← Chapters

အခန်း (၅၅-၅၆)

Vol. 4 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 4 Ch. 55-56

အခန်း (၅၅)- ရှာဖွေမှုပြီးဆုံးခြင်း၊ နဂါးဦးညွှတ်ခြင်းနှင့် တားမြစ်နယ်မြေမှ အရှုံးပေးခြင်း

‎

‎

‎

‎ထိုအသံသည် ကမ္ဘာကြီး၏အစွန်အဖျားရှိ ရှေးဟောင်းနတ်ဆိုးတောင်ထိပ်တစ်ခုနှင့်တူသော ခမ်းနားထည်ဝါလှသည့် ရှေးဟောင်းတွင်းနက်ကြီးတစ်ခုထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။

‎

‎

‎ထိုတွင်းပေါက်ကြီးအတွင်း၌ မျက်လုံးတစ်စုံပွင့်လာကာ ဤနေရာသို့ လှမ်း၍ကြည့်လိုက်၏။ ထိုအကြည့်များမှာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေပြီး စိတ်ခံစားမှုအားလုံး ပြတ်တောက်သွားသည့်အလား အလွန်ပင် စူးရှတောက်ပလှပေသည်။

‎

‎

‎ဤအခိုက်အတန့်တွင် ဤနေရာ၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသော ရှေးဟောင်းဧကရာဇ်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကုချန်အား အလွန်အကျွံမလုပ်ရန် တားမြစ်သတိပေးစကားဆိုလိုက်လေသည်။

‎

‎

‎သို့သော် ကံမကောင်းစွာပင် ကုချန်သည် ယခုအချိန်တွင် မည်သည့်ခြိမ်းခြောက်မှုကိုမျှ ကြောက်ရွံ့ခြင်းမရှိတော့ချေ။

‎

‎

‎အကယ်၍ သူသာ ခြိမ်းခြောက်မှုများကို ကြောက်ရွံ့ခဲ့မည်ဆိုလျှင် မူလရှေးဟောင်းတွင်းနက်ထဲသို့ အတင်းအကျပ်ဝင်ရောက်ကာ ကမ္ဘာပေါ်ရှိ တားမြစ်နယ်မြေများကို အဘယ်သို့ အမိန့်ပေးနိုင်မည်နည်း။

‎

‎

‎" နောက်တစ်ခွန်း ထပ်ပြောရဲရင် မင်းကို ငါသတ်မယ် "

‎

‎

‎တားမြစ်နယ်မြေအတွင်းပိုင်းရှိ ရှေးဟောင်းဧကရာဇ်ထံမှ ခြိမ်းခြောက်စကားကို ရင်ဆိုင်ရသောအခါ ကုချန်၏မျက်လုံးများမှာ တောက်ပလာပြီး လျစ်လျူရှုဟန်ဖြင့် ပြောလိုက်၏။

‎

‎

‎ထိုအချိန်တွင် သူသည် လက်နှစ်ချောင်းကို ဓားသွားကဲ့သို့ ဖြည်းညင်းစွာထောင်လိုက်ပြီး ဤနယ်မြေ၏အဆုံးစွန်သို့ လှမ်း၍ ပုတ်ခတ်လိုက်လေသည်။

‎

‎

‎" ဘုန်း! "

‎

‎

‎၎င်းသည် ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုသာဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမဲ့တာအိုများသည် ထိုတိုက်ခိုက်မှုနှင့်အတူ လှုပ်ရှားပဲ့တင်ထပ်သွားပြီး တောက်ပလှသော အင်မော်တယ်သတ်ဖြတ်ခြင်းအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာကြီး၏အစွန်အဖျားသို့ တိုက်ခိုက်သွားလေသည်။

‎

‎

‎" မင်း...! "

‎

‎

‎ကမ္ဘာကြီး၏အစွန်အဖျား၌ ရှေးဟောင်းဧကရာဇ်၏ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ဒေါသတို့ဖြင့်ပြည့်နေသော အသံ ထွက်ပေါ်လာခဲ့၏။

‎

‎

‎သို့သော် ထိုအသံသည် စတင်ရုံမျှနှင့် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ထိုအစား နားကွဲလုမတတ် ဟိန်းသံများဖြင့် အစားထိုးသွားလေသည်။ မြင့်မြတ်သောအလင်းရောင်များသည် ကမ္ဘာကြီး၏အစွန်အဖျားကို လင်းထိန်သွားစေပြီး ကောင်းကင်ဘုံအလင်းတန်းများ ပေါက်ကွဲထွက်လာကာ ကမ္ဘာကြီးပျက်သုဉ်းတော့မည့်အလားပင်ဖြစ်၏။ အချိန်အတော်ကြာပြီးနောက်မှသာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။

‎

‎

‎ကုချင်းရွဲ့သည် အဝေးသို့ ထိတ်လန့်တကြား လှမ်းကြည့်လိုက်၏။ ကမ္ဘာကြီးပြန်လည်ရှင်းလင်းသွားသောအခါ သူမ ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်မှာ ကမ္ဘာကြီး၏အစွန်အဖျား၌ မူလက ရှေးဟောင်းနတ်ဆိုးတောင်ထိပ်ကဲ့သို့ ရပ်တည်နေခဲ့သော ရှေးဟောင်းတွင်း‌ပေါက်ကြီးသည် ဘိုးဘေး၏တိုက်ကွက်တစ်ချက်တည်းဖြင့် လုံးဝပြားပြားဝပ်သွားခဲ့ခြင်းပင်ဖြစ်သည်။

‎

‎

‎" မကျေနပ်တဲ့သူ နောက်ထပ်ရှိသေးသလား "

‎

‎

‎ကုချန်၏အကြည့်တို့သည် အနည်းငယ်နိမ့်ကျသွားပြီး အေးဆေးတည်ငြိမ်စွာပင် မေးလိုက်သည်။

‎

‎

‎ဤမူလရှေးဟောင်းတွင်းနက်ထဲတွင် ရှေးဟောင်းဧကရာဇ်တစ်ပါးထက်မက အိပ်စက်နေသည်ကို သူသိ၏။ ယခု သူဝင်ရောက်ခဲ့သည်မှာ ရှေးဟောင်းဧကရာဇ်တစ်ပါး၏ အိပ်စက်ရာနေရာမျှသာဖြစ်သည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်၏ အခြားအစိတ်အပိုင်းများတွင် အခြားသောရှေးဟောင်းဧကရာဇ်များ ရှိနေဦးမည်ဖြစ်ပြီး သူတို့၏အကြည့်များသည် ဤနေရာသို့ စူးစိုက်ကြည့်ရှုနေကြပေလိမ့်မည်။

‎

‎

‎သို့သော် မူလရှေးဟောင်းတွင်းနက်ထဲရှိ ရှေးဟောင်းတည်ရှိမှုများသည် အားလုံးခြောက်လှန့်ခံလိုက်ရဟန်တူ၏။ အချိန်အတော်ကြာသည်အထိ လောကကြီးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။

‎

‎

‎" အရမ်းကောင်းတယ် "

‎

‎

‎ကုချန်သည် ခေါင်းအသာညိတ်လိုက်ပြီး မူလရှေးဟောင်းတွင်းနက်ထဲရှိ ရှေးဟောင်းတည်ရှိမှုများ၏ 'အသိတရားရှိသောအပြုအမူ'ကို အလွန်ကျေနပ်နေဟန်ရှိသည်။

‎

‎

‎ထို့နောက် သူသည် လုယက်သိမ်းဆည်းမှုပြီးဆုံးသွားသော ကုချင်းရွဲ့ကိုခေါ်ကာ ရေနဂါးကြီး၏ဦးခေါင်းပေါ်သို့ တက်လိုက်ပြီး နောက်ထပ်ရှေးဟောင်းတွင်းပေါက်ကြီးတစ်ခုသို့ ဆက်လက်၍ လုယက်ရန် သွားရောက်လေသည်။

‎

‎

‎ခရီးတစ်လျှောက်လုံး ရှေးဟောင်းတွင်းပေါက်ကြီးများစွာကို ဖြတ်သန်းသွားခဲ့ရာ ကုချန်သည် မည်သည့်အရာကိုမျှ ချန်မထားခဲ့ဘဲ သူမြင်သမျှ မြင့်မြတ်သောရတနာများနှင့် အဖိုးတန်ပစ္စည်းများအားလုံးကို စုဆောင်းသိမ်းဆည်းရန် ကုချင်းရွဲ့အား အမိန့်ပေးခဲ့လေသည်။

‎

‎

‎နောက်ဆုံးတွင် ကုချင်းရွဲ့၏ဆရာဖြစ်သူပင် မနေနိုင်တော့ဘဲ ထုတ်ဖော်ပြောဆိုလိုက်သည်။

‎

‎

‎" မင်းရဲ့ဘိုးဘေးကတော့ တကယ့်ကို တစ်ထီးတစ်နန်းနိုင်လွန်းတာပဲ! "

‎

‎

‎တစ်ထီးတစ်နန်းနိုင်ခြင်းလော။

‎

‎

‎ကုချင်းရွဲ့၏နှုတ်ခမ်းများမှာ တွန့်သွား၏။ ဘိုးဘေးသည် အမှန်ပင် တစ်ထီးတစ်နန်းနိုင်လွန်းလှပေသည်။

‎

‎

‎ခရီးတစ်လျှောက်လုံး ကုချင်းရွဲ့သည် ဤလောကတွင် အိပ်စက်နေသော ရှေးဟောင်းဧကရာဇ်များသည် ဘိုးဘေး၏လက်ထဲတွင် 'အမွှေးနှုတ်' ခံနေရသကဲ့သို့ပင် ခံစားလိုက်ရသည်။

‎

‎

‎အင်မော်တယ်နတ်ဆေးပင်၊ အစွမ်းထက်ကောင်းကင်ဘုံသတ္တု၊ ဧကရာဇ်အဆင့်မြင့်မြတ်သောပစ္စည်းများ…

‎

‎

‎ရှေးဟောင်းတွင်းပေါက်ကြီးများအားလုံးသည် လုံးဝလုယက်ခံလိုက်ရပြီး မည်သည့်အရာမျှ ချန်မထားခဲ့ချေ။

‎

‎

‎" သနားစရာပဲ… "

‎

‎

‎နောက်ဆုံးတွင် ကုချင်းရွဲ့သည် ဤနေရာ၌ အိပ်စက်နေသော ရှေးဟောင်းဧကရာဇ်အတွက်ပင် သနားမိသွားသည်။

‎

‎

‎ဤနေရာမှ ရှေးဟောင်းဧကရာဇ်သည် တားမြစ်နယ်မြေအသီးသီးကိုယ်စား စောစောက စကားပြောခဲ့သူဖြစ်ကြောင်း သူမသိ၏။

‎

‎

‎ဘိုးဘေးသည် ဤတွင်းနက်ထဲသို့ အတင်းအကျပ်ဝင်ရောက်လာခဲ့ခြင်းမှာ ထိုသူအား အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့်ပင် ဖြစ်နေပေသည်။

‎

‎

‎ဤရှေးဟောင်းဧကရာဇ်မှာ ကံဆိုးသည်ဟုသာ ဆိုနိုင်ပေတော့မည်။ မည်သူ့ကို ရန်သွားမစဘဲ ဘိုးဘေးကိုမှ သွား၍ ရန်စခဲ့ရသည်တကား။

‎

‎

‎……

‎

‎

‎" ကောင်းပြီ သွားကြစို့ "

‎

‎

‎နောက်ခဏအကြာတွင် ကုချင်းရွဲ့သည် ဤလောကရှိ အရင်းအမြစ်အားလုံးကို လုံးဝလုယက်ပြီးစီးသွားသည်ကို မြင်သောအခါ ကုချန်သည် ကုချင်းရွဲ့နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

‎

‎

‎" ဝေါင်း!! "

‎

‎

‎ထိုအခိုက်တွင် သူ၏ခြေဖဝါးအောက်မှ ရေနဂါးကြီးသည် ဝမ်းနည်းပူဆွေးစွာ မြည်တမ်းလိုက်သည်။

‎

‎

‎" မင်းက ဒီဧကရာဇ်နဲ့အတူ လိုက်ချင်လား "

‎

‎

‎တာအိုသဘောတရားများ လှုပ်ရှားသွားပြီး ကုချန်သည် ရေနဂါးကြီး၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွား၏။ သူသည် မိမိနှင့်အတူ လိုက်ပါလိုနေခြင်းလော။

‎

‎

‎ရေနဂါးကြီးသည် သူ၏ကြီးမားလှသောဦးခေါင်းကို အလျင်အမြန်ပင် အဆက်မပြတ်ညိတ်ပြပြီး သူ၏ခေါင်းလောင်းကြီးသဖွယ် မျက်လုံးတစ်စုံဖြင့် ကုချန်ကို စူးစိုက်ကြည့်နေလေသည်။

‎

‎

‎ယခုအချိန်တွင် ကုချန်က သူ့အား စီးတော်ယာဉ်အဖြစ် သဘောထားခဲ့စဉ်က ခံစားခဲ့ရသော အရှက်ရသည့်ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။

‎

‎

‎အကြောင်းမှာ ကုချန်၏အစွမ်းနှင့် တစ်ထီးတစ်နန်းနိုင်ပုံကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ပြီးနောက်တွင် ရေနဂါးကြီးသည် ဤလူသားမျိုးနွယ်ဧကရာဇ်မှာ သာမန်ဧကရာဇ်အဆင့်ရှိသူတစ်ဦးမဟုတ်ကြောင်း၊ သူသည် မူလရှေးဟောင်းတွင်းနက်တစ်ခုလုံးအား ဒူးထောက်စေနိုင်စွမ်းရှိသူဖြစ်ကြောင်းကို နောက်ဆုံး၌ နားလည်သွားသောကြောင့်ပင်ဖြစ်သည်။

‎

‎

‎အကယ်၍ ထိုသို့သောတည်ရှိမှုနောက်သို့ လိုက်ခွင့်ရခဲ့လျှင် အနာဂတ်တွင် ဧကရာဇ်အဆင့်သို့ အမှန်တကယ်ရောက်ရှိနိုင်မည့် အခွင့်အရေးရှိကောင်းရှိနိုင်ပေသည်။

‎

‎

‎" မင်းလိုက်ခဲ့ချင်ရင် လိုက်ခဲ့လို့ရတယ် "

‎

‎

‎ကုချန်သည် ခေါင်းအသာညိတ်လိုက်ပြီး သဘောတူလိုက်၏။

‎

‎

‎သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပထမဆုံးဝင်ရောက်စဉ်က အခြားတားမြစ်နယ်မြေများနှင့်မတူဘဲ အတွင်း၌ အစွမ်းထက်သောထူးဆန်းသည့်သားရဲများမရှိသည်ကို တွေ့ရှိခဲ့သည်။

‎

‎

‎ယခုအခါ တားမြစ်နယ်မြေသည် ကာကွယ်စောင့်ရှောက်ရန် အစွမ်းထက်သောထူးဆန်းသည့်သားရဲအချို့ လိုအပ်နေ၏။ အကယ်၍ ဤရေနဂါးကြီးကို လက်အောက်ခံအဖြစ်သိမ်းသွင်းပြီး တားမြစ်နယ်မြေကို စောင့်ရှောက်စေလျှင် မဆိုးလှပေ။

‎

‎

‎" ဝေါင်း!! "

‎

‎

‎ကုချန်သဘောတူသည်ကို မြင်သောအခါ ရေနဂါးကြီးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး ကုချန်၏အမိန့်ကိုပင် မစောင့်ဘဲ သူ၏ဦးခေါင်းကို ကုချန်၏ခြေဖဝါးအောက်သို့ ရိုသေစွာ နှိမ့်ချပေးလိုက်သည်။

‎

‎

‎ရေနဂါးကြီးသည် အလွန်အသိတရားရှိသည်ကို မြင်သောအခါ ကုချန်သည် ခပ်ရေးရေးပြုံးလိုက်ပြီး ကုချင်းရွဲ့နှင့်အတူ နဂါးဦးခေါင်းပေါ်တွင် ဆက်လက်ရပ်ကာ မူလရှေးဟောင်းတွင်းနက်၏အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

‎

‎

‎ဆယ်ချက်ခန့်အသက်ရှူချိန်ကြာပြီးနောက် ရေနဂါးကြီးသည် သူတို့နှစ်ဦးကို ဤရှေးဟောင်းတွင်းနက်မှ ခေါ်ဆောင်သွားခဲ့သည်။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင် ထွက်လာပြီ! "

‎

‎

‎ကုချန်၏ပုံရိပ်သည် မူလရှေးဟောင်းတွင်းနက်အထက်ရှိ ကောင်းကင်ယံ၌ ပေါ်လာသည်ကို မြင်သောအခါ နေ့ရက်များကို နှစ်နှင့်ချီ၍ ကြာမြင့်သကဲ့သို့ ခံစားနေခဲ့ရသော အင်အားကြီးဂိုဏ်းအသီးသီးမှ ပုဂ္ဂိုလ်ကြီးများသည် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။

‎

‎

‎သူတို့သည် ကုချန်နှင့် မူလရှေးဟောင်းတွင်းနက်မှ ရှေးဟောင်းဧကရာဇ်များ 'တိုက်ခိုက်' မိပြီး ဧကရာဇ်စစ်ပွဲဖြစ်ပွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေကြ၏။

‎

‎

‎သို့သော် ယခုမူ အခြေအနေကောင်းမွန်နေဟန်ရှိ၏။ ကောင်းကင်ဘုံအရှင်သခင်သည် မူလရှေးဟောင်းတွင်းနက်မှ ထွက်ခွာသွားပြီဖြစ်၍ ဧကရာဇ်စစ်ပွဲဖြစ်ပွားရန် မဖြစ်နိုင်တော့ပေ။

‎

‎

‎သို့သော် သက်ပြင်းချလိုက်ကြသော အင်အားကြီးဂိုဏ်းအသီးသီးမှ ပုဂ္ဂိုလ်ကြီးများသည် အပြည့်အဝစိတ်မအေးရသေးမီမှာပင် အားလုံးသည် တစ်ဖန်ပြန်လည်၍ တင်းမာလာကြပြန်သည်။

‎

‎

‎အကြောင်းမှာ ကောင်းကင်ဘုံအရှင်သခင်သည် မူလရှေးဟောင်းတွင်းနက်မှ ထွက်ခွာသွားသော်လည်း လုံးဝထွက်ခွာသွားခြင်းမရှိဘဲ မူလရှေးဟောင်းတွင်းနက်အထက်၌ပင် ပျံဝဲနေဆဲဖြစ်သည်ကို သူတို့တွေ့ရှိလိုက်ရသောကြောင့်ပင်။

‎

‎

‎" ဒီဧကရာဇ်ရဲ့ပစ္စည်း အင်မော်တယ်နတ်ဆေးပင်ကို မမေ့နဲ့။ တကယ်လို့မရှိရင် အစွမ်းထက်ကောင်းကင်ဘုံသတ္တုတစ်တုံးနဲ့ အစားထိုးပေးလည်းဖြစ်တယ် "

‎

‎

‎ကုချန်သည် အောက်ဘက်ရှိ မူလရှေးဟောင်းတွင်းနက်ကို အပေါ်စီးမှ ကြည့်ရှုရင်း လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

‎

‎

‎ကုချန်၏စကားကို ကြားသောအခါ ကုချင်းရွဲ့သည် ချက်ချင်းပင် ကြက်သေသေသွား၏။

‎

‎

‎ဘိုးဘေးသည် အဘယ်ကြောင့် မသေဆေးပင်တစ်ပင်ကို ထပ်မံ၍ လိုချင်ရသနည်း။ သူစောစောက တစ်ပင်လုယူပြီးပြီ မဟုတ်လော။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်! မင်းစောစောက မသေဆေးပင်တစ်ပင်နဲ့ အစွမ်းထက်ကောင်းကင်ဘုံသတ္တုတစ်တုံးကို ယူသွားပြီးပြီမဟုတ်လား?! "

‎

‎

‎အမှန်ပင် ကုချန်၏အသံကို ကြားသည်နှင့် မူလရှေးဟောင်းတွင်းနက်အတွင်းမှ ဒေါသကိုချုပ်တည်းထားသော အသံတစ်ခုသည် ချက်ချင်းထွက်ပေါ်လာပြီး ရှေးဟောင်းတွင်းနက်တစ်ခုလုံး တုန်ဟည်းသွားစေ၏။

‎

‎

‎" ဒီဧကရာဇ်ယူခဲ့တဲ့အရာက မင်းတို့မူလရှေးဟောင်းတွင်းနက်က ဒီဧကရာဇ်ကို စောစောက မေးခွန်းထုတ်ရဲခဲ့တဲ့အတွက် အပြစ်ဒဏ်သာသာပဲ "

‎

‎

‎ကုချန်၏အမူအရာမှာ တည်ငြိမ်အေးစက်နေပြီး

‎

‎

‎" ဒီဧကရာဇ် အခုလိုချင်တဲ့အရာက ချီးမြှင့်ဂုဏ်ပြုလက်ဆောင်ပဲ "

‎

‎

‎" … "

‎

‎

‎ကုချန်၏စကားကြောင့် မူလရှေးဟောင်းတွင်းနက်တစ်ခုလုံး သေမင်းဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားလေသည်။

‎

‎

‎အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှသာ လူဦးခေါင်းအရွယ်အစားရှိပြီး တစ်ခုလုံးကြက်သွေးရောင်သန်းနေသော ရှေးဟောင်းကောင်းကင်ဘုံသတ္တုတစ်တုံးသည် မူလရှေးဟောင်းတွင်းနက်အတွင်းမှ ပျံထွက်လာပြီး ကုချန်၏ရှေ့မှောက်သို့ ကျရောက်လာသည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်အတွင်းရှိ ရှေးဟောင်းဧကရာဇ်များသည် စကားမပြောသော်လည်း သူတို့၏လုပ်ရပ်များဖြင့် အရာအားလုံးကို ဖော်ပြလိုက်လေပြီ။

‎

‎

‎မူလရှေးဟောင်းတွင်းနက် ရှင်သန်ခြင်းတားမြစ်နယ်မြေတစ်ခုဖြစ်ပြီး ၎င်း၏အမည်သည် လောကကြီးကို တုန်လှုပ်စေကာ သက်ရှိအားလုံးကြားလျှင် မျက်နှာပျက်ရသည့်နေရာသည် ယခုအခါ ကုချန်၏ရှေ့မှောက်၌ ဦးညွှတ်ရန် ရွေးချယ်လိုက်လေပြီ။

‎

‎

‎အခန်း (၅၆)- အမုန်းတရားအသစ်နှင့် အငြိုးအတေးဟောင်း၊ ရွှမ်ဝူနတ်ဆေးနှင့် တားမြစ်နယ်မြေမှ ပုန်ကန်မှု

‎

‎

‎

‎ကုချန်သည် မူလရှေးဟောင်းတွင်းနက်မှ ထပ်မံ၍ တင်ဆက်လာသော ကြက်သွေးရောင်ကောင်းကင်ဘုံသတ္တုအား သိမ်းဆည်းလိုက်ပြီးနောက်မှသာ ကျေနပ်အားရစွာဖြင့် နဂါးဦးခေါင်းအား စီးနင်းကာ ကုချင်းရွဲ့ကို ခေါ်ဆောင်လျက် မူလရှေးဟောင်းတွင်းနက်မှ ထွက်ခွာသွားလေသည်။

‎

‎

‎ဤမြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသော အရပ်ရပ်မှ စွမ်းအားရှင်များမှာမူ မှင်သက်ကာ တိတ်ဆိတ်သွားကြလေပြီ။

‎

‎

‎သူတို့သည် မူလရှေးဟောင်းတွင်းနက်အတွင်း၌ ယခုလေးတင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို တိတိကျကျ မသိရှိကြသော်လည်း မူလရှေးဟောင်းတွင်းနက်အတွင်းမှ ရှေးဟောင်းဧကရာဇ်၏ စကားများမှတစ်ဆင့် အဖြစ်အပျက်အချို့ကိုမူ အကဲခတ်နိုင်ခဲ့ကြသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် မူလရှေးဟောင်းတွင်းနက်သို့ အတင်းအကျပ် ဆင်းသက်လာခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ‘လုယက်’ နေခဲ့သည်လော။

‎

‎

‎“ သူက တားမြစ်နယ်မြေကို လုယက်ရုံတင်မကဘဲ အခု တားမြစ်နယ်မြေအရှင်တွေကို ဂုဏ်ပြုလက်ဆောင်တွေဆက်သဖို့ အတင်းအကျပ်တောင် လုပ်နေသေးတယ်။ ဒီကောင်းကင်ဘုံဘုရင်ကတော့ တကယ်ကိုပဲ… ”

‎

‎

‎စွမ်းအားရှင်တစ်ဦးသည် ခြောက်ကပ်စွာဖြင့် မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။

‎

‎

‎အမှန်စင်စစ်တွင် သူသည် မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။

‎

‎

‎အကြောင်းမှာ ဤကောင်းကင်ဘုံအရှင်သခင်၏ လုပ်ရပ်များကို ‘ဗိုလ်ကျစိုးမိုးစွာ ပြုမူခြင်း’ ဟူသော စကားဖြင့် ရိုးရှင်းစွာ ရှင်းပြ၍မရနိုင်တော့သောကြောင့်ပင်။

‎

‎

‎သူသည် ဤတားမြစ်နယ်မြေအရှင်များ၏ သဘောထားကို လုံးဝဂရုမစိုက်ဘဲ သူတို့နှင့် စစ်ဖြစ်ရမည်ကို လုံးဝမကြောက်ရွံ့သည့်ဟန် ပေါက်နေ၏။

‎

‎

‎“ မူလရှေးဟောင်းတွင်းနက်ကတော့ ဂုဏ်ပြုလက်ဆောင် ဆက်သပြီးပြီ။ တခြားတားမြစ်နယ်မြေတွေကရော ဘယ်လိုလဲ။ ဒီဧကရာဇ်က ကိုယ်တိုင်လာယူဖို့ လိုအပ်နေသေးသလား ”

‎

‎

‎မူလရှေးဟောင်းတွင်းနက်မှ ပြန်လာပြီးနောက် ကုချန်သည် ကောင်းကင်ဘုံကိုးခုထက်၌ မားမားမတ်မတ်ရပ်ကာ ကျယ်ပြောလှသော ဒေသကြီးငါးခုကို အပေါ်စီးမှ ကြည့်လျက် သူ၏အသံမှာ တည်ကြည်ခန့်ညားလှ၏။

‎

‎

‎အမှန်တကယ်တွင် သူဤတားမြစ်နယ်မြေများကို ဤမျှခြိမ်းခြောက်နေရသည့် အကြောင်းရင်းမှာ အတိတ်မှ ‘အတိုး’ များကို ကောက်ခံရန်ဖြစ်ပြီး ကုကျင်းရှန်အတွက် မသေမျိုးဆေးတစ်လက် လိုအပ်သည်ဆိုခြင်းမှာ ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်။

‎

‎

‎လွန်ခဲ့သော နှစ်ကိုးသောင်းခန့်က နတ်ဆိုးနယ်မြေ ကျူးကျော်ဝင်ရောက်စဉ်အခါက

‎

‎

‎ကောင်းကင်သင်္ချိုင်းဧကရာဇ်သာမကဘဲ တားမြစ်နယ်မြေအသီးသီးအတွင်းမှ ရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်များအားလုံးသည် လှုပ်ရှားနေကြပြီး နတ်ဆိုးနယ်မြေကျူးကျော်မှုကို အခွင့်ကောင်းယူကာ ကုချန်အား ပစ်မှတ်ထားရန် စိတ်အားထက်သန်နေခဲ့ကြသည်။

‎

‎

‎ဧကရာဇ်အဆင့် အထွတ်အထိပ်တစ်ဦး၏ ဧကရာဇ်သွေးနှင့် ဧကရာဇ်ကိုယ်ထည်တို့သည်ပင် အကောင်းဆုံးနတ်ဆေးများ ဖြစ်ကြသည်။ အကယ်၍ တားမြစ်နယ်မြေအတွင်းမှ ရှေးဟောင်းအရှင်များက ထိုအရာများကို စားသုံးလိုက်ပါက သူတို့၏သက်တမ်းကို သိသိသာသာ တိုးမြှင့်နိုင်မည်ဖြစ်သည်။

‎

‎

‎ယခင်က ပြင်ပခြိမ်းခြောက်မှုမရှိသောကြောင့် ဤတားမြစ်နယ်မြေအရှင်များသည် မလှုပ်ရှားဝံ့ခဲ့ကြချေ။

‎

‎

‎သို့သော် ထိုအချိန် နတ်ဆိုးနယ်မြေကျူးကျော်စဉ်အခါက တားမြစ်နယ်မြေအတွင်းမှ ဤရှေးဟောင်းဧကရာဇ်များနှင့် ရှေးဟောင်းအရှင်များသည် ရေနောက်နေချိန်ငါးဖမ်းရန် စိတ်ကူးထားခဲ့ကြပြီး ကုချန်အား ပစ်မှတ်ထားကာ သူ၏အသွေးအသားများကို ‘ခွဲဝေ’ ရယူရန် အခွင့်အရေးကို ဆုပ်ကိုင်လိုခဲ့ကြသည်။

‎

‎

‎ထိုအချိန်က ကုချန်၏အခြေအနေမှာ အလွန်ခက်ခဲပြီး အန္တရာယ်များလှ၏။ ကြီးမားသောပေးဆပ်မှုများ ပြုလုပ်ပြီးမှသာ သူသည် ဤတားမြစ်နယ်မြေများကို နှိမ်နင်းနိုင်ခဲ့ပြီး ထိုနတ်ဆိုးနယ်မြေမှ မိစ္ဆာများကို အဆုံးမဲ့ကမ္ဘာမှ မောင်းထုတ်နိုင်ခဲ့သည်။

‎

‎

‎ထို့ကြောင့် ကုချန်အတွက်မူ သူ၏ရှင်းလင်းရမည့် ပစ်မှတ်များမှာ သစ္စာဖောက်ခဲ့ကြသော ကျယ်ပြောလှသည့် ဧကရာဇ်မျိုးနွယ်များသာ မဟုတ်ချေ။

‎

‎

‎တားမြစ်နယ်မြေများအတွင်း၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေကြသော ဤရှေးဟောင်းအရှင်များသည်လည်း ပစ်မှတ်များပင် ဖြစ်ကြ၏။

‎

‎

‎အကယ်၍ ဤတားမြစ်နယ်မြေအရှင်များက အတိတ်တွင် မိမိတို့ဘာသာ ငြိမ်ငြိမ်နေခဲ့ပါလျှင် ကုချန်သည် သူတို့အား ဂရုစိုက်ရန် အလွန်ပျင်းရိနေမည်ဖြစ်သည်။ ဤတားမြစ်နယ်မြေအရှင်များက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို သွေးချောင်းစီးစေခဲ့လျှင်ပင် သူဂရုစိုက်မည်မဟုတ်ချေ။

‎

‎

‎သို့သော် ဤတားမြစ်နယ်မြေအရှင်များက အတိတ်တွင် သူ့အား ပြစ်မှားခဲ့ကြသောကြောင့် ယခုအခါ တစ်ဦးချင်းစီနှင့် ရှင်းလင်းရန်မှာ သဘာဝကျလှပေသည်။

‎

‎

‎ဂုဏ်ပြုလက်ဆောင်များတောင်းဆိုခြင်းမှာ အစပျိုးခြင်းမျှသာ ဖြစ်၏။

‎

‎

‎ကျယ်ပြောလှသော ဧကရာဇ်မျိုးနွယ်များအတွက်မူ ကုချန်သည် သူတို့အား ရှင်းလင်းမည့်အချိန်ကို နောက်ဆုတ်ထားလိုက်ခြင်းမျှသာ ဖြစ်သည်။

‎

‎

‎“ တားမြစ်နယ်မြေအရှင်တွေ၊ ကျယ်ပြောလှတဲ့ ဧကရာဇ်မျိုးနွယ်တွေ၊ အငြိုးအတေးအသစ်နဲ့ အမုန်းတရားအဟောင်းတွေ အားလုံးကို ဖြေရှင်းရမယ်။ ဘယ်သူမှ လွတ်မြောက်မှာမဟုတ်ဘူး ”

‎

‎

‎ကုချန်သည် နှင်းခဲကဲ့ပမာအေးစက်သော မျက်လုံးများဖြင့် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

‎

‎

‎သူ့အား ပြစ်မှားခဲ့သူများ၊ သူ့အား သစ္စာဖောက်ခဲ့သူများ အားလုံးကို ရေတွက်ထားပြီး တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်မည်မဟုတ်ချေ။

‎

‎

‎ကြီးကျယ်ခမ်းနားသောအသံသည် ကျယ်ပြောလှသော ဒေသကြီးငါးခုတစ်လျှောက် ပျံ့နှံ့သွားပြီး တားမြစ်နယ်မြေအသီးသီး၏ အထက်၌ မြည်ဟည်းသွားသည်။

‎

‎

‎တားမြစ်နယ်မြေအားလုံး တိတ်ဆိတ်သွားပြီး ကမ္ဘာလောက၏ လေထုသည် အေးခဲသွားသကဲ့သို့ ထင်ရသည်။

‎

‎

‎သို့သော် နောက်ဆုံး၌ ကောင်းကင်ကိုဖြတ်၍ အလင်းတန်းတစ်ခုသည် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

‎

‎

‎၎င်းသည် အရှေ့ပိုင်းလွင်တီးခေါင် တာအိုနယ်မြေရှိ ရှေးဟောင်းဧကရာဇ်တောင်တန်းမှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုဖြစ်ပြီး ကောင်းကင်ကိုဖြတ်၍ ကောင်းကင်ဘုံတားမြစ်နယ်မြေထဲသို့ ပျောက်ကွယ်သွားသည်။

‎

‎

‎ထိုအလင်းတန်း၏အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် ကမ္ဘာရှိစွမ်းအားရှင်များပင် ၎င်းသည် သစ်ပင်ငယ်တစ်ပင်နှင့်တူသော ပစ္စည်းတစ်ခုဖြစ်ကြောင်း မထင်မရှားသာ မြင်တွေ့နိုင်ခဲ့ကြပြီး ၎င်းဖြတ်သန်းသွားသော ကောင်းကင်ယံ၌ တာအို၏ဆွဲဆောင်မှုနှင့် မွှေးကြိုင်သော ဆေးရနံ့တို့ ကျန်ရစ်ခဲ့သည်။

‎

‎

‎ဤသည်မှာ မသေမျိုးဆေးတစ်လက်ပင်။

‎

‎

‎ဤအတွေးသည် လူတိုင်း၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။

‎

‎

‎တစ်ချိန်က အနိုင်မခံအရှုံးမပေးဖြစ်ခဲ့သော ရှင်သန်ခြင်းတားမြစ်နယ်မြေသည် နောက်ဆုံး၌ ဦးညွှတ်လိုက်ပြီလော။

‎

‎

‎အချို့သော စွမ်းအားရှင်များမှာ တုန်လှုပ်သွားကြသည်။

‎

‎

‎ယခု မူလရှေးဟောင်းတွင်းနက်နှင့် ရှေးဟောင်းဧကရာဇ်တောင်တန်း နှစ်ခုစလုံးသည် မသေမျိုးဆေးတစ်လက်စီ ဆက်သကာ သူတို့၏ရပ်တည်ချက်ကို ပြသလိုက်ကြပြီဖြစ်သည်။

‎

‎

‎ကျယ်ပြောလှသော ဒေသကြီးငါးခုအတွင်းမှ အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများ မည်သို့ရွေးချယ်မည်နည်း။ ဖြစ်နိုင်သည်မှာ အဖြေမှာ ဆုံးဖြတ်ပြီးသားဖြစ်နေလောက်ပေပြီ။

‎

‎

‎အမှန်ပင် ရှေးဟောင်းဧကရာဇ်တောင်တန်းမှ မသေမျိုးဆေးတစ်လက်ကို ထုတ်ပေးပြီးနောက် မကြာမီတွင် ကျယ်ပြောလှသော ဒေသကြီးငါးခုရှိ အခြားရှင်သန်ခြင်းတားမြစ်နယ်မြေများမှ အံ့အားသင့်ဖွယ် အလင်းတန်းအချို့ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံတားမြစ်နယ်မြေထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

‎

‎

‎ထိုအလင်းတန်းများထဲတွင် အင်မော်တယ်နတ်ဆေးများဖြစ်သော ရတနာတစ်သောင်း တာအိုသစ်ပင်ကဲ့သို့သော ဆေးပင်များအပြင် ချီလင်တာအိုရွှေနှင့် မဟူရာရောင် ခရမ်းရွှေကဲ့သို့သော ကောင်းကင်ဘုံသတ္တုများလည်း ပါဝင်သည်။ အင်မော်တယ်နတ်ဆေးများနှင့် ကောင်းကင်ဘုံသတ္တုများ အတူတကွ တောက်ပနေကြရာ ကောင်းကင်တစ်ခြမ်းနီးပါးကို ဖုံးလွှမ်းသွား၏။

‎

‎

‎နောက်ဆုံး၌ ထိုနတ်ဘုရားနှင့်ဆိုင်သော ပစ္စည်းများ၏ တောက်ပမှုကိုဖုံးကွယ်ရန် ကုချန်ကိုယ်တိုင် လှုပ်ရှားခဲ့ရသည်။

‎

‎

‎တားမြစ်နယ်မြေအားလုံးက သူတို့၏ဂုဏ်ပြုလက်ဆောင်များကို ဆက်သပြီးဖြစ်သောကြောင့် ကုချန်သည် ဆက်လက်၍ ဖိအားပေးရန် ရည်ရွယ်ချက်မရှိတော့ချေ။

‎

‎

‎သူသည် ကောင်းကင်ဘုံတားမြစ်နယ်မြေသို့ ဆင်းသက်ရန် ပြင်ဆင်နေစဉ် သူ၏အကြည့်ကို အနည်းငယ်နှိမ့်ချလိုက်၏။

‎

‎

‎သို့သော် ဤအခိုက်အတန့်၌ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။

‎

‎

‎မူလရှေးဟောင်းတွင်းနက်၏ ဦးတည်ရာမှ တောက်ပသော အလင်းတစ်ခု ကောင်းကင်သို့ တက်သွားပြီး မင်္ဂလာရှိသောအရောင်များ ယှက်ဖြာလာ၏။ နှင်းကဲ့သို့ဖြူဖွေးသော ရွှမ်လိပ်တစ်ကောင်သည် မူလရှေးဟောင်းတွင်းနက်မှ ပျံထွက်လာပြီး သူ၏တိုတုတ်ထူထဲသော ခြေလက်များကို ဝှေ့ယမ်းကာ ကောင်းကင်ဘုံတားမြစ်နယ်မြေဆီသို့ ကြိုးစားပျံသန်းလာနေသည်။

‎

‎

‎အနီးကပ်ကြည့်လိုက်သောအခါ ရွှမ်လိပ်ဖြစ်နေ၏။ ၎င်းသည် ရွှမ်ဝူမသေမျိုးနတ်ဆေးတစ်လက်ဖြစ်ပြီး မရေမတွက်နိုင်သောနှစ်များစွာ ကြီးထွားလာခဲ့ရာ သူ၏ဆေးဝါးပုံစံကို လုံးဝစွန့်လွှတ်ပြီး စစ်မှန်သောသက်ရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။

‎

‎

‎ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ စစ်မှန်သော ဆေးကြီးတစ်လက်ဖြစ်ပြီး အခြားအင်မော်တယ်နတ်ဆေးများကိုပင် ကျော်လွန်ကာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံဆေးတစ်လက်အဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်နေသည်။

‎

‎

‎ဤမြင်ကွင်းကို မြင်သောအခါ စွမ်းအားရှင်များအားလုံး မှင်တက်သွားကြသည်။

‎

‎

‎“ ဒါက ဘာအဓိပ္ပာယ်လဲ။ မူလရှေးဟောင်းတွင်းနက်က မသေမျိုးဆေးတစ်လက် ထပ်ဆက်သတာလား ”

‎

‎

‎ဤမူလရှေးဟောင်းတွင်းနက်အတွင်းမှ ရှေးဟောင်းအရှင်များသည် ကောင်းကင်ဘုံအရှင်သခင်ကြောင့် ကြောက်ရွံ့သွားကြပြီလော။ သူတို့ မသေမျိုးဆေးတစ်လက် ဆက်သပြီးပြီမဟုတ်လော။ အဘယ်ကြောင့် ယခုအခါ အခြားအင်မော်တယ်နတ်ဆေးတစ်လက်ကို ဆက်လက်ဆက်သနေရသနည်း။ ထို့အပြင် ဤမျှထူးခြားသည့် နတ်ဆေးတစ်လက်ကိုပင်ဖြစ်၏။

‎

‎

‎သို့သော် လူတိုင်းမှာ ခဏတာမျှသာ အံ့အားသင့်ခဲ့ကြပြီးနောက် အမှန်တရားကို နားလည်သွားကြသည်။

‎

‎

‎အကြောင်းမှာ ထိုနှင်းဖြူရောင် ရွှမ်ဝူမသေမျိုးနတ်ဆေးသည် မူလရှေးဟောင်းတွင်းနက်မှ ပျံထွက်သွားပြီးနောက် မကြာမီမှာပင် ရှေးဟောင်းတွင်းနက်အတွင်းမှ တုန်လှုပ်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။

‎

‎

‎ထို့နောက် ကောင်းကင်ကိုဖုံးလွှမ်းပြီး နေကိုကွယ်ကာထားသော လက်တစ်ဖက်သည် မူလရှေးဟောင်းတွင်းနက်အတွင်းမှ ထွက်ပေါ်လာပြီး ထိုနှင်းဖြူရောင် ရွှမ်လိပ်ကို သူ၏လက်ဖဝါးထဲ၌ ဆုပ်ကိုင်ရန် ရည်ရွယ်နေ၏။

‎

‎

‎“ ဒါ… ဒါက တားမြစ်နယ်မြေအရှင်က စေတနာအလျောက် မသေမျိုးဆေးကို ဆက်သတာမဟုတ်ဘဲ ဒီရွှမ်လိပ်က မူလရှေးဟောင်းတွင်းနက်ကနေ ထွက်ခွာပြီး အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်ဆီ သစ္စာခံချင်နေတာပဲ ”

‎

‎

‎တစ်စုံတစ်ယောက်က အရာအားလုံးကို ချက်ချင်းနားလည်သွားပြီး ဟစ်အော်လိုက်သည်။

‎

‎

‎ဧကရာဇ်အဆင့်ဖြစ်တည်မှုအားလုံးသည် အင်မော်တယ်နတ်ဆေးတစ်လက်ကို ရရှိရန် တောင့်တကြသည်။

‎

‎

‎ထို့အတူ အင်မော်တယ်နတ်ဆေးများသည်လည်း စစ်မှန်သည့် ဖြစ်တည်မှုတစ်ဦးနောက်သို့ လိုက်ပါကာ သူ၏တာအိုကို နေ့ညမပြတ် လေ့လာခံစားရင်း နောက်တစ်ဆင့်တက်လှမ်းနိုင်မည့် အခြေအနေကိုရရှိရန် မျှော်လင့်ကြသည်။

‎

‎

‎ယခုအခါ မူလရှေးဟောင်းတွင်းနက်၌ နေထိုင်ခဲ့သော ဤရွှမ်ဝူမသေမျိုးနတ်ဆေးသည် မူလရှေးဟောင်းတွင်းနက်မှ ‘သစ္စာဖောက်’ ထွက်ခွာကာ ထိုကောင်းကင်ဘုံအရှင်သခင်ထံ သစ္စာခံရန် ရွေးချယ်လိုက်ခြင်းပင်ဖြစ်၏။

‎

‎

All Chapters