ဝံပုလွေဘုရင်၏ ကလေးထိန်းဒုက္ခနှင့် အန္တရာယ်သစ်၏ အရိပ်အယောင်
Vol. 2 Ch. 20
ထိုမပီမသဖြင့် နူးညံ့လွန်းသော ဖေ... ဖေ...” ဟု ခေါ်သံကလေးကြောင့် လင်းထျန်းလုံ၏နှလုံးသားမှာ နွေဦးအလင်းရောင်အောက်မှ ဆီးနှင်းများအလား အရည်ပျော်ကျလုမတတ် ခံစားလိုက်ရသည်။ သူသည် ပါးစပ်ထဲမှအသီးခိုင်ကိုလွှတ်ချကာ ကလေးငယ်နှစ်ဦးအနားသို့ ခပ်သွက်သွက်ပြေးသွားပြီး သူ၏နှာခေါင်းကြီးဖြင့် ရှောင်လန်၏ ပါးပြင်နုနုကလေးကို အသာအယာပွတ်သပ်လိုက်သည်။
“အာဝူး... (လိမ္မာတယ် သမီးလေး... နောက်တစ်ခါလောက် ပြန်ခေါ်ပါဦး...)” လင်းထျန်းလုံမှာ သူ၏ အသံကို အတတ်နိုင်ဆုံး နူးညံ့အောင်လျှော့ချ၍ ပြောလိုက်သည်။
ရှောင်လန်၏ မျက်နှာကလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားပြီး ဘေးဘက်သို့ ခေါင်းလွှဲလျက် ပတ်ဝန်းကျင်ရှုခင်းကို ကြည့်နေဟန်ဆောင်လိုက်သည်။ သူမ၏ စိတ်ထဲတွင်တော့ ‘ငါ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားတာလား... အစားတစ်လုပ်အတွက်နဲ့လေ...’ ဟု ရှက်ကိုးရှက်ကန်း တွေးနေရှာသည်။
ရှောင်ယင်းက “အီးယား... (ရှောင်လန်... နင်တောင် ဒီလိုနေ့မျိုး ရှိသေးတာပဲ၊ ဟားဟား... ဒါပေမဲ့... ငါလည်း အဲဒီဝိညာဉ်အရင်းအမြစ်အသီး ကို အရမ်းလိုချင်နေပြီ...)”
သူမ၏ဗိုက်ထဲတွင်လည်း အသံများမြည်နေခဲ့ပြီပဲဖြစ်သည်။
လင်းထျန်းလုံ၏ အကြည့်မှာ တောက်ပနေသော အနီရောင် ဝိညာဉ်အရင်းအမြစ်အသီး သုံးလုံးထံသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဝံပုလွေမများကို အချက်ပြကာ အသီးများကို သူ့အနားသို့ယူလာစေခဲ့သည်။
‘ခေါင်းကိုက်စရာပဲ... ကလေးထိန်းရတာက ကျားသတ်ရတာထက်တောင် ပိုခက်နေပါလား’ သူသည် ပထမဆုံးသော ကလေးထိန်းရခြင်းဒုက္ခကို ခံစားရင်း စိတ်ထဲမှတွေးလိုက်မိသည်။
သူသည် အသီးများကို မည်သို့ခွဲဝေရမည်နည်းဟု စဉ်းစားရင်း စနစ်ကို အသုံးပြုကာ အရင်ဆုံးစစ်ဆေးလိုက်သည်။
【ဝိညာဉ်အရင်းအမြစ်အသီး (အစိမ်း): အဆင့်နိမ့် ဝိညာဉ်သစ်သီး။ ဉာဏ်ပညာကို အနည်းငယ် တိုးတက်စေပြီး အဆင့်နိမ့် ပင်ကိုယ်စွမ်းရည်များကို နိုးထစေနိုင်သော အခွင့်အလမ်း အနည်းငယ် ရှိသည် (အဆင့်မြင့် စွမ်းရည်များအပေါ် အကျိုးသက်ရောက်မှုမရှိပါ) ရင်သွေးငယ်များနှင့် အဆင့်နိမ့် မိစ္ဆာသားရဲများအတွက် အကောင်းဆုံး ဖြစ်သည်။】
‘အင်း... ဒါက ငါ့သမီးလေးတွေအတွက် အပိုအာဟာရဖြည့်စွက်စာပေါ့၊ ဒါပေမဲ့ အဆင့်မြင့်စွမ်းရည်တွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူး ဆိုတော့... အကုန်ငါ့သမီးတွေအတွက်ပဲ ထားလိုက်တော့မယ်' သူက တွေးတောနေရင်းမှ သူ၏ လက်သည်းများကို အသုံးပြုကာ အသီးသုံးလုံးကို ကလေးငယ်နှစ်ဦးရှေ့သို့ တိုးပေးလိုက်သည် ။
“စားကြတော့ သမီးတို့... သီးမယ်နော် သတိထားဦး... ဖြည်းဖြည်းစား” ဟု သူသည် အဖေကြီးတစ်ယောက်ကဲ့သို့ ဂရုတစိုက်ပြောလိုက်ရှာသည်။
ဧကရီနှစ်ပါးမှာ စိတ်လှုပ်ရှားစွာဖြင့် အသီးကို လှမ်းယူရန် ကြိုးစားလိုက်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်လေးများမှာ စိတ်သွားတိုင်းကိုယ်မပါနိုင်သေးချေ။
အခွံမှာလည်း သူတို့ ထင်ထားသည်ထက် ပိုမိုမာကျောနေခဲ့သည်။ “အီးယား... (ငါ တကယ် ဒေါသထွက်လာပြီ၊ ဂုဏ်သိက္ခာရှိလှတဲ့ မိစ္ဆာဘုရင်မကြီးက အသီးတစ်လုံးကိုတောင် မခွဲနိုင်တော့ဘူးတဲ့လား...)” ရှောင်ယင်းက စိတ်တိုနေခိုက် ရှောင်လန်ကမူ “အီးယား... (ကူညီပေးပါဦး...)” ဟု အကူအညီတောင်းသော အကြည့်မျိုးဖြင့် လင်းထျန်းလုံအား ကြည့်နေခဲ့သည်။
သူသည် ကလေးငယ်နှစ်ဦး၏ ချစ်စရာကောင်းသော ရုန်းကန်နေမှုကို ကြည့်ရင်း ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
သူသည် ထက်ရှသော လက်သည်းထိပ်ဖြင့် အသီးကို အသာအယာ ခွဲပေးလိုက်ပြီး အခွံထဲမှ ချိုမြိန်သော အသားများကို သူတို့၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။ ရှောင်ယင်းမှာ အငန်းမရ စုပ်ယူစားသောက်နေပြီး ရှောင်လန်ကမူ ဣန္ဒြေရှိရှိပဲ စားသောက်နေခြံငည်။
ထိုအချိန်တွင် ရန့်မြဲ့သည် ကျန်ရှိနေသေးသော အသီးတစ်စိတ်ကို စိတ်ဝင်တစားဖြင့် လာရောက်နမ်းကြည့်လေသည်။
ရှောင်ယင်းက ချက်ချင်းပင် “အီးယား... (သွား... ဒါ ငါတို့ဟာ...)” ဆိုသည့်သဘောဖြင့် အစာကို ကာကွယ်လိုက်သည်။ သို့သော် ရှောင်လန်ကမူ ‘ရန့်မြဲ့ ကလည်း အားကိုးရတဲ့သူပဲ... သူလည်း စားသင့်တယ်...’ ဟု ကျိုးကြောင်းဆီလျော်စွာ တွေးနေမိသည် ။
လင်းထျန်းလုံမှာ သူ၏ သမီးငယ် အစာကာကွယ်နေပုံအား ကြည့်ကာ ပြုံးလိုက်ပြီး “သမီးတို့... အချင်းချင်း မျှဝေစားတတ်ရမယ်လေ” ဟုဆိုကာ ကျန်ရှိနေသော အသီးတစ်စိတ် ရန့်မြဲ့ထံသို့ ပေးလိုက်သည်။
“ရန့်မြဲ့... ဒါက မင်းရဲ့ ကြိုးစားမှုအတွက် ဆုလာဘ်ပဲ” သူသည် ဘုရင်တစ်ပါး၏ အရှိန်အဝါဖြင့် ပြောလိုက်သည်။
ရန့်မြဲ့သည် အသီးတစ်စိတ်ကို သူ့အားကျွေးမည်ဟု ထင်မှတ်မထားခဲ့ချေ။ အံ့ဩဝမ်းသာစွာဖြင့် အသီးကို စားသုံးလိုက်ပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိ အအေးဓာတ်များမှာ ပိုမိုနူးညံ့တည်ငြိမ်သွားသည်။
သို့သော် ထိုအေးချမ်းမှုမှာ ခဏတာသာဖြစ်လေသည်။ ကင်းစောင့်နေသော ဝံပုလွေ၏ ထိတ်လန့်တကြားဟိန်းဟောက်သံက ကျေးရွာအပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပြန်သည်။
“အာဝူး... အာဝူး... (ဘုရင်... မကောင်းတော့ဘူး... သူတို့ ပြန်လာကြပြီ... ပိုကြီးတဲ့အကောင်တွေလည်းပါတယ်... အများကြီးပဲ... အရမ်းမြန်တယ်...)”
လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများက ချက်ချင်းပင် စူးရှသွားပြီး နွေးထွေးမှုအားလုံး ပျောက်ကွယ်သွားကာ အေးစိမ့်သော သတ်ဖြတ်လိုစိတ်များကသာ အစားထိုးဝင်ရောက်လာသည်။ ‘မပြီးနိုင်တော့ဘူးလား... ဒီတစ်ခါရော ဘာတွေ လာပေးပြန်ပြီလဲ... အတွေ့အကြုံရမှတ် အထုပ်တွေလား...’
သူသည် ချက်ချင်းပင် ပြတ်သားသော အမိန့်များ ပေးလိုက်သည်။
“တိုက်ခိုက်နိုင်သူတွေ အားလုံး တံတိုင်းပေါ်ကို ချက်ချင်းတက်...”
“ရန့်မြဲ့... မင်း၀ံပုလွေတချို့ကိုခေါ်ပြီး အရှေ့တောင်ဘက်ကနေ ကာကွယ်ထား... သူတို့ကို မင်းရဲ့အေးခဲဟိန်းသံနဲ့ အဝေးကနေ ပံ့ပိုးပေး...”
“သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအားလုံး သစ်ပင်အိမ်နားကို ဆုတ်ကြ...”
ဝံပုလွေအုပ်စုသည် စနစ်တကျ စတင်လှုပ်ရှားကြလေတော့သည်။ လင်းထျန်းလုံသည် ကလေးငယ်နှစ်ဦးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး “သမီးတို့... ဒီမှာပဲ လိမ်လိမ်မာမာ နေခဲ့နော်...” ဟု မှာကြားကာ ငွေရောင် လျှပ်စီးတန်းတစ်ခုအလား တံတိုင်း၏ အမြင့်ဆုံးနေရာသို့ ခုန်တက်သွားတော့သည် ။
သစ်ပင်အိမ်အတွင်း၌ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာလည်း စိုးရိမ်တကြီးဖြင့် အပြင်ဘက်ကိုကြည့်နေကြသည်။ “အီးယား... (ထပ်လာပြန်ပြီ... တကယ့်ကို အေးဆေးမနေရပါလား...)” ရှောင်ယင်းက ငငြီးတွားနေခဲသည်။
ရှောင်လန်ကတော့ “ဒီတစ်ခါ အငွေ့အသက်တွေက ပိုရှုပ်ထွေးပြီး အားကောင်းနေသလိုပဲ... ဝံပုလွေဖေဖေ နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ပါ့ဦးမလား...” ဟု တွေးတောရင်း စိုးရိမ်နေတော့သည်။