အခန်း ၅၆၅
Vol. 41 Ch. 565
အခန်း ( ၅၆၅ ) - စစ်မှန်သော ဖီးနစ်နတ်ဘုရားသတ္တု၊ သီးခြားစီ လှုပ်ရှားခြင်းနှင့် ရှောင်လင်ဧကရီအား နှုတ်ဆက်ခြင်း
၎င်းမှာ ထူးခြားသော အင်မော်တယ်သတ္တုတစ်ခုဖြစ်ကာ အပြင်ပန်းတွင် ကြက်သွေးရောင်ရှိပြီး အတွင်း၌ မှိန်ဖျော့ဖျော့ နတ်ဘုရားအမှတ်အသားများ ပုန်းကွယ်နေလျက် အတောင်ပံဖြန့်ကာ ပျံသန်းတော့မည့် ဖီးနစ်တစ်ကောင်၏ ပုံသဏ္ဍာန်ကဲ့သို့ အသက်ဝင်လှပေသည်။ ထိုအင်မော်တယ်သတ္တုတွင် ဝိညာဉ်ရှိလေ၏။ ဤအခိုက်အတန့်တွင် ၎င်းသည် ချူးဧကရာဇ်၏ လက်ဖဝါးထဲ၌ ပြင်းထန်စွာ ရုန်းကန်နေကာ လွတ်မြောက်ရန် ကြိုးစားနေပုံရသည်။
ကုချန်သည် ၎င်းကို ရယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။ စစ်မှန်သော ဖီးနစ်အင်မော်တယ်သတ္တုသည် လွတ်မြောက်ရန် အခွင့်အရေးတစ်ခုကို ရရှိသွားပုံရကာ ပြင်းထန်စွာ ရုန်းကန်လေသည်။ သို့သော် ကုချန်က သူ၏လက်ဖြင့် တင်းကျပ်စွာ ပိတ်လှောင်လိုက်ရာ မလှုပ်ရှားနိုင်တော့ချေ။
“ ရွှီး! “
နတ်ဘုရားသတ္တုမှာ တုန်ခါသွားကာ ညည်းတွားသံကဲ့သို့ အော်ဟစ်လိုက်သည်။ ၎င်းတွင် ဝိညာဉ်ရှိပုံရနေကာ သူ၏ကံကြမ္မာကို သိရှိသွားပုံရလေသည်။
" ငါကိုယ်တော့် ဧကရာဇ်လက်နက်ထဲကို ပေါင်းစပ်ရတာ မင်းအတွက် အရှက်ရစရာ မဟုတ်ပါဘူး "
ကုချန်သည် သူ၏လက်ဖဝါးထဲရှိ နတ်ဘုရားသတ္တုကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။ အဆုံးမဲ့ဓားကို နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားလက်နက်တစ်ခုအဖြစ်သို့ တက်လှမ်းရန် ဤစစ်မှန်သော ဖီးနစ်နတ်ဘုရားသတ္တုသည် သဘာဝကျကျပင် အဆုံးမဲ့ဓားထဲသို့ ပေါင်းစပ်သွားမည်ဖြစ်ကာ ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ၎င်းအတွင်း၌ မွေးဖွားလာသော အသိစိတ်လေးမှာလည်း ချေမှုန်းခံရမည်ဖြစ်ပြီး အဆုံးမဲ့ဓားမှ လုံးလုံးလျားလျား ပေါင်းစပ်ခံရမည် ဖြစ်သည်။
“ ဝုန်း! “
လေဟာနယ်နယ်ပယ်မှာ တိတ်ဆိတ်စွာ ပွင့်ဟသွားပြီး အဆုံးမဲ့ဓား ပေါ်ထွက်လာကာ ကုချန်အား လှည့်ပတ်နေလျက် ဆန္ဒတစ်ခုကို ပို့လွှတ်နေ၏။ ကုချန်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် အဆုံးမဲ့ဓားသည် စိတ်လှုပ်ရှားစွာဖြင့် ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အထက်သို့ ခုန်တက်သွားကာ နတ်ဘုရားသတ္တုကို လွှမ်းခြုံလိုက်ပြီးနောက် လေဟာနယ်နယ်ပယ်ထဲသို့ ပျောက်ကွယ်သွားလေသည်။ အဆုံးမဲ့ဓားသည် ဤသတ္တုကို သိမ်းသွင်းပြီးနောက် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ဤဖြစ်စဉ်သည် နှစ်အနည်းငယ် သို့မဟုတ် ရာနှင့်ချီ၍ ကြာမြင့်နိုင်ပေသည်။
" ကောင်းပြီ... အခု ငါတို့ လမ်းခွဲပြီး တခြားနေရာတွေကို ဆက်ပြီး စူးစမ်းကြတာပေါ့... တစ်ခုခု တွေ့ရင် ဆက်သွယ်ကြ "
အရာအားလုံး ပြီးစီးသွားသည်ကို မြင်သောအခါ ကုချန်သည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်ကို ညွှန်ကြားလိုက်၏။ ကွေ့ရွှီးနယ်မြေ မပိတ်သိမ်းမီတွင် သူတို့သည် အခြားသော အကျိုးအမြတ်များ ရှာတွေ့နိုင်မလား စူးစမ်းရမည် ဖြစ်သည်။ တစ်ဦးတည်း သီးခြားစီ သွားလာခြင်းက ပိုကောင်းပေသည်။ အကယ်၍ သူတို့သုံးဦး အတူတကွ သွားလာနေပြီး အခြားသော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများမှ ရှာဖွေတွေ့ရှိသွားပါက သူတို့သည် သဘာဝကျကျပင် အဝေးမှ ရှောင်ရှားသွားကြမည်ဖြစ်သည်။ သို့သော် အကယ်၍ သူတို့သုံးဦး တစ်ယောက်တည်း သွားလာနေပါက အခြားသော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများ၏ သဲလွန်စများကို တွေ့ရှိရသည်နှင့် တစ်ပြိုင်နက် သူတို့သည် တိတ်ဆိတ်စွာ နောက်ယောင်ခံလိုက်နိုင်ပြီး ပူးပေါင်းကာ သိမ်းသွင်းရန် ကြိုးစားနိုင်ပေသည်။
... ... ... ...
ကုချန်၏ ဒုတိယကိုယ်ပွားသည် ကွေ့ရွှီးနယ်မြေထဲတွင် စွန့်စားသွားလာနေချိန်၌ပင် ကုချန်၏ မူလခန္ဓာကိုယ်သည် အင်မော်တယ်နယ်မြေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ရှောင်လင်ဧကရီ၏ တာအိုနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
မရေမတွက်နိုင်သော ကြယ်ပင်လယ်များအထက်တွင် ရှောင်လင်ဧကရီသည် ရှေးဟောင်း ကြယ်ပင်လယ် နန်းတော်ရှေ့တွင် ရပ်နေကာ ကုချန်ကို လေးစားအားကျမှုဖြင့် ကြည့်နေလေသည်။
" တာအိုမိတ်ဆွေက ကျွန်မကို တကယ်ပဲ စိတ်ပျက်အောင် မလုပ်ခဲ့ဘူး "
ရှောင်လင်ဧကရီ၏ အသံမှာ စီးဆင်းနေသော စမ်းရေကဲ့သို့ ဖြစ်နေ၏။
" ကျွန်တော့် တာဝန်ကို မပျက်ကွက်ခဲ့ပါဘူး "
ကုချန်သည် ရယ်မောလိုက်ကာ ရှောင်လင်ဧကရီ၏ ရှေ့သို့ ရောက်လာပြီး မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ၏ ဒုတိယပိုင်းကို သူ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။ ဤသည်မှာ အစောပိုင်းက သူတို့ သဘောတူထားခဲ့သော အရာဖြစ်၏။ ယခုအခါ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာသည် သူ၏လက်ထဲတွင် ရှိနေပြီဖြစ်ရာ ကုချန်သည် သဘာဝကျကျပင် ၎င်းကို သူကိုယ်တိုင်အတွက် သိမ်းထားရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
" ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ "
ရှောင်လင်ဧကရီသည် ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ၏ ဒုတိယပိုင်းကို ယူလိုက်ရာ သူ၏ လှပသော မျက်လုံးများထဲတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ ပြီးပြည့်စုံသွားခြင်းက သူ၏ တာအိုလမ်းကြောင်းသည် ယခုမှစ၍ အဟန့်အတား ကင်းမဲ့သွားပြီဖြစ်ကြောင်း ဆိုလိုနေလေသည်။ နောက်တစ်ဆင့်အနေဖြင့် သူသည် အင်မော်တယ်ဧကရာဇ်အဆင့်အထက်သို့ တိုက်ရိုက် ဦးတည်နိုင်ရန် ဤဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ၏ အကြောင်းအရာများကို နားလည်သဘောပေါက်ရန်သာ လိုအပ်ပေသည်။
ရှောင်လင်ဧကရီ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်ကို ကြည့်ရင်း ကုချန်သည် သူ့အား ကြင်နာမှုအရ သတိပေးလိုက်လေသည်။
" ဒီ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာက တာအိုအရှင်သခင်အဆင့်ဆီကို တိုက်ရိုက် ဦးတည်နိုင်တာ မှန်ပေမယ့် တာအိုမိတ်ဆွေအနေနဲ့ သတိထားဖို့တော့ လိုသေးတယ်... တကယ်လို့ ဝိညာဉ်တာအိုကို တစ်ယောက်ယောက်က နေရာယူထားပြီးပြီဆိုရင် တာအိုကို အောင်မြင်ဖို့က အဲဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး "
ကုချန်၏ သတိပေးချက်ကို ကြားသောအခါ ရှောင်လင်ဧကရီသည် အံ့အားသင့်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်ကာ ပြောဆိုလိုက်လေသည်။
" ကြည့်ရတာ တာအိုမိတ်ဆွေက ဒီခရီးစဉ်မှာ တော်တော်လေး သိလာခဲ့ရပုံပဲ... သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ… ဒါပေမယ့် ဒီ ဝိညာဉ်တာအိုကို တစ်ယောက်ယောက်က နေရာယူထားပြီးရင်တောင် ကျွန်မမှာ နောက်ဆုတ်ဖို့ လမ်းမရှိတော့ပါဘူး... ကျွန်မဆီ ရောက်လာမယ့် ဘယ်အရာကိုမဆို ရင်ဆိုင်ရုံပဲ ရှိတော့တယ် "