မျက်လုံးဖွင့်လိုက်သည်နှင့် ချင်ရန်တစ်ယောက် အခြားအချိန်ကာလတစ်ခုဆီ ကူးပြောင်းရောက်ရှိသွားခဲ့ပြီပင်။ သူရောက်သွားသည့်ခန္ဓာကိုယ်ပိုင်ရှင်ကတော့ တာဝန်ကျရာစခန်းကို သတင်းပို့ဖို့သွားနေသော ရဲတပ်ဖွဲ့ဝင်အသစ် အလုပ်သင်ရဲသားလေးတစ်ယောက်ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် ဘာမှထူးထူးခြားခြားလုပ်နိုင်မည်မဟုတ်ဟုတွေးကာ ဘဝကြီးအတွက်စိတ်ပျက်အားငယ်နေမိချိန်မှာပင် စနစ်၏အသံမှာ ထွက်ပေါ်လာလေ၏။ "တင်း..." [အိမ်ရှင့်ကို ပြည်သူ့လုံခြုံရေးထိန်းသိမ်းမှုစနစ်နဲ့ အောင်မြင်စွာ ချိတ်ဆက်လိုက်ပါပြီ] [ဘတ်စ်ကားပေါ်တွင် လူကုန်ကူးမှုကျူးလွန်သူအား တွေ့ရှိရပါသည်။ ချက်ချင်း ဖမ်းဆီးထိန်းသိမ်းပါ။ ဆုလာဘ်မှာ......] [တင်း.....အိမ်ရှင်အနီးတစ်ဝိုက်တွင် S အဆင့်လူသတ်တရားခံအား တွေ့ရှိရပါသည်။ ချက်ချင်း ဖမ်းဆီးပါ] B အဆင့် ရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်ရင် Grandmasterအဆင့် တိုက်ခိုက်ရေးစွမ်းရည်များကို ဆုလာဘ်အဖြစ် ရရှိမည်။ A အဆင့် ရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်ရင် အာရုံခံစွမ်းအားကို ပိုင်ဆိုင်နိုင်မည်။ S အဆင့် ရာဇဝတ်ကောင်ကို ဖမ်းဆီးနိုင်ရင်တော့ ရာဇဝတ်မှုခင်းရှာဖွေရေး ရေဒါကို ရရှိနိုင်မည်ဖြစ်သည်။ ရဲအင်အားနှစ်ရာကျော် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးထားသည်ကိုတောင် မိအောင်မဖမ်းနိုင်ခဲ့သော အဆိုးဝါးဆုံးလူသတ်တရားခံကို ချင်ရန်တစ်ယောက်တည်းသာ လက်ရဖမ်းဆီးနိုင်ခဲ့သလို...... နှစ်ပေါင်း ၂၀ကြာအောင် တရားခံပျောက်နေပြီး အမှုသက်တမ်းကုန်ဆုံးခါနီးဖြစ်နေသည့် ကွင်းဆက်လူသတ်မှုကြီးကိုလည်း ချင်ရန်မှာ တစ်ရက်တည်းဖြင့်ဖော်ထုတ်နိုင်ခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်မှုခင်းစုံစမ်းစစ်ဆေးရေးပညာရှင်တွေတောင် ပါးစပ်အဟောင်းသားဖြင့်အံ့ဩမှင်သက်ခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းမှ ရာဇဝတ်ကောင်များအတွက်တော့ သူတို့၏အဆိုးဝါးဆုံး သဘာဝရန်သူတော်ကြီးရောက်ရှိလာခဲ့ခြင်းပင်။

