← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

169

ထိပ်တန်းအရာရှိကြီးများ၏ နွေးထွေးလှသော ကြိုဆိုမှုကြောင့် ချင်ရန်၊ လင်းကုဝေနှင့် အဖွဲ့သားများသည် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေကြသည်။

ဤကြိုဆိုပွဲ အခမ်းအနားသည် စည်ကားသိုက်မြိုက်စွာဖြင့် အချိန်အတော်ကြာမြင့်ခဲ့၏။

ထိုကိစ္စသည် နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံအတွက် ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့သော ပြယုဂ်တစ်ခု ဖြစ်လေသည်။

လူသတ်သမားကို ဖော်ထုတ်နိုင်ခဲ့သလို နိုင်ငံပိုင် ရှေးဟောင်းပစ္စည်းအားလုံးကိုလည်း ပြန်လည်ရယူနိုင်ခဲ့၏။

အမှုအတွင်း သေဆုံးသွားခဲ့သော သင်္ဘောသားများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သူတို့မှာ သနားစရာ မလိုအပ်သည့် သစ္စာဖောက်များသာ ဖြစ်ကြသည်။

မိမိနိုင်ငံ၏ ရတနာများကို လောဘဇောတိုက်ကာ ခိုးယူပြီး ပြည်ပသို့ ရောင်းစားခဲ့သူများ ဖြစ်သဖြင့် သူတို့၏ နိဂုံးမှာ ထိုက်တန်လှပေသည်။

နိုင်ငံ့ရှေးဟောင်းပစ္စည်းများကို ပြန်လည်ရယူနိုင်ခဲ့သည့် သတင်းသည် တစ်နိုင်ငံလုံးတွင် ထိပ်တန်းသတင်းအဖြစ် ဟိုးလေးတကျော် ဖြစ်လာခဲ့၏။

တရုတ်နိုင်ငံမှ စေလွှတ်လိုက်သော ရဲအရာရှိများ၏ သတ္တိနှင့် တာဝန်ကျေပွန်မှုမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေတော့သည်။

ရဲဘော်နှစ်ဦး ဂုဏ်သိက္ခာရှိရှိ ကျဆုံးခဲ့ရသော်လည်း ရရှိလာသော အောင်မြင်မှုမှာ ခမ်းနားလွန်းလှသည်။

ထိုဖြစ်ရပ်ကြောင့် နိုင်ငံတော် အဆင့်မြင့်လူကြီးများသည် ဤစစ်ဆင်ရေးတွင် ပါဝင်သူအားလုံးကို ပထမအဆင့် စုပေါင်းထူးချွန်ဆု ချီးမြှင့်ခဲ့၏။

လင်းကုဝေမှာမူ ဒုတိယအဆင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှူးမှ ပထမအဆင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှူး အဖြစ် ရာထူးတစ်ဆင့် တိုးမြှင့်ခံလိုက်ရသည်။

အခြားရဲဘော်များလည်း ဆုကြေးငွေများနှင့် အခြားအကျိုးခံစားခွင့်များစွာ ရရှိခဲ့ကြသည်။

မြို့တော်၏ ဌာနချုပ်တွင် ကျန်နေခဲ့ရသော ရှကျဲမှာမူ လီတဝေနှင့် ယန်ရှုတို့ ပြန်ပြောပြသော ဂျပန်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းများနှင့် ချင်ရန်၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်များကို နားထောင်ရင်း အံ့ဩမှင်တက်နေမိ၏။

ချင်ရန်အပေါ် ထားရှိသည့် သူမ၏ ကြည်ညိုလေးစားစိတ်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုနက်ရှိုင်းလာခဲ့သည်။

တော်ရုံလူကို အထင်မကြီးတတ်သည့် သူမဦးလေး လင်းကုဝေကိုယ်တိုင်ကပင် ချင်ရန်ကို ချီးကျူး၍ မဆုံး ဖြစ်နေလေသည်။

ချင်ရန်အပေါ်တွင် သူမသည် စိတ်ကူးယဉ်မှုအချို့ ရှိနေပြီးသား ဖြစ်သော်လည်း ယခုအခါ မိတ်ဆွေ၊ သူငယ်ချင်းနှင့် ပတ်ဝန်းကျင်မှတစ်ဆင့် ပြန်ကြားနေရသည့် ချီးကျူးသံများကြောင့် သူမ၏ သိုဝှက်သိမ်းဆည်းထားသည့် ခံစားချက်များသည် အရှိန်အဟုန်ပြင်းစွာဖြင့် အဆပေါင်းများစွာ တိုးလာခဲ့သည်။

တစ်နေ့တွင် ရှကျဲသည် မိခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့၏ တိုက်တွန်းမှုကြောင့် ချင်ရန်အနားသို့ တိတ်တဆိတ် ကပ်သွားပြီး ရှက်ရွံ့စွာဖြင့် မေးလိုက်၏။

“ချင်ရန်... ရှင် ဒီနေ့ အားလားဟင်၊ ကျွန်မနဲ့ အတူတူ ညစာ စားကြမလား၊ မအားဘူးဆိုလည်း ရပါတယ်”

ရှကျဲသည် ရှေ့မျက်နှာ နောက်ထားကာ ပြောရင်းနှင့်ပင် ရှက်သွေးဖြာနေမိသည်။

ဤသည်မှာ သူမ ဘဝတွင် ပထမဆုံးအကြိမ် အမျိုးသားတစ်ဦးကို ညစာဖိတ်ကျွေးဖူးခြင်းပင်။

ရှကျဲ၏ ဖိတ်ခေါ်မှုကြောင့် ချင်ရန်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ရှကျဲ၏ ရှက်သွေးနီနေသည့် မိန်းကလေးဆန်လှသော အမူအရာလေးကို မြင်ကာ ပြုံးလိုက်မိသည်။

“ရတာပေါ့၊ အားပါတယ်၊ ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိပါဘူး၊ ပြီးတော့ ရှကျဲလို ချောမောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖိတ်ကြားမှုကို ကျွန်တော့်လိုလူက ဘယ်လိုလုပ် ငြင်းရက်မှာလဲဗျာ”

“တကယ်လားဟင်... ကျွန်မနဲ့ ညစာ အတူလိုက်စားမယ်ဆိုတာလေ၊ ပြီးတော့ ရှင့်မျက်လုံးထဲမှာ ကျွန်မက လှတယ်ပေါ့၊ ဟုတ်လား”

ချင်ရန်၏ ချီးကျူးစကားကြောင့် ရှကျဲမှာ မျက်နှာနီနီလေးဖြင့် ပြန်မေးလိုက်မိပြီးမှ မိမိကိုယ်မိမိ ဘာပြောလိုက်မှန်း သတိထားမိသွားချိန်တွင် ရှကျဲ၏ မျက်နှာလေးမှာ ပန်းသွေးရောင်သန်းကာ ပို၍ပင် ရှက်သွားတော့သည်။

သို့သော် သူသည် ချင်ရန်၏ မျက်လုံးထဲတွင် မည်မျှ လှသနည်း ဆိုသည်ကို အမှန်တကယ် သိချင်နေသေးသည်။

ထိုအခါ ချင်ရန်က အပြုံးဖွဖွလေးဖြင့် သူ့ကို ထပ်မံချီးမွန်းလိုက်၏။

“ကျွန်တော့်စိတ်ထဲမှာတော့ မင်းက အရမ်းလှတယ်”

ချင်ရန်အပေါ် ထားသည့် သူမ စိတ်မှာ ပြန်လမ်းမရှိ လုံးဝ နစ်မွန်းသွားခဲ့ပြီ ဖြစ်သည်။

သူမတို့ အတူတူ အမှုပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့သည့် တစ်လျှောက်လုံးတွင်လည်း ချင်ရန်၏ စိတ်နေစိတ်ထား၊ အမြော်အမြင်၊ ရုပ်ရည်နှင့် ထူးချွန်သော အရည်အချင်းများကို သူမကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ပြီးသား ဖြစ်သည်။

ဤကဲ့သို့သော အရည်အချင်းများနှင့် ပြည့်စုံနေသော ချင်ရန်လို အမျိုးသားကို ရှကျဲသာမကဘဲ ရဲဌာနချုပ်မှ အခြားရုံးဝန်ထမ်း မိန်းကလေးများကလည်း မျက်စိကျနေကြ၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရုံးမှ အမျိုးသမီးအချို့သည် ချင်ရန်၏ ဖုန်းနံပါတ်ကို သူမ ထံမှ တိတ်တဆိတ် လာရောက်တောင်းခဲ့ကြသေးသည်။

ထိုအခါ ချင်ရန်အား စိတ်ယိုင်နေသည့် ရှကျဲမှာ စိုးရိမ်စိတ်များ ဝင်လာကာ အလုပ်တွင်ပါ စိတ်ပါဝင်စားမှု နည်းပါးလာခဲ့၏။

သို့သော် ဤကဲ့သို့သော အရည်အချင်းများနှင့် ပြည့်စုံနေပြီး အနာဂတ် တောက်ပနေသည့် ချင်ရန်လို လူကောင်းတစ်ယောက်ကို သူများလက်ထဲ အပါမခံနိုင်ဘဲ လက်ဦးမှုရယူရန် သူမ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ချင်ရန်က သဘောတူလိုက်သောအခါ ရှကျဲသည် ပျော်ရွှင်စွာဖြင့် သူမ မိခင်ထံသို့ အပြေးအလွှားပင် သတင်းသွားပို့တော့သည်။

ရှကျဲ၏ မိခင်မှာလည်း ထိုသတင်းကို ကြားကာ အလွန်ဝမ်းသာသွား၏။

ချင်ရန်၏ အရည်အချင်းနှင့် စရိုက်မှာ အထူးပြောနေရန် မလိုသလို သူ၏ အလားအလာမှာလည်း အလွန်ကြီးမားလှသဖြင့် မိမိသမီးလေးကို ချင်ရန်ကဲ့သို့သော လူမျိုးနှင့် သဘောမတူလျှင် သူမ ရူးနေလို့ပင် ဖြစ်လိမ့်မည်။

ရှကျဲ၏ မိခင်မှာ ရဲလောကအကြောင်း သိပ်နားမလည်သော်လည်း လင်းကုဝေ၏ ပြောပြချက်အရ ချင်ရန်၏ အနာဂတ်မှာ ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်ထက်ပင် သာလွန်သွားနိုင်သည်ဟု ချီးကျူးပြောခဲ့သည်ကို မမေ့သေးပေ။

ရှကျဲ၏ မိခင်အတွက်မူ ရှီကျင်းစုန့်မှာ အလွန်ကြီးကျယ်သော လူကြီးတစ်ဦး ဖြစ်၏။

လင်းကုဝေက ချင်ရန်မှာ ရှီကျင်းစုန့်ကို ကျော်တက်နိုင်သည်ဟု ပြောသောအခါ သူမ မယုံနိုင်လောက်အောင် ဖြစ်ရသည်။

“အေးပါ၊ ဒီညတော့ ငါ့သမီး အစွမ်းကုန် ပြင်ဆင်သွားနော်၊ လှလှပပလေး ဝတ်သွားကြားလား၊ ဒါနဲ့... နေ့တစ်ဝက် ခွင့်ရမလား၊ အမေ ဘေးအိမ်က အဒေါ်နဲ့ စကားပြောလိုက်မယ်၊ သမီးအတွက် အင်္ကျီလှလှလေး သွားဝယ်ကြတာပေါ့”

မိခင်ဖြစ်သူက ပြောလိုက်၏။

ရှကျဲ၏ မိခင်သည် သမီးဖြစ်သူအပေါ်တွင် အလွန်စည်းကမ်းတင်းကျပ်စွာဖြင့် ပြုစုပျိုးထောင်ခဲ့သည်။

သူမသည် ရှကျဲ ငယ်စဉ်ကတည်းက အဝတ်အစားများကို အဟိုက်အတိုများ လုံးဝ ဝတ်ခွင့်မပြုခဲ့ဘဲ လုံလုံခြုံခြုံလေးဖြင့်သာ နေစေခဲ့သည်။

ထို့ကြောင့်လည်း ရှကျဲမှာ ယခုအချိန်အထိ ရည်စားပင် မထားဖူးသေးပေ။

သူမတို့ ဘေးအိမ်မှ အဒေါ်မှာ မိတ်ကပ်ဆရာမတစ်ဦး ဖြစ်ပြီး ဖက်ရှင်အမြင်လည်း အလွန်ရှိသူ ဖြစ်သည်။

ယခင်က ရှကျဲ၏ မိခင်သည် ထိုအမျိုးသမီး၏ ဖက်ရှင်အမြင်မှာ အလွန်ရဲတင်းလွန်းသည်ဟု ဆိုကာ မကြိုက်ခဲ့သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်၏။

မိခင်ဖြစ်သူမှာ ရှေးရိုးစွဲလူကြီး တစ်ဦးဖြစ်သော်လည်း ချင်ရန်ကဲ့သို့ လူငယ်မျိုးသည် ဆွဲဆောင်မှုရှိသော မိန်းကလေးမျိုးကို ကြိုက်မည်မှာ အသေအချာဖြစ်သည်ဟု တွေးမိလိုက်သည်။

ညအချိန်သို့ ရောက်ရှိလာခဲ့၏။

ရှကျဲသည် အဆင့်မြင့်ပြီး ဆိတ်ငြိမ်သော ငါးကြယ်ပွင့်ဟိုတယ်တစ်ခုကို ချင်ရန်နှင့်အတူ ညစာသုံးဆောင်ရန်အတွက် ရွေးချယ်လိုက်သည်။

ထိုဟိုတယ်သို့ ချင်ရန်မှာ ၅ မိနစ်ခန့် ယခင်ရောက်နှင့်နေပြီး ရှကျဲအား ကြိုစောင့်နေလိုက်၏။

မိန်းကလေးများမှာ အပြင်ထွက်ခါနီး ပြင်ဆင်ချိန် အတော်ကြာတတ်သည်ကို သူ ကြားဖူးထားသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် သူသည် အဝေးမှ မီးရောင်များကို ကြည့်နေလိုက်သည်။

ရုတ်တရက် သင်းပျံ့လှသော ရနံ့တစ်ခုမှာ ချင်ရန်၏ စိတ်အာရုံတစ်ခုလုံးကို ဖမ်းစားလိုက်၏။

ချင်ရန် လှည့်ကြည့်လိုက်သောအခါ သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည့် ရှကျဲကို မြင်ပြီး မှင်တက်သွားသည်။

ယနေ့ သူ့အရှေ့က ရှကျဲသည် ယခင် သူသိခဲ့ဖူးသော ရှကျဲနှင့် လုံးဝ မတူတော့ချေ။

သူမသည် အသားရောင် စကတ်အတိုနှင့် အသားကပ်ခြေအိတ်အမည်းရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်မှ ရင်ညွန့်လေး ပေါ်လွင်စေသော အဖြူရောင် တီရှပ်အကျပ်လေးကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။

သူမ၏ ကိုယ်အပေါ်တွင် ဇာခြုံထည်ပါးပါးလေး တစ်ခုကို ထပ်ဝတ်ထားရာ ကြည့်လိုက်လျှင် အပြစ်ကင်းစင်သော အလှနှင့် ဆွဲဆောင်မှုရှိသော အလှတို့ ပေါင်းစပ်နေသကဲ့သို့ပင် ရင်ခုန်စရာကောင်းလှ၏။

ရှကျဲ၏ ရှက်သွေးဖြာနေသော အမူအရာနှင့် ယခုကဲ့သို့ ဆွဲဆောင်မှုရှိသော အဝတ်အစားမှာ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ထိုအချက်ကပင် သူမ၏ အလှတရားကို ပို၍ ထူးခြားသွားစေခဲ့သည်။

ချင်ရန်မှာ မသိလိုက်ပါဘဲနှင့် တံတွေးကို အသာမြိုချလိုက်မိ၏။

အဝေးတစ်နေရာမှနေ၍ ရှကျဲ၏ မိခင်မှာ အဆိုပါမြင်ကွင်းကို တိတ်တဆိတ် ချောင်းကြည့်နေသည်။

ချင်ရန်၏ မှင်တက်သွားသည့် အမူအရာကို မြင်သောအခါ သူမမှာ သဘောကျကာ ပြုံးလိုက်မိသည်။

“သမီးလေး... ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ်နော်၊ ချင်ရန်လို လူကောင်းမျိုးကို ဘယ်လိုနည်းနဲ့မဆို ရအောင် ယူရမယ်၊ အမေတုန်းကဆို သမီးအဖေကို ရဖို့ ကိုယ့်ကိုယ်ကိုယ်တောင် ပေးဆပ်ပြီး ကြိုးစားခဲ့ရတာ”

ရှကျဲသာ မိခင်ဖြစ်သူ၏ အတွေးကို သိလျှင်တော့ အရှက်သည်းနေပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ရှကျဲသည် ချင်ရန်ကို ဟိုတယ်အတွင်းသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။

သူတို့နှစ်ဦး ဝင်လာသည်နှင့် ဟိုတယ်၏ စားသောက်ခန်းမှ အမျိုးသားများစွာမှာ ဆွဲဆောင်မှုရှိလှသော ရှကျဲကို မြင်ပြီး ငေးမောနေကြ၏။

All Chapters