← Chapters

အခန်း (၁၃၀)

Vol. 15 Ch. 130

အခန်း (၁၃၀)

Vol. 15 Ch. 130

ကလေးများမှာ အချိန်အခါနှင့် နေရာ၏ ခြားနားမှုကို နားမလည်ကြပေ။

ချင်ချင် ကူးလန်အား တွေ့လိုက်ရသည်နှင့် မျက်ဝန်းများ တောက်ပသွားကာ "တိတိ!" ဟု ဝမ်းသာအားရ အော်ဟစ်ရင်း ချက်ချင်းပင် ခုန်အုပ်လိုက်တော့သည်။

အသံကြားသည်နှင့် ကူးလန် အလိုအလျောက်ပင် လက်ကမ်း၍ ဖမ်းဆီးလိုက်သော်လည်း တစ်ကိုယ်လုံး အဖက်ခံလိုက်ရသဖြင့် "သတိထားပါဦး၊ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ" ဟု ဆိုလိုက်သည်။ သူမသာ ငိုယိုလျှင် သူကပင် ပြန်ချော့ရမည် မဟုတ်ပါလား?

"မပြုတ်ကျပါဘူး"

ချင်ချင် တခစ်ခစ်ရယ်ရင်း ကူးလန်အား တွယ်ကပ်ကာ ကလေးငယ်လေးတစ်ယောက်ကဲ့သို့ပင် အသည်းတယား ယား ချွဲနွဲ့နေတော့သည်။

ကူးလန်မှာ မတတ်သာဘဲ ချင်ချင့်အား မတ်မတ်ရပ်ခိုင်းကာ ဤမျှအထိ မကပ်ရန် တားမြစ်ရတော့သည်။

"မင်းက အခု လူကြီးဖြစ်နေပြီ၊ ဒီလောက်ထိ ချွဲလို့မရဘူးလေ"

"တိတိက ငါ့တိတိပဲဥစ္စာ!"

ချင်ချင် ဝေခွဲမရဖြစ်ကာ ပြန်လည်ကန့်ကွက်သည်။ မောင်နှမအချင်းချင်း စနောက်ကြသည်မှာ ပုံမှန်ပဲမဟုတ်လား?

"မောင်နှမချင်းဆိုရင်တောင် မရဘူး"

ကူးလန် ချင်ချင့်အား အခိုင်အမာပင် တွန်းထုတ်လိုက်သည်။

ချင်ချင်မှာ ဝမ်းနည်းသွားရသည်။ ယခင်က ဖက်ချင်သည်ဆိုလျှင် သူမမောင်လေးမှာ သူမအား အမြဲပင် ပွေ့ချီပေးခဲ့သည် မဟုတ်လား? သူမက နှုတ်ခမ်းဆူကာ "ဘာလို့လဲ" ဟု ညည်းတွားလိုက်သည်။

"ဘာလို့လဲဆိုတော့ ချင်ချင်က အခု အရွယ်ရောက်နေပြီ၊ ရင့်ကျက်တဲ့ မိန်းကလေးကြီး ဖြစ်နေပြီလေ၊ ဒါကြောင့် တခြားသူတွေနဲ့၊ အထူးသဖြင့် အမျိုးသားတွေနဲ့ ခပ်ကွာကွာနေဖို့ သင်ယူရမယ်"

ကူးလန်သည်လည်း "ဘာလို့လဲ" ဟုသာ ပြန်မေးချင်မိသည်။ သူသည် သူ့အစ်မအား ကျား၊ မ ခွဲခြားတတ်အောင်ပါ သင်ပေးနေရပြီလား?

"ဒါဆိုရင် ချင်ချင် လူကြီးမဖြစ်ချင်တော့ဘူး"

သူမ တိုးတိုးလေး ရေရွတ်သော်လည်း ကူးလန်၏ အတင်းအကျပ် ခိုင်းစေမှုကြောင့်ပင် သူ့အနားမှ ခပ်ခွာခွာ သွားလိုက်ရသည်။

သူမ ဖယ်ပေးလိုက်သည်နှင့် အမြင်အာရုံမှာ အပိတ်အပင်မရှိတော့ဘဲ သူမနောက်ကွယ်ရှိ ကွန်ပျူတာမျက်နှာပြင်နှင့်အတူ မှင်တက်နေသော မျက်နှာနှစ်ခု ပေါ်ထွက်လာတော့သည်။

အတန်ကြာမှ ဆံပင်တိုတို၊ အပြာရင့်ရောင်နှင့် ခေတ်မီသောပုံစံရှိသည့် အမျိုးသားမှာ အရင်ဆုံး အော်ဟစ်တော့သည်။

"ဆရာကြီး... ငါတို့တွေ အတူတူ လူပျိုကြီးလုပ်ကြမယ်လို့ ကတိပေးထားပြီးတော့ မင်းက ငါတို့ကို သစ္စာဖောက်လိုက်ပြီပေါ့!"

ကျန်တစ်ယောက်မှာမူ အေးစက်စက် အမူအရာဖြင့် တုံ့ပြန်ခြင်းမရှိသော်လည်း ကြောင်တောင်တောင် ဖြစ်သွားသော အကြည့်ကိုကြည့်လျှင် အလွန်ပင် ထိတ်လန့်သွားကြောင်း သိသာလှသည်။

"သွားစမ်းပါ၊ ဒါ ငါ့အစ်မ... ငါ့ရဲ့ အစ်မအရင်းဟ!"

ကူးလန် မျက်စောင်းထိုးလိုက်မိသည်။ အကယ်၍ အင်တာနက်မှတစ်ဆင့် ဗီဒီယိုကော ပြောနေခြင်းသာ မဟုတ်ပါက ထိုကောင်အား လှမ်းကန်မိသည်မှာ ကြာပြီဖြစ်သည်။

"ဟဲဟဲ... ငါက အရမ်းလန့်သွားလို့ မင်းအစ်မကို သေချာမမြင်လိုက်မိလို့ပါ"

ခေတ်မီသောကောင်မှာ ရယ်မောရင်း ချင်ချင့်အား လက်ပြနှုတ်ဆက်လိုက်သည်။

"နိဟောင် ကျဲ "

"နိဟောင်"

ချင်ချင် ထိုသူ့အား မမှတ်မိသော်လည်း နှုတ်ဆက်လာသည့်အတွက် လက်ကလေးမြှောက်ကာ ပြန်လည်ယမ်းပြလိုက်သည်။ သူမ ပုံစံမှာ လက်ယပ်ခေါ်နေသော လာဘ်ခေါ်ကြောင်လေးနှင့်ပင် တူနေတော့သည်။

"ဘာဖြစ်တာလဲ၊ နှလုံးရောဂါ ထတာလား"

ခေတ်မီသောကောင်မှာ ရုတ်တရက် ရင်ဘတ်ကိုဖိကာ အသက်ရှူကျပ်နေဟန် ပြုလုပ်နေသည်ကို မြင်သောအခါ ကူးလန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ၏ အထင်အမြင်သေးသံထဲတွင် စိုးရိမ်စိတ် အနည်းငယ် ကပ်ပါနေသည်။

"ချစ်စရာကောင်းလွန်းလို့ အသက်ရှူရပ်သွားတာ ထင်တယ်"

အေးစက်စက်ကောင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူ့အသံမှာ အေးစက်ကြည်လင်၍ နားထောင်ကောင်းလှ သော်လည်း တည်တင်းလွန်းသော မျက်နှာထားကြောင့် မည်သူမျှ အနားသို့ လွယ်လွယ်နှင့် ကပ်ရဲကြမည်မဟုတ်ပေ။

ကူးလန် - "..."

"ဟေ့ ဆရာကြီး... ငါ့ကို လာမကွယ်နဲ့လေ! ကျဲက အရမ်းချစ်ဖို့ကောင်းတာ၊ ငါ့ကို နောက်တစ်ခါလောက် ထပ်ကြည့်ခွင့်ပေးပါဦး"

ဝမ်ရှုကျစ်၏ ရယ်စရာကောင်းသော အသံမှာ မှောင်နေသော ကွန်ပျူတာမျက်နှာပြင်နောက်ကွယ်မှ ထွက်ပေါ်လာ သော်လည်း လူကိုမူ မမြင်ရတော့ပေ။ တစ်ဖက်လူမှ ကင်မရာ ပိတ်လိုက်ခြင်း (သို့မဟုတ်) ဖုံးလိုက်ခြင်းကြောင့် သူ ချင်ချင်တို့အား မမြင်ရတော့သကဲ့သို့ ချင်ချင်တို့ကလည်း သူ့အား မမြင်ရတော့ပေ။

"သူတို့က ဘယ်သူတွေလဲ"

ချင်ချင် ကွန်ပျူတာနားသို့ တိုးကပ်ကာ တစ်ဖက်ရှိ လူနှစ်ဦးအား စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"အထက်တန်းကျောင်းတုန်းက အခန်းဖော်တွေပါ"

ကူးလန် အေးစက်တည်ငြိမ်သော လူငယ်တစ်ယောက်အား လက်ညှိုးထိုးညွှန်ပြကာ ပြောလိုက်သည်။

“သူ့နာမည်က အူးချင်ပါ”

ထို့နောက် မျက်နှာမမြင်ရဘဲ မျက်နှာပြင်နောက်ကွယ်မှ အသံသာ ကြားနေရသည့် ကောင်ဘက်သို့ လက်ညှိုးပြန်လှည့်ကာ ဆက်လက်မိတ်ဆက်ပေးလိုက်သည်။

“ဒီတစ်ယောက်ကတော့ ဝမ်ရှုကျစ်”

အထက်တန်းကျောင်းသားဘဝကတည်းက သူတို့သုံးဦးမှာ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ နောက် ပိုင်းတွင် မတူညီသော တက္ကသိုလ်များသို့ တက်ရောက်ခဲ့ကြသော်လည်း အချိန်ကြာလာလေလေ သူတို့ခင်မင်မှုမှာ ပိုမိုခိုင်မာနက်ရှိုင်းလာခဲ့သည်။ ကူးလန်အတွက်ဆိုလျှင် သူတို့နှစ်ဦးသည် တက္ကသိုလ်အခန်းဖော်များထက်ပင် ပို၍ နားလည်ယုံကြည်ရသော မိတ်ဆွေများဖြစ်နေခဲ့သည်။

ယနေ့တွင် ကူးလန် ချင်ချင့်အား G City သို့ ခေါ်လာနိုင်ခဲ့ခြင်းမှာ လုံးဝ မထင်မှတ်ထားသည့် တိုက်ဆိုင်မှုတစ်ရပ် သာဖြစ်သည်။ ညနေပိုင်း၌ သူငယ်ချင်းနှစ်ဦးနှင့် ဗီဒီယိုချက်တင်ဖြင့် စကားပြောနေစဉ် သူတို့သုံးဦးစလုံး မတိုင်ခင် ကတည်းကပင် တစ်မြို့တည်းအတွင်း ရောက်ရှိနေကြသည်ကို သိရှိလိုက်ရခြင်းကြောင့် ဖြစ်သည်။

အူးချင် အလုပ်ကိစ္စအတွက် ခဏတာ ရောက်ရှိနေခြင်းဖြစ်ပြီး ဝမ်ရှုကျစ်မှာတော့ ဟန်တျန့်တွင် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများဖြင့် မအားမလပ် ဖြစ်နေသည်။ သူတို့သုံးဦး ပြန်လည်ဆုံဆည်းနိုင်ရန် အချင်းချင်း တိုင်ပင်နေကြစဉ် အခိုက်အတန့်တွင်ပင် ချင်ချင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုအခါ ဗိုက်ထဲမှ “ဂွီ… ဂွီ…”ဟူသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အချိန်အတော်ကြာအောင် အစာမစားရသေးသဖြင့် ချင်ချင့်ဝမ်းဗိုက်မှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ ထုတ်ဖော်လိုက်မိခြင်း ဖြစ်သည်။

သူမ အသံတိတ်သွားစေရန် အလျင်အမြန် ဗိုက်ကို လက်ဖြင့် ဖိထားလိုက်မိသော်လည်း အရာအားလုံး နောက်ကျသွားခဲ့ပြီးသား ဖြစ်နေပြီ။

ထိုကျယ်လောင်သည့် ဗိုက်ဆာသံမှာ ကူးလန် နားထဲသို့ ရောက်ရှိသွားရုံသာမက ကွန်ပျူတာ၏ အသံဖမ်းစနစ်ကောင်းမွန်မှုကြောင့် ဖန်သားပြင်အခြားဖက်ရှိ လူနှစ်ဦး၏ နားထဲသို့ပါ ထင်ရှားစွာ ပျံ့လွင့်သွားခဲ့သည်။

"..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချင်ချင့်ပါးပြင်လေးများမှာ တဖြည်းဖြည်း နီရဲလာခဲ့သည်။ သူမ ရှက်လွန်သွားပြီး စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ကူးလန် ချက်ချင်းပင် အခြေအနေကိုအာရုံလွဲပေးလိုက်သည်။

“ချင်ချင် ဘာစားချင်လဲ? ဟိုတယ်ကနေတင် မှာပေးရမလား”

ဟိုတယ်တွင် ညဥ့်နက်စာ ပို့ဆောင်ရေးဝန်ဆောင်မှု ရှိသော်လည်း အရသာအနေဖြင့်တော့ ကျောင်းကန်တင်းကဲ့သို့ပင် သာမန်အဆင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

“ဟိုတယ်အစားအစာတွေက ဘာများကောင်းမှာလဲ? ဆရာကြီး… အစ်မကိုပါ တစ်ခါတည်း ခေါ်လာလိုက်ပါလား? ညီအစ်ကိုတွေ အတူတူ ထိုင်ပြီး ကောင်းကောင်းမွန်မွန်စားကြရအောင်”

ဝမ်ရှုကျစ် တက်ကြွစွာ အကြံပြုလာသည်။

မူလတည်းကပင် သူတို့ အပြင်တွင် ဆုံရန် စီစဉ်ပြီးသားဖြစ်ရာ ယခုလို အလှနတ်သမီးလေးတစ်ပါးပါ ပေါင်းလာမည်ဆိုလျှင် ပိုအဆင်ပြေသွားပေလိမ့်မည်။

ကူးလန် ခဏတာ ဝေခွဲမရ ဖြစ်နေသွားသည်။ သူ ချင်ချင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ အပြစ်ကင်းသည့် မျက်လုံးဝိုင်းဝိုင်း လေးများဖြင့် ပြန်လည်ကြည့်နေသော်လည်း လက်လေးတစ်ဖက်ကတော့ ဗိုက်ပေါ်တွင်ပင် ထားရှိနေဆဲဖြစ်ရာ မည်မျှ ဆာလောင်နေသည်ကို တစ်ချက်ကြည့်ရုံနှင့်ပင် သိသာလှသည်။

“ထားလိုက်ပါတော့၊ ငါတို့ အမြဲသွားနေကျ နေရာတွေက ချင်ချင်ကို ခေါ်သွားဖို့မသင့်တော်ဘူး”

“ငါတို့က ထူးထူးဆန်းဆန်း နေရာတွေ သွားမယ့်သူတွေမှ မဟုတ်တာ၊ မင်းတို့ ဟိုတယ်နားမှာ အရသာကောင်းတဲ့ အကင်ဆိုင် တစ်ဆိုင် ရှိတယ်ဆိုတာ ငါ သိထားတယ်၊ ညီအစ်ကိုတွေ ညဉ့်လည်စာအတူစားရင်း စကားစမြည် ပြောကြရအောင်လေ၊ ဟုတ်ပြီလား”

ညီအစ်ကိုများနှင့် ညစာအတူတူ စားနိုင်မည့် အခွင့်အရေးအား လက်မလွှတ်ချင်သဖြင့် ဝမ်ရှုကျစ် ကူးလန်ကို ဆက်လက် တိုက်တွန်းလာခဲ့သည်။

ကူးလန်မှာ စိတ်လှုပ်ရှားသွားသော်လည်း ချက်ချင်း သဘောတူလိုက်ခြင်း မရှိသေးပေ။ သူ ချင်ချင်ဘက်သို့ လှည့်ကာ နူးညံ့စွာ မေးလိုက်သည်။

“ချင်ချင်… အကင် သွားစားချင်လား”

“စားချင်တယ်!”

ချင်ချင် မစဉ်းစားမနေဘဲ ချက်ချင်း အသံမြင့်မြင့်ဖြင့် ပြန်ဖြေလိုက်သည်။

ယခုအချိန်၌ သူမ ခေါင်းထဲတွင် အသားစားခြင်းအကြောင်းသာ ကျန်ရှိတော့သည်။ အသားရှိနေသရွေ့ မည်သည့်နေရာတွင် စားရသည်ဖြစ်စေ သူမအတွက် ပြဿနာမရှိပေ။

ချင်ချင် သဘောတူပြီးသားဖြစ်သဖြင့် ကူးလန်ကလည်း ထပ်မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်သည်။

နာရီဝက်အကြာတွင် ဆုံရန် ချိန်းဆိုလိုက်ကြပြီး အနီးအနားတွင် နေထိုင်သော ကူးလန်မှာ အဝတ်အစား လဲကာ ချင်ချင့်အား ခေါ်၍ လမ်းလျှောက်ထွက်လာခဲ့သည်။ ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရုံဖြင့် ဆိုင်သို့ ရောက်နိုင်သည်။

ထိုအကင်ဆိုင်မှာ လူကြိုက်များသည့် ဆိုင်တစ်ဆိုင်ဖြစ်ရာ ဆိုင်ရှေ့သို့ မရောက်သေးမီကတည်းက စည်ကားသည့် အငွေ့အသက်နှင့် အသားကင်နံ့များ ပျံ့လွင့်လာပြီး ချင်ချင်မှာ သွားရည်ယိုမိသွားမည်ကို ထိန်းထားနေရသည်။

“သွားရည်တွေ ကျနေပြီ”

ကူးလန် မတတ်သာသလို ပြောကာ ချင်ချင့်နှုတ်ခမ်းကို တစ်ရှူးဖြင့် အသာသုတ်ပေးလိုက်သည်။ တစ်နပ်လောက် လွဲသွားရုံဖြင့်ပင် ဤမျှ ဆာလောင်နေသည်ကို တွေးမိရင်း သူ့စိတ်ထဲတွင် သနားသွားရသည်။

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဝန်ထမ်းတစ်ဦး ချက်ချင်း လာရောက် ကြိုဆိုသည်။

“ဘယ်နှစ်ယောက်ပါလဲ ခင်ဗျာ”

“ခြောက်ယောက်”

ကူးလန်နောက်မှ လိုက်ပါလာသော အားတမှ အလိုအလျောက် ပြန်ဖြေလိုက်သည်။

သူတို့သုံးဦးအပြင် ချင်ချင်နှင့် သက်တော်စောင့် နှစ်ဦး ပါဝင်သဖြင့် စုစုပေါင်း ခြောက်ဦး ဖြစ်သည်။

“ခြောက်ယောက်လား…”

ဝန်ထမ်းမှာ အနားပတ်ဝန်းကျင်အား ကြည့်လိုက်ရာ စားပွဲကြီးများမှာ လူပြည့်နေပြီး နှစ်ယောက်ထိုင်၊ လေးယောက်ထိုင် စားပွဲများသာ ကျန်ရှိနေသည်။

“တခြားဧည့်သည်တွေနဲ့ မျှထိုင်မလားခင်ဗျာ၊ ဒါမှမဟုတ် သီးသန့်ခန်း သွားမလားပါ၊ အခန်းလွတ် တစ်ခန်းတော့ ရှိပါတယ်၊ ဒါပေမဲ့ လက်ဖက်ရည်ဖိုး နည်းနည်း ပိုပေးရပါမယ်”

“သီးသန့်ခန်းပဲ”

ကူးလန် စကားမပြောရသေးမီ အားပု သီးသန့်ခန်းကို ချက်ချင်း ဘွတ်ကင်လုပ်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဒီဘက်ကို ကြွပါခင်ဗျာ”

ဝန်ထမ်းမှာ အဖွဲ့အား သီးသန့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းမှာ ကျယ်ဝန်းသန့်ရှင်းပြီး အပြင်အဆင်လည်း သပ်ရပ်လှကာ စားသောက်ဆိုင်ကြီးများတွင် တွေ့ရတတ်သည့် သီးသန့်ခန်းငယ်လေးများနှင့် မတူညီစွာ သက်တောင့်သက်သာ ဖြစ်စေသည်။

ဝမ်ရှုကျစ်တို့ကို မစောင့်တော့ဘဲ ကူးလန် ချင်ချင် ကြိုက်နှစ်သက်သော အစားအစာ အများအပြား မှာယူလိုက်သည်။ ကိုယ်တိုင် ကင်ရမည့် အစိမ်းများသာမက ဆိုင်မှ အသင့်ပြင်ဆင်ပေးမည့် အကျက်များကိုပါ မှာလိုက်ရာ အားလုံး၏ အဓိကမှာ အသားပင် ဖြစ်သည်။

အမှန်တကယ်အားဖြင့် အသားကြိုက်သူမှာ ချင်ချင်တစ်ယောက်တည်း မဟုတ်ဘဲ ကူးလန်ကိုယ်တိုင်လည်း အသားကို အလွန်နှစ်သက်သူဖြစ်သည်။ မောင်နှမအရင်းများဖြစ်ကြသဖြင့် အကြိုက်ချင်း ထပ်တူကျနေခြင်းပင်။

အစားအစာများ လျှင်မြန်စွာ ရောက်ရှိလာပြီး ကူးလန် ချင်ချင့်အား ငါးဆန်ပြုတ် အရင်ကျွေးသည်။ ညစာမစားဘဲ ညဥ့်နက်မှ အကင်စားခြင်းမှာ အစာအိမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သဖြင့် အစာကြေလွယ်သော ဆန်ပြုတ်ဖြင့် ဗိုက်ခံခိုင်းခြင်းဖြစ်သည်။

“ကိုယ့်ဘာသာ စားနိုင်ပါတယ်” ဟု ပြောကာ ချင်ချင် ဇွန်းအား ယူ၍မြိန်ရည်ယှက်ရည် စားလိုက်သည်။

ထိုအချိန်တွင် သီးသန့်ခန်းတံခါးက အပြင်မှ ပွင့်လာပြီး အရပ်ရှည်ရှည် သွယ်သွယ်နှင့် လူနှစ်ဦး ဝင်လာသည်။

“စစားကြတာပေါ့”

တက်ကြွလန်းဆန်းသည့် အသံနှင့်အတူ ဦးထုပ်နှင့် မျက်နှာဖုံး တပ်ထားကာ သူခိုးတစ်ယောက်လို ပုံစံရှိသူမှာ ဝမ်ရှုကျစ်ပင် ဖြစ်သည်။

အခြားတစ်ဦးမှာ ပေါ့ပေါ့ပါးပါး ဝတ်စုံဖြင့် တည်ငြိမ်သော မျက်နှာထားရှိကာ ရေခဲတုံးကြီးကဲ့သို့ အေးစက်စွာ လျှောက်လာသူမှာ အူးချင် ဖြစ်သည်။

ထိုအမျိုးသားနှစ်ဦးလုံးမှာ ရုပ်ရည်၊ အရှိန်အဝါ၊ ခန္ဓာကိုယ်အချိုးအစား အားလုံးအနေနှင့် မငြင်းနိုင်လောက်အောင် တမူထူးခြားကာ ဆွဲဆောင်မှုရှိလှသည်။

သူတို့ ဝင်လာသည့်အခိုက် ဆိုင်အတွင်းရှိ အင်္ကျီချွတ်ထားသော အမျိုးသားအများစုမှာ မိမိတို့ဘီယာဗိုက်များကို ရုတ်တရက် ရှက်ရွံ့မိကြသဖြင့် တိတ်တဆိတ် အင်္ကျီများပြန်ဝတ်လိုက်ကြတော့သည်။

ဖိတ်ခေါ်ရန်ပင်မလိုဘဲ ဝမ်ရှုကျစ် ပြုံးလျက် အူးချင်အား ဆွဲထိုင်စေပြီးနောက် ကူးလန် ချင်ချင်အတွက် အားတက်သရော ကင်ပေးထားသော အသားတစ်ဖတ်ကို အတင်းဝင်လုကာ ပါးစပ်ထဲထည့်လိုက်သည်။

ကူးလန်၏ အေးစက်စက် အကြည့်နှင့် ချင်ချင်၏ မယုံကြည်နိုင်သော အကြည့်တို့အောက်တွင် ထိုအနှောင့်အယှက်ပေးတတ်သူမှာ အသားအား တစ်လုတ်တည်းဖြင့် မျိုချလိုက်လေသည်။

အရသာခံသလို ဟန်ဆောင်ချင်သော်လည်း အသားမှာ ပူလွန်းလှသဖြင့် လျှာကို လောင်သွားကာ အသက်ရှူပင် ကျပ်သွားသည်။ နာကျင်လွန်းသဖြင့် လျှာကို ထုတ်ကာ အမောတကော ဖြစ်နေတော့သည်။

“ကောင်းတယ်”

အူးချင်၏ ခပ်ပြတ်ပြတ် စကားတစ်ခွန်းမှာ ဝမ်ရှုကျစ် နှလုံးသားအား ဓားဖြင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သူ့တစ်ကိုယ် လုံးပင် ချမ်းစိမ့်သွားရသည်။

“ဒီရေခဲတုံးက ငါ့ကို လှောင်ရဲတယ်ပေါ့… ငါတို့က ညီအစ်ကိုတွေ မဟုတ်တော့ဘူးလား”

ဝမ်ရှုကျစ် ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း အူးချင်ထံမှ ပြန်လည်ရရှိလာသည်မှာ အေးစက်ပြီး ဂရုမစိုက်သော အကြည့်တစ်ခုသာ ဖြစ်သည်။

ကောင်းပြီ… သူပဲ အလျော့ပေးလိုက်ရတော့မည်။

ခေါင်းလှည့်လိုက်သည့်အခါ ဝမ်ရှုကျစ်၏ အကြည့်မှာ ချင်ချင့်ထံသို့ ကျရောက်သွားသည်။ သူသည် ဆံပင်ကို အသာသပ်ကာ ခန့်ညားသော အပြုံးဖြင့် နှလုံးသားပျော်ဝင်စေမည့် နူးညံ့သည့် အသံဖြင့် မိတ်ဆက်လိုက်သည်။

“ဒါက ကျဲကျဲဖြစ်ရမယ်နော်၊ မင်္ဂလာပါ ကျဲ၊ ကျွန်တော်က ဝမ်ရှုကျစ်ပါ၊ ဆရာကြီးနဲ့ အထက်တန်းကျောင်းတုန်းက အခန်းဖော်ဖြစ် သလို အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်ပါတယ်”

“ကျွန်မနာမည် ကူးချင်ချင်ပါ”

ချင်ချင် ယဉ်ကျေးစွာ ပြန်ဖြေသည်။

အသားကို အလုခံလိုက်ရသော်လည်း သူမရှေ့မှ ဦးလေးကြီးအား မုန်းစရာ မရှိပေ။ လိမ်မာသော ကလေးတစ်ယောက်အနေနှင့် လူကြီးများကို စနစ်တကျ နှုတ်ဆက်သင့်သည် မဟုတ်လား?

ခဏမျှ စဉ်းစားပြီးနောက် ချင်ချင် အသံကျယ်ကျယ်ဖြင့် ထပ်မံ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဦးလေး”

“ဦးလေး…?”

ဝမ်ရှုကျစ်၏ ခန့်ညားသော မျက်နှာမှာ ချက်ချင်း တောင့်ခဲသွားသည်။

“ဦးလေး ဟုတ်လား?”

နာမည်ကျော် ကြယ်ပွင့်တစ်ဦးဖြစ်သူ ဝမ်ရှုကျစ်မှာ လူကြားထဲတွင် မိမိကိုယ်ကို အမြဲ အချောဆုံးဟု ယုံကြည်ထားသူ ဖြစ်သည်။ ကူးလန်ကိုပင် သူ မျက်စိထဲ မထည့်ခဲ့ပေ။ သို့သော် ယခုအခါ အသက်ကြီးသော မိန်းကလေးတစ်ဦးမှ သူ့အား “ဦးလေး” ဟု ခေါ်လိုက်ခြင်းပင်။

အချိန်ကာလ၏ရက်စက်မှုအား သူ ရုတ်တရက် နားလည်လိုက်ရသည်။ သူကိုယ်တိုင်ပင် အသက်အရွယ်ရလာပြီး "ဦးလေးကြီး" အဆင့်သို့ ရောက်နေပြီဆိုသည့် အချက်ပင်။

သို့သော်... ထိုအမှန်တရားကို သူ လုံးဝ မပျော်နိုင်သလို၊ လက်ခံချင်စိတ်လည်း အလျှင်းမရှိပေ။

“ချင်ချင် ဘာများ မှားပြောမိလို့လဲ”

သူမစကားကြောင့် ချောမောသည့် ဦးလေးကြီးတစ်ယောက် ရုတ်တရက် စိတ်ဓာတ်ကျသွားသည်ကို မြင်သဖြင့် ချင်ချင် ကူးလန်ဘက်သို့ လှည့်ကာ စိုးရိမ်သံဖြင့် မေးလိုက်သည်။

“သူ့ကို ဂရုမစိုက်နဲ့၊ သူ ဆေးသောက်ဖို့မေ့သွားလို့လေ”

သူငယ်ချင်းဗီဇအား နားလည်ထားသော ကူးလန်မှာမူ ဆက်မရှင်းပြတော့ဘဲ ချင်ချင်ကိုသာ ဆက်လက်ကျွေးမွေးနေသည်။

ချင်ချင် ဗိုက်အလွန်ပြည့်သွားပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောပြီးမှသာ ကူးလန် ကျွေးခြင်းကို ရပ်တန့်လိုက်သည်။

လောကတွင် “ကိုယ့်မောင်လေးက ကိုယ့်အား ဆာလောင်နေသေးသည်ဟုထင်နေခြင်း" ဟူသော ဆာလောင်မှုမျိုးလည်း ရှိတတ်သည် မဟုတ်ပါလား?

All Chapters