← Chapters

အခန်း (၁၂၇)

Vol. 15 Ch. 127

အခန်း (၁၂၇)

Vol. 15 Ch. 127

ချင်ချင့်အတွက်မူ ဆေးရုံတက်ရသည်ဖြစ်စေ၊ ဆေးရုံဆင်းရသည်ဖြစ်စေ ထူးမခြားနားလှပေ။ တစ်နေရာမှ တစ်နေရာသို့ ပြောင်း၍ အကျဉ်းချခံရခြင်းသာ ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ အိမ်မှာပိုနေပျော်ခြင်းပင်။

သို့သော် မိသားစုဝင်များ အပြင်ထွက်ခွင့်မပြုသလို မိမိကိုယ်ကိုယ်လည်း ပြောင်းလဲမှုအချို့ သတိပြုမိလာသဖြင့် ဘာမှမပြောဘဲ အိမ်၌သာ ငြိမ်ငြိမ်သက်သက်နေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမထံမှ အုံ့မှိုင်းသော အရိပ်အယောင်များထွက်ပေါ်လာသည်ကို အားလုံးခံစားမိကြသည်။

အသိသာဆုံးမှာ ချင်ချင် အစားနည်းလာခြင်းနှင့် ကစားရသည်ကို စိတ်မဝင်စားတော့ခြင်းပင်။ တစ်ခါတစ်ရံ ပြတင်းပေါက်တွင် မှီ၍ အပြင်လောကကိုငေးမောနေတတ်သည်။

ထိုသို့ မွန်းကျပ်စပြုလာသော အခြေအနေတွင် ချင်ချင် ဘာမှမပြောရသေးမီ ကူးလန် အရင်ပေါက်ကွဲတော့သည်။

"ကျွန်တော် ဆက်မကြည့်နိုင်တော့ဘူး! ကျဲက အကျဉ်းသားမဟုတ်ဘူး၊ ဘာလို့ နေ့တိုင်း အိမ်ထဲမှာပဲ ပိတ်လှောင်ထားရတာလဲ!"

ဖူမိသားစု အစေခံများ၏တားဆီးမှုကို ဖယ်ရှားကာ ကူးလန် အိမ်ထဲသို့ဇွတ်အတင်းဝင်လာသည်။ ချင်ချင့်လက်မောင်းအး ဆွဲကိုင်ကာ အပြင်သို့ ခေါ်ထုတ်သွားရင်း ရွဲ့သံဖြင့် ပြောလိုက်သည်။

"သွားကြစို့၊ ဘယ်သူက ဒီအကျဉ်းထောင်ထဲမှာ နေချင်မှာလဲ"

"သခင်ကြီး..."

အိမ်တော်ထိန်းကြီးမှာ ဖူဟန့်နောက်တွင်ရပ်ရင်း ဝေခွဲမရဖြစ်နေသည်။

ဒုတိယထပ် လှေကားထိပ်မှနေ၍ ထိုအဖြစ်အပျက်အား ဖူဟန် မြင်နေရသော်လည်း အစကတည်းက တားဆီးရန် မကြိုးစားခဲ့ပေ။

"ရတယ်"

"သူတို့ကို အပြင်သွားကစားခိုင်းလိုက်ပါ၊ ဝအောင်ကစားပြီးရင် ပြန်လာကြလိမ့်မယ်"

"ဒါပေမဲ့ မဒမ်ရဲ့ အခြေအနေက..."

အိမ်တော်ထိန်း စိုးရိမ်နေဆဲပင်။

"ချင်ချင်က အခု မူလတန်းကျောင်းသားဖြစ်နေပြီလေ"

ထိုစကား၏ဆိုလိုရင်းကို ပါးနပ်သော အိမ်တော်ထိန်းကြီး ချက်ချင်းနားလည်သွားသည်။

မဒမ်သည် အသက် ခြောက်နှစ်အရွယ် မှတ်ဉာဏ်များပြန်ရနေပြီဖြစ်ရာ ခြောက်နှစ်အရွယ်ကလေးဆိုသည်မှာ ပထမတန်းတက်နေရမည့်အရွယ် မဟုတ်လား?

ထိုအသိကြောင့် ပြုံးချင်စိတ်အား အနိုင်နိုင်ထိန်းကာ အလုပ်ရှင်၏ခန့်ညားတည်ကြည်သော မျက်နှာကိုကြည့်ရင်း အန္တရာယ်ကင်းစေရန် သက်တော်စောင့်နှစ်ဦး ထည့်ပေးရမလားဟု တိုးတိုးလေး မေးလိုက်သည်။

ဖူဟန် မငြင်းပေ။

"အားပုနဲ့အားတကို လွှတ်လိုက်ပါ၊ ချင်ချင်က သူတို့နဲ့အကျွမ်းတဝင်ရှိဆုံးပဲ"

အမှန်စင်စစ် ထိုညီအစ်ကိုနှစ်ဦးအား ဖူမိသားစုမှ အလုပ်ဖြုတ်ခြင်းမပြုခဲ့ပေ။

၎င်းတို့မှာ မိဘမဲ့များဖြစ်ပြီး ပညာအရည်အချင်းလည်း နည်းပါးလှရာ ခွန်အားနှင့် ကိုယ်ခံပညာမှလွဲ၍ အခြားလုပ်ကိုင်စားသောက်ရန်မရှိကြချေ။ လစာကောင်းသော ဤအလုပ်မရှိပါက နောင်တွင် ဘာလုပ်ရမည်ကို မသိကြသောကြောင့် ဖူဟန်ထံသွား၍ လျှို့ဝှက်ချက်အား ထိန်းသိမ်းပါ မည်ဟု ကတိပေးကာ အလုပ်မဖြုတ်ရန် တောင်းပန်ခဲ့ကြခြင်းဖြစ်သည်။

ဖူဟန် စာနာတတ်သူတစ်ဦးမဟုတ်သော်လည်း သူ့တွင် ကိုယ်ပိုင်တွေးတောချက်ရှိသည်။

မူလက သက်တော်စောင့်လဲရန် စီစဉ်ခြင်းမှာ ချင်ချင့်လျှို့ဝှက်ချက်အားကာကွယ်ရန်ဖြစ်သော်လည်း ယခု သူတို့ သိသွားပြီဖြစ်၍ လဲလှယ်ရန် မလိုတော့ပေ။ အပြင်လူထက်စာလျှင် အကြောင်းစုံသိပြီးသားသူများကို စောင့်ကြည့်ခိုင်းထားခြင်းမှာ ပိုစိတ်ချရသည်။

ကံကောင်းသည်မှာ ချင်ချင်၏ထူးခြားသောအပြုအမူအား အားပုနှင့် အားတတို့သာ ရိပ်မိကြခြင်းပင်။

၎င်းတို့မှာ ချင်ချင်နှင့် အနီးကပ်ရှိခဲ့သူများဖြစ်၍ ငယ်စဉ်က ချင်ချင့်အမူအရာကို ကောင်းစွာသိကြသည်။ ယခု ချင်ချင့်စရိုက်မှာ ငယ်စဉ်ကနှင့် ထပ်တူကျနေသဖြင့် မရိပ်မိဘဲမနေနိုင်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် အားပုမှာ စေ့စပ်သေချာပြီး စုံစမ်းထောက်လှမ်းနိုင်စွမ်း ရှိသူဖြစ်သည်။

ဖူဟန်ကလည်း ၎င်းတို့၏သစ္စာရှိမှုအား ယုံကြည်သဖြင့် နှုတ်ပိတ်ခအဖြစ် လစာနှစ်ဆတိုးပေးထားလိုက်သည်။

ကူးလန် ချင်ချင့်အား ကူးအိမ်တော်သို့ ခေါ်မသွားဘဲ လေဆိပ်သို့ တိုက်ရိုက် ဦးတည်ခဲ့သည်။

ချင်ချင်မှာ ဘာမှမသိဘဲ ငေးငေးငိုင်ငိုင်နှင့် လိုက်ပါလာခဲ့သည်။

လေယာဉ်ပေါ်ရောက်၍ လေယာဉ်မယ်လေးမှ အသက်ကယ်ကိရိယာ အသုံးပြုပုံပြသနေသည်ကို မြင်မှသာ မေးလေတော့သည်။

"ဘယ်ကို သွားနေတာလဲ"

"ကစားဖို့ပေါ့"

ကူးလန် အိတ်ကပ်ထဲမှ ပီကေတစ်ထုပ်ထုတ်၍ ချင်ချင့်အား တစ်ခုပေးလိုက်သည်။

"ဝါးထား၊ မဟုတ်ရင် နားကိုက်လိမ့်မယ်"

ပါးစပ်ထဲတွင် ပီကေရှိနေသဖြင့် ကူးလန် သတိမပေးလျှင်ပင် ချင်ချင်ကတော့ ဆက်တိုက်ဝါးနေမိမည်သာ။

သို့သော် သူမ၏ လှပသော မက်မွန်ပွင့်မျက်ဝန်းအစုံမှာတော့ ကူးလန်ထံမှ အဖြေအား စောင့်ဆိုင်းရင်း သံသယဖြင့် ကြည့်နေဆဲဖြစ်သည်။

" G City ကို သွားမှာ"

"လူများတဲ့နေရာတွေ သွားလို့မကောင်းဘူး၊ ဒါကြောင့် တောင်တက်ရင်း ရှုခင်းကြည့်ကြမယ်၊ ဒါက ငါတို့လုပ်လို့ရတဲ့ အကောင်းဆုံးပဲ"

ချင်ချင် မျက်မှောင်ကြုတ်ကာ ကန့်ကွက်လေသည်။

"တောင်မတက်ချင်ပါဘူး"

တောင်တက်ရသည်မှာ ပင်ပန်းလွန်းလှသည်။ သူမ ပင်လယ်ထဲတွင် စိမ်နေချင်သည်သာ။ ၎င်းအပြင် နှစ်သစ်ကူးရန် နီးကပ်နေပြီဖြစ်သော ဆောင်းတွင်းကြီးတွင် တောင်တက်ခြင်းမှာ ဘာများ ထူးခြားမည်နည်း။ သစ်ပင်အကိုင်းအခက်တွေပဲ ရှိနေမည့် တောင်ကြီးကိုလား?

ဟုတ်ပါသည်၊ ၎င်းမှာ အနည်းငယ် ချဲ့ကားတွေးမိခြင်း ဖြစ်နိုင်သည်။ သို့သော် ဆောင်းရာသီ၏ တောင်တန်းရှုခင်းမှာ အခြားရာသီများလောက် မလှပသည်မှာတော့ အမှန်ပင်။

"မရဘူး"

သူ ချင်ချင့်ပါးပြင်လေးအား လိမ်ဆွဲလိုက်သည်။ မိတ်ကပ်မရှိသော သူမ မျက်နှာလေးမှာ ပေါက်စီဖြူဖြူလေးကဲ့သို့ နူးညံ့ချောမွတ်နေသည်။

"မင်းက အားနည်းလွန်းတယ်၊ ငါနဲ့အတူ လေ့ကျင့်ခန်းလုပ်ရမယ်"

အိမ်ထဲတွင်သာ တစ်နေကုန် ပိတ်လှောင်နေလျှင် ကျန်းမာသူပင် မခံနိုင်ရာ ကျန်းမာရေးမကောင်းသော ချင်ချင့်အတွက်မူ ပို၍ပင် ဆိုးပေလိမ့်မည်။

ချင်ချင်မှာ နှုတ်ခမ်းဆူရုံမှလွဲ၍ ဘာမှမတတ်နိုင်သဖြင့် ကံကြမ္မာအားလက်ခံလိုက်ရသည်။ တကယ်တမ်းတွင်မူ ကေဘယ်ကားရှိလျှင် သူမ မောင်လေးနောက်သို့ လိုက်ပါရုံသာ လိုက်ချင်ခြင်း ဖြစ်သည်။ ကျန်တာတွေလား? မဖြစ်နိုင်ပါ။ တောင်တစ်ဝက်လောက်မှာတင် သူမ မောဟိုက်နေပေလိမ့်မည်။

လေယာဉ် ပျံတက်သွားချိန်တွင် ချင်ချင် ပြတင်းပေါက်တွင် ကပ်၍ အပြင်လောကအား စပ်စုကြည့်နေသည်။ ဤသည်မှာ လေယာဉ် ပထမဆုံးစီးဖူးခြင်း မဟုတ်သော်လည်း ကမ္ဘာလောကကြီးကို ဤမျှ အာရုံစိုက်ကြည့်ဖူးခြင်းမှာ ပထမဆုံးပင် ဖြစ်သည်။

အထပ်မြင့် အဆောက်အအုံများမှာ အရောင်စက်ကလေးများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ဝေဝါးပျောက်ကွယ်သွားတော့သည်။ တိမ်တိုက်များကြားမှ ဖြတ်သန်းသွားစဉ် မြင်ရသည့် မြင်ကွင်းမှာ နတ်ဘုံနတ်နန်းကဲ့သို့ပင်။ ချင်ချင် တိမ်တိုက်များထဲတွင် နတ်သမီး၊ နတ်သားများ ရှိမရှိ စူးစမ်းနေမိသော်လည်း ဖြူလွလွတိမ်များမှလွဲ၍ ဘာမှမတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။

ခရီးစဉ်မှာ အလွန်မဝေးသော်လည်း မနီးလှပေ။ နှစ်နာရီခန့် ကြာမြင့်သော ခရီးစဉ်အပြီး လေယာဉ် ပြန်လည်ဆင်းသက်ချိန်တွင် ချင်ချင်မှာ ကူးလန် ပုခုံးပေါ်တွင် မှီ၍အိပ်ပျော်နေပြီဖြစ်သည်။

လေအေးပေးစက်ကြောင့် အအေးမိမည်စိုး၍ ကူးလန် စောင်လေးတစ်ထည်ခြုံပေးထားသည်။ စောင်လေးမှာ သေးငယ်သော်လည်း ချင်ချင့်ကိုယ် လုံးလေးအား လုံအောင်ခြုံပေးနိုင်သည်ကိုကြည့်လျှင် သူမ မည်မျှသေးသွယ်နေသည်ကို သိသာစေသည်။

မဟုတ်၊ သူမမှာ အားနည်းလွန်းနေခြင်း ဖြစ်သည်။

သူမ လက်ဖဝါးလေးကို ကိုင်ကြည့်ရာ သူ့လက်ဖဝါးတစ်ဝက်ခန့်သာ ရှိသည်။ လက်ကောက်ဝတ်မှာလည်း အရေပြားနှင့် အရိုးသာ ကျန်တော့သကဲ့သို့ ထင်ရသည်။ ပါးလေးများ မွေးရာပါ ဖောင်းဖောင်းလေးဖြစ်နေ၍သာ မဟုတ်လျှင် ချင်ချင်တစ်ယောက် အရိုးပေါ် အရေတင် ဖြစ်နေလောက်ပြီ။

၎င်းမှာ ကူးလန် သူမအား အပြင်သို့ ဇွတ်ခေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ဒဏ်ရာအပြင်းအထန်ရပြီးကတည်းက ကိုယ်အလေး ချိန် ၁၅ ပေါင်ခန့် ကျဆင်းသွားကာ အိမ်ထဲတွင်သာပိတ်လှောင်နေသဖြင့် အစာစားချင်စိတ်မရှိတော့ဘဲ ပိုပိန်ချုံးလာခဲ့သည်။ အရပ် ၁.၇ မီတာခန့် ရှိသော်လည်း ကိုယ်အလေးချိန်မှာ ၇၀ ပေါင်ကျော်သာရှိတော့ရာ အရိုးစုရုပ်ရှင် ရိုက်တော့မည့်အတိုင်းပင်။

ကူးလန်သာမက ဖူဟန်နှင့် အခြားသူများပါစိုးရိမ်နေကြသဖြင့် မောင်နှမနှစ်ယောက် အပြင်ထွက်ခရီးသွားသည်ကို အားလုံး သဘောတူခဲ့ကြ ခြင်းဖြစ်သည်။ ဤခရီးစဉ်မှအပြန်တွင် ချင်ချင့်အား ဝအောင် ပြန်လုပ်ပေးမည်ဟု ကူးလန် အလေးအနက်ဆုံးဖြတ်ထားသည်။

လေယာဉ်ဆင်း၍ ဖုန်းဖွင့်လိုက်သည်နှင့် အဖွဲ့လိုက်ဂရုမှ စာများချက်ချင်း တက်လာသည်။

[ဖူစစ်ချန် - ငါ့မား ဘယ်မှာလဲ? တစ်ကိုယ်လုံးရှိတဲ့ မားက ဘယ်လို ပျောက်သွားတာလဲ?]

[ဖူစစ်ကျင်း - အတူတူပဲ]

[အန်းရန် - အန်တီချင် ပျောက်သွားတာလား?]

[ယိယိ - ...] (အလုပ်ရှုပ်နေသဖြင့် ခဏသာ ပေါ်လာသည်။)

[ပိုင်ချီယွီ - ချင်ချင် ပျောက်သွားတာလား? @ဖူဟန်]

[ဖူဟန် - မဟုတ်ဘူး၊ ကူးလန် ခေါ်သွားတာ @ကူးလန်]

[ဖူစစ်ချန် - ဦးလေး၊ ရှင်းပြပါဦး @ကူးလန်]

[ဖူစစ်ကျင်း - @ကူးလန်]

[အန်းရန် - @ကူးလန်]

[ယိယိ - @ကူးလန်] (ဖုန်းပြန်ကြည့်ချိန်တွင် "+1" ဟု ဝင်နှိပ်သွားသည်။)

တစ်နာရီခန့်အကြာတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ကူးလန် တစ်ယောက် ပြန်လည်ပေါ်ထွက်လာသည်။

[ကူးလန် - ချင်ချင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးထွက်လာတာ]

[ဖူစစ်ချန် - ကျွန်တော်လည်း လိုက်လို့ရမလား? ပစ္စည်းတွေ သယ်ပေးမယ်၊ ဟိုတယ်ဘွတ်ကင်တွေလုပ်ပေးမယ်၊ ခရီးစဉ်ဆွဲပေးမယ်၊ ပြီးတော့ အကုန်လုံးအတွက် ကျွန်တော်ပဲ အကုန်အကျခံပါ့မယ်]

[ဖူစစ်ကျင်း - ကျွန်တော်လည်း အလုပ်ပြီးကာစဆိုတော့ ရက်နည်းနည်းအားပါတယ်]

[အန်းရန် - ကျွန်မလည်း အားပါတယ်၊ ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ပါ့မယ်။]

ယိယိမှာမူ ထိုစာများကိုကြည့်ရင်း တောင်ပုံရာပုံရှိနေသော စာရွက်စာတမ်းများကြားတွင် သက်ပြင်းချနေမိသည်။ သူမမှာ ရာထူးတိုးသွား သည်နှင့်အမျှ အလုပ်ပိုများလာရာ ခရီးထွက်ဖို့နေနေသာသာ အိပ်ချိန်ပင် လုံလောက်အောင်မရရှာပေ။

ဖူဟန်နှင့် ပိုင်ချီယွီတို့ကမူ ဘာမှဝင်မပြောကြပေ။ ကူးလန်အား ခွင့်ပြုပြီးသားဖြစ်သဖြင့် ၎င်းတို့နောက်သို့ လိုက်လံနှောင့်ယှက်မည် မဟုတ်ပါ။ ထို့ပြင် ယခုအချိန်ကို အခြားအရေးကြီးကိစ္စများအတွက် အသုံးပြုနိုင်သေးသည်။

ဟန်တယွီ၏အမှု ရုံးတင်စစ်ဆေးတော့မည်ဟု သတင်းကြားထားရာ ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသဖြင့် ထိုလူယုတ်မာအား ထိုက်တန်သည့် ပြစ်ဒဏ်ရရှိစေရန် ၎င်းတို့ အခိုင်အမာဆုံးဖြတ်ထားကြသည်။

ချင်ချင်မှာ လက်တစ်ဖက်မှ ကူးလန် လက်အားဆွဲထားပြီး ကျန်လက်တစ်ဖက်မှာ တုတ်ချောင်းပါသည့် သကြားလုံးကို စားရင်း အလွန်ပင် ပျော်ရွှင်နေသည်။ သူတို့နှစ်ဦးစလုံး စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်လှမ်းနေကြသည်။

ဤခရီးစဉ်မှာ အဘက်ဘက်မှ ငွေကုန်ကြေးကျခံထားသော ခရီးစဉ်ဖြစ်ရာ လူဆယ်ဦးနီးပါး ပါဝင်သော အပျော်ခရီးတစ်ခုပင် ဖြစ်သည်။ အားလုံး အနားယူအပန်းဖြေရန် လာကြခြင်းဖြစ်သဖြင့် မိမိတို့ပစ္စည်းများကို မိမိတို့ သယ်ဆောင်စရာမလိုဘဲ သက်တော်စောင့်များမှ အကုန်စီစဉ်ပေးကြ သည်။

"စောသေးတယ်၊ ဟိုတယ်မှာ အရင်နားပြီးမှ ညစာထွက်စားရင်း မြို့တွင်းညရှုခင်း ကြည့်ကြတာပေါ့"

G City မှာ ထူးခြားသော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်မှာပင် ရှုခင်းသာနယ်မြေဖြစ်နေသဖြင့် ထိုနေရာ၌ တည်းခိုသော ကမ္ဘာလှည့်ခရီး သည်များမှာ ရှုခင်းသာနယ်မြေထဲတွင် နေထိုင်နေကြရသကဲ့သို့ပင်။

ဟိုတယ်နှင့် သုံးမိနစ်ခန့်အကွာတွင် အစားအသောက်လမ်းမကြီး နှစ်ခုရှိသည်။ မီးရောင်စုံများဖြင့် ခေတ်မီသော အစားအသောက်လမ်းနှင့် ရှေးဟောင်းပုံစံ အစားအသောက်လမ်းတို့မှာ တစ်ခုနှင့်တစ်ခု မတူညီသော ဆွဲဆောင်မှုကိုယ်စီရှိကြပြီး လည်ပတ်စရာနေရာများနှင့်လည်း ငါးမိနစ်ခန့်သာ ဝေးသည်။ ခရီးစဉ်တစ်ခုလုံး လမ်းလျှောက်သွားရုံနှင့် လုံလောက်သဖြင့်ကားမလိုပေ။

ကူးလန် အတွင်းရေးမှူး ရွေးချယ်ပေးသောဟိုတယ်မှာ နေရာအလွန်ကောင်းလှသည်။ လည်ပတ်စရာနေရာများ၏ အလယ်ဗဟိုတွင် ရှိသည့် အပြင် ခေတ်မီအစားအသောက်လမ်းနှင့်လည်း အလွန်နီးရာဟိုတယ်မှထွက်၍ ညာဘက်သို့ မီတာ ၂၀ ခန့် လမ်းလျှောက်လိုက်ရုံဖြင့် ရောက်ရှိနိုင်သည်။

သူတို့မှာ ဟိုတယ်တွင် နောက်ဆုံးကျန်ရှိသည့် အထူးခန်းနှစ်ခန်းလုံး ငှားရမ်းလိုက်ရာ တစ်ခန်းမှာ ကူးလန်အတွက်ဖြစ်ပြီး အခြားတစ်ခန်းမှာ ချင်ချင်အတွက်ဖြစ်သည်။ ချင်ချင့်အား ပြုစုရန်အတွက် အထူးခေါ်ဆောင်လာသော အမျိုးသမီးသက်တော်စောင့်မှာ သူမနှင့်အတူနေထိုင်ကာ အဝတ်အစားလဲပေးခြင်း၊ ရေချိုးပေးခြင်းနှင့် မျက်နှာသစ်ပေးခြင်းတို့ ကူညီပေးမည်ဖြစ်သည်။

ကျန်ရှိသော အဖွဲ့ဝင်များမှာမူ ထိုအထူးခန်းများနှင့် မနီးမဝေးရှိ အခန်းများ၌ အသီးသီးနေရာယူထားကြသည်။

All Chapters