← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉)-ကုမိသားစု၏ လက်ရှိအခြေအနေ၊ ဧကရာဇ်အဆင့် အမွေအနှစ်နှင့် ကောင်းကင်ဘုံဧကရာဇ်၏ ရှေးဟောင်းကျမ်းစာ

‎

‎

‎

‎ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်အား ဖယ်ရှားပြီး သူ၏အတိတ်မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် ကုချန်သည် ကိုးလွှာကြက်သွေးရောင်မြင့်မြတ်သည့်မျှော်စင်ကို တစ်ချက်သာ ကြည့်လိုက်လေသည်။

‎

‎

‎မြင့်မြတ်သည့်မျှော်စင်သည် ချက်ချင်းလည်ပတ်နေခြင်းမှ ရပ်တန့်သွားပြီးနောက် နာခံစွာဖြင့် ကျုံ့ဝင်သွားကာ ကုချန်၏လက်ဖဝါးထဲသို့ ပျောက်ကွယ်သွားလေ၏။

‎

‎

‎တစ်ချိန်က ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင် ထိန်းချုပ်ခဲ့သော ဤလက်နက်သည် ဧကရာဇ်လက်နက်တစ်ခု မဟုတ်သော်ငြား နတ်ဘုရားဆိုင်ရာ ပစ္စည်းများနှင့် ရတနာများစွာကို ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။ အနာဂတ်တွင် မြင့်မြတ်သည့်မျှော်စင်အတွင်းရှိ ထာဝရဧကရာဇ်တပိုင်းနှင့် သက်ဆိုင်သော သဲလွန်စမှန်သမျှကို ဖယ်ရှားပြီးနောက် ကုမိသားစုဝင်တစ်ဦးထံ ချီးမြှင့်ရန်အတွက် အလွန်ကောင်းမွန်လှပေ၏။

‎

‎

‎မြင့်မြတ်သည့်မျှော်စင်ကို သိမ်းယူပြီးနောက် ကုချန်သည် ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးပမ်းနေကြသော ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်၏ လက်အောက်ငယ်သားများဘက်သို့ မသိမသာ လှမ်းကြည့်လိုက်သည်။

‎

‎

‎ကုမိသားစုအား ပထမဆုံး ဖိအားပေးခဲ့သည့် ဝတ်ရုံနက်လူအိုကြီး အပါအဝင် ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်၏ လက်အောက်ငယ်သားအားလုံး၏ ကိုယ်များမှာ တောင့်တင်းသွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားကာ ပွင့်လန်းနေသော သွေးပန်းပွင့်များအဖြစ်သို့ ပြောင်းလဲ၍ လုံးဝ ပျက်သုဉ်းသွားကြလေသည်။

‎

‎

‎ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကုချန်သည် ခြေတစ်လှမ်းလှမ်းကာ ကုမိသားစုထံသို့ ပြန်လာခဲ့သည်။

‎

‎

‎" ကုမိသားစုရဲ့ လက်ရှိမိသားစုခေါင်းဆောင် ကုတောက်လင်းမှ ဘိုးဘေးအား ဂါရဝပြုပါတယ် "

‎

‎

‎" ကုချင်းရွဲ့မှ ဘိုးဘေးအား ဂါရဝပြုပါတယ် "

‎

‎

‎" ဘိုးဘေးအား ဂါရဝပြုပါတယ် "

‎

‎

‎ကုချန်သည် ကုမိသားစု၏မြေပေါ်သို့ ခြေချလိုက်သောအခါ ကုတောက်လင်းအပါအဝင် ကုမိသားစုဝင်အားလုံးသည် ကုချန်၏ရှေ့မှောက်တွင် တလေးတစား ဒူးထောက်အရိုအသေပေးလိုက်ကြပြီး သူတို့၏မျက်လုံးများမှာမူ ပြင်းပြသော စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

‎

‎

‎ကုမိသားစု၏ ရှေးဟောင်းဘိုးဘေး ကုချန်မဟာဧကရာဇ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎ယခုအခါ ဤအဆုံးမဲ့ကမ္ဘာတွင် မည်သူက သူတို့၏ကုမိသားစုအား အနိုင်ကျင့်ဝံ့မည်နည်း။

‎

‎

‎" မင်းတို့အားလုံး ထကြတော့ "

‎

‎

‎ကုချန်သည် သူ့ရှေ့တွင် ဒူးထောက်နေကြသော ကုမိသားစုဝင်အုပ်စုကြီးကို ကြည့်လိုက်ရာ သူ၏ တင်းမာနေသော အကြည့်ထဲတွင် နူးညံ့မှုအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

‎

‎

‎ဤအနှစ်ကိုးသောင်းကာလပတ်လုံး သူသည် အဆုံးမဲ့ကမ္ဘာအတွက် အရာရာနီးပါးကို စတေးခဲ့သော်လည်း သူ၏ ကိုယ်ပိုင်မိသားစုကိုမူ များစွာ လျစ်လျူရှုခဲ့မိသည်။

‎

‎

‎ကံကောင်းစွာပင် သူ ယခု ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဤအဆုံးမဲ့ကမ္ဘာကို ကာကွယ်လိုသူ မည်သူမဆို သွား၍ ကာကွယ်စေလော့။

‎

‎

‎သူကာကွယ်မည့် တစ်ဦးတည်းသောအရာမှာ ကုမိသားစုသာ ဖြစ်သည်။

‎

‎

‎" ဘိုးဘေး ဒုတိယဘိုးဘေးက အရင်က ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်ရဲ့ လက်အောက်ငယ်သားတစ်ယောက် ကိုင်ဆောင်ထားတဲ့ ဧကရာဇ်တပိုင်းအဆင့် အမိန့်ပြန်တမ်းကြောင့် ဒဏ်ရာရသွားခဲ့ပါတယ်။ အခု သူက ဒဏ်ရာပြင်းထန်ပြီး သေလုမျောပါး ဖြစ်နေပါပြီ။ ဘိုးဘေးအနေနဲ့ ဒုတိယဘိုးဘေးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် "

‎

‎

‎ကုချန်အား ဦးညွှတ်အရိုအသေပြုပြီးနောက် ကုတောက်လင်းသည် အလျင်အမြန် သတင်းပို့လေ၏။

‎

‎

‎ကုတောက်လင်း၏ စကားကို ကြားသောအခါ အခြားကုမိသားစုဝင်များ၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများမှာ သိသိသာသာ မှေးမှိန်သွားပြီး သူတို့၏စိတ်ထဲတွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

‎

‎

‎ထောင်ပေါင်းများစွာသော နှစ်များတစ်လျှောက်လုံး ကုကျင်းရှန်၏တည်ရှိမှုသည် ကုမိသားစုအတွက် တည်ငြိမ်စေသော အင်အားတစ်ခုကဲ့သို့ ဖြစ်ခဲ့၏။

‎

‎

‎ကုမိသားစု အကျပ်အတည်းများနှင့် ကြုံတွေ့ရတိုင်း ကုကျင်းရှန်ကပင် ဖြေရှင်းပေးခဲ့သည်။

‎

‎

‎ကုမိသားစု၏ တကယ့်တည်ငြိမ်သောအင်အားဖြစ်သည့် ကုချန်မဟာဧကရာဇ် ပြန်လည်ရောက်ရှိလာခဲ့သော်ငြား မည်သူမျှ ကုကျင်းရှန်အား ဝမ်းနည်းဖွယ်အဆုံးသတ်ဖြင့် ကြုံတွေ့စေလိုခြင်း မရှိကြပေ။

‎

‎

‎" စိုးရိမ်စရာမရှိဘူး ငါဧကရာဇ် ဆင်းသက်လာတဲ့အချိန်က ဧကရာဇ်ချီတစ်မျှင်ကို လွှတ်ချပေးခဲ့ပြီးပြီ အဲ့ဒါက သူ့အသက်ကို ဘေးကင်းစေမှာ သေချာတယ် "

‎

‎

‎ကုချန်သည် လက်ကိုဝှေ့ယမ်းကာ အေးဆေးစွာ ပြောလိုက်၏။

‎

‎

‎သူဆင်းသက်လာစဥ်ကတည်းက ကုကျင်းရှန်၏ အခြေအနေကို သိရှိပြီးသားဖြစ်သည်။

‎

‎

‎ကံကောင်းစွာပင် သူသည် ယနေ့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကုကျင်းရှန်မှာလည်း အသက်ရှင်နေသေးသည်။

‎

‎

‎ထို့ကြောင့် သူသည် ဧကရာဇ်ချီတစ်မျှင်ကိုသာ လွှတ်ချပေးရန် လိုအပ်ပြီး ယင်းသည် ကုကျင်းရှန်၏ခန္ဓာကိုယ်ထဲရှိ နာတာရှည်ရောဂါများနှင့် ဖုံးကွယ်နေသော ဝေဒနာများကို သဘာဝအတိုင်း ရှင်းလင်းပေးကာ သူ၏အသက်ကို ကာကွယ်ပေးမည်ဖြစ်သည်။

‎

‎

‎သို့သော် ဧကရာဇ်အဆင့်၏စွမ်းအားမှာ အလွန်ကြီးမားလှသည်။ ကုကျင်းရှန်၏ သူတော်စင်အဆင့်ခန္ဓာကိုယ်ပင်လျှင် ထိုစွမ်းအားကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။

‎

‎

‎ထို့ကြောင့် ကုကျင်းရှန်သည် ချက်ချင်းကောင်းမွန်လာမည့်အစား တဖြည်းဖြည်း ပြန်လည်သက်သာလာရန် သုံးရက်မှ ငါးရက်အထိ လိုအပ်နေဦးမည်ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ကုချန်က ကုကျင်းရှန်အားကယ်တင်ရန် အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း ကြားသိရသောအခါ ကုတောက်လင်းနှင့် အခြားသူများအားလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။

‎

‎

‎ဘိုးဘေးကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့ပြီဖြစ်ရာ စိုးရိမ်စရာ ဘယ်မှာရှိတော့မည်နည်း။

‎

‎

‎ကုတောက်လင်းနှင့် အခြားသူများမှာ ဒုတိယဘိုးဘေးတွင် အသက်တစ်ဝက်သာ ကျန်တော့သည်ဆိုလျှင်ပင် ဘိုးဘေး၏ နက်ရှိုင်းသောစွမ်းအားဖြင့် ကုကျင်းရှန်အားကယ်တင်ရန်မှာ အခက်အခဲတစ်စုံတစ်ရာ ရှိမည်မဟုတ်ကြောင်း သံသယမရှိကြပေ။

‎

‎

‎…

‎

‎

‎ကုမိသားစု၏ ဆွေးနွေးတိုင်ပင်ခန်းမအတွင်း၌

‎

‎

‎ကုချန်သည် အကြီးအကဲနေရာတွင် အေးအေးလူလူထိုင်လျက် အောက်တွင်ရပ်နေကြသော ကုမိသားစုဝင်များစွာကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် အားမလိုအားမရဖြစ်နေသည့် အမူအရာတစ်ခု ရှိနေ၏။

‎

‎

‎" ငါဧကရာဇ် ထွက်ခွာသွားတဲ့အချိန်က ကုမိသားစုအတွက် ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်တွေကို အများကြီးမချန်ထားခဲ့ပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ဧကရာဇ်အဆင့် အမွေအနှစ်ကို ချန်ထားရစ်ခဲ့တယ်။

‎

‎အခု အနှစ်ကိုးသောင်း ကြာမြင့်သွားပြီ ငါဖန်တီးခဲ့တဲ့ ဧကရာဇ်ကျမ်းစာရဲ့ အကူအညီနဲ့တောင် မင်းတို့ရဲ့ကျင့်ကြံမှုအဆင့်တွေက ဘာလို့ ဒီလောက်အားနည်းနေရတာလဲ "

‎

‎

‎ကုချန်သည် အနည်းငယ် အားမလိုအားမရ ဖြစ်နေ၏။

‎

‎

‎သူသည် ကုမိသားစုဝင်အားလုံးကို လေ့လာကြည့်ရှုပြီးနောက် ကုမိသားစု၏ အလုံးစုံအင်အားမှာ အလွန်အမင်း အားနည်းနေသည်ကို သိရှိလိုက်ရသည်။

‎

‎

‎သူတော်စင်အဆင့် တည်ရှိမှုများပင်လျှင် ကုကျင်းရှန်တစ်ဦးတည်းသာ ရှိသည်။ သူတော်စင်အဆင့်အောက်ရှိ တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ကောင်းကင်တက်လှမ်းခြင်းအဆင့် တည်ရှိမှုများမှာမူ လက်တစ်ဆုပ်စာမျှသာ ရှိလေသည်။

‎

‎

‎ငယ်ရွယ်သောမျိုးဆက်မှ ကုချင်းရွဲ့ဟုခေါ်သော ထိုမိန်းကလေးငယ်တစ်ဦးတည်းသာ သူမ၏အရည်အချင်းနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ချီးကျူးထိုက်သည်ဟု ဆိုနိုင်သည်။

‎

‎

‎ဤကဲ့သို့သော အင်အားမျိုးသည် သာမန်အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများနှင့် ယှဉ်လျှင် မနိမ့်ကျသော်လည်း ဧကရာဇ်မျိုးနွယ်စုဟူသော အမည်နာမနှင့် လုံးဝမထိုက်တန်ပေ။

‎

‎

‎ဧကရာဇ်မျိုးနွယ်စုများသည် အဘယ်ကြောင့် ဤအဆုံးမဲ့ကမ္ဘာတွင် အထက်တန်းကျကျ ရပ်တည်နိုင်ပြီး နှစ်သောင်းပေါင်းများစွာ ကြာရှည်ခံကာ မကျဆုံးဘဲ ထာဝရ ဦးဆောင်နိုင်ခဲ့သည်ကို သိထားရမည်ဖြစ်သည်။

‎

‎

‎ယင်းမှာ အခြားသော ဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များကြောင့်မဟုတ်ဘဲ ပြီးပြည့်စုံသော ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ် အမွေအနှစ်ကြောင့်သာ ဖြစ်သည်။

‎

‎

‎ပြီးပြည့်စုံသော ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ် အမွေအနှစ်တစ်ခုဖြင့် ဧကရာဇ်မျိုးနွယ်စုအတွင်း အင်အားကြီးသော ပုဂ္ဂိုလ်များ အဆက်မပြတ် မွေးဖွားလာနိုင်ပြီးမှသာ ထာဝရခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

‎

‎

‎အနှစ်ကိုးသောင်းအကြာက ကုချန်သည် ဤအချက်ကို သိရှိသောကြောင့်သာ စိတ်အေးချမ်းစွာဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အကြောင်းမှာ သူချန်ထားခဲ့သော ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ် အမွေအနှစ်ဖြင့် ကုမိသားစုတွင် ဧကရာဇ်လက်နက်များနှင့် အခြားဧကရာဇ်အဆင့် အခြေခံအုတ်မြစ်များ မရှိလျှင်ပင် အခြားအင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများအပေါ် ဩဇာလွှမ်းမိုးနိုင်မည်ဟု သူခံစားမိသောကြောင့်ဖြစ်သည်။

‎

‎

‎သို့သော် ယခုပြန်ရောက်လာသောအခါ ကုမိသားစု၏ အလုံးစုံအင်အားမှာ အလွန်အမင်း ချို့တဲ့နေပြီး ဧကရာဇ်မျိုးနွယ်စုဟူသော အမည်နှင့် အမှန်တကယ် မထိုက်တန်သည်ကို တွေ့ရှိလိုက်ရမည်ဟု မည်သူက ထင်ထားမည်နည်း။

‎

‎

‎" ဒီ... ဒီကိစ္စက... "

‎

‎

‎ကုချန် စကားပြောလိုက်သည်နှင့် ဆွေးနွေးတိုင်ပင်ခန်းမအတွင်းရှိ ကုမိသားစုဝင်များသည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

‎

‎

‎နောက်ဆုံးတွင် ကုတောက်လင်းက ရှေ့သို့ပထမဆုံးထွက်လာပြီး ရှက်ရွံ့စွာဖြင့် ပြောလေသည်။

‎

‎

‎" ဟို ဘိုးဘေး အဲ့ဒီအချိန်တုန်းက ဘိုးဘေးက ကျွန်တော်မျိုးတို့အတွက် ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို ချန်ထားရစ်ခဲ့ပါတယ်။ အဲ့ဒီလို ကမ္ဘာကိုတုန်လှုပ်စေတဲ့ ကျမ်းစာမျိုးက ဧကရာဇ်မျိုးနွယ်စုအသီးသီးရဲ့ အမွေအနှစ်‌တွေထဲမှာတောင် အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်လို့ရတာ သေချာပါတယ်။

‎

‎ဒါပေမဲ့... ဒါပေမဲ့ အဲ့ဒီကောင်းကင်ဘုံဧကရာဇ်ကျမ်းစာက ကျင့်ကြံဖို့ အရမ်းကိုခက်ခဲလွန်းပါတယ်။ သူ့ရဲ့နက်ရှိုင်းတဲ့ ရည်ရွယ်ချက်နှင့် ခက်ခဲနက်နဲတဲ့ ရှင်းလင်းချက်တွေက တကယ်ပဲ.. "

‎

‎

‎ကုတောက်လင်းသည် အလွန်ရှက်ရွံ့နေပြီး နောင်မျိုးဆက်များ၏ ကုမိသားစုမှာ အလွန်အရည်အချင်းမရှိသောကြောင့် ရတနာတောင်ကြီးကို ပိုင်ဆိုင်ထားသော်လည်း တူးဖော်ရန် နည်းလမ်းမရှိဖြစ်နေသည်ဟု ခံစားမိ၏။

‎

‎

‎ကုတောက်လင်း၏ ရှင်းပြချက်ကို ကြားလိုက်သည်နှင့် ကုချန်သည် အရာရာကို ချက်ချင်းနားလည်သွားလေသည်။

‎

‎

‎သူချန်ထားခဲ့သော ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာသည် အလွန်ခက်ခဲလွန်းသလော။

‎

‎

‎ထိုသို့ဆိုလျှင် ထိုအချိန်က သူသည် အနည်းငယ် စဉ်းစားဆင်ခြင်နိုင်ခြင်း မရှိခဲ့ဟန်ရှိသည်။

‎

‎

‎ကုချန်သည် အနည်းငယ် ရှက်ရွံ့သွား၏။

‎

‎

‎ထိုစဥ်အခါက သူ တာအိုကိုရရှိပြီးနောက် ဧကရာဇ်အဆင့်တွင် လျင်မြန်စွာတိုးတက်ရန် ရာစုနှစ်အနည်းငယ်မျှသာ အချိန်ယူခဲ့ပြီး သာမန်ဧကရာဇ်အဆင့် တည်ရှိမှုများကို များစွာကျော်လွန်သွားခဲ့သည်။

‎

‎

‎ထို့နောက်မှသာ သူသည် သူ၏ကိုယ်ပိုင် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို စတင်ဖန်တီးခဲ့သည်။

‎

‎

‎ထိုအချိန်က ကုချန်တွင် ကြီးမားသော ရည်မှန်းချက်များရှိခဲ့ပြီး အခြားဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်အားလုံးကို ကျော်လွန်မည့် အမြင့်ဆုံးကျမ်းစာတစ်စောင်ကို ဖန်တီးရန် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။

‎

‎

‎နောက်ပိုင်းတွင် ကုချန်သည် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးရန် အစပိုင်း၌ နှစ်တစ်ရာတိတိ အချိန်ယူခဲ့ပြီး 'ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာ' ဟု အမည်ပေးခဲ့သည်။

‎

‎

‎ထို့နောက် နတ်ဆိုးနယ်မြေ ကျူးကျော်မှု ဖြစ်ပွားခဲ့၏။

‎

‎

‎ယင်းကြောင့် ကုချန်သည် ဧကရာဇ်ကျမ်းစာအား ကုမိသားစုထံသို့ လွှဲပြောင်းပေးရန်သာ အချိန်ရခဲ့ပြီး ကုမိသားစုတပည့်များ၏ ဧကရာဇ်ကျမ်းစာကျင့်ကြံမှုကို လေ့လာရန် အချိန်မရှိခဲ့ပေ။

‎

‎

‎ယခုအခါ ကုတောက်လင်း၏ တုံ့ပြန်မှုကြောင့် ကုချန် နောက်ဆုံးတွင် သိရှိသွားလေသည်။

‎

‎

‎သူချန်ထားခဲ့သော ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာသည် ဧကရာဇ်အဆင့်တွင် ထိပ်တန်းကျင့်ကြံခြင်းနည်းစနစ်များထဲမှ တစ်ခုဖြစ်သော်လည်း ဧကရာဇ်ကျမ်းစာသည် အစွမ်းထက်သကဲ့သို့ ၎င်း၏ကျင့်ကြံမှုအခက်အခဲမှာလည်း မယုံနိုင်လောက်အောင် မြင့်မားလှသည်။

‎

‎

‎စစ်မှန်သော ပါရမီရှင်များသာ ဤကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်ပေမည်။

‎

‎

‎သာမန်ကုမိသားစုဝင်များအတွက်မူ ဤကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို ကျင့်ကြံရန်မှာ အလွန်ခက်ခဲလှသည်။

‎

‎

‎ဤသည်မှာ ကုမိသားစု နောင်မျိုးဆက်များ၏အင်အား တစ်ဆက်ပြီးတစ်ဆက် ကျဆင်းလာရပြီး လက်ရှိအခြေအနေကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းပင်တည်း။

‎

‎အခန်း (၃၀)- ချင်းရွဲ့၏ အတွေးအခေါ်များ၊ မိသားစုနေရာရွှေ့ပြောင်းခြင်းနှင့် ရှင်သန်ခြင်းတားမြစ်နယ်မြေ

‎

‎

‎

‎သူသည် မူလက ကုမိသားစုအတွက် အကောင်းဆုံးသော အမွေအနှစ်ကို ချန်ထားရစ်ခဲ့လိုခြင်း ဖြစ်သည်။

‎

‎

‎သို့သော် သူချန်ထားခဲ့သော အရာများသည် အလွန်ကောင်းမွန်လွန်းသဖြင့် ကုမိသားစု၏ နောင်လာနောက်သားမျိုးဆက်များသည် ထိုအရာများကို ခံစားနိုင်လောက်အောင် ကံကောင်းခြင်းမရှိ‌လောက်မည်ကိုမူ သူမတွေးထားမိခဲ့ပေ။

‎

‎

‎ဤရလဒ်သည် ကုချန်အား အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်မှာ သဘာဝပင်။

‎

‎

‎သို့သော်ငြားလည်း ကုချန်သည် ထိုစဉ်က သူမှားယွင်းခဲ့သည်ဟု မထင်မှတ်ခဲ့ပေ။

‎

‎

‎ဤကောင်းကင်ဘုံ ဧကရာဇ်ကျမ်းစာသည် သူ၏ဘဝတစ်လျှောက်လုံး တာအိုအပေါ် နားလည်သဘောပေါက်မှုများကို ပေါင်းစပ်၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးခဲ့သူ သူကိုယ်တိုင်ကပင် ခက်ခဲသည်ဟု မပြောခဲ့လျှင် ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာအတိုင်းသာ ကျင့်ကြံရန်လိုအပ်သော ကုမိသားစု၏ နောင်မျိုးဆက်များက ခက်ခဲသည်ဟုဆိုရန် အဘယ်အခွင့်အရေး ရှိမည်နည်း။

‎

‎

‎ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို မကျင့်ကြံနိုင်ခြင်းမှာ အရည်အချင်းမပြည့်ဝသောကြောင့်သာ ဖြစ်သည်။

‎

‎

‎ဤသို့တွေးမိပြီးနောက် ကုချန်သည် အနည်းငယ် စဥ်းစားတွေးခေါ်လိုက်၏။

‎

‎

‎ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာသည် အလွန်နက်နဲလှသောကြောင့် သာမန်အရည်အချင်းရှိသော ကုမိသားစုဝင်များကို ဆက်လက်ကျင့်ကြံရန် အတင်းအကျပ်ပြုခြင်းမှာ မသင့်တော်ပေ။

‎

‎

‎ထို့ကြောင့် အနာဂတ်တွင် အချိန်ရသောအခါ သူသည် သာမန်ကုမိသားစုတပည့်များ ကျင့်ကြံရန်အတွက် အတော်အသင့် ရိုးရှင်းသော ဧကရာဇ်အဆင့် အမွေအနှစ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။

‎

‎

‎ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကိုမူ ကုချင်းရွဲ့ဟုခေါ်သော ထိုမိန်းကလေးငယ်ကဲ့သို့ အမှန်တကယ် အရည်အချင်းရှိသော ကုမိသားစု၏ ပါရမီရှင်တပည့်များ ကျင့်ကြံရန် ချန်ထားသင့်သည်။

‎

‎

‎" ကောင်းပြီ ငါဧကရာဇ်က အနာဂတ်မှာ သာမန်အရည်အချင်းရှိတဲ့ ကုမိသားစုတပည့်တွေ ကျင့်ကြံရန်အတွက် ပိုပြီးရိုးရှင်းတဲ့ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးပေးမယ်။

‎

‎ငါဧကရာဇ် ဖန်တီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်ကျမ်းစာကိုမူ အနာဂတ်တွင် အမှန်တကယ် ထူးချွန်ပြောင်မြောက်သော အရည်အချင်းရှိသည့် ကုမိသားစု ပါရမီရှင်တပည့်များအား ကျင့်ကြံစေမယ် "

‎

‎

‎ကုချန်သည် သူ၏ဆုံးဖြတ်ချက်ကို ကုမိသားစုတစ်ခုလုံးအား ကြေညာရင်း အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

‎

‎

‎သူ၏ဤနောင်မျိုးဆက်များသည် အင်အားမကြီးမား အရည်အချင်းလည်း မြင့်မားခြင်းမရှိသော်ငြား အလုံးစုံခြုံကြည့်လျှင် ကုချန်သည် အတော်လေး ကျေနပ်လျက်ရှိသည်။

‎

‎

‎သူကျေနပ်သောအချက်မှာ ကုမိသားစုတစ်ခုလုံးအတွင်း၌ မိသားစုတွင်းပဋိပက္ခမရှိခြင်းပင်ဖြစ်သည်။ ကုမိသားစုသည် စည်းလုံးညီညွတ်ပြီး အငွေ့အသက်မှာ သဟဇာတဖြစ်ကာ အရာရာတိုင်းသည် မိသားစုအတွက်သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်ကျိုးအတွက် အခြားမျိုးနွယ်ဝင်များကို သစ္စာမဖောက်ကြပေ။

‎

‎

‎ဤအချက်ကို ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်က ကုမိသားစုအား ခြိမ်းခြောက်ခဲ့စဥ်က မည်သည့်ကုမိသားစုဝင်တစ်ဦးမျှ မိမိတို့၏ မျိုးနွယ်ဝင်များကို သစ္စာဖောက်၍ အသက်ရှင်ကျန်ရစ်ရန် လက်နက်ချခြင်းကို မရွေးချယ်ခဲ့သည့်အချက်ကိုကြည့်ခြင်းဖြင့် မြင်တွေ့နိုင်သည်။

‎

‎

‎လက်ရှိကုမိသားစုတပည့်များတွင် ဖြူစင်သောနှလုံးသားများ ရှိသောကြောင့်သာ ကုချန်သည် သူတို့ကို ပျိုးထောင်ပေးရန် ပိုမိုကြိုးစားအားထုတ်လိုခြင်း ဖြစ်သည်။

‎

‎

‎ထိုသို့မဟုတ်ပါပဲ အကယ်၍သာ ကုမိသားစုတစ်ခုလုံးသည် သစ္စာဖောက်များဖြင့် ပြည့်နှက်နေပါက ကုချန်သည် သူတို့ကို ပျိုးထောင်ပေးရန် စိတ်ဝင်စားမည် မဟုတ်သည်မှာ သဘာဝကျပေသည်။

‎

‎

‎သာမန်အရည်အချင်းရှိသော ကုမိသားစုတပည့်များ ကျင့်ကြံရန်အတွက် အခြားရိုးရှင်းသည့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဖန်တီးပေးမည်လော။

‎

‎

‎ကုချန်က ဤစကားကို ပုံမှန်လေသံဖြင့် ပြောဆိုနေသည်ကို ကြားသောအခါ ကုတောက်လင်းသာမက အခြားကုမိသားစုဝင်အားလုံး မှင်တက်သွားကြသည်။

‎

‎

‎ထိုအရာသည် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး သာမန်ကျင့်ကြံခြင်းနည်းစနစ်တစ်ခု မဟုတ်ပေ။

‎

‎

‎အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၏ နှစ်သန်းပေါင်းများစွာသော သမိုင်းတစ်လျှောက်တွင် ဖန်တီးခဲ့သော ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်အရေအတွက်မှာ အကန့်အသတ်ရှိလေသည်။

‎

‎

‎ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုသည် ဧကရာဇ်အဆင့် တည်ရှိမှုတစ်ဦး၏ တစ်သက်တာလုံး နားလည်သဘောပေါက်မှုများကို ကိုယ်စားပြုသည်။

‎

‎

‎ဧကရာဇ်ကျမ်းစာအတွဲတိုင်းသည် မဟာဧကရာဇ်တစ်ပါး၏ တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုဖြစ်သည်ဟု ဆိုနိုင်သည်။

‎

‎

‎သို့သော် ဘိုးဘေး၏နှုတ်ဖျားတွင် ဧကရာဇ်ကျမ်းစာတစ်စောင် ဖန်တီးခြင်းသည် အဘယ့်ကြောင့် စားသောက်ခြင်းထက်ပင် ရိုးရှင်းသွားသကဲ့သို့ ခံစားနေရပါသနည်း။

‎

‎

‎" ကောင်းပြီ ငါဧကရာဇ်မှာ ကြေညာစရာ အရေးကြီးတဲ့ကိစ္စတွေ ရှိသေးတယ် "

‎

‎

‎ကုချန်သည် မှင်တက်နေသော ကုမိသားစုဝင်များကိုကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

‎

‎

‎သာမန်ဧကရာဇ်ကျမ်းစာတစ်စောင်ကို ဖန်တီးခြင်းသည် သူ့အတွက် အမှန်တကယ် မခက်ခဲပေ။

‎

‎

‎အနှစ်ကိုးသောင်းအကြာက သူသည် သာမန်ဧကရာဇ်ကျမ်းစာများကို ကျော်လွန်သော ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို ဖန်တီးနိုင်ခဲ့သည်။ ယခု သူသည် စစ်မှန်သော ဧကရာဇ်အဆင့်အထွတ်အထိပ် ကျင့်ကြံမှုအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်ရာ သာမန်ဧကရာဇ်ကျမ်းစာတစ်စောင် ဖန်တီးခြင်းသည် လွယ်ကူသောကိစ္စတစ်ခုဖြစ်သည်မှာ သဘာဝကျပေ၏။

‎

‎

‎ဘိုးဘေးတွင် ကြေညာစရာ အရေးကြီးသော ကိစ္စများရှိသလော။

‎

‎

‎ကုချန်၏စကားကို ကြားသောအခါ ခန်းမဆောင်အတွင်းရှိ ကုမိသားစုဝင်အားလုံးသည် မျက်နှာများ တည်တင်းသွားပြီး အာရုံစိုက်နားထောင်သည့် ဟန်ပန်ကို ပြင်လိုက်ကြသည်။

‎

‎

‎ဘိုးဘေးက ' အရေးကြီးသည် ' ဟု ခေါ်သော မည်သည့်အရာမဆို ရိုးရှင်းမည်မဟုတ်ကြောင်း သူတို့သိကြသည်။

‎

‎

‎" ငါတို့ကုမိသားစုတွေ ဒီနေရာမှာ ဆက်မနေတော့ပဲ ငါတို့ မိသားစုတစ်ခုလုံး တစ်ခြားနေရာတစ်ခုကို ရွှေ့ပြောင်းဖို့လိုအပ်တယ် "

‎

‎

‎ကုချန်သည် ဤဆုံးဖြတ်ချက်ကို ကြေညာရင်း အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

‎

‎

‎မိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ရွှေ့ပြောင်းခြင်းသည် သူ ဧကရာဇ်ဂိတ်တွင် ရှိနေစဥ်ကတည်းက ကြို၍ချမှတ်ခဲ့သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

‎

‎

‎ယခုအခါ ဧကရာဇ်ဂိတ်ကို သူ မစောင့်ကြပ်တော့သဖြင့် နတ်ဆိုးနယ်မြေက အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ရန်မှာ အချိန်ကာလတစ်ခုသာ ကြာမည်ဖြစ်သည်။

‎

‎

‎ထိုအချိန်ကျရောက်လျှင် အဆုံးမဲ့ကမ္ဘာသည် ပြင်းထန်သော စစ်မီးလျှံများဖြင့် ဖုံးလွှမ်းသွားမည်မှာ မလွဲဧကန်ပင်။ ဧကရာဇ်မျိုးနွယ်စုများသာမက သာမန်အင်မော်တယ်ဂိုဏ်းများနှင့် ဂိုဏ်းကြီးများပင် ထိုစစ်မီးမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

‎

‎

‎ရှင်သန်ခြင်းတားမြစ်နယ်မြေသည်မူ အလွန်တားမြစ်ထားပြီး ရှေးအကျဆုံးသောနေရာဖြစ်ရာ နတ်ဆိုးနယ်မြေမှ ထိုမကောင်းဆိုးဝါး နတ်ဆိုးများပင် လွယ်လွယ်ကူကူ ခြေချဝံ့မည် မဟုတ်ပေ။

‎

‎

‎ကုမိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ရွှေ့ပြောင်းခြင်းသည် ဒုက္ခများစွာကို သက်သာစေနိုင်ပြီး အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

‎

‎

‎ထို့အပြင် သူ အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့်သတင်းသည် နောက်ဆုံးတွင် ထိုဧကရာဇ်မျိုးနွယ်စုများထံမှ လျှို့ဝှက်ထားနိုင်မည် မဟုတ်ချေ။

‎

‎

‎ထိုဧကရာဇ်မျိုးနွယ်စုများ၏ နည်းလမ်းများနှင့် အကြံအစည်များအရ အနာဂတ်တွင် သူတို့သည် ကုမိသားစုအား ဒုက္ခပေးလာနိုင်ဖွယ်ရှိသည်။

‎

‎

‎ကုချန်သည် ယခု ကုမိသားစုထံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း သူသည် ကုမိသားစုကို ထာဝရ စောင့်ကြပ်ပေးနိုင်မည်မဟုတ်ချေ။ မိသားစုတစ်ခုလုံးကို ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ရွှေ့ပြောင်းပြီးနောက် ထိုဧကရာဇ်မျိုးနွယ်စုများပင်လျှင် မဆင်မခြင် ပြုမူဝံ့မည်မဟုတ်သည်မှာ သေချာသည်။

‎

‎

‎ကုချန်က ကုမိသားစုတစ်ခုလုံး ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို အေးဆေးတည်ငြိမ်စွာ ကြေညာလိုက်သောအခါ ခန်းမဆောင်အတွင်းရှိ ကုမိသားစုဝင်များသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

‎

‎

‎ဘိုးဘေးက ကုမိသားစုကို ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်သလော။ အဘယ်ကြောင့်နည်း။ ယခု ကုမိသားစုသည် ဘေးကင်းလုံခြုံနေပြီ မဟုတ်လော။

‎

‎

‎ကုမိသားစုဝင်များစွာအားလုံး စိတ်ရှုပ်ထွေးသွားကြသည်။

‎

‎

‎မည်သည့်အကြောင်းပြချက်မှ ထင်ထင်ရှားရှားမရှိဘဲ မိသားစုတစ်ခုလုံးကို ရုတ်တရက် အဘယ်ကြောင့် ရွှေ့ပြောင်းရသည်ကို သူတို့ နားမလည်ကြပေ။

‎

‎

‎သို့သော် ဤသည်မှာ ကုချန်က ကြေညာခဲ့သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် မည်သည့်ကုမိသားစုဝင်တစ်ဦးမျှ မေးခွန်းထုတ်ရန် သို့မဟုတ် ငြင်းဆိုရန် မဝံ့ရဲကြချေ။။ သို့သော်လည်း သူတို့၏စိတ်နှလုံးများမှာမူ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။

‎

‎

‎ကုချင်းရွဲ့၏ လှပသောမျက်လုံးများသာ အတွေးအခေါ်နှင့် လေးနက်မှုအရိပ်အယောင်တစ်ခုဖြင့် လင်းလက်သွားပြီး သူမသည် တစ်စုံတစ်ရာကို ' ခန့်မှန်း ' မိလိုက်ဟန်တူသည်။

‎

‎

‎" ဘိုးဘေးက တစ်ခုခုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကုမိသားစုကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာလား "

‎

‎

‎ကုချင်းရွဲ့သည် မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။

‎

‎

‎ကုချင်းရွဲ့သည် အနှစ်ကိုးသောင်းအကြာက ကုမိသားစုနှင့် ထိုဧကရာဇ်မျိုးနွယ်စုများကြားရှိ ကျိန်ဆိုမှုအကြောင်းကိုလည်း မထင်မရှား သိရှိထားသည်။

‎

‎

‎ထိုဧကရာဇ်မျိုးနွယ်စုများက ကုမိသားစုကို သစ္စာဖောက်ခဲ့ကြောင်း သူမသိသည်။

‎

‎

‎ယခု ဘိုးဘေးပြန်လည်ရောက်ရှိလာပြီဖြစ်ရာ သူသည် ထိုဧကရာဇ်မျိုးနွယ်စုများကို လွယ်လွယ်ဖြင့် ခွင့်လွှတ်မည်မဟုတ်သည်မှာ သေချာသည်။ ပွတ်တိုက်မှုများနှင့် ပဋိပက္ခများပင် ဖြစ်ပေါ်လာမည်မှာ သေချာပေါက်ပင်။

‎

‎

‎ဘိုးဘေးထွက်ခွာသွားသည့် အနှစ်ကိုးသောင်းအတွင်း အဆုံးမဲ့ကမ္ဘာတွင် မဟာဧကရာဇ်အများအပြား မွေးဖွားခဲ့ပြီး သူတို့အများစုမှာ ထိုဧကရာဇ်မျိုးနွယ်စုများမှ ဖြစ်ကြသည်။ ယခုအခါ ထိုဧကရာဇ်မျိုးနွယ်စုများထဲတွင် သက်ရှိထင်ရှားရှိနေသော မဟာဧကရာဇ်များ ရှိနေနိုင်သေးသည်။

‎

‎

‎ဤသို့ဖြင့် ဘိုးဘေးသည် ထိုဧကရာဇ်မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်ရာတွင် အနည်းငယ် ချင့်ချိန်ရပေမည်။

‎

‎

‎ကုမိသားစု၏ တည်ရှိမှုသည်လည်း ဘိုးဘေး၏ အားနည်းချက် ဖြစ်လာပေလိမ့်မည်…

‎

‎

‎ဤသို့တွေးမိသောအခါ ကုချင်းရွဲ့သည် စိတ်ထဲတွင် အနည်းငယ် ညှိုးငယ်သွားမိသည်။

‎ဤသည်မှာ ဘိုးဘေး အထွတ်အထိပ်သို့ ရောက်ရှိပြီး သက်ရှိအားလုံးက သူ့စကားကိုနာခံခဲ့ကြသော အနှစ်ကိုးသောင်းအကြာက ခေတ်ကာလ မဟုတ်တော့ပေ။

‎

‎

‎အနှစ်ကိုးသောင်း ကြာမြင့်ခဲ့ပြီး ထိုဧကရာဇ်မျိုးနွယ်စုများ၏ အင်အားနှင့် အခြေခံအုတ်မြစ်များသည် ပိုမိုခိုင်မာလာခဲ့သည်။ ဘိုးဘေးပင်လျှင် သူတို့ကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲကောင်း ခက်ခဲပေမည်။

‎

‎

‎သို့မဟုတ်ပါက ဘိုးဘေးသည် ကုမိသားစုကို ရွှေ့ပြောင်းရန် စဉ်းစားနေမည် မဟုတ်ချေ။

‎

‎

‎သူမ၏ခန့်မှန်းချက် မှန်ကန်ပါက ဘိုးဘေးသည် ကုမိသားစုတစ်ခုလုံးကို ဆိတ်ငြိမ်သောနေရာတစ်ခုသို့ ရွှေ့ပြောင်းသင့်သည်ဟု ကုချင်းရွဲ့ ခံစားမိသည်။

‎

‎

‎ဤသို့ဖြင့် သူသည် စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာမရှိဘဲ ထိုဧကရာဇ်မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်နိုင်ပေမည်…

‎

‎

‎" အခုအချိန်မှာ ငါတို့ ကုမိသားစုကို ဘိုးဘေးတစ်ဦးတည်းကပဲ ထောက်ပံ့ပေးထားနိုင်တယ် ငါ အမြန်ဆုံး ကြီးပြင်းလာရမယ် ကုမိသားစုကို ကာကွယ်နိုင်ပြီး ဘိုးဘေးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေခံစားနိုင်တဲ့ အခြေအနေအထိ ရောက်အောင် ကြိုးစားရမယ် "

‎

‎

‎ကုချင်းရွဲ့သည် သူမ၏လက်ချောင်းပေါ်ရှိ ရှေးဟောင်းသိုလှောင်လက်စွပ်ကို ပွတ်သပ်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

‎

‎

‎ကုချန်သည် အနာဂတ်တွင် ထိုဧကရာဇ်မျိုးနွယ်စုများ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကို ခံရမည်ကို စိုးရိမ်နေသောကြောင့် ကုမိသားစုကို ကြိုတင်ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူမ ခံစားမိသည်။

‎

‎

‎ကုချင်းရွဲ့သာမက ကုမိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်ဖြစ်သူ ကုတောက်လင်းသည်လည်း ဤအချက်ကို မထင်မရှား ခန့်မှန်းမိသည်။

‎

‎

‎သို့သော် ကုတောက်လင်းစိတ်ထဲတွင် ဤဆုံးဖြတ်ချက်ကို ဆန့်ကျင်ရန် ဆန္ဒမရှိခဲ့ပေ။

‎

‎

‎ထာဝရရှေးဟောင်းဧကရာဇ်အရှင်သခင်နှင့် ဖြစ်ပွားခဲ့သော ကိစ္စပြီးနောက် သူသည် ဤရှုပ်ထွေးသောလောကကြီးကို လုံးဝ စိတ်ပျက်သွားခဲ့သည်။ ကုမိသားစုအတွက် ဆိတ်ငြိမ်သောနေရာသို့ ဆုတ်ခွာသွားခြင်းသည် ကောင်းမွန်ပေလိမ့်မည်။

‎

‎

‎ဆိတ်ငြိမ်သောနေရာ၏ ပတ်ဝန်းကျင်နှင့် အခြေအနေများသည် ကုမိသားစု လက်ရှိတည်ရှိရာနေရာလောက် ကောင်းမွန်မည်မဟုတ်သည်မှာ သေချာပြီး ဘိုးဘေးဖွင့်လှစ်ပေးသော လျှို့ဝှက်ကမ္ဘာငယ်တစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

‎

‎

‎သို့သော် ဤလောကီဒုက္ခများမှ ဝေးဝေးနေနိုင်ပြီး ကုမိသားစု၏ ငြိမ်းချမ်းကာ သဟဇာတဖြစ်သော အမွေအနှစ်ကို သေချာစေနိုင်လျှင် လုံလောက်ပေပြီ။

‎

‎

‎ဤသို့တွေးမိပြီး ကုတောက်လင်းသည် လေးစားစွာဖြင့် မေးမြန်းလိုက်သည်။

‎

‎

‎" ဘိုးဘေး ကုမိသားစုကို ဘယ်နေရာကို ရွှေ့ပြောင်းမှာပါလဲ "

‎

‎

‎ဤစကားများ ထွက်ပေါ်လာသည်နှင့် အခြားကုမိသားစုဝင်များသည်လည်း ကုချန်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြသည်။

‎

‎

‎ကုမိသားစု ရွှေ့ပြောင်းသွားမည့်နေရာသည် လက်ရှိပတ်ဝန်းကျင် အခြေအနေများနှင့် နှိုင်းယှဉ်နိုင်ဖွယ်မရှိသည်မှာ ထင်ရှားသည်။

‎

‎

‎သူတို့သည် ယခုထက် များစွာ မဆိုးရွားရန်သာ မျှော်လင့်ကြသည်။

‎

‎

‎သို့သော် ကုမိသားစုဝင်အားလုံး လွမ်းဆွတ်တမ်းတ၍ စိတ်ပျက်အားငယ်နေစဥ်မှာပင်။

‎

‎

‎ကုချန်၏အဖြေသည် ခန်းမထဲရှိလူတိုင်းကို ချက်ချင်း မှင်တက်သွားစေပြီး သူတို့ အမြင်မှားနေသည်ဟုပင် သံသယဝင်သွားစေ၏။

‎

‎

‎" ငါတို့ ကုမိသားစု မျိုးနွယ်စုတစ်ခုလုံး ရှင်သန်ခြင်းတားမြစ်နယ်မြေကို ရွှေ့ပြောင်းမယ် "

‎

‎

‎ကုချန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူသည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

‎

All Chapters