မဖိတ်ခေါ်သော ဧည့်သည်များနှင့် ဒုတိယအကြိမ်မြောက် ဝိညာဉ်စွမ်းအင် ဒီရေလှိုင်း
Vol. 2 Ch. 19
နှင်းဝံပုလွေကျေးရွာ၏ အသစ်စက်စက် တည်ဆောက်ထားသော သစ်သားတံတိုင်းပေါ်တွင် ကင်းစောင့်နေသော မီးခိုးရောင် ဝံပုလွေတစ်ကောင်သည် ရုတ်ချည်းပင် နားရွက်များ ထောင်မတ်သွားသည်။ သူ၏ လည်ချောင်းအတွင်းမှ တိုးညင်းသော ဟိန်းသံများ ထွက်ပေါ်လာကာ "အာဝူး... (ဘုရင်... ထူးခြားတဲ့ အခြေအနေတစ်ခု ရှိနေတယ်...)" ဟု သတင်းပို့လိုက်သည်။
လင်းထျန်းလုံသည် သူ၏ ဓားလက်သည်းများဖြင့် တံတိုင်း၏ နောက်ဆုံး သစ်တိုင်ကို ချွန်ထက်အောင် လုပ်နေရင်း သူ၏ သမီးတော်နှစ်ပါးအတွက် 'ပုခက်' တစ်ခုကို မည်သို့ ဖန်တီးပေးရမည်နည်းဟု တွေးတောနေရင်းမှ သတင်းပို့သံကြောင့် မော့ကြည့်လိုက်ရာ သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် စိတ်၀င်စားသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
‘ငါ ကျားတစ်ကောင်ကို အခုလေးတင် သတ်ထားတာ... နောက်ထပ် အကောင်ကြီးကြီးတစ်ကောင် ထပ်ရောက်လာပြန်တာလား' ဟု သူက တွေးတောရင်း ရွှာ၏ အမြင့်ဆုံးကင်းမျှော်စင်ပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။
အဝေးမှ အမည်းစက်ကလေးအချို့သည် နှင်းလွင်ပြင်ကျယ်ကြီးကို ဖြတ်ကျော်ကာ သူတို့၏ ကျေးရွာဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေကြသည်ကိုတွေ့လိုက်ရလေသည်။
"အီးယား... (အဲဒါ ဘာတွေလဲ..)." ဟု ရှောင်ယင်းမှာ စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှောင်လန်က "လှုပ်ရှားမှုတွေက နှေးကွေးပြီး အသက်စွမ်းအင်ကလည်း အားနည်းနေတာပဲ... သာမန် နှင်းမြေခွေးတွေနဲ့ တူတယ်၊ သူတို့က အရမ်းဆာလောင်ပြီး အားနည်းနေတဲ့ အခြေအနေမှာ ရှိနေတာပဲ..."
လင်းထျန်းလုံ မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေစဉ် စနစ်၏ အသိပေးချက် ပေါ်လာခဲ့သည်။
【အဆင့်နိမ့် သက်ရှိများ ချဉ်းကပ်လာနေသည် - နှင်းခွေး (၃) ကောင်၊ အဆင့် (၅) ၊
အခြေအနေ - အလွန်အမင်းဆာလောင်၊ အားနည်း။】
"တောက်စ်... ဆာလောင်နေတဲ့ မြေခွေးအုပ်စုပဲကို" လင်းထျန်းလုံမှာ စိတ်ပျက်လက်ပျက်ဖြင့် အမြီးကို ဝေ့ယမ်းလိုက်သည်။
အစောပိုင်းကမှာ အတွေ့အကြုံရမှတ် လာပေးမည့် သားရဲကြီးဟု သူထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
မြေခွေးသုံးကောင်သည် ခြံစည်းရိုးအပြင်ဘက် ခပ်လှမ်းလှမ်းတွင် တုန်တုန်ရီရီဖြင့် ရပ်တန့်သွားကြသည်။ သူတို့၏ အမွေးအမှင်များမှာ ညစ်ပတ်ပေရေနေပြီး ခန္ဓာကိုယ်များမှာလည်း အရိုးပေါ် အရေတင်မျှသာ ရှိတော့သည်။
"အားဝူး... (ဆာတယ်... အရမ်းဆာတယ်... ကျေးဇူးပြုပြီး စားစရာလေး တစ်ခုခုပေးပါ...)" သူတို့သည် လင်းထျန်းလုံအား ကြည့်ကာ ပိန်ညောင်ညောင် အသံကလေးများဖြင့် အသနားခံနေကြလေသည်။
ထိုကိစ္စကြောင့် ဝံပုလွေအုပ်စုကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဝံပုလွေငယ်လေး အချို့မှာမူ ထိုမြေခွေးများကို 'လမ်းဘေး သားရေစာ' အဖြစ် သဘောထားကာ သွားရည်ကျနေကြသည်။
သို့သော် လင်းထျန်းလုံသည် သူ၏ သမီးငယ်နှစ်ဦးကို ကြည့်လိုက်သောအခါ သူမတို့၏ မျက်ဝန်းထဲတွင် သနားဂရုဏာရိပ်များကို တွေ့လိုက်ရသည်။
'ငါ့သမီးလေးတွေက သနားတတ်လိုက်တာ... ငါတို့မှာလည်း ရိက္ခာတွေ အပိုရှိနေတာပဲ၊ သဘောထားကြီးတဲ့ ဝံပုလွေဘုရင် တစ်ယောက်အဖြစ် ပုံရိပ်တည်ဆောက်ရတာလည်း မဆိုးပါဘူး' သူက တွေးလိုက်သည်။
"အားဝူး... (ရန့်မြဲ့... မနေ့က ကျန်ခဲ့တဲ့ အသားတချို့ကို သွားယူချေ...)" သူက အမိန့်ပေးလိုက်လေသည် ။ ရန့်မြဲ့သည် ချက်ချင်းပင် အသားစများကို ယူဆောင်လာပြီး မြို့ရိုးအပြင်ဘက်သို့ ပစ်ပေးလိုက်သည်။
မြေခွေးသုံးကောင်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ဝမ်းသာသွားကြပြီး အသားများကို အငန်းမရ စားသုံးရင ကျေးဇူးတင်သော အကြည့်များဖြင့်ကြည့်၍ ထွက်ခွာသွားကြသည်။
ထိုအဖြစ်အပျက်လေး ပြီးဆုံးသွားချိန်မှာပင် ကောင်းကင်ယံမှ မမြင်ရသော ဝိညာဉ်ဖိအားကြီးတစ်ခု ရုတ်ချည်းကျရောက်လာခဲ့သည်။ ဒုတိယအကြိမ်မြောက် ဝိညာဉ်စွမ်းအင်ဒီရေလှိုင်း ရောက်ရှိလာခြင်းပင်။
လင်းထျန်းလုံသည် ယခင်အတွေ့အကြုံကြောင့် တည်ငြိမ်နေခဲ့ပြ ဝံပုလွေအုပ်စုဝင်များ၏ စွမ်းအင်အဆင့်များမှာလည်း တစ်ဟုန်ထိုး တိုးတက်လာကြသည်။ နှင်းဝံပုလွေကျေးရွာ တစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်ဝဲဂယက်ကြီးတစ်ခု၏ ဗဟိုချက်သဖွယ် ဖြစ်လာခဲ့သည်။
ဝံပုလွေအုပ်စုဝင် အားလုံးနီးပါးသည် ထူးချွန်အဆင့် နှင့်နီးကပ်သွားကြသွားပြီး အချို့မှာ အဆင့် (၁၀) ထူးချွန်အဆင့်သို့ပင် တိုက်ရိုက်ရောက်ရှိသွားကြသည်။
သစ်ပင်အိမ်အတွင်းမှ ရှောင်ယင်းသည် သူမ၏ ကျင့်စဉ်ကို အတင်းအကျပ် လည်ပတ်ရန် ကြိုးစားနေခဲ့သည် ။ "အီး... ဟင်း... (တောက်စ်... ဝိညာဉ်စွမ်းအင်တွေက အရမ်းထူထပ်တာပဲ... မိစ္ဆာကျင့်စဉ် ခရမ်းရောင်အကျဉ်းထောင်... လည်ပတ်စမ်း...)"
သူမသည် ကျင့်ကြံအားထုတ်နေရင်းမှ "ဂေ့..." ဟူသော လေချဉ်တက်သံကြီးနှင့်အတူ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ရှောင်လန်ကမူ အပြင်ဘက်ကိုကြည့်ရင်း အံ့ဩနေလေသည်။ "အီးယား... (ရန့်မြဲ့က အဆင့် (၁၀) ရဲ့ အထွတ်အထိပ်ထိ ရောက်သွားတာပဲ၊ ဝံပုလွေဖေဖေနဲ့ သူတို့ကြားမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ..."
လင်းထျန်းလုံသည် အစွမ်းထက်လာသော အုပ်စုဝင်များကို ကြည့်ကာ ကျေနပ်နေခဲ့သည်။ သူသည် ရန့်မြဲ့ထံသို့ လျှောက်သွားကာ "ရန့်မြဲ့... မင်းရဲ့ အအေးဓာတ်စွမ်းအင်က ပိုအားကောင်းလာပြီပဲ၊ အခုကစပြီး မင်းက ငါတို့ရွာရဲ့ နံပါတ်တစ်စစ်သူကြီးပဲ" ဟု ချီးကျူးရင်း ရာထူးပါပေးအပ်လိုက်သည် ။ သူက ဝံပုလွေငယ်၏ ခေါင်းကို ပုတ်၍ အားပေးရန် လက်သည်းကို မြှောက်လိုက်သော်လည်း ရန့်မြဲ့သည် သူ့အားစမ်းသပ်သည်ဟု ထင်ကာ သူ၏ အေးခဲဟိန်းသံကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။
"ဂျွတ်..."
လင်းထျန်းလုံ၏ လက်သည်းပေါ်တွင် ရေခဲလွှာများ ဖုံးလွှမ်းသွားလေသည်။ 'တကယ် အေးတာပဲ... မင်းရဲ့ အအေးဓာတ်က အဲကွန်းတစ်လုံးလိုပဲ... ကြယ်ငါးပွင့် ပေးတယ်' သူသည်စိတ်ထဲမှ ရယ်မောရင်း ချီးကျူးလိုက်သည်။
ထိုစဉ် ကင်းလှည့်နေသော ဝံပုလွေအုပ်စု ပြန်ရောက်လာကြသည်။ သူတို့သည် ဤတစ်ကြိမ်တွင် အမဲလိုက်ပစ္စည်းများအစား ထူးခြားသော အသီးအနှံများကို ယူဆောင်လာကြသည်။
၎င်းတို့မှာ တောက်ပသော အနီရောင်ရှိပြီး ဝိညာဉ်အရှိန်အဝါများ ထွက်ပေါ်နေသော ဝိညာဉ်အရင်းအမြစ် အသီးများပဲဖြစ်သည်။
သစ်ပင်အိမ်အတွင်းမှ နိုးလာသော ရှောင်ယင်းမှာ ထိုအသီးနံ့ကို ရသည်နှင့် မျက်လုံးလေးများ ဝိုင်းစက်သွားလေသည်။ "အီးယား... (မွှေးလိုက်တာ... အဖိုးတန်ရတနာပဲ... ဝံပုလွေဖေဖေ... မြန်မြန်... အဲဒါ သမီးကို ပေး... အဲဒါကို စားလိုက်ရရင်...)"
သူမသည် ထိုအသီးများအား အသည်းအသန် လိုချင်နေခဲ့သည်။
လင်းထျန်းလုံသည် အသီးခိုင်အား ကိုက်ချီရင်း သစ်ပင်အိမ်ထဲသို့ ဝင်လာသောအခါ သူ၏သမီးငယ်နှစ်ဦးမှာ ပုခက်အစွန်းကို ဆွဲကာ မျက်လုံးလေးများပြူး၍ မျှော်လင့်တကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။
ထိုစဉ် ရှောင်လန်၏ နှုတ်ခမ်းဖျားလေးမှ မပီမသ အသံကလေး တစ်ခု ထွက်ပေါ်လာခဲ့သည် ။
"အီးယား... ဖေ... ဖေ..."
ထိုအသံကြောင့် လင်းထျန်းလုံ၏ နှလုံးသားမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားလေသည်။ 'အား... ငါ့သမီးလေးက ငါ့ကို 'ဖေဖေ' လို့ ခေါ်လိုက်တာလား... အစားတစ်လုပ်အတွက်နဲ့ ခေါ်တာပဲဖြစ်ဖြစ်... ငါ ဂရုမစိုက်ဘူး... တန်တယ်... တန်လွန်းတယ်... ဒီအသီးတွေ အကုန်ယူလိုက်တော့ သမီးလေးတို့ရေ' ဟု သူက ပျော်ရွှင်မြူးထူးစွာဖြင့် တွေးတောနေတော့သည်။