← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 15 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 15 Ch. 201-202

‎အခန်း (၂၀၁) - ကျားကို တောင်ပေါ်မှ ဆွဲထုတ်ခြင်း၊ အမြင့်ဆုံးနည်းလမ်း၊ ယဇ်ကောင် ရောက်ရှိလာခြင်း

‎

‎

‎

‎ယွမ်ကျွင်း၏ ပြန်ပေါ်လာခြင်းသည်... ကုချင်းရွဲ့အား အလွန်ပင် ထိတ်လန့်သွားစေခဲ့ပြီး... သူသည် အရာများစွာကို ချက်ချင်း ဆက်စပ်မိသွား၏။ မူလက သူသည် ယွမ်ကျွင်း ပြန်ပေါ်လာခြင်းမှာ ဘိုးဘေးအား ထောင်ချောက်ဆင်ရန် ရည်ရွယ်ပြီး... ဘိုးဘေးကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။

‎

‎

‎သို့သော် ယခုအချိန်တွင်... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကိုယ်ခန္ဓာအစစ် ပေါ်ပေါက်လာသောအခါ... သူသည် ရုတ်တရက် သဘောပေါက်လိုက်၏။ ယွမ်ကျွင်းမဟာဧကရာဇ်၏ စစ်မှန်သော ရည်ရွယ်ချက်သည်... ဘိုးဘေးမဟုတ်ဘဲ 'ကျားကို တောင်ပေါ်မှ ဆွဲထုတ်ခြင်း' သက်သက်သာဖြစ်ပြီး... ဘိုးဘေးကို ဝေးရာသို့ ဆွဲထုတ်ကာ... အထက်ကောင်းကင်တားမြစ်နယ်မြေကို ပစ်မှတ်ထားရန် ဖြစ်သည်။

‎

‎

‎" ကုချန်... ကောင်းကင်ဘုံအရှင်သခင်... ဟွန်းဟွန်း "

‎

‎

‎တတိယ ကောင်းကင်ချောက်နက်အက်ကွဲကြောင်း၏ အပြင်ဘက်တွင်... ယွမ်ကျွင်းမဟာဧကရာဇ်၏ ကိုယ်ခန္ဓာအစစ်သည် ခန့်ညားစွာ ရပ်နေပြီး... အောက်ဘက်ရှိ အထက်ကောင်းကင်တားမြစ်နယ်မြေကို ငုံ့ကြည့်နေ၏။ သူ၏မျက်နှာပေါ်တွင် လျစ်လျူရှုသည့် အသွင်အပြင် ပေါ်လာပြီးနောက်... အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ဖဝါးကို တစ်ဖန်ပြန်၍ မြှောက်ကာ... အထက်ကောင်းကင်တားမြစ်နယ်မြေဘက်သို့ ဖိချလိုက်သည်။

‎

‎

‎...

‎

‎

‎ဒုတိယ ကောင်းကင်ချောက်နက်အက်ကွဲကြောင်း၏ နောက်ဘက်၌.....

‎

‎

‎ဤသည်မှာ ကျယ်ပြောပြီး အဆုံးမဲ့သော အင်မော်တယ်နယ်မြေတစ်ခု ဖြစ်သည်။ မဟာကောင်းကင်နှင့် မြေကြီးသည် ကျယ်ပြောလှပြီး... အဆုံးမဲ့သော အင်မော်တယ်တာအိုဝိညာဉ်ချီများ၊ စစ်မှန်သော နဂါးများနှင့် စစ်မှန်သော ဖီးနစ်၏ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ... ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံဝဲနေကြပြီး... နက်နဲမှုနှင့် ခမ်းနားထည်ဝါမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

‎

‎

‎ဤကျယ်ပြောသော အင်မော်တယ်နယ်မြေ၏ အဆုံး၌... ခမ်းနားထည်ဝါပြီး အဆုံးမဲ့သော ဧရာမတံခါးကြီးတစ်ခုကို... ဝိုးတဝါး မြင်နေရသည်။

‎

‎

‎သို့သော် အဆုံးမဲ့သော အင်မော်တယ်မြူခိုးများ လှည့်ပတ်နေပြီး... ကမ္ဘာအဆုံးကို ဖုံးအုပ်ထားသောကြောင့်... မှုန်ဝါးသော ပုံသဏ္ဌာန်ကိုသာ မြင်နေရသည်။

‎

‎

‎ကုချန်သည်... ဒုတိယ ကောင်းကင်ချောက်နက်အက်ကွဲကြောင်း၏ နောက်ကွယ်ရှိ ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သောအခါ... သူ၏နောက်ကွယ်ရှိ ကောင်းကင်ချောက်နက်အက်ကွဲကြောင်းသည် ရုတ်တရက် ပိတ်သွားပြီး... မည်သည့်အခါမျှ မတည်ရှိခဲ့ဖူးသကဲ့သို့ ဖြစ်နေ၏။

‎

‎

‎" ဟွန်းဟွန်း... ကောင်းကင်ဘုံအရှင်သခင်... မင်း ထောင်ချောက်မိသွားပြီ "

‎

‎

‎လေဟာနယ်၌ အနည်းငယ် အေးစက်သော ရယ်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာ၏။ ၎င်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏အသံပင် ဖြစ်သည်။

‎

‎

‎ကုချန်သည် အသံလာရာဘက်သို့ ကြည့်လိုက်ရာ... ကောင်းကင်ယံအထက်ရှိ လေဟာနယ် အက်ကွဲနေသည်ကိုသာ မြင်လိုက်ရပြီး... ယွမ်ကျွင်းမဟာဧကရာဇ်၏ ပုံရိပ်သာ တစ်ဖန်ပြန်၍ ပေါ်လာ၏။ တိကျစွာဆိုရသော်... ၎င်းသည် ယွမ်ကျွင်းမဟာဧကရာဇ်၏... ပုံရိပ်ယောင်ဖြစ်သည်။

‎

‎

‎" ကျားကို တောင်ပေါ်က ဆွဲထုတ်တာလား "

‎

‎

‎ကုချန်သည် ပျောက်ကွယ်သွားသော ကောင်းကင်ချောက်နက် အက်ကွဲကြောင်းကို နောက်ပြန်ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ ယွမ်ကျွင်းမဟာဧကရာဇ်၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်လိုက်ဟန်တူ၏။ သို့သော် သူ၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်မျှ မရှိဘဲ ဤအရာအားလုံးကို ယခင်ကတည်းက ကြိုတင်မျှော်မှန်းထားသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎" မင်း အရမ်း စွမ်းအားကြီးတယ်... ဒါကြောင့် ငါကိုယ်တော်က အပိုပြင်ဆင်မှုတွေ လုပ်ဖို့ လိုတယ် "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ ပုံရိပ်ယောင်သည် ကုချန်အား လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

‎

‎

‎" ငါကိုယ်တော်က... မင်း ဘယ်လိုလုပ် ဒီလောက် မြန်မြန် စွမ်းအားကြီးလာရတာလဲဆိုပြီး အံ့ဩနေခဲ့တာ... သက်တမ်းရှည် အမိန့်တော်ကတောင် မင်းကို မထိခိုက်နိုင်ခဲ့ဘူး.....

‎

‎အကြာကြီး စဉ်းစားပြီးတဲ့နောက်... အဲဒါက အထက်ကောင်းကင်တားမြစ်နယ်မြေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ထင်တယ်... အခု မင်း ဒီထောင်ချောက်ထဲ ရောက်လာပြီဆိုတော့... ငါကိုယ်တော်က အထက်ကောင်းကင်ထဲမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ဝှက်ထားလဲလို့ စုံစမ်းချင်တာ သဘာဝကျတယ် "

‎

‎

‎...

‎

‎

‎" ဒါဆို... မင်း ငါကိုယ်တော်ကို ဒီကို ခဲခဲယဉ်းယဉ်း ခေါ်ဆောင်ခဲ့တာက... ကောင်းကင်တားမြစ်နယ်မြေထဲက 'ကံကြမ္မာ' ကို... ခိုးကြည့်ဖို့သက်သက်ပဲလား "

‎

‎

‎ကုချန်သည် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

‎

‎

‎" ဟုတ်ပါတယ်... ဒါပဲသက်သက်တော့ မဟုတ်ဘူးပေါ့! "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် လှောင်ပြောင်လိုက်သည်။

‎

‎

‎" ကောင်းကင်တားမြစ်နယ်မြေထဲက ကံကြမ္မာကို ငါကိုယ်တော်က လိုချင်တယ်... မင်းရဲ့ အသက်ကိုလဲ ငါကိုယ်တော်က ယူချင်တယ်.....

‎

‎ကုချန်... ကုချန်... ငါကိုယ်တော် ဘယ်လိုလုပ် သေရာက ပြန်ရှင်လာရတာလဲဆိုတာ... မင်း မသိချင်ဘူးလား "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် ဂုဏ်ယူစွာ ရေရွတ်လိုက်၏။ ကုချန် စကားမပြောမီ သူ ကိုယ်တိုင်သာ ပြန်ဖြေလိုက်၏။

‎

‎

‎" မင်းကို အမှန်အတိုင်း ပြောရရင်... အဲဒီနေ့က ဧကရာဇ်ဂိတ်တံခါးမှာ မင်းကို တိုက်ခိုက်ခဲ့တဲ့သူနဲ့... ဧကရာဇ်မဟာမိတ်အဖွဲ့ထဲက မို့တိဧကရာဇ်တို့ဟာ... ငါကိုယ်တော်က ပြိုင်ဘက်ကင်း နည်းလမ်းတစ်ခုနဲ့ စုစည်းထားတဲ့... ကိုယ်ပွားနှစ်ခုပဲ!

‎

‎မင်း ငါကိုယ်တော်ရဲ့ ကိုယ်ပွားတစ်ပါးကို ဧကရာဇ်ဂိတ်တံခါးမှာ သတ်ဖြတ်ခဲ့တယ်... ပြီးတော့ ငါကိုယ်တော်ရဲ့ ကိုယ်ခန္ဓာအစစ်ကို အဆုံးမဲ့ကမ္ဘာအပြင်ဘက်မှာ သတ်ခဲ့တယ်... ဒါပေမယ့် ငါကိုယ်တော်မှာ ကိုယ်ပွားတစ်ခု ကျန်နေသေးတယ်.....

‎

‎အဲဒီကိုယ်ပွားကို ပင်မကိုယ်ခန္ဓာအဖြစ် ချက်ချင်း ပြန်ပြောင်းလဲလို့ရတယ်... မင်း ငါကိုယ်တော်ကို မသတ်နိုင်ခဲ့တဲ့အတွက်... အရမ်း စိတ်ပျက်နေမှာပဲ ဟုတ်လား "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်သည် လွန်စွာ ဂုဏ်ယူနေခဲ့၏။ သူသည် လွတ်မြောက်ရန် လမ်းမရှိတော့ဟု ခံစားရဟန်ရှိသဖြင့်... ဤလျှို့ဝှက်ချက်ကို ကုချန်အား ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြခဲ့သည်။

‎

‎

‎...

‎

‎

‎" ကိုယ်ပွားနှစ်ခု... ပင်မကိုယ်ခန္ဓာရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ရုံတင်မဟုတ်ဘဲ... ပင်မကိုယ်ခန္ဓာနဲ့ သီးသန့် တည်ရှိနိုင်စွမ်းရှိတယ်... အင်မော်တယ်နယ်မြေမှာတောင် ဒီလို ပြိုင်ဘက်ကင်း နည်းလမ်းမျိုး ရှိမှာ မဟုတ်ဘူးလို့... ငါ ထင်တယ် "

‎

‎

‎ကုချန်၏ဝတ်ရုံစွန်းတွင် ချိတ်ဆွဲထားသော သိုလှောင်လက်စွပ်သည် ဝိုးတဝါး တောက်ပလာပြီး ကောင်းကင်နတ်သမီးရှောင်းယွဲ့၏ အနည်းငယ် ထိတ်လန့်တကြားဖြစ်နေသော အသံ ထွက်ပေါ်လာ၏။

‎

‎

‎ကိုယ်ပွားနှစ်ခုကို ဖန်တီးခြင်း... ပင်မကိုယ်ခန္ဓာနှင့် တူညီသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ခြင်းသည်... မိမိ၏ တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်း သုံးဆတိုးပွားစေသည်နှင့် တူညီသည်။ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်၏ နည်းလမ်းများပင်လျှင်... နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

‎

‎

‎" မင်း ငါကိုယ်တော်ကို ဒီကို ခေါ်ဆောင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့တာဟာ... ဒီ အသုံးမကျတဲ့ စကားတွေ ပြောဖို့သက်သက်တော့ မဖြစ်သင့်ဘူး "

‎

‎

‎ကုချန်သည် တည်ငြိမ်စွာ ပြောကြားလိုက်သည်။

‎

‎

‎...

‎

‎

‎" ကုချန်... ကုချန်... မင်း နောက်ပိုင်းမှာလဲ... ဒီလိုမျိုး မာနကြီးနေနိုင်ဖို့ မျှော်လင့်ပါတယ် "

‎

‎

‎ကုချန်၏ လျစ်လျူရှုသည့် အမူအရာကို မြင်သောအခါ... ယွမ်ကျွင်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက်... သူ၏လက်ကို ဝှေ့ယမ်းကာ ကျယ်ပြောသော အင်မော်တယ်နယ်မြေ၏ အဆုံးဘက်သို့... အရိုအသေပေးသည့် အနေဖြင့် ပြောလိုက်သည်။

‎

‎

‎" ယဇ်ကောင် ရောက်ရှိလာပါပြီ... အင်မော်တယ်... ကျေးဇူးပြုပြီး သုံးဆောင်ပါ "

‎

‎

‎" ဒုန်း! "

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏အသံ ထွက်ပေါ်လာသောအခါ... ကျယ်ပြောသော အင်မော်တယ်နယ်မြေ၏ အဆုံးကို ဖုံးအုပ်ထားသော အင်မော်တယ်မြူခိုးများသည်... ရုတ်တရက် ကင်းစင်သွား၏။

‎

‎

‎အေးစက်ပြီး ဧရာမမျက်လုံးတစ်စုံသည်... ကောင်းကင်ယံတွင် မြင့်မားစွာရှိနေပြီး... ကုချန်အား အေးစက်စူးရှစွာ စိုက်ကြည့်နေ၏။

‎

‎

‎ထိုမျက်လုံးကြီး စိုက်ကြည့်ရာနေရာတိုင်းတွင်... ကြောက်ဖွယ်ကောင်းလွန်းသော ဖိအားကို ခံစားရကာ... အရာအားလုံးအား အေးခဲပျက်စီးစေနိုင်၏။

‎

‎

‎ထိုမျက်လုံးများ၏ နက်နဲရာ၌ လောဘကြီးလွန်းသည့် ရည်ရွယ်ချက်များ လှည့်ပတ်နေသည်ကို မြင်နိုင်သည်။

‎

‎

‎အင်မော်တယ်နယ်မြေ၏အဆုံး၌ ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွား၏။ ထိုမျက်လုံးတစ်စုံ၏အောက်တွင်... ဧရာမ ပုံရိပ်ယောင် ပါးစပ်တစ်ခု ပေါ်လာပြီး... ကျယ်လောင်လွန်းသော အသံကို ထုတ်လွှတ်လာ၏။

‎

‎

‎" မင်း တကယ်ကို ကောင်းကောင်း လုပ်ခဲ့တယ်... ဒီအင်မော်တယ်..... "

‎

‎

‎သို့သော် အသံသည် ရုတ်တရက် ရပ်တန့်သွား၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော်... ထိုအချိန်တွင် ကျိုးပဲ့နေသော... အင်မော်တယ်အဆင့် ပေတံတစ်ခုသည် လေဟာနယ်ကို ဖြတ်ကျော်ကာ... ၎င်း၏ မျက်လုံးတစ်လုံးကို ရုတ်တရက် ထိုးနှက်လိုက်ပြီး... သွေးများကို ပေပေါင်းထောင်ချီအထိ ပျံ့ကျဲစေလျက်... ကောင်းကင်တစ်ခုလုံးကို နီရဲသွားစေသောကြောင့်ပင်။

‎

‎အခန်း (၂၀၂) - ရွှယ်ကျန်းဟု အမည်ပေးခြင်း၊ ဧကရာဇ်၏ လုပ်ရပ်များနှင့် သတ်ဖြတ်ရေးစည်းရိုး အသက်ဝင်လာခြင်း

‎

‎

‎

‎ဤရုတ်တရက် မြင်ကွင်းကြောင့်... ကုချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး... ကောင်းကင်ယံမှ ယွမ်ကျွင်း၏ ပုံရိပ်ယောင်သည်လည်း... ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

‎

‎

‎" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "

‎

‎

‎အင်မော်တယ်ပေတံဖြင့် ထိုးနှက်ခံရကာ... သွေးများ ပေကျံလျက် ပေထောင်ချီ ပျံ့ကျဲသွားသော ဧရာမမျက်လုံးကြီးကို ကြည့်ရင်း... ယွမ်ကျွင်းမှာ လုံးဝ မထင်မှတ်ထားသကဲ့သို့ ထိတ်လန့်သွားရသည်။

‎

‎

‎" ဒါက ဝိညာဉ်အပိုင်းအစလေးပဲ... ဘယ်လိုလုပ် ဒီအထိ ရောက်လာတာလဲ..... "

‎

‎

‎သွေးစွန်းနေသော အင်မော်တယ်ပေတံကို ကြည့်ရင်း... ယွမ်ကျွင်း၏ မျက်နှာအမူအရာမှာ အရုပ်ဆိုးသွားပြီး... အင်မော်တယ်ပေတံ မည်သည့်နေရာမှ လာသည်ကိုလည်း သိနေဟန်တူ၏။

‎

‎

‎" ဖူရှီး "

‎

‎

‎ကမ္ဘာ၏အစွန်အဖျားတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ဧရာမမျက်လုံးသည်... ကျိုးပဲ့နေသော အင်မော်တယ်ပေတံကို စူးစိုက်ကြည့်နေပြီး... သူ၏အကြည့်၌ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

‎

‎

‎" ဒီလောက်နှစ်တွေ ကြာပြီးတာတောင်... မင်းက အခုထိ ဒီလိုပဲ ဇွဲရှိပြီး... စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတုန်းပဲ "

‎

‎

‎" ဝီ..... "

‎

‎

‎အင်မော်တယ်ပေတံသည် နောက်ပြန်ပျံလာပြီး... လူသားဧကရာဇ်၏ လက်ဖဝါးထဲသို့... ကျရောက်သွား၏။

‎

‎

‎" ရွှယ်ကျန်း... မင်းက မသေဘဲ ရှိနေသေးတာမလို့... ငါကိုယ်တော်က မင်းကို လမ်းပြပို့ဆောင်ပေးဖို့ လာခဲ့တာ "

‎

‎

‎လူသားဧကရာဇ်သည် အင်မော်တယ်ပေတံကို ကိုင်ဆောင်လျက်... ကောင်းကင်ယံတွင် မတ်မတ်ရပ်နေပြီး... ကမ္ဘာ၏ အစွန်အဖျားရှိ ဧရာမမျက်လုံးကို ကြည့်ကာ... တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

‎

‎

‎ထို့နောက် လူသားဧကရာဇ်သည် ကုချန်ကို ကြည့်ကာ နှုတ်ဆက်သည့်အနေဖြင့် ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

‎

‎

‎ကုချန်၏မျက်လုံးများမှာ လှုပ်ခတ်သွားပြီး လူသားဧကရာဇ်၏ လက်ရှိအခြေအနေကို သူ သဘောပေါက်လိုက်ဟန်တူ၏။ သူသည် စကားမပြောဘဲ သက်ပြင်းအသာချကာ ခပ်ဖွဖွ ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။

‎

‎

‎" ဖူရှီး..... "

‎

‎

‎မုန်းတီးမှုနှင့် ရန်လိုမှုများ ပြည့်နှက်နေသော ကျယ်လောင်သည့် အသံတစ်ခုသည် ကမ္ဘာ၏ အစွန်အဖျားတွင် တစ်ဖန်ပြန်၍ ပဲ့တင်ထပ်လာသည်။

‎

‎

‎ထိုအချိန်တွင်... ကမ္ဘာ၏အစွန်အဖျားကို ဖုံးအုပ်ထားသော အင်မော်တယ်မြူခိုးများသည်လည်း... နောက်ဆုံး၌ ကင်းစင်သွားပြီး ထိုနေရာရှိ မြင်ကွင်းကို အပြည့်အစုံ မြင်ရစေ၏။

‎

‎

‎ကောင်းကင်နှင့် မြေကြီးကြားတွင်... မတ်မတ်ရပ်နေသော ခမ်းနားကြီးကျယ်သည့် အင်မော်တယ်တံခါးဝရှေ့၌... ပလ္လင်တစ်ခုသည် ကောင်းကင်ဘုံအားလုံးကို မိုးထားသကဲ့သို့ တည်ရှိနေ၏။

‎

‎

‎ထိုပလ္လင်ပေါ်၌ ပုံရိပ်တစ်ခုသည် ခန့်ညားထည်ဝါစွာ ထိုင်နေပြီး လူသားဧကရာဇ်နှင့် ကုချန်ကို အေးစက်စွာ စောင့်ကြည့်နေလေသည်။

‎

‎

‎" ဒီလူက..... "

‎

‎

‎ကုချန်၏ အဝတ်အစားပေါ်တွင် ချိတ်ဆွဲထားသော သိုလှောင်လက်စွပ်သည် အနည်းငယ် တုန်ယင်သွားပြီး ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အနည်းငယ် မတည်ငြိမ်သော အသံ ထွက်ပေါ်လာ၏။

‎

‎

‎ပလ္လင်ပေါ်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေသော ထိုပုံရိပ်သည် 'တစ်ဝက်' သာ ကျန်ရှိတော့သည်။

‎

‎

‎သူ၏ ဦးခေါင်းအလယ်ဗဟိုမှသည် ခြေထောက်အထိ... ကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်ကြီးတစ်ခု ရှိနေပြီး... ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းသာ ကျန်ရှိတော့ကာ ညာဘက်ခြမ်းမှာ ပျောက်ဆုံးနေသည်။

‎

‎

‎သူ၏ခန္ဓာကိုယ်ရှိ ကျိုးပဲ့နေသော အပိုင်းမှပင်... သွေးစိမ်းများ စဉ်ဆက်မပြတ် စီးကျနေပြီး... သူ၏အောက်ရှိ ပလ္လင်ကို နီရဲနေစေသည်။

‎

‎

‎ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်မှာ.....

‎

‎

‎ထိုပုံရိပ် ထိုင်နေသော ပလ္လင်ခြေရင်း၌ သွေးများပေကျံနေသော ပုံရိပ်နှစ်ခု မှောက်လျက်လဲကာ တည်ရှိနေလေ၏။

‎

‎

‎ပုံရိပ်နှစ်ခုစလုံးသည် ရှေးဟောင်းအင်မော်တယ်တာအိုဝတ်စုံများ ဝတ်ဆင်ထားကြပြီး သေဆုံးနေကြပြီးဖြစ်သော်ငြား အဆုံးမဲ့သော အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

‎

‎

‎၎င်းသည် အဆုံးမဲ့ဧကရာဇ်အဆင့်ကို ကျော်လွန်သော အရှိန်အဝါ... အင်မော်တယ်နယ်မြေနှင့်သာ သီးသန့်သက်ဆိုင်သော... အမြင့်ဆုံးအရှိန်အဝါပင်။

‎

‎

‎" စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါး "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် မသိစိတ်အလျောက် ထိတ်လန့်စွာ အော်ဟစ်လိုက်မိ၏။

‎

‎

‎ပလ္လင်အောက်တွင် မှောက်လျက်လဲနေသော ပုံရိပ်နှစ်ခုစလုံးသည် အသက်ရှင်စဉ်က စစ်မှန်သော အင်မော်တယ်အဆင့် သတ္တဝါများ ဖြစ်ခဲ့ကြလိမ့်မည်။

‎

‎

‎ပလ္လင်ပေါ်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေသော ထိုပုံရိပ်အတွက်မူ... ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိသော်လည်း သူထံမှ ထွက်ပေါ်လာသော အရှိန်အဝါကိုကြည့်ခြင်းဖြင့်... ထိုသို့ ဒဏ်ရာများ မရရှိခဲ့မီက သူသည်... အထွတ်အထိပ် အင်မော်တယ်အဆင့် သတ္တဝါ ဖြစ်နိုင်ကြောင်း... ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ခန့်မှန်းမိလိုက်သည်။

‎

‎

‎အထွတ်အထိပ် အင်မော်တယ်တစ်ပါးနှင့် စစ်မှန်သော အင်မော်တယ်နှစ်ပါးသည် အဘယ်ကြောင့် ဤကဲ့သို့ ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသနည်း။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏နှလုံးသားတွင် အေးစက်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်... လူသားဧကရာဇ်၏ အမည်ကို ရေရွတ်ခဲ့သော ရွှယ်ကျန်းဟု အမည်ပေးထားသည့်... ထိုသတ္တဝါကို ပြန်အမှတ်ရလိုက်သောအခါ... မယုံနိုင်စရာ အတွေးတစ်ခု သူ၏စိတ်ထဲသို့ ချက်ချင်း ဝင်ရောက်လာ၏။

‎

‎

‎ဤအရာအားလုံးသည်... ယခင် လူသားဧကရာဇ်၏ လက်ချက်များ ဖြစ်နိုင်သလော။

‎

‎

‎...

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ထိတ်လန့်နေစဉ် ရွှယ်ကျန်း၏ နောက်ဆက်တွဲ စကားများသည် သူ၏ခန့်မှန်းချက်ကို တိုက်ရိုက် အတည်ပြုပေးခဲ့သည်။

‎

‎

‎" ဖူရှီး... မင်း အခု ဒီကို လာတာက ဘာထူးမှာလဲ... အဲဒီတုန်းက မင်း ငါ့ရဲ့ စစ်မှန်တဲ့ အင်မော်တယ် လက်အောက်ခံနှစ်ယောက်ကို သတ်ပြီး... ငါ့ကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သလို...မင်းလဲ မင်းရဲ့အသက်နဲ့ ပြန်ပေးခဲ့ရတာပဲ......

‎

‎အခု ငါ အသက်ရှင်နေတာကို မြင်တော့ မင်း အရမ်း စိတ်ပျက်သွားပြီ မဟုတ်လား "

‎

‎

‎ရွှယ်ကျန်းသည် ကျန်ရှိနေသေးသော သူ၏ မျက်လုံးတစ်လုံးတည်းဖြင့် လူသားဧကရာဇ်ကို စူးစိုက်ကြည့်နေပြီး သူ၏အကြည့်၌ ရူးသွပ်မှုများ ပြည့်နှက်နေ၏။

‎

‎

‎" အဲဒီတုန်းက မင်း ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်တစ်ဝက်ကို အသည်းအသန် ယူသွားခဲ့လို့... ငါ့မှာ မူလချီစွမ်းအားကို ပြန်ရနိုင်ဖို့ အတော်ကြာကြာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်.....

‎

‎ငါ ပြန်ကောင်းလာပြီးတော့ တစ်ကြိမ်ထက်မက ရှာဖွေခဲ့ပေမဲ့... ခြေရာလေးတောင် ရှာမတွေ့ခဲ့ဘူး... မင်းက ငါ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ကို အဲဒီနေရာမှာ ဝှက်ထားမယ်လို့ လုံးဝကို မထင်ခဲ့မိဘူး... ဟင်း..... "

‎

‎

‎ရွှယ်ကျန်းသည် ယွမ်ကျွင်းမဟာဧကရာဇ်အား ကြည့်လျက် လျစ်လျူရှုဟန်ဖြင့် အမိန့်ပေးလိုက်သည်။

‎

‎

‎" မင်းသွား! ဒီအင်မော်တယ်ရဲ့ ကျန်ရှိနေတဲ့ ခန္ဓာကိုယ်တစ်ဝက်ကို အမြန် ပြန်ယူလာခဲ့... ပြီးရင် ဒီအင်မော်တယ်က မင်းကို ထာဝရရှင်သန်နိုင်မဲ့ ဘဝကို ပေးမယ် "

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ယွမ်ကျွင်းသည် ပထမတွင် လန့်သွားသော်ငြား... ရွှယ်ကျန်း ဆိုလိုသည်ကို နားလည်လိုက်၏။ သူသည် ကုချန်ကို အနက်ရှိုင်းဆုံး ကြည့်လိုက်ပြီးနောက်... ချက်ချင်း ပျောက်ကွယ်သွား၏။

‎

‎

‎...

‎

‎

‎" လွန်ခဲ့တဲ့ နှစ်ပေါင်း... တစ်သန်းငါးသိန်းတုန်းက ဒဏ္ဍာရီလာ အင်မော်တယ်လမ်း ပွင့်လာခဲ့တယ်... ငါ့ရဲ့ စွမ်းအားက ကောင်းကင်မြတ်နိုးဖွယ်အဆင့်ကို ဖောက်ထွင်းပြီး... ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကို ရောက်ခဲ့တာမို့ ဒီအခွင့်အရေးကို လက်လွတ်ခံစရာ မရှိဘူး... အဲဒါကြောင့် အင်မော်တယ်လမ်းထဲကို ဝင်ခဲ့တယ် "

‎

‎

‎ယွမ်ကျွင်း၏ပုံရိပ် ပျောက်ကွယ်သွားသော်လည်း... လူသားဧကရာဇ်သည် အလျင်စလို မဖြစ်ဘဲ... ကုချန်အား အတိတ်က ဖြစ်ရပ်များကိုပင် ပြန်ပြောပြနေလေသည်။

‎

‎

‎" ဒါပေမယ့် ရလဒ်က ငါမျှော်လင့်ထားတာတက် ကျော်လွန်သွားခဲ့တယ်... အဲဒီ အင်မော်တယ်လမ်းလို့ ခေါ်တဲ့ နောက်ကွယ်မှာ... ကမ္ဘာလောကကြီး အိပ်မက်မက်နေတဲ့ အင်မော်တယ်တက်လှမ်းခြင်းဆိုတာမျိုး ရှိမနေခဲ့ဘူး... အားလုံးက လှည့်စားမှုတစ်ခုပဲ.....

‎

‎ဒီတိုက်ပွဲမှာ ငါ စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကို သတ်ပြီး... ရွှယ်ကျန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်... ဒါပေမယ့် ငါလဲ ပင်ပန်းနွမ်းနယ်ပြီး ဘာမှ ထပ်လုပ်ဖို့ ခွန်အားမရှိတော့ဘူး.....

‎

‎ရွှယ်ကျန်း ပြန်လာမှာကို တားဆီးဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို အသည်းအသန် ယူသွားခဲ့ရုံပဲ တတ်နိုင်ခဲ့တယ်... ဒါမှ သူ ပြန်ပြီးကောင်းမွန်ဖို့ ခက်ခဲပြီး... ငါ့ရဲ့အဆုံးမဲ့ကမ္ဘာကို နောက်တစ်ကြိမ် ပစ်မှတ်မထားနိုင်မှာ "

‎

‎

‎ဤသို့ပြောချိန်တွင် လူသားဧကရာဇ်၏ အကြည့်သည် နက်ရှိုင်းလျက် ဝမ်းနည်းမှုများ ပါဝင်လာ၏။

‎

‎

‎" ငါ အဆုံးမဲ့ကမ္ဘာရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် အချိန်အလုံအလောက် ဆွဲပေးနိုင်မယ်... ကောင်းကင်ချောက်နက်ကြီးရဲ့ နောက်ကွယ်က သတ္တဝါတွေနဲ့ ရင်ဆိုင်ဖို့ အချိန်ရနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်... နောက်ဆုံးမှာတော့ သစ္စာဖောက်မှုနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး..... "

‎

‎

‎သစ္စာဖောက်မှုလား။

‎

‎

‎လူသားဧကရာဇ်၏ ဤစကားကို ကြားသောအခါ ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။

‎

‎

‎လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက... သူကိုယ်တိုင် အင်မော်တယ်လမ်း၏ အစွန်အဖျားသို့ ဝင်ရောက်ခဲ့သော်ငြား... ၎င်းသည် နတ်ဆိုးနယ်မြေ၏ နယ်နိမိတ်ဖြစ်ကြောင်းသာ တွေ့ရှိခဲ့ရသည်။ သူသည် နှစ်ပေါင်းကိုးသောင်းကြာ စိတ်ရှည်စွာ စောင့်ရှောက်ပေးခဲ့သော်လည်း... နောက်ဆုံးတွင် အဆုံးမဲ့ကမ္ဘာရှိ သတ္တဝါပေါင်းများစွာ၏... သစ္စာဖောက်မှုကို ရင်ဆိုင်ခဲ့ရသည်။

‎

‎

‎လူသားဧကရာဇ်သည် သူ၏ခေတ်၌... ဤကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ခဲ့ပြီး... ကောင်းကင်ကို လှုပ်ခတ်စေသော တိုက်ပွဲကို ဆင်နွှဲခဲ့သော်လည်း... နောက်ဆုံးတွင် သစ္စာဖောက်ခံခဲ့ရပြန်သည်။

‎

‎

‎သို့သော် လူသားဧကရာဇ်၏ စကားများအရ... သစ္စာဖောက်မှုသည် ဖူမိသားစု ဖျက်ဆီးခံရခြင်းကို ရည်ညွှန်းနေခြင်း မဟုတ်ဘဲ... အခြားတစ်စုံတစ်ရာကို ရည်ညွှန်းနေပုံရသည် မဟုတ်လော။

‎

‎

‎...

‎

‎

‎အဆုံးမဲ့တိုက်ကြီး... အရှေ့ပိုင်းနယ်မြေ ကောင်းကင်ယံအထက်၌.....

‎

‎

‎ယွမ်ကျွင်းမဟာဧကရာဇ်၏ လက်ဝါးသည် အထက်ကောင်းကင်ပေါ်သို့ ကျဆင်းလာ၏။ သူ၏မျက်လုံးများတွင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုအရိပ်အယောင်တစ်ခု ရှိနေသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် လှည့်စားခံရ၍ ထွက်ခွာသွားပြီဖြစ်ရာ... ဤကျယ်လှပြောသော ကောင်းကင်ယံတွင် မည်သူက... သူ့အား တားဆီးနိုင်မည်နည်း။

‎

‎

‎သို့သော်... ယွမ်ကျွင်းမဟာဧကရာဇ်သည် သူ၏ လက်ဝါးတစ်ချက်တည်းဖြင့်... အထက်ကောင်းကင်တားမြစ်နယ်မြေကို ချေမှုန်းနိုင်ပြီဟု အပြည့်အဝ ယုံကြည်မှုရှိနေစဉ်... အထက်ကောင်းကင်အထက်မှ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။

‎

‎

‎လေဟာနယ်၌ အဆုံးမဲ့ဟွမ်သွမ့်ချီများ လျှံတက်လာ၏။ မိုးကြိုးဘေးဒုက္ခများ နေရာအနှံ့ ဖြစ်ပေါ်နေပြီး မြေ၊ မီး၊ လေ၊ ရေတို့၏ ချီစွမ်းအားများ တစ်လှည့်စီ ပေါ်ထွက်လာသည်။

‎

‎

‎ဘေးဒုက္ခ၏ အဆုံးမဲ့စွမ်းအားသည် ကမ္ဘာပျက်ကြိတ်ဆုံအဖြစ် ပြောင်းလဲသွားပြီး ယွမ်ကျွင်းမဟာဧကရာဇ် ဆန့်ထုတ်လိုက်သော လက်ကို အလွယ်တကူ ကြိတ်ချေ ဖျက်ဆီးလိုက်သည်။

‎

‎

‎" ဒါက ကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်ပဲ "

‎

‎

‎ကောင်းကင်တားဘုံမြစ်နယ်မြေအတွင်း၌ ယွမ်ကျွင်းမဟာဧကရာဇ်၏ တိုက်ခိုက်မှု အလွယ်တကူ ချေမှုန်းခံရသည်ကို မြင်သောအခါ ကုချင်းရွဲ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

‎

‎

‎ဤကပ်ဘေးတစ်သောင်းသတ်ဖြတ်ခြင်း အစီအရင်သည်... ဘိုးဘေးကြီး ကုမိသားစုကို အထက်ကောင်းကင်သို့ ပြောင်းရွှေ့ပြီးနောက်... နောင်တွင် သူ အပြင်တွင် ရောက်ရှိနေချိန်၌... တစ်စုံတစ်ဦးက အထက်ကောင်းကင်အား အနှောင့်အယှက်ပေးမည်ကို စိုးရိမ်သည့်အတွက်... ကုမိသားစုကို ကာကွယ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎အချိန်များစွာကြာပြီးနောက် ဤအစီအရင်ကြီးကို နောက်ဆုံးတွင် အသုံးပြုလာရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

All Chapters