အခန်း (၃၁၉-၃၂၀)
Vol. 23 Ch. 319-320
အခန်း ( ၃၁၉ ) - ကုချန် တံခါးပိတ်ကျင့်ကြံခြင်း၊ ကြီးမားသော လှုပ်ရှားမှုနှင့် ရောက်ရှိလာတော့မည့် ဧကရာဇ်ကပ်ဘေး
" ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း " ပညာရပ်မှာ မည်မျှ စွမ်းအားကြီးမားကြောင်းကို ကုချန်သည် ကောင်းစွာ နားလည်သဘောပေါက်ထား၏။
လက်ရှိအချိန်တွင် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း ရှီမိုထျန်းကျွင်းကဲ့သို့သော ရှေးဟောင်းအင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရုံမက အသာစီးပင် ရယူနိုင်ခဲ့ခြင်းမှာ ဤ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ အထောက်အပံ့ကြောင့်ပင် ဖြစ်သည်။
သို့သော် ဤကျင့်စဉ်ကို ကျင့်ကြံရန်မှာမူ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှပေသည်။
ကုချန်သည် ကနဦးက နက်နဲဆန်းကြယ်သော ခေါင်းတလားအတွင်းမှ လက်တစ်ဖက် ကျဆင်းလာသည့် မြင်ကွင်းကို မြင်တွေ့ခွင့်ရခဲ့သည့် ကံတရားကြောင့်သာ ဤကျင့်စဉ်ကို စတင်ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဟွမ်သွမ့်ပင်လယ်ထဲ၌ ရှေးဟောင်းကောင်းကင်ကျောက်တိုင်အား လေ့လာခွင့်ရခဲ့သဖြင့် ကျင့်စဉ်ခရီး၏ ၁ ရာခိုင်နှုန်းကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ရှေ့ဆက်၍ မည်သို့ ဆက်လက်ကျင့်ကြံရမည်ကိုမူ ကုချန် စဉ်းစား၍မရ ဖြစ်နေခဲ့သည်။ ဟွမ်သွမ့်ပင်လယ်အတွင်းရှိ ရှေးဟောင်းကောင်းကင်ကျောက်တိုင်မှာ တည်နေရာအတည်တကျ မရှိဘဲ ရွေ့လျားနေတတ်သလို လူသားဧကရာဇ်ပေးခဲ့သော သံလိုက်အိမ်မြှောင်မှာလည်း ကျောက်တိုင်ကို တစ်ကြိမ်ရှာဖွေပြီးသည်နှင့် အသုံးမဝင်တော့ချေ။ ကျယ်ပြောလှသည့် ဟွမ်သွမ့်ပင်လယ်ထဲတွင် ထိုကျောက်တိုင်ကို နောက်ထပ်တစ်ကြိမ် ပြန်လည်ရှာတွေ့နိုင်မည့် အခွင့်အရေးမှာ သုညနီးပါးသာ ရှိတော့သည်။
ကံကောင်းထောက်မစွာဖြင့် တစ်ကြိမ်နှစ်ကြိမ် ထပ်မံတွေ့ရှိခဲ့လျှင်လည်း မည်သို့ ထူးခြားလာမည်နည်း။ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" သည် အလွန်ကျယ်ပြန့်နက်ရှိုင်းလှသဖြင့် တစ်ကြိမ်နှစ်ကြိမ်မျှ ဉာဏ်အလင်းပွင့်ရုံ၊ ကျင့်ကြံရုံဖြင့် အလုံးစုံ တတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျင့်စဉ်ပြီးမြောက်မှု ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန်မှာ ကံတရားတစ်ခုတည်းကိုသာ အားကိုးနေ၍ မရနိုင်ချေ။
ဤအကြောင်းရင်းကြောင့်ပင် ကုချန်သည် ပြောင်းပြန်ကျင့်ကြံခြင်းနည်းလမ်းကို စဉ်းစားမိလာ၏။ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ အနှစ်သာရမှာ အဆုံးမဲ့တာအိုများကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံအသီးသီးမှ ကျင့်စဉ်များကို စုဆောင်းကာ ကုကောင်းကင်ဧကရာဇ်ကျမ်းစာတွင် ပေါင်းစပ်ထည့်သွင်းလိုက်လျှင် မူလကျင့်စဉ်၏ တိုးတက်မှုကို ပြောင်းပြန်နည်းလမ်းဖြင့် တွက်ချက်ရယူနိုင်မည် မဟုတ်ပါလော။
ကုချန်၏အမြင်အရ ဤအချက်မှာ ဖြစ်နိုင်ခြေ အလွန်များပေသည်။
ယခင်က သူသည် အဆုံးမဲ့ကမ္ဘာတွင်သာ ရှိနေခဲ့ပြီး အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ပေါ်ထွန်းခဲ့သော ကျင့်စဉ်များမှာ အရေအတွက်အားဖြင့် သိပ်မများလှပေ။ အများစုကိုလည်း သူ ဧကရာဇ်အဆင့်သို့ တက်လှမ်းစဉ်ကတည်းက လေ့လာသုံးသပ်ပြီး ဖြစ်နေသဖြင့် ဤအစီအစဉ်ကို လက်တွေ့အကောင်အထည် မဖော်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူ၏ ဒုတိယကိုယ်ပွားသည် နတ်ဆိုးနယ်မြေတွင် ရောက်ရှိနေ၏။ နတ်ဆိုးနယ်မြေသည် အဆုံးမဲ့ကျယ်ပြောလှကာ ရှီမိုကောင်းကင်တစ်ခုတည်းကပင် အဆုံးမဲ့ကမ္ဘာနှင့် ယှဉ်နိုင်သည် မဟုတ် ပို၍ပင် ကျယ်ဝန်းပေလိမ့်မည်။ ထိုနယ်မြေများရှိ မရေမတွက်နိုင်သော နှစ်ကာလများစွာ စုဆောင်းထားသည့် နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပေလိမ့်မည်။
အကယ်၍ သူသာ ရှီမိုကောင်းကင်ရှိ နတ်ဆိုးနယ်မြေအသီးသီးမှ ကျင့်စဉ်အားလုံးကို နားလည်သဘောပေါက်၍ ပေါင်းစပ်နိုင်ခဲ့လျှင် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ပညာရပ်ကို ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုသို့ တိုးမြှင့်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ကုချန်သည် နတ်ဆိုးနယ်မြေအရှင်သခင်များကို နတ်ဘုရားစွမ်းရည်များနှင့် သိုင်းကျမ်းများစွာကို စုဆောင်းရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ မိုခယ့်အရှင်နှင့် အခြားသူများသည် ကုချန်၏အမိန့်ကို မဆိုင်းမတွပင် နာခံကာ ထွက်ခွာသွားကြတော့သည်။ သူတို့သည် အမိန့်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။
ပထမအချက်မှာ ကောင်းကင်သတ္တုများကို ရှာဖွေရန်၊ ဒုတိယအချက်မှာ နယ်မြေအသီးသီးမှ ကျင့်စဉ်များကို အကြီးအကျယ် စုဆောင်းရန်နှင့် တတိယအချက်မှာ ချီလျန်မျိုးနွယ်ဝင်များကို နေရပ်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေး၍ ထိုက်တန်သော လျော်ကြေးများ ပေးအပ်ရန်တို့ ဖြစ်ကြသည်။
နတ်ဆိုးနယ်မြေအရှင်သခင်များ ထွက်ခွာသွားကြပြီးနောက် ချီလျန်မျိုးနွယ်စုတွင် ငြိမ်းချမ်းမှု ပြန်လည်ရရှိလာခဲ့သည်။ ယခုအချိန်တွင် ချီလျန်မျိုးနွယ်ဝင်အားလုံး၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းနေကြသည်။
ယခင်က မည်သည့်ပြဿနာမျှ မရှိလျှင်ပင် ချီလျန်မျိုးနွယ်ဝင်များ၏ ရင်ထဲ၌ ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားနေရကာ အသက်ရှူရန်ပင် ခက်ခဲခဲ့ကြသည်။ ယခုမူ ရှီမိုထျန်းကျွင်း ဆုတ်ခွာသွားခြင်းသည် ထိုကျောက်တုံးကြီးကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားစေကာ တတိယအကြီးအကဲ၊ ချီချင်းနှင့် အခြားအကြီးအကဲများ၊ သာမန်မျိုးနွယ်ဝင်များပါမကျန် စိတ်လက်ပေါ့ပါး ရွှင်လန်းလာကြသည်။
" ကျန်တဲ့ကိစ္စတွေကို မင်းပဲ စီစဉ်လိုက်တော့... ငါကတော့ တစ်ချက်လောက် ပြန်ဆင်ခြင်သုံးသပ်ဖို့ တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ် "
ကုချန်သည် အစည်းအဝေးခန်းမအတွင်းရှိ ချီလျိုအား အမိန့်ပေးလိုက်၏။ နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာပြီး အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် ကုချန်သည် သေချာစွာ ကျင့်ကြံရန် အချိန်မရခဲ့ပေ။ ယခု ရှီမိုထျန်းကျွင်းနှင့် တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် ဉာဏ်အလင်းပွင့်စရာများစွာ ရရှိခဲ့သဖြင့် ၎င်းတို့ကို ပြန်လည်သုံးသပ်ရန် တံခါးပိတ်ကျင့်ကြံရန် လိုအပ်လာခြင်း ဖြစ်သည်။
" သခင် စိတ်ချပါ... ကျွန်မ အားလုံးကို သေသေချာချာ စီစဉ်ထားလိုက်ပါ့မယ် "
ကုချန်၏စကားကို ကြားသောအခါ ချီလျိုသည် ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။
" အင်း... အရေးကြီးကိစ္စမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့ "
ကုချန်သည် ခေါင်းညိတ်လိုက်ကာ ယခင် တံခါးပိတ်ကျင့်ကြံရာနေရာသို့ ပြန်သွား၍ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်လိုက်တော့သည်။
သို့သော် ကျင့်ကြံခြင်း မစတင်မီတွင်ပင် သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
" ဝူရှန့်ကောင်လေးတော့ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်တော့မယ်နဲ့ တူတယ် "
ကုချန်၏ အာရုံခံစားမှုထဲတွင် သူ၏ မူလခန္ဓာကိုယ်ထံမှ သတင်းတစ်ခု ရောက်ရှိလာ၏။ ကုဝူရှန့်သည် နောက်ဆုံးတွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိတော့မည်ဟူ၍ပင်။
…………
အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်ဘုံတားမြစ်နယ်မြေအတွင်း၌.....
ကုဝူရှန့်သည် သူ၏ တံခါးပိတ်ကျင့်ကြံရာနေရာမှ ထရပ်လိုက်ကာ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင် ဖြစ်နေ၏။ ကာလရှည်ကြာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် နောက်ဆုံးအတားအဆီးကို သူ ခံစားလိုက်ရပြီ ဖြစ်သည်။
ထိုသို့ စိတ်လှုပ်ရှားနေမှုနှင့်အတူ ကုဝူရှန့်၏ ရင်ထဲ၌ ကျေးဇူးတင်ရှိမှုများလည်း ပြည့်နှက်လာ၏။ သူ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ ဘိုးဘေးကြောင့်သာဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
ကုဝူရှန့် ဧကရာဇ်အဆင့်နှင့် မဝေးတော့ကြောင်း သိရှိပြီးနောက် ကုချန်သည် သူ့အတွက် မိသားစုရေးရာ ကိစ္စအဝဝကို ရှင်းလင်းပေးခဲ့ကာ ကျင့်ကြံခြင်း၌သာ အာရုံစိုက်နိုင်စေခဲ့သည်။ ထို့အပြင် ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ်ကျန်းထျန်းတို့ကိုလည်း ကုဝူရှန့်အား ကျင့်ကြံခြင်းအတွေ့အကြုံများ ဝေမျှရန်နှင့် လက်ရည်ယှဉ်ပြိုင် လေ့ကျင့်ပေးရန် အထူးညွှန်ကြားခဲ့သည်။
အရှင်သခင်နှစ်ပါးမှ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူတစ်ဦးကို လေ့ကျင့်ပေးခြင်း။ ဤကဲ့သို့သော ဇိမ်ကျလှသည့် အခွင့်အရေးမျိုးမှာ အဆုံးမဲ့ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် မည်သူမျှ မရရှိခဲ့ဖူးပေ။
ဧကရာဇ်များ၏အမြင်တွင် မိမိတို့၏ ကိုယ်ပိုင်သွေးသားရင်းချာများကိုပင် ဤမျှလောက် အချိန်ပေး လေ့ကျင့်ပေးလေ့ မရှိကြပေ။ သူတို့တွင် အင်မော်တယ်တက်လှမ်းခြင်းအတွက် ကျင့်ကြံရန် အရေးကြီးကိစ္စများ ရှိနေတတ်ကြရာ ဤကဲ့သို့သော ကိစ္စများအပေါ် အချိန်အများကြီး ဖြုန်းမည် မဟုတ်ချေ။
အထူးသဖြင့်အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တာအိုလမ်းဆုံးသို့ ရောက်ရှိပြီးသားဖြစ်သည့် ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ်ကျန်းထျန်းကဲ့သို့သော ရှေးဟောင်းအရှင်သခင်များအတွက်မူ ပို၍ပင် ပေးလိမ့်မည်မဟုတ်ပေ။
သို့သော် ကုချန်၏ အမိန့်ဖြစ်နေသဖြင့် ထိုနှစ်ဦးမှာ မငြင်းဆန်ရဲဘဲ ကုဝူရှန့်အား စေတနာပါပါဖြင့် လမ်းညွှန်ပြသပေးခဲ့ကြသည်။ ထိုလမ်းညွှန်မှုနှင့် လက်ရည်ယှဉ်ပြိုင်မှုများ၏ ရလဒ်မှာလည်း အလွန်ပင် သိသာလှသည်။
ကုဝူရှန့်သည် မူလကတည်းက ပါရမီထူးကဲသူ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းခန့်ကတည်းက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ အမှန်စင်စစ် သူသာ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ဖောက်လုပ်ရန် ဆန္ဒမရှိဘဲ ကုချန် ချန်ထားရစ်ခဲ့သော ကုကောင်းကင်ဧကရာဇ်ကျမ်းစာအတိုင်း တစ်ဆင့်ချင်း လိုက်နာကျင့်ကြံခဲ့ပါက ယခုအချိန်၌ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေလိမ့်မည်။
ကုဝူရှန့်၏ ကိုယ်ပိုင်တာအိုကို ဖောက်လုပ်လိုသော ထိုရည်မှန်းချက်ကြောင့်ပင် ကုချန်သည် သူ့အား အထင်ကြီးလေးစားကာ ပိုမိုဂရုစိုက် ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အချိန်ကာလ၏ ပုံဖော်ဖန်တီးမှုအောက်တွင် ထိုအသီးအပွင့်လေးသည် တိတ်တဆိတ် ရင့်မှည့်လာခဲ့လေကာ ရိတ်သိမ်းရမည့်အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ကုဝူရှန့်၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်နေကာ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ရန်အတွက် အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်နေ၏။ သို့သော် သူ မလှုပ်ရှားရသေးမီမှာပင် ဝတ်ရုံဖြူဝတ်ဆင်ထားသော ကုချန်သည် သူ၏ဘေး၌ တိတ်တဆိတ် ပေါ်လာခဲ့လေသည်။
" ဘိုးဘေး..... "
ကုချန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကုဝူရှန့်သည် လန့်ဖျပ်သွားကာ အလျင်အမြန်ပင် ဦးညွှတ်လိုက်၏။
" ရပါတယ်... တခမ်းတနားတွေ လုပ်မနေပါနဲ့တော့ "
ကုချန်သည် ပြုံးလျက် လက်ကာပြလိုက်ကာ ကုဝူရှန့်အား သာမန်အတိုင်း နေရန် အချက်ပြလိုက်သည်။ ထို့နောက် မှိုင်းညို့နေသော ကောင်းကင်ကို မော့ကြည့်ရင်း ပြုံးကာ ပြောဆိုလိုက်၏။
" ဝူရှန့်... မင်းရဲ့ ဧကရာဇ်ဖြစ်တည်ခြင်းကပ်ဘေး ရောက်လာတော့မယ် "
အခန်း ( ၃၂၀ ) - ဘိုးဘေးတာဝန်ယူမည်၊ ကောင်းကင်ဘုံကပေးသော အခွင့်အရေးနှင့် ဘုရားသခင်၏ အပြစ်ဒဏ်လား
ဧကရာဇ်ဖြစ်တည်ခြင်းကပ်ဘေးလား?
ကုချန်၏ စကားကို ကြားသောအခါ ကုဝူရှန့်သည် ကောင်းကင်ကို မော့ကြည့်လိုက်မိလေသည်။ ကြည်လင်နေသော ကောင်းကင်ပြင်ကြီးမှာ တဖြည်းဖြည်း မည်းမှောင်လာကာ ခရမ်းရောင် လျှပ်စီးအလင်းတန်းများ စုဝေးလာသည်ကို တွေ့လိုက်ရသည်။
မှန်သည်။ ဧကရာဇ်ဖြစ်ရန်အတွက် ဦးစွာ
ဧကရာဇ်ဖြစ်တည်ခြင်းကပ်ဘေးဒုက္ခကို ကျော်ဖြတ်ရပေမည်။
ကုဝူရှန့်၏ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဝင်ရောက်လာ၏။ သူ၏ကပ်ဘေးဒုက္ခ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သူသည်လည်း အာရုံခံမိ၏။ အောင်မြင်လျှင် နဂါးဖြစ်မည်၊ ကျရှုံးလျှင် ပြာဖြစ်သွားမည်။
" ယုံကြည်မှု ရှိရဲ့လား "
ကုချန်သည် ကျော၏အနောက်တွင် လက်ပစ်ထားလျက် မေးမြန်းလိုက်သည်။
" ယုံကြည်မှု ရှိပါတယ် ဘိုးဘေး "
ကုဝူရှန့်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖြေကြားလိုက်၏။
" ကောင်းပြီ... ရဲရဲဝံ့ဝံ့သာ ရင်ဆိုင်လိုက်... ဘာပဲဖြစ်ဖြစ် ငါ နောက်မှာ ရှိတယ် "
ကုချန်သည် တည်ငြိမ်စွာပင် အားပေးလိုက်၏။ ကုချန်၏စကားကြောင့် ကုဝူရှန့်၏ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် လျော့ကျသွားရသည်။ ဘိုးဘေးရှိနေသရွေ့ သူဘာကို ကြောက်ရမည်နည်း။
ကုဝူရှန့်သည် စကြဝဠာ၏ လူသူကင်းမဲ့သော နေရာ၌ ကပ်ဘေးကို ရင်ဆိုင်ရန် ထွက်ခွာတော့မည့်ဆဲဆဲတွင် ကုချန်မှ တားဆီးလိုက်၏။
" အဝေးကြီးသွားစရာ မလိုပါဘူး... ဒီ ကောင်းကင်ဘုံတားမြစ်နယ်မြေအပေါ်မှာပဲ လုပ်လိုက်ပါ... စိတ်မပူနဲ့ ငါရှိနေသရွေ့ ဒီနေရာက သစ်ပင်တစ်ပင်၊ မြက်တစ်ပင်တောင် မထိခိုက်စေရဘူး "
ကုဝူရှန့်သည် ကုချန်၏စကားကို နာခံကာ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။ ကုချန်မှ ဤနေရာတွင် ကပ်ဘေးကို ခံယူခိုင်းခြင်းမှာ ကုမိသားစုဝင်များကို အနီးကပ် လေ့လာစေချင်သောကြောင့် ဖြစ်သည်။ ဧကရာဇ်ဘေးဒုက္ခ၏ လျှပ်စီးတစ်ချက်တိုင်းတွင် ပါဝင်သော စွမ်းအားနှင့် တာအိုသဘောတရားများကို အနည်းငယ်မျှ ခံစားရလျှင်ပင် မိသားစုဝင်များအတွက် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
သာမန်အားဖြင့် ဤသို့လုပ်ရန် မဖြစ်နိုင်သော်လည်း ကုချန်ကမူ ကပ်ဘေး၏ စွမ်းအားအားလုံးကို သတ်မှတ်ထားသော ဧရိယာတစ်ခုအတွင်း ထိန်းချုပ်ထားရန် ပြင်ဆင်ထားလေသည်။
ကောင်းကင်ကြီး မည်းမှောင်လာမှုကြောင့် ကုမိသားစုဝင်များနှင့် နယ်မြေငါးခုမှ သက်ရှိများအားလုံးမှာ အံ့သြတကြီး ဖြစ်နေကြ၏။
ကုချင်းရွဲ့နှင့် နတ်သမီး ရှောင်းယွဲ့ တို့ကလည်း အခြေအနေကို သတိပြုမိကြသည်။ ရှောင်းယွဲ့သည် ကုဝူရှန့် ဤနေရာ၌ ဘေးဒုက္ခခံယူခြင်းသည် အန္တရာယ်များမည်ကို စိုးရိမ်သော်လည်း ကုချန်၏ အစီအစဉ်ဖြစ်မည်ဟု တွေးမိကာ စိတ်အေးသွားရသည်။
နယ်မြေငါးခုမှ သက်ရှိများကမူ ကောင်းကင်မည်းမှောင်လာခြင်းကို ကုချန်၏ ဆိုးသွမ်းမှုများကြောင့် ကောင်းကင်ဘုံမှ အပြစ်ဒဏ်ခတ်သည်ဟု ထင်ကြေးပေးနေကြသည်။ သို့သော် သူတို့သည် ထိုအတွေးကို ကျယ်လောင်စွာ မပြောရဲကြပေ။
ထို့အပြင် သူတို့သည် မသိလိုက်ဘဲ ကုချန်အာ 'ကုချန်မဟာဧကရာဇ်' ဟူသော အမည်အစား 'ကောင်းကင်ဘုံအရှင်သခင်' ဟူ၍ ပြောင်းလဲခေါ်ဝေါ်နေမိကြလေပြီ။