← Chapters

အခန်း (၄၃၆-၄၄၀)

Vol. 30 Ch. 436-440

အခန်း (၄၃၆-၄၄၀)

Vol. 30 Ch. 436-440

အခန်း (၄၃၆) သခင်တပ်မှူး။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်၏အမူအယာကို အာရုံစိုက်နေခဲ့သည်။ ချင်ယွင်၏ ထိတ်လန့်သော အမူအရာကို မြင်လိုက်ရသည့်အခါတွင် သူမပါးစပ်ထောင့် အစွန်းရှိ ဆွဲမက်ဖွယ်အပြုံးသည် ပို၍ပင် ဆွဲဆောင်မှု ရှိလာခဲ့သည်။

ချင်ယွင်သည် ဤအမျိုးသမီး၏ရှေ့မှာ စိုးရိမ်ပူပင်မူအပြည့် ဖြစ်နေမိသည်။ ဤအမျိုးသမီး၏ မျက်လုံးတစ်စုံသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပုံရပြီး သူ့နောက်ကျောကို တစ်ခုခုဖြင့် ထောက်ထားသည့် ခံစားချက်မျိုး သူအမြဲတမ်း ခံစားနေရသည်။

ဝှီး………. !

ချင်ယွင်၏သွေးသည် သွေးစက်ကျောက်တုံးဆီသို့ ပျံသန်းသွားခဲ့ပြီး သွေးစက် ကျောက်တုံးထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ သို့သော် သွေးစက် ကျောက်တုံးမှ လှုပ်ရှားမှုမှ မရှိခဲ့ပေ။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ဤအခြင်းအရာကို မြင်လိုက်ရသည့်အခါတွင် သူမ၏ ဆွဲမက်ဖွယ်ကောင်းသော အပြုံးတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင် များ တဖြည်းဖြည်း ပေါ်လာသည်။

ဟောင်ကူ၏ မျက်လုံးတစ်စုံသည်လည်း ချင်ယွင်ကို ပြင်းပြင်းထန်ထန် ကြည့်နေသည်။ သူ၏နီမြန်းသော မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး ကြောက်မက် ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူ့လက်ဖဝါးမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

သွေးစက်ကျောက်တုံးသည် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။ ဤအရာသည် ချင်ယွင်၏ သွေးကို သွေးစက်ကျောက်တုံးမှ အသိအမှတ် မပြုဘူးဟု ဆိုလိုခြင်းသာ ဖြစ်နိုင်ပါတော့ သည်။

ချင်ယွင်၏ မျက်ခုံးများသည်လည်း တွန့်သွားခဲ့သည်။ သေချာသည်မှာ၊ သူ၏သွေးသည် သွေးစက်ကျောက်တုံး၏ တုံ့ပြန်မှုကို မဖြစ်ပေါ်စေခဲ့သေးပါဘူး။

လေထုသည် ရုတ်တရက် အလွန်ပြင်းထန်လာခဲ့သည်။ တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားနိုင်သည်။

ဘန်း……!

ဟောင်ကူက တိုက်ခိုက်ခါနီးတွင်၊ ယခင်က တစ်ခါမျှ မပြောင်းလဲခဲ့သော သွေးစက် ကျောက်တုံးသည် ရုတ်တရက် ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည်။

မူလက အနီရောင်နက်နက် သွေးစက်ကျောက်တုံးသည် အနှိုင်းမဲ့ တောက်ပသော သွေးနီရောင် အလင်းတန်းကို ထုတ်လွှတ်သည်။ သွေးနီရောင်အလင်းတန်းသည် ခန်းမတစ်ခုလုံးကို လင်းထိန်လုနီးပါးဖြစ်ပြီး သွေးစက်ကျောက်တုံးမှ နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသောအငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာခဲ့ပါသည်။

"အစစ်အမှန်နဂါးသွေးမျိုးဆက်လား…..?" ဟောင်ကူနှင့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့သည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်ရင်း သူတို့၏မျက်လုံးများက ပြူးကျယ်သွားကြ၏။

ချင်ယွင်သည် သူ၏အသက်အန္တရာယ်အတွက် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သွေးစက်ကျောက်တုံးသည် ရုတ်တရက် လှုပ်ရှားမူရှိလာမည်ဟု သူ မမျှော်လင့်ထား ခဲ့ပေ။

သွေးစက်ကျောက်တုံးမှ ထွက်ပေါ်လာသော နဂါးရောင်အငွေ့အသက်ကို မြင်လိုက်ရ သဖြင့် ချင်ယွင်သည် ချက်ချင်း သဘောပေါက်သွားသည်။

တစ်ချိန်တုန်းက သူသည် နဂါးသွေးဆေးပြားကို သောက်သုံးခဲ့ဖူးပြီး မီးနဂါး၏ သွေးအနှစ်သာရသည် သူ၏သွေးမျိုးဆက်ထဲသို့ ရောနှောခဲ့နေပြီ ဖြစ်သည်။

၎င်းမီးနဂါးသွေးအနှစ်သာရသည် အနည်းငယ် နည်းပါးသော်လည်း ၎င်းသည် အစစ်အမှန်နဂါးတစ်ကောင်၏ သွေးဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့်၊ သွေးစက် ကျောက်တုံးသည် ချင်ယွင်၏ သွေးထဲတွင် နဂါးသွေးမျိုးဆက်၏ စွမ်းအားကို သဘာဝအတိုင်း ခံစားမိခြင်း ဖြစ်ပါလိမ့်မည်။

"တကယ်တော့ မင်းမှာ အစစ်အမှန်နဂါးသွေးမျိုးဆက် ရှိနေတာပဲ။ မင်းက နတ်ဘုရား သားရဲတစ်ကောင်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးသားရဲတစ်ကောင်များ လား။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် သူမရှေ့တွင် ဖြစ်ပျက်နေသည်များကို မယုံနိုင်သလိုဖြစ်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

သူမ၏မျက်လုံးများသည် သဘာဝအတိုင်း ပုံရိပ်ယောင်များကို ထွင်းဖောက်နိုင်စွမ်းဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူမသည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမရှေ့မှာရှိနေ သည့် မည်သည့် နတ်ဆိုးသားရဲတစ်ကောင်ကိုမဆို ထွင်းဖောက် မြင်နိုင်သည်။

သို့သော်၊ သူမသည် သူမရှေ့မှာရှိနေသည့် ချင်ယွင်ကို ထွင်းဖောက်မမြင်နိုင်သော ကြောင့် သူမရှေ့ရှိ ဤလူငယ်သည် ရေအောက်နတ်ဆိုးသားရဲကမ္ဘာကို စိမ့်ဝင်လာသော လူသားတစ်ဦးဖြစ်မည်ကို သူမအမြဲတမ်း သံသယရှိနေခဲ့သည်။

သို့သော် ယခုအချိန်တွင် သွေးစက်ကျောက်တုံးသည် ချင်ယွင်၏ ကိုယ်ရေးအချက် အလက်ကို နတ်ဆိုးသားရဲအဖြစ် အသိအမှတ်ပြုခဲ့ပြီး အစစ်အမှန်နဂါးသွေးမျိုးဆက် နှင့်အတူ နတ်ဘုရားသားရဲသွေးမျိုးဆက်မှ ဆင်းသက်လာသော နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်နေသည့်အတွက် သူမ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။

သို့သော် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို သံသယဖြစ်စေခဲ့သော်လည်း သွေးစက် ကျောက်တုံးသည် မလိမ်ညာနိုင်ပေ။

"သူက တကယ် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ ဘာလို့ သူ့ရဲ့ ရုပ်အသွင်အပြင် အစစ်အမှန်ကို မမြင်နိုင်ရတာလဲ" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး သည် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ယခုလိုအခြေအနေမျိုးကို သူမသည် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ အကယ်၍ နန်းတော်သခင်သုံးယောက်လုံး သူမရှေ့ရှိနေလျှင်ပင် သူမသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့်၊ သူမရှေ့မှာရှိနေသည့် ဟောင်ကူသည် သူ၏ပုံစံအစစ်အမှန်မှာ ကြက်သွေးရောင်မီးလျှံမြွေပွေးကြီးတစ်ကောင် ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သူမ ပြောပြနိုင်ပါသည်။

ဟောင်ကူသည်လည်း ထိတ်လန့်သွားပါသည်။ ဟုတ်ပါသည်။ သူကတော့ ချင်ယွင်၏ ကိုယ်ရေးအချက်အလက်ကို သံသယဝင်ခြင်းကြောင့် မဟုတ်ဘဲ ချင်ယွင်သည် အစစ်အမှန် နတ်နဂါးသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်ပါသည်။

ပင်လယ်ကြမ်းပြင်အောက်တွင် နတ်ဆိုးသားရဲများစွာရှိသော်လည်း နတ်ဘုရားသားရဲ များ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်သူများမှာ အနည်းငယ်မျှသာ ရှိပါသည်။

သူသိထားသလောက်ဆိုရင် ကောင်းကင်ဘုံနဂါး နန်းတော်၏ နန်းတော်သခင် သုံးယောက်စလုံးသည် အစစ်အမှန်နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည့် နတ်ဆိုးသားရဲတွေ ဖြစ်ကြပါသည်။ နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲများသည် သူတို့ရှာဖွေတွေ့ရှိသွားသည်နှင့် သူတို့သည် အင်အားစုကြီးသုံးခု၏ တိုက်ခိုက်ခံရမည်ကို သေချာပေါက် သိလိုက်သည် နှင့် သူတို့သည် အစစ်အမှန်နဂါးသွေးမျိုးဆက်ဖြင့် နတ်ဘုရားသားရဲများမှ ဆင်းသက် လာသူများ ဖြစ်ကြသည်ကို မဖော်ပြတော့ဘဲ သူတို့၏ကျင့်ကြံမူအပေါ်မှာသာ အာရုံစိုက်ကြမည် ဖြစ်သည်။ အနာဂတ်တွင် သူတို့သည် နန်းတော်သခင်သုံးပါးနှင့် ယှဉ်ပြိုင်နိုင်သည်အထိ ရှင်သန်ကြီးထွားကောင်း ကြီးထွားလာနိုင်မည် ဖြစ်သည်။

ဤအကြောင်းကို တွေးလိုက်သည်နှင့် ဟောင်ကူ၏မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင် ပေါ်လာပါသည်။ အကယ်၍ သူသည် ထိုကဲ့သို့သော နတ်ဆိုး သားရဲတစ်ကောင်ကို တွေ့ရှိခဲ့မည်ဆိုပါက ၎င်းကို ချက်ချင်း သတ်ပစ်မည်မှာ သေချာပါသည်။

သူသည် သေချာပေါက် အခြားလူတွေကို သူ့ကို လွှမ်းမိုးခွင့် ပေးမှာမဟုတ်ပါဘူး။ ယခင်ကတည်းက သူ့ထက် သန်မာနေသည်ဆိုလျှင်တော့ မေ့ထားလိုက်ပါလိမ့်မည်။ သို့သော် သူ့လောက်တောင်မှ မသန်မာသေးသည့် သူတွေကိုကြည့်နေရင်းမှ တဖြည်းဖြည်းနှင့် သူ့ထက်သာလွန်သွားမည်ဆိုလျှင် သူ့နှလုံးသားက အလွန်မင်း ညှဉ်းပမ်းနှိပ်စက်မူကို ခံစားရပါလိမ့်မည်။

"မင်းရဲ့အစစ်အမှန် ပုံစံကဘာလဲ" ထိုအချိန်မှာပင် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ရုတ်တရက် စကားပြောလာပါသည်။

"မဟူရာသိမ်မွေ့ရေမြွေ" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

ဤအချက်ကို သူစဉ်းစားထားပြီးသား ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က သူ၏ပုံစံအစစ်အမှန်က မည့်သည့်အရာဖြစ်သနည်းဟု မေးလာခဲ့လျှင် သူသည် မဟူရာ သိမ်မွေ့ရေမြွေဟု ဖြေဆိုရလိမ့်မည်။

ယင်းမှာလည်း မဟူရာသိမ်မွေ့ရေမြွေတွင် ထူးခြားချက်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ၎င်းရေမြွေသည် သူ၏မူလခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ပြင်းထန်သော အနံ့အသက်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့အပြင်၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မြူခိုးများသည် အလွန်အမင်း အဆိပ်ပြင်းသည်။ ထို့ကြောင့် မဟူရာသိမ်မွေ့ရေမြွေဟု ကြားလိုက်သည်နှင့် ၎င်းတို့သည် သူ၏ မူလကိုယ်ခန္ဓာ အဖြစ်သို့ ပြောင်းလဲခြင်းမပြုမီ အဝေးမှာ ပုန်းအောင်းနေကြရသည်။

သေချာသည်မှာ။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည်သည် " မဟူရာသိမ်မွေ့ရေမြွေ" ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် သူမ၏နူးညံ့ပျော့ပြောင်းသည့် မျက်ခုံးလေး တွေက ချက်ချင်းတွန့်သွားခဲ့ပြီး ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို စူးစမ်းရန် စိတ်မဝင်စားတော့ပါဘူး။

ဟောင်ကူ၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာသည့် အရိပ်အယောင် ပေါ်လာသည်။ မဟူရာသိမ်မွေ့ရေမြွေသည် မြွေနှင့်တူသော ဆိတ်သုဉ်းခြင်းသားရဲများကြားတွင် အရှက်မရှိဆုံး သားရဲများဖြစ်ကြသည်။

သူတို့နှစ်ယောက်၏ အမူအရာများကို ကြည့်ပြီး ချင်ယွင်သည် သက်ပြင်းချလိုက်မိ၏။ သူတို့နှစ်ယောက်က သူ့ကို သူ၏မူလကိုယ်ခန္ဓာအဖြစ် ပြန်ပြောင်းခိုင်းမှာကို ချင်ယွင်သည် အမှန်တကယင် ကြောက်လန့်နေမိပါသည်။

နတ်ဘုရားအသွင်ပြောင်းပညာရပ်၏နတ်ဘုရားအစွမ်းသည် မည်မျှပင် အစွမ်းထက် နေစေကာမူ ၎င်းသည် ဧရာမမဟူရာသိမ်မွေ့ရေမြွေကြီးအဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်ပါပေ။ အင်မော်တယ်ကမ္ဘာမှ ကောင်းကင်ဘုံအသွင်ပြောင်းခြင်းပညာရပ်၏ ကောင်းကင်ဘုံကို အံတုနိုင်သော နတ်ဘုရားစွမ်းရည်မျိုးကို မပိုင်ဆိုင်ပါက၊ ၎င်းသည် အမှန်တကယ်ပင် မဖြစ်နိုင်ပါ။

"မင်းက အစစ်အမှန်နဂါးသွေးမျိုးဆက်နဲ့ နတ်ဆိုးသားရဲတစ်ကောင်ဆိုမှတော့ ငါတို့ နဂါးကောင်းကင်နန်းတော်ရဲ့ စည်းမျဉ်းတွေအရ မင်းက ဆူးသုံးချောင်းလှိုဏ်ဂူကို ဝင်စရာမလိုတော့ဘူး။ အခု မင်းကို ငါက နန်းတော်သခင်ကိုယ်စား တပ်မှူးရာထူးကို ခန့်အပ်လိုက်မယ်။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ပြောလိုက်ပါသည်။

"တပ်မှူးလား?" ဘေးနားတွင်ရှိနေသော ဟောင်ကူသည် ချင်ယွင်ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်ရင်း ချက်ချင်းပင် ထိတ်လန့်သွားသည်။

"တပ်မှူးရာထူးဆိုတာ ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ငါတို့ နဂါးကောင်းကင်နန်းတော်မှာ ကြီးစဉ်ငယ်လိုက် ရာထူးအဆင့်တန်းတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာရှိတယ်။ အဲဒီရာထူးအဆင့်တန်းတွေက နန်းတော်သခင်၊ အကြီးအကဲ၊ တပ်မှူး နဲ့ ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့်၊ တပ်မှူးရာထူးဆိုတာက ကာကွယ်သူတွေရဲ့ အထက်မှာ ရှိနေတယ်။ ကိုယ့်ကိုရှုံးနိမ့်သွားတဲ့ လိုဏ်ဂူပေါင်းများစွာမှာ တာဝန်ယူထားတဲ့ ကာကွယ်သူတွေကို သူ့လက်အောက်မှာထားပြီး အမိန့်ပေးနိုင်တယ်။” ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ရှင်းပြသည်။

ထိုစကားကိုကြားလျှင် ချင်ယွင်၏စိတ်ထဲတွင် ရယ်မောသွားမိ၏။ ကံကြမ္မာကြီးက လူတွေအားလုံးကို လှည့်စားတတ်သည်ဟု အားလုံးက ပြောလေ့ရှိကြသည်။ ယခင်က သူသည် ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကာကွယ်သူသုံးဦးကိုသတ်ပြီး ကြီးမြတ်သော ကာကွယ်သူ၏ ကိုယ်ရေးအချက်လက်ကို သိမ်းယူရန် ကြံစည်နေခြင်း ဖြစ်သည်။ သို့သော်လည်း ယခု သူသည် ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် တပ်မှူးတစ်ဦး ဖြစ်လာလိမ့် မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်းရာထူးသည် ကာကွယ်သူ၏ အထက်မှာပင် ရှိနေသေး၏။ အကယ်၍ ဤမျှလွယ်လွယ်ကူကူဖြင် ဖြစ်လာမည်မှန်း သူသိခဲ့လျှင် သူသည် အဘယ် ကြောင့် ယခုလို ကြိုးစားအားထုတ်နေတော့မည်နည်း ။

သေချာသည်မှာ။ ဤကိစ္စသည် အပြောသာ လွယ်ကူနေခြင်း ဖြစ်ပါသည်။ အမှန်တကယ်ဆို ချင်ယွင်သည် စောစောလေးက ငရဲပြည်ကိုပင် ရောက်သွားနိုင်ပါ သည်။ အကယ်၍ သူသည် ယခင်က နဂါးသွေးဆေးကို မသောက်သုံးခဲ့မိပါက၊ ယခုအချိန်တွင် သူသည် လိုက်ဖမ်းခံနေရသည့် ဝရမ်းပြေးဘဝဖြင့် အိမ်ယာမဲ့ ခွေးတစ်ကောင် ဖြစ်လာပေလိမ့်မည်။

" ဒါပေမယ့်၊ အခုချိန်မှာ အင်မော်တယ်လှိုဏ်ဂူ ၈၁ ဂူလုံးက တပ်မှူးကြီးတစ်ဦးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ဒါကြောင့် မင်းရဲ့တပ်မှူးရာထူးက အမည်ခံ အတုအယောင်တစ်ခုသာ ဖြစ်တယ်။ မင်းရဲ့ ခွန်အားတွေ တိုးလာတဲ့အခါကျမှ ငါတို့က ဒီအကြောင်းကို ဆက်ပြောကြတာပေါ့။ ဒါက မင်းရဲ့တပ်မှူးတံဆိပ်ပြားပဲ။ အဲဒီအပေါ်မှာ မင်းရဲ့သွေးစက် ချလိုက်ပါ ။" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဆက်ပြောသည်။

ချင်ယွင်သည် တံဆိပ်ပြားကို အမြန်ယူကာ အထက်ကိုဖားသည့်ဟန် ဟန်ဆောင် လိုက်သည်။ ဤအရာက အမည်ခံရာထူးတစ်ခု ဆိုရင်တောင်မှ တပ်မှူးရာထူး ဖြစ်နေဆဲ ဖြစ်ပါသည်။ နောင်အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီး ရှိလာပါလိမ့်မည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းညိတ်ပြပြီး သတိပေးစကား ပြောလိုက်သည် “အခု မင်းက စွမ်းအား လိုအပ်နေသေးတယ်။ ဒီအချိန်အတွင်းမှာ မင်းက ဆူးသုံးချောင်း လှိုဏ်ဂူထဲမှာ အရင်ဆုံး နေသင့်တယ်။ ငါ့လုပ်ငန်းကိစ္စပြီးရင် မင်းက ငါ့နဲ့အတူ နန်းတော်သခင်သုံးယောက်ကို တွေ့ဆုံဖို့ နဂါးကောင်းကင်နန်းတော်ကို လိုက်ခဲ့နိုင် တယ်။ ဟောင်ကူ၊ တပ်မှူးအတွက် နေရာတစ်ခု စီစဉ်ပေးလိုက်ပါ။"

"ဟုတ်ကဲ့ပါ လူကြီးမင်း။" ဟောင်ကူသည် စိတ်ထဲမှာ မလိုလားသော်လည်း ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ စကားကို နားမထောင်ဘဲ မနေဝံ့ပေ။ သူသည် သူ့သွားများကြားမှ စာကြောင်းတစ်ကြောင်းကို ဖျစ်ညှစ်ထုတ်ပြီး ပြောဆိုရုံသာ တတ်နိုင်ပါတော့သည် “တပ်မှူး၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ” ဟူ၏။

အခန်း (၄၃၇) လိပ်နက်ဘိုးဘေး။

ချင်ယွင်သည် ဟောင်ကူ၏ စကားကိုကြားသောအခါ၊ သူ၏ပါးစပ်ထောင့်စွန်းမှ ခပ်ဖျော့ဖျော့ လှောင်ပြောင်ဟန်အပြုံးကို မနေနိုင်ဘဲ ပြုံးလိုက်မိပါသည်။ ဟောင်ကူ ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒကို သူသည် ယခုလေးတင် ရှင်းရှင်း လင်းလင်း မြင်နေရပါသည်။

မူလကကတော့ သူသည် ဟောင်ကူကို အလွတ်ပေးရန် စီစဉ်ထားပြီး ဖြစ်သော်လည်း ဟောင်ကူက သူ့ကို မနာလိုစိတ်နှင့်အတူ သတ်ပစ်ချင်နေလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပါဘူး။ သေဆုံးရမည့်သူက မည်သူဖြစ်မလဲဆိုသည် သူ အမှန်တကယ် မသိနိုင် သေးပါဘူး။

အကယ်၍ ဟောင်ကူသည် အမှန်တကယ် သူ့ကိုသတ်ရန် လှုပ်ရှားချင်သည် ဆိုလျှင် ချင်ယွင်သည် သူ၏အသက်ကို ယူရမည်ဆိုလျှင်လည်း စိတ်ထဲထားနေမည် မဟုတ်ပါ ဘူး။

ချင်ယွင်သည် စင်္ကြန်များစွာကို ဖြတ်ကျော်ရင်း ဟောင်ကူနောက်မှ လိုက်ပါလာခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် လှိုဏ်ဂူတစ်ခု၏ရှေ့သို့ ရောက်ရှိလာပါသည်။

"မျိုးမစစ်ကောင်၊ ဒါက မင်းနေရမယ့်အိမ်ပဲ။" ဟောင်ကူက ချင်ယွင် ဘက်လှည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

"ရပ်လိုက်စမ်း၊ ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ" ချင်ယွင်က ဒေါသတကြီး အော်ပြောလိုက်သည်။

ချင်ယွင်၏စကားကိုကြားလျှင် ဟောင်ကူက လှောင်ပြောင်ရယ်မောပြီး ရပ်လိုက်သည်။ သူက ပြန်လှည့်ကြည့်ရင်း သရော်ဟန်ဖြင့် ပြောလိုက်သည် "ဟမ့်၊ မင်းက ကိုယ့်ကို ကိုယ် တပ်မှူးတစ်ယောက်အနေနဲ့ တကယ်ပဲ သဘောထားနေတာလား။ ငါပြောပါရ စေဦး၊ တပ်မှူးတစ်ယောက်ဆိုတိုင်း တပ်မှူးတစ်ယောက်ဖြစ်လာနိုင်တာ မဟုတ်ဘူး။ သေးငယ်တဲ့ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့် နတ်ဆိုးသားရဲ လေးတစ်ကောင်က ငါ့ကို အမိန့်လာပေးချင်နေတယ်။ ဒါက တကယ်ကို စိတ်ကူးယဉ် နေတာပဲ။ မင်း ငါနဲ့ပတ်သက်ရင် ရိုးရိုးသားသားနေဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်း ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။"

ဟောင်ကူသည် သူ၏ပါးစပ်ထောင့်စွန်းတွင် ပြင်းပြင်းထန်ထန် ရှုတ်ချသည့်ဟန် ထုတ်ဖော်ထားရင်း ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ချင်ယွင်ကို ပြန်လည် ချေပရန်ပင် အခွင့်အရေးမပေးဘဲ ထွက်ခွာသွားခဲ့သည်။

ချင်ယွင်သည် ဟောင်ကူ၏ နောက်ကျောကို ကြည့်ပြီး အေးစက်စွာ မပြုံးဘဲ မနေနိုင်ပေ။

မူလကတော့ ဟောင်ကူသည် အနည်းဆုံး သူ့ရှေ့တွင် ဟန်ဆောင်နေမည်ဟု သူ ထင်ခဲ့ သည်။ သို့သော်လည်း ဟောင်ကူသည် သူ့ကို ဤမျှလောက် မထီမဲ့မြင် ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နောက်တစ်နေ့တွင် ချင်ယွင်သည် ကျင့်ကြံနေရင်း သူ့နေအိမ်မှာပင် နေခဲ့လေသည်။

သူသည် တပ်မှူးရာထူးကို ရယူထားပြီးဖြစ်သော်လည်း ချင်ယွင်၏ အင်အားမှာ မလုံလောက်သေးပေ။

သူ၏ ကျင့်ကြံမူအခြေခံကို တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ မြှင့်တင်နိုင်ခဲ့ပါက၊ သူ၏စွမ်းအားသည် အရည်အသွေးတစ်ခုအနေဖြင့် ခုန်တက်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်များ နှင့်တွေ့လျှင်ပင် ချင်ယွင်သည် တိုက်ခိုက်ဝံ့ဆဲ ဖြစ်သည်။

"ဘုန်း……..!"

ချင်ယွင်သည် လှိုဏ်ဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ တည်ငြိမ်စွာ လေ့ကျင့်နေစဉ် လှိုဏ်ဂူအပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သည်။ ယခုလေးတင် ထွက်ပေါ်လာသည့် ကျယ်ကျယ်လောင်လောင် ဆူညံသံက လှိုဏ်ဂူတစ်ခုကို လူတစ်ယောက် ဝင်တိုက်ခိုက် ခြင်းကြောင့်ဆိုတာ ထင်ရှားပါသည်။

သို့သော်လည်း ချင်ယွင်သည် ဆူးသုံးချောင်းလှိုဏ်ဂူအတွင်း ကျူးကျော်ဝင်ရောက်ပြီး အတင့်ရဲပြီး မည်သူက ပြဿနာလာရှာလဲဆိုသည်ကို အတိအကျ မသိနိုင်ပေ။ ဆူးသုံး ချောင်းလှိုဏ်ဂူသည် နဂါးကောင်းကင်နန်းတော်၏ လိုဏ်ဂူ ၈၁ ဂူများကြားတွင် အဆင့်နိမ့်သော်လည်း၊ ၎င်းသည် နဂါးကောင်းကင်နန်းတော်၏ အင်အားစုတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သည်။ နဂါးကောင်းကင်နန်းတော်၏ အင်အားစုတစ်ခုကို ပြဿနာ ရှာခြင်းသည် နဂါးကောင်းကင်နန်းတော်ကို ကျူးကျော်ရန်စခြင်း ဖြစ်သည်။

"ဘုန်း……..!"

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လှိုဏ်ဂူကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး ကျောက်နံရံပေါ်ရှိ ကျောက်တုံးလေးများသည် တစ်ခုပြီး တစ်ခု ပြိုလဲသွားသည်။

ချင်ယွင်သည် သိချင်စိတ်ပြင်းပြနေရုံတင် မဟုတ်တော့ သူကိုယ်တိုင်လည်း ချက်ချင်း အပြင်ထွက်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လှိုဏ်ဂူအဝင်ဝမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ် လာသည်။

"ဟောင်ကူ၊ ဒီနေရာကို ထွက်လာခဲ့စမ်း" အစိမ်းရောင်ဆံပင်နှင့် အဘိုးကြီး တစ်ယောက်သည် လက်ထဲမှာ လမ်းလျှောက်တုတ်ကို ကိုင်ထားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ဒေါသတကြီးအော်ဟစ်သံက ကောင်းကင်ယံသို့ပင် ပျံတက် သွားခဲ့သည်။

" လိပ်နက်ဘိုးဘေး၊ မင်း သေခြင်းတရားကို တောင်းခံနေတာလား? မင်းက ငါ့ဂူကို တကယ် တိုက်ခိုက်ရဲတာလား။" ဟောင်ကူ၏ ဒေါသတကြီးအော်သံက ထွက်ပေါ်လာခဲ့ပြီး ဟောင်ကူ၏ ကြံ့ခိုင်သန်မာသော ရုပ်အသွင်အပြင်သည် လှိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။

အစိမ်းရောင်ဆံပင်နှင့်အဘိုးကြီးသည် ဟောင်ကူကိုမြင်သောအခါတွင် ဒေါသ အရိပ်အယောင်များ ထွက်ပေါ်လာသည်။

မှန်ပါတယ်၊ ဤအစိမ်းရောင်ဆံပင်နှင့်အဘိုးကြီးသည် လျှို့ဝှက်ဆန်းကြယ်လိပ်နက် လှိုဏ်ဂူရဲ့ လိပ်နက်ဘိုးဘေးကြီး ဖြစ်ပါသည်။

"ဟမ့်၊ ဟောင်ကူ၊ မင်းက ငါ့သားကိုသတ်သွားတဲ့ လူသတ်သမားကို အပ်လိုက်ပါ။ မဟုတ်ရင် ငါက နန်းတော်ရဲ့ စည်းကမ်းတွေကို မလိုက်နာဘူးရင်တောင် ဒီနေ့ မင်းနဲ့ သေတဲ့အထိ တိုက်မယ်။" အစိမ်းရောင်ဆံပင်နှင့်အဘိုးကြီးက ဒေါသတကြီး အော်ပြော လိုက်သည်။ ဤပြင်းထန်သော အော်သံအောက်တွင် သူ၏အစိမ်းရောင် မုတ်ဆိတ်မွေး များသည် အဆက်မပြတ် တုန်ခါနေပြီး သူ၏ခန္ဓာကိုယ်သည်လည်း သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"အယုတ်တကောင်အိုကြီး၊ မင်းရူးနေပြီ ထင်တယ်၊ မင်းရဲ့သားသေတာက ငါ့နဲ့ ဘာဆိုင်လို့လဲ၊ မင်း တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ ငါ အကြံပေးလိုက်မယ်။ မင်း ငါ့ဂူပေါက်ဝမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ လာမလုပ်နဲ့။ မဟုတ်ရင် မင်း အကျိုးဆက်ကို ခံစားသွားရလိမ့်မယ်။" ဟောင်ကူက စိတ်မရှည်စွာ အော်ပြောလိုက်သည်။

ယခုအချိန်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူ၏ဂူထဲတွင် အနားယူ နေပါသည်။ အကယ်၍ သူမ ကျင့်ကြံမူကို အနှောင့်အယှက်ဖြစ်သွားမည်ဆိုလျှင် သူမက သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကို သူပြန်တွေး လိုက်သော အခါတွင် သူ၏ကျောရိုးအောက်ခြေအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

သို့သော် လိပ်နက်ဘိုးဘေးသည် အလျော့မပေးလိုခဲ့ပေ။ သူ၏ တစ်ဦးတည်းသော သားလေး အသတ်ခံရပြီးနောက် သူသည်လည်း အသိစိတ်ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ ယခုအချိန် သူလိုချင်သည်မှာ သူ့သားအတွက် လက်စားချေခြင်းပင် ဖြစ်သည်။

"ငါက လာရှုပ်နေတယ်၊ ဟုတ်လား ဟောင်ကူ၊ ငါ့ရဲ့မိုးပြာလျှို့ဝှက်ဆန်းကြယ်လှိုဏ်ဂူနဲ့ မင်းရဲ့ဆူးသုံးချောင်းလှိုင်ဂူတို့ဟာ အမြဲတမ်း သဘောထားကွဲလွဲနေပေမယ့် မင်းရဲ့ဂူကို အရင်က ငါ မတိုက်ခိုက်ခဲ့ဖူးဘူး။ မင်းက ဒီလောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းလိမ့် မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ငါ့သားလေးရဲ့အသက်ကိုယူဖို့ တစ်စုံ တစ်ယောက်ကို လွှတ်လိုက်တယ်သေးတယ်။ အခုတော့ မင်းက ဒါကို ဝန်ခံဖို့ ငြင်းဆို နေသေးတယ်။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ တကယ်လို့ မင်းနေနဲ့ လူသတ်သမားကို ငါ့လက်ထဲ လွဲမပေးဘူးဆိုရင် မင်း ငါ့လက်ထဲ လွဲပြောင်းပေးတဲ့အထိ ငါ ရိုက်နှက်ရလိမ့်မယ်။” လိပ်နက်ဘိုးဘေးက ကျယ်လောင်စွာ အော်လိုက်ပြီး ဟောင်ကူဆီကို ပြေးဝင်သွားတော့မည်။

"နေဦး….၊ ဟောင်ကူက ကမန်းကတန်း အော်လိုက်တယ်။ သူသည် လိပ်နက် ဘိုးဘေးကို တိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။ ဟုတ်ပါသည်။ ယင်းကလည်း သူသည် လိပ်နက်ဘိုးဘေးကို ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပါဘူး၊ နန်းတော်အဖွဲ့ဝင် အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားချက်ကြောင့် ဖြစ်ပါသည်။ ထို့အပြင် အကြီးအကဲတစ်ဦးသည် လောလောဆယ်တွင် သူ၏လှိုဏ်ဂူထဲမှာ ရောက်ရှိနေပါသည်။ အကယ်၍ သူသည် လိပ်နက်ဘိုးဘေးကို ပြန်လည်တိုက်ခိုက်မည်ဆိုပါလျှင် သူသည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရဖွယ် ရှိပါသည်။

လိပ်နက်ဘိုးဘေးသည် ဟောင်ကူ၏ စကားကိုကြားသောအခါ ရပ်တန့်လိုက်ပြီး “ ဘာဖြစ်တာလဲ?၊ မင်း ဝန်ခံလိုက်ပြီလား။ ဒါဆိုလည်း လူသတ်သမားကို မြန်မြန် လွှဲပေးလိုက်စမ်း" ဟု အေးစက်စွာ ပြောလိုက်သည်။

ဟောင်ကူသည် လိပ်နက်ဘိုးဘေးကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ “မင်းရဲ့သားကို သတ်ဖို့ ငါက တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပြီး အဲဒီ လူသတ်သမားကို ငါ့ဂူထဲမှာ ဝှက်ထားတယ်လို့ မင်းက ပြောနေတယ်၊ ​​မင်းမှာ သက်သေရှိလို့လား"ဟု မေးလိုက်ရင်း သူ့မျက်လုံးတွေက ရေခဲတွေလို အေးစက်နေပါသည်။

"သက်သေလား….?" လိပ်နက်ဘိုးဘေးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင် ပေါ်လာသည်။ သူက ဒေါသတကြီး ပြောလိုက်သည် “မျက်လုံးသုံးလုံးငါးလေးက လူသတ်သမားဟာ မင်းရဲ့ ဆူးသုံးချောင်းလှိုဏ်ဂူထဲ ဝင်သွားတာကို တွေ့လိုက်ရတယ်လို့ ငါကို ပြောပြခဲ့တယ်။ မင်း ဘာပြောစရာရှိသေးလဲ။ ဘာလဲ၊ မင်းက အတည်ပြုခိုင်းဖို့အတွက် မျက်လုံးသုံးလုံး ငါးလေးကို ငါ့ကို ခေါ်စေချင်သေးလား”

ဟောင်ကူသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးသုံးလုံးငါးများသည် ဘယ်တော့မှ ထုတ်ဖော်ပြောမည် မဟုတ်ပေ။ ဤအရာသည် ပင်လယ်ဧရိယာတစ်ခု လုံးတွင် လူတိုင်းသိထားသည့် အရာဖြစ်သောကြောင့် အဖွဲ့ခွဲတိုင်းသည် သူတို့၏ သူလျှိုများနှင့် မျက်လုံးများအဖြစ် ထိုမျက်လုံးသုံးလုံးငါးများကို အသုံးပြုကြသည်။

"ဘာဖြစ်တာလဲ။ တခြားဘာမှ ပြောစရာစကား မရှိတော့ဘူးလား။ တကယ်လို့ မင်းမှာ ပြောစရာစကားမရှိတော့ရင် လူသတ်သမားကို ငါ့လက်ထဲ အပ်လိုက်ပါ။ တကယ်လို့ မင်းရဲ့လှိုဏ်ဂူ တစ်ခုလုံးကို ဖျက်ဆီးရမယ်ဆိုရင်တောင် ငါက လူသတ်သမားကို ရှာပြီး ငါ့သားအတွက် လက်စားချေဦးမယ်။" လိပ်နက်ဘိုးဘေး၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် တစ်ဖန် တောက်ပလာပြန်သည်။

ဟောင်ကူသည် အသေအချာ တွေးတောနေရင်းမှ မျက်မှောင်ကြုတ်လိုက်သေးသည်။ လိပ်နက်ဘိုးဘေးက လူသတ်သမားသည် သူ့ဂူထဲသို့ ဝင်သွားသည်ဟု ပြောသော်လည်း မကြာသေးခင်အချိန်တွင်း လူနှစ်ဦးသာ သူ့ဂူထဲသို့ ရောက်လာခဲ့သည်။ တစ်ယောက်က ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအကြီးအကဲဖြစ်သည်။ သူမ မဖြစ်နိုင်ပါဘူး။ လိပ်နက် ဘိုးဘေးသည် သူမကို အရင်ကတည်းက မြင်ဖူးသူ ဖြစ်သည်။ အကယ်၍ သူမသည် လူသတ်သမားဖြစ်ခဲ့လျှင် သူသည် ယခင်ကတည်းက တိုက်ခိုက်ခဲ့မည်မှာ သေချာပါ သည်။

နောက်တစ်ယောက်ကတော့ တပ်မှူးအသစ်ဖြစ်လာသည့် လင်းယွင်ပါ။ သို့သော်လည်း လင်းယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေး သည်။ လိပ်နက်ဘိုးဘေး၏သားသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အလယ် အလတ်အဆင့်တွင် ရှိနေသည်။ သူသည် လိပ်နက်ဘိုးဘေး၏သားကို မည်သို့ သတ်နိုင် မည်နည်း။

ရုတ်တရက်၊ ဟောင်ကူသည် ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်သည်။ လင်းယွင်၏ ကျင့်ကြံမူအခြေခံသည် လိပ်နက်ဘိုးဘေး၏ သားထက် နိမ့်ကျသော်လည်း သူသည် လိပ်နက်ဘိုးဘေး၏သားကို သတ်ရန်အတွက် အခြားနည်းလမ်းများကို အသုံးပြုနိုင် ဖွယ်ရှိသည်။ ထို့ကြောင့် သူသည် ဤကိစ္စကို သဲသဲကွဲကွဲ သိချင်လာမိသည်။

အကယ်၍ ဤလင်းယွင်သည် အမှန်တကယ် လူသတ်သမားဖြစ်ခဲ့ပါက၊ သူသည် လိပ်နက်ဘိုးဘေး၏လက်ကို ချေးငှားခြင်းဖြင့် ဤလင်ယွင်ကို ဖယ်ရှားပစ်နိုင်သည်။ ဟောင်ကူ၏ မျက်လုံးများတွင် သစ္စာမဲ့သည့် အရိပ်အယောင် ပေါ်လာသည်။

တစ်ဖက်တွင်၊ လိပ်နက်ဘိုးဘေးသည် ဟောင်ကူက နောက်တစ်ကြိမ် ငြင်းပယ်တော့ မည်ဟု ထင်မြင်ပြီး သူ၏အရှိန်အဟုန်က ပေါက်ကွဲတော့မည်။

"ခဏနေပါဦး၊ လူသတ်သမားက ဘယ်လိုပုံစံလဲဆိုတာ ပြောပြနိုင်မလား။" ဟောင်ကူ ရုတ်တရက် ပြောလိုက်သည်။

သို့သော် လိပ်နက်ဘိုးဘေးသည် သူ့စကားကို မကြားပုံရသည်။ သူသည် ဆူးသုံးချောင်းလှိုဏ်ဂူအဝင်ဝကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး၊ မကြုံစဖူး သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။

"မျိုးမစစ်ကောင်၊ ငါ့သားရဲ့အသက်ကို ပြန်ပေးစမ်း” လိပ်နက်ဘိုးဘေးသည် ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။ သူ့ရှေ့မှ ပင်လယ်ရေသည် လှိုင်းလုံးကြီး တစ်ခုလို ခုန်တက်လာသည်။ တစ်ချိန်တည်းမှာပင် လိပ်နက်ဘိုးဘေး၏ပုံရိပ်သည် ဂူပေါက်ဝဆီသို့ ပြေးသွားခဲ့သည်။

ဟောင်ကူလည်း ကမန်းကတန်း လှည့်ကြည့်လိုက်တော့ လင်းယွင်သည် ဂူထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် မှင်သက်သွားခဲ့သည် ။

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ဟောင်ကူသည် လင်းယွင်က လိပ်နက်ဘိုးဘေးရဲ့ သားကို သတ်ဖြတ်ခဲ့သူဟု ချက်ချင်း သဘောပေါက်သွားခဲ့ပါသည်။

"အခုတော့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို စောင့်ကြည့်ရတော့မယ်။" ဟောင်ကူ၏ ပါးစပ်ထောင့်စွန်းများသည် သစ္စာမဲ့သူ၏ ဟန်ပန်အမူအယာဖြင့် တွန့်ကွေးသွားခဲ့ပါ သည်။

အခန်း (၄၃၈) ရှင်ခြင်းသေခြင်းစိန်ခေါ်မူ။

ချင်ယွင်သည် လှိုဏ်ဂူထဲမှ ထွက်လာစဉ်တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ တစ်ခုက သူ့ဆီသို့ အပြေးအလွှား ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်မှာတော့ အဘိုးကြီးတစ်ယောက်သည် သူ့ဆီသို့ အပြေးအလွှား ဝင်ရောက် လာသည်ကို တွေ့လိုက်ရပါသည်။

ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ခုခံကာကွယ်ရန်အတွက် သူ၏ခွန်အားအားလုံးကို အလျင်အမြန် စုစည်းလိုက်သည်။

"တော်လောက်ပြီ!"

သို့သော် ထိုအချိန်တွင် ကောင်းကင်ဘုံးကိုးပါးမှ မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်တုန်လှုပ် ဖွယ် အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာပါသည်။

ခရမ်းရောင်အလင်းတန်းတစ်ခုသည် ချက်ချင်းဆိုသလို လင်းလက်သွားခဲ့ပြီး ပုံရိပ် တစ်ခုသည် ချင်ယွင်၏ရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ သူမသည် သူမဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် လျင်မြန်စွာ ချဉ်းကပ်လာသော လိပ်နက် ဘိုးဘေး၏ ခန္ဓာကိုယ်သည် 'ဘန်း' ဟူသည့် ကျယ်လောင်သော အသံနှင့် အတူ အဝေးမှ သန္တာကျောက်တန်းတစ်ခုထဲသို့ ချက်ခြင်း ပစ်ကျသွားသည်။

လိပ်နက်ဘိုးဘေးသည် ခပ်အုပ်အုပ်ညီးညူလိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ ချက်ချင်း စီးထွက်လာသည်။

သူသည် ရုတ်တရက် ထွက်ပေါ်လာသော ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို မြင်လိုက် သည့်အခိုက် လိပ်နက်ဘိုးဘေး၏ မျက်လုံးတွေက မယုံကြည်နိုင်မူနှင့်အတူ ချက်ချင်း ပြူးကျယ်သွားခဲပါသည်။

"ဇီ……. လူကြီးမင်း ဇီ" လိပ်နက်ဘိုးဘေးသည် တုန်လှုပ်သွားပြီး အဝေးမှ အမြန် ပြန်ပြေးလာကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ရုတ်တရက် ထွက်ပေါ်လာမူကြောင့် ချင်ယွင်လည်း ထိတ်လန့်သွားသည်။ စောစောလေးက၊ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ အရှိန် အဟုန်သည် သူ မတုန့်ပြန်နိုင်လောက်အောင်ပင် မြန်ဆန်လွန်းသည်။

ဤအခိုက်အတန့်တွင် ဤခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင်အား သန်မာသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။ ချင်ယွင်၏စွမ်းအားသည် သူမရှေ့တွင် ပြန်လည် တိုက်ခိုက်ရန်ပင် နေရာမရှိဟု ခန့်မှန်းရသည်။

ဟောင်ကူသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ရုတ်တရက် လှုပ်ရှားလာသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် ချက်ချင်းပင် ဒူးထောက်ကာ ခေါင်းငုံ့လိုက်ရသည်။

"လိပ်နက်ဘိုးဘေး ၊အသင်က နဂါးကောင်းကင်နန်းတော်ရဲ့ စည်းကမ်းတွေကို မေ့နေပြီလား” ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် မြေပြင်ပေါ်တွင် ဒူးထောက် နေသော လိပ်နက်ဘိုးဘေးကို အေးစက်စွာ ကြည့်နေ၏။ သူမ၏ ခရမ်းရောင် မျက်လုံး များထဲတွင် ဖြစ်ပေါ်နေသော အေးစက်မှုက လူအများ၏ နှလုံးသားအောက်ခြေအထိ ပို၍ပင် ကြောက်လန့်သွားစေသည်။

"ဒီလက်အောက်ငယ်သားက မဝံ့ရဲပါဘူး” လိပ်နက်ဘိုးဘေးသည် ကမန်းကတန်း ပြောလိုက်ရပြီး သူ့အသံကလည်း တုန်ယင်နေပါသည်။

ဤအကြီးအကဲဇီ၏ နောက်ခံသည် လျှို့ဝှက်ဆန်းကြယ်နေရုံသာမက၊ သူမ၏ စွမ်းအားကလည်း တုနှိုင်းမရအောင် အစွမ်းထက်လွန်းပါသည်။ ထိုနေရာမှာရပ်ပြီး သူတို့ကို အေးစက်စွာ ကြည့်နေရုံဖြင့်ပင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားသလို ခံစားလိုက်ရပါသည်။

"ဟမ့်၊ အသင်က မဝံ့ရဲဘူး၊ ဟုတ်လား။ ဒါဆို အသင်က ဘာလို့ တိုက်ခိုက်နေသေးတာ လဲ။" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဒေါသတကြီး ပြောသည် ။

"လူကြီးမင်း ဇီ၊ ဒီကောင်က ကျွန်တော့်သားကို သတ်လိုက်ပါတယ်။ ကျွန်တော့်သား အတွက် လက်စားချေလို့ မရဘူးလား။ ပြီးတော့ သူက ကျွန်တော်တို့ နဂါး ကောင်းကင် နန်းတော်ကလည်း မဟုတ်ပါဘူး။ တကယ်လို့ သူ့ကို သတ်လိုက် ရင်တောင် နန်းတော်ရဲ့စည်းကမ်းကို ချိုးဖောက်ရာ မရောက်ဘူး မဟုတ်ဘူးလား"။

"သူ့နာမည်က လင်းယွင်တဲ့။ သူက ငါတို့နဂါးကောင်းကင်နန်းတော်က လူဖြစ်သွားပြီ။ ဒါတင်မကသေးဘူး၊ သူက အခုမှ ငါအသစ်ခန့်အပ်ထားတဲ့ တပ်မှူးတစ်ယောက်လည်း ဖြစ်တယ်။ တကယ်လို့ မင်း သူ့ကို သတ်လိုက်မယ်ဆိုရင် မင်းအနေနဲ့ နန်းတော်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရုံတင်မကဘူး မင်းကိုယ်တိုင်ကလည်း ကြီးမားတဲ့ ရာဇဝတ်မူကြီးကို ကျူးလွန်ရာရောက်သွားလိမ့်မယ်”။ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး က အေးစက်စွာ ပြောလိုက်သည်။

လိပ်နက်ဘိုးဘေးသည် ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေရင်း သူ၏ မျက်လုံးများ သည် ပြူးကျယ်သွားသည်။

"သူ……..။ သူက ဘယ်လိုလုပ် တပ်မှူးတစ်ယောက် ဖြစ်လာနိုင်တာလဲ၊ သူက တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာလေ။ ဘာလို့ သူက တပ်မှူးတစ်ယောက် ဖြစ်လာရတာလဲ။ လူကြီးမင်းဇီ၊ ဒါ လူကြီးမင်းဇီက သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်လား။ ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ မဟုတ်လား။" လိပ်နက်ဘိုးဘေးက မကျေမနပ်ဖြစ်ဟန်ဖြင့် ချက်ချင်းပြောလိုက်သည်။

"မိုက်မဲလိုက်တာ” အကြီးကဲဇီက ကျယ်လောင်စွာ အော်လိုက်သည်။ ကြီးမားသော အငွေ့အသက်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။ လိပ်နက်ဘိုးဘေး၏ ရင်ဘတ် သည် ချက်ချင်းဆိုသလို ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ သူသည် ချောင်းဆိုးလိုက်သည်နှင့် နောက်တကြိမ် သွေးတပွက်ကို အန်ထုတ်လိုက်ရသည် ။ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး ကို သူ၏အကြည့်များက ကြောက်ရွံ့မှုအပြည့်နှင့်ပင်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ နောက်မှာရပ်နေသော ချင်ယွင်သည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ သူမထုတ်လွှတ်လိုက်သော အငွေ့အသက် အရှိန်အဟုန် တစ်ခုတည်းကို အားကိုးရုံဖြင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့် ကျွမ်းကျင်သူတစ်ဦးကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။ ဤအရာသည် မည်သည့် ကျင့်ကြံခြင်း အမျိုးအစားပေနည်း။

ချင်ယွင်သည် သူ၏ရှေ့တွင်ရပ်နေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအား စူးစမ်းရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုဝံ့ပေ။ ဤအမျိုးသမီးသည် အရာအားလုံးကို မြင်နိုင်စွမ်းရှိပုံရသည့် ထူးဆန်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု သူ အမြဲခံစားခဲ့ ရသည်။ ထို့ကြောင့် ချင်ယွင်သည် ထိုကဲ့သို့ စွန့်စားမူမျိုးကို မပြုလုပ်ချင်ပေ။

"ဟမ့်၊ နောက်တစ်ခါ အသင် ကျွန်ုပ်ကို ဒီလိုလေသံမျိုးနဲ့ ပြောဝံ့ရင် အသင့်ကို ဒဏ်ရာ ရစေရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်တော့ဘူး။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်​ကဲ့ပါ။ ကျွန်​​တော့်​ကိုမသတ်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ လူကြီးမင်း" လိပ်နက်ဘိုးဘေးသည် စိတ်ထဲတွင် မလိုလားသော်လည်း သူ့ရှေ့မှာရှိနေသည့် ဤခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အစွမ်းထက်လှ၏။ သူသည် ခေါင်းငုံ့ပြီး သူ၏အမှားကို ဝန်ခံရန်မှလွဲပြီး ရွေးစရာမရှိတော့ပါဘူး။

"ထွက်သွားစမ်း….” ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက အေးစက်စွာ ပြောသည်။

လိပ်နက်ဘိုးဘေးသည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ နောက်ကွယ်မှာရှိနေသည့် ချင်ယွင်ကို စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများသည် ပြင်းထန်သော မလိုလားသည့် ဆန္ဒတွေနှင့် ပြည့်နှက်နေသည်။ အဆုံးတွင် သူသည် သက်ပြင်းချပြီး ကူကယ်ရာမဲ့ ဖြစ်ကာ လှည့်ထွက်သွားခဲ့သည်။

နံဘေးတွင် ဒူးထောက်နေသော ဟောင်ကူသည် လိပ်နက်ဘိုးဘေးက လက်လျော့ရန် ရည်ရွယ်ထားသည်ကို တွေ့လိုက်ရလျှင် သူ့မျက်လုံးများကို လှိမ့်ပတ်ကစားရင်း ချက်ချင်းဆိုသလို အလောတကြီး ပြောလိုက်သည် “လူကြီးမင်း ဇီ၊ ကျွန်တော်တို့ရဲ့ နဂါးကောင်းကင်နန်းတော်မှာ နန်းတော်စည်းကမ်းတစ်ခု ရှိနေပုံရပါတယ်။ အဲဒါက တကယ်လို့ နန်းတော်အဖွဲ့ဝင်တွေ အချင်းချင်းကြား ဖြေရှင်းလို့မရနိုင်လောက်တဲ့ ရန်ငြိုးတွေ ရှိလာခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့က ရှင်ခြင်းသေခြင်းစိန်ခေါ်မူတိုက်ပွဲကို တောင်းဆိုနိုင်လိမ့်မယ်ထင်ပါတယ်"။

ထိုစကားကိုကြားလျှင် မူလက ထွက်ခွာရန် ကြံစည်ထားသော လိပ်နက်ဘိုးဘေးသည် သူ့မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာပါ သည်။ သူက ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို အလျှင်အမြန် လှည့်ကြည့် လိုက်တော့သည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ဟောင်ကူကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူမက အသံယဲ့ယဲ့လေသံဖြင့် ပြောလိုက်သည် “ ငါတို့ကောင်းကင် နန်းတော်မှာ ဒီလိုစည်းကမ်းတစ်ခုရှိတယ်။ ဒါပေမယ့်……..."။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ယခုလိုပြောနေသည်ကို မြင်ရလျှင် လိပ်နက် ဘိုးဘေးသည် စိတ်အားတက်ကြွသည့်အမူအယာ ချက်ချင်း ပေါ်လာပါသည်။ သူက မြေပြင်ပေါ် ကမန်းကတန်း ဒူးထောက်လိုက်ပြီး ပြောသည် “တပ်မှူးလင်းယွင်က ကျွန်တော့်သားကို သတ်ပစ်လိုက်တယ်။ သူနဲ့ ကျွန်တော်ကြားရန်ငြိုးတွေက ပြန်လည် သင့်မြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါလိပ်နက်ဘိုးဘေးက တပ်မှူးလင်းယွင်ကို ရှင်ခြင်းသေခြင်းစိန်ခေါ်မူတိုက်ပွဲကို စိန်ခေါ်ဖို့ ဆန္ဒရှိပါတယ်"။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

ထိုစကားကိုကြားရလျှင် ဟောင်ကူ၏ မျက်လုံးများတွင် ကောက်ကျစ်ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာပါသည်။

ဤလင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူသည် တပ်မှူးရာထူးနေရာမှာ အမှန်တကယ် ဝင်ထိုင်နေပါသည်။ ဤအရာက သူ့ကို အလွန်မင်း မပျော်မရွင်ဖြစ်စေခဲ့သည်။ ဤလင်းယွင်သည် သူ့ရှေ့မှာပင် တပ်မှူးရာထူးကို အမှန်တကယ် ခန့်အပ်ခံရမည်ဟု သူ မမျှော်လင့် ထားပေ။ ယင်းကလည်း သူ့ကို အလွန့်အလွန် ဒေါသထွက်စေခဲ့သည်။

အကယ်၍ အကြီးအကဲဇီ ရှိနေခြင်းကြောင့်သာ။ ထိုသို့မဟုတ်ပါက သူဟောင်ကူသည် လင်းယွင်ကို သတ်ပစ်လိုက်ပြီး ဖြစ်လိမ့်မည်။ ယခင်က သူသည် လင်းယွင်ကို ဖယ်ရှား ရန် ရုန်းကန်နေရဆဲဖြစ်သော်လည်း လိပ်နက်ဘိုးဘေးသည် အမှန်တကယ် ပေါ်လာ လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် လင်းယွင်သည် လိပ်နက်ဘိုးဘေး၏ သားကို သတ်ခဲ့သော လူသတ်သမားလည်း ဖြစ်နေ၏။

ယခုလောက်သည့် အခွင့်ကောင်းကို သူ မည်သို့ အရမယူဘဲ နေမည်နည်း။ သူသည် ဤနန်းတော်စည်းမျဉ်းကို ထုတ်ဖော်ပြောလိုက်ရခြင်း၏ အကြောင်းရင်းမှာလည်း လင်းယွင်ကို ဖယ်ရှားရန်အတွက် လိပ်နက်ဘိုးဘေး၏လက်ကို ငှားရန်ဖြစ်သည်။

လင်းယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ အကယ်၍ သူ့မှာ အထူးနည်းလမ်းတွေ ရှိနေမည်ဆိုလျှင်ပင် အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်ရန်ပင် အရမ်းခက်ခဲနေပါပြီ။ လိပ်နက်ဘိုးဘေးအနေဖြင့်မူ၊ သူသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ချင်ယွင်သည် သူနှင့်ရင်ဆိုင်တွေ့ရမည်ဆိုလျှင် သေချာပေါက် သေရပါလိမ့်မည်။

"ဟား၊ ဟား၊ လင်းယွင်၊ မင်း ငါ့ရှေ့မှာ မောက်မောက်မာမာ ပြောခဲ့တယ် မဟုတ်လား။ မကြာခင်မှာ သေမင်းက မင်းကို စောင့်နေလိမ့်မယ်" ဟောင်ကူ၏ မျက်လုံးများတွင် ရယ်မောဟန်က ပေါက်ကွဲထွက်နေပြီး၊ ချင်ယွင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏ မျက်လုံးများက လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

"လိပ်နက်ဘိုးဘေး၊ အသင် ရှင်ခြင်းသေခြင်းစိန်ခေါ်မူကို ထုတ်ပြန်ပြီးတာနဲ့ လူတစ်ယောက်ပဲ အသက်ရှင်နိုင်လိမ့်မယ်။ ဒါကို အသင် တွေးထားပြီးပြီလား" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက မျက်မှောင်ကြုတ်ကာ မေးသည်။

လင်းယွင်သည် သူမ ရာထူးတိုးပေးထားသည့် လူတစ်ယောက် ဖြစ်သည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် မဟူရာသိမ်မွေ့ရေမြွေ ဖြစ်သော်လည်း၊ သူ၏ ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သူ၏ စွမ်းရည်မှာ အကန့်အသတ် မရှိပေ။ သူ ယခုလိုမျိုး သေဆုံးသွားမည်ကို သူမ မမြင်ချင်ပါဘူး။

"လူကြီးမင်းဇီ၊ ကျွန်တော် ဒါကို တွေးထားပြီးသားပါ။ ဒီစိန်ခေါ်မှုရဲ့ အကျိုးဆက် အားလုံးကို ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံယူနိုင်ပါတယ်" လိပ်နက်ဘိုးဘေးက အခိုင်အမာ ပြောလိုက်ပါသည်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းလိုက်မိပါ သည်။ လိပ်နက်ဘိုးဘေး နှင့် လင်းယွင်တို့၏ တိုက်ပွဲကို သူမ မကြည့်ချင်သော်လည်း ရှင်ခြင်းသေခြင်းစိန်ခေါ်မူတိုက်ပွဲသည် နဂါးကောင်းကင်နန်းတော်၏ စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။ သူမတောင်မှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။

ယခု လင်းယွင်ကိုယ်တိုင်အပေါ်မှာဘဲ မူတည်ပါတော့သည်။ အကယ်၍ လင်းယွင်သည် ဤရှင်ခြင်းသေခြင်းစိန်ခေါ်မူကို လက်မခံသရွေ့ လိပ်နက်ဘိုးဘေး၏စိန်ခေါ်မှုသည် လည်း အလိုလို ပျက်ပြယ်သွားမည် ဖြစ်ပါသည်။

"တပ်မှူးလင်းယွင်၊ ကာကွယ်သူ လိပ်နက်ဘိုးဘေးက မင်းကို ရှင်ခြင်းသေခြင်းတိုက်ပွဲ တိုက်ခိုက်ဖို့ စိန်ခေါ်နေတယ်။ ​​မင်း လက်ခံနိုင်မလား ငါ သိချင်တယ်။" ခရမ်းရောင် ဆံပင်နှင့် အမျိုးသမီးက ချင်ယွင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ သူမ၏ လေသံကိုလည်း တမင်သက်သက် ပိုပြီး ဖိပြောလိုက်ကာ ချင်ယွင်သည် ဤစိန်ခေါ်မှုကို လက်မခံသင့်ကြောင့် သိသာထင်ရှားစွာ အရိပ်အကဲ ပြနေသည်။

မူလက ချင်ယွင်သည် ဤပြပွဲကိုကြည့်ရင်း ဘေးမှာ ရပ်နေခဲ့သည်။ ရုတ်​တရက်​ပင်​ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက သူ့ကို​ မေးခွန်းတစ်​ခု ​မေးလာခဲ့ပြီ။ သူသည် ဒေါသထွက်နေသော လိပ်နက်ဘိုးဘေးကို ကြည့်ပြီးနောက် မျက်လုံးများတွင် သစ္စာဖောက်နေသော ဟောင်ကူကိုကြည့်ရန် ခေါင်းလှည့် လိုက်သည်။ သူ၏ ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားခဲ့ပြီး သူက ပြောလိုက်သည် “ ကျွန်တော် လက်ခံပါတယ်။ ဘယ်လိုလုပ် ဒီစိန်ခေါ်မူကို ကျွန်တော် လက်မခံဘဲ နေမလဲ”။

ချင်ယွင်၏ စကားများသည် ရောက်ရှိလာသူ လူတိုင်းကို ချက်ခြင်း တုန်လှုပ် သွားစေသည်၊ အထူးသဖြင့် ချင်ယွင်ကို သုံးစက္ကန့်ကြာ စိုက်ကြည့်နေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး ဖြစ်သည်။ ယခုတစ်ခါမှာတော့ သူမသည် သက်ပြင်း တိုးတိုး ချလိုက်မိပါသည်။

ချင်ယွင်သည် ရှင်ခြင်းသေခြင်းစိန်ခေါ်မူကို သဘောတူကြောင်း လိပ်နက်ဘိုးဘေး ကြားသောအခါ သူ့မျက်နှာသည် စိတ်အားတက်ကြွသည့်အမူအယာ ပေါ်လာသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်များက လူသေတစ်ယောက်ကို ကြည့်နေသလို မျိုး ဖြစ်ပြီး သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒက တဖျပ်ဖျပ် လင်းလက် နေသည်။

ဟောင်ကူသည်လည်း တဟားဟားရယ်မောနေသည့်အလား ဖုံးကွယ်ထားသည့် သရော်ဟန် အပြုံးကို ထုတ်ဖော်လိုက်တော့သည်။ "သူက တကယ်ကို ငယ်ရွယ်ပြီး၊ ဘာကိုမှ အလေးအနက် မထားတတ်သေးဘူးဘဲ။ သူက “သေခြင်း”ဆိုတဲ့ စာလုံးကို ဘယ်လိုရေးရမှန်းတောင် မသိမှာကို ငါ စိုးရိမ်မိပါတယ်လေ”။

အခန်း (၄၃၉) မိုးကြိုးကဲ့သို့ပစ်ခွင်းလိုက်သောသူ၏ခန္ဓာကိုယ်။

ချင်ယွင်သည် လူတိုင်း၏မျက်လုံးများတွင် ဖြစ်ပေါ်နေသော အမူအရာများကို ဆက်ပြီး သတိထားရင်း သူ၏စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့ ပြုံးနေမိခဲ့သည်။ ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏ ပြိုင်ဘက်ဖြစ်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။

"တပ်မှူးလင်းယွင်၊ မင်းအနေနဲ့ ဒီကိစ္စကို ပြန်ပြီး မစဉ်းစားချင်တော့တာ သေချာပြီးလား” ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ထပ်ပြောလိုက်ပါသည်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စကားကိုကြားလျှင် ချင်ယွင်သည် သူ၏ နှလုံးသား ထဲတွင် နွေးထွေးမှုအရိပ်အယောင်ကို မခံစားဘဲ မနေနိုင်တော့ပေ။ သူ၏ ရှေ့တွင်ရှိသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ဤအပြုမူကြောင့် သူမသည် ပါရမီရှင်များကို သဘောကျကြောင်း သူသိလိုက်ပါပြီ။ ထို့ကြောင့်သာ သူမသည် သူ့ကို ကြင်နာစွာဖြင့် သတိပေးခဲ့ခြင်း ဖြစ်သည်။ ချင်ယွင်သည် ဤခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ကြင်နာတတ်သော နတ်ဆိုးသားရဲ ဖြစ်ကြောင်း ခံစားရပါသေးသည်။

သို့သော် ချင်ယွင်သည် ဤအသက်နှင့်သေခြင်းဆိုင်ရာ စိန်ခေါ်မှုကို သဘောတူလိုက်ဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယခင်ကျင့်ကြံမူအခြေခံဖြင့်ပင် ဟောင်ကူကို ရင်ဆိုင်နိုင်ပြီး သူ၏ပြိုင်ဘက်ကို ကြက်သေသေ ဖြစ်သွားစေနိုင်ပါသည်။

ယခု သူသည် တပ်မှူးရာထူးကို ရရှိထားပြီ ဖြစ်သည်။ သူပို၍ အင်အားကြီးလာလေ၊ သူ၏ စွမ်းအားကို ပို၍ ထုတ်ဖော်ပြသရလေ ဖြစ်သည်။ သူပို၍အစွမ်းထက်နေမှသာ သူ့ကို နဂါးကောင်းကင်နန်းတော်က တန်ဖိုးထားပါလိမ့်မည်။ ထို့အပြင်၊ လိပ်နက် ဘိုးဘေး၏ ရှင်ခြင်းသေခြင်းဆိုင်ရာစိန်ခေါ်မှုသည် သူ၏ခွန်အားကိုပြသရန် အခွင့်ရေး ကောင်း တစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင်၊ သူနှင့် လိပ်နက်ဘိုးဘေးအကြား အမုန်းတရားသည် ထိန်းချုပ်၍မရသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်တော့ပေ။ ထို့ကြောင့် ဤကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းလိုက်ခြင်းက ပိုကောင်းပါသည်။

ထို့ကြောင့် ချင်ယွင်က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်ပါသည် “ အခုလို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မဇီ။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ကျွန်တော် လက်ခံရမယ်လို့ ခံစားနေရတုန်းပဲ။"။

"အစ်မလား.....?" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင်၏ နာမည်တပ်ပြီး ခေါ်လိုက်သည့် စကားကြောင့် လုံးဝ မှင်သက်သွားခဲ့ရသည်။ တခြားသူတွေက သူမကို ကြောက်လျှင်ကြောက် မဟုတ်လျှင် လေးစားကြသည်။ သူမကို ယခုလိုနာမည်တပ်ပြီး မည်သူမျှ မပြောဘူးပါဖူး။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ဒေါသထွက်ကာ ချင်ယွင်ကို ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေသူဟု အပြစ်တင်ချင်သော်လည်း သူမသည် လုံးဝ ဒေါသမထွက်ရ ဖြစ်နေသည်။

ချင်ယွင်သည် သူ၏စိန်ခေါ်မူကို တစ်ဖန် သဘောတူကြောင်းတွေ့လိုက်ရသဖြင့် လိပ်နက်ဘိုးဘေးသည် သူ့မျက်နှာပေါ်တွင် ပို၍ပင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော်လည်း ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင်ကို ထပ်မံ အခွင့်အရေး မပေးစေရန်အတွက် လိပ်နက်ဘိုးဘေးသည် အလျင်စလို ပြောလိုက်သည် “လူကြီးမင်းဇီ….၊ တပ်မှူးလင်းယွင်က ကျွန်တော်နဲ့ သေခြင်းရှင်ခြင်းဆိုင်ရာ စိန်ခေါ်မှုကို လက်ခံလိုက်ပြီဆိုတော့ လူကြီးမင်းဇီက သေခြင်းရှင်ခြင်းစိန်ခေါ်မူတိုက်ပွဲ စတင်တဲ့ အခါ ဘာလို့ ဒိုင်လူကြီး မလုပ်ပေးရတာလဲ။?"

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် လိပ်နက်ဘိုးဘေး၏ စကားကိုကြားလျှင် တုန့်ပြန် ပြောလိုက်သည် “မင်တို့ နှစ်ယောက်စလုံးက ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ငါက သေခြင်းရှင်ခြင်းစိန်ခေါ်မူတိုက်ပွဲမှာ ဒိုင်လူကြီး လုပ်ပေးလိုက်မယ်။ သေခြင်းရှင်ခြင်း စိန်ခေါ်မူတိုက်ပွဲမှာ ဘာစည်းမျဉ်းစည်းကမ်းမှ မရှိဘူး၊ တစ်ခုတည်းသော စည်းကမ်းက တော့ သေခြင်းရှင်ခြင်းစိန်ခေါ်မူတိုက်ပွဲဟာ တစ်ဖက်က လုံးဝ မသေသေးဘဲ အဆုံးသတ်မှာ မဟုတ်ဘူး။ ကဲ၊ မင်းနှစ်ယောက်စလုံး အဆင်သင့် ဖြစ်နေပြီလား။" ချင်ယွင်သည်လည်း သူ၏စကားတွေကို ပြန်မျိုချလိုက်ရသည်။ အကြီးကဲဇီက ဆက်ပြောသည် “မင်းတို့နှစ်ယောက်စလုံးက ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ငါက သေခြင်းရှင်ခြင်းစိန်ခေါ်မူတိုက်ပွဲရဲ့ ဒိုင်လူကြီးပဲ”။

"အဆင်သင့်ဖြစ်ပါပြီ လူကြီးဇီ၊ " လိပ်နက်ဘိုးဘေးက ပြုံးပြုံးရွှင်ရွှင် အမူအယာဖြင့် ပြောလိုက်သည်။ ချင်ယွင်ကို စူးစိုက်ကြည့်နေသည့် သူ၏အကြည့်များက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည်လည်း ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို ခေါင်းညိတ်ပြသည်။

ချင်ယွင်၏ ပြတ်သားသောအမူအရာကို မြင်လိုက်ရလျှင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။ နောက်ဆုံးမှာ သူမ၏ လှပသောမျက်နှာသည် ယခင်လို အေးစက်သည့် အမူအယာ ပြန်ဖြစ်သွားပြီး “ဒီသေခြင်းရှင်ခြင်းစိန်ခေါ်မူတိုက်ပွဲ တရားဝင်စတော့မယ်လို့ ငါကြေငြာတယ်။ ကဲ၊ စလိုက်ကြရအောင်"ဟု ပြောပြီး ကြေငြာလိုက်လေသည်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ကြေငြာပေးလိုက်သည်နှင့် ကွင်းပြင်တဝန်းရှိ လေထုက ချက်ချင်း တင်းမာလာသည်။

ဟောင်ကူ၏ မျက်လုံးများသည် ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏ သတ်ဖြတ်ခံရသည် ကို မြင်ပြီးနေသည့်အလား အထင်မြင်သေးမူများနှင့် ပြည့်နှက်နေပြီး ချင်ယွင်ကိုကြည့် သည့် သူ၏အကြည့်များသည်လည်း လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင် ဖြစ်ပေါ်လာလေသည်။

ချင်ယွင် နှင့် လိပ်နက်ဘိုးဘေးတို့သည် မျက်နှာချင်းဆိုင်ကာ ရပ်နေကြ၏။

သူတို့နှစ်ယောက်သည် ကိုယ်ထိလက်ရောက် မတိုက်ခိုက်ခင် သူတို့၏ အငွေ့အသက်များက အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်သည်။

"ကောင်စုတ်လေး၊ စောစောလေးက မင်း ဒီစိန်ခေါ်မှုကို လက်မခံတော့မှာ ငါ တကယ်ကို ကြောက်သွားခဲ့မိတယ်။ ဒီလိုဆိုရင် ငါလည်း မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် မင်းအနေနဲ့ အခုမှ နောင်တရမယ်ဆိုရင်လည်း သိပ်ကို နောက်ကျ သွားခဲ့ပြီ။ ဘာလို့ဆို အခု မင်းက ငါ့လက်ထဲမှာ သေရတော့မယ်။" လိပ်နက်ဘိုးဘေး၏ အစိမ်းရောင်ဆံပင်များက လေထဲမှာ ကခုန်နေပြီး သူ့မျက်လုံး များတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

"တိုက်ပွဲတောင် မစရသေးဘူး ခင်ဗျားက အနိုင်ရပြီလို့ တွေးနေတာလား" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောရင်း မေးလိုက်သည်။

ကောင်ကူကို အံ့ဩမှင်သက်သွားမှာ စိုးသည့်အတွက် သူ၏စွမ်းအားကို ဖုံးကွယ်ထားမိပုံ ရသည်။ ယခု ဟောင်ကူအစား၊ သူသည် သူ့ကို အထင်သေးနေသည့် နှလုံးသားပိုင်ရှင် ဤလိပ်နက်ဘိုးဘေးအား အရင်ဆုံး ကြက်သေသေဖြစ်သွားအောင် လုပ်ရပေတော့ မည်။

"ဟမ့်၊ မင်းမှာ အထူးနည်းလမ်းတွေ ရှိနေရမယ်ဆိုတာ ငါသိတာပေါ့။ ဒီလိုမှမဟုတ်ရင် မင်းရဲ့ကျင့်ကြံမူအဆင့်လေးနဲ့ မင်းက ငါ့သားကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်မှန်တဲ့ အကြွင်းမဲ့ခွန်အားရဲ့ရှေ့မှာ ဘယ်လိုနည်းလမ်းတွေကမှ အသုံးမ ဝင်ဘူးဆိုတာ ဒီနေ့ မင်းကို ငါ ပြောပြပေးမယ်။" လိပ်နက်ဘိုးဘေးက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ချည်မျှင်များသည် တဟုန်ထိုး စတင်ပျံ့နှံ့လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ မမြင်နိုင်သော နတ်ဆိုး အငွေ့အသက်တစ်ခုက ထွက်ပေါ်လာခဲ့ပြီး အားကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းတွေက လေဟာနယ်တစ်ခုလုံး ပြည့်သွားသည်။

ချင်ယွင်သည် တိုးတိုးလေးသာ ရယ်မောလိုက်ပြီး ဘာကိုမှ ပြန်မချေပတော့ပါဘူး။ တခါတရံတွင်၊ သူ၏ခွန်အားက သူ၏စကားလုံးများထက် ပိုယုံကြည်အောင် လုပ်နိုင်ပါသည်။

"ကောင်စုတ်လေး၊ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်တော့။ ဒီနေ့ ငါ့သားအတွက် မင်းရဲ့သွေးနဲ့ ယဇ်ပူဇော်ပေးမယ်။" လိပ်နက်ဘိုးဘေးက ကျယ်လောင်စွာ အော်လိုက် ပြီး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် အငွေ့အသက်က ထွက်ပေါ်လာခဲ့ပါပြီ။ အနည်းငယ် ခါးကုန်းနေသော သူ၏ရုပ်အသွင်အပြင်သည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုသည့်အလား အနှိုင်းမဲ့ ကြီးမားသော အငွေ့အသက်ကို သယ်ဆောင်ထားရင်း တခဏအတွင်း ပစ်ဝင်သွားခဲ့လေသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း တိုက်ခိုက်လိုသည့်ဆန္ဒ အရိပ်အယောင် ထွက်ပေါ် နေသည်။ မမြင်နိုင်သော စွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး ထိုမှတဆင့် သူ၏ခြေလက်အင်္ဂါအစိတ်ပိုင်းရှိ အရိုးများဆီသို့ စီးဆင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ မမြင်နိုင်သည့် ခပ်ဖျော့ဖျော့အလင်းတန်း တစ်ခု ထုတ်လွှတ် နေသည်။ ၎င်းသည် နတ်ဆိုးစွမ်းအင်၏ အရိပ်အယောင်တစွန်းတစလည်း ဖြစ်သည်။ တစွန်းတစသာဖြစ်သော်လည်း ၎င်းသည် အနှိုင်းမဲ့ အစွမ်းထက်နေဆဲ ဖြစ်သည်။

"ငရဲကိုသွားလိုက်တော့.......!"

လိပ်နက်ဘိုးဘေး၏ အသံသည် အသည်းလှိုက်အူလှိုက်ဖြစ်စေသေည့် မိုးကြိုးပစ်သံနှင့် တူ၏။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင်လှိုင်းလုံးကြီးသည် သူ၏လက်ဖဝါးမှ ထွက်ပေါ်လာသည်။ သူ၏ပုံရိပ်သည် ပင်လယ်သို့ ထိုးထွက်သော ရေနဂါးတစ်ကောင်နှင့်တူ၏။ သူသည် လွမ်းမိုးနိုင်စွမ်းကြီးမားသည့်စွမ်းအားဖြင့် ချင်ယွင်၏ရင်ဘတ်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်လေသည်။

သူ၏လက်ဖဝါးပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် တုနှိုင်းမရလောက်အောင် အားကောင်းလှသည်။ အကယ်၍ အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင် ဤလက်ဖဝါးရိုက်ချက်ကို ခံယူမိပါက ၎င်းတို့သည် ချက်ခြင်း သေဆုံးသွားနိုင်သည်ဟုပင် ခန့်မှန်းရသည်။

သူ၏အရှိန်အဟုန်ကလည်း အလွန် မြန်ဆန်လွန်းသည်။ ထို့ကြောင့် မရေမတွက်နိုင် သည့် ပုံရိပ်ယောင်တွေကိုသာ မြင်လိုက်ရပါသည်။

ဟောင်ကူသည် ဤမြင်ကွင်းကိုမြင်သောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စိတ်ထဲမှ ပြောလိုက်၏ “ဟား၊ ဟား၊ လင်းယွင်၊ မင်းရဲ့သေခြင်းတရားကို စောင့်နေ လိုက်တော့။ ငါတောင်မှ လိပ်နက်ဘိုးဘေးရဲ့ လက်ဖဝါးရိုက်ချက်ကို အတင်းအကျပ် မခံယူဝံ့ဘူး။ မင်းလို အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေနဲ့ သေချာပေါက် အသက်ရှင်ဖို့ အခွင့်အလမ်း မရှိဘူး။"။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးထဲမှာ နောင်တအရိပ်အယောင်တွေ ပေါ်လာပါသည်။

လိပ်နက်ဘိုးဘေး၏ လက်ဖဝါးရိုက်မှုကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားမည်ဟု လူတိုင်းက တွေးထင်နေစဉ်မှာ မလှုပ်မယှက် ရပ်နေသော ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ လက်သီးတစ်ချက် ထွက်ပေါ်လာလေသည်။

လက်သီးချက်သည် လိပ်နက်ဘိုးဘေး၏ လက်ဖဝါးနှင့် ထိမှန်သွားခဲ့သည်။

"ဘုန်း......!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ကြီးမားသော စွမ်းအင်အတက်အကျလှိုင်း သည် ပတ်ဝန်းကျင်ပင်လယ်ရေကို ချက်ချင်း ညှစ်ထုတ်လိုက်ပြီး ကြီးမားသော လေဟာနယ်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများကြောင့် ပတ်ဝန်း ကျင်ရှိ သန္တာကျောက်တန်းများ ကွဲအက်သွားကြသည်။

"ဘန်း...!"

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ယင်းက လူတစ်ယောက် နောက်ပြန်လွင့်ထွက်သွားပြီး သူနောက်မှ ကျောက်တုံးတွေကို ပစ်မှန်သွားသည့်အသံ ဖြစ်သည်။

ဟောင်ကူနှင့် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် နောက်ကို လွင့်ပျံသွားသော ရုပ်အသွင်အပြင်ကို ကြည့်ပြီး သူတို့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအယာများ ပြည့်နှက်နေသည်။

"မဖြစ်​နိုင်​ဘူး မဟုတ်လား?"

လိပ်နက်ဘိုးဘေးသည် အပျက်အစီးပုံကြီးကြားမှ တွားသွားထွက်လာခဲ့သည်။ သူ၏ လက်မောင်းသည် ပြင်းထန်စွာ နာကျင်နေပြီး လုံးလုံး ကျိုးသွားကြောင်း သိသာ ထင်ရှားသည်။

သူ၏အမြင်မှာ တစ်ချက်တိုက်ခိုက်ရုံဖြင့် ချက်ချင်းသတ်ပစ်နိုင်သည့် အစောပိုင်း အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူသည် သူ၏ လက်ဖဝါး ရိုက်ချက်ကို တိုက်ရိုက် ခံယူခဲ့ရုံသာမက သူ၏လက်မောင်းကိုပါ လက်သီးတစ်ချက်ဖြင့် ကျိုးသွားစေ ပြီး သူ့ကိုပါ နောက်ပြန်လွင့်ထွက်အောင် ထိုးနှက်နိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။

ချင်ယွင်သည် လူသားနတ်ဘုရားနှင့် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ထိုမူလနေရာမှာ ရပ်နေသည်။ သူ၏ မမြင်နိုင်သော အငွေ့အသက်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အကြားတွင် ရပ်နေသော နတ်ဘုရားတစ်ပါးနှင့်တူ၏။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ အငွေ့အသက်ကြောင့် ဟောင်ကူနှင့် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးတို့ နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်မှ ထုတ်လွှတ်သော အငွေ့အသက်မဟုတ်ဘဲ အစွမ်းထက်သည့်ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကြောက်စရာ ကောင်းသည့် အငွေ့အသက်တစ်ခု ဖြစ်လေသည်။

သူ၏လှုပ်ရှားမှုတိုင်းတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။

"ခင်ဗျားက ရှင်ခြင်းသေခြင်းစိန်ခေါ်မှုတွေကို သဘောကျခဲ့တာ မဟုတ်လား။ ဒါဆိုလည်း အဆုံးသတ်တဲ့အထိ ခင်ဗျားနဲ့ ကစားပေးမယ်။"

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည့် အပြုံးတစ်ခု ကွဲထွက်သွား၏။ သူ့ခန္ဓာကိုယ်သည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ သူ လှုပ်ရှားလိုက်သည်နှင့် အမှန်တကယ် ပင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အခန်း (၄၄၀) စိတ်ဝိညာဉ်ဆွဲထုတ်အရိုးတိုက်စားဆူး။

ချင်ယွင်၏ အရှိန်အဟုန်သည် အလွန်မြန်သည်။ ပင်လယ်ကြမ်းပြင်၏ အောက်ခြေမှာ တောင် အံ့သြစရာကောင်းသော စွမ်းအားများနှင့်အတူ ပေါက်ကွဲနိုင်ပါသည်။ သူ၏ ပုံရိပ်သည် လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လိပ်နက် ဘိုးဘေး၏ ရှေ့သို့ ရောက်သွားခဲ့သည်။

လိပ်နက်ဘိုးဘေးသည် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ချက်ချင်း ခံစားရသည်။ သူ့လက်ထဲမှ လမ်းလျှောက်တုတ်က အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး တုနှိုင်းမရသည့် ကြောက်မက်ဖွယ်အရှိန်အဟုန်နှင့် ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ရိုက်ချလိုက်တော့သည်။

ချင်ယွင်၏မျက်လုံးထဲတွင် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒက လျှပ်စီးလက်သလို ဖြစ်ပေါ် လာခဲ့ပြီး သူသည် လက်သီးတစ်လုံးကို ချက်ချင်းပင် ပစ်သွင်းလိုက်သည်။ လက်သီး သည် လွှမ်းနိုင်စွမ်းကြီးမားသည့် လိပ်နက်ဘိုးဘေး၏ လှမ်းလျှောက်တုတ်နှင့် အပြင်းအထန် ထိပ်တိုက်ဆုံးမိသွားသည်။

"ဘုန်း…..!"

ကျယ်လောင်သည့် တုန်ခါသံတစ်ချက် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

လက်သီးသည် လမ်းလျှောက်တုတ်နှင့် ထိပ်တိုက်ဆုံမိပြီး ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

မိုးပြာရောင်နတ်ဆိုးစွမ်းအင်သည် ချင်ယွင်၏ မိုးပြာရွှေရောင် အလင်းတန်းနှင့် ထိပ်တိုက်ဆုံမိပြီး နှိုင်းယှဉ်ပြ၍မရလောက်အောင် လှပသည့်မြင်ကွင်းတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။

ချင်ယွင်၏လက်သီးနှင့် လိပ်နက်ဘိုးဘေး၏လမ်းလျှောက်တုတ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရင်ဆိုင်တွေ့နေကြသည်။ သူတို့ နှစ်ဦးကြား ထိပ်တိုက်တွေ့ဆုံမူမှ နောက်ဆက်တွဲ ရိုတ်ခတ်မူကြောင့် ပတ်ဝန်းကျင်ရှိ ပင်လယ် ကြမ်းပြင် ကျောက်တုံးများသည် ကွဲအက်သွားကြသည်။ ပင်လယ်ကြမ်းပြင်အောက်ရှိ မြေပြင်သည် တုန်ခါသွားပြီး ပင်လယ်ရေများသည် တဟုန်ထိုး တက်လာကာ ကြီးမားသော ရေဝဲများ ဖြစ်ပေါ်လာသည်။

လိပ်နက်ဘိုးဘေး၏ မျက်နှာအမူအယာသည့် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်ပြီး အလွန်ပင် ခက်ထန်နေကြောင်း ထင်ရှားသည်။ သို့သော် ချင်ယွင်သည် သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်မူနှင့်အတူ တည်ငြိမ်အေးချမ်းသည့် အမူအယာ ရှိနေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီလင်းယွင်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှာ မဟုတ်ဘူးလား။ လိပ်နက်ဘိုးဘေးက သူ့ကို ချက်ချင်း သတ်ပစ် လိုက်သင့်တယ် မဟုတ်ဘူးလား။ သူက လိပ်နက်ဘိုးဘေးကို ဘယ်လိုလုပ် ဖိနှိပ်ထား နိုင်ရတာလဲ။ " ထိုမြင်ကွင်းကို ဟောင်ကူ မြင်လိုက်သည်နှင့် သူ၏မျက်နှာပေါ်မှာ အလွန်မင်း မလိုလားအပ်သော အမူအရာတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ချင်ယွင်၏ ခွန်အားသည် အမှန်တကယ်ပင် ဤမျှသန်မာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"ဒီရှင်ခြင်းသေခြင်းစိန်ခေါ်မူတိုက်ပွဲကို မင်း သဘောတူဝံ့တာ အံ့သြစရာမရှိတော့ဘူး။ ဒါဆို မင်းက ကျားသားစားဖို့အတွက် ဝက်တစ်ကောင်လို ဟန်ဆောင်နေခဲ့တာပေါ့" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ခရမ်းရောင်မျက်လုံးများသည်လည်း တောက်ပ နေခဲ့သည်။ ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏လက်အောက်တွင် သေဆုံးသွားလိမ့် မည်ဟု မူလက သူမ ထင်ထားခဲ့သော်လည်း ချင်ယွင်သည် လူတိုင်း၏ မျှော်လင့်ချက် ထက်ကျော်လွန်ပြီး လိပ်နက်ဘိုးဘေးကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ခွန်အားသည် သူမမြင်သလောက် မရိုးရှင်းတော့ ပုံရသည်။ ယခင်က သူမသည် ချင်ယွင်၏ ရှင်ခြင်းသေခြင်းစိန်ခေါ်မူတိုက်ပွဲကို သဘောလိုက်သည့်အတွက် စောဒကတက်ခဲ့ဖူးပြီး၊ သူသည် ငယ်ရွယ်သည့်အတွက် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေသူတစ်ယာက်ဖြစ်သည်ဟု ခံစားရသော်လည်း ယခုအခါတွင် ချင်ယွင်၏အောင်ပွဲအတွက် မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။

ဘန်း…..!

လိပ်နက်ဘိုးဘေးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ပေ။ သူ၏လက်ထဲမှ လမ်းလျှောက်တုတ်သည် ခုန်ထွက်သွားခဲ့ပြီး ချင်ယွင်၏လက်သီးက သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။

လိပ်နက်ဘိုးဘေး၏ ရင်ဘတ်သည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။ သူသည် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး လျင်မြန်စွာ နောက်ပြန် ဆုတ်သွားသော လိပ်နက်ဘိုးဘေး၏ရုပ်အသွင်အပြင်ကို ကြည့်လိုက်သည်။ သူ၏ ပါးစပ်ထောင့်မှ အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

ကိုယ့်ရန်သူ၏ဒဏ်ရာရမူကို အခွင့်ကောင်းယူပြီး ရန်သူကိုသတ်ဖြတ်ခြင်းသည် ချင်ယွင် ၏ ပုံမှန်စည်းကမ်းပင်။

ဝှီး…..!

ချင်ယွင်၏ခြေချောင်းများသည် သန္တာကျောက်တန်းကို ထိလိုက်သည်။ သန္တာ ကျောက်တန်းသည် ချက်ခြင်း ပေါက်ကွဲသွားပြီး ချင်ယွင်သည် လေးကြိုးမှ ပစ်လွှတ်သော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။

လိပ်နက်ဘိုးဘေး၏ မျက်နှာသည် ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက်နေ သည်။ သူသည် သူ့ဆီသို့ တဟုန်ထိုး အပြေးအလွှား ပြေးဝင်လာသောချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အေးစက်မှုတစ်ခု ထွက်ပေါ်လာသည်။

"ငရဲကိုသွားလိုက်တော့!"

လိပ်နက်ဘိုးဘေးက ကျယ်လောင်စွာ အော်လိုက်ပြီး သူသည် ရှည်လျားသော အစိမ်းရောင် ဆူးချွန်တစ်ချောင်းကို ထွေးထုတ်လိုက်သည်။

ဆူးချွန်သည် အလွန်လျင်မြန်ပြီး ညဉ့်အမှောင်ထုကိုဖြတ်သန်းသွားသော လျှပ်စီးကဲ့သို့ လင်းလက်သွား၏။

၎င်းဆူးချွန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာခြင်းကြောင့် မြင်ရသူများ၏ နှလုံးသားကို ပို၍ပင် ရင်တုန်စေသည်။

ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ သူသည် လိပ်နက်ဘိုးဘေးဆီသို့ တဟုန်ထိုး ပြေးဝင်သွားနေစဉ်မှာ ရုတ်တရက် လိပ်နက်ဘိုးဘေး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ သူသည် ရုတ်​တရက်​ ​သတိကြီးစွာ ထားလိုက်သည်​။

သူသည် ဆူးချွန်နှစ်ချောင်းကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း တတိယမြောက် ဆူးချွန်က သူ့ကို ထိမှန်သွားဆဲဖြစ်သည်။ ဆူးချွန်သည် သူ၏ရင်ဘတ်ကို ချက်ခြင်း ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှတဆင့် ဖောက်ထွက်ကာ နီမြန်းသောသွေးများ စီးထွက်လာသည်။

ချင်ယွင်သည် တစ်ချက်ညီးတွားအော်ဟစ်လိုက်ရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးထွက်လာသည်။

"ဟား၊ ဟား၊ မင်းက ငါတို့လျှို့ဝှက်ဆန်းကြယ်မိုးပြာဘိုးဘေးမျိုးနွယ်စုရဲ့ စိတ်ဝိညာဉ် ဆွဲထုတ်အရိုးတိုက်စားဆူးချွန် ထိမှန်သွားခဲ့ပြီ။ မင်းက သေချာပေါက် သေရလိမ့်မယ်။" လိပ်နက်ဘိုးဘေးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချင်ယွင်ကို စိုက်ကြည့် ရင်း သူ၏မျက်လုံးများတွင် ဂုဏ်ယူဝင့်ကြွားမှုအပြည့် ရှိနေသည်။

"စိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားဆူးချွန်လား?" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

"ဟား၊ ဟား၊ ဒီစိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားဆူးချွန်က ငါလိပ်နက်ဘိုးဘေးရဲ့ ထူးခြားတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ၊" စိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားဆူးချွန် သုံးခုစလုံးကို ကမ္ဘာ့နံပါတ်တစ် အဆိပ်ပြင်းဆုံးဆေးပင်ဖြစ်တဲ့ စိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားဆေးမြစ်နဲ့ ရက်ပေါင်း ၉၉၈၁ ရက်ကြာအောင်စိမ်ပြီး ပြုလုပ်ထားခြင်း ဖြစ်တယ်။ ပြီးနောက် ငါ့ရဲ့နတ်ဆိုးချီနဲ့ အနှစ်တစ်ရာနီးပါး ပြုစုပျိုးထောင်ပေးပြီးတဲ့ နောက်၊ ဆူးချွန်တွေရဲ့ စွမ်းအားက ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီ။ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများတောင်မှ ငါ့ရဲ့စိတ်ဝိညာဉ်ဆွဲထုတ်အရိုးတိုက်စားဆူးချွန်တွေ ထိမှန်သွားတာနဲ့ သေချာပေါက် သေဆုံးရလိမ့်မယ်။" လိပ်နက်ဘိုးဘေးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့မျက်လုံးများတွင် စဉ်းလဲကောက်ကျစ်မူများနှင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သေချာသည်မှာ၊ ဤပြင်းထန်သော အဆိပ်သည် စတင်ပျံ့နှံ့လာသည်။ တစ်ကိုယ်လုံးရှိ သွေးများသည် နှစ်ပိုင်းကွဲထွက်သွားကာ တစ်ခုသည် ဒန်တန်ဆီသို့ တည့်တည့် စီးဆင်းသွားပြီး နောက်တစ်ခုက သူ၏ နီဝမ်နန်းတော်ဆီသို့ ဖြစ်သည်။

ချင်ယွင်သည် ချက်ခြင်းပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။ သို့သော် ဤအဆိပ် သည် ပြင်းထန်လွန်းလှသဖြင့် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်သည် ပင် ဤအဆိပ်ကို လုံးလုံးလျားလျား တိုက်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် နီဝမ်နန်းတော်၏ စိတ်ဝိညာဉ်သည်လည်း ပြင်းထန်စွာ ခြိမ်းခြောက်ခံနေရသည်။ အဆိပ်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းသည် စိမ်းပြာရောင် အမျှင်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်၏ အလင်းလုံးဆီသို့ ပျံသန်းသွားသည်။

"ဟား၊ ဟား၊ ရုန်းကန်မနေပါနဲ့၊ အဲဒါက အသုံးမဝင်ဘူး။ မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်ဆွဲ ထုတ်အရိုးတိုက်စားဆူးချွန်ကို ထိမိပြီးမှတော့ မင်းက သေချာပေါက် သေမှာပဲ။ မင်းရဲ့ ဝိညာဉ်ချီက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်အထိ မရောက်သေးဘူးဆိုရင် ဒီစိတ်ဝိညာဉ်ဆွဲထုတ်အရိုးတိုက်စားဆူးချွန်ရဲ့ အဆိပ်ကို မင်း ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ " လိပ်နက်ဘိုးဘေး၏ နှုတ်ခမ်းများသည် သိသာထင်ရှားသည့် အထင်မြင် သေးသောအမူအယာဖြင့် တွန့်ကွေးသွားသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါယမ်းလိုက်မိပါ သည်။ ချင်ယွင်သည် လိပ်နက်ဘိုးဘေးကို အနိုင်ယူနိုင်မည်ဟု မူလက သူမ ထင်ထားခဲ့ သော်လည်း၊ သူသည် တိုက်ပွဲအတွေ့အကြုံ မရှိခဲ့သေးပေ။ ဤ လိပ်နက်ဘိုးဘေး၏ စိတ်ဝိညာဉ်ဆွဲထုတ်အရိုးတိုက်စားဆူးချွန်များသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ကြောက်စရာကောင်းလွန်းသည်။ သူသည် ဤတိုက်ကွက်ကို အသုံးပြုပြီး မရေမတွက်နိုင်သော အဆင့်တူနတ်ဆိုးသားရဲများကို သတ်ပစ်ခဲ့သည်။

"ဟား၊ ဟား၊ ဒီကောင်လေးက ကလေးတစ်ယောက်သာသာပဲ ရှိပါသေးတယ်။ တကယ်လို့ သူက သန်မာတယ်ဆိုရင်ရော ဘာဖြစ်လဲ။ နောက်ဆုံးတော့ သူက အတွေ့အကြုံမရှိသေးပါဘူး။ နောက်ဆုံးတော့ သနားစရာစဖွယ် သေခြင်းမျိုးနဲ့ ဆုံးသတ်ရတော့မယ်။" ဟောင်ကူသည် သူ့စိတ်ထဲတွင် ဂုဏ်ယူစွာဖြင့် ရယ်မောရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အမူအယာက ပေါက်ကွဲထွက်လာ သည်။

ယခုအချိန်မှာ ချင်ယွင်သည်လည်း လုံးဝ အန္တရာယ်ရှိနေသည်။ စိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားမြက်၏ အဆိပ်သည် အမှန်တကယ် ထူးထူးခြားခြား အစွမ်းထက်သည် ဟု ဆိုရမည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည်ပင် သေလုမြောပါး ဖြစ်ကာ သေခြင်းတရား နီးကပ်လာသည်ကိုပင် ခံစားနိုင်သည်။ အထူးသဖြင့် သူ၏ စိတ်ဝိညာဉ်အလင်းလုံးကို တိုက်ခိုက်နေသည့် မိုးပြာရောင်အမျှင်တန်း ဖြစ်သည်။ ၎င်းသည် သူ၏ စိတ်ဝိညာဉ်အလင်းလုံး၏ နက်ရှိုင်းရာနေရာသို့ ထိုးဖောက် စိမ့်ဝင်တော့မည်။

အလွန်ပြင်းထန်သော နာကျင်မှုသည် ချင်ယွင်၏ နက်ရှိုင်းသော နှလုံးသားမှ ထွက်ပေါ်လာပြီး ချက်ခြင်းပင် သူ့ကို အော်သံထွက်ပေါ်လာသည်အထိ ညည်းတွားရစေသည်။ သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ကို တိုက်ရိုက် ထောက်ကာ အလွန်အမင်း နာကျင်နေပုံရ၏။

ချင်ယွင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဤမိုးပြာရောင်အမျှင်တန်းသည် သူ့စိတ်ဝိညာဉ်အလင်းလုံး၏နက်ရှိုင်းရာအရပ်သို့ လုံးလုံးလျားလျား ဝင်ရောက်သွား သည်နှင့်၊ ချင်ယွင်၏လမ်းကြောင်းသည် သေခြင်းတရားနှင့်အတူ လုံးဝ ပျောက်ကွယ် သွားတော့မည်ဖြစ်သည်။

"မဟုတ်ဘူး၊ ငါမသေနိုင်ဘူး။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ငါ မသေချင်သေးဘူး..."

ချင်ယွင်သည် စိတ်ထဲတွင် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်၏။ သို့သော် ထိုမိုးပြာရောင် အမျှင်တန်းသည် သနားကရုဏာတစ်စုံတစ်ရာမှ မပြဘဲ ချင်ယွင်၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းရာအရပ်သို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ချင်ယွင်သည် မူးမေ့လဲလုနီးပါး ဖြစ်သွားရသည်။

ဝှမ်း။

ချင်ယွင်သည် ပြိုလဲကျခါနီးတွင် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံ ဆိပ်သည် ရုတ်တရက် တောက်ပလာခဲ့သည်။ ထူးဆန်းသော စွမ်းအားတစ်ခု ပျံ့နှံ့ ထွက်ပေါ်လာပြီးနောက် ချင်ယွင်၏ ဦးနှောက်ထဲဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး မိုးပြာရောင်အမျှင်တန်းသည်လည်း ချက်ချင်းပင် အစိပ်စိပ်မွှာမွှာ ပြိုကွဲပျက်ဆီးသွားခဲ့ သည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ဒန်တန်ကို ကျူးကျော်ဝင်ရောက်တော့မည့် အဆိပ်သည် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအောက်တွင် ဘာမှမရှိခဲ့သည့် အလား ပျောက်ကွယ်သွားရ၏။

ချင်ယွင်သည် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်က သူ၏အသက်ကို ကယ်တင်ပေးလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားခဲ့ ပါဘူး။

ချင်ယွင်သည် အဆိပ်ပြဿနာကို ရှင်းထုတ်နေချိန်မှာ လိပ်နက်ဘိုးဘေးသည်လည်း စတင်လှုပ်ရှားလာပါသည်။

"ကောင်လေး၊ ငါ့သားအတွက် မင်းရဲ့သွေးနဲ့ ယဇ်ပူဇော်မယ်လို့ ငါပြောထားခဲ့တယ်၊ ဒီနေ့ ငါ မင်းကို အသက်ရှင်ရဲတဲ့ဘဝက ဘယ်မျိုးလဲဆိုတာ ငါပြောပြပေးမယ်။ မင်းရဲ့အသားကို အပိုင်းပိုင်းဖြတ်ပြီး သေခြင်းတရားကို မင်းကို ဖြည်းဖြည်းချင်း ခံစားခိုင်းမယ်။"

လိပ်နက်ဘိုးဘေး၏ မျက်နှာသည် ဖော်ပြ၍မရအောင်ပင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။သူ၏လက်ထဲတွင် တိုက်ပွဲဝင်ဆေဘာတစ်ချောင်း ပေါ်လာပြီး ချင်ယွင်ဆီသို့ ခြေတစ်ချင်းလှမ်းကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း သူ၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

အလွန်လျင်မြန်စွာဖြင့် လိပ်နက်ဘိုးဘေးသည် ချင်ယွင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူသည် သူ၏လက်ထဲမှ ဆေဘာကို မြှောက်လိုက်ပြီး ချင်ယွင်၏လက်မောင်းကို ခုတ်ပိုင်းပစ်တော့မည်။ သူ့အမြင်အရဆို ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်ဆွဲထုတ် အရိုးတိုက်စားဆူးချွန်ကို ထိမှန်ထားခဲ့ပြီးဖြစ်ကာ ခုခံရန်မစွမ်းနိုင်တော့ပေ။ သူသည် သေခြင်းတရားကို နာခံမှုရှိရှိဖြင့် စောင့်ဆိုင်းရုံသာ တတ်နိုင်လိမ့်မည်။

သို့သော်၊ သူ၏ဆေဘာသည် ချင်ယွင်၏လက်ပေါ်သို့ ကျရောက်ခါနီးတွင် တစ္ဆေသရဲ နှင့်တူသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လိပ်နက်ဘိုးဘေး၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားသည်။

"ခင်ဗျားရဲ့အဆိပ်​က ကျုပ်ကိုသတ်​နိုင်​တယ်​လို့ ခင်ဗျား တကယ်​ထင်နေတာ​လား" မူလက မြေပြင်ပေါ်တွင် ဒူးတဝက်ခန့် ထောက်နေသော ချင်ယွင်သည် ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး သူ၏မျက်လုံးများက ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်တောက်ပလာခဲ့သည်။

All Chapters