ရေခဲတိုက်နှင့် သိုးခြံ၊ ဝံပုလွေဖေဖေ၏ ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်း
Vol. 2 Ch. 11
လေပြည်လေညင်းကလေးသည် ဈာပနအခမ်းအနား၏ လေးလံထိုင်းမှိုင်းမှုကို တိုက်ခတ်သယ်ဆောင်သွားသော်လည်း ဝံပုလွေအုပ်စု၏ နှလုံးသားထဲမှ ဝမ်းနည်းကြေကွဲမှုများကိုမူ အလွယ်တကူ မသယ်ဆောင်သွားနိုင်ခဲ့ပေ။
လင်းထျန်းလုံသည် ဝမ်းနည်းပူဆွေးမှုများထဲတွင် နှစ်မြုပ်နေပုံရပြီး ငြိမ်သက်နေသော ကလေးငယ်နှစ်ဦးကို ကြည့်ရင်း သံသယစိတ်တို့ တဖန်နိုးထလာပြန်သည်၊၊
“ဒီလူသားကလေး နှစ်ယောက်က တစ်ခုခုတော့ ထူးခြားနေတယ်... သူတို့ရဲ့ အသိဉာဏ်က သာမန်ကလေးတွေထက် ပိုလွန်းနေသလိုပဲ...” သူက စိတ်ထဲမှ ရေရွတ်လိုက်မိ၏၊၊
သူသည် ကလေးငယ်နှစ်ဦးကို ထုတ်ပိုးထားသည့် အနှီးထုတ်လေးကို ပါးစပ်ဖြင့် အသာအယာ ကိုက်ချီလိုက်ပြီး သစ်ပင်အိမ်ကလေးဆီသို့ ပြန်ရန် ရည်ရွယ်ထားသော်ငြား၊ တောအုပ်အတွင်း ဖြာကျနေသော နွေးထွေးသည့် နေရောင်ခြည်ကို မြင်သောအခါ စိတ်ကူးပြောင်းသွားလေသည်၊၊
သူသည် ကလေးငယ်များကို ခြောက်သွေ့နူးညံ့သော မြက်ခင်းပြင်ပေါ်တွင် အသာအယာ ချထားပေးလိုက်လေသည်။ “နေပူစာလှုံရင် ကယ်လ်စီယမ်ဓာတ် ပြည့်တယ်၊ ဒါမှ မြန်မြန်ကြီးလာမှာ...”
“အားဝူး...” သူက တိုးတိုးလေး ဟိန်းဟောက်ကာ အမိန့်ပေးလိုက်လေသည်။
ကျန်ရှိနေသော နှင်းဝံပုလွေများသည် သူတို့ဘုရင်ကြီး၏ အမိန့်ကိုရရှိရသည်နှင့် ချက်ချင်းပင် လှုပ်ရှားလာကြပြီး စစ်တလင်း ရှင်းလင်းရေး စတင်ကြတော့သည်၊၊
သူတို့သည် ပြန့်ကျဲနေသော အနက်ရောင်ဝံပုလွေ အလောင်းများကို တစ်ခုချင်းစီ ကောက်ယူလိုက်ကြပြီး၊ နှင်းဝံပုလွေဘုရင်ဟောင်း၏ ဂူဟောင်းဘေးရှိ သာမန်ဆန်လွန်းသည့် သတိမထားမိနိုင်လောက်သော ဂူအသေးလေးတစ်ခုဆီသို့ သယ်ဆောင်သွားကြ၏၊၊
“အီးယား... (သူတို့ ဘာလုပ်နေကြတာလဲ...)” ရှောင်ယင်းမှာ သူတို့လုပ်နေသည်များကို မျက်တောင်တခတ်ခတ်ဖြင့် သိလိုစိတ်ပြင်းပြစွာ လိုက်ကြည့်နေခဲ့သည်၊၊ “အခုလေးတင်ပဲ ဈာပနာပြီးတာကို... ဘာလို့ ချက်ချင်းကြီး ရန်သူတွေကို အသားထုတ်ဖို့ ပြင်နေကြတာလဲ...၊ ဒီအခြေအနေက တကယ်ကို ကြောင်တောင်တောင်နိုင်လွန်းတယ်...” သူမက စိတ်ထဲမှ တအံ့တဩ ရေရွတ်နေမိသည်၊၊
ရှောင်လန်ကလည်း အရာအားလုံးကို အကဲခတ်နေခဲ့ပြီး သူမ၏ အကြည့်က ထိုဂူငယ်လေးဆီသို့ ချက်ချင်း ရောက်ရှိသွားလေသည်၊၊ “ယား... (အဲဒီဂူက... အအေးဓာတ်တွေ ထွက်နေတာလား...)”
နှင်းဝံပုလွေများ ဂူအတွင်း အဝင်အထွက် ပြုလုပ်နေစဉ် ဂူဝတွင် ပါးလွှာသော နှင်းလွှာများ ဖုံးလွှမ်းနေပြီး အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရသည်၊၊
“အီး... (ရေခဲတိုက်ပဲ...)” ရှောင်လန်မှာ ချက်ချင်း နားလည်သွားပြီး သူမ၏ မျက်နှာငယ်လေးပေါ်တွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်သွားသည်၊၊ “ဝံပုလွေဖေဖေက အစာသိုလှောင်ဖို့ သဘာဝရေခဲတိုက်မျိုးကို တကယ်ပဲ ဖန်တီးထားတာလား...”
“ယား ယား... (ရေခဲတိုက်ဆိုတာ ဘာလဲ...)” ရှောင်ယင်းကမူ ထိုအရာကို သိပ်နားမလည်ဘဲ ရိုးရိုးရှင်းရှင်းပင် တွေးလိုက်လေသည်၊၊ “အေးစက်နေတဲ့ ဂူတစ်ခုပဲ မဟုတ်ဘူးလား၊ ပြောရရင် ဝံပုလွေဖေဖေက တကယ့်ကို အစီအစဉ်ကျတာပဲ... ဘာတစ်ခုကိုမှ အလဟဿ အဖြစ်မခံဘူး...”
ရှောင်လန်က သူမစကားကြောင့် စကားပြန်မပြောနိုင်လောက်အောင်ဖြစ်သွားကာ လှည့်ကြည့်လိုက်ပြီး “အီးယား ယား... (အူကြောင်ကြောင် မလုပ်စမ်းနဲ့၊ ဟိုနှင်းဝံပုလွေတွေကို ကြည့်ဦး၊ အစားအသောက်တွေ ထည့်ပြီးတာနဲ့ ဂူဝကို သားရေချပ်တွေနဲ့ သေသေချာချာ ပိတ်နေကြတာ... ဒါက သာမန်သားရဲတွေ လုပ်မယ့် အလုပ်မျိုးလား...၊ ပြီးတော့ အဲဒီအအေးဓာတ်ကလည်း ထူးခြားလွန်းနေတယ်၊ အဲ့ထဲမှာ ရေခဲဓာတ်ပါတဲ့ ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်နေတယ်... ဒါက သာမန်ဂူတစ်ခုတော့ လုံးဝမဟုတ်ဘူး...)”
သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီး အရင်က မြင်တွေ့ခဲ့ရသည်များကို ပေါင်းစပ်ကာ ကောက်ချက်ချလိုက်လေသည်။ “အီး... ယား... (ဝံပုလွေဖေဖေက ဒီသဘာဝအတိုင်းအေးစက်နေတဲ့ဂူကို ရှာဖွေထားရုံတင်မကဘူး၊ အစားအစာတွေကို ရေရှည်သိုလှောင်နိုင်ဖို့ ရေခဲတိုက်အဖြစ်ပါ ပြုပြင်ပြောင်းလဲထားတာ... ဒါက သူရေရှည်အတွက် တည်ငြိမ်တဲ့ ရိက္ခာအရင်းအမြစ်ကိုရဖို့ ကြိုတင်ပြင်ဆင်နေတာပဲ...)”
“ယာ... (ရေရှည်... တည်ငြိမ်တဲ့ ရိက္ခာအရင်းအမြစ်လား...)” ရှောင်ယင်းမှာ နောက်ဆုံးတွင် သဘောပေါက်သွားပြီး မျက်လုံးလေးများ ပြူးသွားလေသည်၊၊ “အီးယား ယား... (သူက ဝံပုလွေတစ်ကောင်မဟုတ်ဘူးလား၊ နေ့တိုင်း အမဲလိုက်ဖို့ပဲ မစဉ်းစားဘဲ... ခုလို သိုလှောင်ရုံနဲ့ စီမံကိန်းတွေ ချနေတယ်တဲ့လား...)” ဤလုပ်ရပ်က သူမ၏နားလည်နိုင်စွမ်းကို တစ်ဖန် ကျော်လွန်သွားပြန်သည်၊၊
“ရေခဲတိုက်” ကြောင့် အံ့ဩမှုထဲမှ ရုန်းမထွက်နိုင်သေးခင်မှာပင် အမဲလိုက်ရာမှ ပြန်လာသော နောက်ထပ် နှင်းဝံပုလွေ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်၊၊ သူတို့သည် ယခင်က သားကောင်များကို သယ်ဆောင်လာယုံတင်မဟုတ်ပေ။
ပို၍ အံ့ဩစရာကောင်းသည်မှာ သူတို့နှင့်အတူ သက်ရှိသတ္တဝါ အုပ်စုငယ်တစ်ခုပါ ပါလာခဲ့ခြင်းပဲဖြစ်လေသည်။
၎င်းတို့သည် ရွေ့လျားနေသော “တိမ်တိုက်”များကဲ့သို့ပင်... အဖြူရောင် အမွေးပွပွများဖြင့် နှင်းသိုးများပဲဖြစ်ပြီး၊ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ရှိကာ ကြောက်လန့်တကြားဖြင့် “ပဲ…ပဲ…” ဟု အော်ဟစ်နေခဲ့ကြသည်၊၊
“အီး... (သိုးရှင်တွေပါလား...)” ရှောင်လန် နှင့် ရှောင်ယင်းတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မှင်တက်သွားကြလေသည်၊၊
“ယား ယား ယား... (အဲဒါတွေက အမတွေချည်းပဲလား...)” ရှောင်ယင်း၏ အာရုံစူးစိုက်မှုများက အမြဲတမ်း ထက်မြက်နေတတ်သည်၊၊ “ဝံပုလွေဖေဖေက ဘာလုပ်မလို့လဲ... မွေးမြူရေးခြံ လုပ်တော့မလို့များလား...”
ဤနှင်းသိုးအုပ်သည် ဝိညာဉ်စွမ်းအင် အနည်းငယ်လွှမ်းမိုးခံထားရသဖြင့် သာမန်သိုးများထက် ပို၍ သန်မာထွားကြိုင်းနေခဲ့ကြသည်၊၊
သူတို့အားလုံး ကြောက်လန့်တကြား ရုန်းကန်နေကြသဖြင့် နှင်းဝံပုလွေများပင် ထိန်းသိမ်းရန် အခက်တွေ့နေရသည်၊၊
“ယား... (သူတို့ ထွက်ပြေးတော့မယ်...)” ရှောင်ယင်း သိုးများ ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်လွန်းသဖြင့် အော်ပြောလိုက်ချင်နေခဲ့သည်၊၊
ထိုအချိန်တွင် လင်းထျန်းလုံမှာ မတ်တပ်ထရပ်လာခဲ့သည်၊၊
“အားဝူး...”
သူသည် မကျယ်လောင်ပေမယ့် စူးရှလွန်းသည့် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်၊၊
နှင်းဝံပုလွေဖိနှိပ်ခြင်း ပင်ကိုစွမ်းရည်၏
အစွမ်းက မမြင်နိုင်သော သံခြေကျဉ်းများကဲ့သို့ ရုန်းကန်နေသည့် သိုးအုပ်ကို ချက်ချင်း လွှမ်းခြုံသွားလေသည်၊၊
အစောက ရုန်းကန်နေသော သိုးများသည် ရုတ်တရက် အေးခဲသွားသလို ဖြစ်သွားကြပြီး၊ တုန်တုန်ရီရီဖြင့် ငြိမ်သက်သွားကြတော့သည်၊၊
“အီး... (နှင်းဝံပုလွေဖိနှိပ်ခြင်းလား...)” ရှောင်ယင်းတစ်ယောက် စိတ်ထဲတွင်အလန့်တကြား အော်လိုက်မိသည်၊၊ “ယား ယား... (ဝံပုလွေဖေဖေက တကယ်ပဲ ဘုရင်မျိုးနွယ်ရဲ့ ပါရမီ နိုးထခဲ့တာပဲ...)”
ဤမြင်ကွင်းကိုကြည့်ရင်း လင်းထျန်းလုံတစ်ယောက် သူ၏ စွမ်းရည်သစ်အပေါ် အလွန်ကျေနပ်မိသွားသည်၊၊ သူသည် ရှေ့သို့ တက်လိုက်ပြီး ထက်ရှသော လက်သည်းများကို ဝှေ့ယမ်းကာ မြေပြင်ပေါ်တွင် စည်းတစ်ခုရေးဆွဲလိုက်လေသည်၊၊ ထို့နောက် ဓားလက်သည်းက တိုက်ခိုက်ရေးမဟုတ်သည့် အခြားအခန်းကဏ္ဍတွင်ပါ ပါဝင်လာရသည်၊၊
လင်ထျန်းလုံသည် သစ်ပင်များကို ခုတ်ထစ်ကာ သစ်သားတိုင်များကို ထက်မြက်အောင် ပုံဖော်လိုက်၏၊၊
“အီးယား... (သူက... ခြံစည်းရိုး ခတ်တော့မလို့လား...)” ရှောင်လန်မှာ လင်ထျန်းလုံလုပ်ချင်သည့်အရာကို ခန့်မှန်းမိလိုက်သော်လည်း ထိုဖြစ်နိုင်ခြေက အလွန်အံ့ဩစရာ ကောင်းလွန်းနေလေသည်၊၊
သိပ်မကြာမီ…. ဧကရီနှစ်ပါး၏ မှင်တက်နေသော အကြည့်များအောက်တွင် လင်းထျန်းလုံသည် နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တပ်ရပ်ကာ သစ်သားတိုင်များကို မြေကြီးအနက်ထဲထိ ရိုက်သွင်းလိုက်ပြီး ခြံစည်းရိုးလုပ်ကာ သိုးများကို ပိတ်လှောင်ထားလိုက်သည်။
ရိုးရှင်းသော်လည်း အသုံးဝင်လှသော သိုးခြံတစ်ခုကို နှင်းဝံပုလွေဘုရင်၏ ထက်ရှသော လက်သည်းများဖြင့် တည်ဆောက်ပြီးစီးသွားခဲ့လေပြီ၊၊
ရှောင်လန် “…”
ရှောင်ယင်း “…”
သူမတို့နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး မျက်ဝန်းထဲတွင် ထုံထိုင်းသွားသည့် အမူအရာများကိုသာ မြင်တွေ့နေရသည်၊၊ နာရေးအခမ်းအနားမှအစ ရေခဲတိုက်၊ ယခု သိုးခြံအဆုံး... ဝံပုလွေဖေဖေသည် “မိစ္ဆာသားရဲ” ဟူသော စကားလုံးအပေါ် သူတို့၏ အမြင်ဟောင်းများကို အကြိမ်ကြိမ်ရိုက်ချိုးကာ အသစ်ဖြစ်အောင် ပြောင်းလဲပေးနေခဲ့သည်၊၊
“အီးယား... (သိုးတွေ မွေးတာက ဘာအတွက်လဲ...)” ရှောင်လန်မှာ တစ်ယောက်တည်း ရေရွတ်နေမိသည်၊၊
သူမ၏ မေးခွန်းကို ဖြေလိုက်သကဲ့သို့ပင် လင်းထျန်းလုံက ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး နှင်းဝံပုလွေဖိနှိပ်ခြင်း အရှိန်အဝါကို သိုးအုပ်ထဲမှ သိုးမနှစ်ကောင်အပေါ် တိတိကျကျ အသုံးချလိုက်လေသည်။
ထိုသိုးမနှစ်ကောင်သည် သိုးခြံထဲမှ နာခံစွာ ထွက်လာကြပြီး သစ်ပင်ရိပ်အောက်တွင် လာရောက် လဲလျောင်းနေကြသည်၊၊
ရင်းနှီးနေသော အနံ့၊ အနည်းငယ် ညှီစို့စို့ ရှိသော်လည်း ချိုမြိန်သော နို့နံ့လေးက လေထဲတွင် ပျံ့လွင့်လာခဲ့သည်၊၊
“သိုး... သိုးနို့လား...” ရှောင်ယင်းမှာ ချက်ချင်း နားလည်သွားခဲ့သည်၊၊ “ယား ယား ယား... (ဝံပုလွေဖေဖေက ငါတို့ ရေရည်သောက်လို့ရမယ့် နို့ရဖို့အတွက်နဲ့ ဒီလောက်အထိ ကြိုးစားပြီး သိုးခြံဆောက်ပေးနေတာလား...)”
ဤအချက် ဧကရီနှစ်ပါး၏ စိတ်ကို အလွန် ရှုပ်ထွေးသွားစေခဲ့သည်၊၊ တစ်ဖက်တွင် ဝံပုလွေဖေဖေ၏ “ရေရှည်ဖွံ့ဖြိုးရေး” စီမံကိန်းကြောင့် အံ့ဩနေရသလို၊ အခြားတစ်ဖက်တွင်လည်း ဤမျှ စေ့စေ့စပ်စပ် သေသေချာချာ ဂရုစိုက်ခံရခြင်းကြောင့် သူတို့၏ နှလုံးသားလေးများမှာ နွေးထွေးလာလေသည်။
“အီး... (ဒါတွေအားလုံးက ငါတို့အတွက်လား...)” ရှောင်လန်သည် ခြံစည်းရိုး ခိုင်ခံ့မှု ရှိမရှိ စစ်ဆေးနေသော ငွေရောင်ပုံရိပ်ကြီးကို ကြည့်ရင်း ထိုကြီးမားလွန်းသော မေတ္တာတရားကို စိတ်ထဲတွင် စွဲနေအောင်မှတ်ထားလိုက်သည်၊၊
“ယား... (ဘာပဲဖြစ်ဖြစ်ပေါ့လေ...)” ရှောင်ယင်းကမူ လက်ရှိ အခြေအနေကို အမြန်ဆုံး လက်ခံလိုက်လေသည်၊၊ သူမ၏ ဝမ်းဗိုက်ကလေးဆီမှ “ဂလုဂလု” မြည်သံများ ထွက်ပေါ်လာချိန်တွင် ‘လတ်ဆတ်သည့် သိုးနို့ သောက်ရတော့မည်...’ ဟူသော အတွေးက အံဩမှုများနေရာကို အစားထိုးဝင်ရောက်လာတော့သည်၊၊
နို့ချိုတိုက်ကျွေးပြီးသည်နှင့် လင်းထျန်းလုံသည် သိုးအမနှစ်ကောင်ကို ခြံအသစ်ထဲသို့ ပြန်သွင်းကာ သူ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်လေသည်၊၊
ထို့နောက် ကလေးငယ်နှစ်ဦးကို ပါးစပ်ဖြင့် ကိုက်ချီကာ သစ်ပင်အိမ်သို့ ပြန်ရန် ပြင်ဆင်လိုက်ရင်း သူ၏ စိတ်ထဲမှလည်း “ဒါဆို အဆင်ပြေသွားပြီ၊ နို့မှုန့်ဖိုး... အော် မှားလို့၊ နို့တိုက်ဖို့ ပြဿနာကတော့ ယာယီ ပြေလည်သွားပြီ၊ နောက်ထပ် သူတို့အတွက် အဝတ်အစား အသေးလေးတွေ ရအောင် ကြိုးစားရဦးမယ်၊ သားရေစတွေ ပတ်ပြီး ဒီအတိုင်း ထားလို့တော့ မဖြစ်ဘူးထင်တာပဲ...”
သူမသိလိုက်သည့်အရာတစ်ခုမှာ သူ၏ “ရေရှည်ဖွံ့ဖြိုးရေး” စိုက်ပျိုးမွေးမြူရေး စီမံကိန်းကြီးက ဗဟုသုတ ကြွယ်ဝလှသော ဧကရီနှစ်ပါး၏ စိတ်ဝိညာဉ်ကို မည်မျှအထိ ရိုက်ခတ်သွားစေခဲ့သည်လဲ ဆိုသည်ကိုပင်။