← Chapters

အခန်း ၅၉၂

Vol. 43 Ch. 592

အခန်း ၅၉၂

Vol. 43 Ch. 592

အခန်း (၅၉၂) - ထောင်ချောက်ဆင်ခြင်း၊ လျှို့ဝှက်ပူးပေါင်းမှုနှင့် ကိုယ်ပိုင်အကြံအစည်များ

" ရှာနာပန်း… "

နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်၏ လက်ဖဝါးထဲရှိ လျှို့ဝှက်ဆန်းကြယ်သော မျိုးစေ့လေးကို ကြည့်လိုက်ရာ သူ၏ မျက်ခုံးကြားတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။

ဤရှာနာပန်း၏ အာနိသင်များမှာ ချီဖျန့်ဧကရာဇ် ပြောသလောက် ရိုးရှင်းမည်မဟုတ်ကြောင်း သူ သိထား၏။

သို့သော် ထိုကဲ့သို့သော ကိစ္စရပ်များမှာ တစ်ဖက်လူ၏ အဓိက လျှို့ဝှက်ချက်များနှင့် သေချာပေါက် ပတ်သက်နေမည်ဖြစ်သဖြင့် နတ်ဆိုးဧကရာဇ်ကြီးက ဆက်လက်မေးမြန်းရန် မသင့်လျော်ကြောင်း ခံစားလိုက်ရလေသည်။

သို့သော် ဤရှာနာပန်းသည် ချီဖျန့်ဧကရာဇ်ပြောသလို အမှန်တကယ်ပင် အံ့မခန်းဖြစ်ခဲ့ပါက ရှာနာကို ထောင်ချောက်ထဲသို့ အမှန်တကယ် သွေးဆောင်နိုင်ပေလိမ့်မည်။ နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်ထဲတွင် လိုချင်တပ်မက်မှုတစ်ခု ဖြစ်ပေါ်လာ၏။

ဤရှာနာပန်း ရှိနေကြောင်းကို ချီဖျန့်ဧကရာဇ်ကသာ သူ့အား မပြောပြခဲ့ပါက နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်တောင်မှ တစ်ခါမျှ မကြားဖူးခဲ့ချေ။

ရှာနာသည်လည်း ရှာနာပန်း ရှိနေကြောင်းကို သေချာပေါက် မသိနိုင်သကဲ့သို့ ဤရှာနာပန်းနှင့် ချီဖျန့်ဧကရာဇ်ကြားရှိ ဆက်နွှယ်မှုကိုလည်း လုံးဝ သိနိုင်မည်မဟုတ်ပေ။

ထို့အပြင် ဤရှာနာပန်းသည် ရှာနာကျင့်ကြံသော ရှာနာတာအိုနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသဖြင့် အကယ်၍ သူသာ ၎င်းရှိနေကြောင်းကို သိရှိသွားပါက ၎င်းကို ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားမည်မှာ သေချာပေသည်။

ထို့ကြောင့် ဤရှာနာပန်း ရှိနေခြင်းက ရှာနာကို ထောင်ချောက်ထဲသို့ သွေးဆောင်ရန် အစာတစ်ခုရှိနေခြင်းနှင့် အတူတူပင်ဖြစ်၏။

ချီဖျန့်ဧကရာဇ်မှ ဤရှာနာပန်း ရှိနေကြောင်းကို ဖော်ထုတ်ပြလိုက်ချိန်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး နားလည်သွားခဲ့၏။

အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်ကြီးမှ သတင်းအချက်အလက်အများစုကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း မြင်သောအခါ ချီဖျန့်ဧကရာဇ်မှ ဆက်လက် ပြောဆိုလေသည်။

" ဒီရှာနာပန်းက နတ်ဆိုးနယ်မြေမှာ အရင်က တစ်ခါမှ မထွက်ပေါ်ခဲ့ဖူးဘူး… ငါက ဒါကို တားမြစ်နယ်မြေတစ်ခုကနေ မတော်တဆ ထွက်ပေါ်လာတဲ့အရာတစ်ခုအဖြစ် ဟန်ဆောင်ပြီး ရှာနာကို သိအောင် လုပ်လိုက်ရုံပဲ… သူက သေချာပေါက် စိတ်ဝင်စားသွားပြီး ဒီရှာနာပန်းကို ရဖို့ လိုချင်လာလိမ့်မယ် "

" အဲ့ဒီအချိန်ကျရင် ငါက အဲ့ဒီတားမြစ်နယ်မြေမှာ လွတ်လမ်းမရှိတဲ့ ထောင်ချောက်တစ်ခုကို ကြိုပြီး ဆင်ထားလိမ့်မယ်… သူက အဲ့ဒီထဲကို ဝင်လာခဲ့လို့ကတော့ သူ သေချာပေါက် သေစေရမယ်! "

တကယ်ကို ကောင်းမွန်သော အစီအစဉ်တစ်ခုပင်။

နတ်ဆိုးဧကရာဇ်ကြီးသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးနောက် မေးမြန်းလိုက်၏။

" ဒီရှာနာပန်းက ရှာနာကို ဆွဲဆောင်နိုင်ပေမယ့် ချူးဧကရာဇ်ကိုတော့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး… တကယ်လို့ ရှာနာတစ်ခုခုဖြစ်သွားရင် ချူးဧကရာဇ်က သေချာပေါက် သတိထားမိလိမ့်မယ်… မင်းက တိတ်တဆိတ် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာ… ဒါဆို ချူးဧကရာဇ်ကို ကိုင်တွယ်ဖို့ ဘယ်လိုစီစဉ်ထားလဲ "

ဤအစီအစဉ်က ရှာနာကို ထောင်ချောက်ထဲသို့ အမှန်တကယ် သွေးဆောင်နိုင်သော်လည်း ချူးဧကရာဇ်ကိုပါ မည်သို့ သွေးဆောင်နိုင်မည်နည်း။

ဤရှာနာပန်းသည် မဟာတာအို နတ်ဘုရားရတနာတစ်ခုဖြစ်ပြီး ရှာနာအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ရှိသော်လည်း ချူးဧကရာဇ်အတွက်မူ ထိုသို့မဟုတ်ပေ။

" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ် စိတ်ချပါ… ငါက ဒီအချက်ကို စောစောကတည်းက စဉ်းစားထားပြီးသားပါ "

ချီဖျန့်ဧကရာဇ်မှ အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

" ငါက အဲ့ဒီ 'တားမြစ်နယ်မြေ' ကို ရှာနာ မခွဲခြားနိုင်အောင် လုံးဝ ဟန်ဆောင်ထားမယ်… ပြီးရင် တားမြစ်နယ်မြေကို ငါ ထိန်းချုပ်ပြီး ရှာနာကို အဲ့ဒီထဲမှာ ပိတ်လှောင်ထားပြီးတော့ သေခြင်းရှင်ခြင်းကြားက အခြေအနေတစ်ခုကို ဖန်တီးလိုက်မယ် "

" ရှာနာနဲ့ ချူးဧကရာဇ်တို့က မဟာမိတ်တွေ ဖြစ်နေကြပြီပဲ… ဒီလိုအချိန်မျိုးမှာ သူက ချူးဧကရာဇ်ဆီကနေ သေချာပေါက် အကူအညီတောင်းလိမ့်မယ်… ချူးဧကရာဇ် ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါက ပိုက်ကွန်ကို ကျုံ့လိုက်ပြီး သူတို့နှစ်ယောက်စလုံးကို အဲ့ဒီထဲမှာ အပြီးအပိုင် ပိတ်လှောင်ပြီး လုံးဝ ဖယ်ရှားပစ်လိုက်မယ်! "

" သေချာတာပေါ့… ချူးဧကရာဇ် မရောက်လာခဲ့ရင်တောင် ကိစ္စမရှိပါဘူး… သူတို့နှစ်ယောက်ထဲက တစ်ယောက် သေသွားပြီး နောက်တစ်ယောက်က တစ်ခုခုကို ရိပ်မိသွားရင်တောင်မှ တစ်ယောက်တည်းဖြစ်သွားလို့ ဘာအန္တရာယ်မှ မပေးနိုင်တော့ဘူးလေ “

ချီဖျန့်ဧကရာဇ်၏ လေသံတွင် အောင်နိုင်ခြင်း အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

သူ၏အဆိုပြုချက်ကို နတ်ဆိုးဧကရာဇ်ကြီးမှ သဘောမတူစရာ အကြောင်းပြချက် မရှိနိုင်ဟု သူ ယူဆထား၏။

အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်မှာ အဓိကအားဖြင့် နတ်ဆိုးဧကရာဇ်ကြီး၏ အဓိကရန်သူဖြစ်သော ရှာနာကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ချူးဧကရာဇ် လွတ်သွားသည်ဖြစ်စေ၊ မလွတ်သွားသည်ဖြစ်စေ ၎င်းက နတ်ဆိုးဧကရာဇ်ကြီးကို ထိခိုက်မှု မရှိပေ။

ရှာနာ သေသွားမည်ဆိုလျှင် သူက အခြားဘာကိုမှ ဂရုစိုက်မည်မဟုတ်ချေ။

ထို့ကြောင့် သူ၏နည်းဗျူဟာကို နတ်ဆိုးဧကရာဇ်ကြီးမှ သဘောတူလိမ့်မည်ဟု ချီဖျန့်ဧကရာဇ်က လုံးဝ သေချာနေခဲ့၏။

ချူးဧကရာဇ်နှင့် ပတ်သက်၍မူ ရှာနာသာ အန္တရာယ်ကြုံတွေ့နေရပါက သူ ကူညီရန် လာလိမ့်မည်ဟု ချီဖျန့်ဧကရာဇ်က ယုံကြည်ထား၏။ သို့သော် သူ မလာခဲ့လျှင်တောင် ကိစ္စမရှိပေ။ ရှာနာကို ဖယ်ရှားပြီးနောက် ချူးဧကရာဇ်ကို နှိမ်နင်းရန် အခွင့်အရေးကို သူ ဖြည်းဖြည်းချင်း ရှာဖွေနိုင်လေသည်။

ကွေ့ရွှီးနယ်မြေတွင် ချူးဧကရာဇ်ကို ဖိနှိပ်ပြီး ရိုက်နှက်ခဲ့သော ကုချန်နှင့် ပတ်သက်၍ကော။

အစောပိုင်းက ချီဖျန့်ဧကရာဇ်သည် သူ့အကြောင်းကို အတော်လေး စိုးရိမ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် စဉ်းစားကြည့်သောအခါ ရှာနာ၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်မှာ လုံးဝ ကြောက်ရွံ့စရာ မလိုကြောင်း ချီဖျန့်ဧကရာဇ် ခံစားခဲ့ရ၏။

ယခင်က ချီဖျန့်ဧကရာဇ်၏ အမြင်တွင် ကုချန်မှာ နတ်ဆိုးဧကရာဇ် မဟာအစီအရင်နှင့် ပေါင်းစပ်ထားသော ချူးဧကရာဇ်ကို ဖိနှိပ်ရိုက်နှက်နိုင်စွမ်းရှိသည့် စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှု၏ ပြယုဂ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ သူ၏ စွမ်းအားမှာ ခန့်မှန်းရန်ပင် ခက်ခဲလှပေသည်။

သို့သော် သေချာစွာ ပြန်လည် စဉ်းစားကြည့်သောအခါ ၎င်းမှာ ဤလူအနည်းငယ်က ဖန်တီးထားသော ပြဇာတ်တစ်ခုမျှသာ ဖြစ်နိုင်ပေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်မှာ မည်မျှပင် စွမ်းအားကြီးမားနေပါစေ နတ်ဆိုးဧကရာဇ် မဟာအစီအရင်နှင့် ပေါင်းစပ်ထားသော ချူးဧကရာဇ်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သူတို့က သူတို့ရဲ့ စွမ်းအားအပြည့်ကို လုံးဝ မသုံးခဲ့တာပဲ ဖြစ်နိုင်လိမ့်မယ်။

အဲ့ဒါက သူ့ကို လှည့်စားပြီး အငိုက်မိသွားအောင် လုပ်ဖို့ သက်သက်ပဲ!

စဉ်းစားကြည့်လျှင် ဤလောကတွင် ဤမျှ အစွမ်းထက်သော နတ်ဆိုးဧကရာဇ်မျိုး ဘယ်မှာရှိမည်နည်း။

နတ်ဆိုးနယ်မြေတစ်ခုလုံး၏ အဆုံးမဲ့ နှစ်ကာလများတစ်လျှောက်လုံးတွင် ယခုလို လူမျိုး တစ်ခါမျှ မတွေ့ဖူးခဲ့ပါဘဲနှင့် ယခုမှ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာသည်တဲ့လော။

ဤအရာမှာ ရှင်းလင်းစွာပင် မဖြစ်နိုင်ပေ။

ဤအချက်များကို သူ နားလည်သွားသောကြောင့်ပင် ချီဖျန့်ဧကရာဇ်သည် ကုချန် ရှိနေခြင်းကို အလေးမထားတော့ခြင်း ဖြစ်သည်။

ထို့အပြင် ရှာနာ၏ နောက်ကွယ်တွင် နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး ရှိနေကြောင်းကို သူ နတ်ဆိုးဧကရာဇ်ကြီးအား မဖော်ထုတ်ခဲ့ခြင်းမှာ မြေခွေးအိုကြီးဖြစ်သော နတ်ဆိုးဧကရာဇ်ကြီးသည် တတိယမြောက် နတ်ဆိုးဧကရာဇ်တစ်ပါး ပါဝင်ပတ်သက်နေကြောင်း သိရှိသွားပါက သူနှင့် မဟာမိတ်ဖွဲ့ရန် ရုတ်တရက် ကြောက်ရွံ့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

နတ်ဆိုးဧကရာဇ်ကြီး၏ အလွန်အမင်း သတိထားတတ်သော သဘာဝအရ ဤသို့ဖြစ်နိုင်ခြေ များလွန်းလှပေသည်။

ထို့ကြောင့် ချီဖျန့်ဧကရာဇ်သည် ကုချန် ရှိနေခြင်းကို တမင်တကာ ဖုံးကွယ်ထားခဲ့၏။ သူ၏အမြင်တွင်မူ နတ်ဆိုးဧကရာဇ်ကြီးနှင့် သူ အတူတကွ လှုပ်ရှားကာ ရှာနာကို အရင်သတ်ပစ်နိုင်ခဲ့သည့် အချိန်ရောက်မှ နတ်ဆိုးဧကရာဇ်ကြီး ဤအကြောင်းကို သိသွားလျှင် ကျိန်းသေ နောက်ကျသွားပြီပင်။

ထိုအချိန်ရောက်သည့်အခါ ချူးဧကရာဇ်နှင့် လျှို့ဝှက်နတ်ဆိုးဧကရာဇ်တစ်ပါး၏ ခြိမ်းခြောက်မှုနှင့်အတူ နတ်ဆိုးဧကရာဇ်ကြီးသည် မလိုလားလျှင်တောင်မှ သူနှင့်အတူ အခိုင်အမာ ပူးပေါင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။ တစ်ဖက်လူကို တစ်ယောက်ချင်းစီ အနိုင်ယူရန် အခွင့်အရေး ပေးဝံ့မည်မဟုတ်ချေ။

ဤအရာမှာ ချီဖျန့်ဧကရာဇ်၏ လျှို့ဝှက်အကြံအစည်ပင် ဖြစ်၏။

ရှာနာနှင့် ချူးဧကရာဇ်တို့အပြင် တတိယမြောက် 'လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်' တစ်ပါး ရှိနေကြောင်းကို နတ်ဆိုးဧကရာဇ်ကြီးက သဘာဝကျကျပင် မသိခဲ့ပေ။

သို့သော် ဤအချက်က နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်ကို အပြည့်အဝ ယုံကြည်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

သူ၏ကိုယ်ပိုင် သတိထားတတ်သော သဘာဝနှင့် သူ မကြာသေးမီက သိခဲ့ရသော ဟောကိန်းနှစ်ခုစလုံး၏ ရလဒ်အရ နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်အား အပြည့်အဝ ယုံကြည်လိမ့်မည်မဟုတ်ပေ။

" တာအိုမိတ်ဆွေ ချီဖျန့်က အရာအားလုံးကို အပြည့်အဝ ပြင်ဆင်ထားပြီးသားပဲ "

နတ်ဆိုးဧကရာဇ်ကြီးမှ ပြုံးလျက် ပြောလိုက်ပြီးနောက် သိမ်မွေ့စွာ ဖြည့်စွက်ပြောဆိုလိုက်၏။

" စကားမစပ်… နောက်ထပ် တစ်ခုရှိသေးတယ်… ဒီတစ်ကြိမ် ရှာနာကို ကိုင်တွယ်ရာမှာ အင်မော်တယ်ဘုရင်အဆင့်က လူငယ်တစ်ယောက်ကို အမြင်ကျယ်သွားအောင် ငါ ခေါ်သွားမယ်… တာအိုမိတ်ဆွေ ချီဖျန့်ဧကရာဇ်အနေနဲ့ သဘောမတူတာ မရှိဘူးမလား "

အင်မော်တယ်ဘုရင်တစ်ပါးကို အမြင်ကျယ်သွားအောင် ခေါ်သွားမယ် ဟုတ်လား။

ဤစကားကို ကြားသောအခါ ချီဖျန့်ဧကရာဇ်မှာ မကျေနပ်မှုတစ်ခုကို ခံစားလိုက်ရကာ မျက်မှောင်ကျုံ့သွား၏။

ဒါက နတ်ဆိုးဧကရာဇ်တစ်ပါးကို လျှို့ဝှက်စွာ အကွက်ဆင်မယ့် ကြီးမားတဲ့ ကိစ္စကြီးတစ်ခုလေ။ ကလေးကစားစရာလို့ ထင်နေတာလား။ အင်မော်တယ်ဘုရင်တစ်ပါးကို အမြင်ကျယ်သွားအောင် ခေါ်သွားမယ်တဲ့။

သို့သော် သူသည် မကျေနပ်သော်လည်း ၎င်းကို ကြီးကျယ်သော ကိစ္စရပ်တစ်ခုဟု မထင်ခဲ့ပေ။ အင်မော်တယ်ဘုရင်လေး တစ်ပါးသာ ဖြစ်ရာ မည်သည့်အရာကိုမျှ ထိခိုက်စေမည်မဟုတ်ချေ။ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးအတွက် သူ့ကိုယ်သူနှင့် နတ်ဆိုးဧကရာဇ်ကြီးကြားရှိ ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေရန် သူ့ကို ခေါ်သွားခြင်းက အဆင်ပြေပါ၏။

ဤသို့ တွေးလိုက်ရင်းဖြင့် ချီဖျန့်ဧကရာဇ်သည် သူ၏ မကျေနပ်မှု အနည်းငယ်ကို ဖိနှိပ်ထားကာ ဂရုမစိုက်ဟန်ဆောင်လျက် မှိန်ဖျော့စွာ ပြုံးလိုက်၏။

" ဟက်ဟက်… အင်မော်တယ်ဘုရင် တစ်ပါးတည်းပဲဟာ… တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ် စိတ်ကြိုက် လုပ်နိုင်ပါတယ် "

" ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့ "

နတ်ဆိုးဧကရာဇ်ကြီးကလည်း အလားတူပင် ပြုံး၍ ခေါင်းညိတ်ကာ ပြောဆိုလိုက်လေသည်။

All Chapters