← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

"မြန်မြန် သူ့ကိုတားကြစမ်း၊ ရှကျဲကို ကာကွယ်ပေးကြပါဦး"

ညွှန်ကြားရေးမှူးဆုန့် လှမ်းကြည့်လိုက်ရာ ရှကျဲမှာရှုကျစ်မင်၏ဘေးနား၌ ရပ်နေပြီး ရှုကျစ်မင်နှင့်သူ့ကြားတွင် ချင်ရန်တစ်ယောက်သာခြားနေသည်ကို တွေ့လိုက်ရသည်။ အဖိုးကြီးကျောင်းက အခုအချိန်မှာ အသိစိတ်လွတ်နေတဲ့ အရူးတစ်ယောက်လို ဓားကို ရမ်းကားနေတာလေ။ ရှကျဲကိုများ ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ။

ညွှန်ကြားရေးမှူးဆုန့်ခမျာ ရှကျဲအပေါ် အကြွေးတင်ထားတာတွေ များနေပြီဖြစ်၏။ ရှကျဲသာ ဒဏ်ရာရသွားလျှင် သူ့ကိုယ်သူ အပြစ်တင်စိတ်ဖြင့်ရင်ကွဲသေရလိမ့်မည်။

ညွှန်ကြားရေးမှူးဆုန့်မျက်နှာမှာ ထိတ်လန့်လွန်းလို့ ဖြူဖပ်ဖြူရော်ဖြစ်သွားရသည်။ ဖြစ်နိုင်လျှင် သူကိုယ်တိုင်အပြေးသွားပြီး ရှကျဲကိုကာကွယ်ပေးချင်ပေမယ့် လူအုပ်မှာကြပ်ညပ်လွန်းနေကာတိုးလို့မပေါက်ပေ။

ယခုလူကြပ်နေပုံအရ သုံးနှစ်သား ကလေးလောက်မှသာ တိုးထွက်လို့ရနိုင်မည့်အနေအထားပင်။ ရှာကျဲ၊ လီတဝေနှင့်တခြားသူတွေလည်း အလွန်အမင်းထိတ်လန့်နေကြသည်။

သူတို့ဘဝမှာ ဒီလိုအခြေအနေမျိုး တခါမှမကြုံဖူးကြပေ။ ဓားကိုင်ထားတဲ့ လူတစ်ယောက်က သူတို့ဆီပြေးလာနေတာလေ။ တဒင်္ဂအတွင်းဝယ် သူတို့အားလုံးမှာ မီးဟပ်ခံရသည့်သမင်လေးများလို ဘာလုပ်ရမှန်းမသိကြောင်ပြီးရပ်နေမိကြသည်။ လီတဝေနှင့် ရှကျဲတို့မှာကြောက်စိတ်ဝင်ပြီး ဘာမှပြန်မလုပ်နိုင်ကြတော့ပေ။ ကျောက်ကျီဝေ့နှင့်ယန်ရှုတို့လည်း အံ့ဩတုန်လှုပ်နေကြသည်။ သို့သော်သူတို့သည် နောက်မှာဖြစ်၍ဒဏ်ရာရနိုင်ခြေနည်း၏။

"ရှကျဲ"

ညွှန်ကြားရေးမှူးဆုန့် အသံကုန်ဟစ်ပြီး အော်ခေါ်လိုက်သည်။ ဒီအချိန်မှာ အဖိုးကြီးကျောင်းက ရှုကျစ်မင်ဆီ ဓားနဲ့ ခုတ်ဖို့ရွယ်ထားပြီးသားလေ။

ဒီလောက်ကျဉ်းပြီး လူကျပ်နေတဲ့ နေရာမှာ သူသာဓားကိုဝှေ့ယမ်းလိုက်ရင် ရှကျဲကိုပါသေချာပေါက်ထိခိုက်မိမှာပဲ။ သူတို့ကြားတွင် ငါးမီတာလောက်သာကွာတော့သော်လည်း

ထိုအချိန်မှာပင် ချင်ရန်မှ ရှေ့သို့ငါးလှမ်းတိုးထွက်လိုက်သည်။ သူ့ညာလက်ဖြင့် ရှကျဲကိုအနောက်ရောက်အောင်တွန်းပို့ကာ ကာကွယ်လိုက်၏။

ထိုအခါမှ ရှကျဲသတိပြန်ဝင်လာပြီး အခြေအနေမှာ မည်မျှအန္တရာယ်များကြောင်း သဘောပေါက်လိုက်သည်။

ဒီအရူးကြီးက သူတို့ဆီတည့်တည့်လာနေသော်လည်း ချင်ရန်ကမူ သူ့ရှေ့၌မားမားမတ်မတ် ရပ်နေသည်။

ရှကျဲ မျက်နှာချက်ချင်းဖြူဆုတ်သွားပြီး အော်ပြောလိုက်သည်။

"သတိထားနော်"

အဖိုးကြီးကျောင်းမှာ သူ့လမ်းကြောင်းအားလာပိတ်နေသည့်လူကို တွေ့လိုက်ရသည်။ သူ့ဒေါသများမှာအသိဉာဏ်အားလုံးကို လွှမ်းမိုးထားပြီးပြီဖြစ်၍ သူ့ကိုလာတားသူဘယ်သူ့ကိုမဆို သတ်ပစ်တော့မည်ပင်။

"ငါ့ကို တားတယ်ပေါ့လေ မင်းက လူသတ်သမားကို ကာကွယ်ပေးနေတာလား၊ ဒါဆို မင်းပါသေလိုက်တော့"

အဖိုးကြီးကျောင်း ဟိန်းဟောက်လိုက်ပြီး ချင်ရန့်မျက်နှာတည့်တည့်ဆီ ဓားဖြင့်ခုတ်ချလိုက်သည်။ ဒေါသအရှိန်ဖြင့်ခုတ်ချလိုက်သည့်အားမှာကြောက်စရာကောင်းလောက်အောင် ပြင်းထန်သည်။ ထိုဓားချက်သာထိသွားလျှင် ချင်ရန့်မျက်နှာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်ပြီး လူတောတိုး၍မရတော့သည့်ဘဝပင် ရောက်သွားလိမ့်မည်။

လူတိုင်း ဒီမြင်ကွင်းကိုကြည့်ပြီး အသက်ရှူဖို့ပင်မေ့သွားကြသည်။ အချိန်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရ၏။

*ရွှက်*

သီသီလေးလွတ်သွားသည်။ ဓားသွားမှာ ချင်ရန့်မျက်လုံးနှင့် နှစ်မီလီမီတာလောက်အကွာတွင် ရုတ်တရက် ရပ်တန့်သွား၏။ ချင်ရန့်မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ သူ့လက်သည် အဖိုးကြီးကျောင်း၏ဓားကိုင်ထားသော လက်ကောက်ဝတ်ကိုမြဲမြံစွာ ဖမ်းချုပ်ထားလိုက်ပြီးဖြစ်သည်။

"ဘာအကြောင်းပြချက်ပဲ ရှိရှိ ရဲစခန်းထဲမှာ အခုလိုအကြမ်းဖက်လို့မရပါဘူး"

ချင်ရန်မှာ အေးစက်တည်ကြည်သော မျက်နှာထားဖြင့်ပြောလိုက်သည်။

အဖိုးကြီးကျောင်းမျက်နှာမှာ ဒေါသကြောင့်ရှုံ့မဲ့သွားရ၏။ ဒီကောင်စုတ်လေးရဲ့မျက်နှာကို ဓားနဲ့မွှန်းပစ်ချင်နေပေသိ သူ့လက်အားတစ်လက်မလေးတောင်ရွေ့လို့မရတော့။

ထို့နောက်

*ဂျွတ်*

ချင်ရန်က သူ့လက်ကိုအားကုန်လိမ်ချလိုက်ရာ အဖိုးကြီးကျောင်း၏ဓားကိုင်ထားသော လက်ကောက်ဝတ်ကျိုးသွားတော့သည်။

"အား"

အဖိုးကြီးကျောင်းဆီမှ နာကျင်လွန်းသည့်အော်သံကြီး ထွက်ပေါ်လာပြီး မျက်ရည်များပါ စီးကျလာသည်။

"ဘုန်း"

ထို့နောက် ချင်ရန်ကအဖိုးကြီးကျောင်းကို အားဖြင့်ပိတ်ကန်လိုက်ရာ ၅ မီတာ၊ ၆ မီတာလောက်ထိ လွင့်ထွက်သွားပြီး သူ့နောက်မှကျောင်းမိသားစုဝင်များကြားထဲ ပြုတ်ကျသွားသည်။ မိသားစုဝင် အများအပြားလည်း လဲကျကုန်ပြီး အဖိုးကြီးကျောင်းအတွက် မွေ့ရာတွေ ဖြစ်ကုန်ကြသည်။ အားလုံး ဒီမြင်ကွင်းကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ ဒီလောက် လွယ်လွယ်လေးနဲ့ ပြီးသွားတာလား။

ချင်ရန်၏ကျွမ်းကျင်မှုမှာ ထက်မြက်လွန်းလှသည်။ အဖိုးကြီးကျောင်းလှုပ်ရှားမှုမှာ မြန်ဆန်လွန်းရာအရိပ်တောင်မမြင်ရသလောက်ဖြစ်ပြီး လက်ထဲမှာလည်း ဓားအားယမ်းလာ၍ ဝင်တားမိပါက ဒဏ်ရာရဖို့သေချာသလောက်ပင်ဖြစ်၏။ ချင်ရန်ဝင်တားစဥ်က အားလုံးသူ့အတွက်စိုးရိမ်ခဲ့ကြပေသိ ဒီလောက်ကြီးကြမ်းလိမ့်မည်ဟုထင်မထားခဲ့ကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဖိုးကြီးကျောင်းကို ထိန်းချုပ်လိုက်နိုင်သည့်အပြင် လက်ကောက်ဝတ်ကိုချိုးပြီး ကန်ထုတ်ပစ်လိုက်သည်။

သာမန်လူတစ်ယောက်သာဆို ဓားကိုင်ထားသည်ကိုတွေ့မိပါက ကြေးစားဖိုက်တာများဆိုတောင် နောက်ဆုတ်တတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဓားဆိုသည်မှာ လက်သီးနှင့်မတူပေ။ မင်းကဖိုက်တာတစ်ယောက်ကို ဆယ်ချက်ထိုးလို့ သူဘာမှမဖြစ်ပေမယ့် ဓားနဲ့သာတစ်ချက်ထိမိတာနဲ့ အသက်ပါသွားနိုင်တယ်လေ။

"သေစမ်း တော်ပါသေးရဲ့"

ညွှန်ကြားရေးမှူးဆုန့် သက်ပြင်းချလိုက်သည်။ ကံကောင်း၍သာ ရှကျဲဘာမှမဖြစ်သွားခဲ့ခြင်းပင်။ သူ့စိတ်ထဲရှိ အပြစ်ရှိစိတ်လည်းသက်သာရာရသွား၏။ ညွှန်ကြားရေးမှူးဆုန့်မျက်နှာတွင် ဒေါသများပေါက်ကွဲတော့မတတ် ဖြစ်လာပြီး အော်ဟစ်လိုက်သည်။

"ဒီလူသတ်ဖို့ကြံစည်တဲ့ကောင်ကို ဖမ်းလိုက်စမ်း၊ ဒီနေရာကိုတောင် ဓားယူလာရဲတယ်ဆိုတော့ သေချင်နေပြီပဲ"

အခုတော့ အဖိုးကြီးကျောင်းမှာ ဓားလည်းမရှိတော့သလို လက်ကောက်ဝတ်လည်းကျိုးပြီး အကန်ခံထားရရာ ဘာအစွမ်းမှမရှိတော့ပေ။ ဘေးနားရှိရဲဝန်ထမ်းများမှာ ချက်ချင်းဝင်ဖမ်းပြီး လက်ထိပ်ခတ်လိုက်ကြသည်။ ကျောင်းမိသားစုဝင်များလည်း ငြိမ်ကျသွားပြီးဘာမှဝင်မလုပ်ရဲကြတော့ပေ။

သူတို့မှားနေတာကိုး။

ဒီလူတွေလည်း အဖိုးကြီးကျောင်းမှ ဓားယူလာလိမ့်မည်ဟုထင်မထားခဲ့ကြပေ။ ကြောက်စရာ ကောင်းလွန်းလှသည်။ ရဲစခန်းထဲမှာ အကြမ်းဖက်တယ်ဆိုတာ ဥပဒေရဲ့အာဏာကို စိန်ခေါ်လိုက်တာပဲလေ။

"တင်း"

[ဂုဏ်ယူပါတယ် အိမ်ရှင် တာဝန်အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် - အခြေခံ ဇီဝအာရုံခံစွမ်းရည် (၅ မီတာ) နဲ့ ကျောင်းမိန်းကလေး သေဆုံးမှု၏နောက်ကွယ်မှ အမှန်တရားကို ရရှိပါပြီ]

ထို့နောက် ချင်ရန့်ခေါင်းထဲသို့ မှတ်ဉာဏ်တစ်ခု ဝင်ရောက်လာသည်။

မှတ်ဉာဏ်ထဲ၌ မြင်ရသည်မှာ တစ်ခါက ကျောင်းမိန်းကလေးအိမ်ပြန်ရောက်သော် အဖိုးကြီးကျောင်းမှာ ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းနေပြီး ရှုကျစ်မင်နှင့်လမ်းခွဲရမည်ဖြစ်ပြီး လမ်းမခွဲပါက ခြေထောက်များအားရိုက်ချိုးပြီး နောက်တစ်ခါအိမ်ထဲသို့အဝင်မခံတော့ဟု ခြိမ်းခြောက်ခဲ့သည်။ ငယ်စဉ်ကတည်းမှ အဖေဖြစ်သူ၏ရိုက်နှက်ဆုံးမမှုကိုခံခဲ့ရသော ကျောင်းမိန်းကလေးမှာ ဒီစကားများကြောင့် အလွန်တရာထိတ်လန့်ခဲ့ရရှာ၏။

ရုတ်တရက်ကြီး လမ်းခွဲရမည်ဆိုတော့ ကောင်မလေး၏ခံစားချက်များ ဝေဝါးသွားပြီး မြစ်ထဲခုန်ချဖို့ကြံစည်ခဲ့သည်။

သို့သော်မခုန်ချခင်တွင် ရှုကျစ်မင်ထံ ဖုန်းဆက်ပြီး သူ့အနားလာနေပေးဖို့ ခေါ်ခဲ့သေး၏။ ထို့နောက် သူ့အဖေဆီဖုန်းထပ်ဆက်ကာ သူနှင့်ရှုကျစ်မင်တို့ ပြန်အဆင်ပြေရန်ဖြစ်နိုင်ချေရှိမလားဟု မေးခဲ့ပေမယ့် သူပြန်ရလိုက်သည်ကတော့ ဖခင်ဖြစ်သူ၏ပိုပြီးကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးများသာပင်။ ရှုကျစ်မင်နှင့်သာ ဆက်တွဲနေပါက ခြေထောက်ရိုက်ချိုးပြီး တောထဲရောင်းစားပစ်မည်ဆိုသော စကားမျိုးထိပေါ့။ ဒီလိုရိုင်းစိုင်းတဲ့ စကားတွေ၊ ခြိမ်းခြောက်မှုတွေမှာ ကောင်မလေး၏စိတ်ဓာတ်ကို အပြီးတိုင် ရိုက်ချိုးပစ်လိုက်သလိုဖြစ်သွားခဲ့၏။ နောက်ဆုံးမှာတော့ ရှုကျစ်မင်ရောက်လာခဲ့ပေသိ အဖေဖြစ်သူ၏စကားဒဏ်ကို မခံနိုင်တော့သော ကောင်မလေးမှာ ရှုကျစ်မင်၏မျက်စိရှေ့မှာတင် မြစ်ထဲခုန်ချသွားခဲ့တော့သည်။ ရှုကျစ်မင်မှာ ရေမကူးတတ်ရာ ကမ်းပေါ်ကနေပဲအော်ဟစ်ပြီး ကျန်ရစ်ခဲ့ရ၏။

ဒါက အဖြစ်မှန်ပဲ။

ဤမှတ်ဉာဏ်ကိုရပြီးနောက် ချင်ရန့်မျက်နှာထားမှာ ရှုပ်ထွေးသွားပြီးစိတ်ထဲလေးလံသွားရသည်။ လောကမှာ ဒီလိုအဖေမျိုး ရှိသေးတာလား။ သမီးရင်းကို ဒီလိုစကားမျိုးတွေပြောထွက်ရက်တယ်ပေါ့လေ။ ထိုအချိန်မှာပင် ချင်ရန်သည် နာကျင်မှုကြောင့်ရှုံ့မဲ့နေသည့် အဖိုးကြီးကျောင်းဆီ လျှောက်သွားလိုက်သည်။ ချင်ရန်လာနေသည်ကိုမြင်သော် အဖိုးကြီးကျောင်းမျက်နှာမှာ ကြောက်ရွံ့သည့် အရိပ်အယောင်များပေါ်လာ၏။ ချင်ရန်ရဲ့စွမ်းရည်က ကြောက်စရာကောင်းလွန်းတယ်။ သူ့အားထပ်ကန်လာမည်ကို ကြောက်နေပုံရသည်။

"ခင်ဗျားသမီးမှာ ခင်ဗျားလိုလူစိတ်မရှိတဲ့ ဓားကိုင်ပြီးရမ်းကားတတ်တဲ့ အဖေမျိုးရှိနေတာ တကယ်ကံဆိုးတာပဲ၊ ခင်ဗျားသမီးသေတာက တကယ်ပဲရှုကျစ်မင်ကြောင့်လို့ ထင်နေတာလား၊ အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးသေဆုံးမှုအပေါ်မှာ တာဝန်မရှိဘူးလို့ ခံယူထားတာလား"

ချင်ရန် အသာမေးလိုက်သည်။ အဖိုးကြီးကျောင်း ကြောင်အမ်းသွားရ၏။ ထို့နောက်သူ့မျက်လုံးထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသိ ချက်ချင်းပြန်ထိန်းလိုက်သည်။ ဘေးနားရှိကြားလိုက်ရတဲ့လူတွေလည်း အဖိုးကြီးကျောင်းထံ ဝိုင်းကြည့်လာကြ၏။ ဒီလိုရဲစခန်းထဲမှာ ဓားထုတ်ရဲတဲ့ လူမိုက်မျိုးဆိုတော့ အိမ်တွင်းရေးကလည်း သာယာမှာမဟုတ်ဘူးလေ။ သူ့သမီးကို ဘယ်လိုများဆုံးမသွန်သင်ခဲ့ပါလိမ့်။ ထို့နောက် ချင်ရန်မှာ ရှုကျစ်မင်ကိုလှမ်းခေါ်လိုက်သည်။

"ရှုကျစ်မင် ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံးကိုရှင်းရှင်းလင်းလင်းပြောပြလိုက်စမ်းပါ၊ မင်းကောင်မလေး ဘာလို့မြစ်ထဲခုန်ချသွားတာလဲ"

ချင်ရန် လေးနက်သောအမူအယာဖြင့်ပြောလိုက်သည်။ အားလုံးစပ်စုချင်စိတ်ဖြစ်သွားကြ၏။ နောက်ကွယ်မှာ ဇာတ်လမ်းရှိနေတာလား။ ဝမ်ရှောင်ရီ၊ ညွှန်ကြားရေးမှူးဆုန့်၊ ရှကျဲနှင့်တခြားလူတွေလည်း အသေအချာ နားစွင့်နေကြသည်။ ရှုကျစ်မင်က ထပ်ခါတလဲလဲပြောခဲ့ရသည့်စကားကို ပြန်ပြောလာ၏။

"ရှောင်ရွှယ်သေတာ သူ့ကြောင့်ပဲလေ၊ သူကကျွန်တော်တို့နှစ်ယောက် တွဲတာကို လုံးဝသဘောမတူဘူး၊ တစ်ခါတုန်းက လမ်းမှာတွေ့တော့ ကျွန်တော့်ကို အသေအလဲရိုက်နှက်ခဲ့သေးတယ်၊ အဲ့တုန်းက‌ဆို ကျွန်တော့်သွားသုံးချောင်းတောင် ကျိုးသွားခဲ့တာ၊ ရဲတိုင်မလို့လုပ်ပေမယ့် ရှောင်ရွှယ်ရဲ့အဖေဖြစ်နေလို့ မတိုင်ဖြစ်ခဲ့ဘူး၊ အဲ့ဒါတင်မကဘူး သူကဖုန်းဆက်ပြီး မကြာခဏခြိမ်းခြောက်တတ်သေးတယ်"

All Chapters