အခန်း (၃၉)
Vol. 4 Ch. 39
Chapter 39
"သစ်အယ်သီးတွေ ဆက်ခွာနေလိုက်"
ရှန်းယွီရှောင်သည် သုန့်သဝေ ကမ်းပေးလိုက်သော စာရွက်စာတမ်းများကို လှန်လှောဖတ်ရှုနေရင်း ပြောလိုက်သည်။ နင်းဟန်သည်လည်း ဤကိစ္စမှာ လေးနက်သော အလုပ်ကိစ္စဖြစ်မှန်း သိလိုက်သဖြင့် ဝင်ရောက်နှောင့်ယှက်ခြင်း မပြုတော့ချေ။
"ခင်ဗျားတို့စက်ရုံရဲ့ ဘဏ္ဍာရေးမှတ်တမ်းတွေနဲ့ နှစ်ကုန်အစီရင်ခံစာတွေက သိပ်ပြီးမရှင်းပါလား"
ရှန်းယွီရှောင်က တစ်ချက်မျှ အကဲခတ်ကြည့်ကာ မှတ်ချက်ပြုလိုက်လေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားများသည် အချင်းချင်းကြည့်မိလိုက်ကြပြီး ဤသခင်လေးသည် ငယ်ရွယ်သော်လည်း အလွယ်တကူ အရူးလုပ်၍ရမည့်သူ မဟုတ်ကြောင်း ရုတ်ခြည်း သဘောပေါက်သွားကြတော့၏။
သုန့်သဝေက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်သည်။
"ဟုတ်ကဲ့ အရင်တုန်းက စက်ရုံရာထူးတချို့မှာ ရှယ်ယာရှင်တွေရဲ့ ဆွေမျိုးတွေ ဝင်လုပ်ခဲ့ဖူးလို့ပါ"
ရှန်းယွီရှောင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ထို့နောက် သူ့ဘေးနားတွင် ပျင်းရိငြီးငွေ့နေပုံရသော လီရှောင်ယာကို သတိထားမိလိုက်သဖြင့် လက်ထဲမှ စာရွက်စာတမ်းများကို အောက်သို့ချကာ ဂဏန်းများကိုထောက်ပြ၍ မေးလိုက်လေသည်။
"ဒါ ဘာလဲဆိုတာ သိလား"
လီရှောင်ယာသည် သူ့အား ကြောင်တောင်တောင်လေး ပြန်ကြည့်နေရှာ၏။
"ဒါက ငွေကြေးစီးဆင်းမှုမှတ်တမ်း... ဒါက ပိုင်ဆိုင်မှုအစီရင်ခံစာပဲ၊ ရေတိုရင်းနှီးမြှုပ်နှံမှုတွေ၊ ပုံသေပိုင်ဆိုင်မှုအသေးစိတ်တွေ ပါတယ်... ဒီမှာကြည့် ပုံသေပိုင်ဆိုင်မှုအချိုးအစားက အရမ်းနိမ့်နေတယ် ဒါက သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်း တော်တော်ညံ့နေပြီဆိုတာ ပြနေတာပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားများ၏ မျက်နှာများမှာ အနည်းငယ် ရဲတက်သွားကြ၏။ အရွယ်မရောက်သေးသော ကလေးတစ်ယောက်၏ ဗြောင်ကျကျ ဝေဖန်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ပို၍စော်ကားသလို ခံစားလိုက်ရသည်မှာ...
"ဒီကိစ္စတွေကို ကလေးတစ်ယောက်ကို ရှင်းပြနေဖို့ လိုလို့လား ဘယ်နားလည်ပါ့မလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မနေနိုင်စွာ ဝင်ပြောလိုက်သည်။ ရှန်းယွီရှောင်က ထိုလူကို မော့ကြည့်လိုက်ပြီး မေးလိုက်၏။
"စာရင်းကိုင်က ခင်ဗျားဆွေမျိုးလား"
ထိုလူက အလျင်အမြန်ပင် ပြန်ဖြေသည်။
"မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ ခင်ဗျား ပျာယာခတ်နေရတာလဲ"
ထိုလူသည် အံကိုကြိတ်လျက် နှုတ်ဆိတ်သွားတော့သည်။
"ဒါက လက်ကျန်ရှင်းတမ်း... ဒီမှာကြည့်ရင် ရင်းနှီးမှုအချိုးတွေကို မြင်ရလိမ့်မယ်၊ ယေဘုယျကျကျပြောရရင် ၂၀ ရာခိုင်နှုန်းကျော်သွားတာနဲ့ အန္တရာယ်များနေပြီလို့ သတ်မှတ်လို့ရတယ်"
ရှန်းယွီရှောင်သည် စာရွက်များကို ဆက်လက်လှန်လှောရင်း ပြောလိုက်သည်။ လီရှောင်ယာက သတိထားပြီး မေးလိုက်၏။
"သူတို့အခြေအနေက အန္တရာယ်များနေတာပေါ့ ဟုတ်လား"
"ဟမ်..."
ရှန်းယွီရှောင်က ခေတ္တရပ်သွားပြီး မေးလိုက်သည်။
"မင်း တွက်လိုက်တာလား"
လီရှောင်ယာက ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။
"မတွက်တတ်ပါဘူး... ဒါပေမဲ့ ဒီစာရင်းတွေကို ကြည့်လိုက်တာနဲ့ ခေါင်းထဲမှာ ဝိုးတဝါး အကြံဉာဏ်တစ်ခု ပေါ်လာလို့ပါ"
နင်းဟန်ပင် မနေနိုင်တော့ဘဲ အာမေဋိတ်သံ ထွက်လာလေသည်။
"ဂဏန်းတွေနဲ့ပတ်သက်ရင် ဒီလောက်တောင် အာရုံခံစားမှုကောင်းတာလား... ဉာဏ်ကြီးရှင်လေးပဲ"
ဤအချက်က ရှန်းယွီရှောင်၏ စိတ်ဝင်စားမှုကို ပိုမိုနိုးကြားစေခဲ့ပြီး အစီရင်ခံစာတစ်စောင်လုံးကို လီရှောင်ယာအား စေ့စေ့စပ်စပ် ရှင်းပြရန် ဆုံးဖြတ်လိုက်တော့သည်။ ရှန်းယွီရှောင်သည် ပုံမှန်ကျောင်းစာများကို သင်ကြားပေးရာတွင် အတွေ့အကြုံမရှိသော်လည်း ချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူပီပီ စာတတ်စအရွယ်ကတည်းက ဘဏ္ဍာရေးအစီရင်ခံစာ အမျိုးမျိုးနှင့် ထိတွေ့ခဲ့ရဖူးသူ ဖြစ်သည်။
သူ့ေဆွမျိုးတစ်ယောက် ပြောဖူးသည်က...
'ဒါတွေကိုမှ နားမလည်ရင် ကုမ္ပဏီကို ဆက်ခံဖို့ စိတ်မကူးနဲ့တော့၊ သူများလှည့်စားတာခံရပြီး မွဲသွားလိမ့်မယ်' ဟူ၍ဖြစ်သည်။
ယခုအချိန်တွင် ရှန်းယွီရှောင်သည် အစီရင်ခံစာအများစုရှိ ပြဿနာများကို တစ်ချက်ကြည့်ရုံဖြင့် ရှာဖွေနိုင်နေပြီ ဖြစ်သည်။ ယခုလည်း ထိုအရာများကို လီရှောင်ယာအား သင်ကြားပေးနေခြင်း ဖြစ်၏။ တောင်ပေါ်ရွာလေးတွင် ကြီးပြင်းလာပြီး တတိယတန်းသာ ရှိသေးသည့် ကလေးတစ်ယောက်ကို ဤသဘောတရားများ သင်ကြားပေးခြင်း၌ ပြဿနာမျှ ရှိသည်ဟု သူ မမြင်မိချေ။
ရှန်းယွီရှောင်၏ ယုံကြည်မှုရှိသော အမူအရာက မသိမသာ ဖိအားတစ်မျိုး ပေးစွမ်းနေပြီး သူစာသင်နေစဉ်အတွင်း ကျန်လူများမှာ ဘေးမှနေ၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြသည်။
ထိုလူများသည် မီးခဲပေါ်ထိုင်နေရသကဲ့သို့ ခံစားနေရသော်လည်း သုန့်သဝေကမူ ဂရုမစိုက်ပေ။ သုန့်သဝေသည်လည်း မျက်နှာများနီရဲလျက် အာရုံစိုက် နားထောင်နေလေသည်။ သူ့အဖေသည် အရည်အချင်းရှိသူ တစ်ဦးဖြစ်သော်လည်း စီးပွားရေးလုပ်ကိုင်ရာတွင် ပါးနပ်မှု အနည်းငယ် လိုအပ်ခဲ့သည်။ သူကိုယ်တိုင်လည်း သိပ်မထူးလှပေ။
ရှန်းယွီရှောင်ကဲ့သို့ စည်းစိမ်ပုံပေါ်တွင် မွေးဖွားလာသူမှာ ငယ်စဉ်ကတည်းက အောင်မြင်သူအသီးသီး၏ သွန်သင်ဆုံးမမှုများအကြား ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သာမန်လူများ သိန်းချီအကုန်ခံပြီး တက်ရောက်သင်ယူရသည့် MBA သင်တန်းများမှာ ရှန်းယွီရှောင်အတွက်မူ ငယ်စဉ်ကတည်းက မသင်မနေရ အခမဲ့သင်ခန်းစာများ ဖြစ်ခဲ့လေသည်။
ဤအချက်ကို တွေးမိသောအခါ သုန့်သဝေသည် လီရှောင်ယာကို မကြည့်ဘဲ မနေနိုင်တော့ပေ။ လက်ရှိ သူမရရှိနေသော ပညာရေးသည် မည်မျှတန်ဖိုးရှိကြောင်း ဒီကောင်မလေး နားလည်ပါ့မလား။
" ဒီလောက်ဆို ရပြီ"
ရှန်းယွီရှောင်က ချောင်းဟန့်လိုက်သည်။
"သူတို့ရဲ့ အစီရင်ခံစာတွေက ရိုးရှင်းလွန်းတော့ သိပ်ကြည့်စရာမရှိဘူး၊ နောက်တစ်ခါကျမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ ပြပေးမယ်"
"သခင်လေးရှန်း... ကျွန်တော်တို့က..."
သုန့်သဝေက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ ပထမဆုံးပြဿနာက တည်နေရာ အရမ်းခေါင်တာပဲ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလည်း ခေတ်နောက်ကျနေပြီ"
"ဒုတိယအချက်အနေနဲ့ ဈေးကွက်ထဲမဖြန့်ခင် ဆေးဝါးတွေကို သေချာနေရာချပြီး အမျိုးအစားခွဲခြားဖို့ လိုလိမ့်မယ်"
ရှန်းယွီရှောင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ပြောတာကတော့ လွယ်တာပေါ့ ဘယ်လိုဖြန့်မလဲ... ဈေးကွက်မြှင့်တင်ရေးအတွက် ငွေရင်းနှီးရဦးမယ်၊ ဆေးဆိုင်တွေနဲ့ ဆေးရုံတွေကို အမြတ်ခွဲပေးရဦးမယ်..."
"ဈေးကွက်မြှင့်တင်ရေး ဟုတ်လား"
ရှန်းယွီရှောင်က မဲ့ပြုံးတစ်ချက်ပြုံးကာ လီရှောင်ယာနှင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
"ဒါ အကောင်းဆုံး ဈေးကွက်မြှင့်တင်ရေး မဟုတ်ဘူးလား"
သုန့်သဝေက စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံလိုက်လေသည်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့"
ထို့နောက် နှစ်ဖက်အဖွဲ့အစည်းသည် ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဆိုရန် အချိန်သတ်မှတ်လိုက်ကြပြီး သုန့်သဝေလည်း အခြားရှယ်ယာရှင်များနှင့်အတူ ပြန်လည်ထွက်ခွာသွားကြတော့သည်။ ကားပေါ်သို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို ပြောလာ၏။
"ရှန်းယွီရှောင်က ငါတို့ကို အကြံဉာဏ်တွေ ပေးလိုက်တယ်မလား၊ စီးပွားရေးပြန်ကောင်းလာမလားဆိုတာ ငါတို့ဘာသာ အရင်စမ်းလုပ်ကြည့်ကြရင် မကောင်းဘူးလား"
အနှစ်ချုပ်ဆိုရလျှင် ရှန်းယွီရှောင်အား ရှယ်ယာမပေးချင်ကြတော့ပေ။ အခြေအနေကောင်းလာသည်ကို မြင်ရသောအခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
သုန့်သဝေက ခါးသက်သက် ရယ်မောလိုက်သည်။
"သယ်ယူပို့ဆောင်ရေး ခေတ်နောက်ကျနေတယ်လို့ ပြောပြီးတဲ့နောက် သခင်လေးရှန်း ဘာဆက်မပြောသွားလဲဆိုတာ မင်းတို့သိလား"
"ဘာလဲ"
"အခုချိန်မှာ အကောင်းဆုံးသယ်ယူပို့ဆောင်ရေးက ရထားလမ်းပဲ၊ ဒါပေမဲ့ ဒီလမ်းကြောင်းရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းတို့သိကြလို့လား... အဲဒါအတွက် သခင်လေးရှန်းကို လိုတာကွ၊ ရှန်းမိသားစုမှာပဲ အဲဒီလိုအာဏာမျိုးရှိတာ... ပိုက်ဆံက ဒုတိယပဲ၊ အဆက်အသွယ်ဆိုတာ ငါတို့ဆယ်ဘဝလောက်ကြိုးစားရင်တောင် ရနိုင်တာမျိုးမဟုတ်ဘူး"
သုန့်သဝေက သက်ပြင်းချရင်း ခံစားချက်ပါပါ ပြောလိုက်သည်။
"ကံကောင်းလို့ ငါ လီရှောင်ယာနဲ့ အရင်တွေ့ခဲ့တာ၊ ပြီးတော့မှ သူမကတစ်ဆင့် သခင်လေးရှန်းနဲ့ သိခွင့်ရခဲ့တာပဲ"
သုန့်သဝေက စကားကို ခေတ္တရပ်လိုက်ပြီးမှ မေးခွန်းထုတ်လိုက်သည်။
"ပြည်နယ်အစိုးရက သခင်လေးရှန်းတို့မိသားစုကို ဒီရှိုးလာရိုက်ဖို့ ဘာလို့ ဒီလောက်တောင့်တနေလဲဆိုတာ ငါမကြာသေးခင်ကမှ သိလိုက်ရတယ်... ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှု လိုချင်နေတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိနေလို့ပဲ! သူတို့အားလုံးက ဒီလိုဆင်းရဲတဲ့ဒေသကို ပြန်အသက်သွင်းပေးဖို့ ရှန်းမိသားစုရဲ့ သြဇာအာဏာကို စောင့်မျှော်နေကြတာ၊ တခြားမိသားစုသာ ငါတို့ထက် ဦးသွားရင် ငါတို့က ဘာကောင်မို့လို့လဲ... ပြိုင်ပွဲထဲ ဝင်ခွင့်တောင် ရမှာမဟုတ်ဘူး"
ထိုစကားများက အခြားရှယ်ယာရှင်များကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။ သုန့်သဝေက တီးတိုးရေရွတ်လိုက်၏။
"ဒီနေ့ သခင်လေးနင်း ပြောသွားတာ ဟုတ်တယ်... ငါ လီရှောင်ယာကို ညီမလေးအဖြစ်၊ မဟုတ်ဘူး... မွေးစားသမီးအဖြစ်တောင် သတ်မှတ်ချင်မိတယ်၊ ဒါပေမဲ့ ငါတို့မှာ အဲဒီလောက် ကုသိုလ်ကံ မပါဘူးကွာ"
ဒီနေ့ သခင်လေးရှန်းရဲ့ သဘောထားကို ကြည့်ရတာ လီရှောင်ယာသာ သူ့ဘေးမှာရှိရင် ကမ္ဘာကြီးကို လက်ထဲဆုပ်ကိုင်ထားနိုင်ပြီဆိုတာ ရှင်းနေတာပဲ မဟုတ်လား။
တစ်ဖက်တွင် သူတို့ အကြီးအကျယ် စဉ်းစားခန်းဖွင့်နေကြချိန်၌... အခြားတစ်ဖက်တွင်မူ သုန့်သဝေ ပေးပို့လိုက်သော လက်ဆောင်ဘူးသည် လီရှောင်ယာ၏ ခြေရင်းနားတွင် ရှိနေဆဲပင်။
ရှန်းယွီရှောင်က ပြောလိုက်သည်။
"ငါဖွင့်ကြည့်ပေးမယ်"
သလင်းကျောက်သရဖူ ဆောင်းထားသော ဘာဘီအရုပ်တစ်ခု ဖြစ်နေသည်။ ရှန်းယွီရှောင်က ချက်ချင်းပင် ပြောလိုက်၏။
"ဒါက ဘာလက်ဆောင်လဲ လက်တွေ့လည်း မကျဘူး၊ ငါပေးတာလောက်တော့ ဘယ်ကောင်းမလဲ... ဟုတ်တယ်မလား"
လီရှောင်ယာက ခေါင်းငြိမ့်ပြသည်။
ရှန်းယွီရှောင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဘာဘီရုပ်ခေါင်းပေါ်မှ သရဖူကို ယူကာ လီရှောင်ယာ့ခေါင်းပေါ်သို့ တပ်ပေးလိုက်ရင်း ဆိုလေသည်။
"အရုပ်ထက်စာရင် မင်းက ပိုပြီး ဘာဘီရုပ်လေးနဲ့ တူသေးတယ်"
ဘေးမှကြည့်နေသော နင်းဟန်မှာ မျက်လုံးများပင် ပြာဝေသွားရချေပြီ။
နှစ်ရက်ရှိပြီ အစ်ကိုရှန်း၏ မျက်နှာပေါ်မှ ဤကဲ့သို့သော အမူအရာကို မြင်ရသည်မှာ သူအသားမကျသေးပေ။
ထိုအချိန်၌...
လီချင်းချင်း နေမကောင်းဖြစ်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ သူမသည် တမင်တကာ သတိလစ်သွားသည်အထိ ငိုကြွေးခဲ့ပြီး ရေအေးဖြင့် ရေချိုးကာ အဖျားကြီးအောင် လုပ်ယူခဲ့သည်။ သို့မှသာ ရှန်းမိသားစု၏ သနားဂရုဏာသက်မှုကို ခေတ္တမျှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုတွင်မူ ကုတင်ပေါ်၌ ကွေးကွေးလေးနေရင်း သူမကိုပြုစုပေးနေသည့် အိမ်ဖော်ထွက်သွားသည်နှင့် ဖုန်းကိုကောက်ကိုင်ကာ အွန်လိုင်းသတင်းများကို စစ်ဆေးကြည့်လိုက်သည်။ နင်းဟန်လည်း ထိုရွာလေးသို့ ရောက်ရှိနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ... အရင်ဘဝတုန်းကဆို နင်းဟန်က လုံးဝပါဝင်ပတ်သက်ခဲ့တာ မဟုတ်ဘူး"
သူမ တီးတိုး ရေရွတ်လိုက်သည်။ ဒါ နင်းဟန်လေ...
အမျိုးသမီး အနုပညာရှင်ပေါင်းများစွာက တောက်ပတဲ့အနာဂတ်တစ်ခုရဖို့ သူ့အိပ်ရာပေါ် ရောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြတာ။ အရင်ဘဝတုန်းကဆို လီချင်းချင်းအနေနဲ့ သူလိုလူနဲ့တွေ့ဖို့ အိပ်မက်တောင် မမက်ရဲခဲ့ပေ။
လီချင်းချင်းသည် အံကိုကြိတ်လျက် စာမျက်နှာကို refresh လုပ်လိုက်ရာ နင်းဟန်တစ်ယောက် မိလ္လာကန်ထဲ ပြုတ်ကျသည့်အကြောင်း ရေပန်းစားနေသည်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်းပင် သက်ပြင်းချနိုင်သွားတော့သည်။
"တော်ပါသေးရဲ့... ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ဟီးဟီး နင်းဟန်လိုလူက ဒီလိုအရှက်ကွဲတာမျိုး ဘယ်ခံနိုင်ပါ့မလဲ၊ ရွာကအခြေအနေက အရမ်းဆိုးတော့ သူဆက်နေနိုင်မှာ မဟုတ်ဘူး၊ လီရှောင်ယာက လူတိုင်းကြွေသွားရအောင် ညို့ယူဖမ်းစားနိုင်တဲ့အရာမှ မဟုတ်တာ"
ထိုစဉ်မှာပင် အိမ်ဖော်ဖြစ်သူက တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သံကို သူမ ကြားလိုက်ရသည်။
"မမလေးရှု... ဘာကိစ္စများရှိလို့ပါလဲ"
မမေလးရှုတဲ့လား... အော် သူသတိရပြီ။
ရှန်းယွီရှောင်ရဲ့ ဝမ်းကွဲအစ်မ စိတ်သဘောထား တော်တော်ဆိုးတဲ့ အမျိုးသမီးပဲ။
လီချင်းချင်းသည် ရုတ်ခြည်းပင် အကြံတစ်ခု ရသွားတော့သည်။ သူမအနေဖြင့် ဤမစ္စရှုနှင့် လီရှောင်ယာအကြောင်း ကောင်းကောင်းကြီး ဆွေးနွေးရပေဦးမည်။
အ