← Chapters

အခန်း ၅၈၅

Vol. 42 Ch. 585

အခန်း ၅၈၅

Vol. 42 Ch. 585

အခန်း ( ၅၈၅ ) - လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ကျောက်တုံး၊ ချီလျန်၏ လက်ရှိအခြေအနေနှင့် ကြိုတင်ပြင်ဆင်ခြင်း

" ဒီကျောက်တုံးက ဘာတွေများ ထူးခြားလို့လဲ "

သူ့ရှေ့ရှိ အနက်ရောင်ကျောက်တုံးအား စူးစိုက်ကြည့်နေသော ကုချန်ကိုမြင်လျှင် ချူးဧကရာဇ်သည် အနည်းငယ် တွေဝေသွားပြီး သူ၏အရှင်သခင်က အဘယ်ကြောင့် ဤအနက်ရောင်ကျောက်တုံးကို ရုတ်တရက် စူးစိုက်ကြည့်နေရသနည်းဆိုတာကို နားမလည်နိုင်ဖြစ်နေ၏။

ဒီအနက်ရောင်ကျောက်တုံးမှာ ထူးခြားတဲ့အရည်အသွေး တစ်ခုခုများ ရှိနေလို့လား။ သူကတော့ ဘာမှ မမြင်ရပေ။

ချူးဧကရာဇ်မှာ လုံးဝ နားမလည်နိုင်ဖြစ်နေပြီး ကုချန်၏ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလည်း မသိချေ။

သို့သော် သူ၏ရှေ့မှောက်ရှိ ကျောက်တုံးသည် ယခင်က နတ်ဆိုးဧကရာဇ်များ၏ နှလုံးသားကို ချေဖျက်စဉ်က မြင်တွေ့ခဲ့ရသော အနက်ရောင်ကျောက်တုံးနှင့် ထပ်တူညီနေကြောင်းကို ကုချန်တစ်ယောက်တည်းသာ သိလေသည်။ ဤအရာကို တိုက်ဆိုင်မှုသက်သက်ဟု လုံးဝ ရှင်းပြ၍ မရနိုင်ပေ။

ထိုအချိန်က နတ်ဆိုးဧကရာဇ်များ၏ နှလုံးသားကို ချေဖျက်နေစဉ် ကုချန်သည် ရှင်းပြ၍မရသော ကံတရားအချို့တွင် ပတ်သက်နေသည်ဟု ခံစားခဲ့ရပြီးနောက် သူ၏အသိစိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာတွင် ဤအနက်ရောင်ကျောက်တုံးကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ဒါဆိုရင် သူ ပတ်သက်နေတဲ့ ကံတရားက ဒီအနက်ရောင်ကျောက်တုံးနဲ့ သက်ဆိုင်နေတာလား။

ကုချန်၏ နတ်ဘုရားအာရုံမှာ လှုပ်ရှားသွား၍ သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအာရုံ အငွေ့အသက်လေးတစ်ခု ထွက်ပေါ်လာကာ ထိုကျောက်တုံးဆီသို့ စူးစမ်းကြည့်လိုက်သည်မှာ ၎င်း၏ ထူးခြားချက်ကို ဖော်ထုတ်လိုဟန်ရှိသည်။

သို့သော် သေချာစွာ စူးစမ်းစစ်ဆေးပြီးနောက် ရလဒ်က ကုချန်ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့၏။

ဤအနက်ရောင်ကျောက်တုံးသည် အပေါ်ယံတွင် ထူးခြားမှုမရှိပုံရရုံသာမက အတွင်းပိုင်းကပါ မည်သည့် သိသာထင်ရှားသော ကွာခြားမှုမျှ မရှိဘဲ သာမန်ကျောက်တုံးတစ်တုံးလိုသာ ဖြစ်နေလေသည်။

ဒါက သူ အရမ်း သတိထားမိလို့ ထင်ယောင်ထင်မှား ဖြစ်မှုသွားတာများလား။ ဒီကျောက်တုံးက တကယ်ပဲ သာမန်ကျောက်တုံးတစ်တုံးဖြစ်ပြီး တိုက်ဆိုင်မှုကြောင့် ဒီနေရာမှာ ရှိနေတာများလား။

ကုချန်၏စိတ်ထဲတွင် အတွေးများ လှိုင်းထန်နေပြီး အကျိုးအကြောင်း ချိန်ဆကာ ခန့်မှန်းနေမိ၏။

နောက်ဆုံးတွင် သူသည် ဤအတွေးများအားလုံးကို ဖယ်ရှားလိုက်ပြီး သူ၏လက်ဖဝါးကို ဆန့်တန်းကာ အနက်ရောင်ကျောက်တုံးဆီသို့ ရိုက်ချလိုက်လေသည်။

ထင်ယောင်ထင်မှားဖြစ်မှုပဲဖြစ်ဖြစ်၊ အစစ်အမှန် ဆက်နွှယ်မှုပဲဖြစ်ဖြစ်၊ ၎င်းမှာ မည်သည့်ကံတရားတွေ ရှိနေပါစေ၊ ဤကျောက်တုံးကို အပြီးတိုင် ရိုက်ခွဲပစ်လိုက်မည်သာ ဖြစ်သည်။

“ ဘုန်း! “

ကုချန်သည် သူ လှုပ်ရှားလိုက်စဉ်မှာပင် ရှင်းပြ၍မရသော အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သတိကြီးစွာ ထားနေဆဲပင် ဖြစ်သည်။

သို့သော် ရလဒ်မှာ မျှော်လင့်မထားလောက်အောင် ချောမွေ့နေခဲ့၏။ သူ၏လက်ဖဝါးက ကျောက်တုံးပေါ်သို့ မကျရောက်မီမှာပင် ကျောက်တုံးတစ်ခုလုံးသည် ကုချန်၏ လက်ဖဝါးမှ ဖိအားကို မခံနိုင်ဘဲ တိုက်ရိုက် ပေါက်ကွဲသွားကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ဤလောကတွင် တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား လွင့်စင်ပျောက်ကွယ်သွားတော့သည်။

တကယ်ပဲ သူ ထင်ယောင်ထင်မှားဖြစ်နေတာလား။

အနက်ရောင်ကျောက်တုံး ပျောက်ကွယ်သွားသော နေရာကို ကြည့်ရင်း ကုချန်သည် နက်နက်နဲနဲ တွေးတောနေမိကာ သူ အလွန်အမင်း သတိထားနေမိကြောင်း သဘောပေါက်သွား၏။

ချက်ချင်းပင် သူသည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကို ခေါ်ဆောင်ကာ ထိုနေရာမှ ဆက်လက်ထွက်ခွာလာခဲ့၏။

တစ်ဆယ့်ငါးမိနစ်ခန့် ကြာလွန်သွားပြီးနောက် ထိုနေရာကို အနက်ရောင်မြူခိုးများက ထပ်မံလွှမ်းခြုံသွားပြန်သည်။

ထို့နောက် မျှော်လင့်မထားသော မြင်ကွင်းတစ်ခု ပေါ်လာလေ၏။ အနက်ရောင်မြူခိုးများ၏ ဖုံးလွှမ်းမှုအောက်တွင် ဘာမျှမရှိရာမှနေ၍ အနက်ရောင်ကျောက်တုံးတစ်တုံးက ထိုနေရာ၌ ရှင်းပြ၍မရအောင် ထွက်ပေါ်လာလေသည်။

ဤအနက်ရောင်ကျောက်တုံးမှာ စောစောက ကုချန် ဖျက်ဆီးပစ်ခဲ့သော ကျောက်တုံးပင် ဖြစ်သည်။

ထူးဆန်းသည်မှာ ၎င်း၏ အသေးစိတ်အချက်အလက်များကအစ ယခင်အနက်ရောင်ကျောက်တုံးနှင့် လုံးဝတူညီနေ၏။ သို့မဟုတ် ၎င်းတို့နှစ်ခုမှာ အခြေခံအားဖြင့် တူညီသော အနက်ရောင်ကျောက်တုံးတစ်တုံးတည်းပင် ဖြစ်သည်။ ရှင်းပြ၍မရသော သက်ပြင်းချသံတစ်ခု လောကကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

ထိုအသံထဲတွင် ဝမ်းမြောက်မှုပါဝင်သော်လည်း နောင်တရမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေလေသည်။ ဖျက်ဆီးခံလိုက်ရသော အနက်ရောင်ကျောက်တုံး ရုတ်တရက် ပြန်ပေါ်လာသော်လည်း ကုချန်ကတော့ ဤအရာအားလုံးကို မသိရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူသည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို ခေါ်ဆောင်ကာ သန့်စင်သောနယ်မြေ၏ နယ်နိမိတ်အတွင်းမှ လုံးဝထွက်ခွာလာပြီး နတ်ဆိုးနယ်မြေသို့ ပြန်ရောက်နေပြီဖြစ်သောကြောင့်တည်း။

" နောက်ဆုံးတော့ ငါတို့ ထွက်လာနိုင်ခဲ့ပြီပဲ "

ထိုအခါမှသာ ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့သည် သက်ပြင်းရှည်ကြီးကို ချနိုင်တော့သည်။

သန့်စင်သောနယ်မြေ၏ နယ်နိမိတ်မှ ထွက်ခွာလာနိုင်ခြင်းက သူတို့ နောက်ဆုံးတွင် လုံးဝ ဘေးကင်းသွားပြီဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

" သွားကြတော့… နောင်မှာ တစ်ခုခုဖြစ်လာရင် မင်းတို့ကို ငါ ခေါ်လိုက်မယ် "

ကုချန်က လက်ဝှေ့ယမ်းလိုက်ပြီး အတူတကွရှိနေသည်ကို အခြားသူများ မတွေ့စေရန် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကို အမြန်ထွက်ခွာရန် အချက်ပြလိုက်၏။

၎င်းနောက် ကုချန်သည် အချိန်မဆွဲတော့ဘဲ အဆုံးမဲ့ကောင်းကင်ဘုံဆီသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

အဆုံးမဲ့ကောင်းကင်ဘုံ… ချီလျန်မျိုးနွယ်၏ စခန်းချရာနေရာ…..

ချီလျန်မျိုးနွယ်သည် ယခုအခါတွင် သူတို့၏ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့ပြီဟု ဆိုနိုင်ပြီး ယခင်ကလို မိမိတို့မျိုးနွယ်ဝင်များ၏ အသက်ကိုပင် မကာကွယ်နိုင်လောက်အောင် သနားစရာကောင်းသည့် အခြေအနေမျိုး မရှိတော့ပေ။

ယနေ့အချိန်တွင် ချီလျန်မျိုးနွယ်သည် ဤအဆုံးမဲ့ကောင်းကင်ဘုံတွင် သိသိသာသာပင် လူရှာအများဆုံးသော နံပါတ်တစ် မျိုးနွယ်စုကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။ ချီလျန်မျိုးနွယ်ဝင် အများအပြား အပြင်သို့ သွားလာသောအခါ မည်သူကမျှ သူတို့ကို မရန်စရဲကြချေ။ အင်မော်တယ်နတ်ဆိုးအရှင်များပင်လျှင် သာမန် ချီလျန်မျိုးနွယ်ဝင်များနှင့် ရင်ဆိုင်ရသည့်အခါ၌ မိတ်ဆွေဖွဲ့ထားဆဲဖြစ်ရာ ဤသည်မှာ ယခင်က စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သောအရာဖြစ်သည်။

ဤအပြောင်းအလဲအားလုံးအတွက် ချီလျန်မျိုးနွယ်ဝင်များသည် သူတို့၏ ဘုံခေါင်းဆောင်ဖြစ်သော ချီလျန်မျိုးနွယ်ခေါင်းဆောင်ကြောင့် ဖြစ်ကြောင်း သူတို့ရင်ထဲတွင် ကောင်းစွာ သိရှိကြသည်။

အကယ်၍ ထိုအထွတ်အမြတ်ထားရသော ပုဂ္ဂိုလ်အပေါ် ယုံကြည်ရဲသည့် မျိုးနွယ်စုခေါင်းဆောင်၏ ထက်မြက်သော ဆုံးဖြတ်ချက်သာ မရှိခဲ့ပါက ချီလျန်မျိုးနွယ်သည် လက်ရှိအောင်မြင်မှုကို မည်သို့ ရရှိနိုင်မည်နည်း။ သူတို့သည် သူတစ်ပါး၏ အစားအစာ ဖြစ်သွားနိုင်ပြီး စောစောကတည်းက မျိုချခံလိုက်ရလောက်ပြီပင်။

ဤအချိန်တွင် ချီလျန်မျိုးနွယ်၏ စခန်းချရာနေရာ… အနက်ရှိုင်းဆုံးနေရာ၌…..

" အရှင်သခင် ပြန်မလာတာ တော်တော်ကြာပြီနော် "

ချီမုန်သည် အဓိကထိုင်ခုံတွင် ထိုင်နေသော သူ၏မိခင်ကို ကြည့်ကာ အနည်းငယ် ဝမ်းနည်းနေသော လေသံဖြင့် ပြောဆိုလိုက်၏။

ကုချန် ထွက်သွားခဲ့သည်မှာ နှစ်တစ်ရာနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ၏ အရှင်သခင်အဆင့်ရှိ တည်ရှိမှုတစ်ခုအတွက် နှစ်တစ်ရာဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာဖြစ်ပြီး အရေးကြီးသော အရာမဟုတ်ကြောင်း ချီမုန် သိထားသော်လည်း ကုချန်ကို အချိန်အကြာကြီး မတွေ့ရသောကြောင့် ချီမုန်သည် စိုးရိမ်ပူပန်မှုကို မလွှဲမရှောင်သာ ခံစားနေရသည်။

ချီမုန်နှင့် နှိုင်းယှဉ်လျှင် ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော ချီလျိုက ပို၍ တည်ငြိမ်နေပုံရ၏။

" နှစ်တစ်ရာပဲ ရှိသေးတာ… ဘာလောစရာရှိလို့လဲ "

ချီလျိုသည် စိုးရိမ်တကြီးဖြစ်နေသော သူ၏သမီးကို အေးဆေးစွာ ကြည့်ကာ ဆုံးမလေသည်။

" သမီးက အင်မော်တယ်အဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်… သမီးရဲ့ အာရုံစိုက်မှုအားလုံးကို ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့် တည်ငြိမ်အောင်လုပ်ဖို့ပဲ အာရုံစိုက်သင့်တယ် "

အစောပိုင်းက နယ်မြေအသီးသီးမှ ပေးပို့လာသော ကြီးမားလှသည့် အရင်းအမြစ်များကြောင့် လွန်ခဲ့သောနှစ်အနည်းငယ်က ချီလျို၏ အဆင့်သည် အထွတ်အထိပ်အဆင့်မှ အင်မော်တယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ချီလျန်မျိုးနွယ်၏ မျိုးဆက်သစ်များထဲတွင် ပထမဆုံးသော အင်မော်တယ်တစ်ဦး ဖြစ်လာခဲ့သည်။

" သမီးက အရှင်သခင်ကို အမြဲ သတိရနေတယ်ဆိုတာ အမေ သိပါတယ်… အမေကိုယ်တိုင်လည်း ဘယ်လိုလုပ် မခံစားရဘဲ နေမလဲ… ဒါပေမယ့် ချီမုန်… အခု သမီး ဘာလုပ်သင့်တယ်ဆိုတာကိုလည်း သေသေချာချာ နားလည်ထားသင့်တယ် "

ချီလျိုမှ နူးညံ့စွာ ဖျောင်းဖျလေသည်။

" အခု အရှင်သခင်က ကောင်းကင်ဘုံကိုးခုအထက်မှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင်ပဲ… နောင်တစ်ချိန်မှာ သူက နတ်ဆိုးဧကရာဇ်ကြီးလို တည်ရှိမှုမျိုး ဖြစ်လာခဲ့ရင်တောင် အမေကတော့ သံသယရှိမှာ မဟုတ်ဘူး… တကယ်လို့ အဲ့ဒီနေ့သာ အမှန်တကယ် ရောက်လာခဲ့ရင်… အရှင်သခင်အတွက် ငါတို့ ဘာအကူအညီတွေများ ပေးနိုင်သေးတယ်လို့ သမီး ထင်လဲ "

" ကျိန်းသေပေါက် ကျွန်မတို့ မပေးနိုင်တော့ပါဘူးပေါ့ "

ချီမုန်မှ တီးတိုးရေရွတ်လိုက်၏။

အကယ်၍ အရှင်သခင်သာ နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိသွားခဲ့လျှင် သာမန် ချီလျန်မျိုးနွယ်လေးတစ်ခုက သူ့အတွက် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ လုံးဝ ရှိတော့မည်မဟုတ်ပေ။

" ဒါကြောင့် အဲ့ဒီနေ့မျိုး ရောက်မလာစေဖို့အတွက်… အခုကစပြီး ချီလျန်မျိုးနွယ်က ကြိုတင်စီစဉ်ပြီး စောစောစီးစီး ပြင်ဆင်ထားရမယ် "

ချီလျိုမှ လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

" ဒီအဆုံးမဲ့ကောင်းကင်ဘုံမှာ အငြင်းပွားစရာမရှိတဲ့ နံပါတ်တစ် မျိုးနွယ်စု ဖြစ်လာဖို့ အရင်ဆုံး ကြိုးစားပြီးတော့ ချီလျန်မျိုးနွယ်စုတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် အမေ ဦးဆောင်မယ်… ပြီးရင် အရှင်သခင်ရဲ့ စွမ်းအားတွေ တိုးလာတာနဲ့အမျှ ချီလျန်မျိုးနွယ်ရဲ့ ဩဇာလွှမ်းမိုးမှုကို အခြားနတ်ဆိုးနယ်မြေတွေဆီကိုပါ ဖြန့်ကြက်သွားမယ်..…

တကယ်လို့ အရှင်သခင်က နတ်ဆိုးဧကရာဇ်နေရာကို ရောက်မယ့်နေ့ အမှန်တကယ် ရှိလာခဲ့ရင်… ငါတို့ ချီလျန်မျိုးနွယ်က သူ့ရဲ့ လက်အောက်ခံ ကောင်းကင်ဘုံအင်အားစု အသီးသီးကို သဘာဝကျကျ စီမံခန့်ခွဲပေးပြီး သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေပေးနိုင်လိမ့်မယ်…..

ပြီးတော့ သမီးက ချီလျန်မျိုးနွယ်ထဲမှာ ပါရမီအရှိဆုံးသူ ဖြစ်တဲ့အတွက် သမီးရဲ့ တာဝန်က ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ! အရှင်သခင်ရဲ့ နောက်မှာ အရမ်းကြီး ပြတ်မကျန်ခဲ့အောင် ကြိုးစားပါ… ဒါမှ နောင်တစ်ချိန် အရှင်သခင်က တစ်ခုခု ခိုင်းစရာရှိလာရင် သမီးလည်း သူ့ကို ကူညီပေးနိုင်မှာပေါ့… ဘာမှ မလုပ်နိုင်တာထက်စာရင် ပိုကောင်းတာပေါ့… နားလည်လား "

မိခင်ဖြစ်သူ၏ စကားများကို နားထောင်ရင်း ချီမုန်သည် အလင်းပြခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူ၏မိခင်က အနာဂတ်အတွက် နှစ်သောင်းချီ၊ သိန်းချီကြာတဲ့အထိ ဒီလောက် အလှမ်းဝေးဝေး တွေးထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သို့သော် မိခင်ဖြစ်သူ၏ စကားများက အမှန်တကယ်ပင် ယုတ္တိရှိကြောင်းကိုလည်း သူ ဝန်ခံခဲ့ရပေသည်။

All Chapters