← Chapters

အပိုင်း - ၂၂၀

Vol. 20 Ch. 220

အပိုင်း - ၂၂၀

Vol. 20 Ch. 220

"ဗိုလ်ချုပ်ချန်... ခင်ဗျားတော့ ကျွန်တော့်ကို သတ်လိုက်တာပဲ"

ဗဟိုတပ်ဲအပြင်ဘက်မှာ ယွီဆုန် တစ်ယောက် ဒေါသထွက်လွန်းလို့ ဆဲတောင်ဆဲချင်စိတ် ပေါက်နေပြီ။ သူက စကားလုံးတွေကို မနည်းအံကြိတ်ပြီး "ခင်ဗျား သေချင်ရင် တစ်ယောက်တည်း သွားသေပါလား၊ ကျွန်တော့်ကိုပါ ဘာလို့ ဒီထဲ ဆွဲထည့်ရတာလဲ" လို့ ပြောလိုက်တယ်။

"ဒု-ဗိုလ်ချုပ်ကြီး ယွီဆုန်"

ချန်ဆန်းရှီက လေးနက်တည်ငြိမ်စွာနဲ့ "ကျွန်တော့်အစီအစဉ်နောက် လိုက်တာက အသက်ရှင်ဖို့ အာမခံချက် မပေးနိုင်ပေမဲ့၊ သူတို့နောက် လိုက်သွားရင်တော့ ခင်ဗျား သေမှာ သေချာတယ်"

စစ်သည် ၁၈,၀၀၀ ထဲမှာ နောက်ဆုံး ၁၈၀ တောင် အသက်ရှင်ကျန်ဖို့ မလွယ်ဘူးဆိုတာ ချန်ဆန်းရှီ သိနေပါတယ်။

"ဟူး ..ဒီအချိန်ရောက်မှတော့ ဘာပြောနေတော့မှာလဲ" ယွီဆုန် က လက်လျှော့လိုက်တဲ့ မျက်နှာပေးနဲ့ "ဗိုလ်ချုပ်ချန်... ခင်ဗျားကြောင့် ကျွန်တော် သေခဲ့ရင်တော့... ထားပါတော့။ ကျွန်တော့်မှာ မယား ၈ ယောက်နဲ့

သားသမီး ၁၂ ယောက် ရှိတယ်၊ သူတို့ ခင်ဗျားနောက်ကို လိုက်ကြလိမ့်

မယ်သွားကြစို့"

အမိန့်တွေ ကျလာတဲ့အခါ လုရှူဟွာ၊ ရှဲ့စီရှုနဲ့ တခြားသူတွေလည်း အံ့သြသွားကြပါတယ်။

"ဘာလုပ်နေတာလဲ"

"ဗိုလ်ချုပ်ချန်... ခင်ဗျား ရူးသွားပြီလား"

"ငါတို့က အဓိကတပ်မတော်ကြီးနဲ့ အတူမသွားဘဲ တစ်ဦးတည်း လှုပ်ရှားမယ်ဆိုတာ... သေတွင်းထဲကို ပိုမြန်မြန်သွားဖို့ အကြောင်းဖန်နေတာလား"

"ရယ်စရာပဲ"လုရှူဟွာက သူ့ရဲ့ဓားကို ကိုင်ရင်း မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်တယ် "ငါတို့အားလုံးက ထောင်စုမှုးတွေပဲဘာလို့ သူ့စကားတစ်ခွန်းတည်းနဲ့ အဓိကတပ်ကို စွန့်ခွာရမှာလဲမင်းတို့သွားချင်ရင် သွားကြ၊ ငါကတော့ ဗိုလ်ချုပ်ရှာဆီ သွားတော့မယ်"

"အစ်ကိုလု... ခဏစောင့်ဦး၊ ကျွန်တော်လည်း လိုက်မယ်" ရှဲ့စီရှုကလည်း အမှီလိုက်ဖို့ ပြင်ပါတယ်။

"ခင်ဗျားတို့ နှစ်ယောက်လုံး စိတ်မှမှန်ရဲ့လား" ပိုင်ထင်းကျီက လှောင်ပြောင်လိုက်တယ် "သေမင်းခေါ်နေတဲ့သူတွေကို အသက်ရှင်အောင် နားချဖို့က တကယ်ခက်တာပဲ"

ဒါပေမဲ့ လုရှူဟွာနဲ့ ရှဲ့စီရှုတို့ဟာ ရှာဝမ်လုံဆီ ရောက်မသွားခင်မှာပဲ ပြန်ခေါ်ခြင်း ခံလိုက်ရပါတယ်။ ရှာဝမ်လုံရဲ့ အမိန့်က ထွက်ပြီးသားဖြစ်လို့ လွယ်လွယ်နဲ့ ပြင်လို့မရတော့ပါဘူး။

"မင်းတို့လို ထောင်စုမှူးတွေ၊ ဒု-ဗိုလ်ချုပ်တွေက ဘာကို ဒီလောက် ကြောက်နေတာလဲလူကြောက်တွေ"

ကျူထုံက ဆဲဆိုလိုက်တယ် "အရင်တုန်းက ဆန်းရှီဟာ ပိုရန်ခရိုင်မှာ လက်ကျန်တဲ့ တပ်ဖွဲ့လေးနဲ့ လူရိုင်းနှစ်သောင်းကို အနိုင်တိုက်ခဲ့တာ။ အဲဒီနောက် ရန်သူသောင်းချီ လိုက်နေတဲ့ ကြားထဲက အရပ်သား လေးသောင်းကို ယွမ်ကျိုးကနေ ယုံပြည်နယ်အထိ ဘေးကင်းအောင် ခေါ်လာပေးနိုင်ခဲ့တာကွလူအတွေ"

"မင်း ဘာပြောတယ်"

ရှဲ့စီရှုက ဒေါသတကြီး စိုက်ကြည့်လိုက်တယ် "မင်းလို ရာစုမှူးက ငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့သေချင်နေတာလား"

"ဒီအစ်ကိုပြောတာ လုံးဝမှန်တယ်လို့ ငါထင်တယ်"ပိုင်ထင်းကျီက သူ့ရဲ့ ဓားမကြီးကို မလိုက်ပြီး "ဘာလဲ... ငါနဲ့ စိန်ခေါ်ချင်လို့လား"

"ချလွန်း—"

ဓားချင်း ထိခတ်သံတွေ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး ဓားအသင့်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြပါတယ်။

"တော်ကြတော့"

ချန်ဆန်းရှီက လေးနက်စွာ ဟန့်တားလိုက်တယ် "သေရေးရှင်ရေး အချိန်မှာ မင်းတို့က အချင်းချင်း တိုက်နေကြတုန်းလားကျူထုံ... နောက်ဆုတ်လိုက်အစ်ကိုလု၊ အစ်ကိုရှဲ့... ကျွန်တော့်ကို ယုံကြည်ပေးကြပါ။ အကယ်၍ မြစ်ကူးပြီးနောက်မှာ ငါတို့တကယ်ပဲ အထိနာခဲ့ရင် ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ခေါင်းကို လာဖြတ်လို့ရတယ်၊ ကျွန်တော် လုံးဝ ခုခံမှာမဟုတ်

ဘူး"

"ကောင်းပြီလေ"

ထိုအခါမှ လုရှူဟွာက လျှော့ပေးလိုက်တယ် "ဒါ ဗိုလ်ချုပ်ချန် ကိုယ်တိုင်ပြောတဲ့ စကားနော်၊ အားလုံး သက်သေအဖြစ် မှတ်ထားကြ"

သူနဲ့ ရှဲ့စီရှုတို့ဟာ အမွေခံတပည့်ရာထူးအတွက် ပြိုင်ဆိုင်တာကို ရပ်လိုက်ပေမဲ့ သူတို့ရဲ့ ပါရမီရှင် မာနတွေကတော့ လျော့မသွားပါဘူး။ အထူးသဖြင့် လုရှူဟွာဟာ စစ်နတ်ဘုရားတစ်ဦးရဲ့ တပည့်ဖြစ်ပြီး နောင်တစ်ချိန်မှာ ဓားသူတော်စင် ဖြစ်လာမယ့်သူမို့ သူများနှာခေါင်းဖျားမှာ အဆွဲခံရတာကို လုံးဝ မကြိုက်ပါဘူး။

"ရွှီဝမ်ချိုင်"

ချန်ဆန်းရှီက အော်ခေါ်လိုက်တယ် "မြေပုံ ယူလာခဲ့"

"မင်းသားရဲ့ ဗျူဟာက တကယ့်ကို ထူးချွန်ပါတယ်" ရှာဝမ်လုံက ချီးကျူးလိုက်တယ် "သူတို့ ယန်ချွမ်းခရိုင်မှာ လမ်းခွဲသွားပြီးတာနဲ့၊ အရှေ့ကို မြစ်ကူးပြီး တောင်ဘက်ကို ဆင်းဖို့ ကြိုးစားရင်တော့ သေလမ်းပဲ ရှိတော့မယ်။ ငါတို့ကတော့ ယန်ချွမ်းခရိုင်ရဲ့ အကူအညီနဲ့ အနည်းဆုံး ရက် ၂၀ တော့ တောင့်ခံထားနိုင်မှာပဲ"

"ငါ့ဗျူဟာ ကောင်းတာ မဟုတ်ပါဘူး၊ သူကိုယ်တိုင်က သေတွင်းထဲ တိုးဝင်သွားတာပါ" ချောင်ဖန်က မြင်းပေါ်မှာ ထိုင်ရင်း အပြာရောင် နဂါးစိမ်းဓားကို အေးအေးလူလူ ကိုင်ထားတယ် "သူ့ကို အဲဒီလို ဖြစ်အောင် ကူညီပေးလို့ ရနေမှတော့ ငါ ဘာလို့ မလုပ်ပေးရမှာလဲ"

"မှန်တယ်၊ ဒီကောင်က သေသင့်တာ ကြာလှပြီ။" ရှာဝမ်လုံကတော့ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အချက်အလက်တွေ ပေါက်ကြားသွားလို့ ရာထူးပြောင်းရတာကို ကောင်းကောင်း သိနေပါတယ်။ ချန်ဆန်းရှီ အင်အားကြီးလာမှာကို သူက အလိုမရှိဆုံး လူပါပဲ။

"တုန်အန်းကတော့ တကယ့် ကျေးဇူးကန်းတဲ့ ကောင်ပဲ"ချောင်ဖန်က မုန်းတီးစွာနဲ့ တံတွေးထွေးလိုက်တယ် "အရင်တုန်းက ဖန်ချင်းယွမ်ကို ရှုံးခဲ့တာ။ အဘိုးက သူ့ကို သိုင်းပညာ ထူးချွန်သူ ဘွဲ့ပေးပြီး ကျင့်ကြံဖို့ ရင်းမြစ်တွေ အပြည့်အစုံ ပေးခဲ့လို့သာ ဒီနေ့ ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်ရတဲ့ ဒု-ဗိုလ်ချုပ် ဖြစ်နေတာပေါ့"

"ရတနာကျမ်းစာရဲ့ ဆွဲဆောင်မှုက အရမ်းကြီးတာကိုး" ရှာဝမ်လုံက ခန့်မှန်းလိုက်တယ် "မင်းသား... အကယ်၍ တစ်စုံတစ်ယောက်က စစ်နတ်ဘုရားအဆင့်ထက် မြင့်တဲ့ ပညာရပ်တွေနဲ့ လာလဲမယ်ဆိုရင် သခင်လေးလည်း လဲမှာပဲ မဟုတ်လားသူ့အတွက်တော့ ပြည်နယ်ဆိုတာ သူ့ပိုင်တာမှ မဟုတ်တာ၊ သခင်အသစ် ပြောင်းလိုက်ရုံပဲလေ"

"သူ တကယ်ကို သေသင့်တယ် ငါတို့ ဒါရှန်အင်ပါယာက လူတွေကို ရက်ရက်ရောရော ဆက်ဆံခဲ့တာတောင် ဒီလို ကျေးဇူးမသိတဲ့ကောင်တွေ ပေါ်လာတယ်ပေါ့။ ဆွန်ဒူရှန်ကမှ တော်သေးတယ်၊ သူက နှစ်ပေါင်းများစွာ အကျိုးပြုခဲ့တာ။ တုန်အန်းကတော့ တကယ့်ကို အပိုင်းပိုင်း ခုတ်သတ်ပစ်

သင့်တဲ့ကောင်"

ချောင်ဖန်က မင်ပြည်နယ်ရဲ့ အခြေအနေကို ပြန်စဉ်းစားလိုက်တယ် "ဗိုလ်ချုပ်ရှာ... ချန်ဆန်းရှီ ခုနက ပြောသွားတာ မှတ်မိလားယန်ချွမ်းခရိုင်ထဲမှာ ရိက္ခာမရှိဘူးတဲ့။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ငါတို့ ဘာလုပ်ကြမလဲ"

"လမ်းမှာ ရသမျှ သိမ်းသွားမှာပေါ့" ရှာဝမ်လုံက သတိကြီးစွာ ပြန်ဖြေတယ် "ယန်ချွမ်းခရိုင် မရောက်ခင် မြို့တွေ အများကြီး ဖြတ်ရဦးမယ်၊ အဲဒီမြို့တွေက ရိက္ခာတွေကို ငါတို့ သိမ်းသွားမယ်..."

ရိက္ခာနဲ့ မြို့ရိုးမြင့်မြင့်ရှိရင် ဘယ်လောက်ပဲ ဝိုင်းထားပါစေ ခုခံနိုင်မှာပဲလို့ သူ ယုံကြည်နေပါတယ်။

"ဒီနှစ်က မင်ပြည်နယ်အတွက် မကောင်းတဲ့နှစ်ပဲ"

ချောင်ဖန်က "နေရာတော်တော်များများမှာ သဘာဝဘေးဒဏ်တွေ ခံနေရတယ်၊ အခွန်တောင် အပြည့်မကောက်နိုင်ဘူးလို့ ကြားတယ်။ အစိုးရရဲ့ ရိက္ခာလှောင်ကန်တွေကိုပဲ အားကိုးနေလို့တော့ မဖြစ်လောက်ဘူး"

"ဒါဆိုရင်တော့ ပြည်သူတွေဆီကနေ အတင်းအဓမ္မ ကောက်ရမှာပေါ့" ရှာဝမ်လုံက အကြံပြုတယ် "ပြည်သူတွေ နည်းနည်းတော့ ဒုက္ခရောက်မယ်၊ ဒါပေမဲ့ မင်းသား စိုးရိမ်မနေပါနဲ့၊ အပြစ်တင်ခံရရင် ကျွန်တော်ပဲ ခံပါ့မယ်"

"ခင်ဗျားကတော့ တကယ့်ကို မွန်မြတ်ပါတယ် ဗိုလ်ချုပ်ရှာ"

ယင်စွေ့တောင်။

မျက်ခုံးနီတပ်မတော်ရဲ့ အဓိက စခန်းချရာနေရာ။

ဗဟိုတပ်ဲ၊ သဲပုံမြေပုံရှေ့မှာ...

အရှင်ကျားဟာ သူ့ဖခင်နဲ့အတူ မေတောင်တန်းမှာ တောပုန်းဓားပြ လာလုပ်ခဲ့တာပါ။ ကံကောင်းလို့ ဆရာကောင်းနဲ့ တွေ့ပြီး သိုင်းပညာတွေ တတ်မြောက်ခဲ့တယ်၊ အဲဒီနောက်မှာတော့ မေတောင်တန်းတစ်ခုလုံးက ဓားပြအဖွဲ့တွေကို ဝါးမြိုပြီး စစ်သည် နှစ်ထောင်ကျော်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ကြီး ဖြစ်လာခဲ့တာ။

သူ သိတာတစ်ခုကတော့ ဓားပြအဖွဲ့တစ်ခုဟာ အရွယ်အစား တစ်ခုအထိ ကြီးမားလာပြီဆိုရင် ပိုပြီး အင်အားတောင့်တင်းအောင် လုပ်ရမယ်၊ မဟုတ်ရင်တော့ အမြစ်ပြတ် သုတ်သင်ခံရမှာပဲ။

ဒါပေမဲ့ အရှင်ကျားကသူ့ရဲ့ အစွမ်းအစ တစ်ခုတည်းနဲ့တော့ အင်အား ထပ်မချဲ့နိုင်ခဲ့ဘူး။ တစ်နေ့မှာတော့ ပညာရှိတစ်ဦး စခန်းကို ရောက်လာပြီး သူတို့ကို ပိုကြီးမားအောင် ကူညီပေးမယ်၊ မင်ကျိုးဘုရင်အဆင့်အထိတောင် ရောက်နိုင်တယ်လို့ ပြောလာခဲ့တဲ့အခါမှာတော့...

All Chapters