆင့်ချိုးဖြတ်မည့် လက္ခဏာများ ထွက်ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဝင်ရောက် သွားသည်နှင့် သူ၏ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ပြန်လည်ကြီးထွားတိုးတက်လာမည်ဟု ချင်ယွင်က ယုံကြည်ထာားသည်။ ထိုအချိန် ရောက်လျှင်၊ သူ့ရုပ်ခန္ဓာကိုယ်၏ စွမ်းအားသည်လည်း ခုန်တက်သွားမည် ဖြစ်သည်။ သူသည် ဒုတိယမြောက်ဖြစ်သော ကောင်းကင်ဘုံခွဲခြမ်းနယ်ပယ်သို့ပင် တိုက်ရိုက် ခုန်တက် သွားနိုင်မည် ဖြစ်သည်။
ချင်ယွင်၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ယခုတစ်ကြိမ် ကျင့်ကြံပြီးသည့်နောက်မှာ သူ၏ခွန်အားတွေက အများကြီး တိုးမြှင့်လာခဲ့ပြန်သည်။ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုလျှင်ပင်၊ ချင်ယွင်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
"အခုအချိန်က ဆူးသုံးချောင်းလှိုဏ်ဂူကိုသွားပြီး ငါ့ရဲ့ ကျူးကျော်မှုအစီအစဉ်ကို စတင်ဖို့ အချိန်တန်ပြီ။"
သူသည် သန္တာကျောက်တန်းများကြားမှ ထွက်ကာ ဆူးသုံးချောင်းလှိုဏ်ဂူရှိရာအရပ် ဆီသို့ လှမ်းကြည့်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားခဲ့သည်။
သို့သော် သူ့နှင့် မလှမ်းမကမ်းတစ်နေရာတွင် သာမန် မျက်လုံးသုံးလုံးငါးတစ်ကောင် သည် သူ့ထွက်ခွာသွားရာလမ်းကြောင်းကို ကြည့်လိုက်ရင်း ၎င်း၏မျက်လုံးများသည် လင်းလက်တောက်ပသွားသည်ကို သူ သတိမထားမိလိုက်ပေ။
အခန်း (၄၃၄) လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီး။
ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူဆီသို့ အပြေးအလွှား သွားနေစဉ်အချိန်မှာ ဆူးသုံး ချောင်းလှိုဏ်ဂူ တည်ရှိရာအိမ်တော်သို့ ထင်ရှားသောဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ ပါသည်။
အနီရောင်ဆံပင်နှင့်အမျိုးသားသည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ ပင်မခန်းမဆောင် အတွင်းမှာ ဒူးတစ်ဖက်ထောက်ဟန်ဖြင့် ရှိနေပါသည်။ ပင်မထိုင်ခုံပေါ်တွင် အမျိုးသမီးငယ်တစ်ဦးရှိနေပြီး သူသည် သူမကို ရိုသေလေးစားဟန်ဖြင့် ခေါင်းငုံ့ကာ ဒူးထောက်နေခြင်း ဖြစ်တော့သည်။
အမျိုးသမီးငယ်၏ ရုပ်ရည်အသွင်အပြင်သည် အလွန်လှပပြီး ဆွဲဆောင်မှုရှိသည်။ သူမ၏ခရမ်းရောင်ဆံပင်များသည် သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည့် အငွေ့အသက်ကို ပေးစွမ်းသည်။ သူမ၏ရုပ်ရည်အသွင်ပြင် သည် အလွန်သေးသွယ်ပြီး လှပသည်။ အဖြူရောင်ဖျော့ဖျော့၀တ်စုံကို ၀တ်ဆင် ထားပြီး သူမခန္ဓာကိုယ်၏ကောက်ကြောင်းအလှကို ပို၍ပင် ပေါ်လွင်စေသည်။
သူမ၏နှစ်လို့ဖွယ်ကောင်းသည့် စိတ်နေစိတ်ထားနှင့် ယှဉ်လိုက်လျှင် သူမ၏ မျက်လုံးတွေက ပို၍ပင် ချစ်စဖွယ်ကောင်းနေပါသေးသည်။ ဤအခိုက်အတန့်တွင် သူမသည် ဘုရင်ကြီးတစ်ပါးကို ဒူးထောက်ခစားနေသည့်အလား ဒူးထောက် ထိုင်နေသော အနီရောင်ဆံပင်နှင့်အမျိုးသားကို စိုက်ကြည့်နေရင်း၊ သူမ၏ မျက်လုံး များတွင် ပျော်စေပျက်စေသဘောဖြင့် ကျီစယ်လိုဟန်ဖြင့် ပြည့်နှက်နေသည်။
"ဒီလက်အောက်ငယ်သားက လူကြီးမင်းကို နှုတ်ဆက်တယ်။ လူကြီးမင်းက ရုတ်တရက် ဗြုန်းစားကြီး ရောက်လာမယ်လို့ ကျွန်တော်လည်း ထင်မထားခဲပါဘူး။
အဝေးကို လာမကြိုနိုင်တဲ့အတွက် လူကြီးမင်းက ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" အနီရောင်ဆံပင်နှင့်အမျိုးသားက လေးလေးစားစားနှင့် ပြောလိုက်ပါသည်။
ဤအမျိုးသမီး၏ နောက်ကြောင်းကို သူလည်း သိပ်မသိပါဘူး။ သူမသည် နဂါး ကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်ကြောင်းသာ သူသိထားခဲ့ပြီး သူမ၏ အဆင့်အတန်းမှာလည်း အလွန်ထူးခြားနေပုံရသည်။ အခြားကာကွယ်သူများသည် သူမကိုမြင်သောအခါ အလွန်ရိုသေကြရပြီး အချို့အကြီးအကဲများကပင် သူမအား အလွန်လေးစားကြရပါသည်။
စွမ်းအားနှင့်ပတ်သက်လျှင်လည်း ဟောင်ကူသည် (အနီရောင်ဆံပင်နှင့်အမျိုးသား) ဤအကြောင်းကို များများစားစား မသိသော်လည်း သူမ၏ ကျင့်ကြံမူအဆင့်ကို သူ မမြင်နိုင်သောကြောင့် သူမသည် သေချာပေါက် သူထက် မြင့်မားသူဖြစ်ရမည်။
"ဟောင်ကူ၊ မင်းအတွက် နန်းတော်သခင် စီစဉ်ပေးတဲ့ တာဝန်တွေကို မင်းအနေနဲ့ ဘယ်လောက်အထိ ပြီးမြောက်သွားပြီလဲ" ဆွဲဆောင်မှုရှိသည့်မိန်းမငယ်ပျိုက ပြုံးပြီး ပြောလိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ပို၍ပင် ဆွဲဆောင်မှု ရှိနေ သည်။
"လူကြီးမင်းဆီကို တင်ပြပါတယ်၊ ဒီလက်အောက်ငယ်သားက နန်းတော်သခင်ပြောတဲ့ အတိုင်း ရှာတွေ့ဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ဘာမှတော့ မတွေ့သေးပါဘူး" ဟောင်ကူက စိတ်လှုပ်ရှားစွာ ပြန်ဖြေပြီး သူ့ရှေ့မှာရှိသည့်လူကြီးမင်းက သူ့ကို ရုတ်တရက် အပြစ်တင်မှာကို စိုးကြောက်နေမိသည်။
"ငါ မင်းကို အပြစ်မတင်ပါဘူး။ အဲဒီအရာက မူလကတည်းက ဒဏ္ဍာရီဆန်တဲ့ အရာတစ်ခုပဲလေ။ တစ်စုံတစ်ယောက်က အဲဒီအရာရဲ့သဲလွန်စတွေကို မြင်ဖူးတယ် ဆိုတဲ့ ကောလဟာလတွေရှိခဲ့ရင်တောင် ခဏအတွင်းမှာ ရှာတွေ့ရှိဖို့က အရမ်းခက်ခဲ နိုင်ပါတယ်။ ဒါပေမယ့် မင်း အစွမ်းကုန် ကြိုးစားပြီးလုပ်ရမယ်။ ဒီလိုမှမဟုတ်ရင် နန်းတော်သခင်က မင်းရဲ့ဘဝအကြောင်းသိသွားခဲ့ရင် ကာကွယ်ပေးနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။" ခရမ်းရောင်ဆံပင်နဲ့အမျိုးသမီးက ပြောလိုက်သည်။ သူမ၏ အသံက အလွန်မင်း စိမ့်ဝင်ထိုးဖောက်နိုင်စွမ်းရှိနေသည်။ သူမ၏မျက်နှာပေါ်တွင် အေးစက်စက် အရိပ်အယောင် တစွန်းတစမျှ မရှိသော်လည်း သူမ၏စကားလုံးများသည် ဟောင်ကူ နားထဲသို့ တိုးဝင်လာပြီး သူ့ရင်ထဲကို အေးစိမ့်သွားစေခဲ့သည်။
"ဟုတ်ပါတယ်၊ ဒီလက်အောက်ငယ်သားက ဒါကို လျစ်လျူ မရှုဝံ့ပါဘူး" ဟောင်ကူက ကမန်းကတန်း ပြောလိုက်သည်။ ဤအမျိုးသမီး သူ့ကိုပေးသည့် ဖိအားတွေက အလွန် ကြီးမားလွန်းသည်။ ၎င်းသည် စကားလုံးများသာဖြစ်သော်လည်း သူ့ကျောပြင်မှာ ချွေးစေးများဖြင့် အေးစက်နေ၏။
"အင်း ဟုတ်သားပဲ၊ မင်းရဲ့ ဆူးသုံးချောင်းလှိုဏ်ဂူမှာ ငါ ခဏနေဦးမယ်။ ကျေးဇူးပြုပြီး ငါ့အတွက် အတော်လေး ဆိတ်ငြိမ်တဲ့နေရာတစ်ခုကို စီစဉ်ပေးပါ။" ခရမ်းရောင်ဆံပင် နှင့် အမျိုးသမီးက ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ။ ဒီလက်အောက်ငယ်သားက လူကြီးမင်းအတွက် ခဏစအတွင်းမှာ စီစဉ်ပေးပါ့မယ်ခင်ဗျာ။" ဟောင်ကူက ကမန်းကတန်း ပြောလိုက်သည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ခေါင်းညိတ်သည်။ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး မေးမြန်းကြည့်သည် " ဟောင်ကူ ၊ မင်းမှာ ညီလေးနှစ်ယောက် ရှိသေး တယ်ဆိုတာ ငါ မှတ်မိပါတယ်။ ဒီတစ်ခါ ဘာလို့ သူတို့ကို မတွေ့ရတာလဲ"
ထိုစကားကိုကြားလျှင် ဟောင်ကူ၏မျက်နှာပေါ်မှာ နာကျင်သည့် အရိပ်အယောင်တွေ ချက်ချင်း ပေါ်လာခဲ့ပြီး တုန့်ပြန်ပြောလိုက်ပါသည် "ဟင်း……, သူတို့ သေသွားပါပြီ ခင်ဗျာ."
"သေသွားပြီလား?" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။
"ဟုတ်ပါတယ်ခင်ဗျာ ၊ လူသားတစ်ယောက်က သတ်ဖြတ်လိုက်တာပါ။" ဟောင်ကူက သက်ပြင်းချလိုက်သည်။
"လူသားတစ်ယောက်က သတ်ပစ်လိုက်တာလား" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက “အဲဒီလူက ဘယ်သူလဲ” ဟု ဆက်မေးရင်း စူးစမ်းချင်စိတ် အရိပ်အယောင် ချက်ချင်း ပေါ်လာပါသည်။
"သေသွားပါပြီ!" ဟောင်ကူက ကူကယ်ရာမဲ့စွာ ပြောလိုက်ပါသည်။ ဤအရာသည် သူ ကူကယ်ရာမဲ့အဖြစ်ရဆုံးနှင့် ခံစားရဆုံးအရာ ဖြစ်သည်။ သူ့ညီလေးနှစ်ယောက် အသတ်ခံရသည်မှာ အနည်းငယ် ဝမ်းနည်းစရာကောင်းသည်ဟု သူ ခံစားခဲ့ရ သော်လည်း သူသည် သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ လက်စားချေပေးအတွက် နည်းလမ်း မရှိတော့ပါဘူး။
"ကောင်းပြီလေ!" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးများတွင် စိတ်ပျက် လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။ မူလကတည်းက သူမသည် အတော်လေး စူးစမ်းလိုစိတ်ပြင်းပြသူ ဖြစ်သည်။
လူသားတစ်ဦးသည် သူတို့၏ ပင်လယ်ပြင်ဧရိယာထဲတွင် နတ်ဆိုးသားရဲနှစ်ကောင်ကို သတ်ဖြတ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် စစ်ပွဲကြီးပြီးဆုံးပြီး ကတည်းက လူသားကျွမ်းကျင်ပညာရှင်များသည် သူတို့၏ပင်လယ်ပြင်ဧရိယာထဲသို့ ဝင်ရောက်လာခဲသည်။
"ကောင်းပြီ၊ ငါစောစောလေးက ဒီကိုလာတဲ့လမ်းမှာ လမ်းကြုံတာနဲ့ လိပ်နက် ဘိုးဘေးဆီကို ဝင်ရောက်ခဲ့သေးတယ်။ သူ့သားကလည်း အသတ်ခံခဲ့ရပြီး မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပင်လယ်ပြင်ထဲမှာ ဖြစ်သွားတာတဲ့။ ဒီကိစ္စကိုရော မင်းသိရဲ့လား" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဟောင်ကူကို ထွင်းဖောက် မြင်နေရသည့်အလား မေးလိုက်သည်။
ထိုစကားကိုကြားလျှင် ဟောင်ကူသည် ချက်ချင်းပင် တုန်လှုပ်သွားပြန်သည်။ သူ၏ ရှေ့မှာ ရှိနေသည့် ဤအမျိုးသမီးသည် မည်သည့်သဘောကို ဆိုလိုသည်ကို သူသိပါ သည်။
နဂါးကောင်းကင်နန်းတော်တွင် သီးသန့်တိုက်ပွဲများကို တားမြစ်ထားသည်။ လှိုဏ်ဂူများအတွင်း အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခြင်းများ ရှိနေသည်ကို တွေ့ရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်မှာ သေချာပါသည်။ တချို့ဆိုလျှင် သူတို့၏အုပ်ချုပ်သူရာထူးကို ဖယ်ရှားပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးကာ အချို့ဆို တိုက်ရိုက်ပင် သတ်ပစ်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မျိုးနွယ်စု ကိုးခုပြိုင်ပွဲကို ဆက်တိုက် ကျင်းပနိုင်သည်။
ထို့ကြောင့် နဂါးကောင်းကင်နန်းတော်ရှိ အင်အားစုများသည် ပြန့်ကျဲနေသော်လည်း အချင်းချင်း တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ သင်ကိုယ်တိုင်က အသက်မရှင်ချင်တော့ဘဲ သွေးပင်လယ်ဝေလောက်သည့် နက်ရှိုင်းသော ရန်ငြိုးရန်စတွေမရှိခဲ့ဘူးဆိုရင် ပုံမှန်အားဖြင့် ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သည်းခံကြရသည်။
ဟောင်ကူ၏ ဆူးသုံးချောင်းလှိုဏ်ဂူသည် လျှို့ဝှက်ဆန်းကြယ်သောလိပ်နက်လှိုဏ်ဂူ နှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ သူတို့သည် အချင်းချင်း တိတ်တဆိတ် ကြဉ်ဖယ်နေထိုင်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီသော်လည်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခြင်းမျိုးတော့ မဖြစ်ခဲ့ကြပေ။ လိပ်နက်ဘိုးဘေး၏သား သတ်ဖြတ်ခံရမှုတွင် နဂါးကောင်းကင်နန်းတော်က သူ့ကို ပထမဆုံး သံသယရှိသည်မှာလည်း သဘာဝ အတိုင်း ဖြစ်သင့်ပါသည်။
ထို့ကြောင့် ဟောင်ကူသည် အလောတကြီး ပြောလိုက်ရသည် "ကျွန်တော် သိပြီးပါပြီ ခင်ဗျာ။ ဒီလက်အောက်ငယ်သားက ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော့်လက်အောက် ငယ်သားတွေ ပြန်လည်သတင်းပို့ထားလို့ ကြားထားပြီးပါပြီခင်ဗျ။ ဒါပေမယ့် ဒီကိစ္စနှင့် ပတ်သက်ပြီး ဒီလက်အောက်ငယ်သားက အသက်နဲ့ အာမခံရဲပါတယ်။ ဒီလိုအရာမျိုးကို ဒီလက်အောက်ငယ်သားက သေချာပေါက် မလုပ်ခဲ့ပါဘူး။"
"ဟုတ်ပါပြီ။ ငါ ယုံပါတယ်။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ဟောင်ကူကို ကြည့်နေရင်း သူ လိမ်ပြောနေခြင်းမဟုတ်ကြောင်း အတည်ပြုလိုက်သည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက သူ့ကို သံသယမ၀င်သည့်အကြောင်း ကြားရလျှင် ဟောင်ကူသည် သက်ပြင်းချလိုက်မိသည်။
"ကောင်းပြီလေ၊ မင်းက ဒီကိစ္စကို မလုပ်ဘူးဆိုမှတော့ ငါလည်း လိုက်ပါ စုံစမ်း မနေတော့ပါဘူး။ ဒါပေမယ့် နဂါးကောင်းကင်နန်းတော်ရဲ့ စည်းကမ်းတွေကိုတော့ မင်းတို့ သတိရပါ။ ဘယ်သူပဲ ကျူးလွန်ဖောက်ဖျက်ဖောက်ဖျက် အဲဒီလူကို သနားညှာတာခြင်းမရှိဘဲ သတ်ပစ်မယ်" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အော်ပြောလိုက်ပြီး ပြင်းထန်သောအငွေ့အသက်က ဟောင်ကူအပေါ် ချက်ချင်း ဖိနှိပ်လာသည်။
ဟောင်ကူ၏ ကျောပြင်မှ ချွေးအေးများ စိမ့်ထွက်နေသဖြင့် ချက်ခြင်းပင် သူ၏ နှလုံးသားသည် အေးခဲသွားသည်။ "ဒီလက်အောက်ငယ်သားက၊ အမှတ်ရနေပါတယ်။ ဒီလက်အောက်ငယ်သားက သေချာပေါက် စည်းကမ်းတွေကို မချိုးဖောက်ရဲပါဘူး" ဟု ကမန်းကတန်း ပြောလိုက်သည်။
"အင်း၊ ထလို့ရပြီ၊ ငါလည်း အနားယူတော့မယ်။ ငါအနားယူမယ့်အိမ်ကို ငါ့ကို ခေါ်သွားပါ။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး ဟောင်ကူသည် သူမကို လုံးဝ ကြောက်လန့်နေသည်ကို မြင်သောအခါတွင် သူမသည် အခြားဘာမျှ မပြောတော့ပေ။ သူမလိုချင်သော အကျိုးသက်ရောက်မှုက အောင်မြင်ပြီးသား ဖြစ်သွားပါပြီး။ ယခုလို နည်းဖြင့် နောက်ကာလတွေမှာ သူမလုပ်ရမည့်အရာတွေက ပိုပြီး အဆင်ပြေ ချောမွေ့လာပါလိမ့်မည်။
"ဟုတ်ကဲ့ပါ။ ဒီလက်အောက်ငယ်သားက လူကြီးမင်းကို ခေါ်သွားပေးပါ့မယ်။" ဟောင်ကူသည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို ခန်းမထဲက ခေါ်လာခဲ့ရင်း ကမန်းကတန်း ပြောလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူရှေ့သို့ ရောက်ရှိလာခဲ့ပါပြီ။
ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူအတွင်းရှိ နန်းတော်အစုများကို ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ ဤပင်လယ်နတ်ဆိုးသားရဲများ၏ အင်အားစု များသည်လည်း လူသားများအောက် ဉာဏ်ရည်နိမ့်ကျခြင်း မရှိခဲ့ပေ။ ဤနန်းတော် ကြီးသည် လူသားဧကရာဇ်မင်းမြတ်၏နန်းတော်များကဲ့သို့ ရွှေရောင်တောက်ပခြင်း မရှိသော်လည်း ခမ်းနားထည်ဝါမှုအရ လူသားများ၏နန်းတော်ထက် မနိမ့်ကျပေ။
ဤသေးငယ်သော ဆူးသုံးချောင်းလှိုဏ်ဂူသည်ပင် နဂါးကောင်းကင်နန်းတော်၏ ဂုဏ်သိက္ခာကို ပို၍ခမ်းနားထည်ဝါအောင် လုပ်ပေးနေသလိုပင်။
"ရပ်လိုက်စမ်း။ မင်းက ဘယ်သူလဲ၊ ဒါက ဆူးသုံးချောင်းလှိုဏ်ဂူကွ။ အဲဒီထဲကို ဝင်လို့မရဘူး။"
ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူအတွင်း ဆက်လက်လျှောက်လှမ်းနေချိန်၌ ချင်ယွင်၏လမ်းကြောင်းကို ပိတ်ဆို့ကာ ကျယ်လောင်စွာ အော်ငေါက်နေသော ဂဏန်းကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
"ပုဇွန်လုံးတပ်သားများနဲ့ ကဏန်းတပ်မှူးကြီး?"
ချင်ယွင်သည် ပြုံးလိုက်မိသည်။ အင်မော်တယ်ကမ္ဘာရှိ နဂါးဘုရင်နန်းတော်ရှိ ပုစွန်နှင့် ကဏန်းတပ်မှူးများသည် အင်မော်တယ်ကမ္ဘာမှာပင် ထင်ရှားကျော်ကြားသည်။ ဆူးသုံးချောင်းလှိုဏ်ဂူကို ကဏန်းကြီးတစ်ကောင်က စောင့်ကြပ်နေလိမ့်မည်ဟု သူလည်း အမှန်တကယ် မထင်ထားခဲ့ပါဘူး။ သို့သော်၊ ဤဂဏန်းကြီးသည် အဆင့်ငါး ဆိတ်သုဉ်းခြင်သားရဲမျှသာ ဖြစ်ပုံရသည်။ အင်မော်တယ်ကမ္ဘာရှိ ပုစွန်နှင့် ကဏန်း တပ်မှူးများထက် မိုင်ပေါင်း တစ်သိန်းရှစ်ထောင်ခန့် ကွာဝေးနေသည်ဟု ခန့်မှန်းလို့ရပါသည်။
"ကျွန်တော်က လင်းယွင်ပါ။ ဆူးသုံးချောင်းလှိုဏ်ဂူရဲ့ ကြီးမြတ်သော ကာကွယ်သူကို တွေ့ပြီး တစ်စုံတစ်ခုအကြောင်း မေးမြန်းစရာရှိလို့ပါ။" ချင်ယွင်က သူ့မျက်နှာကို တိုက်ရိုက် မဖော်ထုတ်ခဲ့ပါဘူး။ ယင်းအစား သူက ပြုံးပြုံးလေးဖြင့် ပြောလိုက်ပါသည်။
အခန်း (၄၃၅) ဆူးသုံးချောင်းလှိုဏ်ဂူသို့ဝင်ရောက်ခြင်း။
" ကြီးမြတ်သောကာကွယ်သူကို တွေ့ချင်တာလား" မျှော့ပါသော ကဏန်းကြီးက သတိကြီးစွာထားပြီး မေးလိုက်ပါသည်။
"ဟုတ်ကဲ့။" ချင်ယွင်က ပြန်ဖြေသည်။
ယခုအချိန်တွင် သူသည် သားရဲဘာသာစကားဖြင့် ပြောနေသောကြောင့် သံသယ ဝင်ခံရမည် မဟုတ်ပေ။ ဟုတ်ပါသည်။ သူသည်လည်း ထိုသားရဲဘာသာ စကားကို ရှောင်ဘိုင်ထံမှ သဘာဝအတိုင်း သင်ယူထားခြင်း ဖြစ်ပါသည်။
"ဒီမှာစောင့်ဦး။ မလှုပ်နဲ့။" ကဏန်းတပ်မှူးက ညွှန်ကြားသည်။ သူ့ရှေ့ရှိ လူငယ်သည် အနည်းဆုံး နတ်ဆိုးသားရဲအဆင့်မှာရှိပြီး လူသာပုံစံပြောင်းလဲနိုင် သောကြောင့် သူ့ကို အလွန်အကျွံ စော်ကားဝံ့ခြင်း မရှိပေ။
ထိုသို့ပြောပြီးနောက် အနီးနားရှိ ပုဇွန်တပ်သားများအား ဤကိစ္စကို ကြီးမြတ်သော ကာကွယ်သူထံ သတင်းပို့ရန် ညွှန်ကြားလိုက်သည်။
ချင်ယွင်သည်လည်း ခေါင်းညိတ်ပြပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူသည်လည်း အလျင်လိုခြင်း အလျဉ်းမရှိပါဘူး။ သူ၏မူလအကြံအစည်မှာ ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကြီးမြတ်သောကာကွယ်သူအား သတ်ပစ်ရန်ဖြစ်သည်။ ထို့နောက် သူသည် ဆူးသုံးချောင်းလှိုဏ်ဂူကို သိမ်းပိုက်ပြီး ထိုကြီးမြတ်သော ကာကွယ်သူရုပ်ရည်အသွင်အပြင်တိုင်း ပြောင်းလဲရန်ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကိစ္စကို လူတိုင်းရှေ့တွင် လုံးဝ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဟောင်ကူသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးနှင့်အတူ သူမနေထိုင်မည့် နေအိမ်သို့ သွားနေစဉ် လူငယ်တစ်ဦး၏အသွင်အပြင်နှင့် နတ်ဆိုးသားရဲတစ်ကောင်က စံအိမ်ကြီး အပြင်ဘက်မှာ သူ့ကိုတွေ့ပြုရန် တောင်းဆိုနေကြောင်း သူ၏လက်အောက်ငယ်သား အထံမှ သတင်းစကားကို ရုတ်တရက် ကြားလိုက်ရသည်။ သူသည် ဤကိစ္စကို ဂရုမစိုက်နိုင်ဘဲ ချက်ခြင်းပင် ငြင်းပယ်လိုက်သည်။
သို့သော်၊ ဘေးနားရှိ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ထိုနတ်ဆိုးသားရဲလူငယ်ကို စိတ်ဝင်စားသွားပုံရပြီး ထိုလူငယ်ကို သူမတွေ့ချင်သည်ဟုပြောရင်း ဟောင်ကူ၏ စကားကို ကြားဝင်နှောင့်ယှက်လိုက်သည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ထိုစကားပြောသောအခါ ဟောင်ကူသည် သဘာဝအတိုင်း မနာခံဘဲ မနေဝံ့တော့ပေ။ ထို့ကြောင့် သူသည် ထိုနတ်ဆိုးသားရဲ လူငယ်ကို ခေါ်ဆောင်ရန် လူတစ်ဦးကို ချက်ခြင်း စေလွှတ်လိုက်ရသည်။
ထိုနည်းဖြင့်ပင် ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူအတွင်းထဲ့သို့ ခေါ်ဆောင်သွားခံ လိုက်ရသည်။
ချင်ယွင်သည် လှိုဏ်ဂူထဲသို့ ပုဇွန်လုံးတပ်သား၏နောက်မှ လိုက်ပါသွားခဲ့ပြီး မကြာမီတွင် ကြီးမြတ်သောကာကွယ်သူဖြစ်သည့် ဟောင်ကူကို တွေ့လိုက်ရသည်။ သေချာပါသည်။ ချင်ယွင်သည် ကြီးမြတ်သောကာကွယ်သူ၏ဘေးတွင်ရှိနေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကိုလည်း တွေ့လိုက်ရပါသည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို မြင်သောအခါ ချင်ယွင်၏ သူငယ်အိမ်များသည် ကျုံ့သွားခဲ့သည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ခမ်းနားထည်ဝါသည့် မည်သည့်အငွေ့အသက် မျိုးမှ ထုတ်ဖောက်ထားခြင်းမရှိဘဲ အနားတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း ချင်ယွင်သည် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
"သူမက သေချာပေါက် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပဲ။ ဒီဆူးသုံးချောင်းလှိုဏ်ဂူမှာ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။" ချင်ယွင်၏ နှလုံးသားသည် ချက်ချင်းပင် လှိုင်းထန်လာပြီး မျက်ခုံးမွှေးများက အနည်းငယ် တွန့်လာသည်။
ဤအမျိုးသမီး၏ ကိုယ်ရေးအချက်အလက်သည် ရိုးရှင်းလိမ့်မည် မဟုတ်ပါဘူး။ ဟောင်ကူနှင့် ဤအမျိုးသမီးတို့ မတ်တပ်ရပ်နေသည့်ပုံစံအရ ဟောင်ကူသည် ဤအမျိုးသမီးကို အလွန်လေးစားကြောင်း တွေ့ရှိရပြီး သူ၏ခြေရာသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး နောက်သို့လိုက်ပါဟန်ဖြင့် အမြဲတမ်း နောက်မှာ ကျန်ရစ်နေခဲ့သည်။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် ဤအမျိုးသမီးသည် နဂါးကောင်းကင်နန်းတော်၏ ကြီးကျယ်ခမ်းနားသော နောက်ခံပုံရိပ်ရှိသူအဖြစ်မှ ဆင်းသက်လာသူ ဖြစ်ပါလိမ့်မည်။
သို့သော်၊ နဂါးကောင်းကင်နန်းတော်၏ ကြီးမားသောပုံရိပ်ရှိသူတစ်ဦးသည် ဤ သေးငယ်သော ဆူးသုံးချောင်းလှိုဏ်ဂူလေးတွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသည်ကို သူနားမလည်နိုင်ပါ။
ဤနည်းအားဖြင့် ဟောင်ကူကိုသတ်မည့် သူ၏အကြံအစည်သည်လည်း အချည်းနှီး ဖြစ်သွားရလိမ့်မည်။
အမှန်တကယ်မှာလည်း ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကို သိချင်နေသကဲ့သို့ပင် ထို့အတူပင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ဆွဲဆောင်မှုရှိသည့် နက်ရှိုင်းသော မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာနေပါသည်။ ထို့နောက် သူမသည် သံသယရှိသည့် အရိပ်အယောင် တစွန်းတစကို ထုတ်ဖော်လိုက်ပြီးနောက် အဆုံးတွင် သူမသည် ဆော့ကစားလိုသည့်အရိပ်အယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ မျက်လုံးများတွင် သိမ်မွေ့ညင်သာလွန်းသော အပြောင်းအလဲများကို ချင်ယွင်က သဘာဝအတိုင်း သတိပြုမိခဲ့သည်။ ဤအရာက ချင်ယွင်၏ကျောပြင်ကို အေးစိမ့်သွားစေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လုံးလုံး ထွင်းဖောက်မြင်သွားသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။ အကယ်၍ သူသည် နတ်ဘုရားအသွင်ပြောင်းပညာရပ်၏ အလွန်အစွမ်းထက်သော နတ်ဘုရားဆန်ဆန် စွမ်းရည်ကိုသာ သူ မယုံကြည်ခဲ့ပါက၊ သူ့ရှေ့မှာရှိနေသည့် ဤအမျိုးသမီးသည် သူ၏ လူသားဖြစ်သည်ဟူသော ကိုယ်ရေးအချက်အလက်ကို ထွင်းဖောက်မြင်သွားပြီဟုပင် သံသယဖြစ်မိ ပေလိမ့်မည်။
အကယ်၍ လူသားတစ်ဦးသည် ရေအောက်နတ်ဆိုးသားရဲကမ္ဘာထဲသို့ ရဲရဲဝင်ဝံ့ ဝင်ရောက်လာခဲ့ပါက နောက်ဆုံးရလာဒ်မှာ ရည်ရွယ်မထားသည့် သေဆုံးခြင်းဘဲ ဖြစ်ပါလိမ့်မည်။ ယင်းစည်းမျဉ်းသည် ထိုအချိန်တုန်းက တိုက်ပွဲကြီးအပြီးတွင် နှစ်ဖက်စလုံးမှ ချမှတ်ထားသော စည်းမျဉ်းဖြစ်ပါသည်။
"ဒီမိန်းမက သေချာပေါက် ရန်စလို့မရဘူး" ချင်ယွင်သည် ယခုလေးတင်း ခရမ်းရောင် ဆံပင်နှင့်အမျိုးသမီး သူ့အားပေးခဲ့သော ခံစားချက်သည် နားမလည်နိုင်အောင် ဖြစ်နေရကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။
"မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့ကိုတွေ့ချင်တာလဲ" ဟောင်ကူသည် သူ့ရှေ့မှ လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မရှည်သည့် အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးထဲ တွင် တောက်ပလာသည်။
ထိုလူငယ်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်ရှိနေ သော နတ်ဆိုးသားရဲလေးတစ်ကောင်မျှသာ ဖြစ်သည်။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက သူနှင့်တွေ့ဖို့ အတင်းအကြပ် တောင်းဆိုခြင်းကြောင့်သာ။ ထိုသို့ မဟုတ်လျှင်၊ သူသည် ဤလူငယ်နှင့်ထိပ်တိုက်တွေ့ပြီး အဓိပ္ပါယ်မဲ့တဲ့စကားတွေ ပြောရင်း စိတ်အနှောင့်အယှက်ဖြစ်ခံမှာ မဟုတ်ပါဘူး။
မှန်ပါသည်။ ချင်ယွင်၏ လက်ရှိကျင့်ကြံမူအခြေခံသည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်မှာ ရှိနေပါသည်။ ယင်းကိုလည်း ဟောင်ကူ၏ သတိထားစောင့်ကြည့်ခံရမူ နည်းပါးသွားစေရန်အတွက် သူသည် နတ်ဘုရားအသွင် ပြောင်းပညာရပ်၏ အလွန်အစွမ်းထက်သော နတ်ဘုရားဆန်ဆန်စွမ်းရည် အသုံးပြုခြင်းဖြင့် တမင်တကာ ဖန်တီးထားခြင်းဖြစ်ပါသည်။ ဤအခိုက်တန့်မှာပင် သူသည် ဟောင်ကူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးခံရလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။
"ကျွန်တော့်နာမည်က လင်းယွင်ပါ။ ဆူးသုံးချောင်းလှိုဏ်ဂူရဲ့ ကြီးမြတ်သော ကာကွယ် သူက အရမ်းအစွမ်းထက်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ သူ့ကိုလည်း အရမ်း လေးစားမိပါတယ်။ အဲဒါကြောင့် ဆူးသုံးချောင်းလှိုဏ်ဂူကို ကျွန်တော် ဝင်ချင်လို့ပါ" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
ဟောင်ကူကို မသတ်နိုင်ဘူးဆိုမှတော့ ယခု ဆူးသုံးချောင်းလှိုဏ်ဂူထဲကို အရင်ဝင်ပြီး ဟောင်ကူကိုသတ်ရန် အခွင့်အရေးမရှာခင် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး ထွက်သွားသည်အထိ စောင့်ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။
ချင်ယွင်က သူ့ကို အလွန်သဘောကျကြောင်း ဟောင်ကူ ကြားသောအခါတွင် သူ၏ မျက်နှာပေါ်မှာ မောက်မာမှုအရိပ်အယောင် ပေါ်လာသည်။
အထူးသဖြင့် ဤခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ရှေ့တွင် သူ၏ စွမ်းဆောင်ရည်မှာ ပို၍ပင် ပြောင်မြောက်လာလိမ့်မည်။ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ မျက်လုံးထဲ တွင် သူ့ပုံရိပ်ကမြင့်မားလာလေ နောင်ပိုင်း နန်းတော်သခင်ရှေ့မှာ သူ့အတွက် စကားများများ ပြောဆိုပေးနိုင်လေ ဖြစ်လိမ့်မည်။ ထို့နောက် နဂါးကောင်းကင် နန်းတော်မှာ သူ၏အဆင့်အတန်းသည် ချက်ချင်း မြင့်တက်လာမည် ဖြစ်သည်။
သို့သော် သူ့ရှေ့မှလူငယ်ကို ဆူးသုံးချောင်းလှိုဏ်ဂူထဲသို့ ဝင်ခွင့်ပြုခြင်းက ဟောင်ကူ အတွက် ခက်ခဲဖြစ်စေသည်။
ပုံမှန်အားဖြင့် သူစကားတစ်ခွန်းပြောလိုက်သည်နှင့် ဤလူငယ်လေး ဆူးသုံးချောင်း လှိုဏ်ဂူသို့ ဝင်ခွင့်ရမရဆိုသည်ကို သဘာဝကျကျ ဆုံးဖြတ်နိုင်ပါလိမ့်မည်။ သို့သော် လက်ရှိအချိန်မှာ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးရှိနေသည့်အတွက် တိုက်ရိုက် ဆုံးဖြတ်ချက်ချရန်မှာ သူ့အတွက် မလွယ်ကူလှပေ။
"လူကြီးမင်း ဘယ်လိုထင်ပါလဲခင်ဗျာ" ဟောင်ကူက မေးကြည့်လိုက်သည်။
အနားမှာ တိတ်တဆိတ်ရပ်နေသည့် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ပြုံးပြီး ပြောသည် "မင်းက ဆူးသုံးချောင်းလှိုဏ်ဂူရဲ့ တာဝန်ခံတစ်ဦးပဲလေ။ မင်း သဘောတူ သည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ ဒါက မင်းရဲ့ကိစ္စပါပဲ။ ဒါပေမယ့် ဟောင်ကူ၊ မင်းက မင်းရဲ့ညီနှစ်ယောက်ကို ဆုံးရှုံးလိုက်တာ မဟုတ်ဘူးလား။ မင်းရဲ့ ဆူးသုံးချောင်း လှိုဏ်ဂူမှာ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီး ရှိကောင်းရှိ နိုင်တာမို့ ဘာလို့ မင်းက သူ့ကို လက်မခံလိုက်တာလဲ။ ဒါပေမယ့် မင်းရဲ့ဆူးသုံးချောင်း လှိုဏ်ဂူကို ပူးပေါင်းလာ တဲ့ နတ်ဆိုးသားရဲအားလုံးက သူတို့ရဲ့ ကိုယ်ရေးအချက် အလက်ကို တည်ပြုနိုင်ဖို့ အတွက် သွေးစက်ကျောက်တုံးရဲ့စမ်းသပ်မူကိုတော့ ခံယူရလိမ့်မယ် ။"
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် ဆွဲမက်ဖွယ်ကောင်း သော အပြုံးတစ်ခု ရှိနေပါသည်။ သူမက ချင်ယွင်ကို ဆော့ကစားလိုသည့် အပြုံးဖြင့် ကြည့်နေသည်။ အထူးသဖြင့် သူမသည် နောက်ဆုံးစကားလုံးများကို ပြောသော အခါတွင် သူမ၏ မျက်လုံးများတွင် ဆော့ကစားလိုဟန်လေသံက ပို၍ပင် ပြင်းထန် လာခဲ့သည်။
" သွေးစက်ကျောက်တုံးလား ၊ ကိုယ့်ကိုယ်ရေးအချက်အလက်ကို သက်သေပြဖို့လား?" ချင်ယွင်၏နှလုံးသည် ရုတ်တရက် ခုန်သွားကာ သူ့နှလုံးသားသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
ဟောင်ကူသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စကားကိုကြားသည်နှင့် အနည်းငယ် ခေါင်းညိတ်သည်။ သူကိုယ်တိုင်ကလည်း ဤလူငယ်ကို သူ၏ လက်အောက်ခံအဖြစ် လက်ခံချင်နေခဲ့သည်။
သွေးစက်ကျောက်တုံးများနှင့် ပတ်သက်၍မူ ၎င်းတို့သည် နန်းတော်ကြီးသုံးခု၏ စည်းမျဉ်းများဖြစ်သည်။ နန်းတော်ကြီးသုံးခုတွင် ပူးပေါင်းပါဝင်လိုသော နတ်ဆိုး သားရဲများ အားလုံးသည် သူတို့သက်ဆိုင်ရာအင်အားစုများ၏ သွေးစက် ကျောက်တုံးများတွင် သူတို့၏သွေးများ ချပေးရမည် ဖြစ်သည်။
အဖွဲ့ခွဲတိုင်းတွင် ၎င်းတို့ကိုယ်ပိုင် အထူးသွေးစက်ကျောက်တုံးများ ရှိကြသည်။ သွေးစက်ကျောက်တုံးပေါ်မှာ သွေးစက်ချလိုက်သည့် နတ်ဆိုးသားရဲများအားလုံးသည် သွေးစက်ကျောက်တုံးနှင့် အထူးဆက်သွယ်မှုတစ်ခု ရှိလာလိမ့်မည်။ ထို့အပြင်၊ နတ်ဆိုး သားရဲတစ်ကောင်စီသည် သူ၏ဘဝသက်တမ်းတစ်လျှောက်တွင် သွေးစက်ကျောက် တုံး တစ်တုံးဖြင့်သာ ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ နတ်ဆိုးသားရဲများသည် သွေးစက်ကျောက်တုံးများပေါ်သို့ သူတို့သွေးစက်များကျသွားသည်နှင့်၊ ထိုနတ်ဆိုး သားရဲသည် ထိုအဖွဲ့ကို လုံးလုံးလျားလျား လက်အောက်ခံရမည်ဖြစ်ပြီး မည်သည့် အခါမျှ ဖျောက်ဖျက်ပစ်လို့ ရမည်မဟုတ်တော့ပေ။
ထို့ကြောင့် သွေးစက်ကျောက်တုံးဖြင့် ခန္ဓာကိုယ်ကိုစမ်းသပ်ခြင်းသည် အခြား အင်အားစုများမှ သူလျှိုများ သူတို့၏ အင်အားစုများအတွင်းသို့ ခိုးဝင်ခြင်းမှ ကာကွယ်ရန်အတွက် အင်အားစုများအားလုံး အသုံးပြုနေကြသည့် နည်းလမ်း တစ်ခုမျှသာ ဖြစ်ပါသည်။ သေခါသည်မှာ။ ဤသွေးစက်ကျောက်တုံးများမှာလည်း သင်သည် နတ်ဆိုးသားရဲအစစ် ဟုတ်မဟုတ် စမ်းသပ်လုပ်ဆောင်သည့် လုပ်ဆောင် ချက်တစ်ခုလည်း ပါဝင်ပါသည်။
ရေအောက်ကမ္ဘာထဲသို့ လူသားများ ခိုးဝင်နိုင်ခြေသည် အလွန်အမင်းနည်းပါး သော်လည်း၊ ယင်းဖြစ်နိုင်ချေကိုမူ ပုံသေတွက်ထားလို့မရပေ။ ဟိုတချိန်တုန်းက အထူးကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ကျင့်ကြံထားသော လူသားတစ်ဦးသည် ဧရာမဝေလငါးနန်းတော်သို့ ခိုးဝင်ခဲ့ပြီး နောက်ဆုံးတွင် ဆူပူလှုပ်ရှားမူကြီး အကြီးအကျယ် ဖြစ်စေခဲ့သည်။
"ဒီသွေးစက်ကျောက်တုံးပေါ်မှာ မင်းရဲ့သွေးတစ်စက်ကို ချလိုက်ပါ။ မင်းရဲ့သွေးက အထဲကိုစိမ့်ဝင်ပြီး ပေါင်းစပ်သွားတာနဲ့ ဒီသွေးစက်ကျောက်တုံးက အသက်ဝင်လာလိမ့် မယ်။ ဒါဆိုရင် မင်းက ငါ့ရဲ့ ဆူးချွန်သုံးချောင်းလှိုဏ်ဂူကို ဝင်နိုင်ပြီလို့ မှတ်ယူလို့ရပြီ။" ဟောင်ကူက ချင်ယွင်ကို ညွှန်ကြားလိုက်သည်။ လက်ဖဝါးအရွယ် အနီရောင်နက်နက် ကျောက်တုံးတစ်တုံးသည် သူ့လက်ထဲတွင် ပေါ်လာပြီး သွေး၏ ထူထပ်သိပ်သည်း သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်ကို ပြုံးပြကာ ကြည့်လိုက်သည် ။ သူမ၏ ဆွဲမက်ဖွယ်ကောင်းသော မျက်လုံးများတွင် ခိုင်မာသည့် အပြုံးမျိုး ရှိနေသည်။
ချင်ယွင်သည် တုံ့ဆိုင်းသွားသည်။ သူသည် လူသားတစ်ယောက် ဖြစ်သည်၊ ထို့ကြောင့် သူ၏သွေးသည် သွေးစက်ကျောက်တုံးကို မည်သို့ အသက်သွင်းနိုင်မည်နည်း။
ယခုမူ ဤခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးရှိနေသဖြင့် ထိုသို့ မလုပ်ဆောင်ပါက သူမသည် ချက်ခြင်းပင် သံသယဖြစ်ဖွယ် ရှိသည်။ ထိုအချိန်ရောက်လျှင် ဤ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် လှုပ်ရှားလာမှာ သေချာပြီး ချင်ယွင်ကို စောင့်ကြိုနေသည့် တစ်ခုတည်းသောနည်းလမ်း သေခြင်းပင် ဖြစ်သည်။
"မေ့လိုက်ပါ, အလောင်းအစား လုပ်ကြည့်ကြစို့!"
ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ဓားလက်ချောင်းတစ်ခုက သူ့လက်ချောင်းတစ်လျှောက် ဖြာထွက်သွားသည်နှင့် သွေးတစ်စက်က လွင့် ထွက်သွားကာ လွင့်မျောနေသော သွေးစက်ကျောက်တုံးဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် သူထွက်ပြေးလွတ်မြောက်ရန်အတွက် ပြင်ဆင် ရင်း သူ၏ဝိညာဉ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။ သွေးစက်ကျောက်တုံးက မည်သည့် တုံ့ပြန်မှုမှ မပြုတော့သည်နှင့် သူသည် ထွက်ပြေးရန်အတွက် သူ၏ လှုပ်ရှားမှုပညာရပ် ကို ချက်ချင်း အသုံးပြုမည် ဖြစ်ပါသည်။
စာစဉ် (၂၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။