လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀၀ က အမတလမ်းပွင့်လာခဲ့သည်။ ဧကရာဇ်တစ်ပါးဖြစ်နေပြီဖြစ်သော ကုချန်သည် အမတလမ်းဆုံးထိ တိုက်ခိုက်သွားခဲ့သော်လည်း ရှေ့ဆက်ရမည့်လမ်းသည် နတ်ဘုရားကမ္ဘာမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကမ္ဘာဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးနတ်ဆိုးများက သူတို့၏လက်နက်များကို သွေးနေကြပြီး လူသားကမ္ဘာကြီးမှာ အန္တရာယ်ကျရောက်လုနီးပါး ဖြစ်နေခဲ့သည်။ ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်ကို ကာကွယ်ရန်အတွက် ကုချန်သည် ဧကရာဇ်ဂိတ် ကို တည်ထောင်ခဲ့ပြီး ကောင်းကင်ဘုံ ကိုးထပ်ကို တစ်ဦးတည်းစောင့်ရှောက်ကာ မကောင်းဆိုးဝါး နတ်ဆိုးများကို ပိတ်ဆို့ပြီး တလက်မမျှ အလျှော့မပေးဘဲ တိုက်ခိုက်ခဲ့သည်။ နှစ်ပေါင်း ၉၀၀၀၀ ကြာပြီးနောက်တွင် လူသားမျိုးနွယ်သည် ကုချန်ကို လာရောက်ကူညီခြင်းမရှိသည့်အပြင် သူ့အား နောက်ကျောမှ ဓားဖြင့်ထိုးပြီး ကုချန်၏ မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်ခဲ့ကြသည်။ "ဘိုးဘေး ကုချန်၊ ဘယ်မှာလဲ။ ကယ်ပါအုန်း။ ကျွန်တော်တို့ ကုမိသားစု မျိုးတုန်းတော့မယ်!" မျိုးနွယ်ဝင်များက မျက်ရည်များဖြင့် အော်ဟစ်ငိုယိုကြသည်ကိုကြား ကုချန်မှာ ဒေါသထွက်ခဲ့၏။ သူသည် လူသားမျိုးနွယ်အတွက် ဧကရာဇ်ဂိတ်ကို နှစ်ပေါင်း ၉၀၀၀၀ ကြာအောင် စောင့်ရှောက်ခဲ့သော်လည်း ယနေ့တွင်မူ နောက်ကျောမှ ဓားဖြင့်ထိုးခံရပြီး မျိုးတုန်းသတ်ဖြတ်ခံရတော့မည်လော။ ကုချန် "ဒီ ဧကရာဇ်ဂိတ်ကို ငါမစောင့်ရှောက်တော့ဘူး။ ကျေးဇူးမသိတတ်တဲ့ကောင်တွေ၊ ငါ့ရဲ့အစောင့်အရှောက်မူကမင်းတို့နဲ့ ထိုက်တန်လို့လား!" "ဒီနေ့ကစပြီး ငါ ဧကရာဇ်ဂိတ်ကို စွန့်လွှတ်လိုက်ပြီ။ ကမ္ဘာခြားကျူးကျော်မှုတွေက ငါနဲ့ဘာမှမဆိုင်တော့ဘူး!" "ဒီနေ့ကစပြီး ငါ တားမြစ်နယ်မြေထဲဝင်ပြီး တားမြစ်နယ်မြေရဲ့ အရှင်သခင်ဖြစ်လာမယ်။ လူသားမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့မသက်ဆိုင်တော့ဘူး!" ကမ္ဘာခြားကျူးကျော်မှုတွေ၊ အမှောင်ထုရဲ့ လှုပ်ခတ်မှုတွေ၊ သွေးချောင်းစီးမှုတွေ၊ သန်းပေါင်းများစွာတဲ့ ရုပ်အလောင်းတွေ... ကမ္ဘာလောကကြီးရဲ့ ငိုကျွေးသံတွေကို ရင်ဆိုင်ရင်း ကုချန်သည် လျစ်လျူရှုကာ အေးစက်စွာ တုံ့ပြန်ခဲ့သည်။ "ဒါတွေအားလုံး မင်းတို့ကိုယ်တိုင် ရှာခဲ့တဲ့ ဒုက္ခပဲ"

