အခန်း (၅၅)
Vol. 6 Ch. 55
Chapter 55
"ဝေလင်း... ဝေလင်း..."
ဒုတိယသခင်လေးသည် သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။
"ပြောစမ်း... အဖေသိလား... အဖေ ဒီကိစ္စကို သိလား..." ဟု သူက အော်ဟစ်မေးမြန်းလိုက်သည်။
စိတ်ပျက်အားငယ်မှုတို့ ရောယှက်နေသော သူ၏အသံသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ဘေးနားရှိ အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အိပ်ရာမှ ထရန် ကြိုးစားနေရှာ၏။
"သခင်ကြီးက ကျန်းမာရေး သိပ်မကောင်းပါဘူး... ဘယ်သူမှ ဒီအသေးအမွှားတဲ့ကိစ္စလေးနဲ့ သွားမနှောင့်ယှက်ရပါဘူး..." ဝေလင်းက ရိုသေလေးစားစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"အသေးအမွှားကိစ္စ ဟုတ်လား... ဒါ ငါ့ညီမအကြောင်း ပြောနေတာလေ.. မင်းဘယ်လိုလုပ် အဲဒီလို သုံးနှုန်းရက်တာလဲ... အခု အဖေ့နားမှာ ဘယ်သူရှိနေလဲ... ဟို ဂိုဏ်းချုပ်ဆိုတဲ့လူလား... သောက်ကလိမ်ကကျစ်ကောင်..."
"ဒုတိယသခင်လေး... ဒီလို မပြောရပါဘူး... သခင်ကြီးကြားသွားရင် စိတ်ဆိုးနေပါဦးမယ်..." ဝေလင်းက သတိပေးလိုက်၏။
"ကြားပါစေ... သူ လာပါစေ..."
ဝေလင်းသည် အကူအညီမဲ့သော အမူအရာဖြင့် ခေါင်းခါလိုက်လေသည်။
"သခင်လေး အရမ်း စိတ်လှုပ်ရှားနေပြီ... ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက် မကောင်းပါဘူး... ကျွန်တော် သခင်ကြီးဆီ သွားလိုက်ပါဦးမယ်..."
ထိုသို့ပြောပြီး သူ လှည့်ထွက်သွားတော့သည်။
"ပြန်ကောင်းလာဖို့ ဟုတ်လား... ဘာတွေ ပြန်ကောင်းလာမှာလဲ... ကုလို့ရမယ်ဆိုရင် ဟိုးအရင်ကတည်းက ကောင်းနေလောက်ပြီ..."
ဒုတိယသခင်လေးသည် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
အိမ်ဖော်အချို့ အပြေးအလွှား ဝင်ရောက်လာပြီး သူ့ကို အိပ်ရာပေါ် ပြန်တင်ပေးရန် ကြိုးစားကြသော်လည်း သူက တွန်းထုတ်ပစ်လိုက်လေသည်။ ထို့နောက် ထုံကျဉ်နေသော သူ၏ ခြေထောက်များကို လက်သီးဖြင့် ထုနှက်ကာ အော်ဟစ်တော့သည်။
"အသုံးမကျဘူး... ငါ တကယ် အသုံးမကျတဲ့ကောင်..."
"သခင်လေး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့..."
အသားညိုညိုနှင့် အိမ်ဖော်တစ်ယောက်က ဟွာကော်ဘာသာစကားဖြင့် ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ဒုတိယသခင်လေးမှာ ပို၍ ဒေါသထွက်သွားကာ "ထွက်သွားကြစမ်း..." ဟု အော်ဟစ်မောင်းထုတ်လိုက်လေသည်။
ဟွာကော်သွေးပါသော သက်တော်စောင့်တစ်ယောက် အပြေးအလွှား ဝင်ရောက်လာမှသာ သူ အနည်းငယ် ငြိမ်ကျသွားတော့သည်။
"ဘာဖြစ်တာလဲ... ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ..." သက်တော်စောင့်က စိုးရိမ်တကြီး မေးလိုက်၏။
"ဝေလင်းက ပြောတယ်... ငါ့ညီမရဲ့ သွေးသားရင်းချာ ကလေးကို တွေ့ပြီတဲ့... အဲဒီကလေး ဘဝက ဆိုးရွားနေတယ်တဲ့..."
"သခင်လေးက ဝေလင်းစကားကို ယုံနေတုန်းလား... လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း သူတွေ့ပြီလို့ပဲ ပြောခဲ့တာလေ... ရလဒ်က ဘာဖြစ်လာလို့လဲ... သူက သခင်လေးရဲ့ စိတ်ဓာတ်ကို ထပ်ခါထပ်ခါ ရိုက်ချိုးချင်နေတာပါ..."
"ဒီတစ်ခါ မတူတော့ဘူး... သူ ငါ့ရှေ့မှာတင် ဝေကျန်းဆီ ဖုန်းဆက်တာ... ငါ သူတို့ကို မယုံဘူး... မင်း ငါ့အစ်ကိုကို သွားရှာချည်... သူ့ကို အဲဒီနေရာသွားဖို့ နည်းလမ်းရှာခိုင်းစမ်းပါ... ငါတို့ထဲမှာ သူတစ်ယောက်ပဲ ပုံမှန်လူလို ကျန်တော့တာ..."
ဒုတိယသခင်လေးသည် သက်တော်စောင့်၏ လက်ကို ဆွဲကိုင်လျက် စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။
ယုံကြည်စိတ်ချရသော သက်တော်စောင့်ဖြစ်သဖြင့် ဒုတိယသခင်လေး၏ ညွှန်ကြားချက်ကို ချက်ချင်းပင် ခေါင်းညိတ်လက်ခံလိုက်၏။
"ကောင်းပါပြီ... ကျွန်တော် ချက်ချင်း သွားလိုက်ပါမယ်..."
သက်တော်စောင့် ထွက်သွားပြီးနောက်တွင်မှ ဒုတိယသခင်လေးသည် အိပ်ရာပေါ်သို့ ပြန်လည် လဲကျသွားတော့သည်။
ထိုအချိန်တွင် ဝေလင်းသည် ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းလာပြီး ခမ်းနားထည်ဝါသော တံခါးကြီးကို တွန်းဖွင့်လိုက်လေသည်။ သီလရှင်များ သီဆိုနေသော ဓမ္မတေးသံများက လေထုထဲတွင် ပျံ့လွင့်နေ၏။ အပြင်မှ ဖြာကျလာသော နေရောင်ခြည်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော သခင်ကြီး၏ ပုံရိပ်ကို ရွှေရောင်အလင်းကွင်းသဖွယ် ဝန်းရံထားလေသည်။
ထန်ခေတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေထောက်ပေါ်တွင် ဈေးကြီးပေးရသော သိုးမွေးစောင်ကို လွှမ်းခြုံထားသည့် သခင်ကြီးသည် သူ၏ ဖြူဖွေးနေသော ဆံပင်များကို သေသပ်စွာ ဖြီးသင်ထားလေသည်။
"ငါ့သမီးက ဘာလို့ ပြန်မလာသေးတာလဲ... ဒီလောက်တောင် ရွတ်ဖတ်ပူဇော်နေတာတောင်မှ..." သူက မေးလိုက်၏။
သူ၏ လေသံမှာ တည်ငြိမ်နေပြီး ဤမေးခွန်းကို အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့ဖူးသည့်ပုံ ပေါက်နေသည်။
"ဒါ ရွတ်ဖတ်ပူဇော်နေတာ မဟုတ်ပါဘူး သခင်ကြီး... ဒါ ဓမ္မတေးသီချင်းပါ..." ဂိုဏ်းချုပ်က ပြန်ဖြေလိုက်၏။
"ကွာခြားမှု ရှိလို့လား... မင်းတို့နဲ့အတူ သီချင်းဆိုဖို့ လာမာဘုန်းကြီး ခြောက်ဆယ်လောက်ကို ဖိတ်လိုက်ရမလား..."
"သခင်ကြီး... သခင်ကြီးရဲ့ အပြစ်တွေက ပင်လယ်လို ကြီးမားနေတာတောင် စိတ်က မဖြူစင်သေးပါလား... ဘယ်တော့မှ ဒီဝန်ထုပ်ဝန်ပိုးတွေ လျော့ပါးသွားမှာလဲ..."
"မဖြူစင်ဘူး... မဖြူစင်ဘူးတဲ့လား..."
သခင်ကြီးသည် မျက်လုံးများကို မှိတ်လိုက်ပြီး သီလရှင်များနှင့်အတူ လိုက်ပါသီဆိုလေတော့သည်။
ဝေလင်းသည် ထိုမြင်ကွင်းကို ဂရုမစိုက်ဘဲ အဘိုးအို၏ ရှေ့သို့ တည့်တည့်လျှောက်သွားကာ ဒူးထောက်လိုက်ပြီး ပြောလိုက်၏။
"ဒုတိယသခင်လေးကတော့ အရင်အတိုင်းပါပဲ..."
အဘိုးအိုသည် ဆုတောင်းနေခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ကာ မေးလိုက်လေသည်။
"မင်း ဝေကျန်းကို အပြင်လွှတ်လိုက်တယ်လို့ ကြားတယ်... ဘာကိစ္စလဲ..."
"သခင်ကြီးပဲ ကုသိုလ်တစ်ခုခု လုပ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား... ဒါကြောင့် ပြည်တွင်းမှာ အကူအညီလိုအပ်နေတဲ့နေရာတွေကို သွားကြည့်ဖို့ ဝေကျန်းကို လွှတ်လိုက်တာပါ..."
"အင်း..."
အဘိုးအိုသည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားဟန်ဖြင့် ဆုတောင်းခြင်းကိုသာ ပြန်လည်အာရုံစိုက်သွားတော့သည်။
အစမှအဆုံးထိ ဝေလင်းသည် လီရှောင်ယာအကြောင်း အဘိုးအိုအား တစ်ခွန်းမှ ဟမပြောခဲ့ပေ။
ဘာပဲဖြစ်ဖြစ်... ဒါက သူ့လက်ထဲက ဝှက်ဖဲဖြစ်နေသည် မဟုတ်လား။ ဝေလင်းသည် ခေါင်းငုံ့ကာ ပြုံးလိုက်လေသည်။
---
လီရှောင်ယာသည် Hot Search စာရင်းတွင် ထပ်မံ ပါဝင်လာပြန်သည်။
ဝေကျန်း သူမကို တွေ့ရှိခဲ့သည့်နေ့မှစ၍ ပြင်းထန်သော ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒါသည် ဇာတ်တိုက်ထားသော ပြဇာတ်လား၊ တကယ့်လက်တွေ့ဘဝလားဟု လူအများက မေးခွန်းထုတ်လာကြ၏။
အွန်လိုင်းအသုံးပြုသူများသည် ထိုးထွင်းသိမြင်မှုရှိကြပြီး "ကွယ်လွန်သူ လီရှောင်ယာမိခင်၏ ဘဝဖြတ်သန်းပုံအား ခွဲခြမ်းစိတ်ဖြာခြင်း" ခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်ကြီး တစ်ပုဒ်ပင် ရေးသားလိုက်ကြသေးသည်။
သိရှိရသလောက်ဆိုလျှင် လီရှောင်ယာ၏ မန်ဒရင်းစကားပြောကို သူမ၏ မိခင်က သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဒဿနပိုင်းဆိုင်ရာ အသိပညာများကိုလည်း မျှဝေပေးခဲ့သည်။ သူမ၏ မိခင်သည် အလွန်ချောမောလှပသူ ဖြစ်မည်ဟု ခန့်မှန်းကြ၏။
ထို့ပြင် ဝတ်စုံပြည့်နှင့် မျက်နှာတွင် အမာရွတ်ပါသောလူက လီရှောင်ယာကို တွေ့ရှိစဉ်က သူမ၏ အဖိုးမှာ ဘဏ္ဍာရေးအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် သူမ၏ မိခင် ပျောက်ဆုံးသွားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ကို လူအများ သိရှိထားကြသည်။
သို့ဆိုလျှင် ဒါက ပြန်ပေးဆွဲမှုလား... သို့မဟုတ် ချစ်သူနှင့် ထွက်ပြေးသွားခြင်းလား...
လီရှောင်ယာ၏ ဖခင်အကြောင်း ပြောပြချက်များအရ ထွက်ပြေးသွားသည်ဟူသော ယူဆချက်မှာ မဖြစ်နိုင်ပုံရသည်။ ထိုကဲ့သို့သော အမျိုးသားတစ်ယောက်သည် သူမ၏ မိခင်လို လူမျိုးနှင့် ပုံမှန်အားဖြင့် ထိတွေ့ဆက်ဆံခွင့် ရနိုင်မည် မဟုတ်ချေ။
ဒါဆိုရင် လူကုန်ကူးခံရတာများလား...
"ဘဝပြောင်းလဲခြင်း" အစီအစဉ်သည် ကိုယ်ပိုင်မိသားစုကို ရှာဖွေသည့် အစီအစဉ်မှ ဥပဒေရေးရာ အစီအစဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
အွန်လိုင်းအသုံးပြုသူများသည် ရှားလော့ဟုမ်းကဲ့သို့ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရာတွင် အမြဲတစေ ပါဝင်ပတ်သက်နေကြပြီး ယခုလည်း အသေးစိတ်အချက်အလက်များကို တူးဖော်ရန် ကြိုးစားနေကြသည်။
အချို့ဆိုလျှင် လီရှောင်ယာ၏ ပျောက်ဆုံးနေသော ဖခင်ကို ရှာဖွေရန်ပင် ကြိုးစားကြ၏။
အချို့ကမူ သူ့ကို မရှာဖွေသင့်ကြောင်း၊ လီရှောင်ယာကို ပြန်လည်ထိန်းသိမ်းခွင့် တောင်းဆိုလာနိုင်ပြီး ချမ်းသာသော သူဌေးသားလေးထံမှ ငွေညှစ်ရန် ကြိုးစားလာနိုင်ကြောင်း ပြောဆိုကြသည်။
သို့သော် အကယ်၍သာ ပြန်ပေးဆွဲမှုနှင့် ဆက်စပ်နေပါက သူ ပြစ်ဒဏ်ကျခံရနိုင်ပေသည်။
ဤသို့ ငြင်းခုံမှုများ ဖြစ်ပွားနေစဉ်တွင် အွန်လိုင်းအသုံးပြုသူများသည် လီရှောင်ယာမိခင်၏ ဇာစ်မြစ်ကိုလည်း စိတ်ဝင်စားလာကြသည်။
သူတို့သည် "Rockefeller ဘဏ္ဍာရေးအုပ်စု" အကြောင်း ရှာဖွေကြည့်ကြ၏။
သတင်းအချက်အလက်မှာ ရှားပါးလှပြီး ထိုအုပ်စုသည် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည်။
သို့သော် လွန်ခဲ့သော ၁၀ ရက်ခန့်က ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံသော ကြွယ်ဝချမ်းသာသည့် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးတစ်ဦးအကြောင်း သတင်းကို အချို့က တွေ့ရှိသွားကြသည်။ သတင်းထဲတွင် လေဆိပ်၌ ကြိုဆိုခံနေရသော ဓာတ်ပုံများ ပါဝင်ပြီး ထိုအမျိုးသားသည် မျက်နှာတွင် အမာရွတ်ပါသောလူနှင့် ဆင်တူနေပေသည်။
ဒါဆို လီရှောင်ယာ၏ အဖိုးသည် ဤကြွယ်ဝချမ်းသာသော နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုး ဖြစ်နေတာလား...
အကယ်၍ မှန်ကန်ခဲ့ပါက လီရှောင်ယာနှင့် သူမ၏ မိခင်အတွက် အလွန်ဝမ်းနည်းစရာ ကောင်းလှပေသည်။
ဒါကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသင့်သည် မဟုတ်ဘူးလား...
မကြာမီမှာပင် အင်တာနက်တစ်ခုလုံးနီးပါး ဤကိစ္စနှင့် ပတ်သက်ပြီး ဆူညံပွက်လောရိုက်သွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူဦးရေမှာလည်း သိသိသာသာ မြင့်တက်လာ၏။
သို့သော် ဝေကျန်းအတွက်မူ ထွေထွေထူးထူး ပြောင်းလဲမှု မရှိပေ။ လီရှောင်ယာသည် သူ့နောက်သို့ လိုက်ရန် ငြင်းဆန်နေဆဲပင်။
သူ ဝေလင်းထံ နောက်တစ်ကြိမ် ဖုန်းဆက်ရတော့သည်။
"မင်း မဖြေရှင်းနိုင်သေးဘူးလား..." ဝေလင်းက အံ့အားသင့်စွာ မေးလိုက်၏။
"ရှန်းယွီရှောင်တို့အဖွဲ့ ရှိနေတော့ ကောင်မလေးက တော်တော် သည်းခံနိုင်စွမ်း ရှိနေတယ်..."
"မင်း ဘာလို့ သူတို့မပါဘဲ ကောင်မလေးဆီ မသွားတာလဲ..."
"အခွင့်အရေးမှ မရှိတာ... သူတို့က ၂၄ နာရီလုံးနီးပါး အတူတူ ရှိနေကြတာ..."
ဝေကျန်းမှာ တော်တော်လေး စိတ်တိုနေလေပြီ။
ဝေလင်း ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
"ဒါဆိုရင်တော့ ရှန်းမိသားစုက မစ္စတာဝေရဲ့ အမွေအနှစ်တွေကို စိတ်ဝင်စားနေသလားလို့ ငါသံသယဝင်စရာ ဖြစ်လာပြီ..."
သူက ချက်ချင်းပင် မဲ့ရွဲ့ပြောဆိုလိုက်သည်။
"သူတို့က ကောင်မလေးကို ဒီလောက်တောင် ဂရုစိုက်နေမှတော့ တစ်ခုခု တောင်းဆိုချင်တာ ရှိရမယ်လေ... မဟုတ်ရင် မိသားစုနဲ့ တွေ့ရတော့မယ့် ကလေးမလေးက ဘာလို့ မလိုက်ချင်ရမှာလဲ..."
"အခြေအနေတွေ ရှိနေတယ်..." ဝေကျန်းက ပြောလိုက်၏။
"ပြောစမ်းပါဦး..."
"သူတို့က ကျွန်တော်တို့ကို ကောင်မလေး ပြန်လိုက်လာအောင် တောင်းပန်ခိုင်းနေကြတာ..."
ဝေလင်း နားလည်သွားတော့သည်။
"ရှန်းမိသားစုက ကောင်လေးက သူ့သြဇာအာဏာကို ပြချင်နေတာကိုး... မင်း သွားတောင်းပန်လိုက်... သူ့ကို ချော့ပြောလိုက်..."
ဝေကျန်း ဘာမှပြန်မပြောပေ။
"ဘာလဲ... အသက်နည်းနည်းလေးပဲ ရှိသေးတဲ့ ကလေးမလေးကို တောင်းပန်ရမှာ မင်းသိက္ခာကျလို့လား... သူက မင်းခေါင်းပေါ် တက်နင်းမယ်ဆိုရင်တောင် မင်း သူ့ကို ပြန်ခေါ်လာခဲ့ရမယ်..." ဝေလင်းက အေးစက်စွာ ပြောလိုက်လေသည်။
နောက်တစ်နေ့ ကျောင်းဆင်းချိန်တွင် လီရှောင်ယာ ကျောက်တုံးနွားကျောင်းရှေ့သို့ ရောက်သည်နှင့် ထိုအနက်ရောင် ဝတ်စုံကို ထပ်မံတွေ့လိုက်ရပြန်သည်။
ဒီတစ်ကြိမ်တွင် အနက်ရောင်ဝတ်စုံနှင့်လူသည် ဒူးတစ်ဖက်ထောက်ထားပြီး လက်တစ်ဖက်တွင် လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ဘူးကို ကိုင်ထားကာ ကျန်လက်တစ်ဖက်ကို လီရှောင်ယာထံ ကမ်းပေးရင်း ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး..."
"ကျေးဇူးပြုပြီး... ဟုတ်လား..." လီရှောင်ယာက သူ့ကို ကြောင်ငေးကြည့်လိုက်၏။
"အိမ်ပြန်ရောက်တဲ့အထိ ကျောပိုးပြီး ခေါ်သွားပေးပါ့မယ်..." ဝေကျန်းက ပြောလိုက်သည်။
လီရှောင်ယာသည် သူ့ကို နှစ်စက္ကန့်ခန့် စူးစိုက်ကြည့်ပြီးနောက် တုံ့ဆိုင်းမနေဘဲ သူ့လက်မောင်းပေါ် တက်နင်းကာ ကျောပေါ်သို့ တက်လိုက်လေသည်။
သူ့ကို ကြောက်နေလို့ မဖြစ်ဘူး။
သူက ပိုပြီး ခေါင်းမာလာလေလေ သူ့ကို ဖိနှိပ်ထားရလေလေပဲ။
မဟုတ်ရင် သူတို့က ငါ့ကိုရော အမေ့ကိုပါ လျှော့တွက်ကြလိမ့်မယ်။
ဝေကျန်းက သူမကို ကျောပိုး၍ လမ်းလျှောက်လာရင်း မေးလိုက်၏။
"ဒါဆို လုံလောက်ပြီလား..."
လီရှောင်ယာက ကလေးသံလေးဖြင့် ဖြေလိုက်သည်။
"ရှင် သမီးပြောတာကို နားထောင်တဲ့အထိဆိုရင် လုံလောက်ပြီပေါ့..."
ဝေကျန်း စိတ်ကိုထိန်းလိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ... ငါ မင်းပြောတာ နားထောင်မယ်... မင်း ငါ့ကို လုပ်စေချင်တာ ရှိသေးလား..."
လီရှောင်ယာက ခေါင်းညိတ်လိုက်သည်။
"ပထမဆုံးအချက်ကတော့ လုံလောက်ပြီလားလို့ မေးနေတာကို ရပ်လိုက်..."
ဝေကျန်း "..."
"ဒါ ရှန်းယွီရှောင် သင်ပေးလိုက်တာလား..."
လီရှောင်ယာက သူ့စကားကို ဖြတ်ပြောလိုက်၏။
"အဲဒီမေးခွန်းလည်း မေးလို့ မရဘူး..."
ဝေကျန်း စိတ်ကို ထပ်မံလျှော့ချလိုက်ပြီး တိတ်ဆိတ်သွားတော့သည်။
ဝေကျန်းက လီရှောင်ယာကို ကျောပိုး၍ အိမ်ပြန်ရောက်သောအခါ ရှုရူယင်းက အဝေးမှ အပြေးရောက်လာလေသည်။
ရှုရူယင်းက တခစ်ခစ်ရယ်ကာ ပြောလိုက်၏။
"ငါ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်လိုက်တယ်... ဒီသရဲအိမ်က တော်တော်မိုက်တာပဲ... သေရွာပြန်စစ်သားက လူပုခက်အဖြစ်တောင် အသုံးတော်ခံနေပါလား... ဘယ်လိုနေလဲ... ငါတော့ အဲဒီလို အပိုးခံရတာမျိုး တစ်ခါမှ မကြုံဖူးဘူး..."
လီရှောင်ယာက လေးနက်စွာ နှိုင်းယှဉ်ပြီး ပြောလိုက်လေသည်။
"နွားစီးရတာ ပိုသက်သာတယ်..."
ဝေကျန်း "..."
လီရှောင်ယာက ထပ်ဖြည့်ပြောလိုက်၏။
"နွားက သူ့ထက် ပိုလိမ္မာတယ်... စကားလည်း အများကြီး မပြောဘူး... အင်း... ဝက်စီးရတာထက်တော့ ပိုကောင်းတယ် ထင်တာပဲ..."
ဝေကျန်း "...”