← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

Chapter 26

"အဒေါ်၊ သမီး လိမ်လိမ်မာမာ နေပါ့မယ် သမီးကို အခန်းထဲ မပိတ်ပါနဲ့နော်" လီရှောင်ယာက မျက်နှာလေးမော့ကာ မျက်လွှာချလျက် သနားစဖွယ် ပြောလိုက်သည်။

တစ်ဖက်မှ အမျိုးသမီးမှာ စိတ်ပျော့သွားပုံရသော်လည်း ဦးလေးလီ၏ အသံမှာ အေးစက်စက်ဖြင့် ထွက်ပေါ်လာ၏။ "သူ့အဘိုးပြောတာတော့ သူက သနားအောင်လုပ်ပြတတ်တယ်တဲ့.. တကယ်တမ်းကျ ခေါင်းမာလိုက်တာမှ လွန်ရော"

ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် သနားစိတ်ကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး လီရှောင်ယာကို မျက်နှာချင်းဆိုင် အခန်းကျဉ်းလေးထဲသို့ တွန်းထည့်လိုက်လေသည်။

"အဒေါ်.." လီရှောင်ယာမှာ ယိုင်နဲ့သွားပြီး ပြန်ထချိန်တွင်တော့ တံခါးမှာ ပိတ်သွားပြီဖြစ်သည်။

ဦးလေးဖြစ်သူ၏ အသံမှာ အေးစက်စွာ ထွက်ပေါ်လာပြန်သည်။ "မင်း ရက်နည်းနည်းလောက် ငြိမ်ငြိမ်နေလိုက်.. ဒါဆိုရင် မင်းအမေရဲ့ ပစ္စည်းတွေကို ပြန်ပေးမယ်.. မင်း မလိုချင်ဘူးလား"

လီရှောင်ယာက တံခါးတစ်ဖက်မှ ဘာမှပြန်မပြောတော့ပေ။

ဦးလေးဖြစ်သူသည် သူ၏ ခြောက်တစ်လှည့် ချော့တစ်လှည့် ဗျူဟာအောင်မြင်သွားသဖြင့် ကျေနပ်သွားလေသည်။ သူသည် ဇနီးသည်ကို မျက်ရိပ်ပြလိုက်ပြီး အရင်ထွက်သွားလိုက်၏။

လီရှောင်ယာမှာ နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ကာ မီးခလုတ်ကြိုးကို အသည်းအသန် စမ်းသပ်ရှာဖွေလိုက်သည်။

သို့သော် သူမ စမ်းမိသည်မှာ အသံလုံဖော့ထူထူများ ကပ်ထားသော နံရံသာဖြစ်သည်။ မီးကြိုးမရှိ၊ ခလုတ်မရှိ၊ လရောင်ဖျော့ဖျော့သာ ကျနေသော အမှောင်ထုသာ ရှိလေသည်။

အခန်းမှာ မကျယ်ဝန်းလှဘဲ ပြတင်းပေါက်များကိုလည်း အလုံပိတ်ထား၏။

လီရှောင်ယာသည် လက်ကိုဆန့်ထုတ်ကာ ထူထဲသော မှန်သားနှင့် ဖမ်းဆုပ်မရနိုင်သော လရောင်အနည်းငယ်ကို ထိတွေ့လိုက်မိသည်။

သူမ မျက်ရည်နှစ်စက်သာ ကျလိုက်ပြီး ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်၏။

သူ အမြန်ကြီးပြင်းလာမှ ဖြစ်မည်။

စာအုပ်တွေ အများကြီး ဖတ်ရမည်။

ဒီနေရာကနေ အဝေးဆုံးကို ထွက်သွားရမည်။

လီရှောင်ယာသည် အခန်းကျဉ်းလေးထဲ၌ ထိုအတိုင်းပင် တစ်ညလုံး ကုန်ဆုံးခဲ့ရသည်။

ထိုအမျိုးသမီးက တံခါးနားကပ်၍ နားစွင့်နေပြီး အံ့သြစွာ ပြောလိုက်သည်။ "ဘာလို့ အထဲက အသံတစ်ချက်မှ မကြားရတာလဲ.. သူ မငိုဘူးလား"

ဦးလေးလီက မအံ့သြဘဲ ပြောလိုက်သည်။ "သူက စိတ်ဓာတ်မာတယ်.. တစ်ညတည်းရှိသေးတာ ဘာလို့ငိုရမှာလဲ.. သူ့အဖေ ထွက်ပြေးတုန်းက ရွာသားတွေ အကြွေးလာတောင်းကြတာတောင် သူ မငိုဘူး"

အမျိုးသမီးမှာ တုန်လှုပ်သွားရ၏။

ထိုအချိန်၌ ဦးလေးလီက ရေရွတ်လိုက်သည်။ "..မျိုးကောင်း မျိုးသန့်ပဲ.. ဈေးကောင်းရမှာ သေချာတယ်"

အမျိုးသမီးမှာ ရှေ့ပိုင်းစကားကို သေချာမကြားလိုက်သဖြင့် မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ"

ဦးလေးလီက ပြန်မဖြေဘဲ နက်ကတိုင်ကို ပြင်ကာ အလုပ်သွားရန် ထွက်ခွာသွားတော့သည်။

အမျိုးသမီးလည်း ဆက်မမေးတော့ဘဲ သားဖြစ်သူကို နှိုးကာ မှာကြားလိုက်၏။ "နင့်ညီမလေးကို ဟင်းရည်ပူပူလေး တစ်ခွက်လောက် သွားပို့ပေးလိုက်.. ဒါမှ သူ နင်နဲ့ ရင်းနှီးလာမှာ"

ကောင်လေးက စကားတစ်ခွန်းမှ မဆိုဘဲ ပန်းကန်ကိုယူကာ သော့ဖြင့် တံခါးဖွင့်လိုက်သည်။

နောက်တစ်ခဏ၌ ကောင်လေး အကျယ်ကြီး အော်လိုက်တော့သည်။ "အမေ.. သူ ဘာလို့ ကြမ်းပြင်ပေါ်မှာ လှဲပြီး မလှုပ်မယှက် ဖြစ်နေတာလဲ"

ချင်ဆွေ့သည် တစ်ညလုံး မအိပ်ဘဲ မိုးလင်းသည်နှင့် ထလိုက်တော့သည်။

ရိုက်ကူးရေးအဖွဲ့မှာလည်း ထိုနည်းလည်းကောင်းပင်။ ပြဿနာကြီးကြီးမားမား ဖြစ်သွားပြီး ရိုက်ကူးရေး ပုံမှန်ဆက်မလုပ်နိုင်မည်ကို စိုးရိမ်နေကြသည်။

"လိပ်စာရပြီ.. လီရှောင်ယာရဲ့ အ‌ေဒါ်အိမ်ကို ကားနဲ့ အရင်သွားကြမယ်" ဟု ရိုက်ကူးရေးအဖွဲ့က စီစဉ်လိုက်သည်။

ချင်ဆွေ့က ခေတ္တမျှတိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ "ရဲစခန်းကို ဖုန်းဆက်လိုက်"

ရိုက်ကူးရေးအဖွဲ့ မျက်လုံးပြူးသွားကြသည်။ "ဒါပေမဲ့ လီရှောင်ယာ ပျောက်နေတာ ဟုတ်မဟုတ်မှ မသေချာသေးတာ.."

"သူက အရွယ်မရောက်သေးတဲ့ ကလေး.. ဆယ်နှစ်တောင် မပြည့်သေးဘူး" ချင်ဆွေ့က စကားကို ခေတ္တရပ်လိုက်ပြီး လေသံမှာ ပိုမိုနက်ရှိုင်းသွားသည်။ "ရဲကို ဖုန်းခေါ်"

"တကယ်လို့ မှားပြီး အထိတ်တလန့်ဖြစ်တာ ဆိုရင်ရော"

"ငါ တာဝန်ယူတယ်"

"တာဝန်ယူတာ မယူတာထက်.. လီရှောင်ယာ ရှက်သွားမှာ စိုးလို့ပါ.."

"လူအတွေက အလုပ်လုပ်တာထက် တွေးတာ ပိုများတယ်" ချင်ဆွေ့က ထိုစကားကို ပြတ်သားစွာ ပြောချလိုက်သည်။

ရိုက်ကူးရေးအဖွဲ့ : ".. "

[ဒီစကားက မောက်မာပေမဲ့ ဒီအချိန်မှာတော့ သံလက်သီးနဲ့ ကိုင်တွယ်မယ့်သူ လိုအပ်နေတာ အမှန်ပဲ]

[သခင်လေးရှန်းက ဘာလို့ သူ့ကို မကြည့်ရဘူးလဲဆိုတာ ငါ နားလည်စပြုလာပြီ]

[ဟာ.. စကားများမနေဘဲ သွားရှာကြစမ်းပါ]

ချင်ဆွေ့၏ ဦးဆောင်မှုအောက်တွင် ရိုက်ကူးရေးအဖွဲ့လည်း ငတုံး မဖြစ်ချင်ကြသဖြင့် ဒေသခံရဲစခန်းသို့ ချက်ချင်း ဆက်သွယ်လိုက်ကြသည်။

ထို့နောက် သူတို့လည်း ကားများဖြင့် အဒေါ်အိမ်သို့ ဦးတည်ထွက်ခွာကြ၏။

အဘိုးလီမှာ ခြေထောက်မသန်သော်လည်း နားကတော့ မလေးပေ။ အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် လည်ပင်းဆန့်လျက် လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။ "ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေကြတာလဲ"

သူ အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။

ကားပေါ်တွင် ထိုင်လိုက်လာသော ချင်ဆွေ့က ရုတ်တရက် ပြောလိုက်သည်။ "အဘိုးလီပုံစံက တစ်မျိုးပဲ"

"ဘာဖြစ်လို့လဲ"

"တစ်ယောက်ယောက် သူ့ကို စောင့်ကြည့်နေဖို့ လိုတယ်"

"ဟင်"

ချင်ဆွေ့က လက်ဖြန့်လိုက်သည်။ "ဖုန်းပေး"

ထုတ်လုပ်သူမှာ ဖုန်းကို အလျင်အမြန် ပေးလိုက်ရ၏။ ချင်ဆွေ့က သူ့သက်တော်စောင့်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။

ချမ်းသာသော အမွေဆက်ခံသူတစ်ယောက်အနေဖြင့် ဤမျှဝေးလံခေါင်ဖျားသော နေရာသို့ သက်တော်စောင့်မပါဘဲ လာလိမ့်မည်လော။

"လီရှောင်ယာရဲ့ အဘိုးကို သွားကြည့်ထား" ချင်ဆွေ့က သက်တော်စောင့်ကို ညွှန်ကြားလိုက်သည်။

"သခင်လေးချင်.. ဒီကိစ္စက အဘိုးလီနဲ့ ပတ်သက်နေတယ်လို့ ထင်လို့လား"

"တစ်ခုခု မှားယွင်းနေရင် အဲ့ဒါ သူ့လက်ချက်ပဲ နေမှာ" ချင်ဆွေ့က သေချာပေါက် ပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မျက်နှာထားမှာ ပိုမိုခက်ထန်လာ၏။ "ဒါနဲ့ မလုံလောက်သေးဘူး"

"ဟင်"

"ဒီနေရာက စီးပွားရေး ခေတ်မမီတော့ ဒေသတွင်း အထောက်အပံ့တွေလည်း မပြည့်စုံဘူး.. လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်.. ကားတွေက အိုဟောင်းနေပြီ.. လူအင်အားလည်း မလုံလောက်ဘူး.. သူ့ကို ရှာဖို့အတွက် ဒေသခံရဲတွေကိုချည်း အားကိုးလို့ မဖြစ်ဘူး"

ရိုက်ကူးရေးအဖွဲ့က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်တို့ အဒေါ်အိမ်ကိုတောင် မရောက်သေးဘူး.. ဒီလောက်ထိ အလောတကြီး လုပ်စရာမလိုပါဘူး"

ချင်ဆွေ့က လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားတို့ ရွှေရောင်ကာလဆိုတာကို သိလား"

ချင်ဆွေ့က ဖုန်းကိုယူကာ အိမ်သို့ခေါ်လိုက်သည်။

သို့သော် ဖခင်ဖြစ်သူ မရှိဘဲ မိခင်ဖြစ်သူက ဖုန်းကိုင်လေသည်။

မိခင်ဖြစ်သူက ကြားကြားချင်း အာမေဋိတ် ပြုလေသည်။ "ဘာ.. အဲ့ဒီကလေးမလေး ပျောက်သွားတာလား.. ဘုရားရေ"

သူ့မိခင်မှာ မျက်ရည်လွယ်သူဖြစ်ပြီး စကားနည်းနည်းပြောရုံဖြင့် မျက်ရည်များ ကျဆင်းလာတော့သည်။ သူမက သားဖြစ်သူကိုပင် ပြန်မေးလိုက်သေး၏။ "ဒါ.. ဒါဆို ဘာလုပ်ကြမလဲဟင်"

"ပြည်နယ်အဆင့်၊ မြို့တော်အဆင့်က လူအင်အားတွေ ငှားလို့ရရင် အကောင်းဆုံးပဲ" ချင်ဆွေ့က နဖူးကိုလက်ဖြင့်ထောက်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"အေး.. အေး.. ခဏလေး.. အမေ နင့်အဖေကို သွားရှာလိုက်ဦးမယ်.. သူ စီစဉ်မှ ရမှာ"

ဖုန်းချလိုက်သည်။

ချင်ဆွေ့က ဖုန်းကို စိုက်ကြည့်ရင်း ရှန်းယွီရှောင်ကို အကူအညီတောင်းလိုက်ရင် ပိုမြန်မလားဟု တွေးလိုက်မိ၏။

ရှန်းယွီရှောင်တစ်ယောက် ဖြစ်ပျက်နေသည်များကို မသိသေးဘဲ ဆေးရုံခန်းထဲတွင် သူ့အဖေကို စိုက်ကြည့်ကာ မေးနေသည်။ "အဖေ ဘယ်တော့ပြန်မှာလဲ"

ရှန်းကျွင်းက ရယ်မောလိုက်သည်။ "ငါ့ကို အသုံးမဝင်တော့ဘူးဆိုပြီး အမြန်ပြန်လွှတ်ချင်နေပြီပေါ့လေ"

"အဖေ အလုပ်ပြန်လုပ်ရဦးမယ်မလား"

"ကောင်းပြီလေ.. မင်းသဘောအတိုင်းပါပဲ" ရှန်းကျွင်းက ခေါင်းခါရင်း သဘောကောင်းစွာဖြင့် ထွက်ခွာသွားလေသည်။

လီချင်းချင်းက နောက်မှ လိုက်ပါသွား၏။

သူမသည် လီရှောင်ယာကို တခြားသူများထက် ပိုဂရုစိုက်သဖြင့် လီရှောင်ယာ ပျောက်နေသည်ကို သိသိချင်း သိလိုက်ရသည်။

သူမ တမင်တကာ ထိုအကြောင်းကို ထည့်မပြောခဲ့ပေ။

သို့သော် သူမနှင့် ရှန်းကျွင်း ဆေးရုံခန်းထဲမှ ထွက်ခါနီးတွင်ပင် ရှန်းယွီရှောင်၏ ဖုန်း မြည်လာခဲ့သည်။

"ချင်ဆွေ့ ဖုန်းဆက်တာလား" ရှန်းယွီရှောင် မျက်မှောင်ကြုတ်လိုက်သည်။ "သူ နေမကောင်းဘူးလား.. ငါ့ဆီ ဖုန်းဆက်ရအောင်"

လီချင်းချင်းက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

ရှန်းယွီရှောင်က ကျိန်ဆဲရင်း ဖုန်းကို ကိုင်လိုက်သည်။ "ဟဲလို.. မင်း လီရှောင်ယာရဲ့ ဆံပင်ကို ဘယ်လိုပြင်ပေးရမလဲ မသိလို့လား"

ရှန်းယွီရှောင်၏ လေသံမှာ အနည်းငယ် ကြွားဝါချင်သည့်ပုံစံ ပေါက်နေသည်။

သို့သော် နောက်တစ်ခဏတွင် အရာအားလုံး ပြောင်းလဲသွားတော့သည်။

"မင်း ဘာပြောလိုက်တယ်!!" ရှန်းယွီရှောင် ဆေးရုံကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

သူသည် လူနာဝတ်စုံနှင့်ပင် ဖိနပ်စီးကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

ရှန်းကျွင်းက အံ့သြတကြီး လှည့်ကြည့်လိုက်ရာ သားဖြစ်သူ ပြေးထွက်သွားသည်ကိုသာ တွေ့လိုက်ရ၏။

"ရှန်းယွီရှောင်.. မင်း ဘယ်သွားမလို့လဲ"

ရှန်းယွီရှောင်မှာ မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ငါ ပြောသားပဲ.. ချင်ဆွေ့က အသုံးမကျပါဘူးလို့.. လူတစ်ယောက်တည်းကိုတောင် သေချာမကြည့်နိုင်ဘူး"

"ကားစက်နှိုး.. ငါကိုယ်တိုင် ရဲစခန်းသွားပြီး အမှုဖွင့်မယ်"

ရှန်းကျွင်းက အခြေအနေမဟန်မှန်း သိလိုက်သဖြင့် ရိုက်ကူးရေးအဖွဲ့မှ တစ်စုံတစ်ယောက်ကို ဘာဖြစ်တာလဲဟု မေးလိုက်သည်။

"ဘာ.. ဟိုကောင်မလေး ပျောက်သွားတာလား"

"မဟုတ်ပါဘူး.. ပျောက်သွားတယ်လို့ အတည်မပြုရသေးပါဘူး.. တစ်ညလုံး အိမ်ပြန်မရောက်လာသေးလို့ပါ" ဝန်ထမ်းက မျက်နှာပူပူဖြင့် ရှင်းပြလိုက်သည်။

ထိုအချိန်တွင် ချင်ဆွေ့သည် ဖုန်းကိုသိမ်းလိုက်ပြီး လီရှောင်ယာ၏ အ‌ေဒါ်အိမ်ခြံဝင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသော အဒေါ်ကြီးမှာ လန့်သွားပြီး အပြင်သို့ အပြေးထွက်လာကာ မေးလိုက်သည်။ "မင်း. မင်းတို့က ဘယ်သူတွေလဲ"

ပြောဆိုဆက်ဆံရ လွယ်ကူစေရန် ချင်ဆွေ့သည် လမ်းပြတစ်ဦးကို ခေါ်လာခဲ့သည်။

လမ်းပြက ရှေ့ထွက်လာပြီး အေးစက်စက် မေးလိုက်သည်။

"လီရှောင်ယာ ဒီမှာရှိလား"

အဘွားဝမ်းကွဲမှာ စိတ်ထဲတွင် "ဒုက္ခပါပဲ" ဟု တွေးလိုက်မိသည်။

ထိုကောင်မလေး ပြောခဲ့တာ လိမ်ပြောတာ မဟုတ်ပါလား။ တကယ်ကြီးကို.. လူတွေအများကြီး သူ့ကို လာရှာကြပါလား!

All Chapters