← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

‎အခန်း (၉)-ဧကရာဇ်အဆင့်၏ အထွတ်အထိပ်၊ အရှင်သခင်တို့ ထိတ်လန့်သွားခြင်းနှင့် ကောင်းကင်ဧကရာဇ်၏ ဘွဲ့နာမ

‎

‎

‎

‎[ ဒင်! အိမ်ရှင် ရွေးချယ်မှုပြုလုပ်သည့်အတွက် ဂုဏ်ယူပါတယ် ]

‎

‎

‎ [ အခု အိမ်ရှင်ကို ဧကရာဇ်အဆင့်အထွက်အထိပ် ကျင့်ကြံခြင်းနဲ့ ဆုချလိုက်ပါပြီ။ ]

‎

‎

‎စနစ်၏အသံသည် ပဲ့တင်ထပ်သွားလေသည်။

‎

‎

‎ကုချန်သည် အဆုံးမဲ့သော စွမ်းအားလှိုင်းလုံးကြီးတစ်ခု လေဟာနယ်မှ ဆင်းသက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စုစည်းဝင်ရောက်လာသည်ကိုသာ ခံစားလိုက်ရလေသည်။

‎

‎

‎ဤစွမ်းအားများ စီးဝင်လာသည်နှင့်အမျှ နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော သူ၏ကျင့်ကြံခြင်းအဆင့်သည် လျင်မြန်စွာ တိုးတက်လာခဲ့၏။

‎

‎

‎“ ဧကရာဇ်အဆင့်အထွက်အထိပ် ကျင့်ကြံခြင်းအဆင့်ပဲ ”

‎

‎

‎သူ၏ခန္ဓာကိုယ်အတွင်း၌ စဉ်ဆက်မပြတ် တိုးတက်လာသော စွမ်းအားကိုခံစားရင်း ကုချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတစ်လျှောက်ရှိ ဧကရာဇ်အဆင့် ပညာရှင်များထဲတွင် သူသည် ထူးချွန်ပြောင်မြောက်သူတစ်ဦးဖြစ်နေပြီဖြစ်ပြီး ဧကရာဇ်တာအိုလမ်းကြောင်းပေါ်တွင် အဝေးဆုံးသို့ လျှောက်လှမ်းနိုင်ခဲ့သော အစွမ်းအထက်ဆုံး ဧကရာဇ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

‎

‎

‎မဟုတ်လျှင် သူတစ်ဦးတည်းဖြင့် နတ်ဆိုးနယ်မြေ၏ ကျူးကျော်မှုကို နှစ်ပေါင်းကိုးသောင်းကြာ ကာကွယ်နိုင်ခဲ့မည် မဟုတ်ပေ။

‎

‎

‎ကုချန်၏ ကိုယ်ပိုင်ခန့်မှန်းချက်အရ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ကို ဧကရာဇ်အဆင့်နှောင်းပိုင်းဟု သတ်မှတ်သင့်ပြီး စစ်မှန်သော ဧကရာဇ်အဆင့်ပြည့်စုံခြင်းနှင့် သူ့ကြားတွင် မျဉ်းလေးတစ်ခုသာ ခြားနားနေသည်။

‎

‎

‎သို့သော် ယခု သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆုံးမရှိ တိုးတက်လာသော စွမ်းအားကို ခံစားရသောအခါ ကုချန်သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။

‎

‎

‎ဤသို့သော စွမ်းအားမျိုးသည် သူသိထားသော ဧကရာဇ်အဆင့်အထွက်အထိပ်နှင့် လုံးဝသက်ဆိုင်နိုင်မည်မဟုတ်ချေ။ ၎င်းသည် အဆပေါင်းများစွာ ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

‎

‎

‎ဤအခိုက်အတန့်တွင် သူသည် ရွေးချယ်မှုဘောင်ဇယားပေါ်တွင် မြင်ခဲ့သော စာကြောင်းတစ်ကြောင်းကို ရုတ်တရက် သတိရလိုက်သည်။

‎

‎

‎“ စစ်မှန်သော ဧကရာဇ်အဆင့်အထွက်အထိပ် ကျင့်ကြံခြင်းသည် သာမန် တုယောင်ဧကရာဇ်များနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ် ”

‎

‎

‎စစ်မှန်သော ဧကရာဇ်အဆင့်အထွက်အထိပ်လော။ တုယောင်ဧကရာဇ်လော။

‎

‎

‎သူတစ်ချိန်က အလွန်ဂုဏ်ယူခဲ့သော သူ၏စွမ်းအားသည် စနစ်၏အမြင်တွင် တုယောင်ဧကရာဇ်တစ်ဦး၏ စွမ်းအားမျှသာ ဖြစ်နေနိုင်သလော။

‎

‎

‎ကုချန်သည် အနည်းငယ် ကြောင်ငေးသွားမိသည်။

‎

‎

‎သို့သော် သူ၏နှလုံးသားသည် ထို့နောက်တွင် အဆုံးမဲ့သော ပျော်ရွှင်မှုဖြင့် အစားထိုးသွားခဲ့သည်။

‎

‎

‎ပိုမိုကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ရန် မည်သူက ငြင်းဆန်နိုင်မည်နည်း။

‎

‎

‎ထို့အပြင် ထိုအဆုံးမရှိသောစွမ်းအားများ စီးဝင်လာသည်နှင့်အမျှ ကုချန်၏ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် စစ်ပွဲများကြောင့် ပျက်စီးနေသော ခန္ဓာကိုယ်သည် မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။

‎

‎

‎ဧကရာဇ်ဓားဖြင့် ယခုလေးတင် ထိခိုက်ခဲ့သော ဒဏ်ရာပင်လျှင် ဖြည်းညင်းစွာ ကျက်နေလေပြီဖြစ်သည်။

‎

‎

‎ယခုတွင် သူသည် ယခင်နှစ်များက သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားဟန်တူ၏။

‎

‎

‎သူ၏သက်တမ်းသည် ရှည်လျားကျယ်ပြန့်ပြီး သူ၏ချီစွမ်းအင်နှင့်သွေးသည် ကမ္ဘာကို တုန်လှုပ်စေနိုင်လေသည်။

‎

‎

‎“ ဘယ်လောက်တောင် ကြည်နူးစရာကောင်းတဲ့ အံ့အားသင့်မှုလဲ... ”

‎

‎

‎ကုချန်သည် ညင်သာစွာ တီးတိုးရေရွတ်လိုက်သည်။

‎

‎

‎သူသည် ဤဧကရာဇ်အဆင့်အထွက်အထိပ် ကျင့်ကြံခြင်းက သူ၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားကို အနည်းငယ်သာ တိုးမြှင့်ပေးလိမ့်မည်ဟု မူလက ထင်ထားခဲ့သည်။

‎

‎

‎သို့သော် ဤတိုးမြှင့်မှုသည် ကမ္ဘာတစ်ခုနှင့်တစ်ခု ကွာခြားသကဲ့သို့ ဖြစ်လိမ့်မည်ဟု သူဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။

‎

‎

‎သူ၏ခန္ဓာကိုယ်အတွင်းရှိ အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားရင်း ကုချန်သည် ယခင်က သူသတ်ဖြတ်ရန် ပြင်းထန်သောတိုက်ပွဲတစ်ခု လိုအပ်ခဲ့သော နတ်ဆိုးနယ်မြေရဲ့အရှင်သည် ယခုအခါ သူ့အား နှစ်ချီ သို့မဟုတ် သုံးချီထက်ပို၍ ခုခံနိုင်ဖွယ်မရှိဟု ခန့်မှန်းလိုက်သည်။

‎

‎

‎“ အရမ်းကောင်းတယ် ”

‎

‎

‎ကုချန်သည် သူ၏လက်ရှိအခြေအနေကို အလွန်ကျေနပ်နေ၏။

‎

‎

‎သို့သော် သူသည် မျက်နှာပေါ်တွင် မည်သို့မျှ မပြသခဲ့ပေ။

‎

‎

‎သူ၏အတွင်းပိုင်းသည် ကမ္ဘာပျက်လောက်အောင် ပြောင်းလဲသွားခဲ့သော်လည်း အပေါ်ယံတွင်မူ သူသည် ယခင်ကနှင့် ဘာမျှမခြားနားဘဲ ရှိနေလေ၏။

‎

‎

‎“ ကုချန် မင်းရဲ့ခရီးအတွက် အချိန်ကျပြီ ”

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် သူ၏ဧကရာဇ်ဓားကို တစ်ဖန်ပြန်မြှောက်လိုက်ပြီး အတိုင်းအဆမရှိသော ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်ကာ ကုချန်အား သူ၏ခရီးလမ်းဆုံးသို့ ပို့ဆောင်ရန် ပြင်ဆင်နေလေသည်။

‎

‎

‎သို့သော် ကုချန်၏ မျက်လုံးများမှ ထက်ရှသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

‎

‎

‎ယခုအခါ သူ၏ကျင့်ကြံခြင်းသည် ဧကရာဇ်အဆင့်အထွက်အထိပ်သို့ တိုးတက်သွားရုံသာမက သူ၏အတွင်းဒဏ်ရာအားလုံးလည်း ပျောက်ကင်းသွားပြီဖြစ်သည်။

‎

‎

‎သူသည် အသင့်ပြင်ထားပြီးဖြစ်ရာ သာမန် အဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်တစ်ပါးက သူ့အား မည်သို့ ထိခိုက်စေနိုင်မည်နည်း။

‎

‎

‎ကုချန်သည် သရော်လှောင်ပြောင်လိုက်ပြီး နောက်ပြန်လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ကာ အတိုင်းအဆမရှိသော ဧကရာဇ်အရှိန်အဝါကို စုစည်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မယုံနိုင်ခြင်းနှင့် အံ့အားသင့်ခြင်းတို့ ပြည့်နှက်နေသော အကြည့်များအောက်တွင် တစ်ဖက်လူကို တိုက်ရိုက် လွင့်စင်သွားအောင် ရိုက်ထုတ်လိုက်လေ၏။

‎

‎

‎………

‎

‎

‎တစ်ချိန်တည်းမှာပင် ဧကရာဇ်ဂိတ်အပြင်ဘက် နတ်ဆိုးနယ်မြေ၏ လားရာဘက်၌။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သောဧကရာဇ် ဧကရာဇ်ဂိတ်ပေါ်သို့ ဆင်းသက်ပြီး ကုချန်အား ချောင်းမြောင်းတိုက်ခိုက်သည့် အချိန်မှစ၍

‎ကုချန် ထကြွပြီး တစ်ဖက်လူအား ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်အထိ ဤအရာအားလုံးသည် အသက်ရှူချိန် အနည်းငယ်အတွင်းသာ ဖြစ်ပျက်ခဲ့သည်။

‎

‎

‎သို့သော် နတ်ဆိုးနယ်မြေဘက်တွင်မူ အလွန်ကြီးမားသော လှုပ်လှုပ်ရှားရှားမှုကြီးတစ်ခု ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။

‎

‎

‎သန်းပေါင်းများစွာသော ရှုပ်ထွေးနေသည့် နတ်ဆိုးနယ်မြေစစ်တပ်၏ နောက်ကွယ်မှ မြင့်မြတ်သော သတ္တဝါများကဲ့သို့သော စွမ်းအားလှိုင်းလုံးအများအပြားသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး စကြာဝဠာကို ကျော်လွှားကာ ကမ္ဘာကြီးကို ဝါးမျိုသွားလေသည်။

‎

‎

‎ထိုအရှိန်အဝါကို ခံစားမိသောအခါ မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေမှ မိစ္ဆာများသည် ချက်ချင်းပင် ဒူးများပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ အလိုအလျောက် ပျပ်ဝပ်သွားကြသည်။

‎

‎

‎၎င်းသည် အဆင့်နိမ့်သက်ရှိများမှ အဆင့်မြင့်သက်ရှိများအပေါ် သဘာဝအတိုင်း ရိုသေလေးစားမှုဖြစ်ပြီး သူတို့ဝိညာဉ်များ၏ နက်ရှိုင်းသောနေရာမှ အလိုအလျောက်ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုပင် ဖြစ်သည်။

‎

‎

‎“ လုထျန်းအရှင် ”

‎

‎“ ကြက်သွေးရောင်မြွေနဂါးအရှင် ”

‎

‎“ မိုယွဲ့အရှင် ”

‎

‎မရေမတွက်နိုင်သော နတ်ဆိုးနယ်မြေမှ မိစ္ဆာများသည် ရိုသေစွာဒူးထောက်ရင်း အရှင်သခင်တစ်ပါးပြီးတစ်ပါး၏ ဘွဲ့နာမများကို စိတ်အားထက်သန်စွာ ဟစ်ကြွေးခေါ်ဆိုနေကြ၏။

‎

‎

‎နတ်ဆိုးနယ်မြေ၏ အရှင်သခင်များ နိုးထလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎အာကာသ၏ အဆုံးစွန်အလွန်ရှိ ကျယ်ပြန့်သော လေဟာနယ်ထဲတွင် ဟွမ်သွမ့်ချီစွမ်းအင်များ စီးဆင်းနေပြီး မျက်လုံးအစုံများစွာကို ပုံဖော်နေကာ သူတို့၏အကြည့်များသည် အေးစက်လျက် ဧကရာဇ်ဂိတ်ဘက်သို့ လှမ်းကြည့်နေ၏။

‎

‎

‎ထိုအကြည့်များသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

‎

‎

‎အကြည့်များသည် နက်ရှိုင်းလှပြီး စကြာဝဠာကြယ်ပင်လယ်ကြီးကို စုစည်းထားသကဲ့သို့ နားလည်ရခက်လှသည်။ အတွင်း၌ ကြယ်တာရာမြစ်များ ပျက်သုဉ်းခြင်းနှင့် ကောင်းကင်ဘုံအားလုံး ဖွင့်လှစ်ခြင်းကဲ့သို့သော ကြောက်မက်ဖွယ်မြင်ကွင်းများသည် ထပ်ခါတလဲလဲ ပေါ်ထွက်နေ၏။

‎

‎

‎သူတို့၏အကြည့်များ ရောက်ရှိရာနေရာတိုင်းတွင် လေဟာနယ်သည် ပြိုကျသွားပြီး ထိုသို့သော အရှင်သခင်တို့၏စွမ်းအားကို မခံနိုင်ဘဲ တစ်လက်မချင်း ပျက်စီးကာ အလဟဿဖြစ်သွား၏။

‎

‎

‎“ ဟင် ဧကရာဇ်ဂိတ်မှာ ဘာဖြစ်သွားတာလဲ။ ကုကောင်းကင်ဧကရာဇ်... သူ့မှာ ဘာဖြစ်နေတာလဲ ”

‎

‎

‎သူ၏ခန္ဓာကိုယ်အား အနက်ရောင်မြူခိုးများဖြင့် ရစ်သိုင်းထားပြီး သူ၏ပုံသဏ္ဌာန်မှာ ရှေးဟောင်းနတ်ဆိုးတောင်ထွတ်တစ်ခုကဲ့သို့ ကြီးမားလှသော မိုယွဲ့အရှင်သည် သူ၏အသံဖြင့် တခြိမ့်ခြိမ့်မြည်ဟည်းစွာ ပြောလိုက်လေသည်။

‎

‎

‎“ ဒီ ကုကောင်းကင်ဧကရာဇ် နောက်ကျောဓားထိုးခံလိုက်ရပုံပဲ ”

‎

‎

‎ကြည်လင်သော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားပြီး ကြက်သွေးရောင်ဆံပင်နှင့် ကျက်သရေရှိသော ပုံသဏ္ဌာန်ကိုသာ မသဲမကွဲဖော်ပြထားသော အခြားတစ်ဦးဖြစ်သည့် ကြက်သွေးရောင်မြွေနဂါးအရှင်သည် လေးနက်သောလေသံဖြင့် ပြောလိုက်၏။

‎

‎

‎“ နောက်ကျောဓားထိုးခံရတယ် ဟုတ်လား။ ဒီအဆုံးမဲ့ကမ္ဘာက ဧကရာဇ်အဆင့် ပညာရှင်တွေ ဘာတွေစဉ်းစားနေကြတာလဲ။ ကုကောင်းကင်ဧကရာဇ်ကို နောက်ကျောကနေ ဓားနဲ့ထိုးရဲတယ်ပေါ့ ”

‎

‎

‎နက်ရှိုင်းသော ရွှေရောင်အင်မော်တယ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏စစ်ဝတ်တန်ဆာ နောက်ကွယ်မှ မီးခိုးရောင်အကြေးခွံများပါသော အမြီးတစ်ခုသာ ထွက်ပေါ်နေသသည့် လုထျန်းအရှင်သည် နားမလည်နိုင်သော လေသံဖြင့် ပြောလိုက်၏။

‎

‎

‎ကောင်းကင်ဧကရာဇ်...

‎

‎

‎နတ်ဆိုးနယ်မြေမှ အရှင်သခင်သုံးပါးလုံးသည် ကုချန်အား ကောင်းကင်ဧကရာဇ်ဟု ရည်ညွှန်းကြပြီး မည်သူမျှ ထူးဆန်းသည်ဟု မထင်ကြပေ။

‎

‎

‎ယခင် အဆုံးမဲ့ကမ္ဘာတွင် ကုချန်အား ကောင်းကင်ဧကရာဇ်ဟူသော ဘွဲ့ကို မည်သည့်အခါကမျှ မပေးအပ်ခဲ့ပေ။ အကြောင်းမှာ ကောင်းကင်ဧကရာဇ်ဟူသော စကားလုံးများသည် အဆင့်တစ်ခုမဟုတ်ဘဲ အချုပ်အခြာအာဏာပိုင်သော အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။

‎

‎

‎ဧကရာဇ်များ၏ အထွတ်အထိပ်၊ ဧကရာဇ်အားလုံး ဦးညွှတ်ရသူကို ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုနိုင်သည်။

‎

‎

‎သူသည် ဧကရာဇ်ဂိတ်ကို စောင့်ရှောက်ပြီး နတ်ဆိုးနယ်မြေနှင့် နှစ်သောင်းပေါင်းများစွာ တိုက်ခိုက်ခဲ့ကာ နတ်ဆိုးနယ်မြေမှ အရှင်သခင်များစွာကို ဆက်တိုက်သတ်ဖြတ်ခဲ့သောအခါ သူသည် ဤဘွဲ့ကို နတ်ဆိုးနယ်မြေမှ အရှင်သခင်များ၏ နှုတ်ဖျားမှ ပထမဆုံးအကြိမ် ကြားခဲ့ရခြင်း ဖြစ်သည်။

‎

‎

‎ဤဘွဲ့သည် ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားကို နတ်ဆိုးနယ်မြေမှ အရှင်သခင်များက အသိအမှတ်ပြုခြင်းကို ကိုယ်စားပြုသည်။

‎

‎

‎ကမ္ဘာကို ဖိနှိပ်နိုင်သည့် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားမရှိပါက ကုချန်နှင့် သွေးကြွေးရှိသော ဤနတ်ဆိုးနယ်မြေမှ အရှင်သခင်များသည် ကုချန်အား ကောင်းကင်ဧကရာဇ်ဟူသော ဘွဲ့နာမအား ဆန္ဒအလျောက် ခေါ်ဆိုမည်လော။

‎

‎

‎တစ်နည်းအားဖြင့် နတ်ဆိုးနယ်မြေမှ အရှင်သခင်များ၏ ဤအတည်ပြုချက်သည် အဆုံးမဲ့ကမ္ဘာတွင် ကောင်းကင်ဧကရာဇ်အဖြစ် တစ်လောကလုံးက ချီးကျူးခြင်းထက်ပင် ပို၍အရေးပါလေသည်။

‎အခန်း (၁၀)- မီးလောင်ရာလေပင့်ခြင်း၊ ဝမ်တာအိုအကျဉ်းထောင်နှင့် လွယ်ကူစွာ ချေမှုန်းဖျက်ဆီးခြင်း

‎

‎

‎

‎" ဒါက... အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်အဆင့်ကောင် ဘာစိတ်ဝင်သွားလို့ ကုကောင်းကင်ဧကရာဇ်ကို ချောင်းမြောင်းတိုက်ခိုက်ရဲတာလဲတော့ ငါမသိဘူး ဒါပေမဲ့ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ "

‎

‎

‎မိုယွဲ့အရှင်၏ ကြေးနီခေါင်းလောင်းများကဲ့သို့သော မျက်လုံးများသည် ပြင်းပြသောဆန္ဒများဖြင့် တောက်ပနေလေသည်။

‎

‎

‎ဤနေရာတွင် တပ်စွဲထားသော သူတို့သုံးဦးသည် ကုကောင်းကင်ဧကရာဇ်မှာ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် စစ်ပွဲများကြောင့် ပြင်းထန်သော တာအိုဒဏ်ရာများ ခံစားနေရပြီး သက်တမ်းများစွာ မကျန်တော့သည်ကို သဘာကျစွာ သိရှိကြလေသည်။

‎

‎

‎ယခုတွင်မူ သူသည် အဆုံးမဲ့ကမ္ဘာမှ ထိုလျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ အောင်မြင်သော ချောင်းမြောင်းတိုက်ခိုက်မှုကိုပင် ခံခဲ့ရသည်။

‎

‎

‎ယခု သူတို့သည် ထိုအဆုံးမဲ့ကမ္ဘာမှ ဧကရာဇ်အဆင့်နှင့် ပူးပေါင်းလိုက်ပါက ဤအခြေအနေကို အခွင့်ကောင်းယူ၍ ဤကုကောင်းကင်ဧကရာဇ်အား သတ်ဖြတ်နိုင်မည်လော။

‎

‎

‎ဤသို့တွေးလိုက်သောအခါ မိုယွဲ့အရှင်သာမက ကြက်သွေးရောင်မြွေနဂါးအရှင်နှင့် လုထျန်းအရှင်တို့၏ မျက်လုံးများအားလုံးသည် ပြင်းပြင်းပြပြ တောက်လောင်လာခဲ့၏။

‎

‎

‎ခဏတာ မျက်လုံးချင်းဖလှယ်လိုက်ရုံဖြင့် နတ်ဆိုးနယ်မြေမှ အရှင်သခင်သုံးပါးသည် သူတို့၏စိတ်ကို ဆုံးဖြတ်ပြီးဖြစ်လေသည်။ သူတို့သည် ထောင်စုနှစ်တစ်စုတွင် တစ်ကြိမ်သာရနိုင်သော ဤအခွင့်အရေးကို လက်လွှတ်ခံနိုင်မည်မဟုတ်ပေ။ သူတို့သည် စစ်မြေပြင်သို့ဝင်ရောက်ကာ ထိုကုကောင်းကင်ဧကရာဇ်အား စုပေါင်းသုတ်သင်ရန် ပြင်ဆင်လိုက်ကြသည်။

‎

‎

‎" လူသားမျိုးနွယ် ကုကောင်းကင်ဧကရာဇ် နှစ်ပေါင်း ကိုးသောင်းကြာအောင် မင်းရဲ့လက်တွေက ငါတို့နယ်မြေက သက်ရှိတွေရဲ့သွေးတွေနဲ့ စွန်းထင်းနေခဲ့တယ်။ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ် "

‎

‎

‎အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ကာ ခမ်းနားကြီးကျယ်သည့် အသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားလေသည်။

‎

‎

‎ဤအသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်ဘုံကိုးခုအလွန်ရှိ အဆုံးမဲ့လေဟာနယ်ထဲတွင် အရှင်သခင်သုံးပါး၏ ပုံရိပ်များသည် ဖြည်းညင်းစွာ ပေါ်ထွက်လာလေ၏။

‎

‎

‎မည်သို့သော ပုံရိပ်များ ဖြစ်သနည်း။

‎

‎

‎ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်တည်လျက် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအား ထူထပ်သော အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး သူတို့အတွင်းမှ သဘာဝအတိုင်း ထွက်ပေါ်လာသော အရှိန်အဝါမျှင်တစ်စမျှသည်ပင် အနီးအနားရှိ တောကန္တာရကြီးကို ကြေမွသွားစေလေ၏။

‎

‎

‎အရှင်သခင်နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်သည်။

‎

‎

‎နတ်ဆိုးနယ်မြေမှ အရှင်သခင်သုံးပါး၏ပုံရိပ်များ ပေါ်လာသောအခါ ဧကရာဇ်ဂိတ်ရှေ့တွင် တန်းစီနေသော မရေမတွက်နိုင်သည့် နတ်ဆိုးနယ်မြေစစ်တပ်အားလုံးသည် ဟစ်ကြွေးကြပြီး သူတို့၏မျက်လုံးများမှာ အစွန်းရောက်ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေလေ၏။

‎

‎

‎အရှင်သခင်များ ဆင်းသက်လာလျှင် တစ္ဆေသရဲနတ်ဘုရားများပင် အံ့အားသင့်ကြရသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် ကုချန်နှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

‎

‎

‎...

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် ကုချန်၏ လက်ဝါးတစ်ချက်ဖြင့် လွင့်စင်သွားခဲ့ပြီး သူ၏မျက်နှာတွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်း အရိပ်အယောင်များ ပေါ်လာကာ ကုချန်၏ လက်ရှိအခြေအနေကို နားလည်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေ၏။

‎

‎

‎ဤကုချန်သည် ပြင်းထန်သော တာအိုဒဏ်ရာများ ရရှိထားပြီး သူ၏ချောင်းမြောင်းတိုက်ခိုက်မှုကို အောင်မြင်စွာ ခံခဲ့ရသည်မှာ ထင်ရှားလှသည်။ သူသည် ကျဆုံးလုနီးပါး ဖြစ်သင့်သော်လည်း အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်နေရသေးသနည်း။

‎

‎

‎ဖြစ်နိုင်သည်မှာ ဤကုချန်သည် သေခါနီး နောက်ဆုံးအားတင်းနေခြင်းသာ ဖြစ်ရမည်။

‎

‎

‎" ကုချန် ငါ့ရဲ့ဒီတစ်ချက်ကို ခံလိုက်စမ်း။ ဝမ်တာအိုအကျဉ်းထောင်၊ ကောင်းကင်ကိုသော့ခတ်၊ မြေကြီးကိုထောင်ခြောက်ဆင်၊ သက်ရှိအားလုံးကို အကျဉ်းချပစ် "

‎

‎

‎ဤသို့တွေးလိုက်သောအခါ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်သည် ရှည်လျားစွာ ဟစ်ကြွေးလိုက်ပြီး ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများကို လှုပ်နှိုးလိုက်သည်။ သူ၏ပတ်လည်တွင် အဆုံးမဲ့သော အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော နက်ရှိုင်းသည့် အနက်ရောင်ဂလက်ဆီများ ပေါက်ကွဲထွက်လာသကဲ့သို့ အဆုံးမရှိ ထွန်းလင်းတောက်ပနေ၏။

‎

‎

‎ထိုအနက်ရောင်အလင်းတန်းများသည် စုစည်းသွားပြီး အမှန်တကယ်တွင် ကြီးမားလှသော ကျန့်တစ်သောင်းအရွယ် အကျဉ်းထောင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ ကောင်းကင်နှင့်မြေကြီးရှိ သက်ရှိအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိဟန်တူသော ကြောက်မက်ဖွယ်အရှိန်အဝါကို သယ်ဆောင်လျက် နယ်စပ်ဧကရာဇ်ဂိတ် တည်ရှိရာသို့ ကောင်းကင်မှ ထိုးဆင်းလာလေသည်။

‎

‎

‎ကျန့်တစ်သောင်းအရွယ် အကျဉ်းထောင်ကြီးသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများမှ ပုံပေါ်လာသော ဂါထာသင်္ကေတများဖြင့် ဖွဲ့စည်းထားသည်။

‎

‎

‎ဂါထာသင်္ကေတတစ်ခုစီတိုင်းသည် နက်နဲပြီး နားလည်ရခက်သော အရှိန်အဝါဖြင့် ပြည့်နှက်နေပြီး အရှင်သခင်တို့၏ နက်နဲမှုတို့ဖြင့် လည်ပတ်နေ၏။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ ဤတစ်ချက်သည် ကုချန်နှင့် သူ၏အောက်ရှိ ဧကရာဇ်ဂိတ်ကိုပါ ဤကျန့်တစ်သောင်းအရွယ် အကျဉ်းထောင်ကြီးထဲတွင် အကျဉ်းချရန် ရည်ရွယ်နေလေသည်။

‎

‎

‎သူထုတ်လွှတ်လိုက်သော ဝမ်တာအိုအကျဉ်းထောင်သည် ကုကောင်းကင်ဧကရာဇ်ထံသို့ ပျံသန်းသွားသည်ကို မြင်သောအခါ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မျက်လုံးများထဲတွင် မာနထောင်လွှားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎သူသည် ကုချန်၏ ကြောက်မက်ဖွယ်စွမ်းအားအကြောင်း ယခင်ချိန်များကတည်းက ကြားဖူးသော်လည်း ဤကုကောင်းကင်ဧကရာဇ်၏ သက်တမ်းသည် ကုန်ခမ်းနေပြီဖြစ်ပြီး သူ၏အစွမ်းသည်လည်း ကုန်ဆုံးနေကာ ယခင်က ဂုဏ်ကျက်သရေကို မပိုင်ဆိုင်တော့ချေ။

‎

‎

‎သူသာ လှုပ်ရှားလိုက်ပါက ကုချန်အား လွယ်ကူစွာ ဖိနှိပ်နိုင်ပေလိမ့်မည်။

‎

‎

‎ငါ့ကို တိုက်ခိုက်ဝံ့ရဲသလော။

‎

‎

‎ဧကရာဇ်ဂိတ်၏မြို့ရိုးပေါ်တွင် ကုချန်သည် မြင့်မားကြံ့ခိုင်စွာ ရပ်တည်လျက် ကောင်းကင်နှင့်မြေကြီးရှိ သက်ရှိအားလုံးကို အကျဉ်းချနိုင်စွမ်းရှိဟန်တူသော ကြောက်မက်ဖွယ်အကျဉ်းထောင်ကြီး အဝေးမှပျံသန်းလာသည်ကို ကြည့်နေသည်။ သူ၏မျက်နှာတွင် ထိတ်လန့်ခြင်း အရိပ်အယောင်တစ်စုံတစ်ရာ မရှိရုံသာမက သူ၏နှလုံးသားသည်ပင်လျှင် မယုံနိုင်လောက်အောင် တည်ငြိမ်နေလေ၏။

‎

‎

‎" ကောင်းပြီလေ အခု ငါ့ရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ဖို့ မင်းကိုပဲ အသုံးချလိုက်မယ် "

‎

‎

‎ကုချန်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

‎

‎

‎ဤသူသည် ယနေ့ သူ့အား တိုက်ခိုက်ဝံ့သောကြောင့် သေခြင်းတရား၏ လမ်းကြောင်းကို ရွေးချယ်ပြီးဖြစ်လေသည်။

‎

‎

‎ကုချန် လှုပ်ရှားလိုက်သော်လည်း သူသည် မည်သည့် ပြိုင်ဘက်ကင်း မြင့်မြတ်စွမ်းရည်ကိုမျှ မထုတ်လွှတ်ခဲ့ပေ။ ထိုအစား သူသည် ရှေ့သို့ လက်တစ်ဖက်ကို ရိုးရှင်းစွာ ဆန့်တန်းလိုက်ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ဝမ်တာအိုအကျဉ်းထောင်ကို ဤလက်ဖြင့် ချေမှုန်းဖျက်ဆီးရန် ရည်ရွယ်နေဟန်တူသည်။

‎

‎

‎ဤမြင်ကွင်းကို မြင်သောအခါ အဆုံးမဲ့ကမ္ဘာမှ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎သူသည် လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဆန့်တန်းလိုက်ရုံဖြင့် လျှို့ဝှက်ဆန်းကျယ်သော ဧကရာဇ်၏ဝမ်တာအိုအကျဉ်းထောင်ကို ချေမှုန်းနိုင်မည်ဟု ထင်နေသလော။ ရိုးရှင်းစွာ အိပ်မက်မက်နေခြင်းပင်။

‎

‎

‎သို့သော် မျက်နှာကို ရိုက်ချလိုက်ခြင်းသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

‎

‎

‎နောက်တစ်ခဏလေးအတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မျက်လုံးများထဲရှိ မထီမဲ့မြင်ပြုမှုသည် ထိတ်လန့်မှုဖြင့် အစားထိုးသွားခဲ့သည်။

‎

‎

‎ကုချန်သည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများသည် ထိုအရာကို ခံစားမိဟန်တူပြီး အမှန်စင်စစ်တွင် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသော ကြီးမားလှသည့် ဟွမ်သွမ့်လက်ဝါးကြီးတစ်ခုအဖြစ် လေဟာနယ်ထဲ၌ စုစည်းသွားလေ၏။ ကုချန်၏လက်နှင့်အတူ ရွေ့လျားကာ လျှို့ဝှက်ဆန်း‌ကြယ်သောဧကရာဇ် ထုတ်လွှတ်လိုက်သော ဝမ်တာအိုအကျဉ်းထောင်ကို လွယ်ကူစွာ ဆုပ်ကိုင်လိုက်သည်။

‎

‎

‎ဧရာမလက်ဝါးကြီးသည် အားစိုက်ကာ အတွင်းဘက်သို့ ဆုပ်လိုက်သည်။

‎

‎

‎အဆုံးမဲ့တာအိုများကိုပင် အကျဉ်းချနိုင်စွမ်းရှိသော ထိုကြောက်မက်ဖွယ်အကျဉ်းထောင်ကြီးသည် ဤဟွမ်သွမ့်လက်ဝါးကြီးရှေ့တွင် အိပ်မက်ပူဖောင်းတစ်ခုကဲ့သို့ ကြွပ်ဆတ်နေသည်။ စက္ကန့်တစ်သောင်းပုံတစ်ပုံမပြည့်မီမှာပင် မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎" မဖြစ်နိုင်ဘူး "

‎

‎

‎ဝမ်တာအိုအကျဉ်းထောင် တစ်ခဏအတွင်း ကြေမွသွားသည်ကိုကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်၏ မျက်လုံးများသည် ချက်ချင်း ပြူးကျယ်သွား၏။

‎

‎

‎ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

‎

‎

‎ဝမ်တာအိုအကျဉ်းထောင်သည် သူ အရှင်သခင်တို့၏ နေရာတစ်ခုမှ ကျင့်ကြံခဲ့သော အရှင်သခင်နိယာမတရားတစ်ခုဖြစ်သည်။ အထွတ်အထိပ် မဟာဧကရာဇ်တစ်ဦးပင်လျှင် ချက်ချင်း လွတ်မြောက်နိုင်မည်မဟုတ်ဘဲ သူ၏ထောင်ချောက်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်မိနေမည်ဖြစ်သည်။

‎

‎

‎ယခုတွင်မူ ထိုကုချန်သည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရုံဖြင့် ဝမ်တာအိုအကျဉ်းထောင်ကို ပေါ့ပေါ့ပါးပါး ချေမှုန်းဖျက်ဆီးလိုက်သလော။

All Chapters