← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 23 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 23 Ch. 309-310

‎အခန်း ( ၃၀၉ ) - သေခြင်းရှင်ခြင်း မရေရာမှု၊ စစ်မှန်သော လွတ်လပ်မှုနှင့် ပြောင်းလဲသွားသော ကံကြမ္မာ

‎

‎

‎

‎အချိန်လှိုင်းများ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသောအခါ ရှီမိုကောင်းကင်အရှင်သခင်သည် ရင်ထဲ၌ အေးစိမ့်မှုကို ခံစားလိုက်ရ၏။

‎

‎

‎" ဒါတော့ မဟုတ်တော့ဘူး..... "

‎

‎

‎အန္တရာယ်ရှိနေပြီဟူသော အသိစိတ်သည် ရှီမိုကောင်းကင်အရှင်သခင်၏ စိတ်ထဲ၌ ချက်ချင်းပေါ်ပေါက်လာ၏။

‎

‎

‎သူသည် အချိန်မြစ်၏ အထက်ပိုင်းမှ လွတ်မြောက်ပြီး လက်ရှိခေတ်ကာလသို့ ပြန်ရောက်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ သူ လုံးဝလွတ်မြောက်ခဲ့ခြင်း မရှိပေ။

‎

‎

‎သူ၏ ဝိညာဉ်ပြန်လည်ကောင်းမွန်လာခြင်းနှင့် သတိပြန်ဝင်လာခြင်းတို့မှာ လှည့်စားမှုသက်သက်သာ ဖြစ်သည်။

‎

‎

‎အမှန်စင်စစ်တွင် အချိန်မြစ်၏ တန်ပြန်သက်ရောက်မှုစွမ်းအားသည် သူ့အပေါ် သိမ်မွေ့စွာ သက်ရောက်နေဆဲဖြစ်ကာ သူ၏အာရုံခံစားမှုများကို ဝေဝါးစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပိုမိုအန္တရာယ်များသော အထက်ပိုင်းရေစုန်ကို လက်ရှိခေတ်ကာလဟု မှားယွင်းယုံကြည်ကာ အန္တရာယ်တွင်းထဲသို့ လုံးလုံးလျားလျား သက်ဆင်းမိသွားခဲ့ခြင်းပင် ဖြစ်သည်။

‎

‎

‎" သွားစမ်း!!! "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်သည် သူ၏ ရှိသမျှစွမ်းအားကုန်ကို အသုံးပြုကာ ဟိန်းဟောက်လိုက်၏။ သူ၏ အင်မော်တယ်ဘုရင်အဆင့်အစွမ်းနှင့် တာအိုတို့သည် အချိန်လှိုင်းများ၏ ကျူးကျော်မှုကို ခုခံရန် အစွမ်းကုန် ပွင့်လန်းလာလေတော့သည်။

‎

‎

‎သို့သော် သူ၏ကြိုးပမ်းမှုမှန်သမျှမှာ အချည်းနှီးသာ ဖြစ်ခဲ့၏။ ထိုအချိန်လှိုင်းမှာ သူ၏ လွတ်မြောက်ရာလမ်းအားလုံးကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ သူသည် အချိန်လှိုင်း၏ ဝါးမြိုခြင်းကို မတတ်သာဘဲ ကြည့်နေရတော့သည်။

‎

‎

‎" ဝူး... "

‎

‎

‎မြစ်ရေပြင်သည် ပြင်းထန်စွာ လှိုင်းထသွားလျက် ရှီမိုကောင်းကင်အရှင်သခင်ကို ဝါးမြိုသွားသော အချိန်လှိုင်းကြီးသည် ကျယ်ပြောလှသော မြစ်ရေပြင်ကြီးထဲသို့ ပျော်ဝင်ကာ အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။

‎

‎

‎သူ သွားပြီလား.....

‎

‎

‎ကုချန်၏အကြည့်မှာ မီးရှူးတိုင်တစ်ခုကဲ့သို့ အချိန်မြစ်၏ အထက်ပိုင်းသို့ စူးစိုက်ကြည့်နေ၏။ သို့သော် အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်သွားသည့်တိုင် မြစ်၏အထက်ပိုင်းမှာ တိတ်ဆိတ်နေဆဲပင်။

‎

‎

‎မြူဆိုင်းနေသော အချိန်ကာလ ချီအရှိန်အဝါများသည် အရာအားလုံးကို ဖုံးလွှမ်းထားကာ လှိုင်းကြက်ခွပ်လေးတစ်ခုမျှပင် မရှိတော့‌ချေ။ ရှီမိုကောင်းကင်အရှင်သခင်သည် အချိန်မြစ်ထဲသို့ ကျဆင်းသွားကတည်းက ပြန်ပေါ်မလာတော့ဘဲ လုံးဝကွယ်ပျောက်သွားသကဲ့သို့ ဖြစ်နေ၏။

‎

‎

‎သူ အတိတ်ကာလရဲ့ အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားတာလား.....

‎

‎

‎ကုချန်၏စိတ်ထဲ၌ တစ်စုံတစ်ခုကို နားလည်သွား၏။ ဤရှီမိုကောင်းကင်အရှင်သခင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အချိန်ကာလတစ်ခုခုတွင် ပိတ်မိသွားခြင်းသာ ဖြစ်နိုင်ကာ အသက်ဆုံးရှုံးသွားခြင်းမျိုးတော့ မဟုတ်နိုင်ပေ။

‎

‎

‎အကြောင်းမှာ အရှင်သခင်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး သေဆုံးပါက ထိုနယ်မြေတစ်ခုလုံး၏ တာအိုစနစ်မှာ တုန်လှုပ်ချောက်ချားသွားမည် ဖြစ်သောကြောင့်ပင်။ ရှီမိုကောင်းကင်အရှင်သခင်ကဲ့သို့ အစွမ်းထက်သူတစ်ဦး သေဆုံးခဲ့လျှင် ရှီမိုကောင်းကင်တစ်ခုလုံး သိရှိသွားမည်ဖြစ်ရာ ယခုကဲ့သို့ ငြိမ်သက်နေမည် မဟုတ်ပေ။

‎

‎

‎သို့သော် ကုချန်၏ အာရုံခံစားမှုအရ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေနှင့် အခြားနယ်မြေများမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ တာအိုစနစ်မှာလည်း ပြောင်းလဲခြင်း မရှိပေ။

‎

‎

‎ထို့ကြောင့် ရှီမိုကောင်းကင်အရှင်သခင်သည် သေဆုံးသွားခြင်း မရှိသေးဟု ယူဆနိုင်သည်။ အကယ်၍ သူ မသေဆုံးသေးလျှင် အချိန်မြစ်၏ အထက်ပိုင်းတွင် ပိတ်မိနေသည်ဆိုသည့် အချက်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်။

‎

‎

‎သို့သော်ရှီမိုကောင်းကင်အရှင်သခင်အတွက်မူ ဤသတင်းမှာ ကောင်းသောသတင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကာလ၌ ပိတ်မိနေခြင်းမှ အသေးငယ်ဆုံးသော လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်မိသည်နှင့်ပင် နောက်မျိုးဆက်များအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်လာနိုင်သည့်အပြင် သူ့အပေါ်ပါ တန်ပြန်ဒဏ်ခတ်မှုများ ဖြစ်လာနိုင်သည်ဖြစ်ရာ သူ့ကို အမှန်တကယ် အသက်ပျောက်စေနိုင်သည်ကြောင့် သူ၏ချီအရှိန်အဝါအားလုံးကို ဂရုတစိုက် ထိန်းချုပ်ထားရမည်ဖြစ်သလို မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ရဲမည် မဟုတ်သောကြောင့်ဖြစ်သည်။

‎

‎

‎" ဒါကတော့ တကယ်ကို..... "

‎

‎

‎ကုချန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။ ဤရှီမိုကောင်းကင်အရှင်သခင်သည် တိုက်ပွဲအလယ်၌ အချိန်မြစ်ထဲမှ တိုက်ခိုက်ရန် ကြိုးစားရင်း အချိန်မြစ်၏ ဒဏ်ခတ်မှုကို ခံလိုက်ရကာ ယခုကဲ့သို့ ကံကြမ္မာမရေရာသည့် အခြေအနေသို့ ရောက်သွားရခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်အရှင်သခင်နှင့် တိုက်ခိုက်ခဲ့ရသည့် ခဏတာမှာ ကုချန်အတွက် အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့သည်။ ထိုမျှ ခံနိုင်ရည်ရှိပြီး အရည်အချင်းရှိသော ပြိုင်ဘက်မျိုးမှာ တွေ့ရခဲလှသည်။

‎

‎

‎နှမြောစရာကောင်းသည်မှာ အချိန်မြစ်၏ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်လာပြီဖြစ်ရာ ရှီမိုကောင်းကင်အရှင်သခင်မှာ ခဏချင်းနှင့် ပြန်ထွက်လာနိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် ကုချန်သည် သူ၏အရှိန်အဝါကို ရုပ်သိမ်းကာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေသို့ ဆင်းသက်လာခဲ့၏။

‎

‎

‎" ဆရာသခင်... တိုက်ပွဲက ပြီးသွားပြီလားဟင် "

‎

‎

‎ကုချန် ပြန်ရောက်လာသည်ကို မြင်သောအခါ ချီမုန်သည် တုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်၏။ အဆုံးသတ်တွင် ဘာဖြစ်သွားသည်ကို သူ အလုံးစုံနားမလည်သော်လည်း ဆရာပြန်ရောက်လာပြီဖြစ်၍ တိုက်ပွဲပြီးဆုံးသွားပြီဟု ယူဆရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် ရလဒ်မှာ မည်သို့ဖြစ်သွားသနည်း။

‎

‎

‎ချီမုန်သာမကဘဲ အစည်းအဝေးခန်းမအတွင်းရှိ အခြားအကြီးအကဲများမှာလည်း ဝေဝေဝါးဝါး ဖြစ်နေကြ၏။ သူတို့အတွက် ကုချန်နှင့် ရှီမိုကောင်းကင်အရှင်သခင်တို့၏ အချိန်မြစ်ပေါ်မှ တိုက်ပွဲမှာ သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်၏စကားလုံးများမှာ သူတို့၏နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဖြစ်သွားရသည်။

‎

‎

‎" ဒီနေ့ကစပြီး... အနည်းဆုံးတော့ ဒီရှီမိုကောင်းကင်ထဲမှာ ချီလျန်မျိုးနွယ်က ဘယ်လိုမတရားမှုနဲ့ ဖိနှိပ်မှုကိုမှ ခံစားရတော့မှာ မဟုတ်ဘူး "

‎

‎

‎ကုချန်သည် အေးအေးဆေးဆေး ထိုင်လျက် တည်ငြိမ်စွာ ပြောလိုက်၏။ ရှီမိုကောင်းကင်အရှင်သခင်မှာ အချိန်မြစ်ထဲတွင် ပိတ်မိနေပြီဖြစ်ရာ မည်သည့်အချိန်တွင် ပြန်လွတ်လာမည်ကို မသိနိုင်သော်လည်း ခဏချင်းနှင့်တော့ မဖြစ်နိုင်ပေ။

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင် ပြန်မလာနိုင်ခြင်းမှာ ဤနယ်မြေတွင် ခေါင်းဆောင်မဲ့သွားခြင်းပင် ဖြစ်သည်။ ထို့အပြင် ယနေ့တိုက်ပွဲသတင်းမှာ ရှီမိုကောင်းကင်တစ်ခုလုံးသို့ မကြာမီပင် ပျံ့နှံ့သွားမည်ဖြစ်ရာ မည်သူကမှ ချီလျန်မျိုးနွယ်ကို လာရောက်ရန်စရဲတော့မည် မဟုတ်ပေ။

‎

‎

‎နောင်တစ်ချိန်တွင် ရှီမိုကောင်းကင်အရှင်သခင် ပြန်လည်ရောက်ရှိလာလျှင်ပင် ကုချန်၏ဂုဏ်သတင်းကြောင့် ချီလျန်မျိုးနွယ်ကို တိုက်ရိုက်ထိပါးရဲတော့မည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် မည်သို့ပင် ကြည့်စေကာမူ ယနေ့မှစ၍ ချီလျန်မျိုးနွယ်သည် စစ်မှန်သော တရားမျှတမှုနှင့် လွတ်လပ်မှုကို ရရှိသွားပြီ ဖြစ်သည်။ သို့သော် အကြီးအကဲများနှင့် ချီလုံတို့ကမူ ကုချန်၏စကားကို အခြားတစ်မျိုး အဓိပ္ပာယ်ကောက်ယူမိသွားကြသည်။

‎

‎

‎ရှီမိုကောင်းကင်၏ ခြိမ်းခြောက်မှု မရှိတော့ဘူးဆိုသည်မှာ ဆရာသခင်မှ ရှီမိုကောင်းကင်အရှင်သခင်ကို အပြတ်ရှင်းလိုက်ပြီဟု ဆိုလိုခြင်းလော။

‎

‎

‎ဤသို့တွေးမိလိုက်သည်နှင့် သူတို့အားလုံး တစ်ဦးကိုတစ်ဦး ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိကြ၏။ သူတို့၏ဆရာသခင်သည် ရှီမိုကောင်းကင်အရှင်သခင်ကို အမှန်တကယ်ပင် အနိုင်ယူလိုက်နိုင်ပြီ ဖြစ်သည်။

‎

‎

‎၎င်းကို အတည်ပြုရန် သူတို့ မမေးရဲကြသော်လည်း ချီလျန်မျိုးနွယ်၏ နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့သော ဆင်းရဲဒုက္ခများမှာ ယနေ့မှစ၍ လုံးလုံးလျားလျား ပြောင်းလဲသွားတော့မည်ဆိုသည်ကိုမူ သူတို့ အသေအချာ သိရှိလိုက်ကြလေတော့သည်။

‎

‎အခန်း ( ၃၁၀ ) - သက်ဝင်ယုံကြည်ခြင်း၊ အံ့အားသင့်တုန်လှုပ်ခြင်းနှင့် ပြောင်းပြန်လှန်လိုက်သော အခြေအနေ

‎

‎

‎

‎" ငါတို့ ချီလျန်မျိုးနွယ်... နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်ခဲ့ပြီပေါ့ "

‎

‎

‎တတိယအကြီးအကဲ၏ရင်ထဲ၌ ခံစားချက်များ လှိုင်းထလာကာ သူ၏မျက်ဝန်းအစုံတွင် မျက်ရည်များ စို့တက်လာလေ၏။

‎

‎

‎ချီလျန်မျိုးနွယ်သည် အရှက်ရမှုနှင့် ဖိနှိပ်မှုဒဏ်ကို မည်မျှကြာအောင် အောင့်အည်းသည်းခံခဲ့ရသနည်း။

‎

‎

‎အင်မော်တယ်လောက၌ ရှိစဉ်ကတည်းက ချီလျန်မျိုးနွယ်သည် တစ်ရက်မျှ စိတ်အေးချမ်းသာစွာ မနေခဲ့ရပေ။ သူတို့၏ အမျိုးသား၊ အမျိုးသမီးများသည် အချိန်မရွေး အဖမ်းခံရ၍ အင်မော်တယ်ဘုရင်မျိုးနွယ်များ၏ ကစားစရာဖြစ်သွားမည်ကို အမြဲတစေ စိုးရိမ်ခဲ့ကြရသည်။

‎

‎

‎ထို့ကြောင့် တစ်မျိုးနွယ်လုံး ပုန်ကန်ကာ နတ်ဆိုးနယ်မြေသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုစဉ်က ဤနယ်မြေသည် သူတို့အတွက် အစပြုမှုအသစ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ ကံဆိုးမှုများမှာ ပြီးဆုံးမသွားခဲ့ပေ။

‎

‎

‎နတ်ဆိုးနယ်မြေသို့ ရောက်လာသောအခါတွင်လည်း ရှီမိုကောင်းကင်၏ ဖိနှိပ်မှုသည် ချီလျန်မျိုးနွယ်ကို ပိုမိုခြောက်လှန့်ခဲ့၏။ မျိုးနွယ်စု တစ်ခုလုံး သုတ်သင်ခံရမည်ကို ကြောက်ရွံ့သဖြင့် အရှက်တရားကို ဘေးဖယ်ကာ သူတို့၏လူငယ်များကို အခြားနတ်ဆိုးနယ်မြေများသို့ အစေခံအဖြစ် စေလွှတ်ခဲ့ရသည်။

‎

‎

‎ချီလျန်မျိုးနွယ်၏ အခြေအနေမှာ အင်မော်တယ်လောကတွင် ရှိစဉ်ကထက် ထူးမခြားနားလှပေ။

‎

‎

‎အကြီးအကဲများဖြစ်ကြသော တတိယအကြီးအကဲတို့သည် မျိုးနွယ်စု၏ အနာဂတ်အတွက် စိတ်ပျက်အားငယ်နေကြသော်လည်း လူငယ်များ မတုန်လှုပ်စေရန် ဟန်ဆောင်အားပေးခဲ့ကြရသည်။ ဤကဲ့သို့သော နေ့ရက်များ မည်သည့်အချိန်တွင် ကုန်ဆုံးမည်ကို မည်သူမျှ မသိခဲ့ကြပေ။

‎

‎

‎မျိုးနွယ်စုတစ်ခုလုံး သေကျေပျက်စီးသွားမှပဲ ဒီဒုက္ခတွေ ပြီးဆုံးသွားမှာလား.....

‎

‎

‎ဤသည်မှာ တတိယအကြီးအကဲ၏ ယခင်က အတွေးဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ ထိုသို့သော စိတ်ပျက်စရာအတွေးများ မရှိတော့ပေ။ ချီလျန်မျိုးနွယ်တွင် အရှင်သခင်သစ် တစ်ဦး ရှိလာခဲ့လေပြီ။ သူသည် ချီလျန်မျိုးနွယ်အတွက် ကောင်းကင်တစ်ခုကို ထောက်မပေးခဲ့ကာ ရှီမိုကောင်းကင်အရှင်သခင်ကိုပင် မောင်းထုတ်နိုင်ခဲ့သည်။ သူသည် ချီလျန်မျိုးနွယ်အပေါ် နှစ်ပေါင်းသန်းချီ ဖုံးလွှမ်းခဲ့သော အမှောင်ထုကို လုံးဝဖယ်ရှားပေးလိုက်ပြီ ဖြစ်သည်။

‎

‎

‎ရင်ထဲမှ အလေးတုံးကြီးတစ်ခုကို ရုတ်တရက် ဖယ်ရှားလိုက်ရသကဲ့သို့ ခံစားချက်မျိုးကြောင့် တတိယအကြီးအကဲမှာ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေမိသည်။ အခြားအကြီးအကဲများမှာလည်း သူ့နည်းတူ အိပ်မက်မှ နိုးထလာသကဲ့သို့ပင်။

‎

‎

‎သူတို့သည် အဆုံးသတ်တွင် ဤအရာအားလုံးမှာ လှပသော အိပ်မက်တစ်ခု ဖြစ်သွားမည်ကို စိုးရိမ်နေကြသောကြောင့် ထိုခံစားချက်များကို တိတ်တဆိတ်သာ ခံစားနေကြကာ အသံကျယ်ကျယ် မထွက်ရဲကြချေ။

‎

‎

‎အကြီးအကဲများအားလုံးသည် ကုချန်၏ ရှေ့တွင် ဒူးထောက်နေကြဆဲ ဖြစ်၏။ သို့သော် ယခုအချိန်တွင် သူတို့၏ခံစားချက်မှာ ယခင်ကနှင့် လုံးဝကွာခြားသွားပြီ ဖြစ်သည်။

‎

‎

‎ယခင်က သူတို့သည် ကုချန်ကို မျှော်လင့်ချက်တစ်ခုအဖြစ်သာ သဘောထား၍ အညံ့ခံခဲ့ကြခြင်းဖြစ်သည်။ ရှီမိုကောင်းကင်အရှင်သခင် ရှိနေသရွေ့ ထိုမျှော်လင့်ချက်မှာလည်း ဝေဝါးနေဦးမည်သာ ဖြစ်၏။ သို့သော် ယခုမူ ချီလျန်မျိုးနွယ်သည် ကုချန်အပေါ် အကြွင်းမဲ့ သစ္စာရှိစွာဖြင့် အရှင်သခင်အဖြစ် လက်ခံလိုက်ကြပြီ ဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ်တစ်ခုလုံး ပျော်ရွှင်တက်ကြွနေစဉ်မှာပင်.....

‎

‎

‎နတ်ဆိုးနယ်မြေ၏ အပြင်ဘက်၌ စောင့်ကြည့်နေကြသော အင်မော်တယ်နတ်ဆိုးအရှင်များသည် ကြောင်တောင်တောင် ဖြစ်နေကြ‌လေ၏။ ကုချန် ချီလျန်မျိုးနွယ်ထဲသို့ ဆင်းသက်သွားပြီးနောက် ကောင်းကင်ယံမှ အချိန်မြစ်ပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

‎

‎

‎" ဘာ... ဘာတွေ ဖြစ်သွားတာလဲ... အဲ့ဒီလူက ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ... တိုက်ပွဲက ပြီးသွားပြီလား "

‎

‎

‎" ငါတို့ရဲ့ အရှင်ကော... အရှင်က ဘယ်ရောက်သွားတာလဲ "

‎

‎

‎" ခုနတင် အဲ့ဒီမြစ်ပေါ်မှာ ရှိနေသေးတာ မဟုတ်လား... ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ "

‎

‎

‎" ဒါ... ဒါဆိုရင် အရှင်က..... "

‎

‎

‎" လျှောက်မပြောနဲ့... အဲ့ဒီလူက ငါတို့အရှင်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

‎

‎

‎နတ်ဆိုးအရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လျက် ဖြစ်ပျက်သွားသည်တို့ကို နားမလည်နိုင်ဘဲ ရှိနေကြသည်။ တိုက်ပွဲ အရှိန်ကောင်းနေစဉ်မှာပင် ရှီမိုကောင်းကင်အရှင်သခင်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏နိမိတ်များ ပြောင်းလဲခြင်း မရှိသဖြင့်သာ ရှီမိုကောင်းကင်အရှင်သခင် အသတ်ခံလိုက်ရပြီဟု သူတို့ မယူဆခြင်း ဖြစ်သည်။

‎

‎

‎သို့သော် အရှင်သခင်၏ ပျောက်ကွယ်သွားမှုသည် သူတို့၏ ရင်ထဲ၌ အေးစိမ့်မှုကို ဖြစ်ပေါ်စေ၏။ ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့ မြင်တွေ့ခဲ့ရသည့်အတိုင်းဆိုလျှင် အနည်းဆုံးတော့ ရှီမိုကောင်းကင်အရှင်သခင်နှင့် ရင်ဘောင်တန်းနိုင်သော အစွမ်းမျိုး ရှိလေသည်။

‎

‎

‎ထိုမျှ အစွမ်းထက်သူမှ ယခု ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးနေခြင်းမှာ အဓိပ္ပာယ် အလွန်ရှင်းလင်းနေ၏။ ဤချီလျန်မျိုးနွယ်သည် သူ၏ အကာအကွယ်အောက်သို့ ရောက်သွားပြီ ဖြစ်သည်။

‎

‎

‎" ချီလျန်မျိုးနွယ်ကတော့ တကယ်ကို ကံကောင်းတာပဲ... ဘယ်တုန်းက ဒီလို အစွမ်းထက်တဲ့ နောက်ခံကို ရှာလိုက်တာလဲ "

‎

‎

‎" ဒါက အင်မော်တယ်ဘုရင်နဲ့ တူတူပဲ... ဒီလူရှိနေသရွေ့ ဘယ်သူကမှ ချီလျန်မျိုးနွယ်ကို ထိရဲမှာ မဟုတ်တော့ဘူး "

‎

‎

‎" မြန်မြန်... ရှီမိုကောင်းကင်ကို ပြန်ပြီးတော့ နတ်ဆိုးအရှင်တွေကို သတင်းပို့ကြ "

‎

‎

‎" မင်းတို့ နယ်မြေတွေထဲမှာ အစေခံလုပ်နေတဲ့ ချီလျန်မျိုးနွယ်ဝင်တွေ ရှိသေးလား ကြည့်ဦး... ရှိရင် ချက်ချင်း ချီလျန်မျိုးနွယ်ဆီ ပြန်ပို့လိုက်တော့... နောက်မကျစေနဲ့ "

‎

‎

‎နတ်ဆိုးအရှင်များသည် ယနေ့ဖြစ်ရပ်၏ အကျိုးသက်ရောက်မှုမှာ မည်မျှ ကြီးမားမည်ကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။ ရှီမိုကောင်းကင်အရှင်သခင်နှင့် ထိုလျှို့ဝှက်ဆန်းပြားသူတို့ တိုက်ခိုက်ခဲ့သော်လည်း အနိုင်အရှုံး မပေါ်ဘဲ အရှင်သခင်မှာ ပျောက်ကွယ်သွား၏။ ထို့အပြင် ထိုအင်မော်တယ်ဘုရင်အဆင့်ရှိသူမှာ ယခု ချီလျန်မျိုးနွယ်၏ အကာအကွယ်ပေးသူ ဖြစ်နေလေသည်။

‎

‎

‎ဤသတင်းနှစ်ခုမှာ ရှီမိုကောင်းကင်တစ်ခုလုံးကိုသာမက အခြားနတ်ဆိုးနယ်မြေများကိုပါ တုန်လှုပ်သွားစေမည် ဖြစ်သည်ကြောင့် နတ်ဆိုးအရှင်များသည် အချိန်မဆွဲတော့ဘဲ သတင်းပို့ရန် မိမိတို့နယ်မြေများသို့ အမြန်ပြန်သွားကြတော့သည်။

‎

‎

‎အထူးသဖြင့် မိမိတို့နယ်မြေတွင် ချီလျန်မျိုးနွယ်ဝင်များကို အစေခံခိုင်းထားကြသူများမှာ ပို၍ပင် အလျင်စလို ဖြစ်နေကြတော့သည်။ ယခင်က ချီလျန်မျိုးနွယ်ဝင်များသည် ဟန်ယိုထျန်းကျွင်းမှ ချီမုန်ကို အကောက်ကြံခဲ့သကဲ့သို့ပင် နယ်မြေအသီးသီးတွင် အနှိမ်ခံရခြင်း၊ အကောက်ကြံခံရခြင်းများကို ကြုံတွေ့ခဲ့ကြရ၏။ ချီမုန်မှာ ဉာဏ်ကောင်းသဖြင့် လွတ်မြောက်ခဲ့သော်လည်း အခြားသူများမှာမူ ထိုကဲ့သို့ ကံမကောင်းခဲ့ကြပေ။

‎

‎

‎ယခင်ကဆိုလျှင် ရှီမိုကောင်းကင်အရှင်သခင်ကိုယ်တိုင်ကပင် ချီလျန်မျိုးနွယ်၏ ဖိနှိပ်ခံရမှုကို လျစ်လျူရှုထားခဲ့သောကြောင့် မည်သူမျှ ဤကိစ္စများကို ဂရုမစိုက်ခဲ့ကြပေ။

‎

‎

‎သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားလေပြီ။ အင်မော်တယ်ဘုရင်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် ချီလျန်မျိုးနွယ်၏ နောက်ကွယ်တွင် ရှိနေသည်ဖြစ်ရာ မည်သူကမှ ချီလျန်မျိုးနွယ်ကို မထိရဲတော့ပေ။

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင် ကိုယ်တိုင်ပင်လျှင် ထိုသူကို မနိုင်ခဲ့သည့်အပြင် ဘယ်ရောက်သွားသည်ကိုပင် မသိရတော့သည်ဖြစ်ရာ နတ်ဆိုးအရှင်များသည် သူတို့နယ်မြေသို့ ပြန်ရောက်သည်နှင့် နည်းဗျူဟာများကို ပြောင်းလဲကာ ချီလျန်မျိုးနွယ်ဝင်များကို ရိုရိုသေသေဖြင့် ပြန်လည်စေလွှတ်ကြရတော့မည် ဖြစ်သည်။

‎

‎

‎အကယ်၍ ထိုချီလျန်မျိုးနွယ်ဝင်များတွင် တစ်စုံတစ်ရာ ထိခိုက်မှုရှိခဲ့ပါလျှင် ထိုကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်သည် သူတို့ကိုပါ သတ်ဖြတ်ပစ်မည်ကို စိုးရိမ်ရ‌၏။

All Chapters