← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 31 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 31 Ch. 421-422

‎အခန်း ( ၄၂၁ ) - လူက အပြစ်ကင်းသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက အပြစ်ဖြစ်နေခြင်း၊ ချီလျို အံ့အားသင့်သွားခြင်း

‎

‎

‎

‎" ငါတို့ ချီလျန်မျိုးနွယ်မှာလည်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ရှိနေတာလား "

‎

‎

‎ကုချန်၏စကားကို ကြားသောအခါ ချီလျိုသည် ရင်ခုန်သံများ မြန်ဆန်လာကာ မယုံနိုင်ဖြစ်နေရ၏။

‎

‎

‎အချိန်မည်မျှ ကြာခဲ့ပြီနည်း။

‎

‎

‎အဆုံးမဲ့ ရှေးခေတ်များစွာအကြာ ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေမှ ပုန်ကန်မထွက်ခွာမီကတည်းက သူတို့သည် သူတို့ကိုယ်ပိုင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွန်းလာရန် အမြဲတစေ တောင့်တခဲ့ကြ၏။ သို့သော် ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေမှ အတင်းအကျပ် ထွက်ခွာခဲ့ရသည့်တိုင် ဤမျှော်လင့်ချက်ကြီးသည် ဘယ်သောအခါမှ အကောင်အထည် ပေါ်မလာခဲ့ပေ။

‎

‎

‎ထိုအချိန်က ချီလျန်မျိုးနွယ်ဝင် အများအပြား၏ အမြင်တွင် သူတို့မျိုးနွယ်မှ ကိုယ်ပိုင် အင်မော်တယ်ဘုရင်တစ်ပါးသာ ပေါ်ထွန်းလာခဲ့ပါက အင်မော်တယ်နယ်မြေရှိ အခြားအင်အားစုများ၏ ဖိနှိပ်မှုကို ခံရတော့မည် မဟုတ်ဘဲ အင်မော်တယ်နယ်မြေ၌ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။

‎

‎

‎သို့သော် ကံမကောင်းစွာဖြင့် ထိုမျှော်လင့်ချက်မှာ မည်သည့်အခါမှ အောင်မြင်မလာခဲ့ချေ။

‎

‎

‎ထို့အပြင် နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာပြီးနောက် နယ်မြေနှစ်ခု၏ ကောင်းကင်နှင့်မြေကြီး တာအိုများ ကွဲပြားခြားနားမှုကြောင့် နတ်ဆိုးဧကရာဇ်မှ ချီလျန်မျိုးနွယ်အပေါ် သက်ရောက်နေသည့် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေ ကူးပြောင်းခြင်း၏ ဆိုးကျိုးများကို ဖြေရှင်းပေးခဲ့သော်လည်း နောက်ပိုင်း ချီလျန်မျိုးနွယ်ဝင် အားလုံးသည် အင်မော်တယ်နယ်မြေမှ အရာအားလုံးကို စွန့်လွှတ်ကာ အသစ်က ပြန်လည်ကျင့်ကြံခဲ့ကြရ၏။

‎

‎

‎ဤသည်က ချီလျန်မျိုးနွယ်အတွက် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာရန် ပို၍ပင် ခက်ခဲသွားစေခဲ့သည်။ ထို့ကြောင့် ယခုအချိန်အထိ ချီလျန်မျိုးနွယ်တွင် ကိုယ်ပိုင် အင်မော်တယ်ဘုရင်ဆိုသည်မှာ မရှိသေးပေ။

‎

‎

‎သို့သော် ယခု အရှင်သခင်က အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားသည့် ချီလျန်မျိုးနွယ်ဝင် တစ်ဦးရှိနေပြီး ထိုသူမှာ အင်မော်တယ်နယ်မြေ၌ ရှိနေသေးကြောင်း ပြောပြလာ၏။ ဤသတင်းက ချီလျိုအား မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

‎

‎

‎" ငါတို့ ချီလျန်မျိုးနွယ်မှာသာ အင်မော်တယ်ဘုရင်တစ်ပါး စောစောစီးစီး ပေါ်ထွက်လာခဲ့မယ်ဆိုရင်..... "

‎

‎

‎ချီလျိုသည် ရောယှက်နေသော ခံစားချက်များဖြင့် တီးတိုးရေရွတ်လိုက်၏။ အကယ်၍ အင်မော်တယ်နယ်မြေ၌သာ ချီလျန်မျိုးနွယ်ကို ဦးဆောင်မည့် အင်မော်တယ်ဘုရင်တစ်ပါး ရှိခဲ့ပါက မျိုးနွယ်စုဝင်များမှာ အကြောက်တရားဖြင့် နေထိုင်စရာ မလိုတော့ရုံသာမက နောက်ဆုံးတွင် မိခင်မြေကိုစွန့်ခွာ၍ အင်မော်တယ်နယ်မြေကို ပုန်ကန်ရန်လည်း လိုအပ်မည်မဟုတ်ပေ။

‎

‎

‎သို့သော် ချီလျို၏ရေရွတ်သံကို ကြားသော်လည်း ကုချန်မှာ မည်သို့မျှ မှတ်ချက်မပေးချေ။

‎

‎

‎သူ၏အမြင်မှာ ချီလျိုနှင့် လုံးဝ ကွာခြားလေသည်။ ချီလျန်မျိုးနွယ်တွင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာလျှင်တောင် ဘာဖြစ်သွားမည်နည်း။

‎

‎

‎အင်မော်တယ်နယ်မြေမှ ထိုအင်မော်တယ်ဘုရင်များသည် ယခင်က ချီလျန်မျိုးနွယ်ကို စိတ်မဝင်စားခဲ့ကြခြင်းမှာ ချီလျန်မျိုးနွယ်ဝင်များတွင် ထူးခြားသော ပါရမီရှိသော်လည်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအတွက် မည်သည့်အကူအညီမှ မပေးနိုင်သောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော် ချီလျန်မျိုးနွယ်တွင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာခဲ့မည်ဆိုလျှင်ရော။

‎

‎

‎ထိုရှေးဟောင်း အင်မော်တယ်ဘုရင်များသည် မည်သို့ စိတ်မဝင်စားဘဲ နေမည်နည်း။ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို သိနိုင်ပေသည်။ သူသည် ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်ကာ ယခုအခါ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေသော်လည်း အဘယ်ကြောင့် ချီလျန်မျိုးနွယ်အကြောင်း စုံစမ်းရာတွင် သူ၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် အထောက်အထားကို မထုတ်ဖော်ရဲလောက်အောင် သတိထားနေရသနည်း။

‎

‎

‎ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ အထောက်အထားသာ ပေါ်ပေါက်သွားပါက အကျိုးဆက်များကို သူကိုယ်တိုင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့်ပင်။

‎

‎

‎လူက အပြစ်ကင်းသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက အပြစ်ဖြစ်နေ၏။

‎

‎

‎အရာအားလုံးကို ဖိနှိပ်နိုင်လောက်အောင် လုံလောက်သော စွမ်းအား မရှိသရွေ့ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်နည်းအားဖြင့် ချီလျန်မျိုးနွယ်မှ နတ်ဆိုးနယ်မြေသို့ ပုန်ကန်ထွက်ပြေးခဲ့ခြင်းက အလွန် ပညာသားပါသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။

‎

‎

‎နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ကာ လျှို့ဝှက်ချက်များကို ဖုံးကွယ်၍ အသစ်က ပြန်စခြင်းက အင်မော်တယ်နယ်မြေ၌ အကြောက်တရားဖြင့် အမြဲနေထိုင်ကာ တစ်မျိုးနွယ်လုံး အခြားသူများ၏ ခွဲဝေယူခြင်းကို မည်သည့်အချိန် ခံရမည်မှန်း မသိရခြင်းထက် ပိုကောင်းလေသည်။ နတ်ဆိုးနယ်မြေသို့ ရောက်ရှိပြီးနောက် ကံမကောင်းစွာဖြင့် ရှီမိုကောင်းကင်အရှင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်မှာ ကံဆိုးခြင်းသက်သက်သာ ဖြစ်၏။

‎

‎

‎" ဒါပေမယ့် ဒီယွဲ့လင်က ချီလျန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နိုင်တယ်ဆိုတော့ ပြောရလွယ်သွားပြီ "

‎

‎

‎ကုချန်မှ မေးစေ့ကို ပွတ်သပ်လျက် တွေးတောလိုက်သည်။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်မှ ဖြစ်ကြောင်း စိတ်ထဲတွင် သေချာသလောက် ရှိနေသော်လည်း အတည်ပြုရန် စမ်းသပ်ကြည့်ရဦးမည် ဖြစ်သည်။

‎

‎

‎" တကယ်လို့ မင်းနဲ့ ယွဲ့လင်အင်မော်တယ်ဘုရင်ကို ပေးတွေ့လိုက်မယ်ဆိုရင် သူက ချီလျန်မျိုးနွယ်ဝင် ဟုတ်မဟုတ် မင်း အတည်ပြုနိုင်မလား "

‎

‎ကုချန်မှ လေးနက်စွာ မေးမြန်းလိုက်၏။

‎

‎

‎" သေချာပေါက် အတည်ပြုနိုင်ပါတယ် "

‎

‎

‎ချီလျိုသည် တုံ့ဆိုင်းမှုမရှိ ပြန်လည် ဖြေကြားလိုက်၏။

‎

‎

‎" အရှင်သခင်... ကျွန်မက ချီလျန်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီး ရှေးကတည်းက လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ချက်များစွာကို သိထားပါတယ်... တကယ်လို့ အဲဒီယွဲ့လင်အင်မော်တယ်ဘုရင်သာ ချီယွဲ့အစစ်ဆိုရင် ဒီရှေးဟောင်း လျှို့ဝှက်ချက်တွေကို သူ သေချာပေါက် သိနေမှာပါ... သူ့ကို မေးခွန်း နည်းနည်းလောက် မေးလိုက်ရုံနဲ့ သူ ဘယ်သူလဲဆိုတာ အတည်ပြုနိုင်ပါလိမ့်မယ် "

‎

‎

‎" အရမ်းကောင်းတယ် "

‎

‎

‎ချီလျို၏အဖြေကို ကြားသောအခါ ကုချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ ပြောဆိုလိုက်၏။

‎

‎

‎" ဒါဆိုလည်း မင်းကို သွားပြီး အတည်ပြုခိုင်းရတာပေါ့ "

‎

‎

‎သွားပြီး အတည်ပြုရမယ်? ဒါပေမယ့် အဲဒီယွဲ့လင်အင်မော်တယ်ဘုရင်က အင်မော်တယ်နယ်မြေမှာ မဟုတ်ဘူးလား။

‎

‎

‎ချီလျိုမှာ မှင်သက်သွား၍ အရှင်သခင်မှ သူ့ကို မည်သို့ခေါ်သွားကာ အတည်ပြုခိုင်းမည်ကို နားမလည်နိုင်ဖြစ်နေသည်။ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ဝေးကွာလှသော အင်မော်တယ်နယ်မြေတွင် ရှိနေကာ သူသည်လည်း နတ်ဆိုးနယ်မြေတွင် ရှိနေ၏။ သူတို့နှစ်ဦး တွေ့ဆုံရန်ပင် မဖြစ်နိုင်ရာ မည်သို့ အတည်ပြုမည်နည်း။

‎

‎

‎ချီလျို ဇဝေဇဝါဖြစ်နေစဉ်မှာပင် သူ၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ဝေးကွာလှသော လေဟာနယ်ပြင်ရှိ အမည်မသိ နေရာတစ်ခုဆီသို့ လွင့်ပျံသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

‎

‎

‎…………

‎

‎

‎အင်မော်တယ်နယ်မြေ.....

‎

‎

‎ကုချန်သည် အေးဆေးတည်ငြိမ်စွာ မတ်တပ်ရပ်နေ၏။

‎

‎

‎သူ၏ဘေးတွင် ပုံရိပ်ယောင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာကာ ချီလျို၏ အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားလေသည်။

‎

‎

‎ကုချန်၏ ခန္ဓာကိုယ်သုံးခုစလုံးသည် တူညီသော နတ်ဝိညာဉ်ကို အသုံးပြုထားကာ ချီလျိုသည်လည်း သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားသည်မှာ ကြာပြီဖြစ်ရာ မူလခန္ဓာကိုယ်အပါအဝင် ခန္ဓာကိုယ်သုံးခုစလုံးသည် ချီလျိုအား အချိန်မရွေး ဆင့်ခေါ်နိုင်လေသည်။

‎

‎

‎" ဒီနေရာက..... "

‎

‎

‎ချီလျို၏ပုံရိပ်သည် ဖြည်းညင်းစွာ ပီပြင်လာ၏။ သူ၏ပတ်ဝန်းကျင်တွင် လည်ပတ်နေသော ထူထပ်လှသည့် အင်မော်တယ် ဝိညာဉ်ချီများကို ခံစားလိုက်ရချိန်တွင် သူ၏ လှပသော မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့၏။

‎

‎

‎ဒါက... ဒါက အင်မော်တယ်နယ်မြေလား!

‎

‎

‎ဒါပေမယ့် သူနဲ့ အရှင်သခင်က ခုနလေးတင် နတ်ဆိုးနယ်မြေမှာ ရှိနေခဲ့တာလေ။ အရှင်သခင်က သူ့ကို အင်မော်တယ်နယ်မြေဆီ ဘယ်လိုလုပ် ဆင့်ခေါ်လိုက်တာလဲ!

‎

‎

‎ချီလျို၏စိတ်ထဲတွင် ဗြောင်းဆန်သွားလျက် အလွန်အမင်း တုန်လှုပ်သွားရလေသည်။

‎

‎

‎အဆုံးမဲ့ ကောင်းကင်ဘုံများကို ဖြတ်ကျော်ကာ ချီလျန်မျိုးနွယ်၏ မိခင်မြေဖြစ်သော အင်မော်တယ်နယ်မြေသို့ ရုတ်တရက် ရောက်ရှိလာခြင်းက သူ၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေစေကာမူ ချီလျိုအား မယုံနိုင်အောင် ဖြစ်စေခဲ့သည်။

‎

‎

‎အရေးကြီးဆုံးအချက်က အရှင်သခင်... အရှင်သခင်က နတ်ဆိုးနယ်မြေမှာ မဟုတ်ဘူးလား။ ဒါဆို... ဒီတစ်ယောက်က ဘယ်သူလဲ!

‎

‎

‎တုန်လှုပ်မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေသော ချီလျို၏အကြည့်များမှာ ကုချန်၏ပုံရိပ်ဆီသို့ မလှည့်ကြည့်ဘဲ မနေနိုင်တော့ချေ။

‎

‎

‎" ငါကိုယ်တော် တစ်ယောက်တည်းကသာ မင်းကို ဒီကို ဆင့်ခေါ်နိုင်တာလေ "

‎

‎

‎ချီလျို၏ အံ့အားသင့် မှင်သက်နေသော ပုံစံကို ကြည့်လျက် ကုချန်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်၍ သူ၏ချီအငွေ့အသက် အနည်းငယ်ကိုပါ ထုတ်လွှတ်ပြသလိုက်၏။

‎

‎

‎ချီလျိုသည် သူ၏နတ်ဝိညာဉ် အမှတ်အသားကို သူ့ထံ ပေးအပ်ထားသည်မှာ ကြာပြီဖြစ်ကာ သူ့အား ဘယ်တော့မှ သစ္စာဖောက်နိုင်မည် မဟုတ်ချေ။ ရန်သူ့လက်ထဲ အမှတ်မထင် ကျရောက်သွားလျှင်တောင်မှ သူ၏ အဓိက ဝိညာဉ်အမှတ်အသားမှာ ကုချန်၏လက်ထဲတွင် ရှိနေသောကြောင့် တစ်ဖက်လူက သူ၏ဝိညာဉ်ကို မွှေနှောက်လိုလျှင်ပင် ကုချန်နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမျှ ရရှိမည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် ကုချန်သည် သူ၏ ကိုယ်ပွားနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကို ချီလျိုအား ထုတ်ဖော်ပြသရန် ဝန်လေးမနေခဲ့ချေ။

‎

‎

‎ဒီတစ်ယောက်ကလည်း အရှင်သခင်ပဲလား!

‎

‎

‎သူ၏ရှေ့ရှိ ပုံရိပ်နှင့် သူ၏ ဝိညာဉ်နက်ရှိုင်းရာတွင် ရိုက်နှိပ်ထားသော အလွန် ရင်းနှီးကျွမ်းဝင်လှသည့် ချီအငွေ့အသက်ကို ခံစားလိုက်ရသောအခါ ချီလျို၏ရင်ထဲရှိ တုန်လှုပ်မှုမှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် ပြင်းထန်လာလေသည်။

‎

‎

‎သူ၏ရှေ့ရှိ ဤပုံရိပ်သည် အရှင်သခင်၏ သာမန် ကိုယ်ပွားတစ်ခုမျှသာ မဟုတ်ကြောင်း သူ သိလိုက်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အရှင်သခင်သည် မကြာသေးမီကမှ နတ်ဆိုးနယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ကိုယ်ပွားတစ်ခုသည် အင်မော်တယ်နယ်မြေ၌ ရှင်သန်နိုင်မည် မဟုတ်ဘဲ အင်မော်တယ်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီး စွမ်းအားများ၏ သနားညှာတာမှုကင်းမဲ့စွာ ချေမွပစ်ခြင်းကို ခံရမည်သာ ဖြစ်သည်။

‎

‎

‎သို့သော် သူ၏ရှေ့ရှိ ဤပုံရိပ်၏ ချီအငွေ့အသက်သည် နတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်တစ်ပါးနှင့် လုံးဝ ကွဲပြားနေလျက် အင်မော်တယ် ဝိညာဉ်ချီများ လွှမ်းခြုံနေကာ တာအိုကို ရရှိထားသော အင်မော်တယ်ဘုရင်တစ်ပါး၏ အသွင်အပြင် အပြည့်အဝ ရှိနေ၍ အရှင်သခင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

‎

‎

‎ဒါက... အရှင်သခင်ရဲ့ မွေးရာပါ လျှို့ဝှက်ပညာရပ်များ ဖြစ်နေမလား။

‎

‎

‎မတူညီတဲ့ ခန္ဓာကိုယ်နှစ်ခုအဖြစ် ခွဲထွက်နိုင်ပြီး အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေ နှစ်ခုလုံးမှာ တာအိုကို ရရှိနိုင်တယ်ပေါ့။

‎

‎

‎ဒါ... ဒါက အရှင်သခင် တစ်ယောက်တည်းနဲ့တင် အင်မော်တယ်ဘုရင် နှစ်ပါးနဲ့ ညီမျှနေတယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား!

‎အခန်း ( ၄၂၂ ) - ယွဲ့လင်နှင့် တွေ့ဆုံခြင်း၊ ပြင်းထန်သော လှိုင်းဂယက်များနှင့် ချီလျန်မျိုးနွယ်၏ အရှင်သခင်

‎

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ချီလျို၏ရင်ထဲတွင် ယခင်က မကြုံဖူးသော ရိုသေလေးစားမှုများ ဖြစ်ပေါ်လာလေသည်။

‎

‎

‎သူ၏အရှင်သခင်ကို လုံလောက်အောင် နားလည်ထားပြီဟု အစက ထင်မှတ်ခဲ့သော်လည်း သူ၏ရှေ့ရှိ မြင်ကွင်းက သူသိထားသမျှမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်ကြောင်း ပြောပြနေလေသည်။

‎

‎

‎" ကောင်းပြီ... အဲဒီ ယွဲ့လင်အင်မော်တယ်ဘုရင်ကို သွားတွေ့ဖို့ ငါနဲ့လိုက်ခဲ့ "

‎

‎

‎ချီလျို၏ အံ့အားသင့်နေသော အမူအရာကို ကြည့်လျက် ကုချန်မှာ ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ လဝိညာဉ် ကောင်းကင်ဘုံဆီသို့ ချီလျိုကို ခေါ်ဆောင်သွားလေသည်။

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံသို့ ရောက်ရှိသောအခါ ကုချန်သည် သူ၏ အင်မော်တယ်ဘုရင် အရှိန်အဝါ အနည်းငယ်ကို တမင် ထုတ်လွှတ်လိုက်၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် လဝိညာဉ် ကောင်းကင်ဘုံအတွင်း၌ ရှိနေသေးသရွေ့ ဤအရှိန်အဝါကို ခံစားမိသည်နှင့်တစ်ပြိုင်နက် သူ့ကို ချက်ချင်း လာတွေ့လိမ့်မည်ဖြစ်ကြောင်း သူ သိထား၏။

‎

‎

‎...

‎

‎

‎" ဟင်... သူက ဘာပြန်လာလုပ်တာလဲ "

‎

‎

‎ကုချန် မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ အရှိန်အဝါ အနည်းငယ်ကို တမင် ထုတ်လွှတ်လိုက်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချက်ချင်း ခံစားသိရှိသွားရာ သူ၏မျက်နှာပေါ်တွင် အံ့သြမှုနှင့် သံသယများ ထွက်ပေါ်လာလေ၏။

‎

‎

‎ယခုလေးတင် ထွက်သွားသော ကုချန်သည် အဘယ်ကြောင့် ဤမျှမြန်မြန် ပြန်ရောက်လာရ

‎သည်ကို သူ နားမလည်နိုင်ချေ။

‎

‎

‎ဒီလောက်မြန်မြန် ချီလျန်မျိုးနွယ်နဲ့ ပတ်သက်တဲ့ သတင်းကို ရှာတွေ့သွားတာတော့ မဟုတ်လောက်ပါဘူး။

‎

‎

‎" အဓိပ္ပာယ်မရှိလိုက်တာ... ဟိုအင်မော်တယ်ဘုရင်တွေ ခုလေးတင် ထွက်သွားတာလေ... သူတို့ကို ပြန်ခေါ်သလို ဖြစ်သွားမှာကို သူ မကြောက်ဘူးလား "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်နဲ့ တစ်ခြားသူတွေ ခုလေးတင် ထွက်သွားရုံရှိသေးတာကို ဒီလူက ဒီလောက်တောင် မဆင်မခြင် ပြန်လာရဲတယ်ပေါ့။ ချန်းရှီနဲ့ တစ်ခြားသူတွေကို ဆွဲဆောင်မိသွားမှာ သူ တကယ် မကြောက်ဘူးလား။

‎

‎

‎သို့သော် မကျေနပ်မှုများ ရှိနေသော်ငြား ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်၏အရှိန်အဝါကို ခံစားမိသည်နှင့်တစ်ပြိုင်နက် သူရှိရာနေရာသို့ ချက်ချင်း ပြေးသွားလိုက်၏။

‎

‎

‎သူသည် ဤ 'ကပ်ဆိုးနတ်ဘုရား' အား အမြန်ဆုံး ထွက်သွားရန် ဖျောင်းဖျချင်သည်။ ထိုသို့မဟုတ်ပါက အခြား အင်မော်တယ်ဘုရင်များ ထိုသူ့ကို ရှာတွေ့သွားလျှင် သူ့ကိုပါ ဆက်စပ်တွေးတောကြမည်ဖြစ်ရာ သူ့အနေဖြင့် ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။

‎

‎

‎အသက်ရှူချိန် အနည်းငယ် ကုန်လွန်သွား၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်၏ရှေ့သို့ ရောက်ရှိလာလေသည်။

‎

‎

‎" ရှင် ဘာလာလုပ်တာလဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ မေးမြန်းသံတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေ၏။

‎

‎

‎" ငါကိုယ်တော်က ကျိန်းသေပေါက် အရင်က သဘောတူညီချက်ကို အဆုံးသတ်ဖို့ လာတာပေါ့ "

‎

‎ကုချန်မှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

‎

‎

‎" အရင်က သဘောတူညီချက်? "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ လန့်ဖျပ်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" ရှင် ဆိုလိုတာက... အဲဒီချီယွဲ့နဲ့ ပတ်သက်တဲ့ သတင်းကို ရှင် ရှာတွေ့သွားပြီလား "

‎

‎

‎" အတိအကျပဲ "

‎

‎

‎ကုချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်အား နောက်ပြောင်လိုသော အပြုံးဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

‎

‎

‎" မင်းကို ယွဲ့လင်အင်မော်တယ်ဘုရင်လို့ ခေါ်ရမလား... ဒါမှမဟုတ် ချီယွဲ့လို့ ခေါ်ရမလား "

‎

‎

‎ကုချန်၏စကားမှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားလေသည်။

‎

‎

‎သူ၏လျှို့ဝှက်ချက်တစ်ခု ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၍ လှပသော မျက်လုံးများထဲတွင် မသိမသာ ထိတ်လန့်မှုများ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားကာ အတင်းအကျပ် ဟန်လုပ်၍ ပြောဆိုလိုက်၏။

‎

‎

‎" ရှင် ဘာတွေပြောနေတာလဲ... ကျွန်မ ဘာမှ နားမလည်ဘူး "

‎

‎

‎သို့သော် သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဗြောင်းဆန်နေလေပြီ။

‎

‎

‎သူက ချီယွဲ့ဆိုတာကို ဒီလူ ဘယ်လိုလုပ် သိသွားတာလဲ!

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ခဏတာ ပြောင်းလဲသွားသော သူ၏အမူအရာကို ကုချန်မှ အပြည့်အဝ မြင်တွေ့လိုက်ရ၏။ ဤသည်က သူ၏ အစောပိုင်း ခန့်မှန်းချက်ကို ပိုမို အတည်ပြုပေးလိုက်ခြင်းပင်။

‎

‎

‎သို့သော် သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ မေးခွန်းကို ပြန်မဖြေဘဲ သူ၏ဘေးရှိ ချီလျိုကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။

‎

‎

‎" သူက ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်ပဲ... မင်းမှာ မေးစရာရှိရင် သူ့ကို မေးလို့ရတယ် "

‎

‎

‎ဒီလူက ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်?

‎

‎

‎ကုချန်၏စကားကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မှင်သက်သွားကာ ယခုအချိန်အထိ သူ လျစ်လျူရှုထားခဲ့သော ချီလျိုအား အလိုအလျောက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့သြမှုများ ပြည့်နှက်သွားလေသည်။

‎

‎

‎ဒီလူက ချီလျန်မျိုးနွယ်ရဲ့ ခေါင်းဆောင်? ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ!

‎

‎

‎ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေသို့ အလုံးစုံ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ဤသူသည် ကျပန်းလူတစ်ယောက်ကို ရှာလာကာ ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်အဖြစ် ဟန်ဆောင်ခိုင်းနေသည်။

‎

‎

‎သူ့ကို အရူးလို့ ထင်နေတာလား။

‎

‎

‎သို့မဟုတ် သူသည် ချီလျန်မျိုးနွယ်မှ ဟုတ်မဟုတ် သိရှိရန် ဤနည်းလမ်းကို အသုံးပြု၍ တမင်သက်သက် စမ်းသပ်နေခြင်းလော။

‎

‎

‎ထိုသို့တွေးမိပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချက်ချင်း သတိထားလိုက်ကာ ကုချန်အား အေးစက်သော အမူအရာဖြင့် ကြည့်၍ ပြောဆိုလိုက်၏။

‎

‎

‎" တာအိုရောင်းရင်း... ဒီဟာသက မရယ်ရဘူးနော် "

‎

‎

‎" ဘိုးဘေး... ကျွန်မက တကယ်ပဲ ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်ပါ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ကို မယုံကြည်ပုံရကာ ကုချန်နှင့်ပင် ထိပ်တိုက်တွေ့တော့မည့် အခြေအနေကို မြင်သောအခါ ချီလျိုမှ အလျင်အမြန် ညင်သာစွာ ပြောဆိုလိုက်၏။

‎

‎

‎" ဘိုးဘေး မယုံရင် ဒါတွေအားလုံးကို ကျွန်မ သက်သေပြနိုင်ပါတယ် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့ စစ်ပွဲဆင်နွှဲခဲ့သည့် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်သည်။ မျိုးဆက်အလိုက် ကြည့်မည်ဆိုပါက ချီလျိုမှ သူ့အား ဘိုးဘေးဟု ခေါ်ဆိုခြင်းမှာ မမှားယွင်းချေ။

‎

‎

‎သူ၏ ဘိုးဘေးနှင့် အရှင်သခင်တို့ ပဋိပက္ခဖြစ်မည်ကို ချီလျို စိုးရိမ်နေသဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင် မတုံ့ပြန်မီ သူ ချက်ချင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

‎

‎

‎" ရှေးတုန်းက... ကျွန်မတို့ ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေကနေ မထွက်ခွာခင်က ဘိုးဘေးလေးပါး ရှိခဲ့ပါတယ်... သူတို့ကတော့..... "

‎

‎

‎" ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ အဓိက ကျင့်စဉ်ကတော့..... "

‎

‎

‎ချီလျိုသည် ချီလျန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များသာ သိနိုင်ပြီး မည်သည့်အခါမျှ ပေါက်ကြားမည်မဟုတ်သော လျှို့ဝှက်ချက် အတော်များများကို ထုတ်ဖော်ပြောပြလိုက်သည်။

‎

‎

‎အကယ်၍ ဤယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီယွဲ့ အစစ်ဆိုပါက ဤလျှို့ဝှက်ချက်များကို သေချာပေါက် သိလိမ့်မည်ဟု သူ ယုံကြည်ထား၏။

‎

‎

‎ချီလျို၏စကားသံများမှာ ဆက်တိုက်ထွက်ပေါ်လာကာ သူ၏ရှင်းပြချက်ကို နားထောင်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

‎

‎

‎ချီလျို တွေးထားသည့်အတိုင်းပင် သူသည် ဤချီလျန်မျိုးနွယ်၏ အဓိက လျှို့ဝှက်ချက်များကို သိရှိထားကာ ဤလျှို့ဝှက်ချက်များအပေါ် အခြေခံ၍ ချီလျိုသည် ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်ကြောင်းကို သူ အလွယ်တကူ ကောက်ချက်ချနိုင်လေသည်။

‎

‎

‎ဒီလူက တကယ်ပဲ ချီလျန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေတာပဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျိုအား စူးစိုက်ကြည့်နေ၍ သူ၏ရင်ထဲတွင်လည်း ဗြောင်းဆန်နေပြီ ဖြစ်သည်။

‎

‎

‎" ငါကိုယ်တော်ကို မင်းရဲ့နတ်ဝိညာဉ်ကို ကြည့်ခွင့်ပေးပါ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ရင်ထဲမှ လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ ပြောဆိုလိုက်၏။

‎

‎

‎ဤလျှို့ဝှက်ချက်များကို ချီလျန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များသာ သိနိုင်ကာ မည်သည့်အခါမျှ ပေါက်ကြားသင့်သည့်အရာ မဟုတ်သော်လည်း သတိထားသည့်အနေဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင်သည် စိတ်အေးသက်သာရာရစေရန် နောက်ထပ် အတည်ပြုချက်များ ပြုလုပ်လိုသေး၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ တောင်းဆိုချက်ကို ကြားသောအခါ ချီလျိုသည် ကုချန်၏ခွင့်ပြုချက်ကို တောင်းခံသည့်အလား ကုချန်အား ချက်ချင်း လှည့်ကြည့်လိုက်၏။

‎

‎

‎ကုချန်သည် စကားမပြောဘဲ ညင်သာစွာသာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏နတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ချီလျို၏နတ်ဝိညာဉ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

‎

‎

‎သူမးသည် ချီလျို၏နတ်ဝိညာဉ် မှတ်ဉာဏ်များကို မစစ်ဆေးဘဲ ချီလျို၏နတ်ဝိညာဉ် လှိုင်းများကိုသာ ဂရုတစိုက် ခံစားကြည့်ခြင်း ဖြစ်သည်။

‎

‎

‎တူညီသော သွေးကြောဆက်နွှယ်မှုရှိသည့် အဖွဲ့ဝင်များအကြားတွင် သူတို့၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော သွေးများကဲ့သို့ပင် နတ်ဝိညာဉ်လှိုင်းများမှာ တူညီကြပြီး အတုအယောင် ပြုလုပ်၍ မရနိုင်ချေ။

‎

‎

‎သေချာစွာ စစ်ဆေးပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် အနည်းငယ် တုန်ခါသွား၏။ အဘယ်ကြောင့်ဆိုသော် ချီလျိုဟု အမည်ရသော ဤအမျိုးသမီးသည် ချီလျန်မျိုးနွယ်ဝင် အစစ်ဖြစ်ကြောင်း ယခုအခါ သူ အပြည့်အဝ အတည်ပြုနိုင်ပြီ ဖြစ်သောကြောင့်ပင်။

‎

‎

‎ဒါပေမယ့်.....

‎

‎

‎" ရှင်တို့ နှစ်ယောက်က ဘယ်လို ပတ်သက်နေတာလဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်အား ကြည့်ကာ မေးမြန်းလိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း သတိထားမှုများ ပြည့်နှက်နေလေသည်။

‎

‎

‎ချီလျို၏အထောက်အထားကို အတည်ပြုပြီးဖြစ်သော်လည်း သူ၏သတိထားမှုကို မလျှော့ရဲသေးပေ။ စောစောက ကုချန်အပေါ် ချီလျို၏ အပြုအမူနှင့် လုပ်ရပ်များအရ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူ အလွယ်တကူ သိနိုင်လေသည်။

‎

‎

‎အရာအားလုံး မရှင်းလင်းသေးမီ သူ့အနေဖြင့် မည်သည့် အချက်အလက်ကိုမျှ ပြင်ပလူများအား သေချာပေါက် ထုတ်ဖော်ပြောပြမည် မဟုတ်ချေ။

‎

‎

‎" ကျွန်မရဲ့ အရှင်သခင်က ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ အရှင်သခင်ပါ "

‎

‎

‎ကုချန်၏ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ရာ ချီလျိုမှ ချက်ချင်းပင် ပြန်လည် ဖြေဆိုလိုက်၏။ သို့သော် ဤအဖြေ၏ရလဒ်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲသို့ ရောက်သွားသောအခါ ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

‎

‎

‎လက်ရှိ... ချီလျန်မျိုးနွယ်ရဲ့ အရှင်သခင်?! ဒီလူက ချီလျန်မျိုးနွယ် တစ်ခုလုံးကို အစေခံအဖြစ် သစ္စာခံခိုင်းထားတာလား?!

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်တပ်၍မရသော ဒေါသတစ်ခု ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ပြည့်နှက်သွားတော့၏။ သူသည် ကုချန်အား မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ၏ လှပသော မျက်လုံးများထဲတွင်လည်း ဖုံးကွယ်မထားနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေတော့သည်။

‎

All Chapters