← Chapters

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အခန်း (၄၄၆-၄၅၀)

Vol. 30 Ch. 446-450

အခန်း (၄၄၆) ကြီးမားသောတိုက်ပွဲကြီးတစ်ခု ကျရောက်လာခြင်း။

အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးထဲတွင်………။

ငွေရောင်သံချပ်ကာဝတ် ချောမောခန့်ငြားသော လူငယ်၏မျက်နှာသည် အေးစက် တင်းမာနေသည်။ ပင်လယ်လေပြေလေညှင်း၏ တိုက်ခတ်မူအောက်မှာ သူ၏ ငွေရောင်ဆံပင်ရှည်များက ရှည်လျားသော ငွေရောင်မြွေများကဲ့သို့ ကခုန်နေလေသည်။

ဤအခိုက်အတန့်တွင်၊ သူသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသော နတ်ဆိုး သားရဲနှစ်ကောင်ကို အဝေးမှကြည့်ကာ အံ့ဩခြင်းနှင့်အတူ အေးစက်ခြင်းတို့က သူ၏ မျက်လုံးများတွင် စီးဆင်းနေသည်။

ယုတ္တိနည်းကျကျ ပြောရမည်ဆိုလျှင်၊ သူတို့၏လက်ရှိအဆင့်နှင့်ဆို ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာစ နတ်ဆိုးသားရဲလေးတွေကို သူတို့မျက်လုံးထဲ ထည့်ထားမှာ မဟုတ်ပါ ဘူး။ သာမန်နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ပါ နတ်ဆိုးသားရဲများ ဆိုလျှင် သူသည် ၎င်းတို့ကို အနည်းငယ်လောက်သာ အာရုံစိုက်မိမည် ဖြစ်ပါသည်။ သို့သော်ငြား လည်း ယခုအခါ သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ထဲသို့ပင် လုံးဝ ဝင်ရောက်ခြင်း မရှိသေးသော ဤနတ်ဆိုးသားရဲလေးနှစ်ကောင်အပေါ် မနာလိုမှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဒုက္ခကို ဆင့်ခေါ်နိုင်ရခြင်းမှာ ဤနတ်ဆိုးသားရဲနှစ်ကောင်၏ အရည်အချင်းများသည် အလွန့်လွန် ကြောက်စရာ ကောင်းသည်ဟု ဆိုလိုသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဤကဲ့သို့သော စွမ်းရည်မျိုး သည် ကြီးမြတ်သော နန်းတော်သခင်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဤဖြစ်ရပ်မျိုးသည် အနှစ်တစ်ရာအတွင်းမှာ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခု ဖြစ်မည်မှာ သေချာပါသည်။ နောက်ထပ် သူ့ကို ကြောက်လန့်စေဆုံးအရာက နတ်ဆိုးသားရဲနှစ်ကောင်က တစ်ပြိုင် နက်တည်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာက သူ့ကို ပို၍ပင် ထိတ်လန့် တုန်လှုပ် သွားစေသည်။

"မဟာတပ်မှူးကြီး၊ သတ္တမမြောက် လျှပ်စီးကပ်ဘေးဒုက္ခက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဒီနတ်ဆိုးသားရဲနှစ်ကောင်က ရှစ်ခုမြောက် လျှပ်စီးကပ်ဘေးဒုက္ခကို ရင်ဆိုင်ရတဲ့အခါ ရှင်သန်နိုင်ပါ့မလားလို့ ကျွန်တော် တွေးမိတယ်။ ငွေရောင် သံချပ်ကာ ဝတ်လူငယ်၏ နောက်မှာရှိနေသည့် ဦးချိုပါအသက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က မေးလိုက်ပါသည်။

ငွေရောင်သံချပ်ကာဝတ်လူငယ်၏ မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေ သေး၏။ သူ့နောက်မှ ဦးချိုပါအသက်လတ်ပိုင်းအရွယ်၏စကားကို ကြားသောအခါ သူသည် ခေါင်းပင် ပြန်လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည် “ဒီနတ်ဆိုးသားရဲ နှစ်ကောင်ရဲ့ အရည်အချင်းတွေက ကြောက်စရာကောင်းလွန်းလှတယ်။ တကယ်လို့ သူတို့အနေနဲ့ ကောင်းကင်ကပ်ဘေးဒုက္ခအောက်မှ သေဆုံးသွားပါက ပိုကောင်းလိမ့် မယ်။ သူတို့ တခြားအင်အားစုကြီးနှစ်ခုနဲ့ ပူးပေါင်းသွားမှာကို လုံးဝ ခွင့်မပြုနိုင်ဘူး"

"မဟာတပ်မှူးကြီးက ဘာကိုဆိုလိုတာပါလဲ?” ဦးချိုပါအသက်လတ်ပိုင်းအရွယ် အမျိုးသားက မေးသည်။

ငွေရောင်သံချပ်ကာဝတ်လူငယ်၏ မျက်လုံးများတွင် အေးစက်စက်အလင်းအရောင် တစွန်းတစ ပေါ်လာသည်။ "တကယ်လို့ သူတို့က ငါတို့ရဲ့လိပ်နက်နန်းတော်ထဲဝင်ဖို့ ရွေးချယ်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ဒါပေမယ့် သူတို့က တခြားအင်အားစုနှစ်ခု အထူးသဖြင့် နဂါးကောင်းကင်နန်းတော်ထဲဝင်ဖို့ ရွေးချယ်လိုက်မယ်ရင် သူတို့ကို တိုက်ရိုက် သတ်ပစ်လိုက်ရမယ်။ အဲဒီအချိန်ရောက်ရင် အဲဒီအကြီးအကဲဇီကို တားဆီးဖို့ အတွက် ငါက မန်ယုနဲ့ လက်တွဲမယ်။ မင်းက ငါ့အတွက် အဲဒီနတ်ဆိုးသားရဲ နှစ်ကောင်ကို သတ်ပစ်လိုက်ပါ။ မှတ်ထားပါ။ သူတို့ကို မလွတ်မြောက်စေနဲ့။

"ဟုတ်ကဲ့ပါ။ မဟာတပ်မှူးကြီး “ ဦးချိုပါအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကမန်းကတန်း ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းမှာပင် အရပ်ရှည်ရှည် ကြံ့ခိုင်သောအမျိုးသား၏ ဘက်မှာလည်း အလားတူ စကားစမြည် ပြောနေကြသည်။ သူတို့စကားဝိုင်း၏ ယေဘုယျအဓိပ္ပါယ်က အတူတူပင် ဖြစ်သည်။ အကယ်၍ ဤနတ်ဆိုးသားရဲနှစ်ကောင်သည် နဂါးကောင်းကင် နန်းတော်သို့ဝင်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူတို့သည် တွေ့သည်နှင့်တပြိုင်နက် အသတ်ခံရမည် ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ရှစ်ကြိမ်မြောက် ကောင်းကင်ကပ်ဘေးဒုက္ခကြီးမှ လွတ်မြောက်နိုင်မည်ကို သူသည် စိုးရိမ်တကြီး စောင့်စားနေခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဘေးနားမှာ ငြိမ်သက်စွာ ရပ်နေသည်။ သူမ၏ ရုပ်ရည်အသွင်အပြင်သည် သာမာန်သာဖြစ်ပြီး၊ သူမ၏ ခရမ်းရောင်မျက်လုံးများသည် ထူးဆန်းပြီး အေးစက်နေသည်။ သူမ မည်သည့်အရာများ တွေးနေမှန်း မည်သူမှ မသိနိုင်ပါဘူး။

"ဘုန်း.....!"

အဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် နောက်ဆုံးတွင် ဆင်းသက်လာမည့် အရိပ်အယောင်များ ပြသလာကာ လူတိုင်းသည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကြီးမားသောရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ကောင်းကင်ပေါ်ရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးများကို ကြည့်လိုက်ကြသည်။

"ဖျစ်...!"

ကြီးမားသော လက်ကြီးဖြင့် ဆုတ်ဖြဲလိုက်သကဲ့သို့ ကောင်းကင်ကြီးသည် ကွဲအက် သွားခဲ့သည်။ တလှိမ့်လှိမ့်တက်လာသော လျှပ်စီးကြောင်းများသည် ဒီရေလှိုင်းများကဲ့သို့ သွန်ချလာသည်။ ခရမ်းရောင်လျှပ်စီးကြောင်းများတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအားများလည်း ပါရှိနေသည်။

"လျှပ်စီးမိုးကြိုးရေတံခွန်လား?"

ချင်ယွင်သည် ချက်ချင်းပင် အေးစက်သောလေကို ရှုရှိုက်လိုက်မိသည်။ သူသည် ဤလျှပ်စီးကပ်ဘေးဒုက္ခမှ အဖျက်စွမ်းအားကို ခံစားရသည်။ လျှပ်စီးကြောင်းများသည် ရေတံခွန်ကဲ့သို့ သွန်းလောင်းလာခဲ့ပြီး ၎င်း၏ စွမ်းအားသည် ပြင်းထန်ပြီး ကြီးမား လွန်းသည်။

ထို့အပြင်၊ ဤလျှပ်စီးကြောင်းများသည် နေရာအနှံ့ပျံ့နှံသက်ရောက်မူရှိသဖြင့် သင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးကြောင်းဖြင့် နှစ်ခြင်းခံသလို ရင်ဆိုင်ကြုံတွေ့ရစေသည်။ အကယ်၍ သင်သာ သတိမထားမိပါက၊ ဤလျှပ်စီးရေတံခွန်တွင်ပါရှိသော အဖျက်စွမ်းအားကြောင့် သင်သည် လျှပ်စီးပင်လယ်အတွင်း ပျက်သုဉ်းသွားမည် ဖြစ်သည်။

၎င်းကိုကြည့်ခြင်းအားဖြင့် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ လျှပ်စီးမိုးကြိုး ရေတံခွန် များသည် ချင်ယွင်၏ ကပ်ဘေးဒုက္ခများထက်ပင် ပို၍ပင်အားကောင်းနေပြီး ၎င်းတို့ အတွင်းမှာပါရှိသော အဖျက်စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းပါသည်။

"ဘုန်း........!"

မျှော်လင့်ထားသည့်အတိုင်း လျှပ်စီးမိုးကြိုးရေတံခွန်များ သွန်းလောင်းချလိုက်သည်နှင့် ကီလိုမီတာတစ်ရာအကွာအဝေးသည် ချက်ချင်းပင် လျှပ်စီးလင်းလက်နေသော လျှပ်စီး ပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်သည် ချက်ချင်းပင် လျှပ်စီးအလင်းဖြင့် ပြည့်နှက်သွားခဲ့ပြီး ပင်လယ်ရေပြင်အောက်သို့ ထွက်ပြေးသွားခြင်းမရှိသော ဆိတ်သုဉ်းခြင်းသားရဲများ သည် လျှပ်စီးရိုက်ခတ်ချက်ကြောင့် တိုက်ရိုက် ပျက်သုဉ်းသွားခဲ့သည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် လျှပ်စီးပင်လယ်ကြီး၏ အလယ်ဗဟိုတွင် ရှိနေကြ သည်။ သူတို့သည် လျှပ်စီးမိုးကြိုးရေတံခွန်ကြီးကို ဆယ်ကြိမ်ပြည့်အောင် ခံနိုင်ရည်ရှိခဲ့ ကြသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး မိုးကြိုးများဖြင့် နှစ်ခြင်းခံခဲ့ကြသော်လည်း သူတို့သည် မထိန်းနိုင်ဘဲ သနားစဖွယ် အော်ဟစ် ညည်းတွားသံများဖြင့် အော်ဟစ်နေကြ၏။

ဤမြင်ရကြားရသည့်မြင်ကွင်းက ချင်ယွင်၏ နှလုံးသားကို တင်းကျပ်သွားစေသည်။

"ရှောင်ဘိုင်၊ ရှောင်ကျင်းတို့၊ မင်းတို့ တောင့်ခံထားမှ ရမယ်” ချင်ယွင်သည် သူ၏ စိတ်ထဲမှ အော်ဟစ်အားပေးမိသည်။

အမွှေးတိုင်တစ်ချောင်းထွန်းချိန် ပြည့်ပြီးသောအခါ၊ လျှပ်စီးကြောင်းသည်တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ ခန္ဓာကိုယ်များသည်လည်း ပေါ်လာသည်။

ယခုအချိန်တွင် ရှောင်ဘိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်အကြေးခွံများသည် နေရာများစွာတွင် မည်းနက်နေပြီ ဖြစ်သည်။ အချို့နေရာများတွင် ကြေးခွံတို့၏ အရေပြားသည် ပွင့်ထွက်နေပြီး အသားများသည် သွေးများဖြင့် ရွှဲနစ်နေသည်။ ထင်ရှား သည်မှာ၊ ဤလျှပ်စီးကပ်ဘေးဒုက္ခသည် သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်မှာ ထင်ရှားသည်။

ရှောင်ကျင်းသည်လည်း သူ့ထက် ကောင်းမွန်ခြင်း မရှိပေ။ ယခုအချိန်တွင် သူ၏ အဖြူရောင်အမွေးများသည် နေရာများစွာတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပျောက်ကွယ်မသွားသော နေရာမှာလည်း မည်းမှောင်နေသည်။ သူသည် ချောမောခန့်ငြားပြီး အင်အားကြီးသော အဖြူရောင်မျောက်ဝံအဖြစ်မှ ရုပ်ဆိုးဆိုး အမွေးပြောင်ပြောင် အနက်ရောင်မျောက်ဝံကြီး အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲ သွားခဲ့သည်။

ထိုတင်မကဘဲ သူ၏ပါးစပ်ထောင့်မှာ သွေးတွေ စီးကျနေသည်။ ဤအခိုက်အတန့်တွင် သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မလှုပ်ရှားနိုင်ဖြစ်ကာ မောပန်းနွမ်းနယ်နေပုံ ရသည်။

ချင်ယွင်သည် ထိုအနေထားကိုမြင်ရလျှင် ဝမ်းသာသွားမိသည်။ သူတို့သည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော်လည်း အနည်းဆုံးတော့ ဤလျှပ်စီးကပ်ဘေး ဒုက္ခကြီးမှ လွတ်မြောက်ခဲ့ပါသည်။ ဤနည်းဖြင့် သူတို့သည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ထဲသို့ လုံးလုံးဝင်ရောက်သွားခဲ့ကြပြီး နတ်ဆိုးသားရဲအဆင့်သို့ ရောက်ရှိသွားပြီ ဟု ယူဆနိုင်ပါသည်။

ဘန်း……!

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကပ်ဘေးဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော် နိုင်ခဲ့သည့်အတွက် ချင်ယွင်သည် ဝမ်းမြောက်ဝမ်းသာဖြစ်နေစဉ်မှာ ငွေရောင် သံချပ်ကာဝတ်လူငယ်နှင့် အရပ်ရှည်ရှည်ကြံ့ခိုင်သော အမျိုးသားတို့အထံမှ ကြီးမား သော ဖိအားများသည် အတူပေါင်းစည်းကာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ အပေါ် ချက်ခြင်းပင် ကျရောက်လာခဲ့သည်။

သူတို့နှစ်ဦးသည် ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့အတွက် တိုက်ပွဲဝင်ရန် ကြံစည်နေမှန်း သိလိုက်ရသဖြင့် ချင်ယွင်သည် ရုတ်တရက် တုန်လှုပ်သွားသည်။

"စပါးအုံးမြွေဖြူ၊ ရွှေရောင်မျောက်ဝံတို့၊ မင်းတို့က ငါ့ရဲ့လိပ်နက်နန်းတော်ထဲဝင်ဖို့ ဆန္ဒရှိရဲ့လား။ မင်းတို့ကို နန်းတော်သခင်ကိုယ်စား တပ်မှူးရာထူးကို ငါ ပေးနိုင်တယ်။" ငွေရောင်သံချပ်ကာဝတ်လူငယ်က ပြောသည်။

"ငါတို့ ဧရာမဝေလငါးနန်းတော်ကလည်း မင်းတို့နှစ်ယောက်ကို ကမ်းလှမ်းတယ်။ မင်းတို့နှစ်ယောက် ငါတို့ ဧရာမဝေလငါးနန်းတော်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလားဆိုတာ ငါသိချင်မိတယ်။ အရပ်ရှည်ရှည် ကြံ့ခိုင်သောအမျိုးသားကလည်း ပြောလိုက်သည်။

မဟာတပ်မှူးကြီးနှစ်ဦး၏ အသံများသည် ပင်လယ်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် အံ့အားသင့်သွားသည်။ လိပ်နက်နန်းတော်နှင့် ဧရာမဝေလငါးနန်းတော်တို့က သူတို့ကို တစ်ပြိုင်နက် ဖိတ်ကြားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ သို့သော် ချင်ယွင်သည် နဂါးကောင်းကင်နန်းတော်သို့ ဝင်ရောက်နေပြီ ဖြစ်သောကြောင့် သူတို့သည် သဘာဝအတိုင်း ချင်ယွင်နောက်သို့သာ လိုက်ချင်ကြသည်။ ထို့ကြောင့် သူတို့က “ ငါတို့က နဂါးကောင်းကင်နန်းတော်ကို ဝင်ဖို့ ရွေးချယ်ပါတယ်” ဟု တညီတညွတ်တည်း ပြောလိုက်သည်။

မျှော်လင့်ထားသလိုပင် မဟာတပ်မှူးကြီးနှစ်ယောက်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့၏ စကားတွေကို ကြားလိုက်ရသည့်အခါမှာ အေးစက်သည့် အရိပ်အယောင်တွေက ချက်ချင်းဆိုသလို သူတို့၏မျက်လုံးထဲကို တိုးဝင်လာခဲ့သည်။

ငွေရောင်သံချပ်ကာဝတ်လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက်နေသည်။

"အဲဒီအတွေးကို မင်းတို့ မရပ်ကြတော့ဘူးလား ။" ငွေရောင်သံချပ်ကာဝတ်လူငယ်က အေးစက်စွာ မေးလိုက်သည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် တစ်ချိန်တည်းတွင် ခေါင်းယမ်းလိုက်ကြသည်။

"ဒါဆိုလည်း သွားသေလိုက်ကြတော့” ရင်ဟန်က ချက်ချင်း ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက အရူးအမူး ပေါက်ကွဲထွက်လာကာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ဖိနှိပ်လိုက်ပြီး သူ၏ပုံရိပ်ကလည်း ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။

အရပ်ရှည်ရှည်ကြံ့ခိုင်သော အမျိုးသားသည်လည်း ရှောင်ဘိုင်နှင့်ရှောင်ကျင်းဆီသို့ အပြေးအလွှား ပြေးဝင်သွားရင်း သူ၏ မျက်လုံးများက အနှိုင်းမဲ့ အေးစက်နေသည်။

ချင်ယွင်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး သူ၏နှလုံးသားထဲတွင် စိုးရိမ်စိတ်များ တလိပ်လိပ်တက်လာသည်။

သို့သော် ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုက ချင်ယွင်ကို ဖြတ်ကျော် သွား၏။

"ဟမ့်။ သူတို့နှစ်ယောက်က ငါတို့နဂါးကောင်းကင်နန်းတော်ထဲဝင်ဖို့ ရွေးချယ်ထားပြီး သားဆိုမှတော့ သူတို့က ငါတို့ နဂါးကောင်းကင်နန်းတော်ရဲ့ လူတွေပဲ။ မင်းတို့ကို ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ခွင့် ငါမပေးနိုင်ဘူး။ ဒီနေ့ ငါဇီရှန်က သူတို့ကို ဘယ်သူ တိုက်ခိုက်ရဲလဲဆိုတာ မြင်ချင်သေးတယ်"

အနှိုင်းမဲ့ အေးစက်သော အသံတစ်ခုက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။ အနှိုင်းမဲ့အအေးဓာတ်က ကမ္ဘာတစ်ခွင်လုံး ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ လှိုင်းလေထန် နေသော ပင်လယ်ပြင်သည် အမှန်တကယ်ပင် ထူထဲသိပ်သည်းသော ရေခဲအလွှာကြီး တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။

တခဏအတွင်းမှာပင် လူတိုင်းသည် ရေခဲနေသော မြေအောက်ခန်းတစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

အခန်း (၄၄၇) မသေနိုင်သောခန္ဓာကိုယ်။

အအေးဓာတ်သည် လူတိုင်း၏နှလုံးသားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး သူတို့၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသည့် အေးစက်မှုကို ခံစားရစေသည်။

ဇီရှန်၏ မောက်မာသော အသွင်အပြင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။ ပြင်းထန်သော နတ်ဆိုးစွမ်းအင်များသည် ချက်ချင်းပင် တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ငွေရောင်သံချပ်ကာဝတ်လူငယ်နှင့် ကြံ့ခိုင်သန်မာသော အမျိုးသားကို နှစ်ယောက်တစ်ယောက်အဖြစ် တိုက်ခိုက် ရင်ဆိုင်လိုက်သည်။

သူမ၏ရုပ်ရည်အသွင်အပြင်က သာမန်ထက် ထူးကဲစွာ လှပကြော့ရှင်းနေပြီး သူ၏ အငွေ့အသက်က ပို၍ပင် ပြိုင်ဘက်မရှိ ဖြစ်နေသည်။ သူမသည် သူတို့နှစ်ယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်တွေ့နေစဉ်မှာတောင် နည်းနည်းလေးမှ အရေးနိမ့်ခြင်း မရှိပါဘူး။ ယင်အစား၊ သူမသည် သူတို့နှစ်ယောက်ကို ဖိနှိပ်ထားပြီး သူတို့ကိုတောင် အညှာမရှိ ရိုက်နှက်နိုင်ခဲ့သည်။

သူမ၏လက်တွေကို ဝှေ့ယမ်းလှုပ်ရှားလိုက်သည်နှင့် ပင်လယ်ရေတွေက တလှိမ့်လှိမ့် မြင့်တက်လာခဲ့ပြီး ရေခဲတောင်တွေ ကောင်းကင်ယံမှ ကျဆင်းလာသကဲ့သို့ ဖြစ်သည်။

ငွေရောင်သံချပ်ကာဝတ်လူငယ်နှင့် ကြံ့ခိုင်သန်မာသောအမျိုးသားသည် ပြန်လည် တိုက်ခိုက်ရန် ခွန်အားမရှိသလိုဖြစ်နေပြီး ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ပြန် ဆုတ်နေရသည်။

"သန်စွမ်းလွန်းတယ်!" ချင်ယွင်သည် ခပ်ဝေးဝေးတွင် ရပ်နေကာ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ လှပသောရုပ်အသွင်အပြင်ကို လှမ်းကြည့်လိုက်သည်။ သူ၏နှလုံးသားက အံ့ဩတုန်လှုပ်သွားသည်။

အကယ်၍ သူသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို ရင်ဆိုင်ရမည်ဆိုလျှင် တစ်ချက် လှုပ်ရှားရုံဖြင့် အသတ်ခံရသွားနိုင်သည်။

"တကယ်လို့ မင်းတို့ မလှုပ်ရှားသေးဘူးဆိုရင် ဘယ်အချိန် လုပ်ရှားမှာလဲ"

ထိုအချိန်မှာ ငွေရောင်သံချပ်ကာဝတ် လူငယ်က အော်ပြောလိုက်သည်။

ကာကွယ်သူနှစ်ဦးသည် ထိုစကားကိုကြားလျှင် ချက်ခြင်းပင် သူတို့၏အာရုံများ စူးစိုက်လာကြသည်။ သူတို့သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ကြည့်လိုက်ပြီး သူတို့ဆီ ပြေးဝင်သွားကြ၏။

ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက် ယခုအချိန်မှာ ဒဏ်ရာ ပြင်းထန်စွာ ရနေခဲ့ကြသည်။ လက်ရှိအချိန်မှာ သူတို့၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေကြသည်။ ထို့အပြင်၊ ဤကာကွယ်သူနှစ်ဦးသည် တာအိုအငွေ့အရည်ဖွဲ့ ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေကြသည်။ ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် ထိုလူများ၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"မဟုတ်ဘူး၊ သူတို့ကို ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့နဲ့ ရင်ဆိုင်ခွင့် လုံးဝ မပြုနိုင်ဘူး။" သူ၏မျက်လုံးထဲတွင် အေးစက်သည့်အလင်းရောက်တစ်ချက် ဝင်းလက်သွားကာ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကာကွယ်သူနှစ်ဦးသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာပြီး သူ့နှင့် ဆန့်ကျင်ဘက်အနေထားဖြင့် ရပ်နေကြသည်။

"ကောင်လေး၊ မြန်မြန်ဖယ်လိုက်စမ်း။ မင်းကိုပါ အတူတူရောသတ်လိုက်မှ ငါတို့ကို အပြစ်မတင်နဲ့နော်။"

ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လိပ်နက်နန်းတော်၏ကာကွယ်သူသည် ချက်ချင်းပင် မထီမဲ့မြင်ပြုကာ ပြုံးပြီး ပြောလိုက်သည်။ ဧရာမဝေလငါးနန်းတော်ကာကွယ်သူသည် လည်း လှောင်ပြောင်ပြီး မထီမဲ့မြင်ပြုသည့် အမူအရာကို ထုတ်ဖော်ထားသည်။

"ဟမ့်၊ ကျုပ်က ခင်ဗျားတို့ကို ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို သေချာပေါက် နာကျင်အောင် လုပ်ခွင့်မပြုနိုင်ဘူး။ တကယ်လို့ ခင်ဗျားတို့မှာ အရည်အချင်းရှိရင် ခင်ဗျားတို့အနေနဲ့ ကျုပ်ကို အရင်အနိုင်ရအောင် ကြိုးစားလိုက်ဦး" ချင်ယွင်က အေးစက်စွာပြောလိုက်ပြီး သူ၏မျက်လုံးများတွင် သူတို့ပြောစကားကို စိတ်မဝင်စား သည့် အရိပ်အယောင် ပေါ်နေသည်။

"ဟား၊ ဟား၊ ကောင်စုတ်လေး၊ မင်းဘာပြောနေလဲဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲ လေးက ငါတို့လို နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်ကို တားဆီးဖို့ ကြိုးစားနေတယ်ပေါ့။ မင်းက ငါ့ကို ဟာသလာ ပြောနေတာလား။" လိပ်နက်နန်းတော်၏ ဦးချိုပါအသက်လတ်ပိုင်းအရွယ် အမျိုးသား ကာကွယ်သူက ကျယ်လောင်စွာဖြင့် တိုက်ရိုက် လှောင်ပြောင်ရယ်မောလိုက်သည်။

ဧရာမဝေလငါးနန်းတော်၏ ကာကွယ်သူသည်လည်း ဧရာမဟာသကြီးတစ်ခုကို ကြားလိုက်ပုံရသည်။ သူသည် အတောမသတ် ရယ်မောပြီး ကူရာမဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။

"အကိုကြီး၊ ငါတို့သုံးယောက် အတူတူ သွားတိုက်ကြမယ်"

"မှန်တယ် အကိုကြီး။ ဒီအနံ့ဆိုးတဲ့မျောက်စုတ်ကြီးနဲ့ငါက သူတို့ထဲက တစ်ယောက်ကို တားဆီးလိုက်မယ်။ အစ်ကိုကြီးက တခြားတစ်ယောက်နဲ့ ရင်ဆိုပေါ့။"

ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့၏ ဒေါသထွက်နေသော အသံများက ချင်ယွင်၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

"မလိုအပ်ပါဘူး။ မင်းတို့ဒဏ်ရာတွေကို စိတ်ချလက်ချ ကုသနိုင်ပါတယ်။ ငါ့အတွက် ထားလိုက်ပါ။ မင်းတို့ဒဏ်ရာတွေ ပျောက်ကင့်အထိ စောင့်ပြီး ကုသကြ။ တကယ်လို့ ငါ ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုး ကျရောက်နေပြီဆိုရင် မင်းတို့က ငါ့ကို ကူညီပေး နိုင်တယ်။" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဖြင့် အသံပေးပို့လိုက်သည်။

"ဒါပေမယ့်" ရှောင်ကျင်းက တစ်ခုခု ပြောချင်နေပုံပင်။

"မင်းတို့က မင်းတို့အစ်ကိုကြီးကို လျှော့တွက်နေတာလား။ ဒါက နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူလေး နှစ်ယောက်ပဲလေ။ ငါ ဒါကို ထိန်းချုပ်နိုင်ပါတယ်။" ချင်ယွင်က သူ၏စိတ်ထဲတွင် မောက်မာစွာ ပြောလိုက်သည်။

"ကောင်းပါပြီ၊ ဒါဆို အကိုကြီးလည်း သတိထားပါ၊ နံစော်နေတဲ့မျောက်စုတ်ကြီး ဒဏ်ရာကနေ ပြန်ကောင်းလာတာနဲ့ ငါတို့ အစ်ကိုကြီး ကူညီပေးပါမယ်" ရှောင်ဘိုင် က သဘောတူလိုက်သည်။

ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ၏ရှေ့မှာရှိနေသည့် ကာကွယ်သူ နှစ်ယောက်ကို မော့ကြည့်လိုက်သည်။

ချင်ယွင်အတွက်မူ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တိုက်ခိုက်ရန်မှာ ခက်ခဲလှပါသည်။ သို့သော်လည်း သူ့ရှေ့မှာရှိနေသည့် ဤအပေါင်းအဖော် နှစ်ယောက်သည် သူ့ကို အမြဲတမ်း အထင်မြင်သေးသလို ကြည့်နေကြပြီး သူ့မှာဘဲ အခွင့်အရေး လုံးဝ မရှိသလို ဖြစ်နေသည်။

"ကောင်စုတ်လေး၊ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ မြန်မြန်ထွက်သွား လိုက်ပါ။ ဒါမှမဟုတ် ငါက မင်းကို သတ်ပစ်ရလိမ့်မယ်" လိပ်နက် နန်းတော်၏ ကာကွယ်သူက ချင်ယွင် သူတို့ရှေ့မှာ ကြောင်တက်တက် ရပ်နေသည်ကိုမြင်လျှင် သူသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်ကာ ပါးစပ်မှ မုန်းတီးစွာ ပြောလိုက်သည်။

"ခင်ဗျားတို့ သူတို့ကိုသတ်ချင်တယ်ဆိုရင် ကျုပ်စမ်းသပ်မူကို အရင်ဆုံး ဖြတ်ကျော်ရ မယ်လို့ ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြီးသားလေ" ချင်ယွင်က ရယ်မောလိုက်သည်။

"မင်းက သေချင်တာဘဲ!" ဧရာမဝေလငါးနန်းတော်၏ ကာကွယ်သူသည် နောက်ဆုံး တွင် ဒေါသမထိန်းနိုင်တော့ဘဲ သူ၏အငွေ့အသက်များက ပေါက်ကွဲထွက်လာကာ ချင်ယွင်ဆီကို တဟုန်ထိုး ပြေးဝင်လိုက်သည်။

လိပ်နက်နန်းတော်၏ကာကွယ်သူသည် ဘေးတွင်ရပ်ကာ ရယ်မောလိုက်သည်။ သူသည် လှုပ်ရှားရန်အတွက် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်ရှိ နတ်ဆိုးသားရဲလေး တစ်ကောင်ကို တိုက်ခိုက်ရန်အတွက် သူတို့နှစ်ယောက်စလုံးလိုအပ်သည်ဟု သူထင်ထားပုံမပေါ်ပေ။

ထိုအခိုက်တန့်တွင် ချင်ယွင်၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာသည်။ ဤအခွင့်အရေးကို သူစောင့်နေခြင်း ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်လုံး အတူတူ ရှေ့ထွက်ပြီး တိုက်ခိုက်လာမည်ဆိုလျှင် သူသည် အစွမ်းကင်းမဲ့သည့်အထိ အရိုက်နှက်ခံရနိုင်သည်။ သို့သော် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် ဤနှစ်ယောက်ထဲတွင် မည်သူမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်ဟု သူယုံကြည်သည်။

ဝှီး..!

ဧရာမဝေလငါးနန်းတော်၏ကာကွယ်သူ ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး သူ၏လက်ဖဝါး သည် ထက်ရှသောဓားတစ်ချောင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်ကာ ချင်ယွင်၏လည်ပင်းဆီသို့ ခုတ်ဖြတ် လိုက်သည်။

"ကောင်စုတ်လေး၊ မင်းရဲ့နောက်ဘဝမှာ ဦးနှောက်များများရှိဖို့လည်း မမေ့နဲ့ဦး။" ဧရာမ ဝေလငါးနန်းတော်၏ ကာကွယ်သူသည် ချင်ယွင်၏ဦးခေါင်းကို သူ၏လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး သွေးများ နေရာအနှံ့ ပြန့်ကျဲနေသည့်မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ လှောင်ပြောင်လိုက်သည်။

"တကယ်လား? ခင်ဗျား ကျုပ်ကို အဲဒီလိုအနေထားမျိုးနဲ့ သတ်ပစ်နိုင်မယ်လို့ တကယ် ထင်နေတာလား"

သို့သော်လည်း ဧရာမဝေလငါးနန်းတော်၏ ကာကွယ်သူသည် ချင်ယွင်၏လည်ပင်းကို ဓားဖြင့် ခုတ်ဖြတ်လုနီးပါး ဖြစ်နေစဉ်မှာ၊ ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထို့နောက် ဆုပ်ထားသော လက်သီးက လျှပ်စီးလက်သလို ထွက်ပေါ်လာသည်။ လက်သီးသည် လှုပ်ရှားလိုက်သည်နှင့် ဧရာမနဂါးကြီး၏ ဟောက်သံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့်အတူ တုန်ခါပြီး ရွေ့လျားသွားသည်။

"ဘုန်း…….!"

ချင်ယွင်၏လက်သီးသည် ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး သူ၏လက်သီးသည် သူ့နောက်ကျောထိ ထိုးဖောက်သွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဧရာမဝေလငါးနန်းတော်၏ ကာကွယ်သူ သည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်က အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအယာကို ထုတ်ဖော်လိုက်သည်။ သူ၏ မူလက ခုတ်ပိုင်းလိုက်သည့် လက်ဖဝါးဓါးသည် ရုတ်တရက် ရပ်တန့်သွားပြီး စွမ်းအင် နည်းနည်းလေးမှ အသုံးမပြုနိုင်တော့ပေ။

အဝေးမှနေ၍ ချင်ယွင်၏ဦးခေါင်း ပြုတ်ကျသွားသည့်အချိန်ကို စောင့်စားနေသည့် လိပ်နက်နန်းတော်မှ ကာကွယ်သူသည် ဤရုတ်တရက် မြင်ကွင်းကို မြင်လိုက်ရသည့် အခါ အလွန်အံ့အားသင့်နေသော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

သေးငယ်သော အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နတ်ဆိုးသားရဲ လေးသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ချက်ချင်း သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ သူက ထိုကဲ့သို့ ခွန်အားမျိုးကို မည်ကဲ့သို့ ရုတ်တရက် ပေါက်ကွဲနိုင်ရသနည်း။

"မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး၊ ခင်ဗျားရဲ့ရန်သူကို လျှော့တွက်လွန်းတာကို" ချင်ယွင်သည် ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ မယုံကြည်နိုင်လောက်သော မျက်နှာကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

" ဒါဆိုရင် ဒါက ဒီအတိုင်းပဲပေါ့ ။ မင်းရဲ့ ခွန်အားကို ဖုံးကွယ်ထားခဲ့တယ်။" ဧရာမ ဝေလငါးနန်းတော်၏ ကာကွယ်သူသည် ချက်ချင်းပင် နားလည်သဘောပေါက်သွား သည်။

ချင်ယွင်က ပြုံးပြီး ပြန်မဖြေခဲ့ပေ။ သူ၏လက်တစ်ဖက်သည် ဓားအလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး ဧရာမဝေလငါးနန်းတော်၏ကာကွယ်သူ၏ ဦးခေါင်းကို ဖြတ်ကာ ဘေးသို့ ပစ်ချလိုက်သည်။

"အခုအချိန်မှာ ခင်ဗျား တစ်ယောက်ထဲပဲ ကျန်တော့တယ်။ ကျုပ်စမ်းသပ်မူကို ခင်ဗျား မအောင်မြင်မှာကို ကျုပ်ကြောက်မိပါတယ်။" ချင်ယွင်က လိပ်နက်နန်းတော်၏ ကာကွယ်သူကို ကြည့်ရင်း သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။

ဤအခင်းအကျင်းသည် သူရေးဆွဲပြီးသား အစီအစဉ်တစ်ခုဖြစ်သည်။ သူသည် အခြား ကာကွယ်တစ်ဦးသူအား တိုက်ခိုက်ရာမှာ ပို၍လွယ်ကူစေရန်အတွက် ကာကွယ်သူ တစ်ဦးကို အစွမ်းရှိသမျှကြိုးစားပြီဂ အစွမ်းကုန် သတ်ပစ်ရမည်။

"တကယ်လား?" လိပ်နက်နန်းတော်ကာကွယ်သူသည် ရုတ်တရက် လှောင်ပြောင် လိုက်သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရုတ်တရက် ပင်လယ် ကြမ်းပြင်ထဲ နစ်မြုပ်သွားခဲ့သော ဧရာမ ဝေလငါးနန်းတော် ကာကွယ်သူ၏ အလောင်းကို ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် သေဆုံးပြီးဖြစ်သော်လည်း မပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။ ဖြတ်ခံရသော ဦးခေါင်းနေရာသည် တဖြည်းဖြည်း ပြန်လည် ကြီးထွားလာပြီး နစ်မြုပ်နေသော သူ၏ခန္ဓာကိုယ်သည်လည်း ရေမျက်နှာပြင်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

"ခင်ဗျားက ခေါင်းပြတ်ပြီးတာတောင် ပြန်လည်ကြီးထွားနိုင်သေးတယ်။ ဒါက မသေမျိုးခန္ဓာကိုယ်များ ဖြစ်နိုင်မလား" ဖော်ပြ၍မရအောင် လေးနက်သော အမူအရာသည် ချင်ယွင်၏မျက်နှာပေါ်မှာ ချက်ချင်း ပေါ်လာခဲ့သည်။

"တခြားလူတွေက လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့ မင်းအနေနဲ့ ငါ့ပုံစံ အစစ်အမှန်ကိုသိရင် ဒီလိုပြောမှာမဟုတ်ဘူး။" ဖြတ်တောက်ခံထားရသော ဧရာမ ဝေလငါးနန်းတော် ကာကွယ်သူ၏ ဦးခေါင်းသည် ပြန်လည်ထွက်ပေါ်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် ချင်ယွင်ကိုကြည့်သည့် သ်၏မျက်လုံးများသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည်မှာ ထိုလူ၏ရင်ဘတ်ရှိ အပေါက်ကြီးသည် ကုသပျောက်ကင်းသွားသည့် လက္ခဏာမျိုး မပြသပေ။

အခန်း (၄၄၈) နှစ်တစ်ယောက်တစ်ယောက်။

"ခင်ဗျားရဲ့ပင်မခန္ဓာကိုယ် အစစ်အမှန်က ခေါင်းနှစ်လုံး အဖြူရောင်ရေနပါး မဟုတ်လား?" ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။

တစ်ချိန်က သူသည် တုလုံးကျွန်းရှိ မြေအောက်နန်းတော်တွင် ခေါင်းနှစ်လုံးပါသော အဖြူရောင် ရေနဂါးတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ခေါင်းနှစ်လုံးပါသော အဖြူရောင် ရေနဂါးကြီးတွင် ဦးခေါင်းနှစ်လုံးပါရှိသလို နှစ်ခုစလုံးမှာလည်း ကိုယ်ပိုင် လွတ်လပ်သော ဦးနှောက်နှစ်ခုရှိသည်။ ထို့ကြောင့် ခေါင်းတစ်ခြမ်းဖြတ်လိုက်လျှင်ပင် အခြားဦးခေါင်းတစ်လုံးဖြင့် ရှင်သန်နိုင်သေးသည်။

"ဟမ့်၊ မင်းက တော်တော်လေး ဗဟုသုတကြွယ်ဝလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး။ ငါ့ပုံစံအစစ်အမှန်ကိုတောင် ခန့်မှန်းနိုင်တယ်။ ဒါဆို ပြတ်သွားဦးခေါင်း ပြန်ကြီးထွားဖို့ နောက်ထပ်နှစ် ၅၀၀ အချိန်ယူရဦးမယ်ဆိုတာရော မင်းသိရဲ့လား" ဧရာမ ဝေလငါး နန်းတော် ကာကွယ်သူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ ပါသည်။ ချင်ယွင်သည် သူ၏ဦးခေါင်းတစ်ခြမ်းကို ဖြတ်လိုက်သည့်အတွက် အလွန်အမင်း ဒေါသထွက်နေသည် သိသာထင်ရှားလှသည်။

"ကောင်လေး၊ မင်းက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ စောစောက ငါတို့ဟာ မင်းရဲ့လှည့်စားမူကို ခံရလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီတစ်ခါတော့ ငါတို့အားလုံး အတူတူထွက်ပြီး ရင်ဆိုင် တော့မယ်။ မင်းကို နောက်ထပ် အခွင့်အရေး မပေးတော့ဘူး"။

လိပ်နက်နန်းတော်၏ကာကွယ်သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာသည်။ ချင်ယွင်ကိုကြည့်ရင်း သူ၏အကြည့်တွေ က အေးစက်နေခဲ့သည်။

ချင်ယွင်သည် ဧရာမဝေလငါးနန်းတော်နှင့် လိပ်နက်နန်းတော်၏ကာကွယ်သူများကို ကြည့်နေရင်း သူ၏အမူအရာသည် အလွန်လေးနက်နေပါသည်။ ဤမြင်ကွင်းမျိုးကို သူမြင်ရမှာ အကြောက်ဆုံးဖြစ်သည်။ ယခုလေးတင် သူသည် ယခုလိုမြင်ကွင်းမျိုးကို ရှောင်ရှားနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာ ယခုလို ဖြစ်ပျက်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

"အခြေအနေက အခုလိုဖြစ်လာမှတော့ သေတဲ့အထိ တိုက်ပွဲဝင်ရမှာပေါ့။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ ထွက်ပေါ်လာသည်။ တောင်ရွေ့လျားခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်ရှိ သူ၏ခွန်အားများက လုံးလုံး လျားလျား ပေါက်ကွဲထွက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အကယ်၍ သူ မတတ်နိုင်တော့ဘူးဆိုလျှင် သူသည် ဤလျှို့ဝှက်ပညာရပ်ကိုသုံးရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ သူ၏သွေးအနှစ်သာရများကို လုံးလုံး လျားလျား လောင်ကျွမ်းရမည်ဆိုလျှင်တောင် ဤလူနှစ်ယောက်ကို ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ထိခိုက်နာကျင်အောင်လုပ်ခွင့် သူမပေးနိုင်ပါဘူး။

"သေလိုက်တော့!"

လိပ်နက်နန်းတော်၏ကာကွယ်သူနှင့် ဧရာမဝေလငါးနန်းတော်၏ကာကွယ်သူတို့သည် ဒေါသတကြီး အော်ဟစ်ကာ တစ်ချိန်တည်းမှာပင် သူတို့၏ခန္ဓာကိုယ်များသည် ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ချက်ခြင်း ပစ်ဝင်သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များသည်လည်း ချက်ချင်းပင် တလှိမ့်လှိမ့် ထိုးတက်လာခဲ့သည်။

ဝှီး……!

ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ ဦးတည်ရာအရပ်သို့ ဦးတည်ပြေးဝင်သွားရင်း ချင်ယွင်၏ပုံရိပ်သည် လျင်မြန်သော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

လူနှစ်ယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်ရသည့်အခါ လူနှစ်ယောက်ကို လက်သီး တစ်ချက်တည်းဖြင့် သေချာပေါက် မထိုးနှက်နိုင်ဘူးဆိုသည်ကို သိထားရပါလိမ့်မည်။ အကယ်၍ သင်၏ခွန်အားသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်သော်လည်း နှစ်ယောက်စလုံးကို လုံးလုံးဖိနှိပ်ထားနိုင်သည့် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကဲ့သို့ မဟုတ်လျှင် ဤနည်းအားဖြင့် သင်သည် အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားပါလိမ့်မည်။ သင်သည် သူတို့နှင် ရင်ဆိုင်တိုက်ခိုက်ရင်း ပင်ပန်းနွမ်းနယ်ပြီး စိတ်ဆင်းရဲစရာ ရှုံးနိမ့်မှုမျိုးဖြင့်သာ အဆုံးသတ်သွားရပါလိမ့်မည်။

ယခင်က ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ ရင်ဘတ်တွင် ဒဏ်ရာ အပြင်း အထန် ရရှိထားသည်။ အကယ်၍ သူ မသေခဲ့ဘူးဆိုလျှင်တောင် သူ၏စွမ်းအားတွေ တော်တော်လေး ဆုတ်ယုတ်ပျက်စီးသွားလိမ့်မည်။ ထို့ကြောင့် သူသည် ဧရာမဝေလငါး နန်းတော် ကာကွယ်သူကို ရင်ဆိုင်ခြင်းသည် ကောင်းမွန်သည့် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည်။ ချင်ယွင် ယခုချိန်လုပ်ရမည့်အရာက ဧရာမဝေလငါးနန်းတော်၏ ကာကွယ်သူကို သေသေချာချာ သတ်ဖြတ်ပြီး လိပ်နက်နန်းတော်၏ကာကွယ်သူနှင့် ရင်ဆိုင်ရာမှာ အာရုံစိုက်ရန်ဖြစ်သည်။

"ဘုန်း…..!"

ချင်ယွင်၏လက်သီးသည် ပြိုကျသွားခဲ့ပြီး ထိုကာကွယ်သူ၏လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံမိသွားသည်။

ဧရာမဝေလငါးနန်းတော်၏ကာကွယ်သူ၏လက်ဖျံအရိုးသည် ချက်ချင်း ကျိုးသွားပြီး ပါးစပ်မှ သွေးတွေ စီးကျလာသည်. သူသည်ခန္ဓာကိုယ်သည် ချက်ချင်းပင် နောက်ပြန် ဆုတ်သွားသည်။

ချင်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့ပြီး သူသည် နောက်မှလိုက်ကာ အလျင်အမြန် သတ်ဖြတ်ချင်နေသည်။

သို့သော်လည်း ချင်ယွင်၏ နောက်ကျောမှ စူးရှသော ဆေဘာအလင်းတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်သည်ပင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် လျှပ်စီးလက်သွားသကဲ့သို့ ဝင်းလက်သွားခဲ့သည်။ သူသည် ဧရာမဝေလငါးနန်းတော် ကာကွယ်သူနောက်သို့ လိုက်လံသတ်ဖြတ်ခြင်းကို စွန့်လွှတ်ရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ၏ခြေဖဝါးအောက်မှ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူ၏ပုံရိပ်က ထက်ရှသည့်ဆေဘာအလင်းကို ရှောင်တိမ်းရင်း ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဆေဘာအလင်းသည် ကောင်းကင်ကိုဖြတ်၍ ပင်လယ်မျက်နှာပြင်ပေါ်သို့ ကျဆင်း လာခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်သည် ရုတ်ခြည်း ပွင့်ထွက်သွားကာ ပေတစ်ထောင် မြင့်သော လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည်လည်း လိပ်နက်နန်းတော် ကာကွယ်သူနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။

ချင်ယွင်၏လက်ထဲတွင် အနက်ရောင် ဉက္ကာပျံတိုက်ပွဲဝင် ဆေဘာတစ်လက် ပေါ်လာ သည်။ အနက်ရောင်လျှပ်စီးစွမ်းအင်သည် ဆေဘာကို ဝိုင်းရံထားပြီး အကန့်အသတ် မရှိသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်နေသည်။

ဆေဘာတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် လျှပ်စီးများ လင်းလက်သွားခဲ့သည်။

လိပ်နက်နန်းတော် ကာကွယ်သူသည်လည်း သူ၏လက်ထဲတွင် ဆေဘာတစ်လက်ကို ကိုင်ဆောင်ထားသည်။ နှင်းဖြူရောင်ဆေဘာသည် နေရောင်အောက်တွင် ထူထပ်သော နှင်းဖြူရောင်အလင်းနှင့်အတူ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

ချွင်!

ချင်ယွင်နှင့် လိပ်နက်နန်းတော် ကာကွယ်သူတို့ကြားတွင် ဆေဘာအလင်းများ ရောယှက်နေပြီး ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ပုံရိပ်များ ပြည့်နှက်နေ သည်။

"ရွှေမူလရင်းမြစ် ကောင်းကင်ဘုံကိုခုတ်ပိုင်းခြင်း ဓားချက်!"

လိပ်နက်နန်းတော်ကာကွယ်သူသည် ကျယ်လောင်စွာအော်လိုက်သည်။ သူ၏ လက်ထဲ မှ ဆေဘာသည် ချက်ချင်းပင် တောက်ပနေသော ရွှေရောင်အလင်းတန်းကို လင်းလက်စွာ ထုတ်လွှတ်လိုက်သည်။ အလွန်ထက်ရှသော အလင်းတန်းတစ်ခုသည် ရွှေရောင်အလင်းတန်းမှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်နေရာသည် အက်ကွဲသွားပုံ ရပြီး အက်ကွဲကြောင်း သေးသေးလေး ပေါ်လာသည်။

ချင်ယွင်သည် လျင်မြန်စွာ ချဉ်းကပ်လာနေသော ရွှေရောင်အလင်းတန်းကို ကြည့်လိုက် ရင်း သူ၏မျက်လုံးများတွင် လျှပ်စီးအရိပ်အယောင် ထွက်ပေါ်လာသည်။

လျှပ်စီး၏ အဖျက်စွမ်းအားက ထွက်ပေါ်လာသည်။

" မိုးကြိုးပစ်ခွင်းခြင်း ဆေဘာပညာရပ်၏ ဒုတိယသိုင်းကွက်- ကောင်းကင်နဲ့မြေကြီး အုပ်စိုးရှင်"

ချင်ယွင်သည် ကျယ်လောင်သော အော်ဟစ်မာန်သွင်းသံကို ထုတ်ဖော်လိုက်ပြီး အဆုံးမဲ့ အနက်ရောင်လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ် လာသည်။ အဆုံးတွင်၊ ၎င်းလျှပ်စီးများသည် ဆေဘာအလင်းအတွင်းမှာ သေးငယ်သော လျှပ်စီးကြောင်းတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ဉက္ကာပျံတိုက်ပွဲဝင် ဆေဘာမှ ပစ်လွှတ်သွားခဲ့သည်။

"ဘုန်း……!"

ဆေဘာနှစ်စင်းသည် အချင်းချင်း ထိပ်တိုက်ဆုံမိပြီး ကောင်းကင်ကြီးပင် တုန်ခါသွားသည် ။

အဆုံးမရှိသောဆေဘာချီသည် နေရာတိုင်းတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင် ပင်လယ်ရေမျက်နှာပြင်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

"ဟမ့်၊ မင်းရဲ့ဆေဘာပညာရပ်က တော်တော်လေး ကောင်းပုံရတယ်၊ ဒါပေမယ့် ဒီအဆင့်လောက်ပဲဆိုရင်တော့ ဒီနေ့တိုက်ပွဲက ပြီးဆုံးသွားပြီ။" လိပ်နက်နန်းတော် ကာကွယ်သူ၏ မျက်လုံးများသည် အေးစက်စက်ပြုံးဟန် ပေါ်လွင်နေသည်။

သူ၏လက်ထဲမှ ဆေဘာသည် တောက်ပနေသော ရွှေရောင်အလင်းအလွှာတစ်ခုနှင့် အတူ စတင်လင်းလက်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများနှင့်အတူ၊ ကြောက်မက် ဖွယ်ကောင်းသည့် စူးရှသော စွမ်းအင်အတက်အကျလှိုင်းသည် ကောင်းကင်နှင့်မြေကြီး ကို ဆုတ်ဖြဲနိုင်သကဲ့သို့ စူးရှသောအငွေ့အသက်သည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒက ထင်ရှား ပေါ်လွင်နေသည်။ သူ၏လက်ထဲမှ အနက်ရောင်လျှပ်စီးကြောင်းသည် တစ်ဖန် ပျံ့နှံ့လာခဲ့ပြီး နဂါးဟိန်းဟောက်သံကိုပင် ကြားလိုက်ရပါသည်။

"သေလိုက်တော့၊ ကောင်းကင်ဘုံကိုထိုးဖောက်တဲ့ဆေဘာ!" လိပ်နက်နန်းတော် ကာကွယ်သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏အငွေ့အသက်သည်လည်း သူ၏လက်ထဲမှ ရွှေဆေဘာကဲ့သို့ လင်းလက်တောက်ပသွားသည်။

တခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးသည် အက်ကွဲသွားသကဲ့သို့ ကောင်းကင် ယံမှာ ကြီးမားသည့် ရွှေရောင်ဆေဘာအလင်းတန်းကြီးတွေ ဖြစ်ပေါ်လာပါသည်။

ချင်ယွင်သည် သူ၏ဆေဘာဖြင့် ထိုတိုက်ခိုက်မူကို လျင်မြန်စွာ တားဆီးလိုက်ပြီး လျှပ်စီးအလင်းက ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာတွင် စုစည်းရစ်ပတ်သွားသည်။

ချွင်!

သံမဏိအချင်းချင်း ထိပ်တိုက်တွေ့ဆုံသံတစ်ချက် ထွက်ပေါ်လာသည်။

ကြီးမားပြင်းထန်သော စွမ်းအားပမာဏသည် ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာမှတဆင့် ချက်ချင်း ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်ခြည်း တုန်ခါသွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကာ သူ၏ပါးစပ်မှ သွေးများ ယိုဖိတ်သွားသည်။

"ဟား၊ ဟား၊ မင်းရဲ့ခွန်အားက ဒီလောက်ကြီးလည်း သိပ်မကြီးမားပါဘူး။ ဒါနဲ့တောင် မင်းက ငါတို့နှစ်ယောက်ကို တားဆိးဖို့ ကြိုးစားဝံ့တုန်းပဲ။" လိပ်နက်နန်းတော် ကာကွယ်သူသည် ချင်ယွင်သည် သူ၏ဆေဘာတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ သွားသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင် အဆက်မပြတ် ဆုတ်ခွာနေသော ချင်ယွင်အထံမှ တုနှိုင်းမရ အောင် ထက်ရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ သူ၏ခန္ဓာကိုယ်သည် အဝေးမှာ ဒဏ်ရာတွေကို ကုစားရန်အတွက် ဝိညာဉ်စွမ်းအင် တွေကို လှုံ့ဆော်ပေးနေသည့် ဧရာမဝေလငါးနန်းတော် ကာကွယ်သူဆီသို့ ပြေးထွက်သွားခဲ့သည်။

ချင်ယွင်သည် သူ့ဆီ ပြေးလာသည်ကို တွေ့လိုက်ရသောအခါ ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ချင်ယွင်၏ တိုက်ခိုက်မှုကို တားဆီးလိုဟန်ဖြင့် သူ၏လက်ထဲတွင် အနက်ရောင်ဒိုင်းတစ်ခု ချက်ချင်း ပေါ်လာသည်။

"သွေးအနှစ်သာရလောင်ကျွမ်းခြင်းလျှို့ဝှက်ပညာရပ်!"

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။ သူ၏လက်ထဲက ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာသည်လည်း မြူနှင်းချောက်နက်ဓားအဖြစ် ချက်ချင်း ပြောင်းသွားခဲ့သည်။

ဝှီး…….!

တခဏအတွင်းမှာပင် ရွှေရောင်အလင်းတန်းတွေင ဖြတ်ကျော်သွားပြီး ဧရာမ ဝေလငါးနန်းတော် ကာကွယ်သူကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ဧရာမဝေလငါးနန်းတော် ကာကွယ်သူသည် ချက်ချင်းပင် အံ့ဩမှင်သက်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းအပြင် ကြောက်စိတ်များကပါ ပြည့်နှက် နေသည်။

ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ ခန္ဓာကိုယ်နှင့် ဒိုင်းတွင် တစ်ချိန်တည်း ဆိုသလို သေးငယ်သည့် အက်ကြောင်းတစ်ခု ပေါ်လာပါသည်။ အဆုံးတွင် ဧရာမဝေလငါးနန်းတော် ကာကွယ်သူ၏ ခန္ဓာကိုယ်နှင့် ဒိုင်းသည် နှစ်ပိုင်းပြတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဒါ...ဒါက ဘယ်လိုဓားမျိုးလဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ!"

ဧရာမဝေလငါးနန်းတော် ကာကွယ်သူသည် သူမသေဆုံးခင်မှာ ဤအတွေးတစ်မျိုးသာ ရှိနေခဲ့ပါသည်။ အင်မော်တယ်အဆင့်ပစ္စည်းနှင့် ယှဉ်နိုင်သော သူ၏ ဥက္ကာပျံသံမဏိ ဒိုင်းသည် မယုံနိုင်စရာကောင်းလောက်အောင်ပင် ဓားတစ်ချက်တည်းဖြင့် ထက်ဝက် ခန့် ဖြတ်တောက်သွားခဲ့ရသည်။

ထို့အပြင် ထိုလူငယ်လေး၏ အရှိန်အဟုန်သည် ကြောက်မက်ဖွယ် ကောင်းလောက် အောင်ပင် မြန်ဆန်လွန်းပြီး နောက်ဆက်တွဲ ပုံရိပ်များကိုသာ မြင်နိုင်သည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ကိုင်ဆောင်ထားရင်း ရွှေရောင်အလင်းများ လွှမ်းခြုံထားသော ဓားအင်မော်တယ်တစ်ပါးကဲ့သို့ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်မီးတောက်မီးလျှံများ တလှိမ့်လှိမ့် လျှံထွက်နေလေသည်။

အခန်း (၄၄၉) လိပ်နက်နန်းတော်ကာကွယ်သူ၏အကြောက်တရား။

မူလက အပျော်အရိပ်ကြားမှာ နစ်မြုပ်နေသော လိပ်နက်နန်းတော် ကာကွယ်သူသည် ချင်ယွင်က ဧရာမဝေလငါးနန်းတော်ကာကွယ်သူအား ရုတ်တရက် သတ်ပစ်လိုက်သည် ကို မြင်လိုက်ရလျှင် သူ၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် အေးခဲသွားသည်။

သူ၏မျက်လုံးထဲတွင် အမျက်ဒေါသများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ချင်ယွင် သည် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ပြန်လွင့်ဟန်ဆောင်ခဲ့ပြီး သူ၏ပါးစပ်မှစီးကျ လာသော သွေးများသည်ပင် အတုအယောင် ဖြစ်ပုံရသည်။ ဤအရာအားလုံးသည် သူ၏ သတိပေါ့လျော့မူကြောင့် လှည့်စားခံရခြင်းဖြစ်ပြီး နောက်ဆုံးတွင် ဧရာမ ဝေလငါး နန်းတော် ကာကွယ်သူကို သတ်ဖြတ်ရန်အတွက် ဤအခွင့်အရေးကို အသုံးချသွားခဲ့ သည်။

ယင်းကြောင့် ချင်ယွင် ဒဏ်ရာရသွားသည်ဟု အထင်ရှိခဲ့သော လိပ်နက်နန်းတော် ကာကွယ်သူသည် သူ၏မျက်နှာကို အရိုက်ခံရသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။

"မင်းက ငါ့ကိုလိမ်ညာလှည့်စားဖို့ သတ္တိရှိနေတယ်ပေါ့။ ငါ မင်းကို သတ်မယ်!"

လိပ်နက်နန်းတော် ကာကွယ်သူသည် ချက်ခြင်းပင် ဒေါသထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒများ အရူးအမူး ပျံ့နှံ့ထွက်ပေါ်လာရင်း သူ၏လက်ထဲမှ ဆေဘာနှင့်အတူ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် မီးတောက်မီးလျှံများကဲ့သို့ တောက်လောင်လာသည်။ လိပ်နက်နန်းတော်ကာကွယ်သူ၏ ဒေါသထွက်နေသော ပုံစံကို ကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာပါ သည်။

သူသည် လျှို့ဝှက်ပညာရပ်ကို အသုံးပြုခြင်းမရှိဘဲ လိပ်နက်ဘိုးဘေးကို သတ်ပစ်နိုင်နေ ပြီဖြစ်သည်။ ယခု သူသည် လျှို့ဝှက်ပညာရပ်ကို အသုံးပြုထားပြီးဖြစ်ကာ နှောင်းပိုင်း အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို မည်သို့ ကြောက်ရွံ့ မည်နည်း။

ဝှီး……!

ချင်ယွင်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လိပ်နက် နန်းတော် ကာကွယ်သူနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

ချွင်!

လိပ်နက်နန်းတော်ကာကွယ်သူ၏ ဓားသည် ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက် ဓားနှင့် ထိပ်တိုက်ဆုံမိသွားခဲ့သည်။

ထက်မြက်သော ရွှေရောင်အငွေ့အသက်သည် ချင်ယွင်၏ မိုးပြာရောင် ဖြတ်တောက်ခြင်းစွမ်းအားနှင့် တွေ့ဆုံမိပြီး လှပသော မီးပွားများကို ထွက်ပေါ် လာစေသည်။

သူတို့နှစ်ယောက်သည် နောက်သို့ဆုတ်ခွာသွားသည်နှင့်အမျှ ဓားနှင့် ဆေဘာ ထိပ်တိုက် ရင်ဆိုင်မိသည့် တုန်ခါသံများ လေထဲတွင် ဆက်လက်ပဲ့တင်ထပ် နေပါသည်။

"ဒါက ဘယ်လိုဓားအမျိုးစားလဲ။"

လိပ်နက်နန်းတော်ကာကွယ်သူသည် သူ၏လက်ထဲတွင်ရှိသည့် ဆေဘာမှ ခွက်ချိုင့်ရာ ကြီးကြီးမားမား ရှိနေသည်ကို မြင်လိုက်ရလျှင် သူ၏မျက်လုံးများသည် ချင်ယွင်၏ လက်ထဲမှ ဓားကို လျှပ်စီးလက်သလို စိုက်ကြည့်နေသည်။

ဤအခိုက်အတန့်တွင် ဧရာမဝေလငါးနန်းတော်ကာကွယ်သူသည် ချင်ယွင်ကို ပိတ်ဆို့ တားဆီးရန်အတွက် သူ၏ဒိုင်းကို အသုံးပြုခဲ့သည်မှာ ရှင်းလင်းသေချာပါလျှက် အဘယ်ကြောင့် သူသည် ချင်ယွင်၏ဓားဖြင့် တစ်ဝက်ပိုင်းဖြတ် ခံခဲ့ရသည်ကို သူ နောက်ဆုံး နားလည်သွားခဲ့ပါပြီ။ သူ၏လက်ထဲမှ ဓားသည် ကြောက်စရာ ကောင်းလွန်းပြီး ထက်ရှမှုက အရာအားလုံးကို ဖြတ်တောက်ပစ်ရန် လုံလောက်ပါ သည်။

ချင်ယွင်သည် လိပ်နက်နန်းတော်ကာကွယ်သူ၏ မျက်လုံးများတွင် အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ပြီးနောက် သူ၏ပါးစပ်ထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒါက ခင်ဗျားကို သတ်မယ့်ဓားပဲ!"

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တိုးလာကာ သူ၏ရုပ်အသွင်အပြင် သည် ရွှေရောင်ပုံရိပ်တစ်ခုအဖြစ် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။ သူသည် လိပ်နက် နန်းတော်ကာကွယ်သူဆီသို့ ပြေးသွားခဲ့ပြီး သူ၏လက်ထဲမှ ဓားသည် သေမင်းတမန် ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

လိပ်နက်နန်းတော် ကာကွယ်သူသည် ချက်ချင်းပင် ထိတ်လန့်သွားကာ သူ၏လက်ထဲမှ ဆေဘာကို အသုံးပြုပြီး ပိတ်ဆို့တားဆီးလိုက်သည်။

သို့သော်လည်း ချင်ယွင်၏ပုံရိပ်သည် မြန်ဆန်လွန်းပြီး သူ၏ ဓားဆွဲထုတ်သည့် အမြန်နှုန်း တုနှိုင်းမရလောက်အောင်ပင် မြန်ဆန်သည်။

လိပ်နက်နန်းတော် ကာကွယ်သူသည် ချင်ယွင်၏ဓားကို အဆက်မပြတ် တားဆီးရန် သူ၏ ဓားကိုအသုံးပြုကာ ထိန်းထားနေရသည်။

"ချွင်! ချွင်!"

ဆေဘာနှင့် ဓားရှည်တို့ကြား အဆက်မပြတ် ထိပ်တိုက်ဆုံမိသည်နှင့်အမျှ ဆေဘာ၏ အသွားသည် လုံးဝပျက်စီးသွားကာ ချိုင့်ခွက်များစွာ ပေါ်လာပါသည်။

ဤမျှတင်မကသေးပေ။ လိပ်နက်နန်းတော်ကာကွယ်သူသည် သူ၏စိတ်နှလုံးထဲမှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ ချင်ယွင် သူ့ဓားကိုဆွဲပိုင်းလိုက်သည့်အရှိန်ဟုန်က အရင်ကထက် ပိုမြန်လာခဲ့ပြီး သူ၏ဓားကို ခုတ်ပိုင်းလိုက်သည့်အကြိမ်တိုင်းက ပို၍ပို၍ပင် အားကောင်းလာခဲ့သည်။

ယင်းက လှိုင်းလုံးများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသကဲ့သို့ ဖြစ်ပြီး ယခင်ရှေ့လှိုင်းလုံးများထက် နောက်လှိုင်းလုံးများက ပိုမိုပြင်းထန်လာသလို ဓားတစ်ချက်၏ စွမ်းအားက ယခင်ဓားချက်ကို ကျော်လွန်နေခဲ့သည်။

မှန်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ပင်လယ်ပြင်ခရီးဖြတ်ရာသန်းရာမှ တာအို သဘောတရားကို နားလည်လာစဉ် သူနားလည်သဘောပေါက်စဓားကို ထုတ်ဖော် လိုက်ခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် သူသည် လိပ်နက်နန်းတော်ကာကွယ်သူနှင့် အတူ ဓားသိုင်းပညာရပ်ကို လေ့ကျင့်နေသည်။ ထိုသို့မဟုတ်ဘဲ သူသည် အကြွင်းမဲ့ လေဓားသတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်သည်နှင့် လိပ်နက်နန်းတော်ကာကွယ်သူ ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူးဟု သူယုံကြည်ထားပါသည်။

ချွင်!

သူသည် သူ၏ဓားကို ဝှေ့ယမ်းခုတ်ပိုင်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းသည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ နေရောင်ကဲ့သို့ တောက်ပစွာ ထွန်းလင်းနေ၏။

လိပ်နက်နန်းတော်ကာကွယ်သူ၏ဆေဘာသည် နောက်ဆုံးတွင် ချင်ယွင်၏ မြူနှင်း ချောက်နက်ဓား၏ သက်ရောက်မှုကို မခံနိုင်တော့ဘဲ ပေါက်ကွဲသံနှင့်အတူ အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ရသည်။

လိပ်နက်နန်းတော် ကာကွယ်သူ၏ ရုပ်အသွင်အပြင်သည်လည်း ဤဓားချက်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် ရှိနေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပေရာနှင့်ချီပြီး နောက်ပြန်တွန်းကန်သွားခဲ့ပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ် တွင် ရှည်လျားသော လှိုင်းလုံးကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် တုန်တုန်ယင်ယင် ဖြစ်နေပြီး သူ၏မျက်လုံးများက ဓားကိုင်ထားကာ ရပ်နေသည့် ချင်ယွင်ကို အဝေးမှကြည့်ကာ သူ၏မျက်လုံးများက ကြောက်ရွံ့ထိတ်လန့်မူများဖြင့် ပြည့်နှက်နေသည်။

"ဒါက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်လား။ ဒီဓားရဲ့ စွမ်းအားက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင် ပညာရှင်နဲ့ ယှဉ်နိုင်လုနီးပါး ဖြစ်နေပြီလေ။ နောက်ပြီး သူ့လက်ထဲကဓားက လည်း သေချာပေါက် ကြီးမြတ်တဲ့ ရတနာတစ်ခု ဖြစ်ရမယ်။ ဓားမှာ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းတွေ မရှိပေမယ့်၊ ဒီဓားရဲ့ ထက်ရှမှုက အင်မော်တယ်အဆင့် ဓားအားလုံးထက် သာလွန်နေပြီ"။

လိပ်နက်နန်းတော်ကာကွယ်သူ၏ နှလုံးသားသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုလို ဖြစ်နေသည်။ ယခုအချိန်တွင် သူသည် တိုက်ပွဲဝင်ချင်စိတ် မရှိတော့ပေ။ ယခုအချိန်မှာ သူ့စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသော အတွေးက ထွက်ပြေးဖို့ပင် ဖြစ်ပါသည်။

အကယ်၍ သူသည် ယခုအချိန် ထွက်မပြေးခဲ့ဘူးဆိုလျှင် သေခြင်းတရားက သူ့ကို စောင့်ကြိုနေပါလိမ့်မည်။

ဝှီး…..!

အနည်းငယ်မျှ တွန့်ဆုတ်နေခြင်းမရှိတော့ဘဲ၊ လိပ်နက်နန်းတော်ကာကွယ်သူသည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

ချင်ယွင်သည် လိပ်နက်နန်းတော်ကာကွယ်သူ၏ လုပ်ရပ်ကိုမြင်ပြီး ထွက်ပြေးချင် ကြောင်း ချက်ချင်း သိလိုက်သည်။ အေးစက်သော အပြုံးတစ်ခုက သူ့မျက်လုံးများတွင် တောက်ပလာခဲ့သည်။ သို့သော်လည်း သူသည် သူ့နောက်ကို လိုက်ပါသွားခြင်း မရှိခဲ့ပေ။

"ဟမ့်၊ ခင်ဗျားက ရှောင်ဘိုင်နဲ့ရှောင်ကျင်းတို့ကို အရင်သတ်ချင်ခဲ့တာဆိုတော့ ဒီနေ့ ခင်ဗျား အသက်မရှင်နိုင်တော့ဘူး"

ချင်ယွင်သည် တဟားဟား ရယ်မောလိုက်ပြီးနောက် မိုးကြိုးနတ်ဘုရားလေးသည် သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။

ချင်ယွင်၏လက်ထဲတွင် အနက်ရောင်လျှပ်စီးမြှားတွေ သိပ်သည်းလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် လေထုထဲတွင် ပျံ့နှံ့သွားပြီး ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည်။

လေးနှင့်မြှား၊ လပြည့်ဝန်းကဲ့သို့ အဆုံးထိဆွဲတင်ထားသော လေးညှို့။

"ပြိုကျသွားစမ်း!"

ချင်ယွင်၏ လက်ချောင်းထိပ်များသည် အနည်းငယ် ပြေလျော့သွားကာ အနက်ရောင် လျှပ်စီးကြောင်းမှ ထွက်ပေါ်လာသော ရှည်လျားသောမြှားသည် ချက်ချင်းပင် လေးကြိုးမှ ပြေးထွက်သွားခဲ့သည် ။

ရှည်လျားသောမြှားသည် လေးညှို့ကြိုးကို ချန်ထားရစ်ခဲ့ကာ ပင်လယ်ရေ မျက်နှာပြင်သို့ ချပ်လျက် လေထဲသို့ ပျံတက်သွားခဲ့သည်။

လျှပ်စီးမြှားမှ ဖန်တီးဖြစ်ပေါ်လာသော အရှိန်အဟုန်ကြောင့် ပင်လယ်ရေမျက်နှာပြင် သည် တိုက်ရိုက်ကွဲသွားပြီး ရေလှိုင်းများသည် နှစ်ဖက်စလုံးဆီသို့ လူးလွှန့်ခတ်သွား သည်။

"အား…..!"

သနားစဖွယ် အော်ဟစ်သံနှင့်အတူ၊ သူသည် ဤဘေးဆိုးမှ လွတ်မြောက်သွားပြီဟု မူလက ယူဆထားခဲ့သော အဝေးကိုထွက်ပြေးသွားသည့် လိပ်နက်နန်းတော် ကာကွယ်သူသည် သနားစရာကောင်းသော အော်ဟစ်သံကို အော်ဟစ်လိုက်ပါသည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း အငွေ့အသက်ကို သယ်ဆောင်ထားသော ရှည်လျားသော မြှားသည် သူ၏နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။

ပေထောင်ချီအကွာမှာ နှလုံးကိုထိုးဖောက်ကာ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို မြှားဖြင့်ပတ်ခတ်ပြီး သတ်ပစ်လိုက် သည်။ အကယ်၍ ဤသတင်းကိုသာ ဖြန့်လိုက်မည်ဆိုလျှင် ကမ္ဘာကြီးသည် ထိတ်လန့် တုန်လှုပ်သွားမည်မှာ သေချာပါသည်။

"ဘုန်း…….!"

ရှည်လျားသောမြှားသည် လိပ်နက်နန်းတော်ကာကွယ်သူ၏နှလုံးကို ထိုးဖောက်ပြီး ချက်ခြင်း ပေါက်ကွဲသွားသည်။

တဟုန်ထိုး တုန်ခါမြည်ဟီးအသံများ ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။ ကြောက်စရာ ကောင်းသော မိုးကြိုးမုန်တိုင်းတစ်ခုသည် လိပ်နက်နန်းတော်ကာကွယ်သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကွဲကြေသွားစေခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေသည်။

"အယ်?"

မဟာတပ်မှူးကြီး နှစ်ယောက်စလုံးကို လုံးလုံးအနိုင်ယူတော့မည့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ဤမြည်ဟီးတုန်ခါအသံကို ကြားရလျှင် သူမသည် ချက်ချင်းလှည့်ပြီး ချင်ယွင်ဘက်ကို လှမ်းကြည့်လိုက်ပါသည်။ လိပ်နက်နန်းတော်ကာကွယ်သူကို မြှားတစ်စင်းဖြင့် အစိပ်စိပ်အမွှာမွှာဖြစ်အောင် ပစ်ခတ်လိုက်သည်ကို သူမ တွေ့လိုက်ရ သောအခါတွင် သူမ၏ လှပသောမျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

သို့သော် သူမ လှည့်ကြည့်လိုက်စဉ်မှာ မဟာတပ်မှူးနှစ်ယောက်ကို ထွက်ပြေးရန် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူတို့သည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ ပင်လယ်ထဲ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် သူတို့နောက်ကို မလိုက်ခဲ့ပါဘူး။ ယင်းအစား သူမသည် ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ အနားသို့ ရောက်လာခဲ့သည်။

"လိပ်နက်နန်းတော်ကာကွယ်သူနဲ့ ဧရာမဝေလငါးနန်းတော်ကာကွယ်သူကို မင်း သတ်လိုက်တာလား။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက အံ့သြတကြီး မေးသည်။

ချင်ယွင်သည် လျှို့ဝှက်ပညာရပ်ကို တိတ်တဆိတ် ပြန်လည်ရုတ်သိမ်းပြီး မြူနှင်းချောက်နက်ဓားကို ပြန်လည်သိမ်းဆည်းကာ ခေါင်းညိတ်ပြလိုက်သည်။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် အံသြသွားသည်။ ချင်ယွင်၏ လိပ်နက်ဘိုးဘေး ကို သတ်နိုင်ခြင်းသည် ချင်ယွင်သည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသော်လည်း သူသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်နက် သတ်ပစ်နိုင်သည်ဟု မဆိုလိုပါ။ သူသည် အထွက်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားတာ များ ဖြစ်နိုင်မလား။

ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏အတွေးများကို မြင်နေပုံရသည်။ "အစ်မဇီ၊ ဒါက သူတို့တွေရဲ့ ရန်သူအပေါ် ပေါ့ပေါ့ဆဆရင်ဆိုင်ပြီး လျှော့တွက်ထား ကြလို့ပါပဲ။ ကျွန်တော်က အဲဒီအခွင့်အကောင်းကို ရယူနိုင်ခဲ့ရုံပါ"

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ မျက်လုံးများသည် တဖျပ်ဖျပ်ခတ်ကာ သူမ၏ နှလုံးသားထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

"အစ်ကိုကြီး!"

"အစ်ကိုကြီး!"

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏နားထဲတွင် အသံနှစ်ခုသည် တစ်ပြိုင်နက် တည်း ထွက်ပေါ်လာခဲ့သည်။ လူငယ်နှစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဆီသို့ ပြေးလာသည်ကို သူမြင်လိုက်ရသည်။

ချင်ယွင်သည် ထိုဆယ်ကျော်သက်အရွယ် လူနှစ်ယောက်ကို မြင်သောအခါ သူသည် မှင်တက်သွားခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် ကျေနပ်ဝမ်းသားမူနှင့်အတူ အံ့သြသည့် အမူအရာ ပေါ်လာပါသည်။

အခန်း (၄၅၀) ဇီရှန်၏ ထိတ်လန့်တုန်လှုပ်မှု။

လူငယ်နှစ်ဦးစလုံးသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် ရှိကြပြီး သူတို့၏ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေသဘောထားတို့သည် ထူးထူးခြားခြား ဖြစ်ကြသည်။

လူငယ်တစ်ဦးသည် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ သူသည် အရပ်ရှည်ကာ သန်မာပြီး အရပ် ၁.၉ မီတာရှိသည်။ သူ့တွင် ချောမောသော မျက်နှာနှင့် မျက်ခုံးမွှေးများကြားတွင် ကြီးစိုးပြီး သူရဲကောင်းဆန်သော အငွေ့အသက် ရှိသည်။ သူသည် လွှမ်းမိုးကြီးစိုးနိုင်စွမ်းကြီးမားပြီး ခက်ထန်သော ခံစားချက်ကို ပေးသည်။

ထို့အပြင် သူ၏ သူငယ်အိမ်များသည် အမှန်တကယ် ရွှေရောင်ဖြစ်နေသည်။ သူ၏ မျက်လုံးများသည် စူးရှပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ လူများကို ပို၍ပင် ကြောက်လန့် စေသည်။ အကယ်၍ လှံတစ်ချောင်းကို သူ၏လက်ထဲမှာ ကိုင်ထားလိုက်မည်ဆိုလျှင် တောင်တွေ မြစ်တွေကို လှုပ်ခတ်နိုင်သော အစွမ်းထက်သည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာမည်မှာ သေချာပါသည်။

တခြားလူငယ်ကတော့ ချင်ယွင်လိုပင် ရိုးစင်းသည့် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထား ပါသည်။ သူ၏ရုပ်ရည်အသွင်အပြင်က ၁.၈ မီတာလောက်ရှိပြီး ပိန်ပိန်ပါးပါး ဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားမှာ အနည်းငယ် မိန်းမဆန်ပြီး သူ၏မျက်နှာသည် အနှိုင်းမဲ့ ချောမောနေသည်။ သူသည် သာမန်အမျိုးသမီးတစ်ဦးထက်တောင် ပို၍ ချောမော သည်။ ပထမအကြည့်တစ်ချက်မှာပင် သူ၏ပုံစံသည် အဖြူရောင်မျက်နှာနှင့် လူငယ် တစ်ယောက်လိုမျိုး ဖြစ်နေသည်။

သို့သော်၊ ဤလူငယ်၏အကြည့်များသည် အေးစက်သထက်အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်မှ အခြားသူများကို မိုင်တစ်ထောင်အကွာဝေးထိ ငြင်းဆန်ခြင်းမရှိ ထွက်ခွာသွားစေနိုင်သည့် အတိုင်းအတာအထိ အေးစက်စက်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ချင်ယွင်သည် ပထမလူမှာ ရှောင်ကျင်း ဖြစ်ပြီး ဒုတိယလူမှာ ရှောင်ဘိုင် ဖြစ်သည်ကို တစ်ချက်တည်းဖြင့် ပြောပြနိုင်သည်။

ဝှီး…….!

လူငယ်နှစ်ဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။

"အစ်ကိုကြီး၊ ငါတို့က မင်းရဲ့တိုက်ပွဲကို ဘေးတစ်ဖက်ကနေ စောင့်ကြည့်နေခဲ့တယ်။ လခွမ်း၊ ဒါက သောက်ရမ်း မိုက်တာပဲ၊ "တစ်ယောက်တည်းနဲ့ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ချိန်တည်းမှာ တိုက်ခိုက်နေလိုက်တာများ အမှန်တကယ် ကစားနေသလိုပါပဲ။ အထူးသဖြင့် နောက်ဆုံး မြှားချက်ပဲ။ ဒီမြင်ကွင်းက တကယ်ကို မြေကြီးတောင် ပြိုကျသွားခဲ့တယ်။ အစ်ကိုကြီး၊ မင်းရဲ့လေးကို နှစ်ရက်လောက် ငှားချင်တယ်။ နောက်ပိုင်းကျရင် ငါနဲ့ ကစားဖို့ နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူကို ရှာဖွေချင်တယ်” ရှောင်ကျင်းက ချင်ယွင်၏ရှေ့မှာ မြစ်တစ်စင်းစီးဆင်းနေသကဲ့သို စကားတွေဖောင်ဖွဲ့ကာ တတွတ်တွတ် ပြောနေပါသည်။

" တိတ်တိတ်လေး နေစမ်း။ အနံ့ဆိုးတဲ့ မျောက်စုတ်ကြီး။” ရှောင်ဘိုင်က ချက်ချင်း အေးစက်စွာ အော်လိုက်သည်။

“ဟမ့်၊ ငတုံးအင မြွေဆိုးကြီး၊ ငါပြောစကားကို မင်းလည်း ဂရုတစိုက် နားထောင်စေချင် တယ်။ မင်းက တိုက်ခိုက်ချင်ပေမယ့် ကိုယ့်ကိုယ်ကို မယုံကြည်ဘူးမလား?" ရှောင်ကျင်းက ချက်ချင်းပင် မကျေနပ်သည့်လေသံဖြင့် ပြန်ပက်လိုက်သည်။

"အရှုံးသမားကများ၊ မင်း ငါ့ကို အနိုင်ယူနိုင်ပြီလို့ ထင်နေတာလား" ရှောင်ဘိုင်က အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ပြီးခဲ့တဲ့အကြိမ်က မင်းကို ငါ မတော်တဆ ရှုံးသွားခဲ့တယ်။ တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် နောက်တစ်ပွဲလောက် တိုက်ခိုက်ကြည့်ရအောင်။ အနိုင်ရတဲ့သူက တတိယညီ ဖြစ်လာရမယ်။” ရှောင်ကျင်းက ယခင်က သူတို့ နှစ်ယောက်ရဲ့ နောက်ဆုံးတိုက်ပွဲအကြောင်း ရှောင်ဘိုင်ပြောလာသည်ကို ကြားရလျှင် သူက ချက်ချင်း ပြန်ပြောလိုက်သည်။

“ဟမ့်၊ ငါက မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒီတတိယမြောက်ညီဆိုတဲ့ ရာထူးက ငါ့ရဲ့ရာထူးပဲ။ မင်းက စတုတ္ထညီပဲ ဖြစ်သင့်တယ်။" အဖြူလေး (ရှောင်ဘိုင်)က ညစ်တွန်းတွန်းသည့် ဟန်ဖြင့် ပြောလိုက်သည်။ "မင်း" ရှောင်ကျင်းသည် ချက်ချင်း ဒေါသ ထွက်သွားတယ်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မည်သူ့ကိုမှ အလွှတ်မပေးဘဲ ကြည့်နေကြသည်။

ချင်ယွင်သည် ကူရာမဲ့စွာ ခေါင်းယမ်းပြီး ထိုမြင်ကွင်းကို ကြည့်နေမိသည်။ ဤမြင်ကွင်း မျိုးသည် သူတို့နှစ်ယောက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ် နေရာလွတ်ထဲတွင် တိုက်ခိုက်နေကြ မြင်ကွင်းမျိုးဖြစ်ပြီး ယခုအခါ သူတို့နှစ်ယောက်စလုံးသည် လူသားပုံစံ အဖြစ်သို့ ပြောင်းလဲထားကြသည်။

ဘေးနားရှိ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ချစ်စရာကောင်းသော မျက်နှာသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ရန်ပွဲကိုကြည့်ရင်း အလွန်စိတ်ဝင်စားစရာမြင်ကွင်းကို တွေ့လိုက်ရသကဲ့သို့ ဖျတ်ခနဲ အပြုံးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ၊ မင်းတို့ရှုပ်နေတာ ရပ်လိုက်ကြစမ်း။ မြန်မြန်သွားပြီး အစ်မဇီကို နှုတ်ဆက်လိုက်ကြဦး။ အစ်မဇီကြောင့်သာ မဟုတ်ရင် မင်းအားလုံး သေသွားမှာတောင် ငါကြောက်မိတယ်။" သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကိုမြင်လျှင် ချင်ယွင်က ချက်ချင်း အော်ပြောလိုက်ရသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ချင်ယွင် အနည်းငယ် စိတ်ဆိုးသွားသည်ကို မြင်လျှင် သူတို့သည် ငြင်းခုန်ရန်ဖြစ်ခြင်းကို ရပ်လိုက်ကြသည်။ သူတို့သည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို လှည့်ကြည့်ကာ နာခံမူရှိစွာဖြင့် အော်ပြောလိုက်ကြသည် "ကျေးဇူး တင်ပါတယ် အစ်မဇီ!"

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် သူမ၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့ဖြစ်သည့် လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။ သူမသည် ချင်ယွင်က သူမကို အစ်မဇီ ဟုခေါ်သည့် အတွက် ယခင်က စုံစမ်းမေးမြန်းခြင်း မရှိခဲ့သော်လည်း ယခု သူ၏ညီနှစ်ယောက်ကပါ ချင်ယွင်၏ လမ်းစဉ်အတိုင်း တစ်လက်မမှ မခွာလိုက်ကာ သူမကို အစ်မဇီဟု ခေါ်လိမ့်မည် ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ဒေါသလည်းထွက် ရယ်လည်းရယ်ချင် နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။ သူမသည် ချင်ယွင်ကို စိုက်ကြည့်ပြီးနောက် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ "မင်းတို့က ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ မင်းတို့က နဂါးကောင်းကင်နန်းတော်ထဲဝင်ဖို့ ရွေးချယ်ပြီးကတည်းက မင်းတိုက ငါ့ရဲ့ နဂါးကောင်းကင်နန်းတော်အဖွဲ့ဝင်တွေပါပဲ။ နဂါးကောင်းကင်နန်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ငါ သေချာပေါက် လှုပ်ရှားရလိမ့် မယ်"။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ခေါင်းညိတ်ပြသော်လည်း သူတို့၏ နှလုံးသား ထဲတွင် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကို လေးစားမှုဖြင့် ပြည့်နေဆဲ ဖြစ်သည်။

ထုံးစံအတိုင်း၊ သူတို့အားလုံးသည် အရင်က ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး တိုက်ပွဲကို မြင်ဖူးကြပါသည်။ အစွမ်းကုန်တိုက်ခိုက်နေသော အမှန်တရား သို့ပြန်လည်ခြင်း နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးသည် လက်တုံ့ပြန်ရန်ပင် စွမ်းအား မရှိခဲ့ပေ။ သူမ၏ ထူးထူးခြားခြား သိမ်မွေ့နူးညံ့သော ကိုယ်ဟန်အနေအထားနှင့် အနှိုင်းမဲ့ အစွမ်းထက်သော ခွန်အားများက သူတို့ကို ပို၍ပင် ယုံကြည်စေခဲ့သည်။

"ဟုတ်တယ်၊ ငါနည်းနည်းတော့ သိချင်မိနေတယ်။ မင်းတို့က တတိယညီဖြစ်ဖို့ ပြိုင်နေ ကြတယ်လို့ ပြောနေကြတယ်၊ လင်းယွင်က မင်းတို့ အစ်ကိုကြီးပဲလေ၊ ဒါဆို ဒုတိယညီက ဘယ်သူလဲ။" ဇီရှန်က စိတ်ဝင်တစား မေးသည်။

"ဒုတိယညီကို ရှောင်ဇီလို့ခေါ်တယ်။ သူက ငါတို့ထက် ပိုသန်မာတယ်လေ၊ သူ့ရဲ့ ပင်မခန္ဓာကိုယ် တစ်ခုတည်းက……..."

ရှောင်ကျင်းသည် ရှောင်ဘိုင်က သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လာသောအခါ ရှောင်ကျင်းသည် သူ၏စကားကို တစ်ဝက်တစ်ပျက်မှာပင် ရပ်သွားခဲ့ရသည်။ ရှောင်ကျင်းသည် သူတစ်ခုခုမှားနေပြီဟု ချက်ခြင်း သိလိုက်သည်။ ထို့ကြောင့် ချင်ယွင်ကို မကြည့်ဝံ့တော့ဘဲ ပါးစပ်ကို အမြန်ပိတ်ကာ ခေါင်းငုံ့လိုက်လေသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိုမြင်ကွင်းကို သူ၏မျက်လုံးထဲတွင် သဘာဝ အတိုင်း မြင်လိုက်ရပါသည်။ သူမသည် မျက်ခုံးကို အနည်းငယ်ပင့်ကာ ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။

ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ အမူအယာကြောင့် ရှက်ရွံ့သွားသည်။ ထို့ကြောင့် သူသည် အမှန်ကိုသာ ဖြေလိုက်ရတော့သည် "ဒုတိယညီက ခရမ်းရောင် မျက်လုံးစွမ်နီ ဖြစ်ပါတယ်။ ဒါပေမယ့် အခု သူ ဒီမှာ မရှိသေးပါဘူး။"

သို့သော် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ခရမ်းရောင်မျက်လုံး စွမ်နီဟူသော စကားကို ကြားသောအခါ သူမ၏နူးညံ့သော ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ် သွားသည်။ သူမ၏မျက်လုံးများသည် ချင်ယွင်ကို စိုက်ကြည့်နေပြီး အနှိုင်းမဲ့ အေးစက်သည့် အငွေ့အသက်က သူ့အပေါ် ချက်ချင်း သက်ရောက်လာသည်။

ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ လေထဲတွင် ကခုန်နေသကဲ့သို့ ဖြစ်နေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကြီးမားသောရန်သူကြီးကို ရင်ဆိုင်နေကြသကဲ့သို့ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို စိုက်ကြည့်နေကြသည်။ သူတို့သည် စူးရှသော မျက်လုံးများဖြင့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို စိုက်ကြည့်နေကြသည်။ အကယ်၍ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်ကို တိုက်ခိုက်ရန် လှုပ်ရှား လိုက်သည်နှင့် သူတို့သည် ချက်ခြင်း ရှေ့သို့ ပြေးဝင်ကာ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် သူမဣန္ဒြေပျက်သွားကြောင်း သဘောပေါက် သွားပုံရသည်။ သူမသည် သူမ၏အငွေ့အသက်ကို အလောတကြီး ပြန်ရုတ်သိမ်း လိုက်ပြီး အဆင်မပြေသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူမက ရှင်းပြသည် "တောင်းပန်ပါတယ်။ ငါ အခုနက စိတ်တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားခဲ့တယ်။ ငါ မင်းတို့ကိုများ ခြောက်လှန့်မိသွားလား"။

"အဆင်ပြေပါတယ် အစ်မဇီ" ချင်ယွင်က ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင် အံသြသွားမိသည်။ အစောပိုင်းက ခရမ်းရောင်မျက်လုံးစွမ်နီ ဟူသော စကားကို ကြားသောအခါ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိတ်လန့် တုန်လှုပ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

မှန်ပါသည်။ အစောပိုင်းက အငွေ့အသက်တွင် သတ်ဖြတ်လိုသည့်ဆန္ဒ မပါရှိဘဲ ရုတ်တရက် ထိတ်လန့်တုန်လှုပ်မူနှင့် စိတ်ချောက်ချားခြင်းမျိုး ဖြစ်ပါသည်။

ချင်ယွင်သည် နားမလည်နိုင်သေးပေ။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အမှန်တရားသို့ ပြန်သွားခြင်းအထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တခြား မည်သည့် အရာက သူမကို ကြောက်ရွံ့မှု ဖြစ်စေနိုင်သနည်း။ ခရမ်းရောင်မျက်လုံးစွမ်နီ ဟူသော စကားလုံးသည် အခြားသော အဓိပ္ပါယ်များစွာကိုလည်း သက်ရောက်စေနိုင် မည်လား။

သို့သော်လည်း ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် လက်ရှိကိစ္စကို ရပ်တန့်ရန် မည်သည့် အတွေးမှ ရှိဟန်မပေါ်ပေ။ သူမက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောသည် " မင်းတို့က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးရုံပဲ ရှိသေးပြီး တခြားအင်အားတွေစုနဲ့ ပူးပေါင်းဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် မင်းတို့အနေနဲ့ နဂါးကောင်းကင်နန်းတော်ထဲကို ဝင်ဖို့ လုပ်ငန်းစဉ်ကို ဖြတ်သန်း ရဦးမှာပဲ။ ငါ မင်းတို့ကို ရာထူးမခန့်အပ်ခင် သွေးစစ်ကျောက်တုံးနဲ့ သွေးစစ်ရမယ်။"

"အင်း!" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူတို့၏လက်ချောင်းကို ဖြတ်လိုက်သည်နှင့် သွေးတစ်စက်သည် သွေးစက်ကျောက်တုံးဆီသို့ ပစ်လွှတ်လိုက်သည်။

ခြွင်းချက်မရှိဘဲ၊ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အစွမ်းထက် နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြသည့်အနေဖြင့် သွေးစက် ကျောက်တုံးများသည် လင်းလက်တောက်ပနေသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ယင်းကို မအံ့သြတော့ပါဘူး။ သူမ၏ မျက်လုံး တစ်စုံသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်း၏ သွေးသားစွမ်းအားများမှတဆင့် ကြာမြင့်စွာ ကတည်းက မြင်တွေ့ပြီးသား ဖြစ်သည်။

ထို့နောက် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို လိပ်နက်လှိုဏ်ဂူ၏ ကာကွယ်သူများအဖြစ် ခန့်အပ်ပေးလိုက်ပြီး လိပ်နက်လှိုဏ်ဂူသည် ချင်ယွင်၏ ထိန်းချုပ်မှုအောက်တွင် တိုက်ရိုက်ရှိနေပါသည်။

ထုံးစံအတိုင်း ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့က ဤအရာကို ကန့်ကွက်ခြင်း မရှိခဲ့ပါဘူး။ ချင်ယွင်လည်း စိတ်လှုပ်ရှားသွားသည်။ သူသည် ယခင်က တပ်မှူးရာထူးကို ရရှိခဲ့သော်လည်း အမှန်တကယ် ဩဇာအာဏာမရှိခဲ့ပေ။ ယခု သူသည် လိပ်နက် လှိုဏ်ဂူ၏ အရှင်သခင် ဖြစ်လာခဲ့ပြီ။ ထို့ကြောင့် သူသည် ဤရေအောက် နတ်ဆိုးသားရဲကျင့်ကြံခြင်းလောကတွင် ခြေကုပ်ယူနိုင်သည်ဟု ယူဆနိုင်သည်။

ထို့နောက် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင် နှင့် ရှောင်ဘိုင်တို့ကို ခေါ်ဆောင်ပြီး လိပ်နက်လှိုဏ်ဂူဆီသို့ ဦးတည်သွားခဲ့သည်။

သို့သော်လည်း ချင်ယွင်နှင့် အခြားသူများ ထွက်ခွာသွားပြီး အချိန်အတော်ကြာ ပြီးနောက် အနီရောင်မီးလျှံမြွေငယ်လေးတစ်ကောင်သည် ၎င်း၏ဦးခေါင်းကို ပင်လယ်ရေမျက်နှာပြင်မှ ထုတ်ဖော်ပြီး အနီရောင် ရုပ်အသွင်အပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"လင်းယွင်၊ ငါ့ကိုစောင့်နေပါ။"

အနီရောင်ဆံပင်ရှည်နှင့် ဤလူသည် ချင်ယွင်နှင့် တခြားသူတွေ ထွက်ခွာသွားသည့် ဘက်ကို လှမ်းကြည့်လိုက်ပါသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော မနာလိုစိတ် နှင့်အတူ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

မှန်ပါသည်။ ဤလူသည် ဟိုးယခင်ကတည်းက ဤနေရာသို့ ရောက်ရှိနေခဲ့ပြီး အရိပ်မှာ ပုန်းအောင်းနေသော ဆူးသုံးချောင်းလှိုဏ်ဂူ၏ ကြီးမြတ်သောကာကွယ်သူဖြစ်သည့် အတိအကျ ဟောင်ကူပင် ဖြစ်ပါတော့သည်။

စာစဉ် (၃၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters