← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 33 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 33 Ch. 461-462

‎အခန်း ( ၄၆၁ ) - ဗေဒင်တွက်ချက်မှု မရှိခြင်း၊ ဒေါသထွက်ဖွယ်ရာ ဖြစ်ရပ်၊ အစီအရင် ကျရှုံးသွားခြင်း

‎

‎

‎

‎ကုချန်က ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ကံကြမ္မာက သတ်မှတ်ထားလို့ပဲ အရာအားလုံးက သုညဖြစ်သွားမယ်ဆိုတာကို ရည်ညွှန်းတဲ့အနေနဲ့ ဗေဒင်လက္ခဏာက သန့်စင်တဲ့ ဟွမ်သွမ့်အခြေအနေကိုပဲ ပြသနေတာများလား။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် မှုန်ကုပ်နေလေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ လုပ်ရပ်က သူ့ကို အမှန်တကယ်ပင် နာကျင်စေခဲ့၏။ နတ်ဆိုးဧကရာဇ်နှလုံးသားကို မရရှိခြင်းမှာ ဘာမှမဟုတ်သော်လည်း ကုချန်သာ တစ်စုံတစ်ရာ ဒုက္ခကြုံတွေ့ခဲ့ရ၍ နတ်ဆိုးဧကရာဇ်ကြီး၏ 'ကံကြမ္မာဖန်တီးမှုကြီး' ကို ဖြတ်တောက်လိုက်မည်ဆိုပါက ၎င်းမှာ သူ လုံးဝ လက်ခံနိုင်မည် မဟုတ်သော အရာပင် ဖြစ်သည်။

‎

‎

‎" ငါကိုယ်တော် ဒါကို မယုံနိုင်ဘူး "

‎

‎

‎မကောင်းဆိုးဝါးများကို မယုံကြည်သော နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အတွက် နောက်တစ်ကြိမ် ဗေဒင်တွက်ချက်ရန် ဆုံးဖြတ်လိုက်၏။

‎

‎

‎အကယ်၍ ဗေဒင်ရလဒ်သာ အဆင်မပြေပါက ကုချန် အန္တရာယ်ကြုံတွေ့ခြင်းမှ ကာကွယ်ရန်အတွက် ရှာနာနတ်ဆိုးဧကရာဇ် ခင်းကျင်းထားသော မဟာအစီအရင်ထဲမှ တတ်နိုင်သမျှ မြန်မြန် လွတ်မြောက်နိုင်ရန် ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရန် သူ ပြင်ဆင်ထားလေသည်။

‎

‎

‎ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ်ကြီးမှာ အတည်ပေါက်ဖြစ်နေ၍ သူ၏လက်ချောင်းထိပ်များမှပင် အနှစ်သာရသွေး သုံးစက်ကို ညှစ်ထုတ်ကာ ကျောက်စိမ်းဖြူလိပ်ခွံပေါ်သို့ လိမ်းကျံလိုက်လေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်ဆိုသည်မှာ ကြီးမားလှသော စွမ်းအင်များ ပါဝင်နေ၏။ အနှစ်သာရသွေး တစ်စက်ကို ဖန်တီးနိုင်ရန် နတ်ဆိုးဧကရာဇ်ကြီးပင်လျှင် အနည်းဆုံး နှစ်တစ်သိန်းခန့် အပင်ပန်းခံ ကျင့်ကြံရပေသည်။ ဤအနှစ်သာရသွေး သုံးစက်မှာ သူ၏ နှစ်သုံးသိန်းကြာအောင် အပင်ပန်းခံ ကျင့်ကြံခဲ့ရမှုများကို ကိုယ်စားပြုနေလေသည်။

‎

‎

‎" ဝှစ်...! "

‎

‎

‎အနှစ်သာရသွေးသုံးစက်၏ ပံ့ပိုးမှုဖြင့် ကျောက်စိမ်းဖြူလိပ်ခွံမှာ ချက်ချင်းပင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။

‎

‎

‎အတွေးတစ်ချက်ဖြင့် နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏ကံကြမ္မာကို နောက်တစ်ကြိမ် စတင်တွက်ချက်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ အနှစ်သာရသွေးသုံးစက် ထည့်သွင်းလိုက်သောကြောင့် ကျောက်စိမ်းဖြူလိပ်ခွံပေါ်၌ ဝေဝါးသော ပုံစံများ ထွက်ပေါ်လာတော့မည့်ဟန် ရှိလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ သူ စတေးလိုက်သော အနှစ်သာရသွေး သုံးစက်မှာ အမှန်တကယ်ပင် အသုံးဝင်ခဲ့လေသည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး သိပ်ကြာကြာ ဝမ်းမသာလိုက်ရခင်မှာပင် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်း အေးခဲသွားခဲ့၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ပေါ်လာသော ဝေဝါးသည့် ပုံစံများမှာ စက္ကန့်တစ်သောင်းပုံ တစ်ပုံမျှပင် မကြာလိုက်ဘဲ ရုတ်တရက် ပျောက်ကွယ်သွား၍ တစ်စုံတစ်ခုသော စွမ်းအားဖြင့် အတင်းအဓမ္မ ဖျက်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။ ကျောက်စိမ်းဖြူလိပ်ခွံမှာလည်း ယခင်ကဲ့သို့ပင် ဟွမ်သွမ့်ချီများဖြင့် တစ်ဖန် ပြန်လည် ပြည့်နှက်သွားခဲ့လေသည်။

‎

‎

‎ထိုမျှမကသေးဘဲ ဤကျောက်စိမ်းဖြူလိပ်ခွံဖြင့် ဗေဒင်တွက်ချက်မှုမှာ တားမြစ်ချက် တစ်ခုခုကို သွားရောက်ထိတွေ့မိသကဲ့သို့ ရှိနေလျက် တုန်လှုပ်ဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် တိတ်တဆိတ် ပျံ့နှံ့လာရာ နတ်ဆိုးဧကရာဇ်ကြီးမှာ ရင်နာလွန်းလှသဖြင့် သူ၏ဗေဒင်တွက်ချက်မှု စွမ်းအားများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ရလေသည်။

‎

‎

‎ကောင်းကင်ဘုံရေ... ဒါက သူ အမြတ်နိုးဆုံး အရာပါ!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏စိတ်ထဲ၌ ရူးသွပ်စွာ အော်ဟစ်လိုက်လေ၏။ သူ၏နှလုံးသားထဲတွင် ကျောက်စိမ်းဖြူလိပ်ခွံမှာ သူ၏ ဧကရာဇ်လက်နက်ထက်ပင် ပိုမိုမြင့်မားလေသည်။ ထို့အပြင် ဤကျောက်စိမ်းဖြူလိပ်ခွံကို မသိရှိနိုင်သော မြင့်မြတ်သည့် အရာတစ်ခုခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် မာကျော၍ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ၎င်းကို အနည်းငယ်မျှပင် လှုပ်ခါသွားစေအောင် ပြုလုပ်နိုင်ခြင်းမရှိပေ။

‎

‎

‎သို့သော် ယခုမူ သူသည် ဗေဒင်တွက်ချက်ရုံမျှသာ လုပ်ခဲ့သော်လည်း ဤကျောက်စိမ်းဖြူလိပ်ခွံမှာ အက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

‎

‎

‎ထိုခံစားချက်က ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှု တစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ပင်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်ထဲတွင်ပင် ဖော်ပြ၍မရနိုင်လောက်သော ကြောက်ရွံ့ထိတ်လန့်မှုများ ရုတ်တရက် လွှမ်းမိုးသွားခဲ့၏။ အကယ်၍ သူသာ ဆက်လက်၍ ဗေဒင်တွက်ချက်နေမည်ဆိုပါက ကျောက်စိမ်းဖြူလိပ်ခွံ ခံနိုင်ရည်မရှိတော့ရုံသာမက သူကိုယ်တိုင်ပင်လျှင် တန်ပြန်သက်ရောက်မှုကို ခံရကာ ပြဿနာကြီးကြီးမားမားများနှင့် ကြုံတွေ့ရနိုင်သည်ဟုပင် ခံစားလိုက်ရသည်။

‎

‎

‎ဒါ တကယ်ကို ထူးဆန်းလွန်းတယ်!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ ပြာယာခတ်သွားကာ အနည်းငယ် အဓိပ္ပာယ်မရှိဘူးဟုပင် ခံစားလိုက်ရသည်။

‎

‎

‎အဲ့ဒီအဆုံးမဲ့ထျန်းကျွင်းမှာ ဘာတွေများ ထူးခြားနေလို့လဲ။

‎

‎

‎သူသည် ကုချန်အတွက် ဗေဒင်တွက်ချက်ပေးရုံမျှသာ ဖြစ်သည်။

‎

‎

‎ဘာမှ မတွက်ချက်နိုင်လျှင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ ဒီလိုတွက်ချက်မိတာကြောင့် သူ အမြတ်နိုးဆုံးအရာကတောင် ပျက်စီးလုနီးပါး ဖြစ်သွားရတယ်ပေါ့။ ပြဿနာက ဘယ်နေရာမှာ ရှိနေတာလဲ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ လုံးဝကို စိတ်ရှုပ်ထွေးသွားရ၏။ သို့သော် သူ နားမလည်နိုင်ခင်မှာပင် ကျောက်စိမ်းဖြူလိပ်ခွံမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။

‎

‎

‎လိပ်ခွံ၏ မျက်နှာပြင်မှာ ဟွမ်သွမ့်ချီများ ရှိနေဆဲဖြစ်ပြီး မည်သည့်ပုံစံများ ပေါ်လာသည်ကို လုံးဝ ခွဲခြား၍ မရနိုင်ချေ။ သို့သော် ကျောက်စိမ်းဖြူလိပ်ခွံ၏ ပတ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းလေးတစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။

‎

‎

‎ရွှေရောင်!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ မှင်တက်သွားလေသည်။ မမြင်ရသော ကမ္ဘာကြီးထဲတွင် သူ ခံစားမှုတစ်ခု ရရှိလိုက်သကဲ့သို့ ရှိလေသည်။ ထိုကုချန်ကို ဗေဒင်တွက်ချက်၍ မရနိုင်ချေ။ သို့သော် သူ၏ဇွဲကောင်းမှုကို မြင်သောအခါ မမြင်ရသော ကံကြမ္မာက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက် တစ်စွန်းတစ်စကို သူ့အား ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

‎

‎

‎ရွှေရောင်ကံကြမ္မာမှာ ဘာကို ကိုယ်စားပြုသနည်း။ ဆိုလိုသည်မှာ ကုချန်သည် အဆင်ပြေနေရုံသာမက ဤကိစ္စကြောင့် ကံကြမ္မာဖန်တီးမှုတစ်ခုကိုပါ ရရှိဦးမည်ဟု အဓိပ္ပာယ်ရပေသည်။

‎

‎

‎သူ၏စိတ်ထဲတွင် ဤခံစားချက်ကို ဝေဝါးဝါး ခံစားနေရသော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် မယုံနိုင်သေးသဖြင့် ကျောက်စိမ်းဖြူလိပ်ခွံကို ကောက်ယူကာ နောက်တစ်ကြိမ် စမ်းသပ်ကြည့်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ မိမိကိုယ်တိုင်၏ ကံကြမ္မာကို တွက်ချက်ကြည့်ခြင်း ဖြစ်သည်။

‎

‎

‎ဤတစ်ကြိမ်တွင်မူ ကျောက်စိမ်းဖြူလိပ်ခွံမှ ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုယ်စားပြုသော မြင်ကွင်းကို လျင်မြန်စွာ ပြသလာ၍ ယခင်က မှိန်ဖျော့ဖျော့ ရွှေရောင်မှာလည်း ကံဆိုးခြင်းကို ကိုယ်စားပြုသည့် ဖျော့တော့သော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

‎

‎

‎ဒါ တကယ်ကို ထူးဆန်းလွန်းတယ်!

‎

‎

‎ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးမှာ ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားလေသည်။

‎

‎

‎အဲ့ဒီအဆုံးမဲ့ထျန်းကျွင်းက အဆင်ပြေနေတဲ့အပြင် ကံကြမ္မာဖန်တီးမှုကိုပါ ရဦးမယ်ပေါ့?

‎

‎

‎ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အန္တရာယ်ရှိနေတယ်ပေါ့?

‎

‎

‎အဲဒီကောင်ရဲ့ နောက်ခံက အတိအကျ ဘာလဲ။ သူကများ အဲဒီလူရဲ့ တရားမဝင်သား ဖြစ်နေမလား။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထူးဆန်းသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကုချန် အဆင်ပြေနေခြင်းမှာ ပြဿနာမရှိသော်လည်း ဤကိစ္စမှ ကံကြမ္မာဖန်တီးမှုကိုပင် သူ ရရှိနိုင်သေးသည်ဖြစ်ရာ တကယ်ကို ထူးဆန်းလွန်းလှ၏။ ကုချန် ရင်ဆိုင်နေရသည်မှာ ရှာနာနတ်ဆိုးဧကရာဇ်ပင်။

‎

‎

‎ခမ်းနားကြီးကျယ်လှတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးက သာမန် အင်မော်တယ်ဘုရင်တစ်ပါးကိုတောင် မကိုင်တွယ်နိုင်ဘူးပေါ့?

‎

‎

‎မဖြစ်နိုင်တာ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

‎

‎

‎ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် ယခင်က ကုချန် သူ့ကို ဆွဲဆောင်ရန် ရှီမိုထျန်းကျွင်းကို အသုံးချခဲ့သည့် အစီအစဉ်ကို ပြန်လည် သတိရသွားခဲ့၏။ ထိုအချိန်က သူ၏ ကိုယ်ပိုင် ဗေဒင်တွက်ချက်မှု ရလဒ်မှာ မကောင်းသော နိမိတ်လက္ခဏာတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။

‎

‎

‎ဆိုလိုသည်မှာ ကုချန်သည် နတ်ဆိုးဧကရာဇ်တစ်ပါးအား အကွက်ဆင်ရန် သတ္တိရှိရုံသာမက ထိုသို့လုပ်ဆောင်နိုင်သည့် ခွန်အားလည်း ရှိနေကြောင်းကို သက်သေပြနေလေသည်။

‎

‎

‎သို့မဟုတ်ပါက သူ့ကို ဆွဲဆောင်ရန် ရှီမိုထျန်းကျွင်းအား မြှားစာအဖြစ် အသုံးပြုရဲမည် မဟုတ်ချေ။ သို့သော် သူသည် လှည့်စားမခံခဲ့ရဘဲ နောက်ဆုံးတွင် ကုချန်ကို အဆုံးမဲ့ထျန်းကျွင်းအဖြစ်ပင် ခန့်အပ်လိုက်သဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုမူ ထိုအဆုံးမဲ့ထျန်းကျွင်းသည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များမှာ ရုတ်တရက် နက်နဲသွား၍ ကောင်းကင်နှင့်မြေကြီးကြားရှိ မရေမတွက်နိုင်သော မှန်ပြင်များကို ကြည့်ကာ ခပ်တိုးတိုး ပြောဆိုလိုက်လေသည်။

‎

‎

‎" ရှာနာ... ငါအရှင် သတိမပေးဘူးလို့တော့ မပြောနဲ့... အဲဒီ အဆုံးမဲ့ထျန်းကျွင်းက မင်း ထိလို့ရတဲ့သူ မဟုတ်ဘူး "

‎

‎

‎သူ ကုချန်အတွက် ဗေဒင်တွက်ချက်ခဲ့ရာ ကျောက်စိမ်းဖြူလိပ်ခွံပင်လျှင် တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရ၏။ ဤသည်မှာ ကုချန်၏ နောက်ကွယ်ရှိ ကံကြမ္မာသည် မယုံနိုင်လောက်အောင် ကြီးမားသော တည်ရှိမှုတစ်ခုခုနှင့် သေချာပေါက် ဆက်စပ်နေလေခြင်းကို ဆိုလိုလေသည်။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကမူ နတ်ဆိုးဧကရာဇ်ကြီး၏ 'အကြံပြုချက်' ကို အလေးအနက် မထားကြောင်း သိသာလှပေသည်။ ရှာနာနတ်ဆိုးဧကရာဇ်၏ အနည်းငယ် လှောင်ပြောင်နေသော ရယ်မောသံမှာ ကောင်းကင်နှင့်မြေကြီးကြားတွင်ပင် ပဲ့တင်ထပ်သွားလေသည်။

‎

‎

‎" ဟွန်းဟွန်း... ချန်ဝူး... မင်းမှာ တခြား လှည့်ကွက်တွေ မရှိတော့ဘူးလား... ဒီစကားလုံး နည်းနည်းနဲ့ ငါအရှင့်ကို လာလှည့်စားနေတာလား.....

‎

‎စိတ်မပူပါနဲ့... ချန်ဝူး မင်းရဲ့ မျက်နှာကို ထောက်ပြီး အဲဒီ အဆုံးမဲ့ထျန်းကျွင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးပါ့မယ်! "

‎

‎

‎...

‎...

‎

‎

‎" မြန်မြန်... ထုံးထျန်းနတ်ဆိုးတောင်ဆီ သွား! "

‎

‎

‎လွန်ခဲ့သော အခိုက်အတန့်က သူ၏ကိုယ်အစစ် လုံးဝ ဝိုင်းရံခံလိုက်ရပြီဖြစ်ကြောင်း သတိထားမိလိုက်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ နောက်ဆုံး သတိပေးချက်ကို ကုချန်ထံသို့ ပေးပို့ရန် သူ၏ကိုယ်ပွားကို ချက်ချင်း အသုံးပြုခဲ့လေသည်။

‎

‎

‎" ထုံးထျန်းနတ်ဆိုးတောင်မှာ ငါကိုယ်တော် ခင်းကျင်းထားတဲ့ မဟာအစီအရင်တစ်ခု ရှိတယ်... ရှာနာက အဲဒီမှာ ပြဿနာ မရှာရဲဘူး... မင်း ထုံးထျန်းနတ်ဆိုးတောင်ဆီကို ထွက်ပြေးနိုင်ရင် လုံခြုံလိမ့်မယ်! "

‎

‎

‎ကုချန်၏အကြည့်များမှာ တလက်လက် တောက်ပသွားသော်လည်း သူ ဘာမှမပြောနိုင်ခင်မှာပင် နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားသည် ရုတ်တရက် အေးခဲသွားပြီးနောက် လောကကြီးထဲသို့ တိတ်တဆိတ် ဝင်ရောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။

‎

‎

‎သူ၏ကိုယ်အစစ်မှာ လုံးဝ ဝိုင်းရံခံလိုက်ရ၍ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရာ ကိုယ်အစစ်အပေါ် မှီခိုတည်ရှိနေရသော ကိုယ်ပွားမှာလည်း သဘာဝကျကျပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

‎

‎

‎ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွား ပျောက်ကွယ်သွားသည်နှင့်အမျှ ထိန်းချုပ်မည့်သူ မရှိတော့သော ကောင်းကင်ပိတ်လှောင် ဧကရာဇ်မဟာအစီအရင်ကြီးသည်လည်း တဖြည်းဖြည်းနှင့် လည်ပတ်မှု ရပ်တန့်သွားတော့လေသည်။

‎အခန်း ( ၄၆၂ ) - မြင့်မြတ်သတ္တုများကို စုဆောင်းခြင်း၊ ရူးသွပ်လွန်းခြင်းနှင့် အလွန်မိုက်မဲခြင်း

‎

‎

‎

‎ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သည် လည်ပတ်မှု ရပ်တန့်သွားခဲ့ကာ အင်မော်တယ်ဘုရင်အဆင့်ရှိ မြင့်မြတ်သတ္တုအပိုင်းအစများသည် မြေပြင်ပေါ်သို့ အားပျော့စွာ ကျဆင်းသွားလေသည်။

‎

‎

‎ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သည် စွမ်းအားကြီးမားသော်လည်း ၎င်းလည်ပတ်နေစေရန် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုမှ ထိန်းသိမ်းပေးထားရန် လိုအပ်လေသည်။ သို့မဟုတ်ပါက အစီအရင်၏ သဘာဝအတိုင်း စွမ်းအင်ကုန်ဆုံးမှုသည်ပင် သာမန် သိုင်းပညာရှင်များ ခံနိုင်ရည်ရှိသည့် ပမာဏထက် ကျော်လွန်နေမည် ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုပင်လျှင် အသက်ရှူကြိမ် အနည်းငယ်ခန့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ ထို့နောက်တွင် စွမ်းအင်များ လုံးဝ ခမ်းခြောက်သွားမည်ပင်။

‎

‎

‎ဤအကြောင်းကြောင့်ပင် နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ကိုယ်ပွား ပျောက်ကွယ်တော့မည်ကို သိသောအခါ ကုချန်အား အစီအရင်ကို ကူညီထိန်းသိမ်းရန် မညွှန်ကြားခဲ့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန်သာ ပြောခဲ့ခြင်း ဖြစ်၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကုချန်၏ခွန်အားဖြင့် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်၏ လည်ပတ်မှုကို လုံးဝ ထိန်းသိမ်းနိုင်မည် မဟုတ်ကြောင်းကို သူ သိထားသောကြောင့် ဖြစ်သည်။

‎

‎

‎သို့သော် ထုံးထျန်းနတ်ဆိုးတောင်ရှိ မဟာအစီအရင်မှာမူ ကွာခြားလေသည်။ နတ်ဆိုးဧကရာဇ်ကြီးမှ မြင့်မြတ်သတ္တုများနှင့် ရတနာအမြောက်အမြားကို အသုံးပြုကာ နှစ်သောင်းပေါင်းများစွာကြာအောင် ခင်းကျင်းထားခဲ့သဖြင့် ၎င်းသည် အလိုအလျောက် လည်ပတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခု၏ ထိန်းသိမ်းမှု မရှိလျှင်ပင် ၎င်းသည် သီးခြားလွတ်လပ်စွာ လည်ပတ်နိုင်စွမ်း ရှိလေ၏။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်အား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန် ပြောခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ရောက်ရှိသွားပါက နတ်ဆိုးတောင်၏ မဟာအစီအရင်မှ ကာကွယ်ပေးထားမည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ် လွတ်မြောက်လာမည့်အချိန်အထိ ကုချန် တောင့်ခံထားနိုင်ရန် လုံလောက်ပေလိမ့်မည်။

‎

‎

‎ထိုအချိန်ရောက်လျှင် ရှာနာနတ်ဆိုးဧကရာဇ်၏ ခြိမ်းခြောက်မှုမှာ ယာယီအားဖြင့် ပြဿနာ မဟုတ်တော့ချေ။

‎

‎

‎သို့သော် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်းပင် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး ညွှန်ကြားခဲ့သည့်အတိုင်း အလောတကြီး ထွက်ပြေးခြင်း မရှိခဲ့ချေ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ စကားများမှာ အကူအညီမဲ့စွာဖြင့် ပြောခဲ့ရခြင်းသာ ဖြစ်ကြောင်း သူ သိလေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်တစ်ပါး၏ လက်အောက်မှနေ၍ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ထွက်ပြေးရန်မှာ မည်သို့ လွယ်ကူပါမည်နည်း။

‎

‎

‎ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက် ပိုခက်ခဲသည်ဟု ဆိုလျှင်ပင် ပုံကြီးချဲ့ရာ မရောက်နိုင်ပေ။

‎

‎

‎အရေးအကြီးဆုံးမှာ ဤရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏အသက်ကို ယူရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းနေလေ၏။

‎

‎

‎အကယ်၍ သူ လောလောဆယ် လွတ်မြောက်သွားခဲ့လျှင်ပင် အနာဂတ်တွင် ရှာနာနတ်ဆိုးဧကရာဇ်၏ အသက်လု လိုက်လံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုကို အချိန်တိုင်း ရင်ဆိုင်နေရဦးမည်သာ ဖြစ်သည်။

‎

‎

‎ဤလောကတွင် သူခိုးကို ရက်တစ်ထောင်ကြာအောင် စောင့်ကြပ်နေရမည်ဟူသော အကြောင်းပြချက် မည်သို့ ရှိနိုင်မည်နည်း။

‎

‎

‎ဒါ့အပြင် သူက ဒီရှာနာနတ်ဆိုးဧကရာဇ်ကို ဘာကြောင့် ကြောက်နေရမှာလဲ။

‎

‎

‎ဒီရှာနာနတ်ဆိုးဧကရာဇ်ကရော သူ့ကို ကြောက်သလားဆိုတာ မေးကြည့်ရင် မကောင်းဘူးလား!

‎

‎

‎သူသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုနှင့် တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးသည်နှင့် အတော်ပင်ဖြစ်ရာ ယခု သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန် ဤရှာနာနတ်ဆိုးဧကရာဇ်ကို အသုံးပြုလိုက်မည်။

‎

‎

‎ဤသည်ကို တွေးမိသောအခါ ကုချန်သည် မတ်တပ်ရပ်နေလျက် သူ၏နတ်ဝိညာဉ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ကာ ပျက်စီးသွားသော ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်မှ ပြန့်ကျဲနေသော အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကို သိမ်းယူလိုက်လေသည်။

‎

‎

‎အဆုံးမဲ့ဓားကို အဆင့်မြှင့်တင်ရန် မြင့်မြတ်သတ္တုများ မလုံလောက်မည်ကို သူ ပူပန်နေခဲ့ခြင်းဖြစ်ရာ ဤအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကို သူ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။

‎

‎

‎" ဒီကောင်က တကယ်ကို အသက်ထက် စည်းစိမ်ကို ပိုတန်ဖိုးထားတာပဲ! "

‎

‎

‎ကုချန်မှာ ထွက်မပြေးသည့်အပြင် ပြန့်ကျဲနေသော အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကိုပါ အေးဆေးတည်ငြိမ်စွာ စုဆောင်းနေသည်ကို မြင်သောအခါ မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့၏။

‎

‎

‎ထိုအရာမှာ ဤကောင် လုံးဝ ရူးသွပ်နေပြီ ဟူ၍ပင်။

‎

‎

‎သူ ဘာနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို မသိဘူးလား။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် လွတ်မြောက်တော့မှာကို သူက အမြန်ထွက်ပြေးဖို့ မစဉ်းစားဘဲ ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေကို စုဆောင်းဖို့ အချိန်ရှိနေသေးတယ်ပေါ့? ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေကို ရယူနိုင်တဲ့ အသက်ရှိရင်တောင် အဲဒါတွေကို အသုံးပြုဖို့ အသက်ရှိနေမှ ဖြစ်မှာလေ!

‎

‎

‎အရူး... သူက တကယ်ကို အရူးပဲ!

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်မှာ ကုချန်ကို လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့၏။

‎

‎

‎ကိုယ့်အသက်တောင် သေရတော့မှာကို ဒီပြင်ပက ပစ္စည်းဥစ္စာတွေကို ဂရုစိုက်နေတုန်းလား။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဒီလောက်တောင် တန်ဖိုးထားရတဲ့ကောင်က ဒီလောက်တောင်ပဲ ရူးနေတာလား။

‎

‎

‎သို့သော် စိတ်ထဲမှနေ၍ လှောင်ပြောင်နေရင်းပင် မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎တကယ်လို့ ဒီအဆုံးမဲ့ထျန်းကျွင်းသာ ရှာနာနတ်ဆိုးဧကရာဇ် သတ်ဖြတ်တာကို ခံလိုက်ရရင် ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေက ငါ့လက်ထဲ ရောက်လာမှာ မဟုတ်ဘူးလား။

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသားကို ရထားတဲ့ ရှာနာနတ်ဆိုးဧကရာဇ်က ဒီ 'အကြွင်းအကျန်' တွေကို သေချာပေါက် ဂရုစိုက်မှာ မဟုတ်ဘူးမလား။

‎

‎

‎ဟက်...! မင်း တစ်နေ့ဝက်လောက် အပင်ပန်းခံ ရှာဖွေထားတဲ့ အရာတွေက နောက်ဆုံးတော့ ငါ့အတွက်ပဲ ဖြစ်လာမှာပဲ!

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် စိတ်ထဲမှ လှောင်ပြောင်စွာ တွေးလိုက်လေ၏။

‎

‎

‎" ဝုန်း! "

‎

‎

‎ငိုကြွေးသံနှင့် တူသော မြည်ဟည်းသံတစ်ခုနှင့်အတူ... နောက်ဆုံး အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုအပိုင်းအစ အားပျော့စွာ ကျဆင်းသွားချိန်တွင်.....

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ဆင်ထားသော ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်မှာလည်း လုံးဝ ရပ်တန့်သွား၍ ၎င်း၏ အာနိသင်များ ပျောက်ဆုံးသွားခဲ့လေတော့သည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း ပျက်စီးသွားသော အစီအရင်ထဲမှ အလွယ်တကူ လွတ်မြောက်လာခဲ့လေ၏။

‎

‎

‎" ဟွန်းဟွန်း... တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ အကြည့်သည် ကုချန်ထံသို့ ရောက်ရှိလာလျက် တိုးဖွစွာ ရယ်မောလိုက်လေ၏။

‎

‎

‎ကုချန်ကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူလည်း ခံစားလိုက်ရ၏။ သူ၏အသက် သေဆုံးရတော့မည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

‎

‎

‎သို့သော် ဤကောင်သည် နားပင်းဟန်ဆောင်နေရုံသာမက မဟာအစီအရင်၏ အုတ်မြစ်သတ္တုများကိုပါ ရဲတင်းစွာ စုဆောင်းနေသည်လော။

‎

‎

‎" မင်းကို သတ္တိကောင်းတယ်လို့ ပြောရမလား... အရူးလို့ပဲ ပြောရမလား "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား အေးအေးလူလူ ကြည့်နေလေသည်။ သူ၏အမူအရာမှာ လွတ်မြောက်နိုင်မည်မဟုတ်သော လက်ဖဝါးထဲမှ ကစားစရာတစ်ခုကို ကြည့်နေသည့်အလား ရှိလေသည်။

‎

‎

‎" ကောင်လေး... မင်း ထွက်မပြေးတာကို ငါအရှင် အရမ်း ဝမ်းသာတယ်... ဒီလိုလုပ်ရင်ကော... အခု မင်းရဲ့ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သပြီး ငါအရှင့်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်... အဲဒါဆိုရင် မင်းရဲ့အသက်ကို သနားညှာတာစွာနဲ့ ချမ်းသာပေးမယ်.....

‎

‎မင်း စုဆောင်းထားတဲ့ ဒီအရာတွေအားလုံးကိုတောင် မင်းကို အကုန်ပေးမယ်လေ... ဘယ်လိုလဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား ကြည့်ကာ ရယ်မောရင်း စိတ်ဝင်တစား မေးမြန်းလိုက်လေသည်။

‎

‎

‎ကုချန် ထွက်မပြေးရန် ရွေးချယ်ခဲ့ခြင်းမှာ အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခဲ့သောကြောင့်ဟု သူ ယုံကြည်ထားသည်။

‎

‎

သူ ထွက်ပြေးလျှင်ပင် ကျန်ရှိသော အချိန်မှာ ထုံးထျန်းနတ်ဆိုးတောင်သို့ ရောက်ရှိရန် လုံလောက်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။

‎

‎

‎ထို့ကြောင့် သူ၏အစီအစဉ်အတိုင်း လိုက်နာရန်အတွက် လိမ္မာစွာဖြင့် ဤနေရာတွင် နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးကို အကွက်ဆင်နိုင်ခဲ့ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေလေသည်။ အကယ်၍ ကုချန်ကိုသာ သူ၏ လက်အောက်သို့ ခေါ်သွင်းနိုင်ပါက နတ်ဆိုးဧကရာဇ်ကြီးအပေါ် ထိုးနှက်ချက်သည် ဤကောင်လေးကို သတ်ပစ်ခြင်းထက် သေချာပေါက် ပိုမိုပြင်းထန်လိမ့်မည်ဟု သူ ခံစားလိုက်ရ၏။

‎

‎

‎တွေးကြည့်လိုက်စမ်းပါ။ နတ်ဆိုးဧကရာဇ်ကြီးက ဒီလောက်တောင် တန်ဖိုးထားပြီး ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ ကောင်လေးက သူ့ရဲ့ အစေခံ ဖြစ်သွားတယ်ဆိုရင် နတ်ဆိုးဧကရာဇ်ကြီးက ဒါကို သိသွားတဲ့အခါ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ။

‎

‎

‎ဤသည်ကို တွေးမိသောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့ကာ နတ်ဆိုးဧကရာဇ်ကြီး၏ ဒေါသထွက်သော်လည်း အကူအညီမဲ့နေမည့် အမူအရာကို မြင်ချင်နေပုံရလေသည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုကို အတင်းအဓမ္မ ဖိနှိပ်သိမ်းသွင်း၍ မရနိုင်ခြင်းသာ မဟုတ်ပါက ရှာနာနတ်ဆိုးဧကရာဇ်သည် ယခုအချိန်တွင် လှုပ်ရှားပြီးဖြစ်ကာ ကုချန်ကို လုံးဝ ဖိနှိပ်၍ အစေခံအဖြစ် အတင်းအဓမ္မ သိမ်းယူပြီးလောက်ပြီ ဖြစ်သည်။

‎

‎

‎သို့သော် ဤပြဿနာမှာ သိပ်မကြီးမားလှဟု ရှာနာနတ်ဆိုးဧကရာဇ် ခံစားခဲ့ရ၏။ ကုချန်၏ အစောပိုင်း လုပ်ရပ်များအရ ဤလူတွင် သူ့ထံ လက်နက်ချမည့် အတွေးမျိုး အမှန်တကယ် ရှိနေနိုင်ကြောင်း သူ ခန့်မှန်းထားလေသည်။

‎

‎

‎အသက်ရှင်မလား၊ သေမလား။

‎

‎

‎ဤကောင်လေးသာ မအ တတ်ဘူးဆိုလျှင် သေချာပေါက် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်မည်ဟု ရှာနာနတ်ဆိုးဧကရာဇ် တွေးလိုက်၏။

‎

‎

‎သို့သော် ကုချန်သည် အကူအညီမဲ့စွာဖြင့် သူ၏ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သလာ၍ အရှက်ရစွာ အသက်ချမ်းသာပေးရန် တောင်းပန်လာမည်ကို သူ အေးဆေးတည်ငြိမ်စွာ စောင့်ဆိုင်းနေစဉ်မှာပင် ကုချန်၏ နောက်ဆက်တွဲ တုံ့ပြန်မှုက သူ၏မျက်နှာပေါ်ရှိ အောင်ပွဲခံ အမူအရာကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

‎

‎" နတ်ဆိုးဧကရာဇ်နှလုံးသားကို ငါ့ကိုပေး... ဒါဆိုရင် မင်း အရင်က စော်ကားခဲ့တာတွေကို ငါ ဂရုစိုက်နေမှာ မဟုတ်ဘူး "

‎

‎

‎ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို ကြည့်လိုက်၏။ သူ၏အသံမှာလည်း ရေတွင်းဟောင်းတစ်ခုကဲ့သို့ တည်ငြိမ်နေလေသည်။

‎

‎

‎ဒီကောင် ဘာပြောလိုက်တာလဲ?!

‎

‎

‎ကုချန်၏စကားကို ကြားလိုက်ရသောအခါ သူ၏နားများပင် တစ်ခုခု မှားနေပြီလားဟု ရှာနာနတ်ဆိုးဧကရာဇ်မှာ သံသယပင် ဝင်သွားမိ၏။

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသားကို သူ့ကိုပေးရင် သူ စော်ကားခဲ့တာကို ဂရုမစိုက်ဘူး ဟုတ်လား?!

‎

‎

‎" ဟားဟားဟားဟား... မင်းကို အခြေအနေ နားလည်တဲ့ ကောင်လေးလို့ ထင်ခဲ့တာ... မင်းက လုံးဝ အသိဉာဏ်ကင်းမဲ့တဲ့ အရူးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားတော့သည်။

‎

‎

‎သူသည် ယခင်က ကုချန်ကို အတော်လေး အခြေအနေ နားလည်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ သူသည် ဘယ်နေရာမှာ အခြေအနေ နားလည်နေသနည်း။

‎

‎

‎သူသည် မယုံကြည်နိုင်လောက်အောင် မိုက်မဲနေသည်မှာ ရှင်းလင်းလှရာ အစမှအဆုံးတိုင် နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်သော သူ့ကို မျက်လုံးထဲ၌ပင် ထည့်မထားခဲ့ခြင်း ဖြစ်သည်။

‎

‎‎

All Chapters